ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေ...

By Juengal_0226

913K 138K 7.4K

▪️Title - Rebirth to become the president omega's wife ▪️Associated name - 重生豪门总裁的O妻 ▪️Original Author - Hanm... More

Description
Omegaverse
Chapter - 1(U+Z)
Chapter - 2 (U+Z)
Chapter - 3(U+Z)
Chapter - 4 (U+Z)
Chapter - 5 (U+Z)
Chapter - 6 (U+Z)
Chapter - 7 (U+Z)
Chapter - 8 (U+Z)
Chapter - 9 (U+Z)
Chapter - 10 (U+Z)
Chapter - 11 (U+Z)
Chapter - 12 (U+Z)
Chapter - 13 (U+Z)
Chapter - 15 (U+Z)
Chapter - 16 (U+Z)
Chapter - 17 (U+Z)
Chapter - 18 (U+Z)
Chapter - 19(U+Z)
Chapter-20 (U+Z)
Chapter - 21(U+Z)
Chapter - 22(U+Z)
Chapter - 23(U+Z)
Chapter - 24(U+Z)
Chapter-25(U+Z)
Chapter-25_2(U+Z)
Chapter-26(U+Z)
Chapter 27 (U+Z)
Chapter - 28(U+Z)
Chapter 29(U+Z)
Chapter - 30(U+Z)
Chapter - 31(U+Z)
Chapter - 32 (U+Z)
Chapter -33_1(U+Z)
Chapter-33_2
Chapter -34_1
Chapter-34_2
Chapter-35 (U+Z)
Chapter - 36 (U+Z)
Chapter - 37 (U+Z)
Chapter - 38 (U+Z)
Chapter - 39 (U+Z)
Chapter - 40 (U+Z)
Chapter - 41 (U+Z)
Chapter - 42.1(U+Z)
Chapter - 42.2 (U+Z)
Chapter - 43.1 ( U+Z)
Chapter - 43.2 (U+Z)
Chapter - 44.1 (U+Z)
Chapter - 44.2 (U+Z)
Chapter - 45 (U+Z)
Chapter - 46 (U+Z)
Chapter - 47 (U+Z)
Chapter - 48(U+Z)
Chapter 49 (U+Z)
Chapter - 50 (U+Z)
Chapter 51 (U+Z)
Chapter - 52 (U+Z)
Chapter - 53 (U+Z)
Chapter - 54 (U+Z)
Chapter - 55 (U+Z)
Chapter - 56 (U+Z)
Chapter - 57 (U+Z)
Chapter - 58 (U+Z)
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63

Chapter - 14 (U+Z)

12.4K 1.9K 85
By Juengal_0226

//UNICODE//

အခန်း ၁၄ - သူငယ်ချင်း

ဥယျာဥ်ထဲတွင် ​မွှေးရံနံ့များ သင်းပျံ့​နေလျက်။ အဆင့်နိမ့် စိတ်ဝိညာဥ်ပင်များနှင့် ထိပ်တန်းAအဆင့်စိတ်ဝိညာဥ်ပင်တို့ဟာ သူတို့ရဲ့အကိုင်းအခက်​လေး​တွေနဲ့ သစ်ရွက်​လေး​တွေကို လှုပ်ယမ်း​နေကြသည်။ သူတို့ဟာ ​​လေယူရာအတိုင်း ဖြည်းညင်းစွာဖြင့် နွဲ့နွဲ့​နှောင်း​နှောင်း တစ်ပုံစံတည်း ယိမ်းနွဲ့​နေကြတာဖြစ်သည်။ အဖြူ​ရောင်ဝတ်စုံနဲ့ ​ကောင်ငယ်​လေးက ​ဘေးနားက ထိုင်ခုံ​လေးကို အသာမှီလျက် ​ရှေ့က သုံးဖက်မြင်မျက်နှာပြင်ကို စိတ်ဝင်တစား စူးစိုက်ကြည့်​နေသည်မှာ ပန်းချီကားတစ်ချပ် ခြယ်မှုန်းထားသည့်နှယ်။

ကုလီဟန် တိတ်ဆိတ်​အေးချမ်း​နေသည့် မြင်ကွင်း​လေးကို မ​နှောက်ယှက်ချင်တဲ့အတွက် အနည်းငယ် တုန့်ဆိုင်းစွာဖြင့်ပင် ​အဆုံးတွင်​တော့ နောက်ကိုသာ လှည့်ထွက်ခဲ့​တော့သည်။

စုလင်း​လေးက​တော့ ​ရွှေမှုန်ကျဲပန်းပင်​လေးက သူ့ရဲ့နွယ်​ခွေ​ခွေ​လေးကိုဆန့်ထုတ်ပြီး စုလင်းရဲ့လက်​ကောက်ဝတ်ကို ရစ်ပတ် ဆွဲလာတဲ့အချိန်အထိ ​ရှန်းမိုယွီနဲ့ပတ်သတ်တဲ့အချက်အလက်​တွေကို ကြည့်​နေခဲ့သည်။ သူ​ခေါင်း​လေးကို မသိမသာ​စောင်းငဲ့ကြည့်လိုက်သည်။ တံခါးနားမှာ လူတစ်​ယောက်ကို လှမ်း​တွေ့လိုက်ရချိန် စုလင်းရဲ့မျက်ဝန်း​လေးများထဲတွင် မ​မျှော်မှန်းထားသည့် အရိပ်အ​ယောင်များ ဖျတ်ခနဲ ​ပေါ်လာသည်။

သူ့ရဲ့နတ်ဘုရားက ဘယ်အချိန်က ပြန်​ရောက်လာတာလဲ?

ကုလီဟန် ထွက်သွား​တော့မှကို မြင်လိုက်​တော့ စုလင်း လှမ်း​ခေါ်လိုက်သည်။

"ဥက္ကဋ္ဌကု"

အဲ့​နောက်သူ ထရပ်လိုက်ပြီး ကုလီဟန်ဆီ ​လျှောက်သွားလိုက်သည်။

"ကျွန်​တော့်ကို ရှာ​နေတာလား?"

ကုလီဟန်က စုလင်းကို အမူအရာမဲ့စွာ စိုက်ကြည့်လာ​သော်လည်း အဲ့ဒီပုံစံကကို အရမ်း အ​လေးအနက်ဖြစ်​နေခဲ့သည်။ သူက ရှင်းပြလာသည်။

"ဒယ်ရီက​ ​ပြောလို့ မင်း စိတ်အ​ခြေအ​နေမ​ကောင်းဆို"

စုလင်း ခဏမျှပြန်စဥ်းစားကြည့်လိုက်ပြီး သူတို့Villaကိုပြန်လာတဲ့တစ်​လျှောက်လုံး သူ စကားမ​ပြောဘဲ အရမ်း တိတ်တဆိတ် လိုက်လာမိတာ​ကြောင့် ဖြစ်နိုင်​ကြောင်း သ​ဘော​ပေါက်လိုက်သည်။

ကုလီဟန်ရဲ့​လေသံက တည်ငြိမ်​အေး​ဆေးစွာနဲ့ နှစ်သိမ့်လာသည်။

"မင်းရဲ့​ရောဂါက အခု ကုလို့မရ​သေးရင်​တောင် ​နောင်အနာဂတ်မှာ ကုသနည်း ​ပေါ်မလာဘူးလို့ ဆိုလိုတာမဟုတ်ဘူး​လေ။ အရမ်းကြီး စိတ်မပျက်ပါနဲ့"

စုလင်း ပြုံးလိုက်​တော့ သူ့ရဲ့ဇာမဏီမျက်ဝန်း​လေး​တွေက ​ကော့ညွှတ်သွားသည်။ သူ့မျက်ဝန်း​လေးများကလည်း တဖျတ်ဖျတ် ​တောက်ပ​နေကာ

"ခင်ဗျားက ကျွန်​​တော့်ကို စိတ်ပူလို့လား?"

ကုလီဟန်ရဲ့အကြည့်​တွေက သူ့မျက်နှာ​လေး​ပေါ်မှာ တစ်ခဏမျှ ​ဝေ့ဝဲ​နေခဲ့ပြီးမှ

"အမ်း"

ကုလီဟန် ဒီ​မေးခွန်းနဲ့ပတ်သတ်ပြီး တကယ်ကို ​တွေးမကြည့်မိခဲ့​ချေ။ ဒယ်ရီက ဒီအ​ကြောင်း​ပြောလာ​တော့ သူ စိတ်ထဲမှာ ရှိတာက စုလင်းကို နှစ်သိမ့်​ပေးဖို့ပဲ ဖြစ်သည်။ သူခဏထပ်​တွေးလိုက်ပြီး အ​ဖြေရသွားသည်။

"မင်းက ကိုယ့်ကို သူငယ်ချင်း​​တွေလို ခံစားရ​စေတယ်​လေ။ အဲ့ဒါထက် မင်းက ငယ်လွန်း​သေးတယ်​လေ။"
(T/N - Jueရဲ့သား​လေးကို friend zone ထဲသွင်းပလိုက်ပါပြီ 🤧)

ကုလီဟန် ငယ်ငယ်​လေးကတည်းက သူ့ပတ်ဝန်းကျင်မှ လူ​တွေဟာ သူနဲ့​ ပြောဆို ဆက်ဆံတိုင်း သတိကြီးကြီးနဲ့ ​လေး​လေးစားစားသုံးနှုန်း​ပြောဆိုခဲ့ကြသည်။ သူ့​ရှေ့က ဒီ​ကောင်ငယ်​လေးလို ဆက်ဆံတဲ့သူက အရမ်းအရမ်းကို နည်းပါးလှသည်။ ဒီ​ကောင်​လေးရဲ့ ဟန်​​ဆောင်မှုမရှိတဲ့ သဘာဝဆန်သည့် သ​ဘောထား​လေးက သူ့ကို အလွန်ပဲ သက်​တောင်သက်သာ ခံစားရ​စေသည်။ ကုလီဟန် သူတို့၂​ယောက်​ ဆေးရုံမှာ စ​တွေ့သည့်​နေ့ကို သတိရပါ​သေးသည်။ ဒီ​ကောင်ငယ်​လေးက ထုတ်မ​ပြော​ပေမယ့်လည်း ​ကောင်ငယ်​လေးဟာ အတိတ်​မေ့​​ရောဂါခံစား​နေရတာကို ကုလီဟန် ရိပ်မိခဲ့သည်။ မဟုတ်​တောင် အနည်းဆုံး​တော့ မှတ်ဥာဏ်တစ်စိတ်တစ်ပိုင်း ချွတ်ယွင်း​နေတာ ဖြစ်​ပေလိမ့်မည်။ အဲ့လိုမှ မဟုတ်ရင် ကိုယ့် Pheromone နံ့ကို မမှတ်ဘူးဆိုတာ မဖြစ်နိုင်​ပေ။ ဒီအ​ကြောင်းပြချက်​ကြောင့်ပဲ ဒီ​ကောင်ငယ်​လေးကို ​နေရာတိုင်းလိုက်ပြီး စိတ်မပူဘဲ မ​နေနိုင်ခဲ့​ချေ။

စုလင်း နှုတ်ခမ်းဖျား​လေး​တွေ ​​တွန့်​ကွေးသွားရပြီး မ​ကျေမနပ်ဖြင့် ပြန်လည်​ချေပသည်။

"ကျွန်​တော် မငယ်​တော့ပါဘူး​နော်။ ကျွန်​တော်က အခု လူကြီး ဖြစ်​နေပြီ"

ကုလီဟန် နှုတ်က ဘာစကားမှမဆို​ဘဲ စိုက်ကြည့်လာသော်လည်း သူ့ရဲ့တိတ်ဆိတ်​နေမှုကပင် 'တွေ့လား မင်းက က​လေး​လေးပဲရှိ​သေးတာ' ဟု ဆို​နေသည့်နှယ်။

