(Unicode)
"ဘာ! ရွှေမိုးညို အလုပ်မလာဘူး ဟုတ်လား.."
"ဟုတ်တယ် တိုင်း၊ အအေးမိပြီး ဖျားနေလို့တဲ့"
"ဟာကွာ.. အဲ့တာ ငါ့စကားကိုနားမထောင်လို့ဖြစ်တာ၊ လိုက်ပို့ပေးပါ့မယ် ပြောတာကို ခေါင်းကို ပြုတ်ထွက်အောင်ခါတာ"
ပြာယာခတ်နေသော တိုင်းကမ္ဘာသည် သူ့သူငယ်ချင်း တိုင်းကမ္ဘာမှ ဟုတ်ရဲ့လားလို့ ဟေမာန်ကိုကို သေချာပြန်ကြည့်လိုက်ရသည်။ တိုင်းကမ္ဘာ ဒေါသထွက်တာကို တစ်ခါမှ မမြင်ဖူးခဲ့..။ ခင်ခဲ့တဲ့ ဆယ်နှစ်တာအတွင်း တိုင်းကမ္ဘာမှာ ဒေါသရှိသေးမှန်း ရွှေမိုးညိုပါမှ သိလိုက်ရသည်။
"ဪ တိုင်းရယ်၊ ဆယ်နှစ်လောက် စောင့်ပြီးပြီကို တစ်ရက်လောက် ထပ်စောင့်လိုက်ပေါ့"
"မစောင့်နိုင်တော့ဘူး ဟေမာန်၊ ငါ မိုးညိုရဲ့အပြင်စည်းကို ရောက်နေပြီ၊ ငါ ပြန်တွေ့တာ အရမ်းနောက်ကျ နေပြီ"
"နင့်အပြစ်မှမဟုတ်တာ၊ နင့်အမေရဲ့ ကျန်းမာရေးကြောင့်ပဲ"
ဟေမာန်ကိုကိုနဲ့ တိုင်းကမ္ဘာက ရှစ်တန်းနှစ်မှာ စခင်ခဲ့တဲ့ ရင်ဖွင့်ဖော်ရင်ဖွင့်ဖက်သူငယ်ချင်းတွေ..။ တိုင်းက ဟေမာန်တို့ကျောင်းကို ပြောင်းလာခဲ့ပြီးနောက် ဖေဖေ့ကျူရှင်ကိုပါ လာတတ်ခဲ့သည်။ ချောင်အကျဆုံး စားပွဲဝိုင်းမှာ တစ်ယောက်တည်းငြိမ်နေတတ်တဲ့ တိုင်းကမ္ဘာနဲ့ ရင်းနှီးလာဖို့ မလွယ်ကူခဲ့။
ရင်းနှီးလာပြန်တော့လည်း သိလိုက်ရတာက ရှစ်တန်းကျောင်းသားလေးမှာ ချစ်ရတဲ့ကောင်လေးတစ်ယောက် ရှိနေသတဲ့။ တိုင်း စိတ်ကစားနေတာလို့ ဟေမာန်ထင်လိုက်မိပါသေးသည်။ တိုင်းသည် သူ့အချစ်က စစ်မှန်ကြောင်း အချိန်နဲ့ရင်းကာ သက်သေပြသည်။
အမေဖြစ်သူကို ဘန်ကောက်မှာ ဆေးကုရင်း ကျောင်းပါ တက်ခဲ့တဲ့တိုင်းက ဟေမာန်နဲ့စကားပြောဖြစ်တိုင်း ရွှေမိုးညိုကို ရှာပေးဖို့ တောင်းဆိုတတ်သည်။ ဆယ်နှစ်ကျော် ကြာလာတာတောင် အချစ်မပျက်ခဲ့တဲ့ တိုင်းရဲ့မျှော်လင့်ချက်တွေကတော့ နောက်ဆုံးမှာ ပြည့်ဝသွားခဲ့ရပါပြီ။
"ဘာပဲဖြစ်ဖြစ် ဆယ်နှစ်က ဆယ်နှစ်ပဲလေ၊ ငါ အခုလေ ဟိုကောင့်လောက်တောင် နေရာမပါဘူး"
တိုင်းရဲ့ မေးငေါ့ခြင်းကိုခံလိုက်ရသူက ပဝါတွေကို နေပူပူမှာ ထွက်ခါနေတဲ့ အောင်ကိုရှိန်း..။ ဟေမာန်ကို တွေ့တော့ အလုပ်တဖက်နဲ့ လှမ်းပြုံးပြသည်။
"ဟေမာန်.. အဲ့ကောင်ကို ခေါ်လိုက်၊ မိုးညိုအိမ်လိပ်စာမေးပေး"
"ဘာလဲ နင်လိုက်သွားမလို့လား"
"အင်း.. ခေါ်လိုက်"
တိုင်းကမ္ဘာရဲ့ ချစ်မေတ္တာကို ဟေမာန် ကျိန်ဆဲရင်း အောင်ကိုရှိန်းကို မျက်နှာချိုသွေးကာ လက်ယက်ခေါ်ရသည်။ မန္တလေးကို အလုပ်နဲ့လာတာလား၊ အောင်သွယ်ဖို့လာမိတာလားဆိုတာ မသဲကွဲတော့။
"ဘာဖြစ်လို့လဲ အစ်မ ပါဆယ်လား..၊ ပါဆယ်တော့ ကျွန်တော်တို့ဆိုင်က.."
"ရွှေမိုးညို လိပ်စာပြော!"
"ဗျာ ဘယ်သူလဲမသိဘူး အ.. အကြွေးရှင်လား"
"တိုင်းကမ္ဘာ"
"တိုင်းကမ္ဘာ.. ဒီနာမည်ကြားဖူးသလိုပဲ.. တိုင်းကမ္ဘာ.. တိုင်းကမ္ဘာ.. ဟိုဟာAခန်းထဲက တိုင်းကမ္ဘာလား"
"အင်း ရွှေမိုးညို ဘယ်မှာနေတာလဲ"
"ဟာ.. အဲ့ဒီတိုင်းကမ္ဘာလား၊ ကျွန်တော်က ရုတ်တရက်ဆိုတော့ မမှတ်မိဘူး၊ မိုးညိုဆီကနေ ကျောင်းပြောင်းသွားတယ်လို့ပဲ သိတာ..၊ မိုးညို သိရင်ဝမ်းသာနေတော့မှာပဲ၊ မိုးညိုနဲ့.."
"ငါ အချိန်မရှိဘူး လိပ်စာပဲပြော"
ကိုယ့်ကောင်လေးရဲ့ သူငယ်ချင်းကို ကောင်းကောင်းမွန်မွန် မဆက်ဆံဘဲ ပြိုင်ဘက်လို သဘောထားနေပြန်ပါပြီ။ ဆူပုတ်နေတဲ့မျက်နှာကြောင့် အောင်ကိုရှိန်းသာမက ဟေမာန်ပါ လန့်နေရပြီ။
"ဗျာ ဟုတ်ကဲ့၊ ရွှေမိုးညိုက ပုသိမ်ကြီးထဲမှာ နေတယ်၊ ပုသိမ်ကြီးနာရီစင်ကို ရောက်ရင်.."
အောင်ကိုရှိန်း လမ်းညွှန်တော်ချက်က ဟေမာန်ကိုကိုတောင် လည်ထွက်သွားရသည်။ တိုင်းကမ္ဘာကတော့ မန္တလေးကို သူပိုင်တယ်ဆိုတဲ့ရုပ်နဲ့..။
"မိုးညိုတို့ တိုက်ခန်းက အစွန်ဆုံးသုံးလွှာ ၄ခန်းမြောက်မှာရှိတယ်၊ အောက်ထပ်ကနေ အော်သာခေါ်လိုက်၊ ထွက်လာတယ်"
"အင်း၊ ဟေမာန် ငါသွားတော့မယ်"
"အေး ဖြည်းဖြည်းမောင်းဦး"
တိုင်းကမ္ဘာ ဘယ်လောက်လူမှုရေး မသိတတ်လဲဆိုရင် လိပ်စာသိတာနဲ့ ကျေးဇူးတင်တောင်ဖော်မရဘဲ ကားကို ဒရကြမ်းမောင်းထွက်သည်။ အောင်ကိုရှိန်းလည်း အောင့်သီးအောင့်သက်တော့ ဖြစ်သွားမှာပေါ့။
"တောက်!!"
ကားတွင်းက တောက်ခေါက်သံ..။ နောက်ကြည့်မှန်ထဲမှာ ပေါ်နေတဲ့ကောင်ကိုကြည့်ပြီး တိုင်းကမ္ဘာဆီက ထွက်လာတဲ့ အသံဖြစ်ပါသည်။ ခံပြင်းလိုက်တာ..။ ဒီကောင်က ဘာမို့လို့ မိုးညိုအကြောင်းတွေကို အကုန်သိနေတာလဲ။ ပွင့်ထွက်လာတဲ့ ဒေါသတွေက စတီယာတိုင်ကို ရိုက်နေရုံနဲ့ မပြေ..၊ ဝင်လာတဲ့ဖုန်းအပေါ်ပဲ စုပြုံချပစ်လိုက်သည်။
"ဟယ်လို! ဘာလဲ!"
"သားရယ် ဖြည်းဖြည်းထူးစမ်းပါ"
"ပြော မေမေ"
"ဒေါသထွက်နေတာလား"
"မထွက်ဘူး၊ ကျွန်တော့်ကို ဘာလို့ခေါ်တာလဲ"
"ဪ.. ကိုထွဋ်လေးဆီက ဘာသံမှမကြားရတာ တစ်ပတ်လောက်ရှိပြီ၊ သူ့တိုက်ခန်းကို သွားကြည့်ပေးပါဦး သားရယ်၊ ဒီမှာ မေမေတို့စိတ်ပူနေတာ"
"ကျွန်တော် မအားဘူး သွားစရာရှိတယ်"
"ခဏလေး သွားကြည့်ပေးပါ၊ ညီအစ်ကို အချင်းချင်းပဲ၊ သားမရှာရင် မေမေတို့လာရလိမ့်မယ်"
ဒေါသကို ရေနဲ့မျှောချကာ ထွဋ်ဘုဏ်းရှိန်တိုက်ခန်းဆီကို ကားပြန်လှည့်ရသည်။ မိုးညိုဆီရောက်မှ ဖုန်းတဂွမ်ဂွမ်ခေါ်နေရင်လည်း အဆင်မပြေ..။ ထွဋ်ဘုဏ်းရှိန်ကို တကြောရှင်းပြီး အလွတ်သွားတာ ပိုကောင်းသည်။ ထွဋ်ဘုဏ်းရှိန်ဆိုတာ တိုင်းကမ္ဘာပထွေးရဲ့သား..။ တိုင်းကမ္ဘာပထွေးဆိုတာ ဖေဖေ့ရဲ့ အချစ်ဆုံးသူငယ်ချင်း။ မေမေ့အပေါ်ရော၊ တိုင်းအပေါ်မှာပါ ကောင်းရှာသည်။ မကောင်းတာက ထွဋ်ဘုဏ်းရှိန်ဆိုတဲ့ကောင်..။
ဒီကောင် မန်းလေးကို ပြောင်းလာကတည်းက တိုင်း အေးအေးဆေးဆေးမနေရ။ သူ့အဖေရှာထားတဲ့ ပိုက်ဆံကို အလကားထိုင်ဖြုန်းနေသည်။ မေမေ့မျက်နှာနဲ့ ဒီလိုကောင်ကို ညီတော်ထားရပေမယ့် သံယောဇဉ်က တစ်စက်မှမရှိ။ ထွဋ်ဘုဏ်းရှိန်ကြောင့် မေမေတို့တွေ ဇယားလာရှုပ်မှာစိုးလို့ တိုင်းသည်းခံနေတာ။
"ထွဋ်ဘုဏ်းရှိန်!!"
