Lucius က Poliana ကို ပြောလိုက်သည်.
"ငါပြောတာက နောက်ဆုံးတော့ မင်းက ငါလမ်းလျှောက်တဲ့အတိုင်း လျှောက်နေပြီလို့ ပြောတာ"
"ဘာကိုပြောချင်တာလဲ အရှင်?"
"မင်းက ငါ့ဆီကနေထွက်ပြေးနေသလိုမျိုးပုံစံနဲ့ လမ်းလျှောက်နေတာလေ.. အခုတော့ အဲ့လိုမဟုတ်တော့ဘူး"
ပန်းခြံထဲမှာ စပြီးလမ်းလျှောက်တည်းက Lucius ခြေလှမ်းတစ်လှမ်း လှမ်းတိုင်း Poliana က ခြေလှမ်းနှစ်လှမ်း လှမ်းကာ လမ်းလျှောက်နေခဲ့တာဖြစ်သည်. ဒါပေမဲ့ အခုတော့ ဧကရာဇ်ပြောသလိုပဲ သူတို့ခြေလှမ်းတွေက ထပ်တူကျနေပြီဖြစ်သည်.
Lucius က ခြေလှမ်းတစ်လှမ်း လှမ်းတိုင်း Poliana ကလဲ သူ့ခြေလှမ်းအတိုင်း လိုက်လျှောက်နေပြီ ဖြစ်သည်. ဧကရာဇ်က ပြုံးကာ မေးလိုက်သည်.
"ငါက မင်းကို လိုက်ဖမ်းနေတာမှမဟုတ်တာ မင်းကဘာလို့ ထွက်ပြေးနေရတာလဲ?"
Poliana က နှုတ်ခမ်းစူကာ ပြန်ဖြေလိုက်သည်.
"ကျွန်မ ထွက်မပြေးပါဘူး အရှင်"
သူမခြေလှမ်းတွေ အနည်းငယ်နှေးသွားတော့ Lucius က သူတို့ကြားက အကွာအဝေးကို ရုတ်တရက်နီးကပ်စေလိုက်ကာ သူမကို ပြောလိုက်သည်.
"ထွက်မပြေးပါနဲ့ကွာ.. မင်းက ငါမင်းကို ပိုပြီးလိုက်ဖမ်းချင်လာအောင် လုပ်နေတာပဲ"
ဧကရာဇ်က ဒီလိုစကားမျိုးပြောလိုက်ပေမဲ့ သူက သူမကို တကယ်ဖမ်းလိုက်ဖို့ စိတ်ကူးမရှိပေ. သူက သူတို့ကြားကအကွာအဝေးကို အနည်းငယ်လျော့ချလိုက်ရုံသာ လုပ်လိုက်တာဖြစ်သည်. ဒါပေမဲ့ သူ့ရဲ့ ရုတ်တရက်လှုပ်ရှားမှုကြောင့် သူမကို ထိတ်လန့်သွားစေခဲ့ကာ သူမကို လဲကျသွားစေခဲ့သည်. ကံကောင်းစွာနဲ့ပဲ စစ်သားတစ်ယောက်ဖြစ်တဲ့ Poliana က သူမရဲ့ခန္ဓာကိုယ်ဟန်ချက်ကို အလျင်အမြန် ထိန်းလိုက်နိုင်သည်. သူမက သူမရဲ့ကိုယ်နေဟန်ချက်ကို ပြန်ထိန်းလိုက်နိုင်ပေမဲ့ ဧကရာဇ်က အော်လိုက်ချိန်မှာတော့ ဟန်ချက်ပြန်ပျက်သွားခဲ့သည်.
"Sir Pol! ဒါက အန္တရာယ်များတယ်!"
Poliana က နောက်ပြန်လဲကျသွားသည်. လူအများစုက အရှေ့ကိုလဲကျကာ သူတို့နှာခေါင်းတွေကို ထိခိုက်တတ်ကြပြီး အများစုကတော့ ဒီလိုဖြစ်တာက ကံဆိုးမှုတစ်ခုလို့ ယူဆကြမှာဖြစ်ပေမဲ့ Poliana က နောက်ပြန်လဲကျတာထက် အရှေ့ဘက်ကို လဲကျတာမျိုး ပိုဖြစ်စေချင်သည်. ဘာလို့လဲဆိုတော့ သူမလဲကျသွားတော့ Lucius က သူမကို အနောက်ကနေ ဆွဲဖမ်းလိုက်လို့ဖြစ်သည်.
ကံကောင်းစွာနဲ့ သူမက သူ့ရင်ခွင်ထဲကိုတော့ မရောက်သွားခဲ့ပေ. Poliana အတွက် ကံကောင်းသွားခဲ့ပေမဲ့ Lucius အတွက်တော့ ကံကောင်းသွားပုံမရပေ. သူက သူမကို ပြောလိုက်သည်.
