ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ င...

Por Kay_Wine

553K 103K 4.1K

Title - I Only Lived for Three Chapters in A Campus Romance Novel Author - Tang Shan Yue (糖山月) Total Chapter... Más

Description
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
အပိုင်း - ၁၁
အပိုင်း - ၁၂
အပိုင်း - ၁၃
အပိုင်း - ၁၄
အပိုင်း - ၁၅
အပိုင်း - ၁၆
အပိုင်း - ၁၇
အပိုင်း - ၁၈
အပိုင်း - ၁၉
အပိုင်း - ၂၀
အပိုင်း - ၂၁
အပိုင်း -၂၂
အပိုင်း - ၂၃
အပိုင်း - ၂၄
အပိုင်း - ၂၅
အပိုင်း - ၂၆
အပိုင်း - ၂၇
အပိုင်း - ၂၈ [ Zawgyi ]
အပိုင်း - ၂၈ [ Unicode ]
အပိုင်း - ၂၉
အပိုင်း - ၃၀
အပိုင်း - ၃၁
အပိုင်း - ၃၂
အပိုင်း - ၃၃
အပိုင်း - ၃၄
အပိုင်း - ၃၅
အပိုင်း - ၃၆.၁
အပိုင်း - ၃၆.၂
အပိုင်း - ၃၇.၁
အပိုင်း - ၃၈.၁
အပိုင်း - ၃၈.၂
အပိုင်း - ၃၉
အပိုင်း - ၄၀
အပိုင်း - ၄၁
အပိုင်း - ၄၂
အပိုင်း - ၄၃
အပိုင်း - ၄၄
အပိုင်း - ၄၅
အပိုင်း - ၄၆
အပိုင်း - ၄၇
အပိုင်း - ၄၈
အပိုင်း - ၄၉
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၈.၂
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉

အပိုင်း - ၃၇.၂

4.9K 1.1K 25
Por Kay_Wine

{Zawgyi}



စြဲထင္ေနတဲ့ေၾကာက္႐ြံ႕မႈေၾကာင့္ သူ႔ႏွလုံးက ခုန္ေပါက္ေနရင္း ေျပာလိုက္တယ္ "မင္းလည္း မင္းရဲ႕သက္ေတာ္ေစာင့္ေတြနဲ႔ ႀကိဳးစားေပးခဲ့သားပဲ"

"အင္း" ေမာ့က်ဴးခ်န္က လင္ရွန္းရဲ႕ဖုန္းကို ေဆာ့ကစားေနတုန္းပဲ "ဒါ သုံးလို႔ရေသးရဲ႕လား?" သူေျပာကာ ေဘးနားကခလုတ္ကို ႏွိပ္ၾကည့္လိုက္တယ္။

ကံေကာင္းေထာက္မစြာနဲ႔ပဲ ဖုန္းက်ျပဳတ္က်ၿပီး အက္သြားေပမယ့္ သုံးလို႔ရေနေသးတယ္။

"password" ေမာ့က်ဴးခ်န္ လင္ရွန္းကို ဖုန္းလွမ္းေပးလိုက္တယ္။ လင္ရွန္း သူ႔စကားနားေထာင္ကာ passwordႏွိပ္ေပးလိုက္တယ္။

႐ုတ္တရက္ သူ႔ႏွလုံးသားက ႏိုးႏိုးၾကားၾကားျဖစ္လာတယ္ "ဟုတ္သားပဲ!" သူ ေမာ့က်ဴးခ်န္ကို ေမာ့ၾကည့္လိုက္တယ္ "မင္းငါ့ကို ဒီမနက္ ေစာေစာေတြ႕မယ္ဆိုၿပီးေျပာထားတာေလ၊ ငါ့ကို ဘာေျပာခ်င္ေနလို႔လဲ?"

လင္ရွန္းေမးလိုက္တယ္။

မနက္ေစာေစာတုန္းက ေမာ့က်ဴးခ်န္ သူ႔ကိုဖုန္းေခၚလာၿပီး ေက်ာင္းနဲ႔သိပ္မေဝးတဲ့ဆီက လမ္းအလယ္ပန္းၿခံမွာ ေတြ႕မယ္လို႔ သေဘာတူခဲ့ၾကတယ္။ အဲ့အတြက္ေၾကာင့္ပဲ ဒီလိုမ်ိဳး အေတာ္ေလးေခ်ာင္က်တဲ့လမ္းဆီ ေကြ႕လာရတာျဖစ္တယ္။

ေစာေစာစီးစီးထြက္လာတာေၾကာင့္ လမ္းေပၚမွာလည္း လူေတြရွိမေနတာျဖစ္တယ္။ ဓီလူေတြက ဘယ္လိုလုပ္ၿပီး သူဒီလမ္းကို သြားမယ္ဆိုတာ သိေနရတာလဲ? ဒါမွမဟုတ္ သူ႔ေနာက္ကလိုက္လာၿပီး ဒီလိုလမ္းက်ဥ္းေလးထဲဝင္လိုက္တဲ့အခ်ိန္မွာ သူ႔ကိုကိုင္တြယ္ရလြယ္သြားတာေၾကာင့္ လမ္းပိတ္လိုက္တာမ်ားလား?

႐ုတ္ျခည္းဆိုသလို လင္ရွန္းရဲ႕စိတ္ထဲ အနက္ရႈိင္းဆုံးေနရာကေန မေရမတြက္ႏိုင္တဲ့ ေမးခြန္းေတြ ထြက္ေပၚလာတယ္။

"ငါမင္းနဲ႔ ေတြ႕မယ္ဆိုၿပီး ဖုန္းမေခၚပါဘူး!" ေမာ့က်ဴးခ်န္ ေျပာလိုက္တယ္။

"ဟမ္?" လင္ရွန္းမ်က္လုံးေတြ ျပဴးက်ယ္ကုန္တယ္။

သို႔ေပမယ့္ မနက္တုန္းက သူ႔ဆီဖုန္းဝင္လာတဲ့အခ်ိန္မွာ အိပ္ေနတုန္းျဖစ္ၿပီး ဇေဝဇဝါျဖစ္ေနခဲ့တယ္ဆိုေပမယ့္ ဖုန္းမ်က္ႏွာျပင္ကိုေတာ့ ျမင္လိုက္ရေသးတယ္။

မ်က္ႏွာျပင္မွာ ေမာ့က်ဴးခ်န္ဆီက အဝင္ေကာလ္ဆိုတာကို အတိအက်ျပသေနခဲ့တယ္။

သူ႔လက္ထဲကေန ေမာ့က်ဴးခ်န္ ဖုန္းကို ယူလိုက္တယ္။ ထို႔ေနာက္ လင္ရွန္းရဲ႕ဖုန္းအဝင္မွတ္တမ္းကို ဖြင့္ၾကည့္လိုက္တယ္။

လတ္တေလာ ဖုန္းေခၚဆိုမႈမွာ မနက္ပိုင္း 5:50တုန္းက ေမာ့က်ဴးခ်န္ဆိုတဲ့နာမည္ႀကီးနဲ႔ ဝင္ထားတာရွိတယ္။ သူေျပာတာ အမွန္ပဲ!

လင္ရွန္း ဖုန္းမ်က္ႏွာျပင္ကို စိုက္ၾကည့္ေနမိတယ္။ သူ႔မ်က္လုံးေတြကိုပင့္ကာ ေမာ့က်ဴးခ်န္ကိုပဲ ဆက္ၾကည့္ေနလိုက္တယ္။

"ဒီေလာက္အေစာႀကီး ငါမင္းကို မေခၚပါဘူး" ေမာ့က်ဴးခ်န္က အရင္ဆုံးေျပာလာတယ္။

သူ ဖုန္းအဝင္မွတ္တမ္းကို ႏွိပ္လိုက္ေတာ့ ဖုန္းနံပါတ္အေသးစိတ္ေပၚလာတယ္။

"ဒါက ငါ့နံပါတ္မွ မဟုတ္တာ!" သူ လင္ရွန္းကို ဖုန္းထိုးျပလိုက္တယ္။ ထို႔ေနာက္ ေခါင္းျပန္ငုံ႔ကာ လင္ရွန္းရဲ႕ ဖုန္းစာရင္းကို ဖြင့္လိုက္ျပန္တယ္ "တစ္ေယာက္ေယာက္က ငါ့နာမည္ကိုသုံးၿပီး မင္းဖုန္းထဲမွာ တျခားနံပါတ္ကို အစားထိုးထားတာ!"

လင္ရွန္း "..."

အဲ့ေတာ့ ဒါက ဟိုးအရင္တည္းက စီစဥ္ထားတာေပါ့?! ဒါေပမယ့္ ဒီလိုကိစၥမ်ိဳးနဲ႔ပက္သက္ၿပီး ေမာ့က်ဴးခ်န္လိမ္ေျပာလိမ့္မယ္လို႔ သူ သံသယမျဖစ္မိဘူး။

"အဲ့လိုဆို..." လင္ရွန္း မ်က္ေမွာင္ၾကဳတ္သြားတယ္ "တစ္ေယာက္ေယာက္က ဟိုးတုန္းကတည္းက စီစဥ္ထားၿပီး ငါ့ကိုတမင္ အပိုင္ႀကိတ္ဖို႔လုပ္တာေပါ့?"

သူ သက္မတစ္ခ်က္ ရႈိက္မိသြားတယ္။

တကယ္လို႔ ဒါက လုေျမာင္ေျမာင္သာဆိုရင္ တစ္ဖက္လူရဲ႕အေကာက္ႀကံမႈက အေတာ္ေလးေၾကာက္စရာေကာင္းတာပဲ!

"မင္းက ဝက္လား?!" ေမာ့က်ဴးခ်န္ ေဒါသျဖစ္ျဖစ္နဲ႔ ရယ္လိုက္တယ္ "တကယ္လို႔ တျခားလူက ငါ့ဖုန္းနံပါတ္ကို မွတ္သြားတယ္ဆိုရင္လည္း မင္းက အသံကိုေတာင္ မၾကားႏိုင္ေတာ့ဘူးလားကြ?!"

လင္ရွန္း "..."

