ASTILLBE (Completed)

By Hninhninlay1246

3.9M 265K 12.8K

Married Life ( Male Pregnant ) " ငါေမာင့္ကိုခ်စ္တယ္ ဒါေပမယ့္ ငါ့မွာလည္းသည္းခံႏိုင္တဲ့အတိုင္းအတာဆိုတာ႐ွိတယ္ မင... More

(ဇာတ္လမ္း မိတ္ဆက္ျခင္း)
Part (1)
Part (2)
Part (3)
Part (4)
Part (5) (ပထမဆံုးမဟုတ္ေသာ အနမ္း)
Part (6) ( ေမ့ေလ်ာ့ေနသည့္ တစ္ခုခု႐ွိေနတယ္ )
Part (7) ( ေမာင္က အႏိုင္က်င့္တယ္ )
Part (8) ( တည္ျမဲကမၻာက လံုးဝအေျဖာင့္!)
Part (9) ( ကလန္ကဆန္လုပ္ရင္ အတင္းအၾကပ္နမ္းပစ္မယ္)
Part (10) ( လိုအင္ဆနၵက စိတ္ကိုေလာင္ကြၽမ္းေစတယ္ )
10.5 ( Warning )
Part (11) (Even if I don't love you)
Part (12) ( You gonna run away from me )
Part (13) (The Future)
Part (14 ) ( ေမာင့္ကိုတစ္ခါတစ္ေလ စိတ္ပ်က္မိတယ္ )
Part (15) ( Taste of your lips )
15.5 ( Warning )
Part (16) ( Bullying Him )
Part (17) ( တည္ျမဲကမၻာက သဝန္တိုေနတာ )
Part (18) ( အခ်စ္ႏွင့္ ေျပာင္းလဲလာေသာ အေတြးမ်ား )
Part (19) ( မင္းဘာလို႔ ငါ့​ေရွ့မွာ မျပံဳးတာလဲ? !)
Part (20) ( ဘယ္သူ႔ကို မယံုၾကည္သင့္တာလဲ? )
Part (21) ( အလိုအပ္ဆံုးက မင္းကိုပဲ )
Part (22) ( ငါပိုင္တဲ့မင္းခနၱာကိုယ္ကို ဒဏ္ရာမရေစနဲ႔ )
Part (23) (Love Sick)
Part (24) (Can't help falling in love with you)
Part (25) ( မင္းကို အားမလိုအားမရျဖစ္လိုက္တာ !)
Part (26) ( ေမာင္နဲ႔အတူ႐ွိေနသမ်ွအခ်ိန္တိုင္းက ငါ့အတြက္နိဗၺာန္ပဲ)
Part (27) ( You wanna have a baby? )
Part (28) (ေၾကာင္ငပ်င္းေလးက ဝံပုေလြႀကီးကိုသဝန္တိုေနတယ္)
Part (29) ( The Truth Untold )
Part (31) ( Loving You )
Part (32) ( ကြၽန္ေတာ့္ကို ဘာေတြဖံုးကြယ္ထားၾကတာလဲ )
Part (33) ( အခုပဲ ေျကာင္ငပ်င္းေလး ႐ွိတဲ့ေနရာ လိုက္သြားေတာ့မယ္ )
Part (34) ( New York သို႔ေရာက္႐ွိျခင္း )
Part (35) (မင္းယံုၾကည္ေအာင္ ေမာင္ႀကိဳးစားပါ့မယ္)
Part (36) ( ေမာင့္ကို မိသားစုေလးတစ္ခု ေပးခ်င္ရံုတင္ပါ)
Part (37) ( ေမာင္က ထိန္းခ်ဳပ္ရခက္တဲ့လူ ၊ မင္းသူ႔ကိုမကိုင္တြယ္ႏိုင္ဘူး)
Part (38) (မင္းနဲ႔တူတဲ့ သားေလးေတြလိုခ်င္တယ္)
Part (39) ( အက်င့္စ႐ိုက္တူတဲ့လူတစ္ေယာက္ကို ဘယ္လိုတည့္ေအာင္ေပါင္းရမလဲ! )
Part (40) ( သားသာမေပ်ာ္ေတာ့ရင္ က်ဳပ္သားကိုျပန္ေခၚမယ္ )
Part (41) ( သူ႔ဗိုက္ထဲမွာ ပဲေစ့ေလးေတြ႐ွိေနၿပီ! )
Part (42) ( ဘာပဲျဖစ္လာလာ အတူရင္ဆိုင္ၾကမယ္ )
Part (43) (Adore You)
Part (44) ( C ၿမိဳ႕ေတာ္သို႔ သြားေရာက္ျခင္း )
Part (45) ( ပဲေစ့ေလးေတြကို ပိုခ်စ္သြားရင္ဘယ္လိုလုပ္မလဲ? )
Main Characters Explanation
Part (46) (ေၾကာင္ငပ်င္းေလးက အရက္ေသာက္တာကိုမႀကိဳက္ဘူးတဲ့)
Part (47) ( ၿခိမ္းေျခာက္စာမ်ား ဝင္ေရာက္ျခင္း )
Part (48) ( လက္စြပ္ထဲမွာ ေမာင့္အခ်စ္ေတြထည့္ထားတယ္ )
Part (49) ( ေမာင့္ကို သူတို္ေခၚသြားၾကတယ္!! )
Part (50) (ပဲေစ့ေလးေတြက ကျမင္းလြန္းေနတယ္)
Part (51) ( ပဲေစ့ေလးေတြ အပင္ေပါက္လာၿပီ!! )
Side Couple Special Part ( Warning )
Part (52) ( ပဲေစ့ႏွစ္ေစ့၏ အမူအက်င့္မ်ား )
Part (53) ( လ်ွိဳ႕ဝွက္ခ်က္မ်ား !! )
Part (54) ( Finding The Lost Heart )
Part (55) ( ​ေမာင္ အနံ႔ေပ်ာက္ေနၿပီ!! )
Part (56) (ေၾကာင္ငပ်င္းေလး ငိုေနၿပီ)
Part (57) ( Bossအမ်ိဳးသားက Bossကိုကေလးထိန္းခိုင္းတယ္!!)
I've got Hilarious Photos from Facebook
Part (58) (မိႈင္းကမၻာငယ္၏ First Kiss)
Part (59) ( Worship of Love )
Part (60) (ဇာတ္သိမ္းပိုင္း)
Extra (1) ( Little Flower in dad's belly )
Extra (2) ( သြားေလေရာ့ အခ်စ္ေဟာင္းေရ )
Extra (3) ( Bad Baby! )
Extra (4) ( ခ်စ္ျခင္းေမတၱာမ်ား ထာဝရႏုပ်ိဳမည္ )
Extra (5) ( Only One person in one life )
Extra (6) ( Boss = Babysitter )
Extra (7) ( Lovers )
Extra (8) ( မေမ်ွာ္လင့္ထားေသာ ကိစၥမ်ား! )
Extra (9) Final
About Season (2)
Book Announcement (1)
Facts About My Characters ( Must read!)
Facts About My Second Characters
Book Cover Announcements
Book Detail Announcements

Part (30) ( စီးပြားေရးသမားေတြက အက်ိဳးအျမတ္မရရင္ မစြန္႔စားဘူးကြ! )

50.8K 3.8K 48
By Hninhninlay1246

Zawgyi

ေဟမာန္စိုးတို႔ company၏ ႐ွယ္ယာသည္ တ႐ွိန္ထိုး တတ္လာသည္။ ေန႔ခ်င္းညခ်င္းပင္ ဝင္ေငြကတရိပ္ရိပ္တတ္လာတာေၾကာင့္ City၏ အေယာင္ျပ ႂကြယ္ဝမႈႏွင့္တန္းတူနီးပါးပင္ ျဖစ္လာသည္။ စီးပြားေရးလုပ္ငန္း႐ွင္မ်ား စကားဝိုင္းမွာေတာ့ ဦးရာဇာစိုး၏ပံုရိပ္က ဂုဏ္ယူေနဟန္႐ွိသည္။ ဦးရာဇာစိုးက အဆက္အသြယ္ေကာင္း႐ွာတတ္သည္။ သူ႔မွာမိတ္ေဆြေပါလွ၏။ ထိုအခ်က္က သံသယဝင္စရာ ကိစၥမ်ားကို ဖံုးကြယ္ၿပီးသားျဖစ္ေစသည္။ နံပတ္စဥ္ တစ္ကေန တစ္ဆယ္အတြင္းမွ စီးပြားေရးလုပ္ငန္း႐ွင္မ်ားကို အင္တာဗ်ဴးေလ့႐ွိေသာ္လည္း Cityဘက္ကေတာ့ တစ္ခါမွမတတ္ေရာက္ခဲ့ေပ။ ပြဲေတာ္ေတာ္မ်ားမ်ားကို Cityဘက္ကမတတ္ေရာက္တာျဖစ္သည္။ မူလပိုင္႐ွင္ျဖစ္ေသာ ေဒၚေလးႏြယ္ေရႊက ကိုယ္တိုင္လည္းပြဲမတတ္သလို ၊ သားကိုလည္းမတတ္ေစေပ။

ေဒၚေလးႏြယ္ေရႊ၏အေတြးကေတာ့႐ွင္းသည္။ သားအေၾကာင္းကို အက်ယ္တဝ့ံအေရးတယူျပဳေနၾကတာကိုမလိုခ်င္၍ျဖစ္သည္။ သားကိုယ္တိုင္ကလည္း သိုသိုသိပ္သိပ္ေနရတာကိုႀကိဳက္သူျဖစ္သည္။ အေရးႀကီးသည့္ ပြဲမ်ားကလြဲ၍ က်န္တဲ့ေပ်ာ္ပါးစားေသာက္သည့္ပြဲမ်ားကို သားကမတတ္၊ ထို႔ေၾကာင့္ Cityက လူေျပာခံရသည္။ မေက်နပ္သည့္ လုပ္ငန္း႐ွင္တစ္ခ်ိဳ႕ကလည္း Cityကိုအပုတ္ခ်ၾက၏။ သို႔ေပမယ့္ ေဒၚေလးႏြယ္ေရႊေရာ သားကပါဂ႐ုမစိုက္ပါ။ အားယားေနၾကတာမွတ္လို႔ ၊ ေမာရင္ပါးစပ္ပိတ္သြားၾကလိမ့္မည္။

