Sugar Baby[Completed]

By Taeguk04

136K 10.2K 504

# You Are My Sugar Baby #JJK X KTH Male pregnancy 🍓 #TaeKook #🐯🐰 Completed-4.12.2021 More

Pg-1
Pg-2
Pg-3
Pg-4 (Hiii)
Pg-5
Pg-6
Pg-7
Pg-8
Pg-9
Pg-10
Pg-11
Pg-12
Pg-13
Pg-14
Pg-15
Pg-16
Pg-17
Pg-18
Pg-19
Pg-20
Pg-21
Pg-23
Pg-24
Pg-25
Pg-26
Pg-27
Pg-28
Pg-29
Pg-30{Final}
Sugar Baby-Extra

Pg-22

3.2K 250 22
By Taeguk04

{Unicode}

သတ်ိလစ်သွားတဲ့Tae Hyungကို ပွေ့ချီလိုက်ရင်း ကားဆီကိုသာအမြန်ပြေးလာတော့ ထယ့်မေမေကအသည်းအသန်ဖြစ်နေတဲ့ဂျွန်ရယ် ချီထားတဲ့ထယ့်ကိုမြင်ပြီး

"ဘာဖြစ်တာလဲ ဘယ်သွားမလို့လဲ"
ရှင်းပြဖို့အချိန်မရှိတာကြောင့် ထယ့်မေမေရဲ့မေးခွန်းကိုလျစ်လျူရှုလိုက်ရင်း နောက်မှအေးဆေးရှင်းပြမယ်ဟုတွေးကာ ထားခဲ့လိုက်တယ် အခုအချိန်မှာအရေးကြီးဆုံးကသူ့ရဲ့အချစ်ဆုံးပင်

ဆေးရုံသို့သာတစ်ခါထဲသွားရသည်
နယ်မြို့လေးဖြစ်တာကြောင့် ဆေးခန်းဆိုတာရှားသည်
ဒါကြောင့် မြို့ပေါ်ပြန်ရောက်ဖို့၁နာရီလောက်မောင်းရအုန်းမည် ကားကိုသာမောင်းနေပေမဲ့ ဘေးကသတိလစ်နေတဲ့ထယ့်ကိုလှည့်လှည့်ကြည့်ရတာ အမော စိတ်ကလည်းပူရသေးသည် ကားကိုလည်းအရှိန်တင်မောင်းရင်း အန္တရာယ်ကိုလည်းကြည့်ရှောင်ရသေးသည်

ဆေးရုံအဝင်ဝရောက်ထဲက ပြာပြာသလဲလဲနှင့်ဂျွန်ကိုမြင်တော့ ဆေးရုံကတာဝန်ကျတဲ့သူနာပြုနဲ့ဝန်ထမ်းတွေပြေးလာကြသည်လက်ထဲမှာချီထားတဲ့ ထယ့်ကို ကုတင်ပေါ်တင်ပေးလိုက်ရင်းအနောက်ကသာပြေးလိုက်သွားရသည်

"ဘာဖြစ်တာလဲ"
သူနာပြုကမေးတော့

"မသိဘူး ရုတ်တရက် လဲကျသွားတာ"

"ဟုတ်ပြီ ဒီမှာစောင့်နေ"

ဆေးစစ်မို့ထင်ပါရဲ့ ဆရာဝန်တွေကောသူနာပြုတွေပါအခန်းထဲကို ထယ်နဲ့အတူဝင်သွားသည်

အပြင်မှာစောင့်နေတဲ့ဂျွန်ကထိုင်မရထမရ ဘာကြောင့်မူးလဲသွားမှန်းမသ်ိတော့ပိုလို့တောင် ရင်ပူရသည် ဆရာဝန်ထွက်လာပြီး ဘာဖြစ်လဲပြောမယ်ဆိုတာကိုသာစိတ်ရှည်ရှည်ရင်ပူပူနဲ့စောင့်နေရသည်

နောက်တော့သူနာပြုမလေးကထွက်လာတယ်

"လူနာနဲ့ပါလာတဲ့လူလား"

