Unicode
"သခင်မလေး...သခင်မလေး..."
သန်းခေါင်ကျော်ပြီဖြစ်လို့ အိပ်မလို့ ကျောခင်းရုံရှိသေး...အခန်းရှေ့မှ ခေါ်သံကြောင့် သစ္စာ ဆတ်ခနဲဖြစ်သွားရသည်... အချိန်မတော် လာခေါ်နေတယ်ဆိုတော့ တစ်ခုခုများဖြစ်လို့လား...တစ်ဆက်တည်း ရွှေရုပ်ကို စိတ်ပူမိသွားသည်...ဒီနေ့တစ်နေ့လုံးတစ်ချက်မှပင် မတွေ့ရသေးပါ...
"ဘာဖြစ်လို့လဲ နုနု..."
အခန်းတံခါးကို ဆွဲဖွင့်လိုက်တာနှင့် အရှေ့မှာ နုနုက အရေးတကြီးပုံစံဖြင့် ရပ်နေတော့ သစ္စာပိုစိတ်ပူသွားသည်...
"မမလေး ဖျားနေတယ် သခင်မလေး...ငြီးသံကြားလို့ ဝင်ကြည့်တော့ ပြတင်းပေါက်လဲ ဖွင့်အိပ်ထားတယ်..."
"ကျွတ်...."
အရှေ့ကနေ ပျာပျာသလဲ ပြေးဆင်းလာတော့ နုနုကလဲ အနားမှာ ကပ်ပါလာသည်... လျှောက်လာရင်း သူ့စိတ်တိုင်းကျ အဲမှာနေခွင့်ပေးလိုက်မိတဲ့ ကိုယ့်ကိုကိုယ် သစ္စာ ပိုပြီး ဒေါသထွက်လာသည်...
တန်းလျားဆီ ဝင်လာတော့ ကျန်တဲ့ကောင်မလေးတွေကလဲ ရွှေရုပ်အခန်းမှာ စုပြုံနေသည်...
"ရွှေရုပ်...ရွှေရုပ်..."
ပုခုံးကို လက်နဲ့ ခပ်ဆတ်ဆတ်ပုတ်လိုက်ပေမယ့် မျက်လုံးပွင့်မလာဘဲ ငြီးသံသဲ့သဲ့သာ ထွက်လာသည်...နဖူးနဲ့ လည်တိုင်ကို လက်ဖဝါးနဲ့ အသာကပ်ကြည့်လိုက်သည်...
"ဟာ...ပူကျစ်နေတာပဲကွာ...နင်တို့ ဒါတောင် ဂရုမစိုက်နိုင်ကြဘူးလား ဟမ်..."
ဒေါသထွက်ထွက်နှင့် အော်တော့ အကုန်လုံးက နောက်ကို ဆုတ်သွားကာ ခေါင်းငုံ့ထားကြသည်... ဒင်းတို့နဲ့တော့ မဖြစ်တော့ဘူး... ငယ်ကြသေးတော့ ဘာကိုမှ ကြိုတွေးမတတ်ကြပေ...ရွှေရုပ်နဖူးကို ပြန်စမ်းမိတော့လဲ အပူရှိန်က တရိပ်ရိပ်တက်နေလျက်....
"နုနုနဲ့နောက်တစ်ယောက် အပေါ်ကို လိုက်ခဲ့...".
အသာပွေ့ယူလိုက်တော့ ပူနွေးနေတဲ့ကိုယ်လေးက လက်ထဲ ပျော့ခွေပြီးပါလာသည်... အိမ်ဘက်ကို လျှောက်လာရင်း ဝဲလာတဲ့ မျက်ရည်တွေကို ပုတ်ခတ်သိမ်းဆည်းနေရသည်... သစ္စာသည် အပူတွေကြား၌ မလူးသာမလွန့်သာ လောင်မြိုက် နေရသော မိန်းမတစ်ယောက်သာ ဖြစ်သည်...
"ရေပတ်တိုက်ဖို့ ပြင်လာလိုက် နုနု..."
ကိုယ့်အခန်းဆီပဲ ခေါ်လာကာ အိပ်ရာပေါ်အသာချရင်း အပူရှိန်ကြောင့် နီမြန်းနေသော မျက်နှာလေးကို ငုံ့ကြည့်မိသည်... နေမကောင်းဖြစ်တိုင်း ဆေးတိုက်တိုင်း သူ့ဆီကို အမြဲပြေးလာကာ ပုခုံးကြားခေါင်းဖွက်ထားရင်း လည်တိုင်ကို ဖက်တွယ်ထားတတ်သော ကလေးသည် အခု အခန်းကျဥ်းလေးထဲက ကုတင်ပေါ်မှာ တစ်ယောက်တည်း ကွေးကွေးလေး လဲလျောင်းနေရသည်...ပေါက်ခနဲ ကျသွားသော မျက်ရည်တစ်စက်ကို သစ္စာ မထိန်းချုပ်လိုက်နိုင်ပေ...
"သခင်မလေး ...ဒီမှာ...."
ရေထည့်ထားတဲ့ကြွေဇလုံနဲ့ ပုဝါအသေးလေးကို ကမ်းပေးလာသော နုနုမှာ ဒီဘက်အလှည့် မြင်လိုက်ရတဲ့ သခင်မလေးရဲ့ မျက်ရည်တွေ စိုစွတ်နေတဲ့ မျက်ဝန်းတွေကြောင့် ကြောင်သွားကာ ဆက်ပြောဖို့စကားပါ ရပ်သွားရသည်...
"ဟို...ဆရာဝန်ခေါ်ဖို့က ဒီအချိန်ကြီးဆိုတော့..."
"မိုးလင်းမှခေါ်မယ်...နင်တို့ အပြင်မှာသွားစောင့်နေတော့..."
နုနုထွက်သွားမှ ရွှေရုပ်လေးကို အသာထူကာ ရေပတ်တိုက်ပေးရသည်... ကယောင်ကတမ်းနဲ့ ရွှေရုပ်က လည်တိုင်ကို လာဖက်တွယ်ကာ ငြီးငြူနေသည်...
"မမ...ဒီနေ့ကျောင်းမှာလေ ဆရာမကပြောတယ်သိလား..."
"ဟုတ်လား...ဘာပြောတာလဲ ကလေးရဲ့..."
"ကိုယ့်ကိုမကောင်းကြံမယ့်သူနဲ့ သူငယ်ချင်း မလုပ်ရဘူးတဲ့..."
"အင်းလေ...ဆရာမပြောတာ ဟုတ်တာပေါ့ ကလေးရဲ့..."
"ဒါပေမယ့် မီးမီးက ကိုယ့်ကို ကောင်းတဲ့သူ မကောင်းတဲ့သူကို ဘယ်လိုခွဲရမှာလဲ..."
