ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ င...

By Kay_Wine

574K 105K 4.2K

Title - I Only Lived for Three Chapters in A Campus Romance Novel Author - Tang Shan Yue (糖山月) Total Chapter... More

Description
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
အပိုင်း - ၁၁
အပိုင်း - ၁၂
အပိုင်း - ၁၃
အပိုင်း - ၁၄
အပိုင်း - ၁၅
အပိုင်း - ၁၆
အပိုင်း - ၁၇
အပိုင်း - ၁၈
အပိုင်း - ၁၉
အပိုင်း - ၂၀
အပိုင်း - ၂၁
အပိုင်း -၂၂
အပိုင်း - ၂၃
အပိုင်း - ၂၄
အပိုင်း - ၂၅
အပိုင်း - ၂၆
အပိုင်း - ၂၇
အပိုင်း - ၂၈ [ Zawgyi ]
အပိုင်း - ၂၈ [ Unicode ]
အပိုင်း - ၂၉
အပိုင်း - ၃၀
အပိုင်း - ၃၁
အပိုင်း - ၃၂
အပိုင်း - ၃၃
အပိုင်း - ၃၄
အပိုင်း - ၃၅
အပိုင်း - ၃၆.၁
အပိုင်း - ၃၆.၂
အပိုင်း - ၃၇.၂
အပိုင်း - ၃၈.၁
အပိုင်း - ၃၈.၂
အပိုင်း - ၃၉
အပိုင်း - ၄၀
အပိုင်း - ၄၁
အပိုင်း - ၄၂
အပိုင်း - ၄၃
အပိုင်း - ၄၄
အပိုင်း - ၄၅
အပိုင်း - ၄၆
အပိုင်း - ၄၇
အပိုင်း - ၄၈
အပိုင်း - ၄၉
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၈.၂
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉

အပိုင်း - ၃၇.၁

4.7K 1.1K 19
By Kay_Wine


{Zawgyi}

ဒီလမ္းက နဂိုတည္းက အက်ယ္ႀကီးမဟုတ္ဘူး။ အရင္ဆုံး ေမာ္ေတာ္ဆိုင္ကယ္ႀကီးေတြနဲ႔ လူရွစ္ေယာက္အျပင္ ႐ုတ္တရက္ႀကီး အနက္ေရာင္ဝတ္စုံေတြနဲ႔ ေဒါင္ေကာင္းေကာင္း လူႀကီးအေယာက္ႏွစ္ဆယ္ေက်ာ္ ေရာက္ခ်လာျပန္တယ္။

ေနာက္ၿပီး ကန႔္လန႔္ျဖတ္ရပ္ထားတဲ့ ေမာ္ေတာ္ဆိုင္ကယ္ေတြအပါအဝင္ လမ္းေပါက္ႏွစ္ဖက္စလုံးမွာ မ်ားစြာေသာကားေတြ ပိတ္ဆို႔ထားၾကေသးတယ္။ ႐ုတ္တရက္ဆိုသလို လမ္းတစ္ခုလုံးလည္း ပိုၿပီးက်ပ္သိပ္သလိုပုံ ေပၚသြားတယ္။

ေတာင္တက္စက္ဘီးလက္ကိုင္ေလးကို တင္းေနေအာင္ဆုပ္ကိုင္ထားတဲ့ လင္ရွန္းရဲ႕လက္ဖဝါးက ေခြၽးေစးျပန္လာတယ္။ မ်က္ေတာင္တစ္ခတ္စာေလးအတြင္း ထိုအနက္ေရာင္ဝတ္စုံနဲ႔လူေတြက လ်င္ျမန္စြာနဲ႔ သူတို႔နားေရာက္လာေတာ့မလိုျဖစ္လာတယ္။

သူ႔ရဲ႕ေရွ႕ေရာ ေနာက္ပါ လုံး၀လမ္းပိတ္ေနတာေၾကာင့္ သူ႔မွာ သိုင္းသမားလိုမ်ိဳး နံရံေပၚ ပ်ံတက္ႏိုင္တာမ်ိဳးသာမလုပ္ႏိုင္ဘူးဆိုရင္ ထြက္ေျပးႏိုင္ဖို႔ဆိုတာ ဘယ္လိုမွမျဖစ္ႏိုင္ဘူး။

လင္ရွန္း မသိစိတ္ေၾကာင့္ အလိုလို​ေနာက္ဆုတ္လိုက္မိသြားတယ္။

သူ႔ရဲ႕ကိုယ္တစ္ဝက္ေလာက္က နံရံမွာလုံး၀ကပ္ေနၿပီး မ်က္လုံးေတြကလည္း မ်က္ေတာင္တစ္ခ်က္မခတ္ဘဲ ထိုလူေတြကိုသာ စိုက္ၾကည့္ေနတယ္။ ဆိုင္ကယ္နဲ႔လူေတြလည္း ရပ္သြား​ၾကတယ္။

သူနဲ႔ခုေလးတင္ စကားေျပာခဲ့တဲ့ ဆိုင္ကယ္သမားက အဖြဲ႕ေခါင္းေဆာင္ျဖစ္ေလာက္တယ္။ သူနဲ႔ သူ႔အဖြဲ႕သားေတြ အခ်င္းခ်င္းျပန္ၾကည့္ကာ တစ္ေယာက္ခ်င္းစီရဲ႕မ်က္လုံးေတြထဲမွာ အံ့ဩရိပ္တို႔တစ္စြန္းတစ္စရွိေနတာ သတိျပဳမိလိုက္တယ္။

"Hey!" ထိုလူက ေခါင္းျပန္လွည့္ကာ အနက္ေရာင္ဝတ္စုံနဲ႔လူေတြကို ေလ့လာေတာ့တယ္။ "မင္းတို႔က ဘယ္သူေတြလဲ?"

သူ စိတ္လႈပ္ရွားစြာ တံေတြးၿမိဳခ်ၿပီး "ငါတို႔က အစ္ကိုန်ဲ႕ရဲ႕လူေတြ၊ ငါတို႔အခု ျပႆနာေလးေတြ ေျဖရွင္းေနတာ၊ ေဘးမွာလည္း မိတ္ေဆြေတြ ေစာင့္ေနၾကတယ္၊ ေျပာၾကည့္ေလ မဟုတ္လို႔ကေတာ့..."

သူက စကားကိုဆုံးေအာင္မေျပာလိုက္ေပမယ့္ ၿခိမ္းေျခာက္မႈက ျပင္းထန္ေနၿပီျဖစ္တယ္။

'အစ္ကိုန်ဲ႕?' ထိုနာမည္က လင္ရွန္းနားထဲ တိုးဝင္လာတယ္။

႐ုတ္ျခည္း သူသတိျပဳမိသြားတယ္။

'အဲ့တာ န်ဲ႕ဇီလင္းလား?"

ဒီလူက ၀တၳဳထဲက အႀကီးစားဗီလိန္ႀကီးေတြထဲက တစ္ေယာက္အျဖစ္ သတ္မွတ္လို႔ရတယ္ဆိုတာ သူသိတယ္။ အစကေတာ့ သူက လုေျမာင္ေျမာင္ရဲ႕ခ်စ္သူျဖစ္ၿပီး ဒီရွင္းဆန္းေက်ာင္းရဲ႕ ေက်ာင္းပန္းကေလးကို အခ်ိန္အေတာ္ၾကာ လိုက္ေနခဲ့တာျဖစ္တယ္။

သို႔ေပမယ့္ ေနာက္ပိုင္းမွာ စုတ်န္းတ်န္းကို တျဖည္းျဖည္းစိတ္ဝင္စားလာၿပီး ေတာက္ပလင္းလက္ကာ စြမ္းအင္အျပည့္နဲ႔ဇာတ္လိုက္မကို ခ်စ္ကြၽမ္းဝင္သြားေတာ့တယ္။ သို႔ေပမယ့္ သူက စုတ်န္းတ်န္းကို သေဘာက်ေနတဲ့အတြက္ေၾကာင့္ ေနာက္ပိုင္း လုေျမာင္ေျမာင္နဲ႔ ေမာ့မိသားစုအႀကီးအကဲေတြက စုတ်န္းတ်န္းနဲ႔ ေမာ့က်ဴးခ်န္တို႔ ကြဲသြားေစခ်င္တဲ့အခါမွာ သူကလည္း ဒီလူႏွစ္ေယာက္ ငါးႏွစ္ေလာက္ေဝးသြားေအာင္ အင္အားအမ်ားႀကီးစိုက္ထုတ္ခဲ့ေသးတယ္။

'အဲ့ေတာ့ကာ ဒီဆိုင္ကယ္နဲ႔လူေတြအားလုံးက န်ဲ႕ဇီလင္းလႊတ္လိုက္တာေပါ့?"

