ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်က...

By Cora0411

1.6M 235K 8.6K

Title - 嫁给渣攻的反派哥哥 English title-Married the Scum Gong's Villain Brother All credits to original author and E... More

Description
Chapter 1✰Edited
Chapter-1.1
Chapter 1.2
Chapter 2✰Edited
Chapter 2
Chapter 3✰Edited
Chapter 3
Chapter 4✰Edited
Chapter 4
Chapter 5✰Edited
Chapter 5
Chapter 6✰Edited
Chapter 6
Chapter 7✰Edited
Chapter 7
Chapter 8✰Edited
Chapter 8
Chapter 9✰Edited
Chapter 9
Chapter 10✰Edited
Chapter 10
Chapter 11✰Edited
Chapter 11
Chapter 12✰Edited
Chapter 12
Chapter 13✰Edited
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21.2
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84 (Final Chapter)
Extra 1.1:Later Story-နောက်ဆက်တွဲ/ေနာက္ဆက္တြဲ
Extra 1.2: Later Story 2
Extra 1.3: Later Story 3
Extra 1.4: Later Story4-နိုင်ငံ့CPကိုတရားဝင်ကြေညာခြင်း
Extra 1.5: Later Story - လက်ထပ်ပွဲ/လက္ထပ္ပြဲ
Extra 2.1: သဝန်တိုခြင်း/သဝန္တိုျခင္း
Extra 2.2: လောင်ကုန်း/ေလာင္ကုန္း
Extra 3.1: အချိန်မီပြန်သွားလို့ တစ်ဖန်ပြန်လည်တွေ့ဆုံကြမယ်!
Extra 3.2: ပျော်ရွှင်မှုက နေရာတိုင်းမှာ
ကျေးဇူးတင်လွှာ💓

Chapter 21.1

18.8K 2.8K 123
By Cora0411

//Zawgyi//

က်င္ရႊင္ အိပ္မက္ထပ္မက္ခဲ့တယ္။

ဟုတ္ပါတယ္ တူညီတဲ့အိပ္မက္နဲ႔ တူညီတဲ့လူပါပဲ

ဒါေပမယ့္ ဒီတစ္ေခါက္မွာေတာ့ အျပဳအမူေတြက ေျပာင္းလဲသြားတယ္။

ဒီအိပ္မက္က သူ႔ကိုအနည္းငယ္ပင္ပန္းေစသလို အနည္းငယ္လဲသာယာေစသည္။ ေျပာရရင္ေတာ့ အဲ့တာကေမွာင္မိုက္ျပီး စိတ္ကူးယဥ္ဆန္တယ္။ က်င္ရႊင္က သူ႔အိပ္မက္ကေန အစစ္အမွန္ႏုိးထလာျပီးေနာက္ သူအနည္းငယ္ၾကက္ေသ,ေသသြားမိသည္။

…သူအိပ္မက္ထပ္မက္ျပန္ျပီ?

ရွန္ရိက်င္းကုိေလ?

မျဖစ္ႏုိင္တာ သူဗီလိန္အစ္ကုိၾကီးအေၾကာင္းကုိ အဲ့ေလာက္ေတာင္စဥ္းစားေနမိခဲ့တာလား?

 
က်င္ရႊင္က ေစာင္လႊမ္းကာအိပ္ရာေပၚမွာထိုင္ေနရင္း သူ႔မ်က္ႏွာကို ပြတ္သပ္လုိက္မိသည္။ သူတည္ျငိမ္သြားဖို႔ အခ်ိန္ေတာ္ေတာ္ယူလိုက္ရ၏။

အခန္းထဲကမီးက အရမ္းမွိန္သည္။ အျပင္မွာ ေတာက္ပေနသင့္ေပမယ့္ အိပ္ခန္းထဲက လုိက္ကာေတြက အရမ္းထူကာ အလင္းေရာင္အမ်ားစုကုိ ကာဆီးထားသည္။ လိုက္ကာေတြၾကားက အဟေလးေတြကပဲ အလင္းေရာင္ကို အထဲဝင္လာခြင့္ျပဳသည္။

က်င္ရႊင္က အခ်ိန္ကိုတစ္ခ်က္ၾကည့္လုိက္ေတာ့ မနက္ခုႏွစ္နာရီေတာင္ ရွိေနျပီ။

သူက အမ်ားအားျဖင့္ ခုႏွစ္နာရီဝန္းက်င္ႏိုးေလ့ရွိေပမယ့္ မေန႔ညက သူအိပ္တာေနာက္က်သည္။ အရိုးသားဆံုးေျပာရရင္ သူအခုလဲအိပ္ငိုက္ေနတုန္းပင္။

သုိ႔ေသာ္ျငားလဲ ဒီေန႔ လုပ္စရာေတြအမ်ားၾကီးရွိေနတဲ့အျပင္ သူက အစ္ကုိၾကီးရဲ႕အိမ္မွာရွိေနတာမို႔…က်င္ရႊင္က အိပ္ရာထဲမွာ မေနရဲေတာ့ဘဲ ျမန္ျမန္ထကာ ေဆးေၾကာသန္႔စင္လုိက္သည္။

သူသြားတုိက္ကာ မ်က္ႏွာသစ္လုိက္သည္။ သူအျပင္ကုိထြက္လာတဲ့အခ်ိန္မွာ အိပ္ရာခင္းကုိ ျပန္႔ေနေအာင္ ဆြဲကာ အနည္းငယ္သန္႔ရွင္းလုိက္၏

အမ္…ဟမ္?

 
အိပ္ရာသိမ္းေနတုန္း သူ႔ေဘးနားက ပုိးသားအခင္းေပၚမွာ တြန္႔ေနတဲ့ေျခရာလက္ရာေတြကုိ ေတြ႔လုိက္ရသည္။

…တကယ္ေတာ့ သူ႔မွာျပႆနာတစ္ခုရွိတယ္ အဲ့တာကေတာ့ သူအိပ္တဲ့အခ်ိန္ သူ႔အေပၚပုိင္းက ျငိမ္ျငိမ္သက္သက္ေလးရွိေနတတ္ေပမယ့္ သူ႔ေျခေထာက္ကေတာ့ တစ္ခါတစ္ရံ အဲ့လုိမဟုတ္ေပ။

သူက အိပ္ေနတဲ့အခ်ိန္ ေစာင္ဒါမွမဟုတ္ အျခားပစၥည္းေတြကုိ ဖက္ထားရတာၾကိဳက္သည္။ အိပ္ေမာက်သြားတာေၾကာင့္ ျဖစ္ႏုိင္သည္ သူမေန႔က အရမ္းကုိေကာင္းမြန္စြာအိပ္ခဲ့သည္။

ဒါေပမယ့္ ဒီေျခရာလက္ရာေတြကိုၾကည့္လုိက္ေတာ့…သူက အဲ့ဘက္ျခမ္းကုိ ကန္ခဲ့တဲ့ပံုပဲ…

က်င္ရႊင္က ခပ္သြက္သြက္အိပ္ရာခင္းကို ျပန္႔ျပဴးေအာင္လုပ္လုိက္သည္။

ဒါေပမယ့္ သူျပီးစီးသြားျပီးမၾကာခင္မွာပဲ ေနာက္ထပ္ေျခရာလက္ရာအသစ္တစ္ခုကို ေတြ႔လုိက္ရ၏ - အိပ္ရာတစ္ဖက္ျခမ္းက ေခါင္းအံုးေအာက္အစြန္းမွာ…ဘာလို႔တြန္႔ေခါက္ရာေတြရွိေနရတာလဲ?

သူ႔ေျခေထာက္ေတြက ဘယ္ေလာက္ရွည္ရွည္ အဲ့ေလာက္ေဝးေဝးၾကီးေတာ့ ေရာက္စရာအေၾကာင္းမရွိပါဘူး ဟုတ္တယ္မလား? ? ?

သူဒါကုိရွင္းမျပတတ္တဲ့ျဖစ္ေနတဲ့အခ်ိန္ ပံုတစ္ပံုက သူ႔စိတ္ထဲမွာ ဖ်တ္ခနဲထင္ဟပ္လာသည္။

မူလကေတာ့ သူႏိုးလာတဲ့အခ်ိန္ အမ်ားၾကီးမမွတ္မိခဲ့ဘူး ဒါေပမယ့္ ဒီေျခရာလက္ရာေတြကုိ ျမင္လုိက္ရေတာ့ ၾကည့္ရတာ…မေန႔ညက သူ အိပ္တစ္ဝက္ႏုိးတစ္ဝက္ျဖစ္ေနတဲ့အခ်ိန္ ေျခေထာက္တစ္ဖက္နဲ႔ တစ္စံုတစ္ခုကို ဖိထားခဲ့ပံုပဲ။

ဘယ္လုိပဲျဖစ္ျဖစ္ အဲ့အခ်ိန္တုန္းက သူကအေတာ္ေလးသက္ေတာင့္သက္သာရွိတယ္လုိ႔ ခံစားရတာေၾကာင့္ သူကအဲ့အေၾကာင္း အမ်ားၾကီးေတြးမေနခဲ့ဘဲ ဖ်တ္ခနဲျပန္အိပ္ေပ်ာ္သြားခဲ့သည္။

ဒါေပမယ့္ အခု ျဖစ္တန္ရာကေတာ့…ျဖစ္သင့္တာက…

 
က်င္ရႊင္က အိပ္ခန္းထဲကေန အလွ်င္အျမန္ထြက္သြားလုိက္သည္။

ဒါေပမယ့္ သူ မေမွ်ာ္လင့္ထားတာက အခန္းထဲကေန ထြက္ထြက္ခ်င္း အနံ႔အရသာနဲ႔ျပည့္စံုတဲ့ လတ္ဆတ္တဲ့ေကာ္ဖီရနံ႔ကို အနံ႔ခံမိလိမ့္မည္ဟုပင္။

 
က်င္ရႊင္ : !

 
မနက္ခင္းေစာေစာမွာ ရုတ္ျခည္း ေကာ္ဖီအနံ႔ျပင္းျပင္းရလုိက္တာက အမွန္တကယ္ကုိ အေတာ္ေလးလန္းဆန္းေစျပီး လူေတြကုိ ခံစားရေကာင္းေစသည္။

မေန႔ကျဖတ္ေလွ်ာက္လာခဲ့တဲ့ ေကာ္ရစ္တာအရွည္ၾကီးကုိ ျပန္ျဖတ္သြားရင္း အၾကည့္တစ္ခ်က္နဲ႔တင္ မီးဖုိေခ်ာင္ထဲက သြယ္လ်ေျဖာင့္မတ္တဲ့ပံုရိပ္ကို က်င္ရႊင္ျမင္လုိက္ရသည္။

ရွန္ရိက်င္းက အညိဳႏုေရာင္ လည္ပင္းVသ႑ာန္ ထသြားထလာအေပၚဝတ္ကုိ မီးခိုးရင့္ေရာင္ေဘာင္းဘီရွည္နဲ႔ တြဲဝတ္ထားသည္။ သူ႔လက္ထဲမွာ ကိုင္းပါတဲ့ခြက္တစ္လံုးကုိ ကုိင္ထားျပီး ၾကည့္ရတာေကာ္ဖီေသာက္ေနပံုပင္။

သူ႔အရပ္ေၾကာင့္ သူကဒူးအနည္းငယ္ေကြးကာ ေကာင္တာအေပၚပိုင္းကုိ ကုိယ္တစ္ဝက္မွီထားေပမယ့္ မီးဖိုေခ်ာင္တစ္ခုလံုးက သူ႔အတြက္အနည္းငယ္ေသးေနဆဲပင္။

ဒါေပမယ့္ တစ္ဖက္လူ ပံုစံတက်ဝတ္စံုျပည့္မဟုတ္ဘဲ အျခားဟာဝတ္တာကို က်င္ရႊင္ပထမဆံုးအၾကိမ္ျမင္ဖူးတာပင္။ ဒီမတုိင္ခင္တုန္းက ဗီလိန္အစ္ကိုၾကီးလုိလူက ထသြားထလာအဝတ္ေတြနဲ႔ တကယ္ၾကီးဒီေလာက္ေတာင္ လုိက္ဖက္ေနလိမ့္မယ္လို႔ က်င္ရႊင္တစ္ခါမွထင္မထားေပ။

အိမ္မွာမဟုတ္တဲ့အခ်ိန္ သူ႔ကိုယ္ေပၚက ေအးစက္ေနတဲ့ေလထုကေတာ့ တူညီေနဆဲပင္။

ဒါေပမယ့္ သူ႔ရဲ႕ေကာင္းမြန္လွတဲ့မ်က္ႏွာအစိတ္အပိုင္းေတြနဲ႔ ထူးျခားတဲ့ေကာက္လုိင္း၊ ေကာင္းမြန္တဲ့ပံုရိပ္ေၾကာင့္ ျဖစ္ႏုိင္သည္။ ဒီလိုပံုစံနဲ႔ ေနေရာင္ျဖာက်ေနတဲ့ ရွန္ရိက်င္းက ေဖာ္ျပလို႔မရႏုိင္ေအာင္ ေခ်ာေမာခန္႔ညားျပီး ေအးစက္ေနသည္။ သူက အိုင္ေဒါလ္ဒရမ္မာေတြထဲက ခုန္ထြက္လာသလိုမ်ိဳးပင္…

တကယ္လို႔ အဲ့တာကအမွန္ျဖစ္ခဲ့ရင္ေတာင္ အဲ့တာနဲ႔ပတ္သက္ျပီး ဘာမွမွားယြင္းေနတာမ်ိဳး မရွိေပ။
(အိုင္ေဒါလ္ဒရမ္မာထဲက ခုန္ထြက္လာတာကိုေျပာတာ)

က်င္ရႊင့္ဘက္ျခမ္းက လႈပ္ရွားမႈကိုၾကားေတာ့ ရွန္ရိက်င္းရဲ႕အၾကည့္က သဘာဝက်က်ပဲ ေရြ႕လာျပီး ရုိမန္႔တစ္ဆန္တယ္လုိ႔ မေျပာႏုိင္တဲ့ မက္မြန္ပြင့္သ႑ာန္မ်က္ဝန္းေတြက အရင္ကထက္ အနည္းငယ္မွိန္ေဖ်ာ့ေနသည္။

 
သူက က်င္ရႊင္ကိုေျပာလာသည္ : “ ဂြတ္ေမာနင္း”

“ ဂြတ္ေမာနင္းပါ Mr” က်င္ရႊင္က ေလွ်ာက္သြားလုိက္၏။

“ေရွာင္ရႊင္ ဗိုက္ဆာေနျပီလား? ေကာ္ဖီေသာက္ခ်င္လား?”

 
က်င္ရႊင္ : “……”

ရွန္ရိက်င္းရဲ႕ေလသံက အလြန္သဘာဝက်ကာ လူအိုၾကီးတစ္ေယာက္လုိမ်ိဳး အထင္မွားေစႏုိင္သည္။ ဒါေၾကာင့္ ေမးခြန္းက သူ႔ပါးစပ္ထဲမွာတစ္ေနကာ သူေမးဖို႔ေမ့သြားသည္။

ဒီအခုိက္အတန္႔မွာ မီးဖိုထဲကေန အျခားအသံတစ္ခုထြက္ေပၚလာသည္။ က်င္ရႊင္ရဲ႕အျမင္ကေနဆုိ ေသသပ္တဲ့အေနာက္တုိင္းဝတ္စံုကို ဝတ္ဆင္ထားတဲ့ လက္ေထာက္က်င္းက်ဲ႕ဟိန္က အလြန္ကုိေဖာ္ျပလုိ႔မရႏုိင္စြာ ဂရုတစုိက္ သူ႔ကုိယ္လံုးကုိ ဆန္႔လာသည္။ သူက က်င္ရႊင္ကို မ်က္ႏွာခ်င္းဆိုင္ကာ ဦးညႊတ္လုိက္ျပီး တေလးတစားေျပာလာသည္
“ ဂြတ္ေမာနင္း Mr.ယန္”

 
က်င္ရႊင္ : …?

သူမွတ္မိတာ မွန္မယ္ဆိုရင္ အရင္တစ္ေခါက္က လက္ေထာက္က်င္းက သူ႔ကိုေက်ာင္းသားယန္လုိ႔ ေခၚခဲ့တာပင္။

ဒါေပမယ့္ ဒီတစ္ၾကိမ္ က်င္ရႊင္ေတြးလုိက္မိတာကေတာ့:
ကံေကာင္းလို႔ သူခုနက မေမးခဲ့မိလုိ႔

က်င္ရႊင္က မေန႔ညက Mr.ရွန္ သူနဲ႔တူတူအိပ္ခဲ့တာလား မအိပ္ခဲ့တာလားဆိုတာကုိ မေမးခဲ့ဘူး။
…ဒီလိုအေၾကာင္းအရာမ်ိဳးက အျခားသူေတြၾကားသြားရင္ ရွက္စရာၾကီး

ရွန္ရိက်င္းက ျဖစ္ပြားခါနီးအေရးအခင္းကို မသိလိုက္ေပ။ သူက သူ႔လက္ထဲကခြက္ကို ခ်ကာ
“ ဒီမွာ ဂ်ံဳၾကမ္းေပါင္မုန္႔အခ်ိဳ႕ေတာ့ရွိတယ္၊ မင္းနည္းနည္းေလာက္လိုခ်င္လား?”

 
ေပါင္မုန္႔တစ္ခ်ပ္က ေပါင္မုန္႔မီးကင္စက္ကေန ၾကြပ္ဆတ္တဲ့အသံနဲ႔အတူ အလိုအေလ်ာက္ထြက္ေပၚလာသည္။ ရွန္ရိက်င္းက အဲ့တာကုိ ယူဖို႔ အစားအေသာက္ညွပ္ကိုသံုးကာ ပန္းကန္ထဲထည့္လုိက္ျပီး က်င္ရႊင္ဆီကမ္းေပးလိုက္သည္။

“ ရုိးရွင္းတဲ့တစ္ခုခုကို အရင္စားထားလုိက္ေနာ္၊ ျပီးရင္ ကုိယ္တုိ႔ေဆးရုံကိုသြားၾကမယ္”

“အမ္း…” မေန႔ညက မေတာ္တဆမႈျပီးေနာက္ က်င္ရႊင္က သူ႔ကုိေက်းဇူးပါလို႔ မေျပာရဲေတာ့ဘူး။

ဒါေပမယ့္ လူေတြကို ေက်းဇူးပါလို႔မေျပာရေတာ့ အလြန္အမင္းကိုအဆင္မေျပျဖစ္လွသည္၊ ဒါေၾကာင့္ ေနာက္ဆံုးထြက္လာတဲ့စကားလံုးကေတာ့
“ Okay, Mr.”

က်င္ရႊင္က မေန႔ညက ဒါကုိသတိမထားမိခဲ့ဘူး။ မီးဖိုေခ်ာင္ေဘးမွာလဲ အထူးလုပ္ေဆာင္ခ်က္ေတြပါသည္။ မီးဖိုေခ်ာင္ေကာင္တာအၾကီးၾကီးတစ္ခုတင္မကဘဲ အဝိုင္းပံုလွည့္လို႔ရတဲ့ ထမင္းစားပြဲအၾကီးၾကီးလဲ ပါေသးသည္။

ထမင္းစားပြဲအေပၚမွာ သလင္းေက်ာက္မီးဆိုင္းက အေပၚေအာက္အတန္းလုိက္ ခ်ိတ္ဆြဲထားသည္။ အဲ့ေနာက္မွာက အပင္အိုးေတြအေျမာက္အျမားနဲ႔ အလွဆင္ထားတဲ့စင္ျမင့္တစ္ခုပင္။ ပင္စည္ရွည္၊ အရြက္ၾကီးတဲ့အပင္ေတြက ပန္းအိုးအျပင္ဘက္ကုိ ထိုးထြက္ေနသည္။ ျပင္ဆင္ထားတဲ့စတုိင္က ရုိးရွင္းကာေႏြးေထြးသည္။

ၾကည့္ရတာ လက္ေထာက္က်င္းက ခုနေလးတင္မွ အဲ့အပင္အိုးေလးေတြကုိ ေရေလာင္းထားပံုပင္။

က်င္ရႊင္က ထိုင္ခ်ျပီး စားဖို႔ျပင္ေနတာကုိျမင္ေတာ့ လက္ေထာက္က်င္းက သူ႔အလုပ္ကုိရပ္လုိက္သည္။ ဥကၠ႒ရွန္ရဲ႕အထူးလက္ေထာက္တစ္ေယာက္အေနနဲ႔ သူကအလြန္ကုိပါးနပ္သည္။ ခ်က္ခ်င္းပင္ေျပာလုိက္၏
“ ေဘာ့စ္ ကြၽန္ေတာ္ ေဘာ့စ္နဲ႔Mr.ယန္ကုိ ေအာက္ထပ္ကေန ေစာင့္ေနမယ္ဆုိရင္ေရာ ဘယ္လုိလဲ?”

