Unicode
နောက်ကျိနေသော ခေါင်းကို လျစ်လျူရှုကာ ရွှေရုပ် မနက်စာကို ပြင်နေသည်... ဖျားနေတာမို့ အစာမာမာလဲ ပေးမစားချင်ပါ...ဒါကြောင့်မို့ ကြက်သားဆန်ပြုတ်ကို ကြိုးစားပြီး ပြုတ်နေတာဖြစ်သည်...
ပြောရရင် တစ်ညလုံး ရွှေရုပ်တစ်ရေးမှမအိပ်ဖြစ်ခဲ့ပါ... ပြောချင်တာတွေ ပြောကာ ရွှေရုပ်ရဲ့ ခါးကို ကျစ်နေအောင် ဖက်ပြီး မမက အိပ်ပျော်သွားသော်လည်း ရွှေရုပ်မှာ ကြားခဲ့ရသော စကားတို့ကို မခံစားနိုင်စွာ တစ်ညလုံး ငိုနေခဲ့မိသည်...နေမကောင်း၍ စိတ်လွတ်ကာ ပြောသွားသလား တမင်ပြောတာလား မသိသည့်တိုင် ထိုစကားတို့သည် ရွှေရုပ်၏ အသည်းထဲသို့ စူးနစ်ဝင်နေသည်... ငယ်ငယ်ကလို ရွှေရုပ်ကို ချစ်မြတ်နိုးစွာ ပွေ့ပိုက်ခဲ့သော အဖြူသန့်သန့်မေတ္တာတို့ကို မမထံမှ ပြန်မရနိုင်တော့မှန်း သိလာရသည်...
ပန်းကန်လုံး အဖြူထဲသို့ ဆန်ပြုတ်ကို တစ်ဝက်ကျော်ရုံမျှ ခပ်ထည့်လိုက်သည်... စားပါ့မလားဟုလဲ စိတ်ပူနေမိသည်...ဒါပေမယ့် မမသစ္စာသည် အစားအသောက်နဲ့ ပတ်သက်၍ တစ်ခါမှတော့ ဆူတာမျိုး မလုပ်ဖူးချေ...
တစ်အောင့်အကြာမှာ လှေကားထက်က ဖြေးဖြေးဆင်းလာသော မမသစ္စာကို တွေ့ရသည်... မျက်နှာက နီမြန်းနေကာ ကြည့်လိုက်တာနှင့် နေမကောင်းမှန်း သိသာနေလေသည်...အဝတ်အစားလဲထားတာမို့ company သွားမည်မှန်း သိလိုက်သည်... ကိုယ်လဲ အဆင်သင့် သွားဖို့ ပြင်ထားပေမယ့် နေမကောင်းနေတာကိုတော့ ပေးမသွားချင်ပါ...
ဆန်ပြုတ်ပြုတ်ထားတာကိုလဲ ဘာမှမပြောဘဲ သောက်နေသည်...ကိုယ့်ဟာကိုယ် မစားနိုင်ဘဲ သူစားနေတာကိုသာ ကြည့်နေမိသည်...ဒီပုံအတိုင်းဆို ဆေးခန်းလဲ သွားမှာ မဟုတ်ပေ...ဘာဆေးမှလဲ မသောက်ထားရင် ပိုဆိုးလာတော့မည်မဟုတ်လား...
အကြည့်တစ်ချက်ဝေ့တက်လာမှပဲ အကဲခတ်နေတာကို ရပ်ကာ ရွေရုပ် ငုံ့စားလိုက်သည်...အမှန်တော့ ရွှေရုပ်လဲ ခေါင်းမကြည်ဘဲ နွမ်းနေသည်...ဒါပေမယ့် ကိုယ်က နေမကောင်းဖြစ်နေကြမို့ သူ့ကိုသာ ပို၍ စိတ်ပူနေမိသည်...
company ရောက်တော့ ရှေ့က သုတ်သုတ်လျှောက်သွားတဲ့ သူ့နောက်ကို လိုက်ဖို့ပြင်နေတဲ့ မဝါကို ရွှေရုပ်အတင်း လှမ်းခေါ်လိုက်သည်...
"မဝါ...မဝါ..."
"ဘာဖြစ်လို့လဲ ရွှေရုပ်..."
"ဟိုဟာ...မမသစ္စာကလေ နေမကောင်းနေဘူး...ဘာဆေးမှလဲ မသောက်ထားလို့..."
"ဪ..."
စူးစမ်းနေတဲ့ မဝါရဲ့အကြည့်ကို လျစ်လျူရှုကာ ဆက်ပြောလိုက်သည်...
"အဲဒါ မဝါဘဲ ဆေးခန်းသွားဖို့ ပြောလိုက်ပါဦး...တော်ကြာနေ ပိုဆိုးသွားမှာစိုးလို့..."
"အင်း ပြောလိုက်မယ်..."
"ဟုတ် ဒါဆို ရွှေရုပ် သွားလိုက်ပါဦးမယ်... "
လှည့်ထွက်လာသည့်တိုင် ဆေးခန်းမသွားဖြစ်မှာ ရွှေရုပ်စိတ်ပူနေသည်...မဝါက ဘယ်လိုပြောပြော သူ့သဘောပဲမို့ မသွားချင်ရင် သွားမှာမဟုတ်ပေ...ငယ်ငယ်ကလို မီးမီးကို ချစ်ရင် ဆေးခန်းသွားလို့လဲ အကျပ်ကိုင်လို့မှ မရတော့သည်ပဲ...
"ရွှေရုပ်...မျက်နှာလဲ မကောင်းပါလား ဘာလို့လဲ..."