"အဲဒါက ပုံသေမရှိဘူး ရွှေရုပ်လေးရဲ့... သူ့ရဲ့ အပြုအမူတွေ အပြောအဆိုတွေကို အကဲခတ်ပြီးမှ လူကောင်းလူဆိုးဆိုတာ ခွဲခြားလို့ရတာ..."
"ဟင် ခက်လိုက်တာ...မီးမီးတော့ အဲလိုမခွဲတတ်ပါဘူး..."
"အဲလိုမရဘူးလေ ကလေးရဲ့..."
"ရတယ်...မီးမီးက အဲဒါဆို မမတစ်ယောက်တည်းနဲ့ပဲ သူငယ်ချင်းလုပ်မှာ...မမဆို မီးမီးကို ဘယ်တော့မှ မကောင်းကြံမယ့်သူမှ မဟုတ်တာ..."
"အမလေး...အတတ်လေး..."
လက်ထဲက ရေစိုနေတဲ့ပုဝါကို ဇလုံထဲ ပစ်ထည့်ကာ ရွှေရုပ်လေးကို ဆွဲပွေ့ပြီး ပါးချင်းကပ်ကာ သစ္စာ ရှိုက်ကြီးတငင် ငိုမိသည်...သွားပြီ...သစ္စာဟာ တကယ့်ကို ရွံစရာလူ... အဖြူစင်ဆုံးရှိခဲ့တဲ့ ကလေးတစ်ယောက်ကို အမုန်းတရားတွေနဲ့ စိတ်ဒဏ်ရာတွေ အထပ်ထပ်ပေးခဲ့တဲ့ မကောင်းတဲ့လူ...
အပူရှိန်လျော့လာတဲ့ခန္ဓာကိုယ်လေးကို မလွတ်တမ်း ပွေ့ထားရင်း အရုဏ်တက်လာခဲ့သော်လည်း သစ္စာသည်မူ ပိန်းပိတ်နေသည့်အမှောင်ထုထဲ အားကုန် ပြေးလွှားနေရဆဲပင် ဖြစ်သည်...
🍂
"မမလေး နိုးပြီလား..."
မျက်လုံးပွင့်တာနှင့် ကိုယ့်အခန်းမဟုတ်တာကို သတိထားမိသွားသည်... ဝေ့ဝဲကြည့်လိုက်တော့ အပေါ်ထပ်က အခန်းထဲလဲ မဟုတ်ဘဲ မမသစ္စာ၏ အခန်းဖြစ်ကြောင်း သိလိုက်ကာ ရွှေရုပ် ကမန်းကတန်း ထထိုင်လိုက်သည်...ဒါပေမယ့် နုံးချိနေ၍ ထိုင်တာပင် မောနေသေးသည်...
"မထနဲ့လေ မမလေးရဲ့...လှဲနေပါဦး...နုနုဒီမှာ အစာစားပြီး ဆေးသောက်ဖို့ ပြင်ထားတာ..."
"ဒီကို ဘယ်လိုရောက်နေတာလဲ နုနု..."
"မမလေး ညကလေ အဖျားတွေကြီးလို့ နုနုတို့ သခင်မလေးကို သွားပြောတော့ သခင်မလေးက မမလေးကို ဒီကို ချီခေါ်လာတာ..."
"ချီခေါ်လာတာ..."
ရွှေရုပ်၏ သံယောင်လိုက်တဲ့စကားကို နုနုက ဝမ်းသာအားရ ဆက်ပြောသည်...
"ဟုတ်တယ် မမလေးရဲ့...ပြီးတော့ အဲအချိန် ဆရာဝန်လဲ ခေါ်မရသေးတော့ သခင်မလေးက မမလေးကို တစ်ညလုံး ရေပတ်တိုက်ပေးနေတာ...နုနုတို့ကိုလဲ စိတ်ပူပြီးတော့ ဆူလိုက်တာတအားပဲ..."
ရွှေရုပ် တွေတွေလေး ငြိမ်သက်သွားသည်...လည်ချောင်းထဲ ခြောက်ကပ်နေကာ ဦးနှောက်က ဘာမှစဥ်းစားလို့မရ... ထိုစဥ် မျက်လုံးက ကိုယ်ပေါ် အကြည့်ရောက်သွားကာ မနေ့ညက ဝတ်ထားသော ဂါဝန်မဟုတ်တာကို သတိထားမိပြန်သည်....
"ရွှေရုပ်ကို နုနုတို့ အကျီလဲပေးထားတာလား..."
"ဟင့်အင်း...သခင်မလေးပဲ လဲပေးထားတာလေ..."
ကျစ်ခနဲ စုတ်သပ်ကာ ရွှေရုပ်မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားရသည်...ဒုက္ခပဲ... ဘယ်လိုမျက်နှာပြရတော့မှာလဲ...နုနုကတော့ ရွှေရုပ်ကို သတိမထားမိဘဲ ဆက်ပြောလာပြန်သည်...
"ဒီမနက်လေ မိုးလင်းလင်းချင်း သခင်မလေးက ဆရာဝန်ခေါ်ပြီး မမလေးကို ကြည့်ခိုင်းတာ...ပြီးတော့ အဝတ်အစားလဲပေး...မမလေး စားဖို့ နုနုတို့ကို စီစဥ်ခိုင်းပြီးတော့ အရေးကြီးအလုပ်ရှိလို့ company ကို သွားတယ်... မမလေးကိုပဲ တစ်ညလုံးမအိပ်ဘဲ ကြည့်နေတာ...ဒီမနက်လဲ တောက်လျှောက်စီစဥ်ပေးပြီးတော့မှ ထွက်သွားတာလေ မနက်စာတောင် မစားသွားရဘူး သိလား..."
ကိုယ်ပေါ်တင်ထားတဲ့စောင်ကို လက်က တင်းတင်းကိုင်ထားရင်း နုနုအသံက နားထဲ ဝင်တစ်ချက် မဝင်တစ်ချက်... ရင်ထဲက ခံစားချက်အချို့ကို ရွှေရုပ်ခွဲခြမ်းနေမိသည်...
"ပြီးတော့လေ သိလား..."
အသံကို ပုံမှန်ထက်တိုးလိုက်သော နုနုကြောင့် ရွှေရုပ် အတွေးစပြတ်သွားရသည်...
"ဘာလဲ နုနု..."
"သခင်မလေးက မမလေးကို စိုးရိမ်လို့နဲ့တူပါတယ် ညက ငိုနေသေးတာ..."
အနည်းငယ် တုန်ယင်နေသော လက်တို့ကို ဖိဆုပ်ကာ ရွှေရုပ် ပင့်သက်ကို ရှိုက်မိသည်... ခေါင်းသည် ပိုမူးလာကာ ချွေးစေးတို့ပြန်လာသည်...
"သခင်မလေးကလေ မမလေးကို တကယ်ကို ချစ်တာပါ..."