“ေကာင္းတယ္” ရွန္ရိက်င္းက ေျပာ၏။

လက္ေထာက္က်င္းက ထြက္ခြာသြားျပီ။ အခန္းအက်ယ္ၾကီးထဲမွာ လူႏွစ္ေယာက္သာလွ်င္ က်န္ခဲ့သည္။ ရွန္ရိက်င္းက ေကာ္ဖီစက္ေရွ႕ကေန က်င္ရႊင္အတြက္ ေကာ္ဖီတစ္ခြက္ထည့္ေပးလိုက္၏။
“ မင္းအေမရိကာႏုိၾကိဳက္လား? ဒီမွာ သၾကားတုိ႔ႏြားႏုိ႔တို႔မရွိဘူး။ မင္းအဆင္မေျပဘူးဆိုရင္ ေနာက္တစ္ခါက် အဲ့တာေတြ တစ္ေယာက္ေယာက္ကုိ ကိုယ္ျပင္ခိုင္းထားလုိက္မယ္”

က်င္ရႊင္က ေကာ္ဖီခြက္ကုိ လက္ႏွစ္ဖက္လံုးနဲ႔ ယူလုိက္၏။ သူခုထိအေမရိကာႏုိကိုမေသာက္ဖူးေသးေပမယ့္ အနံ႔ကေတာ့ ေတာ္ေတာ္ေမႊးသည္။ ေကာ္ဖီကုိ အနည္းငယ္ေလာက္မႈတ္ျပီးေနာက္ သူမေနႏုိင္ေတာ့ဘဲ ဂရုတစုိက္ တစ္ငံုစုပ္ေသာက္လုိက္သည္။

 ဒါက ႏြားႏုိ႔ေတြအမ်ားၾကီးပါတဲ့ ကာပခ်ိႏုိေလာက္ေတာ့ မညက္ေညာေပ။ အေမရိကာႏုိက သိသာစြာကုိပဲ အမ်ားၾကီးပုိျပီးၾကည္လင္သန္႔စင္ကာ ေကာ္ဖီရဲ႕ခါးသက္မႈနဲ႔ အႏွစ္သာရကုိ ျပည့္ျပည့္ဝဝျပသေနသည္။ ဒါေပမယ့္ တစ္ခ်ိန္တည္းမွာပဲ အနံ႔အရသာေကာင္းကာ တျဖည္းျဖည္း အရွိန္ရလာေတာ့ လက္မခံႏုိင္ဖြယ္မရွိေပ။

 
က်င္ရႊင္ကေျပာလုိက္သည္
“ ဒါလည္းပဲ ေကာင္းပါတယ္၊ ေက်း…စကားမစပ္ Mr.ေရာ စားျပီးျပီလား?”

“ကုိယ္စားျပီးျပီ၊ ေပါင္မုန္႔က ဒီမနက္က်င္းက်ဲ႕ဟိန္ဝယ္ခဲ့တာ။ မင္းပံုမွန္ဆို မနက္စာဘာစားလဲ? ေနာက္တစ္ခါ မင္းၾကိဳက္တာ သူ႔ကိုယူလာခုိင္းလုိက္”

ေပါင္မုန္႔မီးကင္ရဲ႕ အရသာက အမွန္တကယ္ကုိ ေကာင္းလွသည္။ က်င္ရႊင္က အရမ္းဇီဇာမေၾကာင္တတ္ေပ။ သူ႔ရဲ႕အာရုံအကုန္လံုးက ရွန္ရိက်င္း ခုနကေျပာလုိက္တဲ့ “ေနာက္တစ္ခါ”ဆီမွာသာ ေရာက္ရွိေနသည္။

 
ေနာက္တစ္ခါ?

ဆိုလိုတာက မေန႔ညကအျပင္ အနာဂတ္က်ရင္လဲ သူဒီမွာေနရမယ္ေပါ့။

မေန႔ညက ရွန္ရိက်င္း သူ႔အခန္းဆီျပန္လာအိပ္တဲ့ျဖစ္ႏုိင္ေခ်ကို က်င္ရႊင္တစ္ဖန္သတိရသြားသည္။

 
ဒီကိစၥက…

သူ တစ္ဖက္လူကုိ ဘယ္လုိေမးရမွာလဲ? အဆံုးမွာေတာ့ သူကအခုမွႏုိးတာျဖစ္ျပီးေတာ့ ပိုျပီးဂရုတစိုက္ေတြးေတာၾကည့္ရင္ မေန႔ညအစကတည္းက ရွန္ရိက်င္းက သူအဓိကအိပ္ခန္းကေန ထြက္သြားမယ္လို႔မွ မေျပာခဲ့ပဲ။

ဒါ့အျပင္ တစ္ဖက္လူက သူ႔ကုိလဲမႏိႈးခဲ့ဘူး။ ျဖစ္ႏုိင္တာကေတာ့ ႏွစ္ေယာက္လံုးက တစ္ဖက္ဆီမွာအိပ္ခဲ့ၾကျပီး ညလယ္ေခါင္ေရာက္ေတာ့ သူက စည္းကုိေက်ာ္…အဟမ္း

ေပါင္မုန္႔စားျပီး ေကာ္ဖီေသာက္ေနရင္း က်င္ရႊင္က ခ်ံဳပတ္လည္ကို လုိက္ရိုက္ဖို႔သာ ဆံုးျဖတ္လုိက္သည္။
(လိုခ်င္တဲ့အခ်က္ဆီေရာက္ေအာင္ သြယ္ဝိုက္ျပီးေလွ်ာက္ေမးတာကုိ ေျပာခ်င္တာပါ)

သူေမးလုိက္သည္ : “Mr. မေန႔ညက ခင္ဗ်ားဘာလို႔ ေဘးအခန္းမွာ သြားျပီးေဆးေၾကာရတာလဲ?”

ရွန္ရိက်င္းက တူညီတဲ့ေနရာမွာပဲ ရပ္ေနဆဲပင္။

အိမ္ေနရင္း အဝတ္အစားေတြက အနည္းငယ္ေလ်ာ့တိေလ်ာ့ရဲျဖစ္ေနတာမို႔ အရပ္ရွည္ျပီး မွီေနတဲ့ပံုရိပ္က ပိုျပီးေတာ့ ပိန္ပါးသြယ္လ်ေနသည္။ ဒီအခ်ိန္မွာ ရွန္ရိက်င္းၾကည့္ရတာ အသက္ႏွစ္ဆယ္ေက်ာ္ ပံုမွန္လူငယ္ေလးနဲ႔ ဘာကြာျခားမႈမွမရွိေတာ့သလုိပင္။

က်င္ရႊင္ဘာလို႔ ရုတ္တရပ္ၾကီး ဒီဟာကုိေမးလာသလဲဆိုတာကို သူမသိေပ။ လူငယ္ေလးက ေမးမွေတာ့ သူကေျဖရမယ္
“ အဓိကအိပ္ခန္းထဲက ေရခ်ိဳးခန္းက အသံမလံုဘူး။ မင္းအိပ္ေနတဲ့အခ်ိန္ ကိုယ္ဆူညံေအာင္လုပ္မိမွာစိုးလို႔ပါ”

က်င္ရႊင္ : “…”

ဒါက ကိစၥကုိ ရွင္းလင္းလုိက္ျပီ။

ဒါ့ေၾကာင့္ ဗီလိန္အစ္ကုိၾကီးက တမင္သက္သက္ ေဘးအခန္းမွာ ေရခ်ိဳးဖို႔ သူ႔အခန္းကုိလာကာ အဝတ္အစားေတြယူသြားတာေပါ့။  သူက တစ္ဖက္အခန္းမွာ အိပ္ဖုိ႔မရည္ရြယ္ထားဘူး။

တကယ္တမ္းေတာ့ အဲ့တာကနားလည္လြယ္တယ္…အဆံုးမွာေတာ့ ရွန္ရိက်င္းရဲ႕အျပဳအမူပံုစံအားလံုးက အလုိအေလ်ာက္ “ခင္ပြန္းေလာင္း”ဆုိတဲ့ ေနရာကုိ ယူကာေဆာင္ရြက္ေနခဲ့တာေလ။ သူက ဘယ္လုိလုပ္ တစ္ခန္းခ်င္းစီအိပ္ဖုိ႔ကို အစျပဳႏုိင္ပါ့မလဲ?

က်င္ရႊင္က မေန႔ညတုန္းက သူအရမ္းႏုံအတယ္လို႔ ခံစားေနမိသည္။

သူမေနႏုိင္ဘဲ ေခါင္းငံု႔လုိက္ကာ မေန႔ညတုန္းက သူအိပ္တဲ့ပံုစံက ဆိုးရြားသလား၊ အဆံုးမွာ သူ႔ကိုေရာခြခဲ့ေသးလားဆိုတာကုိ တစ္ဖက္လူအားေမးခ်င္ေနမိခဲ့သည္။

ဒါေပမယ့္ အဲ့ကိစၥကုိ လင္းထင္းေနတဲ့ေန႔အခ်ိန္ၾကီးမွာ အရပ္ရွည္တည္ၾကည္တဲ့ ရွန္ရိက်င္းကို မ်က္ႏွာခ်င္းဆုိင္ျပီး သူမေမးႏုိင္ဘူး။
ထားလိုက္ေတာ့ ေနာက္မွေျပာတာေပါ့

သူက ေခါင္းငံု႔ကာ စားေနျပီး သူ႔ေခါင္းထိပ္က ႏူးညံ့တဲ့ဆံပင္ေလးေတြက အိပ္ေနခ်ိန္တုန္းက အနည္းငယ္ရႈပ္ေနကာ အခုေတာ့ ခပ္ေရးေရးေလးေျဖာင့္ေနတာေလးက သူ႔ေနာက္ေက်ာဘက္ကုိ ပုိျပီးႏူးညံ့သိမ္ေမြ႔ကာ ပိုျပီးခ်စ္စဖြယ္ေကာင္းေအာင္ လုပ္ေပးေနသည္။

ဒါက ရွန္ရိက်င္းကုိ မေန႔ညတုန္းက သူ႔အဝတ္ေတြယူဖို႔ျပန္လာတဲ့အခ်ိန္ လူငယ္ေလးက ကုတင္ေပၚမွာ ကုိယ္တစ္ဝက္မွီကာ လည္ပင္းကုိအနည္းငယ္ေမာ့ျပီး သူ႔ကိုၾကည့္လာခဲ့တာကို ျပန္ျပီးအမွတ္ရေစသည္…

ရွန္ရိက်င္းက ရုတ္ျခည္းမ်က္လံုးေတြေမွးကာ သူ႔ရဲ႕ရွည္သြယ္ေျဖာင့္တန္းတဲ့ မ်က္ေတာင္ေတြက သူ႔ရဲ႕မ်က္ဝန္းထဲက ခံစားခ်က္အားလံုးကုိ ဖံုးကာလုနီးပါးျဖစ္ေနျပီး မီးဖိုေခ်ာင္က တစ္ဖန္တိတ္ဆိတ္သြားသည္။

အဲ့ေနာက္က်င္ရႊင္ကပဲ ဦးေဆာင္မႈယူကာ
“ စကားမစပ္ Mr.မနက္က ဘယ္အခ်ိန္ထတာလဲ?”

ရွန္ရိက်င္း : “ ေျခာက္ခြဲ”

က်င္ရႊင္က ေမးကုိတစ္ဖန္ပင့္ကာ မ်က္ႏွာခ်င္းဆိုင္မွာရွိတဲ့ အပင္စိမ္းေလးေတြနဲ႔ စင္ကုိညႊန္ျပလုိက္ျပီး
“ အဲ့အပင္ေတြကုိ Mr.စုိက္ထားတာလား?”

ရွန္ရိက်င္း : “ မဟုတ္ဘူး”

 
က်င္ရႊင္ : “ ? ”

 
ရွန္ရိက်င္းက ရွင္းျပ၏
“ ဆရာဝန္ေျပာတာက အိမ္ထဲမွာ အပင္စိမ္းစိမ္းေတြကုိ စုိက္ထားတာက ခံစားခ်က္ေတြကို သက္သာေစတယ္တဲ့၊ ဒါေပမယ့္ ကုိယ္ကအမ်ားအားျဖင့္ျပန္မလာျဖစ္ဘူးေလ။ ဒီေနရာကုိ ထိန္းသိမ္းရတဲ့အိမ္သန္႔ရွင္းေရး ဒါမွမဟုတ္ လက္ေထာက္ေတြက သူတုိ႔ကိုဂရုစုိက္ေပးထားတာ”

 
က်င္ရႊင္ : “အိုး”

Mr.ရွန္က အပင္ေတြကုိ သိပ္မၾကိဳက္မွန္းသိသာလွသည္။

ဒီလိုလွပတဲ့ျမင္ကြင္းနဲ႔အတူ သူကေကာင္တာေရွ႕မွာ မတ္တပ္ရပ္ကာေကာ္ဖီေသာက္ေနေပမယ့္ လာေတာ့မထုိင္ခဲ့ဘူး။

ျပီးေတာ့ သူက ဒီကုိသိပ္မလာျဖစ္ဘူးဆိုေတာ့ ဒါက ရွန္ရိက်င္းရဲ႕ ယာယီနားခိုရာျဖစ္ျပီး သူ႔အိမ္မဟုတ္ေလာက္ဘူးထင္သည္။

က်င္ရႊင္က မနက္စာစားေနရင္း ရွန္ရိက်င္းက ဒီအခ်ိန္ကို အက်ိဳးရွိရွိအသံုးခ်ကာ အခန္းျပန္ျပီး အဝတ္အစားလဲလုိက္သည္။

အခန္းထဲကုိ မဝင္ခင္ သူက စၾကၤံမွာခ်ိတ္ထားတဲ့အဝတ္ေတြကို ညႊန္ျပလုိက္ျပီး
“ အဲ့တာက ဒီမနက္က်င္းက်ဲ့ဟိန္ဝယ္ခဲ့တဲ့အဝတ္ေတြ၊ ေတာ္ရဲ႕လားဆိုတာ စမ္းၾကည့္လိုက္ဦး”

က်င္ရႊင္ : “ဟုတ္ကဲ့”

သူက ေကာ္ဖီနဲ႔ေပါင္မုန္႔ကို ခပ္ျမန္ျမန္အျပီးသတ္လုိက္ျပီး ပန္းကန္ကိုေျပာင္ေနေအာင္ေဆးျပီးေနာက္ အဝတ္ေတြကုိ တစ္ခ်က္စစ္ၾကည့္လုိက္သည္။

လက္ေထာက္က်င္းက သူ႔အတြက္အဝတ္ေတြကို အထက္တန္းစားတံဆိပ္တစ္ခုကေန ဝယ္ခဲ့ျပီး တစ္စံုထက္ပိုသည္…ျပီးေတာ့ သူတုိ႔အားလံုးက ခ်ိတ္ပိတ္ထားတဲ့ဘူးေတြထဲမွာ ထည့္ထားတာျဖစ္သည္။ ၾကည့္ရတာ ဒီမနက္အေစာၾကီး သူတုိ႔ကုိယူဖို႔ VIP customersေတြက ဆုိင္ကုိသြားခဲ့တာျဖစ္ႏုိင္သည္။

ဘူးေတြကုိ တစ္ခုျပီးတစ္ခုဖြင့္ၾကည့္လုိက္ေတာ့ အတြင္းမွာက အဝတ္အစားအစံုလုိက္ေတြပင္၊ ေအာက္ခံေဘာင္းဘီေတာင္မွ ပါသည္။

အျပင္ဝတ္စတုိင္အမ်ားစုက ရုိးရွင္းျပီး ထသြားထလာပံုစံပင္။ သူတုိ႔က အဝတ္မ်ားတဲ့ ရွပ္လက္တုိနဲ႔ ေဘာင္းဘီရွည္ေတြပင္။ မင္းသာတံဆိတ္လိုဂိုကုိ လ်စ္လ်ဴရႈထားမယ္ဆိုရင္ ဒါက သူဝယ္ခဲ့တဲ့အြန္လိုင္းအဝတ္ေတြနဲ႔ ဘာမွကြာျခားခ်က္မရွိေပ။

ဒါေပမယ့္ ဒီဝတ္စံုေတြက ေစ်းၾကီးတယ္ဆိုတာက က်င္ရႊင္သိ၏။ အဝတ္ႏွစ္ထည္ကို ယူၾကည့္လုိက္ျပီး ေစ်းကိုေပါင္းၾကည့္လုိက္ေတာ့ ခန္႔မွန္းေျခတစ္ေသာင္းေလာက္ရွိသည္။ သူေတာ့ ရွန္ရိက်င္းရဲ႕လက္ေထာက္ကို အေႏွာင့္အယွက္ေပးမိျပီပဲ…

သူဘူးနဲ႔အတူ အိပ္ခန္းတံခါးေရွ႕မွာ ရစ္သီရစ္သီလုပ္ေနျပီး ေနာက္ဆံုးမွာေတာ့ ေကာ္ရစ္တာကေရခ်ိဳးခန္းကုိပဲ အဝတ္လဲဖုိ႔ ေရြးခ်ယ္လုိက္၏။

အဓိကအိပ္ခန္းက ေနရာသံုးခုနဲ႔ဖြဲ႕စည္းထားေပမယ့္ ရွန္ရိက်င္းရဲ႕တိက်ေသခ်ာတဲ့ကာရုိက္တာအရ သူက အဝတ္ခန္းထဲမွာပဲ အဝတ္လဲမွာပင္။ ရွက္ရြံ႕မႈကိုေရွာင္ရွားရန္အတြက္ အျပင္ဘက္ေရခ်ိဳးခန္းမွာ အဝတ္လဲတာက ပိုေကာင္းတယ္လုိ႔ က်င္ရႊင္ခံစားရသည္။

က်င္ရႊင္က ခပ္ျမန္ျမန္အဝတ္လဲလုိက္ျပီး အဆံုးမွာေတာ့ အျပင္ဝတ္နဲ႔အတြင္းဝတ္က ႏွစ္ခုသံုးခုေလာက္ပဲရွိတာမို႔ သိပ္မၾကာခင္သူျပီးသြားသည္။

သူ႔sizeက မွန္းရလြယ္လုိ႔ထင္သည္၊ က်င္းက်ဲ႕ဟိန္ သူ႔အတြက္ယူလာေပးတဲ့အဝတ္ေတြက အေတာ္ပင္။

ေရခ်ိဳးခန္းထဲကေန ထြက္လာရင္း က်င္ရႊင္က အဓိကအိပ္ခန္းက အသံကုိၾကားလိုက္ရသည္။ အဲ့တာက ရွန္ရိက်င္းက သူ႔ကုိေခၚေနတာပင္။

“ Mr?” က်င္ရႊင္က မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္လုပ္လုိက္သည္။ အတိတ္မွာတုန္းက တစ္စံုတစ္ခုလုပ္ခုိ္င္းဖို႔ ရွန္ရိက်င္းက သူ႔ကုိေမးခဲတယ္။ က်င္ရႊင္က သိလိုစိတ္အျပည့္နဲ႔ အဓိကအိပ္ခန္းတံခါးကုိ ျပန္လာခဲ့လိုက္သည္။ တံခါးကိုျဖတ္ကာ သူမေသခ်ာသလို ေမးလုိက္သည္

“ ကၽြန္ေတာ့္ကုိ ေခၚေနတာလား?”