လင္ရွန္း ပိုၿပီးေတာ့ေတာင္ စိတ္လႈပ္ရွားလာတယ္။ ၀တၳဳထဲမွာရွိတဲ့ န်ဲ႕ဇီလင္းက ရက္စက္တတ္တဲ့ဇာတ္ေကာင္ျဖစ္တယ္။

'ဒီအနက္ေရာင္ဝတ္စုံနဲ႔ လူေတြကေရာ? သူတို႔ေတြက တစ္စုတည္းမဟုတ္ဘူးလား? ဒါဆို သူတို႔က...'

ဆိုင္ကယ္သမားက စကားေျပာလာတယ္ဆိုရင္ပဲ အနက္ေရာင္ဝတ္စုံနဲ႔လူက ကိုယ္ရွိန္ဟန႔္လိုက္တယ္။

သူ႔ရဲ႕ၿခိမ္းေျခာက္မႈက အလုပ္ျဖစ္ဟန္ေပၚတာကိုျမင္ေတာ့ ဆိုင္ကယ္နဲ႔လူက သူ႔ညီအစ္ကိုေတြကို ဂုဏ္ယူစြာ ေမးေငါ့ျပလိုက္တယ္။ "လာကြာ ဒီေကာင္စုတ္ေလးကို ခ်ဳပ္ၿပီး ညာဘက္လက္ကို တြယ္လိုက္"

လင္ရွန္း "..."

သူ စိတ္လႈပ္ရွားစြာ ေဘးဘီကိုၾကည့္ၿပီး သူ႔ရဲ႕ေတာင္တက္စက္ဘီးကို လႊတ္ခ်လိုက္တယ္။ သူ႔ရဲ႕ေနာက္ေက်ာတစ္ခုလုံး နံရံမွာကပ္သြားတဲ့အခါ သူ႔ရဲ႕ညာဘက္လက္ကို အသာေလးအိတ္ကပ္ထဲထည့္ၿပီး သူ႔ဖုန္းကို စမ္းၾကည့္ဖို႔လုပ္လိုက္တယ္။

သို႔ေပမယ့္ သူ႔လက္က လႈပ္႐ုံရွိေသးတယ္ သူနဲ႔အနီးဆုံးမွာရွိတဲ့ ဆိုင္ကယ္သမားႏွစ္ေယာက္က သူ႔ေရွ႕ကို လ်င္ျမန္စြာေရာက္ခ်လာတယ္။ 'pa'ဆိုတဲ့အသံနဲ႔အတူ သူအခုေလးတင္ စမ္းၾကည့္လိုက္တဲ့ဖုန္းက ပုတ္ထုတ္ခံရၿပီး လြင့္သြားေတာ့တယ္။

မွန္ကြဲသံနဲ႔အတူ ေျမျပင္ေပၚ က်ကာ ခပ္ေဝးေဝးလြင့္သြားတယ္။ ကြက္တိဆိုသလို ဖုန္းက အနက္ေရာင္ဝတ္စုံနဲ႔လူေတြထဲက တစ္ေယာက္ေရွ႕ကိုက်သြားတယ္။

ထိုလူက ေခါင္းငုံၿပီး ေအာက္ကိုၾကည့္လိုက္တယ္။ က်သြားတဲ့ဖုန္းက အခ်က္ျပလိုက္သလိုျဖစ္သြားတယ္။ ေနာက္စကၠန႔္အတြင္း မူလက ရပ္႐ုံသာရပ္ေနတဲ့ အနက္ေရာင္ဝတ္စုံနဲ႔လူေတြကလည္း လႈပ္လႈပ္ရွားရွားျဖစ္လာၾကတယ္။

သူတို႔က အေရအတြက္ ႏွစ္ဆေလာက္ပိုမ်ားၿပီး ဆိုင္ကယ္သမားေတြလိုပဲ ျမန္ဆန္တယ္။ လမ္းကလည္း အလြန္အင္မတန္က်ပ္ေနတယ္။ သို႔ေသာ္လည္း မ်က္ေတာင္တစ္ခတ္စာေလးမွာတင္ အရပ္ရွည္ရွည္လူႏွစ္ေယာက္စီက လင္ရွန္းအေရွ႕မွာရွိေနတဲ့ ဆိုင္ကယ္သမားႏွစ္ေယာက္ကို ဝိုင္းထားလိုက္ၿပီျဖစ္တယ္။

သူတို႔ဘယ္လိုလုပ္လိုက္မွန္း လင္ရွန္းေတာင္ သတိမထားမိလိုက္ဘူး။ ခဏေလးအတြင္း သနားစရာငိုေႂကြးသံေတြနဲ႔အတူ ေျမႀကီးေပၚလူေတြလဲက်သြားသလို ခပ္ျပင္းျပင္အသံေတြက တိတ္ဆိတ္တဲ့လမ္းေလးေပၚမွာ ထြက္ေပၚလာတယ္။

ထိုမ်က္ေတာင္တစ္ခတ္မွာတင္ ဆိုင္ကယ္သမားေတြအားလုံး ေျမႀကီးေပၚ ေမွာက္ကုန္ၾကၿပီ။

လင္ရွန္းနဲ႔အနီးဆုံးမွာရွိတဲ့ ဆိုင္ကယ္သမားႏွစ္ေယာက္လည္း ေၾကာင္အေနၾကတယ္။ သူတို႔လည္း ျမန္ျမန္ဆန္ဆန္ တုံ႔ျပန္လာၾကတယ္။

ေၾကာင္အလို႔အၿပီးမွာ သူတို႔ေတြ လင္ရွန္းကို လွမ္းဆြဲလိုက္ေပမယ့္ သူတို႔ကသာ ေငးေၾကာင္ေနခဲ့တာျဖစ္ၿပီး လင္ရွန္းကေတာ့ ေၾကာင္မေနခဲ့ဘူး!