နုနုပြောလိုက်တဲ့စကားသည် နားထဲ၌ ပူပြင်းစွာ ဝင်သွားကာ ရွှေရုပ် အားယူပြီး ကုတင်ပေါ်က ထလိုက်သည်...
"နုနု...ရွှေရုပ် အခန်းပြန်ချင်တယ်..."
"ဟာ...သခင်မလေးက မမလေးကို အောက်မှာ ပေးမနေတော့ဘူးလို့ ပြောသွားတယ် မမလေး...ဒီမှာပဲ နေပါနော်..."
"အင်း...အဲဒါဆိုလဲ ရွှေရုပ် အရင်အခန်းမှာပြောင်းနေလိုက်မယ်..."
စိတ်ညစ်နေတဲ့ မျက်နှာနှင့် နုနုကို ရွှေရုပ်အသာပြုံးပြကာ...
"ဘာမှမဖြစ်စေရဘူး...သူပြန်လာရင် ရွှေရုပ်ပြောပါ့မယ်...အခု ရွှေရုပ်ဆေးသောက်ဖို့ကို ဟိုဘက်အခန်းကိုပဲ ယူလာပေးတော့နော်..."
"ဟုတ်ကဲ့ မမလေး..."
ကိုယ့်အခန်းဆီ ယိုင်နဲ့နဲ့ လျှောက်လာပြီးတော့မှ ကုတင်ပေါ်ထိုင်ချကာ တလှပ်လှပ်တုန်နေသောရင်ကို ရွှေရုပ် လက်နဲ့ဖိထားမိသည်... ပျို့အန်ချင်သလိုဖြစ်နေသော ခံစားချက်ကလဲ ဆိုးရွားလွန်းစွာ လူကို နှိပ်စက်နေသည်... အဲဒီကြားထဲမှာမှ နင့်သီးနေသော ခံစားချက်အချို့ကလဲ လူကို ဆွဲချနေသလိုပင်...
ဒီလို လမ်းလွဲသွားလို့ ဘယ်ဖြစ်မလဲ မမရယ်... တစ်ဖက်တည်းကို လျှောက်ပြီး ခံစားရသက်သာအောင် လုပ်မယ်လို့ ဆုံးဖြတ်ထားပြီးရင်လဲ အဲလိုအတိအကျလုပ်မှပေါ့...ရွှေရုပ်က အားလုံးကို သည်းခံပေးနေတာ ဒီလိုဖြစ်လာဖို့မှ မဟုတ်တာ...ဟိုဘက်ရော ဒီဘက်ရော တွေးပေးရင်း မမကိုယ်မမ ပင်ပန်းအောင် လုပ်ဖို့မဟုတ်ဘူးလေ...ကျေးဇူးပြုပြီး အစက ရည်ရွယ်ထားတဲ့အတိုင်းပဲ ဆက်လျှောက်ပေးပါ မမရယ်...မမ ခံစားခဲ့ရသမျှ မြိုသိပ်ခဲ့ရသမျှကို ရွှေရုပ်အပေါ် ပုံချပြီး စိတ်သက်သက်သာသာနဲ့ နေပေးပါ...အဲဒါမှ တစ်လျှောက်လုံး မမသည်းခံခဲ့ရသမျှ ရွှေရုပ်ပေးဆပ်ခဲ့ရသမျှ အကျိုးရှိမှာကို...ခုတော့...
ပူနွေးနေသော မျက်ရည်များ လိမ့်ဆင်းလာတာကို ရွှေရုပ် တားဖို့ပင် သတိမရချေ... တစ်စွန်းတစ်စ တွေ့ရသော မေတ္တာအစွန်းအစလေးများကြောင့် ဝမ်းနည်းရသလို ထိုမေတ္တာကို ပေးနေရင်း အားနာစိတ်တို့ဖြစ်ထွန်းနေမည့် မမကြောင့်လဲ ဝမ်းနည်းရသည်...
ရွှေရုပ်သည် မမနဲ့ တွေ့ဆုံဖို့ ရေစက်ပါမလာခဲ့လျှင် တကယ့်ကို ကောင်းပေလိမ့်မည်...
🍂
"ဘာပြောစရာရှိလို့လဲ နှင်း..."
အရေးကြီး meeting ရှိလို့သာ လာရပေမယ့် ရွှေရုပ်ကို နည်းနည်းမှ စိတ်မချ၍ ပြီးတာနှင့်ပြန်မလို့ ပြင်နေတုန်း နှင်းက ရောက်လာကာ အရေးတကြီး ပြောစရာရှိသည်ဟု ဆိုသည်...တခြားသူဆို ပြန်လွှတ်လိုက်မှာဖြစ်ပေမယ့် နှင်းက ဒီလိုပြောတာမျိုး မရှိဖူး၍ ထူးဆန်းကာ လက်ခံလိုက်သည်...
"ငါပြောတာ သေချာနားထောင်ပေး သစ္စာ... "
"အင်း...ထိုင်ပါဦး..."
ဆိုဖာမှာ ဝင်ထိုင်သော်လည်း နှင်းမျက်နှာက မသာမယာ... အအေးလာချပေးသော်လည်း သောက်ဖို့ကိုပင်သတိရပုံမရ...
"ဒီနေ့ ရွှေရုပ် အလုပ်မလာဘူးနော်..."
"အင်း...ဟုတ်တယ်...ဖျားနေလို့ အိမ်မှာ နားခိုင်းထားတာ..."
"ငါ အစက ရွှေရုပ်ကို အရင်ပြောမလို့ပဲ...ဒါပေမယ့် သူမလာတော့ ပြောရမှာချင်းတူတူ နင့်ကိုပဲ အရင်ပြောလိုက်တော့မယ်..."
"ရွှေရုပ်ကို... ဘာများဖြစ်လို့လဲ နှင်း..."
"ငါနဲ့ ရွှေရုပ်က တစ်ဝမ်းပဲကွဲတဲ့ မောင်နှမတွေပဲ သစ္စာ..."
"ဘယ်လို..."
"ဟုတ်တယ်...ငါလဲ မနေ့ကမှ သိရတာ... ကျောင်းတက်ကြတုန်းက နင့်ကိုငါ ပြောဖူးတယ်လေ သစ္စာ... ငါ အလုပ်ရပြီးရင် တကယ်ကို စောင့်ရှောက်ချင်တဲ့သူ ရှိတယ်လို့..."
အင်း ဟုပင် မပြောနိုင်ဘဲ သစ္စာ ငိုင်နေမိသည်...မထင်မှတ်ထားသော ကိစ္စသည် သူမကို အလစ်ဝင်တိုက်ချေပြီ...
"အဲဒါ ရွှေရုပ်ပဲ သစ္စာ...ငါ မနေ့က ဦးလေးငယ်နဲ့ တွေ့ခဲ့တယ်... သူပြောပြလို့ အကြောင်းစုံသိခဲ့ရတာ ..."
ငိုင်နေသော သစ္စာကို အကဲခတ်ကာ နှင်းက စကားဆက်သည်...