“ အင္း” ရွန္ရိက်င္းရဲ႕အနိမ့္သံက အတြင္းကေနထြက္ေပၚလာကာ

“ မင္းအားသြားျပီလား? အထဲကိုဝင္လာခဲ့”

“အိုး”

က်င္ရႊင္က တံခါးကိုတြန္းဖြင့္ကာ အထဲကုိဝင္လုိက္ေပမယ့္ အိပ္ခန္းထဲမွာ ဘယ္သူမွရွိမေနေပ။

သူအထဲကိုဆက္ေလွ်ာက္သြားလုိက္၏။ အဝတ္လဲခန္းထဲမွာ မီးဖြင့္ထားသည္။ အဝတ္ေတြလဲျပီးတဲ့ ရွန္ရိက်င္းက တစ္ကုိယ္လံုးေပၚမွန္ေရွ႕မွာ မတ္တပ္ရပ္ေနသည္။

မွန္ေနာက္ဘက္မွာ ေႏြးေထြးတဲ့ေနာက္ခံအလင္းေရာင္ရွိေနျပီး အဝတ္ခန္းတစ္ခုလံုးရဲ႕အေရာင္က အနည္းငယ္ေႏြးေထြးေနကာ ဧည့္ခန္းနဲ႔အျခားေနရာေတြရဲ႕ ရုိးရွင္းတဲ့အျဖဴအမည္းဒီဇိုင္းနဲ႔ ကြဲထြက္ေနသည္။

ျပီးေတာ့ ရွန္ရိက်င္းက ဒီလိုေႏြးေထြးတဲ့အဝါေရာင္မီးေအာက္မွာ သူ႔ကုိစုိက္ၾကည့္ေနတယ္။

သူက တခမ္းတနားႏုိင္တာမ်ိဳး ဝတ္ထားတာမဟုတ္ဘဲ အေနာက္တုိင္းဝတ္စံုျဖစ္ေနဆဲဆိုေပမယ့္ ေပါ့ပါးတဲ့စတုိင္မ်ိဳးပင္။ အထဲမွာ သူဝတ္ထားတာကေတာ့ ေပါ့ေပါ့ပါးပါးတီရွပ္တစ္ထည္ပင္။

ဒါက ထင္ေယာင္ထင္မွားျဖစ္တာလားေတာ့မသိေပမယ့္ ဒီလိုမ်ိဳးအစ္ကိုၾကီးက လံုးဝမေအးစက္ေတာ့သလို က်င္ရႊင္ထင္မိသည္။

ႏွစ္ဦးသားက တစ္ေယာက္ကိုတစ္ေယာက္တစ္ခဏၾကာေအာင္ ၾကည့္ေနခဲ့ၾကသည္။ ဒီတစ္ၾကိမ္မွာေတာ့ ရွန္ရိက်င္းက အရင္စကားစေျပာလာသည္

“ မေန႔ညက မင္းအိပ္လို႔ေကာင္းရဲ႕လား?”

က်င္ရႊင္ : ဟမ္?

သူ႔မ်က္လံုးေတြက အနည္းငယ္ျပဴးက်ယ္သြားကာ က်င္ရႊင္ကသူ႔ဘာသာေတြးလုိက္မိသည္: Mr.က ေနာက္ဆံုးေတာ့ မေန႔ညက သူဖိထားခံခဲ့ရတဲ့အေၾကာင္းကုိ သူ(က်င္ရႊင္)နဲ႔ ေဆြးေႏြးေတာ့မွာေပါ့?

ဒါေပမယ့္ ရွန္ရိက်င္း ေျပာလာတာက: “ ဒီေနရာအပါအဝင္ ကုိယ္မၾကာခဏေနတဲ့ေနရာသံုးခုရွိတယ္၊ အခုထိမျပင္ဆင္ရေသးတဲ့ အျခားအိမ္အမ်ားၾကီးလဲရွိေသးတယ္။ ကုိယ့္မွာအခ်ိန္ရတဲ့အခါက်ရင္ ကုိယ္မင္းကုိ အဲ့ေနရာေတြလိုက္ျပမယ္ ေရွာင္ရႊင္ဘယ္တစ္ခုကိုၾကိဳက္လဲၾကည့္ၾကည့္ေပါ့။ မင္းအဲ့တာေတြကုိ မၾကိဳက္ဘူးဆိုရင္ ကုိယ္မင္းကိုအသစ္တစ္ခုဝယ္ေပးမယ္”

“? ”

က်င္ရႊင္ရဲ႕ႏွလံုးသားထဲက “ ? ”က သိသိသာသာကို တုိးလာသည္။

ရွန္ရိက်င္း : “ အိမ္ကုိ မင္းၾကိဳက္သလုိ အလွဆင္လုိ႔ရတယ္”

က်င္ရႊင္ : “…”

က်င္ရႊင္က “အိမ္” ဆိုတဲ့စကားလံုးကုိ အနည္းငယ္sensitiveျဖစ္ကာ အထူးသျဖင့္ ရွန္ရိက်င္းကအဲ့စကားလံုးကုိ ေျပာလာတဲ့အခ်ိန္ သူ႔ႏွလံုးသားကုိ တစ္စံုတစ္ခုနဲ႔ ဖိသိပ္ထားသလိုခံစားခ်က္မ်ိဳးကုိ အျမဲရသည္။

…အံအားသင့္စရာပဲ

ေကာင္းျပီ၊ ဒါကုိေဖာ္ျပဖို႔အတြက္ ဒီစကားလံုးပဲျဖစ္ႏုိင္ေခ်ရွိတယ္။

ရွန္ရိက်င္းက ခ်စ္စကားေတြကုိ မေျပာခဲ့ေပမယ့္လဲ-သူတို႔ရဲ႕ဆက္သြယ္မႈအနည္းငယ္ကေနတစ္ဆင့္ Mr.ဗီလိန္က အဲ့လိုလုပ္ရတာကုိ မၾကိဳက္မွန္း က်င္ရႊင္က အေျခခံအားျဖင့္ နားလည္မိသည္။

သူက လုပ္ေဆာင္ခ်က္ေတြနဲ႔သာ ေဖာ္ျပသည္။

ဥပမာအေနနဲ႔ ရွန္ရိက်င္းကေျပာ၏
“ မင္းပုိျပီးသက္ေတာင့္သက္သာေနႏိုင္ဖို႔ ကုိယ္ေမွ်ာ္လင့္တယ္”

         …

အဲ့လိုေျပာလုိက္ေတာ့ က်င္ရႊင္ရဲ႕ႏွလံုးသားက အလြန္ကုိေႏြးေထြးေနခဲ့သည္။

သူက အိမ္အျပင္အဆင္ေတြကုိ စိတ္ထဲမထားတာေၾကာင့္ သူခ်က္ခ်င္းေျပာလုိက္သည္ :
“ ဒီမွာလဲ အရမ္းသက္ေတာင့္သက္သာရွိျပီး ေတာ္ေတာ္ေလးေကာင္းပါတယ္။ အျခားအိမ္ရွာစရာမလိုပါဘူး”

“အမ္း”

ရွန္ရိက်င္းက အျခားဘာမွထပ္မေျပာလာဘဲ သူ႔ကုိေနာက္တစ္ဖန္ထပ္ေခၚလာကာ
“ ေရွာင္ရႊင္ ကုိယ့္ကုိမင္းလက္ေပး”

“…?” သူနားမလည္ေပမယ့္ က်င္ရႊင္က လက္တစ္ဖက္ေတာ့ ဆန္႔ထုတ္္ေပးလိုက္ဆဲပင္။

လူႏွစ္ဦးၾကားထဲက ေနရာေၾကာင့္ သူသတိလက္လြတ္ သူ႔ဘယ္လက္ကုိ ရွန္ရိက်င္းဆီနီးကပ္ေအာင္ ဆန္႔ထုတ္ေပးလိုက္သည္။

အဲ့ေနာက္ ရွန္ရိက်င္းရဲ႕လက္ထိပ္မွာ လက္စြပ္ေလးတစ္ကြင္းကို သူျမင္လိုက္ရသည္။

က်င္ရႊင္က မတံု႔ျပန္ႏုိင္ျဖစ္ေနတဲ့အခ်ိန္ သူ႔ရဲ႕လက္သူၾကြယ္မွာ အဲ့တာေလးကေရာက္ရွိလာသည္။

“……”

ဒီလက္စြပ္က ရုိးရွင္းကာ လက္ရာေျမာက္ျပီး အဲ့တာကုိဘာနဲ႔လုပ္ထားမွန္း က်င္ရႊင္မေျပာႏုိင္ေပမယ့္ အစ္ကုိၾကီးရဲ႕လက္ကထြက္လာတဲ့လက္စြပ္က သာမန္ထက္ကုိ ထူးကဲရမယ္။

မသိစိတ္အေလ်ာက္ သူလက္စြပ္အတြင္းပုိင္းေလးကုိ သူ႔လက္မနဲ႔ ပြတ္သပ္လုိက္သည္။

သူ႔လက္ေခ်ာင္းေတြက ပိန္သြယ္ျဖဴေဖ်ာ့ျပီး အခ်ိဳးက်ေလသည္။ ဒီလက္စြပ္ကုိဝတ္ထားတာက အေတာ္ပင္။ အဲ့တာက သူ႔ရဲ႕သြယ္လ်တဲ့လက္ေခ်ာင္းကုိ ပုိျပီးေတာ့မ်က္စိဖမ္းစားဖြယ္ျဖစ္ေစသည္။

…အဆံုးမွာေတာ့ သူကတစ္ဖက္လူရဲ႕ ေစ့စပ္ဖို႔အတြက္ ေတာင္းဆိုမႈကို လက္ခံထားျပီးျပီေလ။ ဒီမတုိင္ခင္က က်င္ရႊင္က လက္ထပ္ပြဲနဲ႔ပတ္သက္တဲ့အရာအားလံုးကို သူ႔ဘာသာအင္တာနက္ကေန သုေတသနအခ်ိဳ႕လုပ္ခဲ့သည္။

ေယဘုယ်က်က်ေျပာရရင္ သူတို႔ကပထမဆံုးလက္ထပ္ဖုိ႔ကုိ အဆိုျပဳ၊ ေစ့စပ္ျပီးေနာက္ လက္ထပ္မွတ္ပံုတင္သြားယူျပီး အခမ္းအနားက်င္းပရမွာျဖစ္သည္။

ေသခ်ာတာေပါ့၊ အမ်ိဳးမ်ိဳးေသာမိသားစုေတြနဲ႔ စံုတြဲေတြက မတူညီတဲ့ဓေလ့ထံုးတမ္းေတြရွိၾကသည္။ အခ်ိဳ႕လူေတြက ေစ့စပ္ပြဲအခမ္းအနားေန႔မွာ လက္ထပ္ခြင့္ေတာင္းျပီး အခ်ိဳ႕မိသားစုေတြကေတာ့ ေစ့စပ္ပြဲအခမ္းအနားကို လံုးဝမက်င္းပေလဘူး။ သူတုိ႔က တုိက္ရိုက္ပဲရိုးရိုးရွင္းရွင္းလက္ထပ္ခြင့္ေတာင္းကာ လက္ထပ္ခြင့္ကုိ သေဘာတူလိုက္တဲ့အခိုက္အတန္႔မွာ သူတို႔ေစ့စပ္ၾကသည္။

ဒါေပမယ့္ သံသယရွိစရာမလိုေအာင္ပဲ သူ႔လက္သူၾကြယ္မွာ လက္စြပ္ဝတ္ေပးတာက ေစ့စပ္တာလို႔ယူဆလို႔ရတယ္။

ဒီေတာ့ အစ္ကုိၾကီးက ဘာကိုဆိုလိုတာလဲ…?

တစ္ဖက္လူခုနကေျပာသြားတဲ့ “အိမ္”အေၾကာင္းမွတ္ခ်က္ကို စဥ္းစားၾကည့္လုိက္ေတာ့ ရွန္ရိက်င္းက သူ႔ကုိလက္ထပ္ခြင့္ေတာင္းေတာ့မလုိ က်င္ရႊင္အျမဲခံစားရ၏။

သုိ႔ေသာ္ျငားလည္း…ကေဖးဆုိင္ထဲကေန႔တုန္းက တစ္ဖက္လူက သူလက္ထပ္ဖို႔စဥ္းစားထားတာမ်ိဳးရွိလားလို႔ ေမးလာခဲ့ျပီး သူကလဲရွိတယ္လို႔ေျပာခဲ့တယ္၊ က်င္ရႊင္က လက္ထပ္ခြင့္ေတာင္းတာကုိ သြယ္ဝိုက္လက္ခံလိုက္သလိုပင္။

ဒီေတာ့ သူကအရမ္းတည့္တိုးဆန္ကာ ရိုးသားလြန္းမေနဘူးလား?

…အတိုခ်ဳံးေျပာရရင္ အဲ့တာကလံုးဝကုိ ရိုမန္႔တစ္ဆန္မေနေပ။

သုိ႔ေပမယ့္ ရွန္ရိက်င္းက အရင္ေျဖေပးလာသည္

“ ျပီးခဲ့တဲ့လက္ထပ္ခြင့္ေတာင္းတာအတြက္ လက္ေဆာင္”

က်င္ရႊင္ : “……”

ေကာင္းျပီ အရင္တစ္ၾကိမ္တုန္းကဟာက တကယ္ကုိပဲ လက္ထပ္ခြင့္ေတာင္းတာပဲ…

သူသိသားပဲ!

ဘယ္သူကမွ Mr.ဗီလိန္ထက္ပိုျပီးေတာ့ တည့္တိုးမဆန္ႏုိင္ဘူး။

က်င္ရႊင္က တစ္ဖက္လူကုိ သတိေပးဖို႔လဲမေမ့ေလဘူး
“ ဒါေပမယ့္ အရင္တစ္ေခါက္က ကၽြန္ေတာ္ Mr.ရဲ႕နာရီကုိ ယူထားျပီးျပီေလ”

ရွန္ရိက်င္း : “အမ္း”

က်င္ရႊင္ : “အမ္?”

က်င္ရႊင္ရဲ႕ၾကည္လင္ေနတဲ့မ်က္ဝန္းေတြကုိ ၾကည့္ရင္း ရွန္ရိက်င္းက သူ႔ပါးစပ္ကုိအနည္းငယ္ဟကာ ေပါ့ေပါ့ပါးပါးေျပာလုိက္သည္
“ မျငင္းနဲ႔”

“ အခုကစျပီးေတာ့ ကုိယ္ပုိင္သမွ်အားလံုးကုိ မင္းလဲပိုင္တယ္”

“……”

ဘာလို႔ ဒီေလသံက မိသားစုရဲ႕ကံၾကမၼာကုိ အက္ကြဲေစတဲ့အေဖတစ္ေယာက္နဲ႔ အရမ္းတူေနရတာလဲ?

(သားသမီးကုိ အရမ္းအလိုလုိက္တဲ့အေဖ)

က်င္ရႊင္ : “……???”

“ ? ”

က်င္ရႊင္ရဲ႕အံ့ၾသမႈကို နားမလည္တာေၾကာင့္ျဖစ္မယ္ ရွန္ရိက်င္းရဲ႕ေလသံက ျမင့္လာကာ ေမးခြန္းအခ်ိဳ႕ကုိေျပာလာသည္
“ ႏုိင္ငံရဲ႕ဥပေဒစည္းမ်ဥ္းအရ လက္ထပ္ျပီးေနာက္ ပုိင္ဆုိင္မႈအားလံုးက ပူးတြဲပုိင္ဆိုင္မႈျဖစ္သြားတယ္လုိ႔ ျပ႒ာန္းထားတယ္မဟုတ္ဘူးလား?”

က်င္ရႊင္ : “……”

“ ဒါဆို Mr. ကၽြန္ေတာ္က ခင္ဗ်ားမိသားစုရဲ႕ပိုင္ဆုိင္မႈေတြအားလံုးကုိ မ သြားမွာကို ခင္ဗ်ားမေၾကာက္ဘူးလား?” က်င္ရႊင္က ဟာသတစ္ဝက္ေႏွာကာေျပာလုိက္သည္။

ဒီလိုေမးခြန္းကိုေမးတာက big shotၾကီးကုိ ရိုင္းပ်ရာက်မွန္း သိေပမယ့္လည္း -ဘယ္လုိလူမ်ိဳးက အစ္ကုိၾကီးရဲ႕မိသားစုေငြေတြကို ယူကာထြက္ေျပးဖို႔ သတၱိအၾကီးၾကီးရွိပါ့မလဲ??

ဒါေပမယ့္ ရွန္ရိက်င္းက သူ႔ကုိဘယ္လိုျပန္တံု႔ျပန္မလဲဆိုတာကုိ သူအရမ္းသိခ်င္ေနမိသည္…

ထင္ထားသလိုပါပဲ ရွန္ရိက်င္းက သူ႔ကုိျပန္ေျဖလာသည္။ သူ႔ကုိယ္ေနဟန္ထားက အလြန္တည္ျငိမ္ကာ အေၾကာင္းအရာက အလြန္အမင္း ရုိးစင္းကာရွင္းလင္းေနသလိုပင္။

“ကိုယ္မေၾကာက္ဘူး”

က်င္ရႊင္ : “ ……”

*

ႏွစ္ေယာက္သားက အၾကာၾကီးေႏွာင့္ေႏွးမေနဘဲ မၾကာခင္ထြက္ကာ ေဆးရုံကုိတုိက္ရိုက္ေမာင္းသြားလိုက္သည္။

အမွန္တကယ္ေတာ့ က်င္ရႊင္က သူ႔လက္ရွိအေျခအေနကို ရွင္းလင္းစြာသိေလသည္။ သူက တကယ္ကို သူ႔ခင္ပြန္းေလာင္းအေနနဲ႔ ရွန္ရိက်င္းကုိ ဘာမွျပန္မေပးႏုိင္ေသးဘူး။ ရွန္ရိက်င္းကလဲ လိုအပ္တာမ်ိဳးမရွိဘူးေလ။ သုိ႔ေသာ္ျငား အခ်ိန္အမ်ားစုမွာ သူကအဲ့အေၾကာင္းကုိ အမ်ားၾကီးဂရုစိုက္ေနပံုပင္။

ဒါေပမယ့္ က်င္ရႊင္က ရွန္ရိက်င္းသူ႔ကုိေပးခဲ့တဲ့လက္ေဆာင္နဲ႔ သူ႔အတြက္ျပဳလုပ္ေပးခဲ့တဲ့အရာေတြကုိ အမွတ္ရေနသည္။

ဥပမာအေနနဲ႔ တစ္ဖက္လူက သူ႔ညီေလးကုိ အျခားေဆးရုံတစ္ခုေရႊ႕ေပးတဲ့ကိစၥကို ကုိင္တြယ္ရန္အတြက္ သူနဲ႔တူတူလုိက္လာေပးဖို႔ အခ်ိန္အခ်ိဳ႕ကိုေတာင္ တမင္သက္သက္ဖယ္ထား၏။

မေန႔က ေဆးရုံမွာ အရမ္းေနာက္က်ေနျပီ။ ရုတ္တရပ္ၾကီး ရွန္ရိက်င္းကုိ ျမင္လုိက္ရေတာ့ သူကအရမ္းစိတ္လႈပ္ရွားေနခဲ့တာမုိ႔ က်င္ရႊင္က ရွင္းလင္းစြာမခြဲျခားႏုိင္ခဲ့ဘူး။ တစ္ဖက္လူေျပာခဲ့တာကေတာ့ လိန္ထ်န္းေဟာ္ကို ကိုယ္ပုိင္ေဆးရုံတစ္ခုကုိ ေျပာင္းေပးမယ္တဲ့၊ တိတိက်က်ေျပာရရင္ ရွန္မိသားစုပုိင္ ကုိယ္ပုိင္ေဆးရုံတစ္ခုေပါ့…

ဒါ့အျပင္ သူတို႔ကို 24/7ဂရုစိုက္ေပးေနတဲ့ အထူးေဆးဝန္ထမ္းေတြလဲ ရွိတယ္၊ ကုိယ္ပုိင္ေဆးရုံမွာက ဧည့္ခန္းပါတဲ့ အဆင့္ျမင့္ေဆးရုံခန္းေတြရွိျပီး သူ႔မိဘေတြေနထုိင္ရာအျဖစ္သံုးဖို႔အတြက္ အထူးျပင္ဆင္ထားတဲ့အခန္းေတြလဲရွိသည္…

လမ္းမွာတုန္းက လက္ေထာက္က်င္းက်ဲ႕ဟိန္က tabletကေနတစ္ဆင့္ က်င္ရႊင္ကိုပံုအခ်ိဳ႕ျပျပီးသြားျပီျဖစ္သည္။

ျပီးေတာ့ အစ္ကုိၾကီးရဲ႕စကားလံုးေတြကုိယူရမယ္ဆုိရင္ ဒါက မင္းပုိင္တဲ့ေဆးရုံကုိ စိတ္ခ်ေအာင္ေျပာင္းေရႊ႕ထားတာပင္။

ဒါကသူ႔မိသားစုဝင္ေတြအတြက္ ေတြးေတာေပးထားတာမို႔ က်င္ရႊင္မွာျငင္းဆန္မႈမရွိေပ။

ဒါေပမယ့္ အဲ့လိုေျပာျပီးေတာ့ က်င္ရႊင္က အနည္းငယ္အစစ္အမွန္မဟုတ္သလုိခံစားေနရတုန္းပင္- မေန႔က သူကိစၥေတြနဲ႔ပတ္သက္ျပီး စိုးရိမ္ကာစိတ္ဖိစီးေနခဲ့တုန္းရွိေသးတယ္ ရွန္ရိက်င္းေရာက္လာျပီးေနာက္ ျပႆနာက တစ္ညတည္းနဲ႔ ေျဖရွင္းျပီးသြားျပီလား?

