𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETE...
By Zoey_Glow
86.1K 9.7K 845
There are 7.8 billion people in the world, but I hate you all the most...Mr.Park! Zawgyi : Unicode Own Story... More
REBIRTH
_1
_2
_3
_4
_5
_6
_7
_8
_9
_10
_11
_12
_13
_14
_15
_16
_17
_18
_19
_20
_21
_22
_24⚠
_25
_26
_27
_28
_29
_30
_31
_32
_33⚠
_34
_35
_36
_37
_38⚠
_FINAL
FMV
_23
1.9K 237 12
By Zoey_Glow
ZAW
"အင်း အင်း"
"ထိုင်!"
"ဘာလဲ"
"ကြည့်ရင်သိမယ်"
"သွားတော့"
"ဟမ်"
"ထွက်သွား!"
"အင်း အင်း"
.................
*ဒေါက် ဒေါက်*
*ဒေါက် ဒေါက် ဒေါက်*
"ဘာကိစ္စလဲ"
"မရဘူး မင်းပြန်တော့"
"ဆင်း!"
"ဟင့်အင်း"
"ကျစ်!"
"အင့်"
"အဲ့မှာအိပ်"
"ကြောက်လို့"
ပြောသည်။
"မင်းအရင်လာစတာနော်.!
"ဟမ်? အွတ်!"
လိုချင်လားညော်။
UNI
"သခင်လေး သခင်ကြီးကခေါ်ခိုင်းလိုက်လို့ပါ"
ဘတ်ဟျွန်းမှန်ထဲကနေမြင်နေရတဲ့ နည်းနည်းအယောင်ရော့သွားပြီဖြစ်တဲ့ သူ့နှုတ်ခမ်းလေးကို ကိုင်ကြည့်နေတုန်း အိမ်တော်ထဲက အလုပ်သမားတစ်ယောက်၏ စကားကြောင့် အဖြေပြန်ပေးလိုက်၏။
"အင်း အင်း"
နည်းနည်းဟိုထောင်ဒီထောင်ဖြစ်နေတဲ့ ဆံပင်အချို့ကို ခေါင်းဘီးလေးနှင့် ဖြီးချပြီးနောက် တွေ့ရာအကျီကောက်စွတ်ကာအခေါ်တော်ပါးသော လူထံ သွားရောက်ရန်ပြင်လိုက်သည်။သူမသိလို့ မေးချင်သည်။ကုမ္ပဏီကို သူက မသွားတော့တာလားဟုပင်။ဒီရက်ပိုင်း သူသိသလောက်ကတော့ အိမ်တွင် ထိုလူ ပတ်ချန်းယောလ်အား ခဏခဏ မြင်နေရသည်။
ဘတ်ဟျွန်း ခေါင်းခြောက်ခံစဉ်းစားမနေတော့ပဲ သူ၏ ခြေစုံရပ်တန့်သွားရာ တံခါးရှေ့၌ အနည်းငယ် တံခါးခေါက်လိုက်သည်။
အထဲက သြရှရှအသံဖြင့် '၀င်ခဲ့' ဟုဖြေသံကြားမှ အသာလေးတံခါးဖွင့်ကာ အထဲကို ၀င်လာခဲ့သည်။
မှတ်မှတ်ရရ အရင်ဘ၀က သူ့ကိုခေါ်တော်လွှတ်တုန်းက တံခါးမခေါက်ပဲ ၀င်လာလို့ ၃ရက်တိတိထမင်းမကျွေးခဲ့တာ အမှတ်ရခဲ့သေးသည်။
"ထိုင်!"