သူ႔ေနာက္မွာရွိတဲ့ဒီလူေတြက ဆိုင္ကယ္သမားအုပ္စုနဲ႔ အတူမဟုတ္ဘဲ ထိုအစား သူ႔ကို ကူညီဖို႔ ေရာက္လာဟန္ေပၚတာကို သိလိုက္ရတာေၾကာင့္ နံရံမွာ ေက်ာကပ္ထားရင္းနဲ႔သာ ေဘးနားတစ္ေလွ်ာက္ ေျဖးေျဖးခ်င္း သတိထားေ႐ႊ႕ခဲ့လိုက္တယ္။

ထိုလူႏွစ္ေယာက္က သူ႔ကို လွမ္းဆြဲတာကိုျမင္ေတာ့ လင္ရွန္းလည္း ေတြးမေနေတာ့ဘဲ ကိုယ္ကို လွည့္ကာ ဝတ္စုံျပည့္နဲ႔လူေတြဆီကို ေျပးေတာ့တယ္။

'ကိစၥမရွိဘူး! ဝတ္စုံျပည့္နဲ႔ဒီလူေတြက ေအးစက္ၿပီး အညႇာအတာမဲ့ကာ လူေကာင္းေတြမဟုတ္ဘူးဆိုရင္ေတာင္! ဒီေနရာမွာ ဖမ္းမိတာထက္ ပိုေကာင္းတယ္ ၿပီးေတာ့ လက္အခ်ိဳးခံရမွာထက္ ပိုေကာင္းတယ္'

"ကယ္ၾကပါ!" တစ္ဖက္မွာ လင္ရွန္းေအာ္ဟစ္ရင္း တစ္ဖက္မွာလည္း ဝတ္စုံျပည့္နဲ႔လူေတြ ပိုမ်ားတဲ့ေနရာဆီ တဟုန္ထိုးေျပးသြားလိုက္တယ္။

ဒီလူေတြကလည္း ေကာင္းေကာင္းေလ့က်င့္ေပးထားတာျဖစ္ၿပီး သူ႔ကိုခ်က္ခ်င္း ႀကိဳဆိုၾကတယ္။ တစ္ခါတစ္ရံမွာ အကြာအေဝးေတြက မိုင္တစ္ေထာင္ေလာက္ ေဝးသလိုမ်ိဳးျဖစ္တတ္တယ္။

အခုက စကၠန႔္ပိုင္းေလး ေနာက္က်သြားတာျဖစ္ၿပီး တစ္မီတာေလာက္ပဲ ေဝးတာျဖစ္တယ္။

က်န္ေနတဲ့ ဆိုင္ကယ္သမားႏွစ္ေယာက္က လင္ရွန္းကို ဖမ္းမိသြားတယ္ဆိုေပမယ့္ ခ်က္ခ်င္းပဲ ဝတ္စုံျပည့္နဲ႔ အရပ္ရွည္ရွည္လူေတြရဲ႕ ဝန္းရံတာကို ခံလိုက္ရတယ္။ မပီမသ 'bang bang'ဆိုတဲ့ အသံနဲ႔အတူ ႏွစ္ေယာက္စလုံး ေျမႀကီးေပၚ လဲက်သြားေတာ့တယ္။

သူတို႔လည္း သူတို႔ရဲ႕ညီအစ္ကိုေတြလိုမ်ိဳး ထိတ္လန႔္ေနတဲ့ သနားစဖြယ္ေအာ္ညည္းသံေလးသာ ထြက္ႏိုင္ၿပီး ျပန္ထမလာႏိုင္ေတာ့ဘူး။

လင္ရွန္းကေတာ့ ဝတ္စုံျပည့္နဲ႔လူေတြေနာက္ဘက္ကို ေျပးသြားၿပီျဖစ္တယ္။ သူ သက္ျပင္းရႈိက္ေနမိတယ္!

ဆက္မေနရဲသလို သူ႔ေခါင္းကိုလွည့္ကာ ဒီလူေတြ ေနာက္ထပ္ဘာလုပ္ႏိုင္မလဲဆိုတာကိုလည္း မၾကည့္ရဲဘူး။ ေသခ်ာေပါက္ သူ႔ဖုန္းကိုလည္း သြားျပန္မေကာက္ရဲဘူးေပါ့။

လင္ရွန္း စိတ္သက္သာရာရစြာ သက္ျပင္းခ်ခ်င္ေနတာကို ထိန္းၿပီး ေခါင္းငုံ႔ကာ အလ်င္အျမန္ဆက္ေျပးေတာ့တယ္။

ထိုအခ်ိန္ထိပဲ...

လမ္းအဆုံးေရာက္ေတာ့ သူ႔ေရွ႕မွာ Rolls Royce Phantomတစ္စီးေပၚလာတယ္။ ေမာ့က်ဴးခ်န္က ေက်ာင္းလြယ္အိတ္လြယ္ကာ ေက်ာင္းယူနီေဖာင္းကို ဝတ္ထားဆဲျဖစ္တယ္။

လြယ္အိတ္ကို သူ႔ပုခုံးေပၚ ေပါ့ေပါ့ပါးပါးတင္ထား႐ုံျဖစ္တယ္။ သူက ဒီတိုင္းေလး မနက္ခင္းအလင္းေရာင္ကို ေနာက္ခံထားကာ ကားေရွ႕တံခါးကို မွီၿပီး​ေနေနတယ္။

ေနာက္ေတာ့ နီရဲေနတဲ့ပါးတစ္စုံနဲ႔ ေျပးလာကာ ဖုတ္လိုက္ဖုတ္လိုက္ျဖစ္ေနတဲ့ လင္ရွန္းကို ေတြ႕သြားတယ္။ ေမာ့က်ဴးခ်န္ရဲ႕ ႏႈတ္ခမ္းေထာင္ေတြက ျမင့္တက္သေယာင္ျဖစ္သြားတယ္။

သူကေတာ့ မလႈပ္မယွက္ေနေနဆဲျဖစ္ၿပီး လင္ရွန္းကို ေမးေငါ့ကာ ရင္၀ကို ဆီးၿပီးေဆာင့္ကန္ေတာ့တယ္ "ဘာေတြ ေျပးလႊားေနတာလဲ?" ေမာ့က်ဴးခ်န္ ေျပာလိုက္တယ္ "ငေၾကာက္ေလး!"

လင္ရွန္း ဘာမွမေျပာႏိုင္သလိုျဖစ္သြားတယ္။ သူ ခ်က္ခ်င္းလည္း ရပ္လိုက္မိသြားတယ္။ ခုနကေလးတင္ သူ အရမ္းစိတ္လႈပ္ရွားၿပီး ေၾကာက္ေနခဲ့ကာ လွ်င္ျမန္စြာေျပးလာတာေၾကာင့္ ေႏြဦးမနက္ခင္းေလေျပခပ္ေအးေအးမွာေတာင္ သူ႔ရဲ႕ရင္ဘတ္အတြင္းထဲ လႈိက္ၿပီးပူေနရတယ္။

သို႔ေပမယ့္ သူလည္း ဘာေၾကာင့္မွန္းမသိဘူး။

ေမာ့က်ဴးခ်န္ကိုျမင္လိုက္ရခ်ိန္မွာ လင္ရွန္း ခံစားခဲ့ရတဲ့ တင္းမာမႈေတြေၾကာင့္ သူ႔ႏွလုံးက လည္ေခ်ာင္းထဲကေန ခုန္ထြက္ေတာ့မလိုျဖစ္ေနရာက တျဖည္းျဖည္းနဲ႔ ေလးလံတဲ့ပင့္သက္ရႈိက္မႈေတြကေန ထိုအရာလည္း ရင္ဘတ္ထဲျပန္က်သြားရတယ္။

သူ ရပ္လိုက္ၿပီး လြယ္အိတ္ကိုလည္း ေျမႀကီးေပၚ ဒီတိုင္းပစ္ခ်လိုက္တယ္။ ထို႔ေနာက္ ခါးကိုင္းကာ ဒူးေတြေပၚ လက္ႏွစ္ဖက္လုံး ေထာက္တင္ထားရတယ္။ လင္ရွန္း ခဏေလာက္ အသက္လုရႈေနရၿပီးမွ ခါးျပန္မတ္လာတယ္။

သူ ေမာ့က်ဴးခ်န္ကို ရဲရဲဝံ့ဝံ့မၾကည့္ရဲဘူး။ တစ္ဖက္လူကေတာ့ ခုနကအေနအထားအတိုင္း ေနေနဆဲျဖစ္တယ္။

လက္တစ္ဖက္က အိတ္ကပ္ထဲထည့္ထားၿပီး ေနာက္တစ္ဖက္က ေက်ာင္းလြယ္အိတ္ကို ကိုင္ထားကာ ကားေဘးနားမွာ ေပါ့ေပါ့ပါးပါး ခပ္မိုက္မိုက္ ရပ္ေနတယ္။

မနက္ခင္းအလင္းေရာင္က ေမာ့က်ဴးခ်န္ရဲ႕ ၾကည့္ေကာင္းၿပီး ျပစ္မ်ိဳးမွဲ႔မထင္နဲ႔ ဓားတစ္လက္လို ေလးနက္တဲ့မ်က္ႏွာအသြင္အျပင္ေပၚ ေဘာင္ခတ္ထားသလိုမ်ိဳးျဖစ္ေနကာ တကယ့္ကို ခန႔္ညားၿပီး ၿပိဳင္ဘက္ကင္းေနေစတယ္!