…ေသခ်ာတာေပါ့ ဒီမွာအခက္အခဲအခ်ိဳ႕ရွိေနေသးတယ္

သူ႔မိသားစုကုိ ဒီအေၾကာင္းဘယ္လုိေျပာရမွာလဲ?…အဲ့တာက ျပႆနာၾကီးပဲ

လြန္ခဲ့တဲ့ရက္အနည္းငယ္တုန္းက သူကဆင္းရဲတဲ့ေကာလိပ္ေက်ာင္းသားေလးပဲရွိေသးျပီး ညတြင္းခ်င္းသူခ်မ္းသာသြားတယ္လုိ႔ ေျပာျပီးေတာ့ လူၾကီးေတြကုိ သူမညာႏုိင္ေပ။

ဒါ့အျပင္ ဒါကသူ႔အကူအညီေတြကုိ တုိက္ရုိက္မ်က္ကြယ္ျပဳခံလုိက္ရသလိုမ်ိဳးျဖစ္သြားမယ့္ ရွန္ရိက်င္း အတြက္မမွ်တေပ။

ရွန္ရိက်င္းက အဆင္ေျပတယ္လုိ႔ေျပာရင္ေတာင္မွ က်င္ရႊင္က အဲ့လုိမလုပ္ခ်င္ေပ။

ဒါေပမယ့္ ရွန္ရိက်င္းအေၾကာင္းေျပာရရင္…

ဒါဆို သူက သူ႔ကုိဘယ္လိုေခါင္းစဥ္မ်ိဳးနဲ႔ မိတ္ဆက္ေပးသင့္တာလဲ?

…ခ်စ္သူလို႔လား?

မူလစာအုပ္ထဲမွာ ဒီကမာၻမွာက ဟုိးအရင္ကတည္းက လိင္တူလက္ထပ္ခြင့္ကုိ တရားဝင္ခြင့္ျပဳထားေပမယ့္လဲ သူ႔အေမနဲ႔ပေထြးက သူအမ်ိဳးသားတစ္ေယာက္နဲ႔အတူရွိေနတာကုိ သေဘာမက်ခဲ့ဘူး။

သုိ႔ေသာ္ျငားလဲ မူလစာအုပ္ထဲမွာ လူၾကီးႏွစ္ေယာက္က မူလကုိယ္က ဆန္ကုန္ေျမေလးgongနဲ႔ အတူတူရွိေနခဲ့တာကုိ ျငင္းပယ္ခဲ့သည္ ဘာလို႔လဲဆိုေတာ့ ေနာက္ပုိင္းကာလမွာ ဆန္ကုန္ေျမေလးgongက မူလကုိယ္ကုိ သူစိတ္ေက်နပ္တဲ့အထိ အျပစ္ရွာအေသေရဖ်က္ေျပာဆုိခဲ့ျပီး မူလကုိယ္ကုိ လူသားတစ္ေယာက္လုိေတာင္ မဆက္ဆံခဲ့ေပ။

လူၾကီးႏွစ္ေယာက္က အထူးသျဖင့္ သူအမ်ိဳးသားတစ္ေယာက္နဲ႔ အတူရွိတာကုိ မၾကိဳက္တာလား ဒါမွမဟုတ္ ဆန္ကုန္ေျမေလးgongကုိ လက္မခံႏုိင္တာလားဆုိတာ…သူမေသခ်ာေပ။

အျခားစကားလံုးနဲ႔ေျပာရမယ္ဆုိရင္ သူရွန္ရိက်င္းရဲ႕ေစ့စပ္ခြင့္ကို လက္ခံလုိက္တုန္းက က်င္ရႊင္က Ms.လ်ိဳနဲ႔စပ္လ်ဥ္းျပီး အမ်ားၾကီးမေတြးခဲ့မိေပ။ အဆံုးမွာေတာ့ သူ႔ရဲ႕အသက္ႏွစ္ဆယ္ၾကာ နက္ရိႈင္းစြာအျမစ္တြယ္ေနခဲ့တဲ့ ယံုၾကည္မႈက…

ေမြးကတည္းကေန ၾကီးလာတဲ့အထိ သူကအျမဲတစ္ေယာက္တည္းပင္။

ဆိုရုိးစကားတစ္ခုရွိတယ္ေလ *လူတစ္ေယာက္က ဗိုက္ျပည့္သြားျပီဆုိရင္ တစ္မိသားစုလံုး ဗိုက္မဆာေတာ့ဘူး။

[*လက္တြဲေဖာ္မရွိ ကေလးမရွိတဲ့ တစ္ကုိယ္ထီးလူကုိ ရည္ညႊန္းပါတယ္။ လူတစ္ေယာက္က ဗိုက္ျပည့္သြားျပီိဆိုရင္ တစ္မိသားစုလံုးကလဲ ဗိုက္ျပည့္သြားျပီ ဘာလို႔လဲဆိုေတာ့ တစ္မိသားစုလံုးမွာ လူတစ္ေယာက္ပဲရွိတာမို႔]

ဒါေပမယ့္ မေန႔ကေဆးရုံမွာ Ms.လ်ိဳနဲ႔ဆက္ဆံျပီးေနာက္ သူကအခုသူ႔အေမလို႔ ေခၚသင့္တဲ့အမ်ိဳးသမီးရဲ႕ခံစားခ်က္နဲ႔ပတ္သက္ျပီး အနည္းငယ္ဂရုစိုက္တယ္လို႔ ေျပာလို႔ရသည္။

ခက္ခဲလုိက္တာ!

အဆံုးမွာေတာ့ သူက အခ်စ္မွာအေတြ႔အၾကံဳမရွိရုံမကဘဲ မိသားစုဝင္ေတြနဲ႔ ဆက္ဆံရာမွာလဲ ဘာအေတြ႔အၾကံဳမွရွိမေနေပ။

သူ႔အေတြးက သပြတ္အူလိုရႈပ္ေထြးေနတဲ့အခ်ိန္ ရွန္ရိက်င္းက ျဗဳန္းစားၾကီးေျပာလာသည္
“ ကုိယ့္အထဲကို ဝင္ျပီး သူတို႔ကုိစကားေျပာၾကည့္လုိက္မယ္ေလ?”

“ဟင္?” က်င္ရႊင္ရဲ႕မ်က္ဝန္းေတြက ခ်က္ခ်င္းျပဴးက်ယ္သြားသည္။

အစ္ကုိၾကီးရဲ႕နည္းလမ္းအရဆိုရင္ သူက သူ႔ကုိယ္သူ က်င္ရႊင္ရဲ႕ခ်စ္သူအေနနဲ႔ လူတုိင္းကိုမိတ္ဆက္လိမ့္မယ္…အဲ့အခါက် Ms.လ်ိဳနဲ႔အျခားသူေတြ ဘယ္လုိလႈံ႕ေဆာ္မႈမ်ိဳးကုိ လက္ခံရမလဲဆိုတာကုိ သူမသိေပ။ Mr.ကို အထဲကိုလႊတ္လုိက္ဖို႔အတြက္ က်င္ရႊင္တကယ္စုိးရိမ္ေနမိသည္။

သူက ေခါင္းကုိခပ္သြက္သြက္ခါရမ္းလိုက္ျပီး : “မဟုတ္…မဟုတ္တာ၊ ကၽြန္ေတာ့္ဘာသာေျပာလုိက္တာ ပုိေကာင္းပါတယ္…”

ရွန္ရိက်င္း : “ သူတို႔က ကုိယ္တို႔ရဲ႕ဆက္ဆံေရးကုိ လက္မခံေပးႏုိင္မွာကုိ မင္းစိုးရိမ္ေနတာဆိုရင္ ကုိယ္အဲ့ကိစၥကုိ အခ်ိန္တစ္ခုေရႊ႕ဆိုင္းေပးထားလို႔ရပါတယ္”

က်င္ရႊင္က ေရွာ့ခ္ရသြားကာ : “Mr?”

“ မင္းညီေလးနဲ႔မင္းမိဘေတြကိစၥ အရင္အေျခက်သြားဖို႔ ပုိအေရးၾကီးတယ္ေလ”

“ ! ”

က်င္ရႊင္က ဒီတစ္ၾကိမ္တကယ္အံ့အားသင့္သြားသည္။ ဒါက သူတုိ႔ဆက္ဆံေရးကုိ လူတုိင္းကုိအရုိးသားဆံုးဖြင့္ဟခ်င္ျပီး ခင္ပြန္းေလာင္းဆိုတဲ့နာမည္ေအာက္မွာ သူနဲ႔တစ္အိပ္ရာထဲအိပ္ခဲ့တဲ့ OCDအစ္ကုိၾကီးဟုတ္ေသးရဲ႕လား!

[OCD-Obsessive compulsive disorder
ရွင္းရွင္းေျပာရရင္ အစြဲအလမ္းၾကီးျပီး ပုိင္ဆုိင္လိုစိတ္ျပင္းျပတဲ့ စိတ္ေရာဂါအေျခအေနတစ္မ်ိဳး]

အဲ့ေနာက္ သူတို႔က က်င္ရႊင္ရဲ႕မိဘေတြကုိ တူတူသြားေတြ႔ခဲ့သည္။

ရွန္ရိက်င္းရဲ႕ အျပင္ဘက္အသြင္အျပင္က ဂ႐ုမစိုက္ၿငီးေငြ႕ဖြယ္ေကာင္းပုံေပၚေပမယ့္ က်င္႐ႊင့္မိဘေတြေရွ႕မွာေတာ့ သူကေျဖာင့္မတ္တည္ၾကည္ကာ အလြန္အမင္းကို ေကာင္းမြန္တဲ့စိတ္ေနစိတ္ထားနဲ႕ ရည္မြန္ယဥ္ေက်းေနသည္။

သူ႔ရဲ႕စကားနည္းတဲ့ စရိုက္ကိုမၾကည့္နဲ႔။ တကယ္လို႔ သူသာေျပာခ်င္ရင္ အစ္ကုိုၾကီးက တကယ္ကိုေျပာႏုိင္သည္။

--သူက Ms.လ်ိဳကုိ က်င္ရႊင္က သူ႔ရဲ႕ထူးခၽြန္တဲ့စြမ္းရည္ေၾကာင့္ ေက်ာင္းစီမံခန္႔ခြဲေရးက ေထာက္ပံ့မႈရထားတယ္လို႔ တုိက္ရိုက္ပဲေျပာခဲ့သည္။သူ႔ညီငယ္ေလးက အေကာင္းဆံုးေဆးကုသမႈကို ခံယူႏုိင္ျပီး ကုန္က်စရိတ္အားလံုးက အလုပ္ရွင္က ေပးေခ်မည္ျဖစ္သည္။ အျပန္အလွန္အေနနဲ႔ က်င္ရႊင္က ေက်ာင္းရဲ႕သုေတသနပေရာဂ်က္ေတြမွာ ပါဝင္ဖို႔စီစဥ္မႈကို နာခံရမည္။

Ms.လ်ိဳအတြက္ကေတာ့ သူစိမ္းတစ္ေယာက္ကေျပာတဲ့ ဒီစကားလံုးေတြက ယံုဖို႔ခက္ခဲလွသည္။

သုိ႔ေပမယ့္ ရွန္ရိက်င္းရဲ႕လႈပ္ရွားမႈတုိင္းက အလြန္အမင္းသူမတူျပိဳင္ဘက္ကင္းကာ သူ႔စကားလံုးနဲ႔ေဆာင္ရြက္ခ်က္ေတြက စြမ္းအားျပည့္ျပီးထည္ဝါေနျပီး က်င္ရႊင္ရဲ႕မိဘေတြကို မဆိုထားႏွင့္ ေဆးရုံခန္းထဲက အျခားလူေတြရဲ႕မိသားစုဝင္ေတြေတာင္မွ ပုိလို႔ေတာင္မယံုၾကည္ႏုိင္ေပ။

ေသခ်ာတာေပါ့ ရွန္ရိက်င္းက မညာခဲ့ဘူး။

သူတကယ္ကုိ ေက်ာင္းရဲ႕အၾကီးမားဆံုးရင္းႏွီးျမွဳပ္ႏွံသူေလ။

ေဆးရုံခန္းတစ္ခုလံုးနဲ႔ သူတို႔ကိုေကာင္းေကာင္းသိတဲ့ အျခားလူနာေတြရဲ႕မိသားစုဝင္ေတြအားလံုးက Ms.လ်ိဳကို ဒီလုိေတာ္တဲ့သားတစ္ေယာက္ရွိတာ ကံေကာင္းတယ္လုိ႔ေျပာရင္း ဂုဏ္ျပဳေပးေနၾကသည္။

Ms.လ်ိဳနဲ႔သူမခင္ပြန္းက သူတို႔မ်က္လံုးေတြထဲမွာ မ်က္ရည္ေတြျပည့္ေနေပမယ့္ သူတုိ႔ကျပံဳးကာ သူတုိ႔ရဲ႕ေက်းဇူးတင္မႈကို ရွန္ရိက်င္းအားေဖာ္ျပေနၾကသည္။

အျခားသူေတြကလဲ ေရာက္လာကာ မ်ိဳးရိုးျမင့္ျမတ္သူၾကီးကုိ ရိပ္ခနဲျမင္ရေအာင္ ၾကိဳးစားလာၾကသည္။

က်င္ရႊင္က လူမ်ားစြာဝန္းရံလာတဲ့ေဆးရုံခန္းေသးေသးေလးကို ၾကည့္လုိက္ျပီး ရွန္ရိက်င္းက ယဥ္ယဥ္ေက်းေက်းရွိေနဆဲျဖစ္ကာ ေမးခြန္းေတြကုိ စိတ္ရွည္စြာေျဖဆိုေနသည္ ရုတ္တရပ္ၾကီး…ေဖာ္ျပလုိ႔မရႏုိင္တဲ့ခံစားခ်က္အမ်ားၾကီးေၾကာင့္ သ႔ူရင္ထဲလႈပ္ခတ္သြားသည္။

ရွန္ရိက်င္းက ျမင့္ျမတ္တဲ့မိသားစုမွာ ေမြးဖြားလာျပီး သန္႔ရွင္းတာကုိ သေဘာက်သည္။ အျခားသူေတြက သူနဲ႔အရမ္းနီးကပ္ေအာင္ မကပ္ရဲေပ။

ဒါေပမယ့္ ဒီအခုိက္အတန္႔မွာ သူစိမ္းေတြအမ်ားၾကီးရဲ႕ဝန္းရံျခင္းခံေနရေပမယ့္ သူကသက္ေတာင့္သက္သာမျဖစ္တဲ့ တံု႔ျပန္မႈတစ္ခုေလးေတာင္ မျပလာေပ။

သူက ဘယ္တုန္းကမွ အျခားသူေတြကုိ သူ႔ကုိယ္ပုိင္စံႏႈန္းအတုိင္းလိုက္နာဖို႔ မေျပာခဲ့ဘူး။ ဥပမာအေနနဲ႔ ေစ့စပ္တဲ့ကိစၥမွာ သူကအလိုအေလ်ာက္ ခင္ပြန္းေလာင္းေနရာကုိ ယူခဲ့ေပမယ့္ က်င္ရႊင္ကုိ တူညီစြာလုိက္နာျပဳမူရန္ တစ္ခါမွမေျပာခဲ့ေပ။

…ဒီလိုအစ္ကုိၾကီးက ..အရမ္းေကာင္းတာပဲ!

က်င္ရႊင္က သူ႔ကုိစီနီယာေတြ မူလဇာတ္ေၾကာင္းကုိ ေျပာေနတဲ့အခ်ိန္ကုိ ေတြးမိသြားသည္…စီနီယာေဖက သူ႔ကုိအရမ္းၾကိဳက္တာ အံ့ၾသစရာမရွိေတာ့ပါဘူး။

ဒီလိုမ်ိဳးလူတစ္ေယာက္က သူကဗီလိန္ျဖစ္ေနတယ္ဆိုရင္ေတာင္မွ မင္းသူ႔ကုိ လံုးဝမုန္းႏုိင္မွာ မဟုတ္ဘူး အား!

ဒီေန႔ကိစၥအတြက္ သူဘယ္လုိ ရွန္ရိက်င္းကို ေက်းဇူးတင္သင့္လဲ?

