မုေယာအိပ္ယာမွနွိုးလာေတာ့ည 7:00ပင္ရွိေနသည္။ကိုကိုကေတာ့ ရွိမေနပါ။နာက်င္မႈ့ကိုဥေပကၡာျပဳကာ ေရခ်ိဳးခန္းထဲဝင္ကာ ေရခ်ိဳးလိုက္သည္။စိတ္ထဲတြင္ဝမ္းနည္းမႈ ကျပည့္ေနသည္။
ေရခ်ိဳးၿပီးအဝတ္အစားလဲေနတုန္း ကားသံၾကား၍ကိုကိုျပန္လာၿပီဆိုတာသူသိလိုက္သည္။သူအျမန္ပင္လဲကာ ေအာက္ထပ္ဆင္းလာခဲ့သည္။
"ဟင္! ကိုကိုမူးေနတာလား"
"ဟုတ္တယ္အကိုေလး ဆရာမူးေနလို႔က်ေတာ္လာပို႔တာ"
ကိုကိုရဲ႕တပည့္ျဖစ္သူမွရွင္းျပသည္။
"အဲ့တာဆိုက်ေတာ္ျပန္ေတာ့မယ္ေနာ္ "
"အင္း_အင္း"
ရွိုင္းဇက္ျပန္သြားေတာ့သူ ကိုကိုအားတြဲကာအေပၚထပ္တက္လာခဲ့သည္။ကိုကိုရဲ႕အားကႀကီးလြန္းေသာေၾကာင့္ သူမနဲ႔ပင္တြဲထားရသည္။သူ႔နာက်င္မႈမ်ားကိုအံႀကိတ္ကာ အခန္းထဲေရာက္ေအာင္ေခၚလာခဲ့သည္။
ကိုကို႔အားအိပ္ယာေပၚတြင္အသာလွဲကာထားလိုက္သည္။
"မထိနဲ႔ _ေအ့_႐ြံတယ္"
"ကိုကိုရယ္__"
မုေယာမ်က္ရည္ေတြက်လာျပန္ပါၿပီ ကိုကိုကမူးေနတာေတာင္ သူ႔အားအထိမခံခ်င္ေလာက္ေအာင္ပင္။
သူကိုကို႔အား သန္႔ရွင္းေရးလုပ္ေပးၿပီး သူပါပင္ပန္းေနတာေၾကာင့္ကိုကို႔ေဘးတြင္ဝင္အိပ္ေနလိုက္သည္။တညတာကေတာ့ေကာင္ေလး နွစ္ေယာက္ရဲ႕အိပ္မက္ဆိုးေတြကကင္းေဝးေနလို႔သာ။
မနက္မိုးလင္းေတာ့ မုေယာဖ်ားေနပါၿပီ သူဆက္အိပ္ေနလို႔မျဖစ္ ကိုကိုနွိုးလာရင္သူ႔အား ေတြ႕လ်ွင္႐ြံေနမည္ဆိုးေသာေၾကာင့္ထ လိုက္သည္။အျပစ္မရွိဘဲအျပစ္တခုကိုခံယူရတာ သိပ္ပင္ပန္းစရာေကာင္းသည္ပင္။
လြန္းဝဠာတည္ တစ္ေယာက္ညကေသာက္တာမ်ားသြားေသာေၾကာင့္ ေနအေတာ္ျမင့္မွ နွိုးလာသည္။ေဘးကေအးစက္ေနတဲ့အထိအေတြ႕ေၾကာင့္ သူမုေယာကိုသတိရသြားသည္။ဒီေကာင္ေလးညက အခန္းထဲဝင္မအိပ္ဘူးလား။
မေန႔ကသူလြန္သြားေသာေၾကာင့္ေတာင္းပန္ခ်င္ေသာ္လည္း သူမာနကတင္းခံေနသည္။သူေရခ်ိဳးၿပီး
အဝတ္အစားလဲရန္လာေတာ့ မုေယာကသူ႔အတြက္အိက်ီၤထုတ္ထားသည္။
"မင္းကိုငါေျပာစရာရွိတယ္_"
"အင္း_"
