ZAW
မုန်းတယ်။ချစ်တယ်။
ထပ်မတွေ့ကြရအောင်...။
အတွက် အဆင်ပြေမှာပါ။
မျက်ရည်ကျတယ်။
ခဏခဏခေါ်ခဲ့တယ်။
ငါချစ်ရတဲ့ ကောင်လေး။
အခုတော့...
..........
UNI
နောက်တစ်နေ့မနက်ခင်းမှာပဲ
ဘတ်ဟျွန်းက ထွက်သွားခဲ့တယ်။
ညကရွာထားတဲ့ မိုးတွေဟာလည်း တိတ်စဲသွားခဲ့ပြီ။
ကျခဲ့တဲ့ မျက်ရည်တွေဟာ အိပ်ယာပေါ်မှာ ခြောက်သွေ့သွားခဲ့ပြီ။မနက်မှာတော့ သူထွက်သွားခဲ့တယ်...
မုန်းတယ်။ချစ်တယ်။
ချန်းယောလ်က သူ့ကို ခံစားချက်၂မျိုးလုံး ပေးစွမ်းနိုင်ခဲ့တယ်။
မိုးတွေဟာ နံနက်၎နာရီမှာ တိတ်သွားခဲ့တယ်။
မှိန်ပြပြ မီးအိမ်လေးကလည်း အလင်းမပေးစွမ်းတော့ပဲ ပိတ်သွားခဲ့ပြီ။
သူ့ခန္ဓာကိုယ်မှာ ကပ်ညှိနေတဲ့ အညစ်အကြေးတွေကို
ဆေးကြောသန့်စင်ပြီး အိပ်စက်နေသေးတဲ့ ချန်းယောလ်
ကိုပဲ တစ်ချက်ကြည့်ခဲ့တယ်။
ထပ်မတွေ့ကြရအောင်...။
ငါမင်းကို မုန်းခဲ့ပြီးပြီ။ဒုတိယအကြိမ်လည်းကျရှုံးမိပြီး
ချစ်ခဲ့မိပြန်ပြီ။ဒီ့အတွက် ငါထွက်သွားတာက ငါတို့၂ယောက်
အတွက် အဆင်ပြေမှာပါ။
အဲ့နေ့က ဘတ်ဟျွန်း ကမ္ဘာကြီးပြိုတယ်။
မိုးအငွေ့အသက် နဲ့ မိုးရေတွေ ဖြန့်ခင်းတဲ့ လမ်းမထက်မှာ
အနည်းငယ်ပူနေတဲ့ ဗိုက်ကလေးနဲ့ အထုတ်တစ်ထုတ်ဆွဲလို့
လမ်းလျှောက်နေတဲ့ ကောင်ငယ်လေးဟာ တိတ်တဆိတ်
မျက်ရည်ကျတယ်။
အလင်းစ အနည်းငယ်သာ အစပြုလို့ မှောင်ရီရီ လမ်းမထက်မှာ မျက်ရည်စက်တွေက အထီးကျန်နေခဲ့တယ်။
သူရွေးခဲ့တဲ့လမ်းမို့ သူကျေနပ်ခဲ့တယ်။
ကလေးလေးက ထိုလူ့ရဲ့ရင်သွေးအဖြစ်နဲ့ သူ့အနားရှိနေအုန်းမည်။တစ်ယောက်သော သူကတော့ ၀န်ထုပ်ဝန်ပိုးမရှိတော့တဲ့အခါ သူလွတ်လပ်နိုင်ပါပြီ။
သူချစ်တဲ့ သူမနဲ့လည်း ပြန်လည်အဆင်ပြေနိုင်ခဲ့ပြီလေ။
နာကျင်ပေမယ့် အနည်းငယ်တော့ ချစ်ရသူအတွက်
၀မ်းသာပေးပါတယ်။သူချစ်ရတဲ့သူနှင့် သူပျော်ရွှင်ရတော့မည်။
ပထမတစ်ကြိမ်မှာ ငါက မာနတရားတွေနဲ့ မင်းဆီက ထွက်သွားခဲ့တယ်။ဒီတစ်ကြိမ်တော့ မင်းပျော်ပါစေဆိုတဲ့ စိတ်နဲ့ပေါ့။
မင်းမုန်းနေတယ်မလား မောင်..။
ဟက်!မောင်တဲ့။ငါခေါ်လိုက်တဲ့နာမည်က မောင်တဲ့။