သူက သူ႔ကုိအမ်ားၾကီးကူညီထားခဲ့တာ

လူအုပ္ၾကားထဲမွာ က်င္ရႊင္က အရပ္ရွည္လူၾကီးကုိ ၾကည့္ဖုိ႔သူ႔မ်က္လံုးေတြကုိ ေမာ့လုိက္သည္။

ရွန္ရိက်င္းကလဲ တစ္စံုတစ္ခုခံစားမိပံုရသည္၊ သူကေခါင္းကုိလွည့္လာကာ သူ႔မ်က္လံုးေတြနဲ႔ဆံုေတြ႕သြားသည္။

ဆူညံေနတဲ့ေဆးရုံထဲမွာ လူႏွစ္ေယာက္က တစ္ဦးကုိတစ္ဦး ထူးထူးျခားျခားစိုက္ၾကည့္ေနသည္။

က်င္ရႊင္ရဲ႕မ်က္လံုးေတြက ေတာက္ပေနျပီး သူ႔အျမင္အာရုံထဲမွာ ရွန္ရိက်င္းရဲ႕ေအးစက္စက္မ်က္ဝန္းေတြက ပံုမွန္ေလာက္ မေအးစက္ေတာ့သလိုပင္…

ဒါေပမယ့္ သူကမျပံဳးမရယ္ႏွင့္ရွိေနဆဲပင္။

သူအဲ့မ်က္ဝန္းေတြကုိ မၾကာခဏေတြ႔ျမင္ခဲ့ရလို႔လား ဒါမွမဟုတ္ ပတ္ဝန္းက်င္က အရမ္းအသက္ဝင္ေနလို႔လားေတာ့ သူမသိေပမယ့္ ဒီမက္မြန္ပြင့္သ႑ာန္မ်က္ဝန္းတစ္စံုက ေႏြးေထြးတဲ့သေကၤတခပ္ေဖ်ာ့ေဖ်ာ့ေလးရွိေနတယ္လုိ႔ က်င္ရႊင္ခံစားေနရသည္။

ဒါေၾကာင့္ သူျပံဳးလုိက္သည္၊ ပုိပုိျပီးေတာ့ ေတာက္ပတဲ့အျပံဳးကုိ ရွန္ရိက်င္းအားျပသလုိက္သည္။

သူကတမင္သက္သက္ တစ္ဖက္လူရဲ႕ဦးတည္ရာကုိ မ်က္စိတစ္ဖက္မွိတ္ျပလုိက္ျပီး သူ႔ကုိစလုိက္သည္။

ရွန္ရိက်င္းက သူ႔ကုိ စူးစိုက္မႈအျပည့္နဲ႔ေငးၾကည့္ေနသည္။

အဲ့အခ်ိန္မွာ ဘယ္သူကရုတ္တရပ္ၾကီး Ms.လ်ိဳကုိ ေျပာလိုက္လဲသူမသိေပ : “ အစ္မလ်ိဳ၊ ကၽြန္မ ရွင့္သားၾကီးကုိအရမ္းၾကိဳက္တယ္။ သူကေခ်ာေမာျပီး လုပ္ႏုိင္ကုိင္ႏိုင္စြမ္းရွိတယ္။ သူ႔မွာအခုထိ ေကာင္မေလးမရွိေသးဘူးမလား? ကၽြန္မတူမေလးက ဒီႏွစ္မွာေကာလိပ္ကေန ဘြဲ႕ရမွာ ျပီးေတာ့သူမက အခုထိစင္ဂယ္ပဲ။ သူတုိ႔ေတြကုိ အခ်င္းခ်င္းမိတ္ဆက္ေပးမယ္ဆိုရင္ ဘယ္လိုလဲ?”

က်င္ရႊင္ : “……”

သူေျပာစရာစကားမဲ့သြားသည္။

ဒီေအာင္သြယ္ေတာ္အဖြဲ႔ေတြကေတာ့ ေနရာတုိင္းမွာရွိေနေတာ့တာပဲ။

က်င္ရႊင္ရဲ႕မ်က္လံုးေထာင့္ကေန ရွန္ရိက်င္းရဲ႕မ်က္လံုးထဲက အပူခ်ိန္က ဒီတုိင္းၾကည့္တာနဲ႔တင္ျမင္ေနရတဲ့ႏႈန္းနဲ႔ေရခဲမွတ္အထိက်ဆင္းသြားတာကို ျမင္လုိက္ရသည္။

က်င္ရႊင္က သူ႔ႏွလံုးသားထဲမွာေျပာလုိက္သည္: ဘယ္ေလာက္ေတာင္ကံမေကာင္းရတာလဲ။ အစ္ကုိၾကီးက ေဒါသထြက္သြားေတာ့မွာလား…ဒီတစ္ခါလဲ ဘယ္သူမွန္းသူမသိဘဲ သူတို႔က အရပ္ရွည္ခန္႔ညားတဲ့ ရွန္ရိက်င္းကိုၾကည့္ကာေျပာလာသည္

“ဒီလူငယ္ေလးကလဲ ေကာင္းတာပဲ။ လူငယ္ေလး မင္းမွာပါတနာရွိေနျပီလား?”

က်င္ရႊင္ : “…”

ရွန္ရိက်င္း : “…”

....................❤

//Unicode//

ကျင်ရွှင် အိပ်မက်ထပ်မက်ခဲ့တယ်။

ဟုတ်ပါတယ် တူညီတဲ့အိပ်မက်နဲ့ တူညီတဲ့လူပါပဲ

ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ အပြုအမူတွေက ပြောင်းလဲသွားတယ်။

ဒီအိပ်မက်က သူ့ကိုအနည်းငယ်ပင်ပန်းစေသလို အနည်းငယ်လဲသာယာစေသည်။ ပြောရရင်တော့ အဲ့တာကမှောင်မိုက်ပြီး စိတ်ကူးယဉ်ဆန်တယ်။ ကျင်ရွှင်က သူ့အိပ်မက်ကနေ အစစ်အမှန်နိုးထလာပြီးနောက် သူအနည်းငယ်ကြက်သေ,သေသွားမိသည်။

…သူအိပ်မက်ထပ်မက်ပြန်ပြီ?

ရှန်ရိကျင်းကိုလေ?

မဖြစ်နိုင်တာ သူဗီလိန်အစ်ကိုကြီးအကြောင်းကို အဲ့လောက်တောင်စဉ်းစားနေမိခဲ့တာလား?

 
ကျင်ရွှင်က စောင်လွှမ်းကာအိပ်ရာပေါ်မှာထိုင်နေရင်း သူ့မျက်နှာကို ပွတ်သပ်လိုက်မိသည်။ သူတည်ငြိမ်သွားဖို့ အချိန်တော်တော်ယူလိုက်ရ၏။

အခန်းထဲကမီးက အရမ်းမှိန်သည်။ အပြင်မှာ တောက်ပနေသင့်ပေမယ့် အိပ်ခန်းထဲက လိုက်ကာတွေက အရမ်းထူကာ အလင်းရောင်အများစုကို ကာဆီးထားသည်။ လိုက်ကာတွေကြားက အဟလေးတွေကပဲ အလင်းရောင်ကို အထဲဝင်လာခွင့်ပြုသည်။

ကျင်ရွှင်က အချိန်ကိုတစ်ချက်ကြည့်လိုက်တော့ မနက်ခုနှစ်နာရီတောင် ရှိနေပြီ။

သူက အများအားဖြင့် ခုနှစ်နာရီဝန်းကျင်နိုးလေ့ရှိပေမယ့် မနေ့ညက သူအိပ်တာနောက်ကျသည်။ အရိုးသားဆုံးပြောရရင် သူအခုလဲအိပ်ငိုက်နေတုန်းပင်။

သို့သော်ငြားလဲ ဒီနေ့ လုပ်စရာတွေအများကြီးရှိနေတဲ့အပြင် သူက အစ်ကိုကြီးရဲ့အိမ်မှာရှိနေတာမို့…ကျင်ရွှင်က အိပ်ရာထဲမှာ မနေရဲတော့ဘဲ မြန်မြန်ထကာ ဆေးကြောသန့်စင်လိုက်သည်။

သူသွားတိုက်ကာ မျက်နှာသစ်လိုက်သည်။ သူအပြင်ကိုထွက်လာတဲ့အချိန်မှာ အိပ်ရာခင်းကို ပြန့်နေအောင် ဆွဲကာ အနည်းငယ်သန့်ရှင်းလိုက်၏

အမ်…ဟမ်?

 
အိပ်ရာသိမ်းနေတုန်း သူ့ဘေးနားက ပိုးသားအခင်းပေါ်မှာ တွန့်နေတဲ့ခြေရာလက်ရာတွေကို တွေ့လိုက်ရသည်။

…တကယ်တော့ သူ့မှာပြဿနာတစ်ခုရှိတယ် အဲ့တာကတော့ သူအိပ်တဲ့အချိန် သူ့အပေါ်ပိုင်းက ငြိမ်ငြိမ်သက်သက်လေးရှိနေတတ်ပေမယ့် သူ့ခြေထောက်ကတော့ တစ်ခါတစ်ရံ အဲ့လိုမဟုတ်ပေ။

သူက အိပ်နေတဲ့အချိန် စောင်ဒါမှမဟုတ် အခြားပစ္စည်းတွေကို ဖက်ထားရတာကြိုက်သည်။ အိပ်မောကျသွားတာကြောင့် ဖြစ်နိုင်သည် သူမနေ့က အရမ်းကိုကောင်းမွန်စွာအိပ်ခဲ့သည်။

ဒါပေမယ့် ဒီခြေရာလက်ရာတွေကိုကြည့်လိုက်တော့…သူက အဲ့ဘက်ခြမ်းကို ကန်ခဲ့တဲ့ပုံပဲ…

ကျင်ရွှင်က ခပ်သွက်သွက်အိပ်ရာခင်းကို ပြန့်ပြူးအောင်လုပ်လိုက်သည်။

ဒါပေမယ့် သူပြီးစီးသွားပြီးမကြာခင်မှာပဲ နောက်ထပ်ခြေရာလက်ရာအသစ်တစ်ခုကို တွေ့လိုက်ရ၏ - အိပ်ရာတစ်ဖက်ခြမ်းက ခေါင်းအုံးအောက်အစွန်းမှာ…ဘာလို့တွန့်ခေါက်ရာတွေရှိနေရတာလဲ?

သူ့ခြေထောက်တွေက ဘယ်လောက်ရှည်ရှည် အဲ့လောက်ဝေးဝေးကြီးတော့ ရောက်စရာအကြောင်းမရှိပါဘူး ဟုတ်တယ်မလား? ? ?

သူဒါကိုရှင်းမပြတတ်တဲ့ဖြစ်နေတဲ့အချိန် ပုံတစ်ပုံက သူ့စိတ်ထဲမှာ ဖျတ်ခနဲထင်ဟပ်လာသည်။

မူလကတော့ သူနိုးလာတဲ့အချိန် အများကြီးမမှတ်မိခဲ့ဘူး ဒါပေမယ့် ဒီခြေရာလက်ရာတွေကို မြင်လိုက်ရတော့ ကြည့်ရတာ…မနေ့ညက သူ အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေတဲ့အချိန် ခြေထောက်တစ်ဖက်နဲ့ တစ်စုံတစ်ခုကို ဖိထားခဲ့ပုံပဲ။

ဘယ်လိုပဲဖြစ်ဖြစ် အဲ့အချိန်တုန်းက သူကအတော်လေးသက်တောင့်သက်သာရှိတယ်လို့ ခံစားရတာကြောင့် သူကအဲ့အကြောင်း အများကြီးတွေးမနေခဲ့ဘဲ ဖျတ်ခနဲပြန်အိပ်ပျော်သွားခဲ့သည်။

ဒါပေမယ့် အခု ဖြစ်တန်ရာကတော့…ဖြစ်သင့်တာက…

 
ကျင်ရွှင်က အိပ်ခန်းထဲကနေ အလျှင်အမြန်ထွက်သွားလိုက်သည်။

ဒါပေမယ့် သူ မမျှော်လင့်ထားတာက အခန်းထဲကနေ ထွက်ထွက်ချင်း အနံ့အရသာနဲ့ပြည့်စုံတဲ့ လတ်ဆတ်တဲ့ကော်ဖီရနံ့ကို အနံ့ခံမိလိမ့်မည်ဟုပင်။

 
ကျင်ရွှင် : !

 
မနက်ခင်းစောစောမှာ ရုတ်ခြည်း ကော်ဖီအနံ့ပြင်းပြင်းရလိုက်တာက အမှန်တကယ်ကို အတော်လေးလန်းဆန်းစေပြီး လူတွေကို ခံစားရကောင်းစေသည်။

မနေ့ကဖြတ်လျှောက်လာခဲ့တဲ့ ကော်ရစ်တာအရှည်ကြီးကို ပြန်ဖြတ်သွားရင်း အကြည့်တစ်ချက်နဲ့တင် မီးဖိုချောင်ထဲက သွယ်လျဖြောင့်မတ်တဲ့ပုံရိပ်ကို ကျင်ရွှင်မြင်လိုက်ရသည်။

ရှန်ရိကျင်းက အညိုနုရောင် လည်ပင်းVသဏ္ဍာန် ထသွားထလာအပေါ်ဝတ်ကို မီးခိုးရင့်ရောင်ဘောင်းဘီရှည်နဲ့ တွဲဝတ်ထားသည်။ သူ့လက်ထဲမှာ ကိုင်းပါတဲ့ခွက်တစ်လုံးကို ကိုင်ထားပြီး ကြည့်ရတာကော်ဖီသောက်နေပုံပင်။

သူ့အရပ်ကြောင့် သူကဒူးအနည်းငယ်ကွေးကာ ကောင်တာအပေါ်ပိုင်းကို ကိုယ်တစ်ဝက်မှီထားပေမယ့် မီးဖိုချောင်တစ်ခုလုံးက သူ့အတွက်အနည်းငယ်သေးနေဆဲပင်။

ဒါပေမယ့် တစ်ဖက်လူ ပုံစံတကျဝတ်စုံပြည့်မဟုတ်ဘဲ အခြားဟာဝတ်တာကို ကျင်ရွှင်ပထမဆုံးအကြိမ်မြင်ဖူးတာပင်။ ဒီမတိုင်ခင်တုန်းက ဗီလိန်အစ်ကိုကြီးလိုလူက ထသွားထလာအဝတ်တွေနဲ့ တကယ်ကြီးဒီလောက်တောင် လိုက်ဖက်နေလိမ့်မယ်လို့ ကျင်ရွှင်တစ်ခါမှထင်မထားပေ။

အိမ်မှာမဟုတ်တဲ့အချိန် သူ့ကိုယ်ပေါ်က အေးစက်နေတဲ့လေထုကတော့ တူညီနေဆဲပင်။

ဒါပေမယ့် သူ့ရဲ့ကောင်းမွန်လှတဲ့မျက်နှာအစိတ်အပိုင်းတွေနဲ့ ထူးခြားတဲ့ကောက်လိုင်း၊ ကောင်းမွန်တဲ့ပုံရိပ်ကြောင့် ဖြစ်နိုင်သည်။ ဒီလိုပုံစံနဲ့ နေရောင်ဖြာကျနေတဲ့ ရှန်ရိကျင်းက ဖော်ပြလို့မရနိုင်အောင် ချောမောခန့်ညားပြီး အေးစက်နေသည်။ သူက အိုင်ဒေါလ်ဒရမ်မာတွေထဲက ခုန်ထွက်လာသလိုမျိုးပင်…

တကယ်လို့ အဲ့တာကအမှန်ဖြစ်ခဲ့ရင်တောင် အဲ့တာနဲ့ပတ်သက်ပြီး ဘာမှမှားယွင်းနေတာမျိုး မရှိပေ။
(အိုင်ဒေါလ်ဒရမ်မာထဲက ခုန်ထွက်လာတာကိုပြောတာ)

ကျင်ရွှင့်ဘက်ခြမ်းက လှုပ်ရှားမှုကိုကြားတော့ ရှန်ရိကျင်းရဲ့အကြည့်က သဘာဝကျကျပဲ ရွေ့လာပြီး ရိုမန့်တစ်ဆန်တယ်လို့ မပြောနိုင်တဲ့ မက်မွန်ပွင့်သဏ္ဍာန်မျက်ဝန်းတွေက အရင်ကထက် အနည်းငယ်မှိန်ဖျော့နေသည်။

 
သူက ကျင်ရွှင်ကိုပြောလာသည် : “ ဂွတ်မောနင်း”

“ ဂွတ်မောနင်းပါ Mr” ကျင်ရွှင်က လျှောက်သွားလိုက်၏။

“ရှောင်ရွှင် ဗိုက်ဆာနေပြီလား? ကော်ဖီသောက်ချင်လား?”

 
ကျင်ရွှင် : “……”

ရှန်ရိကျင်းရဲ့လေသံက အလွန်သဘာဝကျကာ လူအိုကြီးတစ်ယောက်လိုမျိုး အထင်မှားစေနိုင်သည်။ ဒါကြောင့် မေးခွန်းက သူ့ပါးစပ်ထဲမှာတစ်နေကာ သူမေးဖို့မေ့သွားသည်။

ဒီအခိုက်အတန့်မှာ မီးဖိုထဲကနေ အခြားအသံတစ်ခုထွက်ပေါ်လာသည်။ ကျင်ရွှင်ရဲ့အမြင်ကနေဆို သေသပ်တဲ့အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားတဲ့ လက်ထောက်ကျင်းကျဲ့ဟိန်က အလွန်ကိုဖော်ပြလို့မရနိုင်စွာ ဂရုတစိုက် သူ့ကိုယ်လုံးကို ဆန့်လာသည်။ သူက ကျင်ရွှင်ကို မျက်နှာချင်းဆိုင်ကာ ဦးညွှတ်လိုက်ပြီး တလေးတစားပြောလာသည်
“ ဂွတ်မောနင်း Mr.ယန်”

 
ကျင်ရွှင် : …?

သူမှတ်မိတာ မှန်မယ်ဆိုရင် အရင်တစ်ခေါက်က လက်ထောက်ကျင်းက သူ့ကိုကျောင်းသားယန်လို့ ခေါ်ခဲ့တာပင်။

ဒါပေမယ့် ဒီတစ်ကြိမ် ကျင်ရွှင်တွေးလိုက်မိတာကတော့:
ကံကောင်းလို့ သူခုနက မမေးခဲ့မိလို့

ကျင်ရွှင်က မနေ့ညက Mr.ရှန် သူနဲ့တူတူအိပ်ခဲ့တာလား မအိပ်ခဲ့တာလားဆိုတာကို မမေးခဲ့ဘူး။
…ဒီလိုအကြောင်းအရာမျိုးက အခြားသူတွေကြားသွားရင် ရှက်စရာကြီး

ရှန်ရိကျင်းက ဖြစ်ပွားခါနီးအရေးအခင်းကို မသိလိုက်ပေ။ သူက သူ့လက်ထဲကခွက်ကို ချကာ
“ ဒီမှာ ဂျုံကြမ်းပေါင်မုန့်အချို့တော့ရှိတယ်၊ မင်းနည်းနည်းလောက်လိုချင်လား?”

 
ပေါင်မုန့်တစ်ချပ်က ပေါင်မုန့်မီးကင်စက်ကနေ ကြွပ်ဆတ်တဲ့အသံနဲ့အတူ အလိုအလျောက်ထွက်ပေါ်လာသည်။ ရှန်ရိကျင်းက အဲ့တာကို ယူဖို့ အစားအသောက်ညှပ်ကိုသုံးကာ ပန်းကန်ထဲထည့်လိုက်ပြီး ကျင်ရွှင်ဆီကမ်းပေးလိုက်သည်။

“ ရိုးရှင်းတဲ့တစ်ခုခုကို အရင်စားထားလိုက်နော်၊ ပြီးရင် ကိုယ်တို့ဆေးရုံကိုသွားကြမယ်”

“အမ်း…” မနေ့ညက မတော်တဆမှုပြီးနောက် ကျင်ရွှင်က သူ့ကိုကျေးဇူးပါလို့ မပြောရဲတော့ဘူး။

ဒါပေမယ့် လူတွေကို ကျေးဇူးပါလို့မပြောရတော့ အလွန်အမင်းကိုအဆင်မပြေဖြစ်လှသည်၊ ဒါကြောင့် နောက်ဆုံးထွက်လာတဲ့စကားလုံးကတော့
“ Okay, Mr.”