စားပွဲမှာ ငူငူကြီး ထိုင်နေတဲ့ ရွှေရုပ်ကို မနှင်းက လာမေးသည်...အဲတော့မှ ရွေရုပ် သတိပြန်ကပ်ရသည်...
"ဘာမဖြစ်ပါဘူး မနှင်းရဲ့...ဒီနေ့ ဘာလုပ်ရမှာလဲဟင်..."
"အင်း ဒီနေ့လဲ အပြင်ထွက်ရဦးမယ် ရွှေရုပ်ရဲ့...ဟိုနေ့က ကိုယ်တိုင်းယူထားတဲ့ model က အဲရက်ကို မဖြစ်ဘူးဆိုပြီး ပြောလာလို့ နောက်တစ်ယောက်ချိန်းလိုက်ရတာ...အဲဒါ သူ့ကိုယ်တိုင်း သွားယူဦးမယ်..."
"ဪ ဟုတ်ကဲ့...ရွေရုပ်ပါ လိုက်ခဲ့ရမှာလား..."
"အင်း လိုက်ခဲ့နော်...အစ်မ တစ်ယောက်တည်း မသွားချင်လို့..."
"ဟုတ် လိုက်မှာပေါ့ မနှင်းရဲ့...ဘယ်အချိန်လောက် သွားဖြစ်မလဲဟင်..."
"အခုသွားကြမယ်လေ...သူက ဒီနေ့ ဘယ်အချိန်ဖြစ်ဖြစ်အဆင်ပြေတယ်ပြောတယ်..."
"ဟုတ်ကဲ့ မနှင်း..."
အတူတူထွက်လာရင်း ရွှေရုပ် မျက်နှာလေးကို နှင်း ငဲ့ငဲ့ကြည့်နေမိသည်...မျက်နှာက တကယ်ကို မကောင်းနေတာ...တစ်ခုခု စိတ်ညစ်စရာများရှိနေလို့လား... ဒါမှမဟုတ် နေများ မကောင်းနေလို့လား... လူက ငယ်ငယ်လေးနဲ့ ချူချာလိုက်တာလဲ လွန်ရော ဒီကောင်မလေးက... နှင်း သက်ပြင်းကိုသာ အသာချနေရသည်...
အလုပ်ပြီးသွားလို့ ကားပေါ်ပြန်ရောက်တော့ ခေါင်းကို အသာဖိထားတဲ့ ရွေရုပ်ကို ကြည့်ပြီး နှင်းဘယ်လိုမှ မနေနိုင်တော့...မောင်းနေတဲ့ကားကို အရှိန်လျော့ပြီး လှမ်းမေးရသည်...
"ရွေရုပ် နေမကောင်းဘူးလား...မျက်နှာက ဖျော့နေတာပဲ..."
"ရှင် ကောင်းပါတယ် မနှင်း...ညက အိပ်ရေးပျက်ထားလို့ပါ..."
"ဒါမဲ့ မင်းပုံက ခုပဲ မူးလဲတော့မယ့်ပုံလိုပဲ...မဖြစ်ဘူး...ဆေးခန်းခဏဝင်ရအောင်..."
"ဟာ...ရပါတယ် မနှင်းရဲ့...ရွေရုပ် မဝင်ချင်ဘူး...ခေါင်းပဲ နည်းနည်း မူးနေတာပါ...ဘာမှမဖြစ်ဘူး... "
အတင်းငြင်းနေတဲ့ ရွေရုပ်ကို မနှင်းက ပြန်မပြောတော့ဘဲ ကားကို ရပ်လိုက်သည်...ကြည့်လိုက်တော့ ဆေးခန်းတစ်ခုရဲ့ အရှေ့မှာ...
"ကဲ ဆင်းမယ်..."
"မနှင်းကလဲ ရပါတယ်ဆို... "
"ဆင်းပါ ခဏလေးပဲ...ပြီးတော့ ဒါကလဲ ထည်ဝါ ထိုင်တဲ့ဆေးခန်းပဲ... လမ်းလဲ ကြုံနေတာကို..."
ကိုယ့်အထက်လူကြီးလဲ ဖြစ်နေတာမို့ ရွေရုပ် ဘာမပြောတော့ဘဲ ကားပေါ်မှ ဆင်းလိုက်သည်... ဆေးခန်းကို လုံးဝမသွားချင်ပါ...ရွေရုပ်ထက် ဆေးခန်းပိုသွားသင့်တာက မမသစ္စာလေ...သူလဲ သွားမှသွားပါ့မလား...
"ဟာ ဘယ်သူများလဲလို့... ဘယ်လိုရောက်လာကြတာလဲ..."
အတန်ကြာ စောင့်ပြီးတော့ အလှည့်ရောက်လို့ ဝင်တာနှင့် အစ်ကိုထည်ဝါက အားပါးတရ နှုတ်ဆက်လာသည်...
"ဒီမှာလေ ရွေရုပ်က နေမကောင်းတဲ့ပုံဖြစ်နေလို့ နင့်ဆေးခန်းနဲ့လဲ လမ်းကြုံနေတာမို့ ငါက အတင်းခေါ်လာတာ..."
"ဪ ဟုတ်လား ညီမလေး... ဒီမှာ ခဏလှဲလိုက်နော်..."
ရွေရုပ်ကို စမ်းသပ်နေရင်း မနှင်းကို လှည့်ပြီး စကားပြောနေသည်...
"နင် အိမ်ကို လာလည်ပါဦးလို့ ပြောထားတာ မေ့နေလား နှင်း..."
