ရွှေရုပ်

By 14_ashes

280K 17.3K 774

ရင်ဘတ်ထဲ ပစ်ဝင်လာသော ဒဏ်ရာဒဏ်ချက်တွေသည် မျှော်လင့်ထားတာထက် ပိုဆိုးနေခဲ့သည်ကို သိလိုက်ချိန်တွင် နောက်ဆုတ်၍ မရန... More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃ ဇာတ်သိမ်း
Extra 1
Extra 2
Extra 3
👋🏻
Extra 4

အပိုင်း ၁၄

8.8K 633 58
By 14_ashes

Unicode

"မေမေရေ့ နှင်းလာပြီ..."

အသံကျယ်ကျယ်နဲ့အော်​ပြောလိုက်တဲ့ ထည်ဝါ့ရဲ့အသံနောက်မှာ ထည့်ဝါ့အမေ အန်တီခင်လေးက လှုပ်တုပ်လှုပ်တုပ်နဲ့ ထွက်လာလေသည်...

"ဪ ဘာလို့ထွက်လာတာလဲ အန်တီရယ်...သမီးလာမှာပေါ့...ခြေထောက်ကလဲ နာနေတာကို..."

နှင်း ကမန်းကတန်း ပြေးတွဲလိုက်ရသည်...အန်တီခင်လေးက အဆစ်အမြစ်ယောင်တဲ့ရောဂါရှိလို့ လမ်းသိပ်မလျှောက်နိုင်ပါ...

"သမီးကို တွေ့ချင်လို့ပါကွယ်...အိမ်လာလည်လို့ ခဏခဏမှာနေတာကို ဒီကောင်လေးက မပြောဘူးလားမသိပါဘူး...ခုမှပဲ ရောက်တော့တယ်..."

"အံမယ်...ကျွန်တော်က တွေ့တိုင်းမှာနေတာပါဗျာ...သူကသာ မအားဘူးလေး ဘာလေးနဲ့ ရောက်မလာတာ..."

နှင်း ထည်ဝါ့ကို မျက်စောင်းလှမ်းထိုးလိုက်သည်...အန်တီခင်လေးက နှင်းကို ငယ်ငယ်တည်းက ချီပိုးလာသူဖြစ်တဲ့အတွက် သံယောဇဥ်သိပ်ကြီးပါသည် ... နှင်း အိမ်ပြောင်းတုန်းကလဲ မိသားစုထက်တောင် သူကမျက်ရည်တစမ်းစမ်းဖြစ်နေတာဖြစ်သည်... နှင်းလဲ ကိုယ့်စိတ်ကြောင့်သာ အိမ်က ခွဲနေခဲ့ပေမယ့် အန်တီခင်လေးတို့နှင့်တော့ ဝေးဝေးမနေချင်ခဲ့တာ အမှန်ပင်...

"သမီးလဲ လာချင်​နေတာ အန်တီရယ်...တကယ်ကို ပိတ်ရက်တွေထိ အလုပ်မပြတ်လို့ ခုမှပဲ လာရတာပါ..."

"အို ဘာဖြစ်ဖြစ် ရောက်လာပြီပဲ...လာ...ဧည့်ခန်းထဲ သွားထိုင်ရအောင်..."

အန်တီခင်လေးက နှင်းလက်ကို မလွှတ်တမ်းဆွဲခေါ်သွားတော့ ထည်ဝါက အနောက်ကနေ ပြုံးစိစိနဲ့ ပါလာသည်...

"ထမင်းစားပြီးမှပြန်နော် သမီး...မဟုတ်ရင်တော့ အန်တီစိတ်ဆိုးမှာပဲ..."

"စားမှာပေါ့ အန်တီရဲ့...ဒီရောက်မှတော့ အန်တီ့လက်ရာမစားဘဲ သမီးက ပြန်မလား..."

"ဟုတ်ပြီ...ဟိုမှာတစ်ယောက်တည်းနေရတာရော အဆင်ပြေရဲ့လား သမီး..."

"ပြေပါတယ် အန်တီရဲ့...ကိုယ့်ဟာကိုယ် ချက်စားတဲ့ချက်စား အလုပ်ရှုပ်တဲ့အခါတော့ ဝယ်စားတာပေါ့...ဒါပေမယ့် ဝယ်စားဖြစ်တာတော့ များပါတယ်... "

အန်တီခင်လေးက ဂရုဏာသက်သလိုကြည့်ပြီး မေးလာပြန်သည်...

"အိမ်ကိုရော တစ်ခေါက်မှ ​မပြန်ဖြစ်ဘူးလား သမီး..."

"မပြန်ဖြစ်ဘူး အန်တီ...သမီးနဲ့ သိပ်လဲအဆင်မပြေလို့လေ... "

"အင်း...အဆင်ပြေအောင်နေလို့လဲ အန်တီ
မတိုက်တွန်းချင်ပါဘူး... ကိုယ့်အကြောင်းနဲ့ကိုယ် ရှိကြတာဆိုတော့လေ...အန်တီတော့ ငါ့သမီးကို အိမ်သာ ခေါ်ထားလိုက်ချင်တော့တာပဲ..."

ဓာတ်ပြားဟောင်းကြီး စဖွင့်တော့မှာ သိနေပြီမို့ ထည်ဝါနှင့် နှင်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ ရယ်မိတော့သည်...

"အံမယ် တော်တို့က ရယ်နေကြတယ်ပေါ့လေ...ကျုပ်ကိုများ လှောင်တယ်ပေါ့..."

"မေမေက ဒါပဲပြောတော့မှာ သိနေတာကိုး မေမေရဲ့..."

အန်တီခင်လေးက သူ့သားကိုသာ မျက်စောင်းတွေ လှိမ့်ထိုးပါသည်...

"ပြောရမှာပေါ့ တော်ရဲ့... မွေးကတည်းက ငါ့သမီး ငါ့သမီးလေးဆိုပြီး ခေါ်လာတာ...ကြီးလာရင် ငါ့ချွေးမလေးလို့ ခေါ်မှာလို့လဲ ပြောထားပြီးသား...အဲဒါကို တော်တို့က တုပ်တုပ်မှ မလှုပ်ကြဘူးလေ..."

"သမီးတို့က သူငယ်ချင်းတွေပါဆို အန်တီရယ်နော်...ဒီအတိုင်း သမီးလို့ပဲ တော်ပါ...ချွေးမတော့ မလုပ်ပါနဲ့... "

စကြားကာစ ရှက်ပေမယ့် ကြာတော့ နှင်းတို့လဲ ရယ်ရယ်မောမော ပြန်ပြောနိုင်ကြနေပြီ... ဆက်ပြောနေရင်း ထည်ဝါ့ဘက်ကို လှည့်ကာ စိတ်ဆိုးတော့မှာ မြင်နေပြီမို့ နှင်း ခပ်မြန်မြန် စကားစဖြတ်ရသည်...

"ခု သမီး ဗိုက်ဆာပြီ...ထမင်းစားရအောင် အန်တီခင်လေး နော်...ဘာတွေ ချက်ထားတာလဲ ပြောပါဦး... "

"ဟွန့် ထမင်းစားခန်းထဲ သွားမယ် ထကြ...ဟိုရောက်မှ ဘာချက်ထားလဲ ကြည့်ချေ..."

အဲတော့မှ နှင်းနဲ့ ထည်ဝါလဲ သက်ပြင်းချနိုင်တော့သည်... ထမင်းစားပြီးတော့ ထည်ဝါတို့ခြံထဲရှိ သစ်ပင်အောက်တွင် ရိုက်ထားသော ခုံတန်းလေးဆီ ထွက်လာခဲ့ကြသည်...ဒါ ငယ်ငယ်တည်းက နှင်းတို့ ဆော့နေကြနေရာလေ...