မုေယာစကားပင္ သိပ္မေျပာနိုင္ ကိုကိုသိလို႔မျဖစ္ပါ။သူဟန္ေဆာင္ကာေနေနလိုက္သည္။
"ငါတို႔ကြာရွင္းၾကရေအာင္__"
သူမတတ္နိုင္ေတာ့ေျပာလိုက္သည္။သူဆက္ၿပီးမသတီေတာ့ေပ သူဘယ္လိာမွရိုင္းကိုခ်စ္ၾကည့္လို႔မရေတာ့ေပ။
သူကိုေျပာဖို႔ကဒါတဲ့လား ကိုကိုရယ္ ။ထိန္းထားတဲ့ၾကားကမ်က္ရည္ေတြ က်လာျပန္သည္။
"က်ေတာ္အဆင္သင့္မျဖစ္ေသးဘူး__"
သူ႔လက္ေတြပင္တုန္ကာရင္ဘက္ကနာလာရသည္။
"ၿပီးေရာေလ ငါကေတာ့ မင္းနဲ႔ဆက္မေပါင္းနိုင္ဘူးေနာ္ ႐ြံလို႔!_"
ထိုသို႔ေျပာကာထြက္သြားေသာ ကိုကို႔ေက်ာ္ျပင္အားၾကည့္ကာ မုေယာရင္ဘက္ေတြတဆစ္ဆစ္နာလာရသည္။
ရက္စက္လိုက္တာကိုကိုရယ္ ဒီကိစၥေလးကိုေတာင္ခြင့္လႊတ္မေပးနိုင္ဘူးတဲ့လား။မုေယာငိုေနရင္းပင္သတိေမ့သြားေတာ့သည္။
____
လင္းေရာင္နီတစ္ေယာက္မုေယာအားစိတ္မခ်၍ယုယုအားေခၚကမုေယာတို႔အိမ္သို႔ေရာက္လာခဲ့သည္။
"ႀကီးတုတ္မုေယာ ေရာ"
ယုယုကေမးလိုက္သည္။
"အခန္းထဲမွာထင္တယ္ ယုယုေရခုထိဆင္းမလာေသးဘူး"
ေမာင္နွမနွစ္ေယာက္သား မုေယာအခန္းရွိရာသို႔တက္လာခဲ့သည္။အခန္းတံခါးေလာ့ခ်မထားေသာေၾကာင့္ဖြင့္ဝင္လာခဲ့သည္။အခန္းထဲတြင္ မုေယာကအပံုလိုက္ကေလးလဲက်ေနသည္ကိုေတြ႕ေတာ့ နွစ္ေယာက္သားေျပးသြားလိုက္သည္။
"မုေယာ__မုေယာ _ထအံုး"
"က်စ္! အသားေတြပူက်စ္ေနတာပဲကြာ"
ယုယုမွငိုေနသည္။လင္းေရာင္နီလည္းမုေယာအားေပြ႕ခ်ီကာ ေအာက္ထပ္ဆင္းလာသ ည္။
"ဟင္ မုေယာေလးဘာျဖစ္တာလဲ_"
"မုေယာသတိေမ့ေနတာ ကိုယ္ေတြလည္းပူက်စ္ေနတာပဲ က်ေတာ္တို႔ေဆးရံုေခၚသြားမလို႔"
"ဟင္ မုေယာေလးဘာမွမျဖစ္ပါဘူးေနာ္"
"စိတ္ေလ်ွာ႔ပါႀကီးတုတ္ တီခက္တို႔ကိုေျပာမေနနဲ႔အံုးေနာ္ ၿပီးေတာ့သူ႔ေယာက်ာ္းဆိုတဲ့အေကာင္ကိုလည္းဖုန္းဆက္လိုက္ပါအံုး"
ထို႔ေနာက္မုေယာအား ကားေနာက္ခန္းထဲတြင္ယုယုနဲ႔ထားကာ သူကကားေမာင္းလာခဲ့သည္။ေဆးရံုေရာက္ေတာ့ ဆရာဝန္ကလိုအပ္သည္မ်ားကိုျပဳလုပ္ေပးၿပီး ေဆးခ်ိတ္ေပးထားသည္။
