๐™‡๐™š๐™œ๐™š๐™ฃ๐™™ ๐™Š๐™› ๐™“๐™ž๐™–๐™ค...

By Mari__Zhang

51K 4.9K 103

Collaboration With @M_May8 Yizhan ๐Ÿ’šโค... แ‹ Not Translation โŒ Historical แ€กแ€”แ€ฑแ€”แ€ฒแ€ทแ€•แ€ฏแ€ถแ€–แ€ฑแ€ฌแ€บแ€‘แ€ฌแ€ธแ€แ€ฒแ€ท Rebirth/Revenge T... More

( 1 )
( 2 )
( 3 )
( 4 )
( 5 )
( 6 )
( 7 )
( 8 )
( 9 )
( 10 )
Collaboration with Author
( 11 )
( 12 )
( 13 )
( 14 )

( 15 ) Epilogue

3.7K 276 19
By Mari__Zhang

" စစ်သူကြီးရဲ့ ပုန်ကန်မှုတဲ့လားအဟက်! "

သွေးချင်းချင်းရဲနေတဲ့ ဓားကိုကိုင်ထားတဲ့ စစ်သူကြီးကိုကြည့်ပြီး လှောင်ရယ်လိုက်တဲ့ ဧကရာဇ်ကြောင့် ပုန်ကန်သူလျှိုရဲ့ လက်သီးစုတ်က တင်းကြပ်သွားတယ်။ အသက်ငယ်သလောက် အဆိပ်ပြင်းလိုက်တဲ့ ဧကရာဇ်။

အရင်ဧကရာဇ်က ကြိုးဆွဲရာကသလောက် သူ့သားတော်ရဲ့ အာဏာက အဆုံးမရှိအောင်ကျယ်ပြန့်တယ်။ လျှိုချင်းရာနဲ့ လျှိုအိမ်တော်ကို ခြေချုပ်မိအောင် လျှိုချင်းရာသမီးကိို မိဖုရားအရာပေး အခွံသက်သက် အနောက်ဆောင်ကို အုပ်ချုပ်စေတယ်။ချန်ဦးရီးတော်ရဲ့ စစ်အင်အားကို နန်းတွင်းတပ်နဲ့ပေါင်းစည်းနိုင်ဖို့ ကြားခံက အမျိုးသားကြင်ယာတော်ရှောင်း။မေတ္တာတွေအချစ်တွေ ဘေးနားထားပြီး အားနည်းချက်မှန်းမသိသာစေရအောင် တိတ်တဆိတ်စောင့်ရှောက်မှု။

ကြင်ယာတော်ရှောင်းရဲ့ မျိုးရိုးက အရင်မင်းဆက်ရဲ့ တစ်ဦးတည်းသောနောက်ဆုံးမျိုးဆက်။အရင်ဧကရာဇ်ရဲ့ အတ္တကြောင့် သေဆုံးသွားရတဲ့ တာ့ချန်မင်းဆက်ရဲ့ မင်းသမီးသွေးသား။နန်းလုမှာကိုတောင်မစိုးရွံ့ပဲ သေတဲ့အထိ အနားမှာထားသွားတဲ့ ရှောင်းသခင်လေးက အရင်ဝမ်ဧကရာဇ်အချစ်ဦး မင်းသမီးရဲ့သွေးသားမိုလို့တဲ့။

အရင်ဧကရာဇ်ရဲ့ သေဆုံးမှုကို သံသယဝင်ခံရတဲ့ လျှိုအိမ်တော်ကို အာဏာမကျယ်ပြန့်အောင် လျှိုမိဖုရားကို နန်းသွေးလွယ်မရအောင် အခွင့်အရေးမပေးတာကိုကြည့်။

