//UNICODE//
အခန်း ၁၁ - အရူးအမူး
စုလင်းရဲ့တံခါးကို မှီဖို့ ကြိုးစားလိုက်တဲ့လုပ်ရပ်က သိသာထင်ရှားလွန်းသွားခဲ့သည်။ ကုလီဟန်က ရေကူးကန်ရဲ့အဆုံးမှာရှိတဲ့ အခြောက်ခံစက်အောက်မှာ ရပ်နေရင်း သူ့အကြည့်က အနည်းငယ်ပြောင်းလဲသွားရပြီး တံခါးဆီအမြန်လျှောက်သွားခဲ့သည်။
စုလင်းရဲ့ လက်ချောင်းများက တံခါးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့သည်မှာ လက်ချောင်းထိပ်ကလေးများပင် အဖြူရောင် ပြောင်းလာခဲ့သည်။ သူ့နားထဲမှာ ကြားနေရတဲ့ မြန်ဆန်နေတဲ့ သူရဲ့အသက်ရှုသံကြောင့် သူ ပိုထိတ်လန့်လာခဲ့သည်။ သူမော့ကြည့်လိုက်တော့ ကုလီဟန်က သူ့နားပိုနီးကပ်လာသလို ချိုရှရှရနံ့ကလည်း ပိုပြင်းလာသည်။ ထိုရနံ့က နှစ်ပေါင်းများစွာသိုလှောင်ထားသော သက်တမ်းရင့် ဝိုင်နံ့နဲ့တူသည်။ စုလင်း အနီရောင်ဝိုင်တွေနဲ့ပြည့်နေတဲ့ ကန်ထဲ နစ်မြှုပ်နေသလို ထင်ယောင်ထင်မှားတွေ ဖြစ်လာရသည်။
တစ်ချိန်တည်းမှာပဲ စုလင်းရဲ့ လည်ပင်းအနောက်ကနေ တောက်လောင်ကျိန်းစပ်နေမှုက စိမ့်ထွက်လာပြီး ဦးခေါင်းထဲထိ ထုံထိုင်းသွားရသည်။ သူ့အသိစိတ်တစ်ခုလုံး မြူတွေဖုံးလွှမ်းထားသလို ဖြစ်နေပြီး အတွေးတွေလည်း မသဲကွဲတော့ပေ။ စုလင်း သူ့လက်ချောင်းလေးတွေကို မြှောက်လိုက်ပြီး သူကိုယ်သူ ပိုပြီး သက်တောင့် သက်သာရှိစေဖို့ Isolator ကိုဖယ်ချင်ခဲ့သည်။ ထိုအတွေးက ဖျတ်ခနဲသာ ပေါ်လာလိုက်သည်။ သူ့လက်တွေကို ခက်ခက်ခဲခဲ နဲ့ တံခါးလက်ကိုင်ပေါ် ပြန်ဖိကိုင်ထားလိုက်သည်။
သူ့အနံ့ကို သူတောင်မကြိုက်တာ။သူ့နတ်ဘုရားကို နောက်တစ်ခါ အဲ့ဒီအနံ့ကြီး ထပ်ရစေလို့ မဖြစ်ဘူး
သူ့အနံ့က ပုံမှန် အချိန်တွေမှာလည်း ဆိုးဝါးတယ်ဆိုပေမယ့် အခု သူခံစားနေရတဲ့ လည်ပင်းအနောက်က မသက်မသာဖြစ်မှုမျိုးနဲ့ဆိုရင် အနံ့က အရမ်းပြင်းနေလောက်သည်။
ကုလီဟန် စုလင်းနဲ့ ၂လှမ်းအကွာမှာ ရပ်လိုက်ပြီး Isolator ကိုထုတ်ကာ သူ့(GLH)လည်ပင်းနောက်မှာ ကပ်လိုက်ပြီး လေဝင်လေထွက်စနစ်ကို အမြင့်ဆုံးထိ မြှင့်လိုက်သည်။
စုလင်း အာခေါင်တွေ အရမ်း ခြောက်နေသလိုခံစားနေရသဖြင့် အောက်နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်မိသည်။ သူ ကုလီဟန်ကို ကြည့်လိုက်ပြီး အသက်ကို ပြင်းပြင်းရှုလိုက်ကာ
"ဥက္ကဋ္ဌကု ခင်ဗျား အဆင်ပြေရဲ့လား?"
ကုလီဟန်က သူ့ရဲ့ အနည်းငယ် စိုစွတ်နေတဲ့ နှုတ်ခမ်းလေးတွေကို ငေးကြည့်လိုက်မိရင်း မျက်ခုံးတို့ကို တွန့်ချိုးလျက်
"အဆင်မပြေတာ မင်းပဲ ထင်တယ်"
စုလင်း မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နဲ့ အမှန်အတိုင်း ဝန်ခံလာသည်။
"ဟုတ်...ကျွန်တော့်ခြေထောက်တွေ အားမရှိတော့သလိုပဲ။ နှလုံးခုန်တွေလည်း မြန်ပြီး လည်ပင်းအနောက်ကလည်း မသက်မသာ ခံစားနေရတယ်"
သူ့တစ်ကိုယ်လုံး ပူလောင်နေတဲ့အပြင် ကုလီဟန် သူ့ကိုထိတွေ့တာ တကယ်ကြီးလိုချင်နေတာကိုတော့ ရှက်စရာအရမ်းကောင်းလွန်းလို့ သူထည့်မပြောလိုက်တော့ပေ။ စုလင်း အသက်တစ်ရှိုက်အတွင်း မနားတမ်း ဆက်တိုက် ပြောလိုက်မိပြီး လက်ရှိသူ့ပုံစံက အရမ်းရှက်စရာကောင်းနေသလိုလည်း ခံစားနေရသည်။ ကုလီဟန်ကို ကြည့်ပြီး သူပြောလိုက်သည်။
"ကျွန်တော် အခန်းကိုပြန်ချင်တယ်။ ခင်ဗျား လိုက်ပို့ပေးလို့ရမလား?"
ကုလီဟန် ရှေ့ကို ခြေတစ်လှမ်း လှမ်းလိုက်ပြီး စုလင်းကို လက်လှမ်း ပေးလာသည်။ နူးညံ့ပြီး အပြာရင့်ရောင်ရှိသည့် ဘူးသီးခြောက်ပုံစံ အမွှေးအိတ်သေးသေးလေးက ကုလီဟန် လက်ပေါ်မှာ ပေါ်လာခဲ့သည်။ စုလင်း ထိုအိတ်ကလေးဆီမှ ပျံ့လွှင့်လာသည့် လန်းဆန်းဖွယ် မွှေးရနံ့ ဖျော့ဖျော့ကိုပင် ခံစားမိနေသည်။ ကုလီဟန် က စုလင်းကို အမွှေးအိတ်လေးပေးလိုက်ပြီး လက်နောက်တစ်ဖက်က စုလင်းကို ထိန်းပေးလာသည်။
"ဒါကို ကိုင်ပြီး ရှုလိုက်"
စောစောပိုင်းက စုလင်း ရေချိုးထားခဲ့ပြီး ပေါ့ပါးပြီး လွတ်လပ်သည့် အဖြူရောင် ချည်သား စွပ်ကျယ်နဲ့ ဘောင်းဘီတို အနက်ကလေးကို တွဲဝတ်ထားခဲ့သည်။ ထိုကဲ့သို့ ပါးလွှာသည့် အဝတ်စကိုဖြတ်ပြီး ကုလီဟန်လက်ဖဝါးဆီမှ အပူဓါတ်ကို စုလင်း သိသိသာသာကို ခံစားနိုင်သည်။ ကုလီဟန် သူ့ကို ထိလာသည့် အခိုက်အတန့်မှာ စုလင်းလက်တွေက မသိစိတ်အရ ရှောင်မိလိုက်ပေမယ့် သူ့စိတ်သူ အမြန် ထိန်းချုပ်လိုက်ရသည်။ စုလင်း ဘယ်တုန်းကမှ တစ်ခြားသူတွေနဲ့ ဒီလို နီးနီးကပ်ကပ် မနေခဲ့ဖူးတာကြောင့် သူ့နှလုံးသားက အရိုင်းဆန်စွာ ခုန်ပေါက်လာခဲ့ပြီး အမျိုးအမည်မသိနိုင်သည့် တွန်းအား တစ်ခုက သူကို လက်တွေ ဆန့်ထုတ်လိုက်ပြီး တစ်ဖက်လူကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်ဖို့ တိုက်တွန်းနေပြန်သည်။
စုလင်း သူ့ကိုယ်သူတည်ငြိမ်သွားအောင် တံခါးကို ဖိကိုင်ထားလိုက်ပြီး ကုလီဟန်ရဲ့လက်ထဲက အမွှေးအိတ်ကို ယူလိုက်ပြီး သူ့နှာခေါင်းထိပ်နားလေးကပ်ကာ အနံ့ခံကြည့်လိုက်သည်။ လန်းဆန်းကြည်လင်စေသည့် ရနံ့က သူ့နှာခေါင်းကနေ သူ့စိတ်ထဲထိ စီးဆင်းတိုးဝင်သွားခဲ့ပြီး သူ့ရဲ့ ရှုပ်ထွေးနေသည့် စိတ်တွေ ကြည်လင်သွားသည်မှာ မြူမှုန်မြူခိုးတွေကို လေပြင်းပြင်းနဲ့ တိုက်ခတ်လိုက်သလိုပင်။ ထို့အပြင် သူ့လည်ပင်း အနောက်မှ ကျိန်းစပ်ယားယံနေမှုကလည်း ပျောက်ကွယ်သွားသည်။ စုလင်း တအံ့တသြနဲ့ အမွှေးအိတ်လေးကို သူ့ရှေ့ယူပြီး ကြည့်လိုက်မိသည်။ သို့သော် သူ အမွှေးအိတ်ကလေးကို စူးစမ်းရန်ကြံနေစဥ်မှာပဲ သူ အချီခံလိုက်ရသည်။ သူ့မျက်လုံးတွေ ပြူးကျယ်သွားရပြီး စုလင်း ကုလီဟန်ရဲ့ ဘေးတစ်စောင်း မျက်နှာချောချောကြီးကို ပြတ်ပြတ်သားသား မြင်လိုက်ရသည်။
ကုလီဟန်က သူ့ကို ငုံ့ကြည့်လာပြီး ဆိုလိုက်သည်။
"ကိုယ့်ရဲ့ မယဥ်မကျေးပြုမှုကို ခွင့်ပြုပါ"
[T/N..ချီပြီးမှ အဲ့လို ရကြေးလား? ဒါနဲ့ princess carry ကြီးနော် UwU]
ကုလီဟန် စုလင်းကို သူ့လက်မောင်းတွေကြားထဲမှာ ပွေ့ချီထားရင်း အောက်ထပ်ကို ဆင်းလာခဲ့သည်။ သူ့ရဲ့လက်တွေက စုလင်းရဲ့ ပုခုံးတွေနဲ့ဒူးတွေ ကြားထဲမှာ ရှိနေခဲ့သည်။ သူတို့နှစ်ယောက် သိပ်ကို နီးကပ်နေခဲ့သည်မှာ အသားအသားချင်းပင် ထိနေသည်မို့ ကုလီဟန်ရဲ့ခန္ဓာကိုယ် အနည်းငယ် တောင့်တင်းနေတာကို စုလင်း ခံစားမိခဲ့သည်။ စုလင်း ရယ်လိုက်မိရင်း
"ခင်ဗျားရဲ့ စာပေအရည်အချင်းက ထူးချွန်တာပဲ"