"ငါ..." လင္ရွန္း စကားစေျပာလိုက္ခ်ိန္မွာ သူ႔အသံက ဝင္ေနၿပီး ထြက္မလာတာကို သိလိုက္ရတယ္။

သူက မီတာရာဂဏန္းေလာက္ေလးပဲ ေျပးလိုက္ရတာပါ။ ဒါေပမယ့္ သူအရမ္းစိတ္လႈပ္ရွားေနခဲ့တာေၾကာင့္ သူ႔အတြက္ မီတာေသာင္းေက်ာ္ေျပးလိုက္ရသလိုမ်ိဳးျဖစ္ေနတယ္။

"မင္း..." သက္မထပ္ရႈိက္လိုက္ၿပီး ေလကို ခပ္ျပင္းျပင္းရႈထုတ္လိုက္ေတာ့မွသာ အသက္ရႈရတာ ပိုအဆင္ေျပလာတယ္လို႔ ခံစားလိုက္ရတယ္ "ဘာလို႔ ဒီေရာက္ေနတာလဲ?"

"မင္း ဘာေတြေျပာေနတာလဲ?" ေမာ့က်ဴးခ်န္ မ်က္ခုံးေတြပင့္ကာ လင္ရွန္းေနာက္ေက်ာဘက္ကို လွမ္းၾကည့္လိုက္တယ္။

မိနစ္ပိုင္းေလးမွာတင္ လမ္းပိတ္ဆို႔ခဲ့တဲ့ ဆိုင္ကယ္သမားေတြကို ဝတ္စုံျပည့္နဲ႔လူေတြ သယ္ထုတ္သြားၿပီျဖစ္တယ္။ ထို႔ေနာက္ ေျမေပၚမွာ ကန႔္လန႔္ျဖတ္ထားတဲ့ ဆိုင္ကယ္ေလးစီးကိုေတာင္ ဆြဲသယ္သြားၿပီျဖစ္တယ္။

လမ္းေတြက တစ္ဖန္ျပန္လည္ ၿငိမ္သက္သြားတယ္။

အကယ္၍သာ လင္ရွန္းနဲ႔ တစ္ဖက္လူဆီကို ဝတ္စုံျပည့္နဲ႔ လူခုနစ္ေယာက္ ရွစ္ေယာက္ေလာက္ အေလာတႀကီးေလွ်ာက္လာတာ မရွိဘူးဆိုရင္ ခုနေလးတင္ျဖစ္ခဲ့တဲ့ အျဖစ္အပ်က္က သူမနက္ေစာေစာမွာ မက္ခဲ့တဲ့အိမ္မက္တစ္ခုလို႔ေတာင္ လင္ရွန္း ထင္မိသြားမွာျဖစ္တယ္။

"သခင္ေလး" ဝတ္စုံျပည့္နဲ႔လူက လင္ရွန္းကိုေက်ာ္ၿပီး ေမာ့က်ဴးခ်န္ေရွ႕မွာ ႐ို႐ိုက်ိဳးက်ိဳးရပ္လာတယ္။

လူတိုင္းက သူ႔ကိုဦးၫႊတ္ၿပီး ေခါင္းေဆာင္ျဖစ္သူက အသံတိုးတိုးနဲ႔ ေျပာလာတယ္ "ကိစၥကို ရွင္းလင္းၿပီးပါၿပီ"

"အင္း" ေမာ့က်ဴးခ်န္ ေအးစက္စက္ ေခါင္းၿငိတ္ျပလိုက္တယ္ "ေကာင္းတယ္"။ သူ႔ရဲ႕မီးေတာင္ေက်ာက္လိုမ်က္လုံးေတြက ေခါင္းေဆာင္ေပၚ ျဖတ္ေျပးသြားၿပီး "သခင္ေလးလင္ကို ဆက္ၿပီးကာကြယ္ေပး"

"နားလည္ပါၿပီ!" ထိုလူေတြက ေမာ့က်ဴးခ်န္ကို ေနာက္တစ္ႀကိမ္အ႐ိုအေသေပးလိုက္ျပန္တယ္။ တိက်တဲ့ေျခလွမ္းသံနဲ႔အတူ သူတို႔ေတြလည္း သက္ဆိုင္ရာကားေတြထဲ အသီးသီးတိတ္တိတ္ဆိတ္ဆိတ္ ဝင္သြားၾကတယ္။

လင္ရွန္းကေတာ့ မ်က္လုံးအျပဴးသားနဲ႔ ထြက္သြားတဲ့ကားသုံးစီးရဲ႕ ဖင္ပိုင္းေလးကို လိုက္ၾကည့္ေနမိတယ္။ မ်က္ေတာင္ေလး ပုတ္ခတ္ပုတ္ခတ္လည္း ျဖစ္ေနျပန္တယ္။

"ဒီလူေတြ... သူတို႔က မင္းရဲ႕လူေတြလား?" သူ တိုးတိုးေလး ေမးလိုက္တယ္။

ၿပီးေတာ့ ဘာကို ကာကြယ္ေပးတာလဲ? အစတည္းက ဒီလူေတြက သူ႔ေနာက္ကို အၿမဲလိုက္ေနၾကတာလား? အံ့ဩစရာေကာင္းေလာက္ေအာင္ သူလုံး၀သတိမထားမိခဲ့ဘူး!

"အဲ့လိုမွမဟုတ္ရင္ ဘယ္လိုထင္လို႔လဲ?" ေမာ့က်ဴးခ်န္ အသာေလးႏွာမႈတ္လိုက္တယ္။

သူ ေခါင္းငုံ႔လိုက္ၿပီး ခုေလးတင္ ေမာ့မိသားစုကိုယ္ရံေတာ္က သူ႔ကိုေပးသြားတဲ့ လက္ထဲကဖုန္းကို ငုံ႔ၾကည့္လိုက္တယ္။ လင္ရွန္းအၾကည့္ကလည္း ထိုအေနာက္ကို ပါသြားတယ္။

သူ သက္ျပင္းရႈိက္လိုက္ရတယ္၊ ေသခ်ာေပါက္ သူ႔ရဲ႕ဖုန္းစခရင္ အက္သြားၿပီေပါ့။ ဖုန္းမွန္ရဲ႕ဘယ္ဘက္အေပၚေထာင့္က ပင့္ကူအိမ္ေတြလိုမ်ိဳး လုံး၀မြစာႀကဲေနၿပီျဖစ္တယ္။ ကံေကာင္းေထာက္မစြာနဲ႔ သူ႔လက္ေလးကေတာ့ က်ိဳးမသြားဘူး။

ေၾကာက္လန႔္မႈေၾကာင့္ ရင္တလွပ္လွပ္တုန္ေနၿပီး လင္ရွန္း သူ႔ရဲ႕ညာဘက္လက္ကို ထိမိလိုက္တယ္။

သူ ေမာ့က်ဴးခ်န္ဆီ ေျဖးေျဖးခ်င္းေလွ်ာက္သြားကာ ထိုလူ႔လက္ေခ်ာင္းသြယ္သြယ္ေတြက သူ႔ဖုန္းကို ေဆာ့ေနတာ ေခါင္းငုံ႔ၿပီး ၾကည့္လိုက္တယ္။