"မမေ့ပါဘူးဟာ... ငါအလုပ်များနေလို့...ဒီအပတ်ပိတ်ရက်ကျရင် သေချာပေါက် လာခဲ့မယ်..."
"ပြီးရော...စကားကို တည်နော်...မေမေကလဲ နင့်ကို တမေးမေးနဲ့..."
သူက နားကြပ်ကို ဖြုတ်ကာ လည်ပင်းတွင် တင်လိုက်သည်...ပြီးမှ ရွှေရုပ်ကို ပြုံးပြကာ...
"ထလို့ရပြီ...ညီမလေး...pressureနည်းနည်းကျနေတယ်...အစ်ကို လိုတာတွေ ရေးပေးလိုက်မယ်နော်... "
"ဟုတ်ကဲ့..."
ဟိုဘက်ကို ပြန်လှည့်သွားရင်းနှင့် ရွေရုပ်က စကားကလဲ နည်းလိုက်တာဟု ပြောနေသေးသည်...
"ကဲ ရပြီဗျာ... ဆေးသေချာသောက်ပြီး အစားလဲ များများစားပေးနော် ရွေရုပ်... "
"ဟုတ်ကဲ့ အစ်ကိုထည်ဝါ... "
"ဆက်ဆက်လာခဲ့နော် နှင်း...ငါလဲ နင့်ကို ပြောစရာရှိတယ်..."
"အေး လာခဲ့မယ်ဆိုဟာ..."
"ပြီးရော ဂရုစိုက်သွားကြဦး ..."
ပြန်ထွက်လာရင်းနဲ့မှ ရွေရုပ်သည် ကိုယ်တိုင်က နေမကောင်းဖြစ်နေသည့်တိုင် မမသစ္စာကိုသာ စိတ်ပူနေလေသည်...
🍂
အိမ်ရှေ့က ကားရပ်သံကြားသည်နှင့် မီးဖိုထဲမှာ နုနုတို့နှင့် ညစာပြင်နေရင်း ရွှေရုပ်ခေါင်းထောင်ကြည့်မိသည်... ဒီညနေ အလုပ်က တစ်ယောက်တည်း ပြန်လာရတာဖြစ်သည်...မမသစ္စာက အလုပ်မပြီးသေးဘူးဟု ဆိုကာ မဝါက ရွေရုပ်ကို တစ်ယောက်တည်း ပြန်ဖို့ လာပြောသည်... ဆေးခန်းသွားဖြစ်လားလဲ မမေးလိုက်ရတာမို့ သူပြန်အလာကိုသာ တမျှော်မျှော်လုပ်နေရသည်...ပြီးတော့ နုနုတို့ကိုလဲ နေမကောင်းဖြစ်နေတာကို ပြောပြပြီး ညစာကို ဝိုင်းစီစဥ်ပေးနေတာဖြစ်သည်...
"သခင်မလေး ပြန်လာပြီနဲ့တူတယ် မမလေး..."
"အင်း ကားသံကြားတယ် လာပြီနဲ့တူတယ်..."
ထွက်လဲ မကြည့်ရဲတာမို့ နုနုကိုပဲ သွားကြည့်ခိုင်းရင်ကောင်းမလား စဥ်းစားနေမိသည်...ထိုစဥ်မှာပဲ အရှေ့က စကားပြောသံတွေ ကြားလိုက်ရသည်...
"ငါရုံးကို ရောက်လာလို့တော်သေးတာပေါ့ သစ္စာရယ်...ဖျားနေတာကို ဘာမှလဲ မပြောဘူး... ဂရုစိုက်ပေးမယ့်လူလဲ မရှိ၊ခေါင်းကလဲ မာတာနဲ့..."
"အခုပဲ နင့်စိတ်တိုင်းကျ ဆေးခန်းဝင်လာတယ်လေ နွယ်ရယ်..."
"အဲဒါတော့ အဲဒါပေါ့...တစ်နေ့လုံး ကြိတ်ခံနေပြီး အချိန်ကျော်နေတာတောင် အလုပ်လုပ်နေတုံးလေ...ငါက စိတ်မပူရတော့ဘူးလား..."
"အင်းပါ...ငိုသံကြီးနဲ့ ပြောမနေနဲ့... ငါ့ကို အဲလောက်တောင် စိတ်ပူနေတာလား..."
"ပူရတာပေါ့...နင်က ငါ့အချစ်ဆုံးကို..."
"အင်းပါဟာ...နောက်ကို ဂရုစိုက်မယ် ဟုတ်ပြီလား..."
"ပြီးရော... ငါအခု နင်အစာစားပြီး ဆေးသောက်တာ ကြည့်ပြီးမှ ပြန်မှာနော်..."
"ပြန်တာ နောက်ကျမယ်လေ နွယ်ရယ်...ငါကတစ်ခါ စိတ်ပူရဦးမယ်..."
"နောက်ကျမှာစိုးရင် နင်မြန်မြန်လုပ်လိုက်တော့... သွား ကိုယ်လက်သန့်စင်ပြီး ဆင်းခဲ့ချေ..."
"ဟုတ်ပြီ...ဟုတ်ပြီ..."
အသံတွေက တစ်ဖြည်းဖြည်းတိုးသွားကာ ရွှေရုပ် နေရာမှာပဲ တောင့်တောင့်လေး ရပ်နေမိသည်...
အင်း...ဆေးခန်းတော့ သွားပြီးပြီပဲ...
"ဟိတ် ဒီမှာ... "
ထမင်းစားခန်းအဝက ခေါ်သံကို ကြားတော့ အကုန်လုံး လှည့်ကြည့်မိကြသည်...နွယ်ဆိုသော တစ်ယောက်က အထုပ်တစ်ထုပ်ကို မြှောက်ပြကာ ပြောလာသည်...