[T/N..ကုလီဟန် ခုနက စုလင်းကို ချီလိုက်လို့ ခွင့်တောင်းတာက ရှေးခေတ်တရုတ်အသုံးအနှုန်းနဲ့ပြောလိုက်တာကြောင့် စုလင်းက ခုလိုစတာပါ]
ကုလီဟန်က ပြန်ဖြေ မလာပေ။ သူ အရင်ဘယ်တုန်းကမှ Omega ငယ်ငယ်လေးကို အခုလိုမျိုး မပွေ့ချီခဲ့ဖူးချေ။ စုလင်းရဲ့ ဒူးတွေနားမှာရှိတဲ့ သူ့လက်တွေက တစ်ဖက်လူရဲ့ အသားအရည်ကို တိုက်ရိုက် ထိတွေ့နေမိသည်။ ချောမွတ်ပြီး နူးညံ့နေသည့် အထိအတွေ့က သူ့ကို နားမလည်နိုင်လောက်အောင် တောက်လောင်စေခဲ့သည်။ စုလင်း အမွှေးအိတ်လေးကို ဖိညှစ်လိုက်ရင်း ကုလီဟန် အရမ်းကို မြန်မြန်လျှောက်နေတာကို သတိထားမိလိုက်သည်။ ထို့ကြောင့်ပင် သူတို့ ပထမထပ်ကို မျက်တောင်တစ်ခတ်အတွင်း ရောက်လာကြသည်။ သူတို့ စုလင်းအခန်းနဲ့ ခြေလှမ်းနည်းနည်းလောက်ပဲ ဝေးတော့တဲ့အချိန်မှာ စုလင်းက ရှင်းပြလာသည်။
"ကျွန်တော် Alphas တွေအကြောင်း ဇီဝကမ္မဗေဒစာအုပ် ဖတ်နေခဲ့တာ။ စာအုပ်ထဲမှာပြောထားတာ Alphaတစ်ယောက် လေ့ကျင့်ခန်းလုပ်နေချိန်အတွင်းမှာ Isolator ကို ဖယ်မထားရင် အဲ့ဒီAlphaရဲ့ခန္ဓာကိုယ်အတွက် မကောင်းဘူးတဲ့။"
"ခင်ဗျားက ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ထားတာမလို့ ကျွန်တော် ခင်ဗျားကို စိုးရိမ်သွားတာ။ အဲ့ဒါကြောင့် ကျွန်တော် လာကြည့်လိုက်တာ"
ခုနက စုလင်းက သူ့ကို ခင်ဗျား အဆင်ပြေရဲ့လား လို့မေးလာရတဲ့ အကြောင်းအရင်း ကုလီဟန် နားလည်သွားရသည်။ သူ အခန်းထဲကို လျှောက်သွားလိုက်ပြီး စုလင်းကို အိပ်ရာပေါ်မှာ ချပေးလိုက်သည်။ စုလင်း ထိုင်လိုက်ပြီး သူ့ကို ကိုးရိုးကားရားနိုင်တဲ့ အမူအရာနဲ့ ကြည့်ကာ
"တောင်းပန်ပါတယ်။ ကျွန်တော် ခင်ဗျားကို ဒုက္ခပေးမိပြီ"
အခုညတစ်ညလုံးဖြစ်ပျက်ခဲ့သမျှကို ပြန်တွေးမိပြီး စုလင်းမျက်မှောင်ကြုတ်လိုက်ကာ သူ့ကိုယ်သူ အရမ်း မကျေမနပ်ဖြစ်မိသည်။
သူက ပြသာနာတွေပဲတောက်လျှောက်ပေးနေတတ်သည့် ထုံထိုင်းထိုင်းကလေးတစ်ယောက်လိုပဲ။
ဒီနေ့ ဖြစ်သမျှက သူ့ရဲ့ မူလ အစီအစဥ်နဲ့ တစ်ခြားစီ ဝေးကွာနေခဲ့သည်။ အစက သူ ကုလီဟန်နဲ့ ရက်အနည်းငယ်လောက် ရင်းနှီးအောင်လုပ်ဖို့ စီစဥ်ထားခဲ့ပြီး အဲ့နောက်မှ အခြေအနေကို တိုးတက်အောင် စလုပ်မည်ဟု တွေးထားခဲ့သည်။ သူ့ရဲ့ နတ်ဘုရားရှေ့တော်မှောက်မှာ သင့်တင့်လျောက်ပတ်စွာ၊ လှပသိမ်မွေ့စွာ၊ ဆွဲဆောင်မှုရှိစွာ ပြုမူပြီး သူ့ကောင်းကွက်တွေအကုန် သူ့နတ်ဘုရား မြင်သွားနိုင်ဖို့ မျှော်လင့်ထားခဲ့သည်။ သူရဲ့ အရည်အချင်းတွေ ပြသနိုင်သည့်အချိန်တောင် မရောက်လိုက်ပေ။ ပထမဆုံးနေ့မှကတည်းက မိုက်မဲတဲ့ အရာတွေ လုပ်ရင်း အဆုံးသတ်သွားသည်။
ကုလီဟန်က သူ့ကို ကြည့်လာပြီး နူးညံ့သိမ်မွေ့သည့်အသံဖြင့်
"မင်း ကိုယ့်ကို ဒုက္ခမပေးပါဘူး။ကောင်းကောင်းအနားယူပါ"
စုလင်း ကုလီဟန်ကို ကြည့်လိုက်တော့ သူက ပုံမှန်အတိုင်းပဲရှိနေကာ ဒေါသထွက်ခြင်း၊စိတ်ဆိုးခြင်းအလျင်းမရှိသည်ကို မြင်လိုက်ရသည်။ စုလင်း စိတ်သက်သာရာရလျက် သူ့လက်လေးတွေကို မြှောက်လိုက်ပြီး အမွှေးအိတ်ကို ကုလီဟန်ဆီပြန်ပေးလိုက်သည်။
"ကျေးဇူးပါ"
ကုလီဟန်က မယူလိုက်ချေ။
"မင်းသိမ်းထားလိုက်ပါ။ မင်း ထပ်ပြီး Pheromoneတွေ တိုက်ခိုက်တာ ခံရရင် ဒါလေး ရှုလို့ရတယ်"
စုလင်း တုန့်ဆုတ်စွာဖြင့် အမွှေးအိတ်ကို ပြန်ယူလိုက်ရင်း
"ခင်ဗျားမှာ ထပ်ရှိသေးရဲ့လား?"
ကုလီဟန် လက်တွေကိုဆန့်ထုတ်လိုက်သောအခါ ခပ်ဆင်ဆင် အမွှေးအိတ်ကလေးတစ်ခု သူ့လက်ဖဝါးထဲမှာ ပေါ်လာသည်။ သို့သော် ဒီတစ်ခုက မီးခိုးရင့်ရောင်လေး ဖြစ်သည်။
စုလင်း ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်မိသည်။
တကယ်ကိုပဲ လူချမ်းသာတွေက အရာအားလုံးကို သိုလှောင်အိတ်ထဲ ထည့်ထားတာပဲ။
သူပြုံးလိုက်ပြီး
"ခင်ဗျားအတွက် တစ်ခုရှိသေးတယ်ဆိုရင် ကောင်းတာပေါ့"
စုလင်း ကုလီဟန်ရဲ့ စေတနာကို မငြင်းလိုက်ပေ။ အမွှေးအိတ်လေးရဲ့ အလုပ်လုပ်ပုံကို တွေးလိုက်မိပြီး
"ဒါက စိတ်ဝိညာဥ်ပင်ကလား?"
ကုလီဟန်က ခေါင်းငြိမ့်သည်။
စုလင်း အမွှေးအိတ်လေးကို ထပ်ရှုကြည့်လိုက်သေးသည်။ သူ့ရဲ့ ထိခိုက်ထားတဲ့ ခန္ဓာကိုယ်က လုံးဝ ပုံမှန်အခြေအနေကို ပြန်ရောက်သွားသည်။ သူ စိတ်ဝိညာဥ်ပင်တွေရဲ့ အစွမ်းထက်မှုကို ကောင်းကောင်းခံစားမိလိုက်ပြီး စိတ်ဝိညာဥ်ပင်မေဂျာကို လေ့လာဖို့ ပို၍ပင် ဆုံးဖြတ်လိုက်သည်။ Omegaတစ်ယောက်ရဲ့ ခန္ဓာကိုယ်က ထိခိုက်လွယ်သည့်အပြင် အဆင့်မြင် စိတ်ဝိညာဥ်ပင်ထုတ်ကုန်တွေကလည်း ငွေရှိရင်တောင် ဝယ်လို့မရနိုင်သည့် အနေအထားမှာရှိသည်။ ထို့ကြောင့် သူကိုယ်တိုင်သာ ပြုလုပ်နိုင်ရင် သူထပ် ပူပန်နေစရာမလိုတော့လေပြီ။ သူက ပိုကောင်းတဲ့ ထုတ်ကုန်တွေတောင် လုပ်ရင်လုပ်နိုင်လောက်သေးသည်။
ကုလီဟန်: "မင်း မနက်ဖြန် ကျောင်းသွားရဦးမှာ။ ကောင်းကောင်း အနားယူလိုက်"
စုလင်း ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်"
ကုလီဟန်က စုလင်းရဲ့ နာခံလှတဲ့ တုန့်ပြန်မှုလေးကို ကြည့်လိုက်ပြီး အခန်းထဲမှ ထွက်ကာ အခန်းတံခါးကို ပိတ်ပေးသွားခဲ့သည်။
စုလင်း အိပ်ရာပေါ် လှဲချလိုက်ကာ အိပ်လို့ကောင်းမယ့် အနေအထားရအောင် အကြိမ်အနည်းငယ်လောက် လှိမ့်လိုက်ပြီး အမွှေးအိတ်ကလေးကို ရှုကာ အိပ်ပျော်သွားခဲ့သည်။
မနက်ရောက်တော့ စုလင်းနဲ့ ကုလီဟန် မနက်စာအတူစားလိုက်ကြပြီး စိတ်ဝိညာဥ်ပင်တွေကို သွာကြည့်ခဲ့ကြသည်။ စိတ်ဝိညာဥ်ပင်တွေက စုလင်းကိုတွေ့တော့ ပျော်ရွှင်သွားကြပြီး သူတို့ရဲ့ အရွက်တွေနဲ့ပန်းပွင့်လေးတွေကို လှုပ်ယမ်းကာ စုလင်းလက်ချောင်းလေးတွေကို လှမ်းထိကြသည်။
ဒယ်ရီက အပင်တွေနဲ့ဆက်သွယ်ဖို့ pheromoneတွေ လွှတ်ထုတ်လိုက်ပြီး ရယ်ရင်းပြောလာသည်။
"သူတို့ အရမ်းပျော်နေကြတာ"
သူ့ရဲ့လက်ချောင်းလေးတွေကို ကလိထိုးခြင်းခံနေရ၍ စုလင်းပြုံးလိုက်သော် မျက်ဝန်းလေးများပင် မှေးသွားရသည်။
"သူတို့နဲ့ ဆက်သွယ်ရတာ ဘယ်လိုခံစားရလဲဆိုတာ ကျွန်တော် တကယ်သိချင်တာပဲ"
ကုန်ကြမ်းတွေကို အောင်မြင်စွာ ယူပြီးတဲ့နောက် ဒယ်ရီက စုလင်းကို ပန်းဝတ်ရည်နဲ့ ပင်စည်လေးကို ကမ်းပေးလိုက်သည်။ သူစုလင်းက သနားကြင်နာစွာကြည့်လာပြီး
"ငါ Pheromone ကိစ္စတွေမှာ အထူးကျွမ်းကျင်သူတစ်ယောက်နဲ့ကို သိတယ်။ မင်းနဲ့ မိတ်ဆက်ပေးရမလား?"