စုလင်း သူရဲ့အတည်​ပေါက်ကြီး အ​လေးအနက်ထား​ပြောလိုက်ဟန်က အရမ်း က​လေးဆန်သွားတာကို သတိထားမိလိုက်သည်။ သူ ကုလီဟန်အနားကို ​၂ဦးသား ​ခြေတစ်လှမ်း​လောက်သာ ကွာ​တော့သည်အထိ တ​ရွေ့​ရွေ့ချဥ်းကပ်သွားလိုက်သည်။ ပုံမှန်ဆို သတိမမူမိ​ပေမဲ့ ယခု သူတို့ အရမ်းကိုနီးကပ်​နေသည့်အခါမှ သူတို့၂ဦးသားရဲ့ အရပ်ကွာခြားမှုကို စုလင်း သတိထားမိသွားသည်။ သူ့မျက်လုံး​တွေနဲ့ တန်းတန်းကိုသာ ကြည့်မယ်ဆိုရင် တစ်ဖက်လူရဲ့ ညှပ်ရိုးတစ်ဝိုက် 5cmအကွာ​လောက်က အသားအ​ရေကိုသာ မြင်နိုင်သည်။ ဒါက သူတို့၂​ယောက်ရဲ့အရပ်ကွာခြားမှုက အနည်းဆုံး 15cm ရှိသည်ဟု ဆိုလိုခြင်းပင်။ စုလင်း ​ပြောမယ့်စကား​တွေ လည်ပင်းထဲမှာ နင်သွားရပြီး သူ့လက်ကို ​ဆန့်ထုတ်လိုက်ပြီး ကုလီဟန်ရဲ့ ပုခုံးကို ဖွဖွ​လေး တို့ထိကာ

"ကျွန်​တော်က လက်ထပ်လို့ရတဲ့ အရွယ်​တောင်​ရောက်​နေပြီ သိရဲ့လား?။ အရင်ကဆို တစ်ချို့လူ​တွေက ကျွန်​တော့်ကို စနစ်နှင့် နေရာချထားခြင်းမှာ ​လျှောက်ဖို့ ​တောင် ဆွယ်ကြ​သေးတယ်။"

အဲ့ဒီ​နောက်မှာ စုလင်း သူ့မျက်ဝန်း​လေး​တွေကို ပင့်တင်လိုက်ပြီး ကုလီဟန်ရဲ့ နိမ့်ဆင်း​နေတဲ့မျက်ဝန်းများနဲ့ ဆုံ​စေလိုက်သည်။

"က​လေး​လေး​တွေဆို လက်ထပ်ဖို့ ခွင့်ပြုမထားဘူး​လေ။ အဲ့​တော့ ခင်ဗျား ကျွန်​တော့်ကို အရွယ်​ရောက်​နေတဲ့လူကြီး တစ်​​ယောက်လို မြင်​ပေး​မှရမယ်နော်"

(T/N- Jue​တော့ noteတစ်အုပ်ထုတ်ပြီးကို စုလင်းရဲ့flirt နည်းအဖြာဖြာကို လိုက်မှတ်​ထားတယ် သိလား😼)

ကုလီဟန်အတွက် သူ့ အခု အသက်အရွယ် အထိ Omegaတစ်​ယောက်နဲ့ ရင်းရင်းနှီးနှီး ပတ်သတ်ဖူးတာ ဒါပထမဆုံးအကြိမ် ဖြစ်သည်။  အခုတော့ Omega​တွေဘာလို့ ဒီ​လောက်နာမည်ကြီးရသလဲဆိုတာကို သူ​ကောင်း​ကောင်းကြီး နားလည်နိုင်သွားပြီဟုပင် ကူကယ်ရာမဲ့စွာ ​တွေးလိုက်မိ​သေးသည်။ တကယ်ကို ချစ်ဖို့​ကောင်းလှ​ပေသည်။ သူ ​ခေါင်းငြိမ့်ပြီး ဆိုလိုက်သည်။

"​ကောင်းပါပြီ"

စုလင်း ကုလီဟန်ရဲ့ အ​ဖြေကို စိတ်​ကျေနပ်သွားရပြီး ​မေးလိုက်သည်။

"ခင်ဗျား ဒီမနက် အလုပ်ကို မသွားဘူးလား?"

စုလင်း ​ခုနက သူထိုင်​နေခဲ့တဲ့ နောက်မှီထိုင်ခုံ​လေးကို ညွှန်ပြလိုက်ရင်း

"အတူတူ ထိုင်မလား? ဒီမှာ အရမ်း သက်​တောင့်သက်သာ ရှိတာပဲ။"

စိတ်ဝိညာဥ်၃ပင်ကလည်း အလွန်ပင် စိတ်အ​ခြေအ​နေ​ကောင်း​နေကြသည်မှာ ထင်ရှားသည်။ သူတို့က ​နေပူဆာ​လေးလှုံရင်း ​သ​ဘောထားကြီးစွာဖြင့် ​​လေထုထဲကို မွှေးရနံ့များ ထုတ်လွှတ်​နေကြကာ လူ​တွေကို သက်​တောင့်သက်သာ ခံစား​စေပြီး စွမ်းအင်များ ​ပေး​နေခဲ့သည်။ ဒါဟာ အားလုံးအတွက် သုခဘုံ ပဲ ဖြစ်သည်။

ကုလီဟန် ​ခေါင်းငြိမ့်လိုက်သည်။

"​ကောင်းပြီ​လေ"
(T/N - တွဲ​တောင် မတွဲရ​သေးဘူး Daddy ကုတို့က ဟုတ်ကဲ့ ချည်းပဲ ဟင်းဟင်း😏)

ဒိုမီက မကြာခင်မှာပဲ ​နောက်ထပ် ​နောက်မှီထိုင်ခုံ တစ်ခုကို ဥယျာဥ်ဆီ ထပ်သယ်လာခဲ့ပြီး စုလင်းရဲ့ ထိုင်ခုံ​ဘေးမှာ ယှဥ်ပြီးချ​ပေးလိုက်သည်။ ထို့​နောက် သူက နှစ်​ယောက်လုံးရဲ့ထိုင်ခုံ​တွေပါလုံ​အောင် ပိုကြီးသည့် ထီးအကြီးကြီးနဲ့လဲ​ပေးသွားသည့်အပြင် လိ​မ္မော်ရည် ၂ခွက်ပါ ယူလာ​ပေးခဲ့သည်။

စုလင်း တစ်ငုံ​လောက် စုပ်သောက်လိုက်ပြီး ချီးကျူးလိုက်သည်။

"မင်းက အ​ကောင်းဆုံး အိမ်ထိန်း ​လေးပဲ"

ဒိုမီ အရမ်းကျေနပ်သွားရပြီး လျှပ်စစ်မျက်နှာပြင်​ပေါ်မှ သူ့မျက်လုံး​လေး​တွေက နှစ်လိုဖွယ် အပြာ​ရောင်​လေး ​တောက်ပလာသည်။

"လှပ​သောOmegaဧည့်သည်​လေး​ရေ၊ မင်းက တယ်ကို ချစ်စရာအရမ်း​ကောင်းတဲ့ ဧည့်သည်​လေးပါပဲ"

စုလင်း ရယ်​မောလိုက်သည်။ ဒိုမီက သူ့ကို လက်ပြနှုတ်ဆက်ပြီး ထွက်သွားသည်။ စုလင်း ​ခေါင်းပြန်လှည့်လိုက်​တော့ သူ့ကို မျက်ခုံး​တွေပင့်ပြီး ကြည့်​နေသည့် ကုလီဟန်ကို မြင်လိုက်ရသည်။

"ဘာဖြစ်လို့လဲ?"

ကုလီဟန် သူ့ဝတ်စုံရဲ့ အ​ပေါ်ဆုံကြယ်သီး​ပေါ် လက်တင်ပြီး ​မေးလာသည်။

"ကိုယ် ကုတ်အင်္ကျီချွတ်လိုက်ချင်လို့ မင်းအဆင်​ပြေမလား?"

စုလင်း: "ရတာ​ပေါ့။ ကျွန်​တော် အဆင်​ပြေပါတယ်"
(T/N အရင်တခါလို အငမ်းလွန်ဦးမယ်​နော်😒)

သူ ကုလီဟန်ရဲ့ ခန္ဓာကိုယ်​ပေါ်က အ​နောက်တိုင်းဝတ်စုံကို တစ်ချက်လှမ်းကြည့်လိုက်သည်။

"ဒါ​ပေမဲ့ ခင်ဗျား ​ပေါ့​ပေါ့ပါးပါး တစ်ခုခု လဲဝတ်သင့်တယ် ထင်တယ်"

​ပြောရင်းနဲ့ စုလင်း သူ့ထသွားထလာ ​ဘောင်းဘီရဲ့ အသား​ပျော့​ပျော့​လေးကို ကုလီဟန် မြင်​​အောင် ​ခြေ​ထောက်​လေးကို ​မြှောက်ပြလိုက်သည်။

"ခင်ဗျား ခန္ဓာကိုယ်လည်း လွတ်လပ်ချင်မှာ​ပေါ့"

ကုလီဟန် သူ့အကြံဥာဏ်အတိုင်း လိုက်နာစွာနဲ့ အဝတ်သွားလဲခဲ့သည်။ သူပြန်​ရောက်လာ​တော့ စုလင်းက သုံးဖက်မြင် မျက်နှာပြင်ကို မျက်​မှောင်ကြုတ်ကြည့်​နေတာကို မြင်လိုက်သည်။ သူက စုလင်း ဇီဝ​ဗေဒ ဖတ်စာအုပ်​တွေကို ​လေ့လာ​နေတာမျိုး တစ်ကြိမ်မက ​တွေ့ဖူး​လေသည်။ စုလင်း စိတ်ဝိညာဥ်ပင်​တွေ လေ့လာဖို့ တက္ကသိုလ် တက်ချင်တာကိုလည်း သူသိ​ပေသည်။

"မင်း စာ​မေးပွဲအတွက် စိုးရိမ်​နေတာလား?"

စိတ်ဝိညာဥ်ပင်​မေဂျာဝင်ခွင့်စာ​မေးပွဲ​တွေထဲက တစ်ခုသည် ကျွမ်းကျင်မှုဆိုင်ရာ အရည်အချင်းစစ် အင်တာဗျူး ဖြစ်​ပေသည်။ စုလင်း ဒီ​နေ့ ​ဒေါက်တာဆီကရလာတဲ့ ရလဒ်က မ​ကောင်းကတည်းက သူ့ရဲ့ ကျွမ်းကျင်မှုဆိုင်ရာအရည်အချင်းစစ် အင်တာဗျူး က မ​ကောင်းနိုင်ပါ​ချေ။

(T/N ဒီနား​လေးရှင်းရဲ့လားမသိဘူး။ အင်တာဗျုးက pheromone ​တွေသုံးပြီး စိတ်ဝိညာဥ်ပင်​တွေနဲ့ဆက်သွယ်ပြတာမျိုး ကျွမ်းကျင်မှုစစ်​ဆေးမှာ။ စုလင်း​ရဲ့pheromone မူမမှန်​ရောဂါက ကုသနိုင်တဲ့နည်း မရှိ​ဘူးဆိုတဲ့ရလဒ်​ကြောင့် အင်တာဗျူးမှာလည်း အဆင်မ​ပြေနိုင်ဘူးလို့ ​ပြောချင်တာပါ။ မရှင်းတာရှိရင်​မေး​ပေး​နော်🍃🌻)

စုလင်းက ​ခေါင်း​လေးကို လှည့်ပြီး သူ့ကို ကြည့်လာသည်။

"ဟင့်အင်း စာ​မေးပွဲအတွက်က ကျွန်​တော် အ​ကောင်းဆုံး ကြိုးစားမှာ။ ဒီတစ်ကြိမ် မ​အောင်ရင်​ ​နောက်တစ်နှစ် ထပ်​​ဖြေရလည်း ကိစ္စမရှိဘူး။"

ထို့​နောက် စုလင်းက ​မေးလိုက်သည်။

"ခင်ဗျား ရှန်းမိုယွီဆိုတာ အရင်က ကြားဖူးလား?"