တံခါးခေါက်သော်လည်း အကောင်လိုက် ထွက်မလာ။ ဒါပေမယ့် တိုက်ခန်းသော့က တိုင်းမှာရှိပြီးသား..။ ဒီကောင်နဲ့ အတူမနေနိုင်လို့ တိုင်း တိုက်ခန်းမှာမနေတာလေ။ ဒါကို မေမေတို့လည်း သိသည်။ ထွဋ်ဘုဏ်းရှိန်အဖေက တိုင်းကို သူ့သားနဲ့ပတ်သတ်ပြီး လုပ်ပိုင်ခွင့်အာဏာအပြည့်ပေးထားသည်။ ဦးလေးမသိတာက ထွဋ်ဘုဏ်းရှန်ကို တိုင်းကမ္ဘာလည်း မနိုင်ဘူးဆိုတာပဲ။
"သော့ပါတာကို တံခါးခေါက်နေသေးတယ်"
"ဘာလို့တံခါးလာမဖွင့်တာလဲ!"
"ငါ အပြေးပြိုင်ထားရလို့ ကြွက်တက်ပြီး နာနေတယ်၊ ဒီလိုတောင် မမနိုင်ဘူး.."
ဆိုဖာထက်မှာ ခြေထောက်တဖက်ကို ကိုင်မထားတဲ့ကောင်က ဖွာလန်နေတဲ့ဆံပင်ကို အညိုရောင်လိုလို၊ အနီရောင်လိုလို အရောင်ဆိုးထားသည်။ မှေးနေတဲ့မျက်လုံးက အိပ်ချင်ပြေပုံမရ..။ တစ်ခန်းလုံးလည်း ရှုပ်ပွလို့။
ဒီလိုကောင်ရဲ့ 'နောက်ဆုံးနှစ် မအောင်လို့ ရှက်တော်မူလှပါတယ်၊ မန္တလေးကျောင်းခွဲကို ပြောင်းပေးရင် လိမ္မာပါ့မယ်' ဆိုတဲ့ လိမ်ဆင်ကို ဦးလေးတို့ ဘယ်လိုဦးနှောက်နဲ့များ ယုံကြည်ခဲ့ကြလဲ။ ထွဋ်ဘုဏ်းရှိန် လေနေသမျှကို တိုင်းဖော်လိုက်ရင် ကိုယ်ပါ ရောယောင်ပြီး ရန်ကုန်သွားနေရမှာစိုးလို့ ငြိမ်ပေးထားတာ။
"မင်း ဒီလိုပဲ အလေလိုက်နေမှာလား"
"ငါ ဘယ်မှာ အလေလိုက်လို့လဲ၊ ဒါ ပျော်ပျော်နေတာကွ"
"မင်း ပျက်စီးနေတာ ဒီလောက်ပဲ ကောင်းတယ် ထွဋ်ဘုဏ်းရှိန်"
"ဟ ဘယ်လိုနေမှ မပျက်စီးဘူးလို့ ခေါ်တာလဲ၊ မင်းလိုတော့ မနေနိုင်ဘူး၊ ပျင်းစရာကြီး"
"စောက်ရေးမပါတာတွေ ငါ့ကိုလာပြောမနေနဲ့၊ မင်းအဖေဆီ ဒီနေ့ဖုန်းခေါ်၊ မင်း မသေသေးဘူးလား မေးနေတယ်"
"ငါက ကလေးလား..၊ ငါ့ကိုပဲ လိုက်မေးနေရအောင်"
မင်းက ကလေးမဟုတ်ဘဲ မင်းအဖေဘိုးအေလို့ သာပြောလိုက်ချင်သည်။ မျက်နှာတစ်ခုလုံးလည်း ကျက်သရေမရှိ။ မိုးညိုဆီ ရောက်နေရမယ့် အချိန်တွေကို ဒီကောင့်ဆီမှာ ဖြုန်းနေရတာနဲ့တင် တော်တော်လွန်နေပြီ။
"ဆိုင်ကယ်တိုက်ပြန်ပြီဆို"
"ဘာမှမဖြစ်ဘူး ငါ ရှင်းထားတယ် အေးဆေး"
"မင်း ဆိုင်ကယ်ကို ငါ ဦးလေးဆီ ပြန်အပ်မယ်၊ ဒီလိုပဲ သိထား"
မှတ်လောက်သားလောက်အောင် ပညာပေးရမယ်ဆိုတဲ့စိတ်နဲ့ ဆိုင်ကယ်သော့ကို ဆွဲယူလိုက်တော့ ထွဋ်ဘုဏ်းရှိန်က မပွင့်တပွင့်ရီသည်။
"ဪ.. ငါ့ဆိုင်ကယ်လည်း အတိုက်အခိုက်များလိုက်တာ၊ ငါ မနေ့ကတင် သော့တချောင်းထပ်ပွားထားတယ် တိုင်း"
"မင်း မလိမ္မာချင်နေ၊ ငါ့ကိုမနှောင့်ယှက်နဲ့!"
"ငါ့ဘာသာငါနေတာ မနှောင့်ယှက်ပါဘူး"
"အဲ့တာဆို မင်းအဖေကို အဖက်လုပ်၊ အားတိုင်း ငါ့လာဆက်နေတာ"
"အေးပါ ငါ သံတော်ဦးမတင်တာကြာလို့ အခစားဝင်စေချင်တာနေမှာပေါ့"
"ဒီနေ့ဆက်! သွားပြီ.."
"နေဦး! ငါ ခဏသွားရွှိုင်းလိုက်ဦးမယ်"
ထွဋ်ဘုဏ်းရှိန်းက တိုင်းလက်ထဲက ကားသော့ကိုလုယူကာ အခန်းထဲကို ပြေးဝင်သည်။
"ထွဋ်ဘုဏ်းရှိန်!! ဒါဘာလုပ်တာလဲ!"
"မနက်စာလေး လိုက်ဝယ်ပေးပါဦး၊ ငါ ခြေထောက်တွေ တောင့်နေလို့ ဆိုင်ကယ်မမောင်းနိုင်ဘူး"
"မပို့ဘူး!! ငါ သွားစရာရှိတယ်!!"
"လုပ်ပါ ငါ Martမှာ ဆင်းနေခဲ့မယ်လေ..၊ မင်းကလည်း ညီအစ်ကိုအချင်းချင်းကို"
ဖားသားကြီး ပြောနေကျစကားကို ယူသုံးလိုက်တော့ တိုင်းရဲ့အကြည့်တွေက မီးခိုးတလူလူ..။ ထွဋ်ဘုဏ်းရှိန် ကြောက်ချင်ယောင်ဆောင်ပေးလိုက်ပါတယ်။ အဓိကက ကပ်လိုက်ရဖို့ပဲ..။ ဒီလိုနဲ့ ညီအစ်ကိုလေးနှစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ Mini Martထဲကို ဝင်ခဲ့ကြသည်။ ချစ်ကိုကြီးက မုန့်တွေဘာတွေ ဝယ်ပေးမလို့လား မသိပါဘူး..။ Mini Martထဲကို သူပါလိုက်ဝင်သည်။
"အစ်ကိုကြီး အဖရာ.. မေတ္တာဇာတ်ခင်းပြီး ဝယ်ကျွေးမလို့လား"
"မှိုစကားတွေ လာမပြောနဲ့၊ ဝယ်ပြီး ကိုယ့်ဘာကိုပြန်"
ထွဋ်ဘုဏ်းရှိန်ကိုသာ ဆဲနေပေမယ့် မုန့်ဘူးပေါ်က အညွှန်းကိုဖတ်တော့ တိုင်းကမ္ဘာက ပြုံးစိစိ..။ ဒီကောင်ပြုံးတဲ့နေ့က သူရှောတဲ့နေ့လို့ ထွဋ်ဘုဏ်းရှိန် စကားဆိုခဲ့ဖူးသည်။ ဒီနေ့သည် ထွဋ်ဘုဏ်းရှိန်ရဲ့ နောက်ဆုံးနေ့များလား..။မုန့်တွေ တစ်ခုပြီးတစ်ခုကို ခြင်းထဲပစ်ထည့်နေတဲ့ တိုင်းကြောင့် Energy Drinkလေး ဝယ်ပြီးပြန်မယ့် အစီအစဉ်က ထွဋ်ဘုဏ်းရှိန် ဖျက်သိမ်းလိုက်သည်။
"မင်းစားဖို့လား တိုင်း"
"လာမမေးဘဲ သွားစရာရှိတာ သွားပါလား"
ဒီလောက်ဆို သိလိုက်ပြီ။ တိုင်းကမ္ဘာက သူ့ချစ်ချစ်ကို ပေးဖို့ဝယ်နေတာပဲ။ တိုင်းမှာ ချစ်ချစ်ရှိမှန်း ထွဋ်ဘုဏ်းရှိန် မသိခဲ့ပါလား..။ မမဟေမာန် နည်းနည်းတော့ ပြောပြဖို့ကောင်းသည်။ ဒီကိစ္စကို အမေသိလား မသိဘူး..။ မသိသေးရင် ပြောပြချင်လိုက်တာ..။ နောက်ဆုံးတော့ တိုင်းကမ္ဘာရဲ့နိုင်ကွက်ကို ထွဋ်ဘုဏ်းရှိန် ရှာတွေ့ခဲ့ပြီ..။
"တိုင်း ငါ မင်းနဲ့လိုက်ခဲ့မယ်"
"ဟဲ့ကောင် မှိုစကား လာမပြောနဲ့လို့ ငါပြောထားတယ်လေ ပြန်စမ်း!!"
