Our Family (Completed)
By OY0805
68.4K 3.5K 149
Unicode ဝမ်ရိပေါ်တို့ရဲ့မိသားစုအကြောင်းလေး သိချင်ရင် ဝင်ဖတ်ကြည့်ပါနော်😁 အဆွိလေးပါ😍😍 Zawgyi ဝမ္ရိေပၚတို႔ရဲ့... More
Part -1
Part-2
Part -3
Part -4
Part-5
Part -6
Part -7
Part- 8
Part-10
Part-11🔞
Part-12
Part-13
Part-14
Part-15
Part_16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26(Final)
Part -9
2K 111 4
By OY0805
Unicode
  ရီရှင်းသမီးလေးရှင်းရှင်းက တစ်နှစ်ပြည့်တော့မာမို့ ရီရှင်းအရမ်းပျော်တယ်။ကိုကိုကပြောတယ် သမီးလေး တစ်နှစ်‌ပြည့်ရင် တရုတ်ပြည်ကို ခေါ်သွားမယ်တဲ့။
သူကပူဆာလိုက်ရင် ကိုကလိုက်ပို့မယ်ဆိုတာ သိပေမယ့် ဒီလောက်နဲ့တင် ကိုကိုပင်ပန်းနေပြီမလား။အဲကြောင့် ကိုကိုစကားအတိုင်း သမီးလေးတစ်နှစ်ပြည့်မ ရှောင်ကျန်းတို့ဆီကို သွားလယ်ခဲ့မည်။
"ကိုကို ပြန်လာပြီလား"
"အင်း ကလေး မွ သမီးရော"
အလုပ်ကနေပြန်လာတိုင်း ကျန်းရီရှင်းလွယ်အိတ်ကို ရီရှင်းယူလိုက်ပြီး ကျန်းရီရှင်းက ရီရှင်းကို အနမ်းလေးပေးပြီးမှ သမီးကိုမေးလာခဲ့သည်။
"အိပ်နေတာ ကိုကိုရေ"
ခါတိုင်းဒီအချိန် မအိပ်တတ်တဲ့ သမီးကအိပ်နေတယ်ဆိုတော့ နေမကောင်းတာများလား?
"သမီးနေမကောင်းဘူး‌လား ကလေး"
"ကောင်းပါတယ် ကိုကိုရေ ကြည့်ဦးကိုကိုသမီး တစ်နေကုန်ကစားနေတာ စောနကမအိပ်တာ"
နှုတ်ခမ်းလေးဆူပြီး သမီးလေးကစားလို့ တစ်ခန်းလုံးရှုပ်ပွနေတာကို လက်ညိုးထိုးပြပြီး ကြည့်ခိုင်းနေသော ရီရှင်းကြောင့် ကျန်းရီရှင်းမပြုံးပဲနဲ့ မနေနိူင်ပါ။
သမီးလေးက မိန်းကလေးသာ ဖြစ်နေတာ ကစားစရာတွေက အကုန်လုံး ယောက်ျားလေး ကစားစရာတွေချည်းပဲ ။ အခုလည်းကြည့် တစ်ခန်းလုံးရှုပ်ပွနေရောပဲ ဒါကမိန်းကလေးနော် ယောကျာ်းလေးသာဆို ‌ကျန်းရီရှင်းခေါင်းတစ်ခုလုံး ဆံပင်အဖြူတြွေဖစ်ကုန်မာ။🤣
ဆူထွက်နေသော ရီရှင်းနှုတ်ခမ်းကို ကျန်းရီရှင်းနမ်းလိုက်တော့ ချက်ချင်းတုံပြန်လိုက်တဲ့ ချစ်ရသူကြောင့် အနမ်းရှိန်တွေ တဖြည်းဖြည်းမြင့်တက်လာခဲ့သည်။ အသက်ရှူဖို့လိုပြီဆိုကာမှ ကျန်းရီရှင်းလွတ်ပေးလိုက်သည်။
နှုတ်ခမ်းလေးဟစိဟစိနဲ့ အသက်ရှူနေတဲ့ ရီရှင်းက ကျန်းရီရှင်းစိတ်နဲ့သာဆို အားရပါးရချစ်ပစ်လိုက်ချင်တာ။ အခုက သမီးလေးပွထားသမျှ အရှုပ်တွေကို သူအရင်ရှင်းရမာ မဟုတ်လား။
အဲ့ကြောင့် ရီရှင်းကို ဆိုဖာပေါ်ထိုင်စေလိုက်ပြီး သူကရှုပ်ပွနေသောတစ်ခန်းလုံးကို ရှင်းလိုက်သည်။(အဖေဆိုသည်မာ~~~)
............