တာ့ရှန်းပြည်နဲ့ပူးပေါင်းဖို့ ဦးရီးတော်နဲ့ တာ့ရီရှန်းစန်းရဲ့ နယ်မြေခြားအချစ်။လည်လွန်းလှတဲ့ ဧကရာဇ်ရဲ့ ရွှေဥာဏ်တော်က အရင်ဧကရာဇ်ရဲ့ သေဆုံးမှုကို တူးဖော်လိုက်တာနဲ့ လျှိုအိမ်တော်ရဲ့ နောက်ဆုံးအချိန်က ဝမ်ရိပေါ်လက်ထဲမှာ ဖြစ်သွားနိုင်တယ်။ဓားကိုကိုင်စွဲလို့ စစ်သည်တော်ခြံရံပြီး ပုန်ကန်မှုကို တစ်ဖက်လှည့်နဲ့အစပျိုးစေတဲ့ ဧကရာဇ်က လျှိုအိမ်တော်ကို သမိုင်းမှာ ခြေစလက်နမကျန်အောင် ဖျက်ပစ်လိုက်လို့ရသွားတယ်။

ဘေးအန္တရာယ်တွေရဲ့အဆုံးသတ်ကို ချမှတ်အမိန့်ပေးမဲ့ အဆိပ်ပြင်းတဲ့ဧကရာဇ်တစ်ပါး။

အရာအားလုံးအဆုံးမှာတော့ ဧကရီထိုင်ခုံနေရာက ကြင်ယာတော်ရှောင်းနဲ့ ရွှေလက်တော်တွဲမြဲစေသတည်းလား။

စစ်တုရင်ခုံပေါ်က အသုံးချခံသာသာ နယ်ရုပ်ကလေးတွေက ဝမ်ဧကရာဇ်ရဲ့ နှစ်ယောက်မရှိထက်မြက်လွန်းတဲ့အတွက် နယ်ရုပ်တစ်ခုရွှေ့တိုင်း လက်ခုပ်ထဲက ရေသာသာကျန်ခဲ့ရတာပဲ။အကွက်ပေါင်းထောင့်စေအောင်ထက်မြက်လွန်းလှပါပေ့။

ပီချန်ရဲ့ သွေးအရောင်က လက်ခနဲ။
ဧကရီထိုင်ခုံနေရာက ကြင်ယာတော်ရှောင်းရှေ့ ဝဲကနဲဖြစ်သွားတဲ့ ကန့်လန့်ကာတစ်စနဲ့အတူ သွေးတွေကအနှံ့အပြား။
သွေးစွန်းသွားတဲ့ ညီလာခံခန်းမ။
အနိုင်ရသူ ဝမ်ဧကရာဇ်။
လျှိုမျိုးနွယ်ရဲ့ စစ်သူကြီးဆွေစဥ်မျိုးဆက် ပျက်သုဥ်းခြင်းက ဝမ်ဧကရာဇ်ရဲ့ ကစားပွဲအခရာတစ်ခု။

( ဘာတွေရေးလိုက်တာလဲ မသိတော့ဘူးရှုပ်လိုက်တာ😑 )

------------- Legend of Xiao -------------

ဝမ်ဧကရာဇ်နဲ့ အမျိုးသားဧကရီရဲ့ သားတော်ဝမ်စောအော်။

ညီလာခံက မှူးကြီးမတ်ရာတွေရဲ့ ဆောင်ပုဒ်က အိမ်ရှေ့စံမင်းသားဝမ်စောအော် မပါလာရေး။

ဧကရာဇ်ရဲ့ ညရေးညတာကိစ္စကြောင့် နေ့နဲ့ညမှားနေရှာတဲ့ ဧကရီက ညီလာခံအချိန်ကိုလည်း သတိမရနိုင်။

သားတော်ဝမ်စောအော်ကိုလည်း မထိန်းသိမ်းနိုင်ပဲ သူ့ကိုယ်သူအနိုင်နိုင်ဖြစ်နေတဲ့အခါ ညီလာခံအထိပါလာတဲ့ ဝမ်စောအော်လေးကို တစ်ရက်နှစ်ရက်မှသည် တစ်လလောက်အထိ အမတ်တွေကြား ဟိုပြေးဒီပြေးကို သည်းခံနိုင်ပေမဲ့ လကနေ နှစ်ကိုပြောင်းလာတာ အိမ်ရှေ့စံအသက် သုံးနှစ်တင်းတင်းပြည့်ခဲ့ပြီ။

