//UNICODE//
အခန်း ၈ - ကျောင်းသွားခြင်း
ကောင်လေးက ထိုစကားများပြောလိုက်ရင်း စုလင်းမျက်နှာကို မြင်လိုက်တော့ စကားမပြောနိုင်ဘဲ အံ့သြသွားသည်။ သူရဲ့မျက်လုံးများမှာ အံသြသင့်မှုက ဖြတ်ပြေးသွားပြီးနောက်မှာပဲ သူ့ဒေါသကို နက်ရှိုင်းလာပြန်သည်။
စုလင်း ထိုခြိမ်းခြောက်မှုများကို မခံမရပ်နိုင်ဘဲ သူ့နှလုံးသားထဲမှာ အော်ဟစ်လိုက်ပြီး သူ့ရဲ့လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။ ကုလီဟန်က တကယ်ကြီးကို သူရဲ့ စိတ်ကူးယဥ်နတ်ဘုရား ဖြစ်သည်။ ဟုတ်တယ်! စာရေးသူက သူ့နတ်ဘုရားကို စကားလုံးလေးအနည်းငယ်နဲ့ပဲ ဖော်ပြထားပေမယ့် သူ သေချာ ပြန်စဥ်းစားကြည့်တဲ့အခါ ကုလီဟန်ရဲ့ စိတ်နေသဘောထားက သူ့နတ်ဘုရားနဲ့ တကယ်ကို ဆင်တူလှသည်။ သူတို့က အတော်ဆုံးသော အထက်တန်းကျသည့် ပညာတတ်တွေဖြစ်ကြပြီး တင်းကျပ်တဲ့ ပညာသင်ကြားမှုအောက်မှာ ကြီးပြင်းလာကြသည့် တာဝန်ယူလိုစိတ် ကြီးမားသူများဖြစ်ကြသည်။ထပ်ပေါင်းပြောရသော် သူတို့က နက်ရှိုင်းလှစွာ ကိုယ့်ကိုကိုယ် ချုပ်တည်းနိုင်စွမ်း ရှိကြသူများလည်း ဖြစ်သည်။ ယခုအခြေအနေတွင် စုလင်း ကုလီဟန်ကို စဥ်းစားလိုက်မိတော့ သူ့ခံစားချက်တွေ ပို၍ကွဲပြားလာသည်။
"မင်း ငါ့ကို လျစ်လျူရှုရဲတယ်!"
စုလင်းကို လက်ညိုးထိုးပြောရင်း ကျောင်းချီရဲ့မျက်လုံးတွေ နီရဲလာသည်။ ထို့နောက်တွင် သူက ရှေ့ကို တစ်လှမ်းတိုးလာပြီး စုလင်းရဲ့ခေါင်းကို လက်သီးဖြင့် လှမ်းထိုးလိုက်သည်။
စုလင်း သူ့ရဲ့ မျက်ရစ်မှေးမှေးလေးကိုပင် ပင့်တင်လိုက်မိရသည်။ သူ့လက်ကို ဖျတ်ခနဲ လှုပ်ရှားပြီး ကျောင်းချီရဲ့လက်သီးကို ဖမ်းလိုက်သည်။
ကျောင်းချီ အရမ်းအံ့သြသွားသည်။ စုလင်း သူ့ကို ပြန်တိုက်ခိုက်မယ်လို့ လုံးဝ မမျှော်လင့်ထားခဲ့ချေ။ ဒေါသကြောင့် သူ့မျက်နှာပိုနီရဲလာခဲ့ပြီး သူ့လက်ကို စုလင်းလက်ထဲကနေ ပြန်ဆွဲထုတ်ဖို့ ပြင်းပြင်းထန်ထန် ရုန်းတော့သည်။
"ငါ့ကို လွှတ်"
စုလင်းကမျက်ခုံးပင့်လိုက်ပြီးလွှတ်လိုက်သည်။ ကျောင်းချီက ရှိသမျှ အားကုန်သုံးပြီး အတတ်နိုင်ဆုံး ရုန်းနေရချိန် စုလင်းက သူ့လက်ကို ဒီလို ရုတ်တရက် လွှတ်လိုက်မယ်လို့ သူထင်မထားခဲ့ပေ။ သူ့ခန္ဓာကိုယ် တစ်ခုလုံး အရှိန်နဲ့ နောက်ကို ခြေလှမ်းများစွာ ဆုတ်သွားပြီး ယိုင်ကျသွားသည်။ သို့သော် သူ့ဘေးက သူငယ်ချင်းက အမြန် ထိန်းပေးလိုက်သည်။
"ချီချီ မင်း အဆင်ပြေလား?"
ကျောင်းချီ သူ့သူငယ်ချင်းလက်ကို တွန်းဖယ်ပစ်လိုက်ပြီး စုလင်းကို အံ့ကြိတ်ပြီး ကြုံးဝါးလာသည်။
"စု နံဟောင် ! မင်း ရူးနေလား?"
မျက်မှောင်ကြုတ်လိုက်ရင်း စုလင်း မူယာမာယာများနေတဲ့ ကျောင်းချီကို ကြည့်လိုက်သည်။ ပြီးတော့ ဒီကောင်က ဝတ္ထုထဲမှာ ကုလီဟန်နဲ့လက်ထပ်သွားသည့် ဇာတ်ကြောင်းကို တွေးလိုက်မိပြီး အလွန်အမင်း ဒေါသထွက်လာသည်။ ထို့ပြင် ဝတ္ထုအဆုံးသတ်တွင် သူ့ကြောင့် ကုလီဟန် သေဆုံးသွားရတာကို စဥ်းစားမိတော့ စုလင်းရဲ့ အမူအရာက ပိုအေးစက်လာသည်။
ကျောင်းချီနဲ့ သူ့ရဲ့ ကုလီဟန်ကို ဘယ်လိုနည်းနဲ့ လက်ထပ်ဖို့ ခွင့်မပြုနိုင်ဘူး
လက်ရှိတွင် ကျောင်းချီ သူ့သူငယ်ချင်းနှစ်ဦးစလုံးသည် အထက်တန်းတတိယနှစ် စီနီယာများဖြစ်ပြီး ကျောင်းချီ ကုလီဟန်နဲ့ လက်ထပ်တော့ သူက တက္ကသိုလ်ကျောင်းသားအသစ်တစ်ယောက်ဖြစ်နေလေပြီ။ ယခုအချိန်သည် မေလကုန် ဖြစ်ပြီး ဤသည်မှာ တက္ကသိုလ်တွေ ဖွင့်ချိန်ရောက်ဖို့ သုံးလ သာလိုတော့သည့် အဓိပ္ပါယ် ဖြစ်သည်။ ကျောင်းချီနဲ့ ကုလီဟန်က ကျေးဇူးတရားကြောင့် လက်ထပ်ခဲ့တာဖြစ်သည်။ ကုလီဟန် အဲ့ဒီအချိန်မတိုင်ခင် လက်ထပ်ပြီးသား ဖြစ်နေတာက လွဲရင် ထိုလက်ထပ်မှုကို တားဆီးစရာနည်းလမ်း မရှိတော့ပေ။
"ဟေ့ ဟိုက ကျောင်းသား ၃ ယောက်၊ ခဏနေ အတန်းတွေ စတော့မယ်။ စာသင်ခန်းကို မြန်မြန်လာတော့။ "
စုလင်း ထိုဇာတ်ကြောင်းကို စဉ်းစားနေစဉ် ကျောင်းတံခါးဝမှ တာဝန်ကျဆရာက သူတို့ကိုအော်သည်။"
ကျောင်းချီက စုလင်းဘေးကနေ အရှိန်ပြင်းပြင်း ဖြတ်သွားရင်း စုလင်းပုခုံးကို ဝင်တိုက်ကာ ကပ်ပြောသွားသည်။
"ကျောင်းဆင်းရင် ကိုယ့်ကိုကိုယ် 'ကောင်းကောင်းဂရုစိုက်' နော်"
စုလင်း သူ့မေးစေ့ကို လက်နဲ့ထိလိုက်ရင်း နှုတ်ခမ်းတို့ တွန့်ကွေးသွားရသည်။
နုံအလိုက်တာ
စုလင်း လက်ကောက်က လမ်းညွှန်စနစ်ကိုပိတ်လိုက်သည်။ ရှေ့ကနေ ကျောင်းချီက သွားနေသဖြင့် လမ်းညွှန်မလိုတော့ချေ။
စုလင်း စာသင်ခန်းထဲ ဝင်လိုက်သော် တစ်ခန်းလုံးရဲ့ အကြည့်က သူ့ပေါ်ကျလာပြီး တစ်ခုခု ပြောနေကြပုံရသည်။
စုလင်း သူ့ထိုင်ခုံ ဘယ်နားမှန်းမသိတာကြောင့် တံခါးပေါက်ဝမှာ တုန့်ဆိုင်းစွာရပ်နေလိုက်ရသည်။ ဒါပေမယ့် ထိုအတန်းဖော်များ မျက်လုံးထဲမှာ စုလင်းရဲ့ လုပ်ရပ်က သူကြောက်ရွံနေသလိုပင်။ စုလင်းက ပုံမှန်အားဖြင့် အမြဲ ဒီလိုပဲ စကားနည်းနည်းပဲပြောပြီး ရှက်ရွံကြောက်ရွံစွာ တုန့်ပြန့်နေကြဖြစ်သည့်အတွက် အခုပုံစံကို ကျောင်းသားများ ကျင့်သားရနေကြပြီ ဖြစ်သည်။
"ဝိုး၊ သူ ဆံပင်ပုံစံပြောင်းလိုက်တာ ကြည့်ကောင်းတယ်။ "
"ငါ့မယ် အံ့တောင် အံ့သြသွားတယ်။ သူပုံက ပေါ့ပါးသွက်လက်နေတာပဲ"
"ကျွတ်စ် သူက သူရဲဘောကြောင်နေတုန်းပဲ"
"စုလင်း"
ဆရာက စာသင်ခန်းထဲသို့ လမ်းလျှောက်လာပြီးစုလင်းရဲ့ပုခုံးကို ပုတ်ကာ နူးညံ့သောလေသံဖြင့်ခေါ်လိုက်သည်။ ထို့နောက် ညာဘက် ပြတင်းပေါက်နားက တတိယထိုင်ခုံကို ညွှန်ပြပြီး
"ဆရာက မင်းအတွက် ထိုင်ခုံ ပြန်စဥ်ထားပေးတယ်။ မင်း အဲ့ဒီခုံမှာ ထိုင်လို့ရတယ်။"
စုလင်း ဆရာပြောတဲ့ ထိုင်ခုံကို လှမ်းကြည့်လိုက်သည်။ သူ့ရဲ့ထိုင်ခုံဖော်က မျက်လုံးကြီးကြီးဝိုင်းဝိုင်းနဲ့ ပါးမှာ ကလေးအဆီတွေ ကျန်သေးတဲ့ ဆယ်ကျော်သက်လေးတစ်ယောက်ဖြစ်သည်။ စုလင်း ထိုင်ခုံကို လှမ်းကြည့်လိုက်တာကိုလည်းမြင်ရော သူက ဝမ်းသာအားရ ပြုံးပြီး လက်ယမ်းပြနေသည်မှာ အလွန်ဖော်ရွေလှပေသည်။ သူ့ရဲ့ထိုင်ခုံဖော်က တစ်ခန်းလုံးတွင် သူ့ကို ဖော်ရွေစွာဆက်ဆံတဲ့ တစ်ဦးတည်းသော ကျောင်းသား ဖြစ်သည်။
တစ်ချို့ကျောင်းသားများက သူ့ကို စိတ်မ၀င်စားကြပေ။ အချို့ကတော့ ကျောင်းချီလိုပဲ သူ့အပေါ် မထီမဲ့မြင်ပြုမှု နှင့် မုန်းတီးမှုကို ထုတ်ဖော်ပြသနေခဲ့ကြသည်။
စုလင်း ဆရာ့ဘက်ကို လှည့်ကာ ခါးကို အနည်းငယ်ကွေးညွှတ်လိုက်ပြီး
"ကျေးဇူးတင်ပါတယ်ဆရာ"
သူ ထိုင်ခုံဆီ လျှောက်သွားလိုက်သောအခါသူရဲ့ ထိုင်ခုံဖော်က အလျင်အမြန်ထလာကာ သူ့ကိုအတွင်းဖက်မှာ ထိုင်ခိုင်းသည်။ ထိုင်လိုက်ပြီးတဲ့နောက် သူ့ထိုင်ခုံဖော်လေးက စုလင်းနားကပ်ပြီး တိုးတိုးလေးလာပြောသည်။
"ဟယ်လို၊ ငါ့နာမည်က လင်းမန်"
လင်းမန်က မျက်တောင်ခတ်လိုက်ပြီး စုလင်း လက်ကောက်ဝတ်ကို ငုံကြည့်လာသည်။
"မင်း ဒဏ်ရာ သက်သာသွားပြီလား?"