"သူပြောပြသွားတာတော့ အများကြီးပဲ...နင်တို့ မိဘတွေကြားက ကိစ္စတွေရောပဲ..."
နှင်း ဘယ်မျှအတိုင်းအတာအထိ သိထားပြီးပြီကို သူမတွက်ဆလိုက်မိပြီ... ထက်မြက်သောသူဖြစ်၍ သစ္စာက ရွှေရုပ်နှင့် ပတ်သက်ပြီး သူ့ကိုအကူအညီတောင်းဖူးသည်လဲ ဖြစ်၍ သူမတို့ကြားရှိ ဆက်ဆံရေးကို နှင်းက သေချာပေါက် သိနှင့်နေပြီး ဖြစ်လိမ့်မည်...
"သူကတော့ နင့်အကြောင်းကို မကောင်းတဲ့ဘက်က ပြောသွားပေမယ့် ငါလက်မခံခဲ့ဘူး သစ္စာ...ငါကိုယ်တိုင် တစ်ချို့ကို မျက်မြင်ကြုံဖူးခဲ့တာတောင်ပေါ့...ဘာလို့လဲဆိုတော့ နင်က အဲလိုလူမဟုတ်ဘူးလို့ ငါယုံထားခဲ့လို့ပဲ သစ္စာ..."
အရှေ့က စားပွဲခင်းကို စိုက်ကြည့်ကာ သူမ မချိပြုံး ပြုံးမိသည်...ပြီးတော့မှ တိုးသဲ့စွာ ပြန်ပြောမိသည်...
"မဟုတ်ဘူး နှင်း...ငါက အဲလိုလူပဲ...ငါ့ရဲ့ မြိုသိပ်ခဲ့ရတဲ့ ဒေါသတွေကို ဖွင့်ချဖို့ ရွှေရုပ်ကို တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ခေါ်ထားခဲ့တာ...အဲဒါ ငါ့ရဲ့ စိတ်ဓာတ်အမှန်ပဲ..."
ပြောနေတဲ့စကားနဲ့မလိုက်ဘဲ နာကျင်နေတဲ့မျက်ဝန်းတွေကို နှင်းငေးကြည့်နေမိသည်...
"လူကြီးတွေကြား ဖြစ်ခဲ့တဲ့ကိစ္စက ရွှေရုပ်နဲ့ ဘာမှမဆိုင်ဘူးလို့ ငါထင်တယ်...သူတို့လဲ ကားအက်စီးဒန့်နဲ့ ဆုံးသွားတာ ဝဋ်လည်တာပဲပေါ့ သစ္စာ..."
ဘာမှပြန်မပြောဘဲ ငိုင်တွေနေသော သစ္စာကို စိုက်ကြည့်ကာ နှင်း ပင့်သက်ကို ရှိုက်သည်...
"ထားပါတော့...တကယ်လို့ နင် အဲလိုအတွေးနဲ့ လုပ်ခဲ့တယ်ဆိုရင်တောင် အခုတော့ ရွှေရုပ်ကို လွှတ်ပေးလိုက်ပါတော့...အားလုံးကို ခွင့်လွှတ်ပြီး ကြေအေးပေးဖို့ ငါကြားထဲက တောင်းပန်ပါတယ် နော် သစ္စာ... "
အလွန်တရာ ပျက်ယွင်းနေသည့်မျက်နှာကို နှင်း သနားကြင်နာစွာ ငေးကြည့်မိသည်...ရင်းနှီးဖူးသည့်ဖြစ်၍ သစ္စာ ရင်ထဲကို နှင်းဝင်ကြည့်လို့ရနေသည်...သစ္စာသည် ရွှေရုပ်ကို အမုန်းတရားတွေနဲ့ နှိပ်စက်ခဲ့သည်ဟု ကိုယ်တိုင်ဝန်ခံစေကာမူ သူ့လုပ်ရပ်ကို မနှစ်မြို့နေကြောင်း မျက်နှာတွင် ပေါ်လွင်နေသည်...နှင်းသည် အရေးအကြီးဆုံးအရာကို ပြောဖို့ သတိရလိုက်သည်....
"နင့်ကို ပြောထားဖူးသလိုပဲ ငါလဲ ငါ့စိတ်နဲ့ငါ ရွှေရုပ်ကို တကယ်ကို စောင့်ရှောက်ပေးချင်ခဲ့တာ သစ္စာ... အဲတာကြောင့် ရွှေရုပ်ကို ငါ့နဲ့ထည့်ပေးလိုက်ပါ...နင့်ကို တောင်းဆိုပါတယ်..."
ဟင့်အင်း... နှင်းရဲ့စကားတွေသည် နားထဲ သံရည်ပူလောင်းချလိုက်သလို ပူပြင်းစွာ ဝင်ရောက်လာသည်...မပေးနိုင်...ရွှေရုပ်ကို ဘယ်သူ့လက်ထဲကိုမှ သစ္စာမထည့်ပေးလိုက်နိုင်...
"လုံးဝ မထည့်ပေးနိုင်ဘူး နှင်း...ရွှေရုပ်ကို ငါက ငါက ဒီတိုင်း ခေါ်ထားတာမဟုတ်ဘူး...သူနဲ့ငါ လက်ထပ်ထားတာ..."
"ဘာ!!!..."
To be continued....
🍂
Zawgi
"သခင္မေလး...သခင္မေလး..."
သန္းေခါင္ေက်ာ္ၿပီျဖစ္လို႔ အိပ္မလို႔ ေက်ာခင္း႐ုံရွိေသး...အခန္းေရွ႕မွ ေခၚသံေၾကာင့္ သစၥာ ဆတ္ခနဲျဖစ္သြားရသည္... အခ်ိန္မေတာ္ လာေခၚေနတယ္ဆိုေတာ့ တစ္ခုခုမ်ားျဖစ္လို႔လား...တစ္ဆက္တည္း ေ႐ႊ႐ုပ္ကို စိတ္ပူမိသြားသည္...ဒီေန႕တစ္ေန႕လုံးတစ္ခ်က္မွပင္ မေတြ႕ရေသးပါ...
"ဘာျဖစ္လို႔လဲ ႏုႏု..."
အခန္းတံခါးကို ဆြဲဖြင့္လိုက္တာႏွင့္ အေရွ႕မွာ ႏုႏုက အေရးတႀကီးပုံစံျဖင့္ ရပ္ေနေတာ့ သစၥာပိုစိတ္ပူသြားသည္...
"မမေလး ဖ်ားေနတယ္ သခင္မေလး...ၿငီးသံၾကားလို႔ ဝင္ၾကည့္ေတာ့ ျပတင္းေပါက္လဲ ဖြင့္အိပ္ထားတယ္..."
"ကြၽတ္...."