"လူနာက အားနည္းေနတာေသခ်ာ ဂရုစိုက္ေပးေစခ်င္တယ္ စိတ္ဖိစီးေနပံုရတယ္ ေပ်ာ္ေအာင္ေတာ့ထားေပးေစခ်င္တယ္"
"ဟုတ္ကဲ့ဆရာ_"
ဆရာဝန္ထြက္သြားေတာ့ေမာင္နွမနွစ္ေယာက္သားတစ္ေယာက္မ်က္နွာတစ္ေယာက္ၾကည့္ကာသက္ျပင္းခ်ေနမိသည္။မုေယာကေခါင္းမာ၍ေျပာလို႔မရေပ။ယုယုကေတာ့သူမႈအျပစ္ရွိသလိုခံစားေနရသည္။
လြန္းဝဠာတည္တစ္ေယာက္ဦးဘေမာင္ အားအမႈထပ္ဖို႔စီစဥ္ေနတာေၾကာင့္ ဝင္လာေသာဖုန္းကိုမကိုင္မိ။ထပ္ခါထပ္ခါေခၚေနေသာေၾကာင့္ စိတ္မရွည္ေတာ့ဘဲကိုင္လိုက္သည္။
"ဘယ္လို မုေယာက ေဆးရံုတင္ထားရတယ္ဟုတ္လား"
တဖက္လူကဘာမွျပန္မေျပာေသးခင္သူ ကားေသာ့ကိုဆြဲယူကာ ကားဆီေျပးလာခဲ့သည္။
'ကိုကို႔အမွားေတြပါကြာ ဘာမွမျဖစ္လိုက္ပါနဲ႔ကိုကို႔ကေလးေလးေရ ကိုကိုကမင္းကိုအရမ္းခ်စ္လို႔ပါကြာ'
ကားေမာင္းရင္းမ်က္ရည္ေတြပင္က်လာသည္။ဒီေန႔မွကားေတြကလည္း ပိတ္ေနသည္။ေဆးရံုေရာက္ေတာ့ အခန္းေမးကာ ကမန္းကတမ္းေျပးလာခဲ့သည္။ေဆးရံုထဲကလူေတြ သူ႔အားၾကည့္ေနသည္ကိုသူဂရုမစိုက္နိုင္။တံခါးဖြင့္ေတာ့ ယုယုတို႔အားေတြ႕ေတာ့သူ မ်က္နွာတည္လိုက္သည္။
"နင္ဘာလာလုပ္တာလဲ ေသမွလာပါ့လား"
ယုယုစကားေၾကာင့္ သူအေမာပင္ဆို႔သြားရသည္။
"ငါ့ဘာသာဘယ္ခ်ိန္လာလာေပါ့ နင့္အပူလား ငါလာၿပီဆိုေတာ့နင္တို႔ျပန္လို႔ရၿပီ"
သူ႐ြဲ႕ေျပာလိုက္သည္။သူတို႔ေရွ႕တြင္ မုေယာအားဂရုစ္ုက္မျပခ်င္ပါ။
"ေအးျပန္မယ္ ေနာက္တစ္ခါနင္မုေယာကိုအနိုင္က်င့္လို႔ကေတာ့ ငါကိုယ္တိုင္နင့္ကိုသတ္မယ္ လာအကိုျပန္မယ္"
ယုယုတို႔ထြက္သြားေတာ့ သူမုေယာအနားေလ်ွာက္လာခဲ့သည္။မုေယာကေတာ့ ခုထိသတိမရေသးေပ။သူမုေယာလက္ကေလးအား ကိုင္လိုက္သည္။
'ပိန္က်သြားလိုက္တာရိုင္းရယ္ ကိုကိုေတာင္းပန္ပါတယ္ ကိုကို႔အတၲေတြေၾကာင့္ ပါ"
သူမ်က္ရည္ေတြပင္က်ေနသည္။ေလာေလာဆယ္အရာအားလံုးကိုခနေမ့ထားကမုေယာအားဂရုစိုက္ေနလိုက္သည္။
(အားေနလို႔ေရးလိုက္ၿပီကြယ္)
Ah Hsu
Unicode
