[Zawgyi]
Forevermore(ထာဝရထက္ပို၍)
အပိုင္း-၇
ညေနပိုင္းေလာက္ေရာက္ေတာ့ ဘတ္အြန္း က စြမ္းအားအသုံးမ်ားၿပီး နားဖို႔လိုအပ္တာေၾကာင့္ သြားအိပ္ေနသည္။ ထိုအခ်ိန္တြင္ ဘတ္ဟြၽန္း ဝမ္ေယာလ္ ဆီသြားလိုက္ၿပီး
'ေယာလ္'
'အြန္းေလး'
ဘတ္ဟြၽန္း ဝမ္ေယာလ္ ဆီေျပးသြားလိုက္ၿပီး ဖက္ထားလိုက္သည္။ ဝမ္ေယာလ္ လည္း အစကေၾကာင္ေတာင္ေတာင္ျဖစ္ေနၿပီး သူရင္းႏွီးေနက်အနံ႔ေလးရမွာ ျပန္ဖက္လိုက္ၿပီး
'အြန္းေလး စိတ္ဆိုးသြားၿပီထင္ေနတာ'
'အြန္းေလး က ဘာလို႔ ေယာလ္ ကိုစိတ္ဆိုးရမွာလဲ'
'ေန႔လည္က ကိုယ္အေျခအေနမၾကည့္မိသလိုျဖစ္သြားလားလို႔'
ဝမ္ေယာလ္ ေျပာေနတာကို နားမလည္ေပမဲ့ ဘတ္အြန္း ရဲ႕ေန႔လည္က စိတ္တိုေနတာကိုျပန္ေတြးမိၿပီး
'ရပါတယ္။ စိတ္မဆိုးပါဘူး။ ေန႔လည္က က်ေနာ္လည္း လြန္သြားတာပဲကို။ အစ္ကိုႀကီးလည္းရွိေနေတာ့ေလ ႐ုတ္တရက္ဆိုရင္ အားလုံးေရွာ့ရသြားမွာစိုးလို႔။ ၿပီးေတာ့ အခုက အေပ်ာ္လာတဲ့ေနရာမဟုတ္ဘူးေလ။ အဲ့ေတာ့ ဆင္ျခင္သင့္တယ္ထင္လို႔ပါ'
'အြန္းေလး ေျပာတာမွန္ပါတယ္။ ကိုယ္ မေတြးလိုက္မိတာ'
'ကိစၥမရွိပါဘူး။ ေနာက္ဆိုရင္ ကြၽန္ေတာ္ လာရွာတဲ့အခ်ိန္ကို ေစာင့္ပါ'
'အင္း။ အြန္းေလး က မ်က္လုံးအေရာင္ေျပာင္းတာနဲ႔ ခံစားခ်က္ပါ ေျပာင္းလဲသြားတယ္ေနာ္'
'ကြၽန္ေတာ့္လက္ေအာက္မွာ အားလုံးရွိေနတာေလ။ ဒီေလာက္ေတာ့ေနရမွာေပါ့'
'ဟုတ္တာေပါ့။ ကိုယ့္ၾကင္ယာေတာ္က စြမ္းအားျမင့္နဂါးဆိုတာ ေမ့သြားတယ္'
ဝမ္ေယာလ္ ဘတ္ဟြၽန္း ပါးေလးကိုဆြဲလိုက္သည္။
ၿပီးေနာက္ ဘတ္ဟြၽန္း ကို ဖက္လိုက္ၿပီး
'ဒီကျပန္ရင္ လက္ထပ္ရေအာင္ အြန္းေလး။ ကိုယ္ ဒီလိုအေျခအေနႀကီးကို သေဘာမက်ဘူး။ မသိရင္ အြန္းေလး ကို တိတ္တိတ္ပုန္းၾကင္ယာအျဖစ္ထားေနရသလိုခံစားေနရတယ္။ ကိုယ္က အြန္းေလး ကို ကိုယ္နဲ႔တန္းတူေနရာမွာ ထားခ်င္တာ'
ဝမ္ေယာလ္ စကားေျပာေနတဲ့တစ္ေလွ်ာက္လုံး ၿပဳံးေနေပမဲ့ ဘတ္ဟြၽန္း ကေတာ့ မ်က္ႏွာမေကာင္းေပ။
'ကိုယ္တို႔ ျပန္ေရာက္တာနဲ႔ လက္ထပ္ပြဲက်င္းပၾကမယ္မလားဟင္'
ဝမ္ေယာလ္ က ဘတ္ဟြၽန္း ပုခုံးႏွစ္ဖက္ကိုကိုင္ကာ မ်က္ႏွာခ်င္းဆိုင္ေမးသည္။
ဘတ္ဟြၽန္း ၿပဳံးျပလိုက္ၿပီး ေခါင္းေလးၿငိမ့္ကာ
'အင္း'
'အြန္းေလး ေနာက္ထပ္ဆုတ္ဦးမယ္ထင္ေနတာ'
ဘတ္ဟြၽန္း ေခါင္းခါျပလိုက္ၿပီး
'မဆုတ္ေတာ့ပါဘူး'
ဘတ္အြန္း နာမည္နဲ႔ ဘတ္ဟြၽန္း က နာမည္မတူေသာ္လည္း ဒီအခ်ိန္အေတာအတြင္း အတူရွိေနသူက ဘတ္ဟြၽန္း ျဖစ္တာေၾကာင့္ အမွန္တရားကို ဝမ္ေယာလ္ သိသြားသည့္အခါ အတူေနခဲ့တဲ့သံေယာဇဥ္ေပၚမူတည္ၿပီး ခြင့္လႊတ္ေပးမယ္လို႔ ဘတ္ဟြၽန္း ေမွ်ာ္လင့္ေနမိသည္။ စိတ္ဆိုးလည္း ခဏပဲလို႔ ထင္ေနေသာေၾကာင့္ အမွန္တရားကိစၥေတြအတြက္ ရင္ေလးေသာ္လည္း လက္ရွိအေျခအေနကိုေတာ့ မထိခိုက္ေအာင္ အၿပဳံးမပ်က္ေနေနသည္။ ဒီၾကားထဲ သူတို႔ႏွစ္ေယာက္ သံေယာဇဥ္ႀကိဳးေတြအမ်ားႀကီးခ်ည္ေႏွာင္ခဲ့ၿပီပဲ။ တစ္ခဏအေတာအတြင္းမွာေတာ့ ဝမ္ေယာလ္ မဖ်က္စီးေလာက္ပါဘူး။
~~~~~~~~~~~
ဘတ္ဟြၽန္း သုံးေလာကတံခါးဆီေရာက္ေနတာ ႏွစ္ပတ္ေက်ာ္လို႔ သုံးပတ္နီးပါးျဖစ္ေတာ့မည္။ ဒီၾကားထဲ ဘတ္အြန္း နဲ႔ ဝမ္ေယာလ္ က စြမ္းအားကို တစ္လွည့္စီျဖည့္ေပးေနေသာေၾကာင့္ တံခါးေသာ့က သိပ္ျပႆနာမတက္ေပ။ ဘတ္ဟြၽန္း ကလည္း အားတဲ့အခ်ိန္တိုင္း ေတာင္နံရံေပၚက ဂူေလးမွာ ထိုင္ၿပီး ေအာက္ကအေျခအေနေတြအားလုံးကိုၾကည့္ေနသည္။ သူဒီမွာေနေနမွန္း ဘတ္အြန္း ေတာင္မသိေပ။
ဘတ္အြန္း သူ႔အလွည့္ၿပီးသြားၿပီျဖစ္လို႔ တဲထဲျပန္ဝင္လာၿပီး အိပ္ဖို႔ျပင္လိုက္သည္။
အိပ္ယာျပင္ေနရင္း ပထမဆုံးေရာက္တဲ့ရက္ကလြဲၿပီး က်န္တဲ့ရက္ေတြမွာ အဖက္မလုပ္ေတာ့ေသာ အိမ္ေရွ႕စံ ဝမ္ေယာလ္ အေၾကာင္းေတြးၿပီး ေဒါသထြက္ရျပန္သည္။
'သူ ငါ့ကို ဘယ္လိုသေဘာထားေနတာလဲ'
ဘတ္အြန္း တစ္ေယာက္တည္းသာေဒါသထြက္ေနၿပီး
'မ်က္ႏွာခ်င္းဆိုင္ေမးလိုက္ရမလား'
ခဏေနေတာ့ ေခါင္းခါလိုက္ၿပီး
'မျဖစ္ေသးဘူး။ အဲ့လိုေမးတာက သူ႔ကိုမေလးစားရာေရာက္သြားလိမ့္မယ္။ ဒီၾကားထဲ စကားေျပာျဖစ္မွာ ေျပာေတာ့မယ္။ ဆက္ၿပီး ဒီလိုဆက္ဆံေနတာကို ငါ လက္မခံေတာ့ဘူး'
ဘတ္အြန္း ေခါင္းအုံးေပၚ ဆက္ခနဲေခါင္းခ်လိုက္ၿပီး မ်က္လုံးပိတ္လိုက္သည္။
'ဒါနဲ႔ ဟြၽန္းေလး ေကာ'
ဘတ္အြန္း ကမမ္းကတမ္းထၿပီး ဘတ္ဟြၽန္း ကိုရွာေတာ့သည္။
'ဒီေကာင္ေလး ဘယ္ေတြေလွ်ာက္သြားေနတာလဲ။ အစ္ကိုႀကီးနဲ႔ေတြ႕လို႔ ျပႆနာတက္ကုန္ေတာ့မွာပဲ'
ဘတ္အြန္း အျပင္ကိုထြက္သြားၿပီး မသိမသာနဲ႔ ဘတ္ဟြၽန္း ကိုရွာေနသည္။