ကုလီဟန် စုလင်းရဲ့​မေးခွန်း​ကြောင့် နည်းနည်းအံ့သြသွားရပြီး ​ခေါင်းငြိမ့်ပြသည်။

"အင်း အရင်က ကြားဖူးတယ်။ ကိုယ်တို့ ကု ကုမ္ပဏီက ဒဏ္ဍာရီလာ စိတ်ဝိညာဥ်ပင်​တွေကို ရှာဖို့ အထူးဌာန တစ်ခု မနှစ်ကစပြီး ဖွဲ့ထားတယ်။ ရှန်းမိုယွီက အဲ့ဒီ ဒဏ္ဍာရီလာစိတ်ဝိညာဥ်ပင်​တွေထဲက တစ်ပင်ပဲ"

စုလင်း မြန်မြန်​ ​မေးလိုက်မိသည်။

"ခင်ဗျားတို့ အဲ့ဒီအပင်ကို ​တွေ့ပြီလား?"

ကုလီဟန်: "ဟင့်အင်း သူတို့က ဘာ​ခြေရာလက်ရာမှ မချန်ဘဲ ​ပျောက်သွားတတ်တာ။ အ​သေးအစိပ်ဆုံး မှတ်တမ်းက လက်နဲ့ဆွဲထားတဲ့ ပုံတူပဲရှိတယ်။ ထိပ်တန်း Sအဆင့် စိတ်ဝိညာဥ်ပင်​တွေအများစုရဲ့ လက်နဲ့ဆွဲပုံတူ​တွေက ဗားရှင်း အမျိုးမျိုးရှိတယ်။ တစ်ပုံနဲ့ တစ်ပုံ​တောင် မတူကြဘူး"

စုလင်း သက်ပြင်းချမိလိုက်သည်။ ကုလီဟန်​ပြောတာက သူခုနက ဖတ်ရင်း မျက်​မှောင်ကြုတ်လိုက်မိတဲ့ဟာနဲ့ အတူတူပဲ ဖြစ်သည်။ ​​ဒေတာ​တွေ ​တော်​တော်ကြီးကို ခပ်ဆင်ဆင်​တူ​​နေကြပြီး တိကျတဲ့ ကိုးကားချက်​တော့မရှိ​ပေ။ တစ်ခုတည်း​သော တိကျသည့်အရာက ရှန်းမိုယွီဟာ တစ်ခြား စိတ်ဝိညာဥ်ပင်​တွေရဲ့ အာဟာရဓါတ်​တွေကို စုပ်ယူတတ်သည် ဟူ​သော အချက်​ပေ။

ကုလီဟန်: "မင်း ရှန်းမိုယွီကို ရှာချင်လို့လား?"

စုလင်း ​ခေါင်း​လေးကို ဆတ်ခနဲ ငြိမ့်ပြလိုက်ပြီး သူ့ရဲ့လက်ရှိအ​ခြေအ​နေကို ကုလီဟန်ကို ​ပြောပြလိုက်သည်။ ထို့​နောက်သူက

"အဲ့ဒါက ​ရှန်းမိုယွီ ​သေချာ​ပေါက်ကြီး ပတ်သတ်တာမျိုး​တော့မဟုတ်​ပေမယ့် ဖြစ်နိုင်​ချေ​တော့ အရမ်းများတယ်"

ကုလီဟန်: "ကိုယ် တစ်ခုခုသိရရင် မင်းကို​ပြောမယ်"

စုလင်း သူ့ကို အပြုံး​လေးနဲ့ ​ကျေးဇူးစကားဆိုလိုက်သည်။

"​ကျေးဇူးပါ"

အဲ့ဒီ​နောက် စုလင်း မဝံ့မရဲ နဲ့ ​မေးလိုက်သည်။

"ဆူးနီ​ဘောလုံးပင်က တစ်လစာနဲ့တင် ခင်ဗျားအတွက် လောက်ရဲ့လား?"

ကုလီဟန် မျက်​မှောင် အနည်းငယ် ကြုတ်လျက် ​ပြန်​ဖြေလာသည်။

"အဲ့ဒါ ခန့်မှန်းထားတာဆို​တော့ ကိုယ်လည်း သိပ်မ​သေချာဘူး"

သို့​သော် ခုနက ​ပြောတာနဲ့ဆက်စပ်​လိုက်ရင် စုလင်း​မေးခွန်း​မေးသည့် ရည်ရွယ်ချက်ကို ခန့်မှန်းရန်မခက်ပါ​ချေ။

"မင်းက အပင်​တွေကို ရှန်းမိုယွီကို ဆွဲ​ဆောင်ဖို့ သုံးမလို့လား?"

စုလင်း ရိုးသားစွာဖြင့် ​ခေါင်းငြိမ့်ပြသည်။

"​နောက်ဆုံးစာ​မေးပွဲက ၁၅ရက်​နေ့။ ကြားထဲမှာ ကျွန်​တော် ၂လ​တော့ အချိန်ရ​သေးတယ်။ ကျွန်​​တော်အခု ရထားတဲ့အချက်အလက်​တွေအရ ရှန်းမိုယွီ​ နောက်ဆုံး​ ပေါ်လာဖူးတဲ့​နေရာကို အပင်၃ပင်ကို ​ခေါ်သွားချင်လို့"

ပြီး​တော့ စုလင် အလျင်အမြန်ပဲ ဆက်​ပြောလိုက်သည်။

"ဆူးနီ​ဘောလုံးပင်က Villaမှာပဲ ထားခဲ့လို့ရတယ်။ စိတ်ဝိညာဥ်ပင်​တွေက တကယ်ပဲ ရှန်းမိုယွီကို ဆွဲ​ဆောင်နိုင်တယ်ဆိုရင် ထိပ်တန်းAအဆင့် စိတ်ဝိညာဥ်ပင်၂ပင်ဆို လုံ​လောက်တယ်ရယ်"

ကုလီဟန်ရဲ့အကြည့်​တွေက စုလင်းမျက်နှာ​ပေါ် ကျ​ရောက်လာပြန်သည်။

"မင်းက ကိုယ့်အ​ပေါ် အရမ်း​ကောင်းတာပဲ"

ရှန်းမိုယွီသာ တကယ်ပဲ တည်ရှိသည်ဆိုလျှင် ဆွဲ​ဆောင်မှုအား​ကောင်း​လေ အခွင့်အလမ်းပိုများ​လေ ဖြစ်လိမ့်မည်။ ဒါဟာ အရမ်း ရိုးရှင်းလှပါသည်။ ဒီ​ကောင်ငယ်​လေးဟာ ဒါကို ​ကောင်း​ကောင်းကြီးနားလည်​ပေမယ့်လည်း သူ့​(GLH)ကောင်းကျိုးတစ်ခုတည်းအတွက်နဲ့ ဆူးနီ​ဘောလုံးပင်ကို ထားခဲ့ဖို့ ဆန္ဒရှိ​နေသည်။

စုလင်း ရယ်ရယ်​မော​မောနဲ့ ​ပြောလာသည်။

"​ သေချာ​ပေါက် ကျွန်​တော် ခင်ဗျားအ​ပေါ်​ကောင်းတာ​ပေါ့။" ခင်ဗျားက ကျွန်​တော့်ရဲ့နတ်ဘုရားပဲ!။ ပြီး​တော့ ကျွန်​တော် ခင်ဗျားကို လက်ထပ်ချင်တယ်

(T/N - အောင်မ​လေး Juengal လန့်ဖြန့်သွားတာ စုလင်းက တကယ် ဝန်ခံလိုက်တာလားလို့)

ဒါ​ပေမဲ့လည်း စုလင်း အဲ့ဒီစကား​တွေကို​​တော့ ကုလီဟန်ကို ​ခြောက်မိသလိုဖြစ်မှာစိုးတဲ့အတွက် ထုတ်မ​ပြောဘဲ မျိုချလိုက်ပါသည်။ သူတို့တစ်​ယောက်နဲ့တစ်​ယောက် သိကြတာလည်း အချိန်အပိုင်းအခြား တစ်ခုသာရှိ​သေးသည်။ ကုလီဟန်ရဲ့ အ​လေးအနက်ထားတတ်တဲ့ စရိုက်နဲ့ဆိုလျှင် စုလင်းက တကယ် ဝန်ခံလိုက်ရင်​တောင် ​သေချာ​ပေါက်ကို ယုံမှာမဟုတ်​ချေ။ ကုလီဟန်ဟာ စုလင်းက ခံစားချက်​တွေကို အ​လေးအနက်မထားဘူးလို့​ပင် ထင်သွားနိုင်သေးသည်။

ကုလီဟန်: "ဘာလို့လဲ?"

လူ​တော်​တော်များများက ကုလီဟန် အ​ပေါ် ​ကောင်း​ကြသည်။ ဒါမှမဟုတ် လူ​တော်​တော်များများက သူ့ကို စိတ်​ကျေနပ်​​​​စေချင်ကြတာဟု ပြောသင့်သည်။ သူတို့ ဒီလို​ ကောင်းပြ​နေကြတာကလည်း ရည်ရွယ်ချက်ရှိရှိ လုပ်ပြ​နေကြတာသာဖြစ်သည်။ တစ်ချို့က သူ့ဆီက​နေ ပိုက်ဆံ​တွေလိုချင်သည်။ တချို့က​တော့ သူ့ဆီက​နေ တစ်စုံတစ်ရာကို ​မျှော်လင့်ကြသည်။ ဒါ​ပေမဲ့ ဒီ​ကောင်ငယ်​လေးက​တော့ ဘာမှမလိုချင်ခဲ့​ပေ။ အဲ့ဒီအစား သူ့ကို ရှားပါးစိတ်ဝိညာဥ်ပင်​တွေကို​တောင် အလကားငှား​ပေးခဲ့ပြီး ကုန်ကြမ်းအချို့နဲ့ အပို၂ပင်ကို​ စောင့်ရှောက်​ပေးဖို့သာ ​တောင်းဆိုခဲ့သည်။

စုလင်းရဲ့အပြုံး​လေးက ပိုလို့ပင် နက်ရှိုင်းလာခဲ့သည်။

"ခုန​လေးတုန်းကပဲ ကျွန်​တော် ဒီ​မေးခွန်း ခင်ဗျားကို ​မေးတယ်​လေ"

စုလင်း ဆက်​ပြောလာသည်။

"ကျွန်​တော်တို့က သူငယ်ချင်း​တွေ​ မို့လို့​လေ။ သူငယ်ချင်း​တွေအ​ပေါ် ​ကောင်း​ပေးကြတာ ပုံမှန်ပဲ​လေ"

ကုလီဟန် သူ့ကို ကြည့်လာရင်း နှုတ်ခမ်း​ထောင့်စွန်း​လေးမှာ အပြုံး​လေးတစ်ခု ​ပေါ်​ပေါက်လာရသည်။

သူ့ရဲ့နှုတ်ခမ်း​​​ကွေး​ကွေး​လေးကို စုလင်း စိုက်ကြည့်လိုက်ပြီး

"ခင်ဗျား ဒီတခါ​တော့ သဘာဝကျကျ ရယ်ပြီပဲ"

ကုလီဟန် ရုတ်ချည်းပင် ​တောင့်တင်းသွားပြီး နှုတ်ခမ်း​ထောင့်က အပြုံး​လေးလည်း ​ပျောက်ကွယ်သွားရသည်။ သူ့ရဲ့ဟန်ပန်က ပုံမှန်ထက်ကို ​လေးနက်​နေလျက်။

စုလင်းလည်း မှင်သက်သွားရပြီး

"ဘာဖြစ်တာလဲ?"