"မင်း ငါ့အရှေ့ကနေလျှောက်တာ အန္တရာယ်များတယ်. အဲ့လိုမလျှောက်နဲ့တော့"
Lucius က Poliana ရဲ့လက်တွေကို ဖမ်းဆုပ်လိုက်ပေမဲ့ သူမကတော့ သူ့အသားအရေနဲ့ ထိတွေ့မိတာကြောင့် အံ့ဩဖို့တောင် အချိန်မရလိုက်ပေ. ဘာလို့လဲဆိုတော့ သူမ လဲကျတော့မလို ဖြစ်တုန်းက သူတို့ပတ်ဝန်းကျင်က အဆောက်အဦးတွေရဲ့ ပြတင်းပေါက်တွေကို သူမ မြင်လိုက်ရလို့ ဖြစ်သည်.
သူတို့ကို စောင့်ကြည့်နေကြတဲ့သူတွေ အများကြီးပဲ! သူတို့က ရဲတိုက်ကလူတွေကို ဖျော်ဖြေနေသလို ဖြစ်နေခဲ့တာကို Poliana က သတိမပြုမိခဲ့ပေ!
"အရှင် အပေါ်ကို ကြည့်ပါဦး!"
Poliana က သူတို့ဘက်ကို လက်ညှိုးထိုးကာ ပြောလိုက်ပေမဲ့ ပြတင်းပေါက်မှာရှိနေကြတဲ့သူတွေက တစ်ချက်လေးမှ အဝေးကို မထွက်သွားကြပေ. သူတို့က ဧကရာဇ်နဲ့ အမျိုးသမီးစစ်သည်တို့ကိုသာ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြသည်. တစ်ချို့တွေဆိုရင် ပြတင်းပေါက်ကို မှီထားတာ ပြုတ်ကျတော့မလိုတောင်ဖြစ်နေကြသည်. သူမက ဧကရာဇ်ကိုသာ အာရုံစိုက်နေရတာကြောင့် လူတွေစောင့်ကြည့်နေတာကို Poliana က သတိမထားမိခဲ့ပေ.
Lucius က ပြန်ဖြေလိုက်သည်.
"အင်း... ငါတို့မှာ ပရိတ်သတ်တွေအများကြီးရှိနေတာပဲ"
"ကျွန်မတို့ သူတို့ကို ရပ်တန့်မှဖြစ်မယ်!"
"ထားလိုက်ပါ"
"ဒါပေမဲ့ အရှင်!"
"ဘာလို့လဲ? မင်းရောငါရောက လူတွေအများကြီးကြားမှာ နေနေတာပဲလေ"
ဒီအမျိုးသားက ဒီတိုင်းပြည်ရဲ့ ဧကရာဇ်ဖြစ်ပြီး အမျိုးသမီးက မြို့စားတစ်ယောက်ဖြစ်နေသည်. သူတို့နှစ်ယောက်လုံးက လူသိများတဲ့ သူတွေဖြစ်ပြီး တခြားသူတွေရဲ့ အနီးကပ်စောင့်ကြည့်မှုကို အမြဲတမ်းခံနေရသူတွေဖြစ်သည်. ပုံမှန်ဆိုရင်တော့ လူတွေရဲ့အာရုံစိုက်မှုခံရတာကို Poliana က ဂရုမစိုက်ပေမဲ့ လက်ရှိအခြေအနေကတော့ ရှက်စရာဖြစ်နေသည်. ဧကရာဇ်ရဲ့ ပိုးပန်းတာကို ခံရတာက....
ဧကရာဇ်က မေးလိုက်သည်.
"မင်း ခြေကျင်းဝတ်က အဆင်ပြေရဲ့လား?"
"ကျွန်မ အဆင်ပြေပါတယ် အရှင်"
Lucius က ပြုံးကာ ပြန်ပြောလိုက်သည်.
"ကောင်းတာပေါ့.. ဘာမှမဖြစ်လို့ တော်သေးတယ်"
သူက သူမလက်ကိုလွှတ်ကာ သူ့ဘေးနားမှာ လမ်းလျှောက်စေလိုက်သည်.
"ဒါပေမဲ့ အရှင်!"
"ငါ့အရှေ့ကနေ လမ်းလျှောက်တာက အန္တာရယ်များတယ်ဆိုတော့ မင်းအဲ့လိုမလုပ်ရတော့ဘူး. ဘေးချင်းကပ်လျှောက်တာက ကောင်းပေမဲ့ အဲ့လိုကျတော့လဲ ငါက မင်းမျက်နှာကို ကြည့်လို့မရတော့ပြန်ဘူး. ဆိုတော့ကာ အနည်းဆုံးတော့ မင်းလက်တွေကို ကိုင်ခွင့်ပေးပါနော်"
"ဒါပေမဲ့!"