ဝမ္ေယာလ္ က သူ႔အလွည့္ေရာက္ခါနီးလို႔ တံခါးေပါက္နားလာခ်ိန္တြင္ ဘတ္အြန္း ကိုလွမ္းေတြ႕လိုက္ရသည္။ အနားတြင္လည္း ဘယ္သူမွမရွိေသာေၾကာင့္ ဘတ္အြန္း ကို စ ဖို႔ တိတ္တိတ္ေလးသြားၿပီး အေနာက္ကေနသိုင္းဖက္ကာ ပါးေလးကို နမ္းလိုက္သည္။
'လြမ္းေနတာ'
ဘတ္အြန္း ႐ုတ္တရက္ျဖစ္သြားေသာအေျခေအေနေၾကာင့္ လန႔္သြားၿပီး ဖက္ထားေသာသူကို ရန္ျပဳဖို႔ျပင္လိုက္ေပမဲ့ ဝမ္ေယာလ္ ျဖစ္ေနေသာေၾကာင့္ စိတ္ကိုျပန္ေလွ်ာ့လိုက္ၿပီး
'ဒါဘာလုပ္တာလဲ မင္းသား။ သူမ်ားေတြျမင္ရင္ မသင့္ေလ်ာ္ပါဘူး'
'ဘယ္သူမွ မွ မရွိတာ။ ၿပီးေတာ့ ကိုယ္ စည္းတားထားတယ္'
'ကြၽန္ေတာ္နဲ႔ မင္းသားရဲ႕အေျခအေနက ဒီေလာက္ရင္းႏွီးတာမွမဟုတ္တာ။ မင္းသား လက္ကိုလႊတ္လိုက္ပါ'
'ဘာေတြေျပာေနတာလဲ အြန္းေလး'
ထိုအခ်ိန္တြင္ ဝမ္ေယာလ္ ႏွင့္ ဘတ္အြန္း ၏ အေျခအေနကို ဘတ္ဟြၽန္း ေတြ႕သြားၿပီး
'မင္းသား'
ဘတ္ဟြၽန္း ႐ုတ္တရတ္ဘာလုပ္ရမွန္းမသိျဖစ္သြားသည္။
ဘတ္အြန္း က သူ႔ကိုဖက္ထားေသာ ဝမ္ေယာလ္ ရဲ႕လက္ေတြကို ျဖဳတ္ခ်လိုက္ၿပီး ဝမ္ေယာလ္ ႏွင့္ မ်က္ႏွာခ်င္းဆိုင္ကာ
'ကြၽန္ေတာ္က မင္းသားရဲ႕ကစားစရာမဟုတ္ဘူး'
'အြန္းေလး ကိုယ့္ကိုစိတ္ဆိုးေနတာလား'
'ကြၽန္ေတာ္က နတ္ျပည္ရဲ႕အိမ္ေရွ႕စံမင္းသားကို စိတ္ဆိုးခြင့္ရွိလို႔လား။ အေျခအေနက အဆင္မေျပလို႔ အက်ိဳးအေၾကာင္းေျပာျပ႐ုံပါ'
ဝမ္ေယာလ္ ဘတ္အြန္း ေျပာတာေတြကိုနားမလည္ေပ။ သူျမင္ေနက် ဘတ္အြန္း နဲ႔ ဒီ ဘတ္အြန္း က ကြဲေနသလို ခံစားေနရသည္။ စိမ္းျပာေရာင္ မ်က္ဝန္းေလးက ေဒါသထြက္ေနေပမဲ့ မနည္းထိန္းခ်ဳပ္ထားဟန္ေပၚေနသည္။ ဘတ္အြန္း အရင္ကေျပာဖူးတဲ့ မ်က္လုံးအေရာင္ေပၚလိုက္ၿပီး သူနဲ႔ေျပာဆိုဆက္ဆံရမွာကို မွာထားတာကို သတိရသြားၿပီး
'ေတာင္းပန္ပါတယ္။ ကိုယ္ေမ့သြားတယ္'
'ရပါတယ္။ မင္းသားသာ အေနအထိုင္ဆင္ျခင္ပါ'
ဘတ္အြန္း သြားမယ္လုပ္ေတာ့ ဝမ္ေယာလ္ က ဘတ္အြန္း လက္ေမာင္းကိုလွမ္းဆြဲလိုက္ၿပီး
'ဒီဟာက အဲ့ေလာက္ေဒါသထြက္စရာလိုလို႔လား။ ကိုယ္က အြန္းေလး ကိုေတြ႕လို႔ ဝမ္းသာသြားတာကို။ အြန္းေလး က .........'
'အ့'
'အြန္းေလး!'
ဘတ္အြန္း ရဲ႕လက္ကို ဝမ္ေယာလ္ လွမ္းဆြဲတာကို ဘတ္ဟြၽန္း အေပၚကေနျမင္လိုက္ရခ်ိန္တြင္ ဘတ္ဟြၽန္း ရဲ႕သဝန္တိုစိတ္ေတြကမ်ားလာၿပီး ထိုစိတ္ေတြကပဲ ငရဲတံခါးေပါက္က လက္နက္တစ္ခုကိုလႊင့္စင္ေစၿပီး ဘတ္အြန္း ၏ လက္ေမာင္းကို ရွသြားေစသည္။
ဓားရဲ႕အဆိပ္က ဘတ္အြန္း လက္ေမာင္းကေန အမဲလိပ္ႀကီးထြက္လာၿပီး ႏွလုံးဆီဦးတည္သြားေနခ်ိန္မွာေတာ့ ဝမ္ေယာလ္ ဘတ္အြန္း ကိုေပြ႕ခ်ီၿပီး တဲထဲေခၚသြားကာ သူ႔ရဲ႕စြမ္းအားနဲ႔ကုေပးေနသည္။
ဘတ္အြန္း ကို ဝမ္ေယာလ္ ေပြ႕ခ်ီသြားခ်ိန္တြင္ ဘတ္ဟြၽန္း မၾကည့္ေတာ့ဘဲ မ်က္ႏွာလႊဲလိုက္သည္။ သူသဝန္တိုသည္။ ဝမ္ေယာလ္ ကို သူကလြဲလို႔ တျခားသူထိတာေတာင္မႀကိဳက္တဲ့အထိ သဝန္တိုလြန္း ခ်စ္လြန္းသည္။ ဝမ္ေယာလ္ နဲ႔ ဘတ္အြန္း တဲထဲဝင္သြားမွ ဘတ္ဟြၽန္း ထိုေနရာကိုၾကည့္ရင္း
'ငါ ဘတ္အြန္း အျဖစ္ပဲေနလိုက္ရမလား'
ဘတ္ဟြၽန္း တဲေနရာကိုစိုက္ၾကည့္ေနသည္။ အျပာေရာင္မ်က္လုံးေလးက သာမန္ထက္ပိုေပၚလြင္ေနၿပီး ေတာက္ပေနသည္။ ထို႔အျပင္ သုံးေလာကတံခါးရဲ႕ ကံၾကမၼာနတ္မင္းရဲ႕စြမ္းအားေနရာသည္လည္း စြမ္းအားေတြမသိမသာေရာက္လာခဲ့သည္။ ဘတ္ဟြၽန္း ၏ မသိစိတ္ကစြမ္းအားသုံးေလ ဘတ္အြန္း ရဲ႕အဆိပ္ကပိုျပန႔္ေလျဖစ္ေနၿပီး ဝမ္ေယာလ္ ေတာင္ထိန္းခ်ဳပ္မရေတာ့ေပ။
ဘတ္အြန္း ေခြၽးေတြအမ်ားႀကီးထြက္ေနၿပီး ဝမ္ေယာလ္ လက္ေမာင္းကို အားကိုးတႀကီးဆုပ္ကိုင္ထားသည္။ နာက်င္လြန္းလို႔ အသံပင္မထြက္ႏိုင္ေတာ့ေပ။ သူ႔ရဲ႕အေသြးအသားေတြအကုန္လုံးဆီ အဆိပ္ေတြက သစ္ပင္အျမစ္တြယ္သလိုအေပါက္ေတြေဖာက္ၿပီး အနက္ဆုံးေနရာအထိ တြယ္ဝင္ေနၾကသည္။ ၿပီးေတာ့ သူရဲ႕ ေသြးေတြကိုစုပ္ယူေနသည္။ ေနာက္ဆုံးအႀကိမ္အေနျဖင့္ ဝမ္ေယာလ္ ကို ဘတ္အြန္း ၾကည့္ေနလိုက္သည္။ သူ႔ကိုလွည္းစားခဲ့လို႔ မုန္းေနေပမဲ့ ခ်စ္ခဲ့တာကိုေတာ့ သူ႔ကိုယ္သူလိမ္လို႔မရခဲ့ဘူး။ ေနာက္ဆုံးအခ်ိန္က ဝမ္ေယာလ္ ရင္ခြင္ထဲမွာျဖစ္ခဲ့ရင္ သူ ေသေပ်ာ္ပါၿပီ။
ဘတ္အြန္း ဝမ္ေယာလ္ ရင္ခြင္ထဲ မွီခ်လိုက္သည္။ တျဖည္းျဖည္း အသက္ရွဴသံေတြေႏွးလာသည္အထိ ဝမ္ေယာလ္ လက္မေလွ်ာ့ေသးေပ။
'အြန္းေလး ကို ကိုယ္ ရေအာင္ကယ္မယ္။ ခဏေလာက္ေလး အားတင္းထားပါ ။ အြန္းေလး...အြန္းေလး ကိုယ္ေျပာတာၾကားရလား .... အြန္းေလး!'