ညီလာခံဝင်လို့ အိမ်ရှေ့စံရောက်တာနဲ့ ပထမဆုံးအမတ်တစ်ယောက်ကိုသာ ဝတ်ရုံပြေးဆွဲလိုက်မိရင် အဲ့အမတ်က တစ်နေကုန်မျောက်မူးလဲ မင်းသားကို ထိန်းပေရော့ပဲ။

ဒီနေ့အတွက် အလှည့်ကျသူက ဘဏ္ဍာရေးအမတ်။အထိန်းတော်တွေနဲ့အတူ အိမ်ရှေ့စံမင်းသားရဲ့ တစ်နေ့တာစောင့်ရှောက်သူရာထူးက အသင့်ကြိုနေတယ်။ဒီအမတ်ကြီး ထိုင်ငိုချင်ရော့ပြီ။

ဧကရာဇ်နန်းဆောင်။

" ရှောင်ရှောင်း "

" အရှင် "

" နေသာရဲ့လား ညကကြမ်းသွားတော့ "

" အရှင်! "

" ဟုတ်ပြီဟုတ်ပြီ ကိုယ်တော်မစတော့ဘူး "

မျက်စောင်းမမြည်တဲ့အကြည့်တစ်ခု။ဝမ်ဧကရာဇ်ရဲ့ နှလုံးသားနုနုကို ထိုးစိုက်တယ်။

" စောအော်ရော "

" ဘဏ္ဍာရေးအမတ်နဲ့ ဥယျာဉ်ထဲမှာ "

" သေချာရဲ့လား "

" ဟုတ်ပါတယ် "

" အရှင်ကစိတ်ချပေမဲ့ ဒီဧကရီက မကြိုက်ဘူး အမတ်တွေလည်း သူတို့အရေးနဲ့ သူတို့ရှိမှာပဲကို "

" ဟုတ်ပါပြီ ကြာလှပြီကို ခုထိပြောနေတုန်း "

ဧကရီရဲ့ သဘောတကျရယ်သံ။

ရင်ခွင်ထဲ အမြတ်တနိုးထည့်လေတဲ့ ဝမ်ဧကရာဇ်။

" မုချင်း!!! မုချင်းရေ "

" စောအော် "

ကျန့်ရင်ခွင်ထဲတိုးဝင်တဲ့ သားတော်။

အတိတ်နဲ့မတူ ပြောင်းလဲသွားပြီ။

နန်းတော်ထဲက ရှောင်းရဲ့ကံကြမ္မာက သာလွန်ကောင်းမွန်စွာ။

" တူတော်ဧကရာဇ် "

ချန်ဦးရီးတော်နဲ့ ချန်ဝမ်ဖေး တာ့ရီရှန်းစန်း။

တာ့ရီရှန်းစန်းရဲ့ ဗိုက်ပူပူလေးကို ကြည့်ပြီး အသည်းတယားပြေးသွားတဲ့ ဝမ်စောအော်လေး။

ကံကြမ္မာရဲ့ အမျိုးမျိုးပြောင်းလဲမှုတွေ။

ကျန့်ရဲ့နှစ်ခွသော ကံကြမ္မာ အလှည့်အပြောင်း။

ရှောင်းရဲ့ကံကြမ္မာက ပြည့်စုံသွားပါပြီလေ။

------------- Legend Of Xiao -------------

The End 🥀

ဝမ်ဧကရာဇ်ရဲ့တစ်ဖက်ခြမ်းက Extra ရောက်မှရှင်းကြမယ်။

Extra ရေးပြီးတဲ့တစ်နေ့ မေလေးနဲ့ပြန်တွေ့ကြတာပေါ့။

#M_May8
#Mari__Zhang
( 16 , October, 2021 , Saturday )




//////////


" စစ္သူႀကီးရဲ႕ ပုန္ကန္မႈတဲ့လားအဟက္! "