"လိုက်မှာပဲ.. ငါ ကားပေါ်မှာ ထိုင်နေမယ်လေ၊ တိုက်ခန်းမှာ မီးမလာဘူး၊ လုပ်ပါ အဲယားကွန်းလေး ခံချင်လို့ပါ၊ ငါ မဆင်းပါဘူး"
တိုင်းကမ္ဘာတစ်ယောက် လေချင်းပြိုင်ပြီး မဖိုက်နိုင်တော့..။ သိသားပဲ နားငြီးအောင် ပြောလိုက်ရင် လိုက်ခွင့်ပေးမယ်ဆိုတာ..။ တိုင်းက နည်းနည်းလေး အပူတိုက်ပေးလိုက်ရင်ကို သည်းခံနိုင်တဲ့ထဲမှာမပါ..။
"မင်း ဘယ်သွားမလို့လဲ တိုင်း မမဟေမန်ဆီလား"
"မဟုတ်ဘူး"
"မင်းက တခြားသူငယ်ချင်းရှိသေးတယ်ပေါ့"
"မင်း စောက်ပါးစပ်ပိတ်မလား၊ ငါ ကန်ချရမလား"
"ဟုတ်ကဲ့ ရွှေနှုတ်တော်ကို တင်းတင်းစိထားလိုက်ပါ့မယ်"
အချိုရည်ကို ပါးစပ်ထဲမှာ တမင်တကာ ငုံထားပေးလိုက်သည်။ တိုင်းကမ္ဘာကို ခဏပဲသည်းခံရင် အားလုံးပြီးသွားပြီ။ ဖားသားကြီးက တိုင်းကို ပိုယုံသည်၊ ငွေရေးကြေးရေးဆို ကိုယ်တိုင်တောင်းတာထက် တိုင်းတောင်းပေးရင်း ပိုရသည်။ ဒီပိုက်ဆံကြောင့်ပဲ တိုင်းကမ္ဘာကို ဒူးဖက်ထားရသည်။ အခုတော့ ထွဋ်ဘုဏ်းရှိန် စင်ပေါ်ရောက်ပြီ။
ပွဲကတော့ တော်တော်လှသည်။ တိုင်း သွားတဲ့နေရာက ချောင်ကြိုချောင်ကြားက လူတွေ ဘောက်သောက်နေတဲ့ တိုက်ခန်းအမည်ခံ တိုက်တန်းတဲ့..။ မကြာခင်မှာ 'ငါ့သားနဲ့ မပတ်သတ်နဲ့' ဇာတ်ဝင်ခန်းတွေ မြင်ရတော့မှာပဲ။ အဲ့နေ့ကျရင်တော့ အဖေ့ကို သေချာဝတ်စားပေးလိုက်ရမည်။
"တိုင်း မင်းလာတာ ဒီနေရာလား"
"ကားပေါ်မှာနေခဲ့"
တိုင်းကမ္ဘာက လက်ညိုးကို ငေါက်ငေါက်ထိုးကာ သတိပေးပြီးမှ ကားပေါ်ကနေ အလျင်အမြန် ဆင်းသွားသည်။ လက်ထဲမှာလည်း မုန့်ထုတ်တွေက မနည်းမနော..။ ဒါပေမယ့် မိန်းကလေးတစ်ယောက်ကို မြင်တာနဲ့ တိုင်းရဲ့ခြေလှမ်းတွေ ရပ်တန့်သွားပါသည်။ ဟိုဘက်တစ်ယောက်ကလည်း တိုင်းနဲ့တွေ့တာကို သရဲပဲမြင်သလိုလို..။ တိုင်းရှေ့က အလှလေးရဲ့ မျက်နှာကို ထွဋ်ဘုဏ်းရှိန် မြင်ဖူးနေသလိုပဲ..။
"နေပါဦး..၊ သူ့ ငါသိပါတယ်၊ ဘယ်မှာလဲ. ဟာ!! ဒါ မနေ့က! ဘာလဲ.. ဒါဆို တိုင်းက.. အိုးမိုင်ဘုရားရေ.."
တိုင်းနဲ့စကားပြောနေတဲ့သူသည် ဆိုင်ကယ်သော့ကို အလစ်သုတ်တဲ့ အလှပဂေး..။ ဒီတစ်ယောက်နဲ့ဆိုရင် တိုင်းရဲ့ အချစ်ဇာတ်လမ်းက မြန်မာကားLevel ကျော်သွားပြီလေ..။ ဆူပုတ်နေတဲ့ မနေ့ကမျက်နှာက တိုင်းနဲ့ကျတော့ ဒရမ်မာခင်းနေလိုက်တာများ နုလို့ညံ့လို့..။ ဒီလောက်ဆို ထွဋ်ဘုဏ်းရှိန် ဇာတ်ရည်လည်သွားပြီ။ ကားပေါ်မှာ ထိုင်နေရုံနဲ့တော့ မကျေနပ်..၊ ချွေးကြွေး ဆပ်ရဦးမည်။
"တိုင်း.. ငါ ကားပေါ်မှာ ပျင်းလို့၊ ဟာ ဘယ်သူများလဲလို့.. မတွေ့တာကြာပြီနော်"
ထွဋ်ဘုဏ်းရှိန် အညက်ညောဆုံး ပြုံးပြတာကို ရန်သူတော်က မဲ့ပြနေတယ်လို့ မြင်ပုံရသည်။ ခပ်စိမ်းစိမ်း ကြည့်ရင်း ဝဲတက်လာတဲ့ မျက်ရည်စတွေကို ပြန်သိမ်းနေပုံက မျက်လုံးလေး ကလယ်ကလယ်.။ ဆိုင်ကယ်သော့လုပြေးတဲ့ ဒေါသကုမာန် မျက်နှာပေးနဲ့ တခြားစီ။
"ထွဋ်ဘုဏ်းရှိန်.. မင်း နေညိုနဲ့သိတာလား"
"သိတာလားဆိုတော့ သိတာလားဟင်.."
ကလယ်ကလယ်ကို မေးခွန်းထုတ်လိုက်တော့ မျက်လုံးအစုံက မီးဝင်းဝင်းတောက်လာသလိုပဲ။ ငြိမ်နေတာဆိုလို့ မျက်ခမ်းစပ်က မှဲ့နက်လေးပဲရှိသည်။ ဪ တမျက်နှာလုံးမှာ မှဲ့တစ်ခုပဲ အေးချမ်းတဲ့သူ။
"မသိဘူး ကိုတိုင်း..၊ ဒါနဲ့ ကိုတိုင်း ဘယ်လိုသိတာလဲ..၊ ပြီးတော့ နေညို..အခု"
"ငါ သိတယ် နေညို..၊ ငါ တကယ်ဝမ်းသာတယ်၊ နေညို ဒီလိုပုံလေးနဲ့ အရမ်းလှတယ်"
"ကျေးဇူးပါ ကိုတိုင်း..၊ ဒါ ကိုတိုင်း နေညို့ကို အားပေးခဲ့လို့လည်း ပါပါတယ်"
"မဟုတ်တာ နေညို၊ ဒါ နေညို ကိုယ်တိုင် သတ္တိရှိလို့ပါ"
"ကိုတိုင်းလည်း ပြောင်းလဲသွားတယ်၊ နေညို ရုတ်တရက် မှတ်တောင်မမှတ်မိဘူး"
အဖြစ်အပျက်ကတော့ ရုပ်ရှင်ထိုင်ကြည့်နေရသလိုပဲ။ ဘေးလူကိုတောင် ဂရုမမူဘဲ နောက်ကြောင်းပြန်နေလိုက်ကြတာ။ ထွဋ်ဘုဏ်းရှိန် Transgender Womenတွေကို မြင်ဖူးသည်။ တော်တော်များများက သဘောကောင်းပြီးသား။ ဒီတစ်ယောက်ကတော့ မတူ..၊ မျက်နှာနှစ်မျိုးနဲ့..။ ထွဋ်ဘုဏ်းရှိန်လိုလူကိုမှလာပြီး မရှိမဲ့ရှိမဲ့ မာနကိုခေါင်ခိုက်ပြနေသည်။
"အရမ်းကို Touch ဖြစ်တာပဲ၊ ငိုတောင်ငိုချင်လာပြီ၊ တစ်ရှုးလေးပေးပါဦး"
သရုပ်တူသွားအောင်လို့ ကုန်ခမ်းနေတဲ့ မျက်ရည်ကို ညှစ်ထုတ်ကြည့်သော်လည်း တစက်တောင်မထွက်..။ လူတွေဘယ်လိုများ ငိုကြသလဲ..။ တိုင်းကမ္ဘာကတော့ သူ့ဟာထိတော့ ဆူပုတ်ခွက်နေပြီ..။
"ထွဋ်ဘုဏ်းရှိန်! မင်းကို ကားပေါ်မှာ စောင့်လို့ ငါ ပြောထားတယ်လေ"
"တိုင်းကလည်း ငါက တောင်းပန်ချင်လို့ ဆင်းလာတာ၊ မနေ့က ငါ ဆိုင်ကယ်နဲ့ ဝင်တိုက်တာက သူလေ၊ အဲ့ပတ်တီးက ငါ့ကြောင့်စီးထားရတာ"
"သူပြောတာဟုတ်လား နေညို"
တိုင်းကမ္ဘာကို ခေါင်းညိမ့်ပြနေတဲ့ပုံကိုက ဘယ်တုန်းကများ ဒီလောက်မိန်းကလေး ဆန်သွားတာလဲ။ ဒါမျိုးဆို ထွဋ်ဘုဏ်းရှိန်တို့က ကျလိကျလိဖြစ်အောင် လုပ်လိုက်ရမှ..။
"ကားသော့ယူပြေးဦးမလား"
"ထွဋ်ဘုဏ်းရှိန် မင်းဘာတွေပြောနေတာလဲ၊ နေညို ငါ ကိုယ်စားတောင်းပန်တယ်၊ ဒဏ်ရာရော သက်သာလား"
"ရပါတယ် ကိုတိုင်း၊ ခြေထောက်လည်း သက်သာတယ်"
တိုင်းကိုကြည့်တဲ့ ထိုတစ်ယောက်ရဲ့အကြည့်တွေက အရမ်းကိုချိုသာလွန်းသည်။ စကားသာမပြောဘဲ ဒီလိုလေးပဲ ရီနေမယ်ဆိုရင် မိန်းမလှစာရင်းတောင်ဝင်နိုင်သည်။ မြေကြီးပေါ်က အစိမ်းထုတ်သုံးထုတ်ကို ထွဋ်ဘုဏ်းရှိန် ကောက်ပေးလိုက်တော့ ပြုံးနေတဲ့မျက်နှာက အသက်မရှိတော့..။
"လာ ကိုတိုင်း နေညိုတို့ တိုက်ခန်းက သုံးလွှာမှာရှိတယ်"
"မိုးညိုရော ဘယ်လိုနေသေးလဲ"
"ဟင်.. ညီညီဖျားတာကို ကိုတိုင်း ဘယ်လိုသိတာလဲ..၊ ပြီးတော့ ကိုတိုင်း လိပ်စာဘယ်လိုရတာလဲ"
"အောင်ကိုရှိန်းပြောပြတာ"
"ဪ.. အောင်ကို ပြောလိုက်တာလား"
ထွဋ်ဘုဏ်းရှိန်သည် လှုပ်လီလှုပ်လဲ့ အပေါ်တက်နေကြတဲ့ နှစ်ယောက်နောက်က အထုတ်ဆွဲသမားလေး..။ ဘဝသမားဟန်ပေါက်အောင်လို့ နှစ်လွှာရောက်တာနဲ့ မောပြတာကိုတောင် ဘယ်သူမှဂရုမစိုက်..။
"ဦးလေးနဲ့အန်တီ နေကောင်းလား နေညို"
"နေကောင်းတယ်၊ မနက်ကတင် ရွှေဘိုကားနဲ့ ပါသွားတာ ကိုတိုင်းရယ်"
"ဘာသွားလုပ်ကြတာလဲ"
"ဖေဖေတို့ ကိုးကွယ်တဲ့ ဆရာတော်ဘုရားကြီး ပျံလွန်တော် မူသွားလို့"
"ဒီမှာလည်း ပျံလွန်တော် မူတော့မယ်၊ မရောက်သေးဘူးလား"
ဘယ့်နှယ့်..၊ အထုတ်ကလည်း ဆွဲရသေး၊ တရစပ်ကလည်း တက်ရသေးနဲ့..။ ထွဋ်ဘုဏ်းရှိန် တကယ်အမောဖောက်လာပြီ။ ဒါပေမယ့် အလှပဂေးက တချက်လေးတောင် ငဲ့မကြည့်..။
"ရောက်ပြီ ကိုတိုင်း"
"အင်း နေညို"
တိုက်ခန်းလို့ပြောတဲ့ အခန်းကျဉ်းလေးက ထွဋ်ဘုဏ်းရှိန် တိုက်ခန်းရဲ့ တဝက်တောင်မရှိ..။ စုံစီပလုံစီ ပစ္စည်းများအပြင် ဓာတ်ပုံများကိုပါ နံရံပြည့်ချိတ်ဆွဲထားတာကြောင့် ပြတိုက်ထဲကို ရောက်သွားသလိုလိုပဲ။ ထွဋ်ဘုဏ်းရှိန် ထိုင်မချခင် နံရံပေါ်ကပုံတွေက သေချာကြည့်လိုက်သည်..။ ဆံပင်တိုထားပြီး ယောကျာ်းလေးပုံ ဝတ်စားတဲ့ ငယ်ဘဝပုံတွေနဲ့ ယှဉ်ကြည့်ရင် ဒီတစ်ယောက်သည် ငယ်ရုပ်မပျောက်...။
"ကိုတိုင်း ခဏနော်၊ နေညို ညီညီ့ကို နှိုးလိုက်ဦးမယ်"
"ရတယ် နေညို၊ ငါ သွားနှိုးလိုက်မယ်၊ ဘယ်အခန်းလဲ"
"ဟိုး ညာဘက်ဆုံးက အခန်း၊ ကိုတိုင်း နှိုးမယ်ဆိုရင် နေညို ညီညီ့အတွက် ဆန်ပြုတ်လေး ပြုတ်ထားလိုက်ဦးမယ်"
"ကောင်းသားပဲ၊ နိုးရင် ကျွေးကြတာပေါ့"
ညီညီလို့ခေါ်တဲ့ နောက်တစ်ယောက်ရဲ့အခန်းကို တိုင်း ဝှစ်ကနဲ ထွက်သွားတော့ ထွဋ်ဘုဏ်းရှိန်က လက်ရှိတစ်ယောက်နဲ့ ကျန်ခဲ့ရသည်။ မျက်နှာထားက အချိုးမပြေလိုက်တာ..။ ဆန်ပြုတ်ထုတ်ကို ဆောင့်ကနဲ ကောက်ယူကာ နောက်ခန်းထဲကို ထသွားသည်။ ထွဋ်ဘုဏ်းရှိန်လည်း ကိုယ့်အိမ်ကိုယ့်ရာလို သဘောထားပြီး နောက်ကနေ လိုက်ရတာပေါ့..။
"အဟမ်း မနေ့က ကိစ္စတွေ ကြေအေးလိုက်ကြရအောင်"
"......"