ပြောစရာရှိတယ်ဆိုပြီး ရုံးဆင်းရင် အရင်တစ်ခါလာတဲ့ပန်းခြံလေးကို လာပေးပါလို့ ပြောတဲ့ ဇယ်ဝူကျွင်းကြောင့် ကျန်းချန်နဲ့ယွီဘင်း သွားနေတာဖြစ်သည်။
အရင်ကဆို ပန်းခြံသွားရင် ကလေးကလားတွေလို့ ပြောနေတဲ့ကျန်းချန်းက အခုတော့ ပြုံးစိပြုံးစိနဲ့ သူငယ်ချင်းကိုပါခေါ်ပြီး သွားနေသတဲ့။
ယွီဘင်း ကျန်းချန်ကိုကြည့်ပြီး အမြင်ကပ်လာပြီ။ တစ်လမ်းလုံး သူ့ကိုရှိတယ်လို့ကိုမထင် ၊ ဘာတွေသဘောကျနေတာလဲမသိ ရုပ်ကိုကရှက်သလိုလို ပြုံး‌သလိုလို မသိရင်ဝမ်းချုပ်လို့ တင်းနေကြတဲ့အတိုင်းပဲ ။ ဒီပုံစံအတိုင်းနဲ့ ဘာလို့သူ့ကိုခေါ်နေသေးတာလဲမသိ။
သူငယ်ချင်းတစ်ယောက်ပဲ ရှိနေပါတယ်ဆိုမှ
ကျပ်ကမပြည့်တာမို့ ယွီဘင်းခေါင်းခါနေလိုက်သည်။
ချိန်းတဲ့နေရာလေးတွေ နီးစပ်လာလေ ကျန်းချန်ရဲ့ ရင်ခုန်သံတွေပိုပြီးမြန်လာလေပဲ။
ဘာစကားပြောမာမို့ ပန်းခြံထဲ ချိန်းလာတာလဲဆိုတာ ကျန်းချန်စဉ်းစားလို့မရ။ဒါမှမဟုတ် ဇာတ်လမ်းထဲကလိုမျိုး ရိုမန့်တစ်ဆန်ဆန်နဲ့ သူ့ကိုဖွင့်ပြောမလို့လား။
အလိုတွေးလိုက်တော့ ကျန်းချန်မျက်နှာတစ်ခုလုံး ပူလာတယ် ။အား ငါရှက်နေတာလား မဖြစ်နိူင်တာ ဒီအတိုင်းနေပူလို့ပဲဖြစ်မာ။
ယွီဘင်းဘေးက ကျန်းချန်ကိုကြည့်ပြီး ထုရိုက်ချင်စိတ်က တဖွားဖွား။ ဘယ်နှယ့် ပါးကိုကိုင်လိုက် ပြုံးလိုက် ခေါင်းခါလိုက်နဲ့ တစ်ယောက်တည်း အရူးလည်နေတာ။
မနေနိူင်တဲ့အဆုံး သူထုရိုက်ပစ်လိုက်တော့မှ သူ့အကျင့်လေးပြန်ပေါ်လာတာ။
"ကျန်းချန် မင်းဟာကဟုတ်ရဲ့လား လျှောက်လာတာ ပန်းခြံတစ်ဝက်ရောက်တော့မယ် မရောက်သေးဘူးလား"
"‌မင်းကလည်း ရောက်တော့မာပါ"
ရှက်သလိုနဲ့ မျက်နှာကလေးနီပြီး ပုံမှန်အသံထက် ပိုတိုးပြီးပြောလာတဲ့ ကျန်းချန်က ရည်စားရခါစ အပျိုလေးတွေအတိုင်းပဲ။🤣(မင်းတို့တွေရဲ့ အဲ့လိုပဲလား)🤣
"အဲ့ရုပ်က ဘာဖြစ်တာလဲ မင်းရှက်နေတာလား မဟုတ်မှ...."