စုလင်း စိတ်ဝိညာဥ်ပင်တွေကို ကြည့်လိုက်သည်။ မေမေချင်ရဲ့ပြောစကားအရ သူ့ပြသာနာအတွက် အဖြေက ဒီအပင်တွေမှာသာ ရှိနေလေသည်။ ထို့ကြောင့် အထူးကျွမ်းကျင်သူတွေနဲ့ တွေ့ဖို့ မျှော်လင့်ချက်မထားခဲ့ချေ။ သို့သော် ဒီနေ့ရက်တွေအတွင်းမှာ သူနေ့တိုင်းလာပြီး စိတ်ဝိညာဥ်အပင်တွေကို ကြည့်ကာ အကြိမ်ပေါင်းများစွာ သေသေချာချာ စစ်ဆေးလေ့လာကြည့်ခဲ့သည်။ သူ ကုန်ကြမ်းတွေကိုတောင် တိုက်ရိုက်စားကြည့်ခဲ့သေးသော်လည်း အသုံးဝင်နိုင်စရာ တစ်ခုပင်မတွေ့ခဲ့။ သူအဲ့ဒါကို စဥ်းစားမိလိုက်ပြီး သဘောတူလိုက်သည်။
"အဲ့ဒါဆို ဒုက္ခပေးမိပါပြီ"
ဒယ်ရီက ရယ်လိုက်ရင်း
"ရပါ့ဗျာ။ ကျွန်တော် သူနဲ့ဆက်သွယ်ပြီး ရက်ချိန်းလိုက်မယ်။ ပြီးရင် မင်းကို အကြောင်းပြန်မယ်လေ"
စုလင်းခေါင်းငြိမ်လိုက်ပြီး ဒယ်ရီကလည်း ဆူးနီဘောလုံးပင်ရဲ့အရည်ကို ယူပြီး ထွက်သွားတော့သည်။
...
စုလင်း ကားပေါ်မှ ဆင်းကာ ယာဉ်မောင်းကိုကျေးဇူးတင်လိုက်ပြီး ကျောင်းဝင်းထဲကို ဝင်လိုက်သည်။ သူခြေ၂လှမ်းပင် မလှမ်းရသေးခင်မှာပဲ တစ်ယောက်ယောက်က သူ့ကို ခေါ်လာသည်။
"စုလင်း အဲ့ဒီမှာ ရပ်လိုက်စမ်း!"
စုလင်းလှည့်ကြည့်လိုက်တော့ သူ့ဆီ အသည်းအသန်ပြေးလာပြီး မေးနေတဲ့ စုအောင်းကို တွေ့လိုက်ရသည်။
"မင်း ကျောင်းကို ဘယ်သူ့ကားနဲ့ လာတာလဲ"
စုလင်း မျက်ခုံးတွေကို ပင့်တင်လိုက်ပြီး
"အဲ့ဒါ မင်းနဲ့ ဘာဆိုင်လဲ?"
စုအောင်းက အထင်သေးဟန်ဖြင့်
"ကားမောင်းလာတဲ့သူက အနည်းဆုံး ၄၀ကျော်လောက်ရှိပြီမလား?"
သူက စက်ဆုပ်ရွံရှာဟန်ပါ လုပ်ပြလိုက်ပြီး
"မင်းက စနစ်နဲ့တွဲဖက် ရှာတာကိုတော့ မလျှောက်ချင်ဘူး။ ဒါပေမဲ့ ဘိုးတော်ကြီးတစ်ယောက်က ထောက်ပံ့တာကိုကျ ခံချင်တယ်ပေါ့။ စက်ဆုပ်စရာကောင်းလိုက်တာ!"
စုလင်း သူ့ကို ပြောစရာစကားမဲ့စွာ စိုက်ကြည့်လိုက်သည်။
ဒီကောင်လေးရဲ့ စိတ်ကူးယဥ်နိုင်စွမ်းက အတော်ကြယ်ဝတာပဲ
စုလင်း: "မင်း စကားပြောရင် ဦးနှောက်လေး သုံးပေးပါ့လား?
စုလင်း မျက်လုံးကို လှန်လိုက်မိရင်း🙄
"ငါ စုမိသားစုနဲ့ ဆက်ဆံရေး ဖြတ်တောက်ထားပြီးသား။ မင်းနဲ့ငါ့ကြား ဘာပတ်သတ်မှုမှ မရှိဘူး။ အဲ့တော့ နောက်ကို မင်းအားယားနေတိုင်း ငါ့ကို စကားလာမပြောနဲ့"
စုအောင်း: "အဲ့ဒါဆို မင်းမျိုးရိုးနာမည် ဘာလို့မပြောင်းလဲ?"
စုလင်း ဒီလို အကျိုးအကြောင်းမသင့်တဲ့ ကလေးတစ်ယောက်ကို တကယ်ပဲ စိတ်ရှည်မပေးနိုင်ပါ။ သူပြန်ပြောလိုက်သည်။
"အေး မင်းငါနဲ့ မျိုးရိုးနာမည် မတူချင်ဘူးဆိုရင် မင်းမျိုးရိုးကို ပြောင်းလိုက်လေ"
ပြောပြီးတာနဲ့ စုလင်း ကျောင်းထဲဝင်လာခဲ့သည်။ သူ့နောက်မှ စုအောင်းက ဒေါသတကြီးနဲ့ လိုက်လာပြီး
"ငါ့မျိုးရိုးကို ဘာလို့ပြောင်းရမှာလဲ? အဲ့ဒါ ငါ့အဖေ နာမည်!"
စုလင်း ဘာမှမကြားသသည့်ဟန်ဖြင့် သူ့ကို လုံးဝ လျစ်လျူရှုထားလိုက်သည်။
စုအောင်း ဒေါသကြီးစွာဖြင့် ခြေဆောင့်လိုက်ပြီး
"ဖြစ်နိုင်ရင် စုမိသားစုဆီ ဘယ်တော့မှ ပြန်မလာခဲ့နဲ့"
စုလင်း လက်ရှိမှာ အကြောက်အလန့်မဲ့နေခြင်းက သူ့မှာ ငွေလေးနည်းနည်းရှိနေတာမလို့လို့ သူ့အမေပြောနေတာကို စုအောင်းကြားခဲ့သည်။ ထို မဖြစ်စလောက်ငွေလေးက နှစ်အနည်းငယ် အတွင်းမှာပဲ သုံးကုန်သွားလိမ့်မည်။
"စုအောင်း စုလင်းက တကယ်ပဲ စုမိသားစုနဲ့ ဇာတ်လမ်းပြတ်သွားပြီလား?"
တစ်ယောက်က စုအောင်းပုခုံးကို ပုတ်ကာ မေးလာသည်။ စုအောင်း လှည့်ကြည့်လိုက်ကာ
"ချီကော အဲ့ဒါအမှန်ပဲ"
ကျောင်းချီ မျက်မှောင်ကြုတ်လိုက်သည်။ ယခုမူ သူ ပိုရှုပ်ထွေးလာရသည်။ မနေ့က သူ့အစ်ကို စုလင်းကို အရှက်ခွဲပြီး သင်ခန်းစာပေးပေးမယ်လို့ ကတိပေးခဲ့သည်။ အဆုံးမှာတော့ ကိစ္စက ကောင်းမွန်စွာ မပြီးဆုံးဘဲ သူ့အစ်ကိုလက်မှာ ဒဏ်ရာရလာခဲ့သည့်အပြင် နောက်ထပ် စုလင်းကို ဒုက္ခထပ်မပေးတော့ဖို့ပါ သူ့အစ်ကိုက သူ့ကို တောင်းဆိုလာသည်။
အဲ့ဒါအပြင် ညစာစားကြတော့လည်း သူ့အဖေက စုအိမ်တော်နဲ့တွဲဖက်လုပ်ထားတဲ့ စီးပွားရေးအကြောင်းပြောလာပြန်သည်။ ကျောင်းချီက သူ့အစ်ကို စုအိမ်တော်ကို ကြောက်နေတာလို့ ထင်ခဲ့ပေမယ့် စုလင်းက စုအိမ်တော်နဲ့ ဆက်ဆံရေးဖြတ်ပြီးသားဖြစ်နေပြန်သည်။
ဘာလို့ သူ့အစ်ကိုက စုလင်းကို ဒုက္ခမပေးဖို့တောင်းဆိုရတာလဲ? အဲ့ဒါက....
ကျောင်းချီ စုလင်းရဲ့ မျက်နှာ လှလှလေးကို တွေးမိလိုက်ပြီး သူမျက်နှာက ပိုအရုပ်ဆိုးလာသည်။
အဲ့ဒါက သူ့အစ်ကို စုနံဟောင်ကို များ ကြွေသွားတာလား?