ထိုအခ်ိန္တုန္းက သူလည္း အိပ္ခ်င္မူးတူးျဖစ္ေနၿပီး ဆူညံေနတဲ့ဖုန္းသံေၾကာင့္ ႏိုးသြားရတယ္။ ေနာက္ၿပီး ေမာ့က်ဴးခ်န္ဆီက ဖုန္းလာတာကိုျမင္ၿပီး ကိုင္လိုက္တာျဖစ္တယ္။ တစ္ဖက္က အေတာ္ေလး ေလးတိေလးကန္ႏိုင္တဲ့အသံနဲ႔ လူငယ္တစ္ေယာက္ရဲ႕ေလသံဆိုတာကိုပဲ ဝိုးတိုးဝါးတားမွတ္မိလိုက္တယ္။

အခု ဒါကိုျပန္ေတြးၾကည့္ေတာ့မွ တစ္ဖက္လူက အသံေျပာင္းတဲ့စက္ကို သုံးထားတာလည္း ျဖစ္ႏိုင္တယ္။ အသံက အနည္းငယ္ေဝးသလိုျဖစ္ေနၿပီး ေတာ္ေတာ္ေလးလည္း မရွင္းမလင္းျဖစ္ေနခဲ့တယ္။

ဒါ့အျပင္ ဖုန္းစစဝင္လာခ်င္းမွာလည္း နဂိုအသံအနည္းငယ္ ပါႏိုင္တယ္။

သူ တကယ္ကို မၾကားလိုက္တာ။

"အန္?" ထင္ထားတဲ့ကြဲလြဲစြာ ေမာ့က်ဴးခ်န္က ဒီျပႆနာကို အေတာ္အေလးထားေနပုံရတယ္ "မင္း ငါ့အသံမၾကားလိုက္ဘူးမွတ္လား?!"

သူ ဒုတိယအႀကိမ္ ေမးလာျပန္တယ္ "ဒါေတာင္မွ ဒီလိုမ်ိဳး ငတုံးတစ္ေယာက္ရဲ႕အႀကံအစည္က မင္းကို အ႐ူးလုပ္လိုက္ႏိုင္တယ္? မင္းက ဝက္လားလို႔?!"

လင္ရွန္း "..."

'ဟုတ္ၿပီ!'

ခုေလးတင္ပဲ ေမာ့က်ဴးခ်န္က သူ႔ကို ကယ္ေပးခဲ့တာဆိုေတာ့ သူလည္း ေရးႀကီးခြင္က်ယ္ လုပ္မေနခ်င္ေတာ့ဘူး။

"အ႐ူးေကာင္!" ေမာ့က်ဴးခ်န္လည္း အႀကံအိုက္ေနပုံေပၚတယ္။ သူ လင္ရွန္းကို မ်က္ႏွာႀကီးမည္းကာ စိုက္ၾကည့္ၿပီး "ၿပီးေတာ့ မင္းက တျခားသူေတြကိုလည္း မင္းရဲ႕ဖုန္း ဒီတိုင္းေပးသုံးလိုက္တာပဲလား?"

"... သူတို႔လက္ေတြေျခေတြက ဘယ္အခ်ိန္လႈပ္ရွားမယ္ဆိုတာကို ငါက ဘယ္လိုလုပ္သိမွာလဲ?" လင္ရွန္း ေျဖးေျဖးခ်င္းေျပာလိုက္တယ္။

သူ႔ဖုန္းကို တျခားသူ သုံးရေအာင္ဆိုၿပီး ငွားမိခဲ့တာကို တကယ္မမွတ္မိဘူး။ ဒါေပမယ့္ ဒီလူေတြက သူ႔ကိုတမင္ေခ်ာင္ပိတ္ခ်င္တယ္ဆိုတည္းက ေသခ်ာေပါက္ ႀကိဳတင္ၿပီး သူ႔ကိုအၿမဲေစာင့္ၾကည့္ေနခဲ့မွာျဖစ္တယ္။

သူ ဂ႐ုမစိုက္မိတဲ့အခ်ိန္ကို အခြင့္ေကာင္းယူၿပီး ဖုန္းနံပါတ္အတုတစ္ခု မွတ္ဖို႔ဆိုတာကလည္း ခက္ခဲတဲ့အရာမဟုတ္ဘူး။

ေမာ့က်ဴးခ်န္က ေျပာၿပီးတဲ့ေနာက္မွာ ထိုဖုန္းနံပါတ္ကိုေတာင္ လွမ္းေခၚေနၿပီျဖစ္တယ္။ ဖုန္းကေန ျမန္ျမန္ဆန္ဆန္ပဲ အလိုအေလ်ာက္ျပန္ေျဖတဲ့ ညီမငယ္တစ္ေယာက္ရဲ႕အသံ ထြက္ေပၚလာတယ္ "ဝမ္းနည္းပါတယ္၊ လူႀကီးမင္းေခၚဆိုေသာ ဖုန္းနံပါတ္မွာ စက္ပိတ္ထားပါတယ္ရွင္၊ ေက်းဇူးျပဳၿပီး ေနာက္တစ္မွျပန္လည္ေခၚဆိုေပးပါရွင္"

ေမာ့က်ဴးခ်န္ မ်က္ႏွာႀကီးမည္းသည္းကာ ဖုန္းခ်လိုက္ၿပီး နံပါတ္ကို မွတ္ထားလိုက္တယ္။ သူက သူ႔လက္ေအာက္ငယ္သားေတြဆီ နံပါတ္လႊဲေပးလိုက္ၿပီး "ဒီဖုန္းနံပါတ္က ဘယ္ေနရာမွာ သုံးခဲ့တာလဲဆိုတာ စစ္ခဲ့၊ ၿပီးရင္ လူကိုရွာႏိုင္မယ့္ နည္းလမ္းတစ္ခု ရွာလာ"

ဒီကိစၥေတြ လုပ္လို႔အၿပီးမွာ ေမာ့က်ဴးခ်န္ ေခါင္းေမာ့ၾကည့္လိုက္ေတာ့ ေဘးနားမွာ ကုပ္ကုပ္ကေလးနဲ႔ လိမ္လိမ္မာမာရပ္ေနတဲ့ လင္ရွန္းကို ေတြ႕သြားတယ္။

"အ႐ူးေလး" သူ တိုးဖြဖြ ထပ္ဆူလိုက္ၿပီးေနာက္ ျပန္လွည့္ကာ ေဘးတံခါးကို ဖြင့္ေပးလိုက္တယ္ "ဝင္၊ ေက်ာင္းသြားမယ္"

လင္ရွန္း "..."

ဒီကေန ရွင္းဆန္းေက်ာင္းကိုဆို အေတာ္ေလးနီးေနၿပီျဖစ္တယ္။ လင္ရွန္း ကားထဲဝင္ကာ ထိုင္ခုံမွာထိုင္ၿပီး ေမာ့က်ဴးခ်န္ ကားစက္ႏႈိးတာကို ၾကည့္ေနမိတယ္။

"ခဏ ခဏ!" သူ ႐ုတ္တရက္ သတိရသြားတယ္ "လုေျမာင္ေျမာင္သာ ငါ ဒဏ္ရာမရဘူးဆိုတာ သိသြားရင္ ေသခ်ာေပါက္ တျခားနည္းလမ္းေတြ သုံးလာအုံးမွာ" သူေျပာရင္း မ်က္ေမွာင္လည္း ၾကဳတ္သြားတယ္။

"ငါထင္တာေတာ့ သူ ယုံသြားေအာင္ နည္းနည္းေလးဟန္ေဆာင္..."

"ဘာလို႔လဲ?!" ေမာ့က်ဴးခ်န္ ေဒါသျဖစ္စြာ ရယ္မိျပန္တယ္ "မင္းက တကယ့္ကိုအ႐ူးပဲ!" သူ ေျပာကာ ေက်ာင္းဆီကို ေမာင္းေနၿပီျဖစ္တယ္။ "မင္းေဘးမွာ ငါရွိေနတာကို လုေျမာင္ေျမာင္ျမင္ၿပီး မင္းက ဒဏ္ရာရေနေသးတယ္ဆိုရင္... မင္းေတြးၾကည့္ေလ သူ ယုံမလားဆိုတာ?!"

"အင္?!"

ေမာ့က်ဴးခ်န္ ေျပာေနတုန္းမွာပဲ ကားက ရွင္းဆန္းေက်ာင္းေရွ႕ေပါက္၀မွာ ရပ္သြားၿပီျဖစ္တယ္။

"ဆင္းေတာ့! အ႐ူးေလးရဲ႕!" ေမာ့က်ဴးခ်န္က ကိုယ္ကိုကိုင္းကာ ေသေသသပ္သပ္ လင္ရွန္းရဲ႕ထိုင္ခုံခါးပတ္ကို ျဖဳတ္ေပးလိုက္တယ္။ သူ ကားေပၚက အရင္ဆင္းသြားၿပီးေနာက္ အထူးတလည္ လင္ရွန္းရွိရာဘက္ကို ပတ္သြားကာ ဆင္းလာဖို႔ေစာင့္ေပးလိုက္တယ္။

"ဒါေပမယ့္..."

"ဒါေပမယ့္!" ေမာ့က်ဴးခ်န္ အေတာ္ေလးစိတ္မရွည္ေတာ့တာေၾကာင့္ ကားထဲမွာထိုင္ေနဆဲ ေနခဲ့ဖို႔ႀကိဳးစားေနတဲ့ လင္ရွန္းဆီ လက္ဆန႔္ထုတ္လိုက္ၿပီး အေရးမစိုက္ဟန္ ဆြဲထုတ္လိုက္တယ္။

"ဒါေပမယ့္ မေနနဲ႔!" ေခါင္းကို လွည့္ကာ သူ႔ရဲ႕စူးရွတဲ့အၾကည့္က ရွင္းဆန္းေက်ာင္းေပါက္၀ေရွ႕ကို က်ေရာက္သြားတယ္ "လုေျမာင္ေျမာင္က ငါ့ရဲ႕လူကို လာထိရဲမွေတာ့ က်ရႈံးမွာကို ျပင္ဆင္ထား႐ုံနဲ႔မရဘူး၊ ေနာက္ဆက္တြဲေတြအတြက္ပါ ျပင္ဆင္ထားမွရမယ္"

"ဝင္မယ္!" ေမာ့က်ဴးခ်န္က ေျပာၿပီးတာနဲ႔ ေက်ာင္းေရွ႕ေပါက္ကေန ဝင္သြားေတာ့တယ္။ သူ ႏွစ္လွမ္းေလာက္ ေလွ်ာက္ၿပီး လင္ရွန္း ပါမလာတာကို သိလိုက္ရတယ္။ သူ ရပ္လိုက္ရျပန္ၿပီး ေခါင္းလွည့္ကာ ကားေဘးမွာ အူေၾကာင္ေၾကာင္ျဖစ္ေနဆဲလင္ရွန္းကို ၾကည့္လိုက္တယ္။ "ဘာေတြ ေငးေနတာလဲ? အ႐ူးရဲ႕!"

လင္ရွန္း "..."