"ဒါလေး နွှေးပေးထားပါ...တို့ သစ္စာ ရေတွေအများကြီး ချိုးနေမှာစိုးလို့ သွားကြည့်ဦးမယ်..."
"ဟုတ်ကဲ့....နွှေးထားလိုက်ပါ့မယ် အစ်မ..."
ကြေးအိုးထုပ်ကို နုနုက လက်ပြောင်းယူရင်းပြောတော့ ချက်ချင်းပြန်လှည့်ထွက်သွားသည်...နုနုက အထုပ်ကို နောက်တစ်ယောက်ဆီ ပေးလိုက်ပြီးမှ ငိုင်ငိုင်လေး ရပ်နေသော ရွှေရုပ်ကို ပြောလာသည်...
"မမလေး...အပေါ်ကို လိုက်သွားလိုက်ပါလားဟင်...ဟိုအစ်မနဲ့ နှစ်ယောက်တည်းရှိနေမှာ..."
တစ်ခုခုကို ရိပ်မိသလိုရှိနေသော နုနုရဲ့ စကားကြောင့် ရွေရုပ် ဖျတ်ခနဲ အကဲခတ်သလိုကြည့်တော့ ကမန်းကတန်း လက်ကာပြရင်း ပြောလာပြန်သည်...
"နုနု ဘယ်သူ့ကိုမှ မပြောပါဘူး မမလေးရယ်...ဟိုနေ့ကလဲ မမလေးတို့ကို မတော်တဆတွေ့တာပါ..."
မျက်နှာပူသွားကာ ရွှေရုပ် မျက်လွှာချလိုက်မိသည်...နုနုက ဆက်ပြောလာသည်...
"နော် မမလေး...လိုက်သွားလိုက်ပါ... "
"လိုက်သွားပြီး ဘာလုပ်ရမှာလဲ နုနုရယ်...ရွေရုပ်က အဲလိုအခွင့်အရေးရှိတဲ့သူ မဟုတ်ပါဘူး... "
"မဟုတ်တာ... သခင်မလေးက မမလေးကို ချစ်ပါတယ်..."
ပြောတဲ့အသံကိုက လျော့တိလျော့ရဲနဲ့မို့ ရွေရုပ် ရယ်ချလိုက်မိသည်...နုနုက ဒီလိုကျတော့လဲ မခံနိုင်...
"မရယ်ပါနဲ့ မမလေးရဲ့...နုနုက အမှန်တွေ ပြောနေတာပါ...မာလကာသီးစားတဲ့နေ့ကဆို မမလေး တစ်ခုခု ဖြစ်မှာစိုးလို့ ပျာယာခတ်နေတာကို..."
အဲဒါ ချစ်လို့မဟုတ်ဘူး...အကြာကြီးမနှိပ်စက်ရမှာစိုးလို့ လို့တော့ ပြန်မပြောလိုက်ဖြစ်ပါ...မမသစ္စာကို သူများတွေမကောင်းမြင်သွားမှာ ရွှေရုပ်မလိုလားချေ...ထိုစဥ် အပေါ်ထပ်က ဆင်းလာသံသဲ့သဲ့ကို ကြားလိုက်ရသည်...
"အင်းပါ ထားပါတော့...ရွှေရုပ် အခု အခန်းထဲ ပြန်တော့မယ်...ဟိုအစ်မ ပြောတာကို သေချာလုပ်ပေးလိုက်နော်..."
ကိုယ့်အခန်းဆီ တလှုပ်လှုပ်တက်လာရင်း ကုတင်ပေါ် ပစ်လှဲချလိုက်မိသည်... ဝေ့ဝဲလာသော မျက်ရည်တို့ကို ရွှေရုပ်နားမလည်ချေ... မျက်နှာကြက်ဖြူဖြူကို ငေးကြည့်နေရင်းမှ မျက်လုံးတို့ကိုပိတ်ချလိုက်သည်...
အိပ်စက်ခြင်းသည်သာ ခံစားချက်တို့ကို မေ့ပျောက်ထားနိုင်သော တစ်ခုတည်းသော နည်းလမ်းဖြစ်နေလေသည်...
To be continued....
Zawgi
ေနာက္က်ိေနေသာ ေခါင္းကို လ်စ္လ်ဴရႈကာ ေ႐ႊ႐ုပ္ မနက္စာကို ျပင္ေနသည္... ဖ်ားေနတာမို႔ အစာမာမာလဲ ေပးမစားခ်င္ပါ...ဒါေၾကာင့္မို႔ ၾကက္သားဆန္ျပဳတ္ကို ႀကိဳးစားၿပီး ျပဳတ္ေနတာျဖစ္သည္...
ေျပာရရင္ တစ္ညလုံး ေ႐ႊ႐ုပ္တစ္ေရးမွမအိပ္ျဖစ္ခဲ့ပါ... ေျပာခ်င္တာေတြ ေျပာကာ ေ႐ႊ႐ုပ္ရဲ႕ ခါးကို က်စ္ေနေအာင္ ဖက္ၿပီး မမက အိပ္ေပ်ာ္သြားေသာ္လည္း ေ႐ႊ႐ုပ္မွာ ၾကားခဲ့ရေသာ စကားတို႔ကို မခံစားနိုင္စြာ တစ္ညလုံး ငိုေနခဲ့မိသည္...ေနမေကာင္း၍ စိတ္လြတ္ကာ ေျပာသြားသလား တမင္ေျပာတာလား မသိသည့္တိုင္ ထိုစကားတို႔သည္ ေ႐ႊ႐ုပ္၏ အသည္းထဲသို႔ စူးနစ္ဝင္ေနသည္... ငယ္ငယ္ကလို ေ႐ႊ႐ုပ္ကို ခ်စ္ျမတ္နိုးစြာ ေပြ႕ပိုက္ခဲ့ေသာ အျဖဴသန့္သန့္ေမတၱာတို႔ကို မမထံမွ ျပန္မရနိုင္ေတာ့မွန္း သိလာရသည္...