ညနေကျောင်းဆင်းသောအခါ စုလင်း ဆိုင်ကိုပြန်မှာ ဖြစ်တဲ့အတွက် ကုမိသားစုရဲ့ ယာဥ်မောင်းကို မဆက်သွယ်ခဲ့ဘဲ လမ်းဘေးလေးမှာ ရပ်နေခဲ့သည်။ ဒီနေ့ ဆိုင်မှာ E အဆင့် စိတ်ဝိညာဥ်ပင်တွေ တစ်သုတ်ကြီး ရောက်မှာ ဖြစ်သည်။ သူ သိပ်မကြာသေးခင်ကဘဲ ထိုအပင်တွေရဲ့ ဇီဝကမ္မဆိုင်ရာစာအုပ်တွေ ဖတ်ထားခဲ့တဲ့အတွက် တကယ့် အပင်အစစ်တွေကို တွေ့ချင်လေသည်။ ၂မိနစ်လောက်စောင့် ပြီးတဲ့နောက်မှာ စုလင်း Taxi တစ်စီးရလိုက်သည်။ ကားမောင်းသမားကို မွှေးရနံ့ဘားရဲ့ လိပ်စာ ပြောလိုက်ပြီး စုလင်း ပြတင်းပေါက် အပြင်က်ိုသာ ခေါင်းလေးလှည့်ပြီး ငေးနေခဲ့သည်။ ခဏမျှကြာသော် Alpha တစ်ယောက်ရဲ့ pheromone နံ့က ကားထဲမှာ ပြင်းထန်လာသည့်အတွက် စုလင်း မျက်မှောင်ကြုတ်လိုက်သည်။ သူ့လည်ပင်း အနောက်က တင်းကျပ်လာပြီး ခန္ဓာကိုယ်ကလည်း အနည်းငယ်ပူလာကာ အလွန်ပဲ မသက်မသာရှိလှသည်။
ကားမောင်းသမားက ထိတ်လန့်သွားပြီး
"တောင်းပန်ပါတယ်၊ ငါ ... ငါ နေလို့မကောင်းလို့ပါ"
သူက နောက်ကြည့်မှန်ကို တစ်ချက်ကြည့်ပြီး
"မင်း အဆင်ပြေရဲ့လား။? "
စုလင်း: "ကံကောင်းထောက်မစွာနဲ့ပေါ့"
မနေ့ညက ကုလီဟန် အပေါ်မှာ ဖြစ်တဲ့ တုန့်ပြန်မှုနဲ့စာရင် အခုက အများကြီး သက်သာသည်။ စုလင်း ပြောလိုက်သည်။
"နောက်တစ်ကွေ့ကျ ကျွန်တော့်ကို ချပေး"
ကားမောင်းသမားက ကားအရှိန်ကို မြှင့်လိုက်ပြီး
"ကောင်းပါပြီ။ ငါ မင်းကို ချပေးလို့ရမယ့် နေရာရှာလိုက်ဦးမယ်။ ခဏထိန်းထားဦးနော်။ မင်း မသက်မသာဖြစ်နေရင် Isolator ဖယ်ထားလို့ရတယ်"
စုလင်း ထိုTaxiမောင်းသူကို ကြည့်လိုက်သည်။ သူ အမွှေးအိတ်ကို ကျောပိုးအိတ်ထဲမှ ထုတ်ကာ ရှုလိုက်ရင်း လက်ကောက်ကို ထိလိုက်ပြီး ရဲစခန်းကို သတိပေးချက် နှိပ်လိုက်သည်။
ကားမောင်းသမားက ကားကို လမ်းသွယ် ကျဥ်းကျဥ်းလေးမှာ ရပ်လိုက်သည်။ Alpha သုံးယောက်က ထိုလမ်းဘေးမှာ ရပ်နေကြပြီး မနီးမဝေး ခပ်လှမ်းလှမ်းတွင် Burgundy ပြိုင်ကားတစ်စီး ရပ်ထားသည်။ကားမောင်းသမားက စုလင်းရဲ့ဘေးကတံခါးကို ဆွဲဖွင့်ပြီး
"ကားပေါ်က မြန်မြန် ဆင်းစမ်း"
စုလင်း ကားပေါ်က မဆင်းလိုက်သော်လည်း Alphaတွေရဲ့ အနံ့မျိုးစုံက ကားတံခါးကြားကနေတစ်ဆင့် သူ့နှာခေါင်းဆီ တိုးဝင်နေသည်။ အမွှေးအိတ်လေးကို နှာခေါင်းထိပ်မှာ ကပ်ထားလိုက်တာနဲ့ ရှုပ်ထွေးနေတဲ့အနံ့တွေကို ဖယ်ရှားပေးလိုက်သည့် ကြည်လင်စူးရှတဲ့ လန်းဆန်းအေးမြတဲ့ အနံ့ကို စုလင်း ရလိုက်သည်။
ပြိုင်ကားထဲမှာ ကျောင်းချင်က သူ့နဖူးပေါ်က ကျွတ်နေတဲ့ ဆံခွေစလေးတစ်ပင်ကို ပျင်းရိစွာ လိမ်နေရင်း အထင်သေးဟန်ဖြင့်
"ငါ့ရဲ့ချစ်ရတဲ့ညီငယ်လေးရေ Alpha တစ်ယောက်က ကိုယ်နဲ့မျိုးတူတွေရဲ့ အနံ့ကို ဘယ်လောက်မုန်းလဲ မသိဘူးလား? ငါ့ကို အပြစ်ပေးဖို့များ ဒီနေရာခေါ်လာတာလား?"
ကျောင်းချီက Maskတပ်လိုက်ပြီးသူ့ကို ကားပေါ်မှ ဆွဲချကာ
"ငါ မင်းကို အသိဝင်အောင် လုပ်ပေးဖို့ ကြိုးစားနေတာကွ"
ကျောင်းချင် ပုခုံးတွန့်ပြလိုက်ပြီး သူ့နောက်ကနေ Taxi ဆီ လိုက်လာသည်။
စုလင်း ကျောင်းချီကို မြင်လိုက်တော့ စိတ်မရှည်စွာပဲ မျက်မှောင်ကြုတ်မိသည်။ ဝတ္ထုထဲမှာ ကျောင်းချီက သူ့ရဲ့ အာရုံစိုက်မှုအကုန်လုံးကို ဇာတ်လိုက်Gongဘာကြိုက်တတ်သလဲနဲ့ ဇာတ်လိုက် ၂ယောက်ကြားက ခံစားချက်တွေကို ဖျက်စီးဖို့ပဲ သုံးခဲ့သည်။ သူ ထပ်ခါထပ်ခါ ရှုံးနိမ့်သည်။ ပြီးရင် သူသေသည်အထိ နောက်ထပ် နောက်ထပ် နည်းလမ်းအသစ်တွေ ထပ်ရှာပြီး ထပ်ဒုက္ခပေးဦးမည်ဖြစ်သည်။ ထိုကဲသို့လူမျိုးသည် တကယ်ပင် စိတ်ရှုပ်စရာကောင်းလှသည်။
ကျောင်းချီက သူ့လက်တွေကို ယမ်းလိုက်ပြီး Alpha တွေကို ဖယ်ခိုင်းလိုက်သည်။ အဲ့ဒီနောက် သူက Maskကို ချွတ်လိုက်ပြီး ကျောင်းချင်ကို ပြောလာသည်။
"အနံခံကြည့်လိုက်စမ်းပါ။ သူ့Pheromoneနံ့က သေအောင်ကို နံ့တာ။ သူ့ရုပ်လေးနဲ့ အရူးလုပ်မခံရစေနဲ့"
သို့သော် လေထုထဲတွင် မကောင်းတဲ့ အနံ့အသက်ကို မရတာကြောင့် သူပြောနေတာ ရပ်သွားသည်။ သူက ကားမောင်းသမားကို ကြည့်ပြီး
"အသုံးမကျလိုက်ချက်! ခင်ဗျား သူ့Isolator ဖယ်အောင် မလုပ်ရသေးဘူးလား?"
ကျောင်းချင်ရဲ့ မျက်နှာပေါ်က အပြုံးက ရုတ်တရက် ပျောက်ကွယ်သွားသည်။
"သူ့ကိုထပ်မရှုပ်ဖို့ မင်းကို ငါမပြောခဲ့ဘူးလား?"
သူ့ရဲ့ ပြင်းထန်တဲ့ အမူအရာကြောင့် ကျောင်းချီ နောက်ပြန်ဆုတ်လာပြီး နှာမှုတ်လိုက်သည်။
"ငါက မင်းသူ့ရုပ်လေးနဲ့အရူးအလုပ်မခံရအောင် သူ့Pheromone နံ့ကို ရှုကြည့်စေချင်ရုံပါပဲ"
စုလင်း ကားထဲက ထွက်လိုက်ပြီး သူတို့ကို စိုက်ကြည့်လိုက်သည်။
ကျောင်းချီရဲ့အကြည့်က စုလင်းလက်တွေပေါ်ရောက်သွားပြီး သူ့အသံက ရုတ်တရက် မြင့်သွားလေသည်။
"နှင်းစန္ဒာ အမွှေးအိတ်က မင်းမှာ ဘယ်လိုလုပ်ရှိနေတာလဲ?"
ကျောင်းချီ အဲ့အမွှေးအိတ်ကို လိုချင်လွန်းလို့ သူ့အမေ ဝယ်ဖို့ သဘောမတူမချင်း တောင်းပန်ခယခဲ့ရဖူးသည်။ သို့သော်လည်း နောက်ဆုံးမှာတော့ သူတို့ လေလံ မအောင်နိုင်ခဲ့ချေ။
စုလင်း အမွှေးအိတ်ကို ငုံ့ကြည့်လိုက်ပြီး သူ့ဘာသာ တွေးလိုက်မိသည်။
ထင်တဲ့အတိုင်းပဲ ဒါက စျေးပေါပေါနဲ့ လွယ်လွယ်ဝယ်လို့ရတဲ့ဟာ မဟုတ်ဘူးပဲ
Sachet
Jue's note🦋
သိုလှောင်အိတ်ကလေ ကျင့်ကြံရေးလောကကလို နေရာအကျယ်ကြီးနဲ့ ပစ္စည်းတွေအများကြီးဆန့်တဲ့ အိတ်တစ်မျိုးပါ။ အနာဂတ်ရဲ့ ခေတ်လွန်အသုံးအဆောင်ပစ္စည်းတစ်ခုပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue Freesia 🦋
//ZAWGYI//
အခန္း ၁၁ - အ႐ူးအမူး
စုလင္းရဲ႕တံခါးကို မွီဖို႔ ႀကိဳးစားလိုက္တဲ့လုပ္ရပ္က သိသာထင္႐ွားလြန္းသြားခဲ့သည္။ ကုလီဟန္က ေရကူးကန္ရဲ႕အဆုံးမွာ႐ွိတဲ့ အေျခာက္ခံစက္ေအာက္မွာ ရပ္ေနရင္း သူ႕အၾကည့္က အနည္းငယ္ေျပာင္းလဲသြားရၿပီး တံခါးဆီအျမန္ေလွ်ာက္သြားခဲ့သည္။
စုလင္းရဲ႕ လက္ေခ်ာင္းမ်ားက တံခါးကို တင္းက်ပ္စြာ ဆုပ္ကိုင္ထားခဲ့သည္မွာ လက္ေခ်ာင္းထိပ္ကေလးမ်ားပင္ အျဖဴေရာင္ ေျပာင္းလာခဲ့သည္။ သူ႕နားထဲမွာ ၾကားေနရတဲ့ ျမန္ဆန္ေနတဲ့ သူရဲ႕အသက္႐ႈသံေၾကာင့္ သူ ပိုထိတ္လန္႔လာခဲ့သည္။ သူေမာ့ၾကည့္လိုက္ေတာ့ ကုလီဟန္က သူ႕နားပိုနီးကပ္လာသလို ခ်ိဳ႐ွ႐ွရနံ႔ကလည္း ပိုျပင္းလာသည္။ ထိုရနံ႔က ႏွစ္ေပါင္းမ်ားစြာသိုေလွာင္ထားေသာ သက္တမ္းရင့္ ဝိုင္နံ႔နဲ႔တူသည္။ စုလင္း အနီေရာင္ဝိုင္ေတြနဲ႔ျပည့္ေနတဲ့ ကန္ထဲ နစ္ျမႇဳပ္ေနသလို ထင္ေယာင္ထင္မွားေတြ ျဖစ္လာရသည္။
တစ္ခ်ိန္တည္းမွာပဲ စုလင္းရဲ႕ လည္ပင္းအေနာက္ကေန ေတာက္ေလာင္က်ိန္းစပ္ေနမႈက စိမ့္ထြက္လာၿပီး ဦးေခါင္းထဲထိ ထုံထိုင္းသြားရသည္။ သူ႕အသိစိတ္တစ္ခုလုံး ျမဴေတြဖုံးလႊမ္းထားသလို ျဖစ္ေနၿပီး အေတြးေတြလည္း မသဲကြဲေတာ့ေပ။ စုလင္း သူ႕လက္ေခ်ာင္းေလးေတြကို ေျမႇာက္လိုက္ၿပီး သူကိုယ္သူ ပိုၿပီး သက္ေတာင့္ သက္သာ႐ွိေစဖို႔ Isolator ကိုဖယ္ခ်င္ခဲ့သည္။ ထိုအေတြးက ဖ်တ္ခနဲသာ ေပၚလာလိုက္သည္။ သူ႕လက္ေတြကို ခက္ခက္ခဲခဲ နဲ႔ တံခါးလက္ကိုင္ေပၚ ျပန္ဖိကိုင္ထားလိုက္သည္။
သူ႕အနံ႔ကို သူေတာင္မႀကိဳက္တာ။သူ႕နတ္ဘုရားကို ေနာက္တစ္ခါ အဲ့ဒီအနံ႔ႀကီး ထပ္ရေစလို႔ မျဖစ္ဘူး
သူ႕အနံ႔က ပုံမွန္ အခ်ိန္ေတြမွာလည္း ဆိုးဝါးတယ္ဆိုေပမယ့္ အခု သူခံစားေနရတဲ့ လည္ပင္းအေနာက္က မသက္မသာျဖစ္မႈမ်ိဳးနဲ႔ဆိုရင္ အနံ႔က အရမ္းျပင္းေနေလာက္သည္။
ကုလီဟန္ စုလင္းနဲ႔ ၂လွမ္းအကြာမွာ ရပ္လိုက္ၿပီး Isolator ကိုထုတ္ကာ သူ႕(GLH)လည္ပင္းေနာက္မွာ ကပ္လိုက္ၿပီး ေလဝင္ေလထြက္စနစ္ကို အျမင့္ဆုံးထိ ျမႇင့္လိုက္သည္။
စုလင္း အာေခါင္ေတြ အရမ္း ေျခာက္ေနသလိုခံစားေနရသျဖင့္ ေအာက္ႏႈတ္ခမ္းကို လွ်ာျဖင့္ သပ္လိုက္မိသည္။ သူ ကုလီဟန္ကို ၾကည့္လိုက္ၿပီး အသက္ကို ျပင္းျပင္း႐ႈလိုက္ကာ
"ဥကၠ႒ကု ခင္ဗ်ား အဆင္ေျပရဲ႕လား?"