"ဘယ် ဘယ် ဘယ်မာရှက်နေလို့လဲ "
သူ့ကိုမျက်စောင်းထိုးပြီး အထစ်ထစ်အငေါ့ငေါ့နဲ့ ပြောတဲ့ကျန်းချန်ကြောင့် ယွီဘင်းထရယ်လိုက်သည်။
"ဟား ဟား ဟားဟားနောက်ဆုံးတော့ ငါရဲ့သူငယ်ချင်းလေး ချစ်တတ်ခဲ့ပြီပဲ ဟားဟား"
တိတ်ဆိတ်ခြင်းက ဝန်ခံခြင်းတဲ့။ခါတိုင်းက သူအလိုပြောရင် ထုရိုက်တဲ့ကျန်းချန်က သူပြောလိုက်တော့ သူ့ကိုဘာမှမလုပ်တဲ့အပြင် ပြုံးပါပြုံးသေးတဲ့ ကျန်းချန်က သူ့ရဲ့ခံစားချက်ကို သူပြန်နားလည်ပြီထင်တယ်။
"ဟင်"
ယွီဘင်းနဲ့စနောက်လာရင်း ချိန်းထားတဲ့နေရာကိုရောက်မှန်းမသိတဲ့ ကျန်းချန်က ရုတ်တရက် သူမြင်လိုက်တဲ့ မြင်ကွင်းကြောင့် သူ့ရင်ထဲဆစ်ခနဲနာကျင်သွားသည်။
သူတို့အရင်ထိုင်နေတဲ့ အသဲပုံနားမာ ဇယ်ဝူကျွင်းကမိန်းကလေးတစ်ယောက်နဲ့ ဖက်နေတယ်။ ဒီမြင်ကွင်းကို မြင်မြင်ချင်းပဲ ကျန်းချန်ပြန်လည့်ပြီး ယွီဘင်းကိုတောင်မစောင့်ပဲ ထွက်ပြေးနေလိုက်သည်။
ရုတ်တရက်မို့ကြောင်နေတဲ့ယွီဘင်းက ရှေ့ကမြင်ကွင်းကို တွေ့မှနားလည်သလို စိတ်လည်းတိုသွားသည်။
"ကျန်းချန် ငါ့ကိုစောင့်ဦး"
ဇယ်ဝူကျွင်း ဒီညကိုဖွင့်ပြောမာမို့ ကျန်းချန်အလာကို စောင့်နေရင်းနဲ့ မတွေ့ရတာအတော်ကြာပြီဖြစ်တဲ့ သူငယ်ချင်းယွီရင်းကိုတွေ့လို့ ယွီရင်းကလာဖက်တာမို့ သူပြန်ဖက်ပေးလိုက်သည်။ သူမနဲ့ကအဂ်လန်မာ ကျောင်းသွားတက်တုန်းက သိခဲ့တဲ့သူငယ်ချင်းတွေ။အတန်းတူမို့ ဘွဲရတဲ့အထိ အတူတူတက်နေကြပြီး သူမဂျပန်ကိုသွားတော့မှ မတွေ့ဖြစ်တော့တာ။
သူမကိုပြန်ဖက်နေရင်းမာပဲ ကျန်းချန်ဆိုတဲ့ အသံကြားလို့ သူမနဲ့ဖက်တာကို ခွာလိုက်ပြီး အသံရှိရာဘက်ကို ကြည့်လိုက်တော့  ထွက်ပြေးနေတဲ့ ချစ်ရသူ။
ကြည့်ရတာ သူတို့ဖက်တာကို တွေ့သွားလို့ထင်တယ်။သူလည်းကျန်းချန်နောက်ကို ပြေးလိုက်နေတော့သည်။
ယွီရင်းကတော့ ဘာမှနားမလည်သလို ပြေးနေတဲ့ဇယ်ဝူကျွင်းနောက်ကိုကြည့်ပြီး ကြောင်ကြည့်နေလိုက်သည်။
............