"စိတ်မထင်လို့ ဆိုင်ကယ်သော့လုတာပဲ၊ ခွင့်လွှတ်ပေးပါ့မယ်"
"......"
"ဆန်ပြုတ်က ရေမများဘူးလား၊ လူနာ ရေနစ်နေဦးမယ်"
"ဒီမှာ!! ဘာဖြစ်ချင်နေတာလဲ၊ ငါ ကိုတိုင်းဧည့်သည်မို့ သည်းခံနေတာနော်"
ထွဋ်ဘုဏ်းရှိန်မှာ အကျင့်တစ်ခုရှိသည်။ ဒေါသထွက်နေတဲ့သူဆိုရင် ဒေါသထွက်ပြီး လဲသေသွားတဲ့အထိ စချင်နောက်ချင်တာ..။ ကိုယ့်ဒေါသကို ကြိတ်မျိုကာ ဘာမှမဖြစ်သလို ပြုံးပြလေလေ တဖက်လူက ဒေါသပိုထွက်လေလေပဲ။ အခုလည်း တူတူပါပဲ..၊ ဒေါသအိုးက ထွဋ်ဘုဏ်းရှိန်ရဲ့ ခနဲ့တဲ့တဲ့အပြုံးကြောင့် ရေနွေးအိုးကို လှမ်းဆွဲနေပြီ။
"ငါက တိုင်းဧည့်သည်မဟုတ်ဘူး၊ တိုင်းရဲ့ညီ..၊ ထွဋ်ဘုဏ်းရှိန်လို့ခေါ်တယ်"
"ထွဋ်ဘုဏ်းရှိန်.. ဒါဆို မင်းက အုန်း..မွှေး.."
"ဘာ.. မွှေးမွှေး.."
"ဘာမှမဟုတ်ဘူး၊ ကိုတိုင်းညီဆိုရင် မင်း အပြောအဆိုတွေကို ဆင်ခြင်ပေးပါ၊ ငါ မကြိုက်ဘူး"
မျက်နှာနုနုရယ်လို့ ပုံဖော်ထားတဲ့ အစိတ်အပိုင်းတွေကို ထွဋ်ဘုဏ်းရှိန် တစ်ခုချင်းစီ အသေးစိတ်ကြည့်မိသည်။ နှာရိုးလေး..၊ နှုတ်ခမ်းလေး.. ပြီးတော့ မျက်ဝန်းလေးတွေ..။ တည်နေတဲ့ သူ့မျက်ဝန်းတွေက စိတ်ဆိုးနေတာမဟုတ်..၊ တောင်းဆိုနေတာ။
"မနေ့က ငါ တောင်းပန်တယ်၊ မင်းအချိုးကို မကြိုက်လို့ စိတ်ထင်ရာလုပ်မိသွားတာ"
ပါးစပ်ဟလိုက်တိုင်းမှာ လှုပ်လှုပ်သွားတတ်တဲ့ လည်စလုတ်လေးကို ကြည့်မိတော့ ထွဋ်ဘုဏ်းရှိန်ပါ ရောယောင်ပြီး တံထွေးမျိုချမိသည်။ တစ်ယောက်သန်းရင်တောင် နောက်တစ်ယောက် လိုက်သန်းသေးတာပဲ..။ လည်စလုတ်လိုက်လှုပ်တာ ဘာအရေးလဲ။
"နာမည်ဘယ်လိုခေါ်လဲ.."
"ဟမ်.."
"အပြည့်အစုံကိုမေးတာ"
"ဘာ.."
"မင်းနာမည်ကို မေးနေတာ နေညိုပြီးတော့ဘာလဲ"
ဆန်ပြုတ်ဇွန်းကို အသံမြည်အောင် ပစ်ချရင်း ထွဋ်ဘုဏ်းရှိန်ကို မကြည်သလို အကြည့်နဲ့ကြည့်သည်။
"ရွှေနေညို"
"ဒါဆို နေညိုပေါ့..၊ နေညို ငါ ဗိုက်ဆာလို့ ဆန်ပြုတ်လေး မတိုက်ချင်ဘူးလား"
"ဒါ ညီညီ့အတွက်!"
"ဆန်ပြုတ်ဆိုတာ လူနာမှမဟုတ်ပါဘူး..၊ လူမာလည်း သောက်လို့ရပါတယ်၊ နည်းနည်း.."
"ကိုကို!"
နားထဲကို ရုတ်ချည်းဝင်ရောက်လာတဲ့ ပိုင်စိုးပိုင်နင်း အသံတစ်ခု..။ အခေါ်အဝေါ်ကို ကြားတာနဲ့တင် သူ့အလိုလို နားကြားပြင်းကတ်စရာကောင်းနေပြီ။ လှည့်ကြည့်ကာမှ တွေ့လိုက်ရတာက မီးဖိုချောင်ဝမှာ ရပ်နေတဲ့ မျက်ကလူးဆန်ပျာ တစ်ကောင်ရယ်၊ ပြီးတော့ တိုင်းကမ္ဘာရယ်..။
"ညီညီ.. ကိုတိုင်းပြန်လာပြီ"
"ကိုကို.."
"မိုးညို"
တချိန်တည်းမှာပဲ ထွဋ်ဘုဏ်းရှိန် သတိထားမိလိုက်တာက ခံစားချက်မတူတဲ့ သူတို့မျက်နှာတွေ..။တစ်ယောက်က လန့်နေပေမဲ့ တစ်ယောက်က ဆွေးနေသည်..။ ဘေးက တစ်ယောက်တော့ မိုးမမြင်လေမမြင်ပျော်နေတဲ့ပုံ..။ ထွဋ်ဘုဏ်းရှိန်ကတော့ တိုင်းကမ္ဘာကို တိုင်တောမယ့်အစီအစဉ်ကို အချိန်မကန့်အသတ်မရှိရွေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်သည်။ အာရုံလာတာ ရှာတွေ့သွားပြီလေ..။
*****
(နီ စောစောတင်ပေးလိုက်ပါတယ်😘။
တိုင်းကမ္ဘာက 'မိုးတွေရွာစွေ' ဆိုရင် ထွဋ်ဘုဏ်းရှိန်က 'အချစ်မျက်ဝန်း'ပါတဲ့ အရပ်ကတို့ရေ😁🤭)
(Zawgyi)
"ဘာ! ေရႊမိုးညိဳ အလုပ္မလာဘူး ဟုတ္လား.."