ဒီမနက္မွာတင္ ေမာ့က်ဴးခ်န္ဆီက 'ဝက္'တို႔ 'အ႐ူး'တို႔ကို ဘယ္ႏွစ္ႀကိမ္ေလာက္ေတာင္ အေခၚခံရၿပီးၿပီလဲ!

တစ္ဖက္လူက သူ႔ကိုကယ္ေပးခဲ့တယ္ဆိုရင္ေတာင္မွ သူ သည္းမခံႏိုင္ေတာ့ဘူး!

"ေမာ့က်ဴးခ်န္၊ မင္း ၾကားဖူးရဲ႕လား..." လင္ရွန္း ေမာ့က်ဴးခ်န္နားကို ေလွ်ာက္သြားၿပီး ႐ုတ္တရက္ႀကီး ထေမးလိုက္တယ္ "ပညာရွိတဲ့လူက အင္းလို႔ေျပာေပမယ့္ ငတုံးက ဟင့္အင္းလို႔ေျပာတဲ့ ပုံျပင္ကိုေလ?"

"ဟင့္အင္း..." ေမာ့က်ဴးခ်န္ ေျပာၿပီးခါမွ သူအ႐ူးလုပ္ခံလိုက္ရမွန္း သိသြားတယ္။ သူ လက္ကိုဆန႔္ကာ လင္ရွန္းေခါင္းအေနာက္ပိုင္းကို ပုတ္လိုက္တယ္။ "ဒီေနရာထိ ငါ့ေနာက္က တုန္တုန္ရီရီနဲ႔လိုက္လာတာက ပညာရွိတာလား? မနက္တုန္းက ဘယ္လိုလုပ္ ငါ့အသံကိုေတာင္ မၾကားႏိုင္ရတာလဲ?"

လင္ရွန္း "..."

ေကာင္းၿပီ၊ စိတ္ႀကီးဝင္တတ္တဲ့ေက်ာင္းျမက္ႀကီးရဲ႕ အေလွ်ာ့မေပးတဲ့အခ်က္ကို သူသိလိုက္ရၿပီ!

နဂိုတည္းက ေမာ့က်ဴးခ်န္ဆိုသည္မွာလည္း ေက်ာင္းဝင္းရဲ႕နာမည္ေက်ာ္တစ္ေယာက္ျဖစ္တယ္။ ေနာက္ၿပီး လတ္တေလာ လင္ရွန္းကလည္း တအားနာမည္ႀကီးလာတယ္။ ႏွစ္ေယာက္သား ေက်ာင္းဝင္းထဲ ေဘးခ်င္းကပ္ေလွ်ာက္ေနၾကေတာ့ အၾကည့္ေပါင္းမ်ားစြာ ကပ္ၿငိတာကိုခံေနရတယ္။

လင္ရွန္းလည္း လုပ္ေနက်အတိုင္း ေလွ်ာက္ေနတာဆိုေပမယ့္ သူတို႔ေနာက္ကေန တခ်ိန္လုံး တီးတိုးေျပာေနတဲ့စကားေတြကို ႏွစ္ေယာက္စလုံး ၾကားေနရတယ္ _

"မွားမ်ား မွားေနတာလား?! သူတို႔ေတြ တကယ္ႀကီး ေက်ာင္းအတူလာၾကတယ္! မဟုတ္မွ ေက်ာင္းျမက္ေလးက ဒီလင္ရွန္းနဲ႔ တြဲေနတယ္ဆိုတာ အမွန္ပဲလား?"

"ၿပီးေတာ့ ခုေလးတင္ လင္ရွန္းက သခင္ေလးေမာ့ရဲ႕ကားေပၚက ဆင္းလာတာကိုလည္း ငါျမင္လိုက္တယ္!"

"မျဖစ္ႏိုင္တာ!"

သူ႔ေနာက္ေက်ာမွာ ဒီလိုမ်ိဳး ေဆြးေႏြးေနတာေတြကို လင္ရွန္း အာ႐ုံစိုက္မေနေတာ့ဘူး။ မနက္ပိုင္း သည္းထိတ္ရင္ဖိုအေတြ႕အႀကဳံက သူ႔ကို ေၾကာက္လန႔္တာနဲ႔ စိတ္လႈပ္ရွားတာကို ခံစားေစရတဲ့အျပင္ သူ႔ဗိုက္ထဲက မီးေတာက္ကိုလည္း ထိန္းခ်ဳပ္ထားရေသးတယ္။

ဒီလိုမ်ိဳး စည္းမ်ဥ္းေတြကို လုံး၀ေလးစားမႈမရွိဘဲ တရားမမွ်တတဲ့ ဒီလိုယွဥ္ၿပိဳင္ျခင္းမ်ိဳးကို သူအမုန္းဆုံးပဲ။ ဒါေၾကာင့္ အခုခ်ိန္ သူ႔စိတ္ထဲမွာ တစ္ခုတည္းေသာ ေတြးမိတဲ့အရာက သူ လုေျမာင္ေျမာင္ကို အႏိုင္ပိုင္းမွရမယ္ဆိုတာပဲျဖစ္တယ္။

သူနဲ႔ ေမာ့က်ဴးခ်န္လည္း သင္ၾကားေရးအေဆာက္အအုံဆီ လွ်င္ျမန္စြာ ေလွ်ာက္သြားလိုက္ၾကတယ္။

"ေဟး!" လင္ရွန္းနဲ႔ တစ္ဖက္လူက ဒုတိယထပ္ကို တက္လာ႐ုံရွိေသးတယ္ ေမာ့က်ဴးခ်န္က သူ႔လက္ေမာင္းကို ႐ုတ္တရက္ ဆြဲလိုက္တယ္ "ငါနဲ႔ လိုက္ခဲ့"

"ဟမ္?" သူ ေၾကာင္အသြားတယ္။

စီနီယာ Fခန္းရဲ႕စာသင္ခန္းက ထိပ္ဆုံးအလႊာမွာျဖစ္တယ္။ ဒုတိယထပ္ကေတာ့ လက္ေ႐ြးစင္အတန္းျဖစ္တယ္။ စာသင္ခန္းဆီ ေျခလွမ္းက်ယ္ႀကီးေတြနဲ႔ သြားေနတဲ့ ေမာ့က်ဴးခ်န္ရဲ႕ေနာက္ေက်ာကို လင္ရွန္းၾကည့္ၿပီး တစ္ဖက္လူ ဘာလုပ္ခ်င္တယ္ဆိုတာကို အၾကမ္းဖ်င္း ခန႔္မွန္းမိလိုက္တယ္။

သူ ဒါကို ေတြးမိေပမယ့္ ေမာ့က်ဴးခ်န္ေနာက္ကေန ေျခလွမ္းက်ယ္က်ယ္လွမ္းကာ လက္ေ႐ြးစင္တန္းဆီ လိုက္သြားဆဲျဖစ္တယ္။ အစကေတာ့ အိမ္ကေန ေစာေစာထြက္လာခဲ့တယ္ဆိုေပမယ့္ လမ္းေပၚမွာ ဒီလိုမ်ိဳး ေႏွာင့္ေႏွးခဲ့ရတာေၾကာင့္ ေက်ာင္းေရာက္လာခ်ိန္မွာ သိသိသာသာေနာက္က်ေနၿပီျဖစ္တယ္။

အခုခ်ိန္မွာ ေက်ာင္းဝင္းထဲ ေက်ာင္းသားေတြကလည္း အေတာ္ေလးမ်ားျပားေနၿပီ။ နဂိုတည္းက တစ္ေက်ာင္းလုံးမွာ လက္ေ႐ြးစင္အတန္းရွိေက်ာင္းသားေတြက ဝီရိယအရွိဆုံးအုပ္စုျဖစ္တာေၾကာင့္ အတန္းထဲမွာ ေက်ာင္းသားေတြလည္း ထိုင္ခုံအျပည့္ေရာက္ေနၾကၿပီျဖစ္တယ္။

ရႈခ်န္းေတာင္ သူ႔ေနရာမွာသူ ေရာက္ေနၿပီ။

သူက ေမာ့က်ဴးခ်န္နဲ႔ လင္ရွန္းတို႔ကို ျမင္တဲ့အခါ သူတို႔ကို လာႏႈတ္ဆက္ၿပီး ေျပာလာတယ္ "ဘာကိစၥရွိလို႔လဲ?"

ေမာ့က်ဴးခ်န္ရဲ႕ႏႈတ္ခမ္းေထာင့္က တြန႔္ခ်ိဳးသြားၿပီး လင္ရွန္းကလည္း ၿပဳံး႐ုံသာ ၿပဳံးေနတယ္။ ရႈခ်န္းမ်က္လုံးေတြ အေရာင္လက္သြားၿပီး သူ႔မ်က္မွန္ကို ပင့္တင္လိုက္တယ္။

လက္ေ႐ြးစင္အတန္းက ေက်ာင္းသားေတြအားလုံးနီးပါးလည္း လင္ရွန္းနဲ႔ ေမာ့က်ဴးခ်န္တို႔ကို သတိထားမိေနၾကၿပီ။ တစ္ေယာက္ၿပီးတစ္ေယာက္ သင္႐ိုးၫႊန္းတန္းစာအုပ္ေတြဆီကေန သူတို႔ေခါင္းေတြေထာင္လာၿပီး စူးစမ္းခ်င္သလို၊ နားမလည္သလိုအၾကည့္ေတြအျပင္ သူတို႔ႏွစ္ေယာက္စလုံးကို စက္ဆုပ္သလိုအၾကည့္ေတြေတာင္ ပါလိုက္ေသးတယ္။

လက္ေ႐ြးစင္အတန္းက လူအမ်ားစုကေတာ့ ဆိုးဝါးတဲ့အတန္းထဲက ေက်ာင္းသားေတြကို အထင္ေသးသလိုမၾကည့္ၾကဘူး။ သူတို႔ထဲမွာလည္း နာမည္ႀကီးက ရွိေနေသးတာကိုး။

လုေျမာင္ေျမာင္က ျပတင္းေပါက္အနီး တတိယတန္းမွာ ထိုင္ေနတယ္။ သူမက ရွင္းဆန္းေက်ာင္းယူနီေဖာင္းကို ဝတ္ဆင္ထားၿပီး အနက္ေရာင္ေျဖာင့္စင္းေနတဲ့ ဆံႏြယ္ေတြကို ေနာက္ေက်ာမွာ ဖားလ်ားခ်ထားတယ္။ ခပ္ႀကီးႀကီးမ်က္ဝန္းနက္ႀကီးေတြကလည္း ေဆးစက္ခ်ထားဟန္ေပၚတယ္။

သူမရဲ႕လက္ဖဝါးအ႐ြယ္ မ်က္ႏွာေသးေသးေလးက အမူအယာကင္းမဲ့ေနေပမယ့္ စြဲမက္ဖြယ္ ျဖဴစင္ေအးစက္တဲ့ပုံေလးျဖစ္ေနဆဲ။

အစက သူမရဲ႕ေက်ာင္းစာသင္ခုံေဘးမွာ သူမသူငယ္ခ်င္းလင္းေဝ့နင္က သူမကိုအသံတိုးတိုးနဲ႔ စကားေျပာေနတာျဖစ္တယ္။ ေမာ့က်ဴးခ်န္နဲ႔ လင္ရွန္းကို ျမင္သြားခ်ိန္မွာ လင္းေဝ့နင္မ်က္လုံးေတြက အံ့အားတႀကီး ျပဴးက်ယ္လာတယ္။

သူမက လက္ကိုဆန႔္ထုတ္ကာ လုေျမာင္ေျမာင္ရဲ႕အက်ီလက္ကို ဆြဲလိုက္တယ္ "ေျမာင္ေျမာင္၊ သခင္ေလးေမာ့ဟ!"