လင်းမန်ရဲ့ သူ့အပေါ် စိုးရိမ်ပူပန်ပေးမှုကြောင့် စုလင်း အနည်းငယ် အံ့သြသွားရသည်။
"ငါ သက်သာသွားပါပြီ။ ကျေးဇူးပါ"
လင်းမန်သည် ဝတ္တု၏ အဓိကဇာတ်ကောင်Shou ဖြစ်သည်။ စုလင်း သံသယလုံးဝမရှိတော့ပေ။ သူ တကယ်ပဲ ဝတ္ထုလောကထဲကိုရောက်နေခဲ့သည်။ သူဟာ ဝတ္ထုထဲတွင် နာမည်ပြောင်များဖြင့်သာ ဖော်ပြခံထားခဲ့ရသော "လူသေ" ဖြစ်ပြီး ယခုမူ သူအသက်ရှင်လျက်ရှိသေးသည်။ ထို့ကြောင့် ဖြစ်လာမည့် ကိစ္စတွေဟာ အများကြီး ပြောင်းလဲနိုင်ပါသေးသည်။
လင်းမန်က သူ့မျက်လုံးများပင် ကွေးသွားသည်အထိ ပြုံးပြလာသည်။
"အဲ့ဒါ ကောင်းတယ်"
သူက နှုတ်ခမ်းလေးကို နည်းနည်းစူကာ
"ကျောင်းချီက အရမ်းလွန်တာပဲ။ သူ့စကားတွေကို စိတ်ထဲ မထားနဲ့နော် သိလား"
စုလင်း သူပြောတာကို လက်ခံတဲ့အနေနဲ့"အမ်း"လို့ အသံပြုလိုက်ရင်း တစ်ချက်ကြည့်လိုက်သည်။ လင်းမန်ရဲ့အမူအရာက နည်းနည်းတော့ ရှုပ်ထွေးနေဟန်ရှိပြီး ဘာမှတော့ ပြောမလာခဲ့ပေ။ စုလင်း ခဏလောက် စဥ်းစားကြည့်လိုက်တော့ သူ့ခေါင်းထဲတွင် မီးလုံးလေး တစ်လုံး ဖျတ်ခနဲ လက်လာသလို ရှိလိုက်ပြီး လင်းမန် ဘာလို့ ဒီလိုဖြစ်နေတာလဲဆိုတာ သူနားလည်သွားရသည်။
ဝတ္ထုထဲတွင် ဇာတ်လိုက်၂ယောက်ရဲ့ ဆက်ဆံရေးက အလျင်အမြန်ပဲ တိုးတက်ခဲ့သော်လည်း သူတို့၂ယောက်အတူရှိနိုင်ဖို့ သိပ်တော့ မလွယ်ခဲ့ပါချေ။ များစွာသော ဇာတ်ရံများ ပေါ်ပေါက်လာပြီး သူတို့၂ယောက်ကြားတွင် အခက်အခဲ၊အတားအဆီးများ ဖန်တီးကာ သူတို့၂ယောက်ရဲ့ ခံစားချက်များကို ပိုမို နက်ရှိုင်းလာစေခဲ့သည်။
ဝတ္ထုရဲ့အစမှာပဲ လင်းမန်နဲ့ ကျောင်းချီတို့ဟာ စုလင်းရဲ့ သေဆုံးမှုကြောင့် ရန်ဖြစ်ခဲ့ကြသည်။ စကများ ရန်ဖြစ်ပြီးနောက် လင်းမန်က ဒေါသတကြီးဖြင့် စာသင်ခန်းထဲက ထွက်လာခဲ့ပြီး ကျောင်းဒါရိုက်တာရုံးခန်းကို ပြေးသွားခဲ့သည်။ ထိုနေရာမှာပဲ ဇာတ်လိုက်Gong ရှောင်းရွီနဲ့ ပထမဆုံးတွေ့ခဲ့ခြင်း ဖြစ်သည်။
အဲဒီနောက်မှာတော့ သူတို့နှစ်ဦးဟာ ကျောင်းရဲ့နေရာတိုင်းမှာ တွေ့ဆုံခဲ့ပါတယ်။ တစ်ခါမှာတော့ ကျောင်းချီက လင်းမန်ကို ဒုက္ခရောက်အောင်လုပ်နေချိန်မှာ ရှောင်းရွီက ကူညီရန်ထွက်လာခဲ့သည်။ ထို့နောက် ပိတ်ရက်မှာတော့ လင်းမိသားစုက စီစဥ်သည့် ကပွဲတစ်ခုမှာ သူတို့၂ယောက်ထပ်တွေ့ခဲ့ကြပြီး အတူတူတွဲကခဲ့ကြသည်။
ယနေ့ တနင်္လာနေ့သည် လင်းမန် ကပွဲတက်ပြီး နောက်တစ်ရက်ဖြစ်သည်။ ယခုအချိန်တွင် လင်းမန်နှင့်ရှောင်းရွီတို့သည် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ခံစားချက်ကောင်းများ ရှိနေကြသည့် အဆင့်ဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း မူလ စုလင်းက သတ်မသေခင်က ရှောင်းရွီကို ဝန်ခံဖို့ ပြင်ဆင်နေခဲ့တာဖြစ်သည်။ ထို့ကြောင့် လင်းမန်ရဲ့ သူ့အပေါ် ရှုပ်ထွေးပုံရသည့် အကြည့်က ရှောင်းရွိီကြောင့် ဖြစ်နိုင်ပေသည်။
စုလင်း ဝတ္ထုထဲတွင် ဇာတ်လိုက်ရဲ့အရှိန်အဝါအောက်မှာ အဆုံးသတ်ခဲ့ရသည့် ဇာတ်ရံများ၏ ဝမ်းနည်း ကြေကွဲဖွယ် ဇာတ်သိမ်းများစွာကို စဥ်းစားလိုက်မိပြီး လင်းမန်ကို အလွန်အလေးအနက်ထားကြည့်လိုက်သည်။ သူ လင်းမန်ကို ကပ်ပြီး ခပ်တိုးတိုးပြောလိုက်သည်။
"ငါ ရှောင်းရွီကို မကြိုက်ဘူး"
လင်းမန် အံ့သြသင့်သွားရသည်။
"ဘာလို့လဲ?..ငါထင်တာ...သူ့ကြောင့်...."
စုလင်းက လေသံလေးဖြင့်
"မဟုတ်ဘူး။ ငါ့အဖေက စနစ်နဲ့တွဲဖက်ရှာဖို့ လျှောက်ခိုင်းတာ။ ငါက မလျှောက်ချင်ဘူး။ တက္ကသိုလ်ပဲ တက်ချင်တာ။ ငါ သေချာ မစဥ်းစားခဲ့မိလိုက်ဘူး။(သူ့ရဲ့သတ်သေဖို့ကြိုးစားမှုကိုပြောချင်တာပါ) အဲ့ဒါက ရှောင်းရွီနဲ့ ဘာမှ မဆိုင်ဘူးရယ်"
လင်းမန်: "အဲ့လိုတွေ ဖြစ်သွားတာကိုး။ အခု မင်း ဘာဆက်လုပ်မလဲ?"
စုလင်း: "ငါ ငါ့မိသားစုနဲ့ ဆက်ဆံရေး ဖြတ်တောက်လိုက်ပြီ"
လင်းမန်ရဲ့မျက်လုံးများ ပြူးကျယ်လာပြီး အော်လိုက်သည်။
"မင်းက အရမ်း အံ့သြဖို့ကောင်းတာပဲ"
သူ့မျက်လုံးများ တောက်ပလာပြီး
"မင်း အကူအညီလိုရင် အားမနာနဲ့နော် ငါ့ကို သာပြောလိုက်"
စုလင်းက ခေါင်းငြိမ့်လိုက်သည်။
"ကောင်းပြီ"
...
မနက်ခင်းပိုင်း အတန်းချိန်၄ချိန် ပြီးသွားပြီးတဲ့နောက် လင်းမန်က နေ့လည်စာအတွက် ကျောင်းကန်တင်းဆီ စုလင်းကို ဆွဲခေါ်သွားတော့သည်။ ကန်တင်းကနေ ပြန်ထွက်လာလာချင်းပင် ကျောင်းချီရယ်၊သူနှင့်အတူလိုက်လာတဲ့ လူ၅ယောက်၊၆ယောက်လောက် သူတို့ကို တားထားလိုက်သည်။
အခြားအတန်းဖော်များသည် အဝေးမှသာကြည့်နေကြပြီး ဘယ်သူမှ မကူညီရဲကြပေ။ Omega တစ်ယောက်၏ ဖြစ်တည်မှု ထူးခြားလှသည်။ ထို့ကြောင့် Omega ၂ယောက်၏ပြသာနာတွင် သူတို့က ဘယ်သူ့ကိုမှ မစော်ကားရဲကြပေ။
ကျောင်းချီက စုလင်းကို စူးစူးစိုက်စိုက်ကြည့်လာပြီး
"ငါနဲ့ ခေါင်မိုးပေါ်လိုက်ခဲ့"
"သူ မလိုက်ဘူး!"
လင်းမန်က စုလင်းကို သူ့ဘက်ဆွဲလိုက်ပြီး ကျောင်းချီကို စိုက်ကြည့်သည်။ စုလင်းက ကျောင်းချီကို ကြည့်ပြီး မေးလိုက်သည်။
"ဘာလို့ခေါင်မိုးပေါ်လိုက်ရမှာလဲ? ရန်ဖြစ်ဖို့? ဒါမှမဟုတ် ဝန်ခံဖို့လား? တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက မကြာခင်ရောက်လာတော့မှာ ဆိုတာကော မင်းခေါင်းထဲရှိရဲ့လား? အချိန်တွေ ဒီလောက်အားယားနေရင် ဒီလိုလုပ်နေမယ့်အစား စာကို ကြိုးစားလေ့လာသင့်တယ်"
ထို့နောက် စုလင်းက သူရဲ့လက်ကောက်ဝတ်ကိုမြှောက်လိုက်ပြီး
"မင်း ငါ စာလေ့လာတာကို ဟန့်တားရင်တော့ ငါဆရာ့ကို ဆက်သွယ်ရလိမ့်မယ်"
ကျောင်းချီ အံသြသွားရပြန်သည်။ မနက်ကတည်းက စုလင်းကိုကြည့်ရတာ ပုံမှန်သိပ်မဟုတ်ပေမယ့် အခုလိုပုံကို သူပိုပြီးတောင် မမျှော်လင့်ခဲ့ပေ။
ဆရာ့ကိုတောင် တိုင်ရဲသေးတယ်
ကျောင်းချီနေရာတင် ကြောင်ပြီးရပ်နေတာကိုတွေ့တော့ စုလင်းက လင်းမန်ကိုခေါ်ပြီး သူတို့ကို ဖြတ်ကာ ထွက်သွားတော့သည်။
ဆရာတွေဆိုတာ ကျောင်းသားတွေအတွက်တော့သေချာပေါက်ကို အမြဲတမ်းအတွက် အဟန့်အတား တစ်ခုဖြစ်သည်။ နောက်ဆုံးတော့ ဆရာတွေဆီမှာ သူတို့ရဲ့မိဘတွေကို ဆက်သွယ်နိုင်သည့် အခွင့်အာဏာ ရှိလေသည်။
"ချီချီ၊ အခု ဘယ်လိုလုပ်ကြမလဲ"
ကျောင်းချီက အံကို ကြိတ်လိုက်ပြီး
"ငါ သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူး"
လင်းမန်က စုလင်းနောက်ကနေ စာသင်ခန်းကို ပြန်လိုက်လာခဲ့ပြီး စုလင်း ဖတ်စာအုပ်တွေကို အာရုံစိုက်ဖတ်နေတာက်ု တွေ့လိုက်ရသည်။ သူက လွှတ်ခနဲ ရေရွတ်လာသည်။
"ငါ မင်း ကျောင်းချီကို ခြောက်ဖို့ပဲ ပြောခဲ့တာလို့ ထင်နေတာ။ တကယ် စာပြန်လာလုပ်မယ်လို့ ထင်မထားဘူး!"