ဘတ္ဟြၽန္း ရဲ႕မ်က္လုံးက အျပာေရာင္ကေန ခရမ္းေရာင္ေျပာင္းလာခ်ိန္မွာေတာ့ သု႔စြမ္းအားကိုတစ္ေယာက္ေယာက္က ထိန္းခ်ဳပ္လိုက္သလိုျဖစ္ၿပီး လက္ရွိကမာၻ ပုံမွန္စိတ္ကိုျဖစ္သြားေစသည္။
'ငါဘာေတြလုပ္ေနတာလဲ'
ဘတ္ဟြၽန္း စိတ္ေလွ်ာ့လိုက္ခ်ိန္တြင္ ဘတ္အြန္း ၏ အဆိပ္ေတြအားလုံးေျပသြားၿပီး ဓားဒဏ္ရာပဲက်န္ေနခဲ့ေတာ့သည္။ ဘတ္အြန္း ကေတာ့ ဒဏ္ရာအရွိန္ေၾကာင့္ သတိလစ္သြားၿပီး ဝမ္ေယာလ္ ေဆးထည့္ေပးေနတာကိုေတာင္ မသိေတာ့ေပ။
ဘတ္ဟြၽန္း ႐ြက္ဖ်င္တံခါးစေလးကို အသာလွပ္လိုက္ၿပီး ဘတ္အြန္း ကို ဂ႐ုတစိုက္လုပ္ေပးေနေသာ ဝမ္ေယာလ္ ကိုၾကည့္ေနသည္။
'အဲ့ေလာက္ေတာင္ ခ်စ္တာပဲလား'
ဘတ္ဟြၽန္း လြင့္စင္သြားေသာ ဓားကိုသြားေကာက္လိုက္ၿပီး ဘတ္အြန္း ဒဏ္ရာရတဲ့လက္ေနရာနဲ႔ထပ္တူ လွီးျဖတ္လိုက္သည္။
'အ့'
ဒီလိုဆိုရင္ ဝမ္ေယာလ္ သူ႔ကို ဂ႐ုမစိုက္ဘဲ ေနမရေတာ့ဘူး။ ဘတ္အြန္း ဆီေရာက္ေနတဲ့ ဝမ္ေယာလ္ ကို သူ႔ဆီျပန္ေခၚရမည္။ ဘတ္အြန္း အနားမွာ ဝမ္ေယာလ္ အေနမ်ားေလ သူထြက္သြားရမဲ့အခ်ိန္က ေစာေလပဲ။ သူမခြဲခ်င္ေသးဘူး..........။
~~~~~~~~~~
ဘတ္အြန္း အေျခအေနစိတ္ခ်ရၿပီဆိုမွ ဝမ္ေယာလ္ သူ႔ေနရာကိုျပန္ရန္ ျပင္လိုက္သည္။ ထိုအခါမွ တဲထဲတြင္တစ္ခ်ိန္လုံးရွိေနေသာ ဘတ္ဘြန္း ကို ဝမ္ေယာလ္ ေတြ႕ေတာ့သည္။
'မင္းသားကို အလုပ္ရႈပ္ေစမိၿပီ'
'ရပါတယ္။ အြန္းေလး ကို ဂ႐ုစိုက္ရမွာ ကြၽန္ေတာ့္တာဝန္ပဲ'
ဝမ္ေယာလ္ အေျပာေၾကာင့္ ဘတ္ဘြန္း ရယ္လိုက္ၿပီး
'ၾကည့္ရတာ မဂၤလာသတင္းၾကားရဦးမယ္ထင္တယ္'
ဝမ္ေယာလ္ ဂုတ္ေလး ပြတ္ၿပီး ရွက္ရယ္ ရယ္ေနသည္။ ၿပီးေနာက္ အိပ္ေပ်ာ္ေနေသာ ဘတ္အြန္း ကိုၾကည့္လိုက္ၿပီး
'ကြၽန္ေတာ္ ခဏေနရင္ျပန္လာခဲ့ပါ့မယ္'
'တံခါးဆီသြားမလို႔လား'
'အင္း။ ေသာ့ကေတာ္ေတာ္ေလ်ာ့ေနပုံပဲ ။ ဒီလိုအဆိပ္ရွိလက္နက္ေတာင္ ထြက္လာႏိုင္ေနေတာ့'
'မဟုတ္ဘူး။ သြားစရာမလိုေတာ့ဘူး'
'ဘာလို႔လဲ'
'ကံၾကမၼာမင္းႀကီးရဲ႕ စြမ္းအားအနည္းငယ္ျပန္ေရာက္လာလို႔ ေသာ့ေတြက ခိုင္သြားၿပီ။ အလွည့္က်စြမ္းအားျဖည့္ေပးေနတဲ့သူေတြကိုေတာင္ နားခိုင္းထားတယ္'
'ဘယ္လိုလုပ္ၿပီး နတ္မင္းႀကီးရဲ႕ စြမ္းအားကေရာက္လာတာလဲ'
ဘတ္ဘြန္း လည္းေခါင္းခါျပလိုက္ၿပီး
'မသိဘူး။ ၾကည့္ရတာ ငရဲျပည္က မိစာၦေတြ ထပ္ေပၚလာမွာကို သူလည္းမလိုလားလို႔ေနမွာေပါ့'
ဝမ္ေယာလ္ ဘတ္အြန္း အနားတြင္ ျပန္ထိုင္လိုက္ၿပီး ဘတ္အြန္းလက္ေလးကို သူ႔ရဲ႕ပါးျပင္တြင္ ကပ္ထားလိုက္သည္။
'ၾကည့္ရတာ နတ္မင္းႀကီးက အြန္းေလး ကို ခ်စ္တဲ့ပုံပဲ'
'ငါျမင္ရတာေတာ့ မင္းသားက ပိုခ်စ္ေနတာပါ'
ဘတ္ဟြၽန္း လက္ဒဏ္ရာနဲ႔ပဲ တဲထဲကိုလွမ္းၾကည့္ေနသည္။ ဓားရဲ႕အဆိပ္က သူ႔ကိုအဆိပ္မိႏိုင္ေသာေၾကာင့္ သာမန္ရွရာအျဖစ္သာရွိေနသည္။
ဘတ္ဟြၽန္း နံရံေပၚက ဂူအေပါက္ထဲ ျပန္သြားလိုက္ၿပီး လက္ကဒဏ္ရာကို အဝတ္ျဖင့္စည္းထားလိုက္သည္။ ဘတ္အြန္း သတိရလာမွ သူ ဝမ္ေယာလ္ ဆီသြားၿပီး ဘတ္အြန္း ဆီထပ္မသြားေအာင္ လုပ္ရမည္။
'ဒီဓားက ဘယ္ကေရာက္လာတာလဲ'
ဘတ္ဟြၽန္း ကို အဆိပ္မျဖစ္ေစေပမဲ့ ဓားက အခုထိ အနက္ေရာင္အေငြ႕ေတြျဖင့္ ျပည့္ေနတုန္းျဖစ္သည္။ နတ္ႏွစ္ပါးရဲ႕ေသြးေတြကိုေသာက္သုံးထားလို႔ ပိုၿပီး အာဟာရျပည့္ေနတာကို ဘတ္ဟြၽန္း မသိေပ။
ဓားက အမဲေရာင္အေငြ႕ေတြျပည့္ေနေသာ ဓားေျမႇာင္ေလးျဖစ္သည္။ ငရဲျပည္ရဲ႕ပစၥည္းတစ္ခုျဖစ္ၿပီး ဘယ္လိုေနရာမွာသုံးလဲ သူမသိေပ။
'ရႈပ္တယ္'
ဘတ္ဟြၽန္း ဓားကို ပစ္ထုတ္လိုက္သည္။ တျခားေနရာကိုပစ္လိုက္ေပမဲ့ ဓားက တစ္ခုခုရဲ႕ဆြဲငင္အားေၾကာင့္ ငရဲျပည္တံခါးေပါက္တြင္ စိုက္ဝင္သြားသည္။ ၿပီးေနာက္ သူေသာက္သုံးထားေသာ နတ္ေသြးေတြကို လႊတ္ထုတ္လိုက္ ၿပီးတဲ့ေနာက္မွာေတာ့ တံခါးရဲ႕ေသာ့စြမ္းအားေတြက တျဖည္းျဖည္းေလ်ာ့သြားခဲ့သည္။
~~~~~~~~~~~~~
ညေနပိုင္းေလာက္ေရာက္ေတာ့ ဘတ္အြန္း ႏိုးလာသည္။ သူ႔လက္ကိုကိုင္ၿပီး အိပ္ေပ်ာ္ေနတဲ့ ဝမ္ေယာလ္ ကိုေတြ႕ေတာ့ သူ႔ရင္ထဲေႏြးေထြးသြားသည္။ တစ္ခ်ိန္လုံး အနီးကပ္ေစာင့္ေရွာက္ခဲ့တဲ့အသိနဲ႔ပင္ ဘတ္အြန္း ရဲ႕ ဒဏ္ရာတစ္ဝက္ကို သက္သာသြားေစသည္။
'ႏိုးလာၿပီလား အြန္းေလး'
'အင္း'
'ဘယ္လိုေနေသးလဲ'
'နည္းနည္းနာ႐ုံပါပဲ'
'ေတာ္ေသးတာေပါ့ ႀကီးႀကီးမားမားမျဖစ္သြားတာ'
စိမ္းျပာေရာင္မ်က္လုံးပိုင္ရွင္က ေဖ်ာ့ေတာ့စြာၿပဳံးျပၿပီး ေခါင္းငုံ႔သြားသည္။
'ေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ့္အသက္ကို ကယ္ေပးလို႔'
'မဟုတ္တာပဲ'
အြန္းေလး က ကိုယ့္ၾကင္ယာေတာ္ပဲ ဆိုသည့္ စကားကိုေတာ့ ဝမ္ေယာလ္ မေျပာခဲ့ေပ။ မ်က္လုံးအျပာေရာင္ျဖစ္မွ ထိုစကားက ေျပာသင့္သည္ထင္သည္။
'အြန္းေလး လည္း ခဏနားလိုက္ဦးေလ။ ကိုယ္ ခဏေနမွ ဒဏ္ရာေဆးလာထည့္ေပးမယ္'
ဝမ္ေယာလ္ ထြက္သြားေတာ့ ဘတ္အြန္း နားမလည္ႏိုင္စြာက်န္ေနခဲ့သည္။ အမွန္ဆို စကားနည္းနည္းေလာက္ဆက္ေျပာေနရင္ေတာင္ အဆင္ေျပေနၿပီကို....။ ဘတ္အြန္း သြားေနၿပီျဖစ္ေသာ ဝမ္ေယာလ္ ရဲ႕ေက်ာျပင္ကို ဝမ္းနည္းစြာ ေငးၾကည့္ေနမိသည္။ သူ႔ဘက္ကပဲ စည္းေက်ာ္ေနခဲ့မိတာလား?