"ဟုတ်ပါတယ်"

"ဆရာဝန်ကစကားပြောချင်လို့ ဝင်ခဲ့ပါရှင့်"

သူနာပြုလေးခေါ်တဲ့နောက်ကိုလိုက်သွားရင်း ဓာတ်မှန်ရိုက်တဲ့အခန်းထဲရောက်တော့ ကုတင်ပေါ်မှာ ထယ်ကပက်လက်လေးမျက်လုံးလေးမှိတ်နေရင်းနဲ့

"အော် ရောက်လာပြီလား ထိုင်ပါ"
ဆရာဝန်ကခေါ်တာကြောင့် ဘာများပြောမလဲဆိုတာစိုးရိမ်ရပြန်သည်

"ဒေါက်တာ သူဖြစ်တာလဲ"

"လူနာက တစ်ယောက်ယောက်နဲ့အတူတူနေဖူးလား"

"ဟင်"

ဆရာဝန်ဘာကြောင့်ဒီလိုမေးမှန်းမဖြေရှာမရ အတူတူနေတဲ့အကြောင်းအရင်းကိုမေးတော့ တစ်ခုခုရောဂါများလားဆိုကာပိုပြီးတောင်ထိတ်လန့်ရသည်

"လွန်ခဲ့တဲ့နှစ်လလောက်က ကျွန်တော်နဲ့နေခဲ့တယ်"

"အော် အဲ့တာကြောင့်ကိုး"

"ဘာဖြစ်လို့လဲ အခုသူမူးလဲသွားတာက အတူတူနေတာနဲ့ဘာများပတ်သက်နေလို့လဲ လိင်ရောဂါများလား"

"မဟုတ်ပါဘူး သူကိုယ်ဝန်ရှိနေတာပါ"

ဆရာဝန်ရဲ့စကားကြောင့် အတွေးတွေချာချာလည်ရသည်

"ဟင် သူကယောက်ကျားလေးပါ"

"ဟုတ်ပါတယ် ကဲ မင်းခေါင်းရှုပ်နေပြီပေါ့ ရှင်းပြမယ်"

ဂျွန်တစ်ယောက်ဘယ်လိုမှအတွေးမပေါက်နိုင်ပါ
အခုလို၂၁ရာစုမှာ ယောက်ကျားလေးကိုယ်ဝန်ဆောင်နိုင်တာကိုသ်ိပေမဲ့ သဘာဝအတိုင်းဆိုတာအခုထိမတွေ့ဖူးသေးတာကြောင့် တကယ့်ကိုအံ့ဩရသည်

"Omegaဆိုတာရှိတယ် တစ်နည်းပြောရရင် omegaတွေကကိုယ်ဝန်ဆောင်နိုင်တယ် ၉၉ရာခိုင်နှုန်းomegaတွေကမိန်းကလေးတွေပေါ့ တစ်နှစ်မှာတစ်ယောက် ယောက်ကျားလေး
Omega ဆိုတာအမြဲရှိခဲ့ဖူးတယ်၉၉ရာခိုင်နှုန်းမှာလိုနေတဲ့၁ရာခိုင်းနှုန်းဆိုတာ ယောက်ကျားလေးomegaပေါ့ ယောက်ကျားလေးကိုမှ ကိုယ်ဝန်ဆောင်နိုင်တယ် အဲ့လိုမျိုး  ကံထူးတယ်လို့ပြောရမလား ကမ္ဘာပေါ်မှာ တစ်ယောက်ထဲရှိတဲ့ယောက်ကျားလေးomega ဒါပေမဲ့တစ်ခါဘဲကိုယ်ဝန်ဆောင်နိုင်မှာ နောက်တစ်ခါဆိုတာတော့မဖြစ်နိုင်တော့ဘူး"

"ဒါဆို ကလေးလေးလွယ်ထားရပြီပေါ့ အခု သူက"