"နင် ငါ့ကို ပြောစရာရှိတယ်ဆို ထည်ဝါ... "

"အေး..."

​ပြောရခက်သလို ငြိမ်နေတဲ့ သင်းကို ကြည့်ပြီး နှင်းထူးဆန်းလာသည်...

"ဘာတွေများ အဲလောက်စဥ်းစားနေတာတုံးဟ..."

"အင်း...နင့်ကို ရုတ်တရက်ပြောရမှာ ငါရှက်လို့ပါ..."

"ဘယ်လို..."

"နှင်း နင်သိတဲ့အတိုင်းပဲ ငါလေ တစ်လျှောက်လုံး မေမေ့စိတ်တိုင်းကျ အေးအေးဆေးဆေးပဲ နေခဲ့ပြီးတော့ ဘယ်သူ့ကိုမှတောင် မတွဲခဲ့ဖူးဘူး... သေချာစိတ်ဝင်စားဖူးတဲ့ မိန်းကလေးမျိုးလဲ မရှိခဲ့ဖူးဘူး..."

နှင်းမှာ သိချင်စိတ်တွေ ရွစိတက်လာပေမယ့် မင်းသားက မပြောဘဲ ငိုင်နေသေးသည်...

"ဆက်ပြောပါဟ..."

"အေး...ခု ငါ မိန်းကလေးတစ်ယောက်ကို စိတ်ထဲက လုံးဝထုတ်လို့မရဘူးဖြစ်နေလို့... ငါ့မှာ ပြောပြစရာလူကလဲ နင်ပဲရှိတာမို့... ငါဘယ်လိုလုပ်ရမလဲတောင် မသိတော့ဘူး... "

"ဘယ်သူလဲ သူက..."

ထည်ဝါက နှင်းကို မဝံ့မရဲ ကြည့်ပြီးမှ ခပ်တိုးတိုး ပြောလာသည်...

"ရွှေရုပ်... "

"ရွှေရုပ်ကို..."

"အေး... ငါနဲ့ အသက်ကွာမှန်းလဲ သိပါတယ်...ဒါပေမယ့် ငါသူ့အကြောင်းပဲ ဆက်တိုက်တွေးနေမိတာ...ပြီးတော့ သူနဲ့ရင်းနှီးအောင် ကြိုးစားဖို့ကလဲ နင်ပဲ သူ့အကြောင်းကို သိမှာလေ..."

"အင်းး..."

နည်းနည်း ငြိမ်ကျသွားတဲ့ နှင်းကို ကြည့်ပြီး ထည်ဝါက စိုးရိမ်တကြီး မေးလာပြန်သည်...

"ဘာဖြစ်လို့လဲဟင်...ရွေရုပ်မှာ ရည်းစားတွေ ဘာတွေများ ရှိနေလို့လား..."

နှင်း မျက်စောင်းထိုးမိတော့သည်...ဒင်းတော်တော်ဖြစ်နေတာပဲ...

"ငါ သိသလောက်တော့ မရှိလောက်ပါဘူးဟ...ရွေရုပ်က တော်တော်အေးတာ..."

"ငါ့ကို သူ့အကြောင်းလေး နင်သိသလောက် ပြောပြစမ်းပါဟာ နော်..."

"အေးပါဟာ...ဖြစ်နေလိုက်တာ...အမြင်တောင်ကပ်လာပြီ....ဒါပေမယ့် ငါ့သူငယ်ချင်းရဲ့ ပထမဆုံး အချစ်ဆိုတော့လဲ ကူညီရမှာပေါ့..."

နှင်းစကားကြားမှပဲ မျက်နှာက ပြုံးနိုင်တော့သည်...

"တကယ်တော့ ရွှေရုပ်အကြောင်းကို ငါလဲ သိပ်မသိဘူးဟ...ဒါမဲ့ သူ့မှာ မိဘတွေတော့ မရှိတော့ဘူး... "

"ဟုတ်လား..."

"အေး... ခုက ငါ့အလုပ်ရှင်နဲ့ သူနဲ့က ဆွေမျိုးနီးစပ်တော်မယ်ထင််တယ်...သူ့ကို စောင့်ရှောက်ထားတဲ့ပုံပဲ..."

"အင်း...နင်က ဒီလောက်ပဲ သိတာလား..."

"အေး..."

"ဟာကွာ..."

"အံမယ်...ရုပ်က...နောက်ထပ်သိရရင် နင့်ကို ပြောမှာပေါ့ဟ...ငါ့ကို စေတနာပျက်အောင် လာမလုပ်နဲ့နော်..."

"အေးပါဟာ...မပြောတော့ပါဘူး... ငါ့ကို ကူညီပါ နှင်းရာ...နင်တစ်ယောက်ပဲ ရှိလို့ပါ..."

"ပြောစရာမလိုပါဘူး ငါသိပါတယ် ထည်ဝါရယ်..."

ပြန်လာရင်း နောက်ဆုံးတော့ သစ်ငုတ်တိုကြီးတောင် လှုပ်ပြီပဲဟု နှင်းတွေးမိသည်... ရွေရုပ်ကို သဘောကျနေလိမ့်မည်ဟုတော့ ထင်မထားခဲ့တာ အမှန်ပင်...ဒါပေမယ့် ရွေရုပ်လို ကလေးဆန်ဆန်မရင့်ကျက်သေးတဲ့ကောင်မလေးနှင့် အမြဲလူကြီးလို ဖေးမတတ်မည့် ထည်ဝါတို့ တွဲဖြစ်သွားလျှင် တော်တော်တော့ လိုက်ဖက်မည်ဟုတော့ တွေးမိပါသည်...နှင်းတော့ အောင်သွယ်လုပ်ရတော့မည်ထင်ပါသည်...

🍂

"မာမီရော သိရဲ့လား...သစ္စာ... "

"ဘယ်သိမလဲ..."

"အင်းးး..."

သံရှည်ဆွဲကာ နွယ်က ငြိမ်ကျသွားပြန်သည်...သစ္စာကတော့ ကိုင်ထားတဲ့ခွက်ထဲရှိ ပြာလဲ့လဲ့အရည်တို့ကိုသာ စိုက်ကြည့်နေမိသည်...နိုင်ငံခြားမှာ ကျောင်းတက်ရင်း တော်တော်ကြာခင်ခဲ့တာမို့ နွယ်က မာမီနဲ့ပါ ရင်းနှီးနေတာဖြစ်သည်... နှင်းနဲ့က ဒီအတိုင်း ဒီဇိုင်းကျောင်းမှာဆုံတာဖြစ်ပြီး နွယ်နဲ့က uniတစ်လျှောက်လုံးခင်ခဲ့တာမို့ ပိုရင်းနှီးပါသည်...သစ္စာရဲ့ အတိတ်တွေကို ပြောပြမိခဲ့တဲ့အထိပေါ့...

"သနားပါတယ်...ကလေးက..."

"နင်ကပါ အဲလိုပြောတော့ ငါက တကယ့်လူယုတ်မာကြီး ကျနေတာပေါ့..."

"မဟုတ်ပါဘူးဟာ...ငါက ရွှေရုပ်ဘက်က ကြည့်ရင် ပြောတာပါ...ပြီးတော့ ကလေးက နင့်ကို သံယောဇဥ်ရှိပုံရတယ်... ငါနှစ်ခါလောက်ပဲတွေ့ဖူးတာတောင် ခံစားမိနေတယ်...နင့်ဘက်က ကြည့်တော့လဲ တစ်မျိုးပေါ့လေ..."