ဘတ္ဟြၽန္း ဝမ္ေယာလ္ အျပင္ကိုထြက္ဖို႔ ေလွ်ာက္လာတာျမင္ေတာင္ အကြယ္မွာသြားရပ္လိုက္ၿပီး အေျခအေနၾကည့္ေနသည္။
အမွန္တစ္ကယ္ေတာ့ ဝမ္ေယာလ္ ဘတ္အြန္း ကို ေပြ႕ဖက္ၿပီး ႏွစ္သိမ့္ေပးခ်င္သည္။ ဒါေပမဲ့ မ်က္လုံးကအျပာေရာင္မျဖစ္မခ်င္း မသိသလိုေနဖို႔ မွာထားေတာ့ သူ႔မွာ ေအာင့္သက္သက္နဲ႔သာျပန္လာခဲ့ရသည္။ ဘတ္အြန္း မ်က္လုံးအျပာေရာင္ေျပာင္းၿပီး သူ႔ကိုလာေတြ႕မည့္အခ်ိန္ကိုသာ ေစာင့္ေနရေတာ့မည္။ အခုေတာ့ ခ်စ္ရသူက ဒဏ္ရာရထားသည္မဟုတ္လား။
ဘတ္ဟြၽန္း ဝမ္ေယာလ္ အေျခအေနကိုၾကည့္ၿပီး သူ႔ကိုမရိပ္မိသြားတာကိုသိၿပီး သက္ျပင္းေမာခ်ႏိုင္ေတာ့သည္။ ၿပီးတဲ့ေနာက္မွာေတာ့ ဘတ္ဟြၽန္း ဝမ္ေယာလ္ အေနာက္ လိုက္သြားသည္။
ဝမ္ေယာလ္ တဲထဲျပန္ေရာက္ေတာ့ အေကာင္းဆုံးဆိုေသာ ေဆးေတြကို သူ႔စြမ္းအားျဖင့္ရွာေနသည္။
'ေယာလ္'
ဘတ္ဟြၽန္း ဝမ္ေယာလ္ ခါးကိုေျပးဖက္လိုက္ၿပီး ေက်ာျပင္တြင္ ပါးအပ္ထားလိုက္သည္။
'ေနမေကာင္းတာကို ဘာလို႔လိုက္လာတာလဲ'
'လြမ္းလို႔'
'အမ္. အခုပဲ ေတြ႕လာတာေလ'
'မတူဘူးေလ။ အဲ့ဒါက ဒီလို ဖက္လို႔မွမရတာ'
ဘတ္ဟြၽန္း ပိုတိုးၿပီး ဖက္လိုက္ေတာ့ ဝမ္ေယာလ္ က သေဘာက်စြာရယ္သည္။ ၿပီးတဲ့ေနာက္မွာေတာ့ ဘတ္ဟြၽန္း ဘက္ကို လွည့္လိုက္ၿပီး ဘတ္ဟြၽန္း ကို သူ႔ရင္ခြင္ထဲျမဳပ္ေနေအာင္ဖက္ထားလိုက္သည္။
ဒါကမွ သူဖက္ေနက် အြန္းေလး အစစ္..။
'ေရာက္လက္စနဲ႔ တစ္ခါတည္းေဆးထည့္သြားလိုက္'
'အင္း'
ဘတ္ဟြၽန္း ကို ထိုင္ခုံမွာထိုင္ေစၿပီး ဝမ္ေယာလ္ က ဘတ္ဟြၽန္း လက္ေမာင္းကပတ္တီးကို ေျဖလိုက္သည္။
ပတ္တီးစည္းထားတာကအစ ဘတ္ဟြၽန္း က ဘတ္အြန္း လက္ကအတိုင္း ထပ္တူလုပ္ထားေသာေၾကာင့္ ဝမ္ေယာလ္ မရိပ္မိလိုက္ဘဲ ေဆးေသခ်ာထည့္ေပးေနသည္။
'ညက်ရင္ မလာနဲ႔ေတာ့'
'ဘာလို႔လဲ'
'မေကာင္းဘူးေလ။ အစ္ကိုႀကီး ရိပ္မိသြားၿပီမဟုတ္လား'
ဘတ္ဟြၽန္း စကားေၾကာင့္ ဝမ္ေယာလ္ ၿပဳံးလိုက္ၿပီး
'သူကသေဘာတူပါတယ္'
'ဟုတ္လား'
'အင္း'
'ဒါေပမဲ့လည္း အမ်ားအျမင္မွာမေကာင္းဘူးေလ'
'သေဘာပါ။ အြန္းေလး မလာေစခ်င္ရင္ မလာေတာ့ဘူး'
'ဟုတ္'
ဝမ္ေယာလ္ ဘတ္ဟြၽန္း ကိုေဆးလူးေပးေနရင္း အသည္းယားၿပီး ပါးေလးကိုနမ္းလိုက္သည္။
သုံးေလာကတံခါးတျဖည္းျဖည္းပြင့္လာတာကိုေတာ့ ဘယ္သူမွ သတိမထားမိေသးေပ။
~~~~~~~~~
မိုးလင္းေသာ္
ဘတ္ဟြၽန္း ဂူေပါက္ဝေလးမွာပဲထိုင္ေနကာ လက္ေမာင္းက ဝမ္ေယာလ္ စည္းေပးလိုက္တဲ့ ဒဏ္ရာကိုၾကည့္ရင္းၿပဳံးေနသည္။ ဘတ္အြန္း တဲထဲမွာ ဘယ္လိုေနေနၿပီလဲဆိုတာကို သူစိတ္မဝင္စား။ အခုလက္ရွိ သူျဖစ္ခ်င္သလို ျဖစ္ခြင့္ရေနတာကို ေက်နပ္ေနမိသည္။
ဘတ္အြန္း တဲထဲမွာ ဘတ္ဘြန္း ေဆးထည့္ေပးေနတာကို ေနေနတုန္း မေန႔ကတည္းကျပန္သြားၿပီး ေပၚမလာတဲ့ ဝမ္ေယာလ္ အေၾကာင္း ေတြးေနမိသည္။
'အစ္ကိုႀကီး ဘယ္လိုထင္လဲ အိမ္ေရွ႕စံမင္းသားကို'
'သူက အြန္းေလး ကို ဂ႐ုစိုက္ပါတယ္'
'မျဖစ္ႏိုင္တာ။ အခုပဲၾကည့္ေလ။ ျပန္သြားၿပီးေတာ့ ေပၚေတာင္မလာဘူး'
ဘတ္အြန္း ဆူပုတ္ၿပီးေျပာေနေတာ့ ဘတ္ဘြန္း ကရယ္ကာ
'ဘာလဲ တစ္ညေလာက္မေတြ႕ရတာနဲ႔ လြမ္းေနၿပီလား'
'အစ္ကိုႀကီးေနာ္ ကြၽန္ေတာ္ အတည္ေျပာေနတာ'
'မေန႔က အြန္းေလး ရဲ႕ဒဏ္ရာကို သူကုေပးေတာ့ သူ႔စြမ္းအားေတြ ေတာ္ေတာ္ကုန္သြားတယ္ေလ။ အဲ့ဒါေၾကာင့္ ျပန္ၿပီးကုေနတာေနမွာပါ။ မၾကာခင္ေရာက္လာမွာေပါ့။ တအားႀကီး လြမ္းမေနနဲ႔'
'အစ္ကိုႀကီးေနာ္'
ဘတ္ဘြန္း က ဘတ္အြန္း ရဲ႕ ေခါင္းေလးကိုပြတ္ၿပီး အျမတ္တႏိုးၾကည့္ေနသည္။ သူတို႔အတြက္ ဘတ္အြန္း က ရတနာတစ္ခုသဖြယ္ရွိေနသည္။
ဘတ္ဟြၽန္း ထိုျမင္ကြင္းကိုၾကည့္ရင္း ဝမ္ေယာလ္ ကို ပိုၿပီးျပန္မေပးခ်င္ေတာ့ေပ။ သူ႔မွာ ဝမ္ေယာလ္ ပဲရွိတာ။ ဒီလိုေတြလုပ္ခဲ့လို႔ ေနာက္တလည္းရမွာမဟုတ္ဘူးဆိုတာ ေသခ်ာသည္။
ထိုအခ်ိန္တြင္ သုံးေလာကတံခါးပြင့္လာၿပီး မိစာၦေတြထြက္လာခဲ့သည္။
ဘတ္ဟြၽန္း လွည့္ၾကည့္ၾကည့္လိုက္ေတာ့ေနေရာင္ခံႏိုင္တဲ့ မိစာၦေတြက အျပင္ကိုေျပးထြက္လာၿပီး စစ္သည္ေတြကိုသတ္ကာေသြးစုပ္ယူေတာ့သည္။
ဘတ္ဟြၽန္း ခ်က္ခ်င္းပဲ ဂူဆီေျပးတက္သြားကာ အေျခအေနကို ၾကည့္ေနသည္။ သူရွိေနလည္း ဘာမွမလုပ္တတ္ေပ။ သူသိသည္က ဝမ္ေယာလ္....
