ရင်ခွင်ထဲနွေးထွေးမြတ်နိုးစွာနှင့် ပွေ့ဖက်ထား
သော ကလေးငယ်ကိုကြည့်ပြီး စိုးရိမ်ပူပန်မူ
ကရင်ထဲအပြည့်အသိပ်...အပြစ်ကင်းစွာအိမ်
မောကျနေသည့် ကလေးငယ်ကခုနသူမဟုတ်
တဲ့အတိုင်းဖြူစင်စွာငြိမ်သက်လို့ပင်...အတိတ်
ကရခဲ့တဲ့ ဒဏ်ရာတွေကအခုထိ ကလေးငယ်
ကိုခြောက်လှန့်နေဆဲဆိုတာ သူမသိခဲ့..သူအ
နေနဲ့ ကလေးငယ်အပေါ် သူမတူအောင်ချစ်
ပေးနေတာကြောင့် ထိုအချစ်တွေကပင် ကလေးငယ်ရခဲ့တဲ့ စိတ်ဖိစီးမူဒဏ်ရာတွေကို
ချေဖျတ်နိင်လိမ့်မည်ဟု ထင်ခဲ့သည်...။
တကယ်တော့ ကလေးငယ်ကသူကိုပစ်သွား
မှာသိပ်ကြောက်တဲ့ အမိမဲ့ဌက်ကလေးလိုဘဲ
ဘယ်သောင်ဘယ်ကမ်းဆိုက်မယ်မှန်းမသိပေ
မဲ့ အခုချိန်မှာတော့ ခမ်းအပေါ် အချစ်ကြီးချစ်
ပြီး သူကိုမုန်းသွားမှာသိပ်ကြောက်နေရှာလေ
သည်....ကလေးငယ်ရဲ့ စိတ်ဒဏ်ရာတွေကို
သူအတတ်နိင်ဆုံး မေ့ပျောက်အောင်ကုပေး
နိင်လိမ့်မည်ဟုမျှော်လင့်ထားလျက်ပင်...။
ညတုန်းကသူ့ကိုယ်သူအပြစ်ပေးထားသည့်
လက်နုနုလေးပေါ်ကဒဏ်ရာတွေကိုဆေးထည့်
ပေးပြီးပတ်တီးစီးပေးထားပေမဲ့ သည်းသက်
ကတအင်းအင်းနဲ့ရင်ခွင်ထဲမှာ အိမ်မောကျ
လျက် တချက်တချက်ငြီးငြူနေသည့်အသံ
လေးက သူရင်ထဲတဆစ်ဆစ်ဖြင့်နာကျင်ခံစား
ရလေသည်...အဲ့လောက်တောင် ဦးမုန်းမှာ
သိပ်ကြောက်တာဘဲလား...။
ညနည်းနည်းနက်လာချိန်မှာတော့ ခမ်းတစ်
ယောက် သည်းသက်ကိုချော့မြူကာ ဖက်ထားရင်း မှေးကနဲ့အိပ်ပျော်သွားလေ
သည်.....မှိတ်ထားသောမျက်လုံးများ ဖွင့်၍
တရေးနိုးချိန်ခနလေးမှာပင် ရင်ခွင်ထဲမြတ်နိုး
စွာထွေးဖက်ထားလေသော သည်းသက်ကမ
ရှိတော့....သန့်စင်ခန်းသွားတာလားဟုသွား
ကြည့်တော့လည်း သည်းသက်ကိုမတွေ့ချေ..
"အသက်...ကလေးရေ...ဘယ်သွားနေတာလဲ"
အခန်းထဲတွင်အပူတပြင်းနေရာနှံအောင်ရှာ
ပေမဲ့ သည်းသက်ကိုမတွေ့ချေ...အိမ်အောက်
ထပ်ကိုဆင်းသွားတာလားဟုအထင်ဖြင့်
အောက်ထပ်သို့ အမောတကောပြေးဆင်း
လိုက်လေသည်...။
ညနက်ချိန်ဖြစ်တာကြောင့် အခိုင်းအစေတွေ
ကော တပည့်တွေပါအိပ်မောကျနေပြီဖြစ်တာ
ကြောင့် အိမ်ကြီးထဲတွင်တိတ်ဆိတ်နေလေ
သည်....ခမ်းအိမ်အောက်ထပ်သို့ အမြန်ဆင်း
လာလိုက်သည်နှင့် တွေမြင်ရသောမြင်ကွင်း
ကြောင့် ခမ်းဒေါသတွေပေါက်ကွဲထွက်ကုန်
လေသည်....။
"အသက်...မင်းဒါဘာလုပ်နေတာလဲ..ဟမ်.."
သူကိုမြင်သည်နှင့် စားနေသည့်ပန်ကန်းလေး
ကိုမြှောက်ပြရင်း သာမာန်ထက်ပိုရယ်ပြလိုက်
လေသည့် အသက်....။
"ခွမ်း..ဒုန်း..."