ခွက်ထဲက ကျန်တာတွေအားလုံးကို သစ္စာ တစ်ကျိုက်တည်း မော့ချလိုက်သည်... ရီဝေဝေဖြစ်နေတဲ့အသိစိတ်ကြားထဲကနေ မှန်းဆရခက်တဲ့အကြည့်တွေ ပါနေသည့် မျက်လုံးဝိုင်းဝိုင်းလေးတွေကို ပြန်မြင်ယောင်နေမိသည်...နမ်းဖို့ကြိုးစားတိုင်း မငြင်းဆန်သည့်တိုင် မယုံနိုင်ဖြစ်နေတဲ့အကြည့်လေးတွေ... သန့်စင်စွာပေးအပ်ခဲ့တဲ့မေတ္တာတွေကိုသာ ပြန်လိုချင်နေတဲ့အကြည့်တွေ... သစ္စာသည် ဖြူစင်သန့်ရှင်းသည့် ရွှေရုပ်လေးကို ညစ်စွန်းအောင် လုပ်ခဲ့မိပြီ...

"ပြီးတော့ ငါသိချင်တာရှိသေးတယ် သစ္စာ... "

နွယ်ကို မေးဟု ခေါင်းတစ်ချက်ဆတ်လိုက်ရင်း နောက်တစ်ခွက်လှမ်းတောင်းမိပြန်သည်... ဒီနာကျင်မှုတွေကနေ အနည်းငယ်သက်သာလိုသက်သာငြား ဒီအရက်တွေကို သောက်မှဖြစ်မယ်....

"စိတ်တော့မဆိုးနဲ့နော်... ငါတို့ခင်လာတဲ့တစ်လျှောက်လုံး နင် ကောင်မလေးတွေ စိတ်ဝင်စားတာ ငါမတွေ့ဖူးဘူး... "

"ငါ့ကို gayနေတာလားလို့ မေးချင်တာလား..."

သစ္စာ ရယ်ရင်းပြန်မေးမှ နွယ်က စိတ်သက်သာသွားသလို လိုက်ရယ်သည်...

"အေး... အဓိက မေးချင်တာတော့ အဲလိုပဲ..."

"ငါ မသိဘူး နွယ်..."

Bartenderချပေးသည့် ခွက်ကို သစ္စာ ကောက်ကိုင်လိုက်သည်...ဒီဘားက လာနေကျဖြစ်လို့ ဖောက်သည်တောင်ဖြစ်နေလေပြီ...ခွက်ထဲက ရေခဲတုံးလေးကို စိုက်ကြည့်ကာ သစ္စာတဖြည်းဖြည်းလှည့်နေမိသည်...

"ငါသိစကတည်းက သူ့ကိုပဲ ငါ့ညီမလေးတစ်ယောက်လို ချစ်ခဲ့တာ...ကိစ္စတွေ အများကြီးဖြစ်ပြီးသွားတော့လဲ အမုန်းတွေနဲ့ သူ့ဆီက အကြွေးပြန်ယူမယ်ဆိုပြီးပဲ စိတ်ထဲရှိခဲ့တာ... ဘယ်လိုလုပ်ရမလဲစဥ်းစားရင်းနဲ့မှ သူ့ကို လိုချင်လာတာ...ဘဝတစ်လျှောက်လုံး ငါ့အတွေးထဲရှိနေခဲ့တဲ့သူက သူပဲဖြစ်နေခဲ့တာ... ဒါပေမယ့်လေ နွယ်..."

ခွက်ထဲကဟာတွေကို သစ္စာ အကုန်သောက်ချလိုက်ပြန်သည်...သစ္စာက လေးခွက်လောက်သောက်ပြီးသည့်တိုင် နွယ်က တစ်ခွက်ပင် မကုန်သေး...အင်းလေ...အစတည်းက သစ္စာကပဲ သောက်မလို့ ချိန်းလိုက်တာကိုး...

"သူက ငါ့ကို မှတ်မိနေပြီးတော့မှ ငါစီစဥ်သမျှကို မငြင်းဘဲ လက်ခံခဲ့တာ...သူအစောကြီး သိနေခဲ့တာ နွယ်..."

မျက်ရည်စအနည်းငယ်ထွက်နေသော သစ္စာကို နွယ် ကြည့်ရင်းမှ သက်ပြင်းတစ်ချက် ချလိုက်မိသည်... တစ်ခါတစ်ရံ အချို့ကိစ္စတွေကို ကာယကံရှင်ထက် ဘေးလူက ပိုမြင်ရသတဲ့...ဖြောင်းဖြဖို့ကလဲ သင်းက ခေါင်းမာတဲ့နေရာမှာ နှစ်ယောက်မရှိပေ...ဘေးလူအနေနဲ့ ပိုပြီးဆိုးမသွားအောင်ထိန်းထားဖို့သာ တတ်နိုင်ပါမည်...

"ငါက သူ့ကို အမုန်းတွေနဲ့ ဖျက်ဆီးချင်တာ နွယ်... ဒါပေမယ့်လေ သူ့ကို ထိတွေ့လိုက်တိုင်း ထပ်ထပ်ပြီး လိုချင်လာတာက ငါပဲဖြစ်ပြီးတော့ သူ့မျက်ရည်တွေ မြင်တိုင်း ရင်နာနေရတာလဲ ငါပဲဖြစ်နေတယ်... အဲတော့ ငါက နိုင်နေတာလား သူကနိုင်နေတာလား... နင် ပြောစမ်းပါ နွယ်..."

မျက်ရည်တွေ ထွက်နေပြီဖြစ်တဲ့သစ္စာက မူးမူးနဲ့ပြောပြီး ခုံကိုပါ ထုနေပါသေးတယ် ... ပြီးတော့ နောက်တစ်ခွက် ထပ်မှာဖို့ လုပ်နေတာကြောင့် နွယ် ကမန်းကတန်း တားလိုက်ရတယ်...

"တော်ပြီလေ သစ္စာ... ခုမှ နေကောင်းခါစကို အများကြီး မသောက်နဲ့ဦး... ငါတို့ပြန်ရအောင်..."

အတင်းဆွဲထူတော့လဲ မငြင်းပဲ ပါလာသည်...ကားထဲ ထည့်ကာ ခါးပတ်ပါ ပတ်ပေးပြီးတော့ လှည့်ကြည့်တော့ မျက်စိအစုံကို မှိတ်ထားကာ ငြိမ်ငြိမ်သက်သက် ပါလာသည်...

"နင့်ကို ပြန်ပို့ပေးမယ်နော်... အများကြီး မတွေးပါနဲ့ဟာ...တစ်ခါတစ်လေ ကိုယ်ခံစားရသက်သာအောင် နေလို့ရပါတယ် သစ္စာရယ်...လူ့ဘဝက တိုတိုလေးရယ်ပါ...အားလုံးက ကံကြမ္မာအလိုကျပဲ နေနေကြရတာ...အဲကြားထဲမှာမှ ကိုယ့်ပျော်ရွှင်မှုလေးကို ကိုယ့်ဘာကိုယ် ရှာကြရတာပါ...နင့်ကိုယ်နင် အဲလောက်မညှင်းဆဲထားပါနဲ့..."

ဘာမှပြန်မပြောတော့ နွယ် ကားကိုပဲ အာရုံစိုက်မောင်းလာလိုက်တယ်...အိမ်ပြန်ရောက်တော့မှပဲ အသံထွက်လာတယ်...

"ကောင်းကောင်းပြန်...နွယ်..."

"အေးပါ...နင်ရရဲ့လား...ငါအခန်းထဲထိ လိုက်ပို့ရမလား..."

"ရတယ် နင်သာ ဂရုစိုက်ပြန်..."

"ပြီးရော...ဒါဆို ငါသွားပြီ တာ့တာ..."

"အင်း တာ့တာ..."

လမ်းလျှောက်တာကို မယိုင်အောင် ထိန်းနိုင်နေပေမယ့် ရင်ထဲ ပူနေတာကို သစ္စာ မခံစားနိုင်ပါ...အခန်းထဲ လျှောက်ဝင်လာရင်းမှ အပေါ်ထပ်ကုတ်ကို ဆွဲချွတ်ပစ်ပြီး ကုတင်ပေါ် ပစ်လှဲချလိုက်သည်...

