𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETE...

By Zoey_Glow

79.7K 9.4K 845

There are 7.8 billion people in the world, but I hate you all the most...Mr.Park! Zawgyi : Unicode Own Story... More

REBIRTH
_1
_2
_3
_4
_5
_6
_7
_8
_9
_10
_11
_12
_13
_14
_15
_16
_17
_18
_19
_20
_21
_22
_23
_24⚠
_25
_26
_27
_28
_29
_30
_32
_33⚠
_34
_35
_36
_37
_38⚠
_FINAL
FMV

_31

1.9K 213 19
By Zoey_Glow

ZAW

"ဘာေတြလုပ္ေနတာလဲ အသည္း"

ေနာက္က်ေနၾကလိုက္ရတဲ့ အသံေၾကာင့္ လုပ္လက္စကို
ရပ္တန္႔ရင္း ေနာက္ကိုလွည့္ကာ မ်က္ေမွာင္က်ံဳ႕ၾကည့္ေနသူကို သြားၿဖီးကာ ၿပံဳးျပလိုက္ေလသည္။

"ဘား ဘာမွမလုပ္ဘူး ကုမၸဏီသြားေတာ့မလို႔လား"

အထစ္ထစ္အငငျဖစ္ေနသူ သူ႔ကိုခ်န္းေယာလ္က မ်က္ေမွာင္က်ံဳ႕ၾကည့္လာတယ္။တစ္လွမ္းခ်င္းေရွ႕တိုးလ်က္ သူ႔ဆီတိုးလွမ္းလာေတာ့ သူလည္းေနာက္ကိုေျခတစ္လွမ္းဆုတ္မိသြားတယ္။

ခ်န္းေယာလ္က အလိုမက်သလို ၾကည့္ရင္း ဇိုးဇတ္နဲ႔ေရွ႕တိုးရင္း ကုတ္ကုတ္ေလးရပ္ေနတဲ့ ဘတ္ဟြၽန္းရဲ႕ခါးကိုလွမ္းဆြဲရင္း နမ္းေလတယ္။

အူေၾကာင္ေၾကာင္အေျခအေနမွာ ဆြဲနမ္းခံရတဲ့ ဘတ္ဟြၽန္းခမ်ာ မလူးလြန္႔သာေတာ့ပါ။နမ္းေနရင္း ခ်န္းေယာလ္၏လက္တစ္ဖက္က သူ၏ေနာက္သို႔ေရာက္လာကာ သူဖြတ္ထားေသာ အရာကိုဆြဲယူသြားေလသည္။

"ဘာေတြလဲ အသည္း"

ခ်န္းေယာလ္က သူ၏လက္ထဲက ထမင္းဘူးကိုကိုင္ရင္း အေရွ႕က ေခါင္းေလးငံု႔ေနတဲ့ ဘတ္ဟြၽန္းကိုေမးလိုက္ေလသည္။

"ဟို မင္း မင္းစားဖို႔အတြက္ အဲ့တာ..."

လက္နွစ္ဖက္ကို လိမ္ကာ ေခါင္းကိုငံု႔ထားလ်က္ မရဲတရဲဆိုလာတဲ့ ဘတ္ဟြၽန္းကိုၾကည့္ရင္း ခ်န္းေယာလ္၏ နႈတ္ခမ္းေထာင့္စြန္းေတြဟာ ေကြးတက္သြားသည္။

လက္ထဲတြင္ကိုင္ထားေသာ ထမင္းဘူးထဲကအရာေတြျကည့္ေတာ့ ထမင္းအ၀ိုင္းေလးေပၚတြင္ ၿပံဳးေနေသာ smile ပံုရုပ္ကေလးကို ေရညိွေတြ မုန္လာဥေတြျဖင့္ ပံုေပၚထားသည္။
ေဘးနားတြင္လည္း အမဲသားတုန္းေလးေတြအားစီေနေအာင္ထည့္ထားေပးထားေသးသည္။

ကေလးဆန္လိုက္ပံုက သူ႔ကိုထည့္ေပးလိုက္ေသာ ထမင္းဘူးဟာ Doreamon ပံုရုပ္ျဖင့္ အျပာေရာင္ ထမင္းဘူးေလးျဖစ္ေနသည္။

သူတစ္ခ်က္ရယ္လိုက္သည္။ဒါက ေခါင္းငံု႔ေနေသာ ဘတ္ဟြၽန္းက သူျပင္ထားတာကို ေလွာင္သည္ဟုထင္သြားသည့္သနယ္...

"ငါ ငါမေပးေတာ့ဘူး"

ဘတ္ဟြၽန္းက ဆူပုတ္ပုတ္ေျပာရင္း ထမင္းဘူးကိုဆြဲယူေတာ့ ခ်န္းေယာလ္က ထမင္းဘူးကို အေပၚသို႔ေျမႇာက္လိုက္ေလသည္။ခ်န္းေယာလ္ထက္ ေခါင္းတစ္လံုးစာေလာက္ပုေသာ ဘတ္ဟြၽန္းဟာ ဟိုးအေပၚထိေျမႇာက္သြားေသာ ထမင္းဘူးေၾကာင့္ မ်က္နွာက ပို၍ပင္ဆူပုတ္သြားခဲ့သည္။

"ကိုယ့္အတြက္မို႔လား ေပးၿပီးစားျပန္မယူရဘူးေလ"

"မေပးပါဘူး မင္းဘာသာမင္း မသမာနည္းနဲ႔ ဆြဲယူသြားတာေလ"