ကုလီဟန် ထိုင်ရာက​နေ ထလိုက်ပြီး ၂စက္ကန့်​လောက် ရပ်​နေခဲ့သည်။ သူ့လက်ကို ​မြှောက်လိုက်ပြီး မျက်ခုံး​တွေကို ဖိိနှိပ်ကာ အမူအရာက​တော့ တည်ငြိမ်လျက်

"ဘာမှ မဖြစ်ပါဘူး။ ကိုယ် လက်မှတ်ထိုး​ရမယ့် စာရွက်စာတမ်း​တွေကျန်​သေးတယ်။ ကိုယ် စာကြည့်ခန်းထဲ ပြန်​တော့မယ်"

စုလင်း မျက်​မှောင်ကြုတ်ရင်း ကုလီဟန်ရဲ့ ​ကျောပြင်ကို စိုက်ကြည့်​နေခဲ့မိသည်။ ကုလီဟန်က သူကိုယ်သူ သဘာဝကျကျ ရယ်လိုက်မိတယ်ဆိုတာကို သတိထားမိလိုက်ပြီး​နောက် အချိန်ခဏ​လောက် ပျာယာခတ်သွားတာနဲ့ ပတ်သတ်ပြီး စုလင်း တစ်ခုခုမှား​နေသလို ခံစားရသည်။

ဒါ​ပေမဲ့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ရယ်တာနဲ့ပတ်သတ်ပြီး ဘာမ​ကောင်းတာရှိမှာလဲ? သူထင်​ယောင်ထင်မှားဖြစ်တာပဲ ဖြစ်မယ်

စုလင်း အသက်ပြင်းပြင်းရှုလိုက်ပြီး​နောက် ပြန်လန်းဆန်းသွားသလို ခံစားလိုက်ရသည်။ သူက ထိုင်ခုံမှာ မှီလိုက်ရင်း အချက်အလက်​တွေထဲမှာ ​ဖော်ပြထားသည့် ​နေရာများကို ဝိုင်းထားလိုက်သည်။

​လေးနက်တဲ့အမူအရာနဲ့ ကုလီဟန် စာကြည့်ခန်းထဲက ထိုင်ခုံအကြီးကြီးမှာ ထိုင်​နေခဲ့သည်။ သူ့​ရှေ့က သုံးဖက်မြင် မျက်နှာပြင်မှာ နူးညံ့သည့် သက်လတ်ပိုင်း အမျိုးသားက တအံ့တသြဖြင့် ​မေး​လာသည်။

"ဥက္ကဋ္ဌကု တစ်ခုခု ဖြစ်လို့လား?"

သူတို့ ​နောက်ဆုံးဆက်သွယ်ခဲ့တာ သုံး​နှစ်​ကျော်​တောင် ကြာခဲ့​ချေပြီ။ ထိုလူက ကုလီဟန်သူ့ကို ​နောက်ထပ် ဘယ်​တော့မှ မဆက်သွယ်လာ​တော့ဘူးလို့ ထင်​ခဲ့သည်။

ကုလီဟန် သူ့ရဲ့နှုတ်ခမ်းပါး​လေး​တွေကို ခပ်တင်းတင်း​​စေ့ထားပြီး

"ငါ..ပြုံးလိုက်တယ်"

သူက ထပ်မ​ပြောခင် ရပ်​နေမိ​သေးသည်။

"သဘာဝကျကျပဲ ငါကိုယ်တိုင်​တောင် သတိမထားမိလိုက်ဘူး"

ရည်မွန်​ကြော့ရှင်းတဲ့ ထိုအမျိုးသားရဲ့မျက်လုံး​တွေက ​တောက်ပလာပြီး သူ့အသံက အံ့အားတကြီး ဝမ်း​မြောက်ဝမ်းသာနှင့်

"ဒါ​ကောင်းတဲ့ ကိစ္စပဲ။ မင်းရဲ့ ​ရောဂါလက္ခဏာ​တွေက တိုးတက်လာဖို့ အလားအလာရှိပုံပဲ"

သို့​သော်လည်း ကုလီဟန်က မျက်​မှောက်ကြုတ်လျက်

"မဟုတ်ဘူး။ ငါ သိလိုက်​တော့..."

သူ့မျက်လုံးများက နိမ့်သွားကာ သူ့လက်​ချောင်းများကို လက်ဖဝါးမှာစိုက်ဝင်သည်အထိ တင်းတင်းဆုပ်လိုက်သည်။ သူက ဆက်​ပြောလာသည်။

"ငါ စိတ်ထဲမှာ အရမ်းထိတ်လန့်သွားတယ်။ ငါ့အပြုံးကလည်း ​ပျောက်သွားပြီး အမူအရာ​တွေကလည်း ​ပြန်တောင့်တင်းသွားတယ်"

ထိုလူရဲ့ဟန်ပန်က ​လေးနက်လာပြီး

"ထိတ်လန့်သွားတာအပြင် တခြား လက္ခဏာ​တွေ​ကော ရှိ​သေးလား? အရင်ကလို မင်းကို အပြစ်တင်​​နေတဲ့အသံ​​ကော ရှိ​သေးလား?"

ကုလီဟန်ရဲ့ ​မေးရိုးများ တင်းခနဲဖြစ်သွားသည်။

"ရှိတယ်"

ထိုလူက ကုလီဟန်ကို ကြည့်လာသည်။

"ငါက​တော့ 'ပစ်မှတ်ထားကုထုံး​​'တွေကို အကြံပြုတုန်းပဲ မင်း ကို ဘာက ရယ်​စေခဲ့တာလဲ?"

ကုလီဟန် တုန့်ဆိုင်းသွားပြီး ပြန်မ​ဖြေ​ပေ။

ထိုလူက စိတ်ရှည်၊ညင်သာစွာဖြင့်

"မင်း ငါ့ကို ယုံလို့ရတယ်။ မင်း​​ပြောတဲ့ အ​ဖြေမှန်သမျှက ​ဆွေး​နွေးတိုင်ပင်ခြင်းရဲ့ အ​ရေးကြီးတဲ့အချက်​တွေပဲ။ ငါမင်းကို အကဲဖြတ်​နေမှာ မဟုတ်ဘူး"

ကုလီဟန်: "ငါ့မှာ သူငယ်ချင်း​လေး ၁​ ယောက်ရှိတယ်။"

အသက်၂၈နှစ်အရွယ်လူတစ်​ယောက်အတွက်တော့ ဒီအ​ဖြေက ရယ်စရာ​ကောင်းလှသည်။

ထိုလူက ဘာထူးခြားတဲ့ အမူအရာမှ ပြမလာ​ပေ။ သူက တည်ငြိမ်စွာပဲ ခဏ​လောက် စဥ်းစားချင့်ချိန်ပြီး

"လွန်ခဲ့တဲ့၃နှစ်က မင်းရဲ့အလုပ်က​နေ အနားယူလိုက်ဖို့ ငါအကြံပြုခဲ့​ပေမယ့် မင်း ငြင်းခဲ့တယ်။ အခုလည်း ငါအဲ့ဒါကိုပဲ ထပ် အကြုံပြုချင်တယ်။ အချိန်အကြာကြီး အလုပ်လုပ်​နေရင် မင်းငယ်ငယ်ကတည်းက ရိုက်သွင်းခံထားတဲ့ သင့်​တော်တဲ့အမူအရာတစ်ခု ဖြစ်ဖို့ ​လေး​နက်တဲ့ အမူအရာကိုပဲ မသိစိတ်ထဲမှာ ဆက်တိုက် ထိန်းသိမ်း​ထားမိ​နေလိမ့်မယ်။ အဲ့ဒီလို ပတ်ဝန်းကျင်မှာ မင်း ​သက်​တောင့်သက်သာနဲ့ အနားယူနိုင်မှာမဟုတ်ဘူး။ ပြီး​တော့ ငါ ထပ်အကြံပြုချင်တာက မင်း အလုပ်မလုပ်တဲ့ အချိန်​တွေမှာ မင်းရဲ့သူငယ်ချင်း​လေးနဲ့ ပိုပြီး အချိန်ဖြုန်းပေး​စေချင်တယ်။ ​ပြေ​လျော့ပြီး သက်​တောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်က မင်းအတွက် အရမ်းအကျိုးရှိတယ်"

ကုလီဟန် အကြာကြီး တိတ်ဆိတ်​နေခဲ့ပြီးမှ ပြန်​ဖြေလိုက်သည်။

"ငါ မင်း​အကြံ​ပေးတာကို ​လေး​လေးနက်နက် ပြန်​တွေးကြည့်လိုက်ပါ့မယ်။ ​ကျေးဇူးပါ။"

ထိုလူက ပြုံးလိုက်ပြီး

"ယဥ်​ကျေး​နေစရာမလိုပါဘူး။ တစ်ခုခု​မေးစရာရှိရင် ငါ့ကို ဆက်သွယ်လိုက်"

ကုလီဟန်​ ခေါင်းငြိမ့်လိုက်ပြီး ဆက်သွယ်မှုကို ရပ်လိုက်သည်။ သူ ခဏ​လောက်ထိုင်​နေခဲ့ပြီး​နောက် သူ့ရဲ့ ကိုယ်​ရေးလက်ထောက်ကို ဆက်သွယ်ကာ ​နောက်၃လအတွင်း ကုမ္ပဏီရဲ့ အ​ရေးကြီးလုပ်ငန်း​တွေ အကုန်လုံးကို စုစည်းပြီး သူ့ဆီ ပို့ခိုင်းလိုက်သည်။ ထို့​နောက် သူ ​ဒေသအလိုက် ဌာနခွဲမန်​နေဂျာများကို ဆက်သွယ်လိုက်သည်။

​ရက်အနည်းငယ်ကြာပြီး​နောက် ကုလီဟန်က ရုတ်တရက်ကြီး အရမ်းအလုပ်​တွေများ​နေခဲ့ပြီး စုလင်း မကြာခဏဆိုသလို တစ်​ယောက်တည်း ညစာ​စားခဲ့ရသည်။ သို့​သော်လည်း တက္ကသိုလ်ဝင်ခွင့်စာ​မေးပွဲက နီးလာပြီ ဖြစ်သည့်အတွက် စုလင်း အဲ့ဒီကိစ္စနဲ့ ပတ်သတ်ပြီး သိပ်များများစားစား မ​တွေးမိပါ​တော့​ချေ။

ဥယျာဥ်ထဲမှာ စုလင်းတို့ထိုင်တဲ့ ​နောက်မှီခုံ​လေး
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue Freesia 🦋

//ZAWGYI//

အခန္း ၁၄ - သူငယ္ခ်င္း

ဥယ်ာဥ္ထဲတြင္ ​ေမႊးရံနံ႔မ်ား သင္းပ်ံ႕​ေနလ်က္။ အဆင့္နိမ့္ စိတ္ဝိညာဥ္ပင္မ်ားႏွင့္ ထိပ္တန္းAအဆင့္စိတ္ဝိညာဥ္ပင္တို႔ဟာ သူတို႔ရဲ႕အကိုင္းအခက္​ေလး​ေတြနဲ႔ သစ္႐ြက္​ေလး​ေတြကို လႈပ္ယမ္း​ေနၾကသည္။ သူတို႔ဟာ ​​ေလယူရာအတိုင္း ျဖည္းညင္းစြာျဖင့္ ႏြဲ႕ႏြဲ႕​ေႏွာင္း​ေႏွာင္း တစ္ပုံစံတည္း ယိမ္းႏြဲ႕​ေနၾကတာျဖစ္သည္။ အျဖဴ​ေရာင္ဝတ္စုံနဲ႔ ​ေကာင္ငယ္​ေလးက ​ေဘးနားက ထိုင္ခုံ​ေလးကို အသာမွီလ်က္ ​ေ႐ွ႕က သုံးဖက္ျမင္မ်က္ႏွာျပင္ကို စိတ္ဝင္တစား စူးစိုက္ၾကည့္​ေနသည္မွာ ပန္းခ်ီကားတစ္ခ်ပ္ ျခယ္မႈန္းထားသည့္ႏွယ္။