'ေယာလ္ '
ဝမ္ေယာလ္ ၊ဘတ္အြန္း နဲ႔ ဘတ္ဘြန္း တို႔က အျပင္ကိုထြက္ၿပီး မိစာၦေတြကို တိုက္ခိုက္ေနသည္။ ကံေကာင္းသည္က တံခါးကအမွတ္မထင္ပြင့္သြားေတာ့ တံခါးနားရွိ မိစာၦငယ္ေတြေလာက္သာ ေရာက္လာျခင္းျဖစ္သည္။
'ဘယ္လိုျဖစ္ၿပီး တံခါးကပြင့္သြားတာလဲ'
တံခါးပြင့္သြားတာကို သိပုံရတဲ့ ငရဲမင္းက သူ႔ရဲ႕ညာလက္႐ုံးကို လႊတ္လိုက္ၿပီး ဘတ္အြန္း တို႔နဲ႔တိုက္ခိုက္ေစသည္။ ဒါေပမဲ့ သုံးေယာက္ေပါင္းတာေတာင္ ထိုသူရဲ႕ ၿပိဳင္ဘက္မဟုတ္ေပ။ မိစာၦက အရွိန္ျဖင့္ အခြၽန္ႏွစ္ဖက္ပါဓားကိုေဝ့ယွမ္းလိုက္ေသာေၾကာင့္ ဘတ္အြန္း တို႔အကုန္ လြင့္စင္သြားသည္။ ဝမ္ေယာလ္ လည္း လြင့္သြားကာ ပါးစပ္ကေန ေသြးေတြပါအန္လာသည္။
သန႔္စင္တဲ့နတ္ေသြးအနံ႔ကိုရသြားတဲ့ ညာလက္႐ုံးမိစာၦက ဝမ္ေယာလ္ ဆီသြားေနတုန္း ေခါင္းကို တကြၽတ္ကြၽတ္ျမည္ေအာင္ ဇာတ္ခ်ိဳးေနသည္။ အ႐ိုးေျခာက္မ်က္ႏွာႏွင့္ ပိန္လွီေနေသာ ခႏၶာကိုယ္က ေသြးဘယ္ႏွႏွစ္ေလာက္ မေသာက္ခဲ့ရလဲဆိုတာ ေပၚလြင္ေနသည္။
'နတ္ျပည္ရဲ႕ အိမ္ေရွ႕စံ....မီးနတ္ဘုရားမရဲ႕သားက ဒီေလာက္ အားနည္းမယ္မထင္ထားဘူး'
ပုံမွန္အခ်ိန္ဆို ဘတ္အြန္း ထိုအေကာင္ကိုရင္ဆိုင္မွာေပမဲ့ မိစာၦေတြပိုမ်ားလာေလ သူ႔ရဲ႕ဒဏ္ရာက အဆိပ္ဓာတ္က ပိုျပန္လာေလျဖစ္ၿပီး နာက်င္လြန္းလို႔ လူးလိမ့္ေနရကာ ဘတ္ဘြန္း ထိန္းတာေတာင္မရေပ။
ေတာင္ေအာက္ကအေျခအေနကို ဘတ္ဟြၽန္း ၾကည့္ေနတုန္း ထိုမိစာၦက ဝမ္ေယာလ္ ဆီသြားၿပီး သတ္ဖို႔ျပင္ေနတာကို ျမင္လိုက္ခ်ိန္ ဘတ္ဟြၽန္း မ်က္လုံးက အျပာေရာင္ပိုေတာက္လာၿပီးေနာက္
'ရာရာစစ နိမ့္က်တဲ့လက္နဲ႔ ငါ့လူကို လာထိရဲတယ္'
ဘတ္ဟြၽန္း နဂါးပုံစံေျပာင္းလိုက္ၿပီး ဝမ္ေယာလ္ ရွိရာေနရာဆီေျပးဆင္းသြားသည္။
မိစာၦေကာင္က ဝမ္ေယာလ္ ကို ခုတ္ဖို႔ ဓားျဖင့္ ခ်ိန္႐ြယ္ၿပီး ခုတ္ခ်လိုက္သည္။ သို႔ေပမဲ့ ထိသြားတာက ဝမ္ေယာလ္ မဟုတ္ဘဲ မာေၾကာေသာ ေၾကးခြံကိုသာထိသြားၿပီး ဓားရဲ႕အဆိပ္ေတြက ထိုသူအားမသက္ေရာက္ႏိုင္မွန္း သိလိုက္ရသည္။
'အြန္းေလး'
ညာလက္႐ုံးက အံ့ၾသတႀကီးၾကည့္လိုက္ေတာ့ သူနဲ႔မ်က္ႏွာခ်င္းဆိုင္တြင္ အျပာေရာင္မ်က္လုံးပိုင္ရွင္ နဂါးတစ္ေကာင္ရွိေနၿပီး ဝမ္ေယာလ္ ကို ကာကြယ္ထားသည္။
'စြမ္းအားမရွိတဲ့နဂါးက ငါနဲ႔ယွဥ္လို႔ရမယ္ထင္ေနတာလား'
ဝမ္ေယာလ္ အံ့ၾသသြားၿပီး ဘတ္ဟြၽန္း ကိုၾကည့္လိုက္ေတာ့ ဘတ္ဟြၽန္း က သူ႔ကိုလွည့္ၾကည့္ၿပီးေနာက္ အေရွ႕ကိုျပန္လွည့္သြားသည္။
'ျပန္ေတာ့....မဟုတ္ရင္ ငါ့အဆိုးမဆိုနဲ႔'
'ဟား.......ဟား မင္းက ငါ့ကို ၿခိမ္းေျခာက္တယ္'
အက်ည္းတန္လြန္ေသာ ရယ္သံႀကီးက တျခားမိစာၦေတြဆီပါ ကူးစက္သြားေစသည္။
'ဟိုက နဂါးျဖဴေတာင္ ဘာမွမလုပ္ႏိုင္တာ မင္းကဘာမို႔လို႔လဲ'
ဝမ္ေယာလ္ လွမ္းၾကည့္ၾကည့္လိုက္ေတာ့ ဘတ္အြန္း က ဘတ္ဘြန္း ဆီတြင္သာရွိေနသည္။ ဒါဆို အခု သူ႔ေရွ႕မွာေရာက္ေနတာ ဘယ္သူလဲ......
'မယုံရင္ စမ္းၾကည့္ၾကည့္လိုက္'
ဘတ္ဟြၽန္း ရဲ႕ အသံကတစ္စက္ေလးမွမေလ်ာ့သြားေပ။ ဘတ္ဘြန္း ကေတာ့ ဘတ္ဟြၽန္း ဘယ္လိုေရာက္လာတာလဲကို စဥ္းစားေနသည္။
ဂြၽတ္!! ဂြၽတ္!!!
မိစာၦရဲ႕ ေခါင္းလွည့္ရင္းထြက္လာတဲ့ အသံက ၾကက္သီးထစရာေကာင္းေပမဲ့ ဘတ္ဟြၽန္း ကေတာ့ ထိုသူေလာက္ကို ဂ႐ုေတာင္မစိုက္ေပ။
မိစာၦက သူ႔ရဲ႕ဓားကို အသုံးျပဳလာခ်ိန္မွာေတာ့ ဘတ္ဟြၽန္း သူ႔ရဲ႕ခႏၶာကိုယ္နဲ႔ ရစ္ပတ္လိုက္ၿပီး ပါးစပ္ကေန အျပာေရာင္မီးေတာက္ေတြ မႈတ္ထုတ္လိုက္သည္။ မိစာၦဘုရင္ရဲ႕ အစြမ္းထက္လွပါသည္ဆိုေတာ့ အဆိပ္လက္နက္ေတြက ဘတ္ဟြၽန္း အေပၚမထိေရာက္ဘဲ အရစ္ပတ္ခံလိုက္ရတာသာအဖက္တင္သည္။ နဂါးေၾကးခြံတြင္ ျခစ္ရာေလးေတာင္မျဖစ္သြားေပ။
မိစာၦႀကီး မီးျပာက်သြားတာကိုျမင္ၿပီး အေသးေလးေတြက ဘတ္ဟြၽန္း ကို ေျပးၿပီး တိုက္ခိုက္သည္။ ဘတ္ဟြၽန္း အၿမီးတစ္ခ်က္ရမ္း႐ုံနဲ႔တင္ အကုန္လုံး တံခါးေပါက္ဆီျပန္ေရာက္သြားသည္။ ဘတ္အြန္း ရဲ႕ လက္ကအဆိပ္လည္း မရွိေတာ့ေပ။ ဘတ္ဟြၽန္း ဆက္ၿပီး တိုက္ခိုက္ခ်င္ေသးေပမဲ့ တံခါးနားေရာက္ခါနီးတြင္ သူ႔ရဲ႕စြမ္းအားေတြမတည္မၿငိမ္ျဖစ္လာၿပီး လုံးဝကုန္ခမ္းသြားသည္။ မ်က္လုံးကလည္း သာမန္အျပာေရာင္သာျဖစ္သြားၿပီး ေမ့လဲသြားေတာ့သည္။
'ဟြၽန္းေလး !!'