"လုေျမာင္ေျမာင္!" ေမာ့က်ဴးခ်န္က လက္ေ႐ြးစင္အတန္းထဲေတာင္ ေလွ်ာက္ဝင္လာေနၿပီျဖစ္တယ္။

"သခင္ေလးေမာ့!" လုေျမာင္ေျမာင္ရဲ႕ သစၥာရွိခ်စ္ေရးဆိုထားသူႀကီး အိုးရန္ယင္းယီက မဆိုင္းမတြ မတ္တပ္ရပ္ကာ သူ႔ကိုႏႈတ္ဆက္လာတယ္ "ဘာလိုခ်င္..."

"လမ္းဖယ္ေနစမ္း!" သူေျပာလို႔ေတာင္ မၿပီးေသးခင္ ေမာ့က်ဴးခ်န္က သူ႔ကို ေဘးဘက္တြန္းထုတ္ပစ္လိုက္တယ္။

"လုေျမာင္ေျမာင္!" ေမာ့က်ဴးခ်န္ လုေျမာင္ေျမာင္နားကို ေလွ်ာက္သြားၿပီး ေခါင္းငုံ႔ကာ သူမကို ႐ြံရွာမႈအျပည့္နဲ႔ ၾကည့္လိုက္တယ္။

လင္းေဝ့နင္က မႊန္ထူစြာ သူမရဲ႕ပါးစပ္ေသးေသးေလးကို အသာဖြင့္ဟလိုက္တယ္။ သူမက အလြန္နီးကပ္ေနတာေၾကာင့္ ေမာ့က်ဴးခ်န္မ်က္ႏွာေပၚက အမူအယာကို အတိုင္းသားျမင္ေနရတယ္။

__ မူလတန္းေက်ာင္းစတက္တည္းက သူမက ရွင္းဆန္းေက်ာင္းက ေက်ာင္းသားတစ္ေယာက္ျဖစ္လာခဲ့တာျဖစ္တယ္။ သို႔ေပမယ့္ ႏွစ္ေပါင္းမ်ားစြာအတြင္း ေမာ့က်ဴးခ်န္မ်က္ႏွာေပၚမွာ ဒီလိုအမူအယာမ်ိဳး ဘယ္တုန္းကမွ မေတြ႕ဖူးခဲ့ဘူး။

"အရင္ဆုံး လင္ရွန္းက ငါ့ကို ဒီဟာက တရားမွ်တတဲ့ယွဥ္ၿပိဳင္မႈတစ္ခု ျဖစ္ကိုျဖစ္ရမယ္၊ ႏိုင္တာက ေပ်ာ္ဖို႔ေကာင္းတယ္လို႔ ေျပာခဲ့တယ္!" ေမာ့က်ဴးခ်န္အသံက က်ယ္ေလာင္ေနတာမ်ိဳးမဟုတ္ေပမယ့္ တစ္ခန္းလုံး ျပတ္ျပတ္သားသား ၾကားႏိုင္ဖို႔ရာ လုံေလာက္ေနတယ္။ "ေသခ်ာေပါက္ ငါကလည္း သူေျပာတာ က်ိဳးေၾကာင္းဆီေလ်ာ္တယ္လို႔ေတြးၿပီး ကစားပြဲစည္းမ်ဥ္းေတြကို ေလးစားခ်င္စိတ္ျဖစ္ေနတာ၊ ဒါကိုေတာင္ တစ္ေယာက္ေယာက္က အလ်င္လိုေနၿပီး ကစားပြဲစည္းမ်ဥ္းေတြကို အရင္ဆုံး ခ်ိဳးေဖာက္လိုက္တယ္!"

ေမာ့က်ဴးခ်န္ ႏႈတ္ခမ္းေထာင့္က ေကာ့တက္ေနၿပီး ေရခဲသြားလို မ်က္လုံးေတြက လုေျမာင္ေျမာင္ကို တည္တည္ၿငိမ္ၿငိမ္ ၾကည့္ေနတယ္ "အဲ့လိုသာဆိုရင္ေတာ့ ငါလည္း ကစားပြဲစည္းမ်ဥ္းေတြကို လိုက္နာေနစရာ မလိုေတာ့ဘူးမဟုတ္လား?"

သူေျပာကာ ႏႈတ္ခမ္းေထာင့္က ေကြးတက္ေနတာေၾကာင့္ ဆန္းက်ိဳရဲ႕ေအးစက္တဲ့ေလထက္ေတာင္မွ ပိုမိုေအးစက္ ပိုမိုထက္ရွတဲ့ မဲ့ၿပဳံးတစ္ခု ေပၚထြက္ေနတယ္။ [ T/N : ဆန္းက်ိဳ႕ - တစ္ႏွစ္ပတ္လုံးမွာ အေအးဆုံးအခ်ိန္ျဖစ္တဲ့ မတ္လ ကိုးရက္ေန႔ပါတဲ့ ]

"လုေျမာင္ေျမာင္ ငါ နင့္ကို ေက်းဇူးတင္ရမွာေပါ့! ေန႔တိုင္း နမူနာပုစာၦေတြကို လိုက္မွတ္ေနရတာထက္စာရင္ ငါ့နည္းလမ္းကမွ ပိုၿပီး ထိေရာက္တဲ့အျပင္ နည္းနည္းေတာင္ လိုတိုရွင္းျဖစ္ေနအုံးမယ္လို႔ ခံစားရတယ္"

သူက ေျပာရင္း သူ႔အၾကည့္က အိုးရန္ယင္းယီ၊ လုေျမာင္ေျမာင္နဲ႔ လင္းေဝ့နင္တို႔အေပၚ က်ေရာက္ေနတယ္... ပုံမွန္အားျဖင့္ လုေျမာင္ေျမာင္နားမွာ စုေဝးရတာကို သေဘာက်တဲ့လူေတြရဲ႕မ်က္ႏွာေတြက တျဖည္းျဖည္း လွီးလႊဲကုန္ၾကတယ္။

ေမာ့က်ဴးခ်န္ရဲ႕အၾကည့္ က်ေရာက္ျခင္းခံရတဲ့သူေတြအားလုံးလည္း သူတို႔ရဲ႕ဂုတ္ပိုးေတြေပၚမွာ ၾကက္သီးေမႊးညႇင္းေတြ ထလာၾကတယ္။

အထူးသျဖင့္ အိုးရန္ယင္းယီျဖစ္တယ္။ သို႔ေပမယ့္ သူက ေမာ့က်ဴးခ်န္နဲ႔ ယွဥ္ၿပိဳင္ကာ တိုက္႐ိုက္ အေလာင္းအထပ္လုပ္ထားၿပီးေနၿပီျဖစ္တယ္။

ေမာ့က်ဴးခ်န္က သူ႔ကို ဘာလုပ္ႏိုင္မွာလဲ?!

အိုးရန္ယင္းယီ ရွည္ရွည္ေဝးေဝးေတာင္ ဆက္မေတြးရဲေတာ့ဘူး။ သူ လုေျမာင္ေျမာင္ဆီကို စိတ္ပ်က္အားငယ္မႈတခ်ိဳ႕နဲ႔ ေခါင္းလွည့္ၾကည့္လိုက္တယ္။ တကယ္ပဲ လုေျမာင္ေျမာင္က ေမာ့က်ဴးခ်န္ကို ဘာလုပ္ခဲ့တာလဲ? သူမ မသိဘူးလား?!

ဒီအေလာင္းအစားက ကစားပြဲတစ္ခုသာဆိုရင္ သူတို႔ရဲ႕တစ္ခုတည္းေသာ အႏိုင္ရႏိုင္မယ့္ေမွ်ာ္လင့္ခ်က္က ေမာ့က်ဴးခ်န္တစ္ေယာက္ ကစားပြဲ​စည္းမ်ဥ္းေတြကို လိုက္နာၿပီး အခေၾကးေပးရတာမ်ိဳးမရွိဘဲ ေအးေအးလူလူပါဝင္ေပးဖို႔ျဖစ္တယ္။ [ T/N : အသားမနာရတာမ်ိဳးကို ေျပာတာေနမယ္ ]

ဒါေပမယ့္ အခုေတာ့ လုေျမာင္ေျမာင္က ဘာလုပ္ခဲ့တာလဲ? အခု နတ္ဆိုးအႀကီးစားႀကီးက ကစားပြဲမွာ ေၾကးနဲ႔ေဆာ့ဖို႔ ျပင္ေနခ်င္ေနၿပီလား?

ဒါဆို သူတို႔မွာ... ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ေရာ ရွိေသးရဲ႕လား?!

လုေျမာင္ေျမာင္မ်က္ႏွာက ခဏတြင္းခ်င္း ျဖဴဆုပ္သြားတယ္။

"ငါ..." သူမ ပါးစပ္ကို ဟလိုက္ေပမယ့္ ဘာေျပာရမွန္း မစဥ္းစားတတ္ေအာင္ျဖစ္ေနတယ္။

သို႔ေပမယ့္ လင္းေဝ့နင္က အေလာတႀကီးေျပာလာတယ္ "သခင္ေလးေမာ့ နင္ တစ္ခုခု နားလည္မႈလြဲေနတာမဟုတ္ဘူးလား? ငါတို႔ေျမာင္ေျမာင္က ဘာမွမလုပ္ထားဘူး! အဲ့လင္ရွန္းကသာ..."