အသင့်ရှိနေသော ချန်းယောလ်၏ မျက်နှာချင်းဆိုင်က ထိုင်ခုံပေါ်တွင် အမိန့်စကားအတိုင်း အသာလေးထိုင်လိုက်သည်။ချန်းယောလ်က Laptopပေါ် စာအချို့ရိုက်ရင်းမှ သူဆီသို့ မျက်လုံးတစ်ချက်လှန်ကြည့်ရင်း ဘေးနားကစာအိတ်တစ်ခုကိုအေးလာသည်။
"ဘာလဲ"
"ကြည့်ရင်သိမယ်"
ဘတ်ဟျွန်းလည်ချောင်းပေါ်ထိုးတက်လာတဲ့ ဒေါသတွေ ပြန်မြိုချရင်း စာအိတ်ကိုဖွင့်လိုက်သည်။ ဖိတ်စာတစ်စောင်ဖြစ်၏။
"မင်းကိုယ်တိုင်ဒီဇိုင်းဆွဲပြီးထုတ်တဲ့ အိတ်ကို အနောက်နိုင်ငံ စီးပွားရေး ပညာရှင်တွေက သဘောကျကျလို့  မင်းကို ပွဲတစ်ပွဲဖိတ်ထားတာ။အစက ငါတစ်ယောက်တည်းဆိုပေမယ့် မင်းကငါ့လက်ထပ်ထားတဲ့လူဆိုတာ သိတော့ မင်းကိုပါတစ်ခါတည်း ခေါ်ပြီးပွဲတက်ဖို့ ဖိတ်ထားတယ် မင်းငါနဲ့လိုက်ခဲ့ရမယ်။"
ဘတ်ဟျွန်းခေါင်းပေါ်မှာ ကွက်ရှင်မက်ကလေးတွေ ဖြတ်ပြေးသွားတယ်။သူဘာမှမလုပ်ရသေးဘူးလေ။သူဒီဇိုင်းဆွဲထုတ်ခဲ့တဲ့ အိတ်ကလေးက အလားအလာကောင်းကောင်း ရနိုင်တာသိပေမယ့် ဒီလောက်ထိ မြန်မြန်ကြီး...။
ချန်းယောလ်ကအတွေးကမ္ဘာထဲ နစ်မျောနေသော သူ့ကိုတစ်ချက်ကြည့်လာတယ်။မျက်မှောင်ကျုံ့ရင်းစဉ်းစားခန်းဖွင့်နေတဲ့ ဘတ်ဟျွန်းက သူ့ရှေ့က အသားစားဖို့ချောင်းနေတဲ့ ခြင်္သေ့ကြီးကို မမြင်ပုံ။
"သွားတော့"
ထိန်းချုပ်ထားသလို ပုံစံနှင့် မြိုသိပ်ထားရသော အသံက သူ့အတွေးတွေကို ဖျက်ဆီးသွားတယ်။
"ဟမ်"
"ထွက်သွား!"
"အင်း အင်း"
ချန်းယောလ်ရဲ့ ပြောင်းလဲသွားတဲ့ ပုံကြောင့် အူကြောင်ကြောင်နဲ့ပဲ သူထွက်လာခဲ့ရတယ်။
ရုတ်တရပ်ကြီး ဘာဖြစ်ရတာပါလိမ့်...။
အခုမှသူကြည့်မိတယ်။အော်...ရေချိုးပြီးကာစဖြစ်နေတဲ့အချိန်မှာ ခေါ်ခိုင်းလိုက်တာမို့ အကျီတောင် သေချာမ၀တ်ခဲ့ရ
လည်ပင်းတွင် ဟိုက်ပတ်ကြီးဖြစ်နေသော အကျီကို ပြန်ဆွဲတင်လျက် ထိုအခန်းရှေ့က ထွက်လာခဲ့တော့သည်။
.................
*ဒေါက် ဒေါက်*
*ဒေါက် ဒေါက် ဒေါက်*
သည်းထန်စွာ ရွာသွင်းလျက်ရှိသော မိုး။
တစ်ချက်တစ်ချက် မိုးခြိမ်းသံတို့မှာ တိတ်ဆိတ်လျက်ရှိသော ညတွင် ပဲ့တင်လျက်ရှိသည်။ခရမ်းရောင် လျပ်စီးလိုင်းတွေက
မှောင်မဲနေသော မိုးကောင်းကင်ပေါ်တွင်နေရာယူလျက်။
သစ်ရွက်အချင်းချင်းပွတ်တိုက်သံတို့အပြင် ရုပ်တရပ်ပျက်သွားသော မီးကြောင့် အနည်းငယ်ခြောက်ချားဖွယ်ရာ ကောင်းနေသည်။
အခန်းတံခါးဆီမှ အဆက်မပြတ် တံခါးခေါက်သံကြောင့် အလင်းဖျဖျမီးအိမ်ဆီက အလင်းဖြင့် မြင်နေရသော တိုင်ကပ်နာရီပေါ်ကိုကြည့်မိတော့ နာရီလက်တံသည် ည၁နာရီကိုညွှန်းနေသည်။
ချန်းယောလ်က အိပ်နေရာကနေထရင်း တံခါးကိုသွားဖွင့်လိုက်သည်။မှောင်မဲနေသော အိမ်တော်အတွင်းတွင် သူ့အခန်းရှေ့၌ ရှိနေတာက စောင်ကို ခေါင်း၌ခြုံလျက် ကုတ်ချောင်းချောင်းဖြင့် ကြည့်လာသော ဘတ်ဟျွန်းပင်။