"ဟုတ္တယ္ တိုင္း၊ အေအးမိၿပီး ဖ်ားေနလို႔တဲ့"
"ဟာကြာ.. အဲ့တာ ငါ့စကားကိုနားမေထာင္လို႔ျဖစ္တာ၊ လိုက္ပို႔ေပးပါ့မယ္ ေျပာတာကို ေခါင္းကို ျပဳတ္ထြက္ေအာင္ခါတာ"
ျပာယာခတ္ေနေသာ တိုင္းကမၻာသည္ သူ႔သူငယ္ခ်င္း တိုင္းကမၻာမွ ဟုတ္ရဲ့လားလို႔ ေဟမာန္ကိုကို ေသခ်ာျပန္ၾကည့္လိုက္ရသည္။ တိုင္းကမၻာ ေဒါသထြက္တာကို တစ္ခါမွ မျမင္ဖူးခဲ့..။ ခင္ခဲ့တဲ့ ဆယ္ႏွစ္တာအတြင္း တိုင္းကမၻာမွာ ေဒါသရွိေသးမွန္း ေရႊမိုးညိဳပါမွ သိလိုက္ရသည္။
"ဪ တိုင္းရယ္၊ ဆယ္ႏွစ္ေလာက္ ေစာင့္ၿပီးၿပီကို တစ္ရက္ေလာက္ ထပ္ေစာင့္လိုက္ေပါ့"
"မေစာင့္နိုင္ေတာ့ဘူး ေဟမာန္၊ ငါ မိုးညိဳရဲ့အျပင္စည္းကို ေရာက္ေနၿပီ၊ ငါ ျပန္ေတြ႕တာ အရမ္းေနာက္က် ေနၿပီ"
"နင့္အျပစ္မွမဟုတ္တာ၊ နင့္အေမရဲ့ က်န္းမာေရးေၾကာင့္ပဲ"
ေဟမာန္ကိုကိုနဲ႔ တိုင္းကမၻာက ရွစ္တန္းႏွစ္မွာ စခင္ခဲ့တဲ့ ရင္ဖြင့္ေဖာ္ရင္ဖြင့္ဖက္သူငယ္ခ်င္းေတြ..။ တိုင္းက ေဟမာန္တို႔ေက်ာင္းကို ေျပာင္းလာခဲ့ၿပီးေနာက္ ေဖေဖ့က်ဴရွင္ကိုပါ လာတတ္ခဲ့သည္။ ေခ်ာင္အက်ဆုံး စားပြဲဝိုင္းမွာ တစ္ေယာက္တည္းၿငိမ္ေနတတ္တဲ့ တိုင္းကမၻာနဲ႔ ရင္းႏွီးလာဖို႔ မလြယ္ကူခဲ့။
ရင္းႏွီးလာျပန္ေတာ့လည္း သိလိုက္ရတာက ရွစ္တန္းေက်ာင္းသားေလးမွာ ခ်စ္ရတဲ့ေကာင္ေလးတစ္ေယာက္ ရွိေနသတဲ့။ တိုင္း စိတ္ကစားေနတာလို႔ ေဟမာန္ထင္လိုက္မိပါေသးသည္။ တိုင္းသည္ သူ႔အခ်စ္က စစ္မွန္ေၾကာင္း အခ်ိန္နဲ႔ရင္းကာ သက္ေသျပသည္။
အေမျဖစ္သူကို ဘန္ေကာက္မွာ ေဆးကုရင္း ေက်ာင္းပါ တက္ခဲ့တဲ့တိုင္းက ေဟမာန္နဲ႔စကားေျပာျဖစ္တိုင္း ေရႊမိုးညိဳကို ရွာေပးဖို႔ ေတာင္းဆိုတတ္သည္။ ဆယ္ႏွစ္ေက်ာ္ ၾကာလာတာေတာင္ အခ်စ္မပ်က္ခဲ့တဲ့ တိုင္းရဲ့ေမၽွာ္လင့္ခ်က္ေတြကေတာ့ ေနာက္ဆုံးမွာ ျပည့္ဝသြားခဲ့ရပါၿပီ။
"ဘာပဲျဖစ္ျဖစ္ ဆယ္ႏွစ္က ဆယ္ႏွစ္ပဲေလ၊ ငါ အခုေလ ဟိုေကာင့္ေလာက္ေတာင္ ေနရာမပါဘူး"
တိုင္းရဲ့ ေမးေငါ့ျခင္းကိုခံလိုက္ရသူက ပဝါေတြကို ေနပူပူမွာ ထြက္ခါေနတဲ့ ေအာင္ကိုရွိန္း..။ ေဟမာန္ကို ေတြ႕ေတာ့ အလုပ္တဖက္နဲ႔ လွမ္းျပဳံးျပသည္။
"ေဟမာန္.. အဲ့ေကာင္ကို ေခၚလိုက္၊ မိုးညိဳအိမ္လိပ္စာေမးေပး"
"ဘာလဲ နင္လိုက္သြားမလို႔လား"
"အင္း.. ေခၚလိုက္"
တိုင္းကမၻာရဲ့ ခ်စ္ေမတၱာကို ေဟမာန္ က်ိန္ဆဲရင္း ေအာင္ကိုရွိန္းကို မ်က္ႏွာခ်ိဳေသြးကာ လက္ယက္ေခၚရသည္။ မႏၲေလးကို အလုပ္နဲ႔လာတာလား၊ ေအာင္သြယ္ဖို႔လာမိတာလားဆိုတာ မသဲကြဲေတာ့။
"ဘာျဖစ္လို႔လဲ အစ္မ ပါဆယ္လား..၊ ပါဆယ္ေတာ့ ကၽြန္ေတာ္တို႔ဆိုင္က.."
"ေရႊမိုးညိဳ လိပ္စာေျပာ!"
"ဗ်ာ ဘယ္သူလဲမသိဘူး အ.. အေႂကြးရွင္လား"
"တိုင္းကမၻာ"
"တိုင္းကမၻာ.. ဒီနာမည္ၾကားဖူးသလိုပဲ.. တိုင္းကမၻာ.. တိုင္းကမၻာ.. ဟိုဟာAခန္းထဲက တိုင္းကမၻာလား"
"အင္း ေရႊမိုးညိဳ ဘယ္မွာေနတာလဲ"
"ဟာ.. အဲ့ဒီတိုင္းကမၻာလား၊ ကၽြန္ေတာ္က ႐ုတ္တရက္ဆိုေတာ့ မမွတ္မိဘူး၊ မိုးညိဳဆီကေန ေက်ာင္းေျပာင္းသြားတယ္လို႔ပဲ သိတာ..၊ မိုးညိဳ သိရင္ဝမ္းသာေနေတာ့မွာပဲ၊ မိုးညိဳနဲ႔.."
"ငါ အခ်ိန္မရွိဘူး လိပ္စာပဲေျပာ"
ကိုယ့္ေကာင္ေလးရဲ့ သူငယ္ခ်င္းကို ေကာင္းေကာင္းမြန္မြန္ မဆက္ဆံဘဲ ၿပိဳင္ဘက္လို သေဘာထားေနျပန္ပါၿပီ။ ဆူပုတ္ေနတဲ့မ်က္ႏွာေၾကာင့္ ေအာင္ကိုရွိန္းသာမက ေဟမာန္ပါ လန႔္ေနရၿပီ။
"ဗ်ာ ဟုတ္ကဲ့၊ ေရႊမိုးညိဳက ပုသိမ္ႀကီးထဲမွာ ေနတယ္၊ ပုသိမ္ႀကီးနာရီစင္ကို ေရာက္ရင္.."
ေအာင္ကိုရွိန္း လမ္းညႊန္ေတာ္ခ်က္က ေဟမာန္ကိုကိုေတာင္ လည္ထြက္သြားရသည္။ တိုင္းကမၻာကေတာ့ မႏၲေလးကို သူပိုင္တယ္ဆိုတဲ့႐ုပ္နဲ႔..။
"မိုးညိဳတို႔ တိုက္ခန္းက အစြန္ဆုံးသုံးလႊာ ၄ခန္းေျမာက္မွာရွိတယ္၊ ေအာက္ထပ္ကေန ေအာ္သာေခၚလိုက္၊ ထြက္လာတယ္"
"အင္း၊ ေဟမာန္ ငါသြားေတာ့မယ္"
"ေအး ျဖည္းျဖည္းေမာင္းဦး"
တိုင္းကမၻာ ဘယ္ေလာက္လူမႈေရး မသိတတ္လဲဆိုရင္ လိပ္စာသိတာနဲ႔ ေက်းဇူးတင္ေတာင္ေဖာ္မရဘဲ ကားကို ဒရၾကမ္းေမာင္းထြက္သည္။ ေအာင္ကိုရွိန္းလည္း ေအာင့္သီးေအာင့္သက္ေတာ့ ျဖစ္သြားမွာေပါ့။
"ေတာက္!!"
ကားတြင္းက ေတာက္ေခါက္သံ..။ ေနာက္ၾကည့္မွန္ထဲမွာ ေပၚေနတဲ့ေကာင္ကိုၾကည့္ၿပီး တိုင္းကမၻာဆီက ထြက္လာတဲ့ အသံျဖစ္ပါသည္။ ခံျပင္းလိုက္တာ..။ ဒီေကာင္က ဘာမို႔လို႔ မိုးညိဳအေၾကာင္းေတြကို အကုန္သိေနတာလဲ။ ပြင့္ထြက္လာတဲ့ ေဒါသေတြက စတီယာတိုင္ကို ရိုက္ေန႐ုံနဲ႔ မေျပ..၊ ဝင္လာတဲ့ဖုန္းအေပၚပဲ စုျပဳံခ်ပစ္လိုက္သည္။
"ဟယ္လို! ဘာလဲ!"
"သားရယ္ ျဖည္းျဖည္းထူးစမ္းပါ"
"ေျပာ ေမေမ"
"ေဒါသထြက္ေနတာလား"
"မထြက္ဘူး၊ ကၽြန္ေတာ့္ကို ဘာလို႔ေခၚတာလဲ"
"ဪ.. ကိုထြဋ္ေလးဆီက ဘာသံမွမၾကားရတာ တစ္ပတ္ေလာက္ရွိၿပီ၊ သူ႔တိုက္ခန္းကို သြားၾကည့္ေပးပါဦး သားရယ္၊ ဒီမွာ ေမေမတို႔စိတ္ပူေနတာ"
"ကၽြန္ေတာ္ မအားဘူး သြားစရာရွိတယ္"
"ခဏေလး သြားၾကည့္ေပးပါ၊ ညီအစ္ကို အခ်င္းခ်င္းပဲ၊ သားမရွာရင္ ေမေမတို႔လာရလိမ့္မယ္"
ေဒါသကို ေရနဲ႔ေမၽွာခ်ကာ ထြဋ္ဘုဏ္းရွိန္တိုက္ခန္းဆီကို ကားျပန္လွည့္ရသည္။ မိုးညိဳဆီေရာက္မွ ဖုန္းတဂြမ္ဂြမ္ေခၚေနရင္လည္း အဆင္မေျပ..။ ထြဋ္ဘုဏ္းရွိန္ကို တေၾကာရွင္းၿပီး အလြတ္သြားတာ ပိုေကာင္းသည္။ ထြဋ္ဘုဏ္းရွိန္ဆိုတာ တိုင္းကမၻာပေထြးရဲ့သား..။ တိုင္းကမၻာပေထြးဆိုတာ ေဖေဖ့ရဲ့ အခ်စ္ဆုံးသူငယ္ခ်င္း။ ေမေမ့အေပၚေရာ၊ တိုင္းအေပၚမွာပါ ေကာင္းရွာသည္။ မေကာင္းတာက ထြဋ္ဘုဏ္းရွိန္ဆိုတဲ့ေကာင္..။
ဒီေကာင္ မန္းေလးကို ေျပာင္းလာကတည္းက တိုင္း ေအးေအးေဆးေဆးမေနရ။ သူ႔အေဖရွာထားတဲ့ ပိုက္ဆံကို အလကားထိုင္ျဖဳန္းေနသည္။ ေမေမ့မ်က္ႏွာနဲ႔ ဒီလိုေကာင္ကို ညီေတာ္ထားရေပမယ့္ သံေယာဇဥ္က တစ္စက္မွမရွိ။ ထြဋ္ဘုဏ္းရွိန္ေၾကာင့္ ေမေမတို႔ေတြ ဇယားလာရႈပ္မွာစိုးလို႔ တိုင္းသည္းခံေနတာ။
"ထြဋ္ဘုဏ္းရွိန္!!"