ဘတ္အြန္း ဘတ္ဟြၽန္း ဆီေျပးလာၿပီး ဘတ္ဟြၽန္း ကို ေပြ႕ခ်ီလိုက္သည္။
'သူ႔ကိုခဏထားလိုက္ အြန္းေလး။ တံခါးအရင္ပိတ္ရမယ္'
'အင္း'
ဘတ္အြန္း တံခါးဆီေျပးထြက္သြားေတာ့ ဘတ္ဘြန္း က လဲက်ေနေသာ ဘတ္ဟြၽန္း ကို မၾကည္ေသာအၾကည့္ျဖင့္ၾကည့္သြားၿပီး ေျခေထာက္ကိုလည္း တက္နင္းသြားသည္။ ၿပီးမွ ဘတ္အြန္း ေနာက္ေျပးလိုက္သြားသည္။
'အြန္းေလး ေနရာယူခ်င္တဲ့ ေကာင္'
ဘတ္အြန္း ကေတာ့ သူ႔စြမ္းအားေတြအကုန္သုံးကာ တံခါးကိုျပန္ပိတ္လိုက္သည္။ ၿပီးတဲ့ေနာက္မွာေတာ့ သူ႔ဝိဉာဥ္ကိုသုံးၿပီး ခ်ိတ္ထပ္ပိတ္ေစသည္။
ဝမ္ေယာလ္ ကေတာ့ သူျမင္လိုက္ရတဲ့အေၾကာင္းအရာေတြကို မမွီေတာ့ေပ။ နဂါးအျဖဴကႏွစ္ေကာင္ရွိတာလား။ ဒါမွမဟုတ္ ဘတ္အြန္း က သူ႔ကိုေစာင့္ေရွာက္ဖို႔လႊတ္ေပးထားတဲ့ အေစာင့္အေရွာက္လား။ အဲ့လိုဆိုတိုင္းလည္း အျပာေရာင္မ်က္လုံးက သူေစာင့္ေမွ်ာ္ေနတဲ့မ်က္လုံးပိုင္ရွင္။ ဘာေတြလဲ...။
ဘတ္အြန္း တံခါးကိုခ်ိတ္ပိတ္ခဲ့ေပမဲ့ ဘယ္ေလာက္ထိ ၾကာရွည္ခံႏိုင္မလဲကေတာ့ သူလည္းမသိေပ။ ထိုအခ်ိန္တြင္ တံခါးရွိစြမ္းအားေသာ့ေတြအားလုံး ျပန္လင္းလက္လာသည္။ ကံၾကမၼာနတ္မင္းႀကီးရဲ႕ စြမ္းအားေသာ့သည္လည္းပဲ လင္းလက္လာသည္။
'အြန္းေလး က ကံၾကမၼာနတ္မင္းပဲ။ ဒီေသာ့က ပိုင္ရွင္ရဲ႕စြမ္းအားကို ခံစားမိလို႔ စြမ္းအင္ျပန္ျပည့္ဝလာတာ။ အခု ဒီေနရာကို ကာကြယ္ဖို႔မလိုေတာ့ဘူး'
ဘတ္ဘြန္း ေကာ ဘတ္အြန္း ေကာ ေပ်ာ္ေနသည္။ သူတို႔အိမ္ျပန္လို႔ရၿပီ။
'ဒီကိစၥကို နတ္ျပည္ညီလာခံမွာေျပာရမယ္။ အြန္းေလး ရဲ႕ ဝိဉာဥ္နဲ႔ ခ်ိတ္ပိတ္လို႔ စြမ္းအားအားလုံး ျပန္ေရာက္လာတာဆိုၿပီး'
'တစ္ကယ္ ယုံေတာင္မယုံႏိုင္ဘူး'
ဘတ္အြန္း ကေတာ့ ဝမ္းသာစိတ္ျဖင့္သာ ေရ႐ြတ္ေနသည္။
'အခုခ်က္ခ်င္းျပန္မယ္'
'အင္း'
ဘတ္ဘြန္း ဘတ္အြန္း ကိုေျပာေနတုန္း ဘတ္ဟြၽန္း ရဲ႕ ခႏၶာကိုယ္ကို သူ႔စြမ္းအားျဖင့္ ေဖ်ာက္ထားလိုက္သည္။
ဘတ္အြန္း ျပန္လာေတာ့ ဘတ္ဟြၽန္း ကိုမေတြ႕တာေၾကာင့္
'ဟြၽန္းေလး ေကာ'
'သူပင္ပန္းေနၿပီ။ အစ္ကိုႀကီး ေစာင့္ေရွာက္ေပးထားတယ္'
'ျဖစ္ပါ့မလား'
'အိမ္ျပန္ဖို႔ပဲလုပ္ရေအာင္ေလ။ အိမ္ေရွ႕စံကို သြားေခၚလိုက္'
'ဟုတ္ကဲ့'
ဘတ္အြန္း ဝမ္ေယာလ္ ဆီေျပးသြားေတာ့မွ ဘတ္ဘြန္း သူ႔လက္ဖဝါးထက္တြင္ အိပ္ေပ်ာ္ေနေသာ ဘတ္ဟြၽန္း ကို ၾကည့္လိုက္သည္။ အျဖဴေရာင္နဂါးေပါက္ေလးတစ္ေကာင္အျဖစ္ရွိေနေသာ္လည္း ဘတ္ဘြန္း စိတ္ထဲ အျမင္ကတ္ျခင္းေတြသာရွိေနသည္။ ဒီကိစၥမွာလည္း အမွန္တစ္ကယ္ထိန္းသြားႏိုင္သူက ဘတ္အြန္း မဟုတ္ဘဲ ဘတ္ဟြၽန္း မွန္း သူသိသည္။ ေျပာရလွ်င္ ဘတ္အြန္း က အဆုံးသတ္ေလးလွေအာင္လုပ္ေပး႐ုံပဲ။ အဲ့လိုဆိုတိုင္းလည္း ဘတ္ဟြၽန္း က စြမ္းအားမရွိေသာ နတ္နဂါး။ ဒီကိစၥေဆာင္႐ြက္ဖို႔က ဘယ္လိုမွမျဖစ္ႏိုင္ေပ။ နန္းေတာ္ျပန္ေရာက္မွ နဂါးမင္းႀကီးနဲ႔တိုင္ပင္ၿပီး ဘတ္ဟြၽန္း ကို ခ်ဳပ္သင့္ခ်ဳပ္ထားရမည္။ ဘတ္အြန္း ရဲ႕ ေရွ႕ေရးကိုပိတ္ပင္မဲ့ ဘယ္သူမဆို သူဖ်က္ဆီးပစ္ရန္ ဝန္မေလးေပ။
≥≥≥≥≥≥≥≥FOREVERMORE≤≤≤≤≤≤≤≤≤≤≤≤
ဘတ္ဟြၽန္း ႏိုးလာေတာ့ နဂါးနန္းေတာ္က သူ႔အခန္းတြင္ ျဖစ္ေနသည္။ ေရေအာက္နန္းေတာ္ရဲ႕ ဆင္းရဲအမြဲေတဆုံးေနရာအျဖစ္ သူ႔ေနရာက စံခ်ိန္တင္လ်က္ရွိေနသည္။ ဘတ္ဟြၽန္း ခါးထဲက ဝတ္စုံအျပင္ ေနာက္ထပ္ဝတ္စုံ တစ္စုံသာရွိေနၿပီး အေစခံလည္းမရွိသလို မင္းသားအသုံးအေဆာင္ေတြလည္းမရွိေပ။ အိပ္ရာခင္းေတာင္ မလႊဲမေရွာင္သာလို႔ ေပးထားသည့္ပုံ။
ဘတ္ဟြၽန္း ႏိုးလာလာခ်င္း ရင္ထဲ မအီမသာႀကီးခံစားေနရသည္။ ထိုသို႔ျဖစ္ေနတာၾကာၿပီ။ သုံးေလာကတံခါးဆီမသြားခင္ကတည္းကျဖစ္ေနေပမဲ့ အမႈမဲ့အမွတ္မဲ့သာ ေနေနျဖစ္သည္။ အခုက်ေတာ့ ေခါင္းပါမူးေနေသာေၾကာင့္ တိုက္ပြဲအရွိန္ေၾကာင့္ျဖစ္မယ္ထင္ၿပီး ခဏမ်က္လုံမွိတ္ၿပီး ေနလိုက္သည္။ ၿပီးတဲ့ေနာက္မွာေတာ့ ေဘးဘီကိုၾကည့္လိုက္ေတာ့ ဘာမွမရွိ ေျပာင္သလင္းခါေနေသာ အခန္းကိုျမင္လိုက္ရတာေၾကာင့္ အနည္းဆုံးေတာ့ သူ႔ကို ဟိုမွာ ပစ္မထားခဲ့တာကိုပဲ ေက်းဇူးတင္ရမလို။
ဘတ္ဟြၽန္း အျဖဴေရာင္ၿခဳံလႊာေလးကို ယူလိုက္ၿပီး အခန္းအျပင္ကိုထြက္လာခဲ့လိုက္သည္။ ဒီမွာ မေနခ်င္ေပ။ ဝမ္ေယာလ္ နဲ႔ သူ႔ရဲ႕စံအိမ္ကို အျမန္ျပန္သြားရမည္။
ဘတ္ဟြၽန္း လမ္းေလွ်ာက္ေနရင္းမွ ခ်က္ခ်င္းရပ္လိုက္ၿပီး
'တစ္ခုခုကိုေမ့ေနသလိုပဲ'
ဘတ္ဟြၽန္း မ်က္စိမွိတ္ၿပီး အသည္းအသန္စဥ္းစားေသာ္လည္း မရေပ။ ခုနက အမွတ္တမဲ့ေတြးမိလိုက္ေသာ တိုက္ပြဲအေၾကာင္း ေခါင္းထဲေရာက္လာသည္။