အိမ်ကိုဝရုန်းသုန်းကားနဲ့ ရောက်ချလာတဲ့ သားကြောင့် ကျန်းချန်ပါးနဲ့မားက လန့်နေခဲ့သည်။
"သားပြန်လာပြီလား"
"ဟုတ် သားအပေါ်တက်တော့မယ်"
"ဖေကြီး သားချစ်သူရနေတာလား"
"မဖြစ်နိူင်စရာတွေ မေကြီးရာ "(သားကိုထင်ကြီးချက်🤣)
အပေါ်ကို တက်သွားသော ကျန်းချန်ကိုကြည့်ပြီး ကျန်းချန်မားအတွေးများနေတော့သည်။
အခန်းထဲရောက်တော့ စောင်ချုံပြီး ကျန်းချန်ငိုပွဲလေးစတင်လိုက်သည်။ ရင်နာတယ် ချစ်တယ်လို့ ပြန်မပြောရသေးပေမယ့် ရင်ထဲမာတော့ နက်နက်ရှိုင်းရှိုင်းချစ်နေခဲ့ပြီ။
‌သူ့ကိုချိန်းဆိုတာက သူ့ကောင်မလေးကို မိတ်ဆက်ပေးဖို့ထင်တယ် ဒါတွေကို မသိပဲ ကျန်းချန်တစ်ယောက်တည်း စိတ်ကူးတွေယဉ်နေခဲ့တာ။သူ့အမှားပါ သူကယောကျာ်းလေးလေ ဘယ်သူကမှ အတည်ချစ်နေမလဲ သူများကစားနေတာလည်း ဖြစ်နေနိူင်တယ် အနေလိုက်‌တာကျန်းချန်ရာလို့ ကိုယ့်ကိုယ်ကိုအပြစ်တင်နေလိုက်သည်။
ဒါနဲ့ ကောင်မလေးရှိနေရက်နဲ့ ဘာလို့သူ့ကိုချစ်စကားလာပြောပြီး မျော်လင့်ချက်တွေ လာပေးနေတာလဲ။
မချစ်ဖူးတာမို့ ဒီတစ်ယောက်ပဲစချစ်ခဲ့တာမို့ ကျန်းချန်အရမ်းနာကျင်ရတယ်။
"တိန်းတောင် ~~~~~တိန်းတောင်"
တ့ခါးဘဲသံကြားလို့ ကျန်းချန်မား တံခါးဘာဖွင့်ပေးလိုက်သည်။
"လာပြီ လာပြီရှင်"
"နင်းဟဝ် အားရီ"
"နီးဟဝ်ပါ သားဘယ်သူ့ကို လာရှာတာလဲဟင်"
"ကျွန်တော် ကျန်းချန်နဲ့စကားပြောချင်လို့ပါ အားရီ"
ကြည့်ရတာ သားသူငယ်ချင်းအသစ်ထင်တယ် တစ်ခါမှမတွေ့ဖူးသေးတာမို့။
"သားရှိတယ် အထဲဝင်လာဦး"
"ဟုတ်အားရီ"
ကျန်းချန်မားစိတ်ထဲမာတော့ ဒီကလေးလေးက ယဉ်ကျေးလိုက်တာ။ငါသမီးသာရှိရင် သမက်လေးတော်မိမာ ဟိ။
ဇယ်ဝူကျွင်းလည်း ကျန်းချန်မားနောက်လိုက်ပြီး အိမ်ထဲဝင်လာလိုက်သည်။ သဘောကောင်းလွန်းတဲ့ ကျန်းချန်မားကို ကြည့်ပြီး ဇယ်ဝူကျွင်းစိတ်ထဲ နည်းနည်းပေါ့သွားတယ်။
အိမ်ထဲရောက်သွားတော့ ရုပ်တည်ကြီးနဲ့ကျန်းချန်ပါးကိုမြင်တော့ ဇယ်ဝူကျွင်းနည်းနည်းတော့ရှိန်မိတယ်။ကျန်းချန်ပါးကိုနှုတ်ဆက်ပြီး အားရီက ကျန်းချန်ကို သွားခေါ်နေလိုက်သည်။