စုလင်း: "အဲ့ဒါက အကြောင်းအရင်းနှစ်ခုလုံးပဲလေ။"
လင်းမန် မေးစေ့ကို ကိုင်ပြီး
"မင်းက အရမ်းပျော်ဖို့ကောင်းတာပဲ။ အရင်ကနဲ့မတူဘူး။ အရင်ကဆို အတန်းထဲမှာ အတူတူထိုင်နေတာတောင် ၂ရက်လုံးလုံး မင်းစကားပြောတာကို မကြားဖူးဘူး"
စိတ်ဝိညာဉ်အပင်သရုပ်ဖော်ပုံစာအုပ်ကို ဖတ်ရင်းစုလင်းက ချောမောစွာ ပြန်ပြောသည်။
"နောက်ဆုံးတော့ ငါ အရွယ်ရောက်လာပြီလေ"
လင်းမန်က မရယ်ဘဲမနေနိုင်တော့ချေ။
"ငါလည်း မနေ့ကပဲ အရွယ်ရောက်လာတာ"
…
ကျောင်းဆင်းပြီးနောက် နေ့လည်တွင် စုလင်းက ကျောင်းရှေ့မှာ ခဏ ရပ်လိုက်သည်။ ထို့နောက် သူ ကုလီဟန်ရဲ့နံပါတ်ကို ပြတ်ပြတ်သားသားပင် ခေါ်လိုက်သည်။ တစ်ဖက်က ကိုင်လိုက်တာနဲ့ သူက ချက်ချင်းတန်းမေးလိုက်သည်။
"ဥက္ကဋ္ဌကု ခင်ဗျား ပြန်ရောက်ပြီလား?"
ကုလီဟန်သည် စီးပွားရေးကိစ္စအချို့ဆွေးနွေးရန် Planet Klai သို့သွားခဲ့သောကြောင့် မြို့တော်မှာ မရှိတာ ရက်အနည်းငယ်ပင် ရှိချေပြီ။ စုလင်း ကုလီဟန်နဲ့ မတွေ့ရတာ ရက်တော်တော်ကြာနေပြီ ဖြစ်သည်။ အရင်တုန်းက ကုလီဟန်နဲ့ ဆက်ဆံပြောဆိုတဲ့အခါ စုလင်း ဘာမှ အထူးတလည် မစဥ်းစားခဲ့မိပေမယ့် ကုလီဟန်က သူ့ရဲ့နတ်ဘုရားမှန်း သိလိုက်ရချိန်ကစပြီး ကုလီဟန်ကို အမြဲတမ်းတွေ့ချင်စိတ်က ထိန်းမရခဲ့ပေ။ အတန်းချိန်တစ်ရက်ကို သူခံန်ိုင်ရည်ရှိပေမယ့် ကုလီဟန်ကို မတွေ့ရတာကိုတော့ သူခံနိုင်ရည်မရှိတော့ပေ။
ကုလီဟန်: "အင်း။ ဘာကိစ္စလဲ"
စုလင်း: "အာာ ဟုတ် ဟိုလေ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခေါ်ဖို့ ကားဆရာ လွှတ်ပေးလို့ရမလားခင်ဗျ။ ကျွန်တော် အခု Villa ကို သွားချင်လို့"
"မင်း ကိုယ့်ကို မပြောဘဲ ကားဆရာကို တိုက်ရိုက်ဆက်သွယ်လို့ရတယ်။"
ဒီရက်ပိုင်းတွေမှာ စုလင်း Villaကို သွားချင်တဲ့အချိန်တိုင်း ကုလီဟန်ကို မဆက်သွယ်ဘဲ ကားဆရာကိုပဲ ဆက်သွယ်ခဲ့တာဖြစ်သည်။ စုလင်း နှုတ်ခမ်းထောင့်စွန်းလေးများ ကော့တက်သွားပြီး
"ဟုတ်။ အခုကလေ အရင်လို မနက်ခင်း မဟုတ်တော့လေ အဲ့ဒါကြောင့် ခင်ဗျားကို အရင် မေးတာကောင်းမယ်ထင်လို့"
စုလင်းက ကုလီဟန် ပြန်ရောက်ပြီလားဆိုတာ သေချာအောင် လုပ်ခဲ့ရုံသာဖြစ်သည်။
"ကိစ္စ မရှိပါဘူး။ ကိုယ်တို့စာချုပ်အရ မင်း စိတ်ဝိညာဥ်အပင်တွေကို အချိန်မရွေး လာကြည့်နိုင်ပါတယ်"
စုလင်း: "ဟုတ်။ နောက်တစ်ခါဆို ကျွန်တော် မှတ်ထားလိုက်မယ်"
စုလင်း ကားဆရာ သူ့ကို လာကြိုသည်ထိ မစောင့်တော့ပေ။ သူ Villa ဧရိယာအထိ Taxi စီးသွားခဲ့ပြီး ဂိတ်ရောက်မှ ကုမိသားစုရဲ့ကားကို ပြောင်းစီးခဲ့တာကြောင့် မိနစ်၂၀ ကြာတော့ Villaကိုရောက်လာခဲ့သည်။ သူရောက်တဲ့အချိန်က ညစာစားချိန် ဖြစ်သည်။ ကုလီဟန်သည် အပေါ်ပိုင်းတွင် မီးခိုးပြာရောင်ရှပ်ကို ဝတ်ထားခဲ့ပြီး ပုံမှန်မြင်နေကျအဝတ်အစားတွေထက် သက်တောင့်သက်သာရှိသော ဝတ်စားပုံဖြစ်သော်လည်း ရှပ်အင်္ကျီရဲ့ကြယ်သီးကို အလုံးစေ့ တပ်ထားခဲ့သည်။
စုလင်းကို မြင်လိုက်တော့ ကုလီဟန်ရဲ့ မျက်ဝန်းများတွင် အံ့သြသင့်မှု အရိပ်အယောင် တစ်ချို့ လှစ်ခနဲ ဖြတ်ပြေးသွားသည်။ ဒါက စုလင်းရဲ့ ဆံပင်ပုံစံအသစ်ကို သူအခုမှ ပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။
စုလင်းသည် ကုလီဟန်ကို တွေ့ချင်ခဲ့ရုံသာဖြစ်ပြီး အချိန်ကို မတွေးလိုက်မိပေ။ အဲ့ဒါကြောင့် ယခုမူ သူအနည်းငယ် အိုးတို့အမ်းတန်း ဖြစ်နေရသည်။ အဘယ်ကြောင့်ဆိုသော် သူက ညစာစားဖို့ ရောက်လာသလို ဖြစ်နေခဲ့လို့ပင်။
ကုလီဟန်: " မင်း မစားရသေးဘူးမလား? စားပြီးမှပဲ စိတ်ဝိညာဉ်အပင်တွေကို သွားကြည့်လေ။"
ကုလီဟန်ရဲ့ ပုံမှန်အမူအရာကိုကြည့်ပြီး စုလင်းစိတ်ထဲက ရှက်ရွံ့မှုတွေ ရုတ်ချည်း ပျောက်ကွယ်သွားသည်။ အနည်းဆုံးတော့ တစ်ဖက်လူက သူရုတ်တရက်ရောက်လာတာကို မကြိုက်တာမျိုး မရှိပေ။
ညစာစားနေကြစဥ် အတောအတွင်း စုလင်း ကုလီဟန်ကို အခါအားလျော်စွာပဲ ခိုးခိုးကြည့်သည်။ ကြည့်ရင်း ဝတ္ထုထဲမှာ ပေါ်လာတတ်တဲ့ ကုလီဟန်နဲ့ တွဲမြင်ပြီး စုလင်း စိတ်လှုပ်ရှားလာရသည်။
ညစာစားပြီးတဲ့နောက်မှာ ကုလီဟန်က စုလင်းကိုကြည့်ပြီးမေးလာသည်။
"မင်း ကိုယ့်ကို ဘာလို့ ဆက်တိုက်ကြည့်နေတာလဲ?"
ကုလီဟန်ဆီမှာ ဒီလိုတဲ့တိုးမေးခွန်းတွေ စုလင်းအမေးခံရတာ ဒါပထမဆုံးမဟုတ်တော့ပေ။ သို့သော်လည်း သူကို အနည်းငယ်တော့ အံ့သြသင့်စေစမြဲပင်။ တစ်ဖက်လူက အဲ့လိုမရည်ရွယ်တာ သေချာပေမဲ့လည်း ခုလိုအရမ်းကြီး တဲ့တိုးဆန်တာက သူ့ကို ကလူနေသလို စုလင်း ခံစားရသည်။
စုလင်းရဲ့ အတွေးထဲမှာတော့ ခင်ဗျားက အရမ်းချောနေလို့ ဟုအော်ဟစ်နေပေမယ့် သူအဲ့ဒီလိုတော့ ပြန်မဖြေလိုက်ပါချေ။ သူ ကုလီဟန် နဲ့ အကြည့်ချင်းဆုံပြီး ပြောလိုက်သည်။
"ကျွန်တော် တောင်းဆိုစရာရှိတယ်။ ဒါပေမဲ့ ခင်ဗျားက ငြင်းလိုက်ပြီး ကြောင်တောင်တောင်နိုင်တယ်ထင်သွားမှာကို နည်းနည်းကြောက်နေလို့။ အဲ့ဒါကြောင့် ခင်ဗျားကို ဆက်တိုက် ကြည့်မိနေတာ"
ကုလီဟန်ရဲ့ အမူအရာက မပြောင်းလဲပဲ
"ဘာတောင်းဆိုချင်တာလဲ?"