သူမက ေျပာၿပီး စာသင္ခန္းတံခါးနားက လင္ရွန္းဆီကို ေခါင္းလွည့္ၾကည့္လိုက္တယ္ "သူကသာ နင့္ေရွ႕မွာ လုေျမာင္ေျမာင္နဲ႔ ငါ့ကို ရန္စၿပီး က်ိန္ဆဲခဲ့တာ မဟုတ္ဘူးလား? ငါတို႔ ဘာမွမလုပ္ထားဘူးဆိုတာ အသိသာႀကီး ၿပီးေတာ့ သူက အာ႐ုံစိုက္ခံရေအာင္လုပ္ေနတဲ့ ေယာက်ာ္းတစ္ေယာက္! ငါ သူ႔ကို ႐ြံလြန္းလို႔!"

လင္ရွန္း "..."

ေမာ့က်ဴးခ်န္ကေတာ့ လင္းေဝ့နင္ကို အာ႐ုံေတာင္စိုက္မေနဘူး။ သူက ဒီစကားေတြေျပာလို႔ၿပီးသြားတာနဲ႔ အတန္းျပင္ကို ေလွ်ာက္သြားေတာ့တယ္။

"ကစားပြဲ... အခုစၿပီ!" ေမာ့က်ဴးခ်န္က လင္ရွန္းနားကို ေရာက္သြားတဲ့အထိ လမ္းေလွ်ာက္တာကို မရပ္လိုက္ဘူး။ သူက လုေျမာင္ေျမာင္နဲ႔ တျခားသူေတြကို ေက်ာေပးထားဆဲျဖစ္ၿပီး ေအးစက္ေနတဲ့အသံနဲ႔ ေျပာလာတယ္ "ဒါေပမယ့္ အခု ငါ့ရဲ႕စည္းမ်ဥ္းအတိုင္း ေျပာင္းမွျဖစ္မယ္!"

လက္ေ႐ြးစင္တန္းတစ္ခုလုံး တိတ္ဆိတ္ျခင္းတို႔ ႀကီးစိုးသြားတယ္။

ေက်ာင္းသားေတြအားလုံးရဲ႕မ်က္လုံးေတြက လုေျမာင္ေျမာင္နဲ႔ အိုးရန္ယင္းယီတို႔ကို ဂ႐ုဏာသက္စြာ ၾကည့္ေနၾကတယ္။ အခ်မ္းသာဆုံးနဲ႔ အင္အားအႀကီးဆုံး နတ္ဆိုးႀကီးက ေၾကးထပ္ခ်င္တယ္တဲ့!

ဒီအေလာင္းအစားက တိုက္ခိုက္ဖို႔ လိုေသးတာလား?

ထိုေန႔ ေန႔လည္မွာပဲ ရွင္းဆန္းေက်ာင္းဖိုရမ္ေပၚမွာ postေတြ ေပါက္ကြဲထြက္လာေတာ့တယ္။

တစ္စုံတစ္ေယာက္က ေမာ့က်ဴးခ်န္နဲ႔ လင္ရွန္းတို႔ေတြ အရႈံးမရွိ အႏိုင္ရမယ္ဆိုၿပီး စတင္ေလာင္းေၾကးထပ္လာေတာ့တယ္!


___________________________________



{Unicode}



စွဲထင်နေတဲ့ကြောက်ရွံ့မှုကြောင့် သူ့နှလုံးက ခုန်ပေါက်နေရင်း ပြောလိုက်တယ် "မင်းလည်း မင်းရဲ့သက်တော်စောင့်တွေနဲ့ ကြိုးစားပေးခဲ့သားပဲ"

"အင်း" မော့ကျူးချန်က လင်ရှန်းရဲ့ဖုန်းကို ဆော့ကစားနေတုန်းပဲ "ဒါ သုံးလို့ရသေးရဲ့လား?" သူပြောကာ ဘေးနားကခလုတ်ကို နှိပ်ကြည့်လိုက်တယ်။

ကံကောင်းထောက်မစွာနဲ့ပဲ ဖုန်းကျပြုတ်ကျပြီး အက်သွားပေမယ့် သုံးလို့ရနေသေးတယ်။

"password" မော့ကျူးချန် လင်ရှန်းကို ဖုန်းလှမ်းပေးလိုက်တယ်။ လင်ရှန်း သူ့စကားနားထောင်ကာ passwordနှိပ်ပေးလိုက်တယ်။

ရုတ်တရက် သူ့နှလုံးသားက နိုးနိုးကြားကြားဖြစ်လာတယ် "ဟုတ်သားပဲ!" သူ မော့ကျူးချန်ကို မော့ကြည့်လိုက်တယ် "မင်းငါ့ကို ဒီမနက် စောစောတွေ့မယ်ဆိုပြီးပြောထားတာလေ၊ ငါ့ကို ဘာပြောချင်နေလို့လဲ?"

လင်ရှန်းမေးလိုက်တယ်။

မနက်စောစောတုန်းက မော့ကျူးချန် သူ့ကိုဖုန်းခေါ်လာပြီး ကျောင်းနဲ့သိပ်မဝေးတဲ့ဆီက လမ်းအလယ်ပန်းခြံမှာ တွေ့မယ်လို့ သဘောတူခဲ့ကြတယ်။ အဲ့အတွက်ကြောင့်ပဲ ဒီလိုမျိုး အတော်လေးချောင်ကျတဲ့လမ်းဆီ ကွေ့လာရတာဖြစ်တယ်။

စောစောစီးစီးထွက်လာတာကြောင့် လမ်းပေါ်မှာလည်း လူတွေရှိမနေတာဖြစ်တယ်။ ဓီလူတွေက ဘယ်လိုလုပ်ပြီး သူဒီလမ်းကို သွားမယ်ဆိုတာ သိနေရတာလဲ? ဒါမှမဟုတ် သူ့နောက်ကလိုက်လာပြီး ဒီလိုလမ်းကျဉ်းလေးထဲဝင်လိုက်တဲ့အချိန်မှာ သူ့ကိုကိုင်တွယ်ရလွယ်သွားတာကြောင့် လမ်းပိတ်လိုက်တာများလား?

ရုတ်ခြည်းဆိုသလို လင်ရှန်းရဲ့စိတ်ထဲ အနက်ရှိုင်းဆုံးနေရာကနေ မရေမတွက်နိုင်တဲ့ မေးခွန်းတွေ ထွက်ပေါ်လာတယ်။

"ငါမင်းနဲ့ တွေ့မယ်ဆိုပြီး ဖုန်းမခေါ်ပါဘူး!" မော့ကျူးချန် ပြောလိုက်တယ်။

"ဟမ်?" လင်ရှန်းမျက်လုံးတွေ ပြူးကျယ်ကုန်တယ်။

သို့ပေမယ့် မနက်တုန်းက သူ့ဆီဖုန်းဝင်လာတဲ့အချိန်မှာ အိပ်နေတုန်းဖြစ်ပြီး ဇဝေဇဝါဖြစ်နေခဲ့တယ်ဆိုပေမယ့် ဖုန်းမျက်နှာပြင်ကိုတော့ မြင်လိုက်ရသေးတယ်။

မျက်နှာပြင်မှာ မော့ကျူးချန်ဆီက အဝင်ကောလ်ဆိုတာကို အတိအကျပြသနေခဲ့တယ်။

သူ့လက်ထဲကနေ မော့ကျူးချန် ဖုန်းကို ယူလိုက်တယ်။ ထို့နောက် လင်ရှန်းရဲ့ဖုန်းအဝင်မှတ်တမ်းကို ဖွင့်ကြည့်လိုက်တယ်။

လတ်တလော ဖုန်းခေါ်ဆိုမှုမှာ မနက်ပိုင်း 5:50တုန်းက မော့ကျူးချန်ဆိုတဲ့နာမည်ကြီးနဲ့ ဝင်ထားတာရှိတယ်။ သူပြောတာ အမှန်ပဲ!

လင်ရှန်း ဖုန်းမျက်နှာပြင်ကို စိုက်ကြည့်နေမိတယ်။ သူ့မျက်လုံးတွေကိုပင့်ကာ မော့ကျူးချန်ကိုပဲ ဆက်ကြည့်နေလိုက်တယ်။

"ဒီလောက်အစောကြီး ငါမင်းကို မခေါ်ပါဘူး" မော့ကျူးချန်က အရင်ဆုံးပြောလာတယ်။

သူ ဖုန်းအဝင်မှတ်တမ်းကို နှိပ်လိုက်တော့ ဖုန်းနံပါတ်အသေးစိတ်ပေါ်လာတယ်။

"ဒါက ငါ့နံပါတ်မှ မဟုတ်တာ!" သူ လင်ရှန်းကို ဖုန်းထိုးပြလိုက်တယ်။ ထို့နောက် ခေါင်းပြန်ငုံ့ကာ လင်ရှန်းရဲ့ ဖုန်းစာရင်းကို ဖွင့်လိုက်ပြန်တယ် "တစ်ယောက်ယောက်က ငါ့နာမည်ကိုသုံးပြီး မင်းဖုန်းထဲမှာ တခြားနံပါတ်ကို အစားထိုးထားတာ!"

လင်ရှန်း "..."

အဲ့တော့ ဒါက ဟိုးအရင်တည်းက စီစဉ်ထားတာပေါ့?! ဒါပေမယ့် ဒီလိုကိစ္စမျိုးနဲ့ပက်သက်ပြီး မော့ကျူးချန်လိမ်ပြောလိမ့်မယ်လို့ သူ သံသယမဖြစ်မိဘူး။

"အဲ့လိုဆို..." လင်ရှန်း မျက်မှောင်ကြုတ်သွားတယ် "တစ်ယောက်ယောက်က ဟိုးတုန်းကတည်းက စီစဉ်ထားပြီး ငါ့ကိုတမင် အပိုင်ကြိတ်ဖို့လုပ်တာပေါ့?"

သူ သက်မတစ်ချက် ရှိုက်မိသွားတယ်။

တကယ်လို့ ဒါက လုမြောင်မြောင်သာဆိုရင် တစ်ဖက်လူရဲ့အကောက်ကြံမှုက အတော်လေးကြောက်စရာကောင်းတာပဲ!

"မင်းက ဝက်လား?!" မော့ကျူးချန် ဒေါသဖြစ်ဖြစ်နဲ့ ရယ်လိုက်တယ် "တကယ်လို့ တခြားလူက ငါ့ဖုန်းနံပါတ်ကို မှတ်သွားတယ်ဆိုရင်လည်း မင်းက အသံကိုတောင် မကြားနိုင်တော့ဘူးလားကွ?!"

လင်ရှန်း "..."