"ရွေရုပ် အခန်းထဲလာခဲ့..."

အသံက ခပ်တိုးတိုးပေမယ့် ခဏအကြာမှာ အခန်းဝမှာ အဖြူရောင်အရိပ်လေး ပေါ်လာတယ်... မျက်လုံးလေးတွေ ကြည့်လိုက်တာနဲ့ မအိပ်ရသေးတာ သိလိုက်တယ်...

"ငါ့ကို ရေခပ်ပေး..."

ထပ်ပြောလိုက်တော့မှ စားပွဲကို လျှောက်လာကာ ဖန်ခွက်ထဲက ရေကို ငှဲ့ပြီး ကမ်းပေးလာသည်... ရေကို သောက်ချလိုက်ပေမယ့် အပူတွေက လျော့မသွားဘဲ ပိုတိုးလာသည်...အဲ့အပြင် မျက်စိတည့်တည့်က အဖြူရောင်ဂါဝန်လေးရဲ့ ခါးနားက ကြိုးစလေးကို ကြည့်နေရင်း သစ္စာ စိတ်တွေ အရောင်ပြောင်းလာသည်...

ဆတ်ခနဲထကာ ခါးကို သိုင်းဖက်တော့ ရွှေရုပ်က အလန့်တကြား မော့ကြည့်လာတယ်...ခါးကနေ မပွေ့ကာ ကုတင်ပေါ် တင်လိုက်ရင်း အရက်ရဲ့အရှိန်ကြောင့် သစ္စာရဲ့စိတ်တွေဟာ ရဲတင်းလာတယ်...

"ဟင့်အင်း..."

စိုရဲနုဖတ်နေတဲ့ နှုတ်ခမ်းသားလေးတွေကို စိုက်ကြည့်ရင်း လိုချင်စိတ်တွေ လျှံတက်လာတဲ့ သစ္စာမှာ ငြင်းနေသံတိုးဖွဖွလေးကို အာရုံမရှိတော့... ဒီအဖြူရောင်ပုံရိပ်လေးကို သူ မထိတွေ့ဖြစ်တာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ... တစ်ခါတစ်လေ စိတ်တို့သည် ချုပ်တည်းခြင်းငှာ မတက်သာ...

"ဟင့်အင်း..."

ငုံကျလာတဲ့ မျက်နှာကို ရှောင်လွှဲရင်း ပြောလာတော့ သစ္စာလှုပ်ရှားမှုတွေ ရပ်တန့်သွားတယ်...ဒါပေမယ့် လိုချင်စိတ်ကို မတားဆီးနိုင်တော့ မေးစေ့လေးကို အတင်းပြန်ဆွဲလှည့်လိုက်မိတယ်...

ငုံ့အကြည့်မှာ တဆတ်ဆတ်တုန်နေတဲ့ နှုတ်ခမ်းသားလေးတွေနဲ့ မျက်ရည်တွေ စိုလူးနေတဲ့ မျက်ဝန်းတွေကြောင့် သစ္စာ ကြောင်အသွားသည်...ထိုစဥ် ရွှေရုပ်က အုပ်မိုးထားတဲ့ သစ္စာကို တွန်းဖယ်ရင်း အတင်းထရပ်သည်...ပြီးတော့ မျက်ရည်တွေကို လက်နဲ့ဘယ်ပြန်ညာပြန်သုတ်ကာ...

"တောင်းပန်ပါတယ်... ကျေးဇူးပြုပြီးတော့ ကျွန်မကို ဒါမျိုးမလုပ်ပါနဲ့တော့...တခြားမိန်းမတစ်ယောက်ကို ထိတွေ့လာတဲ့လက်တွေနဲ့ကျွန်မကို ထပ်​ပြီး လာမထိပါနဲ့...ရှင့်ကို တကယ်တောင်းပန်ပါတယ်..."

ရှိုက်သံတွေနဲ့ တစ်ခါမှ မကြားဖူးတဲ့အသုံးအနှုန်းတွေကြောင့် သစ္စာ မူးနေတာပါ ပျောက်သလိုဖြစ်သွားရကာ ရွှေရုပ်ကို မော့ကြည့်လိုက်သည်...

"အားလုံးကို သည်းခံနိုင်ပေမယ့် ဒီလိုသာဆိုရင် ကျွန်မ မသတီဖြစ်လွန်းလို့ အသက်ဆက်ရှင်နိုင်မှာမဟုတ်ဘူး... ကျေးဇူးပြုပြီး ရှင်ကျွန်မကို ကျန်တာ ကြိုက်သလို ခိုင်းပါ...ဒီကိစ္စကိုတော့ နောက်တစ်ခါ ထပ်မစပါနဲ့... မဟုတ်ရင်...မဟုတ်ရင်...ကျွန်မ ကိုယ့်ကိုကိုယ် သတ်သေပစ်လိုက်မယ်..."

ပြောပြောဆိုဆိုနဲ့ ရွေရုပ် လှည့်ပြေးလာလိုက်သည်...အခန်းထဲ ပြန်ရောက်တော့လဲ မရပ်နိုင်ဘဲ ရှိုက်ကြီးတငင် ငိုနေမိသည်... ရင်ထဲမှာ ခါးသီးနေကာ သူ့အထိအတွေ့ကို လုံးဝလက်ခံနိုင်စွမ်းမရှိပေ... သန့်စင်ခဲ့သော မေတ္တာတွေကို မထောက်ထားနိုင်တဲ့သူ့ကို နာကျည်းချင်လာသည်...

ခုချိန်မှာ ဘာကို အလိုချင်ဆုံးလဲဟု မေးလာလျှင် အဖြူသန့်သန့်မေတ္တာဟုသာ ရွေရုပ် သေချာပေါက် ဖြေမိပေလိမ့်မည်...

To be continued....

Zawgi

"ေမေမေရ႕ ႏွင္းလာၿပီ..."

အသံက်ယ္က်ယ္နဲ႕ေအာ္ေျပာလိုက္တဲ့ ထည္ဝါ့ရဲ႕အသံေနာက္မွာ ထည့္ဝါ့အေမ အန္တီခင္ေလးက လႈပ္တုပ္လႈပ္တုပ္နဲ႕ ထြက္လာေလသည္...

"ဪ ဘာလို႔ထြက္လာတာလဲ အန္တီရယ္...သမီးလာမွာေပါ့...ေျခေထာက္ကလဲ နာေနတာကို..."

ႏွင္း ကမန္းကတန္း ေျပးတြဲလိုက္ရသည္...အန္တီခင္ေလးက အဆစ္အျမစ္ေယာင္တဲ့ေရာဂါရွိလို႔ လမ္းသိပ္မေလွ်ာက္နိုင္ပါ...

"သမီးကို ေတြ႕ခ်င္လို႔ပါကြယ္...အိမ္လာလည္လို႔ ခဏခဏမွာေနတာကို ဒီေကာင္ေလးက မေျပာဘူးလားမသိပါဘူး...ခုမွပဲ ေရာက္ေတာ့တယ္..."

"အံမယ္...ကြၽန္ေတာ္က ေတြ႕တိုင္းမွာေနတာပါဗ်ာ...သူကသာ မအားဘူးေလး ဘာေလးနဲ႕ ေရာက္မလာတာ..."