မုယောအိပ်ယာမှနှိုးလာတော့ည 7:00ပင်ရှိနေသည်။ကိုကိုကတော့ ရှိမနေပါ။နာကျင်မှု့ကိုဥပေက္ခာပြုကာ ရေချိုးခန်းထဲဝင်ကာ ရေချိုးလိုက်သည်။စိတ်ထဲတွင်ဝမ်းနည်းမှု ကပြည့်နေသည်။
ရေချိုးပြီးအဝတ်အစားလဲနေတုန်း ကားသံကြား၍ကိုကိုပြန်လာပြီဆိုတာသူသိလိုက်သည်။သူအမြန်ပင်လဲကာ အောက်ထပ်ဆင်းလာခဲ့သည်။
"ဟင်! ကိုကိုမူးနေတာလား"
"ဟုတ်တယ်အကိုလေး ဆရာမူးနေလို့ကျတော်လာပို့တာ"
ကိုကိုရဲ့တပည့်ဖြစ်သူမှရှင်းပြသည်။
"အဲ့တာဆိုကျတော်ပြန်တော့မယ်နော် "
"အင်း_အင်း"
ရှိုင်းဇက်ပြန်သွားတော့သူ ကိုကိုအားတွဲကာအပေါ်ထပ်တက်လာခဲ့သည်။ကိုကိုရဲ့အားကကြီးလွန်းသောကြောင့် သူမနဲ့ပင်တွဲထားရသည်။သူ့နာကျင်မှုများကိုအံကြိတ်ကာ အခန်းထဲရောက်အောင်ခေါ်လာခဲ့သည်။
ကိုကို့အားအိပ်ယာပေါ်တွင်အသာလှဲကာထားလိုက်သည်။
"မထိနဲ့ _အေ့_ရွံတယ်"
"ကိုကိုရယ်__"
မုယောမျက်ရည်တွေကျလာပြန်ပါပြီ ကိုကိုကမူးနေတာတောင် သူ့အားအထိမခံချင်လောက်အောင်ပင်။
သူကိုကို့အား သန့်ရှင်းရေးလုပ်ပေးပြီး သူပါပင်ပန်းနေတာကြောင့်ကိုကို့ဘေးတွင်ဝင်အိပ်နေလိုက်သည်။တညတာကတော့ကောင်လေး နှစ်ယောက်ရဲ့အိပ်မက်ဆိုးတွေကကင်းဝေးနေလို့သာ။
မနက်မိုးလင်းတော့ မုယောဖျားနေပါပြီ သူဆက်အိပ်နေလို့မဖြစ် ကိုကိုနှိုးလာရင်သူ့အား တွေ့လျှင်ရွံနေမည်ဆိုးသောကြောင့်ထ လိုက်သည်။အပြစ်မရှိဘဲအပြစ်တခုကိုခံယူရတာ သိပ်ပင်ပန်းစရာကောင်းသည်ပင်။
လွန်းဝဠာတည် တစ်ယောက်ညကသောက်တာများသွားသောကြောင့် နေအတော်မြင့်မှ နှိုးလာသည်။ဘေးကအေးစက်နေတဲ့အထိအတွေ့ကြောင့် သူမုယောကိုသတိရသွားသည်။ဒီကောင်လေးညက အခန်းထဲဝင်မအိပ်ဘူးလား။
မနေ့ကသူလွန်သွားသောကြောင့်တောင်းပန်ချင်သော်လည်း သူမာနကတင်းခံနေသည်။သူရေချိုးပြီး
အဝတ်အစားလဲရန်လာတော့ မုယောကသူ့အတွက်အိကျီင်္ထုတ်ထားသည်။
"မင်းကိုငါပြောစရာရှိတယ်_"
"အင်း_"
