Unicode
မနက်မိုးမလင်းမှီကတည်းက စော်အော့ကသူတို့ကို နိုးနေပြီ အကြောင်းက ဒီနေ့စော်အော့က မူကြိုကိုစပို့မယ့်နေ့ တစ်နည်းပြောရမယ်ဆိုရင် ပထမရက်ပေါ့။မနေ့ညကလည်း သူ့အခန်းမာမအိပ်ပဲ ဒယ်ဒီနဲ့ပါပါး မေ့နေမာစိုးလို့ဆိုပြီး သူတို့အခန်းမာလာအိပ်တာ။ မောင့်က အလုပ်ပင်ပန်းနေတာမို့ အိပ်ပါစေဆိုပြီးလည်း မရ။ ဒယ်ဒီရောပါပါးရော အတူထရမယ်ဆိုပြီး မထမချင်းထိုင်ငိုနေတာလေ။
နောက်ဆုံးတော့လည်း မောင့်ကိုပါရှောင်ကျန်းခေါ်နိုးနေရသည်။ တက်ကြွနေတဲ့သားကို ကြည့်ပြီး ရှောင်ကျန်းရောရိပေါ်ပါ ကြည်နူးမှု့တွေမဆုံး။ တစ်စက်တည်းလည်းဝမ်းနည်းပြန်သည် ယောက်ျားလေးနှစ်ယောက် မွေးတဲ့ကလေးမို့ မားအကြောင့်မေးပြီး သားစိတ်ထိခိုက်သွားမာလည်း ကြောက်ရသည်။
တစ်နေ့မဟုတ်တစ်နေ့ကြုံတွေ့ရမာ သိပေမယ့် သားကအရမ်းငယ်သေးတယ်လို့ ရှောင်ကျန်းထင်တယ်။
သားကိုကြည့်ပြီး အတွေးလွန်နေတဲ့ကိုကိုက ဝမ်းနည်းစရာတွေ စဉ်းစားနေပြန်ပြီထင်တယ်။ မျက်နှာညိုးစွာနဲ့ ကိုကိုကြည့်ပြီး ရိပေါ်လည်းစိတ်မကောင်းဘူး ။
အဲ့ကိစ္စနဲ့ သားနားလည်နိူင်ပါစေလို့ပဲ ရိပေါ်မျော်လင့်ပါတယ်။ အခုနဲ့တင် ကိုကိုကပင်ပန်းနေပြီလေ အဲ့ကိစ္စနဲ့လည်း ကိုကို့ ကိုထပ်ပြီးစိတ်ညစ်စေရမာမျိုး ရိပေါ်လုံးဝအဖြစ်မခံနိူင်ဘူး။ အကယ်၍ ကြုံတွေ့လာခဲ့ရင်လည်း သူကိုယ်တိုင်ပဲ ဖြေရှင်းမာ။ ကိုကိုဆိုတဲ့လူသားလေးက အပျော်နဲ့ထိုက်တန်တဲ့သူပါ။
"ပါပါး သားနောက်ကျတော့မာပဲ..."
"ကိုကို သွားရအောင်လေ"
"အမ် အင်းအင်း ပြီးပြီလာ....ပါပါးတို့သွားရအောင်"
အတွေးလွန်နေတာနဲ့ သားကိုကျောင်းလိုက်ပို့ရမာတောင် မေ့နေတာ။ ကားပေါ်ရောက်တော့ ရှောင်ကျန်းတို့က စကားစပြီလေ။
"သားစော်အော့ ကျောင်းမာလိမ်လိမ်မာမာနေရမယ်နော် အရမ်းလည်းမဆော့နဲ့ ရန်မဖြစ်ရဘူးကြားလား"
ရိပေါ်က ရှေ့မာကားမောင်းနေတာ ရှောင်ကျန်းကနောက်မာ သားနဲ့အတူထိုင်ပြီး သားကိုအမာစကားတွေ ပြောလိုက်သည်။
"အင်းပါ ပါပါးကလည်း ဒါပဲပြောနေတာ"
သားစကားကြောင့် ရိပေါ်ပြုံးနေလိုက်သည်။သားပြောလည်း ပြောချင်စရာပဲ ကိုကိုက လာနေတဲ့တစ်လမ်းလုံး ဒါချည်းပဲပြောနေတာ။
"အင်းပါ ပါပါးက သားမေ့နေမာစိုးလို့ပါ"