အေရွ႕ကေန ပ်ာပ်ာသလဲ ေျပးဆင္းလာေတာ့ ႏုႏုကလဲ အနားမွာ ကပ္ပါလာသည္... ေလွ်ာက္လာရင္း သူ႕စိတ္တိုင္းက် အဲမွာေနခြင့္ေပးလိုက္မိတဲ့ ကိုယ့္ကိုကိုယ္ သစၥာ ပိုၿပီး ေဒါသထြက္လာသည္...
တန္းလ်ားဆီ ဝင္လာေတာ့ က်န္တဲ့ေကာင္မေလးေတြကလဲ ေ႐ႊ႐ုပ္အခန္းမွာ စုၿပဳံေနသည္...
"ေ႐ႊ႐ုပ္...ေ႐ႊ႐ုပ္..."
ပုခုံးကို လက္နဲ႕ ခပ္ဆတ္ဆတ္ပုတ္လိုက္ေပမယ့္ မ်က္လုံးပြင့္မလာဘဲ ၿငီးသံသဲ့သဲ့သာ ထြက္လာသည္...နဖူးနဲ႕ လည္တိုင္ကို လက္ဖဝါးနဲ႕ အသာကပ္ၾကည့္လိုက္သည္...
"ဟာ...ပူက်စ္ေနတာပဲကြာ...နင္တို႔ ဒါေတာင္ ဂ႐ုမစိုက္နိုင္ၾကဘူးလား ဟမ္..."
ေဒါသထြက္ထြက္ႏွင့္ ေအာ္ေတာ့ အကုန္လုံးက ေနာက္ကို ဆုတ္သြားကာ ေခါင္းငုံ႕ထားၾကသည္... ဒင္းတို႔နဲ႕ေတာ့ မျဖစ္ေတာ့ဘူး... ငယ္ၾကေသးေတာ့ ဘာကိုမွ ႀကိဳေတြးမတတ္ၾကေပ...ေ႐ႊ႐ုပ္နဖူးကို ျပန္စမ္းမိေတာ့လဲ အပူရွိန္က တရိပ္ရိပ္တက္ေနလ်က္....
"ႏုႏုနဲ႕ေနာက္တစ္ေယာက္ အေပၚကို လိုက္ခဲ့...".
အသာေပြ႕ယူလိုက္ေတာ့ ပူႏြေးေနတဲ့ကိုယ္ေလးက လက္ထဲ ေပ်ာ့ေခြၿပီးပါလာသည္... အိမ္ဘက္ကို ေလွ်ာက္လာရင္း ဝဲလာတဲ့ မ်က္ရည္ေတြကို ပုတ္ခတ္သိမ္းဆည္းေနရသည္... သစၥာသည္ အပူေတြၾကား၌ မလူးသာမလြန့္သာ ေလာင္ၿမိဳက္ ေနရေသာ မိန္းမတစ္ေယာက္သာ ျဖစ္သည္...
"ေရပတ္တိုက္ဖို႔ ျပင္လာလိုက္ ႏုႏု..."
ကိုယ့္အခန္းဆီပဲ ေခၚလာကာ အိပ္ရာေပၚအသာခ်ရင္း အပူရွိန္ေၾကာင့္ နီျမန္းေနေသာ မ်က္ႏွာေလးကို ငုံ႕ၾကည့္မိသည္... ေနမေကာင္းျဖစ္တိုင္း ေဆးတိုက္တိုင္း သူ႕ဆီကို အၿမဲေျပးလာကာ ပုခုံးၾကားေခါင္းဖြက္ထားရင္း လည္တိုင္ကို ဖက္တြယ္ထားတတ္ေသာ ကေလးသည္ အခု အခန္းက်ဥ္းေလးထဲက ကုတင္ေပၚမွာ တစ္ေယာက္တည္း ေကြးေကြးေလး လဲေလ်ာင္းေနရသည္...ေပါက္ခနဲ က်သြားေသာ မ်က္ရည္တစ္စက္ကို သစၥာ မထိန္းခ်ဳပ္လိုက္နိုင္ေပ...
"သခင္မေလး ...ဒီမွာ...."
ေရထည့္ထားတဲ့ေႂကြဇလုံနဲ႕ ပုဝါအေသးေလးကို ကမ္းေပးလာေသာ ႏုႏုမွာ ဒီဘက္အလွည့္ ျမင္လိုက္ရတဲ့ သခင္မေလးရဲ႕ မ်က္ရည္ေတြ စိုစြတ္ေနတဲ့ မ်က္ဝန္းေတြေၾကာင့္ ေၾကာင္သြားကာ ဆက္ေျပာဖို႔စကားပါ ရပ္သြားရသည္...
"ဟို...ဆရာဝန္ေခၚဖို႔က ဒီအခ်ိန္ႀကီးဆိုေတာ့..."
"မိုးလင္းမွေခၚမယ္...နင္တို႔ အျပင္မွာသြားေစာင့္ေနေတာ့..."
ႏုႏုထြက္သြားမွ ေ႐ႊ႐ုပ္ေလးကို အသာထူကာ ေရပတ္တိုက္ေပးရသည္... ကေယာင္ကတမ္းနဲ႕ ေ႐ႊ႐ုပ္က လည္တိုင္ကို လာဖက္တြယ္ကာ ၿငီးျငဴေနသည္...
"မမ...ဒီေန႕ေက်ာင္းမွာေလ ဆရာမကေျပာတယ္သိလား..."
"ဟုတ္လား...ဘာေျပာတာလဲ ကေလးရဲ႕..."
"ကိုယ့္ကိုမေကာင္းႀကံမယ့္သူနဲ႕ သူငယ္ခ်င္း မလုပ္ရဘူးတဲ့..."
"အင္းေလ...ဆရာမေျပာတာ ဟုတ္တာေပါ့ ကေလးရဲ႕..."
"ဒါေပမယ့္ မီးမီးက ကိုယ့္ကို ေကာင္းတဲ့သူ မေကာင္းတဲ့သူကို ဘယ္လိုခြဲရမွာလဲ..."
"အဲဒါက ပုံေသမရွိဘူး ေ႐ႊ႐ုပ္ေလးရဲ႕... သူ႕ရဲ႕ အျပဳအမူေတြ အေျပာအဆိုေတြကို အကဲခတ္ၿပီးမွ လူေကာင္းလူဆိုးဆိုတာ ခြဲျခားလို႔ရတာ..."
"ဟင္ ခက္လိုက္တာ...မီးမီးေတာ့ အဲလိုမခြဲတတ္ပါဘူး..."
"အဲလိုမရဘူးေလ ကေလးရဲ႕..."
"ရတယ္...မီးမီးက အဲဒါဆို မမတစ္ေယာက္တည္းနဲ႕ပဲ သူငယ္ခ်င္းလုပ္မွာ...မမဆို မီးမီးကို ဘယ္ေတာ့မွ မေကာင္းႀကံမယ့္သူမွ မဟုတ္တာ..."
"အမေလး...အတတ္ေလး..."