မုယောစကားပင် သိပ်မပြောနိုင် ကိုကိုသိလို့မဖြစ်ပါ။သူဟန်ဆောင်ကာနေနေလိုက်သည်။
"ငါတို့ကွာရှင်းကြရအောင်__"
သူမတတ်နိုင်တော့ပြောလိုက်သည်။သူဆက်ပြီးမသတီတော့ပေ သူဘယ်လိာမှရိုင်းကိုချစ်ကြည့်လို့မရတော့ပေ။
သူကိုပြောဖို့ကဒါတဲ့လား ကိုကိုရယ် ။ထိန်းထားတဲ့ကြားကမျက်ရည်တွေ ကျလာပြန်သည်။
"ကျတော်အဆင်သင့်မဖြစ်သေးဘူး__"
သူ့လက်တွေပင်တုန်ကာရင်ဘက်ကနာလာရသည်။
"ပြီးရောလေ ငါကတော့ မင်းနဲ့ဆက်မပေါင်းနိုင်ဘူးနော် ရွံလို့!_"
ထိုသို့ပြောကာထွက်သွားသော ကိုကို့ကျော်ပြင်အားကြည့်ကာ မုယောရင်ဘက်တွေတဆစ်ဆစ်နာလာရသည်။
ရက်စက်လိုက်တာကိုကိုရယ် ဒီကိစ္စလေးကိုတောင်ခွင့်လွှတ်မပေးနိုင်ဘူးတဲ့လား။မုယောငိုနေရင်းပင်သတိမေ့သွားတော့သည်။
____
လင်းရောင်နီတစ်ယောက်မုယောအားစိတ်မချ၍ယုယုအားခေါ်ကမုယောတို့အိမ်သို့ရောက်လာခဲ့သည်။
"ကြီးတုတ်မုယော ရော"
ယုယုကမေးလိုက်သည်။
"အခန်းထဲမှာထင်တယ် ယုယုရေခုထိဆင်းမလာသေးဘူး"
မောင်နှမနှစ်ယောက်သား မုယောအခန်းရှိရာသို့တက်လာခဲ့သည်။အခန်းတံခါးလော့ချမထားသောကြောင့်ဖွင့်ဝင်လာခဲ့သည်။အခန်းထဲတွင် မုယောကအပုံလိုက်ကလေးလဲကျနေသည်ကိုတွေ့တော့ နှစ်ယောက်သားပြေးသွားလိုက်သည်။
"မုယော__မုယော _ထအုံး"
"ကျစ်! အသားတွေပူကျစ်နေတာပဲကွာ"
ယုယုမှငိုနေသည်။လင်းရောင်နီလည်းမုယောအားပွေ့ချီကာ အောက်ထပ်ဆင်းလာသ ည်။
"ဟင် မုယောလေးဘာဖြစ်တာလဲ_"
"မုယောသတိမေ့နေတာ ကိုယ်တွေလည်းပူကျစ်နေတာပဲ ကျတော်တို့ဆေးရုံခေါ်သွားမလို့"
"ဟင် မုယောလေးဘာမှမဖြစ်ပါဘူးနော်"
"စိတ်လျှော့ပါကြီးတုတ် တီခက်တို့ကိုပြောမနေနဲ့အုံးနော် ပြီးတော့သူ့ယောကျာ်းဆိုတဲ့အကောင်ကိုလည်းဖုန်းဆက်လိုက်ပါအုံး"
ထို့နောက်မုယောအား ကားနောက်ခန်းထဲတွင်ယုယုနဲ့ထားကာ သူကကားမောင်းလာခဲ့သည်။ဆေးရုံရောက်တော့ ဆရာဝန်ကလိုအပ်သည်များကိုပြုလုပ်ပေးပြီး ဆေးချိတ်ပေးထားသည်။