ကုလီဟန္ တိတ္ဆိတ္​ေအးခ်မ္း​ေနသည့္ ျမင္ကြင္း​ေလးကို မ​ေႏွာက္ယွက္ခ်င္တဲ့အတြက္ အနည္းငယ္ တုန္႔ဆိုင္းစြာျဖင့္ပင္ ​အဆုံးတြင္​ေတာ့ ေနာက္ကိုသာ လွည့္ထြက္ခဲ့​ေတာ့သည္။

စုလင္း​ေလးက​ေတာ့ ​ေ႐ႊမႈန္က်ဲပန္းပင္​ေလးက သူ႕ရဲ႕ႏြယ္​ေခြ​ေခြ​ေလးကိုဆန္႔ထုတ္ၿပီး စုလင္းရဲ႕လက္​ေကာက္ဝတ္ကို ရစ္ပတ္ ဆြဲလာတဲ့အခ်ိန္အထိ ​႐ွန္းမိုယြီနဲ႔ပတ္သတ္တဲ့အခ်က္အလက္​ေတြကို ၾကည့္​ေနခဲ့သည္။ သူ​ေခါင္း​ေလးကို မသိမသာ​ေစာင္းငဲ့ၾကည့္လိုက္သည္။ တံခါးနားမွာ လူတစ္​ေယာက္ကို လွမ္း​ေတြ႕လိုက္ရခ်ိန္ စုလင္းရဲ႕မ်က္ဝန္း​ေလးမ်ားထဲတြင္ မ​ေမွ်ာ္မွန္းထားသည့္ အရိပ္အ​ေယာင္မ်ား ဖ်တ္ခနဲ ​ေပၚလာသည္။

သူ႕ရဲ႕နတ္ဘုရားက ဘယ္အခ်ိန္က ျပန္​ေရာက္လာတာလဲ?

ကုလီဟန္ ထြက္သြား​ေတာ့မွကို ျမင္လိုက္​ေတာ့ စုလင္း လွမ္း​ေခၚလိုက္သည္။

"ဥကၠ႒ကု"

အဲ့​ေနာက္သူ ထရပ္လိုက္ၿပီး ကုလီဟန္ဆီ ​ေလွ်ာက္သြားလိုက္သည္။

"ကြၽန္​ေတာ္႕ကို ႐ွာ​ေနတာလား?"

ကုလီဟန္က စုလင္းကို အမူအရာမဲ့စြာ စိုက္ၾကည့္လာ​ေသာ္လည္း အဲ့ဒီပုံစံကကို အရမ္း အ​ေလးအနက္ျဖစ္​ေနခဲ့သည္။ သူက ႐ွင္းျပလာသည္။

"ဒယ္ရီက​ ​ေျပာလို႔ မင္း စိတ္အ​ေျခအ​ေနမ​ေကာင္းဆို"

စုလင္း ခဏမွ်ျပန္စဥ္းစားၾကည့္လိုက္ၿပီး သူတို႔Villaကိုျပန္လာတဲ့တစ္​ေလွ်ာက္လုံး သူ စကားမ​ေျပာဘဲ အရမ္း တိတ္တဆိတ္ လိုက္လာမိတာ​ေၾကာင့္ ျဖစ္ႏိုင္​ေၾကာင္း သ​ေဘာ​ေပါက္လိုက္သည္။

ကုလီဟန္ရဲ႕​ေလသံက တည္ၿငိမ္​ေအး​ေဆးစြာနဲ႔ ႏွစ္သိမ့္လာသည္။

"မင္းရဲ႕​ေရာဂါက အခု ကုလို႔မရ​ေသးရင္​ေတာင္ ​ေနာင္အနာဂတ္မွာ ကုသနည္း ​ေပၚမလာဘူးလို႔ ဆိုလိုတာမဟုတ္ဘူး​ေလ။ အရမ္းႀကီး စိတ္မပ်က္ပါနဲ႔"

စုလင္း ျပဳံးလိုက္​ေတာ့ သူ႕ရဲ႕ဇာမဏီမ်က္ဝန္း​ေလး​ေတြက ​ေကာ့ၫႊတ္သြားသည္။ သူ႕မ်က္ဝန္း​ေလးမ်ားကလည္း တဖ်တ္ဖ်တ္ ​ေတာက္ပ​ေနကာ

"ခင္ဗ်ားက ကြၽန္​​ေတာ္႕ကို စိတ္ပူလို႔လား?"

ကုလီဟန္ရဲ႕အၾကည့္​ေတြက သူ႕မ်က္ႏွာ​ေလး​ေပၚမွာ တစ္ခဏမွ် ​ေဝ့ဝဲ​ေနခဲ့ၿပီးမွ

"အမ္း"

ကုလီဟန္ ဒီ​ေမးခြန္းနဲ႔ပတ္သတ္ၿပီး တကယ္ကို ​ေတြးမၾကည့္မိခဲ့​ေခ်။ ဒယ္ရီက ဒီအ​ေၾကာင္း​ေျပာလာ​ေတာ့ သူ စိတ္ထဲမွာ ႐ွိတာက စုလင္းကို ႏွစ္သိမ့္​ေပးဖို႔ပဲ ျဖစ္သည္။ သူခဏထပ္​ေတြးလိုက္ၿပီး အ​ေျဖရသြားသည္။

"မင္းက ကိုယ့္ကို သူငယ္ခ်င္း​​ေတြလို ခံစားရ​ေစတယ္​ေလ။ အဲ့ဒါထက္ မင္းက ငယ္လြန္း​ေသးတယ္​ေလ။"
(T/N - Jueရဲ႕သား​ေလးကို friend zone ထဲသြင္းပလိုက္ပါၿပီ 🤧)

ကုလီဟန္ ငယ္ငယ္​ေလးကတည္းက သူ႕ပတ္ဝန္းက်င္မွ လူ​ေတြဟာ သူနဲ႔​ ေျပာဆို ဆက္ဆံတိုင္း သတိႀကီးႀကီးနဲ႔ ​ေလး​ေလးစားစားသုံးႏႈန္း​ေျပာဆိုခဲ့ၾကသည္။ သူ႕​ေ႐ွ႕က ဒီ​ေကာင္ငယ္​ေလးလို ဆက္ဆံတဲ့သူက အရမ္းအရမ္းကို နည္းပါးလွသည္။ ဒီ​ေကာင္​ေလးရဲ႕ ဟန္​​ေဆာင္မႈမ႐ွိတဲ့ သဘာဝဆန္သည့္ သ​ေဘာထား​ေလးက သူ႕ကို အလြန္ပဲ သက္​ေတာင္သက္သာ ခံစားရ​ေစသည္။ ကုလီဟန္ သူတို႔၂​ေယာက္​ ေဆး႐ုံမွာ စ​ေတြ႕သည့္​ေန႔ကို သတိရပါ​ေသးသည္။ ဒီ​ေကာင္ငယ္​ေလးက ထုတ္မ​ေျပာ​ေပမယ့္လည္း ​ေကာင္ငယ္​ေလးဟာ အတိတ္​ေမ့​​ေရာဂါခံစား​ေနရတာကို ကုလီဟန္ ရိပ္မိခဲ့သည္။ မဟုတ္​ေတာင္ အနည္းဆုံး​ေတာ့ မွတ္ဥာဏ္တစ္စိတ္တစ္ပိုင္း ခြၽတ္ယြင္း​ေနတာ ျဖစ္​ေပလိမ့္မည္။ အဲ့လိုမွ မဟုတ္ရင္ ကိုယ့္ Pheromone နံ႔ကို မမွတ္ဘူးဆိုတာ မျဖစ္ႏိုင္​ေပ။ ဒီအ​ေၾကာင္းျပခ်က္​ေၾကာင့္ပဲ ဒီ​ေကာင္ငယ္​ေလးကို ​ေနရာတိုင္းလိုက္ၿပီး စိတ္မပူဘဲ မ​ေနႏိုင္ခဲ့​ေခ်။

စုလင္း ႏႈတ္ခမ္းဖ်ား​ေလး​ေတြ ​​တြန္႔​ေကြးသြားရၿပီး မ​ေက်မနပ္ျဖင့္ ျပန္လည္​ေခ်ပသည္။

"ကြၽန္​ေတာ္ မငယ္​ေတာ့ပါဘူး​ေနာ္။ ကြၽန္​ေတာ္က အခု လူႀကီး ျဖစ္​ေနၿပီ"

ကုလီဟန္ ႏႈတ္က ဘာစကားမွမဆို​ဘဲ စိုက္ၾကည့္လာေသာ္လည္း သူ႕ရဲ႕တိတ္ဆိတ္​ေနမႈကပင္ 'ေတြ႕လား မင္းက က​ေလး​ေလးပဲ႐ွိ​ေသးတာ' ဟု ဆို​ေနသည့္ႏွယ္။

စုလင္း သူရဲ႕အတည္​ေပါက္ႀကီး အ​ေလးအနက္ထား​ေျပာလိုက္ဟန္က အရမ္း က​ေလးဆန္သြားတာကို သတိထားမိလိုက္သည္။ သူ ကုလီဟန္အနားကို ​၂ဦးသား ​ေျခတစ္လွမ္း​ေလာက္သာ ကြာ​ေတာ့သည္အထိ တ​ေ႐ြ႕​ေ႐ြ႕ခ်ဥ္းကပ္သြားလိုက္သည္။ ပုံမွန္ဆို သတိမမူမိ​ေပမဲ့ ယခု သူတို႔ အရမ္းကိုနီးကပ္​ေနသည့္အခါမွ သူတို႔၂ဦးသားရဲ႕ အရပ္ကြာျခားမႈကို စုလင္း သတိထားမိသြားသည္။ သူ႕မ်က္လုံး​ေတြနဲ႔ တန္းတန္းကိုသာ ၾကည့္မယ္ဆိုရင္ တစ္ဖက္လူရဲ႕ ညႇပ္႐ိုးတစ္ဝိုက္ 5cmအကြာ​ေလာက္က အသားအ​ေရကိုသာ ျမင္ႏိုင္သည္။ ဒါက သူတို႔၂​ေယာက္ရဲ႕အရပ္ကြာျခားမႈက အနည္းဆုံး 15cm ႐ွိသည္ဟု ဆိုလိုျခင္းပင္။ စုလင္း ​ေျပာမယ့္စကား​ေတြ လည္ပင္းထဲမွာ နင္သြားရၿပီး သူ႕လက္ကို ​ဆန္႔ထုတ္လိုက္ၿပီး ကုလီဟန္ရဲ႕ ပုခုံးကို ဖြဖြ​ေလး တို႔ထိကာ

"ကြၽန္​ေတာ္က လက္ထပ္လို႔ရတဲ့ အ႐ြယ္​ေတာင္​ေရာက္​ေနၿပီ သိရဲ႕လား?။ အရင္ကဆို တစ္ခ်ိဳ႕လူ​ေတြက ကြၽန္​ေတာ္႕ကို စနစ္ႏွင့္ ေနရာခ်ထားျခင္းမွာ ​ေလွ်ာက္ဖို႔ ​ေတာင္ ဆြယ္ၾက​ေသးတယ္။"

အဲ့ဒီ​ေနာက္မွာ စုလင္း သူ႕မ်က္ဝန္း​ေလး​ေတြကို ပင့္တင္လိုက္ၿပီး ကုလီဟန္ရဲ႕ နိမ့္ဆင္း​ေနတဲ့မ်က္ဝန္းမ်ားနဲ႔ ဆုံ​ေစလိုက္သည္။

"က​ေလး​ေလး​ေတြဆို လက္ထပ္ဖို႔ ခြင့္ျပဳမထားဘူး​ေလ။ အဲ့​ေတာ့ ခင္ဗ်ား ကြၽန္​ေတာ္႕ကို အ႐ြယ္​ေရာက္​ေနတဲ့လူႀကီး တစ္​​ေယာက္လို ျမင္​ေပး​မွရမယ္ေနာ္"

(T/N- Jue​ေတာ့ noteတစ္အုပ္ထုတ္ၿပီးကို စုလင္းရဲ႕flirt နည္းအျဖာျဖာကို လိုက္မွတ္​ထားတယ္ သိလား😼)

ကုလီဟန္အတြက္ သူ႕ အခု အသက္အ႐ြယ္ အထိ Omegaတစ္​ေယာက္နဲ႔ ရင္းရင္းႏွီးႏွီး ပတ္သတ္ဖူးတာ ဒါပထမဆုံးအႀကိမ္ ျဖစ္သည္။  အခုေတာ့ Omega​ေတြဘာလို႔ ဒီ​ေလာက္နာမည္ႀကီးရသလဲဆိုတာကို သူ​ေကာင္း​ေကာင္းႀကီး နားလည္ႏိုင္သြားၿပီဟုပင္ ကူကယ္ရာမဲ့စြာ ​ေတြးလိုက္မိ​ေသးသည္။ တကယ္ကို ခ်စ္ဖို႔​ေကာင္းလွ​ေပသည္။ သူ ​ေခါင္းၿငိမ့္ၿပီး ဆိုလိုက္သည္။

"​ေကာင္းပါၿပီ"

စုလင္း ကုလီဟန္ရဲ႕ အ​ေျဖကို စိတ္​ေက်နပ္သြားရၿပီး ​ေမးလိုက္သည္။

"ခင္ဗ်ား ဒီမနက္ အလုပ္ကို မသြားဘူးလား?"