တံခါးေခါက္ေသာ္လည္း အေကာင္လိုက္ ထြက္မလာ။ ဒါေပမယ့္ တိုက္ခန္းေသာ့က တိုင္းမွာရွိၿပီးသား..။ ဒီေကာင္နဲ႔ အတူမေနနိုင္လို႔ တိုင္း တိုက္ခန္းမွာမေနတာေလ။ ဒါကို ေမေမတို႔လည္း သိသည္။ ထြဋ္ဘုဏ္းရွိန္အေဖက တိုင္းကို သူ႔သားနဲ႔ပတ္သတ္ၿပီး လုပ္ပိုင္ခြင့္အာဏာအျပည့္ေပးထားသည္။ ဦးေလးမသိတာက ထြဋ္ဘုဏ္းရွန္ကို တိုင္းကမၻာလည္း မနိုင္ဘူးဆိုတာပဲ။
"ေသာ့ပါတာကို တံခါးေခါက္ေနေသးတယ္"
"ဘာလို႔တံခါးလာမဖြင့္တာလဲ!"
"ငါ အေျပးၿပိဳင္ထားရလို႔ ႂကြက္တက္ၿပီး နာေနတယ္၊ ဒီလိုေတာင္ မမနိုင္ဘူး.."
ဆိုဖာထက္မွာ ေျခေထာက္တဖက္ကို ကိုင္မထားတဲ့ေကာင္က ဖြာလန္ေနတဲ့ဆံပင္ကို အညိဳေရာင္လိုလို၊ အနီေရာင္လိုလို အေရာင္ဆိုးထားသည္။ ေမွးေနတဲ့မ်က္လုံးက အိပ္ခ်င္ေျပပုံမရ..။ တစ္ခန္းလုံးလည္း ရႈပ္ပြလို႔။
ဒီလိုေကာင္ရဲ့ 'ေနာက္ဆုံးႏွစ္ မေအာင္လို႔ ရွက္ေတာ္မူလွပါတယ္၊ မႏၲေလးေက်ာင္းခြဲကို ေျပာင္းေပးရင္ လိမၼာပါ့မယ္' ဆိုတဲ့ လိမ္ဆင္ကို ဦးေလးတို႔ ဘယ္လိုဦးေႏွာက္နဲ႔မ်ား ယုံၾကည္ခဲ့ၾကလဲ။ ထြဋ္ဘုဏ္းရွိန္ ေလေနသမၽွကို တိုင္းေဖာ္လိုက္ရင္ ကိုယ္ပါ ေရာေယာင္ၿပီး ရန္ကုန္သြားေနရမွာစိုးလို႔ ၿငိမ္ေပးထားတာ။
"မင္း ဒီလိုပဲ အေလလိုက္ေနမွာလား"
"ငါ ဘယ္မွာ အေလလိုက္လို႔လဲ၊ ဒါ ေပ်ာ္ေပ်ာ္ေနတာကြ"
"မင္း ပ်က္စီးေနတာ ဒီေလာက္ပဲ ေကာင္းတယ္ ထြဋ္ဘုဏ္းရွိန္"
"ဟ ဘယ္လိုေနမွ မပ်က္စီးဘူးလို႔ ေခၚတာလဲ၊ မင္းလိုေတာ့ မေနနိုင္ဘူး၊ ပ်င္းစရာႀကီး"
"ေစာက္ေရးမပါတာေတြ ငါ့ကိုလာေျပာမေနနဲ႔၊ မင္းအေဖဆီ ဒီေန႔ဖုန္းေခၚ၊ မင္း မေသေသးဘူးလား ေမးေနတယ္"
"ငါက ကေလးလား..၊ ငါ့ကိုပဲ လိုက္ေမးေနရေအာင္"
မင္းက ကေလးမဟုတ္ဘဲ မင္းအေဖဘိုးေအလို႔ သာေျပာလိုက္ခ်င္သည္။ မ်က္ႏွာတစ္ခုလုံးလည္း က်က္သေရမရွိ။ မိုးညိဳဆီ ေရာက္ေနရမယ့္ အခ်ိန္ေတြကို ဒီေကာင့္ဆီမွာ ျဖဳန္းေနရတာနဲ႔တင္ ေတာ္ေတာ္လြန္ေနၿပီ။
"ဆိုင္ကယ္တိုက္ျပန္ၿပီဆို"
"ဘာမွမျဖစ္ဘူး ငါ ရွင္းထားတယ္ ေအးေဆး"
"မင္း ဆိုင္ကယ္ကို ငါ ဦးေလးဆီ ျပန္အပ္မယ္၊ ဒီလိုပဲ သိထား"
မွတ္ေလာက္သားေလာက္ေအာင္ ပညာေပးရမယ္ဆိုတဲ့စိတ္နဲ႔ ဆိုင္ကယ္ေသာ့ကို ဆြဲယူလိုက္ေတာ့ ထြဋ္ဘုဏ္းရွိန္က မပြင့္တပြင့္ရီသည္။
"ဪ.. ငါ့ဆိုင္ကယ္လည္း အတိုက္အခိုက္မ်ားလိုက္တာ၊ ငါ မေန႔ကတင္ ေသာ့တေခ်ာင္းထပ္ပြားထားတယ္ တိုင္း"
"မင္း မလိမၼာခ်င္ေန၊ ငါ့ကိုမေႏွာင့္ယွက္နဲ႔!"
"ငါ့ဘာသာငါေနတာ မေႏွာင့္ယွက္ပါဘူး"
"အဲ့တာဆို မင္းအေဖကို အဖက္လုပ္၊ အားတိုင္း ငါ့လာဆက္ေနတာ"
"ေအးပါ ငါ သံေတာ္ဦးမတင္တာၾကာလို႔ အခစားဝင္ေစခ်င္တာေနမွာေပါ့"
"ဒီေန႔ဆက္! သြားၿပီ.."
"ေနဦး! ငါ ခဏသြားရႊိုင္းလိုက္ဦးမယ္"
ထြဋ္ဘုဏ္းရွိန္းက တိုင္းလက္ထဲက ကားေသာ့ကိုလုယူကာ အခန္းထဲကို ေျပးဝင္သည္။
"ထြဋ္ဘုဏ္းရွိန္!! ဒါဘာလုပ္တာလဲ!"
"မနက္စာေလး လိုက္ဝယ္ေပးပါဦး၊ ငါ ေျခေထာက္ေတြ ေတာင့္ေနလို႔ ဆိုင္ကယ္မေမာင္းနိုင္ဘူး"
"မပို႔ဘူး!! ငါ သြားစရာရွိတယ္!!"
"လုပ္ပါ ငါ Martမွာ ဆင္းေနခဲ့မယ္ေလ..၊ မင္းကလည္း ညီအစ္ကိုအခ်င္းခ်င္းကို"
ဖားသားႀကီး ေျပာေနက်စကားကို ယူသုံးလိုက္ေတာ့ တိုင္းရဲ့အၾကည့္ေတြက မီးခိုးတလူလူ..။ ထြဋ္ဘုဏ္းရွိန္ ေၾကာက္ခ်င္ေယာင္ေဆာင္ေပးလိုက္ပါတယ္။ အဓိကက ကပ္လိုက္ရဖို႔ပဲ..။ ဒီလိုနဲ႔ ညီအစ္ကိုေလးႏွစ္ေယာက္ ခ်စ္ခ်စ္ခင္ခင္နဲ႔ Mini Martထဲကို ဝင္ခဲ့ၾကသည္။ ခ်စ္ကိုႀကီးက မုန႔္ေတြဘာေတြ ဝယ္ေပးမလို႔လား မသိပါဘူး..။ Mini Martထဲကို သူပါလိုက္ဝင္သည္။
"အစ္ကိုႀကီး အဖရာ.. ေမတၱာဇာတ္ခင္းၿပီး ဝယ္ေကၽြးမလို႔လား"
"မွိုစကားေတြ လာမေျပာနဲ႔၊ ဝယ္ၿပီး ကိုယ့္ဘာကိုျပန္"
ထြဋ္ဘုဏ္းရွိန္ကိုသာ ဆဲေနေပမယ့္ မုန႔္ဘူးေပၚက အညႊန္းကိုဖတ္ေတာ့ တိုင္းကမၻာက ျပဳံးစိစိ..။ ဒီေကာင္ျပဳံးတဲ့ေန႔က သူေရွာတဲ့ေန႔လို႔ ထြဋ္ဘုဏ္းရွိန္ စကားဆိုခဲ့ဖူးသည္။ ဒီေန႔သည္ ထြဋ္ဘုဏ္းရွိန္ရဲ့ ေနာက္ဆုံးေန႔မ်ားလား..။မုန႔္ေတြ တစ္ခုၿပီးတစ္ခုကို ျခင္းထဲပစ္ထည့္ေနတဲ့ တိုင္းေၾကာင့္ Energy Drinkေလး ဝယ္ၿပီးျပန္မယ့္ အစီအစဥ္က ထြဋ္ဘုဏ္းရွိန္ ဖ်က္သိမ္းလိုက္သည္။
"မင္းစားဖို႔လား တိုင္း"
"လာမေမးဘဲ သြားစရာရွိတာ သြားပါလား"
ဒီေလာက္ဆို သိလိုက္ၿပီ။ တိုင္းကမၻာက သူ႔ခ်စ္ခ်စ္ကို ေပးဖို႔ဝယ္ေနတာပဲ။ တိုင္းမွာ ခ်စ္ခ်စ္ရွိမွန္း ထြဋ္ဘုဏ္းရွိန္ မသိခဲ့ပါလား..။ မမေဟမာန္ နည္းနည္းေတာ့ ေျပာျပဖို႔ေကာင္းသည္။ ဒီကိစၥကို အေမသိလား မသိဘူး..။ မသိေသးရင္ ေျပာျပခ်င္လိုက္တာ..။ ေနာက္ဆုံးေတာ့ တိုင္းကမၻာရဲ့နိုင္ကြက္ကို ထြဋ္ဘုဏ္းရွိန္ ရွာေတြ႕ခဲ့ၿပီ..။
"တိုင္း ငါ မင္းနဲ႔လိုက္ခဲ့မယ္"
"ဟဲ့ေကာင္ မွိုစကား လာမေျပာနဲ႔လို႔ ငါေျပာထားတယ္ေလ ျပန္စမ္း!!"