လက္ထဲက ေရစိုေနတဲ့ပုဝါကို ဇလုံထဲ ပစ္ထည့္ကာ ေ႐ႊ႐ုပ္ေလးကို ဆြဲေပြ႕ၿပီး ပါးခ်င္းကပ္ကာ သစၥာ ရွိုက္ႀကီးတငင္ ငိုမိသည္...သြားၿပီ...သစၥာဟာ တကယ့္ကို ႐ြံစရာလူ... အျဖဴစင္ဆုံးရွိခဲ့တဲ့ ကေလးတစ္ေယာက္ကို အမုန္းတရားေတြနဲ႕ စိတ္ဒဏ္ရာေတြ အထပ္ထပ္ေပးခဲ့တဲ့ မေကာင္းတဲ့လူ...
အပူရွိန္ေလ်ာ့လာတဲ့ခႏၶာကိုယ္ေလးကို မလြတ္တမ္း ေပြ႕ထားရင္း အ႐ုဏ္တက္လာခဲ့ေသာ္လည္း သစၥာသည္မူ ပိန္းပိတ္ေနသည့္အေမွာင္ထုထဲ အားကုန္ ေျပးလႊားေနရဆဲပင္ ျဖစ္သည္...
🍂
"မမေလး နိုးၿပီလား..."
မ်က္လုံးပြင့္တာႏွင့္ ကိုယ့္အခန္းမဟုတ္တာကို သတိထားမိသြားသည္... ေဝ့ဝဲၾကည့္လိုက္ေတာ့ အေပၚထပ္က အခန္းထဲလဲ မဟုတ္ဘဲ မမသစၥာ၏ အခန္းျဖစ္ေၾကာင္း သိလိုက္ကာ ေ႐ႊ႐ုပ္ ကမန္းကတန္း ထထိုင္လိုက္သည္...ဒါေပမယ့္ ႏုံးခ်ိေန၍ ထိုင္တာပင္ ေမာေနေသးသည္...
"မထနဲ႕ေလ မမေလးရဲ႕...လွဲေနပါဦး...ႏုႏုဒီမွာ အစာစားၿပီး ေဆးေသာက္ဖို႔ ျပင္ထားတာ..."
"ဒီကို ဘယ္လိုေရာက္ေနတာလဲ ႏုႏု..."
"မမေလး ညကေလ အဖ်ားေတြႀကီးလို႔ ႏုႏုတို႔ သခင္မေလးကို သြားေျပာေတာ့ သခင္မေလးက မမေလးကို ဒီကို ခ်ီေခၚလာတာ..."
"ခ်ီေခၚလာတာ..."
ေ႐ႊ႐ုပ္၏ သံေယာင္လိုက္တဲ့စကားကို ႏုႏုက ဝမ္းသာအားရ ဆက္ေျပာသည္...
"ဟုတ္တယ္ မမေလးရဲ႕...ၿပီးေတာ့ အဲအခ်ိန္ ဆရာဝန္လဲ ေခၚမရေသးေတာ့ သခင္မေလးက မမေလးကို တစ္ညလုံး ေရပတ္တိုက္ေပးေနတာ...ႏုႏုတို႔ကိုလဲ စိတ္ပူၿပီးေတာ့ ဆူလိုက္တာတအားပဲ..."
ေ႐ႊ႐ုပ္ ေတြေတြေလး ၿငိမ္သက္သြားသည္...လည္ေခ်ာင္းထဲ ေျခာက္ကပ္ေနကာ ဦးႏွောက္က ဘာမွစဥ္းစားလို႔မရ... ထိုစဥ္ မ်က္လုံးက ကိုယ္ေပၚ အၾကည့္ေရာက္သြားကာ မေန႕ညက ဝတ္ထားေသာ ဂါဝန္မဟုတ္တာကို သတိထားမိျပန္သည္....
"ေ႐ႊ႐ုပ္ကို ႏုႏုတို႔ အက်ီလဲေပးထားတာလား..."
"ဟင့္အင္း...သခင္မေလးပဲ လဲေပးထားတာေလ..."
က်စ္ခနဲ စုတ္သပ္ကာ ေ႐ႊ႐ုပ္မ်က္ႏွာတစ္ခုလုံး ရႈံ႕မဲ့သြားရသည္...ဒုကၡပဲ... ဘယ္လိုမ်က္ႏွာျပရေတာ့မွာလဲ...ႏုႏုကေတာ့ ေ႐ႊ႐ုပ္ကို သတိမထားမိဘဲ ဆက္ေျပာလာျပန္သည္...
"ဒီမနက္ေလ မိုးလင္းလင္းခ်င္း သခင္မေလးက ဆရာဝန္ေခၚၿပီး မမေလးကို ၾကည့္ခိုင္းတာ...ၿပီးေတာ့ အဝတ္အစားလဲေပး...မမေလး စားဖို႔ ႏုႏုတို႔ကို စီစဥ္ခိုင္းၿပီးေတာ့ အေရးႀကီးအလုပ္ရွိလို႔ company ကို သြားတယ္... မမေလးကိုပဲ တစ္ညလုံးမအိပ္ဘဲ ၾကည့္ေနတာ...ဒီမနက္လဲ ေတာက္ေလွ်ာက္စီစဥ္ေပးၿပီးေတာ့မွ ထြက္သြားတာေလ မနက္စာေတာင္ မစားသြားရဘူး သိလား..."
ကိုယ္ေပၚတင္ထားတဲ့ေစာင္ကို လက္က တင္းတင္းကိုင္ထားရင္း ႏုႏုအသံက နားထဲ ဝင္တစ္ခ်က္ မဝင္တစ္ခ်က္... ရင္ထဲက ခံစားခ်က္အခ်ိဳ႕ကို ေ႐ႊ႐ုပ္ခြဲျခမ္းေနမိသည္...
"ၿပီးေတာ့ေလ သိလား..."
အသံကို ပုံမွန္ထက္တိုးလိုက္ေသာ ႏုႏုေၾကာင့္ ေ႐ႊ႐ုပ္ အေတြးစျပတ္သြားရသည္...
"ဘာလဲ ႏုႏု..."
"သခင္မေလးက မမေလးကို စိုးရိမ္လို႔နဲ႕တူပါတယ္ ညက ငိုေနေသးတာ..."
အနည္းငယ္ တုန္ယင္ေနေသာ လက္တို႔ကို ဖိဆုပ္ကာ ေ႐ႊ႐ုပ္ ပင့္သက္ကို ရွိုက္မိသည္... ေခါင္းသည္ ပိုမူးလာကာ ေခြၽးေစးတို႔ျပန္လာသည္...
"သခင္မေလးကေလ မမေလးကို တကယ္ကို ခ်စ္တာပါ..."
ႏုႏုေျပာလိုက္တဲ့စကားသည္ နားထဲ၌ ပူျပင္းစြာ ဝင္သြားကာ ေ႐ႊ႐ုပ္ အားယူၿပီး ကုတင္ေပၚက ထလိုက္သည္...