"အမ္..." လင္ရွန္း ေခါင္းကုတ္ေနလိုက္တယ္။ ခုေလးတင္ တိုက္ခိုက္ခံရတာေၾကာင့္ အထိတ္တလန႔္ျဖစ္ရတာက အျပည့္အ၀ျပန္ေကာင္းမလာေသးဘူး။

ဒါဆို ဒီဆိုင္ကယ္သမားေတြက န်ဲ႕ဇီလင္းလႊတ္လိုက္တာေပါ့။ သူတို႔ရဲ႕ရည္႐ြယ္ခ်က္က သူ႔ရဲ႕ညာဘက္လက္ကို ခ်ိဳးၿပီး ဒီအပတ္အစမ္းၿပိဳင္ပြဲေတြမွာ ဝင္မၿပိဳင္ႏိုင္ေအာင္ လုပ္ဖို႔ပဲျဖစ္တယ္။

ဒီနည္းနဲ႔သာဆို လုေျမာင္ေျမာင္ လုံး၀ရႈံးေတာ့မွာမဟုတ္ဘူး။

ၿပီးေတာ့ သူ႔ေနာက္မွာေပၚလာတဲ့ ဝတ္စုံျပည့္နဲ႔လူေတြက သူ႔ကိုကာကြယ္ေပးဖို႔ဆိုၿပီး ေမာ့က်ဴးခ်န္ လႊတ္ေပးထားတာတဲ့လား? ဘယ္အခ်ိန္တည္းက ဒီလူေတြကို သူ႔ေနာက္ လိုက္ခိုင္းထားတာလဲ?

သူ...

လင္ရွန္း ေခါင္းသာယမ္းမိေတာ့တယ္။ ျဖစ္ပ်က္ခဲ့သလိုမ်ိဳးဆို ေမာ့က်ဴးခ်န္က သူ႔ကို ကယ္ေပးခဲ့တာပဲ!

"အခုေလးတင္ ျဖစ္ခဲ့တာအတြက္ ေက်းဇူးတင္ပါတယ္" သူေျပာလိုက္တယ္ "မင္းသာ အခ်ိန္မွီေပၚမလာရင္ ငါ့ရဲ႕ညာဘက္လက္က..."

___________________________________


{Unicode}

ဒီလမ်းက နဂိုတည်းက အကျယ်ကြီးမဟုတ်ဘူး။ အရင်ဆုံး မော်တော်ဆိုင်ကယ်ကြီးတွေနဲ့ လူရှစ်ယောက်အပြင် ရုတ်တရက်ကြီး အနက်ရောင်ဝတ်စုံတွေနဲ့ ဒေါင်ကောင်းကောင်း လူကြီးအယောက်နှစ်ဆယ်ကျော် ရောက်ချလာပြန်တယ်။

နောက်ပြီး ကန့်လန့်ဖြတ်ရပ်ထားတဲ့ မော်တော်ဆိုင်ကယ်တွေအပါအဝင် လမ်းပေါက်နှစ်ဖက်စလုံးမှာ များစွာသောကားတွေ ပိတ်ဆို့ထားကြသေးတယ်။ ရုတ်တရက်ဆိုသလို လမ်းတစ်ခုလုံးလည်း ပိုပြီးကျပ်သိပ်သလိုပုံ ပေါ်သွားတယ်။

တောင်တက်စက်ဘီးလက်ကိုင်လေးကို တင်းနေအောင်ဆုပ်ကိုင်ထားတဲ့ လင်ရှန်းရဲ့လက်ဖဝါးက ချွေးစေးပြန်လာတယ်။ မျက်တောင်တစ်ခတ်စာလေးအတွင်း ထိုအနက်ရောင်ဝတ်စုံနဲ့လူတွေက လျင်မြန်စွာနဲ့ သူတို့နားရောက်လာတော့မလိုဖြစ်လာတယ်။

သူ့ရဲ့ရှေ့ရော နောက်ပါ လုံး၀လမ်းပိတ်နေတာကြောင့် သူ့မှာ သိုင်းသမားလိုမျိုး နံရံပေါ် ပျံတက်နိုင်တာမျိုးသာမလုပ်နိုင်ဘူးဆိုရင် ထွက်ပြေးနိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။

လင်ရှန်း မသိစိတ်ကြောင့် အလိုလို​နောက်ဆုတ်လိုက်မိသွားတယ်။

သူ့ရဲ့ကိုယ်တစ်ဝက်လောက်က နံရံမှာလုံး၀ကပ်နေပြီး မျက်လုံးတွေကလည်း မျက်တောင်တစ်ချက်မခတ်ဘဲ ထိုလူတွေကိုသာ စိုက်ကြည့်နေတယ်။ ဆိုင်ကယ်နဲ့လူတွေလည်း ရပ်သွား​ကြတယ်။

သူနဲ့ခုလေးတင် စကားပြောခဲ့တဲ့ ဆိုင်ကယ်သမားက အဖွဲ့ခေါင်းဆောင်ဖြစ်လောက်တယ်။ သူနဲ့ သူ့အဖွဲ့သားတွေ အချင်းချင်းပြန်ကြည့်ကာ တစ်ယောက်ချင်းစီရဲ့မျက်လုံးတွေထဲမှာ အံ့ဩရိပ်တို့တစ်စွန်းတစ်စရှိနေတာ သတိပြုမိလိုက်တယ်။

"Hey!" ထိုလူက ခေါင်းပြန်လှည့်ကာ အနက်ရောင်ဝတ်စုံနဲ့လူတွေကို လေ့လာတော့တယ်။ "မင်းတို့က ဘယ်သူတွေလဲ?"

သူ စိတ်လှုပ်ရှားစွာ တံတွေးမြိုချပြီး "ငါတို့က အစ်ကိုနျဲ့ရဲ့လူတွေ၊ ငါတို့အခု ပြဿနာလေးတွေ ဖြေရှင်းနေတာ၊ ဘေးမှာလည်း မိတ်ဆွေတွေ စောင့်နေကြတယ်၊ ပြောကြည့်လေ မဟုတ်လို့ကတော့..."

သူက စကားကိုဆုံးအောင်မပြောလိုက်ပေမယ့် ခြိမ်းခြောက်မှုက ပြင်းထန်နေပြီဖြစ်တယ်။

'အစ်ကိုနျဲ့?' ထိုနာမည်က လင်ရှန်းနားထဲ တိုးဝင်လာတယ်။

ရုတ်ခြည်း သူသတိပြုမိသွားတယ်။

'အဲ့တာ နျဲ့ဇီလင်းလား?"

ဒီလူက ၀တ္ထုထဲက အကြီးစားဗီလိန်ကြီးတွေထဲက တစ်ယောက်အဖြစ် သတ်မှတ်လို့ရတယ်ဆိုတာ သူသိတယ်။ အစကတော့ သူက လုမြောင်မြောင်ရဲ့ချစ်သူဖြစ်ပြီး ဒီရှင်းဆန်းကျောင်းရဲ့ ကျောင်းပန်းကလေးကို အချိန်အတော်ကြာ လိုက်နေခဲ့တာဖြစ်တယ်။

သို့ပေမယ့် နောက်ပိုင်းမှာ စုတျန်းတျန်းကို တဖြည်းဖြည်းစိတ်ဝင်စားလာပြီး တောက်ပလင်းလက်ကာ စွမ်းအင်အပြည့်နဲ့ဇာတ်လိုက်မကို ချစ်ကျွမ်းဝင်သွားတော့တယ်။ သို့ပေမယ့် သူက စုတျန်းတျန်းကို သဘောကျနေတဲ့အတွက်ကြောင့် နောက်ပိုင်း လုမြောင်မြောင်နဲ့ မော့မိသားစုအကြီးအကဲတွေက စုတျန်းတျန်းနဲ့ မော့ကျူးချန်တို့ ကွဲသွားစေချင်တဲ့အခါမှာ သူကလည်း ဒီလူနှစ်ယောက် ငါးနှစ်လောက်ဝေးသွားအောင် အင်အားအများကြီးစိုက်ထုတ်ခဲ့သေးတယ်။

'အဲ့တော့ကာ ဒီဆိုင်ကယ်နဲ့လူတွေအားလုံးက နျဲ့ဇီလင်းလွှတ်လိုက်တာပေါ့?"