"ကိုကို ရောက်ပြီ"
"အာ ရောက်နေပြီလား "
သားကိုပဲကြည့်လာတာမို့ ကျောင်းရောက်မှန်းတောင် ရှောင်ကျန်းမသိလိုက်ဘူး။
"လာ ပါပါးချီမယ်"
"မချီနဲ့ စော်အော့လူကြီးဖြစ်ပြီ စော်အော့ကိုယ်တိုင်ဆင်းလို့ တတ်ပြီ"
အခုမမူကြိုစသွားတဲ့ စော်အော့လေးက ဒီနေ့မာပဲလူကြီးဖြစ်ပြီတဲ့လေ။ ပါးဖောင်းဖောင်းလေးနဲ့ ကျောပိုးအိတ်လွယ်ပြီး သွားနေတဲ့ စော်အော့က အရမ်းချစ်ဖို့ကောင်းနေတာ။
အချီမခံတဲ့သားကို ရိပေါ်နဲ့ရှောင်ကျန်း အလယ်မာ ခပ်ချေချေလေး သွားနေသတဲ့။
လုံးတုံးတုံးလေးနဲ့ စော်အော့ပုံစံက သူ့ကိုယ်သူ လူကြီးတဲ့ ရိပေါ်နဲ့ရှောင်ကျန်းမျက်စိထဲမာတော့ ချစ်စရာဝက်ပေါက်စလေးဖြစ်နေရော။
ကျောင်းကို ဝင်လာတဲ့လမ်းမာ ကလေးတွေရောတစ်ချို့မိဘပါ ချစ်စရာကောင်းလိုက်တာဆိုပြီး ပြောတာကြားလိုက်သေး။ ဆရာမဆီရောက်တော့ သူတို့က" နီးဟဝ်လောင်ရှီး" လို့ပြောတာကို စော်အော့လေးက ခါးလေးကိုင်းပြီး ခေါင်းငုတ်ရင်းနဲ့ "နင်းဟဝ်လောင်ရှီး"လိုက်နှုတ်ဆက်သေး။
ရှောင်ကျန်းပြောသားပဲ စော်အော့လေးက သင်ပေးသမျှတွေ အကုန်တတ်တယ်လို့။
ဆရာမတွေအားလုံးက သိတတ်လိုက်တာ၊ လိမ္မာလိုက်တာဆိုပြီး ဆရာမအားလုံးက အသဲတယားယား။ တော်သေးတယ် ဆရာမတွေက စော်အော့ဒီကျောင်းကို မလာခင် ရိပေါ်က သူတို့အကြောင်း ပြောပြပြီးသားမို့ ဆရာမတွေက မားအကြောင်း မမေး။ အကယ်၍ထုတ်မေးရင်လည်း ရိပေါ်က သူတို့အားနည်းချက်ကို ထုတ်ပြမာမို့ သူတို့လည်းကြောက်တယ်ထင်ပါ့။
အားလုံးက ချစ်ကြတာကိုမြင်တော့ ရှောင်ကျန်းစိုးရိမ်စိတ်က နည်းနည်းတော့လျော့သွားတယ်။
သူတို့လည်း ဆရာမဆီကို အပ်ပြီး သားရဲ့ပါးကို တစ်ဖက်ဆီနမ်းလိုက်သည်။
"စော်အော့ လိမ်လိမ်မာမာနေနော် ပါပါးနဲ့ဒယ်ဒီ ညနေမှလာကြိုမယ်"
"ဟုတ် ပါပါး စော်အော့ ဒယ်ဒီနဲ့ပါပါးကို အဘွားပေးဦးမယ်"
စော်အော့စကားကြောင့် ရိပေါ်ပါထိုင်ချလိုက်ပြီး သားနမ်းဖို့ပါးထိုးပေးလိုက်သည်။ စော်အော့လေးက ညအိပ်ယာမဝင်ခင်ရော မနက်အိပ်ယာထရော ရိပေါ်အလုပ်သွားနေတာရော လုပ်နေကျ အကျင့်လေးတစ်ခု။
"မွ မွ မွ မွ ညကျရင်စော်အော့ကို စောစောလာမခေါ်နဲ့နော် ဒယ်ဒီနဲ့ပါပါး ပြန်တော့စော်အော့ သွားဆော့တော့မယ် "