ႏွင္း ထည္ဝါ့ကို မ်က္ေစာင္းလွမ္းထိုးလိုက္သည္...အန္တီခင္ေလးက ႏွင္းကို ငယ္ငယ္တည္းက ခ်ီပိုးလာသူျဖစ္တဲ့အတြက္ သံေယာဇဥ္သိပ္ႀကီးပါသည္ ... ႏွင္း အိမ္ေျပာင္းတုန္းကလဲ မိသားစုထက္ေတာင္ သူကမ်က္ရည္တစမ္းစမ္းျဖစ္ေနတာျဖစ္သည္... ႏွင္းလဲ ကိုယ့္စိတ္ေၾကာင့္သာ အိမ္က ခြဲေနခဲ့ေပမယ့္ အန္တီခင္ေလးတို႔ႏွင့္ေတာ့ ေဝးေဝးမေနခ်င္ခဲ့တာ အမွန္ပင္...

"သမီးလဲ လာခ်င္ေနတာ အန္တီရယ္...တကယ္ကို ပိတ္ရက္ေတြထိ အလုပ္မျပတ္လို႔ ခုမွပဲ လာရတာပါ..."

"အို ဘာျဖစ္ျဖစ္ ေရာက္လာၿပီပဲ...လာ...ဧည့္ခန္းထဲ သြားထိုင္ရေအာင္..."

အန္တီခင္ေလးက ႏွင္းလက္ကို မလႊတ္တမ္းဆြဲေခၚသြားေတာ့ ထည္ဝါက အေနာက္ကေန ၿပဳံးစိစိနဲ႕ ပါလာသည္...

"ထမင္းစားၿပီးမွျပန္ေနာ္ သမီး...မဟုတ္ရင္ေတာ့ အန္တီစိတ္ဆိုးမွာပဲ..."

"စားမွာေပါ့ အန္တီရဲ႕...ဒီေရာက္မွေတာ့ အန္တီ့လက္ရာမစားဘဲ သမီးက ျပန္မလား..."

"ဟုတ္ၿပီ...ဟိုမွာတစ္ေယာက္တည္းေနရတာေရာ အဆင္ေျပရဲ႕လား သမီး..."

"ေျပပါတယ္ အန္တီရဲ႕...ကိုယ့္ဟာကိုယ္ ခ်က္စားတဲ့ခ်က္စား အလုပ္ရႈပ္တဲ့အခါေတာ့ ဝယ္စားတာေပါ့...ဒါေပမယ့္ ဝယ္စားျဖစ္တာေတာ့ မ်ားပါတယ္... "

အန္တီခင္ေလးက ဂ႐ုဏာသက္သလိုၾကည့္ၿပီး ေမးလာျပန္သည္...

"အိမ္ကိုေရာ တစ္ေခါက္မွ မျပန္ျဖစ္ဘူးလား သမီး..."

"မျပန္ျဖစ္ဘူး အန္တီ...သမီးနဲ႕ သိပ္လဲအဆင္မေျပလို႔ေလ... "

"အင္း...အဆင္ေျပေအာင္ေနလို႔လဲ အန္တီ
မတိုက္တြန္းခ်င္ပါဘူး... ကိုယ့္အေၾကာင္းနဲ႕ကိုယ္ ရွိၾကတာဆိုေတာ့ေလ...အန္တီေတာ့ ငါ့သမီးကို အိမ္သာ ေခၚထားလိုက္ခ်င္ေတာ့တာပဲ..."

ဓာတ္ျပားေဟာင္းႀကီး စဖြင့္ေတာ့မွာ သိေနၿပီမို႔ ထည္ဝါႏွင့္ ႏွင္း တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ ၾကည့္ကာ ရယ္မိေတာ့သည္...

"အံမယ္ ေတာ္တို႔က ရယ္ေနၾကတယ္ေပါ့ေလ...က်ဳပ္ကိုမ်ား ေလွာင္တယ္ေပါ့..."

"ေမေမက ဒါပဲေျပာေတာ့မွာ သိေနတာကိုး ေမေမရဲ႕..."

အန္တီခင္ေလးက သူ႕သားကိုသာ မ်က္ေစာင္းေတြ လွိမ့္ထိုးပါသည္...

"ေျပာရမွာေပါ့ ေတာ္ရဲ႕... ေမြးကတည္းက ငါ့သမီး ငါ့သမီးေလးဆိုၿပီး ေခၚလာတာ...ႀကီးလာရင္ ငါ့ေခြၽးမေလးလို႔ ေခၚမွာလို႔လဲ ေျပာထားၿပီးသား...အဲဒါကို ေတာ္တို႔က တုပ္တုပ္မွ မလႈပ္ၾကဘူးေလ..."

"သမီးတို႔က သူငယ္ခ်င္းေတြပါဆို အန္တီရယ္ေနာ္...ဒီအတိုင္း သမီးလို႔ပဲ ေတာ္ပါ...ေခြၽးမေတာ့ မလုပ္ပါနဲ႕... "

စၾကားကာစ ရွက္ေပမယ့္ ၾကာေတာ့ ႏွင္းတို႔လဲ ရယ္ရယ္ေမာေမာ ျပန္ေျပာနိုင္ၾကေနၿပီ... ဆက္ေျပာေနရင္း ထည္ဝါ့ဘက္ကို လွည့္ကာ စိတ္ဆိုးေတာ့မွာ ျမင္ေနၿပီမို႔ ႏွင္း ခပ္ျမန္ျမန္ စကားစျဖတ္ရသည္...

"ခု သမီး ဗိုက္ဆာၿပီ...ထမင္းစားရေအာင္ အန္တီခင္ေလး ေနာ္...ဘာေတြ ခ်က္ထားတာလဲ ေျပာပါဦး... "

"ဟြန့္ ထမင္းစားခန္းထဲ သြားမယ္ ထၾက...ဟိုေရာက္မွ ဘာခ်က္ထားလဲ ၾကည့္ေခ်..."

အဲေတာ့မွ ႏွင္းနဲ႕ ထည္ဝါလဲ သက္ျပင္းခ်နိဳင္ေတာ့သည္... ထမင္းစားၿပီးေတာ့ ထည္ဝါတို႔ၿခံထဲရွိ သစ္ပင္ေအာက္တြင္ ရိုက္ထားေသာ ခုံတန္းေလးဆီ ထြက္လာခဲ့ၾကသည္...ဒါ ငယ္ငယ္တည္းက ႏွင္းတို႔ ေဆာ့ေနၾကေနရာေလ...

"နင္ ငါ့ကို ေျပာစရာရွိတယ္ဆို ထည္ဝါ... "

"ေအး..."

ေျပာရခက္သလို ၿငိမ္ေနတဲ့ သင္းကို ၾကည့္ၿပီး ႏွင္းထူးဆန္းလာသည္...

"ဘာေတြမ်ား အဲေလာက္စဥ္းစားေနတာတုံးဟ..."

"အင္း...နင့္ကို ႐ုတ္တရက္ေျပာရမွာ ငါရွက္လို႔ပါ..."

"ဘယ္လို..."

"ႏွင္း နင္သိတဲ့အတိုင္းပဲ ငါေလ တစ္ေလွ်ာက္လုံး ေမေမ့စိတ္တိုင္းက် ေအးေအးေဆးေဆးပဲ ေနခဲ့ၿပီးေတာ့ ဘယ္သူ႕ကိုမွေတာင္ မတြဲခဲ့ဖူးဘူး... ေသခ်ာစိတ္ဝင္စားဖူးတဲ့ မိန္းကေလးမ်ိဳးလဲ မရွိခဲ့ဖူးဘူး..."

ႏွင္းမွာ သိခ်င္စိတ္ေတြ ႐ြစိတက္လာေပမယ့္ မင္းသားက မေျပာဘဲ ငိုင္ေနေသးသည္...

"ဆက္ေျပာပါဟ..."

"ေအး...ခု ငါ မိန္းကေလးတစ္ေယာက္ကို စိတ္ထဲက လုံးဝထုတ္လို႔မရဘူးျဖစ္ေနလို႔... ငါ့မွာ ေျပာျပစရာလူကလဲ နင္ပဲရွိတာမို႔... ငါဘယ္လိုလုပ္ရမလဲေတာင္ မသိေတာ့ဘူး... "

"ဘယ္သူလဲ သူက..."