အေက်ာမခံတဲ့ ဘတ္ဟြၽန္းေလးဟာ ဆူေအာင့္ေအာင့္အသံေလးျဖင့္ ရန္ေထာင္ေလသည္။ၾကားထဲက သေဘာက်ၿပီး အသည္းယားေနရသူဟာ သခင္ႀကီးပတ္ခ်န္းေယာလ္သာ ျဖစ္ေနေလသည္။

"မေပးေတာ့ဘူး ကိုယ္သြားေတာ့မယ္ ေန႔လယ္စာအတြက္ ေက်းဇူးေမာင့္အသည္း"

ခ်န္းေယာလ္ကေျပာရင္း ျမင္ေနရေသာ နွဖူးျပင္ေလးအား ငံု႔နမ္းရင္း ဆိုကာထြက္သြားေလေတာ့သည္။
ေၾကာင္ေတာင္ေတာင္က်န္ေနခဲ့ေသာ ဘတ္ဟြၽန္း၏ လက္ေတြဟာ ေလထဲမွာရန္႔တန္႔ကုန္ေလသည္။

တစ္ဒိတ္ဒိတ္နွင့္ စည္းကမ္းမရွိစြာ ခုန္ေနေသာရင္ဘက္သည္အေတာ္ကို အတင့္ရဲလြန္းသည္။အေျဖေပးၿပီးေနာက္တြင္ သူသည္ ပတ္ခ်န္းေယာလ္၏ အေၾကာင္းျပခ်က္မရွိပါေသာနမ္းျခင္းမွာကို ၂၄နာရီခံေနရေလသည္။

ၾကာရင္သူလည္း နႈတ္ခမ္းႀကီးျပတ္ထြက္ေတာ့မယ္။
ပတ္ခ်န္းေယာလ္ကို ဘယ္သူမွမကယ္နိုင္ၾကေတာ့ဘူးလား။

ဘတ္ဟြၽန္းမ်က္နွာေလးခ်စ္ဖို႔ေကာင္းေအာင္ ေသးေသးေလးရွံု႔ရင္း နံရံတြင္ ခ်ိတ္ဆြဲထားေသာ ျပကၡဒိန္ကိုၾကည့္လိုက္သည္။

ယေန႔၏ရက္အခ်ိန္သည္ကား ေအာက္တိုဘာ 31...။
Halloween Day!!

သူေမ့ေနခဲ့မိတာပဲ။ဘတ္ဟြၽန္းအျမန္ထိုင္ရေနရာမွ ထလိုက္ရင္း ေသခ်ာေအာင္ ျပကၡဒိန္အနား ထပ္မံတိုးကပ္လို႔ၾကည့္လိုက္သည္။

တစ္ကယ္ႀကီး ေအာက္တိုဘာ 31။Halloween Dayႀကီးကို သူေမ့ေနတာပဲ။က်စ္!

ရုတ္တရပ္ သူအႀကံတစ္ခုရသြားသည္။အိမ္ေပၚထပ္ကို ေျပးတက္ရင္း ခ်န္းေယာလ္အခန္းထဲသို႔ ၀င္လိုက္သည္။
သူတုိ႔၂ေယာက္၏ ျပန္ေပါင္းထုတ္ေရးၿပီးသည့္ေနာက္တြင္ သူသည္ ခ်န္းေယာလ္အခန္းတြင္သာ လိုက္ေနေတာ့သည္။

ဘတ္ဟြၽန္းအခန္းအတြင္းသို႔ေရာက္ၿပီးၿပီးျခင္းတြင္ တံခါးကိုပိတ္ကာ ေလာ့ခ်လိုက္သည္။အခန္းအတြင္း၀ယ္ ဘယ္ညာျပန္ေလ်ွာက္ရင္း စဥ္းစားခန္းဖြင့္ေလလိုက္သည္။

ေထာင့္နားက ႀကီးမားထည္၀ါလွေသာ အနက္ေရာင္ျဖင့္ ေတာ္၀င္ဆန္ဆန္ဗီရိုႀကီးကို ဖြင့္လ်ပ္ၾကည့္လိုက္သည္။
တန္ဖိုးႀကီးအ၀တ္အထည္ေတြကို တစ္ခုျခင္းၾကည့္ကာ စိတ္တိုင္းက်စိတ္ေက်နပ္မႈကိုရွာေဖြေလသည္။

ပထမဆံုးလက္ထဲေရာက္လာေသာ အက်ီဟာ နည္းနည္းေတာ့ ကေလးဆန္ေလသည္။အစင္းက်ားကိုမွ ၀မ္းဆက္ျဖစ္ေလသည္။သူမႀကိဳက္ဘူး။

ဗီရိုထဲ ေခါင္းပံုအပ္လို႔ ထပ္မံရွာေဖြသည္။ေနာက္တစ္ထည္လက္ထဲေရာက္လာသည္က အညိဳေရာင္သားေရ Jacket ျဖစ္သည္။

ဒါကနည္းနည္း အင္း...။

ထပ္ရွာလိုက္မယ္။

ဘတ္ဟြၽန္း နာရီအေတာ္ၾကာ ဗီရိုေရွ႕ထိုင္ၿပီး စိတ္တိုင္းက်ရွာေဖြေနေပမယ့္ သူ၏စိတ္အားစိတ္ေက်နပ္ေလေအာင္ တစ္စံုတစ္ခုမွမစြမွမစြမ္းေဆာင္နိုင္ေသးပင္။

အနည္းငယ္ညီးညဴရင္း အမိႈက္ပံုလိုျဖစ္ေနေသာ အ၀တ္ပံုေပၚမ်က္နွာအပ္လိုက္ေလသည္။ခ်န္းေယာလ္၏ ကိုယ္သင္းရနွံေလးေတြက ခ်န္းေယာလ္၏အက်ီမွာပါ ဆြဲကပ္ေနေလေတာ့ သူတစ္၀ႀကီရႈရိွက္လိုက္သည္။