"အမ်" ကလေးတွေအများစုက သူ့မိဘပြန်တာကို ငိုယိုပြီး မပြန်နဲ့လို့ပဲ ပြောကြတာပဲ သူတို့တွေ့ဖူးတာလေ။
အခုစော်အော့မာက အထူးအဆန်း စော်အော့စကားကြောင့် သူရောမောင်ပါ မျက်လုံးပြူးကုန်သည်။
သားကိုဆရာမနဲ့ ထားခဲ့ဖို့ခက်မယ်ထင်တာ။အခုတော့ သူရောကိုကို ကိုပါပြန်ခိုင်းလိုက်တာတဲ့လေ။နောက်ပြီး ညကျစောစောမလာခေါ်နဲ့ ပြောသေးတယ်။ အံ့ဩပေမယ့် တစ်မျိုးလည်းကောင်းပါတယ် အဲ့တာမှကိုကိုလည်း ဝမ်းမနည်းမာလေ။
သူတို့ပါးကိုနမ်းပြီး တစ်ခြားကလေးငယ်တွေနဲ့ စော်အော့လေးကို မြင်မှသူတို့လည်း ကျောင်းကနေထွက်လာခဲ့သည်။
"မောင် သားက ကိုကိုတို့ကိုမတွေ့တော့ ငိုနေမလားဟင်"
သားကပြန်ခိုင်းနေတာတောင် စိတ်မချသေးတဲ့ ကိုကိုက ခနခနပြန်လည့်ကြည့်ပြီး သူ့ကိုမေးလာသည်။
"သားက ပျော်ပါတယ်ကိုကိုရာ စောနကတွေ့တယ်မလား မောင်တို့ကိုတောင်ပြန်ခိုင်းလိုက်တာလေ"
"အဲ့တာလည်း ဟုတ်သားပဲနော်မောင် "
"အင်းပေါ့ သားကိုစိတ်မပူနဲ့ တစ်ခုခုဆိုဖုန်းဆက်ဖို့ ဆရာမကိုပြောပြီးသား "
"အွန်း ဒါနဲ့မောင်အလုပ်တန်းသွားမလား ကိုကိုကားငှားပြီးပဲ အိမ်ပြန်ခဲ့မယ်လေ"
"ဟင့်အင့်မရဘူး မောင်လိုက်ပို့မာပေါ့ ဒီနေ့ကသားလည်းမရှိတော့ မောင်လည်းအလုပ်မသွားတော့ဘူးလေ"
"သားမရှိတာနဲ့ ဘာဆိုင်လို့လဲ။မောင့်အကြံကို သိတယ်နော်"
"သိရင်လည်း မောင့်အကြံကို မဖြည့်ဆည်းပေးချင်ဘူးလား"
"....."
"ကိုကိုကလည်း မောင်ကချစ်တာကို"
ကားမမောင်းသေးပဲ သူ့ကိုပဲကြည့်ပြီး ချွဲနေတဲ့မောင်ကြောင့် ရှောင်ကျန်းအချစ်ပိုရပြန်သည်။
"ကားကိုသေချာမောင်း "
သူမေးတာကို မဖြေပဲ ပြုံးစိပြုံးစိနဲ့ ကားကိုသေချာမောင်းခိုင်တဲ့ကိုကိုက တကယ်ပဲအိမ်ကိုမောင်းစေချင်တာလား။ ဒါမျိုးကရိပေါ်တို့ နှစ်ခါမပြောရဘူးလေ🤣
အဲ့နေ့မာတော့ ceoဝမ်လေးက အနောက်တိုင်းဝတ်စုံနဲ့ companyကို မရောက်ပဲ အိမ်ကိုပြန်လာပြီး သူ့ကိုကို ကိုတစ်ချီပြီးတစ်ချီ ချစ်နေလိုက်သည်။ စော်အော့ကို မူကြိုသွားကြိုတဲ့ ပထမဆုံးရက်လေးကတော့ ပါးစပ်လေးဖြီးပြီး ပျော်နေတဲ့ဒယ်ဒီလေးလည်းရှိသလို ထော့ခနဲ့ ထော့ခနဲ့ နဲ့သွားနေတဲ့ ပါပါးလည်း ရှိသတဲ့။
..........