စုလင်း သူVillaကိုလာတဲ့လမ်းကတည်းက စဥ်းစားထားတာကို ပြောလိုက်သည်။
"ကျွန်တော် ဒီVillaမှာ နေချင်လို့"
ကုလီဟန် မျက်လုံးများကို ပင့်တင်လိုက်သည်။ သူ့မျက်လုံးများတွင် သံသယများဖြင့်ပြည့်နေခဲ့သည်။
စုလင်း ကုလီဟန် ငြင်းလာသည်အထိ မစောင့်ဘဲ သူ့အကြောင်းပြချက် မြန်မြန် ပြောပြလိုက်သည်။
"ကျွန်တော် ပြီးခဲ့တဲ့ ရက်တွေတုန်းက ဆေးခွင့်ယူထားတာ အဲ့ဒါကြောင့် Villaကို လာပြီး ကုန်ကြမ်းစုတာကို ကူညီပေးဖို့ အဆင်ပြေပေမယ့် အခုကျ ကျွန်တော် ကျောင်းစတက်နေရပြီ။ Villaကို လာပြီးမှ ကျောင်းသွားရတာဆိုတော့ မနက်တိုင်း အချိန်က အရမ်းကြပ်နေလို့"
ကုလီဟန်ရဲ့ အမူအရာက ပုံမှန်ပြန်တည်ငြိမ်သွားပြီး ခေါင်းငြိမ့်ကာ
"ဒါ ကိုယ့်ရဲ့ပေါ့ဆမှုပါ။ ကိုယ် မင်းအတွက် အခန်းတစ်ခန်း စီစဥ် ခိုင်းလိုက်မယ်"
စုလင်း မျက်လုံးလေးများ ကျဥ်းမြောင်းသွားသည်အထိ ပြုံးပြလိုက်ပြီး
"ကျေးဇူးတင်ပါတယ်။ ခင်ဗျားကို ဒုက္ခပေးမိပြီ"
ကုလီဟန်: မင်းက ကိုယ့်ကို ကူညီဖို့ ရောက်နေတာလေ။ ကိုယ်ကသာ မင်းကို ဒုက္ခပေးမိသူပါ။
စုလင်းရဲ့မျက်ဝန်းလေးများက အနည်းငယ်ကွေးညွှတ်နေပြီး တောက်ပနေသည်။ သူ စိတ်အခြေအနေကောင်းနေပုံရသည်။ သူ့ အကြောင်းပြချက်ကို ကြားရင် ကုလီဟန် ငြင်းမှာ မဟုတ်ဘူးဆိုတာ သူ အရင်ကတည်းက မျှော်လင့်ထားပြီးသားပေမယ့် တကယ်တမ်း လက်ခံကြောင်း ကြားလိုက်ရတော့လည်း ပျော်ရပြန်သည်။
ကုလီဟန် စုလင်းကို ခဏမျှ စိုက်ကြည့်လာပြီးမှ အကြည့်လွှဲသွားသည်။
"မင်း ဒီနေ့ည 'စ' နေမလား?"
စုလင်း ခေါင်းခါလိုက်ပြီး
"မနက်ဖြန်မှပဲ 'စ' နေတော့မယ်။ ကျွန်တော် အဝတ်အစားတွေလည်း မယူခဲ့ရဘူး။ လေးလေးနာလူးကိုလည်း အသိပေးရဦးမယ်"
အဲဒီညမှာ သူများတွေ လိုက်တာခံရဖူးပေမယ့်ဘယ်သူ့ကိုမှ မလိုက်ဖူးတဲ့ စုလင်းက စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုဖိုရမ်မှာ တင်လိုက်သည်။
[TS/ရေခဲမုန့်လေး]: "Alphaတစ်ယောက် ငါ့ကိုလက်ထပ်ဖို့ ကတိပေးလာအောင် ဘယ်လိုလုပ်ရမလဲ?"
[ချစ်မိနေတဲ့ မြက်ပင်ငယ်]:ပထမဆုံးအနေနဲ့ မင်းရဲ့လိင်အမျိုးအစားက ဘာလဲ။
[မိမိုက်သူကြီး]: Betaပဲ ဖြစ်ရမယ်၊ Omega က ဘယ်လိုလုပ် ဒီလိုပူပန်မှုမျိုး ရှိပါ့မလဲ?။
[လမ်းမဘေးက မြက်ပင်ရိုင်း] - သူ မင်းကိုကြိုက်လာဖို့ နည်းလမ်းရှာပါ။ စိတ်ဝိညာဥ်ပင်အမှုန့်တွေ အမြဲရှိပါတယ်။ Alpha ဖြစ်တာနဲ့ Omega ကိုပဲ လက်ထပ်ဖို့မှ မလိုတာ
[TS/ရေခဲမုန့်လေး]: ငါက အိုမီဂါတစ်ယောက်ပါ။
[ချစ်မိနေတဲ့ မြက်ပင်ငယ်]: ဒါ Prank လုပ်နေတာတော့ မဟုတ်ပါဘူးနော်? Alpha က လက်မထပ်မှာ စိုးရိမ်နေရတဲ့ Omega ရှိတယ်ပေါ့? မင်းကြိုက်နေတဲ့သူ လူကြိုက်များတဲ့ နတ်ဘုရားလား? ဒါမှမဟုတ် သူ့မှာ ကြိုက်တဲ့သူရှိနေတာလား?
[လမ်းမဘေးက မြက်ပင်ရိုင်း] - သူ့ကိုဆွဲဆောင်ပါ။ သူက မင်းစွဲလမ်းနေအောင် လုပ်ပစ်လိုက်
[မိမိုက်နေသူကြီး]: ဤပို့စ်ကိုကြည့်ရန် TS (ပို့စ် စတင်တဲ့သူ) ကိုအကြံပြုပါသည်။
#Alphaတစ်ယောက်ရဲ့နှလုံးသားကိုOmegaတစ်ယောက်မည်သို့အပိုင်သိမ်းနိုင်မည်နည်း
စုလင်း ပေးလာတဲ့ Link ကိုနှိပ်လိုက်သည်နှင့် Alphaအားကျေနပ်စေနိုင်မည့်နည်းလမ်း၁၀၀ကို ဖော်ပြထားသည့် စာရင်းတစ်ခုကို တွေ့လိုက်ရသည်။ စုလင်း စာရင်းကို အပေါ်မှ အောက်သို့ကြည့်ရင်း သူ့လက်ကိုမြှောက်ပြီး လည်ပင်း အနောက်ကို ထိကြည့်လိုက်သည်။
သူရဲ့ 'Pheromoneမူမမှန်တဲ့' ပြဿနာက တစ်ချို့အခြေအနေတွေအတွက် အခက်အခဲများရှိသည်။ သူ မေးစေ့ကိုလက်တစ်ဖက်နှင့်ထောက်၍ ခဏစဥ်းစားလိုက်ပြီး သူ တစ်ဆင့်ချင်းပဲ သွားဖို့ဆုံးဖြတ်လိုက်သည်။
နာလူး စုလင်းရဲ့ဖန်သားပြင်ကို တစ်ချက် ကြည့်လိုက်ပြီး သူ့ကို သောက်စရာ တစ်ခွက်ပေးလိုက်သည်။ ထို့နောက် သူက ရုတ်တရက် မေးလာသည်။
"မင်း ဘာလို့ ဒီလိုအဝတ်တွေကို ကြည့်နေတာလဲ?"
စုလင်း သူကြည့်နေတဲ့ အတွင်းခံတွေပြထားတဲ့ မျက်နှာပြင်ကို ချက်ချင်းပိတ်လိုက်ပြီး အနည်းငယ် ညီးညူစွာဖြင့်
"ကျွန်တော် ညအိပ်ဝတ်စုံဝယ်ချင်တာ ဒါပေမယ့် အဲ့ဒါကို မတော်တဆ နှိပ်မိသွားတာ"
နာလူးက မကျေမနပ်ဖြင့်
"Weblinkတွေက စိတ်ကိုမချရဘူး။ သူတို့ကအတွင်းခံကိုတောင် ညအိပ်ဝတ်စုံအမျိုးအစားထဲမှာ ထည့်ပြီး ထောက်ခံချက်ပေးထားသေးတယ်။ ထို့နောက် သူက ညွှန်ကြားလာသည်။
"မင်း ရှေ့လျောက် ဥက္ကဋ္ဌကု အိမ်မှာ သွားနေရင် အမြင်တော်တဲ့ ညအိပ်ဝတ်စုံတွေ ဝတ်နော်။ ဘယ်လိုပဲ သူက ယုံကြည်ရတဲ့သူဖြစ်ဦးတော့ အဆုံးမှာ သူက Alpha၊မင်းက Omegaတစ်ယောက်ပဲ"
စုလင်းက ခေါင်းငြိမ့်လိုက်ပြီး
"ဟုတ်ပါ။ ကျွန်တော် သိပါတယ်"
ထို့နောက် သူ့ဘာသာသူ စဥ်းစားမိသည်။
အကယ်၍များ သူသာ ဥက္ကဋ္ဌကုရဲ့ မယုံကြည်ထိုက်တဲ့ပုံကိုများ မြင်နိုင်မယ်ဆိုရင်...
(T/N-အေး ဒီကလေး နင်မှောင်နေလိုက်)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue's note
Jueပြောချင်တာလေးရှိလို့ပါ။ ဒီမှာကွာ
"ရှောင်းရွီ"ကလေ အသံထွက်က "ယွီ" လိုမျိုးကိုမှ "ရ (R)" သံနဲ့ထွက်မှာနော် "ရွှီ" မဟုတ်သလို "ရွိ" လည်းမဟုတ်ဘူးနော်။
အိုမီဂါ ရေခဲပန်းလေးထဲမှာပါတဲ့ "ထျန်းရွိ"ကလည်း တကယ်က "ထျန်းရွီ" ပါ။ "ရွှီ" သံဖြစ်မှာစိုးလို့ "ရွိ" နဲ့ ရေးလိုက်ရတာ။ သွေ့ပုချိ😿
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue Freesia🦋
//ZAWGYI//
အခန္း ၈ - ေက်ာင္းသြားျခင္း
ေကာင္ေလးက ထိုစကားမ်ားေျပာလိုက္ရင္း စုလင္းမ်က္ႏွာကို ျမင္လိုက္ေတာ့ စကားမေျပာႏိုင္ဘဲ အံ့ၾသသြားသည္။ သူရဲ႕မ်က္လုံးမ်ားမွာ အံၾသသင့္မႈက ျဖတ္ေျပးသြားၿပီးေနာက္မွာပဲ သူ႕ေဒါသကို နက္႐ိႈင္းလာျပန္သည္။
စုလင္း ထိုၿခိမ္းေျခာက္မႈမ်ားကို မခံမရပ္ႏိုင္ဘဲ သူ႕ႏွလုံးသားထဲမွာ ေအာ္ဟစ္လိုက္ၿပီး သူ႕ရဲ႕လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္လိုက္မိသည္။ ကုလီဟန္က တကယ္ႀကီးကို သူရဲ႕ စိတ္ကူးယဥ္နတ္ဘုရား ျဖစ္သည္။ ဟုတ္တယ္! စာေရးသူက သူ႕နတ္ဘုရားကို စကားလုံးေလးအနည္းငယ္နဲ႔ပဲ ေဖာ္ျပထားေပမယ့္ သူ ေသခ်ာ ျပန္စဥ္းစားၾကည့္တဲ့အခါ ကုလီဟန္ရဲ႕ စိတ္ေနသေဘာထားက သူ႕နတ္ဘုရားနဲ႔ တကယ္ကို ဆင္တူလွသည္။ သူတို႔က အေတာ္ဆုံးေသာ အထက္တန္းက်သည့္ ပညာတတ္ေတြျဖစ္ၾကၿပီး တင္းက်ပ္တဲ့ ပညာသင္ၾကားမႈေအာက္မွာ ႀကီးျပင္းလာၾကသည့္ တာဝန္ယူလိုစိတ္ ႀကီးမားသူမ်ားျဖစ္ၾကသည္။ထပ္ေပါင္းေျပာရေသာ္ သူတို႔က နက္႐ိႈင္းလွစြာ ကိုယ့္ကိုကိုယ္ ခ်ဳပ္တည္းႏိုင္စြမ္း ႐ွိၾကသူမ်ားလည္း ျဖစ္သည္။ ယခုအေျခအေနတြင္ စုလင္း ကုလီဟန္ကို စဥ္းစားလိုက္မိေတာ့ သူ႕ခံစားခ်က္ေတြ ပို၍ကြဲျပားလာသည္။
"မင္း ငါ့ကို လ်စ္လ်ဴ႐ႈရဲတယ္!"