"မင်းရဲ့ချစ်စရာကောင်းတဲ့မျက်နှာလေးကို ကြည့်လို့မရလို့ ငါစိတ်မကောင်းဘူး.. ငါတို့ လက်နှစ်ဖက်လုံးကိုင်ထားပြီးတော့ မင်းမျက်နှာကို ကြည့်လို့ရအောင် ဘေးတိုက်လျှောက်တာက ပိုမကောင်းဘူးလား?"
သူမအနေနဲ့ မရဘူးလို့သာ ပြောလိုက်ရုံဖြစ်ပေမဲ့ Poliana ရဲ့ ဦးနှောက်က တွေဝေသွားသည်. သူမက ချက်ကျလက်ကျတော့ တွေးနိုင်သေးသည်. လက်တစ်ဖက်တည်းကိုင်ပြီး သာမာန်လိုမျိုး လမ်းလျှောက်တာနဲ့ လက်နှစ်ဖက်လုံးကိုင်ထားပြီး ဂဏန်းတွေလို လျှောက်တာ.... Poliana အနေနဲ့ ဘယ်အချက်ကိုပဲဖြစ်ဖြစ် စဉ်းစားပြီး ရွေးချယ်စရာမလိုပေမဲ့ အကြောင်းပြချက်တစ်ချို့ကြောင့် သူမက တွေဝေနေမိသည်.
"..."
သူမရဲ့တိတ်ဆိတ်နေမှုက သူ့ရဲ့ပထမတောင်းဆိုချက်ကို သဘောတူတယ်လို့ ဧကရာဇ်က ယူဆလိုက်သည်. သူက သူမရဲ့လက်တစ်ဖက်ကို ဆုပ်ကိုင်ကာ လမ်းအတူ စလျှောက်လိုက်သည်. သူမရဲ့ခံစားချက်တွေ သက်တောင့်သက်သာဖြစ်စေဖို့ Lucius က ဘေးပတ်ဝန်းကျင်ကို လျှောက်ကြည့်နေလိုက်သည်. တကယ်တော့ Poliana ကသာ သူ့ကို ငေးကြည့်နေတဲ့သူဖြစ်နေသည်. သူမက ဘေးကနေပြီး သူ့မျက်နှာကို သေချာကြည့်နေမိသည်. သူဆုပ်ကိုင်ထားတာကြောင့် သူမလက်က ယားကျိကျိဖြစ်လာသလို ခံစားလိုက်ရသည်.
ဒါတွေအားလုံးက သူမလက်ကို နမ်းခဲ့ဖူးတဲ့ အနမ်းတစ်ခုကြောင့်ဖြစ်သည်. ဧကရာဇ်နမ်းခဲ့တဲ့နေရာမှာ ရှိနေတဲ့ သွေးကြောက သူမနှလုံးနဲ့ တိုက်ရိုက်ချိတ်ဆက်ထားလို့ဖြစ်သည်. ဒါက Poliana အတင်းဖက်တွယ်ထားတဲ့ဆင်ခြေတစ်ခုသာဖြစ်ပြီး သူမစိတ်ထဲမှာတော့ အမှန်တရားကို သိနေသည်. သူအခုဆုပ်ကိုင်ထားတဲ့လက်က မနေ့တုန်းက ဧကရာဇ်နမ်းခဲ့တဲ့ လက်မဟုတ်ပေ. သူမက လက်အိတ်တွေ ဝတ်ထားပေမဲ့လဲ သူ့အသားအရေကို ထိတွေ့ခံစားလို့ရနေသလိုဖြစ်နေသေးသည်. ဒီချိုမြိန်တဲ့ခံစားချက်က သူမရဲ့လက်ကောက်ဝတ်, လက်မောင်း... ပြီးတော့ သူမရဲနှလုံးသားအထိ ရောက်လာသည်.
Poliana က ဒေါသထွက်ချင်လာသည်. Lucius က သူမကိုချစ်နေတဲ့အကြောင်း ဖွင့်ဟဝန်ခံခဲ့သည်. Poliana က ဧကရာဇ်ကို သူမရဲ့ကိုးကွယ်ရာအရှင်သခင်အဖြစ်သာ နှစ်သက် သဘောကျနေခဲ့တာ ဖြစ်ပေမဲ့ Lucius ကတော့ သူမကို မိန်းမတစ်ယောက်အဖြစ်မြင်ကာ ချစ်နေခဲ့ကြောင်း ကြေငြာပြောဆိုခဲ့သည်. ဒါ့ကြောင့် အခုလိုအချိန်မှာ ဧကရာဇ်ကသာ စိတ်လှုပ်ရှားနေသင့်တာဖြစ်သည်.