သူကိုဖြူဖွေးသောသွားလေးတွေပေါ်အောင်
ပြုံးပြနေတဲ့ အသက်ကို ဂရုမထားနိင်ဘဲ အ
သက်အနားသွားကာ ဒေါသဖြင့် အသက်သူကို
ပြနေသော ထမင်းပန်ကန်းကို အသက်လက်
ကနေ ရိုက်ထုတ်လိုက်လေသည်...။
အပြုံးတွေပျောက်ကွယ်သွားပြီးသူကို နားမ
လည်နိင်သော မျက်ရည်တွေဝိုင်းနေပြီဖြစ်တဲ့ မျက်လုံးပြူးလေးတွေနှင့် ခမ်း ပုတ်ချလိုက်
တဲ့ ပန်းကန်ကိုကောက်ပြီး ပြန့်ကျဲနေတဲ့ ထမင်းတွေကို ပြန်ကောက်ထည့်နေလေသည်
"မင်းဒီလောက်ငတ်နေတာလား...ဘာလို့ထမင်းကျန်ဟင်းကျန်တွေစားနေရတာလဲ..ဟမ်
ငါကမင်းကိုမကျွေးမွေးထားလို့လား..ပြော
လေ..."
"မ...မဟုတ်ပါဘူးဦးရယ်..."
"အဲ့ဒါဆိုဘာလို့လဲ...မင်းအရမ်းငတ်နေတာလား...သူများမစားချင်တာတွေမှမင်းကစားချင်တာလား.....ပြောလေအသက်...ဒါတွေက
မကောင်းဘူးဆိုတာမင်းမသိဘူးလား..မင်း
ရူးနေတဲစိတ်ရှိရင်တောင် ကောင်းလားမ
ကောင်းလား မခွဲခြားတတ်တော့ဘူးလား..."
ခမ်းရဲ့ အော်ဟစ်သံကြောင့် အိမ်ထဲက အစေ
ခံတွေက နိူးလာပြီး မလှမ်းမကမ်းမှာရပ်၍ ကြည့်နေကြလေသည်...အနားကိုလည်းမသွားရဲကြ...ဟိုနေ့ကမြင်လိုက်ရတဲ့ မြင်ကွင်း
ကြောင့် ခမ်းရဲ့ ဒေါသကိုကြောက်လန့်နေကြ
လေသည်...။
"ပြောလေ...မင်းအနေတာလား...မင်းကိုငါ
ဒီလောက်ပြောနေတာတောင် အဲ့ခွေးစာတွေ
ဆက်ကောက်နေတုန်းလား...ဟာကွာ.."
သူရှေ့မှာ သူချစ်ရဆုံးသူက ဒီလိုတွေလုပ်နေ
တာကိုမကြည့်ရက်နိင်တဲ့ခမ်းရဲ့ ဂရုဏာဒေါ
သတွေကပေါက်ကွဲပြီး အသက်ကိုတောင်
မင်းနဲ့ငါနဲ့သုံးနှုန်းပြီးပြောမိတဲ့အထိ...အသက်
လက်ထဲက ပန်းကန်ကိုဒုတိယအကြိမ် လွှတ်
ပစ်လိုက်ပြီး ထမင်းစားခန်းက နီးရာပစ္စည်း
တွေကိုရိုက်ခွဲလေတော့သည်...။
"ခွမ်း...ဂလွမ်း...ဒုန်း..."
"မလုပ်ပါနဲ့ဦးရယ်...ဦးလက်တွေနာနေပါမယ်.."
"ငါ့လက်နာတာက ငါရင်ထဲကနာတာလောက်
ရဲ့ လက်တဆစ်စာတောင်မရှိဘူး အဲ့ဒါမင်းသိ
လား....ဘာလို့စားရတာလဲ...အသက်ဗိုက်ဆာ
နေရင် ဦးမကျွေးခဲ့လို့လား...ဦးဘာတွေပျက်
ကွက်ခဲ့လို့လဲ...ပြောစမ်းပါ...မင်းငါ့ကိုအသေ
သတ်နေတာလား...အနုနည်းနဲ့အသေသတ်နေ
တာလား...ဟမ်..."
အသက်ရဲ့ပုခုံးနှစ်ဘက်ကို ဆွဲကိုင်၍ခပ်ကြမ်း
ကြမ်းဆွဲလှုပ်လိုက်ပြီး တရစပ်မေးလိုက်လေ
သည်...။
ထိုအခါ မျက်ရည်များသွန်းဖြိုးနေသည့် မျက်
ဝန်းတွေဖြင့်..။
"အ သက်...ဗိုက် ဆာ လို့ ပါ ဦး ရယ်..."
အသနားခံမျက်ဝန်းတွေဖြင့် တစ်လုံးချင်းငို
ကြွေးစွာပြောလိုက်သည့် အသက်ကို ခမ်းရုတ်
တရက်ကြောင်သွားမိသည့်အထိ...။
"အရင်က အသက်အပြစ်လုပ်ရင် အဲ့လိုဘဲ
စားခိုင်းတယ်..ပြီးရင်...ခွင့်လွှတ်ပေးနေကျမို့
ဦးအသက်ကိုခွင့်လွှတ်အောင် ဗိုက်လည်းဆာ
လို့ စားမိလိုက်တာပါ...ဦးအခုခွင့်လွှတ်ပြီမ
ဟုတ်လားဟင်...ဟင့်..အသက်ဒီလိုတောင်း
ပန်ပါတယ်...အဟင့်..."