ကုလီဟန္က သူ႕ရဲ႕ အနည္းငယ္ စိုစြတ္ေနတဲ့ ႏႈတ္ခမ္းေလးေတြကို ေငးၾကည့္လိုက္မိရင္း မ်က္ခုံးတို႔ကို တြန္႔ခ်ိဳးလ်က္
"အဆင္မေျပတာ မင္းပဲ ထင္တယ္"
စုလင္း မ်က္ေတာင္ေလးပုတ္ခတ္ပုတ္ခတ္နဲ႔ အမွန္အတိုင္း ဝန္ခံလာသည္။
"ဟုတ္...ကြၽန္ေတာ္႕ေျခေထာက္ေတြ အားမ႐ွိေတာ့သလိုပဲ။ ႏွလုံးခုန္ေတြလည္း ျမန္ၿပီး လည္ပင္းအေနာက္ကလည္း မသက္မသာ ခံစားေနရတယ္"
သူ႕တစ္ကိုယ္လုံး ပူေလာင္ေနတဲ့အျပင္ ကုလီဟန္ သူ႕ကိုထိေတြ႕တာ တကယ္ႀကီးလိုခ်င္ေနတာကိုေတာ့ ႐ွက္စရာအရမ္းေကာင္းလြန္းလို႔ သူထည့္မေျပာလိုက္ေတာ့ေပ။ စုလင္း အသက္တစ္႐ိႈက္အတြင္း မနားတမ္း ဆက္တိုက္ ေျပာလိုက္မိၿပီး လက္႐ွိသူ႕ပုံစံက အရမ္း႐ွက္စရာေကာင္းေနသလိုလည္း ခံစားေနရသည္။ ကုလီဟန္ကို ၾကည့္ၿပီး သူေျပာလိုက္သည္။
"ကြၽန္ေတာ္ အခန္းကိုျပန္ခ်င္တယ္။ ခင္ဗ်ား လိုက္ပို႔ေပးလို႔ရမလား?"
ကုလီဟန္ ေ႐ွ႕ကို ေျခတစ္လွမ္း လွမ္းလိုက္ၿပီး စုလင္းကို လက္လွမ္း ေပးလာသည္။ ႏူးညံ့ၿပီး အျပာရင့္ေရာင္႐ွိသည့္ ဘူးသီးေျခာက္ပုံစံ အေမႊးအိတ္ေသးေသးေလးက ကုလီဟန္ လက္ေပၚမွာ ေပၚလာခဲ့သည္။ စုလင္း ထိုအိတ္ကေလးဆီမွ ပ်ံ႕လႊင့္လာသည့္ လန္းဆန္းဖြယ္ ေမႊးရနံ႔ ေဖ်ာ့ေဖ်ာ့ကိုပင္ ခံစားမိေနသည္။ ကုလီဟန္ က စုလင္းကို အေမႊးအိတ္ေလးေပးလိုက္ၿပီး လက္ေနာက္တစ္ဖက္က စုလင္းကို ထိန္းေပးလာသည္။
"ဒါကို ကိုင္ၿပီး ႐ႈလိုက္"
ေစာေစာပိုင္းက စုလင္း ေရခ်ိဳးထားခဲ့ၿပီး ေပါ့ပါးၿပီး လြတ္လပ္သည့္ အျဖဴေရာင္ ခ်ည္သား စြပ္က်ယ္နဲ႔ ေဘာင္းဘီတို အနက္ကေလးကို တြဲဝတ္ထားခဲ့သည္။ ထိုကဲ့သို႔ ပါးလႊာသည့္ အဝတ္စကိုျဖတ္ၿပီး ကုလီဟန္လက္ဖဝါးဆီမွ အပူဓါတ္ကို စုလင္း သိသိသာသာကို ခံစားႏိုင္သည္။ ကုလီဟန္ သူ႕ကို ထိလာသည့္ အခိုက္အတန္႔မွာ စုလင္းလက္ေတြက မသိစိတ္အရ ေ႐ွာင္မိလိုက္ေပမယ့္ သူ႕စိတ္သူ အျမန္ ထိန္းခ်ဳပ္လိုက္ရသည္။ စုလင္း ဘယ္တုန္းကမွ တစ္ျခားသူေတြနဲ႔ ဒီလို နီးနီးကပ္ကပ္ မေနခဲ့ဖူးတာေၾကာင့္ သူ႕ႏွလုံးသားက အ႐ိုင္းဆန္စြာ ခုန္ေပါက္လာခဲ့ၿပီး အမ်ိဳးအမည္မသိႏိုင္သည့္ တြန္းအား တစ္ခုက သူကို လက္ေတြ ဆန္႔ထုတ္လိုက္ၿပီး တစ္ဖက္လူကို တင္းတင္းက်ပ္က်ပ္ ေပြ႕ဖက္ထားလိုက္ဖို႔ တိုက္တြန္းေနျပန္သည္။
စုလင္း သူ႕ကိုယ္သူတည္ၿငိမ္သြားေအာင္ တံခါးကို ဖိကိုင္ထားလိုက္ၿပီး ကုလီဟန္ရဲ႕လက္ထဲက အေမႊးအိတ္ကို ယူလိုက္ၿပီး သူ႕ႏွာေခါင္းထိပ္နားေလးကပ္ကာ အနံ႔ခံၾကည့္လိုက္သည္။ လန္းဆန္းၾကည္လင္ေစသည့္ ရနံ႔က သူ႕ႏွာေခါင္းကေန သူ႕စိတ္ထဲထိ စီးဆင္းတိုးဝင္သြားခဲ့ၿပီး သူ႕ရဲ႕ ႐ႈပ္ေထြးေနသည့္ စိတ္ေတြ ၾကည္လင္သြားသည္မွာ ျမဴမႈန္ျမဴခိုးေတြကို ေလျပင္းျပင္းနဲ႔ တိုက္ခတ္လိုက္သလိုပင္။ ထို႔အျပင္ သူ႕လည္ပင္း အေနာက္မွ က်ိန္းစပ္ယားယံေနမႈကလည္း ေပ်ာက္ကြယ္သြားသည္။ စုလင္း တအံ့တၾသနဲ႔ အေမႊးအိတ္ေလးကို သူ႕ေ႐ွ႕ယူၿပီး ၾကည့္လိုက္မိသည္။ သို႔ေသာ္ သူ အေမႊးအိတ္ကေလးကို စူးစမ္းရန္ၾကံေနစဥ္မွာပဲ သူ အခ်ီခံလိုက္ရသည္။ သူ႕မ်က္လုံးေတြ ျပဴးက်ယ္သြားရၿပီး စုလင္း ကုလီဟန္ရဲ႕ ေဘးတစ္ေစာင္း မ်က္ႏွာေခ်ာေခ်ာႀကီးကို ျပတ္ျပတ္သားသား ျမင္လိုက္ရသည္။
ကုလီဟန္က သူ႕ကို ငုံ႔ၾကည့္လာၿပီး ဆိုလိုက္သည္။
"ကိုယ့္ရဲ႕ မယဥ္မေက်းျပဳမႈကို ခြင့္ျပဳပါ"
[T/N..ခ်ီၿပီးမွ အဲ့လို ရေၾကးလား? ဒါနဲ႔ princess carry ႀကီးေနာ္ UwU]
ကုလီဟန္ စုလင္းကို သူ႕လက္ေမာင္းေတြၾကားထဲမွာ ေပြ႕ခ်ီထားရင္း ေအာက္ထပ္ကို ဆင္းလာခဲ့သည္။ သူ႕ရဲ႕လက္ေတြက စုလင္းရဲ႕ ပုခုံးေတြနဲ႔ဒူးေတြ ၾကားထဲမွာ ႐ွိေနခဲ့သည္။ သူတို႔ႏွစ္ေယာက္ သိပ္ကို နီးကပ္ေနခဲ့သည္မွာ အသားအသားခ်င္းပင္ ထိေနသည္မို႔ ကုလီဟန္ရဲ႕ခႏၶာကိုယ္ အနည္းငယ္ ေတာင့္တင္းေနတာကို စုလင္း ခံစားမိခဲ့သည္။ စုလင္း ရယ္လိုက္မိရင္း
"ခင္ဗ်ားရဲ႕ စာေပအရည္အခ်င္းက ထူးခြၽန္တာပဲ"
[T/N..ကုလီဟန္ ခုနက စုလင္းကို ခ်ီလိုက္လို႔ ခြင့္ေတာင္းတာက ေ႐ွးေခတ္တ႐ုတ္အသုံးအႏႈန္းနဲ႔ေျပာလိုက္တာေၾကာင့္ စုလင္းက ခုလိုစတာပါ]
ကုလီဟန္က ျပန္ေျဖ မလာေပ။ သူ အရင္ဘယ္တုန္းကမွ Omega ငယ္ငယ္ေလးကို အခုလိုမ်ိဳး မေပြ႕ခ်ီခဲ့ဖူးေခ်။ စုလင္းရဲ႕ ဒူးေတြနားမွာ႐ွိတဲ့ သူ႕လက္ေတြက တစ္ဖက္လူရဲ႕ အသားအရည္ကို တိုက္႐ိုက္ ထိေတြ႕ေနမိသည္။ ေခ်ာမြတ္ၿပီး ႏူးညံ့ေနသည့္ အထိအေတြ႕က သူ႕ကို နားမလည္ႏိုင္ေလာက္ေအာင္ ေတာက္ေလာင္ေစခဲ့သည္။ စုလင္း အေမႊးအိတ္ေလးကို ဖိညႇစ္လိုက္ရင္း ကုလီဟန္ အရမ္းကို ျမန္ျမန္ေလွ်ာက္ေနတာကို သတိထားမိလိုက္သည္။ ထို႔ေၾကာင့္ပင္ သူတို႔ ပထမထပ္ကို မ်က္ေတာင္တစ္ခတ္အတြင္း ေရာက္လာၾကသည္။ သူတို႔ စုလင္းအခန္းနဲ႔ ေျခလွမ္းနည္းနည္းေလာက္ပဲ ေဝးေတာ့တဲ့အခ်ိန္မွာ စုလင္းက ႐ွင္းျပလာသည္။
"ကြၽန္ေတာ္ Alphas ေတြအေၾကာင္း ဇီဝကမၼေဗဒစာအုပ္ ဖတ္ေနခဲ့တာ။ စာအုပ္ထဲမွာေျပာထားတာ Alphaတစ္ေယာက္ ေလ့က်င့္ခန္းလုပ္ေနခ်ိန္အတြင္းမွာ Isolator ကို ဖယ္မထားရင္ အဲ့ဒီAlphaရဲ႕ခႏၶာကိုယ္အတြက္ မေကာင္းဘူးတဲ့။"