လင်ရှန်း ပိုပြီးတော့တောင် စိတ်လှုပ်ရှားလာတယ်။ ၀တ္ထုထဲမှာရှိတဲ့ နျဲ့ဇီလင်းက ရက်စက်တတ်တဲ့ဇာတ်ကောင်ဖြစ်တယ်။

'ဒီအနက်ရောင်ဝတ်စုံနဲ့ လူတွေကရော? သူတို့တွေက တစ်စုတည်းမဟုတ်ဘူးလား? ဒါဆို သူတို့က...'

ဆိုင်ကယ်သမားက စကားပြောလာတယ်ဆိုရင်ပဲ အနက်ရောင်ဝတ်စုံနဲ့လူက ကိုယ်ရှိန်ဟန့်လိုက်တယ်။

သူ့ရဲ့ခြိမ်းခြောက်မှုက အလုပ်ဖြစ်ဟန်ပေါ်တာကိုမြင်တော့ ဆိုင်ကယ်နဲ့လူက သူ့ညီအစ်ကိုတွေကို ဂုဏ်ယူစွာ မေးငေါ့ပြလိုက်တယ်။ "လာကွာ ဒီကောင်စုတ်လေးကို ချုပ်ပြီး ညာဘက်လက်ကို တွယ်လိုက်"

လင်ရှန်း "..."

သူ စိတ်လှုပ်ရှားစွာ ဘေးဘီကိုကြည့်ပြီး သူ့ရဲ့တောင်တက်စက်ဘီးကို လွှတ်ချလိုက်တယ်။ သူ့ရဲ့နောက်ကျောတစ်ခုလုံး နံရံမှာကပ်သွားတဲ့အခါ သူ့ရဲ့ညာဘက်လက်ကို အသာလေးအိတ်ကပ်ထဲထည့်ပြီး သူ့ဖုန်းကို စမ်းကြည့်ဖို့လုပ်လိုက်တယ်။

သို့ပေမယ့် သူ့လက်က လှုပ်ရုံရှိသေးတယ် သူနဲ့အနီးဆုံးမှာရှိတဲ့ ဆိုင်ကယ်သမားနှစ်ယောက်က သူ့ရှေ့ကို လျင်မြန်စွာရောက်ချလာတယ်။ 'pa'ဆိုတဲ့အသံနဲ့အတူ သူအခုလေးတင် စမ်းကြည့်လိုက်တဲ့ဖုန်းက ပုတ်ထုတ်ခံရပြီး လွင့်သွားတော့တယ်။

မှန်ကွဲသံနဲ့အတူ မြေပြင်ပေါ် ကျကာ ခပ်ဝေးဝေးလွင့်သွားတယ်။ ကွက်တိဆိုသလို ဖုန်းက အနက်ရောင်ဝတ်စုံနဲ့လူတွေထဲက တစ်ယောက်ရှေ့ကိုကျသွားတယ်။

ထိုလူက ခေါင်းငုံပြီး အောက်ကိုကြည့်လိုက်တယ်။ ကျသွားတဲ့ဖုန်းက အချက်ပြလိုက်သလိုဖြစ်သွားတယ်။ နောက်စက္ကန့်အတွင်း မူလက ရပ်ရုံသာရပ်နေတဲ့ အနက်ရောင်ဝတ်စုံနဲ့လူတွေကလည်း လှုပ်လှုပ်ရှားရှားဖြစ်လာကြတယ်။

သူတို့က အရေအတွက် နှစ်ဆလောက်ပိုများပြီး ဆိုင်ကယ်သမားတွေလိုပဲ မြန်ဆန်တယ်။ လမ်းကလည်း အလွန်အင်မတန်ကျပ်နေတယ်။ သို့သော်လည်း မျက်တောင်တစ်ခတ်စာလေးမှာတင် အရပ်ရှည်ရှည်လူနှစ်ယောက်စီက လင်ရှန်းအရှေ့မှာရှိနေတဲ့ ဆိုင်ကယ်သမားနှစ်ယောက်ကို ဝိုင်းထားလိုက်ပြီဖြစ်တယ်။

သူတို့ဘယ်လိုလုပ်လိုက်မှန်း လင်ရှန်းတောင် သတိမထားမိလိုက်ဘူး။ ခဏလေးအတွင်း သနားစရာငိုကြွေးသံတွေနဲ့အတူ မြေကြီးပေါ်လူတွေလဲကျသွားသလို ခပ်ပြင်းပြင်အသံတွေက တိတ်ဆိတ်တဲ့လမ်းလေးပေါ်မှာ ထွက်ပေါ်လာတယ်။

ထိုမျက်တောင်တစ်ခတ်မှာတင် ဆိုင်ကယ်သမားတွေအားလုံး မြေကြီးပေါ် မှောက်ကုန်ကြပြီ။

လင်ရှန်းနဲ့အနီးဆုံးမှာရှိတဲ့ ဆိုင်ကယ်သမားနှစ်ယောက်လည်း ကြောင်အနေကြတယ်။ သူတို့လည်း မြန်မြန်ဆန်ဆန် တုံ့ပြန်လာကြတယ်။

ကြောင်အလို့အပြီးမှာ သူတို့တွေ လင်ရှန်းကို လှမ်းဆွဲလိုက်ပေမယ့် သူတို့ကသာ ငေးကြောင်နေခဲ့တာဖြစ်ပြီး လင်ရှန်းကတော့ ကြောင်မနေခဲ့ဘူး!

သူ့နောက်မှာရှိတဲ့ဒီလူတွေက ဆိုင်ကယ်သမားအုပ်စုနဲ့ အတူမဟုတ်ဘဲ ထိုအစား သူ့ကို ကူညီဖို့ ရောက်လာဟန်ပေါ်တာကို သိလိုက်ရတာကြောင့် နံရံမှာ ကျောကပ်ထားရင်းနဲ့သာ ဘေးနားတစ်လျှောက် ဖြေးဖြေးချင်း သတိထားရွှေ့ခဲ့လိုက်တယ်။

ထိုလူနှစ်ယောက်က သူ့ကို လှမ်းဆွဲတာကိုမြင်တော့ လင်ရှန်းလည်း တွေးမနေတော့ဘဲ ကိုယ်ကို လှည့်ကာ ဝတ်စုံပြည့်နဲ့လူတွေဆီကို ပြေးတော့တယ်။

'ကိစ္စမရှိဘူး! ဝတ်စုံပြည့်နဲ့ဒီလူတွေက အေးစက်ပြီး အညှာအတာမဲ့ကာ လူကောင်းတွေမဟုတ်ဘူးဆိုရင်တောင်! ဒီနေရာမှာ ဖမ်းမိတာထက် ပိုကောင်းတယ် ပြီးတော့ လက်အချိုးခံရမှာထက် ပိုကောင်းတယ်'

"ကယ်ကြပါ!" တစ်ဖက်မှာ လင်ရှန်းအော်ဟစ်ရင်း တစ်ဖက်မှာလည်း ဝတ်စုံပြည့်နဲ့လူတွေ ပိုများတဲ့နေရာဆီ တဟုန်ထိုးပြေးသွားလိုက်တယ်။

ဒီလူတွေကလည်း ကောင်းကောင်းလေ့ကျင့်ပေးထားတာဖြစ်ပြီး သူ့ကိုချက်ချင်း ကြိုဆိုကြတယ်။ တစ်ခါတစ်ရံမှာ အကွာအဝေးတွေက မိုင်တစ်ထောင်လောက် ဝေးသလိုမျိုးဖြစ်တတ်တယ်။