သူ့ကိုတွေ့တော့ သွားအဖြဲသားနှင့် ရယ်ပြလာကာ ရှေ့ကိုတိုးကပ်လာတော့ သူနောက်ကို ခြေလှမ်းအနည်းငယ်ဆုတ်ခွာလိုပ်သည်။
"ဘာကိစ္စလဲ"
"ဟို ဟိုလေ မိုးတွေကရွာ မီးကပျက်တော့ ဟီးဟီး ကြောက်လို့ လာ လာအိပ်လို့ရမလား"
"မရဘူး မင်းပြန်တော့"
ဘတ်ဟျွန်းဆူပုတ်သွားသည်။ပတ်ချန်းယောလ်က တစ်ကယ်စိတ်ပုတ်တာပဲ။သူတစ်ညတည်း အိပ်ချင်တာပါဆို။သူ့ကိုဘာလုပ်မှာကြလို့။သူညမအိပ်နိုင်သေးပဲ အတွေးများနေတုန်း မိုးတွေ သည်းပြီး မီးကပျက်တော့ သူကြောက်လာသည်။
သူလက်စားချေပြီး သတ်ခဲ့တဲ့လူတွေက မကျေနပ်လို့ သရဲဘ၀နဲ့ ပြန်လက်စားချေနေရင် သူကသရဲကြောက်တတ်တယ်
သူညကြီး ဘာမှစဉ်းစားလို့မရပဲ ကြောက်စိတ်ကပဲ တိုးဝင်လာတာမို့ သူအားကိုးရှိရာ ပတ်ချန်းယောလ်ဆီကိုသာ ပြေးခဲ့ရသည်။အခုတော့ သူ့ကိုအလိုမကျသလို ကြည့်ရင်း မောင်းထုတ်လာသည်။
ရုတ်တရပ် မိုးကခြိမ်းလာတော့ သူလန့်ကာ 'အားး' ကနဲအော်ရင်း မျက်လုံးစုံမှိတ်ကာ ချန်းယောလ်ကိုယ်ပေါ်ကို တက်ခွမိလိုက်သည်။လက်ပင်းကို ဇွတ်အတင်းဖက် မျက်စိကိုတင်းတင်းမှိတ်ကာ ခြေတံတွေဟာလည်း ချန်းယောလ်၏ ခါး၏ တွယ်ချိတ်လျက်မိသားပင်။
ရုတ်တရပ် ခုန်တက်လာသော ဘတ်ဟျွန်း၏ ကိုယ်ကြောင့် ချန်းယောလ်ဟာ တောင့်တောင့်ကြီးဖြစ်သွား၏။ထပ်မံခြိမ်းလာသော မိုးကြောင့် လည်တိုင်ဆီက ခပ်တင်းတင်း ဖယ်တွယ်လာမှုအပြင် တုန်နေသော ကိုယ်ကြောင့် သန်မာသော လက်တို့မှာ သူ့ခါး၌ ခွလျက်ရှိနေသော ခြေထောက်တို့၏ အထက် တင်ပါးလေးကို ပင့်တင် ထိန်းကိုင်ရင်း မျက်လုံးဇွတ်မှိတ်ထားသူကို စောင်းငဲ့ကြည့်လိုက်သည်။
ကြောက်လန့်တုန်ယင်နေသည့်အပြင် မီးကလည်း လာမည့်ပုံမပေါ်။မိုးကလည်းတိတ်သွားမည့်ပုံ မပေါ်တာမို့ ဒီတစ်ညတော့ ပေးအိပ်လိုက်ရန် စီစဉ်လိုက်သည်။
"ဆင်း!"
"ဟင့်အင်း"
"ကျစ်!"
သူ့ကိုယ်ပေါ်တွင် ခွလျက်သားရှိနေသော ဘတ်ဟျွန်းကိုကြည့်ရင်း ကျစ်စုတ်သတ်လိုက်သည်။ခွာလို့ရမည့်ပေါ် မပေါ်တာကြောင့် အိပ်ယာဆီ ခပ်ဖြေးဖြေးလျှောက်သွားရင်း ကိုယ်ပေါ်တွင် တောက်တဲ့ တစ်ကောင်လို ကပ်တွယ်နေသော ကိုယ်ကို ချိုင်းမှချီမရင်း ကုတင်ပေါ်ပြစ်တင်လိုက်သည်။
"အင့်"
"အဲ့မှာအိပ်"
ချန်းယောလ်က ထထွက်သွားဟန်ပြင်တော့ လက်ချောင်းတို့ကို လာဆွဲ ရင်း သနားစရာ ကလူမြူသည့် ပုံစံမျက်နှာပေးနှင့် ကြည့်လာသည်။ထိုပုံစံက အကျောတင်းတင်းဘတ်ဟျွန်းပုံစံဖြင့် ကွဲထွက်နေသည်။
"ကြောက်လို့"
ဘတ်ဟျွန်းက ကုတင်ပေါ်တွင် သူ့ဘေး၌လွတ်လပ်နေသော နေရာကိုပုတ်ပြ၍ မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်လုပ်ကာ
ပြောသည်။
"စိတ်ရှုပ်စရာ!......အိပ်ရင်ပြီးရောမလား!"