"ခင္ဗ်ားက ျပင္းထန္တဲ့ ေလ့က်င့္ခန္းေတြ လုပ္ထားတာမလို႔ ကြၽန္ေတာ္ ခင္ဗ်ားကို စိုးရိမ္သြားတာ။ အဲ့ဒါေၾကာင့္ ကြၽန္ေတာ္ လာၾကည့္လိုက္တာ"
ခုနက စုလင္းက သူ႕ကို ခင္ဗ်ား အဆင္ေျပရဲ႕လား လို႔ေမးလာရတဲ့ အေၾကာင္းအရင္း ကုလီဟန္ နားလည္သြားရသည္။ သူ အခန္းထဲကို ေလွ်ာက္သြားလိုက္ၿပီး စုလင္းကို အိပ္ရာေပၚမွာ ခ်ေပးလိုက္သည္။ စုလင္း ထိုင္လိုက္ၿပီး သူ႕ကို ကိုး႐ိုးကားရားႏိုင္တဲ့ အမူအရာနဲ႔ ၾကည့္ကာ
"ေတာင္းပန္ပါတယ္။ ကြၽန္ေတာ္ ခင္ဗ်ားကို ဒုကၡေပးမိၿပီ"
အခုညတစ္ညလုံးျဖစ္ပ်က္ခဲ့သမွ်ကို ျပန္ေတြးမိၿပီး စုလင္းမ်က္ေမွာင္ၾကဳတ္လိုက္ကာ သူ႕ကိုယ္သူ အရမ္း မေက်မနပ္ျဖစ္မိသည္။
သူက ျပသာနာေတြပဲေတာက္ေလွ်ာက္ေပးေနတတ္သည့္ ထုံထိုင္းထိုင္းကေလးတစ္ေယာက္လိုပဲ။
ဒီေန႔ ျဖစ္သမွ်က သူ႕ရဲ႕ မူလ အစီအစဥ္နဲ႔ တစ္ျခားစီ ေဝးကြာေနခဲ့သည္။ အစက သူ ကုလီဟန္နဲ႔ ရက္အနည္းငယ္ေလာက္ ရင္းႏွီးေအာင္လုပ္ဖို႔ စီစဥ္ထားခဲ့ၿပီး အဲ့ေနာက္မွ အေျခအေနကို တိုးတက္ေအာင္ စလုပ္မည္ဟု ေတြးထားခဲ့သည္။ သူ႕ရဲ႕ နတ္ဘုရားေ႐ွ႕ေတာ္ေမွာက္မွာ သင့္တင့္ေလ်ာက္ပတ္စြာ၊ လွပသိမ္ေမြ႕စြာ၊ ဆြဲေဆာင္မႈ႐ွိစြာ ျပဳမူၿပီး သူ႕ေကာင္းကြက္ေတြအကုန္ သူ႕နတ္ဘုရား ျမင္သြားႏိုင္ဖို႔ ေမွ်ာ္လင့္ထားခဲ့သည္။ သူရဲ႕ အရည္အခ်င္းေတြ ျပသႏိုင္သည့္အခ်ိန္ေတာင္ မေရာက္လိုက္ေပ။ ပထမဆုံးေန႔မွကတည္းက မိုက္မဲတဲ့ အရာေတြ လုပ္ရင္း အဆုံးသတ္သြားသည္။
ကုလီဟန္က သူ႕ကို ၾကည့္လာၿပီး ႏူးညံ့သိမ္ေမြ႕သည့္အသံျဖင့္
"မင္း ကိုယ့္ကို ဒုကၡမေပးပါဘူး။ေကာင္းေကာင္းအနားယူပါ"
စုလင္း ကုလီဟန္ကို ၾကည့္လိုက္ေတာ့ သူက ပုံမွန္အတိုင္းပဲ႐ွိေနကာ ေဒါသထြက္ျခင္း၊စိတ္ဆိုးျခင္းအလ်င္းမ႐ွိသည္ကို ျမင္လိုက္ရသည္။ စုလင္း စိတ္သက္သာရာရလ်က္ သူ႕လက္ေလးေတြကို ေျမႇာက္လိုက္ၿပီး အေမႊးအိတ္ကို ကုလီဟန္ဆီျပန္ေပးလိုက္သည္။
"ေက်းဇူးပါ"
ကုလီဟန္က မယူလိုက္ေခ်။
"မင္းသိမ္းထားလိုက္ပါ။ မင္း ထပ္ၿပီး Pheromoneေတြ တိုက္ခိုက္တာ ခံရရင္ ဒါေလး ႐ႈလို႔ရတယ္"
စုလင္း တုန္႔ဆုတ္စြာျဖင့္ အေမႊးအိတ္ကို ျပန္ယူလိုက္ရင္း
"ခင္ဗ်ားမွာ ထပ္႐ွိေသးရဲ႕လား?"
ကုလီဟန္ လက္ေတြကိုဆန္႔ထုတ္လိုက္ေသာအခါ ခပ္ဆင္ဆင္ အေမႊးအိတ္ကေလးတစ္ခု သူ႕လက္ဖဝါးထဲမွာ ေပၚလာသည္။ သို႔ေသာ္ ဒီတစ္ခုက မီးခိုးရင့္ေရာင္ေလး ျဖစ္သည္။
စုလင္း ကူကယ္ရာမဲ့စြာ သက္ျပင္းခ်လိုက္မိသည္။
တကယ္ကိုပဲ လူခ်မ္းသာေတြက အရာအားလုံးကို အာကာသအိတ္ထဲ ထည့္ထားတာပဲ။
သူျပဳံးလိုက္ၿပီး
"ခင္ဗ်ားအတြက္ တစ္ခု႐ွိေသးတယ္ဆိုရင္ ေကာင္းတာေပါ့"
စုလင္း ကုလီဟန္ရဲ႕ ေစတနာကို မျငင္းလိုက္ေပ။ အေမႊးအိတ္ေလးရဲ႕ အလုပ္လုပ္ပုံကို ေတြးလိုက္မိၿပီး
"ဒါက စိတ္ဝိညာဥ္ပင္ကလား?"
ကုလီဟန္က ေခါင္းၿငိမ့္သည္။
စုလင္း အေမႊးအိတ္ေလးကို ထပ္႐ႈၾကည့္လိုက္ေသးသည္။ သူ႕ရဲ႕ ထိခိုက္ထားတဲ့ ခႏၶာကိုယ္က လုံးဝ ပုံမွန္အေျခအေနကို ျပန္ေရာက္သြားသည္။ သူ စိတ္ဝိညာဥ္ပင္ေတြရဲ႕ အစြမ္းထက္မႈကို ေကာင္းေကာင္းခံစားမိလိုက္ၿပီး စိတ္ဝိညာဥ္ပင္ေမဂ်ာကို ေလ့လာဖို႔ ပို၍ပင္ ဆုံးျဖတ္လိုက္သည္။ Omegaတစ္ေယာက္ရဲ႕ ခႏၶာကိုယ္က ထိခိုက္လြယ္သည့္အျပင္ အဆင့္ျမင္ စိတ္ဝိညာဥ္ပင္ထုတ္ကုန္ေတြကလည္း ေငြ႐ွိရင္ေတာင္ ဝယ္လို႔မရႏိုင္သည့္ အေနအထားမွာ႐ွိသည္။ ထို႔ေၾကာင့္ သူကိုယ္တိုင္သာ ျပဳလုပ္ႏိုင္ရင္ သူထပ္ ပူပန္ေနစရာမလိုေတာ့ေလၿပီ။ သူက ပိုေကာင္းတဲ့ ထုတ္ကုန္ေတြေတာင္ လုပ္ရင္လုပ္ႏိုင္ေလာက္ေသးသည္။
ကုလီဟန္: "မင္း မနက္ျဖန္ ေက်ာင္းသြားရဦးမွာ။ ေကာင္းေကာင္း အနားယူလိုက္"
စုလင္း ေခါင္းၿငိမ့္လိုက္သည္။
"ဟုတ္"
ကုလီဟန္က စုလင္းရဲ႕ နာခံလွတဲ့ တုန္႔ျပန္မႈေလးကို ၾကည့္လိုက္ၿပီး အခန္းထဲမွ ထြက္ကာ အခန္းတံခါးကို ပိတ္ေပးသြားခဲ့သည္။
စုလင္း အိပ္ရာေပၚ လွဲခ်လိုက္ကာ အိပ္လို႔ေကာင္းမယ့္ အေနအထားရေအာင္ အႀကိမ္အနည္းငယ္ေလာက္ လွိမ့္လိုက္ၿပီး အေမႊးအိတ္ကေလးကို ႐ႈကာ အိပ္ေပ်ာ္သြားခဲ့သည္။
မနက္ေရာက္ေတာ့ စုလင္းနဲ႔ ကုလီဟန္ မနက္စာအတူစားလိုက္ၾကၿပီး စိတ္ဝိညာဥ္ပင္ေတြကို သြာၾကည့္ခဲ့ၾကသည္။ စိတ္ဝိညာဥ္ပင္ေတြက စုလင္းကိုေတြ႕ေတာ့ ေပ်ာ္႐ႊင္သြားၾကၿပီး သူတို႔ရဲ႕ အ႐ြက္ေတြနဲ႔ပန္းပြင့္ေလးေတြကို လႈပ္ယမ္းကာ စုလင္းလက္ေခ်ာင္းေလးေတြကို လွမ္းထိၾကသည္။
ဒယ္ရီက အပင္ေတြနဲ႔ဆက္သြယ္ဖို႔ pheromoneေတြ လႊတ္ထုတ္လိုက္ၿပီး ရယ္ရင္းေျပာလာသည္။
"သူတို႔ အရမ္းေပ်ာ္ေနၾကတာ"
သူ႕ရဲ႕လက္ေခ်ာင္းေလးေတြကို ကလိထိုးျခင္းခံေနရ၍ စုလင္းျပဳံးလိုက္ေသာ္ မ်က္ဝန္းေလးမ်ားပင္ ေမွးသြားရသည္။
"သူတို႔နဲ႔ ဆက္သြယ္ရတာ ဘယ္လိုခံစားရလဲဆိုတာ ကြၽန္ေတာ္ တကယ္သိခ်င္တာပဲ"
ကုန္ၾကမ္းေတြကို ေအာင္ျမင္စြာ ယူၿပီးတဲ့ေနာက္ ဒယ္ရီက စုလင္းကို ပန္းဝတ္ရည္နဲ႔ ပင္စည္ေလးကို ကမ္းေပးလိုက္သည္။ သူစုလင္းက သနားၾကင္နာစြာၾကည့္လာၿပီး
"ငါ Pheromone ကိစၥေတြမွာ အထူးကြၽမ္းက်င္သူတစ္ေယာက္နဲ႔ကို သိတယ္။ မင္းနဲ႔ မိတ္ဆက္ေပးရမလား?"