သူနဲ့ကျန်းချန်ပါး စကားပြောနေစဉ်မာပဲ အပေါ်ကနေအားရီနဲ့အတူ ဆင်းလာတာကိုမြင်တော့ ဇယ်ဝူကျွင်း ထိုင်ရာကနေကျန်းချန်ဆီပြေးလာခဲ့သည်။
သူ့ကိုတွေ့တော့ လန့်နေတဲ့ချန်လေးက အူယားစရာလေး။ သူ့ကိုကြည့်ပြီး ဘာမှမပြောပဲ အပေါ်ပြန်တက်ဖို့ လုပ်နေသောကျန်းချန်လက်ကို ဇယ်ဝူကျွင်းလှမ်းဆွဲလိုက်သည်။
"မင်း မင်းဒါဘာလုပ်တာလဲ"
ပါးနဲ့မားပါရှိနေတာမို့ ကျန်းချန်လက်ရုန်းပေမယ့် မလွတ်ပေးတဲ့ဇယ်ဝူကျွင်းကို ကျန်းချန်ထိုးလိုက်သည်။
"သား ဖြည်းဖြည်းပြောကြလေ ဘာလို့လက်ပါလာတာတုန်း"
"ရပါတယ် အားရီ ...ကျွန်တော် အားရီကိုရော ဦးလေးကိုရော ကျန်းချန်ကိုရော ဝန်ခံစရာတစ်ခုရှိတယ်"
ကျန်းချန်ရှေ့မာ ဒူးထောက်ပြီးပြောလိုက်တဲ့  ဇယ်ဝူကျွင်းစကားကြောင့် ကျန်းချန်ရောပါးမားပါ ကြောင်ကြည့်နေလိုက်သည်။
‌ကျန်းချန်ကို ချစ်နေတဲ့အကြောင်းရော ကျန်းချန်အထင်လွဲသွားတဲ့အကြောင်းပါ ရှင်းပြလိုက်သည်။ သူ့ကိုခွင့်လွှတ်ပေးပါလို့လည်း ကျန်းချန်ကို တောင်းပန်နေလိုက်သည်။
ကျန်းချန်က ဘာစကားမှမပြောပေမယ့် အားရီနဲ့ဦးလေးက လန့်နေခဲ့တာထင်တယ်။ ကျန်းချန်ကို သူတကယ်မြတ်နိုးတာမို့ ဦးလေးနဲ့အားရီကိုပါ သဘောတူပေးပါလို့ တောင်းပန်နေလိုက်သည်။ ဦးလေးကတော့ ခွင့်ပြုပေးချင်ပုံမရပေမယ့် အားရီကတော့ ချက်ချင်းကြီးလက်ခံပေးတယ်။
"သား လက်ခံလိုက်တော့လေ သားကြီးလည်း ဒူးနာနေရောပေါ့"
မိဘရှေ့မာ ဖွင့်ပြောခံရတဲ့ ကျန်းချန်က ရှက်နေပါတယ်ဆိုနေမှ မားကအခုလို ပြောလာတော့ ကျန်းချန်အငွေ့တောင် ပျောက်သွားချင်တယ်။ မားတို့က သွက်နေလိုက်တာ မူတယ်ကိုမရှိပဲ ချက်ချင်းကြီးလက်ခံပစ်လိုက်တာ။အခေါ်အဝေါ်ကလည်း သားကြီးတဲ့ ဟိဟိ။
"ကိုယ် ချန်လေးကို တကယ်ချစ်တာပါ ချန်လေးအဆင်သင့်မ‌ဖြစ်သေးရင်လည်း နောက်ထပ်အချိန်ယူလို့ ရပါတယ် တစ်ခုပဲ ဘာကိစ္စပဲဖြစ်ဖြစ် စောနကလိုမျိုး ထွက်မပြေးပဲ ချန်းလေးသိချင်တာတွေ ပွင့်လင်းပေးပါ ...