စုလင္းကို လက္ညိဳးထိုးေျပာရင္း ေက်ာင္းခ်ီရဲ႕မ်က္လုံးေတြ နီရဲလာသည္။ ထို႔ေနာက္တြင္ သူက ေ႐ွ႕ကို တစ္လွမ္းတိုးလာၿပီး စုလင္းရဲ႕ေခါင္းကို လက္သီးျဖင့္ လွမ္းထိုးလိုက္သည္။
စုလင္း သူ႕ရဲ႕ မ်က္ရစ္ေမွးေမွးေလးကိုပင္ ပင့္တင္လိုက္မိရသည္။ သူ႕လက္ကို ဖ်တ္ခနဲ လႈပ္႐ွားၿပီး ေက်ာင္းခ်ီရဲ႕လက္သီးကို ဖမ္းလိုက္သည္။
ေက်ာင္းခ်ီ အရမ္းအံ့ၾသသြားသည္။ စုလင္း သူ႕ကို ျပန္တိုက္ခိုက္မယ္လို႔ လုံးဝ မေမွ်ာ္လင့္ထားခဲ့ေခ်။ ေဒါသေၾကာင့္ သူ႕မ်က္ႏွာပိုနီရဲလာခဲ့ၿပီး သူ႕လက္ကို စုလင္းလက္ထဲကေန ျပန္ဆြဲထုတ္ဖို႔ ျပင္းျပင္းထန္ထန္ ႐ုန္းေတာ့သည္။
"ငါ့ကို လႊတ္"
စုလင္းကမ်က္ခုံးပင့္လိုက္ၿပီးလႊတ္လိုက္သည္။ ေက်ာင္းခ်ီက ႐ွိသမွ် အားကုန္သုံးၿပီး အတတ္ႏိုင္ဆုံး ႐ုန္းေနရခ်ိန္ စုလင္းက သူ႕လက္ကို ဒီလို ႐ုတ္တရက္ လႊတ္လိုက္မယ္လို႔ သူထင္မထားခဲ့ေပ။ သူ႕ခႏၶာကိုယ္ တစ္ခုလုံး အ႐ွိန္နဲ႔ ေနာက္ကို ေျခလွမ္းမ်ားစြာ ဆုတ္သြားၿပီး ယိုင္က်သြားသည္။ သို႔ေသာ္ သူ႕ေဘးက သူငယ္ခ်င္းက အျမန္ ထိန္းေပးလိုက္သည္။
"ခ်ီခ်ီ မင္း အဆင္ေျပလား?"
ေက်ာင္းခ်ီ သူ႕သူငယ္ခ်င္းလက္ကို တြန္းဖယ္ပစ္လိုက္ၿပီး စုလင္းကို အံ့ႀကိတ္ၿပီး ၾကဳံးဝါးလာသည္။
"စု နံေဟာင္ ! မင္း ႐ူးေနလား?"
မ်က္ေမွာင္ၾကဳတ္လိုက္ရင္း စုလင္း မူယာမာယာမ်ားေနတဲ့ ေက်ာင္းခ်ီကို ၾကည့္လိုက္သည္။ ၿပီးေတာ့ ဒီေကာင္က ဝတၳဳထဲမွာ ကုလီဟန္နဲ႔လက္ထပ္သြားသည့္ ဇာတ္ေၾကာင္းကို ေတြးလိုက္မိၿပီး အလြန္အမင္း ေဒါသထြက္လာသည္။ ထို႔ျပင္ ဝတၳဳအဆုံးသတ္တြင္ သူ႕ေၾကာင့္ ကုလီဟန္ ေသဆုံးသြားရတာကို စဥ္းစားမိေတာ့ စုလင္းရဲ႕ အမူအရာက ပိုေအးစက္လာသည္။
ေက်ာင္းခ်ီနဲ႔ သူ႕ရဲ႕ ကုလီဟန္ကို ဘယ္လိုနည္းနဲ႔ လက္ထပ္ဖို႔ ခြင့္မျပဳႏိုင္ဘူး
လက္႐ွိတြင္ ေက်ာင္းခ်ီ သူ႕သူငယ္ခ်င္းႏွစ္ဦးစလုံးသည္ အထက္တန္းတတိယႏွစ္ စီနီယာမ်ားျဖစ္ၿပီး ေက်ာင္းခ်ီ ကုလီဟန္နဲ႔ လက္ထပ္ေတာ့ သူက တကၠသိုလ္ေက်ာင္းသားအသစ္တစ္ေယာက္ျဖစ္ေနေလၿပီ။ ယခုအခ်ိန္သည္ ေမလကုန္ ျဖစ္ၿပီး ဤသည္မွာ တကၠသိုလ္ေတြ ဖြင့္ခ်ိန္ေရာက္ဖို႔ သုံးလ သာလိုေတာ့သည့္ အဓိပၸါယ္ ျဖစ္သည္။ ေက်ာင္းခ်ီနဲ႔ ကုလီဟန္က ေက်းဇူးတရားေၾကာင့္ လက္ထပ္ခဲ့တာျဖစ္သည္။ ကုလီဟန္ အဲ့ဒီအခ်ိန္မတိုင္ခင္ လက္ထပ္ၿပီးသား ျဖစ္ေနတာက လြဲရင္ ထိုလက္ထပ္မႈကို တားဆီးစရာနည္းလမ္း မ႐ွိေတာ့ေပ။
"ေဟ့ ဟိုက ေက်ာင္းသား ၃ ေယာက္၊ ခဏေန အတန္းေတြ စေတာ့မယ္။ စာသင္ခန္းကို ျမန္ျမန္လာေတာ့။ "
စုလင္း ထိုဇာတ္ေၾကာင္းကို စဥ္းစားေနစဥ္ ေက်ာင္းတံခါးဝမွ တာဝန္က်ဆရာက သူတို႔ကိုေအာ္သည္။"
ေက်ာင္းခ်ီက စုလင္းေဘးကေန အ႐ွိန္ျပင္းျပင္း ျဖတ္သြားရင္း စုလင္းပုခုံးကို ဝင္တိုက္ကာ ကပ္ေျပာသြားသည္။
"ေက်ာင္းဆင္းရင္ ကိုယ့္ကိုကိုယ္ 'ေကာင္းေကာင္းဂ႐ုစိုက္' ေနာ္"
စုလင္း သူ႕ေမးေစ့ကို လက္နဲ႔ထိလိုက္ရင္း ႏႈတ္ခမ္းတို႔ တြန္႔ေကြးသြားရသည္။
ႏုံအလိုက္တာ
စုလင္း လက္ေကာက္က လမ္းၫႊန္စနစ္ကိုပိတ္လိုက္သည္။ ေ႐ွ႕ကေန ေက်ာင္းခ်ီက သြားေနသျဖင့္ လမ္းၫႊန္မလိုေတာ့ေခ်။
စုလင္း စာသင္ခန္းထဲ ဝင္လိုက္ေသာ္ တစ္ခန္းလုံးရဲ႕ အၾကည့္က သူ႕ေပၚက်လာၿပီး တစ္ခုခု ေျပာေနၾကပုံရသည္။
စုလင္း သူ႕ထိုင္ခုံ ဘယ္နားမွန္းမသိတာေၾကာင့္ တံခါးေပါက္ဝမွာ တုန္႔ဆိုင္းစြာရပ္ေနလိုက္ရသည္။ ဒါေပမယ့္ ထိုအတန္းေဖာ္မ်ား မ်က္လုံးထဲမွာ စုလင္းရဲ႕ လုပ္ရပ္က သူေၾကာက္႐ြံေနသလိုပင္။ စုလင္းက ပုံမွန္အားျဖင့္ အၿမဲ ဒီလိုပဲ စကားနည္းနည္းပဲေျပာၿပီး ႐ွက္႐ြံေၾကာက္႐ြံစြာ တုန္႔ျပန္႔ေနၾကျဖစ္သည့္အတြက္ အခုပုံစံကို ေက်ာင္းသားမ်ား က်င့္သားရေနၾကၿပီ ျဖစ္သည္။
"ဝိုး၊ သူ ဆံပင္ပုံစံေျပာင္းလိုက္တာ ၾကည့္ေကာင္းတယ္။ "
"ငါ့မယ္ အံ့ေတာင္ အံ့ၾသသြားတယ္။ သူပုံက ေပါ့ပါးသြက္လက္ေနတာပဲ"
"ကြၽတ္စ္ သူက သူရဲေဘာေၾကာင္ေနတုန္းပဲ"
"စုလင္း"
ဆရာက စာသင္ခန္းထဲသို႔ လမ္းေလွ်ာက္လာၿပီးစုလင္းရဲ႕ပုခုံးကို ပုတ္ကာ ႏူးညံ့ေသာေလသံျဖင့္ေခၚလိုက္သည္။ ထို႔ေနာက္ ညာဘက္ ျပတင္းေပါက္နားက တတိယထိုင္ခုံကို ၫႊန္ျပၿပီး
"ဆရာက မင္းအတြက္ ထိုင္ခုံ ျပန္စဥ္ထားေပးတယ္။ မင္း အဲ့ဒီခုံမွာ ထိုင္လို႔ရတယ္။"
စုလင္း ဆရာေျပာတဲ့ ထိုင္ခုံကို လွမ္းၾကည့္လိုက္သည္။ သူ႕ရဲ႕ထိုင္ခုံေဖာ္က မ်က္လုံးႀကီးႀကီးဝိုင္းဝိုင္းနဲ႔ ပါးမွာ ကေလးအဆီေတြ က်န္ေသးတဲ့ ဆယ္ေက်ာ္သက္ေလးတစ္ေယာက္ျဖစ္သည္။ စုလင္း ထိုင္ခုံကို လွမ္းၾကည့္လိုက္တာကိုလည္းျမင္ေရာ သူက ဝမ္းသာအားရ ျပဳံးၿပီး လက္ယမ္းျပေနသည္မွာ အလြန္ေဖာ္ေ႐ြလွေပသည္။ သူ႕ရဲ႕ထိုင္ခုံေဖာ္က တစ္ခန္းလုံးတြင္ သူ႕ကို ေဖာ္ေ႐ြစြာဆက္ဆံတဲ့ တစ္ဦးတည္းေသာ ေက်ာင္းသား ျဖစ္သည္။
တစ္ခ်ိဳ႕ေက်ာင္းသားမ်ားက သူ႕ကို စိတ္မ၀င္စားၾကေပ။ အခ်ိဳ႕ကေတာ့ ေက်ာင္းခ်ီလိုပဲ သူ႕အေပၚ မထီမဲ့ျမင္ျပဳမႈ ႏွင့္ မုန္းတီးမႈကို ထုတ္ေဖာ္ျပသေနခဲ့ၾကသည္။
စုလင္း ဆရာ့ဘက္ကို လွည့္ကာ ခါးကို အနည္းငယ္ေကြးၫႊတ္လိုက္ၿပီး
"ေက်းဇူးတင္ပါတယ္ဆရာ"
သူ ထိုင္ခုံဆီ ေလွ်ာက္သြားလိုက္ေသာအခါသူရဲ႕ ထိုင္ခုံေဖာ္က အလ်င္အျမန္ထလာကာ သူ႕ကိုအတြင္းဖက္မွာ ထိုင္ခိုင္းသည္။ ထိုင္လိုက္ၿပီးတဲ့ေနာက္ သူ႕ထိုင္ခုံေဖာ္ေလးက စုလင္းနားကပ္ၿပီး တိုးတိုးေလးလာေျပာသည္။
"ဟယ္လို၊ ငါ့နာမည္က လင္းမန္"
လင္းမန္က မ်က္ေတာင္ခတ္လိုက္ၿပီး စုလင္း လက္ေကာက္ဝတ္ကို ငုံၾကည့္လာသည္။
"မင္း ဒဏ္ရာ သက္သာသြားၿပီလား?"