စုလင္း စိတ္ဝိညာဥ္ပင္ေတြကို ၾကည့္လိုက္သည္။ ေမေမခ်င္ရဲ႕ေျပာစကားအရ သူ႕ျပသာနာအတြက္ အေျဖက ဒီအပင္ေတြမွာသာ ႐ွိေနေလသည္။ ထို႔ေၾကာင့္ အထူးကြၽမ္းက်င္သူေတြနဲ႔ ေတြ႕ဖို႔ ေမွ်ာ္လင့္ခ်က္မထားခဲ့ေခ်။ သို႔ေသာ္ ဒီေန႔ရက္ေတြအတြင္းမွာ သူေန႔တိုင္းလာၿပီး စိတ္ဝိညာဥ္အပင္ေတြကို ၾကည့္ကာ အႀကိမ္ေပါင္းမ်ားစြာ ေသေသခ်ာခ်ာ စစ္ေဆးေလ့လာၾကည့္ခဲ့သည္။ သူ ကုန္ၾကမ္းေတြကိုေတာင္ တိုက္႐ိုက္စားၾကည့္ခဲ့ေသးေသာ္လည္း အသုံးဝင္ႏိုင္စရာ တစ္ခုပင္မေတြ႕ခဲ့။ သူအဲ့ဒါကို စဥ္းစားမိလိုက္ၿပီး သေဘာတူလိုက္သည္။
"အဲ့ဒါဆို ဒုကၡေပးမိပါၿပီ"
ဒယ္ရီက ရယ္လိုက္ရင္း
"ရပါ့ဗ်ာ။ ကြၽန္ေတာ္ သူနဲ႔ဆက္သြယ္ၿပီး ရက္ခ်ိန္းလိုက္မယ္။ ၿပီးရင္ မင္းကို အေၾကာင္းျပန္မယ္ေလ"
စုလင္းေခါင္းၿငိမ္လိုက္ၿပီး ဒယ္ရီကလည္း ဆူးနီေဘာလုံးပင္ရဲ႕အရည္ကို ယူၿပီး ထြက္သြားေတာ့သည္။
...
စုလင္း ကားေပၚမွ ဆင္းကာ ယာဥ္ေမာင္းကိုေက်းဇူးတင္လိုက္ၿပီး ေက်ာင္းဝင္းထဲကို ဝင္လိုက္သည္။ သူေျခ၂လွမ္းပင္ မလွမ္းရေသးခင္မွာပဲ တစ္ေယာက္ေယာက္က သူ႕ကို ေခၚလာသည္။
"စုလင္း အဲ့ဒီမွာ ရပ္လိုက္စမ္း!"
စုလင္းလွည့္ၾကည့္လိုက္ေတာ့ သူ႕ဆီ အသည္းအသန္ေျပးလာၿပီး ေမးေနတဲ့ စုေအာင္းကို ေတြ႕လိုက္ရသည္။
"မင္း ေက်ာင္းကို ဘယ္သူ႕ကားနဲ႔ လာတာလဲ"
စုလင္း မ်က္ခုံးေတြကို ပင့္တင္လိုက္ၿပီး
"အဲ့ဒါ မင္းနဲ႔ ဘာဆိုင္လဲ?"
စုေအာင္းက အထင္ေသးဟန္ျဖင့္
"ကားေမာင္းလာတဲ့သူက အနည္းဆုံး ၄၀ေက်ာ္ေလာက္႐ွိၿပီမလား?"
သူက စက္ဆုပ္႐ြံ႐ွာဟန္ပါ လုပ္ျပလိုက္ၿပီး
"မင္းက စနစ္နဲ႔တြဲဖက္ ႐ွာတာကိုေတာ့ မေလွ်ာက္ခ်င္ဘူး။ ဒါေပမဲ့ ဘိုးေတာ္ႀကီးတစ္ေယာက္က ေထာက္ပံ့တာကိုက် ခံခ်င္တယ္ေပါ့။ စက္ဆုပ္စရာေကာင္းလိုက္တာ!"
စုလင္း သူ႕ကို ေျပာစရာစကားမဲ့စြာ စိုက္ၾကည့္လိုက္သည္။
ဒီေကာင္ေလးရဲ႕ စိတ္ကူးယဥ္ႏိုင္စြမ္းက အေတာ္ၾကယ္ဝတာပဲ
စုလင္း: "မင္း စကားေျပာရင္ ဦးေႏွာက္ေလး သုံးေပးပါ့လား?
စုလင္း မ်က္လုံးကို လွန္လိုက္မိရင္း🙄
"ငါ စုမိသားစုနဲ႔ ဆက္ဆံေရး ျဖတ္ေတာက္ထားၿပီးသား။ မင္းနဲ႔ငါ့ၾကား ဘာပတ္သတ္မႈမွ မ႐ွိဘူး။ အဲ့ေတာ့ ေနာက္ကို မင္းအားယားေနတိုင္း ငါ့ကို စကားလာမေျပာနဲ႔"
စုေအာင္း: "အဲ့ဒါဆို မင္းမ်ိဳး႐ိုးနာမည္ ဘာလို႔မေျပာင္းလဲ?"
စုလင္း ဒီလို အက်ိဳးအေၾကာင္းမသင့္တဲ့ ကေလးတစ္ေယာက္ကို တကယ္ပဲ စိတ္႐ွည္မေပးႏိုင္ပါ။ သူျပန္ေျပာလိုက္သည္။
"ေအး မင္းငါနဲ႔ မ်ိဳး႐ိုးနာမည္ မတူခ်င္ဘူးဆိုရင္ မင္းမ်ိဳး႐ိုးကို ေျပာင္းလိုက္ေလ"
ေျပာၿပီးတာနဲ႔ စုလင္း ေက်ာင္းထဲဝင္လာခဲ့သည္။ သူ႕ေနာက္မွ စုေအာင္းက ေဒါသတႀကီးနဲ႔ လိုက္လာၿပီး
"ငါ့မ်ိဳး႐ိုးကို ဘာလို႔ေျပာင္းရမွာလဲ? အဲ့ဒါ ငါ့အေဖ နာမည္!"
စုလင္း ဘာမွမၾကားသသည့္ဟန္ျဖင့္ သူ႕ကို လုံးဝ လ်စ္လ်ဴ႐ႈထားလိုက္သည္။
စုေအာင္း ေဒါသႀကီးစြာျဖင့္ ေျခေဆာင့္လိုက္ၿပီး
"ျဖစ္ႏိုင္ရင္ စုမိသားစုဆီ ဘယ္ေတာ့မွ ျပန္မလာခဲ့နဲ႔"
စုလင္း လက္႐ွိမွာ အေၾကာက္အလန္႔မဲ့ေနျခင္းက သူ႕မွာ ေငြေလးနည္းနည္း႐ွိေနတာမလို႔လို႔ သူ႕အေမေျပာေနတာကို စုေအာင္းၾကားခဲ့သည္။ ထို မျဖစ္စေလာက္ေငြေလးက ႏွစ္အနည္းငယ္ အတြင္းမွာပဲ သုံးကုန္သြားလိမ့္မည္။
"စုေအာင္း စုလင္းက တကယ္ပဲ စုမိသားစုနဲ႔ ဇာတ္လမ္းျပတ္သြားၿပီလား?"
တစ္ေယာက္က စုေအာင္းပုခုံးကို ပုတ္ကာ ေမးလာသည္။ စုေအာင္း လွည့္ၾကည့္လိုက္ကာ
"ခ်ီေကာ အဲ့ဒါအမွန္ပဲ"
ေက်ာင္းခ်ီ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ ယခုမူ သူ ပို႐ႈပ္ေထြးလာရသည္။ မေန႔က သူ႕အစ္ကို စုလင္းကို အ႐ွက္ခြဲၿပီး သင္ခန္းစာေပးေပးမယ္လို႔ ကတိေပးခဲ့သည္။ အဆုံးမွာေတာ့ ကိစၥက ေကာင္းမြန္စြာ မၿပီးဆုံးဘဲ သူ႕အစ္ကိုလက္မွာ ဒဏ္ရာရလာခဲ့သည့္အျပင္ ေနာက္ထပ္ စုလင္းကို ဒုကၡထပ္မေပးေတာ့ဖို႔ပါ သူ႕အစ္ကိုက သူ႕ကို ေတာင္းဆိုလာသည္။
အဲ့ဒါအျပင္ ညစာစားၾကေတာ့လည္း သူ႕အေဖက စုအိမ္ေတာ္နဲ႔တြဲဖက္လုပ္ထားတဲ့ စီးပြားေရးအေၾကာင္းေျပာလာျပန္သည္။ ေက်ာင္းခ်ီက သူ႕အစ္ကို စုအိမ္ေတာ္ကို ေၾကာက္ေနတာလို႔ ထင္ခဲ့ေပမယ့္ စုလင္းက စုအိမ္ေတာ္နဲ႔ ဆက္ဆံေရးျဖတ္ၿပီးသားျဖစ္ေနျပန္သည္။
ဘာလို႔ သူ႕အစ္ကိုက စုလင္းကို ဒုကၡမေပးဖို႔ေတာင္းဆိုရတာလဲ? အဲ့ဒါက....
ေက်ာင္းခ်ီ စုလင္းရဲ႕ မ်က္ႏွာ လွလွေလးကို ေတြးမိလိုက္ၿပီး သူမ်က္ႏွာက ပိုအ႐ုပ္ဆိုးလာသည္။
အဲ့ဒါက သူ႕အစ္ကို စုနံေဟာင္ကို မ်ား ေႂကြသြားတာလား?