စုလင္း ​ခုနက သူထိုင္​ေနခဲ့တဲ့ ေနာက္မွီထိုင္ခုံ​ေလးကို ၫႊန္ျပလိုက္ရင္း

"အတူတူ ထိုင္မလား? ဒီမွာ အရမ္း သက္​ေတာင့္သက္သာ ႐ွိတာပဲ။"

စိတ္ဝိညာဥ္၃ပင္ကလည္း အလြန္ပင္ စိတ္အ​ေျခအ​ေန​ေကာင္း​ေနၾကသည္မွာ ထင္႐ွားသည္။ သူတို႔က ​ေနပူဆာ​ေလးလႈံရင္း ​သ​ေဘာထားႀကီးစြာျဖင့္ ​​ေလထုထဲကို ေမႊးရနံ႔မ်ား ထုတ္လႊတ္​ေနၾကကာ လူ​ေတြကို သက္​ေတာင့္သက္သာ ခံစား​ေစၿပီး စြမ္းအင္မ်ား ​ေပး​ေနခဲ့သည္။ ဒါဟာ အားလုံးအတြက္ သုခဘုံ ပဲ ျဖစ္သည္။

ကုလီဟန္ ​ေခါင္းၿငိမ့္လိုက္သည္။

"​ေကာင္းၿပီ​ေလ"
(T/N - တြဲ​ေတာင္ မတြဲရ​ေသးဘူး Daddy ကုတို႔က ဟုတ္ကဲ့ ခ်ည္းပဲ ဟင္းဟင္း😏)

ဒိုမီက မၾကာခင္မွာပဲ ​ေနာက္ထပ္ ​ေနာက္မွီထိုင္ခုံ တစ္ခုကို ဥယ်ာဥ္ဆီ ထပ္သယ္လာခဲ့ၿပီး စုလင္းရဲ႕ ထိုင္ခုံ​ေဘးမွာ ယွဥ္ၿပီးခ်​ေပးလိုက္သည္။ ထို႔​ေနာက္ သူက ႏွစ္​ေယာက္လုံးရဲ႕ထိုင္ခုံ​ေတြပါလုံ​ေအာင္ ပိုႀကီးသည့္ ထီးအႀကီးႀကီးနဲ႔လဲ​ေပးသြားသည့္အျပင္ လိ​ေမၼာ္ရည္ ၂ခြက္ပါ ယူလာ​ေပးခဲ့သည္။

စုလင္း တစ္ငုံ​ေလာက္ စုပ္ေသာက္လိုက္ၿပီး ခ်ီးက်ဴးလိုက္သည္။

"မင္းက အ​ေကာင္းဆုံး အိမ္ထိန္း ​ေလးပဲ"

ဒိုမီ အရမ္းေက်နပ္သြားရၿပီး လွ်ပ္စစ္မ်က္ႏွာျပင္​ေပၚမွ သူ႕မ်က္လုံး​ေလး​ေတြက ႏွစ္လိုဖြယ္ အျပာ​ေရာင္​ေလး ​ေတာက္ပလာသည္။

"လွပ​ေသာOmegaဧည့္သည္​ေလး​ေရ၊ မင္းက တယ္ကို ခ်စ္စရာအရမ္း​ေကာင္းတဲ့ ဧည့္သည္​ေလးပါပဲ"

စုလင္း ရယ္​ေမာလိုက္သည္။ ဒိုမီက သူ႕ကို လက္ျပႏႈတ္ဆက္ၿပီး ထြက္သြားသည္။ စုလင္း ​ေခါင္းျပန္လွည့္လိုက္​ေတာ့ သူ႕ကို မ်က္ခုံး​ေတြပင့္ၿပီး ၾကည့္​ေနသည့္ ကုလီဟန္ကို ျမင္လိုက္ရသည္။

"ဘာျဖစ္လို႔လဲ?"

ကုလီဟန္ သူ႕ဝတ္စုံရဲ႕ အ​ေပၚဆုံၾကယ္သီး​ေပၚ လက္တင္ၿပီး ​ေမးလာသည္။

"ကိုယ္ ကုတ္အက်ႌခြၽတ္လိုက္ခ်င္လို႔ မင္းအဆင္​ေျပမလား?"

စုလင္း: "ရတာ​ေပါ့။ ကြၽန္​ေတာ္ အဆင္​ေျပပါတယ္"
(T/N အရင္တခါလို အငမ္းလြန္ဦးမယ္​ေနာ္😒)

သူ ကုလီဟန္ရဲ႕ ခႏၶာကိုယ္​ေပၚက အ​ေနာက္တိုင္းဝတ္စုံကို တစ္ခ်က္လွမ္းၾကည့္လိုက္သည္။

"ဒါ​ေပမဲ့ ခင္ဗ်ား ​ေပါ့​ေပါ့ပါးပါး တစ္ခုခု လဲဝတ္သင့္တယ္ ထင္တယ္"

​ေျပာရင္းနဲ႔ စုလင္း သူ႕ထသြားထလာ ​ေဘာင္းဘီရဲ႕ အသား​ေပ်ာ့​ေပ်ာ့​ေလးကို ကုလီဟန္ ျမင္​​ေအာင္ ​ေျခ​ေထာက္​ေလးကို ​ေျမႇာက္ျပလိုက္သည္။

"ခင္ဗ်ား ခႏၶာကိုယ္လည္း လြတ္လပ္ခ်င္မွာ​ေပါ့"

ကုလီဟန္ သူ႕အၾကံဥာဏ္အတိုင္း လိုက္နာစြာနဲ႔ အဝတ္သြားလဲခဲ့သည္။ သူျပန္​ေရာက္လာ​ေတာ့ စုလင္းက သုံးဖက္ျမင္ မ်က္ႏွာျပင္ကို မ်က္​ေမွာင္ၾကဳတ္ၾကည့္​ေနတာကို ျမင္လိုက္သည္။ သူက စုလင္း ဇီဝ​ေဗဒ ဖတ္စာအုပ္​ေတြကို ​ေလ့လာ​ေနတာမ်ိဳး တစ္ႀကိမ္မက ​ေတြ႕ဖူး​ေလသည္။ စုလင္း စိတ္ဝိညာဥ္ပင္​ေတြ ေလ့လာဖို႔ တကၠသိုလ္ တက္ခ်င္တာကိုလည္း သူသိ​ေပသည္။

"မင္း စာ​ေမးပြဲအတြက္ စိုးရိမ္​ေနတာလား?"

စိတ္ဝိညာဥ္ပင္​ေမဂ်ာဝင္ခြင့္စာ​ေမးပြဲ​ေတြထဲက တစ္ခုသည္ ကြၽမ္းက်င္မႈဆိုင္ရာ အရည္အခ်င္းစစ္ အင္တာဗ်ဴး ျဖစ္​ေပသည္။ စုလင္း ဒီ​ေန႔ ​ေဒါက္တာဆီကရလာတဲ့ ရလဒ္က မ​ေကာင္းကတည္းက သူ႕ရဲ႕ ကြၽမ္းက်င္မႈဆိုင္ရာအရည္အခ်င္းစစ္ အင္တာဗ်ဴး က မ​ေကာင္းႏိုင္ပါ​ေခ်။

(T/N ဒီနား​ေလး႐ွင္းရဲ႕လားမသိဘူး။ အင္တာဗ်ဳးက pheromone ​ေတြသုံးၿပီး စိတ္ဝိညာဥ္ပင္​ေတြနဲ႔ဆက္သြယ္ျပတာမ်ိဳး ကြၽမ္းက်င္မႈစစ္​ေဆးမွာ။ စုလင္း​ရဲ႕pheromone မူမမွန္​ေရာဂါက ကုသႏိုင္တဲ့နည္း မ႐ွိ​ဘူးဆိုတဲ့ရလဒ္​ေၾကာင့္ အင္တာဗ်ဴးမွာလည္း အဆင္မ​ေျပႏိုင္ဘူးလို႔ ​ေျပာခ်င္တာပါ။ မ႐ွင္းတာ႐ွိရင္​ေမး​ေပး​ေနာ္🍃🌻)

စုလင္းက ​ေခါင္း​ေလးကို လွည့္ၿပီး သူ႕ကို ၾကည့္လာသည္။

"ဟင့္အင္း စာ​ေမးပြဲအတြက္က ကြၽန္​ေတာ္ အ​ေကာင္းဆုံး ႀကိဳးစားမွာ။ ဒီတစ္ႀကိမ္ မ​ေအာင္ရင္​ ​ေနာက္တစ္ႏွစ္ ထပ္​​ေျဖရလည္း ကိစၥမ႐ွိဘူး။"

ထို႔​ေနာက္ စုလင္းက ​ေမးလိုက္သည္။

"ခင္ဗ်ား ႐ွန္းမိုယြီဆိုတာ အရင္က ၾကားဖူးလား?"

ကုလီဟန္ စုလင္းရဲ႕​ေမးခြန္း​ေၾကာင့္ နည္းနည္းအံ့ၾသသြားရၿပီး ​ေခါင္းၿငိမ့္ျပသည္။

"အင္း အရင္က ၾကားဖူးတယ္။ ကိုယ္တို႔ ကု ကုမၸဏီက ဒ႑ာရီလာ စိတ္ဝိညာဥ္ပင္​ေတြကို ႐ွာဖို႔ အထူးဌာန တစ္ခု မႏွစ္ကစၿပီး ဖြဲ႕ထားတယ္။ ႐ွန္းမိုယြီက အဲ့ဒီ ဒ႑ာရီလာစိတ္ဝိညာဥ္ပင္​ေတြထဲက တစ္ပင္ပဲ"

စုလင္း ျမန္ျမန္​ ​ေမးလိုက္မိသည္။

"ခင္ဗ်ားတို႔ အဲ့ဒီအပင္ကို ​ေတြ႕ၿပီလား?"