ရွံု႔မဲမဲ့မ်က္နွာထားနွင့္ ေခါင္းျပန္ေမာ့လို႔ အၾကည့္က ေထာင့္နားက စားပြဲေပၚဆီေရာက္သြားေလသည္။အလိပ္လိုက္ရွိေနေသာ တစ္ရႈးအျဖဴမ်ား။

သူ၏စိတ္ထဲ အႀကံဉာဏ္တစ္ခုက ၀င္ေရာက္၍ တစ္ရႈးလိပ္ေတြအားကိုင္ကာ ေရခ်ိဴးခန္းထဲ၀င္လိုက္သည္။








ေန႔ရက္ေတြဟာ အဓိပၸါယ္မရွိေတာ့သလို...။
အရွင္းလင္းဆံုးေသာ အခန္းအတြင္း၀ယ္ ခပ္လွမ္းလွမ္း ျပတင္းေပါက္ဆီကိုသာ အသက္မရွိသလို ေငးလို႔ အသက္ဆက္ရွင္ရသည္။
ပိုးသပ္ေဆးနံ႔ေတြ လိႈင္လိႈင္ထေနေသာ ေဆးရံုအခန္းအတြင္း၀ယ္မွာပဲ သူမဘ၀ အဆံုးသတ္ရေတာ့မည္လား။

ထိုအခ်ိန္ တံခါးေခါက္သံ ခပ္သဲ့သဲ့...။
သူမလွည့္လည္းမၾကည့္နိုင္ေတာ့ပါ။လႊဲေစာင္းလို႔မရေတာ့ပါေသာ ေခါင္းေၾကာင့္ပင္။

သူမဆီလာသည့္သူမွာလည္း သူမအိမ္က အေဖနွင့္အေမက လြဲရင္ မည္သူရွိအုန္းမည္နည္း။
သို႔ေသာ္...

"မိုရာ"

သူမထိုအသံေၾကာင့္ ျပတင္းေပါက္ဆီ အသက္မပါသလို ေငးၾကည့္ရေနရာမွ မ်က္လံုးကိုမွိတ္လိုက္သည္။မ်က္၀န္းေထာင့္ဆီက အရည္တစ္ခ်ိဳ႕စီးက်လာတာလည္း သတိထားမိသြားတယ္။

"ဘာလို႔လဲ ခ်န္းေယာလ္ ငါမေသေသးလို႔ ထပ္သတ္ခ်င္လို႔လား"

သူမရင္နာနာနဲ႔ပဲေမးမိတယ္။ထိုေတာ့ ေဘးနားကရပ္ေနသူဆီက အသံမၾကားရေတာ့ေပမယ့္ သူမၿပံဳးလိုက္မိပါတယ္။

"မိုရာ..."

"ငါ ဒီနိုင္ငံကေနထြက္သြားေတာ့မွာအၿပီး။နင့္ကိုငါ ဒီေလာက္ထိလို႔မထင္ထားဘူး ခ်န္းေယာလ္ရာ။နင္ကားနဲ႔တိုက္သတ္လိုက္ေပမယ့္ အသက္ျပင္းလြန္းတဲ့ငါက မေသခဲ့ေပမယ့္ အင္း ဒီလိုရွင္ရက္နဲ႔ေသေနသလို ေအာက္ပိုင္းေသၿပီး ဇတ္ေၾကာပါလႊဲသြားရတဲ့ဘ၀မွာ အပိုအေနနဲ႔ လက္ေဆာင္ထည့္ေပးလိုက္တာက အဆုတ္ကင္ဆာ ဟက္! နင့္ေကြၽးခဲ့တဲ့ အမဲသားstakeထဲက အဆိပ္ေတြကို ငါကစားေကာင္းတယ္လို႔ ထင္ခဲ့ေသး။ရယ္ရသား ခ်န္းေယာလ္ရာ"

ေဘးနားကရပ္ေနသူဆီက သက္ျပင္းခ်သံ ခပ္တိုးတိုး။

"ငါေတာင္းပန္ခဲ့ၿပီးၿပီ။ငါဘ၀မွာ ဘတ္ဟြၽန္းၿပီးရင္ မင္းကိုပထမဆံုးအႀကိမ္ ေတာင္းပန္ခဲ့ျခင္းပဲမိုရာ။"

"အင္း ဘတ္ဟြၽန္း ဟုတ္တယ္ဘတ္ဟြၽန္း။ငါကနိုင္သူထင္ခဲ့ေပမယ့္ ငါကအစကတည္းကရွံုးေနခဲ့တာပဲ။ဟိုးတစ္ေခါက္ ဘတ္ဟြၽန္းေလွကားေပၚက ျပဳတ္က်သြားတုန္းက နင္ေဒါသထြက္ၿပီးတြန္းလိုက္လို႔ နံရံနဲ႔ေခါင္းနဲ႔တိုက္မိၿပီး ေခါင္းကြဲသြားတုန္းက အမာ႐ြတ္ေတာင္မက်က္ေသးေလာက္ဘူး။"

ရယ္သံခပ္ဟဟေနွာလို႔ ေျပာေနေပမယ့္ မေပ်ာ္႐ႊင္ေနမွန္း သိသာတဲ့ မိုရာဟာ မ်က္၀န္းေတြက အသက္မရွိသည့္နယ္။

"မင္းေပ်ာ္ပါေစ ငါသြားေတာ့မယ္"