City၏ ဆက္ခံသူႏွင့္ အိမ္ေတာ္အေၾကာင္းကိုမီဒီယာေတြအားပိတ္ပင္ထားတာျဖစ္သည္။ တစ္ခါတစ္ေလ သားႏွင့္ ဟိုမိန္းခေလး အေနအထိုင္မဆင္ျခင္ပဲ အျပင္ထြက္သည့္အခါမ်ိဳးဆို ေဒၚေလးႏြယ္ေရႊေခါင္းခဲရသည္။ မိမိတို႔ မိသားစုအေၾကာင္းကို ေဒၚေလးႏြယ္ေရႊမသိေစခ်င္ေပ။ သားအတြက္အနၱာရာယ္႐ွိလာမွာစိုးေၾကာက္၍ျဖစ္သည္။

" မဟာစီမံကိန္းကို သူတို႔ရသြားၿပီဟုတ္လား! ကြၽတ္စ္ ထင္တယ္ အဲ့ေကာင္မေလး သားcompanyကို လာၿပီး အနီးကပ္ assistant လာလုပ္တည္းက သူ႔ဖေအတစ္ခုခုၾကံေနမွန္းသိတယ္ ၊ သား မင္းလည္းသိေနတယ္မဟုတ္လား "

" စိတ္ေလ်ာ့ပါေမေမ ၊ သူတို႔ေပ်ာ္ပါေစဦး ၊ မဟာစီမံကိန္းကိုရရင္ေတာင္ projectျဖစ္ဖို႔က သံုးေလးႏွစ္ၾကာဦးမွာပဲ ၊ သူတို႔ကမျမင္ရတဲ့အနာဂတ္ကို ႀကိဳတင္ေမ်ွာ္မွန္းေနၾကတာပါ ၊ copy ဟာ copyပဲ ၊ ဘယ္ေတာ့မွမူရင္းျဖစ္လာမွာမဟုတ္ဘူးေမေမ ၊ မဟာစီမံကိန္းကို ယူရင္ယူပါေစ ၊ ဘယ္လိုကိုင္တြယ္ရလည္းသူတို႔သိတာမွတ္လို႔ "

" သားမွာ အစီအစဥ္႐ွိေနသလား "

ေဒၚေလးႏြယ္ေရႊ သားျဖစ္သူ၏မ်က္ႏွာကိုၾကည့္လိုက္သည္။ သားက တစ္ခုခုႀကိဳျပင္ထားတဲ့ပံုပဲ။ သိပ္ေကာင္းတယ္။ ဒါဆို သားက ဟိုမိန္းခေလးအေပၚ မႊန္ေနတာမ်ိဳးေတာ့မဟုတ္ဘူးပဲ။ ဟိုမိန္းခေလးႏွင့္အေနနီးလြန္း၍ ေလးႏြယ္ေရႊက သားကိုစိတ္ပူေနတာျဖစ္သည္။ သားရဲ႕စ႐ိုက္တစ္ခုကို သူေမ့သြားသည္။ သားက သူနဲ႔ရင္းႏွီးေနတဲ့သူေတြအေပၚ ပိုၿပီးသတိထားတတ္သည္။ သူ႔ေဘးကလူ ဘာလုပ္ေနတယ္ဆိုတာကအစ ၊ သူမၾကည့္ေပမယ့္ သတိထားတတ္သူျဖစ္သည္။ အက်င့္ေတြကိုက သူ႔ဒယ္ဒီနဲ႔တူတာ။

" ကြၽန္ေတာ္စီစဥ္ထားတာ႐ွိပါတယ္ ေမေမ ၊ ဦးေလးတင္ေထြး လူလႊတ္ထားတာကအေျခအေနဘယ္လိုလဲ "

" တစ္ေယာက္မွ ျပန္မလာႏိုင္ဘူး ႐ွင္းခံလိုက္ရတယ္ "

" ေတာက္! ဦးရာဇာစိုး ခင္ဗ်ားႀကီးက ေၾကာင္သူေတာ္ႀကီးပဲ "

ပရဟိတလုပ္ငန္းေတြအေျချပဳၿပီး ေနာက္ကြယ္မွာ မေကာင္းတာေတြလုပ္ေနတဲ့လူ။ ကုသိုလ္နဲ႔ အကုသိုလ္ကိုတစ္ၿပိဳင္နက္ထဲယူေနတဲ့သူျဖစ္သည္။ သူက Cityကိုသိမ္းဖို႔ေတာင္ၾကံေနလိုက္ေသးတယ္ ၊ တည္ျမဲကမၻာကို ဒီလိုအခ်ိဳးေတာ့လာမခ်ိဳးနဲ႔ မရဘူး။

" ေမေမ အခုရက္ပိုင္းအသြားအလာအေနအထိုင္ဂ႐ုစိုက္ပါ ၊ ျဖစ္ႏိုင္ရင္ ဦးေလးတင္ေထြးနဲ႔ ေဒၚဝင္းကိုေခၚၿပီး ျပင္ဦးလြင္ဘက္ခဏေ႐ွာင္ေနေစခ်င္တယ္ ၊ အခုတေလာ စားဝင္အိပ္ေပ်ာ္ရဲ႕လား "

" ေမေမေနေကာင္းပါတယ္ သားရဲ႕ "

တည္ျမဲစိတ္ထဲနည္းနည္းေတာ့ေလးလံေန၏။ ေမေမ့ၾကည့္ရတာ က်န္းမာေရးေကာင္းေနပံုေပၚပါသည္။ သူကဘာေတြစိုးရိမ္မိေနတာပါလိမ့္။ ဘယ္လိုပဲျဖစ္ျဖစ္ ၊ သူ႔အေနနဲ႔ ႏွစ္အၾကာႀကီးသစၥာ႐ွိခဲ့တဲ့ ဦးေလးတင္ေထြးတို႔ ေဒၚဝင္းတို႔ကိုသံသယမထားသင့္ေပ။ ဦးေလးတင္ေထြးက ဒယ္ဒီ့လူယံုျဖစ္သလို ေဒၚဝင္းကလည္း အိမ္ေတာ္မွာ႐ွိေနတာၾကာခဲ့ပါၿပီ။

ရံုးေရာက္ေတာ့ အခ်ိန္ကေစာေနေသးသည္။ ထို႔ေၾကာင့္ တည္ျမဲ Green Guardianကို ဦးတည္လိုက္သည္။ မနက္ခင္းကပဲေတြ႔လိုက္ရေပမယ့္ မိႈင္းညိဳ႕ကို သူနည္းနည္းလြမ္းေနတာျဖစ္သည္။ မေတြ႔ရရင္ တစ္ေနကုန္အဆင္မေျပေလာက္ဟု ခံစားရတာႏွင့္ သူ႔ေျခလွမ္းေတြက ဆိုင္ဘက္ေျခဦးလွည့္မိ၏။ ဆိုင္အျပင္ကေန ရပ္ၾကည့္ေနေတာ့ သူတို႔အလုပ္နည္းနည္း႐ႈပ္ေနပံုရသည္။ ဆိုင္က နာမည္ႀကီးဟိုတယ္ေတြႏွင့္နီးေတာ့ forgeinerေတြ ၊ Traveller ေတြက Green Guardian ကိုမ်က္စိက်ၾကသည္။ အစားအေသာက္ေကာင္းတာေရာ နာမည္ႀကီးေနတာေရာေၾကာင့္ အားလံုးအလုပ္႐ႈပ္ေနၾကတာျဖစ္မည္။ တည္ျမဲဆိုင္ထဲေတာ့ မဝင္ေတာ့ပါေခ်။ အလုပ္႐ႈပ္ေနသူ၏ မ်က္ႏွာကို မိနစ္အနည္းငယ္ၾကာသည္အထိ လိုက္ၾကည့္ေနၿပီးမွ ဆိုင္ေ႐ွ႕မွထြက္ခြာလာခဲ့သည္။

" Boss ခုဏက ကိုတည္ျမဲရဲ႕ကားကို ဆိုင္ေ႐ွ႕မွာေတြ႔လိုက္တယ္ ၊ ခဏရပ္ေနၿပီးမွ ျပန္ထြက္သြားတာပါ "

" ေမာင္လာသြားတာလား တစ္ခုခုျဖစ္လို႔လားမသိဘူး ၊ ကိုခိုင္ေဇာ္ ခဏေနာ္ ၊ ကြၽန္ေတာ္သူ႔ဆီဖုန္းဆက္ေမးလိုက္ပါဦးမယ္ "

" ရတယ္Boss ကြၽန္ေတာ္တို႔လုပ္လိုက္မယ္ "

ရံုးခန္းထဲက ဖုန္းသြားယူၿပီး ေမာင့္ကိုဖုန္းဆက္လိုက္သည္။ တစ္ခုခုမ်ားျဖစ္လို႔ ေမာင္ဆိုင္အထိေရာက္လာတာလားမသိ။ ဟိုတစ္ေန႔က ညိဳ႕ ကေလးယူမည့္အေၾကာင္း ေမာင့္ကိုေျပာဖို႔လုပ္ေပမယ့္ ေမာင္အခုတေလာ ပင္ပန္းၿပီး အလုပ္႐ႈပ္ေနပံုေပၚတာေၾကာင့္ စိတ္႐ႈပ္မွာစိုး၍ ညိဳ႕မေျပာျခင္းျဖစ္သည္။ ေမာင္ကလ်ွိဳ႕ဝွက္၏။ companyမွာ ကိစၥႀကီးတစ္ခု႐ွိေနပံုေပၚသည္ ၊ ထို႔ေၾကာင့္ ေမာင့္ကို မေျပာဖို႔ဆံုးျဖတ္လိုက္တာျဖစ္သည္။

" ကိုခိုင္ေဇာ္ေျပာတာ ေမာင္ဆိုင္ကိုလာသြားတယ္ဆို ၊ အေရးႀကီးကိစၥ႐ွိလို႔လားဟင္ ၊ တစ္ခုခုျဖစ္လို႔လား "

တစ္ဖက္လူ၏ စကားေၾကာင့္ တည္ျမဲျပံဳးစိစိျဖစ္သြားသည္။ ဘာလို႔ အရမ္းစိုးရိမ္ေနတဲ့အသံျဖစ္ေနရတာလဲ ၊ အခုဆို ေၾကာင္ငပ်င္းေလးရဲ႕႐ုပ္က မ်က္ႏွာငယ္ေလးျဖစ္ေနေလာက္ၿပီထင္တယ္။