မင်းသိလား ချန်းယောလ် ငါအရင်ဘ၀ မင်းရဲ့ အသုံးချခံ အစ်ြနဲ့ ရှိနေခဲ့ကတည်းက မင်းကို မောင်လို့ စိတ်ကူးအတွေးထဲ
ခဏခဏခေါ်ခဲ့တယ်။
ငါထက် ၆လငယ်တဲ့ ကောင်လေး။
ငါ့ကိုမုန်းတဲ့ကောင်လေး။
ငါ့ကလေးလေးအဖေ ကောင်လေး။
ငါချစ်ရတဲ့ ကောင်လေး။
ပျော်ပါစေ။မာနတွေ သိက္ခာတွေ ကိုငါကိုးကွယ်ခဲ့ဖူးပြီ။
မင်းဆီမှာ မကျရှုံးတော့ပါဘူးလို့ ငါခဏခဏ ပြောခဲ့ဖူးတယ်။
၀ဋ်ကြွေးလေးပေါ့ မောင်ရယ်။
မင်းဟာ ငါမချစ်ပဲ မနေနိုင်တဲ့...၀ဋ်ကြွေးလေးပေါ့။
မုန်းစမ်းပါ။မင်းကိုလည်း ငါမုန်းပါတယ်။
ခက်တာက အမုန်းတွေကို အချစ်တွေက အနိုင်ယူစမြဲမို့ ငါဟာ အထူးတလည် အရေးမယူတော့ပါဘူး။
မင်းကိုညက ပြောခဲ့တဲ့ အမုန်းစကားတွေဟာ နောက်ဆုံးပါ။
မင်းကို လွမ်းလို့ နာကျင်ခြင်းတွေနဲ့ပဲ ချစ်ပါတော့မယ်။
ချစ်နေတာကို အမုန်းတွေနဲ့ မာနထားရင်း နေရတာ သိပ်နာကျင်ပြီး ပင်ပန်းရတယ်။
ငါ့ဖို့မဟုတ်တဲ့ ငါသိပ်ကြိုက်တဲ့ ပန်းအနီတွေကို နှုတ်ဆက်ရင်း မင်းမကြည်ဖြူစွာ စွပ်ပေးခဲ့တဲ့ လက်စွပ်လေးကိုပါ ငါထားခဲ့တယ်။
မင်းငါ့ကို မေ့လိုက်ပါ...။
ကိုယ့်အတွက် မဟုတ်တဲ့အရာကို တွယ်ကပ်ရင်းနေရတဲ့အခါ တစ်ဖက်သက်သောငါက နာကျင်ခြင်းတွေသာ ပြန်ရခဲ့ပါတယ်။
ကစားပွဲမှာ မင်းနိုင်ပါတယ်။
လက်စားချေရမယ့်လူ ၁၀ ယောက်ထဲမှာ ပါဝင်တဲ့ မင်းကို
သတ်ဖို့အထက် ငါ့ကိုယ်ငါ သက်သေခြင်းကိုသာ ရွေးခွင့်ရှိမလား။
မင်းကိုချစ်မိလို့ ကစားပွဲလေးရှုံးသွားပြီ။
ဟင့်အင်း ။မရှုံးခဲ့ပါဘူး။ငါကိုယ်တိုင်က အရှုံးပေးခဲ့တာပါ။
မင်းဟာဘယ်တော့မှ ငါနာကျင်အောင် မလုပ်ချင်ဆုံးသူပါ။
မွေးဖွားလာကတည်းက ဆိုးရွားလွန်းခဲ့တဲ့ ငါ့ဘ၀အချို့အကွေ့လေးမှာ မင်းကိုချစ်ခွင့်ရခဲ့ပြီး မင်းနဲ့တွေ့ဆုံခွင့်ရခဲ့တာလေးကို ငါသဘောကျပါတယ်။
ဒီဝဋ်ကြွေးလေးကို ငါကသိပ်သဘောကျပါတယ်။
အခုတော့...
လှလှပပ 'မင်း 'ဆိုတဲ့ဝဋ်ကြွေးလေးကို ငါလက်လွတ်လိုက်ပါပြီ။
မေ့လိုက်ပါ။မင်းမသိနိုင်တဲ့ တစ်နေရာမှာ ငါက
မင်းရင်သွေးလေးကို စောင့်ရှောက်ရင်း မင်းကိုလွမ်းနေပါ့မယ် ။
ငါသိပ်မုန်းခဲ့ရသလို သိပ်ချစ်ရတဲ့ မောင်...။
..........