လင္းမန္ရဲ႕ သူ႕အေပၚ စိုးရိမ္ပူပန္ေပးမႈေၾကာင့္ စုလင္း အနည္းငယ္ အံ့ၾသသြားရသည္။
"ငါ သက္သာသြားပါၿပီ။ ေက်းဇူးပါ"
လင္းမန္သည္ ဝတၱဳ၏ အဓိကဇာတ္ေကာင္Shou ျဖစ္သည္။ စုလင္း သံသယလုံးဝမ႐ွိေတာ့ေပ။ သူ တကယ္ပဲ ဝတၳဳေလာကထဲကိုေရာက္ေနခဲ့သည္။ သူဟာ ဝတၳဳထဲတြင္ နာမည္ေျပာင္မ်ားျဖင့္သာ ေဖာ္ျပခံထားခဲ့ရေသာ "လူေသ" ျဖစ္ၿပီး ယခုမူ သူအသက္႐ွင္လ်က္႐ွိေသးသည္။ ထို႔ေၾကာင့္ ျဖစ္လာမည့္ ကိစၥေတြဟာ အမ်ားႀကီး ေျပာင္းလဲႏိုင္ပါေသးသည္။
လင္းမန္က သူ႕မ်က္လုံးမ်ားပင္ ေကြးသြားသည္အထိ ျပဳံးျပလာသည္။
"အဲ့ဒါ ေကာင္းတယ္"
သူက ႏႈတ္ခမ္းေလးကို နည္းနည္းစူကာ
"ေက်ာင္းခ်ီက အရမ္းလြန္တာပဲ။ သူ႕စကားေတြကို စိတ္ထဲ မထားနဲ႔ေနာ္ သိလား"
စုလင္း သူေျပာတာကို လက္ခံတဲ့အေနနဲ႔"အမ္း"လို႔ အသံျပဳလိုက္ရင္း တစ္ခ်က္ၾကည့္လိုက္သည္။ လင္းမန္ရဲ႕အမူအရာက နည္းနည္းေတာ့ ႐ႈပ္ေထြးေနဟန္႐ွိၿပီး ဘာမွေတာ့ ေျပာမလာခဲ့ေပ။ စုလင္း ခဏေလာက္ စဥ္းစားၾကည့္လိုက္ေတာ့ သူ႕ေခါင္းထဲတြင္ မီးလုံးေလး တစ္လုံး ဖ်တ္ခနဲ လက္လာသလို ႐ွိလိုက္ၿပီး လင္းမန္ ဘာလို႔ ဒီလိုျဖစ္ေနတာလဲဆိုတာ သူနားလည္သြားရသည္။
ဝတၳဳထဲတြင္ ဇာတ္လိုက္၂ေယာက္ရဲ႕ ဆက္ဆံေရးက အလ်င္အျမန္ပဲ တိုးတက္ခဲ့ေသာ္လည္း သူတို႔၂ေယာက္အတူ႐ွိႏိုင္ဖို႔ သိပ္ေတာ့ မလြယ္ခဲ့ပါေခ်။ မ်ားစြာေသာ ဇာတ္ရံမ်ား ေပၚေပါက္လာၿပီး သူတို႔၂ေယာက္ၾကားတြင္ အခက္အခဲ၊အတားအဆီးမ်ား ဖန္တီးကာ သူတို႔၂ေယာက္ရဲ႕ ခံစားခ်က္မ်ားကို ပိုမို နက္႐ိႈင္းလာေစခဲ့သည္။
ဝတၳဳရဲ႕အစမွာပဲ လင္းမန္နဲ႔ ေက်ာင္းခ်ီတို႔ဟာ စုလင္းရဲ႕ ေသဆုံးမႈေၾကာင့္ ရန္ျဖစ္ခဲ့ၾကသည္။ စကမ်ား ရန္ျဖစ္ၿပီးေနာက္ လင္းမန္က ေဒါသတႀကီးျဖင့္ စာသင္ခန္းထဲက ထြက္လာခဲ့ၿပီး ေက်ာင္းဒါ႐ိုက္တာ႐ုံးခန္းကို ေျပးသြားခဲ့သည္။ ထိုေနရာမွာပဲ ဇာတ္လိုက္Gong ေ႐ွာင္း႐ြီနဲ႔ ပထမဆုံးေတြ႕ခဲ့ျခင္း ျဖစ္သည္။
အဲဒီေနာက္မွာေတာ့ သူတို႔ႏွစ္ဦးဟာ ေက်ာင္းရဲ႕ေနရာတိုင္းမွာ ေတြ႕ဆုံခဲ့ပါတယ္။ တစ္ခါမွာေတာ့ ေက်ာင္းခ်ီက လင္းမန္ကို ဒုကၡေရာက္ေအာင္လုပ္ေနခ်ိန္မွာ ေ႐ွာင္း႐ြီက ကူညီရန္ထြက္လာခဲ့သည္။ ထို႔ေနာက္ ပိတ္ရက္မွာေတာ့ လင္းမိသားစုက စီစဥ္သည့္ ကပြဲတစ္ခုမွာ သူတို႔၂ေယာက္ထပ္ေတြ႕ခဲ့ၾကၿပီး အတူတူတြဲကခဲ့ၾကသည္။
ယေန႔ တနလၤာေန႔သည္ လင္းမန္ ကပြဲတက္ၿပီး ေနာက္တစ္ရက္ျဖစ္သည္။ ယခုအခ်ိန္တြင္ လင္းမန္ႏွင့္ေ႐ွာင္း႐ြီတို႔သည္ တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္ ခံစားခ်က္ေကာင္းမ်ား ႐ွိေနၾကသည့္ အဆင့္ျဖစ္သည္။ အျခားတစ္ဖက္တြင္လည္း မူလ စုလင္းက သတ္မေသခင္က ေ႐ွာင္း႐ြီကို ဝန္ခံဖို႔ ျပင္ဆင္ေနခဲ့တာျဖစ္သည္။ ထို႔ေၾကာင့္ လင္းမန္ရဲ႕ သူ႕အေပၚ ႐ႈပ္ေထြးပုံရသည့္ အၾကည့္က ေ႐ွာင္း႐ြိီေၾကာင့္ ျဖစ္ႏိုင္ေပသည္။
စုလင္း ဝတၳဳထဲတြင္ ဇာတ္လိုက္ရဲ႕အ႐ွိန္အဝါေအာက္မွာ အဆုံးသတ္ခဲ့ရသည့္ ဇာတ္ရံမ်ား၏ ဝမ္းနည္း ေၾကကြဲဖြယ္ ဇာတ္သိမ္းမ်ားစြာကို စဥ္းစားလိုက္မိၿပီး လင္းမန္ကို အလြန္အေလးအနက္ထားၾကည့္လိုက္သည္။ သူ လင္းမန္ကို ကပ္ၿပီး ခပ္တိုးတိုးေျပာလိုက္သည္။
"ငါ ေ႐ွာင္း႐ြီကို မႀကိဳက္ဘူး"
လင္းမန္ အံ့ၾသသင့္သြားရသည္။
"ဘာလို႔လဲ?..ငါထင္တာ...သူ႕ေၾကာင့္...."
စုလင္းက ေလသံေလးျဖင့္
"မဟုတ္ဘူး။ ငါ့အေဖက စနစ္နဲ႔တြဲဖက္႐ွာဖို႔ ေလွ်ာက္ခိုင္းတာ။ ငါက မေလွ်ာက္ခ်င္ဘူး။ တကၠသိုလ္ပဲ တက္ခ်င္တာ။ ငါ ေသခ်ာ မစဥ္းစားခဲ့မိလိုက္ဘူး။(သူ႕ရဲ႕သတ္ေသဖို႔ႀကိဳးစားမႈကိုေျပာခ်င္တာပါ) အဲ့ဒါက ေ႐ွာင္း႐ြီနဲ႔ ဘာမွ မဆိုင္ဘူးရယ္"
လင္းမန္: "အဲ့လိုေတြ ျဖစ္သြားတာကိုး။ အခု မင္း ဘာဆက္လုပ္မလဲ?"
စုလင္း: "ငါ ငါ့မိသားစုနဲ႔ ဆက္ဆံေရး ျဖတ္ေတာက္လိုက္ၿပီ"
လင္းမန္ရဲ႕မ်က္လုံးမ်ား ျပဴးက်ယ္လာၿပီး ေအာ္လိုက္သည္။
"မင္းက အရမ္း အံ့ၾသဖို႔ေကာင္းတာပဲ"
သူ႕မ်က္လုံးမ်ား ေတာက္ပလာၿပီး
"မင္း အကူအညီလိုရင္ အားမနာနဲ႔ေနာ္ ငါ့ကို သာေျပာလိုက္"
စုလင္းက ေခါင္းၿငိမ့္လိုက္သည္။
"ေကာင္းၿပီ"
...
မနက္ခင္းပိုင္း အတန္းခ်ိန္၄ခ်ိန္ ၿပီးသြားၿပီးတဲ့ေနာက္ လင္းမန္က ေန႔လည္စာအတြက္ ေက်ာင္းကန္တင္းဆီ စုလင္းကို ဆြဲေခၚသြားေတာ့သည္။ ကန္တင္းကေန ျပန္ထြက္လာလာခ်င္းပင္ ေက်ာင္းခ်ီရယ္၊သူႏွင့္အတူလိုက္လာတဲ့ လူ၅ေယာက္၊၆ေယာက္ေလာက္ သူတို႔ကို တားထားလိုက္သည္။
အျခားအတန္းေဖာ္မ်ားသည္ အေဝးမွသာၾကည့္ေနၾကၿပီး ဘယ္သူမွ မကူညီရဲၾကေပ။ Omega တစ္ေယာက္၏ ျဖစ္တည္မႈ ထူးျခားလွသည္။ ထို႔ေၾကာင့္ Omega ၂ေယာက္၏ျပသာနာတြင္ သူတို႔က ဘယ္သူ႕ကိုမွ မေစာ္ကားရဲၾကေပ။
ေက်ာင္းခ်ီက စုလင္းကို စူးစူးစိုက္စိုက္ၾကည့္လာၿပီး
"ငါနဲ႔ ေခါင္မိုးေပၚလိုက္ခဲ့"
"သူ မလိုက္ဘူး!"