"ႏုႏု...ေ႐ႊ႐ုပ္ အခန္းျပန္ခ်င္တယ္..."
"ဟာ...သခင္မေလးက မမေလးကို ေအာက္မွာ ေပးမေနေတာ့ဘူးလို႔ ေျပာသြားတယ္ မမေလး...ဒီမွာပဲ ေနပါေနာ္..."
"အင္း...အဲဒါဆိုလဲ ေ႐ႊ႐ုပ္ အရင္အခန္းမွာေျပာင္းေနလိုက္မယ္..."
စိတ္ညစ္ေနတဲ့ မ်က္ႏွာႏွင့္ ႏုႏုကို ေ႐ႊ႐ုပ္အသာၿပဳံးျပကာ...
"ဘာမွမျဖစ္ေစရဘူး...သူျပန္လာရင္ ေ႐ႊ႐ုပ္ေျပာပါ့မယ္...အခု ေ႐ႊ႐ုပ္ေဆးေသာက္ဖို႔ကို ဟိုဘက္အခန္းကိုပဲ ယူလာေပးေတာ့ေနာ္..."
"ဟုတ္ကဲ့ မမေလး..."
ကိုယ့္အခန္းဆီ ယိုင္နဲ႕နဲ႕ ေလွ်ာက္လာၿပီးေတာ့မွ ကုတင္ေပၚထိုင္ခ်ကာ တလွပ္လွပ္တုန္ေနေသာရင္ကို ေ႐ႊ႐ုပ္ လက္နဲ႕ဖိထားမိသည္... ပ်ိဳ႕အန္ခ်င္သလိုျဖစ္ေနေသာ ခံစားခ်က္ကလဲ ဆိုး႐ြားလြန္းစြာ လူကို ႏွိပ္စက္ေနသည္... အဲဒီၾကားထဲမွာမွ နင့္သီးေနေသာ ခံစားခ်က္အခ်ိဳ႕ကလဲ လူကို ဆြဲခ်ေနသလိုပင္...
ဒီလို လမ္းလြဲသြားလို႔ ဘယ္ျဖစ္မလဲ မမရယ္... တစ္ဖက္တည္းကို ေလွ်ာက္ၿပီး ခံစားရသက္သာေအာင္ လုပ္မယ္လို႔ ဆုံးျဖတ္ထားၿပီးရင္လဲ အဲလိုအတိအက်လဳပ္မွေပါ့...ေ႐ႊ႐ုပ္က အားလုံးကို သည္းခံေပးေနတာ ဒီလိုျဖစ္လာဖို႔မွ မဟုတ္တာ...ဟိုဘက္ေရာ ဒီဘက္ေရာ ေတြးေပးရင္း မမကိုယ္မမ ပင္ပန္းေအာင္ လုပ္ဖို႔မဟုတ္ဘူးေလ...ေက်းဇူးျပဳၿပီး အစက ရည္႐ြယ္ထားတဲ့အတိုင္းပဲ ဆက္ေလွ်ာက္ေပးပါ မမရယ္...မမ ခံစားခဲ့ရသမွ် ၿမိဳသိပ္ခဲ့ရသမွ်ကို ေ႐ႊ႐ုပ္အေပၚ ပုံခ်ၿပီး စိတ္သက္သက္သာသာနဲ႕ ေနေပးပါ...အဲဒါမွ တစ္ေလွ်ာက္လုံး မမသည္းခံခဲ့ရသမွ် ေ႐ႊ႐ုပ္ေပးဆပ္ခဲ့ရသမွ် အက်ိဳးရွိမွာကို...ခုေတာ့...
ပူႏြေးေနေသာ မ်က္ရည္မ်ား လိမ့္ဆင္းလာတာကို ေ႐ႊ႐ုပ္ တားဖို႔ပင္ သတိမရေခ်... တစ္စြန္းတစ္စ ေတြ႕ရေသာ ေမတၱာအစြန္းအစေလးမ်ားေၾကာင့္ ဝမ္းနည္းရသလို ထိုေမတၱာကို ေပးေနရင္း အားနာစိတ္တို႔ျဖစ္ထြန္းေနမည့္ မမေၾကာင့္လဲ ဝမ္းနည္းရသည္...
ေ႐ႊ႐ုပ္သည္ မမနဲ႕ ေတြ႕ဆုံဖို႔ ေရစက္ပါမလာခဲ့လွ်င္ တကယ့္ကို ေကာင္းေပလိမ့္မည္...
🍂
"ဘာေျပာစရာရွိလို႔လဲ ႏွင္း..."
အေရးႀကီး meeting ရွိလို႔သာ လာရေပမယ့္ ေ႐ႊ႐ုပ္ကို နည္းနည္းမွ စိတ္မခ်၍ ၿပီးတာႏွင့္ျပန္မလို႔ ျပင္ေနတုန္း ႏွင္းက ေရာက္လာကာ အေရးတႀကီး ေျပာစရာရွိသည္ဟု ဆိုသည္...တျခားသူဆို ျပန္လႊတ္လိုက္မွာျဖစ္ေပမယ့္ ႏွင္းက ဒီလိုေျပာတာမ်ိဳး မရွိဖူး၍ ထူးဆန္းကာ လက္ခံလိုက္သည္...
"ငါေျပာတာ ေသခ်ာနားေထာင္ေပး သစၥာ... "
"အင္း...ထိုင္ပါဦး..."
ဆိုဖာမွာ ဝင္ထိုင္ေသာ္လည္း ႏွင္းမ်က္ႏွာက မသာမယာ... အေအးလာခ်ေပးေသာ္လည္း ေသာက္ဖို႔ကိုပင္သတိရပုံမရ...
"ဒီေန႕ ေ႐ႊ႐ုပ္ အလုပ္မလာဘူးေနာ္..."
"အင္း...ဟုတ္တယ္...ဖ်ားေနလို႔ အိမ္မွာ နားခိုင္းထားတာ..."
"ငါ အစက ေ႐ႊ႐ုပ္ကို အရင္ေျပာမလို႔ပဲ...ဒါေပမယ့္ သူမလာေတာ့ ေျပာရမွာခ်င္းတူတူ နင့္ကိုပဲ အရင္ေျပာလိုက္ေတာ့မယ္..."
"ေ႐ႊ႐ုပ္ကို... ဘာမ်ားျဖစ္လို႔လဲ ႏွင္း..."
"ငါနဲ႕ ေ႐ႊ႐ုပ္က တစ္ဝမ္းပဲကြဲတဲ့ ေမာင္ႏွမေတြပဲ သစၥာ..."
"ဘယ္လို..."