ထိုအချိန်တုန်းက သူလည်း အိပ်ချင်မူးတူးဖြစ်နေပြီး ဆူညံနေတဲ့ဖုန်းသံကြောင့် နိုးသွားရတယ်။ နောက်ပြီး မော့ကျူးချန်ဆီက ဖုန်းလာတာကိုမြင်ပြီး ကိုင်လိုက်တာဖြစ်တယ်။ တစ်ဖက်က အတော်လေး လေးတိလေးကန်နိုင်တဲ့အသံနဲ့ လူငယ်တစ်ယောက်ရဲ့လေသံဆိုတာကိုပဲ ဝိုးတိုးဝါးတားမှတ်မိလိုက်တယ်။

အခု ဒါကိုပြန်တွေးကြည့်တော့မှ တစ်ဖက်လူက အသံပြောင်းတဲ့စက်ကို သုံးထားတာလည်း ဖြစ်နိုင်တယ်။ အသံက အနည်းငယ်ဝေးသလိုဖြစ်နေပြီး တော်တော်လေးလည်း မရှင်းမလင်းဖြစ်နေခဲ့တယ်။

ဒါ့အပြင် ဖုန်းစစဝင်လာချင်းမှာလည်း နဂိုအသံအနည်းငယ် ပါနိုင်တယ်။

သူ တကယ်ကို မကြားလိုက်တာ။

"အန်?" ထင်ထားတဲ့ကွဲလွဲစွာ မော့ကျူးချန်က ဒီပြဿနာကို အတော်အလေးထားနေပုံရတယ် "မင်း ငါ့အသံမကြားလိုက်ဘူးမှတ်လား?!"

သူ ဒုတိယအကြိမ် မေးလာပြန်တယ် "ဒါတောင်မှ ဒီလိုမျိုး ငတုံးတစ်ယောက်ရဲ့အကြံအစည်က မင်းကို အရူးလုပ်လိုက်နိုင်တယ်? မင်းက ဝက်လားလို့?!"

လင်ရှန်း "..."

'ဟုတ်ပြီ!'

ခုလေးတင်ပဲ မော့ကျူးချန်က သူ့ကို ကယ်ပေးခဲ့တာဆိုတော့ သူလည်း ရေးကြီးခွင်ကျယ် လုပ်မနေချင်တော့ဘူး။

"အရူးကောင်!" မော့ကျူးချန်လည်း အကြံအိုက်နေပုံပေါ်တယ်။ သူ လင်ရှန်းကို မျက်နှာကြီးမည်းကာ စိုက်ကြည့်ပြီး "ပြီးတော့ မင်းက တခြားသူတွေကိုလည်း မင်းရဲ့ဖုန်း ဒီတိုင်းပေးသုံးလိုက်တာပဲလား?"

"... သူတို့လက်တွေခြေတွေက ဘယ်အချိန်လှုပ်ရှားမယ်ဆိုတာကို ငါက ဘယ်လိုလုပ်သိမှာလဲ?" လင်ရှန်း ဖြေးဖြေးချင်းပြောလိုက်တယ်။

သူ့ဖုန်းကို တခြားသူ သုံးရအောင်ဆိုပြီး ငှားမိခဲ့တာကို တကယ်မမှတ်မိဘူး။ ဒါပေမယ့် ဒီလူတွေက သူ့ကိုတမင်ချောင်ပိတ်ချင်တယ်ဆိုတည်းက သေချာပေါက် ကြိုတင်ပြီး သူ့ကိုအမြဲစောင့်ကြည့်နေခဲ့မှာဖြစ်တယ်။

သူ ဂရုမစိုက်မိတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ဖုန်းနံပါတ်အတုတစ်ခု မှတ်ဖို့ဆိုတာကလည်း ခက်ခဲတဲ့အရာမဟုတ်ဘူး။

မော့ကျူးချန်က ပြောပြီးတဲ့နောက်မှာ ထိုဖုန်းနံပါတ်ကိုတောင် လှမ်းခေါ်နေပြီဖြစ်တယ်။ ဖုန်းကနေ မြန်မြန်ဆန်ဆန်ပဲ အလိုအလျောက်ပြန်ဖြေတဲ့ ညီမငယ်တစ်ယောက်ရဲ့အသံ ထွက်ပေါ်လာတယ် "ဝမ်းနည်းပါတယ်၊ လူကြီးမင်းခေါ်ဆိုသော ဖုန်းနံပါတ်မှာ စက်ပိတ်ထားပါတယ်ရှင်၊ ကျေးဇူးပြုပြီး နောက်တစ်မှပြန်လည်ခေါ်ဆိုပေးပါရှင်"

မော့ကျူးချန် မျက်နှာကြီးမည်းသည်းကာ ဖုန်းချလိုက်ပြီး နံပါတ်ကို မှတ်ထားလိုက်တယ်။ သူက သူ့လက်အောက်ငယ်သားတွေဆီ နံပါတ်လွှဲပေးလိုက်ပြီး "ဒီဖုန်းနံပါတ်က ဘယ်နေရာမှာ သုံးခဲ့တာလဲဆိုတာ စစ်ခဲ့၊ ပြီးရင် လူကိုရှာနိုင်မယ့် နည်းလမ်းတစ်ခု ရှာလာ"

ဒီကိစ္စတွေ လုပ်လို့အပြီးမှာ မော့ကျူးချန် ခေါင်းမော့ကြည့်လိုက်တော့ ဘေးနားမှာ ကုပ်ကုပ်ကလေးနဲ့ လိမ်လိမ်မာမာရပ်နေတဲ့ လင်ရှန်းကို တွေ့သွားတယ်။

"အရူးလေး" သူ တိုးဖွဖွ ထပ်ဆူလိုက်ပြီးနောက် ပြန်လှည့်ကာ ဘေးတံခါးကို ဖွင့်ပေးလိုက်တယ် "ဝင်၊ ကျောင်းသွားမယ်"

လင်ရှန်း "..."

ဒီကနေ ရှင်းဆန်းကျောင်းကိုဆို အတော်လေးနီးနေပြီဖြစ်တယ်။ လင်ရှန်း ကားထဲဝင်ကာ ထိုင်ခုံမှာထိုင်ပြီး မော့ကျူးချန် ကားစက်နှိုးတာကို ကြည့်နေမိတယ်။

"ခဏ ခဏ!" သူ ရုတ်တရက် သတိရသွားတယ် "လုမြောင်မြောင်သာ ငါ ဒဏ်ရာမရဘူးဆိုတာ သိသွားရင် သေချာပေါက် တခြားနည်းလမ်းတွေ သုံးလာအုံးမှာ" သူပြောရင်း မျက်မှောင်လည်း ကြုတ်သွားတယ်။

"ငါထင်တာတော့ သူ ယုံသွားအောင် နည်းနည်းလေးဟန်ဆောင်..."

"ဘာလို့လဲ?!" မော့ကျူးချန် ဒေါသဖြစ်စွာ ရယ်မိပြန်တယ် "မင်းက တကယ့်ကိုအရူးပဲ!" သူ ပြောကာ ကျောင်းဆီကို မောင်းနေပြီဖြစ်တယ်။ "မင်းဘေးမှာ ငါရှိနေတာကို လုမြောင်မြောင်မြင်ပြီး မင်းက ဒဏ်ရာရနေသေးတယ်ဆိုရင်... မင်းတွေးကြည့်လေ သူ ယုံမလားဆိုတာ?!"

"အင်?!"

မော့ကျူးချန် ပြောနေတုန်းမှာပဲ ကားက ရှင်းဆန်းကျောင်းရှေ့ပေါက်၀မှာ ရပ်သွားပြီဖြစ်တယ်။

"ဆင်းတော့! အရူးလေးရဲ့!" မော့ကျူးချန်က ကိုယ်ကိုကိုင်းကာ သေသေသပ်သပ် လင်ရှန်းရဲ့ထိုင်ခုံခါးပတ်ကို ဖြုတ်ပေးလိုက်တယ်။ သူ ကားပေါ်က အရင်ဆင်းသွားပြီးနောက် အထူးတလည် လင်ရှန်းရှိရာဘက်ကို ပတ်သွားကာ ဆင်းလာဖို့စောင့်ပေးလိုက်တယ်။

"ဒါပေမယ့်..."

"ဒါပေမယ့်!" မော့ကျူးချန် အတော်လေးစိတ်မရှည်တော့တာကြောင့် ကားထဲမှာထိုင်နေဆဲ နေခဲ့ဖို့ကြိုးစားနေတဲ့ လင်ရှန်းဆီ လက်ဆန့်ထုတ်လိုက်ပြီး အရေးမစိုက်ဟန် ဆွဲထုတ်လိုက်တယ်။

"ဒါပေမယ့် မနေနဲ့!" ခေါင်းကို လှည့်ကာ သူ့ရဲ့စူးရှတဲ့အကြည့်က ရှင်းဆန်းကျောင်းပေါက်၀ရှေ့ကို ကျရောက်သွားတယ် "လုမြောင်မြောင်က ငါ့ရဲ့လူကို လာထိရဲမှတော့ ကျရှုံးမှာကို ပြင်ဆင်ထားရုံနဲ့မရဘူး၊ နောက်ဆက်တွဲတွေအတွက်ပါ ပြင်ဆင်ထားမှရမယ်"

"ဝင်မယ်!" မော့ကျူးချန်က ပြောပြီးတာနဲ့ ကျောင်းရှေ့ပေါက်ကနေ ဝင်သွားတော့တယ်။ သူ နှစ်လှမ်းလောက် လျှောက်ပြီး လင်ရှန်း ပါမလာတာကို သိလိုက်ရတယ်။ သူ ရပ်လိုက်ရပြန်ပြီး ခေါင်းလှည့်ကာ ကားဘေးမှာ အူကြောင်ကြောင်ဖြစ်နေဆဲလင်ရှန်းကို ကြည့်လိုက်တယ်။ "ဘာတွေ ငေးနေတာလဲ? အရူးရဲ့!"

လင်ရှန်း "..."

ဒီမနက်မှာတင် မော့ကျူးချန်ဆီက 'ဝက်'တို့ 'အရူး'တို့ကို ဘယ်နှစ်ကြိမ်လောက်တောင် အခေါ်ခံရပြီးပြီလဲ!

တစ်ဖက်လူက သူ့ကိုကယ်ပေးခဲ့တယ်ဆိုရင်တောင်မှ သူ သည်းမခံနိုင်တော့ဘူး!