ကလေးမွေးပြီးတဲ့နောက် ရီရှင်းက အရင်ကထက်ပိုပြီး ကလေးဆန်လာတယ်။တစ်ခါတစ်လေဆို သမီးရဲ့နို့မုန့်ကိုပါ စားတတ်သေး။ ကျန်းရီရှင်းကိုလည်း အမျိုးမျိုး အနိုင်ကျင့်တတ်သေးတယ်။
အလိုအနိူင်ကျင့်ခံရတိုင်းလည်း ကျန်းရီရှင်းက မညည်းညူပဲ ရီရှင်းအလိုအတိုင်းကို ပြုံးပြုံးလေးနဲ့ပဲ လုပ်ပေးတတ်သည်။
အရင်က ပြောခဲ့ဖူးသလို ရီရှင်းဖြစ်ချင်တာမှန်သမျှကို သူ့အချစ်နဲ့လိုက်ဖြည့်ဆည်းပေးမယ်ဆိုတာကို အပြောနဲ့မဟုတ်ပဲ လက်တွေ့ပြနေတဲ့ ကျန်းရီရှင်းရယ်ပါ။
အချစ်မာ တရားတာမတရားတာ မရှိဘူး ကျန်းရီရှင်းအတွက်တော့ ရီရှင်းပျော်ဖို့ ဘာမဆိုပေးဆပ်ရဲ့တဲ့သူပါ။
"ကိုကို ကိုကိုရေ"
"လာပြီဗျာ"
ကျန်းရီရှင်း အိမ်နောက်မာ သမီးအဝတ်ကို လှန်းနေတုန်း ရီရှင်းခေါ်သံကြားလို့ အိမ်ထဲ ပြေးဝင်လာတာဖြစ်သည်။
"ဒီမာ ကိုကိုသမီးလေ အီးပါပြန်ပြီ
အဲ့တာ ကိုကိုလုပ်ပေး"
ရီရှင်းက အဲလိုပဲ။သမီးအီးပါတာ ရှူးရှူးပါတဲ့အချိန်ဆို ကိုကိုသမီးဆိုပြီး ပြောတတ်သည်။
နှုတ်ခမ်းဆူရင်းနဲ့ သမီးကိုလက်ညိုးထိုးပြနေတဲ့ ရီရှင်းက သမီးနဲ့အပြိုင် အရမ်းချစ်ဖို့ကောင်းနေပြန်သည်။
"ကိုကို လုပ်ပေးဆို သမီးအဆင်မပြေဖြစ်မယ်"
ချစ်ဖို့ကောင်းလွန်းတဲ့ ကလေးအဖေကို အငေးလွန်ပြီး သမီကိုလဲပေးဖို့ မေ့နေတဲ့ကျန်းရီရှင်းရယ်ပါ။(အတော်ဖြစ်နေ🧐)
"ဖေ့ရဲ့သမီးလေးက အီးအီးပါတာလား"
"အွို..အွို...အွိုက်"
သူစကားပြောလိုက်တော့ သမီးပါ ပါးစပ်လေးဟပြီး တအွိုအွိုနဲ့ ကလေးဘာသာစကားတွေ ပြန်ပြောနေတာ။ သမီးရော မွေးပေးတဲ့သမီးအဖေရော ကျန်းရီရှင်းရဲ့ ချစ်မဝလေး။
သူလည်း သမီးကို ကလေးသေးခံ ဘောင်းဘီကို လဲပေးလိုက်သည်။
.......