"ဟုတ္တယ္...ငါလဲ မေန႕ကမွ သိရတာ... ေက်ာင္းတက္ၾကတုန္းက နင့္ကိုငါ ေျပာဖူးတယ္ေလ သစၥာ... ငါ အလုပ္ရၿပီးရင္ တကယ္ကို ေစာင့္ေရွာက္ခ်င္တဲ့သူ ရွိတယ္လို႔..."
အင္း ဟုပင္ မေျပာနိုင္ဘဲ သစၥာ ငိုင္ေနမိသည္...မထင္မွတ္ထားေသာ ကိစၥသည္ သူမကို အလစ္ဝင္တိုက္ေခ်ၿပီ...
"အဲဒါ ေ႐ႊ႐ုပ္ပဲ သစၥာ...ငါ မေန႕က ဦးေလးငယ္နဲ႕ ေတြ႕ခဲ့တယ္... သူေျပာျပလို႔ အေၾကာင္းစုံသိခဲ့ရတာ ..."
ငိုင္ေနေသာ သစၥာကို အကဲခတ္ကာ ႏွင္းက စကားဆက္သည္...
"သူေျပာျပသြားတာေတာ့ အမ်ားႀကီးပဲ...နင္တို႔ မိဘေတြၾကားက ကိစၥေတြေရာပဲ..."
ႏွင္း ဘယ္မွ်အတိုင္းအတာအထိ သိထားၿပီးၿပီကို သူမတြက္ဆလိုက္မိၿပီ... ထက္ျမက္ေသာသူျဖစ္၍ သစၥာက ေ႐ႊ႐ုပ္ႏွင့္ ပတ္သက္ၿပီး သူ႕ကိုအကူအညီေတာင္းဖူးသည္လဲ ျဖစ္၍ သူမတို႔ၾကားရွိ ဆက္ဆံေရးကို ႏွင္းက ေသခ်ာေပါက္ သိႏွင့္ေနၿပီး ျဖစ္လိမ့္မည္...
"သူကေတာ့ နင့္အေၾကာင္းကို မေကာင္းတဲ့ဘက္က ေျပာသြားေပမယ့္ ငါလက္မခံခဲ့ဘူး သစၥာ...ငါကိုယ္တိုင္ တစ္ခ်ိဳ႕ကို မ်က္ျမင္ႀကဳံဖူးခဲ့တာေတာင္ေပါ့...ဘာလို႔လဲဆိုေတာ့ နင္က အဲလိုလူမဟုတ္ဘူးလို႔ ငါယုံထားခဲ့လို႔ပဲ သစၥာ..."
အေရွ႕က စားပြဲခင္းကို စိုက္ၾကည့္ကာ သူမ မခ်ိၿပဳံး ၿပဳံးမိသည္...ၿပီးေတာ့မွ တိုးသဲ့စြာ ျပန္ေျပာမိသည္...
"မဟုတ္ဘူး ႏွင္း...ငါက အဲလိုလူပဲ...ငါ့ရဲ႕ ၿမိဳသိပ္ခဲ့ရတဲ့ ေဒါသေတြကို ဖြင့္ခ်ဖိဳ႕ ေ႐ႊ႐ုပ္ကို တမင္ရည္႐ြယ္ခ်က္ရွိရွိနဲ႕ ေခၚထားခဲ့တာ...အဲဒါ ငါ့ရဲ႕ စိတ္ဓာတ္အမွန္ပဲ..."
ေျပာေနတဲ့စကားနဲ႕မလိုက္ဘဲ နာက်င္ေနတဲ့မ်က္ဝန္းေတြကို ႏွင္းေငးၾကည့္ေနမိသည္...
"လူႀကီးေတြၾကား ျဖစ္ခဲ့တဲ့ကိစၥက ေ႐ႊ႐ုပ္နဲ႕ ဘာမွမဆိုင္ဘူးလို႔ ငါထင္တယ္...သူတို႔လဲ ကားအက္စီးဒန့္နဲ႕ ဆုံးသြားတာ ဝဋ္လည္တာပဲေပါ့ သစၥာ..."
ဘာမွျပန္မေျပာဘဲ ငိုင္ေတြေနေသာ သစၥာကို စိုက္ၾကည့္ကာ ႏွင္း ပင့္သက္ကို ရွိုက္သည္...
"ထားပါေတာ့...တကယ္လို႔ နင္ အဲလိုအေတြးနဲ႕ လုပ္ခဲ့တယ္ဆိုရင္ေတာင္ အခုေတာ့ ေ႐ႊ႐ုပ္ကို လႊတ္ေပးလိုက္ပါေတာ့...အားလုံးကို ခြင့္လႊတ္ၿပီး ေၾကေအးေပးဖို႔ ငါၾကားထဲက ေတာင္းပန္ပါတယ္ ေနာ္ သစၥာ... "
အလြန္တရာ ပ်က္ယြင္းေနသည့္မ်က္ႏွာကို ႏွင္း သနားၾကင္နာစြာ ေငးၾကည့္မိသည္...ရင္းႏွီးဖူးသည့္ျဖစ္၍ သစၥာ ရင္ထဲကို ႏွင္းဝင္ၾကည့္လို႔ရေနသည္...သစၥာသည္ ေ႐ႊ႐ုပ္ကို အမုန္းတရားေတြနဲ႕ ႏွိပ္စက္ခဲ့သည္ဟု ကိုယ္တိုင္ဝန္ခံေစကာမူ သူ႕လုပ္ရပ္ကို မႏွစ္ၿမိဳ႕ေနေၾကာင္း မ်က္ႏွာတြင္ ေပၚလြင္ေနသည္...ႏွင္းသည္ အေရးအႀကီးဆုံးအရာကို ေျပာဖို႔ သတိရလိုက္သည္....
"နင့္ကို ေျပာထားဖူးသလိုပဲ ငါလဲ ငါ့စိတ္နဲ႕ငါ ေ႐ႊ႐ုပ္ကို တကယ္ကို ေစာင့္ေရွာက္ေပးခ်င္ခဲ့တာ သစၥာ... အဲတာေၾကာင့္ ေ႐ႊ႐ုပ္ကို ငါ့နဲ႕ထည့္ေပးလိုက္ပါ...နင့္ကို ေတာင္းဆိုပါတယ္..."
ဟင့္အင္း... ႏွင္းရဲ႕စကားေတြသည္ နားထဲ သံရည္ပူေလာင္းခ်လိဳက္သလို ပူျပင္းစြာ ဝင္ေရာက္လာသည္...မေပးနိုင္...ေ႐ႊ႐ုပ္ကို ဘယ္သူ႕လက္ထဲကိုမွ သစၥာမထည့္ေပးလိုက္နိုင္...
"လုံးဝ မထည့္ေပးနိုင္ဘူး ႏွင္း...ေ႐ႊ႐ုပ္ကို ငါက ငါက ဒီတိုင္း ေခၚထားတာမဟုတ္ဘူး...သူနဲ႕ငါ လက္ထပ္ထားတာ..."
"ဘာ!!!..."
To be continued....