"လိုက္မွာပဲ.. ငါ ကားေပၚမွာ ထိုင္ေနမယ္ေလ၊ တိုက္ခန္းမွာ မီးမလာဘူး၊ လုပ္ပါ အဲယားကြန္းေလး ခံခ်င္လို႔ပါ၊ ငါ မဆင္းပါဘူး"
တိုင္းကမၻာတစ္ေယာက္ ေလခ်င္းၿပိဳင္ၿပီး မဖိုက္နိုင္ေတာ့..။ သိသားပဲ နားၿငီးေအာင္ ေျပာလိုက္ရင္ လိုက္ခြင့္ေပးမယ္ဆိုတာ..။ တိုင္းက နည္းနည္းေလး အပူတိုက္ေပးလိုက္ရင္ကို သည္းခံနိုင္တဲ့ထဲမွာမပါ..။
"မင္း ဘယ္သြားမလို႔လဲ တိုင္း မမေဟမန္ဆီလား"
"မဟုတ္ဘူး"
"မင္းက တျခားသူငယ္ခ်င္းရွိေသးတယ္ေပါ့"
"မင္း ေစာက္ပါးစပ္ပိတ္မလား၊ ငါ ကန္ခ်ရမလား"
"ဟုတ္ကဲ့ ေရႊႏႈတ္ေတာ္ကို တင္းတင္းစိထားလိုက္ပါ့မယ္"
အခ်ိဳရည္ကို ပါးစပ္ထဲမွာ တမင္တကာ ငုံထားေပးလိုက္သည္။ တိုင္းကမၻာကို ခဏပဲသည္းခံရင္ အားလုံးၿပီးသြားၿပီ။ ဖားသားႀကီးက တိုင္းကို ပိုယုံသည္၊ ေငြေရးေၾကးေရးဆို ကိုယ္တိုင္ေတာင္းတာထက္ တိုင္းေတာင္းေပးရင္း ပိုရသည္။ ဒီပိုက္ဆံေၾကာင့္ပဲ တိုင္းကမၻာကို ဒူးဖက္ထားရသည္။ အခုေတာ့ ထြဋ္ဘုဏ္းရွိန္ စင္ေပၚေရာက္ၿပီ။
ပြဲကေတာ့ ေတာ္ေတာ္လွသည္။ တိုင္း သြားတဲ့ေနရာက ေခ်ာင္ႀကိဳေခ်ာင္ၾကားက လူေတြ ေဘာက္ေသာက္ေနတဲ့ တိုက္ခန္းအမည္ခံ တိုက္တန္းတဲ့..။ မၾကာခင္မွာ 'ငါ့သားနဲ႔ မပတ္သတ္နဲ႔' ဇာတ္ဝင္ခန္းေတြ ျမင္ရေတာ့မွာပဲ။ အဲ့ေန႔က်ရင္ေတာ့ အေဖ့ကို ေသခ်ာဝတ္စားေပးလိုက္ရမည္။
"တိုင္း မင္းလာတာ ဒီေနရာလား"
"ကားေပၚမွာေနခဲ့"
တိုင္းကမၻာက လက္ညိဳးကို ေငါက္ေငါက္ထိုးကာ သတိေပးၿပီးမွ ကားေပၚကေန အလ်င္အျမန္ ဆင္းသြားသည္။ လက္ထဲမွာလည္း မုန႔္ထုတ္ေတြက မနည္းမေနာ..။ ဒါေပမယ့္ မိန္းကေလးတစ္ေယာက္ကို ျမင္တာနဲ႔ တိုင္းရဲ့ေျခလွမ္းေတြ ရပ္တန႔္သြားပါသည္။ ဟိုဘက္တစ္ေယာက္ကလည္း တိုင္းနဲ႔ေတြ႕တာကို သရဲပဲျမင္သလိုလို..။ တိုင္းေရွ႕က အလွေလးရဲ့ မ်က္ႏွာကို ထြဋ္ဘုဏ္းရွိန္ ျမင္ဖူးေနသလိုပဲ..။
"ေနပါဦး..၊ သူ႔ ငါသိပါတယ္၊ ဘယ္မွာလဲ. ဟာ!! ဒါ မေန႔က! ဘာလဲ.. ဒါဆို တိုင္းက.. အိုးမိုင္ဘုရားေရ.."
တိုင္းနဲ႔စကားေျပာေနတဲ့သူသည္ ဆိုင္ကယ္ေသာ့ကို အလစ္သုတ္တဲ့ အလွပေဂး..။ ဒီတစ္ေယာက္နဲ႔ဆိုရင္ တိုင္းရဲ့ အခ်စ္ဇာတ္လမ္းက ျမန္မာကားLevel ေက်ာ္သြားၿပီေလ..။ ဆူပုတ္ေနတဲ့ မေန႔ကမ်က္ႏွာက တိုင္းနဲ႔က်ေတာ့ ဒရမ္မာခင္းေနလိုက္တာမ်ား ႏုလို႔ညံ့လို႔..။ ဒီေလာက္ဆို ထြဋ္ဘုဏ္းရွိန္ ဇာတ္ရည္လည္သြားၿပီ။ ကားေပၚမွာ ထိုင္ေန႐ုံနဲ႔ေတာ့ မေက်နပ္..၊ ေခၽြးေႂကြး ဆပ္ရဦးမည္။
"တိုင္း.. ငါ ကားေပၚမွာ ပ်င္းလို႔၊ ဟာ ဘယ္သူမ်ားလဲလို႔.. မေတြ႕တာၾကာၿပီေနာ္"
ထြဋ္ဘုဏ္းရွိန္ အညက္ေညာဆုံး ျပဳံးျပတာကို ရန္သူေတာ္က မဲ့ျပေနတယ္လို႔ ျမင္ပုံရသည္။ ခပ္စိမ္းစိမ္း ၾကည့္ရင္း ဝဲတက္လာတဲ့ မ်က္ရည္စေတြကို ျပန္သိမ္းေနပုံက မ်က္လုံးေလး ကလယ္ကလယ္.။ ဆိုင္ကယ္ေသာ့လုေျပးတဲ့ ေဒါသကုမာန္ မ်က္ႏွာေပးနဲ႔ တျခားစီ။
"ထြဋ္ဘုဏ္းရွိန္.. မင္း ေနညိဳနဲ႔သိတာလား"
"သိတာလားဆိုေတာ့ သိတာလားဟင္.."
ကလယ္ကလယ္ကို ေမးခြန္းထုတ္လိုက္ေတာ့ မ်က္လုံးအစုံက မီးဝင္းဝင္းေတာက္လာသလိုပဲ။ ၿငိမ္ေနတာဆိုလို႔ မ်က္ခမ္းစပ္က မွဲ႕နက္ေလးပဲရွိသည္။ ဪ တမ်က္ႏွာလုံးမွာ မွဲ႕တစ္ခုပဲ ေအးခ်မ္းတဲ့သူ။
"မသိဘူး ကိုတိုင္း..၊ ဒါနဲ႔ ကိုတိုင္း ဘယ္လိုသိတာလဲ..၊ ၿပီးေတာ့ ေနညိဳ..အခု"
"ငါ သိတယ္ ေနညိဳ..၊ ငါ တကယ္ဝမ္းသာတယ္၊ ေနညိဳ ဒီလိုပုံေလးနဲ႔ အရမ္းလွတယ္"
"ေက်းဇူးပါ ကိုတိုင္း..၊ ဒါ ကိုတိုင္း ေနညိဳ႕ကို အားေပးခဲ့လို႔လည္း ပါပါတယ္"
"မဟုတ္တာ ေနညိဳ၊ ဒါ ေနညိဳ ကိုယ္တိုင္ သတၱိရွိလို႔ပါ"
"ကိုတိုင္းလည္း ေျပာင္းလဲသြားတယ္၊ ေနညိဳ ႐ုတ္တရက္ မွတ္ေတာင္မမွတ္မိဘူး"
အျဖစ္အပ်က္ကေတာ့ ႐ုပ္ရွင္ထိုင္ၾကည့္ေနရသလိုပဲ။ ေဘးလူကိုေတာင္ ဂ႐ုမမူဘဲ ေနာက္ေၾကာင္းျပန္ေနလိုက္ၾကတာ။ ထြဋ္ဘုဏ္းရွိန္ Transgender Womenေတြကို ျမင္ဖူးသည္။ ေတာ္ေတာ္မ်ားမ်ားက သေဘာေကာင္းၿပီးသား။ ဒီတစ္ေယာက္ကေတာ့ မတူ..၊ မ်က္ႏွာႏွစ္မ်ိဳးနဲ႔..။ ထြဋ္ဘုဏ္းရွိန္လိုလူကိုမွလာၿပီး မရွိမဲ့ရွိမဲ့ မာနကိုေခါင္ခိုက္ျပေနသည္။
"အရမ္းကို Touch ျဖစ္တာပဲ၊ ငိုေတာင္ငိုခ်င္လာၿပီ၊ တစ္ရႈးေလးေပးပါဦး"
သ႐ုပ္တူသြားေအာင္လို႔ ကုန္ခမ္းေနတဲ့ မ်က္ရည္ကို ညႇစ္ထုတ္ၾကည့္ေသာ္လည္း တစက္ေတာင္မထြက္..။ လူေတြဘယ္လိုမ်ား ငိုၾကသလဲ..။ တိုင္းကမၻာကေတာ့ သူ႔ဟာထိေတာ့ ဆူပုတ္ခြက္ေနၿပီ..။
"ထြဋ္ဘုဏ္းရွိန္! မင္းကို ကားေပၚမွာ ေစာင့္လို႔ ငါ ေျပာထားတယ္ေလ"
"တိုင္းကလည္း ငါက ေတာင္းပန္ခ်င္လို႔ ဆင္းလာတာ၊ မေန႔က ငါ ဆိုင္ကယ္နဲ႔ ဝင္တိုက္တာက သူေလ၊ အဲ့ပတ္တီးက ငါ့ေၾကာင့္စီးထားရတာ"
"သူေျပာတာဟုတ္လား ေနညိဳ"
တိုင္းကမၻာကို ေခါင္းညိမ့္ျပေနတဲ့ပုံကိုက ဘယ္တုန္းကမ်ား ဒီေလာက္မိန္းကေလး ဆန္သြားတာလဲ။ ဒါမ်ိဳးဆို ထြဋ္ဘုဏ္းရွိန္တို႔က က်လိက်လိျဖစ္ေအာင္ လုပ္လိုက္ရမွ..။
"ကားေသာ့ယူေျပးဦးမလား"
"ထြဋ္ဘုဏ္းရွိန္ မင္းဘာေတြေျပာေနတာလဲ၊ ေနညိဳ ငါ ကိုယ္စားေတာင္းပန္တယ္၊ ဒဏ္ရာေရာ သက္သာလား"
"ရပါတယ္ ကိုတိုင္း၊ ေျခေထာက္လည္း သက္သာတယ္"
တိုင္းကိုၾကည့္တဲ့ ထိုတစ္ေယာက္ရဲ့အၾကည့္ေတြက အရမ္းကိုခ်ိဳသာလြန္းသည္။ စကားသာမေျပာဘဲ ဒီလိုေလးပဲ ရီေနမယ္ဆိုရင္ မိန္းမလွစာရင္းေတာင္ဝင္နိုင္သည္။ ေျမႀကီးေပၚက အစိမ္းထုတ္သုံးထုတ္ကို ထြဋ္ဘုဏ္းရွိန္ ေကာက္ေပးလိုက္ေတာ့ ျပဳံးေနတဲ့မ်က္ႏွာက အသက္မရွိေတာ့..။