ဒါဆို Poliana ရဲ့နှလုံးသားက ဘာလို့ ဒီလိုမျိုးခုန်ပေါက်နေရတာလဲ? တစ်ချိန်တုန်းက အေးစက်နေခဲ့တယ်လို့ ယူဆခဲ့ရတဲ့ သူမရဲ့သွေးတွေကလဲ နွေးထွေးစွာ စီးဆင်းနေသလိုဖြစ်လာသည်. သူမရဲ့ခန္ဓာကိုယ်ကလဲ ထူးဆန်းသလိုဖြစ်လာသည်.
Poliana က ဆုပ်ကိုင်ထားတဲ့လက်တွေကို ငုံ့ကြည့်လိုက်သည်. သူက သူမလက်ကို ဆုပ်ကိုင်ထားပြီး သူမက သူ့နောက်ကို လိုက်နေရတယ် ဆိုတဲ့ အချက်ကို သူမ သဘောမတွေ့ပေ. ဒီလိုလုပ်တာက ရိုင်းပြတယ်လို့ ယူဆလို့ရပေမဲ့ Poliana က သူ့လက်တွေကို ပြန်ပြီး ဖျစ်ညှစ်လိုက်သည်. သူမက သူ့လက်တွေကို အားပိုထည့်ကာ ဆုပ်ကိုင်လိုက်တာကြောင့် ဧကရာဇ်ကလဲ သူတို့လက်တွေကို ပြန်ငုံ့ကြည့်လာသည်. ဒီလိုပဲဖြစ်ရမယ်.. သူမကပဲ ဦးဆောင်တဲ့သူဖြစ်သင့်တာ.. ထူးဆန်းပြီး ယားကျိကျိဖြစ်နေတဲ့ခံစားချက်က ပျောက်ကွယ်သွားကာ ဂုဏ်ယူဝံ့ကြွားမှုတွေ အစားထိုး ဝင်ရောက်လာသည်.
နောက်ဆုံးမှာတော့ Poliana က စိတ်တည်ငြိမ်လာသည်. သူမက ဧကရာဇ်နဲ့ စကားလက်ဆုံ ပြောနိုင်တဲ့အထိ သက်တောင့်သက်သာဖြစ်လာသည်. ဧကရာဇ်ရဲ့မျက်နှာကို မော့ကြည့်လိုက်တော့ ဧကရာဇ်က ရှက်သွေးဖြာကာ ပြုံးနေသည်. သူက အသက် ၃၀ ကျော်နေတဲ့ အမျိုးသားဖြစ်ပေမဲ့ သူက ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်လို ရှက်သွေးဖြာနေသည် ဒါတောင်မှပဲ ကြည့်ရတာ ထူးဆန်းမနေပေ.. တကယ်တော့ နှင်းဆီရောင်သန်းနေတာက ဧကရာဇ်နဲ့ ပိုပြီးလိုက်ဖက်နေသည်.
'ယောက်ျားတစ်ယောက်က ဘယ်လိုလုပ် ဒီလောက်လှနေနိုင်ရတာလဲ?'
ဒါက ရာစုနှစ်တစ်ခုကြာအောင် တည်တံ့နေမဲ့ မေးခွန်းဖြစ်သည်. Lucius က ဘယ်လိုလုပ် ဒီလောက် ကျက်သရေရှိကာ တင့်တယ်နေရတာလဲ? သူက လှပစွာနဲ့ ဖူးပွင့်နေတဲ့ ပန်းတွေလိုဖြစ်နေသည်....
တစ်ချိန်တည်းမှာပဲ Lucius ကလဲ Poliana ကို ငုံ့ကြည့်ကာ တွေးတောနေသည်.
'မိန်းမတစ်ယောက်က ဘယ်လိုလုပ် ဒီလောက်ချစ်စရာကောင်းနေရတာလဲ?'
Poliana က အခု ဘယ်လောက်တောင်ချစ်ဖို့ကောင်းအောင် ပြုမူနေတာလဲဆိုတာကို ဧကရာဇ်က မယုံကြည်နိုင်သလိုဖြစ်နေသည်. သူမက သူ့လက်တွေကို ပြန်ဆုပ်ကိုင်ထားပြီး သူမကိုယ်သူမ ဂုဏ်ယူဝံ့ကြွားနေပုံရသည်. Lucius က သူ့စိတ်တွေကို တည်ငြိမ်အောင် မနည်းကြိုးစားနေရသည်.. သူတို့နှစ်ယောက်လုံးက တစ်ယောက်အကြောင်းတစ်ယောက် တွေးနေကြတာဖြစ်သည်.
သူတို့က အလွန်ရင်းနှီးခဲ့မှန်းသိသာနေသည်. သူတို့က တစ်ယောက်နဲ့တစ်ယောက် စိတ်ချယုံကြည်ခဲ့ပြီး အခုတော့ သူတို့က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြုံးနေကြသည်.