" ဘာမွမျဖစ္ဘူး ငါလမ္းၾကံဳလို႔ ဝင္ၾကည့္တာ ၊ မင္းအလုပ္မ်ားေနတာမဟုတ္လား ၊ မေႏွာက္ယွက္ခ်င္လို႔ျပန္သြားတာ ၊ ဖုန္းခ်ၿပီ "

တည္ျမဲ တကယ္ကိုစကားေျပာမတတ္ပါ။ သူ႔ကို ဂ႐ုစိုက္ဖို႔ေျပာခ်င္ေပမယ့္ ပါးစပ္ႀကီးကထြက္မလာ။ ေျပာေနၾကအတိုင္း ခက္ထန္တဲ့စကားေတြပဲထြက္က်လာသည္။ က်သြားသည့္ဖုန္းေၾကာင့္ ညိဳ႕လည္းမ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္ ၊ တစ္ခါတစ္ေလ ေမာင္ဘာျဖစ္ခ်င္လည္း သူအလံုးစံုမသိ။

" Bossေရ စားပြဲခံုအသစ္က ဒီမွာထားမွာလားဗ် "

" ကြၽန္ေတာ္ လာခဲ့မယ္ကိုခိုင္ေဇာ္ "

မဂၤလာပြဲေတြမ်ားတာေၾကာင့္ မွာယူတဲ့ orderေတြနဲ႔ ဆိုင္က အလုပ္ေတာ္ေတာ္႐ႈပ္ေနပါ၏။ ခိုင္ေဇာ္ Bossေလးကိုၾကည့္လိုက္သည္။ Bossက ဝန္ထမ္းေတြထက္ပင္ပန္းရသူျဖစ္သည္။ ဘာအလုပ္ပဲျဖစ္ျဖစ္ ေစတနာႏွင့္သာလုပ္ေပးသည့္Boss စီးပြားျဖစ္တာမဆန္းေပ။ အလုပ္လုပ္သည့္သက္တမ္းၾကာလာေလေလ Bossကိုပိုေလးစားလာရေလျဖစ္သည္။ Bossလိုလူ ႐ွားလြန္းပါတယ္။

<<<<<<
>>>>>>

" ကိုယ္ဒီရက္ပိုင္းအလုပ္မ်ားေနလို႔ ခဏေလာက္မေတြ႔ပဲေနရေအာင္ေဟမာန္ ၊ စိတ္မေကာင္းပါဘူး "

တည္ျမဲထိုမ်ွသာ စာပို႔ထားလိုက္သည္။ အစီအစဥ္ေအာင္ျမင္ဖို႔ ေဟမာန္႔ကိုခ်က္ခ်င္းလမ္းခြဲစကားေျပာလို႔မရေသးေပ။ သူတို႔က သူလ်ိွဳ႕ေတာင္ထည့္ၿပီး မဟာစီမံကိန္းကိုယူသြားရဲတာဆိုေတာ့ တည္ျမဲဘက္က မသိခ်င္ေယာင္ေဆာင္ထားရမည္။ တည္ျမဲရိပ္မိေနမွန္းသူတို႔ဘက္ကသိသြားခဲ့ရင္ ဦးရာဇာစိုးဘက္က အေႏွးနဲ႔အျမန္လႈပ္႐ွားမည္ျဖစ္သည္။ ခဏေလာက္ေတာ့ ေပးေပ်ာ္လိုက္ပါဦးမယ္။

" ေဝယံ ငါစံုစမ္းခိုင္းထားတဲ့အေၾကာင္း သိရၿပီလား "

" ဟုတ္ကဲ့Boss ထင္သလိုပါပဲ ၊ ဦးရာဇာစိုးက Rubyနဲ႔ပတ္သတ္ေနတာပါ ၊ မဟာစီမံကိန္းကိုရဖို႔ Rubyကလည္း အားစိုက္ေနပံုပါ "

" အဟက္ မင္းဒီသတင္းကိုရဖို႔ဘယ္ေလာက္ ၾကာလိုက္လဲ "

" 24နာရီမျပည့္ပါဘူးBoss ၊ ဟို အရမ္းလြယ္လြန္းမေနဘူးလားဟင္ ၊ ဦးရာဇာစိုးနဲ႔ေရာ Cityနဲ႔ပါ မိတ္ဖြဲ႔ထားတာ Rubyက ဘာစီစဥ္ေနတာလဲမသိဘူးေနာ္ "

" မနက္ျဖန္ အမန္ဒါနဲ႔ ေတြ႔ဖို႔စီစဥ္လိုက္ပါ ၊ ရည္ရြယ္ခ်က္အတူတူပဲဆိုေတာ့ ေပါင္းလိုက္ရံုေပါ့ ၊ Cityကိုေတာ့ သူတို႔ထိရဲမွာမဟုတ္ဘူး စီးပြားေရးေလာကမွာ အက်ိဳးအျမတ္မရပဲ ဘယ္သူမွမစြန္႔စားဘူး ​ေဟ့ေကာင္ "

ေဝယံ Bossေျပာတာ မနည္းညဏ္မွီေအာင္လိုက္ယူၿပီးမွ ေခါင္းၿငိမ့္လိုက္သည္။

" ေနာက္ျပသာနာတစ္ခု႐ွိေသးတယ္ Boss ၊ ဘုရင့္ေနာင္ဆိုဒ္ထဲမွာ တာဝန္က်တဲ့ ကိုသက္ပိုင္ ေပ်ာက္ေနတယ္ ၊ စေနေန႔ညေနတည္းက အိမ္ျပန္မလာတာတဲ့ အဆက္အသြယ္မရေတာ့ သူ႔မိဘေတြက ရံုးခ်ဳပ္ကိုလိုက္လာၾကတယ္ ၊ ရံုးျပင္ပမွာျဖစ္တဲ့ကိစၥဆိုေတာ့ ကြၽန္ေတာ္တို႔ဘာမွလုပ္ေပးလို႔မရဘူးျဖစ္ေနတာ ၊ 24နာရီမျပည့္ေသးေတာ့ေလ လူေပ်ာက္တိုင္မရေတာ့ သူ႔မိဘေတြက တငိုငိုတရယ္ရယ္နဲ႔ "

" သက္ပိုင္ အင္ဂ်င္နီယာေကာင္ေလးမဟုတ္လား "

" ဟုတ္ "

တည္ျမဲေခါင္းကိုက္သြားရသည္။ သက္ပိုင္ ႐ွင္းထုတ္ခံလိုက္ရတာျဖစ္သည္။ ဒါေပမယ့္ သက္ပိုင္ကိစၥက အခုေဖာ္ထုတ္လို႔မရေသးဘူး။ ဦးရာဇာစိုးႏွင့္တစ္နည္း သက္ဆိုင္တယ္ဆိုတာ သိေနေပမယ့္ သက္ေသမ႐ွိရင္ဘာမွလုပ္မရ။ စိတ္မေကာင္းျဖစ္ရံုသာ တတ္ႏိုင္သည္။

" သက္ပိုင္ရဲ႕ ဒီတစ္လစာ လခကို သူ႔မိသားစုဆီေပးလိုက္ပါ ၊ သူ႔Bonusပါထည့္ေပးလိုက္ "

" ဟုတ္ကဲ့ "

ကိစၥေတာ္ေတာ္မ်ားမ်ားေျဖ႐ွင္းၿပီးေတာ့ တည္ျမဲ ေျခကုန္လက္ပန္းက်သြားသည္။ ေခါင္းကလည္းတဆစ္ဆစ္ကိုက္ခဲေန၏။ ထိုင္ခံုကေန ထလိုက္တဲ့အထမွာ မိုက္ခနဲျဖစ္ၿပီး တည္ျမဲပစ္လဲက်သြားသည္။ ေဝယံ့ ေအာ္သံကိုေတာ့ၾကားလိုက္ရေပမယ့္ က်န္တာသူဘာမွမသိေတာ့ေပ။

ေဆးရံု၏ အထူးခန္းတစ္ခုတြင္ျဖစ္သည္။

" stressမ်ားၿပီး သတိလစ္သြားတာပါ ၊ ရက္အနည္းငယ္ေလာက္အနားယူလိုက္ရင္ အဆင္ေျပသြားပါလိမ့္မယ္ ၊ ညဘက္ေတြအိပ္မေပ်ာ္ဘူးထင္တယ္ ၊ ေဒါက္တာအိပ္ေဆးအေပ်ာ့ေလးေပးလိုက္မယ္ ၊ အိပ္ေဆးမေသာက္ခ်င္ရင္လည္း ပူစီနံေလးကို ေရေႏြးပူပူထဲထည့္ၿပီးေသာက္ခိုင္း ၊ အိပ္ေပ်ာ္တယ္ ၊ အာရံုေၾကာအားနည္းရင္လည္း ေခါင္းမူးတာေတြဘာေတြျဖစ္တတ္တာမို႔ "

" ေက်းဇူးတင္ပါတယ္ ေဒါက္တာ "

ေမာင့္ေဘးနားဝင္ထိုင္လိုက္ရင္း လက္ကိုဆုပ္ကိုင္လိုက္သည္။ ဘယ္ေလာက္ေတာင္ပင္ပန္းၿပီး သတိလစ္တဲ့အထိျဖစ္သြားရတာလဲ။ ေဝယံဖုန္းလွမ္းဆက္ေခၚတာနဲ႔ ေဆးရံုႀကီးကိုခ်က္ခ်င္းလိုက္ခဲ့တာျဖစ္သည္။ အေမ့ကိုေတာင္ မေျပာရေသးေပ။ ေဆးရံုကုတင္ေပၚကေမာင့္ကိုၾကည့္ၿပီး အေမာပါစို႔သည္။

" ဘယ္လိုျဖစ္တာလဲဟ "

" တိမ္ယံ မင္းကဘယ္လိုျဖစ္ၿပီးေဆးရံုေရာက္ေနတာလဲ "
" ကိစၥေလး႐ွိလို႔လာရင္း ဒီေကာင့္PAကို ေတြ႔လိုက္ရလို႔ ၊ အခန္းေမးၿပီးလိုက္လာတာ ၊ ဒီေကာင္ ပင္ပန္းၿပီး သတိလစ္တာဆို "

" ဒီရက္ပိုင္း သူအလုပ္ေတြ႐ႈပ္ေနတာ "

" ေအး ငါတို႔ခ်ိန္းရင္ေတာင္ ဒီေကာင္မအားတာမ်ားတယ္ကြ ၊ မင္းလည္း ဂ႐ုစိုက္ဦး ၊ အခ်င္းခ်င္း အဆင္ေရာေျပၾကရဲ႕လား ၊ ေျပေနပံုပါပဲကြာ ဟီး ဟီး ၊ တစ္ခါတစ္ေလ ဖုန္းဆက္ျဖစ္ၾကရင္ ဒီေကာင္ မင္းအေၾကာင္းေတြေျပာတယ္ကြ "