လင္းမန္က စုလင္းကို သူ႕ဘက္ဆြဲလိုက္ၿပီး ေက်ာင္းခ်ီကို စိုက္ၾကည့္သည္။ စုလင္းက ေက်ာင္းခ်ီကို ၾကည့္ၿပီး ေမးလိုက္သည္။
"ဘာလို႔ေခါင္မိုးေပၚလိုက္ရမွာလဲ? ရန္ျဖစ္ဖို႔? ဒါမွမဟုတ္ ဝန္ခံဖို႔လား? တကၠသိုလ္ဝင္ခြင့္စာေမးပြဲက မၾကာခင္ေရာက္လာေတာ့မွာ ဆိုတာေကာ မင္းေခါင္းထဲ႐ွိရဲ႕လား? အခ်ိန္ေတြ ဒီေလာက္အားယားေနရင္ ဒီလိုလုပ္ေနမယ့္အစား စာကို ႀကိဳးစားေလ့လာသင့္တယ္"
ထို႔ေနာက္ စုလင္းက သူရဲ႕လက္ေကာက္ဝတ္ကိုေျမႇာက္လိုက္ၿပီး
"မင္း ငါ စာေလ့လာတာကို ဟန္႔တားရင္ေတာ့ ငါဆရာ့ကို ဆက္သြယ္ရလိမ့္မယ္"
ေက်ာင္းခ်ီ အံၾသသြားရျပန္သည္။ မနက္ကတည္းက စုလင္းကိုၾကည့္ရတာ ပုံမွန္သိပ္မဟုတ္ေပမယ့္ အခုလိုပုံကို သူပိုၿပီးေတာင္ မေမွ်ာ္လင့္ခဲ့ေပ။
ဆရာ့ကိုေတာင္ တိုင္ရဲေသးတယ္
ေက်ာင္းခ်ီေနရာတင္ ေၾကာင္ၿပီးရပ္ေနတာကိုေတြ႕ေတာ့ စုလင္းက လင္းမန္ကိုေခၚၿပီး သူတို႔ကို ျဖတ္ကာ ထြက္သြားေတာ့သည္။
ဆရာေတြဆိုတာ ေက်ာင္းသားေတြအတြက္ေတာ့ေသခ်ာေပါက္ကို အၿမဲတမ္းအတြက္ အဟန္႔အတား တစ္ခုျဖစ္သည္။ ေနာက္ဆုံးေတာ့ ဆရာေတြဆီမွာ သူတို႔ရဲ႕မိဘေတြကို ဆက္သြယ္ႏိုင္သည့္ အခြင့္အာဏာ ႐ွိေလသည္။
"ခ်ီခ်ီ၊ အခု ဘယ္လိုလုပ္ၾကမလဲ"
ေက်ာင္းခ်ီက အံကို ႀကိတ္လိုက္ၿပီး
"ငါ သူ႕ကို အလြတ္ေပးမွာ မဟုတ္ဘူး"
လင္းမန္က စုလင္းေနာက္ကေန စာသင္ခန္းကို ျပန္လိုက္လာခဲ့ၿပီး စုလင္း ဖတ္စာအုပ္ေတြကို အာ႐ုံစိုက္ဖတ္ေနတာက္ု ေတြ႕လိုက္ရသည္။ သူက လႊတ္ခနဲ ေရ႐ြတ္လာသည္။
"ငါ မင္း ေက်ာင္းခ်ီကို ေျခာက္ဖို႔ပဲ ေျပာခဲ့တာလို႔ ထင္ေနတာ။ တကယ္ စာျပန္လာလုပ္မယ္လို႔ ထင္မထားဘူး!"
စုလင္း: "အဲ့ဒါက အေၾကာင္းအရင္းႏွစ္ခုလုံးပဲေလ။"
လင္းမန္ ေမးေစ့ကို ကိုင္ၿပီး
"မင္းက အရမ္းေပ်ာ္ဖို႔ေကာင္းတာပဲ။ အရင္ကနဲ႔မတူဘူး။ အရင္ကဆို အတန္းထဲမွာ အတူတူထိုင္ေနတာေတာင္ ၂ရက္လုံးလုံး မင္းစကားေျပာတာကို မၾကားဖူးဘူး"
စိတ္ဝိညာဥ္အပင္သ႐ုပ္ေဖာ္ပုံစာအုပ္ကို ဖတ္ရင္းစုလင္းက ေခ်ာေမာစြာ ျပန္ေျပာသည္။
"ေနာက္ဆုံးေတာ့ ငါ အ႐ြယ္ေရာက္လာၿပီေလ"
လင္းမန္က မရယ္ဘဲမေနႏိုင္ေတာ့ေခ်။
"ငါလည္း မေန႔ကပဲ အ႐ြယ္ေရာက္လာတာ"
…
ေက်ာင္းဆင္းၿပီးေနာက္ ေန႔လည္တြင္ စုလင္းက ေက်ာင္းေ႐ွ႕မွာ ခဏ ရပ္လိုက္သည္။ ထို႔ေနာက္ သူ ကုလီဟန္ရဲ႕နံပါတ္ကို ျပတ္ျပတ္သားသားပင္ ေခၚလိုက္သည္။ တစ္ဖက္က ကိုင္လိုက္တာနဲ႔ သူက ခ်က္ခ်င္းတန္းေမးလိုက္သည္။
"ဥကၠ႒ကု ခင္ဗ်ား ျပန္ေရာက္ၿပီလား?"
ကုလီဟန္သည္ စီးပြားေရးကိစၥအခ်ိဳ႕ေဆြးေႏြးရန္ Planet Klai သို႔သြားခဲ့ေသာေၾကာင့္ ၿမိဳ႕ေတာ္မွာ မ႐ွိတာ ရက္အနည္းငယ္ပင္ ႐ွိေခ်ၿပီ။ စုလင္း ကုလီဟန္နဲ႔ မေတြ႕ရတာ ရက္ေတာ္ေတာ္ၾကာေနၿပီ ျဖစ္သည္။ အရင္တုန္းက ကုလီဟန္နဲ႔ ဆက္ဆံေျပာဆိုတဲ့အခါ စုလင္း ဘာမွ အထူးတလည္ မစဥ္းစားခဲ့မိေပမယ့္ ကုလီဟန္က သူ႕ရဲ႕နတ္ဘုရားမွန္း သိလိုက္ရခ်ိန္ကစၿပီး ကုလီဟန္ကို အၿမဲတမ္းေတြ႕ခ်င္စိတ္က ထိန္းမရခဲ့ေပ။ အတန္းခ်ိန္တစ္ရက္ကို သူခံန္ိဳင္ရည္႐ွိေပမယ့္ ကုလီဟန္ကို မေတြ႕ရတာကိုေတာ့ သူခံႏိုင္ရည္မ႐ွိေတာ့ေပ။
ကုလီဟန္: "အင္း။ ဘာကိစၥလဲ"
စုလင္း: "အာာ ဟုတ္ ဟိုေလ ေက်းဇူးျပဳၿပီး ကြၽန္ေတာ္႕ကို ေခၚဖို႔ ကားဆရာ လႊတ္ေပးလို႔ရမလားခင္ဗ်။ ကြၽန္ေတာ္ အခု Villa ကို သြားခ်င္လို႔"
"မင္း ကိုယ့္ကို မေျပာဘဲ ကားဆရာကို တိုက္႐ိုက္ဆက္သြယ္လို႔ရတယ္။"
ဒီရက္ပိုင္းေတြမွာ စုလင္း Villaကို သြားခ်င္တဲ့အခ်ိန္တိုင္း ကုလီဟန္ကို မဆက္သြယ္ဘဲ ကားဆရာကိုပဲ ဆက္သြယ္ခဲ့တာျဖစ္သည္။ စုလင္း ႏႈတ္ခမ္းေထာင့္စြန္းေလးမ်ား ေကာ့တက္သြားၿပီး
"ဟုတ္။ အခုကေလ အရင္လို မနက္ခင္း မဟုတ္ေတာ့ေလ အဲ့ဒါေၾကာင့္ ခင္ဗ်ားကို အရင္ ေမးတာေကာင္းမယ္ထင္လို႔"
စုလင္းက ကုလီဟန္ ျပန္ေရာက္ၿပီလားဆိုတာ ေသခ်ာေအာင္ လုပ္ခဲ့႐ုံသာျဖစ္သည္။
"ကိစၥ မ႐ွိပါဘူး။ ကိုယ္တို႔စာခ်ဳပ္အရ မင္း စိတ္ဝိညာဥ္အပင္ေတြကို အခ်ိန္မေ႐ြး လာၾကည့္ႏိုင္ပါတယ္"
စုလင္း: "ဟုတ္။ ေနာက္တစ္ခါဆို ကြၽန္ေတာ္ မွတ္ထားလိုက္မယ္"
စုလင္း ကားဆရာ သူ႕ကို လာႀကိဳသည္ထိ မေစာင့္ေတာ့ေပ။ သူ Villa ဧရိယာအထိ Taxi စီးသြားခဲ့ၿပီး ဂိတ္ေရာက္မွ ကုမိသားစုရဲ႕ကားကို ေျပာင္းစီးခဲ့တာေၾကာင့္ မိနစ္၂၀ ၾကာေတာ့ Villaကိုေရာက္လာခဲ့သည္။ သူေရာက္တဲ့အခ်ိန္က ညစာစားခ်ိန္ ျဖစ္သည္။ ကုလီဟန္သည္ အေပၚပိုင္းတြင္ မီးခိုးျပာေရာင္႐ွပ္ကို ဝတ္ထားခဲ့ၿပီး ပုံမွန္ျမင္ေနက်အဝတ္အစားေတြထက္ သက္ေတာင့္သက္သာ႐ွိေသာ ဝတ္စားပုံျဖစ္ေသာ္လည္း ႐ွပ္အက်ႌရဲ႕ၾကယ္သီးကို အလုံးေစ့ တပ္ထားခဲ့သည္။
စုလင္းကို ျမင္လိုက္ေတာ့ ကုလီဟန္ရဲ႕ မ်က္ဝန္းမ်ားတြင္ အံ့ၾသသင့္မႈ အရိပ္အေယာင္ တစ္ခ်ိဳ႕ လွစ္ခနဲ ျဖတ္ေျပးသြားသည္။ ဒါက စုလင္းရဲ႕ ဆံပင္ပုံစံအသစ္ကို သူအခုမွ ပထမဆုံး ျမင္ဖူးျခင္းျဖစ္သည္။
စုလင္းသည္ ကုလီဟန္ကို ေတြ႕ခ်င္ခဲ့႐ုံသာျဖစ္ၿပီး အခ်ိန္ကို မေတြးလိုက္မိေပ။ အဲ့ဒါေၾကာင့္ ယခုမူ သူအနည္းငယ္ အိုးတို႔အမ္းတန္း ျဖစ္ေနရသည္။ အဘယ္ေၾကာင့္ဆိုေသာ္ သူက ညစာစားဖို႔ ေရာက္လာသလို ျဖစ္ေနခဲ့လို႔ပင္။
ကုလီဟန္: " မင္း မစားရေသးဘူးမလား? စားၿပီးမွပဲ စိတ္ဝိညာဥ္အပင္ေတြကို သြားၾကည့္ေလ။"
ကုလီဟန္ရဲ႕ ပုံမွန္အမူအရာကိုၾကည့္ၿပီး စုလင္းစိတ္ထဲက ႐ွက္႐ြံ႕မႈေတြ ႐ုတ္ခ်ည္း ေပ်ာက္ကြယ္သြားသည္။ အနည္းဆုံးေတာ့ တစ္ဖက္လူက သူ႐ုတ္တရက္ေရာက္လာတာကို မႀကိဳက္တာမ်ိဳး မ႐ွိေပ။
ညစာစားေနၾကစဥ္ အေတာအတြင္း စုလင္း ကုလီဟန္ကို အခါအားေလ်ာ္စြာပဲ ခိုးခိုးၾကည့္သည္။ ၾကည့္ရင္း ဝတၳဳထဲမွာ ေပၚလာတတ္တဲ့ ကုလီဟန္နဲ႔ တြဲျမင္ၿပီး စုလင္း စိတ္လႈပ္႐ွားလာရသည္။
ညစာစားၿပီးတဲ့ေနာက္မွာ ကုလီဟန္က စုလင္းကိုၾကည့္ၿပီးေမးလာသည္။
"မင္း ကိုယ့္ကို ဘာလို႔ ဆက္တိုက္ၾကည့္ေနတာလဲ?"
ကုလီဟန္ဆီမွာ ဒီလိုတဲ့တိုးေမးခြန္းေတြ စုလင္းအေမးခံရတာ ဒါပထမဆုံးမဟုတ္ေတာ့ေပ။ သို႔ေသာ္လည္း သူကို အနည္းငယ္ေတာ့ အံ့ၾသသင့္ေစစၿမဲပင္။ တစ္ဖက္လူက အဲ့လိုမရည္႐ြယ္တာ ေသခ်ာေပမဲ့လည္း ခုလိုအရမ္းႀကီး တဲ့တိုးဆန္တာက သူ႕ကို ကလူေနသလို စုလင္း ခံစားရသည္။
စုလင္းရဲ႕ အေတြးထဲမွာေတာ့ ခင္ဗ်ားက အရမ္းေခ်ာေနလို႔ ဟုေအာ္ဟစ္ေနေပမယ့္ သူအဲ့ဒီလိုေတာ့ ျပန္မေျဖလိုက္ပါေခ်။ သူ ကုလီဟန္ နဲ႔ အၾကည့္ခ်င္းဆုံၿပီး ေျပာလိုက္သည္။
"ကြၽန္ေတာ္ ေတာင္းဆိုစရာ႐ွိတယ္။ ဒါေပမဲ့ ခင္ဗ်ားက ျငင္းလိုက္ၿပီး ေၾကာင္ေတာင္ေတာင္ႏိုင္တယ္ထင္သြားမွာကို နည္းနည္းေၾကာက္ေနလို႔။ အဲ့ဒါေၾကာင့္ ခင္ဗ်ားကို ဆက္တိုက္ ၾကည့္မိေနတာ"
ကုလီဟန္ရဲ႕ အမူအရာက မေျပာင္းလဲပဲ
"ဘာေတာင္းဆိုခ်င္တာလဲ?"