ေသြးခ်င္းခ်င္းရဲေနတဲ့ ဓားကိုကိုင္ထားတဲ့ စစ္သူႀကီးကိုၾကည့္ၿပီး ေလွာင္ရယ္လိုက္တဲ့ ဧကရာဇ္ေၾကာင့္ ပုန္ကန္သူလွ်ိဳရဲ႕ လက္သီးစုတ္က တင္းၾကပ္သြားတယ္။ အသက္ငယ္သေလာက္ အဆိပ္ျပင္းလိုက္တဲ့ ဧကရာဇ္။

အရင္ဧကရာဇ္က ႀကိဳးဆြဲရာကသေလာက္ သူ႔သားေတာ္ရဲ႕ အာဏာက အဆုံးမရွိေအာင္က်ယ္ျပန္႔တယ္။ လွ်ိဳခ်င္းရာနဲ႔ လွ်ိဳအိမ္ေတာ္ကို ေျခခ်ဳပ္မိေအာင္ လွ်ိဳခ်င္းရာသမီးကိို မိဖုရားအရာေပး အခြံသက္သက္ အေနာက္ေဆာင္ကို အုပ္ခ်ဳပ္ေစတယ္။ခ်န္ဦးရီးေတာ္ရဲ႕ စစ္အင္အားကို နန္းတြင္းတပ္နဲ႔ေပါင္းစည္းႏိုင္ဖို႔ ၾကားခံက အမ်ိဳးသားၾကင္ယာေတာ္ေရွာင္း။ေမတၱာေတြအခ်စ္ေတြ ေဘးနားထားၿပီး အားနည္းခ်က္မွန္းမသိသာေစရေအာင္ တိတ္တဆိတ္ေစာင့္ေရွာက္မႈ။

ၾကင္ယာေတာ္ေရွာင္းရဲ႕ မ်ိဳး႐ိုးက အရင္မင္းဆက္ရဲ႕ တစ္ဦးတည္းေသာေနာက္ဆုံးမ်ိဳးဆက္။အရင္ဧကရာဇ္ရဲ႕ အတၱေၾကာင့္ ေသဆုံးသြားရတဲ့ တာ့ခ်န္မင္းဆက္ရဲ႕ မင္းသမီးေသြးသား။နန္းလုမွာကိုေတာင္မစိုး႐ြံ႕ပဲ ေသတဲ့အထိ အနားမွာထားသြားတဲ့ ေရွာင္းသခင္ေလးက အရင္ဝမ္ဧကရာဇ္အခ်စ္ဦး မင္းသမီးရဲ႕ေသြးသားမိုလို႔တဲ့။

အရင္ဧကရာဇ္ရဲ႕ ေသဆုံးမႈကို သံသယဝင္ခံရတဲ့ လွ်ိဳအိမ္ေတာ္ကို အာဏာမက်ယ္ျပန္႔ေအာင္ လွ်ိဳမိဖုရားကို နန္းေသြးလြယ္မရေအာင္ အခြင့္အေရးမေပးတာကိုၾကည့္။

တာ့ရွန္းျပည္နဲ႔ပူးေပါင္းဖို႔ ဦးရီးေတာ္နဲ႔ တာ့ရီရွန္းစန္းရဲ႕ နယ္ေျမျခားအခ်စ္။လည္လြန္းလွတဲ့ ဧကရာဇ္ရဲ႕ ေ႐ႊဥာဏ္ေတာ္က အရင္ဧကရာဇ္ရဲ႕ ေသဆုံးမႈကို တူးေဖာ္လိုက္တာနဲ႔ လွ်ိဳအိမ္ေတာ္ရဲ႕ ေနာက္ဆုံးအခ်ိန္က ဝမ္ရိေပၚလက္ထဲမွာ ျဖစ္သြားႏိုင္တယ္။ဓားကိုကိုင္စြဲလို႔ စစ္သည္ေတာ္ၿခံရံၿပီး ပုန္ကန္မႈကို တစ္ဖက္လွည့္နဲ႔အစပ်ိဳးေစတဲ့ ဧကရာဇ္က လွ်ိဳအိမ္ေတာ္ကို သမိုင္းမွာ ေျခစလက္နမက်န္ေအာင္ ဖ်က္ပစ္လိုက္လို႔ရသြားတယ္။