ညိဳ႕မ်က္ႏွာက ခ်က္ခ်င္းပူထူလာသည္။ ေမာင္က သူ႔အေၾကာင္းေတြေျပာတယ္ေပါ့။ တိမ္ယံက မခ်ိဳမခ်ဥ္ျပံဳးသည္။ ကုတင္ေပၚက ေကာင္ကိုအရိပ္အကဲၾကည့္ေနရသည္။ သူ႔ေ႐ွ႕ေျပာရင္ ထလုပ္ေလာက္လားမသိ။

" မင္းဘာ ေစာက္စကားေတြလာမ်ားေနတာလဲ ေဟ့ေကာင္ "

" ဟ အခ်ိန္ကိုက္ႏိုးလာတာပဲေနာ္ ၊ ဘာမွမေျပာရေသးဘူး ေဟ့ေကာင္ ၊ ငါ့ကိုအဲ့လိုမၾကည့္နဲ႔ လုပ္လိုက္ရ "

သူငယ္ခ်င္းႏွစ္ေယာက္လံုးေထြးသတ္ပုတ္ေနေတာ့သည္။ ညိဳ႕လည္းေခါင္းတယမ္းယမ္းႏွင့္ သူတို႔ကိုထိုင္ၾကည့္ေနမိ၏။ အတန္ၾကာမွ စကားနည္းနည္းေျပာၿပီး တိမ္ယံျပန္သြားသည္။ ညိဳ႕နဲ႔သူႏွစ္ေယာက္ထဲ အခန္းထဲမွာက်န္ေနခဲ့သည္။

" သက္သာရဲ႕လားဟင္ ၊ စိတ္ပူလိုက္ရတာ "

" မသက္သာဘူး နာတယ္ "

" ဟင္ ဘယ္ကနာလို႔လဲ ငါဘာလုပ္ေပးရမလဲ "

" ဒီနားကနာတယ္ နမ္းမွ သက္သာမယ္ထင္တာပဲ "

သူ႔ႏႈတ္ခမ္းကို လက္ညိဳးႏွင့္ထိုးကာ ႐ုပ္တည္ႀကီးေျပာေနသူေၾကာင့္ ေၾကာင္အမ္းသြားသည္။ ထို႔ေနာက္ ညိဳ႕မ်က္ႏွာအနီေရာင္ေျပာင္းလာေတာ့သည္။ လံုးဝမရယ္ရပါ ၊ ႐ုပ္တည္ႀကီးနဲ႔။

" ကြၽတ္စ္! အနာသက္သာေအာင္လုပ္ေပးေလ ဘာေၾကာင္ၾကည့္ေနတာလဲ ႏွစ္ခါမေျပာခ်င္ဘူး "

" ေမာင္ သက္သက္ညစ္တာႀကီးကို အေမ့! အြန္႔ "

ႏႈတ္ခမ္းမသိမသာစူေနသူ၏ ေခါင္းအေနာက္မွဆြဲကာ တည္ျမဲ ထိုႏႈတ္ခမ္းအိအိကို စုပ္နမ္းပစ္လိုက္သည္။ ေအာက္ႏႈတ္ခမ္းေလးကို ငံုေထြးကာ တစ္လႊာျခင္း မြတ္မြတ္သိပ္သိပ္နမ္းေနမိတာျဖစ္သည္။ စိုအိအိလ်ွာေလးကို တည္ျမဲလိုက္ဖမ္းရင္း မိသြားသည့္အခါ အရင္းမွအဖ်ားထိ အားႏွင့္ဖိဖိစုပ္နမ္းရင္း အလြတ္မေပးပဲနမ္းပစ္သည္။ ဆက္ႏြယ္ရာေနရာမွ ေငြမ်ွင္တန္းမ်ား စီးက်လာေတာ့ တည္ျမဲလ်ွာႏွင့္လိုက္လ်က္ပစ္ရင္း သူ႔မ်က္ႏွာအႏွံ႔ကို တ႐ႈံ႐ႈံ့ေမႊးပစ္လိုက္သည္။ သူ႔အသားအေရက အိစက္ေနသည္မို႔ တည္ျမဲ အားမရေပ။

" အင့္ ေမာေနၿပီ "

" အားမရဘူး တစ္ကိုယ္လံုးကိုနမ္းခ်င္တယ္ "

" ေဆးရံုႀကီးမွာေလ ေမာင္ ဟင့္အင္း ၊ ဘယ္ေတြလိုက္ကိုင္ေနတာလဲ ၊ ေဝယံဝင္လာရင္ ႐ွက္စရာႀကီး "

ေျပာမရေပ။ ကိုယ့္စကားဘယ္တုန္းက နားေထာင္ခဲ့တာမွတ္လို႔။ သူလုပ္ခ်င္တာမလုပ္ရေတာ့ စိတ္ဆိုးၿပီး တစ္ကိုယ္လံုးကို လက္ၾကမ္းႀကီးႏွင့္ လိုက္ပြတ္သပ္သည္။ အသားေတြေတာင္ နာလို႔ ၊ သူအသဲယားရင္ ေနရာအႏွံ႔တ႐ႈး႐ွဴးလိုက္နမ္းေတာ့တာျဖစ္သည္။

" ေဆးရံုမွာတစ္ခါတည္း႐ွိေနတုန္း medical check up လုပ္သြားၾကမလား ​ေမာင္ "

ေမာင္သေဘာတူတာႏွင့္ ႏွစ္ေယာက္လံုး ေသြးေရာဆီးပါစစ္ၿပီး လိုအပ္တာေတြစီစဥ္လိုက္ၾကသည္။

" ေမာင္ ေနာက္တစ္ပတ္ေလ ငါနယ္သာလန္ခဏျပန္ခ်င္တယ္ ၊ ဟို ေဖေဖ့ကိုသြားေတြ႔ခ်င္လို႔ပါ ၊ ေဖေဖေနမေကာင္းဘူး "

" ဘယ္ႏွစ္ရက္ၾကာမွာလဲ "

" အင္ မေျပာတတ္ဘူး ေဖေဖလိုတာေလးေတြလုပ္ေပးခ်င္ေသးတယ္ေလ "

" ကြၽတ္စ္ "

" ရက္ပိုင္းပါပဲ ေမာင္ရဲ႕ ၊ ၿပီးေတာ့ ေနာက္တစ္ပတ္မွသြားမွာပါ "

ေမာင္စိတ္ဆိုးသြားမွန္းသိေနသည္။ ဒါေပမယ့္ သူကလည္းသြားမွျဖစ္မွာမို႔။

<<<<<<
>>>>>>

ေမာင့္ရင္ခြင္ထဲ မ်က္လံုးစံုမွိတ္လို႔ မွိန္းေနေပမယ့္ အိပ္မေပ်ာ္။ ေမာင္ကေတာ့ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနပါ၏။ သန္းေခါင္ေက်ာ္ေရာက္ေတာ့ ညိဳ႕တစ္ေရးႏိုး၍ ဝရန္တာထြက္ထိုင္မိသည္။ ခဏပင္မၾကာလိုက္ လူးလွိမ့္ထထိုင္လာသည့္ ေမာင့္ကိုေတြ႔လိုက္ရသည္။ စိတ္ၾကည္ေနပံုမေပၚပါ ၊ မ်က္လံုးႏွစ္ဖက္က အလံုးစံုပင္မပြင့္ေသး။ တစ္ခုခုကို ႐ွာေဖြေနပံုမို႔ ညိဳ႕ မွန္တံခါးကို ေသခ်ာပိတ္ကာ ေမာင့္အနားဝင္ထိုင္လိုက္သည္။

" အိမ္မက္ဆိုးမက္လို႔လား "

" ေဘးမွာလူမ႐ွိလို႔ ႏိုးလာတာ ၊ မင္းေရာ အိပ္မေပ်ာ္ဘူးလား "

ေမာင့္ဆံပင္ပြပြကို သပ္တင္ရင္း ေမာင့္နဖူးဆီ တစ္ခ်က္ဖိကပ္နမ္းလိုက္သည္။ ေျပာစရာေတြအမ်ားႀကီး႐ွိေနေပမယ့္ မေျပာရေတာ့ ၊ ရင္ထဲသိမ္းထားတာမ်ားၿပီး အစာမေၾကျဖစ္ေနသည္ဟုေတာ့ တစ္ေရးႏိုးလာသည့္ေမာင့္ကို သူမေျပာျပခ်င္ေတာ့ပါ။

" ျပန္အိပ္ရေအာင္ေလ ဒီတိုင္းတစ္ေရးႏိုးတာပါ "

ဒီတစ္ခါေတာ့ ေမာင္က သူ႔ကိုယ္ႀကီးႏွင့္ညိဳ႕ရင္ခြင္ေသးေသးေလးထဲ တိုးဝင္အိပ္စက္သြားသည္။ ေမာင့္ဆံပင္ေတြကို ဖြဖြပြတ္သပ္ရင္း ေခ်ာ့သိပ္မိသည္။ ဒီလူကို ခ်စ္လိုက္ရတာ။

" ေမာင့္ကုိ ခ်စ္တယ္ေနာ္ ၊ အိမ္မက္လွလွမက္ပါေစ ခ်စ္ရတဲ့ေမာင္ "

တည္ျမဲ သူ႔စကားသံေတြကိုၾကားေနရသည္။ တစ္ေရးႏိုးၿပီးေနာက္ သူသည္လည္းအိပ္မေပ်ာ္ေတာ့ေပ။ ရင္ခြင္ထဲကလူ၏ ကိုယ္ေငြ႔ေႏြးေပ်ာက္သြားတာႏွင့္ ႏိုးလာတာျဖစ္သည္။ သူ႔ကိုမွ ရင္ခြင္ထဲထည့္မဖက္ထားရရင္ တည္ျမဲ မေနတတ္ေတာ့ေပ။ ခနၱာကိုယ္ေသးေသးကို ဖက္တြယ္ရင္း ကိုယ္သင္းနံ႔ကိုခိုး႐ႈမိ၏။ သူ႔အတြက္ေတာ့ ဒီလူ႔အေပၚႏူးညံ့ေပးရတာ ၊ နည္းနည္းမ်က္ႏွာပူစရာေကာင္းေနသည္။ သူ႔အခ်စ္ေတြကို ဒီလူ႔အေပၚဘယ္လိုေဖာ္ျပေပးရမလဲ။ သူ႔ေၾကာင့္တစ္ေလ်ွာက္လံုး ပင္ပန္းလာသူကို ႐ုတ္တရက္ႀကီးေကာင္းေပးလိုက္ရင္ ၊ သူ့ကို မယံုေလာက္ဘူးထင္သည္။