ညေနေက်ာင္းဆင္းေသာအခါ စုလင္း ဆိုင္ကိုျပန္မွာ ျဖစ္တဲ့အတြက္ ကုမိသားစုရဲ႕ ယာဥ္ေမာင္းကို မဆက္သြယ္ခဲ့ဘဲ လမ္းေဘးေလးမွာ ရပ္ေနခဲ့သည္။ ဒီေန႔ ဆိုင္မွာ E အဆင့္ စိတ္ဝိညာဥ္ပင္ေတြ တစ္သုတ္ႀကီး ေရာက္မွာ ျဖစ္သည္။ သူ သိပ္မၾကာေသးခင္ကဘဲ ထိုအပင္ေတြရဲ႕ ဇီဝကမၼဆိုင္ရာစာအုပ္ေတြ ဖတ္ထားခဲ့တဲ့အတြက္ တကယ့္ အပင္အစစ္ေတြကို ေတြ႕ခ်င္ေလသည္။ ၂မိနစ္ေလာက္ေစာင့္ ၿပီးတဲ့ေနာက္မွာ စုလင္း Taxi တစ္စီးရလိုက္သည္။ ကားေမာင္းသမားကို ေမႊးရနံ႔ဘားရဲ႕ လိပ္စာ ေျပာလိုက္ၿပီး စုလင္း ျပတင္းေပါက္ အျပင္က္ိဳသာ ေခါင္းေလးလွည့္ၿပီး ေငးေနခဲ့သည္။ ခဏမွ်ၾကာေသာ္ Alpha တစ္ေယာက္ရဲ႕ pheromone နံ႔က ကားထဲမွာ ျပင္းထန္လာသည့္အတြက္ စုလင္း မ်က္ေမွာင္ၾကဳတ္လိုက္သည္။ သူ႕လည္ပင္း အေနာက္က တင္းက်ပ္လာၿပီး ခႏၶာကိုယ္ကလည္း အနည္းငယ္ပူလာကာ အလြန္ပဲ မသက္မသာ႐ွိလွသည္။
ကားေမာင္းသမားက ထိတ္လန္႔သြားၿပီး
"ေတာင္းပန္ပါတယ္၊ ငါ ... ငါ ေနလို႔မေကာင္းလို႔ပါ"
သူက ေနာက္ၾကည့္မွန္ကို တစ္ခ်က္ၾကည့္ၿပီး
"မင္း အဆင္ေျပရဲ႕လား။? "
စုလင္း: "ကံေကာင္းေထာက္မစြာနဲ႔ေပါ့"
မေန႔ညက ကုလီဟန္ အေပၚမွာ ျဖစ္တဲ့ တုန္႔ျပန္မႈနဲ႔စာရင္ အခုက အမ်ားႀကီး သက္သာသည္။ စုလင္း ေျပာလိုက္သည္။
"ေနာက္တစ္ေကြ႕က် ကြၽန္ေတာ္႕ကို ခ်ေပး"
ကားေမာင္းသမားက ကားအ႐ွိန္ကို ျမႇင့္လိုက္ၿပီး
"ေကာင္းပါၿပီ။ ငါ မင္းကို ခ်ေပးလို႔ရမယ့္ ေနရာ႐ွာလိုက္ဦးမယ္။ ခဏထိန္းထားဦးေနာ္။ မင္း မသက္မသာျဖစ္ေနရင္ Isolator ဖယ္ထားလို႔ရတယ္"
စုလင္း ထိုTaxiေမာင္းသူကို ၾကည့္လိုက္သည္။ သူ အေမႊးအိတ္ကို ေက်ာပိုးအိတ္ထဲမွ ထုတ္ကာ ႐ႈလိုက္ရင္း လက္ေကာက္ကို ထိလိုက္ၿပီး ရဲစခန္းကို သတိေပးခ်က္ ႏွိပ္လိုက္သည္။
ကားေမာင္းသမားက ကားကို လမ္းသြယ္ က်ဥ္းက်ဥ္းေလးမွာ ရပ္လိုက္သည္။ Alpha သုံးေယာက္က ထိုလမ္းေဘးမွာ ရပ္ေနၾကၿပီး မနီးမေဝး ခပ္လွမ္းလွမ္းတြင္ Burgundy ၿပိဳင္ကားတစ္စီး ရပ္ထားသည္။ကားေမာင္းသမားက စုလင္းရဲ႕ေဘးကတံခါးကို ဆြဲဖြင့္ၿပီး
"ကားေပၚက ျမန္ျမန္ ဆင္းစမ္း"
စုလင္း ကားေပၚက မဆင္းလိုက္ေသာ္လည္း Alphaေတြရဲ႕ အနံ႔မ်ိဳးစုံက ကားတံခါးၾကားကေနတစ္ဆင့္ သူ႕ႏွာေခါင္းဆီ တိုးဝင္ေနသည္။ အေမႊးအိတ္ေလးကို ႏွာေခါင္းထိပ္မွာ ကပ္ထားလိုက္တာနဲ႔ ႐ႈပ္ေထြးေနတဲ့အနံ႔ေတြကို ဖယ္႐ွားေပးလိုက္သည့္ ၾကည္လင္စူး႐ွတဲ့ လန္းဆန္းေအးျမတဲ့ အနံ႔ကို စုလင္း ရလိုက္သည္။
ၿပိဳင္ကားထဲမွာ ေက်ာင္းခ်င္က သူ႕နဖူးေပၚက ကြၽတ္ေနတဲ့ ဆံေခြစေလးတစ္ပင္ကို ပ်င္းရိစြာ လိမ္ေနရင္း အထင္ေသးဟန္ျဖင့္
"ငါ့ရဲ႕ခ်စ္ရတဲ့ညီငယ္ေလးေရ Alpha တစ္ေယာက္က ကိုယ္နဲ႔မ်ိဳးတူေတြရဲ႕ အနံ႔ကို ဘယ္ေလာက္မုန္းလဲ မသိဘူးလား? ငါ့ကို အျပစ္ေပးဖို႔မ်ား ဒီေနရာေခၚလာတာလား?"
ေက်ာင္းခ်ီက Maskတပ္လိုက္ၿပီးသူ႕ကို ကားေပၚမွ ဆြဲခ်ကာ
"ငါ မင္းကို အသိဝင္ေအာင္ လုပ္ေပးဖို႔ ႀကိဳးစားေနတာကြ"
ေက်ာင္းခ်င္ ပုခုံးတြန္႔ျပလိုက္ၿပီး သူ႕ေနာက္ကေန Taxi ဆီ လိုက္လာသည္။
စုလင္း ေက်ာင္းခ်ီကို ျမင္လိုက္ေတာ့ စိတ္မ႐ွည္စြာပဲ မ်က္ေမွာင္ၾကဳတ္မိသည္။ ဝတၳဳထဲမွာ ေက်ာင္းခ်ီက သူ႕ရဲ႕ အာ႐ုံစိုက္မႈအကုန္လုံးကို ဇာတ္လိုက္Gongဘာႀကိဳက္တတ္သလဲနဲ႔ ဇာတ္လိုက္ ၂ေယာက္ၾကားက ခံစားခ်က္ေတြကို ဖ်က္စီးဖို႔ပဲ သုံးခဲ့သည္။ သူ ထပ္ခါထပ္ခါ ႐ႈံးနိမ့္သည္။ ၿပီးရင္ သူေသသည္အထိ ေနာက္ထပ္ ေနာက္ထပ္ နည္းလမ္းအသစ္ေတြ ထပ္႐ွာၿပီး ထပ္ဒုကၡေပးဦးမည္ျဖစ္သည္။ ထိုကဲသို႔လူမ်ိဳးသည္ တကယ္ပင္ စိတ္႐ႈပ္စရာေကာင္းလွသည္။
ေက်ာင္းခ်ီက သူ႕လက္ေတြကို ယမ္းလိုက္ၿပီး Alpha ေတြကို ဖယ္ခိုင္းလိုက္သည္။ အဲ့ဒီေနာက္ သူက Maskကို ခြၽတ္လိုက္ၿပီး ေက်ာင္းခ်င္ကို ေျပာလာသည္။
"အနံခံၾကည့္လိုက္စမ္းပါ။ သူ႕Pheromoneနံ႔က ေသေအာင္ကို နံ႔တာ။ သူ႕႐ုပ္ေလးနဲ႔ အ႐ူးလုပ္မခံရေစနဲ႔"
သို႔ေသာ္ ေလထုထဲတြင္ မေကာင္းတဲ့ အနံ႔အသက္ကို မရတာေၾကာင့္ သူေျပာေနတာ ရပ္သြားသည္။ သူက ကားေမာင္းသမားကို ၾကည့္ၿပီး
"အသုံးမက်လိုက္ခ်က္! ခင္ဗ်ား သူ႕Isolator ဖယ္ေအာင္ မလုပ္ရေသးဘူးလား?"
ေက်ာင္းခ်င္ရဲ႕ မ်က္ႏွာေပၚက အျပဳံးက ႐ုတ္တရက္ ေပ်ာက္ကြယ္သြားသည္။
"သူ႕ကိုထပ္မ႐ႈပ္ဖို႔ မင္းကို ငါမေျပာခဲ့ဘူးလား?"
သူ႕ရဲ႕ ျပင္းထန္တဲ့ အမူအရာေၾကာင့္ ေက်ာင္းခ်ီ ေနာက္ျပန္ဆုတ္လာၿပီး ႏွာမႈတ္လိုက္သည္။
"ငါက မင္းသူ႕႐ုပ္ေလးနဲ႔အ႐ူးအလုပ္မခံရေအာင္ သူ႕Pheromone နံ႔ကို ႐ႈၾကည့္ေစခ်င္႐ုံပါပဲ"
စုလင္း ကားထဲက ထြက္လိုက္ၿပီး သူတို႔ကို စိုက္ၾကည့္လိုက္သည္။
ေက်ာင္းခ်ီရဲ႕အၾကည့္က စုလင္းလက္ေတြေပၚေရာက္သြားၿပီး သူ႕အသံက ႐ုတ္တရက္ ျမင့္သြားေလသည္။
"ႏွင္းစႏၵာ အေမႊးအိတ္က မင္းမွာ ဘယ္လိုလုပ္႐ွိေနတာလဲ?"
ေက်ာင္းခ်ီ အဲ့အေမႊးအိတ္ကို လိုခ်င္လြန္းလို႔ သူ႕အေမ ဝယ္ဖို႔ သေဘာမတူမခ်င္း ေတာင္းပန္ခယခဲ့ရဖူးသည္။ သို႔ေသာ္လည္း ေနာက္ဆုံးမွာေတာ့ သူတို႔ ေလလံ မေအာင္ႏိုင္ခဲ့ေခ်။
စုလင္း အေမႊးအိတ္ကို ငုံ႔ၾကည့္လိုက္ၿပီး သူ႕ဘာသာ ေတြးလိုက္မိသည္။
ထင္တဲ့အတိုင္းပဲ ဒါက ေစ်းေပါေပါနဲ႔ လြယ္လြယ္ဝယ္လို႔ရတဲ့ဟာ မဟုတ္ဘူးပဲ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue Freesia🦋
Sachet