ေဘးအႏၲရာယ္ေတြရဲ႕အဆုံးသတ္ကို ခ်မွတ္အမိန္႔ေပးမဲ့ အဆိပ္ျပင္းတဲ့ဧကရာဇ္တစ္ပါး။

အရာအားလုံးအဆုံးမွာေတာ့ ဧကရီထိုင္ခုံေနရာက ၾကင္ယာေတာ္ေရွာင္းနဲ႔ ေ႐ႊလက္ေတာ္တြဲၿမဲေစသတည္းလား။

စစ္တုရင္ခုံေပၚက အသုံးခ်ခံသာသာ နယ္႐ုပ္ကေလးေတြက ဝမ္ဧကရာဇ္ရဲ႕ ႏွစ္ေယာက္မရွိထက္ျမက္လြန္းတဲ့အတြက္ နယ္႐ုပ္တစ္ခုေ႐ႊ႕တိုင္း လက္ခုပ္ထဲက ေရသာသာက်န္ခဲ့ရတာပဲ။အကြက္ေပါင္းေထာင့္ေစေအာင္ထက္ျမက္လြန္းလွပါေပ့။

ပီခ်န္ရဲ႕ ေသြးအေရာင္က လက္ခနဲ။
ဧကရီထိုင္ခုံေနရာက ၾကင္ယာေတာ္ေရွာင္းေရွ႕ ဝဲကနဲျဖစ္သြားတဲ့ ကန္႔လန္႔ကာတစ္စနဲ႔အတူ ေသြးေတြကအႏွံ႔အျပား။
ေသြးစြန္းသြားတဲ့ ညီလာခံခန္းမ။
အႏိုင္ရသူ ဝမ္ဧကရာဇ္။
လွ်ိဳမ်ိဳးႏြယ္ရဲ႕ စစ္သူႀကီးေဆြစဥ္မ်ိဳးဆက္ ပ်က္သုဥ္းျခင္းက ဝမ္ဧကရာဇ္ရဲ႕ ကစားပြဲအခရာတစ္ခု။

( ဘာေတြေရးလိုက္တာလဲ မသိေတာ့ဘူးရႈပ္လိုက္တာ😑 )

------------- Legend of Xiao -------------

ဝမ္ဧကရာဇ္နဲ႔ အမ်ိဳးသားဧကရီရဲ႕ သားေတာ္ဝမ္ေစာေအာ္။

ညီလာခံက မႉးႀကီးမတ္ရာေတြရဲ႕ ေဆာင္ပုဒ္က အိမ္ေရွ႕စံမင္းသားဝမ္ေစာေအာ္ မပါလာေရး။

ဧကရာဇ္ရဲ႕ ညေရးညတာကိစၥေၾကာင့္ ေန႔နဲ႔ညမွားေနရွာတဲ့ ဧကရီက ညီလာခံအခ်ိန္ကိုလည္း သတိမရႏိုင္။

သားေတာ္ဝမ္ေစာေအာ္ကိုလည္း မထိန္းသိမ္းႏိုင္ပဲ သူ႔ကိုယ္သူအႏိုင္ႏိုင္ျဖစ္ေနတဲ့အခါ ညီလာခံအထိပါလာတဲ့ ဝမ္ေစာေအာ္ေလးကို တစ္ရက္ႏွစ္ရက္မွသည္ တစ္လေလာက္အထိ အမတ္ေတြၾကား ဟိုေျပးဒီေျပးကို သည္းခံႏိုင္ေပမဲ့ လကေန ႏွစ္ကိုေျပာင္းလာတာ အိမ္ေရွ႕စံအသက္ သုံးႏွစ္တင္းတင္းျပည့္ခဲ့ၿပီ။