ခမ်းကို လက်အုပ်ချီ၍ ဒူးထောက်ပြီး တောင်း
ပန်တဲ့ အသက်ကြောင့် ခမ်းမျက်ရည်များ
ပေါက်ပေါက်ကျတဲ့အထိ ရင်ထဲကြေကွဲရလေ
ပြီ...သူလုပ်ထားတဲ့အပြစ်ကြောင့် ခမ်းခွင့်မ
လွှတ်သေးဘူးဟု ထင်နေသည့် ကလေးလေး
"အသက်ရာ...အဲ့လို...အဲ့လိုလုပ်စရာမလိုဘူး
လေ...ဦးကအမြဲခွင့်လွှတ်နေသူပါ...အသက်
ဦးကိုချစ်ရင် အသက်အရင်ကလိုမလုပ်ရ
တော့ဘူး..ဦးကအမြဲချစ်နေမဲ့သူပါ..."
အသက်ကိုထွေးပိုက်ရင်း ငိုနေတဲ့ခမ်းကိုကြည့်
ပြီး အခိုင်းစေတွေကလည်း အံ့သြနေကြသလို
တချို့ကလည်း မျက်ရည်လေးတစမ်းစမ်းဖြင့်
အသက်ကိုပွေ့ချီပြီး အခန်းထဲသို့ဝင်လာပြီး
မွေ့ရာပေါ်အသာအယာချလိုက်လေသည်..
အသက်ကတော့ ရှိုက်သံလေးတောင်အခုထိ
ထွက်တုန်း...အသက်ကတော့ ခမ်းရဲ့ပေါက်
ကွဲမူတွေကြောင့် လန့်သွားပုံပင်...။
"ဦး...အသက်ကိုချစ်လားဟင်...အသက်ကို
ဘယ်တုန်းကချစ်ခဲ့တာလဲ..."
အသက်ခေါင်းလေးကို ပွတ်သက်ပြီးမှေးတင်
ကာ ကြင်နာယုယစွာ စကားဆိုလိုက်လေသည်...။
"ကော်ဖီဆိုင်လေးထဲက အသက်ထွက်လာတာ
မြင်တည်းက ဦးမြင်မြင်ချင်းချစ်သွားခဲ့တာ..
အသက်ကိုဦးအရမ်းချစ်တယ်...အိပ်လိုက်ဦး
နော်..."
ခမ်းရင်ခွင်ထဲတိုးဝင်ရင်း အသက်လေညှင်း
လေးလို တိုးတိုးလေးစကားဆိုလိုက်တာက..
"အဲ့ဒါ အသက်မှမဟုတ်ခဲ့တာ.."
🍂🍂🍂🍂🍂🍂🍂
သာသာမနေ့တည်းကupချင်တာနေမကောင်း
လို့အခုတောင်ဆေးသောက်ပြီးupပေးလိုက်
တယ်နော်...ခမ်းနဲ့အသက်ကို ficဇာတ်လမ်းအ
ရခနတော့ခွဲခိုင်းရဦးမှာပါ...နားလည်ပေးကြပါနော်...ဖတ်ပေးတဲ့အသဲတွေကောcmရေး
ပေးတဲ့အသဲတွေကိုကျေးဇူးပါနော်...တခါတလေficဆက်ရေးချင်စိတ်ပျောက်သွားဖူးတယ်..ဒါပေမဲ့cmရေးပေးတဲ့အသဲတွေဖတ်ပေး
တဲ့အသဲတွေကြောင့် ဆက်ရေးမိခဲ့တယ်..အား
လုံးကိုကျေးဇူးတင်ပါတယ်နော်..သာသာနောက်ရေးမဲ့ficလေးတွေလည်းဖတ်ပေးပါဦး..😘😘😘
Zawgyi
သိပ်ကြောက်တာဘဲလား...။
လိုက်လေသည်...။
လေသည်....။
လေသည့် အသက်....။
"ခွမ်း..ဒုန်း..."
လေ..."
"မ...မဟုတ်ပါဘူးဦးရယ်..."
ခံတွေက နိုးလာပြီး မလှမ်းမကမ်းမှာရပ်၍ ကြည့်နေကြလေသည်...အနားကိုလည်းမသွားရဲကြ...ဟိုနေ့ကမြင်လိုက်ရတဲ့ မြင်ကွင်း
လေသည်...။
"ခွမ်း...ဂလွမ်း...ဒုန်း..."
တာလား...ဟမ်..."
သည်...။
ဝန်းတွေဖြင့်..။
ပန်ပါတယ်...အဟင့်..."
နော်..."
🍂🍂🍂🍂🍂🍂
လို့အခုတောင်ဆေးသောက်ပြီuးpပေးလိုက်