"လာ ကိုတိုင္း ေနညိဳတို႔ တိုက္ခန္းက သုံးလႊာမွာရွိတယ္"
"မိုးညိဳေရာ ဘယ္လိုေနေသးလဲ"
"ဟင္.. ညီညီဖ်ားတာကို ကိုတိုင္း ဘယ္လိုသိတာလဲ..၊ ၿပီးေတာ့ ကိုတိုင္း လိပ္စာဘယ္လိုရတာလဲ"
"ေအာင္ကိုရွိန္းေျပာျပတာ"
"ဪ.. ေအာင္ကို ေျပာလိုက္တာလား"
ထြဋ္ဘုဏ္းရွိန္သည္ လႈပ္လီလႈပ္လဲ့ အေပၚတက္ေနၾကတဲ့ ႏွစ္ေယာက္ေနာက္က အထုတ္ဆြဲသမားေလး..။ ဘဝသမားဟန္ေပါက္ေအာင္လို႔ ႏွစ္လႊာေရာက္တာနဲ႔ ေမာျပတာကိုေတာင္ ဘယ္သူမွဂ႐ုမစိုက္..။
"ဦးေလးနဲ႔အန္တီ ေနေကာင္းလား ေနညိဳ"
"ေနေကာင္းတယ္၊ မနက္ကတင္ ေရႊဘိုကားနဲ႔ ပါသြားတာ ကိုတိုင္းရယ္"
"ဘာသြားလုပ္ၾကတာလဲ"
"ေဖေဖတို႔ ကိုးကြယ္တဲ့ ဆရာေတာ္ဘုရားႀကီး ပ်ံလြန္ေတာ္ မူသြားလို႔"
"ဒီမွာလည္း ပ်ံလြန္ေတာ္ မူေတာ့မယ္၊ မေရာက္ေသးဘူးလား"
ဘယ့္ႏွယ့္..၊ အထုတ္ကလည္း ဆြဲရေသး၊ တရစပ္ကလည္း တက္ရေသးနဲ႔..။ ထြဋ္ဘုဏ္းရွိန္ တကယ္အေမာေဖာက္လာၿပီ။ ဒါေပမယ့္ အလွပေဂးက တခ်က္ေလးေတာင္ ငဲ့မၾကည့္..။
"ေရာက္ၿပီ ကိုတိုင္း"
"အင္း ေနညိဳ"
တိုက္ခန္းလို႔ေျပာတဲ့ အခန္းက်ဥ္းေလးက ထြဋ္ဘုဏ္းရွိန္ တိုက္ခန္းရဲ့ တဝက္ေတာင္မရွိ..။ စုံစီပလုံစီ ပစၥည္းမ်ားအျပင္ ဓာတ္ပုံမ်ားကိုပါ နံရံျပည့္ခ်ိတ္ဆြဲထားတာေၾကာင့္ ျပတိုက္ထဲကို ေရာက္သြားသလိုလိုပဲ။ ထြဋ္ဘုဏ္းရွိန္ ထိုင္မခ်ခင္ နံရံေပၚကပုံေတြက ေသခ်ာၾကည့္လိုက္သည္..။ ဆံပင္တိုထားၿပီး ေယာက်ာ္းေလးပုံ ဝတ္စားတဲ့ ငယ္ဘဝပုံေတြနဲ႔ ယွဥ္ၾကည့္ရင္ ဒီတစ္ေယာက္သည္ ငယ္႐ုပ္မေပ်ာက္...။
"ကိုတိုင္း ခဏေနာ္၊ ေနညိဳ ညီညီ့ကို ႏွိုးလိုက္ဦးမယ္"
"ရတယ္ ေနညိဳ၊ ငါ သြားႏွိုးလိုက္မယ္၊ ဘယ္အခန္းလဲ"
"ဟိုး ညာဘက္ဆုံးက အခန္း၊ ကိုတိုင္း ႏွိုးမယ္ဆိုရင္ ေနညိဳ ညီညီ့အတြက္ ဆန္ျပဳတ္ေလး ျပဳတ္ထားလိုက္ဦးမယ္"
"ေကာင္းသားပဲ၊ နိုးရင္ ေကၽြးၾကတာေပါ့"
ညီညီလို႔ေခၚတဲ့ ေနာက္တစ္ေယာက္ရဲ့အခန္းကို တိုင္း ဝွစ္ကနဲ ထြက္သြားေတာ့ ထြဋ္ဘုဏ္းရွိန္က လက္ရွိတစ္ေယာက္နဲ႔ က်န္ခဲ့ရသည္။ မ်က္ႏွာထားက အခ်ိဳးမေျပလိုက္တာ..။ ဆန္ျပဳတ္ထုတ္ကို ေဆာင့္ကနဲ ေကာက္ယူကာ ေနာက္ခန္းထဲကို ထသြားသည္။ ထြဋ္ဘုဏ္းရွိန္လည္း ကိုယ့္အိမ္ကိုယ့္ရာလို သေဘာထားၿပီး ေနာက္ကေန လိုက္ရတာေပါ့..။
"အဟမ္း မေန႔က ကိစၥေတြ ေၾကေအးလိုက္ၾကရေအာင္"
"......"
"စိတ္မထင္လို႔ ဆိုင္ကယ္ေသာ့လုတာပဲ၊ ခြင့္လႊတ္ေပးပါ့မယ္"
"......"
"ဆန္ျပဳတ္က ေရမမ်ားဘူးလား၊ လူနာ ေရနစ္ေနဦးမယ္"
"ဒီမွာ!! ဘာျဖစ္ခ်င္ေနတာလဲ၊ ငါ ကိုတိုင္းဧည့္သည္မို႔ သည္းခံေနတာေနာ္"
ထြဋ္ဘုဏ္းရွိန္မွာ အက်င့္တစ္ခုရွိသည္။ ေဒါသထြက္ေနတဲ့သူဆိုရင္ ေဒါသထြက္ၿပီး လဲေသသြားတဲ့အထိ စခ်င္ေနာက္ခ်င္တာ..။ ကိုယ့္ေဒါသကို ႀကိတ္မ်ိဳကာ ဘာမွမျဖစ္သလို ျပဳံးျပေလေလ တဖက္လူက ေဒါသပိုထြက္ေလေလပဲ။ အခုလည္း တူတူပါပဲ..၊ ေဒါသအိုးက ထြဋ္ဘုဏ္းရွိန္ရဲ့ ခနဲ႔တဲ့တဲ့အျပဳံးေၾကာင့္ ေရေႏြးအိုးကို လွမ္းဆြဲေနၿပီ။
"ငါက တိုင္းဧည့္သည္မဟုတ္ဘူး၊ တိုင္းရဲ့ညီ..၊ ထြဋ္ဘုဏ္းရွိန္လို႔ေခၚတယ္"
"ထြဋ္ဘုဏ္းရွိန္.. ဒါဆို မင္းက အုန္း..ေမႊး.."
"ဘာ.. ေမႊးေမႊး.."
"ဘာမွမဟုတ္ဘူး၊ ကိုတိုင္းညီဆိုရင္ မင္း အေျပာအဆိုေတြကို ဆင္ျခင္ေပးပါ၊ ငါ မႀကိဳက္ဘူး"
မ်က္ႏွာႏုႏုရယ္လို႔ ပုံေဖာ္ထားတဲ့ အစိတ္အပိုင္းေတြကို ထြဋ္ဘုဏ္းရွိန္ တစ္ခုခ်င္းစီ အေသးစိတ္ၾကည့္မိသည္။ ႏွာရိုးေလး..၊ ႏႈတ္ခမ္းေလး.. ၿပီးေတာ့ မ်က္ဝန္းေလးေတြ..။ တည္ေနတဲ့ သူ႔မ်က္ဝန္းေတြက စိတ္ဆိုးေနတာမဟုတ္..၊ ေတာင္းဆိုေနတာ။
"မေန႔က ငါ ေတာင္းပန္တယ္၊ မင္းအခ်ိဳးကို မႀကိဳက္လို႔ စိတ္ထင္ရာလုပ္မိသြားတာ"
ပါးစပ္ဟလိုက္တိုင္းမွာ လႈပ္လႈပ္သြားတတ္တဲ့ လည္စလုတ္ေလးကို ၾကည့္မိေတာ့ ထြဋ္ဘုဏ္းရွိန္ပါ ေရာေယာင္ၿပီး တံေထြးမ်ိဳခ်မိသည္။ တစ္ေယာက္သန္းရင္ေတာင္ ေနာက္တစ္ေယာက္ လိုက္သန္းေသးတာပဲ..။ လည္စလုတ္လိုက္လႈပ္တာ ဘာအေရးလဲ။
"နာမည္ဘယ္လိုေခၚလဲ.."
"ဟမ္.."
"အျပည့္အစုံကိုေမးတာ"
"ဘာ.."
"မင္းနာမည္ကို ေမးေနတာ ေနညိဳၿပီးေတာ့ဘာလဲ"
ဆန္ျပဳတ္ဇြန္းကို အသံျမည္ေအာင္ ပစ္ခ်ရင္း ထြဋ္ဘုဏ္းရွိန္ကို မၾကည္သလို အၾကည့္နဲ႔ၾကည့္သည္။
"ေရႊေနညိဳ"
"ဒါဆို ေနညိဳေပါ့..၊ ေနညိဳ ငါ ဗိုက္ဆာလို႔ ဆန္ျပဳတ္ေလး မတိုက္ခ်င္ဘူးလား"
"ဒါ ညီညီ့အတြက္!"
"ဆန္ျပဳတ္ဆိုတာ လူနာမွမဟုတ္ပါဘူး..၊ လူမာလည္း ေသာက္လို႔ရပါတယ္၊ နည္းနည္း.."
"ကိုကို!"
နားထဲကို ႐ုတ္ခ်ည္းဝင္ေရာက္လာတဲ့ ပိုင္စိုးပိုင္နင္း အသံတစ္ခု..။ အေခၚအေဝၚကို ၾကားတာနဲ႔တင္ သူ႔အလိုလို နားၾကားျပင္းကတ္စရာေကာင္းေနၿပီ။ လွည့္ၾကည့္ကာမွ ေတြ႕လိုက္ရတာက မီးဖိုေခ်ာင္ဝမွာ ရပ္ေနတဲ့ မ်က္ကလူးဆန္ပ်ာ တစ္ေကာင္ရယ္၊ ၿပီးေတာ့ တိုင္းကမၻာရယ္..။
"ညီညီ.. ကိုတိုင္းျပန္လာၿပီ"
"ကိုကို.."
"မိုးညိဳ"
တခ်ိန္တည္းမွာပဲ ထြဋ္ဘုဏ္းရွိန္ သတိထားမိလိုက္တာက ခံစားခ်က္မတူတဲ့ သူတို႔မ်က္ႏွာေတြ..။တစ္ေယာက္က လန႔္ေနေပမဲ့ တစ္ေယာက္က ေဆြးေနသည္..။ ေဘးက တစ္ေယာက္ေတာ့ မိုးမျမင္ေလမျမင္ေပ်ာ္ေနတဲ့ပုံ..။ ထြဋ္ဘုဏ္းရွိန္ကေတာ့ တိုင္းကမၻာကို တိုင္ေတာမယ့္အစီအစဥ္ကို အခ်ိန္မကန႔္အသတ္မရွိေရြ႕ဆိုင္းဖို႔ ဆုံးျဖတ္လိုက္သည္။ အာ႐ုံလာတာ ရွာေတြ႕သြားၿပီေလ..။
*****
(နီ ေစာေစာတင္ေပးလိုက္ပါတယ္😘။
တိုင္းကမ႓ာက 'မိုးေတြ႐ြာေစြ' ဆိုရင္ ထြဋ္ဘုဏ္း႐ွိန္က 'အခ်စ္မ်က္ဝန္း'ပါတဲ့ အရပ္ကတို႔ေရ😁🤭)