ေတြးရင္းနဲ႔စိတ္တိုလာရ၏။ ႏူးညံ့ေပးရတာက သူ႔စ႐ိုက္မဟုတ္။ တစ္ေလ်ွာက္လံုး သူ႔ကိုစေနာက္အႏိုင္ယူရင္း ေနလာတာမို႔ ခက္ခဲေနပါသည္။ တြန္းအားေပးလုပ္ယူရတာကိုတည္ျမဲမႀကိဳက္ေပ။ သူ႔အေပၚ ျဖည္းျဖည္းျခင္းေကာင္းေပးမည္ ၊ သူလိုခ်င္တာကို ျဖည့္စည္းေပးၿပီး ၊ သူ႔စိတ္ကိုနားလည္ေအာင္အတတ္ႏိုင္ဆံုး ႀကိဳးစားမည္ဟု တည္ျမဲေတြးထားသည္။ သူပံုေဖာ္ေနသည့္ အခ်စ္တစ္ခုကို လက္ေတြ႔ေဖာ္ျပဖို္က တည္ျမဲအတြက္ ခက္ခဲလြန္းေနသည္။ အလုပ္ေပါင္းေသာင္းေျခာက္ေထာင္ကို တရစပ္လုပ္ရတာေတာင္ ခ်စ္ေရးဆိုတာေလာက္ခက္ခဲမည္မထင္။

" ေၾကာင္ငပ်င္းေလး မင္းအိပ္ၿပီလား "

အသက္႐ူသံပံုမွန္ျဖင့္ အိပ္ေပ်ာ္သြားသူေၾကာင့္ တည္ျမဲစိတ္ထဲေပါ့သြားသည္။ မအိပ္ေသးရင္ ေျပာရတာ မ်က္ႏွာပူစရာ။ သတၱိ႐ွိၿပီး လက္ရဲဇက္ရဲ႐ွိလွပါသည္ဆိုတဲ့သူက ၊ အခုေတာ့ စိုးရိမ္ေနလိုက္တာ။

" မင္းကို အႏိုင္က်င့္ခဲ့မိတာေတြ ငါေတာင္းပန္ပါတယ္ ၊ မင္းအေပၚဆို အႏိုင္ယူခ်င္ၿပီး ဆုိးခဲ့ စေနာက္ခဲ့တာေတြအတြက္ေပါ့ ၊ ေမေမတို႔က မင္းကိုဝိုင္းခ်စ္ၾကလို႔ ငါမနာလိုတာလည္းဝန္ခံပါတယ္ ၊ သူတို႔က မင္းကိုအျမင္ကပ္စရာေကာင္းေအာင္ ဝိုင္းခ်စ္ေနၾကတာကိုး....၊ တကယ္ေတာ့ သူတို႔မင္းကိုခ်စ္တာမမွားပါဘူးေလ ၊ ျဖစ္သင့္ပါတယ္ "

" ေၾကာင္ငပ်င္းေလး ငါက မခ်စ္ျပတတ္ဘူး ၊ ငါ့အျပဳအမူေတြကေန တစ္ဆင့္ျခင္းဆီ ေျပာျပေပးသြားမယ္ ၊ မင္းကျမင္ေအာင္ၾကည့္ေပါ့ ၊ ငါ ငါတစ္ခါမွ မခ်စ္ဖူးဘူး ၊ ႐ွက္စရာနည္းနည္းေကာင္းေပမယ့္ မင္းအေပၚကလြဲရင္ ဘယ္သူ႔ကိုမွ တဏွာစိတ္နဲ႔ေရာ လိုခ်င္တပ္မက္စိတ္မျဖစ္တာအမွန္ပဲ "

တည္ျမဲ၏ သက္ျပင္းခ်သံေလးေလးႀကီးထြက္လာသည္။ ဝန္ခံရတာ ခက္ခဲလိုက္တာ။ ဆက္မေျပာခ်င္ေတာ့တာမို႔ တည္ျမဲ အိပ္ေပ်ာ္ေနသူ၏ ကိုယ္သင္းနံ႔ေလးကို ႐ႈ႐ိႈက္လိုက္ရင္း စိတ္ခ်လက္ခ်အိပ္ေပ်ာ္သြားေတာ့၏။ တစ္ဖက္ေကာင္ေလးသာ ၾကားရင္ ဒီစကားေတြကိုဘယ္လိုတုန္႔ျပန္ေနမွာပါလိမ့္။

TBC~~~
15.10.2021

Unicode

ဟေမာန်စိုးတို့ company၏ ရှယ်ယာသည် တရှိန်ထိုး တတ်လာသည်။ နေ့ချင်းညချင်းပင် ဝင်ငွေကတရိပ်ရိပ်တတ်လာတာကြောင့် City၏ အယောင်ပြ ကြွယ်ဝမှုနှင့်တန်းတူနီးပါးပင် ဖြစ်လာသည်။ စီးပွားရေးလုပ်ငန်းရှင်များ စကားဝိုင်းမှာတော့ ဦးရာဇာစိုး၏ပုံရိပ်က ဂုဏ်ယူနေဟန်ရှိသည်။ ဦးရာဇာစိုးက အဆက်အသွယ်ကောင်းရှာတတ်သည်။ သူ့မှာမိတ်ဆွေပေါလှ၏။ ထိုအခ်က္က သံသယဝင်စရာ ကိစ္စများကို ဖုံးကွယ်ပြီးသားဖြစ်စေသည်။ နံပတ်စဉ် တစ္ကေန တစ်ဆယ်အတွင်းမှ စီးပွားရေးလုပ်ငန်းရှင်များကို အင်တာဗျူးလေ့ရှိသော်လည်း Cityဘက္ကေတာ့ တစ်ခါမှမတတ်ရောက်ခဲ့ပေ။ ပွဲတော်တော်များများကို Cityဘက်ကမတတ်ရောက်တာဖြစ်သည်။ မူလပိုင်ရှင်ဖြစ်သော ဒေါ်လေးနွယ်ရွှေက ကိုယ်တိုင်လည်းပွဲမတတ်သလို ၊ သားကိုလည်းမတတ်စေပေ။

ဒေါ်လေးနွယ်ရွှေ၏အတွေးကတော့ရှင်းသည်။ သားအကြောင်းကို အကျယ်တဝ့ံအရေးတယူပြုနေကြတာကိုမလိုချင်၍ဖြစ်သည်။ သားကိုယ်တိုင်ကလည်း သိုသိုသိပ်သိပ်နေရတာကိုကြိုက်သူဖြစ်သည်။ အရေးကြီးသည့် ပြဲမ်ားကလြဲ၍ ကျန်တဲ့ပျော်ပါးစားသောက်သည့်ပွဲများကို သားကမတတ်၊ ထို့ကြောင့် Cityက လူပြောခံရသည်။ မကျေနပ်သည့် လုပ်ငန်းရှင်တစ်ချို့ကလည်း Cityကိုအပုတ်ချကြ၏။ သို့ပေမယ့် ဒေါ်လေးနွယ်ရွှေရော သားကပါဂရုမစိုက်ပါ။ အားယားနေကြတာမှတ်လို့ ၊ မောရင်ပါးစပ်ပိတ်သွားကြလိမ့်မည်။

City၏ ဆက်ခံသူနှင့် အိမ်တော်အကြောင်းကိုမီဒီယာတွေအားပိတ်ပင်ထားတာဖြစ်သည်။ တစ်ခါတစ်လေ သားနှင့် ဟိုမိန်းခလေး အနေအထိုင်မဆင်ခြင်ပဲ အပြင်ထွက်သည့်အခါမျိုးဆို ဒေါ်လေးနွယ်ရွှေခေါင်းခဲရသည်။ မိမိတို့ မိသားစုအကြောင်းကို ဒေါ်လေးနွယ်ရွှေမသိစေချင်ပေ။ သားအတွက်အန္တာရာယ်ရှိလာမှာစိုးကြောက်၍ဖြစ်သည်။

" မဟာစီမံကိန်းကို သူတို့ရသွားပြီဟုတ်လား! ကျွတ်စ် ထင်တယ် အဲ့ကောင်မလေး သားcompanyကို လာပြီး အနီးကပ် assistant လာလုပ်တည်းက သူ့ဖအေတစ်ခုခုကြံနေမှန်းသိတယ် ၊ သား မင်းလည်းသိနေတယ်မဟုတ်လား "

" စိတ်လျော့ပါမေမေ ၊ သူတို့ပျော်ပါစေဦး ၊ မဟာစီမံကိန်းကိုရရင်တောင် projectဖြစ်ဖို့က သုံးလေးနှစ်ကြာဦးမှာပဲ ၊ သူတို့ကမမြင်ရတဲ့အနာဂတ်ကို ကြိုတင်မျှော်မှန်းနေကြတာပါ ၊ copy ဟာ copyပဲ ၊ ဘယ်တော့မှမူရင်းဖြစ်လာမှာမဟုတ်ဘူးမေမေ ၊ မဟာစီမံကိန်းကို ယူရင်ယူပါစေ ၊ ဘယ်လိုကိုင်တွယ်ရလည်းသူတို့သိတာမှတ်လို့ "

" သားမွာ အစီအစဉ်ရှိနေသလား "

ဒေါ်လေးနွယ်ရွှေ သားဖြစ်သူ၏မျက်နှာကိုကြည့်လိုက်သည်။ သားက တစ်ခုခုကြိုပြင်ထားတဲ့ပုံပဲ။ သိပ်ကောင်းတယ်။ ဒါဆို သားက ဟိုမိန်းခလေးအပေါ် မွှန်နေတာမျိုးတော့မဟုတ်ဘူးပဲ။ ဟိုမိန်းခလေးနှင့်အနေနီးလွန်း၍ လေးနွယ်ရွှေက သားကိုစိတ်ပူနေတာဖြစ်သည်။ သားရဲ့စရိုက်တစ်ခုကို သူမေ့သွားသည်။ သားက သူနဲ့ရင်းနှီးနေတဲ့သူတွေအပေါ် ပိုပြီးသတိထားတတ်သည်။ သူ့ဘေးကလူ ဘာလုပ်နေတယ်ဆိုတာကအစ ၊ သူမကြည့်ပေမယ့် သတိထားတတ်သူဖြစ်သည်။ အကျင့်တွေကိုက သူ့ဒယ်ဒီနဲ့တူတာ။