ပန္းကန္လုံး အျဖဴထဲသို႔ ဆန္ျပဳတ္ကို တစ္ဝက္ေက်ာ္႐ုံမွ် ခပ္ထည့္လိုက္သည္... စားပါ့မလားဟုလဲ စိတ္ပူေနမိသည္...ဒါေပမယ့္ မမသစၥာသည္ အစားအေသာက္နဲ႕ ပတ္သက္၍ တစ္ခါမွေတာ့ ဆူတာမ်ိဳး မလုပ္ဖူးေခ်...
တစ္ေအာင့္အၾကာမွာ ေလွကားထက္က ေျဖးေျဖးဆင္းလာေသာ မမသစၥာကို ေတြ႕ရသည္... မ်က္ႏွာက နီျမန္းေနကာ ၾကည့္လိုက္တာႏွင့္ ေနမေကာင္းမွန္း သိသာေနေလသည္...အဝတ္အစားလဲထားတာမို႔ company သြားမည္မွန္း သိလိုက္သည္... ကိုယ္လဲ အဆင္သင့္ သြားဖို႔ ျပင္ထားေပမယ့္ ေနမေကာင္းေနတာကိုေတာ့ ေပးမသြားခ်င္ပါ...
ဆန္ျပဳတ္ျပဳတ္ထားတာကိုလဲ ဘာမွမေျပာဘဲ ေသာက္ေနသည္...ကိုယ့္ဟာကိုယ္ မစားနိုင္ဘဲ သူစားေနတာကိုသာ ၾကည့္ေနမိသည္...ဒီပုံအတိုင္းဆို ေဆးခန္းလဲ သြားမွာ မဟုတ္ေပ...ဘာေဆးမွလဲ မေသာက္ထားရင္ ပိုဆိုးလာေတာ့မည္မဟုတ္လား...
အၾကည့္တစ္ခ်က္ေဝ့တက္လာမွပဲ အကဲခတ္ေနတာကို ရပ္ကာ ေ႐ြ႐ုပ္ ငုံ႕စားလိုက္သည္...အမွန္ေတာ့ ေ႐ႊ႐ုပ္လဲ ေခါင္းမၾကည္ဘဲ ႏြမ္းေနသည္...ဒါေပမယ့္ ကိုယ္က ေနမေကာင္းျဖစ္ေနၾကမို႔ သူ႕ကိုသာ ပို၍ စိတ္ပူေနမိသည္...
company ေရာက္ေတာ့ ေရွ႕က သုတ္သုတ္ေလွ်ာက္သြားတဲ့ သူ႕ေနာက္ကို လိုက္ဖို႔ျပင္ေနတဲ့ မဝါကို ေ႐ႊ႐ုပ္အတင္း လွမ္းေခၚလိုက္သည္...
"မဝါ...မဝါ..."
"ဘာျဖစ္လို႔လဲ ေ႐ႊ႐ုပ္..."
"ဟိုဟာ...မမသစၥာကေလ ေနမေကာင္းေနဘူး...ဘာေဆးမွလဲ မေသာက္ထားလို႔..."
"ဪ..."
စူးစမ္းေနတဲ့ မဝါရဲ႕အၾကည့္ကို လ်စ္လ်ဴရႈကာ ဆက္ေျပာလိုက္သည္...
"အဲဒါ မဝါဘဲ ေဆးခန္းသြားဖို႔ ေျပာလိုက္ပါဦး...ေတာ္ၾကာေန ပိုဆိုးသြားမွာစိုးလို႔..."
"အင္း ေျပာလိုက္မယ္..."
"ဟုတ္ ဒါဆို ေ႐ႊ႐ုပ္ သြားလိုက္ပါဦးမယ္... "
လွည့္ထြက္လာသည့္တိုင္ ေဆးခန္းမသြားျဖစ္မွာ ေ႐ႊ႐ုပ္စိတ္ပူေနသည္...မဝါက ဘယ္လိုေျပာေျပာ သူ႕သေဘာပဲမို႔ မသြားခ်င္ရင္ သြားမွာမဟုတ္ေပ...ငယ္ငယ္ကလို မီးမီးကို ခ်စ္ရင္ ေဆးခန္းသြားလို႔လဲ အက်ပ္ကိုင္လို႔မွ မရေတာ့သည္ပဲ...
"ေ႐ႊ႐ုပ္...မ်က္ႏွာလဲ မေကာင္းပါလား ဘာလို႔လဲ..."
စားပြဲမွာ ငူငူႀကီး ထိုင္ေနတဲ့ ေ႐ႊ႐ုပ္ကို မႏွင္းက လာေမးသည္...အဲေတာ့မွ ေ႐ြ႐ုပ္ သတိျပန္ကပ္ရသည္...
"ဘာမျဖစ္ပါဘူး မႏွင္းရဲ႕...ဒီေန႕ ဘာလုပ္ရမွာလဲဟင္..."