မိုရာက အသိမွတ္ျပဳသည့္နယ္ ေခါင္းညိတ္ျပေတာ့ ခ်န္းေယာလ္ေဆးရံုအခန္းတြင္းကေနထြက္လာခဲ့ေတာ့သည္။
ကုမၸဏီကအျပန္ မိုရာ အေဖဆီကရေသာ မိုရာသတင္းေၾကာင့္ ေဆးရံုကို လာသတင္းေမးခဲ့သည္။သို႔ေသာ္ ကိုယ့္ကိုစိတ္နာသြားပံုရေသာ မိုရာေၾကာင့္ အလိုက္သိစြာ နႈတ္ဆက္ခဲ့၍ကာ
ထြက္လာခဲ့သည္။

ေဆးရံုပါ၀င္ခဲ့ေသးသည့္အျပင္ရံုးဆင္းခ်ိန္က ပံုမွန္ထက္ ေနာက္က်ေနေသးတာေၾကာင့္ အိမ္သို႔ျပန္လာခ်ိန္တြင္ ေမွာင္ရီေနေလသည္။

ကားကိုၿခံထဲထိုးခ်ိန္တြင္ ရုတ္တရပ္အခိုက္ မီးကပ်က္လာေလသည္။ညေမွာင္ေနတာေရာ မီးကပါပ်က္သြားေတာ့ ရုတ္တရပ္ စဥ္းစားမိေလသည္က သူ၏သရဲေၾကာက္တတ္ေသာ ေယာက်ာ္းေလးကိုသာ...။

ေမွာင္မဲေနေသာ အိမ္အတြင္းသို႔၀င္လာေတာ့ အလုပ္သမားေတြတစ္ေယာက္မ်ွမေတြ႕မိတာေၾကာင့္ သူ၏မ်က္ေမွာင္တို႔အား အလိုလိုက်ံဳ႕မိ၏။

ရုတ္တရပ္ ေဘးခန္းကေနထြက္လာေသာ ျဖဴျဖဴႀကီး။

"ဂီးးးး!"

သူလန္႔ရမည့္အစားရယ္ခ်င္စိတ္အားထိန္းခ်ဳပ္ထားရမည့္နယ္။
သူ၏ေရွ႕တြင္ ပတ္တီးလား တစ္ရႈးလားမသဲကြဲေသာ အရာေတြပတ္လ်က္ အခန္းထဲက မီးဆိုင္းႀကီဳးေတြယူကာ ခနၶာကိုယ္တြင္ ပတ္ထားေလေတာ့ လင္းထိန္ေနေလသည္။
မ်က္လံုးတြင္လည္း မဲမဲေတြကို မိတ္ကပ္မ်ားအသံုးျပဳကာ ျခယ္ထားေလေသးသည္။

သူ႔ေယာက်ာ္းေလးကမံမီပါေပါ့ေလ။

"ဂီးးးး"

သူ၏ၿပံဳးစစျဖင့္ၾကည့္ေနေသာ အၾကည့္ေတြမ်ားလားေၾကာင့္သည္မသိ။သူေျခာက္တာကို မလန္႔ေသာေၾကာင့္ ဆူပုတ္သြားေသာ မ်က္နွာေလးအား ျမင္ရေလသည္။

ခ်န္းေယာလ္ေနာက္ျပန္ဆုတ္လ်က္ အိမ္ေရွ႕ေပါက္၀ထိ သြားလိုက္သည္။ၿပီးတြင္ အထဲသို႔ခုနက္အတိုင္းပင္ ျပန္၀င္လာခဲ့ေလသည္။ဘတ္ဟြၽန္းကိုၿပံဳးရင္း မူလကအတိုင္းပင္ ထပ္မံေျခာက္လာေလသည္။

"ဂီးးးး"

"အား မံမီႀကီးပါလား ေမာင္ေၾကာက္လိုက္တာ"

ဘတ္ဟြၽန္းကတစ္ဂီးဂီးၿဖဲေျခာက္လ်က္ သေဘာတက် တစ္ခစ္ခစ္ ရယ္ေလသည္။ခ်န္းေယာလ္က သေဘာတက် စိတ္ေက်နပ္သြားေသာ ဘတ္ဟြၽန္းအား ေပြ႕ခ်ီလိုက္ေလသည္။

"အင့္"

ကုတင္ေပၚပစ္ခ်လိုက္ေလေတာ့ ဘတ္ဟြၽန္းထံမွ အင့္ကနဲေသာ ခ်စ္စရာထြက္သံေလးကိုၾကားလိုက္ရသည္။မ်က္နွာေပၚတြင္ ပတ္စီးထားေသာ တစ္ရႈးေတြအားဖယ္ရွားလိုက္ေတာ့ မ်က္လံုးေလးတြင္ ကြက္မဲေနေသာေၾကာင့္ ရယ္ခ်င္စရာေလးလည္းျဖစ္ေနျပန္ေလသည္။

ဘတ္ဟြၽန္း၏ ပါးေလးနွစ္ဖက္သည္ အနည္းငယ္ အနီေရာင္ဘက္သန္းလာေလသည္။မ်က္ကြင္းမဲမဲ ပါးေလးနွစ္ဖက္နီရဲေနေသာ သရဲေလးဟာ သူ႔အတြက္ အသည္းယားစရာေကာင္းေနေလသည္။

"Halloween အမွတ္တရ ေလ့က်င့္ခန္းလုပ္ၾကမလား ေမာင့္အသည္းငယ္"

"ဟမ္ ဘယ္ေလ့က်င့္ခန္းလုပ္ အြန္႔"