"မော့ကျူးချန်၊ မင်း ကြားဖူးရဲ့လား..." လင်ရှန်း မော့ကျူးချန်နားကို လျှောက်သွားပြီး ရုတ်တရက်ကြီး ထမေးလိုက်တယ် "ပညာရှိတဲ့လူက အင်းလို့ပြောပေမယ့် ငတုံးက ဟင့်အင်းလို့ပြောတဲ့ ပုံပြင်ကိုလေ?"

"ဟင့်အင်း..." မော့ကျူးချန် ပြောပြီးခါမှ သူအရူးလုပ်ခံလိုက်ရမှန်း သိသွားတယ်။ သူ လက်ကိုဆန့်ကာ လင်ရှန်းခေါင်းအနောက်ပိုင်းကို ပုတ်လိုက်တယ်။ "ဒီနေရာထိ ငါ့နောက်က တုန်တုန်ရီရီနဲ့လိုက်လာတာက ပညာရှိတာလား? မနက်တုန်းက ဘယ်လိုလုပ် ငါ့အသံကိုတောင် မကြားနိုင်ရတာလဲ?"

လင်ရှန်း "..."

ကောင်းပြီ၊ စိတ်ကြီးဝင်တတ်တဲ့ကျောင်းမြက်ကြီးရဲ့ အလျှော့မပေးတဲ့အချက်ကို သူသိလိုက်ရပြီ!

နဂိုတည်းက မော့ကျူးချန်ဆိုသည်မှာလည်း ကျောင်းဝင်းရဲ့နာမည်ကျော်တစ်ယောက်ဖြစ်တယ်။ နောက်ပြီး လတ်တလော လင်ရှန်းကလည်း တအားနာမည်ကြီးလာတယ်။ နှစ်ယောက်သား ကျောင်းဝင်းထဲ ဘေးချင်းကပ်လျှောက်နေကြတော့ အကြည့်ပေါင်းများစွာ ကပ်ငြိတာကိုခံနေရတယ်။

လင်ရှန်းလည်း လုပ်နေကျအတိုင်း လျှောက်နေတာဆိုပေမယ့် သူတို့နောက်ကနေ တချိန်လုံး တီးတိုးပြောနေတဲ့စကားတွေကို နှစ်ယောက်စလုံး ကြားနေရတယ် _

"မှားများ မှားနေတာလား?! သူတို့တွေ တကယ်ကြီး ကျောင်းအတူလာကြတယ်! မဟုတ်မှ ကျောင်းမြက်လေးက ဒီလင်ရှန်းနဲ့ တွဲနေတယ်ဆိုတာ အမှန်ပဲလား?"

"ပြီးတော့ ခုလေးတင် လင်ရှန်းက သခင်လေးမော့ရဲ့ကားပေါ်က ဆင်းလာတာကိုလည်း ငါမြင်လိုက်တယ်!"

"မဖြစ်နိုင်တာ!"

သူ့နောက်ကျောမှာ ဒီလိုမျိုး ဆွေးနွေးနေတာတွေကို လင်ရှန်း အာရုံစိုက်မနေတော့ဘူး။ မနက်ပိုင်း သည်းထိတ်ရင်ဖိုအတွေ့အကြုံက သူ့ကို ကြောက်လန့်တာနဲ့ စိတ်လှုပ်ရှားတာကို ခံစားစေရတဲ့အပြင် သူ့ဗိုက်ထဲက မီးတောက်ကိုလည်း ထိန်းချုပ်ထားရသေးတယ်။

ဒီလိုမျိုး စည်းမျဉ်းတွေကို လုံး၀လေးစားမှုမရှိဘဲ တရားမမျှတတဲ့ ဒီလိုယှဉ်ပြိုင်ခြင်းမျိုးကို သူအမုန်းဆုံးပဲ။ ဒါကြောင့် အခုချိန် သူ့စိတ်ထဲမှာ တစ်ခုတည်းသော တွေးမိတဲ့အရာက သူ လုမြောင်မြောင်ကို အနိုင်ပိုင်းမှရမယ်ဆိုတာပဲဖြစ်တယ်။

သူနဲ့ မော့ကျူးချန်လည်း သင်ကြားရေးအဆောက်အအုံဆီ လျှင်မြန်စွာ လျှောက်သွားလိုက်ကြတယ်။

"ဟေး!" လင်ရှန်းနဲ့ တစ်ဖက်လူက ဒုတိယထပ်ကို တက်လာရုံရှိသေးတယ် မော့ကျူးချန်က သူ့လက်မောင်းကို ရုတ်တရက် ဆွဲလိုက်တယ် "ငါနဲ့ လိုက်ခဲ့"

"ဟမ်?" သူ ကြောင်အသွားတယ်။

စီနီယာ Fခန်းရဲ့စာသင်ခန်းက ထိပ်ဆုံးအလွှာမှာဖြစ်တယ်။ ဒုတိယထပ်ကတော့ လက်ရွေးစင်အတန်းဖြစ်တယ်။ စာသင်ခန်းဆီ ခြေလှမ်းကျယ်ကြီးတွေနဲ့ သွားနေတဲ့ မော့ကျူးချန်ရဲ့နောက်ကျောကို လင်ရှန်းကြည့်ပြီး တစ်ဖက်လူ ဘာလုပ်ချင်တယ်ဆိုတာကို အကြမ်းဖျင်း ခန့်မှန်းမိလိုက်တယ်။

သူ ဒါကို တွေးမိပေမယ့် မော့ကျူးချန်နောက်ကနေ ခြေလှမ်းကျယ်ကျယ်လှမ်းကာ လက်ရွေးစင်တန်းဆီ လိုက်သွားဆဲဖြစ်တယ်။ အစကတော့ အိမ်ကနေ စောစောထွက်လာခဲ့တယ်ဆိုပေမယ့် လမ်းပေါ်မှာ ဒီလိုမျိုး နှောင့်နှေးခဲ့ရတာကြောင့် ကျောင်းရောက်လာချိန်မှာ သိသိသာသာနောက်ကျနေပြီဖြစ်တယ်။

အခုချိန်မှာ ကျောင်းဝင်းထဲ ကျောင်းသားတွေကလည်း အတော်လေးများပြားနေပြီ။ နဂိုတည်းက တစ်ကျောင်းလုံးမှာ လက်ရွေးစင်အတန်းရှိကျောင်းသားတွေက ဝီရိယအရှိဆုံးအုပ်စုဖြစ်တာကြောင့် အတန်းထဲမှာ ကျောင်းသားတွေလည်း ထိုင်ခုံအပြည့်ရောက်နေကြပြီဖြစ်တယ်။

ရှုချန်းတောင် သူ့နေရာမှာသူ ရောက်နေပြီ။

သူက မော့ကျူးချန်နဲ့ လင်ရှန်းတို့ကို မြင်တဲ့အခါ သူတို့ကို လာနှုတ်ဆက်ပြီး ပြောလာတယ် "ဘာကိစ္စရှိလို့လဲ?"

မော့ကျူးချန်ရဲ့နှုတ်ခမ်းထောင့်က တွန့်ချိုးသွားပြီး လင်ရှန်းကလည်း ပြုံးရုံသာ ပြုံးနေတယ်။ ရှုချန်းမျက်လုံးတွေ အရောင်လက်သွားပြီး သူ့မျက်မှန်ကို ပင့်တင်လိုက်တယ်။

လက်ရွေးစင်အတန်းက ကျောင်းသားတွေအားလုံးနီးပါးလည်း လင်ရှန်းနဲ့ မော့ကျူးချန်တို့ကို သတိထားမိနေကြပြီ။ တစ်ယောက်ပြီးတစ်ယောက် သင်ရိုးညွှန်းတန်းစာအုပ်တွေဆီကနေ သူတို့ခေါင်းတွေထောင်လာပြီး စူးစမ်းချင်သလို၊ နားမလည်သလိုအကြည့်တွေအပြင် သူတို့နှစ်ယောက်စလုံးကို စက်ဆုပ်သလိုအကြည့်တွေတောင် ပါလိုက်သေးတယ်။

လက်ရွေးစင်အတန်းက လူအများစုကတော့ ဆိုးဝါးတဲ့အတန်းထဲက ကျောင်းသားတွေကို အထင်သေးသလိုမကြည့်ကြဘူး။ သူတို့ထဲမှာလည်း နာမည်ကြီးက ရှိနေသေးတာကိုး။

လုမြောင်မြောင်က ပြတင်းပေါက်အနီး တတိယတန်းမှာ ထိုင်နေတယ်။ သူမက ရှင်းဆန်းကျောင်းယူနီဖောင်းကို ဝတ်ဆင်ထားပြီး အနက်ရောင်ဖြောင့်စင်းနေတဲ့ ဆံနွယ်တွေကို နောက်ကျောမှာ ဖားလျားချထားတယ်။ ခပ်ကြီးကြီးမျက်ဝန်းနက်ကြီးတွေကလည်း ဆေးစက်ချထားဟန်ပေါ်တယ်။

သူမရဲ့လက်ဖဝါးအရွယ် မျက်နှာသေးသေးလေးက အမူအယာကင်းမဲ့နေပေမယ့် စွဲမက်ဖွယ် ဖြူစင်အေးစက်တဲ့ပုံလေးဖြစ်နေဆဲ။

အစက သူမရဲ့ကျောင်းစာသင်ခုံဘေးမှာ သူမသူငယ်ချင်းလင်းဝေ့နင်က သူမကိုအသံတိုးတိုးနဲ့ စကားပြောနေတာဖြစ်တယ်။ မော့ကျူးချန်နဲ့ လင်ရှန်းကို မြင်သွားချိန်မှာ လင်းဝေ့နင်မျက်လုံးတွေက အံ့အားတကြီး ပြူးကျယ်လာတယ်။

သူမက လက်ကိုဆန့်ထုတ်ကာ လုမြောင်မြောင်ရဲ့အကျီလက်ကို ဆွဲလိုက်တယ် "မြောင်မြောင်၊ သခင်လေးမော့ဟ!"

"လုမြောင်မြောင်!" မော့ကျူးချန်က လက်ရွေးစင်အတန်းထဲတောင် လျှောက်ဝင်လာနေပြီဖြစ်တယ်။

"သခင်လေးမော့!" လုမြောင်မြောင်ရဲ့ သစ္စာရှိချစ်ရေးဆိုထားသူကြီး အိုးရန်ယင်းယီက မဆိုင်းမတွ မတ်တပ်ရပ်ကာ သူ့ကိုနှုတ်ဆက်လာတယ် "ဘာလိုချင်..."