ထည္ဝါက ႏွင္းကို မဝံ့မရဲ ၾကည့္ၿပီးမွ ခပ္တိုးတိုး ေျပာလာသည္...

"ေ႐ႊ႐ုပ္... "

"ေ႐ႊ႐ုပ္ကို..."

"ေအး... ငါနဲ႕ အသက္ကြာမွန္းလဲ သိပါတယ္...ဒါေပမယ့္ ငါသူ႕အေၾကာင္းပဲ ဆက္တိုက္ေတြးေနမိတာ...ၿပီးေတာ့ သူနဲ႕ရင္းႏွီးေအာင္ ႀကိဳးစားဖို႔ကလဲ နင္ပဲ သူ႕အေၾကာင္းကို သိမွာေလ..."

"အင္းး..."

နည္းနည္း ၿငိမ္က်သြားတဲ့ ႏွင္းကို ၾကည့္ၿပီး ထည္ဝါက စိုးရိမ္တႀကီး ေမးလာျပန္သည္...

"ဘာျဖစ္လို႔လဲဟင္...ေ႐ြ႐ုပ္မွာ ရည္းစားေတြ ဘာေတြမ်ား ရွိေနလို႔လား..."

ႏွင္း မ်က္ေစာင္းထိုးမိေတာ့သည္...ဒင္းေတာ္ေတာ္ျဖစ္ေနတာပဲ...

"ငါ သိသေလာက္ေတာ့ မရွိေလာက္ပါဘူးဟ...ေ႐ြ႐ုပ္က ေတာ္ေတာ္ေအးတာ..."

"ငါ့ကို သူ႕အေၾကာင္းေလး နင္သိသေလာက္ ေျပာျပစမ္းပါဟာ ေနာ္..."

"ေအးပါဟာ...ျဖစ္ေနလိုက္တာ...အျမင္ေတာင္ကပ္လာၿပီ....ဒါေပမယ့္ ငါ့သူငယ္ခ်င္းရဲ႕ ပထမဆုံး အခ်စ္ဆိုေတာ့လဲ ကူညီရမွာေပါ့..."

ႏွင္းစကားၾကားမွပဲ မ်က္ႏွာက ၿပဳံးနိုင္ေတာ့သည္...

"တကယ္ေတာ့ ေ႐ႊ႐ုပ္အေၾကာင္းကို ငါလဲ သိပ္မသိဘူးဟ...ဒါမဲ့ သူ႕မွာ မိဘေတြေတာ့ မရွိေတာ့ဘူး... "

"ဟုတ္လား..."

"ေအး... ခုက ငါ့အလုပ္ရွင္နဲ႕ သူနဲ႕က ေဆြမ်ိဳးနီးစပ္ေတာ္မယ္ထင္္တယ္...သူ႕ကို ေစာင့္ေရွာက္ထားတဲ့ပုံပဲ..."

"အင္း...နင္က ဒီေလာက္ပဲ သိတာလား..."

"ေအး..."

"ဟာကြာ..."

"အံမယ္...႐ုပ္က...ေနာက္ထပ္သိရရင္ နင့္ကို ေျပာမွာေပါ့ဟ...ငါ့ကို ေစတနာပ်က္ေအာင္ လာမလုပ္နဲ႕ေနာ္..."

"ေအးပါဟာ...မေျပာေတာ့ပါဘူး... ငါ့ကို ကူညီပါ ႏွင္းရာ...နင္တစ္ေယာက္ပဲ ရွိလို႔ပါ..."

"ေျပာစရာမလိုပါဘူး ငါသိပါတယ္ ထည္ဝါရယ္..."

ျပန္လာရင္း ေနာက္ဆုံးေတာ့ သစ္ငုတ္တိုႀကီးေတာင္ လႈပ္ၿပီပဲဟု ႏွင္းေတြးမိသည္... ေ႐ြ႐ုပ္ကို သေဘာက်ေနလိမ့္မည္ဟုေတာ့ ထင္မထားခဲ့တာ အမွန္ပင္...ဒါေပမယ့္ ေ႐ြ႐ုပ္လို ကေလးဆန္ဆန္မရင့္က်က္ေသးတဲ့ေကာင္မေလးႏွင့္ အၿမဲလူႀကီးလို ေဖးမတတ္မည့္ ထည္ဝါတို႔ တြဲျဖစ္သြားလွ်င္ ေတာ္ေတာ္ေတာ့ လိုက္ဖက္မည္ဟုေတာ့ ေတြးမိပါသည္...ႏွင္းေတာ့ ေအာင္သြယ္လုပ္ရေတာ့မည္ထင္ပါသည္...

🍂

"မာမီေရာ သိရဲ႕လား...သစၥာ... "

"ဘယ္သိမလဲ..."

"အင္းးး..."

သံရွည္ဆြဲကာ ႏြယ္က ၿငိမ္က်သြားျပန္သည္...သစၥာကေတာ့ ကိုင္ထားတဲ့ခြက္ထဲရွိ ျပာလဲ့လဲ့အရည္တို႔ကိုသာ စိုက္ၾကည့္ေနမိသည္...နိုင္ငံျခားမွာ ေက်ာင္းတက္ရင္း ေတာ္ေတာ္ၾကာခင္ခဲ့တာမို႔ ႏြယ္က မာမီနဲ႕ပါ ရင္းႏွီးေနတာျဖစ္သည္... ႏွင္းနဲ႕က ဒီအတိုင္း ဒီဇိုင္းေက်ာင္းမွာဆုံတာျဖစ္ၿပီး ႏြယ္နဲ႕က uniတစ္ေလွ်ာက္လုံးခင္ခဲ့တာမို႔ ပိုရင္းႏွီးပါသည္...သစၥာရဲ႕ အတိတ္ေတြကို ေျပာျပမိခဲ့တဲ့အထိေပါ့...

"သနားပါတယ္...ကေလးက..."

"နင္ကပါ အဲလိုေျပာေတာ့ ငါက တကယ့္လူယုတ္မာႀကီး က်ေနတာေပါ့..."

"မဟုတ္ပါဘူးဟာ...ငါက ေ႐ႊ႐ုပ္ဘက္က ၾကည့္ရင္ ေျပာတာပါ...ၿပီးေတာ့ ကေလးက နင့္ကို သံေယာဇဥ္ရွိပုံရတယ္... ငါႏွစ္ခါေလာက္ပဲေတြ႕ဖူးတာေတာင္ ခံစားမိေနတယ္...နင့္ဘက္က ၾကည့္ေတာ့လဲ တစ္မ်ိဳးေပါ့ေလ..."

ခြက္ထဲက က်န္တာေတြအားလုံးကို သစၥာ တစ္က်ိဳက္တည္း ေမာ့ခ်လိဳက္သည္... ရီေဝေဝျဖစ္ေနတဲ့အသိစိတ္ၾကားထဲကေန မွန္းဆရခက္တဲ့အၾကည့္ေတြ ပါေနသည့္ မ်က္လုံးဝိုင္းဝိုင္းေလးေတြကို ျပန္ျမင္ေယာင္ေနမိသည္...နမ္းဖို႔ႀကိဳးစားတိုင္း မျငင္းဆန္သည့္တိုင္ မယုံနိုင္ျဖစ္ေနတဲ့အၾကည့္ေလးေတြ... သန့္စင္စြာေပးအပ္ခဲ့တဲ့ေမတၱာေတြကိုသာ ျပန္လိုခ်င္ေနတဲ့အၾကည့္ေတြ... သစၥာသည္ ျဖဴစင္သန့္ရွင္းသည့္ ေ႐ႊ႐ုပ္ေလးကို ညစ္စြန္းေအာင္ လုပ္ခဲ့မိၿပီ...