'ဟုတ္တယ္။ တိုက္ပြဲဘယ္လိုျဖစ္သြားလဲ'
ဝမ္ေယာလ္ ကို မိစာၦရန္ျပဳေနတာျမင္ၿပီးေနာက္ ဘာဆက္ျဖစ္သြားလဲ သူမသိေတာ့ေပ။ သူ႔ရဲ႕မသိအာ႐ုံက စြမ္းအားႀကီးမားၿပီး သူအလိုရွိတဲ့အတိုင္းလုပ္ေဆာင္ေပးေနတာကို သူမသိေပ။ မၾကာခင္ႀကဳံေတြ႕ရေတာ့မဲ့ ဆုံးရႈံးမႈကို မသိရေသးခင္အထိ ဘတ္ဟြၽန္း စိတ္ေတြေအးခ်မ္းေနခဲ့သည္။
'ဟဲ့ ဘတ္ဟြၽန္း'
ဘတ္ဟြၽန္း ကိုေတြ႕ေတာ့ နဂါးအေစခံမတစ္ေယာက္က လွမ္းေခၚသည္။
ဘတ္ဟြၽန္း က ဘာမွမေျပာဘဲ ၾကည့္ေနေတာ့
'ေၾကာင္သူေတာ္ ႂကြက္သူခိုး လုပ္ေနတာနဲ႔ သနားဖို႔ေကာင္းမယ္ထင္ေနတာလား။ နင္လုပ္ထားတာေတြအားလုံး အိမ္ေရွ႕စံေကာ မင္းႀကီးေကာ သိသြားၿပီ။ နင့္ကို မင္းသားေလး ဘတ္အြန္း က ထပ္ကာကြယ္ေပးမယ္ထင္ေနတာလား'
'ဘာေျပာေနတာလဲ'
ခါတိုင္းလည္း ထိုကဲ့သို ႏွိမ့္ခ်စကားေတြေျပာေနေသာေၾကာင့္ ဘတ္ဟြၽန္း စိတ္ထဲ ေထြေထြထူးထူး မခံစားရေပ။
'အခုမွ နားမလည္ခ်င္ေယာင္ေဆာင္ေနတယ္။ နင္ မင္းသားေလးအေယာင္ေဆာင္ၿပီး အိမ္ေရွ႕စံကိုလက္ထပ္ထားတာ အကုန္လုံးသိေနၿပီ'
'မျဖစ္ႏိုင္တာ'
ဘတ္ဟြၽန္း မယုံေပ။ ခ်က္ခ်င္းႀကီး ဝမ္ေယာလ္ တို႔ကသိဖို႔ဆိုတာ လုံးဝမျဖစ္ႏိုင္ေပ။ သူလည္း အခုထိအေကာင္းႀကီးပဲေလ။ ေအးေအးေဆးေဆးေတာင္ ႏိုးလာေသးတယ္။ ဒီကိစၥသာ အားလုံးသိ႐ိုးအမွန္ဆိုရင္ သူ႔ကို ေျခလက္သံႀကိဳးခတ္ၿပီး အက်ဥ္းသားလို ဆက္ဆံမွာကို မသိတာမွမဟုတ္ဘဲ။
'လိမ္ေနတယ္'
'မယုံရင္ နန္းရင္ျပင္ဆီသြားၾကည့္ၾကည့္လိုက္'
ဘတ္ဟြၽန္း မယုံလို႔ နန္းရင္ျပင္ဆီ သြားလိုက္သည္။
'ေယာလ္'
ဘတ္ဟြၽန္း နန္းရင္ျပင္ဆီေရာက္ေတာ့ ဝမ္ေယာလ္ အျပင္ တျခားမင္းသားေတြအားလုံးပါ ဆုံေနသည္။
ဝမ္ေယာလ္ က ဘတ္အြန္း အားေတာင္းပန္ေနသည္။
'ကိုယ္တစ္ကယ္ အြန္ေလး လို႔ပဲထင္ခဲ့တာ။ လက္စြပ္ကလည္း မညာႏိုင္ဘူးဆိုၿပီး လက္ထပ္လိုက္တာ။ မထင္ထားခဲ့တာက အြန္းေလး ရဲ႕အမႊာက ကိုယ့္ရဲ႕ ဝိဉာဥ္ငွက္ေတြကိုေတာင္ လွည့္စားႏိုင္မယ္လို႔ေလ။ အြန္းေလး ကို ကိုယ္ေတာင္းပန္ပါတယ္။ အြန္းေလး ႀကိဳက္တဲ့အျပစ္ဒဏ္ကို စီရင္ပါ။ ကိုယ္လက္ခံမယ္။ တစ္ခုပဲ......ကိုယ္နဲ႔ေတာ့ လက္ထပ္ရမယ္'
ဘတ္အြန္း ကေတာ့ အခုမွေရာက္လာေသာ ဘတ္ဟြၽန္း ကိုသာ စိုက္ၾကည့္ေနသည္။သူခ်စ္ခဲ့တဲ့သူက သူ႔ေနာက္ေက်ာဓားနဲ႔ထိုးၿပီး ခ်စ္သူကို လုခဲ့မယ္လို႔ မထင္ထားခဲ့ေပ။ ဒီၾကားထဲ ဘတ္ဟြၽန္း ေျပာခဲ့သမွ် ေသြးထိုးစကားေတြအားလုံးကိုလည္း ယုံခဲ့ေသးတာ။
'ရပါတယ္။ မင္းသားအမွားႀကီးပဲမွမဟုတ္တာ။ တစ္ကယ္တမ္းမွားတာက သူေလ...'
ဘတ္အြန္း ဘတ္ဟြၽန္း ကိုၾကည့္ၿပီးေျပာေတာ့ ဝမ္ေယာလ္ ကပါ လွည့္ၾကည့္လိုက္သည္။
'ေယာလ္'
ခြပ္!!!
ဘတ္ဟြၽန္း လဲက်သြားသည္။ လဲက်သြားတဲ့ ဘတ္ဟြၽန္း ကို ေကာ္လံစကေနျပန္ဆြဲၿပီး ေနာက္တစ္ခ်က္ထပ္ထိုးသည္။
ဘတ္ဟြၽန္း ပုံစံက ေတာင္းပန္ခ်င္စိတ္ လုံးဝမရွိေပ။ သူမမွားဘူး။ လိုခ်င္တာအားလုံး ရေနတဲ့သူဆီကေန တစ္ခုေလးျပန္ယူ႐ုံပဲ။ အဲ့တစ္ခုက ဝမ္ေယာလ္ ျဖစ္ေနတာေတာ့ မတတ္ႏိုင္ဘူး။ သူလည္း ဝမ္ေယာလ္ ကိုခ်စ္သည္။ ဘတ္အြန္း ပဲ ဝမ္ေယာလ္ ကိုခ်စ္တာမွမဟုတ္တာ။ ဘတ္အြန္း ခ်စ္ေတာ့ ဘာမွမေျပာၾကေပမဲ့ သူခ်စ္မွ မွားသည္တဲ့လား။
'ဘတ္...ဟြၽန္း.....အဲ့ဒါေၾကာင့္ ငါ့ကို ဟြၽန္း လို႔ ေခၚခိုင္းခဲ့တာေပါ့။ ေမြးစာရင္းထဲမွာေတာင္ မပါတဲ့သူက နဂါးမ်ိဳးႏြယ္စုရဲ႕ စြမ္းအားအႀကီးဆုံးနဂါးရဲ႕ေနရာကို လုယူခ်င္တယ္ေပါ့။ ၿပီးေတာ့ မင္းအစ္ကိုအရင္းရဲ႕ခ်စ္ရတဲ့သူကိုေလ'
'ကြၽန္ေတာ္ ဘယ္တုန္းကမွ အစ္ကိုေတာ္ငယ္ရဲ႕ေနရာကို ယူဖို႔စိတ္ကူးမရွိဘူး။ က်ေနာ္လိုခ်င္တာ ေယာလ္ ကိုပဲ'
ဝမ္ေယာလ္ ဟာသျပက္လုံးတစ္ခုကိုၾကားလိုက္ရသလို ရယ္လိုက္ၿပီး ဘတ္ဟြၽန္း ရဲ႕ ေကာ္လံစကို ေဆာင့္လႊတ္ခ်လိုက္သည္။
ဘယ္သူေတြ ဘယ္လိုပဲ ထင္ျမင္ေတြးေတာေနပါေစ ဘတ္ဟြၽန္း ကေတာ့ ဝမ္ေယာလ္ ကိုသာ ၾကည့္ေနခဲ့သည္။ သူ႔ေရွ႕မွာရွိတဲ့ ဝမ္ေယာလ္ ရဲ႕ လႈပ္ရွားမႈတစ္ခုစီတိုင္းက အဖိုးတန္သည္။ မ်က္ေတာင္တစ္ခ်က္ခတ္သည္ကအစ လႈပ္ရွာေတြကအဆုံး အားလုံးကို သူျမတ္ႏိုးသည္။
'ငါက မင္းကိုလိုခ်င္ခဲ့လို႔လား။ ငါခ်စ္တဲ့သူကို ငါလိုခ်င္ခဲ့တာ။ ငါခ်စ္တာ ဘတ္အြန္း ပဲ။ မင္းမဟုတ္ဘူး ဘတ္ဟြၽန္း'
ထိုစကားၾကားရမယ္မွန္းသိသည္။ ဒါေပမဲ့ ဘတ္ဟြၽန္း ေခါင္းမာခ်င္သည္။ တစ္ခ်ိန္လုံး ဝမ္ေယာလ္ နဲ႔အတူေနခဲ့တာ ဘတ္ဟြၽန္း ေလ ဘတ္အြန္း မွမဟုတ္တာ။
'ဒါေပမဲ့ ေယာလ္ က .....'
ခြပ္!!!