"အင္း ဒီေန႕လဲ အျပင္ထြက္ရဦးမယ္ ေ႐ႊ႐ုပ္ရဲ႕...ဟိုေန႕က ကိုယ္တိုင္းယူထားတဲ့ model က အဲရက္ကို မျဖစ္ဘူးဆိုၿပီး ေျပာလာလို႔ ေနာက္တစ္ေယာက္ခ်ိန္းလိုက္ရတာ...အဲဒါ သူ႕ကိုယ္တိုင္း သြားယူဦးမယ္..."
"ဪ ဟုတ္ကဲ့...ေ႐ြ႐ုပ္ပါ လိုက္ခဲ့ရမွာလား..."
"အင္း လိုက္ခဲ့ေနာ္...အစ္မ တစ္ေယာက္တည္း မသြားခ်င္လို႔..."
"ဟုတ္ လိုက္မွာေပါ့ မႏွင္းရဲ႕...ဘယ္အခ်ိန္ေလာက္ သြားျဖစ္မလဲဟင္..."
"အခုသြားၾကမယ္ေလ...သူက ဒီေန႕ ဘယ္အခ်ိန္ျဖစ္ျဖစ္အဆင္ေျပတယ္ေျပာတယ္..."
"ဟုတ္ကဲ့ မႏွင္း..."
အတူတူထြက္လာရင္း ေ႐ႊ႐ုပ္ မ်က္ႏွာေလးကို ႏွင္း ငဲ့ငဲ့ၾကည့္ေနမိသည္...မ်က္ႏွာက တကယ္ကို မေကာင္းေနတာ...တစ္ခုခု စိတ္ညစ္စရာမ်ားရွိေနလို႔လား... ဒါမွမဟုတ္ ေနမ်ား မေကာင္းေနလို႔လား... လူက ငယ္ငယ္ေလးနဲ႕ ခ်ဴခ်ာလိုက္တာလဲ လြန္ေရာ ဒီေကာင္မေလးက... ႏွင္း သက္ျပင္းကိုသာ အသာခ်ေနရသည္...
အလုပ္ၿပီးသြားလို႔ ကားေပၚျပန္ေရာက္ေတာ့ ေခါင္းကို အသာဖိထားတဲ့ ေ႐ြ႐ုပ္ကို ၾကည့္ၿပီး ႏွင္းဘယ္လိုမွ မေနနိုင္ေတာ့...ေမာင္းေနတဲ့ကားကို အရွိန္ေလ်ာ့ၿပီး လွမ္းေမးရသည္...
"ေ႐ြ႐ုပ္ ေနမေကာင္းဘူးလား...မ်က္ႏွာက ေဖ်ာ့ေနတာပဲ..."
"ရွင္ ေကာင္းပါတယ္ မႏွင္း...ညက အိပ္ေရးပ်က္ထားလို႔ပါ..."
"ဒါမဲ့ မင္းပုံက ခုပဲ မူးလဲေတာ့မယ့္ပုံလိုပဲ...မျဖစ္ဘူး...ေဆးခန္းခဏဝင္ရေအာင္..."
"ဟာ...ရပါတယ္ မႏွင္းရဲ႕...ေ႐ြ႐ုပ္ မဝင္ခ်င္ဘူး...ေခါင္းပဲ နည္းနည္း မူးေနတာပါ...ဘာမွမျဖစ္ဘူး... "
အတင္းျငင္းေနတဲ့ ေ႐ြ႐ုပ္ကို မႏွင္းက ျပန္မေျပာေတာ့ဘဲ ကားကို ရပ္လိုက္သည္...ၾကည့္လိုက္ေတာ့ ေဆးခန္းတစ္ခုရဲ႕ အေရွ႕မွာ...
"ကဲ ဆင္းမယ္..."
"မႏွင္းကလဲ ရပါတယ္ဆို... "
"ဆင္းပါ ခဏေလးပဲ...ၿပီးေတာ့ ဒါကလဲ ထည္ဝါ ထိုင္တဲ့ေဆးခန္းပဲ... လမ္းလဲ ႀကဳံေနတာကို..."
ကိုယ့္အထက္လူႀကီးလဲ ျဖစ္ေနတာမို႔ ေ႐ြ႐ုပ္ ဘာမေျပာေတာ့ဘဲ ကားေပၚမွ ဆင္းလိုက္သည္... ေဆးခန္းကို လုံးဝမသြားခ်င္ပါ...ေ႐ြ႐ုပ္ထက္ ေဆးခန္းပိုသြားသင့္တာက မမသစၥာေလ...သူလဲ သြားမွသြားပါ့မလား...
"ဟာ ဘယ္သူမ်ားလဲလို႔... ဘယ္လိုေရာက္လာၾကတာလဲ..."
အတန္ၾကာ ေစာင့္ၿပီးေတာ့ အလွည့္ေရာက္လို႔ ဝင္တာႏွင့္ အစ္ကိုထည္ဝါက အားပါးတရ ႏႈတ္ဆက္လာသည္...
"ဒီမွာေလ ေ႐ြ႐ုပ္က ေနမေကာင္းတဲ့ပုံျဖစ္ေနလို႔ နင့္ေဆးခန္းနဲ႕လဲ လမ္းႀကဳံေနတာမို႔ ငါက အတင္းေခၚလာတာ..."
"ဪ ဟုတ္လား ညီမေလး... ဒီမွာ ခဏလွဲလိုက္ေနာ္..."
ေ႐ြ႐ုပ္ကို စမ္းသပ္ေနရင္း မႏွင္းကို လွည့္ၿပီး စကားေျပာေနသည္...
"နင္ အိမ္ကို လာလည္ပါဦးလို႔ ေျပာထားတာ ေမ့ေနလား ႏွင္း..."