ဆရာဝန်ကပြုံးပြကာခေါင်းငြိမ့်ပြလာသည်

"အခုမူးလဲတယ်ဆိုတာကလည်း ကလေးလေးကဗိုက်ထဲမှာရှိနေပြီး စိတ်ပင်ပန်းတာကြောင့်လည်းပါမယ် အားနည်းပြီးမူးလဲတာ"

စိတ်ပင်ပန်းတာဆိုလို့ ထယ် မမူးလဲခင်က ဂျွန်နဲ့စကားများခဲ့သည်မလား

*ကျစ် ငါ့ကြောင့်ဘဲ*

"ဟုတ်ကဲ့ပါ ဒေါက်တာ သူသတိရလာတဲ့အထိစောင့်ရမှာပေါ့နော် ဆေးစစ်တာတွေ လိုအပ်တာအကုန်လုပ်ပေးပါ"

"လူနာကို အခန်းပြောင်းပေးမယ်နော် "

"VIP Roomရှိလား ရှိရင်အဲ့ကို ပြောင်းပေးပါ"
.
.
.
အခန်းလည်းရသွားပြီဖြစ်တာကြောင့်ရယ် ဘာကြောင့်မူးလဲတာလဲဆ်ိုတာရယ် သိရသွားပြီမို့ စိတ်အေးသွားရသည်ပြီးတော့မှထယ့်မေမေကိုသတိရလာသည် အိမ်ကထွက်လာတာအသည်းအသန်ထွက်လာခဲ့ရသည်မလား စိတ်ပူနေမှာအသေအချာဘဲ ဖုန်းဆက်ဖို့တွေးလိုက်ပေမဲ့ လိုက်လာရင် ထယ်နဲ့နှစ်ယောက်ထဲရှိမဲ့အချိန်မရှိတော့မှာကိုစိုးရိမ်၍နောက်နေ့မှ ဖုန်းလှမ်းဆက်တော့မယ်ဟု တွေးလိုက်သည်

VIP Roomဖြစ်တာကြောင့်အခန်းကထင်ထားတာထက်ပိုကျယ်သည် ပေးရတဲ့စျေးသည်လည်းမနည်းဘူးမလားထယ့်အတွက်ဆို အကောင်းဆုံးသာဖြစ်စေချင်တဲ့ဆန္ဒတွေကြောင့်လည်းပါသည် ကုတင်ပေါ်မှာဆေးပိုက်တန်းလန်းနဲ့ချစ်ရသူက ခုထိ သတိမလည်လာသေး

ဘေးနားမှာသွားထိုင်လိုက်ရင်း လက်လေးကိုသာဆုပ်ကိုင်ထားမိသည်။ လက်ခုံလေးကိုနမ်းလိုက်ရင်း ဗိုက်ထဲမှာရင်သွေးလေးရှိနေကြောင်းကို တွေးကာ ကြည်နူးရပြန်တယ်

ဆုပ်ကိုင်ထားတဲ့လက်လေးကလှုပ်စပြုလာတော့

"အချစ်ဆုံး"

မျက်လုံးလေးကိုအားစိုက်ပြီးဖွင့်လာတဲ့အချစ်ဆုံးကမွေးကာစကြောင်ပေါက်လေးလို

"ဟင် "
အသံသေးသေးလေးထွက်လာပြန်တယ်

"သတိရပြီလား အချစ်ဆုံး မောင်အရမ်းစိတ်ပူသွားတာကွာ"

"ဒါအိမ်မှာလည်းမဟုတ်ဘူး"

"ဆေးရုံမှာလေ အချစ်ဆုံးအခုဆေးရုံရောက်နေတာ"

"ဟင် ဆေးရုံ ဘာဖြစ်သွားတာလဲ"
နောက်ဆုံးမှတ်မိတာဆိုလို့ မှောင်မိုက်သွားတဲ့မြင်ကွင်းသာနောက်ပိုင်းဘာဆက်ဖြစ်လဲ သူဘာမှမသိတော့

"အချစ်ဆုံး စိတ်အေးအေးထားနော် "

"ဟင် ဘာလို့လဲ ထယ်ဘာဖြစ်လို့လဲ"