နႈတ္ပိတ္ျခင္းခံရေလၿပီးေနာက္ မံမီေလးဟာ လူသား၏ စားသံုးျခင္းကို ခံရေလ၏။ေျခာက္လန္႔ဖိုးလာေသာ သရဲေလးခမ်ာ
လူသားအားျပန္လန္႔သြားရ၏။

သခင္ၿကီးပတ္၏ Halloween ညျဖတ္သန္းပံုသည္ မံမီေလးနွင့္ ျဖစ္ေလသည္။ေမွာင္မဲသြားေသာ အခန္းအတြင္း၀ယ္
တြင္ အျပာေရာင္အခ်စ္ညေလးအားျဖတ္သန္းၾကေလသည္။




Halloween Special ေလးပါ



UNI

"ဘာတွေလုပ်နေတာလဲ အသည်း"

နောက်ကျနေကြလိုက်ရတဲ့ အသံကြောင့် လုပ်လက်စကို
ရပ်တန့်ရင်း နောက်ကိုလှည့်ကာ မျက်မှောင်ကျုံ့ကြည့်နေသူကို သွားဖြီးကာ ပြုံးပြလိုက်လေသည်။

"ဘား ဘာမှမလုပ်ဘူး ကုမ္ပဏီသွားတော့မလို့လား"

အထစ်ထစ်အငငဖြစ်နေသူ သူ့ကိုချန်းယောလ်က မျက်မှောင်ကျုံ့ကြည့်လာတယ်။တစ်လှမ်းချင်းရှေ့တိုးလျက် သူ့ဆီတိုးလှမ်းလာတော့ သူလည်းနောက်ကိုခြေတစ်လှမ်းဆုတ်မိသွားတယ်။

ချန်းယောလ်က အလိုမကျသလို ကြည့်ရင်း ဇိုးဇတ်နဲ့ရှေ့တိုးရင်း ကုတ်ကုတ်လေးရပ်နေတဲ့ ဘတ်ဟျွန်းရဲ့ခါးကိုလှမ်းဆွဲရင်း နမ်းလေတယ်။

အူကြောင်ကြောင်အခြေအနေမှာ ဆွဲနမ်းခံရတဲ့ ဘတ်ဟျွန်းခမျာ မလူးလွန့်သာတော့ပါ။နမ်းနေရင်း ချန်းယောလ်၏လက်တစ်ဖက်က သူ၏နောက်သို့ရောက်လာကာ သူဖွတ်ထားသော အရာကိုဆွဲယူသွားလေသည်။

"ဘာတွေလဲ အသည်း"

ချန်းယောလ်က သူ၏လက်ထဲက ထမင်းဘူးကိုကိုင်ရင်း အရှေ့က ခေါင်းလေးငုံ့နေတဲ့ ဘတ်ဟျွန်းကိုမေးလိုက်လေသည်။

"ဟို မင်း မင်းစားဖို့အတွက် အဲ့တာ..."

လက်နှစ်ဖက်ကို လိမ်ကာ ခေါင်းကိုငုံ့ထားလျက် မရဲတရဲဆိုလာတဲ့ ဘတ်ဟျွန်းကိုကြည့်ရင်း ချန်းယောလ်၏ နှုတ်ခမ်းထောင့်စွန်းတွေဟာ ကွေးတက်သွားသည်။

လက်ထဲတွင်ကိုင်ထားသော ထမင်းဘူးထဲကအရာတွေကြည့်တော့ ထမင်းအ၀ိုင်းလေးပေါ်တွင် ပြုံးနေသော smile ပုံရုပ်ကလေးကို ရေညှိတွေ မုန်လာဥတွေဖြင့် ပုံပေါ်ထားသည်။
ဘေးနားတွင်လည်း အမဲသားတုန်းလေးတွေအားစီနေအောင်ထည့်ထားပေးထားသေးသည်။

ကလေးဆန်လိုက်ပုံက သူ့ကိုထည့်ပေးလိုက်သော ထမင်းဘူးဟာ Doreamon ပုံရုပ်ဖြင့် အပြာရောင် ထမင်းဘူးလေးဖြစ်နေသည်။

သူတစ်ချက်ရယ်လိုက်သည်။ဒါက ခေါင်းငုံ့နေသော ဘတ်ဟျွန်းက သူပြင်ထားတာကို လှောင်သည်ဟုထင်သွားသည့်သနယ်...

"ငါ ငါမပေးတော့ဘူး"

ဘတ်ဟျွန်းက ဆူပုတ်ပုတ်ပြောရင်း ထမင်းဘူးကိုဆွဲယူတော့ ချန်းယောလ်က ထမင်းဘူးကို အပေါ်သို့မြှောက်လိုက်လေသည်။ချန်းယောလ်ထက် ခေါင်းတစ်လုံးစာလောက်ပုသော ဘတ်ဟျွန်းဟာ ဟိုးအပေါ်ထိမြှောက်သွားသော ထမင်းဘူးကြောင့် မျက်နှာက ပို၍ပင်ဆူပုတ်သွားခဲ့သည်။

"ကိုယ့်အတွက်မို့လား ပေးပြီးစားပြန်မယူရဘူးလေ"

"မပေးပါဘူး မင်းဘာသာမင်း မသမာနည်းနဲ့ ဆွဲယူသွားတာလေ"

အကျောမခံတဲ့ ဘတ်ဟျွန်းလေးဟာ ဆူအောင့်အောင့်အသံလေးဖြင့် ရန်ထောင်လေသည်။ကြားထဲက သဘောကျပြီး အသည်းယားနေရသူဟာ သခင်ကြီးပတ်ချန်းယောလ်သာ ဖြစ်နေလေသည်။