"လမ်းဖယ်နေစမ်း!" သူပြောလို့တောင် မပြီးသေးခင် မော့ကျူးချန်က သူ့ကို ဘေးဘက်တွန်းထုတ်ပစ်လိုက်တယ်။

"လုမြောင်မြောင်!" မော့ကျူးချန် လုမြောင်မြောင်နားကို လျှောက်သွားပြီး ခေါင်းငုံ့ကာ သူမကို ရွံရှာမှုအပြည့်နဲ့ ကြည့်လိုက်တယ်။

လင်းဝေ့နင်က မွှန်ထူစွာ သူမရဲ့ပါးစပ်သေးသေးလေးကို အသာဖွင့်ဟလိုက်တယ်။ သူမက အလွန်နီးကပ်နေတာကြောင့် မော့ကျူးချန်မျက်နှာပေါ်က အမူအယာကို အတိုင်းသားမြင်နေရတယ်။

__ မူလတန်းကျောင်းစတက်တည်းက သူမက ရှင်းဆန်းကျောင်းက ကျောင်းသားတစ်ယောက်ဖြစ်လာခဲ့တာဖြစ်တယ်။ သို့ပေမယ့် နှစ်ပေါင်းများစွာအတွင်း မော့ကျူးချန်မျက်နှာပေါ်မှာ ဒီလိုအမူအယာမျိုး ဘယ်တုန်းကမှ မတွေ့ဖူးခဲ့ဘူး။

"အရင်ဆုံး လင်ရှန်းက ငါ့ကို ဒီဟာက တရားမျှတတဲ့ယှဉ်ပြိုင်မှုတစ်ခု ဖြစ်ကိုဖြစ်ရမယ်၊ နိုင်တာက ပျော်ဖို့ကောင်းတယ်လို့ ပြောခဲ့တယ်!" မော့ကျူးချန်အသံက ကျယ်လောင်နေတာမျိုးမဟုတ်ပေမယ့် တစ်ခန်းလုံး ပြတ်ပြတ်သားသား ကြားနိုင်ဖို့ရာ လုံလောက်နေတယ်။ "သေချာပေါက် ငါကလည်း သူပြောတာ ကျိုးကြောင်းဆီလျော်တယ်လို့တွေးပြီး ကစားပွဲစည်းမျဉ်းတွေကို လေးစားချင်စိတ်ဖြစ်နေတာ၊ ဒါကိုတောင် တစ်ယောက်ယောက်က အလျင်လိုနေပြီး ကစားပွဲစည်းမျဉ်းတွေကို အရင်ဆုံး ချိုးဖောက်လိုက်တယ်!"

မော့ကျူးချန် နှုတ်ခမ်းထောင့်က ကော့တက်နေပြီး ရေခဲသွားလို မျက်လုံးတွေက လုမြောင်မြောင်ကို တည်တည်ငြိမ်ငြိမ် ကြည့်နေတယ် "အဲ့လိုသာဆိုရင်တော့ ငါလည်း ကစားပွဲစည်းမျဉ်းတွေကို လိုက်နာနေစရာ မလိုတော့ဘူးမဟုတ်လား?"

သူပြောကာ နှုတ်ခမ်းထောင့်က ကွေးတက်နေတာကြောင့် ဆန်းကျိုရဲ့အေးစက်တဲ့လေထက်တောင်မှ ပိုမိုအေးစက် ပိုမိုထက်ရှတဲ့ မဲ့ပြုံးတစ်ခု ပေါ်ထွက်နေတယ်။ [ T/N : ဆန်းကျို့ - တစ်နှစ်ပတ်လုံးမှာ အအေးဆုံးအချိန်ဖြစ်တဲ့ မတ်လ ကိုးရက်နေ့ပါတဲ့ ]

"လုမြောင်မြောင် ငါ နင့်ကို ကျေးဇူးတင်ရမှာပေါ့! နေ့တိုင်း နမူနာပုစ္ဆာတွေကို လိုက်မှတ်နေရတာထက်စာရင် ငါ့နည်းလမ်းကမှ ပိုပြီး ထိရောက်တဲ့အပြင် နည်းနည်းတောင် လိုတိုရှင်းဖြစ်နေအုံးမယ်လို့ ခံစားရတယ်"

သူက ပြောရင်း သူ့အကြည့်က အိုးရန်ယင်းယီ၊ လုမြောင်မြောင်နဲ့ လင်းဝေ့နင်တို့အပေါ် ကျရောက်နေတယ်... ပုံမှန်အားဖြင့် လုမြောင်မြောင်နားမှာ စုဝေးရတာကို သဘောကျတဲ့လူတွေရဲ့မျက်နှာတွေက တဖြည်းဖြည်း လှီးလွှဲကုန်ကြတယ်။

မော့ကျူးချန်ရဲ့အကြည့် ကျရောက်ခြင်းခံရတဲ့သူတွေအားလုံးလည်း သူတို့ရဲ့ဂုတ်ပိုးတွေပေါ်မှာ ကြက်သီးမွှေးညှင်းတွေ ထလာကြတယ်။

အထူးသဖြင့် အိုးရန်ယင်းယီဖြစ်တယ်။ သို့ပေမယ့် သူက မော့ကျူးချန်နဲ့ ယှဉ်ပြိုင်ကာ တိုက်ရိုက် အလောင်းအထပ်လုပ်ထားပြီးနေပြီဖြစ်တယ်။

မော့ကျူးချန်က သူ့ကို ဘာလုပ်နိုင်မှာလဲ?!

အိုးရန်ယင်းယီ ရှည်ရှည်ဝေးဝေးတောင် ဆက်မတွေးရဲတော့ဘူး။ သူ လုမြောင်မြောင်ဆီကို စိတ်ပျက်အားငယ်မှုတချို့နဲ့ ခေါင်းလှည့်ကြည့်လိုက်တယ်။ တကယ်ပဲ လုမြောင်မြောင်က မော့ကျူးချန်ကို ဘာလုပ်ခဲ့တာလဲ? သူမ မသိဘူးလား?!

ဒီအလောင်းအစားက ကစားပွဲတစ်ခုသာဆိုရင် သူတို့ရဲ့တစ်ခုတည်းသော အနိုင်ရနိုင်မယ့်မျှော်လင့်ချက်က မော့ကျူးချန်တစ်ယောက် ကစားပွဲ​စည်းမျဉ်းတွေကို လိုက်နာပြီး အခကြေးပေးရတာမျိုးမရှိဘဲ အေးအေးလူလူပါဝင်ပေးဖို့ဖြစ်တယ်။ [ T/N : အသားမနာရတာမျိုးကို ပြောတာနေမယ် ]

ဒါပေမယ့် အခုတော့ လုမြောင်မြောင်က ဘာလုပ်ခဲ့တာလဲ? အခု နတ်ဆိုးအကြီးစားကြီးက ကစားပွဲမှာ ကြေးနဲ့ဆော့ဖို့ ပြင်နေချင်နေပြီလား?

ဒါဆို သူတို့မှာ... နိုင်ဖို့ မျှော်လင့်ချက်ရော ရှိသေးရဲ့လား?!

လုမြောင်မြောင်မျက်နှာက ခဏတွင်းချင်း ဖြူဆုပ်သွားတယ်။

"ငါ..." သူမ ပါးစပ်ကို ဟလိုက်ပေမယ့် ဘာပြောရမှန်း မစဉ်းစားတတ်အောင်ဖြစ်နေတယ်။

သို့ပေမယ့် လင်းဝေ့နင်က အလောတကြီးပြောလာတယ် "သခင်လေးမော့ နင် တစ်ခုခု နားလည်မှုလွဲနေတာမဟုတ်ဘူးလား? ငါတို့မြောင်မြောင်က ဘာမှမလုပ်ထားဘူး! အဲ့လင်ရှန်းကသာ..."

သူမက ပြောပြီး စာသင်ခန်းတံခါးနားက လင်ရှန်းဆီကို ခေါင်းလှည့်ကြည့်လိုက်တယ် "သူကသာ နင့်ရှေ့မှာ လုမြောင်မြောင်နဲ့ ငါ့ကို ရန်စပြီး ကျိန်ဆဲခဲ့တာ မဟုတ်ဘူးလား? ငါတို့ ဘာမှမလုပ်ထားဘူးဆိုတာ အသိသာကြီး ပြီးတော့ သူက အာရုံစိုက်ခံရအောင်လုပ်နေတဲ့ ယောကျာ်းတစ်ယောက်! ငါ သူ့ကို ရွံလွန်းလို့!"

လင်ရှန်း "..."

မော့ကျူးချန်ကတော့ လင်းဝေ့နင်ကို အာရုံတောင်စိုက်မနေဘူး။ သူက ဒီစကားတွေပြောလို့ပြီးသွားတာနဲ့ အတန်းပြင်ကို လျှောက်သွားတော့တယ်။

"ကစားပွဲ... အခုစပြီ!" မော့ကျူးချန်က လင်ရှန်းနားကို ရောက်သွားတဲ့အထိ လမ်းလျှောက်တာကို မရပ်လိုက်ဘူး။ သူက လုမြောင်မြောင်နဲ့ တခြားသူတွေကို ကျောပေးထားဆဲဖြစ်ပြီး အေးစက်နေတဲ့အသံနဲ့ ပြောလာတယ် "ဒါပေမယ့် အခု ငါ့ရဲ့စည်းမျဉ်းအတိုင်း ပြောင်းမှဖြစ်မယ်!"

လက်ရွေးစင်တန်းတစ်ခုလုံး တိတ်ဆိတ်ခြင်းတို့ ကြီးစိုးသွားတယ်။

ကျောင်းသားတွေအားလုံးရဲ့မျက်လုံးတွေက လုမြောင်မြောင်နဲ့ အိုးရန်ယင်းယီတို့ကို ဂရုဏာသက်စွာ ကြည့်နေကြတယ်။ အချမ်းသာဆုံးနဲ့ အင်အားအကြီးဆုံး နတ်ဆိုးကြီးက ကြေးထပ်ချင်တယ်တဲ့!

ဒီအလောင်းအစားက တိုက်ခိုက်ဖို့ လိုသေးတာလား?

ထိုနေ့ နေ့လည်မှာပဲ ရှင်းဆန်းကျောင်းဖိုရမ်ပေါ်မှာ postတွေ ပေါက်ကွဲထွက်လာတော့တယ်။

တစ်စုံတစ်ယောက်က မော့ကျူးချန်နဲ့ လင်ရှန်းတို့တွေ အရှုံးမရှိ အနိုင်ရမယ်ဆိုပြီး စတင်လောင်းကြေးထပ်လာတော့တယ်!



_____



Thanks 🌹



Seguir leyendo

También te gustarán

472K 11.4K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
329K 34.7K 172
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
397K 3K 4
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
409K 39.1K 119
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်