ဆေးပိုက်တန်းလန်းနဲ့ အချစ်ရဆုံးဟာ မျက်ရည်လေးတွေဝဲပြီး ငိုချလာတော့

"မငိုရဘူးလေ အချစ်ဆုံးငိုရင် ဗိုက်ထဲက မောင့်ရဲ့ကလေးလေးကစိတ်မကောင်းဖြစ်မှာပေါ့"

မျက်ရည်တွေကိုလက်မနဲ့ဖွဖွလေးလာသုတ်ပေးရင်း
ဂျွန်က ပြုံးကာပြောနေသည့် စကားတွေကိုနားမလည်နိုင်

"ဘယ်က ကလေးလဲ"

"ဒီမှာလေ မောင့်ရဲ့ကလေးလေး"

ထယ့်ဗိုက်ကိုနမ်းလိုက်ပြီးပြောလာတာကြောင့်

"ထယ် နားမလည်ဘူး ဘာလဲ သေချာရှင်းပြလေ"
မျက်လုံးလေးအဝိုင်းသားနဲ့ အခုမှလူ့လောကထဲရောက်လာတဲ့ ဘာမှမသိတဲ့ ကလေးတစ်ယောက်လိုဖြစ်နေတဲ့ထယ့်ကိုကြည့်ကာ အကြင်နာတွေ ပိုတိုးရပြန်တယ်

"ကြားတဲ့အတိုင်းဘဲလေ အချစ်ဆုံးရဲ့ ဗိုက်ထဲမှာမောင့်ရဲ့အသွေးအသားလေးရှိနေပြီတဲ့"

"ဟင်"

တစ် ဟင် ဟင်နဲ့ ဖြစ်နေတဲ့အချစ်ရဆုံးကို ဖက်ထားပေးမိလိုက်သည် သူလည်းအံ့ဩနေမှာပေါ့ ကိုယ်တောင်စစသိသိချင်း အရမ်းကိုအံ့ဩခဲ့ရသည်မလား

ထယ်က ဗိုက်လေးပေါ်ကိုလက်လေးတင်ရင်း

"တကယ်လား တကယ်ရင်သွေးလေးရှိနေတာလား ဒါပေမဲ့ထယ်က ယောက်ကျားလေးလေ"

"အွန်း မောင်ရှင်းပြမယ်"

ဆရာဝန်ရှင်းပြတာကို သေချာလေးပြန်ရှင်းပြလိုက်တော့သေသေချာချာနားထောင်နေတဲ့ အချစ်ရဆုံးဟာတကယ့်ကိုမြတ်နိုးဖွယ်

"ထယ်က ၁%ပေါ့"

"အွန်း မောင်အရမ်းကံကောင်းတာဘဲ"

"မောင် ထယ်ကြောက်တယ်"

"မကြောက်ရဘူးလေ မောင်က အချစ်ဆုံးအနားမှာအမြဲရှိနေမှာမို့လို့ ဘာမှကြောက်စရာမလိုဘူး ဟုတ်ပြီလား"

"ထယ်ကမောင့်ကိုသိပ်ချစ်တာမို့လို့ မောင့်ကိုခွင့်လွှတ်ပေးနိုင်တယ် မောင်လုပ်ခဲ့တာမှမဟုတ်တာ ဒါပေမဲ့ ထယ့်ဖေဖေ"

စကားသံလေးကတိမ်ဝင်သွားပြီး ခေါင်းလေးငုံ့သွားတဲ့ထယ်

"ဟေး တွေးပြီးစိတ်မကောင်းမဖြစ်နဲ့လေ အချစ်ဆုံးစိတ်ပင်ပန်းလို့မရဘူးလေ ပြီးတော့ မောင် အချစ်ဆုံးရဲ့ဖေဖေပြောသမျှကို ခွင့်လွှတ်ပေးတဲ့အထိ နာခံမှာပါ အချစ်ဆုံးကိုမောင်ကလည်းသိပ်ချစ်တာမို့ မောင်ကြိုးစားမယ်"