"မပေးတော့ဘူး ကိုယ်သွားတော့မယ် နေ့လယ်စာအတွက် ကျေးဇူးမောင့်အသည်း"

ချန်းယောလ်ကပြောရင်း မြင်နေရသော နှဖူးပြင်လေးအား ငုံ့နမ်းရင်း ဆိုကာထွက်သွားလေတော့သည်။
ကြောင်တောင်တောင်ကျန်နေခဲ့သော ဘတ်ဟျွန်း၏ လက်တွေဟာ လေထဲမှာရန့်တန့်ကုန်လေသည်။

တစ်ဒိတ်ဒိတ်နှင့် စည်းကမ်းမရှိစွာ ခုန်နေသောရင်ဘက်သည်အတော်ကို အတင့်ရဲလွန်းသည်။အဖြေပေးပြီးနောက်တွင် သူသည် ပတ်ချန်းယောလ်၏ အကြောင်းပြချက်မရှိပါသောနမ်းခြင်းမှာကို ၂၄နာရီခံနေရလေသည်။

ကြာရင်သူလည်း နှုတ်ခမ်းကြီးပြတ်ထွက်တော့မယ်။
ပတ်ချန်းယောလ်ကို ဘယ်သူမှမကယ်နိုင်ကြတော့ဘူးလား။

ဘတ်ဟျွန်းမျက်နှာလေးချစ်ဖို့ကောင်းအောင် သေးသေးလေးရှုံ့ရင်း နံရံတွင် ချိတ်ဆွဲထားသော ပြက္ခဒိန်ကိုကြည့်လိုက်သည်။

ယနေ့၏ရက်အချိန်သည်ကား အောက်တိုဘာ 31...။
Halloween Day!!

သူမေ့နေခဲ့မိတာပဲ။ဘတ်ဟျွန်းအမြန်ထိုင်ရနေရာမှ ထလိုက်ရင်း သေချာအောင် ပြက္ခဒိန်အနား ထပ်မံတိုးကပ်လို့ကြည့်လိုက်သည်။

တစ်ကယ်ကြီး အောက်တိုဘာ 31။Halloween Dayကြီးကို သူမေ့နေတာပဲ။ကျစ်!

ရုတ်တရပ် သူအကြံတစ်ခုရသွားသည်။အိမ်ပေါ်ထပ်ကို ပြေးတက်ရင်း ချန်းယောလ်အခန်းထဲသို့ ၀င်လိုက်သည်။
သူတို့၂ယောက်၏ ပြန်ပေါင်းထုတ်ရေးပြီးသည့်နောက်တွင် သူသည် ချန်းယောလ်အခန်းတွင်သာ လိုက်နေတော့သည်။

ဘတ်ဟျွန်းအခန်းအတွင်းသို့ရောက်ပြီးပြီးခြင်းတွင် တံခါးကိုပိတ်ကာ လော့ချလိုက်သည်။အခန်းအတွင်းဝယ် ဘယ်ညာပြန်လျှောက်ရင်း စဉ်းစားခန်းဖွင့်လေလိုက်သည်။

ထောင့်နားက ကြီးမားထည်ဝါလှသော အနက်ရောင်ဖြင့် တော်ဝင်ဆန်ဆန်ဗီရိုကြီးကို ဖွင့်လျပ်ကြည့်လိုက်သည်။
တန်ဖိုးကြီးအ၀တ်အထည်တွေကို တစ်ခုခြင်းကြည့်ကာ စိတ်တိုင်းကျစိတ်ကျေနပ်မှုကိုရှာဖွေလေသည်။

ပထမဆုံးလက်ထဲရောက်လာသော အကျီဟာ နည်းနည်းတော့ ကလေးဆန်လေသည်။အစင်းကျားကိုမှ ၀မ်းဆက်ဖြစ်လေသည်။သူမကြိုက်ဘူး။

ဗီရိုထဲ ခေါင်းပုံအပ်လို့ ထပ်မံရှာဖွေသည်။နောက်တစ်ထည်လက်ထဲရောက်လာသည်က အညိုရောင်သားရေ Jacket ဖြစ်သည်။

ဒါကနည်းနည်း အင်း...။

ထပ်ရှာလိုက်မယ်။

ဘတ်ဟျွန်း နာရီအတော်ကြာ ဗီရိုရှေ့ထိုင်ပြီး စိတ်တိုင်းကျရှာဖွေနေပေမယ့် သူ၏စိတ်အားစိတ်ကျေနပ်လေအောင် တစ်စုံတစ်ခုမှမစွမှမစွမ်းဆောင်နိုင်သေးပင်။

အနည်းငယ်ညီးညူရင်း အမှိုက်ပုံလိုဖြစ်နေသော အ၀တ်ပုံပေါ်မျက်နှာအပ်လိုက်လေသည်။ချန်းယောလ်၏ ကိုယ်သင်းရနှံလေးတွေက ချန်းယောလ်၏အကျီမှာပါ ဆွဲကပ်နေလေတော့ သူတစ်ဝကြီရှုရှိက်လိုက်သည်။

ရှုံ့မဲမဲ့မျက်နှာထားနှင့် ခေါင်းပြန်မော့လို့ အကြည့်က ထောင့်နားက စားပွဲပေါ်ဆီရောက်သွားလေသည်။အလိပ်လိုက်ရှိနေသော တစ်ရှုးအဖြူများ။

သူ၏စိတ်ထဲ အကြံဉာဏ်တစ်ခုက ၀င်ရောက်၍ တစ်ရှုးလိပ်တွေအားကိုင်ကာ ရေချိူးခန်းထဲဝင်လိုက်သည်။