" ကျွန်တော်စီစဉ်ထားတာရှိပါတယ် မေမေ ၊ ဦးလေးတင်ထွေး လူလွှတ်ထားတာကအခြေအနေဘယ်လိုလဲ "

" တစ်ယောက်မှ ပြန်မလာနိုင်ဘူး ရှင်းခံလိုက်ရတယ် "

" တောက်! ဦးရာဇာစိုး ခင်ဗျားကြီးက ကြောင်သူတော်ကြီးပဲ "

ပရဟိတလုပ်ငန်းတွေအခြေပြုပြီး နောက်ကွယ်မှာ မကောင်းတာတွေလုပ်နေတဲ့လူ။ ကုသိုလ်နဲ့ အကုသိုလ်ကိုတစ်ပြိုင်နက်ထဲယူနေတဲ့သူဖြစ်သည်။ သူက Cityကိုသိမ်းဖို့တောင်ကြံနေလိုက်သေးတယ် ၊ တည်မြဲကမ်ဘာကို ဒီလိုအချိုးတော့လာမချိုးနဲ့ မရဘူး။

" မေမေ အခုရက်ပိုင်းအသွားအလာအနေအထိုင်ဂရုစိုက်ပါ ၊ ဖြစ်နိုင်ရင် ဦးလေးတင်ထွေးနဲ့ ဒေါ်ဝင်းကိုခေါ်ပြီး ပြင်ဦးလွင်ဘက်ခဏရှောင်နေစေချင်တယ် ၊ အခုတေလာ စားဝင်အိပ်ပျော်ရဲ့လား "

" မေမေနေကောင်းပါတယ် သားရဲ့ "

တည်မြဲစိတ်ထဲနည်းနည်းတော့လေးလံနေ၏။ မေမေ့ကြည့်ရတာ ကျန်းမာရေးကောင်းနေပုံပေါ်ပါသည်။ သူကဘာတွေစိုးရိမ်မိနေတာပါလိမ့်။ ဘယ်လိုပဲဖြစ်ဖြစ် ၊ သူ့အနေနဲ့ နှစ်အကြာကြီးသစ္စာရှိခဲ့တဲ့ ဦးလေးတင်ထွေးတို့ ဒေါ်ဝင်းတို့ကိုသံသယမထားသင့်ပေ။ ဦးလေးတင်ထွေးက ဒယ်ဒီ့လူယုံဖြစ်သလို ဒေါ်ဝင်းကလည်း အိမ်တော်မှာရှိနေတာကြာခဲ့ပါပြီ။

ရုံးရောက်တော့ အချိန်ကစောနေသေးသည်။ ထို့ကြောင့် တည်မြဲ Green Guardianကို ဦးတည်လိုက်သည်။ မနက်ခင်းကပဲတွေ့လိုက်ရပေမယ့် မှိုင်းညို့ကို သူနည်းနည်းလွမ်းနေတာဖြစ်သည်။ မတွေ့ရရင် တစ်နေကုန်အဆင်မပြေလောက်ဟု ခံစားရတာနှင့် သူ့ခြေလှမ်းတွေက ဆိုင်ဘက်ခြေဦးလှည့်မိ၏။ ဆိုင်အပြင်ကနေ ရပ်ကြည့်နေတော့ သူတို့အလုပ်နည်းနည်းရှုပ်နေပုံရသည်။ ဆိုင်က နာမည်ကြီးဟိုတယ်တွေနှင့်နီးတော့ forgeinerတွေ ၊ Traveller တွေက Green Guardian ကိုမျက်စိကျကြသည်။ အစားအသောက်ကောင်းတာရော နာမည်ကြီးနေတာရောကြောင့် အားလုံးအလုပ်ရှုပ်နေကြတာဖြစ်မည်။ တည်မြဲဆိုင်ထဲတော့ မဝင်တော့ပါချေ။ အလုပ်ရှုပ်နေသူ၏ မျက်နှာကို မိနစ်အနည်းငယ်ကြာသည်အထိ လိုက်ကြည့်နေပြီးမှ ဆိုင်ရှေ့မှထွက်ခွာလာခဲ့သည်။

" Boss ခုဏက ကိုတည်မြဲရဲ့ကားကို ဆိုင်ရှေ့မှာတွေ့လိုက်တယ် ၊ ခဏရပ်နေပြီးမှ ပြန်ထွက်သွားတာပါ "

" မောင်လာသွားတာလား တစ်ခုခုဖြစ်လို့လားမသိဘူး ၊ ကိုခိုင်ဇော် ခဏနော် ၊ ကျွန်တော်သူ့ဆီဖုန်းဆက်မေးလိုက်ပါဦးမယ် "

" ရတယ်Boss ကျွန်တော်တို့လုပ်လိုက်မယ် "

ရုံးခန်းထဲက ဖုန်းသွားယူပြီး မောင့်ကိုဖုန်းဆက်လိုက်သည်။ တစ်ခုခုများဖြစ်လို့ မောင်ဆိုင်အထိရောက်လာတာလားမသိ။ ဟိုတစ်နေ့က ညို့ ကလေးယူမည့်အကြောင်း မောင့်ကိုပြောဖို့လုပ်ပေမယ့် မောင်အခုတလော ပင်ပန်းပြီး အလုပ်ရှုပ်နေပုံပေါ်တာကြောင့် စိတ်ရှုပ်မှာစိုး၍ ညို့မပြောခြင်းဖြစ်သည်။ မောင်ကလျှို့ဝှက်၏။ companyမွာ ကိစ္စကြီးတစ်ခုရှိနေပုံပေါ်သည် ၊ ထို့ကြောင့် မောင့်ကို မပြောဖို့ဆုံးဖြတ်လိုက်တာဖြစ်သည်။

" ကိုခိုင်ဇော်ပြောတာ မောင်ဆိုင်ကိုလာသွားတယ်ဆို ၊ အရေးကြီးကိစ္စရှိလို့လားဟင် ၊ တစ်ခုခုဖြစ်လို့လား "

တစ္ဖက္လူ၏ စကားကြောင့် တည်မြဲပြုံးစိစိဖြစ်သွားသည်။ ဘာလို့ အရမ်းစိုးရိမ်နေတဲ့အသံဖြစ်နေရတာလဲ ၊ အခုဆို ကြောင်ငပျင်းလေးရဲ့ရုပ်က မျက်နှာငယ်လေးဖြစ်နေလောက်ပြီထင်တယ်။

" ဘာမွမျဖစ္ဘူး ငါလမ်းကြုံလို့ ဝင်ကြည့်တာ ၊ မင်းအလုပ်များနေတာမဟုတ်လား ၊ မနှောက်ယှက်ချင်လို့ပြန်သွားတာ ၊ ဖုန်းချပြီ "

တည်မြဲ တကယ်ကိုစကားပြောမတတ်ပါ။ သူ့ကို ဂရုစိုက်ဖို့ပြောချင်ပေမယ့် ပါးစပ်ကြီးကထွက်မလာ။ ပြောနေကြအတိုင်း ခက်ထန်တဲ့စကားတွေပဲထွက်ကျလာသည်။ ကျသွားသည့်ဖုန်းကြောင့် ညို့လည်းမျက်တောင်ပုတ်ခတ်ပုတ်ခတ် ၊ တစ်ခါတစ်လေ မောင်ဘာဖြစ်ချင်လည်း သူအလုံးစုံမသိ။

" Bossရေ စားပွဲခုံအသစ်က ဒီမွာထားမွာလားဗ် "

" ကျွန်တော် လာခဲ့မယ်ကိုခိုင်ဇော် "

မင်္ဂလာပွဲတွေများတာကြောင့် မွာယူတဲ့ orderတွေနဲ့ ဆိုင်က အလုပ်တော်တော်ရှုပ်နေပါ၏။ ခိုင်ဇော် Bossလေးကိုကြည့်လိုက်သည်။ Bossက ဝန်ထမ်းတွေထက်ပင်ပန်းရသူဖြစ်သည်။ ဘာအလုပ်ပဲဖြစ်ဖြစ် စေတနာနှင့်သာလုပ်ပေးသည့်Boss စီးပွားဖြစ်တာမဆန်းပေ။ အလုပ်လုပ်သည့်သက်တမ်းကြာလာလေလေ Bossကိုပိုလေးစားလာရလေဖြစ်သည်။ Bossလိုလူ ရှားလွန်းပါတယ်။

<<<<<<
>>>>>>

" ကိုယ်ဒီရက်ပိုင်းအလုပ်များနေလို့ ခဏလောက်မတွေ့ပဲနေရအောင်ဟေမာန် ၊ စိတ်မကောင်းပါဘူး "

တည်မြဲထိုမျှသာ စာပို့ထားလိုက်သည်။ အစီအစဉ်အောင်မြင်ဖို့ ဟေမာန့်ကိုချက်ချင်းလမ်းခွဲစကားပြောလို့မရသေးပေ။ သူတို့က သူလျှို့တောင်ထည့်ပြီး မဟာစီမံကိန်းကိုယူသွားရဲတာဆိုတော့ တည်မြဲဘက်က မသိချင်ယောင်ဆောင်ထားရမည်။ တည်မြဲရိပ်မိနေမှန်းသူတို့ဘက်ကသိသွားခဲ့ရင် ဦးရာဇာစိုးဘက္က အနှေးနဲ့အမြန်လှုပ်ရှားမည်ဖြစ်သည်။ ခဏလောက်တော့ ပေးပျော်လိုက်ပါဦးမယ်။

" ဝေယံ ငါစုံစမ်းခိုင်းထားတဲ့အကြောင်း သိရပြီလား "

" ဟုတ်ကဲ့Boss ထင်သလိုပါပဲ ၊ ဦးရာဇာစိုးက Rubyနဲ့ပတ်သတ်နေတာပါ ၊ မဟာစီမံကိန်းကိုရဖို့ Rubyကလည်း အားစိုက်နေပုံပါ "

" အဟက် မင်းဒီသတင်းကိုရဖို့ဘယ်လောက် ကြာလိုက်လဲ "

" 24နာရီမပြည့်ပါဘူးBoss ၊ ဟို အရမ်းလွယ်လွန်းမနေဘူးလားဟင် ၊ ဦးရာဇာစိုးနဲ့ရော Cityနဲ့ပါ မိတ်ဖွဲ့ထားတာ Rubyက ဘာစီစဉ်နေတာလဲမသိဘူးနော် "