ကျင်ရွှင်က မနေ့ညက ဒါကိုသတိမထားမိခဲ့ဘူး။ မီးဖိုချောင်ဘေးမှာလဲ အထူးလုပ်ဆောင်ချက်တွေပါသည်။ မီးဖိုချောင်ကောင်တာအကြီးကြီးတစ်ခုတင်မကဘဲ အဝိုင်းပုံလှည့်လို့ရတဲ့ ထမင်းစားပွဲအကြီးကြီးလဲ ပါသေးသည်။

ထမင်းစားပွဲအပေါ်မှာ သလင်းကျောက်မီးဆိုင်းက အပေါ်အောက်အတန်းလိုက် ချိတ်ဆွဲထားသည်။ အဲ့နောက်မှာက အပင်အိုးတွေအမြောက်အမြားနဲ့ အလှဆင်ထားတဲ့စင်မြင့်တစ်ခုပင်။ ပင်စည်ရှည်၊ အရွက်ကြီးတဲ့အပင်တွေက ပန်းအိုးအပြင်ဘက်ကို ထိုးထွက်နေသည်။ ပြင်ဆင်ထားတဲ့စတိုင်က ရိုးရှင်းကာနွေးထွေးသည်။

ကြည့်ရတာ လက်ထောက်ကျင်းက ခုနလေးတင်မှ အဲ့အပင်အိုးလေးတွေကို ရေလောင်းထားပုံပင်။

ကျင်ရွှင်က ထိုင်ချပြီး စားဖို့ပြင်နေတာကိုမြင်တော့ လက်ထောက်ကျင်းက သူ့အလုပ်ကိုရပ်လိုက်သည်။ ဥက္ကဋ္ဌရှန်ရဲ့အထူးလက်ထောက်တစ်ယောက်အနေနဲ့ သူကအလွန်ကိုပါးနပ်သည်။ ချက်ချင်းပင်ပြောလိုက်၏
“ ဘော့စ် ကျွန်တော် ဘော့စ်နဲ့Mr.ယန်ကို အောက်ထပ်ကနေ စောင့်နေမယ်ဆိုရင်ရော ဘယ်လိုလဲ?”

“ကောင်းတယ်” ရှန်ရိကျင်းက ပြော၏။

လက်ထောက်ကျင်းက ထွက်ခွာသွားပြီ။ အခန်းအကျယ်ကြီးထဲမှာ လူနှစ်ယောက်သာလျှင် ကျန်ခဲ့သည်။ ရှန်ရိကျင်းက ကော်ဖီစက်ရှေ့ကနေ ကျင်ရွှင်အတွက် ကော်ဖီတစ်ခွက်ထည့်ပေးလိုက်၏။
“ မင်းအမေရိကာနိုကြိုက်လား? ဒီမှာ သကြားတို့နွားနို့တို့မရှိဘူး။ မင်းအဆင်မပြေဘူးဆိုရင် နောက်တစ်ခါကျ အဲ့တာတွေ တစ်ယောက်ယောက်ကို ကိုယ်ပြင်ခိုင်းထားလိုက်မယ်”

ကျင်ရွှင်က ကော်ဖီခွက်ကို လက်နှစ်ဖက်လုံးနဲ့ ယူလိုက်၏။ သူခုထိအမေရိကာနိုကိုမသောက်ဖူးသေးပေမယ့် အနံ့ကတော့ တော်တော်မွှေးသည်။ ကော်ဖီကို အနည်းငယ်လောက်မှုတ်ပြီးနောက် သူမနေနိုင်တော့ဘဲ ဂရုတစိုက် တစ်ငုံစုပ်သောက်လိုက်သည်။

 ဒါက နွားနို့တွေအများကြီးပါတဲ့ ကာပချိနိုလောက်တော့ မညက်ညောပေ။ အမေရိကာနိုက သိသာစွာကိုပဲ အများကြီးပိုပြီးကြည်လင်သန့်စင်ကာ ကော်ဖီရဲ့ခါးသက်မှုနဲ့ အနှစ်သာရကို ပြည့်ပြည့်ဝဝပြသနေသည်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အနံ့အရသာကောင်းကာ တဖြည်းဖြည်း အရှိန်ရလာတော့ လက်မခံနိုင်ဖွယ်မရှိပေ။

 
ကျင်ရွှင်ကပြောလိုက်သည်
“ ဒါလည်းပဲ ကောင်းပါတယ်၊ ကျေး…စကားမစပ် Mr.ရော စားပြီးပြီလား?”

“ကိုယ်စားပြီးပြီ၊ ပေါင်မုန့်က ဒီမနက်ကျင်းကျဲ့ဟိန်ဝယ်ခဲ့တာ။ မင်းပုံမှန်ဆို မနက်စာဘာစားလဲ? နောက်တစ်ခါ မင်းကြိုက်တာ သူ့ကိုယူလာခိုင်းလိုက်”

ပေါင်မုန့်မီးကင်ရဲ့ အရသာက အမှန်တကယ်ကို ကောင်းလှသည်။ ကျင်ရွှင်က အရမ်းဇီဇာမကြောင်တတ်ပေ။ သူ့ရဲ့အာရုံအကုန်လုံးက ရှန်ရိကျင်း ခုနကပြောလိုက်တဲ့ “နောက်တစ်ခါ”ဆီမှာသာ ရောက်ရှိနေသည်။

 
နောက်တစ်ခါ?

ဆိုလိုတာက မနေ့ညကအပြင် အနာဂတ်ကျရင်လဲ သူဒီမှာနေရမယ်ပေါ့။

မနေ့ညက ရှန်ရိကျင်း သူ့အခန်းဆီပြန်လာအိပ်တဲ့ဖြစ်နိုင်ချေကို ကျင်ရွှင်တစ်ဖန်သတိရသွားသည်။

 
ဒီကိစ္စက…

သူ တစ်ဖက်လူကို ဘယ်လိုမေးရမှာလဲ? အဆုံးမှာတော့ သူကအခုမှနိုးတာဖြစ်ပြီးတော့ ပိုပြီးဂရုတစိုက်တွေးတောကြည့်ရင် မနေ့ညအစကတည်းက ရှန်ရိကျင်းက သူအဓိကအိပ်ခန်းကနေ ထွက်သွားမယ်လို့မှ မပြောခဲ့ပဲ။

ဒါ့အပြင် တစ်ဖက်လူက သူ့ကိုလဲမနှိုးခဲ့ဘူး။ ဖြစ်နိုင်တာကတော့ နှစ်ယောက်လုံးက တစ်ဖက်ဆီမှာအိပ်ခဲ့ကြပြီး ညလယ်ခေါင်ရောက်တော့ သူက စည်းကိုကျော်…အဟမ်း

ပေါင်မုန့်စားပြီး ကော်ဖီသောက်နေရင်း ကျင်ရွှင်က ချုံပတ်လည်ကို လိုက်ရိုက်ဖို့သာ ဆုံးဖြတ်လိုက်သည်။
(လိုချင်တဲ့အချက်ဆီရောက်အောင် သွယ်ဝိုက်ပြီးလျှောက်မေးတာကို ပြောချင်တာပါ)

သူမေးလိုက်သည် : “Mr. မနေ့ညက ခင်ဗျားဘာလို့ ဘေးအခန်းမှာ သွားပြီးဆေးကြောရတာလဲ?”

ရှန်ရိကျင်းက တူညီတဲ့နေရာမှာပဲ ရပ်နေဆဲပင်။

အိမ်နေရင်း အဝတ်အစားတွေက အနည်းငယ်လျော့တိလျော့ရဲဖြစ်နေတာမို့ အရပ်ရှည်ပြီး မှီနေတဲ့ပုံရိပ်က ပိုပြီးတော့ ပိန်ပါးသွယ်လျနေသည်။ ဒီအချိန်မှာ ရှန်ရိကျင်းကြည့်ရတာ အသက်နှစ်ဆယ်ကျော် ပုံမှန်လူငယ်လေးနဲ့ ဘာကွာခြားမှုမှမရှိတော့သလိုပင်။

ကျင်ရွှင်ဘာလို့ ရုတ်တရပ်ကြီး ဒီဟာကိုမေးလာသလဲဆိုတာကို သူမသိပေ။ လူငယ်လေးက မေးမှတော့ သူကဖြေရမယ်
“ အဓိကအိပ်ခန်းထဲက ရေချိုးခန်းက အသံမလုံဘူး။ မင်းအိပ်နေတဲ့အချိန် ကိုယ်ဆူညံအောင်လုပ်မိမှာစိုးလို့ပါ”

ကျင်ရွှင် : “…”

ဒါက ကိစ္စကို ရှင်းလင်းလိုက်ပြီ။

ဒါ့ကြောင့် ဗီလိန်အစ်ကိုကြီးက တမင်သက်သက် ဘေးအခန်းမှာ ရေချိုးဖို့ သူ့အခန်းကိုလာကာ အဝတ်အစားတွေယူသွားတာပေါ့။  သူက တစ်ဖက်အခန်းမှာ အိပ်ဖို့မရည်ရွယ်ထားဘူး။

တကယ်တမ်းတော့ အဲ့တာကနားလည်လွယ်တယ်…အဆုံးမှာတော့ ရှန်ရိကျင်းရဲ့အပြုအမူပုံစံအားလုံးက အလိုအလျောက် “ခင်ပွန်းလောင်း”ဆိုတဲ့ နေရာကို ယူကာဆောင်ရွက်နေခဲ့တာလေ။ သူက ဘယ်လိုလုပ် တစ်ခန်းချင်းစီအိပ်ဖို့ကို အစပြုနိုင်ပါ့မလဲ?

ကျင်ရွှင်က မနေ့ညတုန်းက သူအရမ်းနုံအတယ်လို့ ခံစားနေမိသည်။

သူမနေနိုင်ဘဲ ခေါင်းငုံ့လိုက်ကာ မနေ့ညတုန်းက သူအိပ်တဲ့ပုံစံက ဆိုးရွားသလား၊ အဆုံးမှာ သူ့ကိုရောခွခဲ့သေးလားဆိုတာကို တစ်ဖက်လူအားမေးချင်နေမိခဲ့သည်။

ဒါပေမယ့် အဲ့ကိစ္စကို လင်းထင်းနေတဲ့နေ့အချိန်ကြီးမှာ အရပ်ရှည်တည်ကြည်တဲ့ ရှန်ရိကျင်းကို မျက်နှာချင်းဆိုင်ပြီး သူမမေးနိုင်ဘူး။
ထားလိုက်တော့ နောက်မှပြောတာပေါ့

သူက ခေါင်းငုံ့ကာ စားနေပြီး သူ့ခေါင်းထိပ်က နူးညံ့တဲ့ဆံပင်လေးတွေက အိပ်နေချိန်တုန်းက အနည်းငယ်ရှုပ်နေကာ အခုတော့ ခပ်ရေးရေးလေးဖြောင့်နေတာလေးက သူ့နောက်ကျောဘက်ကို ပိုပြီးနူးညံ့သိမ်မွေ့ကာ ပိုပြီးချစ်စဖွယ်ကောင်းအောင် လုပ်ပေးနေသည်။

ဒါက ရှန်ရိကျင်းကို မနေ့ညတုန်းက သူ့အဝတ်တွေယူဖို့ပြန်လာတဲ့အချိန် လူငယ်လေးက ကုတင်ပေါ်မှာ ကိုယ်တစ်ဝက်မှီကာ လည်ပင်းကိုအနည်းငယ်မော့ပြီး သူ့ကိုကြည့်လာခဲ့တာကို ပြန်ပြီးအမှတ်ရစေသည်…

ရှန်ရိကျင်းက ရုတ်ခြည်းမျက်လုံးတွေမှေးကာ သူ့ရဲ့ရှည်သွယ်ဖြောင့်တန်းတဲ့ မျက်တောင်တွေက သူ့ရဲ့မျက်ဝန်းထဲက ခံစားချက်အားလုံးကို ဖုံးကာလုနီးပါးဖြစ်နေပြီး မီးဖိုချောင်က တစ်ဖန်တိတ်ဆိတ်သွားသည်။

အဲ့နောက်ကျင်ရွှင်ကပဲ ဦးဆောင်မှုယူကာ
“ စကားမစပ် Mr.မနက်က ဘယ်အချိန်ထတာလဲ?”

ရှန်ရိကျင်း : “ ခြောက်ခွဲ”

ကျင်ရွှင်က မေးကိုတစ်ဖန်ပင့်ကာ မျက်နှာချင်းဆိုင်မှာရှိတဲ့ အပင်စိမ်းလေးတွေနဲ့ စင်ကိုညွှန်ပြလိုက်ပြီး
“ အဲ့အပင်တွေကို Mr.စိုက်ထားတာလား?”

ရှန်ရိကျင်း : “ မဟုတ်ဘူး”

 
ကျင်ရွှင် : “ ? ”

 
ရှန်ရိကျင်းက ရှင်းပြ၏
“ ဆရာဝန်ပြောတာက အိမ်ထဲမှာ အပင်စိမ်းစိမ်းတွေကို စိုက်ထားတာက ခံစားချက်တွေကို သက်သာစေတယ်တဲ့၊ ဒါပေမယ့် ကိုယ်ကအများအားဖြင့်ပြန်မလာဖြစ်ဘူးလေ။ ဒီနေရာကို ထိန်းသိမ်းရတဲ့အိမ်သန့်ရှင်းရေး ဒါမှမဟုတ် လက်ထောက်တွေက သူတို့ကိုဂရုစိုက်ပေးထားတာ”

 
ကျင်ရွှင် : “အိုး”

Mr.ရှန်က အပင်တွေကို သိပ်မကြိုက်မှန်းသိသာလှသည်။

ဒီလိုလှပတဲ့မြင်ကွင်းနဲ့အတူ သူကကောင်တာရှေ့မှာ မတ်တပ်ရပ်ကာကော်ဖီသောက်နေပေမယ့် လာတော့မထိုင်ခဲ့ဘူး။

ပြီးတော့ သူက ဒီကိုသိပ်မလာဖြစ်ဘူးဆိုတော့ ဒါက ရှန်ရိကျင်းရဲ့ ယာယီနားခိုရာဖြစ်ပြီး သူ့အိမ်မဟုတ်လောက်ဘူးထင်သည်။

ကျင်ရွှင်က မနက်စာစားနေရင်း ရှန်ရိကျင်းက ဒီအချိန်ကို အကျိုးရှိရှိအသုံးချကာ အခန်းပြန်ပြီး အဝတ်အစားလဲလိုက်သည်။

အခန်းထဲကို မဝင်ခင် သူက စင်္ကြံမှာချိတ်ထားတဲ့အဝတ်တွေကို ညွှန်ပြလိုက်ပြီး
“ အဲ့တာက ဒီမနက်ကျင်းကျဲ့ဟိန်ဝယ်ခဲ့တဲ့အဝတ်တွေ၊ တော်ရဲ့လားဆိုတာ စမ်းကြည့်လိုက်ဦး”

ကျင်ရွှင် : “ဟုတ်ကဲ့”

သူက ကော်ဖီနဲ့ပေါင်မုန့်ကို ခပ်မြန်မြန်အပြီးသတ်လိုက်ပြီး ပန်းကန်ကိုပြောင်နေအောင်ဆေးပြီးနောက် အဝတ်တွေကို တစ်ချက်စစ်ကြည့်လိုက်သည်။

လက်ထောက်ကျင်းက သူ့အတွက်အဝတ်တွေကို အထက်တန်းစားတံဆိပ်တစ်ခုကနေ ဝယ်ခဲ့ပြီး တစ်စုံထက်ပိုသည်…ပြီးတော့ သူတို့အားလုံးက ချိတ်ပိတ်ထားတဲ့ဘူးတွေထဲမှာ ထည့်ထားတာဖြစ်သည်။ ကြည့်ရတာ ဒီမနက်အစောကြီး သူတို့ကိုယူဖို့ VIP customersတွေက ဆိုင်ကိုသွားခဲ့တာဖြစ်နိုင်သည်။

ဘူးတွေကို တစ်ခုပြီးတစ်ခုဖွင့်ကြည့်လိုက်တော့ အတွင်းမှာက အဝတ်အစားအစုံလိုက်တွေပင်၊ အောက်ခံဘောင်းဘီတောင်မှ ပါသည်။

အပြင်ဝတ်စတိုင်အများစုက ရိုးရှင်းပြီး ထသွားထလာပုံစံပင်။ သူတို့က အဝတ်များတဲ့ ရှပ်လက်တိုနဲ့ ဘောင်းဘီရှည်တွေပင်။ မင်းသာတံဆိတ်လိုဂိုကို လျစ်လျူရှုထားမယ်ဆိုရင် ဒါက သူဝယ်ခဲ့တဲ့အွန်လိုင်းအဝတ်တွေနဲ့ ဘာမှကွာခြားချက်မရှိပေ။

ဒါပေမယ့် ဒီဝတ်စုံတွေက ဈေးကြီးတယ်ဆိုတာက ကျင်ရွှင်သိ၏။ အဝတ်နှစ်ထည်ကို ယူကြည့်လိုက်ပြီး ဈေးကိုပေါင်းကြည့်လိုက်တော့ ခန့်မှန်းခြေတစ်သောင်းလောက်ရှိသည်။ သူတော့ ရှန်ရိကျင်းရဲ့လက်ထောက်ကို အနှောင့်အယှက်ပေးမိပြီပဲ…

သူဘူးနဲ့အတူ အိပ်ခန်းတံခါးရှေ့မှာ ရစ်သီရစ်သီလုပ်နေပြီး နောက်ဆုံးမှာတော့ ကော်ရစ်တာကရေချိုးခန်းကိုပဲ အဝတ်လဲဖို့ ရွေးချယ်လိုက်၏။

အဓိကအိပ်ခန်းက နေရာသုံးခုနဲ့ဖွဲ့စည်းထားပေမယ့် ရှန်ရိကျင်းရဲ့တိကျသေချာတဲ့ကာရိုက်တာအရ သူက အဝတ်ခန်းထဲမှာပဲ အဝတ်လဲမှာပင်။ ရှက်ရွံ့မှုကိုရှောင်ရှားရန်အတွက် အပြင်ဘက်ရေချိုးခန်းမှာ အဝတ်လဲတာက ပိုကောင်းတယ်လို့ ကျင်ရွှင်ခံစားရသည်။

ကျင်ရွှင်က ခပ်မြန်မြန်အဝတ်လဲလိုက်ပြီး အဆုံးမှာတော့ အပြင်ဝတ်နဲ့အတွင်းဝတ်က နှစ်ခုသုံးခုလောက်ပဲရှိတာမို့ သိပ်မကြာခင်သူပြီးသွားသည်။

သူ့sizeက မှန်းရလွယ်လို့ထင်သည်၊ ကျင်းကျဲ့ဟိန် သူ့အတွက်ယူလာပေးတဲ့အဝတ်တွေက အတော်ပင်။

ရေချိုးခန်းထဲကနေ ထွက်လာရင်း ကျင်ရွှင်က အဓိကအိပ်ခန်းက အသံကိုကြားလိုက်ရသည်။ အဲ့တာက ရှန်ရိကျင်းက သူ့ကိုခေါ်နေတာပင်။

“ Mr?” ကျင်ရွှင်က မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။ အတိတ်မှာတုန်းက တစ်စုံတစ်ခုလုပ်ခိုင်းဖို့ ရှန်ရိကျင်းက သူ့ကိုမေးခဲတယ်။ ကျင်ရွှင်က သိလိုစိတ်အပြည့်နဲ့ အဓိကအိပ်ခန်းတံခါးကို ပြန်လာခဲ့လိုက်သည်။ တံခါးကိုဖြတ်ကာ သူမသေချာသလို မေးလိုက်သည်
“ ကျွန်တော့်ကို ခေါ်နေတာလား?”