နေ့ရက်တွေဟာ အဓိပ္ပါယ်မရှိတော့သလို...။
အရှင်းလင်းဆုံးသော အခန်းအတွင်းဝယ် ခပ်လှမ်းလှမ်း ပြတင်းပေါက်ဆီကိုသာ အသက်မရှိသလို ငေးလို့ အသက်ဆက်ရှင်ရသည်။
ပိုးသပ်ဆေးနံ့တွေ လှိုင်လှိုင်ထနေသော ဆေးရုံအခန်းအတွင်းဝယ်မှာပဲ သူမဘ၀ အဆုံးသတ်ရတော့မည်လား။

ထိုအချိန် တံခါးခေါက်သံ ခပ်သဲ့သဲ့...။
သူမလှည့်လည်းမကြည့်နိုင်တော့ပါ။လွှဲစောင်းလို့မရတော့ပါသော ခေါင်းကြောင့်ပင်။

သူမဆီလာသည့်သူမှာလည်း သူမအိမ်က အဖေနှင့်အမေက လွဲရင် မည်သူရှိအုန်းမည်နည်း။
သို့သော်...

"မိုရာ"

သူမထိုအသံကြောင့် ပြတင်းပေါက်ဆီ အသက်မပါသလို ငေးကြည့်ရနေရာမှ မျက်လုံးကိုမှိတ်လိုက်သည်။မျက်ဝန်းထောင့်ဆီက အရည်တစ်ချို့စီးကျလာတာလည်း သတိထားမိသွားတယ်။

"ဘာလို့လဲ ချန်းယောလ် ငါမသေသေးလို့ ထပ်သတ်ချင်လို့လား"

သူမရင်နာနာနဲ့ပဲမေးမိတယ်။ထိုတော့ ဘေးနားကရပ်နေသူဆီက အသံမကြားရတော့ပေမယ့် သူမပြုံးလိုက်မိပါတယ်။

"မိုရာ..."

"ငါ ဒီနိုင်ငံကနေထွက်သွားတော့မှာအပြီး။နင့်ကိုငါ ဒီလောက်ထိလို့မထင်ထားဘူး ချန်းယောလ်ရာ။နင်ကားနဲ့တိုက်သတ်လိုက်ပေမယ့် အသက်ပြင်းလွန်းတဲ့ငါက မသေခဲ့ပေမယ့် အင်း ဒီလိုရှင်ရက်နဲ့သေနေသလို အောက်ပိုင်းသေပြီး ဇတ်ကြောပါလွှဲသွားရတဲ့ဘ၀မှာ အပိုအနေနဲ့ လက်ဆောင်ထည့်ပေးလိုက်တာက အဆုတ်ကင်ဆာ ဟက်! နင့်ကျွေးခဲ့တဲ့ အမဲသားstakeထဲက အဆိပ်တွေကို ငါကစားကောင်းတယ်လို့ ထင်ခဲ့သေး။ရယ်ရသား ချန်းယောလ်ရာ"

ဘေးနားကရပ်နေသူဆီက သက်ပြင်းချသံ ခပ်တိုးတိုး။

"ငါတောင်းပန်ခဲ့ပြီးပြီ။ငါဘ၀မှာ ဘတ်ဟျွန်းပြီးရင် မင်းကိုပထမဆုံးအကြိမ် တောင်းပန်ခဲ့ခြင်းပဲမိုရာ။"

"အင်း ဘတ်ဟျွန်း ဟုတ်တယ်ဘတ်ဟျွန်း။ငါကနိုင်သူထင်ခဲ့ပေမယ့် ငါကအစကတည်းကရှုံးနေခဲ့တာပဲ။ဟိုးတစ်ခေါက် ဘတ်ဟျွန်းလှေကားပေါ်က ပြုတ်ကျသွားတုန်းက နင်ဒေါသထွက်ပြီးတွန်းလိုက်လို့ နံရံနဲ့ခေါင်းနဲ့တိုက်မိပြီး ခေါင်းကွဲသွားတုန်းက အမာရွတ်တောင်မကျက်သေးလောက်ဘူး။"

ရယ်သံခပ်ဟဟနှောလို့ ပြောနေပေမယ့် မပျော်ရွှင်နေမှန်း သိသာတဲ့ မိုရာဟာ မျက်ဝန်းတွေက အသက်မရှိသည့်နယ်။

"မင်းပျော်ပါစေ ငါသွားတော့မယ်"

မိုရာက အသိမှတ်ပြုသည့်နယ် ခေါင်းညိတ်ပြတော့ ချန်းယောလ်ဆေးရုံအခန်းတွင်းကနေထွက်လာခဲ့တော့သည်။
ကုမ္ပဏီကအပြန် မိုရာ အဖေဆီကရသော မိုရာသတင်းကြောင့် ဆေးရုံကို လာသတင်းမေးခဲ့သည်။သို့သော် ကိုယ့်ကိုစိတ်နာသွားပုံရသော မိုရာကြောင့် အလိုက်သိစွာ နှုတ်ဆက်ခဲ့၍ကာ
ထွက်လာခဲ့သည်။

ဆေးရုံပါဝင်ခဲ့သေးသည့်အပြင်ရုံးဆင်းချိန်က ပုံမှန်ထက် နောက်ကျနေသေးတာကြောင့် အိမ်သို့ပြန်လာချိန်တွင် မှောင်ရီနေလေသည်။

ကားကိုခြံထဲထိုးချိန်တွင် ရုတ်တရပ်အခိုက် မီးကပျက်လာလေသည်။ညမှောင်နေတာရော မီးကပါပျက်သွားတော့ ရုတ်တရပ် စဉ်းစားမိလေသည်က သူ၏သရဲကြောက်တတ်သော ယောကျာ်းလေးကိုသာ...။

မှောင်မဲနေသော အိမ်အတွင်းသို့ဝင်လာတော့ အလုပ်သမားတွေတစ်ယောက်မျှမတွေ့မိတာကြောင့် သူ၏မျက်မှောင်တို့အား အလိုလိုကျုံ့မိ၏။

ရုတ်တရပ် ဘေးခန်းကနေထွက်လာသော ဖြူဖြူကြီး။

"ဂီးးးး!"