"မေမ့ပါဘူးဟာ... ငါအလုပ္မ်ားေနလို႔...ဒီအပတ္ပိတ္ရက္က်ရင္ ေသခ်ာေပါက္ လာခဲ့မယ္..."
"ၿပီးေရာ...စကားကို တည္ေနာ္...ေမေမကလဲ နင့္ကို တေမးေမးနဲ႕..."
သူက နားၾကပ္ကို ျဖဳတ္ကာ လည္ပင္းတြင္ တင္လိုက္သည္...ၿပီးမွ ေ႐ႊ႐ုပ္ကို ၿပဳံးျပကာ...
"ထလို႔ရၿပီ...ညီမေလး...pressureနည္းနည္းက်ေနတယ္...အစ္ကို လိုတာေတြ ေရးေပးလိုက္မယ္ေနာ္... "
"ဟုတ္ကဲ့..."
ဟိုဘက္ကို ျပန္လွည့္သြားရင္းႏွင့္ ေ႐ြ႐ုပ္က စကားကလဲ နည္းလိုက္တာဟု ေျပာေနေသးသည္...
"ကဲ ရၿပီဗ်ာ... ေဆးေသခ်ာေသာက္ၿပီး အစားလဲ မ်ားမ်ားစားေပးေနာ္ ေ႐ြ႐ုပ္... "
"ဟုတ္ကဲ့ အစ္ကိုထည္ဝါ... "
"ဆက္ဆက္လာခဲ့ေနာ္ ႏွင္း...ငါလဲ နင့္ကို ေျပာစရာရွိတယ္..."
"ေအး လာခဲ့မယ္ဆိုဟာ..."
"ၿပီးေရာ ဂ႐ုစိုက္သြားၾကဦး ..."
ျပန္ထြက္လာရင္းနဲ႕မွ ေ႐ြ႐ုပ္သည္ ကိုယ္တိုင္က ေနမေကာင္းျဖစ္ေနသည့္တိုင္ မမသစၥာကိုသာ စိတ္ပူေနေလသည္...
🍂
အိမ္ေရွ႕က ကားရပ္သံၾကားသည္ႏွင့္ မီးဖိုထဲမွာ ႏုႏုတို႔ႏွင့္ ညစာျပင္ေနရင္း ေ႐ႊ႐ုပ္ေခါင္းေထာင္ၾကည့္မိသည္... ဒီညေန အလုပ္က တစ္ေယာက္တည္း ျပန္လာရတာျဖစ္သည္...မမသစၥာက အလုပ္မၿပီးေသးဘူးဟု ဆိုကာ မဝါက ေ႐ြ႐ုပ္ကို တစ္ေယာက္တည္း ျပန္ဖို႔ လာေျပာသည္... ေဆးခန္းသြားျဖစ္လားလဲ မေမးလိုက္ရတာမို႔ သူျပန္အလာကိုသာ တေမွ်ာ္ေမွ်ာ္လုပ္ေနရသည္...ၿပီးေတာ့ ႏုႏုတို႔ကိုလဲ ေနမေကာင္းျဖစ္ေနတာကို ေျပာျပၿပီး ညစာကို ဝိုင္းစီစဥ္ေပးေနတာျဖစ္သည္...
"သခင္မေလး ျပန္လာၿပီနဲ႕တူတယ္ မမေလး..."
"အင္း ကားသံၾကားတယ္ လာၿပီနဲ႕တူတယ္..."
ထြက္လဲ မၾကည့္ရဲတာမို႔ ႏုႏုကိုပဲ သြားၾကည့္ခိုင္းရင္ေကာင္းမလား စဥ္းစားေနမိသည္...ထိုစဥ္မွာပဲ အေရွ႕က စကားေျပာသံေတြ ၾကားလိုက္ရသည္...
"ငါ႐ုံးကို ေရာက္လာလို႔ေတာ္ေသးတာေပါ့ သစၥာရယ္...ဖ်ားေနတာကို ဘာမွလဲ မေျပာဘူး... ဂ႐ုစိုက္ေပးမယ့္လူလဲ မရွိ၊ေခါင္းကလဲ မာတာနဲ႕..."
"အခုပဲ နင့္စိတ္တိုင္းက် ေဆးခန္းဝင္လာတယ္ေလ ႏြယ္ရယ္..."
"အဲဒါေတာ့ အဲဒါေပါ့...တစ္ေန႕လုံး ႀကိတ္ခံေနၿပီး အခ်ိန္ေက်ာ္ေနတာေတာင္ အလုပ္လုပ္ေနတုံးေလ...ငါက စိတ္မပူရေတာ့ဘူးလား..."
"အင္းပါ...ငိုသံႀကီးနဲ႕ ေျပာမေနနဲ႕... ငါ့ကို အဲေလာက္ေတာင္ စိတ္ပူေနတာလား..."
"ပူရတာေပါ့...နင္က ငါ့အခ်စ္ဆုံးကို..."
"အင္းပါဟာ...ေနာက္ကို ဂ႐ုစိုက္မယ္ ဟုတ္ၿပီလား..."
"ၿပီးေရာ... ငါအခု နင္အစာစားၿပီး ေဆးေသာက္တာ ၾကည့္ၿပီးမွ ျပန္မွာေနာ္..."
"ျပန္တာ ေနာက္က်မယ္ေလ ႏြယ္ရယ္...ငါကတစ္ခါ စိတ္ပူရဦးမယ္..."
"ေနာက္က်မွာစိုးရင္ နင္ျမန္ျမန္လုပ္လိုက္ေတာ့... သြား ကိုယ္လက္သန့္စင္ၿပီး ဆင္းခဲ့ေခ်..."