“ အင်း” ရှန်ရိကျင်းရဲ့အနိမ့်သံက အတွင်းကနေထွက်ပေါ်လာကာ

“ မင်းအားသွားပြီလား? အထဲကိုဝင်လာခဲ့”

“အိုး”

 

ကျင်ရွှင်က တံခါးကိုတွန်းဖွင့်ကာ အထဲကိုဝင်လိုက်ပေမယ့် အိပ်ခန်းထဲမှာ ဘယ်သူမှရှိမနေပေ။

သူအထဲကိုဆက်လျှောက်သွားလိုက်၏။ အဝတ်လဲခန်းထဲမှာ မီးဖွင့်ထားသည်။ အဝတ်တွေလဲပြီးတဲ့ ရှန်ရိကျင်းက တစ်ကိုယ်လုံးပေါ်မှန်ရှေ့မှာ မတ်တပ်ရပ်နေသည်။

မှန်နောက်ဘက်မှာ နွေးထွေးတဲ့နောက်ခံအလင်းရောင်ရှိနေပြီး အဝတ်ခန်းတစ်ခုလုံးရဲ့အရောင်က အနည်းငယ်နွေးထွေးနေကာ ဧည့်ခန်းနဲ့အခြားနေရာတွေရဲ့ ရိုးရှင်းတဲ့အဖြူအမည်းဒီဇိုင်းနဲ့ ကွဲထွက်နေသည်။

ပြီးတော့ ရှန်ရိကျင်းက ဒီလိုနွေးထွေးတဲ့အဝါရောင်မီးအောက်မှာ သူ့ကိုစိုက်ကြည့်နေတယ်။

သူက တခမ်းတနားနိုင်တာမျိုး ဝတ်ထားတာမဟုတ်ဘဲ အနောက်တိုင်းဝတ်စုံဖြစ်နေဆဲဆိုပေမယ့် ပေါ့ပါးတဲ့စတိုင်မျိုးပင်။ အထဲမှာ သူဝတ်ထားတာကတော့ ပေါ့ပေါ့ပါးပါးတီရှပ်တစ်ထည်ပင်။

ဒါက ထင်ယောင်ထင်မှားဖြစ်တာလားတော့မသိပေမယ့် ဒီလိုမျိုးအစ်ကိုကြီးက လုံးဝမအေးစက်တော့သလို ကျင်ရွှင်ထင်မိသည်။

နှစ်ဦးသားက တစ်ယောက်ကိုတစ်ယောက်တစ်ခဏကြာအောင် ကြည့်နေခဲ့ကြသည်။ ဒီတစ်ကြိမ်မှာတော့ ရှန်ရိကျင်းက အရင်စကားစပြောလာသည်

“ မနေ့ညက မင်းအိပ်လို့ကောင်းရဲ့လား?”

ကျင်ရွှင် : ဟမ်?

သူ့မျက်လုံးတွေက အနည်းငယ်ပြူးကျယ်သွားကာ ကျင်ရွှင်ကသူ့ဘာသာတွေးလိုက်မိသည်: Mr.က နောက်ဆုံးတော့ မနေ့ညက သူဖိထားခံခဲ့ရတဲ့အကြောင်းကို သူ(ကျင်ရွှင်)နဲ့ ဆွေးနွေးတော့မှာပေါ့?

ဒါပေမယ့် ရှန်ရိကျင်း ပြောလာတာက: “ ဒီနေရာအပါအဝင် ကိုယ်မကြာခဏနေတဲ့နေရာသုံးခုရှိတယ်၊ အခုထိမပြင်ဆင်ရသေးတဲ့ အခြားအိမ်အများကြီးလဲရှိသေးတယ်။ ကိုယ့်မှာအချိန်ရတဲ့အခါကျရင် ကိုယ်မင်းကို အဲ့နေရာတွေလိုက်ပြမယ် ရှောင်ရွှင်ဘယ်တစ်ခုကိုကြိုက်လဲကြည့်ကြည့်ပေါ့။ မင်းအဲ့တာတွေကို မကြိုက်ဘူးဆိုရင် ကိုယ်မင်းကိုအသစ်တစ်ခုဝယ်ပေးမယ်”

“? ”

ကျင်ရွှင်ရဲ့နှလုံးသားထဲက “ ? ”က သိသိသာသာကို တိုးလာသည်။

ရှန်ရိကျင်း : “ အိမ်ကို မင်းကြိုက်သလို အလှဆင်လို့ရတယ်”

ကျင်ရွှင် : “…”

ကျင်ရွှင်က “အိမ်” ဆိုတဲ့စကားလုံးကို အနည်းငယ်sensitiveဖြစ်ကာ အထူးသဖြင့် ရှန်ရိကျင်းကအဲ့စကားလုံးကို ပြောလာတဲ့အချိန် သူ့နှလုံးသားကို တစ်စုံတစ်ခုနဲ့ ဖိသိပ်ထားသလိုခံစားချက်မျိုးကို အမြဲရသည်။

…အံအားသင့်စရာပဲ

ကောင်းပြီ၊ ဒါကိုဖော်ပြဖို့အတွက် ဒီစကားလုံးပဲဖြစ်နိုင်ချေရှိတယ်။

ရှန်ရိကျင်းက ချစ်စကားတွေကို မပြောခဲ့ပေမယ့်လဲ-သူတို့ရဲ့ဆက်သွယ်မှုအနည်းငယ်ကနေတစ်ဆင့် Mr.ဗီလိန်က အဲ့လိုလုပ်ရတာကို မကြိုက်မှန်း ကျင်ရွှင်က အခြေခံအားဖြင့် နားလည်မိသည်။

သူက လုပ်ဆောင်ချက်တွေနဲ့သာ ဖော်ပြသည်။

ဥပမာအနေနဲ့ ရှန်ရိကျင်းကပြော၏
“ မင်းပိုပြီးသက်တောင့်သက်သာနေနိုင်ဖို့ ကိုယ်မျှော်လင့်တယ်”

         …

အဲ့လိုပြောလိုက်တော့ ကျင်ရွှင်ရဲ့နှလုံးသားက အလွန်ကိုနွေးထွေးနေခဲ့သည်။

သူက အိမ်အပြင်အဆင်တွေကို စိတ်ထဲမထားတာကြောင့် သူချက်ချင်းပြောလိုက်သည် :
“ ဒီမှာလဲ အရမ်းသက်တောင့်သက်သာရှိပြီး တော်တော်လေးကောင်းပါတယ်။ အခြားအိမ်ရှာစရာမလိုပါဘူး”

“အမ်း”

ရှန်ရိကျင်းက အခြားဘာမှထပ်မပြောလာဘဲ သူ့ကိုနောက်တစ်ဖန်ထပ်ခေါ်လာကာ
“ ရှောင်ရွှင် ကိုယ့်ကိုမင်းလက်ပေး”

“…?” သူနားမလည်ပေမယ့် ကျင်ရွှင်က လက်တစ်ဖက်တော့ ဆန့်ထုတ်ပေးလိုက်ဆဲပင်။

လူနှစ်ဦးကြားထဲက နေရာကြောင့် သူသတိလက်လွတ် သူ့ဘယ်လက်ကို ရှန်ရိကျင်းဆီနီးကပ်အောင် ဆန့်ထုတ်ပေးလိုက်သည်။

အဲ့နောက် ရှန်ရိကျင်းရဲ့လက်ထိပ်မှာ လက်စွပ်လေးတစ်ကွင်းကို သူမြင်လိုက်ရသည်။

ကျင်ရွှင်က မတုံ့ပြန်နိုင်ဖြစ်နေတဲ့အချိန် သူ့ရဲ့လက်သူကြွယ်မှာ အဲ့တာလေးကရောက်ရှိလာသည်။

“……”

ဒီလက်စွပ်က ရိုးရှင်းကာ လက်ရာမြောက်ပြီး အဲ့တာကိုဘာနဲ့လုပ်ထားမှန်း ကျင်ရွှင်မပြောနိုင်ပေမယ့် အစ်ကိုကြီးရဲ့လက်ကထွက်လာတဲ့လက်စွပ်က သာမန်ထက်ကို ထူးကဲရမယ်။

မသိစိတ်အလျောက် သူလက်စွပ်အတွင်းပိုင်းလေးကို သူ့လက်မနဲ့ ပွတ်သပ်လိုက်သည်။

သူ့လက်ချောင်းတွေက ပိန်သွယ်ဖြူဖျော့ပြီး အချိုးကျလေသည်။ ဒီလက်စွပ်ကိုဝတ်ထားတာက အတော်ပင်။ အဲ့တာက သူ့ရဲ့သွယ်လျတဲ့လက်ချောင်းကို ပိုပြီးတော့မျက်စိဖမ်းစားဖွယ်ဖြစ်စေသည်။

…အဆုံးမှာတော့ သူကတစ်ဖက်လူရဲ့ စေ့စပ်ဖို့အတွက် တောင်းဆိုမှုကို လက်ခံထားပြီးပြီလေ။ ဒီမတိုင်ခင်က ကျင်ရွှင်က လက်ထပ်ပွဲနဲ့ပတ်သက်တဲ့အရာအားလုံးကို သူ့ဘာသာအင်တာနက်ကနေ သုတေသနအချို့လုပ်ခဲ့သည်။

ယေဘုယျကျကျပြောရရင် သူတို့ကပထမဆုံးလက်ထပ်ဖို့ကို အဆိုပြု၊ စေ့စပ်ပြီးနောက် လက်ထပ်မှတ်ပုံတင်သွားယူပြီး အခမ်းအနားကျင်းပရမှာဖြစ်သည်။

သေချာတာပေါ့၊ အမျိုးမျိုးသောမိသားစုတွေနဲ့ စုံတွဲတွေက မတူညီတဲ့ဓလေ့ထုံးတမ်းတွေရှိကြသည်။ အချို့လူတွေက စေ့စပ်ပွဲအခမ်းအနားနေ့မှာ လက်ထပ်ခွင့်တောင်းပြီး အချို့မိသားစုတွေကတော့ စေ့စပ်ပွဲအခမ်းအနားကို လုံးဝမကျင်းပလေဘူး။ သူတို့က တိုက်ရိုက်ပဲရိုးရိုးရှင်းရှင်းလက်ထပ်ခွင့်တောင်းကာ လက်ထပ်ခွင့်ကို သဘောတူလိုက်တဲ့အခိုက်အတန့်မှာ သူတို့စေ့စပ်ကြသည်။

ဒါပေမယ့် သံသယရှိစရာမလိုအောင်ပဲ သူ့လက်သူကြွယ်မှာ လက်စွပ်ဝတ်ပေးတာက စေ့စပ်တာလို့ယူဆလို့ရတယ်။

ဒီတော့ အစ်ကိုကြီးက ဘာကိုဆိုလိုတာလဲ…?

တစ်ဖက်လူခုနကပြောသွားတဲ့ “အိမ်”အကြောင်းမှတ်ချက်ကို စဉ်းစားကြည့်လိုက်တော့ ရှန်ရိကျင်းက သူ့ကိုလက်ထပ်ခွင့်တောင်းတော့မလို ကျင်ရွှင်အမြဲခံစားရ၏။

သို့သော်ငြားလည်း…ကဖေးဆိုင်ထဲကနေ့တုန်းက တစ်ဖက်လူက သူလက်ထပ်ဖို့စဉ်းစားထားတာမျိုးရှိလားလို့ မေးလာခဲ့ပြီး သူကလဲရှိတယ်လို့ပြောခဲ့တယ်၊ ကျင်ရွှင်က လက်ထပ်ခွင့်တောင်းတာကို သွယ်ဝိုက်လက်ခံလိုက်သလိုပင်။

ဒီတော့ သူကအရမ်းတည့်တိုးဆန်ကာ ရိုးသားလွန်းမနေဘူးလား?

…အတိုချုံးပြောရရင် အဲ့တာကလုံးဝကို ရိုမန့်တစ်ဆန်မနေပေ။

သို့ပေမယ့် ရှန်ရိကျင်းက အရင်ဖြေပေးလာသည်

“ ပြီးခဲ့တဲ့လက်ထပ်ခွင့်တောင်းတာအတွက် လက်ဆောင်”

ကျင်ရွှင် : “……”

ကောင်းပြီ အရင်တစ်ကြိမ်တုန်းကဟာက တကယ်ကိုပဲ လက်ထပ်ခွင့်တောင်းတာပဲ…

သူသိသားပဲ!

ဘယ်သူကမှ Mr.ဗီလိန်ထက်ပိုပြီးတော့ တည့်တိုးမဆန်နိုင်ဘူး။

ကျင်ရွှင်က တစ်ဖက်လူကို သတိပေးဖို့လဲမမေ့လေဘူး
“ ဒါပေမယ့် အရင်တစ်ခေါက်က ကျွန်တော် Mr.ရဲ့နာရီကို ယူထားပြီးပြီလေ”

ရှန်ရိကျင်း : “အမ်း”

ကျင်ရွှင် : “အမ်?”

ကျင်ရွှင်ရဲ့ကြည်လင်နေတဲ့မျက်ဝန်းတွေကို ကြည့်ရင်း ရှန်ရိကျင်းက သူ့ပါးစပ်ကိုအနည်းငယ်ဟကာ ပေါ့ပေါ့ပါးပါးပြောလိုက်သည်
“ မငြင်းနဲ့”

“ အခုကစပြီးတော့ ကိုယ်ပိုင်သမျှအားလုံးကို မင်းလဲပိုင်တယ်”

“……”

ဘာလို့ ဒီလေသံက မိသားစုရဲ့ကံကြမ္မာကို အက်ကွဲစေတဲ့အဖေတစ်ယောက်နဲ့ အရမ်းတူနေရတာလဲ?
(သားသမီးကို အရမ်းအလိုလိုက်တဲ့အဖေ)

ကျင်ရွှင် : “……???”

“ ? ”

ကျင်ရွှင်ရဲ့အံ့သြမှုကို နားမလည်တာကြောင့်ဖြစ်မယ် ရှန်ရိကျင်းရဲ့လေသံက မြင့်လာကာ မေးခွန်းအချို့ကိုပြောလာသည်
“ နိုင်ငံရဲ့ဥပဒေစည်းမျဉ်းအရ လက်ထပ်ပြီးနောက် ပိုင်ဆိုင်မှုအားလုံးက ပူးတွဲပိုင်ဆိုင်မှုဖြစ်သွားတယ်လို့ ပြဋ္ဌာန်းထားတယ်မဟုတ်ဘူးလား?”

ကျင်ရွှင် : “……”

“ ဒါဆို Mr. ကျွန်တော်က ခင်ဗျားမိသားစုရဲ့ပိုင်ဆိုင်မှုတွေအားလုံးကို မ သွားမှာကို ခင်ဗျားမကြောက်ဘူးလား?” ကျင်ရွှင်က ဟာသတစ်ဝက်နှောကာပြောလိုက်သည်။

ဒီလိုမေးခွန်းကိုမေးတာက big shotကြီးကို ရိုင်းပျရာကျမှန်း သိပေမယ့်လည်း -ဘယ်လိုလူမျိုးက အစ်ကိုကြီးရဲ့မိသားစုငွေတွေကို ယူကာထွက်ပြေးဖို့ သတ္တိအကြီးကြီးရှိပါ့မလဲ??

ဒါပေမယ့် ရှန်ရိကျင်းက သူ့ကိုဘယ်လိုပြန်တုံ့ပြန်မလဲဆိုတာကို သူအရမ်းသိချင်နေမိသည်…

ထင်ထားသလိုပါပဲ ရှန်ရိကျင်းက သူ့ကိုပြန်ဖြေလာသည်။ သူ့ကိုယ်နေဟန်ထားက အလွန်တည်ငြိမ်ကာ အကြောင်းအရာက အလွန်အမင်း ရိုးစင်းကာရှင်းလင်းနေသလိုပင်။

“ကိုယ်မကြောက်ဘူး”

ကျင်ရွှင် : “ ……”

*

နှစ်ယောက်သားက အကြာကြီးနှောင့်နှေးမနေဘဲ မကြာခင်ထွက်ကာ ဆေးရုံကိုတိုက်ရိုက်မောင်းသွားလိုက်သည်။

အမှန်တကယ်တော့ ကျင်ရွှင်က သူ့လက်ရှိအခြေအနေကို ရှင်းလင်းစွာသိလေသည်။ သူက တကယ်ကို သူ့ခင်ပွန်းလောင်းအနေနဲ့ ရှန်ရိကျင်းကို ဘာမှပြန်မပေးနိုင်သေးဘူး။ ရှန်ရိကျင်းကလဲ လိုအပ်တာမျိုးမရှိဘူးလေ။ သို့သော်ငြား အချိန်အများစုမှာ သူကအဲ့အကြောင်းကို အများကြီးဂရုစိုက်နေပုံပင်။

ဒါပေမယ့် ကျင်ရွှင်က ရှန်ရိကျင်းသူ့ကိုပေးခဲ့တဲ့လက်ဆောင်နဲ့ သူ့အတွက်ပြုလုပ်ပေးခဲ့တဲ့အရာတွေကို အမှတ်ရနေသည်။

ဥပမာအနေနဲ့ တစ်ဖက်လူက သူ့ညီလေးကို အခြားဆေးရုံတစ်ခုရွှေ့ပေးတဲ့ကိစ္စကို ကိုင်တွယ်ရန်အတွက် သူနဲ့တူတူလိုက်လာပေးဖို့ အချိန်အချို့ကိုတောင် တမင်သက်သက်ဖယ်ထား၏။

မနေ့က ဆေးရုံမှာ အရမ်းနောက်ကျနေပြီ။ ရုတ်တရပ်ကြီး ရှန်ရိကျင်းကို မြင်လိုက်ရတော့ သူကအရမ်းစိတ်လှုပ်ရှားနေခဲ့တာမို့ ကျင်ရွှင်က ရှင်းလင်းစွာမခွဲခြားနိုင်ခဲ့ဘူး။ တစ်ဖက်လူပြောခဲ့တာကတော့ လိန်ထျန်းဟော်ကို ကိုယ်ပိုင်ဆေးရုံတစ်ခုကို ပြောင်းပေးမယ်တဲ့၊ တိတိကျကျပြောရရင် ရှန်မိသားစုပိုင် ကိုယ်ပိုင်ဆေးရုံတစ်ခုပေါ့…

ဒါ့အပြင် သူတို့ကို 24/7ဂရုစိုက်ပေးနေတဲ့ အထူးဆေးဝန်ထမ်းတွေလဲ ရှိတယ်၊ ကိုယ်ပိုင်ဆေးရုံမှာက ဧည့်ခန်းပါတဲ့ အဆင့်မြင့်ဆေးရုံခန်းတွေရှိပြီး သူ့မိဘတွေနေထိုင်ရာအဖြစ်သုံးဖို့အတွက် အထူးပြင်ဆင်ထားတဲ့အခန်းတွေလဲရှိသည်…

လမ်းမှာတုန်းက လက်ထောက်ကျင်းကျဲ့ဟိန်က tabletကနေတစ်ဆင့် ကျင်ရွှင်ကိုပုံအချို့ပြပြီးသွားပြီဖြစ်သည်။

ပြီးတော့ အစ်ကိုကြီးရဲ့စကားလုံးတွေကိုယူရမယ်ဆိုရင် ဒါက မင်းပိုင်တဲ့ဆေးရုံကို စိတ်ချအောင်ပြောင်းရွှေ့ထားတာပင်။

ဒါကသူ့မိသားစုဝင်တွေအတွက် တွေးတောပေးထားတာမို့ ကျင်ရွှင်မှာငြင်းဆန်မှုမရှိပေ။

ဒါပေမယ့် အဲ့လိုပြောပြီးတော့ ကျင်ရွှင်က အနည်းငယ်အစစ်အမှန်မဟုတ်သလိုခံစားနေရတုန်းပင်- မနေ့က သူကိစ္စတွေနဲ့ပတ်သက်ပြီး စိုးရိမ်ကာစိတ်ဖိစီးနေခဲ့တုန်းရှိသေးတယ် ရှန်ရိကျင်းရောက်လာပြီးနောက် ပြဿနာက တစ်ညတည်းနဲ့ ဖြေရှင်းပြီးသွားပြီလား?