"ၿပီးေတာ့ ငါသိခ်င္တာရွိေသးတယ္ သစၥာ... "

ႏြယ္ကို ေမးဟု ေခါင္းတစ္ခ်က္ဆတ္လိုက္ရင္း ေနာက္တစ္ခြက္လွမ္းေတာင္းမိျပန္သည္... ဒီနာက်င္မႈေတြကေန အနည္းငယ္သက္သာလိုသက္သာျငား ဒီအရက္ေတြကို ေသာက္မွျဖစ္မယ္....

"စိတ္ေတာ့မဆိုးနဲ႕ေနာ္... ငါတို႔ခင္လာတဲ့တစ္ေလွ်ာက္လုံး နင္ ေကာင္မေလးေတြ စိတ္ဝင္စားတာ ငါမေတြ႕ဖူးဘူး... "

"ငါ့ကို gayေနတာလားလို႔ ေမးခ်င္တာလား..."

သစၥာ ရယ္ရင္းျပန္ေမးမွ ႏြယ္က စိတ္သက္သာသြားသလို လိုက္ရယ္သည္...

"ေအး... အဓိက ေမးခ်င္တာေတာ့ အဲလိုပဲ..."

"ငါ မသိဘူး ႏြယ္..."

Bartenderခ်ေပးသည့္ ခြက္ကို သစၥာ ေကာက္ကိုင္လိုက္သည္...ဒီဘားက လာေနက်ျဖစ္လို႔ ေဖာက္သည္ေတာင္ျဖစ္ေနေလၿပီ...ခြက္ထဲက ေရခဲတုံးေလးကို စိုက္ၾကည့္ကာ သစၥာတျဖည္းျဖည္းလွည့္ေနမိသည္...

"ငါသိစကတည္းက သူ႕ကိုပဲ ငါ့ညီမေလးတစ္ေယာက္လို ခ်စ္ခဲ့တာ...ကိစၥေတြ အမ်ားႀကီးျဖစ္ၿပီးသြားေတာ့လဲ အမုန္းေတြနဲ႕ သူ႕ဆီက အေႂကြးျပန္ယူမယ္ဆိုၿပီးပဲ စိတ္ထဲရွိခဲ့တာ... ဘယ္လိုလုပ္ရမလဲစဥ္းစားရင္းနဲ႕မွ သူ႕ကို လိုခ်င္လာတာ...ဘဝတစ္ေလွ်ာက္လုံး ငါ့အေတြးထဲရွိေနခဲ့တဲ့သူက သူပဲျဖစ္ေနခဲ့တာ... ဒါေပမယ့္ေလ ႏြယ္..."

ခြက္ထဲကဟာေတြကို သစၥာ အကုန္ေသာက္ခ်လိဳက္ျပန္သည္...သစၥာက ေလးခြက္ေလာက္ေသာက္ၿပီးသည့္တိုင္ ႏြယ္က တစ္ခြက္ပင္ မကုန္ေသး...အင္းေလ...အစတည္းက သစၥာကပဲ ေသာက္မလို႔ ခ်ိန္းလိုက္တာကိုး...

"သူက ငါ့ကို မွတ္မိေနၿပီးေတာ့မွ ငါစီစဥ္သမွ်ကို မျငင္းဘဲ လက္ခံခဲ့တာ...သူအေစာႀကီး သိေနခဲ့တာ ႏြယ္..."

မ်က္ရည္စအနည္းငယ္ထြက္ေနေသာ သစၥာကို ႏြယ္ ၾကည့္ရင္းမွ သက္ျပင္းတစ္ခ်က္ ခ်လိဳက္မိသည္... တစ္ခါတစ္ရံ အခ်ိဳ႕ကိစၥေတြကို ကာယကံရွင္ထက္ ေဘးလူက ပိုျမင္ရသတဲ့...ေျဖာင္းျဖဖို႔ကလဲ သင္းက ေခါင္းမာတဲ့ေနရာမွာ ႏွစ္ေယာက္မရွိေပ...ေဘးလူအေနနဲ႕ ပိုၿပီးဆိုးမသြားေအာင္ထိန္းထားဖို႔သာ တတ္နိုင္ပါမည္...

"ငါက သူ႕ကို အမုန္းေတြနဲ႕ ဖ်က္ဆီးခ်င္တာ ႏြယ္... ဒါေပမယ့္ေလ သူ႕ကို ထိေတြ႕လိုက္တိုင္း ထပ္ထပ္ၿပီး လိုခ်င္လာတာက ငါပဲျဖစ္ၿပီးေတာ့ သူ႕မ်က္ရည္ေတြ ျမင္တိုင္း ရင္နာေနရတာလဲ ငါပဲျဖစ္ေနတယ္... အဲေတာ့ ငါက နိုင္ေနတာလား သူကနိုင္ေနတာလား... နင္ ေျပာစမ္းပါ ႏြယ္..."

မ်က္ရည္ေတြ ထြက္ေနၿပီျဖစ္တဲ့သစၥာက မူးမူးနဲ႕ေျပာၿပီး ခုံကိုပါ ထုေနပါေသးတယ္ ... ၿပီးေတာ့ ေနာက္တစ္ခြက္ ထပ္မွာဖို႔ လုပ္ေနတာေၾကာင့္ ႏြယ္ ကမန္းကတန္း တားလိုက္ရတယ္...

"ေတာ္ၿပီေလ သစၥာ... ခုမွ ေနေကာင္းခါစကို အမ်ားႀကီး မေသာက္နဲ႕ဦး... ငါတို႔ျပန္ရေအာင္..."

အတင္းဆြဲထူေတာ့လဲ မျငင္းပဲ ပါလာသည္...ကားထဲ ထည့္ကာ ခါးပတ္ပါ ပတ္ေပးၿပီးေတာ့ လွည့္ၾကည့္ေတာ့ မ်က္စိအစုံကို မွိတ္ထားကာ ၿငိမ္ၿငိမ္သက္သက္ ပါလာသည္...

"နင့္ကို ျပန္ပို႔ေပးမယ္ေနာ္... အမ်ားႀကီး မေတြးပါနဲ႕ဟာ...တစ္ခါတစ္ေလ ကိုယ္ခံစားရသက္သာေအာင္ ေနလို႔ရပါတယ္ သစၥာရယ္...လူ႕ဘဝက တိုတိုေလးရယ္ပါ...အားလုံးက ကံၾကမၼာအလိုက်ပဲ ေနေနၾကရတာ...အဲၾကားထဲမွာမွ ကိုယ့္ေပ်ာ္႐ႊင္မႈေလးကို ကိုယ့္ဘာကိုယ္ ရွာၾကရတာပါ...နင့္ကိုယ္နင္ အဲေလာက္မညွင္းဆဲထားပါနဲ႕..."

ဘာမွျပန္မေျပာေတာ့ ႏြယ္ ကားကိုပဲ အာ႐ုံစိုက္ေမာင္းလာလိုက္တယ္...အိမ္ျပန္ေရာက္ေတာ့မွပဲ အသံထြက္လာတယ္...

"ေကာင္းေကာင္းျပန္...ႏြယ္..."

"ေအးပါ...နင္ရရဲ႕လား...ငါအခန္းထဲထိ လိုက္ပို႔ရမလား..."

"ရတယ္ နင္သာ ဂ႐ုစိုက္ျပန္..."

"ၿပီးေရာ...ဒါဆို ငါသြားၿပီ တာ့တာ..."

"အင္း တာ့တာ..."

လမ္းေလွ်ာက္တာကို မယိုင္ေအာင္ ထိန္းနိုင္ေနေပမယ့္ ရင္ထဲ ပူေနတာကို သစၥာ မခံစားနိုင္ပါ...အခန္းထဲ ေလွ်ာက္ဝင္လာရင္းမွ အေပၚထပ္ကုတ္ကို ဆြဲခြၽတ္ပစ္ၿပီး ကုတင္ေပၚ ပစ္လွဲခ်လိဳက္သည္...