ဘာလိုလို စော်အော့လေး မူကြိုသွားတာ တစ်လပြည့်နေပြီ။ စော်အော့လေးက အခုဆို သူငယ်ချင်းတွေတောင် ရှိနေပြီတဲ့။ KGကို စပိုတဲ့နေ့ကတည်းက ညအိမ်ပြန်ရောက်ပြီဆို ကျောင်းမာ ဖြစ်ပျက်ခဲ့တဲ့ သူ့ရဲ့တစ်နေ့တာအကြောင်းကို ဝမ်ရိပေါ်နဲ့ရှောင်ကျန်းကို နေ့တိုင်းပြန်ပြောပြသည်။(အလိမ္မာလေး)
ဉာဏ်ကောင်းပြီး ထက်မြက်နေတဲ့ သားကကြီးလာရင် ဆိုင်ကယ်မောင်းပြီး ဒယ်ဒီလိုအလုပ်လုပ်မယ်တဲ့။ ရှောင်ကျန်းကိုတော့ အိမ်မာပဲ နေခိုင်းမယ်တဲ့လေ။
ဝမ်ရိပေါ်သားလားလို့ မေးစရာစလိုလောက်အောင် ရှောင်ကျန်းအပေါ်ချစ်တဲ့ သူတို့အချစ်က တကယ်ကို ခိုင်လွန်းလှသည်။ တစ်ခါတစ်လေ ရှောင်ကျန်းက လျော့ချစ်ပေးပါလို့ တောင်းဆိုရလောက်အောင် သူတို့ပေးတဲ့အချစ်တွေက ကိုယ်နဲ့တောင်တန်ပါ့မလားလို့ စဉ်းစားယူရတဲ့အထိ တန်ခိုးကြီးလှလွန်းသည်။
မိဘရှေ့မာ အေးအတူပူအမျှ အတူခံစားလို့ ပြောပေမယ့် တကယ်တမ်း ရှောင်ကျန်းက အေးချမ်းခြင်းနဲ့ပျော်ရွှင်တာ ခံစားနေရသည်။
"ပါး "
"အာ သားကျန်း လာတာလား ဖုန်းလည်းကြိုမဆက်ဘူးနော်"
"အင်း သားကိုမူကြိုသွားပို့ရင်းနဲ့ ပါးကိုသတိရလို့ ဝင်လာတာ"
"မြေးလေးရော မူကြိုမာ ဆင်ပြေနေရဲ့လား ပါးကအလုပ်များနေတာ မြေးလေးမူကြိုသွားတာတောင် သွားမတွေ့လိုက်ရဘူး"
ရှောင်ပါးအဲ့လို ပြောလိုက်တော့ ရှောင်ကျန်းပါးကိုအားနာလာသည်။ တစ်ဦးတည်းရှိသော သားက ပါးကိုကူညီမယ့်အစား ယောက်ျားနောက်အတူလိုက်နေလိုက်တော့ ပါးကအရွယ်တောင် ရောက်နေပြီ အိမ်မာမနားရသေးပဲ အလုပ်ထဲမာပဲ အချိန်ကုန်ဆုံးနေရသည်။ အဲ့နောက် သူဆုံးဖြတ်ချက် တစ်ခုချလိုက်သည်။
စော်အော့လည်း မူကြိုပို့နေပြီမို့ သူပါးကိုပြန်ပြီး ကူညီတော့မယ်ပေါ့။
အစကပါးက သဘောမတူပေမယ့် သူလည်းအချိန်ရှိသလောက်တော့ လုပ်မာပါဆိုပြီးမှ ပါးလည်းနောက်ဆုံးသဘောတူလိုက်သည်။
အဲ့နောက် စော်အော့သွားကြိုဖို့ ပါးကိုနှုတ်ဆက်ပြီး ထွက်သွားလိုက်သည်။ companyရှေ့ရောက်တော့ မောင်ကားရပ်တာနဲ့ အတော်ပဲမို့ ရှောင်ကျန်းမောင်ရှိရာကားဆီကို ပြေးလာခဲ့သည်။
"ချော်လဲကုန်တော့မာပဲ ဖြေးဖြေးလာမှပေါ့ ကိုကိုရာ"
သူ့လက်လေး ဆန့်လိုက်တော့ သူ့ရင်ခွင်ထဲကို ပြေးဝင်နေလိုက်တာများ အနောက်မာကားမရှိရင် ရိပေါ်အောက်မာ လှဲကျလိမ့်မယ်။
"ကိုကိုက မောင့်ကိုလွမ်းနေလို့ပါ"
နှုတ်ခမ်းလေးဆူပြီး ပြောလာတဲ့ ရှောင်ကျန်းစကားကြောင့် ရိပေါ်အပြုံးလေးတွေ ဝေဆာလာရသည်။
"အိုက်ယားးးး ကိုကိုရာ ဘယ်လိုတွေတောင် ချွဲလိုက်တာလဲ မောင့်ကိုရူးသွားစေချင်တာလား ဗျာ"
"အင်း"
"အဆိုးလေးဗျာ"
"ဟိဟိ သားကို သွားကြိုရအောင်မောင် သားငိုနေလိမ့်မယ်"
သားလားငိုဖို့မပြောနဲ့ သူတို့လာတာနောက်ကျတာ ပိုတောင်ပျော်သေးမာ ဒါပေမယ့် သူအဲ့လိုပြောရင် ကိုကို့က ဝမ်းနည်းနေဦးမာမို့ ကိုကိုစကားအတိုင်း သားကိုသွားကြိုဖို့ ကျောင်းကိုမောင်းသွားလိုက်သည်။
..........