အခုက စက္ကန့်ပိုင်းလေး နောက်ကျသွားတာဖြစ်ပြီး တစ်မီတာလောက်ပဲ ဝေးတာဖြစ်တယ်။

ကျန်နေတဲ့ ဆိုင်ကယ်သမားနှစ်ယောက်က လင်ရှန်းကို ဖမ်းမိသွားတယ်ဆိုပေမယ့် ချက်ချင်းပဲ ဝတ်စုံပြည့်နဲ့ အရပ်ရှည်ရှည်လူတွေရဲ့ ဝန်းရံတာကို ခံလိုက်ရတယ်။ မပီမသ 'bang bang'ဆိုတဲ့ အသံနဲ့အတူ နှစ်ယောက်စလုံး မြေကြီးပေါ် လဲကျသွားတော့တယ်။

သူတို့လည်း သူတို့ရဲ့ညီအစ်ကိုတွေလိုမျိုး ထိတ်လန့်နေတဲ့ သနားစဖွယ်အော်ညည်းသံလေးသာ ထွက်နိုင်ပြီး ပြန်ထမလာနိုင်တော့ဘူး။

လင်ရှန်းကတော့ ဝတ်စုံပြည့်နဲ့လူတွေနောက်ဘက်ကို ပြေးသွားပြီဖြစ်တယ်။ သူ သက်ပြင်းရှိုက်နေမိတယ်!

ဆက်မနေရဲသလို သူ့ခေါင်းကိုလှည့်ကာ ဒီလူတွေ နောက်ထပ်ဘာလုပ်နိုင်မလဲဆိုတာကိုလည်း မကြည့်ရဲဘူး။ သေချာပေါက် သူ့ဖုန်းကိုလည်း သွားပြန်မကောက်ရဲဘူးပေါ့။

လင်ရှန်း စိတ်သက်သာရာရစွာ သက်ပြင်းချချင်နေတာကို ထိန်းပြီး ခေါင်းငုံ့ကာ အလျင်အမြန်ဆက်ပြေးတော့တယ်။

ထိုအချိန်ထိပဲ...

လမ်းအဆုံးရောက်တော့ သူ့ရှေ့မှာ Rolls Royce Phantomတစ်စီးပေါ်လာတယ်။ မော့ကျူးချန်က ကျောင်းလွယ်အိတ်လွယ်ကာ ကျောင်းယူနီဖောင်းကို ဝတ်ထားဆဲဖြစ်တယ်။

လွယ်အိတ်ကို သူ့ပုခုံးပေါ် ပေါ့ပေါ့ပါးပါးတင်ထားရုံဖြစ်တယ်။ သူက ဒီတိုင်းလေး မနက်ခင်းအလင်းရောင်ကို နောက်ခံထားကာ ကားရှေ့တံခါးကို မှီပြီး​နေနေတယ်။

နောက်တော့ နီရဲနေတဲ့ပါးတစ်စုံနဲ့ ပြေးလာကာ ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေတဲ့ လင်ရှန်းကို တွေ့သွားတယ်။ မော့ကျူးချန်ရဲ့ နှုတ်ခမ်းထောင်တွေက မြင့်တက်သယောင်ဖြစ်သွားတယ်။

သူကတော့ မလှုပ်မယှက်နေနေဆဲဖြစ်ပြီး လင်ရှန်းကို မေးငေါ့ကာ ရင်၀ကို ဆီးပြီးဆောင့်ကန်တော့တယ် "ဘာတွေ ပြေးလွှားနေတာလဲ?" မော့ကျူးချန် ပြောလိုက်တယ် "ငကြောက်လေး!"

လင်ရှန်း ဘာမှမပြောနိုင်သလိုဖြစ်သွားတယ်။ သူ ချက်ချင်းလည်း ရပ်လိုက်မိသွားတယ်။ ခုနကလေးတင် သူ အရမ်းစိတ်လှုပ်ရှားပြီး ကြောက်နေခဲ့ကာ လျှင်မြန်စွာပြေးလာတာကြောင့် နွေဦးမနက်ခင်းလေပြေခပ်အေးအေးမှာတောင် သူ့ရဲ့ရင်ဘတ်အတွင်းထဲ လှိုက်ပြီးပူနေရတယ်။

သို့ပေမယ့် သူလည်း ဘာကြောင့်မှန်းမသိဘူး။

မော့ကျူးချန်ကိုမြင်လိုက်ရချိန်မှာ လင်ရှန်း ခံစားခဲ့ရတဲ့ တင်းမာမှုတွေကြောင့် သူ့နှလုံးက လည်ချောင်းထဲကနေ ခုန်ထွက်တော့မလိုဖြစ်နေရာက တဖြည်းဖြည်းနဲ့ လေးလံတဲ့ပင့်သက်ရှိုက်မှုတွေကနေ ထိုအရာလည်း ရင်ဘတ်ထဲပြန်ကျသွားရတယ်။

သူ ရပ်လိုက်ပြီး လွယ်အိတ်ကိုလည်း မြေကြီးပေါ် ဒီတိုင်းပစ်ချလိုက်တယ်။ ထို့နောက် ခါးကိုင်းကာ ဒူးတွေပေါ် လက်နှစ်ဖက်လုံး ထောက်တင်ထားရတယ်။ လင်ရှန်း ခဏလောက် အသက်လုရှုနေရပြီးမှ ခါးပြန်မတ်လာတယ်။

သူ မော့ကျူးချန်ကို ရဲရဲဝံ့ဝံ့မကြည့်ရဲဘူး။ တစ်ဖက်လူကတော့ ခုနကအနေအထားအတိုင်း နေနေဆဲဖြစ်တယ်။

လက်တစ်ဖက်က အိတ်ကပ်ထဲထည့်ထားပြီး နောက်တစ်ဖက်က ကျောင်းလွယ်အိတ်ကို ကိုင်ထားကာ ကားဘေးနားမှာ ပေါ့ပေါ့ပါးပါး ခပ်မိုက်မိုက် ရပ်နေတယ်။

မနက်ခင်းအလင်းရောင်က မော့ကျူးချန်ရဲ့ ကြည့်ကောင်းပြီး ပြစ်မျိုးမှဲ့မထင်နဲ့ ဓားတစ်လက်လို လေးနက်တဲ့မျက်နှာအသွင်အပြင်ပေါ် ဘောင်ခတ်ထားသလိုမျိုးဖြစ်နေကာ တကယ့်ကို ခန့်ညားပြီး ပြိုင်ဘက်ကင်းနေစေတယ်!

"ငါ..." လင်ရှန်း စကားစပြောလိုက်ချိန်မှာ သူ့အသံက ဝင်နေပြီး ထွက်မလာတာကို သိလိုက်ရတယ်။

သူက မီတာရာဂဏန်းလောက်လေးပဲ ပြေးလိုက်ရတာပါ။ ဒါပေမယ့် သူအရမ်းစိတ်လှုပ်ရှားနေခဲ့တာကြောင့် သူ့အတွက် မီတာသောင်းကျော်ပြေးလိုက်ရသလိုမျိုးဖြစ်နေတယ်။

"မင်း..." သက်မထပ်ရှိုက်လိုက်ပြီး လေကို ခပ်ပြင်းပြင်းရှုထုတ်လိုက်တော့မှသာ အသက်ရှုရတာ ပိုအဆင်ပြေလာတယ်လို့ ခံစားလိုက်ရတယ် "ဘာလို့ ဒီရောက်နေတာလဲ?"