" မနက်ဖြန် အမန်ဒါနဲ့ တွေ့ဖို့စီစဉ်လိုက်ပါ ၊ ရည်ရွယ်ချက်အတူတူပဲဆိုတော့ ပေါင်းလိုက်ရုံပေါ့ ၊ Cityကိုတော့ သူတို့ထိရဲမှာမဟုတ်ဘူး စီးပွားရေးလောကမှာ အကျိုးအမြတ်မရပဲ ဘယ်သူမှမစွန့်စားဘူး ဟေ့ကောင် "

ဝေယံ Bossပြောတာ မနည်းညဏ်မှီအောင်လိုက်ယူပြီးမှ ခေါင်းငြိမ့်လိုက်သည်။

" နောက်ပြသာနာတစ်ခုရှိသေးတယ် Boss ၊ ဘုရင့်နောင်ဆိုဒ်ထဲမှာ တာဝန္က်တဲ့ ကိုသက်ပိုင် ပျောက်နေတယ် ၊ စနေနေ့ညနေတည်းက အိမ်ပြန်မလာတာတဲ့ အဆက်အသွယ်မရတော့ သူ့မိဘတွေက ရုံးချုပ်ကိုလိုက်လာကြတယ် ၊ ရုံးပြင်ပမှာဖြစ်တဲ့ကိစ္စဆိုတော့ ကျွန်တော်တို့ဘာမှလုပ်ပေးလို့မရဘူးဖြစ်နေတာ ၊ 24နာရီမပြည့်သေးတော့လေ လူပျောက်တိုင်မရတော့ သူ့မိဘတွေက တငိုငိုတရယ်ရယ်နဲ့ "

" သက်ပိုင် အင်ဂျင်နီယာကောင်လေးမဟုတ်လား "

" ဟုတ် "

တည်မြဲခေါင်းကိုက်သွားရသည်။ သက်ပိုင် ရှင်းထုတ်ခံလိုက်ရတာဖြစ်သည်။ ဒါပေမယ့် သက်ပိုင်ကိစ္စက အခုဖော်ထုတ်လို့မရသေးဘူး။ ဦးရာဇာစိုးနှင့်တစ်နည်း သက်ဆိုင်တယ်ဆိုတာ သိနေပေမယ့် သက်သေမရှိရင်ဘာမှလုပ်မရ။ စိတ်မကောင်းဖြစ်ရုံသာ တတ်နိုင်သည်။

" သက်ပိုင်ရဲ့ ဒီတစ္လစာ လခကို သူ့မိသားစုဆီပေးလိုက်ပါ ၊ သူ့Bonusပါထည့်ပေးလိုက် "

" ဟုတ်ကဲ့ "

ကိစ္စတော်တော်များများဖြေရှင်းပြီးတော့ တည်မြဲ ခြေကုန်လက်ပန်းကျသွားသည်။ ခေါင်းကလည်းတဆစ်ဆစ်ကိုက်ခဲနေ၏။ ထိုင်ခုံကနေ ထလိုက်တဲ့အထမှာ မိုက်ခနဲဖြစ်ပြီး တည်မြဲပစ်လဲကျသွားသည်။ ဝေယံ့ အော်သံကိုတော့ကြားလိုက်ရပေမယ့် ကျန်တာသူဘာမှမသိတော့ပေ။

ဆေးရုံ၏ အထူးခန်းတစ်ခုတွင်ဖြစ်သည်။

" stressများပြီး သတိလစ္သြားတာပါ ၊ ရက်အနည်းငယ်လောက်အနားယူလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ် ၊ ညဘက်တွေအိပ်မပျော်ဘူးထင်တယ် ၊ ဒေါက်တာအိပ်ဆေးအပျော့လေးပေးလိုက်မယ် ၊ အိပ်ဆေးမသောက်ချင်ရင်လည်း ပူစီနံလေးကို ရေနွေးပူပူထဲထည့်ပြီးသောက်ခိုင်း ၊ အိပ်ပျော်တယ် ၊ အာရုံကြောအားနည်းရင်လည်း ခေါင်းမူးတာတွေဘာတွေဖြစ်တတ်တာမို့ "

" ကျေးဇူးတင်ပါတယ် ဒေါက်တာ "

မောင့်ဘေးနားဝင်ထိုင်လိုက်ရင်း လက်ကိုဆုပ်ကိုင်လိုက်သည်။ ဘယ်လောက်တောင်ပင်ပန်းပြီး သတိလစ်တဲ့အထိဖြစ်သွားရတာလဲ။ ဝေယံဖုန်းလှမ်းဆက်ခေါ်တာနဲ့ ဆေးရုံကြီးကိုချက်ချင်းလိုက်ခဲ့တာဖြစ်သည်။ အမေ့ကိုတောင် မပြောရသေးပေ။ ဆေးရုံကုတင်ပေါ်ကမောင့်ကိုကြည့်ပြီး အမောပါစို့သည်။

" ဘယ်လိုဖြစ်တာလဲဟ "

" တိမ်ယံ မင်းကဘယ်လိုဖြစ်ပြီးဆေးရုံရောက်နေတာလဲ "
" ကိစ္စလေးရှိလို့လာရင်း ဒီကောင့်PAကို တွေ့လိုက်ရလို့ ၊ အခန်းမေးပြီးလိုက်လာတာ ၊ ဒီကောင် ပင်ပန်းပြီး သတိလစ္တာဆို "

" ဒီရက်ပိုင်း သူအလုပ်တွေရှုပ်နေတာ "

" အေး ငါတို့ချိန်းရင်တောင် ဒီကောင်မအားတာများတယ်ကွ ၊ မင်းလည်း ဂရုစိုက်ဦး ၊ အချင်းချင်း အဆင်ရောပြေကြရဲ့လား ၊ ပြေနေပုံပါပဲကွာ ဟီး ဟီး ၊ တစ်ခါတစ်လေ ဖုန်းဆက်ဖြစ်ကြရင် ဒီကောင် မင်းအကြောင်းတွေပြောတယ်ကွ "

ညို့မျက်နှာက ချက်ချင်းပူထူလာသည်။ မောင်က သူ့အကြောင်းတွေပြောတယ်ပေါ့။ တိမ်ယံက မချိုမချဉ်ပြုံးသည်။ ကုတင်ပေါ်က ကောင်ကိုအရိပ်အကဲကြည့်နေရသည်။ သူ့ရှေ့ပြောရင် ထလုပ်လောက်လားမသိ။

" မင်းဘာ စောက်စကားတွေလာများနေတာလဲ ဟေ့ကောင် "

" ဟ အချိန်ကိုက်နိုးလာတာပဲနော် ၊ ဘာမှမပြောရသေးဘူး ဟေ့ကောင် ၊ ငါ့ကိုအဲ့လိုမကြည့်နဲ့ လုပ်လိုက်ရ "

သူငယ်ချင်းနှစ်ယောက်လုံးထွေးသတ်ပုတ်နေတော့သည်။ ညို့လည်းခေါင်းတယမ်းယမ်းနှင့် သူတို့ကိုထိုင်ကြည့်နေမိ၏။ အတန်ကြာမှ စကားနည်းနည်းပြောပြီး တိမ်ယံပြန်သွားသည်။ ညို့နဲ့သူနှစ်ယောက်ထဲ အခန်းထဲမှာကျန်နေခဲ့သည်။

" သက်သာရဲ့လားဟင် ၊ စိတ်ပူလိုက်ရတာ "

" မသက္သာဘူး နာတယ် "

" ဟင် ဘယ်ကနာလို့လဲ ငါဘာလုပ်ပေးရမလဲ "

" ဒီနားကနာတယ် နမ်းမှ သက်သာမယ်ထင်တာပဲ "

သူ့နှုတ်ခမ်းကို လက်ညိုးနှင့်ထိုးကာ ရုပ်တည်ကြီးပြောနေသူကြောင့် ကြောင်အမ်းသွားသည်။ ထို့နောက် ညို့မျက်နှာအနီရောင်ပြောင်းလာတော့သည်။ လုံးဝမရယ်ရပါ ၊ ရုပ်တည်ကြီးနဲ့။

" ကျွတ်စ်! အနာသက်သာအောင်လုပ်ပေးလေ ဘာကြောင်ကြည့်နေတာလဲ နှစ်ခါမပြောချင်ဘူး "

" မောင် သက်သက်ညစ်တာကြီးကို အေမ့! အွန့် "

နှုတ်ခမ်းမသိမသာစူနေသူ၏ ခေါင်းအနောက်မှဆွဲကာ တည်မြဲ ထိုနှုတ်ခမ်းအိအိကို စုပ်နမ်းပစ်လိုက်သည်။ အောက်နှုတ်ခမ်းလေးကို ငုံထွေးကာ တစ်လွှာခြင်း မွတ်မွတ်သိပ်သိပ်နမ်းနေမိတာဖြစ်သည်။ စိုအိအိလျှာလေးကို တည်မြဲလိုက်ဖမ်းရင်း မိသွားသည့်အခါ အရင်းမှအဖျားထိ အားနှင့်ဖိဖိစုပ်နမ်းရင်း အလွတ်မပေးပဲနမ်းပစ်သည်။ ဆက်နွယ်ရာနေရာမှ ငွေမျှင်တန်းများ စီးကျလာတော့ တည်မြဲလျှာနှင့်လိုက်လျက်ပစ်ရင်း သူ့မျက်နှာအနှံ့ကို တရှုံရှုံ့မွှေးပစ်လိုက်သည်။ သူ့အသားအရေက အိစက်နေသည်မို့ တည်မြဲ အားမရေပ။

" အင့် မောနေပြီ "

" အားမရဘူး တစ်ကိုယ်လုံးကိုနမ်းချင်တယ် "

" ဆေးရုံကြီးမှာလေ မောင် ဟင့်အင်း ၊ ဘယ်တွေလိုက်ကိုင်နေတာလဲ ၊ ဝေယံဝင်လာရင် ရှက်စရာကြီး "

ပြောမရပေ။ ကိုယ့်စကားဘယ်တုန်းက နားထောင်ခဲ့တာမှတ်လို့။ သူလုပ်ချင်တာမလုပ်ရတော့ စိတ်ဆိုးပြီး တစ်ကိုယ်လုံးကို လက်ကြမ်းကြီးနှင့် လိုက်ပွတ်သပ်သည်။ အသားတွေတောင် နာလို့ ၊ သူအသဲယားရင် နေရာအနှံ့တရှုးရှူးလိုက်နမ်းတော့တာဖြစ်သည်။