…သေချာတာပေါ့ ဒီမှာအခက်အခဲအချို့ရှိနေသေးတယ်

သူ့မိသားစုကို ဒီအကြောင်းဘယ်လိုပြောရမှာလဲ?…အဲ့တာက ပြဿနာကြီးပဲ

လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက သူကဆင်းရဲတဲ့ကောလိပ်ကျောင်းသားလေးပဲရှိသေးပြီး ညတွင်းချင်းသူချမ်းသာသွားတယ်လို့ ပြောပြီးတော့ လူကြီးတွေကို သူမညာနိုင်ပေ။

ဒါ့အပြင် ဒါကသူ့အကူအညီတွေကို တိုက်ရိုက်မျက်ကွယ်ပြုခံလိုက်ရသလိုမျိုးဖြစ်သွားမယ့် ရှန်ရိကျင်း အတွက်မမျှတပေ။

ရှန်ရိကျင်းက အဆင်ပြေတယ်လို့ပြောရင်တောင်မှ ကျင်ရွှင်က အဲ့လိုမလုပ်ချင်ပေ။

ဒါပေမယ့် ရှန်ရိကျင်းအကြောင်းပြောရရင်…

ဒါဆို သူက သူ့ကိုဘယ်လိုခေါင်းစဉ်မျိုးနဲ့ မိတ်ဆက်ပေးသင့်တာလဲ?

…ချစ်သူလို့လား?

မူလစာအုပ်ထဲမှာ ဒီကမ္ဘာမှာက ဟိုးအရင်ကတည်းက လိင်တူလက်ထပ်ခွင့်ကို တရားဝင်ခွင့်ပြုထားပေမယ့်လဲ သူ့အမေနဲ့ပထွေးက သူအမျိုးသားတစ်ယောက်နဲ့အတူရှိနေတာကို သဘောမကျခဲ့ဘူး။

သို့သော်ငြားလဲ မူလစာအုပ်ထဲမှာ လူကြီးနှစ်ယောက်က မူလကိုယ်က ဆန်ကုန်မြေလေးgongနဲ့ အတူတူရှိနေခဲ့တာကို ငြင်းပယ်ခဲ့သည် ဘာလို့လဲဆိုတော့ နောက်ပိုင်းကာလမှာ ဆန်ကုန်မြေလေးgongက မူလကိုယ်ကို သူစိတ်ကျေနပ်တဲ့အထိ အပြစ်ရှာအသေရေဖျက်ပြောဆိုခဲ့ပြီး မူလကိုယ်ကို လူသားတစ်ယောက်လိုတောင် မဆက်ဆံခဲ့ပေ။

လူကြီးနှစ်ယောက်က အထူးသဖြင့် သူအမျိုးသားတစ်ယောက်နဲ့ အတူရှိတာကို မကြိုက်တာလား ဒါမှမဟုတ် ဆန်ကုန်မြေလေးgongကို လက်မခံနိုင်တာလားဆိုတာ…သူမသေချာပေ။

အခြားစကားလုံးနဲ့ပြောရမယ်ဆိုရင် သူရှန်ရိကျင်းရဲ့စေ့စပ်ခွင့်ကို လက်ခံလိုက်တုန်းက ကျင်ရွှင်က Ms.လျိုနဲ့စပ်လျဉ်းပြီး အများကြီးမတွေးခဲ့မိပေ။ အဆုံးမှာတော့ သူ့ရဲ့အသက်နှစ်ဆယ်ကြာ နက်ရှိုင်းစွာအမြစ်တွယ်နေခဲ့တဲ့ ယုံကြည်မှုက…

မွေးကတည်းကနေ ကြီးလာတဲ့အထိ သူကအမြဲတစ်ယောက်တည်းပင်။

ဆိုရိုးစကားတစ်ခုရှိတယ်လေ *လူတစ်ယောက်က ဗိုက်ပြည့်သွားပြီဆိုရင် တစ်မိသားစုလုံး ဗိုက်မဆာတော့ဘူး။

[*လက်တွဲဖော်မရှိ ကလေးမရှိတဲ့ တစ်ကိုယ်ထီးလူကို ရည်ညွှန်းပါတယ်။ လူတစ်ယောက်က ဗိုက်ပြည့်သွားပြီဆိုရင် တစ်မိသားစုလုံးကလဲ ဗိုက်ပြည့်သွားပြီ ဘာလို့လဲဆိုတော့ တစ်မိသားစုလုံးမှာ လူတစ်ယောက်ပဲရှိတာမို့]

ဒါပေမယ့် မနေ့ကဆေးရုံမှာ Ms.လျိုနဲ့ဆက်ဆံပြီးနောက် သူကအခုသူ့အမေလို့ ခေါ်သင့်တဲ့အမျိုးသမီးရဲ့ခံစားချက်နဲ့ပတ်သက်ပြီး အနည်းငယ်ဂရုစိုက်တယ်လို့ ပြောလို့ရသည်။

ခက်ခဲလိုက်တာ!

အဆုံးမှာတော့ သူက အချစ်မှာအတွေ့အကြုံမရှိရုံမကဘဲ မိသားစုဝင်တွေနဲ့ ဆက်ဆံရာမှာလဲ ဘာအတွေ့အကြုံမှရှိမနေပေ။

သူ့အတွေးက သပွတ်အူလိုရှုပ်ထွေးနေတဲ့အချိန် ရှန်ရိကျင်းက ဗြုန်းစားကြီးပြောလာသည်
“ ကိုယ့်အထဲကို ဝင်ပြီး သူတို့ကိုစကားပြောကြည့်လိုက်မယ်လေ?”

“ဟင်?” ကျင်ရွှင်ရဲ့မျက်ဝန်းတွေက ချက်ချင်းပြူးကျယ်သွားသည်။

အစ်ကိုကြီးရဲ့နည်းလမ်းအရဆိုရင် သူက သူ့ကိုယ်သူ ကျင်ရွှင်ရဲ့ချစ်သူအနေနဲ့ လူတိုင်းကိုမိတ်ဆက်လိမ့်မယ်…အဲ့အခါကျ Ms.လျိုနဲ့အခြားသူတွေ ဘယ်လိုလှုံ့ဆော်မှုမျိုးကို လက်ခံရမလဲဆိုတာကို သူမသိပေ။ Mr.ကို အထဲကိုလွှတ်လိုက်ဖို့အတွက် ကျင်ရွှင်တကယ်စိုးရိမ်နေမိသည်။

သူက ခေါင်းကိုခပ်သွက်သွက်ခါရမ်းလိုက်ပြီး : “မဟုတ်…မဟုတ်တာ၊ ကျွန်တော့်ဘာသာပြောလိုက်တာ ပိုကောင်းပါတယ်…”

ရှန်ရိကျင်း : “ သူတို့က ကိုယ်တို့ရဲ့ဆက်ဆံရေးကို လက်မခံပေးနိုင်မှာကို မင်းစိုးရိမ်နေတာဆိုရင် ကိုယ်အဲ့ကိစ္စကို အချိန်တစ်ခုရွှေ့ဆိုင်းပေးထားလို့ရပါတယ်”

ကျင်ရွှင်က ရှော့ခ်ရသွားကာ : “Mr?”

“ မင်းညီလေးနဲ့မင်းမိဘတွေကိစ္စ အရင်အခြေကျသွားဖို့ ပိုအရေးကြီးတယ်လေ”

“ ! ”

ကျင်ရွှင်က ဒီတစ်ကြိမ်တကယ်အံ့အားသင့်သွားသည်။ ဒါက သူတို့ဆက်ဆံရေးကို လူတိုင်းကိုအရိုးသားဆုံးဖွင့်ဟချင်ပြီး ခင်ပွန်းလောင်းဆိုတဲ့နာမည်အောက်မှာ သူနဲ့တစ်အိပ်ရာထဲအိပ်ခဲ့တဲ့ OCDအစ်ကိုကြီးဟုတ်သေးရဲ့လား!

[OCD-Obsessive compulsive disorder
ရှင်းရှင်းပြောရရင် အစွဲအလမ်းကြီးပြီး ပိုင်ဆိုင်လိုစိတ်ပြင်းပြတဲ့ စိတ်ရောဂါအခြေအနေတစ်မျိုး]

အဲ့နောက် သူတို့က ကျင်ရွှင်ရဲ့မိဘတွေကို တူတူသွားတွေ့ခဲ့သည်။

ရှန်ရိကျင်းရဲ့ အပြင်ဘက်အသွင်အပြင်က ဂရုမစိုက်ငြီးငွေ့ဖွယ်ကောင်းပုံပေါ်ပေမယ့် ကျင်ရွှင့်မိဘတွေရှေ့မှာတော့ သူကဖြောင့်မတ်တည်ကြည်ကာ အလွန်အမင်းကို ကောင်းမွန်တဲ့စိတ်နေစိတ်ထားနဲ့ ရည်မွန်ယဥ်ကျေးနေသည်။

သူ့ရဲ့စကားနည်းတဲ့ စရိုက်ကိုမကြည့်နဲ့။ တကယ်လို့ သူသာပြောချင်ရင် အစ်ကိုကြီးက တကယ်ကိုပြောနိုင်သည်။

--သူက Ms.လျိုကို ကျင်ရွှင်က သူ့ရဲ့ထူးချွန်တဲ့စွမ်းရည်ကြောင့် ကျောင်းစီမံခန့်ခွဲရေးက ထောက်ပံ့မှုရထားတယ်လို့ တိုက်ရိုက်ပဲပြောခဲ့သည်။သူ့ညီငယ်လေးက အကောင်းဆုံးဆေးကုသမှုကို ခံယူနိုင်ပြီး ကုန်ကျစရိတ်အားလုံးက အလုပ်ရှင်က ပေးချေမည်ဖြစ်သည်။ အပြန်အလှန်အနေနဲ့ ကျင်ရွှင်က ကျောင်းရဲ့သုတေသနပရောဂျက်တွေမှာ ပါဝင်ဖို့စီစဉ်မှုကို နာခံရမည်။

Ms.လျိုအတွက်ကတော့ သူစိမ်းတစ်ယောက်ကပြောတဲ့ ဒီစကားလုံးတွေက ယုံဖို့ခက်ခဲလှသည်။

သို့ပေမယ့် ရှန်ရိကျင်းရဲ့လှုပ်ရှားမှုတိုင်းက အလွန်အမင်းသူမတူပြိုင်ဘက်ကင်းကာ သူ့စကားလုံးနဲ့ဆောင်ရွက်ချက်တွေက စွမ်းအားပြည့်ပြီးထည်ဝါနေပြီး ကျင်ရွှင်ရဲ့မိဘတွေကို မဆိုထားနှင့် ဆေးရုံခန်းထဲက အခြားလူတွေရဲ့မိသားစုဝင်တွေတောင်မှ ပိုလို့တောင်မယုံကြည်နိုင်ပေ။

သေချာတာပေါ့ ရှန်ရိကျင်းက မညာခဲ့ဘူး။

သူတကယ်ကို ကျောင်းရဲ့အကြီးမားဆုံးရင်းနှီးမြှုပ်နှံသူလေ။

ဆေးရုံခန်းတစ်ခုလုံးနဲ့ သူတို့ကိုကောင်းကောင်းသိတဲ့ အခြားလူနာတွေရဲ့မိသားစုဝင်တွေအားလုံးက Ms.လျိုကို ဒီလိုတော်တဲ့သားတစ်ယောက်ရှိတာ ကံကောင်းတယ်လို့ပြောရင်း ဂုဏ်ပြုပေးနေကြသည်။

Ms.လျိုနဲ့သူမခင်ပွန်းက သူတို့မျက်လုံးတွေထဲမှာ မျက်ရည်တွေပြည့်နေပေမယ့် သူတို့ကပြုံးကာ သူတို့ရဲ့ကျေးဇူးတင်မှုကို ရှန်ရိကျင်းအားဖော်ပြနေကြသည်။

အခြားသူတွေကလဲ ရောက်လာကာ မျိုးရိုးမြင့်မြတ်သူကြီးကို ရိပ်ခနဲမြင်ရအောင် ကြိုးစားလာကြသည်။

ကျင်ရွှင်က လူများစွာဝန်းရံလာတဲ့ဆေးရုံခန်းသေးသေးလေးကို ကြည့်လိုက်ပြီး ရှန်ရိကျင်းက ယဉ်ယဉ်ကျေးကျေးရှိနေဆဲဖြစ်ကာ မေးခွန်းတွေကို စိတ်ရှည်စွာဖြေဆိုနေသည် ရုတ်တရပ်ကြီး…ဖော်ပြလို့မရနိုင်တဲ့ခံစားချက်အများကြီးကြောင့် သူ့ရင်ထဲလှုပ်ခတ်သွားသည်။

ရှန်ရိကျင်းက မြင့်မြတ်တဲ့မိသားစုမှာ မွေးဖွားလာပြီး သန့်ရှင်းတာကို သဘောကျသည်။ အခြားသူတွေက သူနဲ့အရမ်းနီးကပ်အောင် မကပ်ရဲပေ။

ဒါပေမယ့် ဒီအခိုက်အတန့်မှာ သူစိမ်းတွေအများကြီးရဲ့ဝန်းရံခြင်းခံနေရပေမယ့် သူကသက်တောင့်သက်သာမဖြစ်တဲ့ တုံ့ပြန်မှုတစ်ခုလေးတောင် မပြလာပေ။

သူက ဘယ်တုန်းကမှ အခြားသူတွေကို သူ့ကိုယ်ပိုင်စံနှုန်းအတိုင်းလိုက်နာဖို့ မပြောခဲ့ဘူး။ ဥပမာအနေနဲ့ စေ့စပ်တဲ့ကိစ္စမှာ သူကအလိုအလျောက် ခင်ပွန်းလောင်းနေရာကို ယူခဲ့ပေမယ့် ကျင်ရွှင်ကို တူညီစွာလိုက်နာပြုမူရန် တစ်ခါမှမပြောခဲ့ပေ။

…ဒီလိုအစ်ကိုကြီးက ..အရမ်းကောင်းတာပဲ!

ကျင်ရွှင်က သူ့ကိုစီနီယာတွေ မူလဇာတ်ကြောင်းကို ပြောနေတဲ့အချိန်ကို တွေးမိသွားသည်…စီနီယာဖေက သူ့ကိုအရမ်းကြိုက်တာ အံ့သြစရာမရှိတော့ပါဘူး။

ဒီလိုမျိုးလူတစ်ယောက်က သူကဗီလိန်ဖြစ်နေတယ်ဆိုရင်တောင်မှ မင်းသူ့ကို လုံးဝမုန်းနိုင်မှာ မဟုတ်ဘူး အား!

ဒီနေ့ကိစ္စအတွက် သူဘယ်လို ရှန်ရိကျင်းကို ကျေးဇူးတင်သင့်လဲ?

သူက သူ့ကိုအများကြီးကူညီထားခဲ့တာ

လူအုပ်ကြားထဲမှာ ကျင်ရွှင်က အရပ်ရှည်လူကြီးကို ကြည့်ဖို့သူ့မျက်လုံးတွေကို မော့လိုက်သည်။

ရှန်ရိကျင်းကလဲ တစ်စုံတစ်ခုခံစားမိပုံရသည်၊ သူကခေါင်းကိုလှည့်လာကာ သူ့မျက်လုံးတွေနဲ့ဆုံတွေ့သွားသည်။

ဆူညံနေတဲ့ဆေးရုံထဲမှာ လူနှစ်ယောက်က တစ်ဦးကိုတစ်ဦး ထူးထူးခြားခြားစိုက်ကြည့်နေသည်။

ကျင်ရွှင်ရဲ့မျက်လုံးတွေက တောက်ပနေပြီး သူ့အမြင်အာရုံထဲမှာ ရှန်ရိကျင်းရဲ့အေးစက်စက်မျက်ဝန်းတွေက ပုံမှန်လောက် မအေးစက်တော့သလိုပင်…

ဒါပေမယ့် သူကမပြုံးမရယ်နှင့်ရှိနေဆဲပင်။

သူအဲ့မျက်ဝန်းတွေကို မကြာခဏတွေ့မြင်ခဲ့ရလို့လား ဒါမှမဟုတ် ပတ်ဝန်းကျင်က အရမ်းအသက်ဝင်နေလို့လားတော့ သူမသိပေမယ့် ဒီမက်မွန်ပွင့်သဏ္ဍာန်မျက်ဝန်းတစ်စုံက နွေးထွေးတဲ့သင်္ကေတခပ်ဖျော့ဖျော့လေးရှိနေတယ်လို့ ကျင်ရွှင်ခံစားနေရသည်။

ဒါကြောင့် သူပြုံးလိုက်သည်၊ ပိုပိုပြီးတော့ တောက်ပတဲ့အပြုံးကို ရှန်ရိကျင်းအားပြသလိုက်သည်။

သူကတမင်သက်သက် တစ်ဖက်လူရဲ့ဦးတည်ရာကို မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး သူ့ကိုစလိုက်သည်။

ရှန်ရိကျင်းက သူ့ကို စူးစိုက်မှုအပြည့်နဲ့ငေးကြည့်နေသည်။

အဲ့အချိန်မှာ ဘယ်သူကရုတ်တရပ်ကြီး Ms.လျိုကို ပြောလိုက်လဲသူမသိပေ : “ အစ်မလျို၊ ကျွန်မ ရှင့်သားကြီးကိုအရမ်းကြိုက်တယ်။ သူကချောမောပြီး လုပ်နိုင်ကိုင်နိုင်စွမ်းရှိတယ်။ သူ့မှာအခုထိ ကောင်မလေးမရှိသေးဘူးမလား? ကျွန်မတူမလေးက ဒီနှစ်မှာကောလိပ်ကနေ ဘွဲ့ရမှာ ပြီးတော့သူမက အခုထိစင်ဂယ်ပဲ။ သူတို့တွေကို အချင်းချင်းမိတ်ဆက်ပေးမယ်ဆိုရင် ဘယ်လိုလဲ?”

ကျင်ရွှင် : “……”

သူပြောစရာစကားမဲ့သွားသည်။

ဒီအောင်သွယ်တော်အဖွဲ့တွေကတော့ နေရာတိုင်းမှာရှိနေတော့တာပဲ။

ကျင်ရွှင်ရဲ့မျက်လုံးထောင့်ကနေ ရှန်ရိကျင်းရဲ့မျက်လုံးထဲက အပူချိန်က ဒီတိုင်းကြည့်တာနဲ့တင်မြင်နေရတဲ့နှုန်းနဲ့ ရေခဲမှတ်အထိကျဆင်းသွားတာကို မြင်လိုက်ရသည်။

ကျင်ရွှင်က သူ့နှလုံးသားထဲမှာပြောလိုက်သည်: ဘယ်လောက်တောင်ကံမကောင်းရတာလဲ။ အစ်ကိုကြီးက ဒေါသထွက်သွားတော့မှာလား…ဒီတစ်ခါလဲ ဘယ်သူမှန်းသူမသိဘဲ သူတို့က အရပ်ရှည်ခန့်ညားတဲ့ ရှန်ရိကျင်းကိုကြည့်ကာပြောလာသည်

“ဒီလူငယ်လေးကလဲ ကောင်းတာပဲ။ လူငယ်လေး မင်းမှာပါတနာရှိနေပြီလား?”

ကျင်ရွှင် : “…”

ရှန်ရိကျင်း : “…”

Continue Reading

You'll Also Like

28.4K 4K 10
Associated Name : Four forty-eight (凌晨四點四十八) Original Authors : Qin Mobei, 秦墨北 Total Chapters : 8 chapters (Completed) {I respectfully give credit to...
253K 9.1K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
605K 58.7K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
436K 54K 54
Xiao Jiu (小九) by Xu Ban Xian (许半仙) ရှောင်ကျိုသည် မင်းသားကိုးပါးထဲတွင်အငယ်ဆုံးဖြစ်သော်ငြား ပါရမီအရှိဆုံးဖြစ်ပေသည်။ သို့ပေမယ့် သူ၏ဦးနှောက်အလုံးစုံကို ယ...