"ဟုတ္ၿပီ...ဟုတ္ၿပီ..."
အသံေတြက တစ္ျဖည္းျဖည္းတိုးသြားကာ ေ႐ႊ႐ုပ္ ေနရာမွာပဲ ေတာင့္ေတာင့္ေလး ရပ္ေနမိသည္...
အင္း...ေဆးခန္းေတာ့ သြားၿပီးၿပီပဲ...
"ဟိတ္ ဒီမွာ... "
ထမင္းစားခန္းအဝက ေခၚသံကို ၾကားေတာ့ အကုန္လုံး လွည့္ၾကည့္မိၾကသည္...ႏြယ္ဆိုေသာ တစ္ေယာက္က အထုပ္တစ္ထုပ္ကို ျမႇောက္ျပကာ ေျပာလာသည္...
"ဒါေလး ႏႊေးေပးထားပါ...တို႔ သစၥာ ေရေတြအမ်ားႀကီး ခ်ိဳးေနမွာစိုးလို႔ သြားၾကည့္ဦးမယ္..."
"ဟုတ္ကဲ့....ႏႊေးထားလိုက္ပါ့မယ္ အစ္မ..."
ေၾကးအိုးထုပ္ကို ႏုႏုက လက္ေျပာင္းယူရင္းေျပာေတာ့ ခ်က္ခ်င္းျပန္လွည့္ထြက္သြားသည္...ႏုႏုက အထုပ္ကို ေနာက္တစ္ေယာက္ဆီ ေပးလိုက္ၿပီးမွ ငိုင္ငိုင္ေလး ရပ္ေနေသာ ေ႐ႊ႐ုပ္ကို ေျပာလာသည္...
"မမေလး...အေပၚကို လိုက္သြားလိုက္ပါလားဟင္...ဟိုအစ္မနဲ႕ ႏွစ္ေယာက္တည္းရွိေနမွာ..."
တစ္ခုခုကို ရိပ္မိသလိုရွိေနေသာ ႏုႏုရဲ႕ စကားေၾကာင့္ ေ႐ြ႐ုပ္ ဖ်တ္ခနဲ အကဲခတ္သလိုၾကည့္ေတာ့ ကမန္းကတန္း လက္ကာျပရင္း ေျပာလာျပန္သည္...
"ႏုႏု ဘယ္သူ႕ကိုမွ မေျပာပါဘူး မမေလးရယ္...ဟိုေန႕ကလဲ မမေလးတို႔ကို မေတာ္တဆေတြ႕တာပါ..."
မ်က္ႏွာပူသြားကာ ေ႐ႊ႐ုပ္ မ်က္လႊာခ်လိဳက္မိသည္...ႏုႏုက ဆက္ေျပာလာသည္...
"ေနာ္ မမေလး...လိုက္သြားလိုက္ပါ... "
"လိုက္သြားၿပီး ဘာလုပ္ရမွာလဲ ႏုႏုရယ္...ေ႐ြ႐ုပ္က အဲလိုအခြင့္အေရးရွိတဲ့သူ မဟုတ္ပါဘူး... "
"မဟုတ္တာ... သခင္မေလးက မမေလးကို ခ်စ္ပါတယ္..."
ေျပာတဲ့အသံကိုက ေလ်ာ့တိေလ်ာ့ရဲနဲ႕မို႔ ေ႐ြ႐ုပ္ ရယ္ခ်လိဳက္မိသည္...ႏုႏုက ဒီလိုက်ေတာ့လဲ မခံနိုင္...
"မရယ္ပါနဲ႕ မမေလးရဲ႕...ႏုႏုက အမွန္ေတြ ေျပာေနတာပါ...မာလကာသီးစားတဲ့ေန႕ကဆို မမေလး တစ္ခုခု ျဖစ္မွာစိုးလို႔ ပ်ာယာခတ္ေနတာကို..."
အဲဒါ ခ်စ္လို႔မဟုတ္ဘူး...အၾကာႀကီးမႏွိပ္စက္ရမွာစိုးလို႔ လို႔ေတာ့ ျပန္မေျပာလိုက္ျဖစ္ပါ...မမသစၥာကို သူမ်ားေတြမေကာင္းျမင္သြားမွာ ေ႐ႊ႐ုပ္မလိုလားေခ်...ထိုစဥ္ အေပၚထပ္က ဆင္းလာသံသဲ့သဲ့ကို ၾကားလိုက္ရသည္...
"အင္းပါ ထားပါေတာ့...ေ႐ႊ႐ုပ္ အခု အခန္းထဲ ျပန္ေတာ့မယ္...ဟိုအစ္မ ေျပာတာကို ေသခ်ာလုပ္ေပးလိုက္ေနာ္..."
ကိုယ့္အခန္းဆီ တလႈပ္လႈပ္တက္လာရင္း ကုတင္ေပၚ ပစ္လွဲခ်လိဳက္မိသည္... ေဝ့ဝဲလာေသာ မ်က္ရည္တို႔ကို ေ႐ႊ႐ုပ္နားမလည္ေခ်... မ်က္ႏွာၾကက္ျဖဴျဖဴကို ေငးၾကည့္ေနရင္းမွ မ်က္လုံးတို႔ကိုပိတ္ခ်လိဳက္သည္...
အိပ္စက္ျခင္းသည္သာ ခံစားခ်က္တို႔ကို ေမ့ေပ်ာက္ထားနိုင္ေသာ တစ္ခုတည္းေသာ နည္းလမ္းျဖစ္ေနေလသည္...
To be continued....