" ဆေးရုံမှာတစ်ခါတည်းရှိနေတုန်း medical check up လုပ်သွားကြမလား မောင် "

မောင်သဘောတူတာနှင့် နှစ်ယောက်လုံး သွေးရောဆီးပါစစ်ပြီး လိုအပ်တာတွေစီစဉ်လိုက်ကြသည်။

" မောင် နောက်တစ်ပတ်လေ ငါနယ်သာလန်ခဏပြန်ချင်တယ် ၊ ဟို ဖေဖေ့ကိုသွားတွေ့ချင်လို့ပါ ၊ ဖေဖေနေမကောင်းဘူး "

" ဘယ်နှစ်ရက်ကြာမှာလဲ "

" အင် မပြောတတ်ဘူး ဖေဖေလိုတာလေးတွေလုပ်ပေးချင်သေးတယ်လေ "

" ကျွတ်စ် "

" ရက်ပိုင်းပါပဲ မောင်ရဲ့ ၊ ပြီးတော့ နောက်တစ်ပတ်မှသွားမှာပါ "

မောင်စိတ်ဆိုးသွားမှန်းသိနေသည်။ ဒါပေမယ့် သူကလည်းသွားမှဖြစ်မှာမို့။

<<<<<<
>>>>>>

မောင့်ရင်ခွင်ထဲ မျက်လုံးစုံမှိတ်လို့ မှိန်းနေပေမယ့် အိပ်မပျော်။ မောင်ကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပါ၏။ သန်းခေါင်ကျော်ရောက်တော့ ညို့တစ်ရေးနိုး၍ ဝရန်တာထွက်ထိုင်မိသည်။ ခဏပင်မကြာလိုက် လူးလှိမ့်ထထိုင်လာသည့် မောင့်ကိုတွေ့လိုက်ရသည်။ စိတ်ကြည်နေပုံမပေါ်ပါ ၊ မျက်လုံးနှစ်ဖက်က အလုံးစုံပင်မပွင့်သေး။ တစ္ခုခုကို ရှာဖွေနေပုံမို့ ညို့ မွန္တံခါးကို သေချာပိတ်ကာ မောင့်အနားဝင်ထိုင်လိုက်သည်။

" အိမ်မက်ဆိုးမက်လို့လား "

" ဘေးမှာလူမရှိလို့ နိုးလာတာ ၊ မင်းရော အိပ္မေပ်ာ္ဘူးလား "

မောင့်ဆံပင်ပွပွကို သပ်တင်ရင်း မောင့်နဖူးဆီ တစ်ချက်ဖိကပ်နမ်းလိုက်သည်။ ပြောစရာတွေအများကြီးရှိနေပေမယ့် မပြောရတော့ ၊ ရင်ထဲသိမ်းထားတာများပြီး အစာမကြေဖြစ်နေသည်ဟုတော့ တစ်ရေးနိုးလာသည့်မောင့်ကို သူမပြောပြချင်တော့ပါ။

" ပြန်အိပ်ရအောင်လေ ဒီတိုင်းတစ်ရေးနိုးတာပါ "

ဒီတစ်ခါတော့ မောင်က သူ့ကိုယ်ကြီးနှင့်ညို့ရင်ခွင်သေးသေးလေးထဲ တိုးဝင်အိပ်စက်သွားသည်။ မောင့်ဆံပင်တွေကို ဖွဖွပွတ်သပ်ရင်း ချော့သိပ်မိသည်။ ဒီလူကို ချစ်လိုက်ရတာ။

" မောင့်ကို ချစ်တယ်နော် ၊ အိမ်မက်လှလှမက်ပါစေ ချစ်ရတဲ့မောင် "

တည်မြဲ သူ့စကားသံတွေကိုကြားနေရသည်။ တစ်ရေးနိုးပြီးနောက် သူသည်လည်းအိပ်မပျော်တော့ပေ။ ရင်ခွင်ထဲကလူ၏ ကိုယ်ငွေ့နွေးပျောက်သွားတာနှင့် နိုးလာတာဖြစ်သည်။ သူ့ကိုမှ ရင်ခွင်ထဲထည့်မဖက်ထားရရင် တည်မြဲ မနေတတ်တော့ပေ။ ခန္တာကိုယ်သေးသေးကို ဖက်တွယ်ရင်း ကိုယ်သင်းနံ့ကိုခိုးရှုမိ၏။ သူ့အတွက်တော့ ဒီလူ့အပေါ်နူးညံ့ပေးရတာ ၊ နည်းနည်းမျက်နှာပူစရာကောင်းနေသည်။ သူ့အချစ်တွေကို ဒီလူ့အပေါ်ဘယ်လိုဖော်ပြပေးရမလဲ။ သူ့ကြောင့်တစ်လျှောက်လုံး ပင်ပန်းလာသူကို ရုတ်တရက်ကြီးကောင်းပေးလိုက်ရင် ၊ သူ့ကို မယုံလောက်ဘူးထင်သည်။

တွေးရင်းနဲ့စိတ်တိုလာရ၏။ နူးညံ့ပေးရတာက သူ့စရိုက်မဟုတ်။ တစ်လျှောက်လုံး သူ့ကိုစနောက်အနိုင်ယူရင်း နေလာတာမို့ ခက်ခဲနေပါသည်။ တွန်းအားပေးလုပ်ယူရတာကိုတည်မြဲမကြိုက်ပေ။ သူ့အပေါ် ဖြည်းဖြည်းခြင်းကောင်းပေးမည် ၊ သူလိုချင်တာကို ဖြည့်စည်းပေးပြီး ၊ သူ့စိတ်ကိုနားလည်အောင်အတတ်နိုင်ဆုံး ကြိုးစားမည်ဟု တည်မြဲတွေးထားသည်။ သူပုံဖော်နေသည့် အခ်စ္တစ္ခုကို လက်တွေ့ဖော်ပြဖို်က တည်မြဲအတွက် ခက်ခဲလွန်းနေသည်။ အလုပ်ပေါင်းသောင်းခြောက်ထောင်ကို တရစပ်လုပ်ရတာတောင် ချစ်ရေးဆိုတာလောက်ခက်ခဲမည်မထင်။

" ကြောင်ငပျင်းလေး မင်းအိပ်ပြီလား "

အသက်ရူသံပုံမှန်ဖြင့် အိပ်ပျော်သွားသူကြောင့် တည်မြဲစိတ်ထဲပေါ့သွားသည်။ မအိပ်သေးရင် ပြောရတာ မျက်နှာပူစရာ။ သတ္တိရှိပြီး လက်ရဲဇက်ရဲရှိလှပါသည်ဆိုတဲ့သူက ၊ အခုတော့ စိုးရိမ်နေလိုက်တာ။

" မင်းကို အနိုင်ကျင့်ခဲ့မိတာတွေ ငါတောင်းပန်ပါတယ် ၊ မင်းအပေါ်ဆို အနိုင်ယူချင်ပြီး ဆိုးခဲ့ စနောက်ခဲ့တာတွေအတွက်ပေါ့ ၊ မေမေတို့က မင်းကိုဝိုင်းချစ်ကြလို့ ငါမနာလိုတာလည်းဝန်ခံပါတယ် ၊ သူတို့က မင်းကိုအမြင်ကပ်စရာကောင်းအောင် ဝိုင်းချစ်နေကြတာကိုး....၊ တကယ်တော့ သူတို့မင်းကိုချစ်တာမမှားပါဘူးလေ ၊ ဖြစ်သင့်ပါတယ် "

" ကြောင်ငပျင်းလေး ငါက မချစ်ပြတတ်ဘူး ၊ ငါ့အပြုအမူတွေကနေ တစ်ဆင့်ခြင်းဆီ ပြောပြပေးသွားမယ် ၊ မင်းကမြင်အောင်ကြည့်ပေါ့ ၊ ငါ ငါတစ်ခါမှ မခ်စ္ဖူးဘူး ၊ ရှက်စရာနည်းနည်းကောင်းပေမယ့် မင်းအပေါ်ကလွဲရင် ဘယ်သူ့ကိုမှ တဏှာစိတ်နဲ့ရော လိုချင်တပ်မက်စိတ်မဖြစ်တာအမှန်ပဲ "

တည်မြဲ၏ သက်ပြင်းချသံလေးလေးကြီးထွက်လာသည်။ ဝန္ခံရတာ ခက်ခဲလိုက်တာ။ ဆက်မပြောချင်တော့တာမို့ တည်မြဲ အိပ်ပျော်နေသူ၏ ကိုယ်သင်းနံ့လေးကို ရှုရှိုက်လိုက်ရင်း စိတ်ချလက်ချအိပ်ပျော်သွားတော့၏။ တစ်ဖက်ကောင်လေးသာ ကြားရင် ဒီစကားတွေကိုဘယ်လိုတုန့်ပြန်နေမှာပါလိမ့်။

TBC~~~
15.10.2021

Continue Reading

You'll Also Like

45.8K 1.4K 64
[Unicode] ကျူးလစ်ပန်းအဝါရောင်လေးတွေရဲ့အဓိပ္ပါယ်က နေရောင်ခြည်လိုတောက်ပပြီးနွေးထွေးတဲ့အပြုံးလေးကိုရည်ညွှန်းသတဲ့။ [Zawgyi] ကျူးလစ်ပန်းအဝါရောင်လေးတွေရဲ့အ...
1.1M 100K 142
Authors: Ka Pi Chu, Zhang Pei Wen Xue, Zhen Shai All credits to owner. Translated by Lilac🌺 ❗နာမည်တွေမှားနေပါတယ်၊ အချိန်မအားတာကြောင့်မပြင်ရသေးပါ။ သိ...
869K 48.5K 36
"လွမ်းစေသော် မင်းငါ့ကိုဘာလို့ ချစ်ငယ်လို့ခေါ်တာလဲ" "ချစ်ငယ်က ငါ့ထက်ငယ်တော့ အငယ်ပေါ့ ချစ်ငယ်လို့ခေါ်မှတော့ အခြားဘာရှိသေးလို့လဲ" "..." "ကိုကို မင်းကို...
958K 182K 124
◆ Title - My Underachieving Seatmate Doesn't Need Any Comforting ◆ Author - Long Qi《龙柒》 ◆ Total Chapters - 122 ◆ Genre - Comedy , Modern , Fluffy , S...