စုလင္း သူVillaကိုလာတဲ့လမ္းကတည္းက စဥ္းစားထားတာကို ေျပာလိုက္သည္။
"ကြၽန္ေတာ္ ဒီVillaမွာ ေနခ်င္လို႔"
ကုလီဟန္ မ်က္လုံးမ်ားကို ပင့္တင္လိုက္သည္။ သူ႕မ်က္လုံးမ်ားတြင္ သံသယမ်ားျဖင့္ျပည့္ေနခဲ့သည္။
စုလင္း ကုလီဟန္ ျငင္းလာသည္အထိ မေစာင့္ဘဲ သူ႕အေၾကာင္းျပခ်က္ ျမန္ျမန္ ေျပာျပလိုက္သည္။
"ကြၽန္ေတာ္ ၿပီးခဲ့တဲ့ ရက္ေတြတုန္းက ေဆးခြင့္ယူထားတာ အဲ့ဒါေၾကာင့္ Villaကို လာၿပီး ကုန္ၾကမ္းစုတာကို ကူညီေပးဖို႔ အဆင္ေျပေပမယ့္ အခုက် ကြၽန္ေတာ္ ေက်ာင္းစတက္ေနရၿပီ။ Villaကို လာၿပီးမွ ေက်ာင္းသြားရတာဆိုေတာ့ မနက္တိုင္း အခ်ိန္က အရမ္းၾကပ္ေနလို႔"
ကုလီဟန္ရဲ႕ အမူအရာက ပုံမွန္ျပန္တည္ၿငိမ္သြားၿပီး ေခါင္းၿငိမ့္ကာ
"ဒါ ကိုယ့္ရဲ႕ေပါ့ဆမႈပါ။ ကိုယ္ မင္းအတြက္ အခန္းတစ္ခန္း စီစဥ္ ခိုင္းလိုက္မယ္"
စုလင္း မ်က္လုံးေလးမ်ား က်ဥ္းေျမာင္းသြားသည္အထိ ျပဳံးျပလိုက္ၿပီး
"ေက်းဇူးတင္ပါတယ္။ ခင္ဗ်ားကို ဒုကၡေပးမိၿပီ"
ကုလီဟန္: မင္းက ကိုယ့္ကို ကူညီဖို႔ ေရာက္ေနတာေလ။ ကိုယ္ကသာ မင္းကို ဒုကၡေပးမိသူပါ။
စုလင္းရဲ႕မ်က္ဝန္းေလးမ်ားက အနည္းငယ္ေကြးၫႊတ္ေနၿပီး ေတာက္ပေနသည္။ သူ စိတ္အေျခအေနေကာင္းေနပုံရသည္။ သူ႕ အေၾကာင္းျပခ်က္ကို ၾကားရင္ ကုလီဟန္ ျငင္းမွာ မဟုတ္ဘူးဆိုတာ သူ အရင္ကတည္းက ေမွ်ာ္လင့္ထားၿပီးသားေပမယ့္ တကယ္တမ္း လက္ခံေၾကာင္း ၾကားလိုက္ရေတာ့လည္း ေပ်ာ္ရျပန္သည္။
ကုလီဟန္ စုလင္းကို ခဏမွ် စိုက္ၾကည့္လာၿပီးမွ အၾကည့္လႊဲသြားသည္။
"မင္း ဒီေန႔ည 'စ' ေနမလား?"
စုလင္း ေခါင္းခါလိုက္ၿပီး
"မနက္ျဖန္မွပဲ 'စ' ေနေတာ့မယ္။ ကြၽန္ေတာ္ အဝတ္အစားေတြလည္း မယူခဲ့ရဘူး။ ေလးေလးနာလူးကိုလည္း အသိေပးရဦးမယ္"
အဲဒီညမွာ သူမ်ားေတြ လိုက္တာခံရဖူးေပမယ့္ဘယ္သူ႕ကိုမွ မလိုက္ဖူးတဲ့ စုလင္းက စိတ္ပိုင္းဆိုင္ရာပံ့ပိုးမႈဖိုရမ္မွာ တင္လိုက္သည္။
[TS/ေရခဲမုန္႔ေလး]: "Alphaတစ္ေယာက္ ငါ့ကိုလက္ထပ္ဖို႔ ကတိေပးလာေအာင္ ဘယ္လိုလုပ္ရမလဲ?"
[ခ်စ္မိေနတဲ့ ျမက္ပင္ငယ္]:ပထမဆုံးအေနနဲ႔ မင္းရဲ႕လိင္အမ်ိဳးအစားက ဘာလဲ။
[မိမိုက္သူႀကီး]: Betaပဲ ျဖစ္ရမယ္၊ Omega က ဘယ္လိုလုပ္ ဒီလိုပူပန္မႈမ်ိဳး ႐ွိပါ့မလဲ?။
[လမ္းမေဘးက ျမက္ပင္႐ိုင္း] - သူ မင္းကိုႀကိဳက္လာဖို႔ နည္းလမ္း႐ွာပါ။ စိတ္ဝိညာဥ္ပင္အမႈန္႔ေတြ အၿမဲ႐ွိပါတယ္။ Alpha ျဖစ္တာနဲ႔ Omega ကိုပဲ လက္ထပ္ဖို႔မွ မလိုတာ
[TS/ေရခဲမုန္႔ေလး]: ငါက အိုမီဂါတစ္ေယာက္ပါ။
[ခ်စ္မိေနတဲ့ ျမက္ပင္ငယ္]: ဒါ Prank လုပ္ေနတာေတာ့ မဟုတ္ပါဘူးေနာ္? Alpha က လက္မထပ္မွာ စိုးရိမ္ေနရတဲ့ Omega ႐ွိတယ္ေပါ့? မင္းႀကိဳက္ေနတဲ့သူ လူႀကိဳက္မ်ားတဲ့ နတ္ဘုရားလား? ဒါမွမဟုတ္ သူ႕မွာ ႀကိဳက္တဲ့သူ႐ွိေနတာလား?
[လမ္းမေဘးက ျမက္ပင္႐ိုင္း] - သူ႕ကိုဆြဲေဆာင္ပါ။ သူက မင္းစြဲလမ္းေနေအာင္ လုပ္ပစ္လိုက္
[မိမိုက္ေနသူႀကီး]: ဤပို႔စ္ကိုၾကည့္ရန္ TS (ပို႔စ္ စတင္တဲ့သူ) ကိုအၾကံျပဳပါသည္။
#Alphaတစ္ေယာက္ရဲ႕ႏွလုံးသားကိုOmegaတစ္ေယာက္မည္သို႔အပိုင္သိမ္းႏိုင္မည္နည္း
စုလင္း ေပးလာတဲ့ Link ကိုႏွိပ္လိုက္သည္ႏွင့္ Alphaအားေက်နပ္ေစႏိုင္မည့္နည္းလမ္း၁၀၀ကို ေဖာ္ျပထားသည့္ စာရင္းတစ္ခုကို ေတြ႕လိုက္ရသည္။ စုလင္း စာရင္းကို အေပၚမွ ေအာက္သို႔ၾကည့္ရင္း သူ႕လက္ကိုေျမႇာက္ၿပီး လည္ပင္း အေနာက္ကို ထိၾကည့္လိုက္သည္။
သူရဲ႕ 'Pheromoneမူမမွန္တဲ့' ျပႆနာက တစ္ခ်ိဳ႕အေျခအေနေတြအတြက္ အခက္အခဲမ်ား႐ွိသည္။ သူ ေမးေစ့ကိုလက္တစ္ဖက္ႏွင့္ေထာက္၍ ခဏစဥ္းစားလိုက္ၿပီး သူ တစ္ဆင့္ခ်င္းပဲ သြားဖို႔ဆုံးျဖတ္လိုက္သည္။
နာလူး စုလင္းရဲ႕ဖန္သားျပင္ကို တစ္ခ်က္ ၾကည့္လိုက္ၿပီး သူ႕ကို ေသာက္စရာ တစ္ခြက္ေပးလိုက္သည္။ ထို႔ေနာက္ သူက ႐ုတ္တရက္ ေမးလာသည္။
"မင္း ဘာလို႔ ဒီလိုအဝတ္ေတြကို ၾကည့္ေနတာလဲ?"
စုလင္း သူၾကည့္ေနတဲ့ အတြင္းခံေတြျပထားတဲ့ မ်က္ႏွာျပင္ကို ခ်က္ခ်င္းပိတ္လိုက္ၿပီး အနည္းငယ္ ညီးညဴစြာျဖင့္
"ကြၽန္ေတာ္ ညအိပ္ဝတ္စုံဝယ္ခ်င္တာ ဒါေပမယ့္ အဲ့ဒါကို မေတာ္တဆ ႏွိပ္မိသြားတာ"
နာလူးက မေက်မနပ္ျဖင့္
"Weblinkေတြက စိတ္ကိုမခ်ရဘူး။ သူတို႔ကအတြင္းခံကိုေတာင္ ညအိပ္ဝတ္စုံအမ်ိဳးအစားထဲမွာ ထည့္ၿပီး ေထာက္ခံခ်က္ေပးထားေသးတယ္။ ထို႔ေနာက္ သူက ၫႊန္ၾကားလာသည္။
"မင္း ေ႐ွ႕ေလ်ာက္ ဥကၠ႒ကု အိမ္မွာ သြားေနရင္ အျမင္ေတာ္တဲ့ ညအိပ္ဝတ္စုံေတြ ဝတ္ေနာ္။ ဘယ္လိုပဲ သူက ယုံၾကည္ရတဲ့သူျဖစ္ဦးေတာ့ အဆုံးမွာ သူက Alpha၊မင္းက Omegaတစ္ေယာက္ပဲ"
စုလင္းက ေခါင္းၿငိမ့္လိုက္ၿပီး
"ဟုတ္ပါ။ ကြၽန္ေတာ္ သိပါတယ္"
ထို႔ေနာက္ သူ႕ဘာသာသူ စဥ္းစားမိသည္။
အကယ္၍မ်ား သူသာ ဥကၠ႒ကုရဲ႕ မယုံၾကည္ထိုက္တဲ့ပုံကိုမ်ား ျမင္ႏိုင္မယ္ဆိုရင္...
(T/N-ေအး ဒီကေလး နင္ေမွာင္ေနလိုက္)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue's note
Jueေျပာခ်င္တာေလး႐ွိလို႔ပါ။ ဒီမွာကြာ
"ေ႐ွာင္း႐ြီ"ကေလ အသံထြက္က "ယြီ" လိုမ်ိဳးကိုမွ "ရ (R)" သံနဲ႔ထြက္မွာေနာ္ "႐ႊီ" မဟုတ္သလို "႐ြိ" လည္းမဟုတ္ဘူးေနာ္။
အိုမီဂါ ေရခဲပန္းေလးထဲမွာပါတဲ့ "ထ်န္း႐ြိ"ကလည္း တကယ္က "ထ်န္း႐ြီ" ပါ။ "႐ႊီ" သံျဖစ္မွာစိုးလို႔ "႐ြိ" နဲ႔ ေရးလိုက္ရတာ။ ေသြ႕ပုခ်ိ😿
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue Freesia🦋