ကုလီဟန္: "ဟင့္အင္း သူတို႔က ဘာ​ေျခရာလက္စာမွ မခ်န္ဘဲ ​ေပ်ာက္သြားတတ္တာ။ အ​ေသးအစိပ္ဆုံး မွတ္တမ္းက လက္နဲ႔ဆြဲထားတဲ့ ပုံတူပဲ႐ွိတယ္။ ထိပ္တန္း Sအဆင့္ စိတ္ဝိညာဥ္ပင္​ေတြအမ်ားစုရဲ႕ လက္နဲ႔ဆြဲပုံတူ​ေတြက ဗား႐ွင္း အမ်ိဳးမ်ိဳး႐ွိတယ္။ တစ္ပုံနဲ႔ တစ္ပုံ​ေတာင္ မတူၾကဘူး"

စုလင္း သက္ျပင္းခ်မိလိုက္သည္။ ကုလီဟန္​ေျပာတာက သူခုနက ဖတ္ရင္း မ်က္​ေမွာင္ၾကဳတ္လိုက္မိတဲ့ဟာနဲ႔ အတူတူပဲ ျဖစ္သည္။ ​​ေဒတာ​ေတြ ​ေတာ္​ေတာ္ႀကီးကို ခပ္ဆင္ဆင္​တူ​​ေနၾကၿပီး တိက်တဲ့ ကိုးကားခ်က္​ေတာ့မ႐ွိ​ေပ။ တစ္ခုတည္း​ေသာ တိက်သည့္အရာက ႐ွန္းမိုယြီဟာ တစ္ျခား စိတ္ဝိညာဥ္ပင္​ေတြရဲ႕ အာဟာရဓါတ္​ေတြကို စုပ္ယူတတ္သည္ ဟူ​ေသာ အခ်က္​ေပ။

ကုလီဟန္: "မင္း ႐ွန္းမိုယြီကို ႐ွာခ်င္လို႔လား?"

စုလင္း ​ေခါင္း​ေလးကို ဆတ္ခနဲ ၿငိမ့္ျပလိုက္ၿပီး သူ႕ရဲ႕လက္႐ွိအ​ေျခအ​ေနကို ကုလီဟန္ကို ​ေျပာျပလိုက္သည္။ ထို႔​ေနာက္သူက

"အဲ့ဒါက ​႐ွန္းမိုယြီ ​ေသခ်ာ​ေပါက္ႀကီး ပတ္သတ္တာမ်ိဳး​ေတာ့မဟုတ္​ေပမယ့္ ျဖစ္ႏိုင္​ေခ်​ေတာ့ အရမ္းမ်ားတယ္"

ကုလီဟန္: "ကိုယ္ တစ္ခုခုသိရရင္ မင္းကို​ေျပာမယ္"

စုလင္း သူ႕ကို အျပဳံး​ေလးနဲ႔ ​ေက်းဇူးစကားဆိုလိုက္သည္။

"​ေက်းဇူးပါ"

အဲ့ဒီ​ေနာက္ စုလင္း မဝံ့မရဲ နဲ႔ ​ေမးလိုက္သည္။

"ဆူးနီ​ေဘာလုံးပင္က တစ္လစာနဲ႔တင္ ခင္ဗ်ားအတြက္ ေလာက္ရဲ႕လား?"

ကုလီဟန္ မ်က္​ေမွာင္ အနည္းငယ္ ၾကဳတ္လ်က္ ​ျပန္​ေျဖလာသည္။

"အဲ့ဒါ ခန္႔မွန္းထားတာဆို​ေတာ့ ကိုယ္လည္း သိပ္မ​ေသခ်ာဘူး"

သို႔​ေသာ္ ခုနက ​ေျပာတာနဲ႔ဆက္စပ္​လိုက္ရင္ စုလင္း​ေမးခြန္း​ေမးသည့္ ရည္႐ြယ္ခ်က္ကို ခန္႔မွန္းရန္မခက္ပါ​ေခ်။

"မင္းက အပင္​ေတြကို ႐ွန္းမိုယြီကို ဆြဲ​ေဆာင္ဖို႔ သုံးမလို႔လား?"

စုလင္း ႐ိုးသားစြာျဖင့္ ​ေခါင္းၿငိမ့္ျပသည္။

"​ေနာက္ဆုံးစာ​ေမးပြဲက ၁၅ရက္​ေန႔။ ၾကားထဲမွာ ကြၽန္​ေတာ္ ၂လ​ေတာ့ အခ်ိန္ရ​ေသးတယ္။ ကြၽန္​​ေတာ္အခု ရထားတဲ့အခ်က္အလက္​ေတြအရ ႐ွန္းမိုယြီ​ ေနာက္ဆုံး​ ေပၚလာဖူးတဲ့​ေနရာကို အပင္၃ပင္ကို ​ေခၚသြားခ်င္လို႔"

ၿပီး​ေတာ့ စုလင္ အလ်င္အျမန္ပဲ ဆက္​ေျပာလိုက္သည္။

"ဆူးနီ​ေဘာလုံးပင္က Villaမွာပဲ ထားခဲ့လို႔ရတယ္။ စိတ္ဝိညာဥ္ပင္​ေတြက တကယ္ပဲ ႐ွန္းမိုယြီကို ဆြဲ​ေဆာင္ႏိုင္တယ္ဆိုရင္ ထိပ္တန္းAအဆင့္ စိတ္ဝိညာဥ္ပင္၂ပင္ဆို လုံ​ေလာက္တယ္ရယ္"

ကုလီဟန္ရဲ႕အၾကည့္​ေတြက စုလင္းမ်က္ႏွာ​ေပၚ က်​ေရာက္လာျပန္သည္။

"မင္းက ကိုယ့္အ​ေပၚ အရမ္း​ေကာင္းတာပဲ"

႐ွန္းမိုယြီသာ တကယ္ပဲ တည္႐ွိသည္ဆိုလွ်င္ ဆြဲ​ေဆာင္မႈအား​ေကာင္း​ေလ အခြင့္အလမ္းပိုမ်ား​ေလ ျဖစ္လိမ့္မည္။ ဒါဟာ အရမ္း ႐ိုး႐ွင္းလွပါသည္။ ဒီ​ေကာင္ငယ္​ေလးဟာ ဒါကို ​ေကာင္း​ေကာင္းႀကီးနားလည္​ေပမယ့္လည္း သူ႕​(GLH)ေကာင္းက်ိဳးတစ္ခုတည္းအတြက္နဲ႔ ဆူးနီ​ေဘာလုံးပင္ကို ထားခဲ့ဖို႔ ဆႏၵ႐ွိ​ေနသည္။

စုလင္း ရယ္ရယ္​ေမာ​ေမာနဲ႔ ​ေျပာလာသည္။

"​ ေသခ်ာ​ေပါက္ ကြၽန္​ေတာ္ ခင္ဗ်ားအ​ေပၚ​ေကာင္းတာ​ေပါ့။" ခင္ဗ်ားက ကြၽန္​ေတာ္႕ရဲ႕နတ္ဘုရားပဲ!။ ၿပီး​ေတာ့ ကြၽန္​ေတာ္ ခင္ဗ်ားကို လက္ထပ္ခ်င္တယ္

​(T/N - ေအာင္မ​ေလး Juengal လန္႔ျဖန္႔သြားတာ စုလင္းက တကယ္ ဝန္ခံလိုက္တာလားလို႔)

ဒါ​ေပမဲ့လည္း စုလင္း အဲ့ဒီစကား​ေတြကို​​ေတာ့ ကုလီဟန္ကို ​ေျခာက္မိသလိုျဖစ္မွာစိုးတဲ့အတြက္ ထုတ္မ​ေျပာဘဲ မ်ိဳခ်လိုက္ပါသည္။ သူတို႔တစ္​ေယာက္နဲ႔တစ္​ေယာက္ သိၾကတာလည္း အခ်ိန္အပိုင္းအျခား တစ္ခုသာ႐ွိ​ေသးသည္။ ကုလီဟန္ရဲ႕ အ​ေလးအနက္ထားတတ္တဲ့ စ႐ိုက္နဲ႔ဆိုလွ်င္ စုလင္းက တကယ္ ဝန္ခံလိုက္ရင္​ေတာင္ ​ေသခ်ာ​ေပါက္ကို ယုံမွာမဟုတ္​ေခ်။ ကုလီဟန္ဟာ စုလင္းက ခံစားခ်က္​ေတြကို အ​ေလးအနက္မထားဘူးလို႔​ပင္ ထင္သြားႏိုင္ေသးသည္။

ကုလီဟန္: "ဘာလို႔လဲ?"

လူ​ေတာ္​ေတာ္မ်ားမ်ားက ကုလီဟန္ အ​ေပၚ ​ေကာင္း​ၾကသည္။ ဒါမွမဟုတ္ လူ​ေတာ္​ေတာ္မ်ားမ်ားက သူ႕ကို စိတ္​ေက်နပ္​​​​ေစခ်င္ၾကသည္ဟု ေျပာသင့္သည္။ သူတို႔ ဒီလို​ ေကာင္းျပ​ေနၾကတာကလည္း ရည္႐ြယ္ခ်က္႐ွိ႐ွိ လုပ္ျပ​ေနၾကတာသာျဖစ္သည္။ တစ္ခ်ိဳ႕က သူ႕ဆီက​ေန ပိုက္ဆံ​ေတြလိုခ်င္သည္။ တခ်ိဳ႕က​ေတာ့ သူ႕ဆီက​ေန တစ္စုံတစ္ရာကို ​ေမွ်ာ္လင့္ၾကသည္။ ဒါ​ေပမဲ့ ဒီ​ေကာင္ငယ္​ေလးက​ေတာ့ ဘာမွမလိုခ်င္ခဲ့​ေပ။ အဲ့ဒီအစား သူ႕ကို ႐ွားပါးစိတ္ဝိညာဥ္ပင္​ေတြကို​ေတာင္ အလကားငွား​ေပးခဲ့ၿပီး ကုန္ၾကမ္းအခ်ိဳ႕နဲ႔ အပို၂ပင္ကို​ ေစာင့္ေ႐ွာက္​ေပးဖို႔သာ ​ေတာင္းဆိုခဲ့သည္။

စုလင္းရဲ႕အျပဳံး​ေလးက ပိုလို႔ပင္ နက္႐ိႈင္းလာခဲ့သည္။

"ခုန​ေလးတုန္းကပဲ ကြၽန္​ေတာ္ ဒီ​ေမးခြန္း ခင္ဗ်ားကို ​ေမးတယ္​ေလ"

စုလင္း ဆက္​ေျပာလာသည္။

"ကြၽန္​ေတာ္တို႔က သူငယ္ခ်င္း​ေတြ​ မို႔လို႔​ေလ။ သူငယ္ခ်င္း​ေတြအ​ေပၚ ​ေကာင္း​ေပးၾကတာ ပုံမွန္ပဲ​ေလ"

ကုလီဟန္ သူ႕ကို ၾကည့္လာရင္း ႏႈတ္ခမ္း​ေထာင့္စြန္း​ေလးမွာ အျပဳံး​ေလးတစ္ခု ​ေပၚ​ေပါက္လာရသည္။

သူ႕ရဲ႕ႏႈတ္ခမ္း​​​ေကြး​ေကြး​ေလးကို စုလင္း စိုက္ၾကည့္လိုက္ၿပီး

"ခင္ဗ်ား ဒီတခါ​ေတာ့ သဘာဝက်က် ရယ္ၿပီပဲ"

ကုလီဟန္ ႐ုတ္ခ်ည္းပင္ ​ေတာင့္တင္းသြားၿပီး ႏႈတ္ခမ္း​ေထာင့္က အျပဳံး​ေလးလည္း ​ေပ်ာက္ကြယ္သြားရသည္။ သူ႕ရဲ႕ဟန္ပန္က ပုံမွန္ထက္ကို ​ေလးနက္​ေနလ်က္။

စုလင္းလည္း မွင္သက္သြားရၿပီး

"ဘာျဖစ္တာလဲ?"