"မင်း ဘာတွေပြောနေတာလဲ?" မော့ကျူးချန် မျက်ခုံးတွေပင့်ကာ လင်ရှန်းနောက်ကျောဘက်ကို လှမ်းကြည့်လိုက်တယ်။

မိနစ်ပိုင်းလေးမှာတင် လမ်းပိတ်ဆို့ခဲ့တဲ့ ဆိုင်ကယ်သမားတွေကို ဝတ်စုံပြည့်နဲ့လူတွေ သယ်ထုတ်သွားပြီဖြစ်တယ်။ ထို့နောက် မြေပေါ်မှာ ကန့်လန့်ဖြတ်ထားတဲ့ ဆိုင်ကယ်လေးစီးကိုတောင် ဆွဲသယ်သွားပြီဖြစ်တယ်။

လမ်းတွေက တစ်ဖန်ပြန်လည် ငြိမ်သက်သွားတယ်။

အကယ်၍သာ လင်ရှန်းနဲ့ တစ်ဖက်လူဆီကို ဝတ်စုံပြည့်နဲ့ လူခုနစ်ယောက် ရှစ်ယောက်လောက် အလောတကြီးလျှောက်လာတာ မရှိဘူးဆိုရင် ခုနလေးတင်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်က သူမနက်စောစောမှာ မက်ခဲ့တဲ့အိမ်မက်တစ်ခုလို့တောင် လင်ရှန်း ထင်မိသွားမှာဖြစ်တယ်။

"သခင်လေး" ဝတ်စုံပြည့်နဲ့လူက လင်ရှန်းကိုကျော်ပြီး မော့ကျူးချန်ရှေ့မှာ ရိုရိုကျိုးကျိုးရပ်လာတယ်။

လူတိုင်းက သူ့ကိုဦးညွှတ်ပြီး ခေါင်းဆောင်ဖြစ်သူက အသံတိုးတိုးနဲ့ ပြောလာတယ် "ကိစ္စကို ရှင်းလင်းပြီးပါပြီ"

"အင်း" မော့ကျူးချန် အေးစက်စက် ခေါင်းငြိတ်ပြလိုက်တယ် "ကောင်းတယ်"။ သူ့ရဲ့မီးတောင်ကျောက်လိုမျက်လုံးတွေက ခေါင်းဆောင်ပေါ် ဖြတ်ပြေးသွားပြီး "သခင်လေးလင်ကို ဆက်ပြီးကာကွယ်ပေး"

"နားလည်ပါပြီ!" ထိုလူတွေက မော့ကျူးချန်ကို နောက်တစ်ကြိမ်အရိုအသေပေးလိုက်ပြန်တယ်။ တိကျတဲ့ခြေလှမ်းသံနဲ့အတူ သူတို့တွေလည်း သက်ဆိုင်ရာကားတွေထဲ အသီးသီးတိတ်တိတ်ဆိတ်ဆိတ် ဝင်သွားကြတယ်။

လင်ရှန်းကတော့ မျက်လုံးအပြူးသားနဲ့ ထွက်သွားတဲ့ကားသုံးစီးရဲ့ ဖင်ပိုင်းလေးကို လိုက်ကြည့်နေမိတယ်။ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လည်း ဖြစ်နေပြန်တယ်။

"ဒီလူတွေ... သူတို့က မင်းရဲ့လူတွေလား?" သူ တိုးတိုးလေး မေးလိုက်တယ်။

ပြီးတော့ ဘာကို ကာကွယ်ပေးတာလဲ? အစတည်းက ဒီလူတွေက သူ့နောက်ကို အမြဲလိုက်နေကြတာလား? အံ့ဩစရာကောင်းလောက်အောင် သူလုံး၀သတိမထားမိခဲ့ဘူး!

"အဲ့လိုမှမဟုတ်ရင် ဘယ်လိုထင်လို့လဲ?" မော့ကျူးချန် အသာလေးနှာမှုတ်လိုက်တယ်။

သူ ခေါင်းငုံ့လိုက်ပြီး ခုလေးတင် မော့မိသားစုကိုယ်ရံတော်က သူ့ကိုပေးသွားတဲ့ လက်ထဲကဖုန်းကို ငုံ့ကြည့်လိုက်တယ်။ လင်ရှန်းအကြည့်ကလည်း ထိုအနောက်ကို ပါသွားတယ်။

သူ သက်ပြင်းရှိုက်လိုက်ရတယ်၊ သေချာပေါက် သူ့ရဲ့ဖုန်းစခရင် အက်သွားပြီပေါ့။ ဖုန်းမှန်ရဲ့ဘယ်ဘက်အပေါ်ထောင့်က ပင့်ကူအိမ်တွေလိုမျိုး လုံး၀မွစာကြဲနေပြီဖြစ်တယ်။ ကံကောင်းထောက်မစွာနဲ့ သူ့လက်လေးကတော့ ကျိုးမသွားဘူး။

ကြောက်လန့်မှုကြောင့် ရင်တလှပ်လှပ်တုန်နေပြီး လင်ရှန်း သူ့ရဲ့ညာဘက်လက်ကို ထိမိလိုက်တယ်။

သူ မော့ကျူးချန်ဆီ ဖြေးဖြေးချင်းလျှောက်သွားကာ ထိုလူ့လက်ချောင်းသွယ်သွယ်တွေက သူ့ဖုန်းကို ဆော့နေတာ ခေါင်းငုံ့ပြီး ကြည့်လိုက်တယ်။

"အမ်..." လင်ရှန်း ခေါင်းကုတ်နေလိုက်တယ်။ ခုလေးတင် တိုက်ခိုက်ခံရတာကြောင့် အထိတ်တလန့်ဖြစ်ရတာက အပြည့်အ၀ပြန်ကောင်းမလာသေးဘူး။

ဒါဆို ဒီဆိုင်ကယ်သမားတွေက နျဲ့ဇီလင်းလွှတ်လိုက်တာပေါ့။ သူတို့ရဲ့ရည်ရွယ်ချက်က သူ့ရဲ့ညာဘက်လက်ကို ချိုးပြီး ဒီအပတ်အစမ်းပြိုင်ပွဲတွေမှာ ဝင်မပြိုင်နိုင်အောင် လုပ်ဖို့ပဲဖြစ်တယ်။

ဒီနည်းနဲ့သာဆို လုမြောင်မြောင် လုံး၀ရှုံးတော့မှာမဟုတ်ဘူး။

ပြီးတော့ သူ့နောက်မှာပေါ်လာတဲ့ ဝတ်စုံပြည့်နဲ့လူတွေက သူ့ကိုကာကွယ်ပေးဖို့ဆိုပြီး မော့ကျူးချန် လွှတ်ပေးထားတာတဲ့လား? ဘယ်အချိန်တည်းက ဒီလူတွေကို သူ့နောက် လိုက်ခိုင်းထားတာလဲ?

သူ...

လင်ရှန်း ခေါင်းသာယမ်းမိတော့တယ်။ ဖြစ်ပျက်ခဲ့သလိုမျိုးဆို မော့ကျူးချန်က သူ့ကို ကယ်ပေးခဲ့တာပဲ!

"အခုလေးတင် ဖြစ်ခဲ့တာအတွက် ကျေးဇူးတင်ပါတယ်" သူပြောလိုက်တယ် "မင်းသာ အချိန်မှီပေါ်မလာရင် ငါ့ရဲ့ညာဘက်လက်က..."

_____


Thanks 🌹


Continue Reading

You'll Also Like

403K 11.7K 29
တော်ဝင်ဂုဏ် + ရှေးဆန်သူ
559K 15.1K 20
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
1.1M 26K 90
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
1.4M 83.4K 139
မြွေက သွေးအေး သတ္တဝါလို့ပြောရင် ခင်ဗျားပုံပြပြီးငြင်းခဲ့ရဦးမယ်။ တကယ်ပဲ ကိုယ့်ချစ်သူအပေါ် သွေးအေးချက်က လက်လန်တယ် (Normal ကနေ Version ပြောင်း၊ အခန်းသစ...