"လူနာက အားနည်းနေတာသေချာ ဂရုစိုက်ပေးစေချင်တယ် စိတ်ဖိစီးနေပုံရတယ် ပျော်အောင်တော့ထားပေးစေချင်တယ်"
"ဟုတ်ကဲ့ဆရာ_"
ဆရာဝန်ထွက်သွားတော့မောင်နှမနှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာသက်ပြင်းချနေမိသည်။မုယောကခေါင်းမာ၍ပြောလို့မရပေ။ယုယုကတော့သူမှုအပြစ်ရှိသလိုခံစားနေရသည်။
လွန်းဝဠာတည်တစ်ယောက်ဦးဘမောင် အားအမှုထပ်ဖို့စီစဉ်နေတာကြောင့် ဝင်လာသောဖုန်းကိုမကိုင်မိ။ထပ်ခါထပ်ခါခေါ်နေသောကြောင့် စိတ်မရှည်တော့ဘဲကိုင်လိုက်သည်။
"ဘယ်လို မုယောက ဆေးရုံတင်ထားရတယ်ဟုတ်လား"
တဖက်လူကဘာမှပြန်မပြောသေးခင်သူ ကားသော့ကိုဆွဲယူကာ ကားဆီပြေးလာခဲ့သည်။
'ကိုကို့အမှားတွေပါကွာ ဘာမှမဖြစ်လိုက်ပါနဲ့ကိုကို့ကလေးလေးရေ ကိုကိုကမင်းကိုအရမ်းချစ်လို့ပါကွာ'
ကားမောင်းရင်းမျက်ရည်တွေပင်ကျလာသည်။ဒီနေ့မှကားတွေကလည်း ပိတ်နေသည်။ဆေးရုံရောက်တော့ အခန်းမေးကာ ကမန်းကတမ်းပြေးလာခဲ့သည်။ဆေးရုံထဲကလူတွေ သူ့အားကြည့်နေသည်ကိုသူဂရုမစိုက်နိုင်။တံခါးဖွင့်တော့ ယုယုတို့အားတွေ့တော့သူ မျက်နှာတည်လိုက်သည်။
"နင်ဘာလာလုပ်တာလဲ သေမှလာပါ့လား"
ယုယုစကားကြောင့် သူအမောပင်ဆို့သွားရသည်။
"ငါ့ဘာသာဘယ်ချိန်လာလာပေါ့ နင့်အပူလား ငါလာပြီဆိုတော့နင်တို့ပြန်လို့ရပြီ"
သူရွဲ့ပြောလိုက်သည်။သူတို့ရှေ့တွင် မုယောအားဂရုစ်ုက်မပြချင်ပါ။
"အေးပြန်မယ် နောက်တစ်ခါနင်မုယောကိုအနိုင်ကျင့်လို့ကတော့ ငါကိုယ်တိုင်နင့်ကိုသတ်မယ် လာအကိုပြန်မယ်"
ယုယုတို့ထွက်သွားတော့ သူမုယောအနားလျှောက်လာခဲ့သည်။မုယောကတော့ ခုထိသတိမရသေးပေ။သူမုယောလက်ကလေးအား ကိုင်လိုက်သည်။
'ပိန်ကျသွားလိုက်တာရိုင်းရယ် ကိုကိုတောင်းပန်ပါတယ် ကိုကို့အတ္တတွေကြောင့် ပါ"
သူမျက်ရည်တွေပင်ကျနေသည်။လောလောဆယ်အရာအားလုံးကိုခနမေ့ထားကမုယောအားဂရုစိုက်နေလိုက်သည်။
(အားနေလို့ရေးလိုက်ပြီကွယ်)
Ah Hsu