"ဟင့် မောင်"

နှုတ်ခမ်းလေးကိုမဲ့ကာ ငိုလာတယ် ဝမ်းသာမျက်ရည်တွေကော ဝမ်းနည်းမျက်ရည်တွေပါ ရောနေမယ်ထင်တယ်

အချစ်ရဆုံးကို ရင်ခွင်ထဲထည့်ထားပြီးသာ နှစ်သိမ့်ပေးနေမိတယ်

"ဟင့် ဆေးပိုက်ကြီးလက်ထဲသွင်းထားတာ နာတယ်"

"ဖွ ဖွ နာတာပျောက်ကွာ"

အပ်သွင်းထားတဲ့လက်ခုံလေးကိုတစ်ဖွဖွ နမ်းပေးတော့ တစ် ခစ် ခစ် နဲ့ရီလာပါလေရဲ့

"မောင်ကအကောင်းဆုံးဘဲ"

"မောင့်အတွက်တော့ ထယ်က အကောင်းဆုံးကိုမှ
အကောင်းဆုံးဘဲ"

"ဒါနဲ့လေ မောင် မေမေတို့ဒီကိစ္စကိုသိလား"

"မသိသေးဘူး မောင်မပြောရသေးဘူး"

"မနက်ဖြန်မှပြောလိုက်တော့နော်မောင် ဒီနေ့ထယ် မတွေ့နိုင်သေးဘူး"

"အင်းပါ မောင်လည်းအဲ့လိုစဉ်းစားထားတာ"

"ကဲကဲ အနားယူ သက်တောင့်သက်သာလှဲနေနော် အချစ်ဆုံးဘာစားချင်လဲ မောင့်ကိုပြော လိုအပ်တာမှန်သမျှပြော"

"မောင့်ကိုဘဲလိုအပ်တယ်"

ဂျွန်လည်း ကုတင်ပေါ်တက်ကာ အကောင်ပေါက်လေးကိုရင်ခွင်ထဲသာ ထည့်ထားလိုက်သည်

VIP Roomဖြစ်တာကြောင့် လူနာရဲ့ကုတင်ကလည်း
တော်တော်လေးကိုကြီးတာကြောင့် ပိုလိုအဆင်ပြေသွားသည်

"မောင်"

ရင်ဘတ်ကိုလက်ညှိုးနဲ့ဆော့ကစားနေရင်း အချစ်ဆုံးကစကားစပြောလာသည်

"မောင့်ကိုထယ်ပြောခဲ့တဲ့စကားတွေအရမ်းများသွားလားဟင် မောင့်ကိုနားမလည်ပေးရာကျသွားလား"

"မဟုတ်တာ အချစ်ဆုံးရယ် မတွေးနဲ့တော့နော် မောင်ဘာမှမဖြစ်ဘူး ဟုတ်ပြီလား ပြီးတော့မောင့်ပါပါးလုပ်ခဲ့တာတွေအတွက် မောင်ပြန်ပေးဆပ်မှာပါ "

"အွန်း မောင် အရမ်းချစ်တယ်"

"ဟုတ်ပါပြီ ဟုတ်ပါပြီဗျ မောင်ကလည်းမောင့်ရဲ့အချစ်ဆုံးလေးကို အသည်းထဲအသက်ထဲကနေပါချစ်ပါတယ်ဗျ"

ရင်ခွင်ထဲကအချစ်ဆုံးကိုပိုလိုတောင်တိုးပြီးဖက်မိတယ်

"ကျေးဇူးပါ မောင့်အချစ်ဆုံး"

__________________________________________

#သဘောကျရဲ့လားရှင့်🥺Male pregnancy ခုမှစရေးတာမို့လို့အမှားပါရင် ခွင့်လွှတ်ပါ

{Zawgyi}

သတိလစ်သွားတဲ့Tae Hyungကို ပွေ့ချီလိုက်ရင်း ကားဆီကိုသာအမြန်ပြေးလာတော့ ထယ့်မေမေကအသည်းအသန်ဖြစ်နေတဲ့ဂျွန်ရယ် ချီထားတဲ့ထယ့်ကိုမြင်ပြီး