ညီလာခံဝင္လို႔ အိမ္ေရွ႕စံေရာက္တာနဲ႔ ပထမဆုံးအမတ္တစ္ေယာက္ကိုသာ ဝတ္႐ုံေျပးဆြဲလိုက္မိရင္ အဲ့အမတ္က တစ္ေနကုန္ေမ်ာက္မူးလဲ မင္းသားကို ထိန္းေပေရာ့ပဲ။

ဒီေန႔အတြက္ အလွည့္က်သူက ဘ႑ာေရးအမတ္။အထိန္းေတာ္ေတြနဲ႔အတူ အိမ္ေရွ႕စံမင္းသားရဲ႕ တစ္ေန႔တာေစာင့္ေရွာက္သူရာထူးက အသင့္ႀကိဳေနတယ္။ဒီအမတ္ႀကီး ထိုင္ငိုခ်င္ေရာ့ၿပီ။

ဧကရာဇ္နန္းေဆာင္။

" ေရွာင္ေရွာင္း "

" အရွင္ "

" ေနသာရဲ႕လား ညကၾကမ္းသြားေတာ့ "

" အရွင္! "

" ဟုတ္ၿပီဟုတ္ၿပီ ကိုယ္ေတာ္မစေတာ့ဘူး "

မ်က္ေစာင္းမျမည္တဲ့အၾကည့္တစ္ခု။ဝမ္ဧကရာဇ္ရဲ႕ ႏွလုံးသားႏုႏုကို ထိုးစိုက္တယ္။

" ေစာေအာ္ေရာ "

" ဘ႑ာေရးအမတ္နဲ႔ ဥယ်ာဥ္ထဲမွာ "

" ေသခ်ာရဲ႕လား "

" ဟုတ္ပါတယ္ "

" အရွင္ကစိတ္ခ်ေပမဲ့ ဒီဧကရီက မႀကိဳက္ဘူး အမတ္ေတြလည္း သူတို႔အေရးနဲ႔ သူတို႔ရွိမွာပဲကို "

" ဟုတ္ပါၿပီ ၾကာလွၿပီကို ခုထိေျပာေနတုန္း "

ဧကရီရဲ႕ သေဘာတက်ရယ္သံ။

ရင္ခြင္ထဲ အျမတ္တႏိုးထည့္ေလတဲ့ ဝမ္ဧကရာဇ္။

" မုခ်င္း!!! မုခ်င္းေရ "

" ေစာေအာ္ "

က်န္႔ရင္ခြင္ထဲတိုးဝင္တဲ့ သားေတာ္။

အတိတ္နဲ႔မတူ ေျပာင္းလဲသြားၿပီ။

နန္းေတာ္ထဲက ေရွာင္းရဲ႕ကံၾကမၼာက သာလြန္ေကာင္းမြန္စြာ။

" တူေတာ္ဧကရာဇ္ "

ခ်န္ဦးရီးေတာ္နဲ႔ ခ်န္ဝမ္ေဖး တာ့ရီရွန္းစန္း။

တာ့ရီရွန္းစန္းရဲ႕ ဗိုက္ပူပူေလးကို ၾကည့္ၿပီး အသည္းတယားေျပးသြားတဲ့ ဝမ္ေစာေအာ္ေလး။

ကံၾကမၼာရဲ႕ အမ်ိဳးမ်ိဳးေျပာင္းလဲမႈေတြ။

က်န္႔ရဲ႕ႏွစ္ခြေသာ ကံၾကမၼာ အလွည့္အေျပာင္း။

ေရွာင္းရဲ႕ကံၾကမၼာက ျပည့္စုံသြားပါၿပီေလ။

------------- Legend Of Xiao -------------

The End 🥀

ဝမ္ဧကရာဇ္ရဲ႕တစ္ဖက္ျခမ္းက Extra ေရာက္မွရွင္းၾကမယ္။

Extra ေရးၿပီးတဲ့တစ္ေန႔ ေမေလးနဲ႔ျပန္ေတြ႕ၾကတာေပါ့။

#M_May8
#Mari__Zhang
( 16 , October, 2021 , Saturday )

Continue Reading

You'll Also Like

532K 8.1K 84
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
1M 63.8K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
187K 3.9K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...