ကုလီဟန္ ထိုင္ရာက​ေန ထလိုက္ၿပီး ၂စကၠန္႔​ေလာက္ ရပ္​ေနခဲ့သည္။ သူ႕လက္ကို ​ေျမႇာက္လိုက္ၿပီး မ်က္ခုံး​ေတြကို ဖိိႏွိပ္ကာ အမူအရာက​ေတာ့ တည္ၿငိမ္လ်က္

"ဘာမွ မျဖစ္ပါဘူး။ ကိုယ္ လက္မွတ္ထိုး​ရမယ့္ စာ႐ြက္စာတမ္း​ေတြက်န္​ေသးတယ္။ ကိုယ္ စာၾကည့္ခန္းထဲ ျပန္​ေတာ့မယ္"

စုလင္း မ်က္​ေမွာင္ၾကဳတ္ရင္း ကုလီဟန္ရဲ႕ ​ေက်ာျပင္ကို စိုက္ၾကည့္​ေနခဲ့မိသည္။ ကုလီဟန္က သူကိုယ္သူ သဘာဝက်က် ရယ္လိုက္မိတယ္ဆိုတာကို သတိထားမိလိုက္ၿပီး​ေနာက္ အခ်ိန္ခဏ​ေလာက္ ပ်ာယာခတ္သြားတာနဲ႔ ပတ္သတ္ၿပီး စုလင္း တစ္ခုခုမွား​ေနသလို ခံစားရသည္။

ဒါ​ေပမဲ့ ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ? ရယ္တာနဲ႔ပတ္သတ္ၿပီး ဘာမ​ေကာင္းတာ႐ွိမွာလဲ? သူထင္​ေယာင္ထင္မွားျဖစ္တာပဲ ျဖစ္မယ္

စုလင္း အသက္ျပင္းျပင္း႐ႈလိုက္ၿပီး​ေနာက္ ျပန္လန္းဆန္းသြားသလို ခံစားလိုက္ရသည္။ သူက ထိုင္ခုံမွာ မွီလိုက္ရင္း အခ်က္အလက္​ေတြထဲမွာ ​ေဖာ္ျပထားသည့္ ​ေနရာမ်ားကို ဝိုင္းထားလိုက္သည္။

​ေလးနက္တဲ့အမူအရာနဲ႔ ကုလီဟန္ စာၾကည့္ခန္းထဲက ထိုင္ခုံအႀကီးႀကီးမွာ ထိုင္​ေနခဲ့သည္။ သူ႕​ေ႐ွ႕က သုံးဖက္ျမင္ မ်က္ႏွာျပင္မွာ ႏူးညံ့သည့္ သက္လတ္ပိုင္း အမ်ိဳးသားက တအံ့တၾသျဖင့္ ​ေမး​လာသည္။

"ဥကၠ႒ကု တစ္ခုခု ျဖစ္လို႔လား?"

သူတို႔ ​ေနာက္ဆုံးဆက္သြယ္ခဲ့တာ သုံး​ႏွစ္​ေက်ာ္​ေတာင္ ၾကာခဲ့​ေခ်ၿပီ။ ထိုလူက ကုလီဟန္သူ႕ကို ​ေနာက္ထပ္ ဘယ္​ေတာ့မွ မဆက္သြယ္လာ​ေတာ့ဘူးလို႔ ထင္​ခဲ့သည္။

ကုလီဟန္ သူ႕ရဲ႕ႏႈတ္ခမ္းပါး​ေလး​ေတြကို ခပ္တင္းတင္း​​ေစ့ထားၿပီး

"ငါ..ျပဳံးလိုက္တယ္"

သူက ထပ္မ​ေျပာခင္ ရပ္​ေနမိ​ေသးသည္။

"သဘာဝက်က်ပဲ ငါကိုယ္တိုင္​ေတာင္ သတိမထားမိလိုက္ဘူး"

ရည္မြန္​ေၾကာ့႐ွင္းတဲ့ ထိုအမ်ိဳးသားရဲ႕မ်က္လုံး​ေတြက ​ေတာက္ပလာၿပီး သူ႕အသံက အံ့အားတႀကီး ဝမ္း​ေျမာက္ဝမ္းသာႏွင့္

"ဒါ​ေကာင္းတဲ့ ကိစၥပဲ။ မင္းရဲ႕ ​ေရာဂါလကၡဏာ​ေတြက တိုးတက္လာဖို႔ အလားအလာ႐ွိပုံပဲ"

သို႔​ေသာ္လည္း ကုလီဟန္က မ်က္​ေမွာက္ၾကဳတ္လ်က္

"မဟုတ္ဘူး။ ငါ သိလိုက္​ေတာ့..."

သူ႕မ်က္လုံးမ်ားက နိမ့္သြားကာ သူ႕လက္​ေခ်ာင္းမ်ားကို လက္ဖဝါးမွာစိုက္ဝင္သည္အထိ တင္းတင္းဆုပ္လိုက္သည္။ သူက ဆက္​ေျပာလာသည္။

"ငါ စိတ္ထဲမွာ အရမ္းထိတ္လန္႔သြားတယ္။ ငါ့အျပဳံးကလည္း ​ေပ်ာက္သြားၿပီး အမူအရာ​ေတြကလည္း ​ျပန္ေတာင့္တင္းသြားတယ္"

ထိုလူရဲ႕ဟန္ပန္က ​ေလးနက္လာၿပီး

"ထိတ္လန္႔သြားတာအျပင္ တျခား လကၡဏာ​ေတြ​ေကာ ႐ွိ​ေသးလား? အရင္ကလို မင္းကို အျပစ္တင္​​ေနတဲ့အသံ​​ေကာ ႐ွိ​ေသးလား?"

ကုလီဟန္ရဲ႕ ​ေမး႐ိုးမ်ား တင္းခနဲျဖစ္သြားသည္။

"႐ွိတယ္"

ထိုလူက ကုလီဟန္ကို ၾကည့္လာသည္။

"ငါက​ေတာ့ 'ပစ္မွတ္ထားကုထုံး​​'ေတြကို အၾကံျပဳတုန္းပဲ မင္း ကို ဘာက ရယ္​ေစခဲ့တာလဲ?"

ကုလီဟန္ တုန္႔ဆိုင္းသြားၿပီး ျပန္မ​ေျဖ​ေပ။

ထိုလူက စိတ္႐ွည္၊ညင္သာစြာျဖင့္

"မင္း ငါ့ကို ယုံလို႔ရတယ္။ မင္း​​ေျပာတဲ့ အ​ေျဖမွန္သမွ်က ​ေဆြး​ေႏြးတိုင္ပင္ျခင္းရဲ႕ အ​ေရးႀကီးတဲ့အခ်က္​ေတြပဲ။ ငါမင္းကို အကဲျဖတ္​ေနမွာ မဟုတ္ဘူး"

ကုလီဟန္: "ငါ့မွာ သူငယ္ခ်င္း​ေလး ၁​ ေယာက္႐ွိတယ္။"

အသက္၂၈ႏွစ္အ႐ြယ္လူတစ္​ေယာက္အတြက္ေတာ့ ဒီအ​ေျဖက ရယ္စရာ​ေကာင္းလွသည္။

ထိုလူက ဘာထူးျခားတဲ့ အမူအရာမွ ျပမလာ​ေပ။ သူက တည္ၿငိမ္စြာပဲ ခဏ​ေလာက္ စဥ္းစားခ်င့္ခ်ိန္ၿပီး

"လြန္ခဲ့တဲ့၃ႏွစ္က မင္းရဲ႕အလုပ္က​ေန အနားယူလိုက္ဖို႔ ငါအၾကံျပဳခဲ့​ေပမယ့္ မင္း ျငင္းခဲ့တယ္။ အခုလည္း ငါအဲ့ဒါကိုပဲ ထပ္ အၾကဳံျပဳခ်င္တယ္။ အခ်ိန္အၾကာႀကီး အလုပ္လုပ္​ေနရင္ မင္းငယ္ငယ္ကတည္းက ႐ိုက္သြင္းခံထားတဲ့ သင့္​ေတာ္တဲ့အမူအရာတစ္ခု ျဖစ္ဖို႔ ​ေလး​နက္တဲ့ အမူအရာကိုပဲ မသိစိတ္ထဲမွာ ဆက္တိုက္ ထိန္းသိမ္း​ထားမိ​ေနလိမ့္မယ္။ အဲ့ဒီလို ပတ္ဝန္းက်င္မွာ မင္း ​သက္​ေတာင့္သက္သာနဲ႔ အနားယူႏိုင္မွာမဟုတ္ဘူး။ ၿပီး​ေတာ့ ငါ ထပ္အၾကံျပဳခ်င္တာက မင္း အလုပ္မလုပ္တဲ့ အခ်ိန္​ေတြမွာ မင္းရဲ႕သူငယ္ခ်င္း​ေလးနဲ႔ ပိုၿပီး အခ်ိန္ျဖဳန္းေပး​ေစခ်င္တယ္။ ​ေျပ​ေလ်ာ့ၿပီး သက္​ေတာင့္သက္သာ႐ွိတဲ့ ပတ္ဝန္းက်င္က မင္းအတြက္ အရမ္းအက်ိဳး႐ွိတယ္"

ကုလီဟန္ အၾကာႀကီး တိတ္ဆိတ္​ေနခဲ့ၿပီးမွ ျပန္​ေျဖလိုက္သည္။

"ငါ မင္း​အၾကံ​ေပးတာကို ​ေလး​ေလးနက္နက္ ျပန္​ေတြးၾကည့္လိုက္ပါ့မယ္။ ​ေက်းဇူးပါ။"

ထိုလူက ျပဳံးလိုက္ၿပီး

"ယဥ္​ေက်း​ေနစရာမလိုပါဘူး။ တစ္ခုခု​ေမးစရာ႐ွိရင္ ငါ့ကို ဆက္သြယ္လိုက္"

ကုလီဟန္​ ေခါင္းၿငိမ့္လိုက္ၿပီး ဆက္သြယ္မႈကို ရပ္လိုက္သည္။ သူ ခဏ​ေလာက္ထိုင္​ေနခဲ့ၿပီး​ေနာက္ သူ႕ရဲ႕ ကိုယ္​ေရးလက္ေထာက္ကို ဆက္သြယ္ကာ ​ေနာက္၃လအတြင္း ကုမၸဏီရဲ႕ အ​ေရးႀကီးလုပ္ငန္း​ေတြ အကုန္လုံးကို စုစည္းၿပီး သူ႕ဆီ ပို႔ခိုင္းလိုက္သည္။ ထို႔​ေနာက္ သူ ​ေဒသအလိုက္ ဌာနခြဲမန္​ေနဂ်ာမ်ားကို ဆက္သြယ္လိုက္သည္။

​ရက္အနည္းငယ္ၾကာၿပီး​ေနာက္ ကုလီဟန္က ႐ုတ္တရက္ႀကီး အရမ္းအလုပ္​ေတြမ်ား​ေနခဲ့ၿပီး စုလင္း မၾကာခဏဆိုသလို တစ္​ေယာက္တည္း ညစာ​စားခဲ့ရသည္။ သို႔​ေသာ္လည္း တကၠသိုလ္ဝင္ခြင့္စာ​ေမးပြဲက နီးလာၿပီ ျဖစ္သည့္အတြက္ စုလင္း အဲ့ဒီကိစၥနဲ႔ ပတ္သတ္ၿပီး သိပ္မ်ားမ်ားစားစား မ​ေတြးမိပါ​ေတာ့​ေခ်။

ဥယ်ာဥ္ထဲမွာ စုလင္းတို႔ထိုင္တဲ့ ​ေနာက္မွီခုံ​ေလး
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue Freesia🦋

Continue Reading

You'll Also Like

184K 20.3K 77
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
2.8M 185K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
686K 30.6K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...
1.7M 181K 69
BL ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်က သူဘယ်လောက်ဘဲ ကြိုးစားရေးနေပါစေ စာဖတ်သူတွေက အကြိုက်မတွေ့ဘူး။ယုတ္တိမရှိဘူးဆိုပြီး ဆိုးဝါးတဲ့ မှတ်ချက်တွေပေးတယ်။ တစ်နေ့...