"ေ႐ြ႐ုပ္ အခန္းထဲလာခဲ့..."

အသံက ခပ္တိုးတိုးေပမယ့္ ခဏအၾကာမွာ အခန္းဝမွာ အျဖဴေရာင္အရိပ္ေလး ေပၚလာတယ္... မ်က္လုံးေလးေတြ ၾကည့္လိုက္တာနဲ႕ မအိပ္ရေသးတာ သိလိုက္တယ္...

"ငါ့ကို ေရခပ္ေပး..."

ထပ္ေျပာလိုက္ေတာ့မွ စားပြဲကို ေလွ်ာက္လာကာ ဖန္ခြက္ထဲက ေရကို ငွဲ႕ၿပီး ကမ္းေပးလာသည္... ေရကို ေသာက္ခ်လိဳက္ေပမယ့္ အပူေတြက ေလ်ာ့မသြားဘဲ ပိုတိုးလာသည္...အဲ့အျပင္ မ်က္စိတည့္တည့္က အျဖဴေရာင္ဂါဝန္ေလးရဲ႕ ခါးနားက ႀကိဳးစေလးကို ၾကည့္ေနရင္း သစၥာ စိတ္ေတြ အေရာင္ေျပာင္းလာသည္...

ဆတ္ခနဲထကာ ခါးကို သိုင္းဖက္ေတာ့ ေ႐ႊ႐ုပ္က အလန့္တၾကား ေမာ့ၾကည့္လာတယ္...ခါးကေန မေပြ႕ကာ ကုတင္ေပၚ တင္လိုက္ရင္း အရက္ရဲ႕အရွိန္ေၾကာင့္ သစၥာရဲ႕စိတ္ေတြဟာ ရဲတင္းလာတယ္...

"ဟင့္အင္း..."

စိုရဲႏုဖတ္ေနတဲ့ ႏႈတ္ခမ္းသားေလးေတြကို စိုက္ၾကည့္ရင္း လိုခ်င္စိတ္ေတြ လွ်ံတက္လာတဲ့ သစၥာမွာ ျငင္းေနသံတိုးဖြဖြေလးကို အာ႐ုံမရွိေတာ့... ဒီအျဖဴေရာင္ပုံရိပ္ေလးကို သူ မထိေတြ႕ျဖစ္တာ ဘယ္ေလာက္ေတာင္ ၾကာခဲ့ၿပီလဲ... တစ္ခါတစ္ေလ စိတ္တို႔သည္ ခ်ဳပ္တည္းျခင္းငွာ မတက္သာ...

"ဟင့္အင္း..."

ငုံက်လာတဲ့ မ်က္ႏွာကို ေရွာင္လႊဲရင္း ေျပာလာေတာ့ သစၥာလႈပ္ရွားမႈေတြ ရပ္တန့္သြားတယ္...ဒါေပမယ့္ လိုခ်င္စိတ္ကို မတားဆီးနိုင္ေတာ့ ေမးေစ့ေလးကို အတင္းျပန္ဆြဲလွည့္လိုက္မိတယ္...

ငုံ႕အၾကည့္မွာ တဆတ္ဆတ္တုန္ေနတဲ့ ႏႈတ္ခမ္းသားေလးေတြနဲ႕ မ်က္ရည္ေတြ စိုလူးေနတဲ့ မ်က္ဝန္းေတြေၾကာင့္ သစၥာ ေၾကာင္အသြားသည္...ထိုစဥ္ ေ႐ႊ႐ုပ္က အုပ္မိုးထားတဲ့ သစၥာကို တြန္းဖယ္ရင္း အတင္းထရပ္သည္...ၿပီးေတာ့ မ်က္ရည္ေတြကို လက္နဲ႕ဘယ္ျပန္ညာျပန္သုတ္ကာ...

"ေတာင္းပန္ပါတယ္... ေက်းဇူးျပဳၿပီးေတာ့ ကြၽန္မကို ဒါမ်ိဳးမလုပ္ပါနဲ႕ေတာ့...တျခားမိန္းမတစ္ေယာက္ကို ထိေတြ႕လာတဲ့လက္ေတြနဲ႕ကြၽန္မကို ထပ္ၿပီး လာမထိပါနဲ႕...ရွင့္ကို တကယ္ေတာင္းပန္ပါတယ္..."

ရွိုက္သံေတြနဲ႕ တစ္ခါမွ မၾကားဖူးတဲ့အသုံးအႏႈန္းေတြေၾကာင့္ သစၥာ မူးေနတာပါ ေပ်ာက္သလိုျဖစ္သြားရကာ ေ႐ႊ႐ုပ္ကို ေမာ့ၾကည့္လိုက္သည္...

"အားလုံးကို သည္းခံနိုင္ေပမယ့္ ဒီလိုသာဆိုရင္ ကြၽန္မ မသတီျဖစ္လြန္းလို႔ အသက္ဆက္ရွင္နိုင္မွာမဟုတ္ဘူး... ေက်းဇူးျပဳၿပီး ရွင္ကြၽန္မကို က်န္တာ ႀကိဳက္သလို ခိုင္းပါ...ဒီကိစၥကိုေတာ့ ေနာက္တစ္ခါ ထပ္မစပါနဲ႕... မဟုတ္ရင္...မဟုတ္ရင္...ကြၽန္မ ကိုယ့္ကိုကိုယ္ သတ္ေသပစ္လိုက္မယ္..."

ေျပာေျပာဆိုဆိုနဲ႕ ေ႐ြ႐ုပ္ လွည့္ေျပးလာလိုက္သည္...အခန္းထဲ ျပန္ေရာက္ေတာ့လဲ မရပ္နိုင္ဘဲ ရွိုက္ႀကီးတငင္ ငိုေနမိသည္... ရင္ထဲမွာ ခါးသီးေနကာ သူ႕အထိအေတြ႕ကို လုံးဝလက္ခံနိုင္စြမ္းမရွိေပ... သန့္စင္ခဲ့ေသာ ေမတၱာေတြကို မေထာက္ထားနိုင္တဲ့သူ႕ကို နာက်ည္းခ်င္လာသည္...

ခုခ်ိန္မွာ ဘာကို အလိုခ်င္ဆုံးလဲဟု ေမးလာလွ်င္ အျဖဴသန့္သန့္ေမတၱာဟုသာ ေ႐ြ႐ုပ္ ေသခ်ာေပါက္ ေျဖမိေပလိမ့္မည္...

To be continued...

Continue Reading

You'll Also Like

84.5K 3.2K 29
ဘဝမှာတစ်ခါလောက်ဖြစ်ဖြစ်ပျော်ရွှင်ခြင်းဆိုတာကိုခံစားကြည့်ချင်တယ် #ခွန်းရှိူင်းဆက်​မောင်(ခေါ်)ခွန်းကလျာမောင် နာကျင်စရာတွေရှိလဲချစ်ပါ့မယ်မောင် #မေမြတ်နိ...
991K 30.7K 61
Dans un monde où le chaos et la violence étaient maitre, ne laissant place à ne serrait ce qu'un soupçon d'humanité. Plume était l'exception. Elle...
137K 2.4K 22
"You got to stop overworking yourself like this" Gray said rubbing my back. "I know but I know I can do this I'm just a tiny bit stressed it's not...
3.3K 90 6
ခွန်းစစ်မောင်+ယွန်းပိုးငယ် ဟန်သွေးမော်+သဲသဲချို ပိုးငယ်:အဲ့ဒီမိန်းမကိုသိပ်ချစ်တာပဲလားမောင်'' ခွန်းစစ်:ငါ့အသက်ထက်ကိုချစ်တာ!! ဟန်သွေး:ကျွန်တော်ချစ်တာကိ...