သနားစရာပုံစံလေးဖြင့် ခေါင်းညိတ်ပြလာသောဘတ်ဟျွန်း။
ချန်းယောလ် စိတ်ပျက်သလိုကြည့်ရင်း စောင်ဖြင့် လုံးနေသော ဘတ်ဟျွန်း၏ ဘေးနား ၀င်လှဲလိုက်သည်။
ဘတ်ဟျွန်းက သူခြုံထားသောစောင်ကို ခေါင်းထိလုံအောင်ခြုံရင်း ချန်းယောလ်နား ခြေထောက်လေးတွေကို အသုံးပြုလျက် ရက်ကန်ရက်ကန်လေး တိုးကပ်လာသည်။
လှဲအိပ်နေသော ချန်းယောလ်နား 5" လောက်ခြားရင်း မျက်လုံးကိုမှိတ်ပြစ်သည်။ထပ်မံချိန်းလာသော မိုးကြောင့် ဘတ်ဟျွန်းလန့်ကာ ချန်းယောလ်ကိုယ်ပေါ် တက်ပြီးသားဖြစ်ပြန်သည်။ပက်လက်အိပ်နေသော ချန်းယောလ်၏ ကိုယ်ပေါ်တွင် ဘတ်ဟျွန်းက ထပ်လျက်သားဖြင့် ရှိနေသည်။
အခြေအနေက နည်းနည်းတော့ ကသိကအောက်နိုင်နေလေသည်။
ချန်းယောလ်က မျက်လုံးမှိတ်အိပ်နေရာကနေ ဖွင့်ကြည့်လာသည်။မျက်နှာချိုသွေး ဘတ်ဟျွန်းပြုံးပြရင်း ချန်းယောလ်က အညှာအတာမဲ့စွာ ကိုယ်ပေါ်ကနေ ခွာချသည်။
ဘုတ်ကနဲ ကုတင်ပေါ် ပြုတ်ကြလာတဲ့ ဘတ်ဟျွန်းက ဆူပုတ်ပုတ်လုပ်ရင်း ချန်းယောလ်နားကပ်လာပြန်တယ်။
သံသရာလည်နေပုံက ပြီးတော့မည်မထင်။
ဘတ်ဟျွန်း ချန်းယောလ်နား လေ၀င်လေထွက်မရှိတော့အောင် ရှိသမျှသတ္တိတွေအကုန်သုံးရင်း တိုးကပ်မိလိုက်သည်။
မျက်လုံးမှိတ်ထားသောဟချန်းယောလ်က မျက်လုံးကိုလှပ်ကနဲ ဖွင့်လာရင်း တစ်လုံးချင်း ဆိုလာတယ်။
"မင်းအရင်လာစတာနော်.!
"ဟမ်? အွတ်!"
ဟဲဟဲ ပျောက်သွားတယ် ပြန်လာပြီညော်
နောက်တစ်ပိုင်း အုဟုဟု🤭
လိုချင်လားညော်။
ဒီတစ်ခေါက်လည်း ပြန်လာချော့ပြီလေ ဟဲဟဲ
Continue Reading
You'll Also Like
162K 6.5K 26
markhyuck. ┅ donghyuck just wanted to be noticed by his crush, mark. ❝me? a guy?❞ ▬ COMPLETED ✓ 01.03.20 markhyuck fanfiction. © MARKSOI 2019-2020
7.7K 720 11
အမှောင်အောင်က ကျားရဲတစ်ကောင်ရဲ့ မျက်ဝန်းလို သွေးဆာနေတဲ့ မျက်ဝန်းစိမ်းတောက်တောက်တွေ သွေးညှီနံ့ဟောင်ထွက်နေတဲ့ အခန်းထဲက အလောင်းတွေ သတင်းစာတွေထဲက ဟိုးလေး...
284K 8.4K 32
After a Karaoke night with the other faculty members, Gojo and Utahime end up doing something they never thought they would do. Set after Kyoto Good...
34.4K 3K 24
Nineteen year old Asania leaves an abusive relationship with her ex boyfriend and focuses on school where she met her bestfriend Zenya. Asa isn't loo...