ကိုယ်ချန်လေးကို သက်ဆုံးတိုင်ထိနေသွားမယ်လို့ ဆန္ဒရှိတာမို့ ကိုယ့်ဘဝတစ်ခုလုံးကို ချန်လေးဆီ ပေးအပ်ပါတယ်...
ချန်လေးကကြိုးဆွဲရာနောက်ကို  တစ်ခုမကျန်ကိုယ်လိုက်နာပါ့မယ်"
"........."
"ကိုယ်သေ..."
"တော်ပြီ ထတော့"
ငါကချစ်တယ်လို့တောင် မပြောရသေးဘူးလေ ဘာလို့သေစကားပြောရတာလဲ လူဆိုးကောင်ကြီး။ကျန်းချန်ဆက်နားမထောင်နိူင်တော့တာမို့ ဇယ်ဝူကျွင်းစကားကို ဖြတ်ပြီးပြောနေလိုက်သည်။
မိဘနှစ်ပါးကတော့ ဇယ်ဝူကျွင်းအချစ်ကို ကြည့်ပြီး ပြုံးနေတော့သည်။ကျန်းချန်မားကတော့ ကြည်နူးလွန်းလို့ မျက်ရည်ပါကျနေပြီ။
သူ့ကိုမော့ကြည့်ပြီး ထမလာသေးတဲ့ ဇယ်ဝူကျွင်းကြောင့်
"ထတော့လေ ဘာလဲအလိုနေတာကြိုက်နေလို့လား အဲဆိုဆက်နေ
မားသားဗိုက်ဆာပြီ ဘာစားစရာရှိလဲ"
"အော် အင်းအင်း ပြီးနေပြီ မားသွားပြင်ဆင်ပေးမယ်"
ကျန်းချန်မားတော့ သူ့ဖေကြီးကို ပြုံးစိပြုံးစိနဲ့ ဆွဲခေါ်လာလိုက်သည်။သူမသားအကြောင်း သူမသိတယ်လေ ဟိဟိ။
ဇယ်ဝူကျွင်း ထမလို့လုပ်ပေမယ့် ဒူးထောက်တာကြာတော့ ခြေထောက်တစ်ခုလုံး ထုံနေပြီမို့ ထမရပဲ ပြန်လဲကျသွားသည်။
ကျန်းချန်လှမ်းထိန်းပေမယ့် သူ့ထက်ကိုယ်လုံးကြီးတဲ့ ဇယ်ဝူကျွင်းကြောင့် မနိူင်ပဲ နှစ်ယောက်စလုံးလဲကျနေလိုက်သည်။ အခုပုံစံက ကျန်းချန်ကအောက်မာ ဇယ်ဝူကျွင်းက အပေါကနေအုပ်မိုးပြီး နှုတ်ခမ်းချင်းပါ ထိနေကြသည်။
မီးဖိုခန်းတံခါးပေါက်က ကျန်းချန်မားကတော့ တဟိဟိနဲ့ သဘောတွေကျနေတာ။
မျက်လုံးအပြူးနဲ့ ကျန်းချန်ကို ကြည့်ပြီး ဇယ်ဝူကျွင်းစိတ်မထိန်းနိူင်ပဲ ထိနေတဲ့နှုတ်ခမ်းကို စုပ်ယူနေလိုက်သည်။
သူ့အနမ်းကိုခံယူရင်း မျက်နှာလေးနီပြီး ရှက်နေတဲ့ သူ့အောက်က ကျန်းချန်က တကယ်ကိုမလွတ်ပေးချင်စရာလေး။
"အဟမ်း အဟမ်း"
ကျန်းချန်ပါးအသံကြောင့် နှစ်ယောက်စလုံးကုန်းထနေလိုက်တော့ ခြေထောက်ကျင်နေသေးတဲ့ ဇယ်ဝူကျွင်းက တစ်ခါပြန်လဲလိုက်သည်။🤣