"ဘာဖြစ်တာလဲ"
သူနာပြုကမေးတော့




အပြင်မှာစောင့်နေတဲ့ဂျွန်ကထိုင်မရထမရ ဘာကြောင့်မူးလဲသွားမှန်းမသိတော့ပိုလို့တောင် ရင်ပူရသည် ဆရာဝန်ထွက်လာပြီး ဘာဖြစ်လဲပြောမယ်ဆိုတာကိုသာစိတ်ရှည်ရှည်ရင်ပူပူနဲ့စောင့်နေရသည်


"လူနာနဲ့ပါလာတဲ့လူလား"

"ဟုတ်ပါတယ်"




"ဒေါက်တာ သူဖြစ်တာလဲ"


"ဟင်"









အခုလို၂၁ရာစုမှာ ယောက်ကျားလေးကိုယ်ဝန်ဆောင်နိုင်တာကိုသိပေမဲ့ သဘာဝအတိုင်းဆိုတာအခုထိမတွေ့ဖူးသေးတာကြောင့် တကယ့်ကိုအံ့ဩရသည်






*ကျစ် ငါ့ကြောင့်ဘဲ*



.
.
.
အခန်းလည်းရသွားပြီဖြစ်တာကြောင့်ရယ် ဘာကြောင့်မူးလဲတာလဲဆိုတာရယ် သိရသွားပြီမို့ စိတ်အေးသွားရသည်ပြီးတော့မှထယ့်မေမေကိုသတိရလာသည် အိမ်ကထွက်လာတာအသည်းအသန်ထွက်လာခဲ့ရသည်မလား စိတ်ပူနေမှာအသေအချာဘဲ ဖုန်းဆက်ဖို့တွေးလိုက်ပေမဲ့ လိုက်လာရင် ထယ်နဲ့နှစ်ယောက်ထဲရှိမဲ့အချိန်မရှိတော့မှာကိုစိုးရိမ်၍နောက်နေ့မှ ဖုန်းလှမ်းဆက်တော့မယ်ဟု တွေးလိုက်သည်

VIP Roomဖြစ်တာကြောင့်အခန်းကထင်ထားတာထက်ပိုကျယ်သည် ပေးရတဲ့ဈေးသည်လည်းမနည်းဘူးမလားထယ့်အတွက်ဆို အကောင်းဆုံးသာဖြစ်စေချင်တဲ့ဆန္ဒတွေကြောင့်လည်းပါသည် ကုတင်ပေါ်မှာဆေးပိုက်တန်းလန်းနဲ့ချစ်ရသူက ခုထိ သတိမလည်လာသေး



"အချစ်ဆုံး"


"ဟင် "










"ဘယ်က ကလေးလဲ"





"ဟင်"






"ထယ်က ၁%ပေါ့"


"မောင် ထယ်ကြောက်တယ်"





"ဟင့် မောင်"




"ဖွ ဖွ နာတာပျောက်ကွာ"


"မောင်ကအကောင်းဆုံးဘဲ"

အကောင်းဆုံးဘဲ"








VIP Roomဖြစ်တာကြောင့် လူနာရဲ့ကုတင်ကလည်းတော်တော်လေးကိုကြီးတာကြောင့်ပိုအဆင်ပြေသွားသည်

"မောင်"








__________________________________________


Continue Reading

You'll Also Like

309K 15.3K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
1.1M 38.7K 40
(unicode/zawgyi) မာနကြီးသလောက်အရမ်းချစ်တတ်သော'ကိိုကို'နှင့်ဆယ်နှစ်လောက်ငယ်သော'ကိုကို'ဘာပြောပြော"အင်း" ''ဆိုပြီးသဝန်တိုတတ်တဲ့...'ကေလး. '. 🔞🔞🔞 🖤🖤�...
326K 14.5K 52
(unicode & zawgyicode) Boyslove M-preg