သူတို့ကျောင်းရောက်တော့ သူတို့မြင်ရတဲ့ မြင်ကွင်းကြောင့် ရိပေါ်ရောရှောင်ကျန်းရော နှစ်ယောက်စလုံး လန့်နေခဲ့သည်။
စော်အော့က ကျောင်းရှေ့မာတစ်ယောက်တည်းရှိပြီး မနက်ကယူလာတဲ့ သူ့စကိတ်ပေါ်မာ သူရဲ့နို့ဗူးကိုကိုင်ပြီး ထိုင်ငေးနေတဲ့စော်အော့က တစ်ခုခုကိုနာကျင်နေပုံ ကျောပိုးအိတ်ပါ လွယ်ထားသေးတာမို့ ရိပေါ်နဲ့ရှောင်ကျန်း အရမ်းစိုးရိမ်နေပြီ။
နှစ်ယောက်စလုံး စော်အော့ဆီကို ပြေးလာပြီး ရှောင်ကျန်းက စော်အော့ကို မချီလိုက်သည်။ သူတို့ကို မြင်တော့ စော်အော့က ထငိုလိုက်တာမို့ နှစ်ယောက်စလုံး အရမ်းစိတ်ပူနေပြီ။
"ပါပါး အီး အီး ပါပါး"
"အွန်း ပါပါးရှိတယ် မငိုနဲ့ မငိုနဲ့တော့နော် ပါပါးရှိတယ်"
ကိုကိုဘယ်လောက် ချော့ချော့အငိုမတိတ်တဲ့ သားကြောင့် ကိုကိုကပါ ငိုချင်လာပြီထင်တယ် မျက်လုံးအိမ်ထဲမာလည်း မျက်ရည်တွေအပြည့်နဲ့ ဒီမြင်ကွင်းကြောင့် ရိပေါ်ရင်ထဲ ဓားနဲ့ထိုးစိုက်ထားသလိုမျိုး အရမ်းနာကျင်ရတယ်။
နောက်ပြီး ကိုကိုနဲ့သားကို ကားပေါ်မာ သွားထိုင်စောင့်ခိုင်းပြီး သူကိုယ်တိုင် ဆရာမဆီသွားလိုက်သည်။
#########
ဘာဖြစ်တာလဲဆိုတာ နောက်တစ်ပိုင်းမ ဆက်ပေးမယ်နော်😳😳
Zawgyi
"ကိုကို သွားရအောင်လေ"
"ကိုကို ရောက်ပြီ"
"အာ ရောက်နေပြီလား "
"လာ ပါပါးချီမယ်"
"....."
"ကားကိုသေချာမောင်း "
အဲ့နေ့မာတော့ ceoဝမ်လေးက အနောက်တိုင်းဝတ်စုံနဲ့ companyမရောက်ပဲ အိမ်ကိုပြန်လာပြီး သူ့ကိုကို ကိုတစ်ချီပြီးတစ်ချီ ချစ်နေလိုက်သည်။ စော်အော့ကို မူကြိုသွားကြိုတဲ့ ပထမဆုံးရက်လေးကတော့ ပါးစပ်လေးဖြီးပြီး ပျော်နေတဲ့ဒယ်ဒီလေးလည်းရှိသလို ထော့ခနဲ့ ထော့ခနဲ့ နဲ့အရှက်သည်းနေတဲ့ ပါပါးလည်း ရှိသတဲ့။
..........
အလိုအနိုင်ကျင့်ခံရတိုင်းလည်း ကျန်းရီရှင်းက မညည်းညူပဲ ရီရှင်းအလိုအတိုင်းကို ပြုံးပြုံးလေးနဲ့ပဲ လုပ်ပေးတတ်သည်။
"ကိုကို ကိုကိုရေ"
"လာပြီဗျာ"
အဲ့တာ ကိုကိုလုပ်ပေး"
"အြို..အြို...အြိုက္"
.......
"ပါး "
"အင်း"
"အဆိုးလေးဗျာ"
..........
"ပါပါး အီး အီး ပါပါး"
#########