မနေနိူင်တဲ့အဆုံး ကျန်းချန်ပါးက ဇယ်ဝူကျွင်းကို သွားထူပေးလိုက်သည်။ဘယ့်နှယ့်သူ့ပါးရှေ့မာ သူ့သားကိုနမ်းပြနေကြတာတုန်း။🤣
ဇယ်ဝူကျွင်းထလိုက်မ ကျန်းချန်ကရှက်လွန်းလို့ အပေါ်ထပ်ကို ပြေးတက်နေလိုက်သည်။
#########
ကြိုက်ကြလား ဟိဟိ ဒီတစ်ပိုင်းက ရိပေါ်တို့မိသားစု မပါလိုက်ဘူး 😁😁
Zawgyi
"ကိုကို ပြန်လာပြီလား"
"အင်း ကလေး မွ သမီးရော"
"အိပ်နေတာ ကိုကိုရေ"
နှုတ်ခမ်းလေးဆူပြီး သမီးလေးကစားလို့ တစ်ခန်းလုံးရှုပ်ပွနေတာကို လက်ညိုးထိုးပြပြီး ကြည့်ခိုင်းနေသော ရီရှင်းကြောင့် ကျန်းရီရှင်းမပြုံးပဲနဲ့ မနေနိုင်ပါ။
............
မနေနိုင်တဲ့အဆုံး သူထုရိုက်ပစ်လိုက်တော့မှ သူ့အကျင့်လေးပြန်ပေါ်လာတာ။
"ဟင်"
............
"သားပြန်လာပြီလား"
"မဖြစ်နိုင်စရာတွေ မေကြီးရာ "(သားကိုထင်ကြီးချက်🤣)
"လာပြီ လာပြီရှင်"
"နင်းဟဝ် အားရီ"
"သားရှိတယ် အထဲဝင်လာဦး"
"ဟုတ်အားရီ"
ကျန်းချန်ရှေ့မာ ဒူထောက်ပြီးပြောလိုက်တဲ့  ဇယ်ဝူကျွင်းစကားကြောင့် ကျန်းချန်ရောပါးမားပါ ကြောင်ကြည့်နေလိုက်သည်။
ချန်လေးကကြိုးဆွဲရာအတိုင်း တစ်ခုမကျန်ကိုယ်လိုက်နာပါ့မယ်"
"........."
"ကိုယ်သေ..."
"တော်ပြီ ထတော့"
မျက်လုံးအပြူးနဲ့ ကျန်းချန်ကို ကြည့်ပြီး ဇယ်ဝူကျွင်းစိတ်မထိန်းနိုင်ပဲ ထိနေတဲ့နှုတ်ခမ်းကို စုပ်ယူနေလိုက်သည်။
"အဟမ်း အဟမ်း"
#########
Continue Reading
You'll Also Like
41.2K 6K 38
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
663K 44.4K 67
အသက်တစ်ခါရှူတိုင်း ရှင်ကျွန်မကို သတိရနေပါစေဆိုတဲ့ ဆုတောင်းမျိုးကို တကိုယ်ကောင်းဆန်စွာနဲ့ ဆုတောင်းတယ်။ - Lalisa Manoban - နာကျင်ရမယ်မှန်းသိလျက်နဲ့ တို...
622K 59.3K 36
Taekook 💜 ( Own Creation )
10.6K 1.9K 20
ජීවිතේ ප්‍රේමනීය පරිච්ඡේද ලියවුනේම ආදරනීය හමුවීම් එක්ක.... ......❤️