သူလန့်ရမည့်အစားရယ်ချင်စိတ်အားထိန်းချုပ်ထားရမည့်နယ်။
သူ၏ရှေ့တွင် ပတ်တီးလား တစ်ရှုးလားမသဲကွဲသော အရာတွေပတ်လျက် အခန်းထဲက မီးဆိုင်းကြီုးတွေယူကာ ခန္ဓာကိုယ်တွင် ပတ်ထားလေတော့ လင်းထိန်နေလေသည်။
မျက်လုံးတွင်လည်း မဲမဲတွေကို မိတ်ကပ်များအသုံးပြုကာ ခြယ်ထားလေသေးသည်။

သူ့ယောကျာ်းလေးကမံမီပါပေါ့လေ။

"ဂီးးးး"



သူ၏ပြုံးစစဖြင့်ကြည့်နေသော အကြည့်တွေများလားကြောင့်သည်မသိ။သူခြောက်တာကို မလန့်သောကြောင့် ဆူပုတ်သွားသော မျက်နှာလေးအား မြင်ရလေသည်။

ချန်းယောလ်နောက်ပြန်ဆုတ်လျက် အိမ်ရှေ့ပေါက်ဝထိ သွားလိုက်သည်။ပြီးတွင် အထဲသို့ခုနက်အတိုင်းပင် ပြန်ဝင်လာခဲ့လေသည်။ဘတ်ဟျွန်းကိုပြုံးရင်း မူလကအတိုင်းပင် ထပ်မံခြောက်လာလေသည်။

"ဂီးးးး"

"အား မံမီကြီးပါလား မောင်ကြောက်လိုက်တာ"

ဘတ်ဟျွန်းကတစ်ဂီးဂီးဖြဲခြောက်လျက် သဘောတကျ တစ်ခစ်ခစ် ရယ်လေသည်။ချန်းယောလ်က သဘောတကျ စိတ်ကျေနပ်သွားသော ဘတ်ဟျွန်းအား ပွေ့ချီလိုက်လေသည်။

"အင့်"

ကုတင်ပေါ်ပစ်ချလိုက်လေတော့ ဘတ်ဟျွန်းထံမှ အင့်ကနဲသော ချစ်စရာထွက်သံလေးကိုကြားလိုက်ရသည်။မျက်နှာပေါ်တွင် ပတ်စီးထားသော တစ်ရှုးတွေအားဖယ်ရှားလိုက်တော့ မျက်လုံးလေးတွင် ကွက်မဲနေသောကြောင့် ရယ်ချင်စရာလေးလည်းဖြစ်နေပြန်လေသည်။

ဘတ်ဟျွန်း၏ ပါးလေးနှစ်ဖက်သည် အနည်းငယ် အနီရောင်ဘက်သန်းလာလေသည်။မျက်ကွင်းမဲမဲ ပါးလေးနှစ်ဖက်နီရဲနေသော သရဲလေးဟာ သူ့အတွက် အသည်းယားစရာကောင်းနေလေသည်။

"Halloween အမှတ်တရ လေ့ကျင့်ခန်းလုပ်ကြမလား မောင့်အသည်းငယ်"

"ဟမ် ဘယ်လေ့ကျင့်ခန်းလုပ် အွန့်"

နှုတ်ပိတ်ခြင်းခံရလေပြီးနောက် မံမီလေးဟာ လူသား၏ စားသုံးခြင်းကို ခံရလေ၏။ခြောက်လန့်ဖိုးလာသော သရဲလေးခမျာ
လူသားအားပြန်လန့်သွားရ၏။

သခင်ကြီးပတ်၏ Halloween ညဖြတ်သန်းပုံသည် မံမီလေးနှင့် ဖြစ်လေသည်။မှောင်မဲသွားသော အခန်းအတွင်းဝယ်
တွင် အပြာရောင်အချစ်ညလေးအားဖြတ်သန်းကြလေသည်။




Halloween Special လေးပါ











Continue Reading

You'll Also Like

23.8K 1.9K 32
ချစ်မိတဲ့အခါ အဆုံးစွန်အထိ အနစ်နာခံ ပေးဆပ်တတ်ကြတယ်... ချစ်မိတဲ့အခါ အဆုံးစွန်အထိ အတ္တကြီးတတ်ကြတယ်... သင်ရော.. ချစ်မိသွားပြီလား..??
671K 33.8K 61
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
329K 30.3K 38
[ Unicode ] ကောင်းကင် ၊ ပင်လယ် ၊ မြေပြင် ၊ တည်ရှိနေသရွေ့ ... ကြယ်ပွင့်ဟာ မဟူရာ ကောင်းကင်မှာ ကျနော့်အတွက် တောက်ပနေခဲ့သေးရင် . . . ကျနော်တို့အချစ် ဘယ...
7.8K 587 15
"We are destined to meet, mate" the taller boy said "Nice to meet you again, mate" the shorter boy replied This is the sequel to "Destined to Meet Y...