ဘတ္ဟြၽန္း ထပ္လဲက်သြားၿပီး ဒီတစ္ႀကိမ္တြင္ေတာ့ ပါးစပ္ကေန ေသြးေတြပါ အန္လာသည္။
'ငါ့နာမည္က မင္းလို လိမ္လည္ေနတဲ့ပါးစပ္က ထြက္ဖို႔ မွည့္ထားတာမဟုတ္ဘူး'
ဘတ္ဟြၽန္း ေမးေစ့ဆီစီးက်လာေသာေသြးေတြကို လက္ခုံျဖင့္သုတ္ပစ္လိုက္ၿပီး
'မင္းသားက ဘတ္အြန္း ဆိုတဲ့ နာမည္ကိုပဲခ်စ္ခဲ့တာပါ။ တစ္ခ်ိန္လုံး မင္းသားနဲ႔အတူတူရွိေနတာက ဘတ္ဟြၽန္း ဆိုတဲ့ ကြၽန္ေတာ္ပဲ။ ၿပီးေတာ့ မင္းသားကို ကြၽန္ေတာ္က ဘတ္အြန္း ပါဆိုတဲ့တစ္ခုပဲ လိမ္ခဲ့တာ။ က်န္တာအားလုံးက မင္းသားကို ကြၽန္ေတာ့္ရဲ႕စိတ္ရင္းအမွန္နဲ႔ခ်စ္ခဲ့တာႀကီးပဲ'
ဘတ္ဟြၽန္း မ်က္လုံးက အခုခ်ိန္ထိ ယုံၾကည္မႈ
ျပင္းထန္ေနတုန္းပင္။ ေတာင္းပန္ေၾကာင္း တစ္စိုးတစ္စိေတာင္မျပေပ။
'စိတ္မလုံလို႔ေတာင္ ဟြၽန္း လို႔ ေျပာခဲ့ေသးတယ္'
'အဲ့ဒါေတာ့ ငါကေက်းဇူးတင္ရမွာလား။ မင္းနဲ႔လက္ထပ္ထားတာက တရားမဝင္ဘူး။ ငါဖူးစာနတ္မင္းကိုေျပာၿပီးၿပီ။ မင္းနဲ႔ငါရဲ႕ ကတိစာခ်ဳပ္ကို ဖ်က္သိမ္းဖို႔'
ထိုအခါမွ ဘတ္ဟြၽန္း ရဲ႕ မာေၾကာဟန္ေဆာင္ေနတဲ့ႏွလုံးသားက ဝမ္းနည္းရိပ္သမ္းလာသည္။ သူ ဝမ္ေယာလ္ ကို အဆုံးရႈံးမခံႏိုင္ဘူး။
'ေယာလ္ အဲ့လိုလုပ္လို႔မရဘူး။ ကြၽန္ေတာ္က မင္းသားကိုယ္တိုင္ေ႐ြးထားတဲ့ ၊ မင္းသားရဲ႕ ဝိဉာဥ္ငွက္ေတြက ဆုံမွတ္ေပးထားတဲ့ မင္းသားရဲ႕ၾကင္ယာေတာ္ပဲ။ ၿပီးေတာ့ ဒီလက္စြပ္က ကြၽန္ေတာ္တို႔ထိမ္းျမႇားျခင္းရဲ႕သက္ေသေလ။ ဘတ္အြန္း မဟုတ္တဲ့ ဘတ္ဟြၽန္း ရဲ႕ လက္မွာမွ မင္းသားရဲ႕လက္စြပ္က ရွင္သန္လာတာ'
'မင္းက အြန္းေလး ရဲ႕ အမႊာ ညီေလ ။ မ်က္လုံးကလြဲၿပီး က်န္တာခြၽတ္စြတ္တူေနတာကို ငါ့ဝိဉာဥ္ငွက္နဲ႔ လက္စြပ္က မွားတာ မထူးဆန္းဘူးေလ'
အခုအခ်ိန္ထိ ဝမ္ေယာလ္ နဲ႔ ဘတ္ဟြၽန္း ရဲ႕ စကားဝိုင္းထဲတြင္ ဘယ္သူမွမပါလာေသးေပ။ အားလုံးက ဝမ္ေယာလ္ ရဲ႕ ဘတ္ဟြၽန္း အေပၚစိတ္ျဖတ္ႏိုင္ရဲ႕လားဆိုတာကို စမ္းသပ္ေနၾကသည္။ ထို႔ေၾကာင့္လည္း အမွန္တရားစစ္ေဆးမႈမွာ နဂါးတိုင္းျပည္ဘက္က စတင္ၿပီး ဘတ္ဟြၽန္း ကိုမစစ္ေဆးျခင္း ျဖစ္သည္။ မလႊ ဲသာမေရွာင္သာလို႔ ဝမ္ေယာလ္ က ဘတ္ဟြၽန္း ကို အျပစ္တင္တာမ်ိဳး လက္မခံႏိုင္ေပ။
ဝမ္ေယာလ္ က ဘတ္အြန္း ဆိုတဲ့နာမည္ကိုသာ ခ်စ္ေနၿပီး ခႏၶာကိုယ္ကေတာ့ ဘတ္ဟြၽန္း နဲ႔ သာ အေနမ်ားေနခဲ့သည္။ ထို႔ေၾကာင့္ သူတို႔ရဲ႕ မင္းသားငယ္အား အိမ္ေရွ႕စံလက္ထဲ စိတ္ခ်လက္ခ်ထည့္ဖို႔ အေျခအေနကို ေအးေအးေဆးေဆးေစာင့္ၾကည့္ေနသည္။ ဒါၿပီးရင္ေတာ့ ဝမ္ေယာလ္ က ဘတ္အြန္း နဲ႔သာ လက္ထပ္ရၿပီး ဘတ္ဟြၽန္း ကေတာ့ တစ္ခုခုကို ႀကဳံေတြ႕ရဖို႔ရွိေနသည္။
'ကြၽန္ေတာ္ထိမ္းျမႇားစာခ်ဳပ္ကို မဖ်က္ဆီးႏိုင္ဘူး။ ဘယ္လိုေၾကာင့္ပဲ လက္ထပ္ခဲ့ပါေစ ကြၽန္ေတာ္နဲ႔ မင္းသားက လက္ထပ္ၿပီးသားပဲ'
'မင္းကို နတ္ျပည္က လက္ခံမယ္ထင္ေနတာလား'
'နတ္ျပည္က လက္ခံဖို႔မလိုပါဘူး၊မင္းသား လက္ခံဖို႔ပဲလိုတာ'
'မင္းေမ့ေနၿပီလား။ ထိမ္းျမႇားစာခ်ဳပ္က နာမည္က ဘတ္..အြန္း'
ဝမ္ေယာလ္ က မဲ့ၿပဳံးၿပဳံးၿပီး မ်က္စိမ်က္ႏွာပ်က္ေနေသာ ဘတ္ဟြၽန္း ကို အရသာခံ ၾကည့္ေနသည္။ သူ႔ကိုတစ္ခ်ိန္လုံးအ႐ူးလုပ္ထားခဲ့တာ ဒီစြမ္းအားမရွိတဲ့ နဂါးတစ္ေကာင္ဆိုတာ ကိုယ္တိုင္ႀကဳံေတြ႕လို႔သာ ယုံေနရသည္။
'မင္းေျပာၾကည့္ၾကည့္ မင္းသေဘာမတူလည္း ထိမ္းျမႇားစာခ်ဳပ္က မင္းနဲ႔ လုံးဝမဆိုင္ဘူး။ အေဝးႀကီး'
ဘတ္ဟြၽန္း ၿငိမ္က်သြားသည္။ သူ ဘာျပန္ေျပာရမလဲ မသိေတာ့ေပ။
ဘတ္ဟြၽန္း ခ်က္ခ်င္းဆိုသလို ဒူးေထာက္ခ်လိုက္ၿပီး ဝမ္ေယာလ္ ေျခေထာက္ကိုဖက္ကာ
'ကြၽန္ေတာ္ ေတာင္းပန္ပါတယ္။ ခြင့္လႊတ္ေပးပါ'
အေျခအေနေတြက ႐ုတ္တရက္ျဖစ္သြားေတာ့ ေတာင္းပန္တာအျပင္ ဘာဆက္ေျပာရမလဲ ဘတ္ဟြၽန္း ဆိုတာ မသိေတာ့ဘူး။
'ကြၽန္ေတာ္ မင္းသားကို စိတ္ရင္းအမွန္နဲ႔ ခ်စ္ခဲ့တာပါ။ အဲ့အတြက္ေၾကာင့္ အမွားေတြလုပ္ခဲ့မိတာ။ အခုအခ်ိန္က စၿပီး မလိမ္မညာေတာ့ပါဘူး။ မင္းသားကို အမွန္အတိုင္း ေျပာျပမွာမို႔လို႔ ကြၽန္ေတာ္တို႔ အရင္လိုပဲ ျပန္ေနၾကရေအာင္ေနာ္။ တစ္ခ်ိန္လုံး ကြၽန္ေတာ္နဲ႔အတူရွိခဲ့ပဲကို။ မင္းသား အစ္ကိုေတာ္ငယ္ကို ခ်စ္တာက ကြၽန္ေတာ့္ေလာက္ သံေယာဇဥ္မရွိပါဘူး။ ကြၽန္ေတာ္......ခဏ.....မင္းသားမခ်စ္လည္း ကြၽန္ေတာ္ကပဲခ်စ္ေပးမွာမို႔လို႔....'
ဘတ္ဟြၽန္း စကားေတြက အဆီအေငၚမတည့္ေတာ့ေပ။ ဝမ္ေယာလ္ လက္ခံႏိုင္ေအာင္ ဘယ္လိုေတြရွင္းျပရမလဲ မသိေတာ့ေပ။ သူသိတာ ဝမ္ေယာလ္ ကို ခ်စ္တာ တစ္ခုပဲရွိသည္။ အဲ့အတြက္လည္း ဘာမဆို လုပ္ေပးမည္။
'အြန္းေလး သူ႔ကို ခြင့္လႊတ္လား'
ဝမ္ေယာလ္ က သူ႔ကို ဒူးေထာက္ကာ အသနားခံေမာ့ၾကည့္ေနေသာ ဘတ္ဟြၽန္း ကို ၾကည့္ရင္းေမးလိုက္သည္။ ဘတ္အြန္း ပုံစံက ဘာမွမေျပာခ်င္တဲ့ပုံစံျဖစ္ေနသည္။ အခ်စ္နဲ႔စစ္မွာ မတရားမရွိေပမဲ့ အခုအခ်ိန္မွာ မတရားခံရတာက သူေလ။ ကိုယ္ခ်စ္တဲ့သူနဲ႔ေပ်ာ္႐ႊင္ေနရမဲ့အခ်ိန္မွာ သူေၾကာင့္ အလြဲလြဲအေခ်ာ္ေခ်ာ္ေတြျဖစ္ၿပီး စိတ္ဆင္းရဲခဲ့ရေပါင္းမနည္းဘူး။ ဘတ္ဟြၽန္း ပဲ ဝမ္ေယာလ္ ကိုခ်စ္တာမဟုတ္၊သူလည္း ခ်စ္သည္။ ခြင့္လႊတ္သင့္ မသင့္ကေတာ့ စဥ္းစားဖို႔အခ်ိန္လိုဦးမည္။
'မသိဘူး'
ဘတ္အြန္း အေျဖကရွင္းသည္။ ဒီကိစၥကို လက္ခံယုံၾကည္ဖို႔ကအခ်ိန္လိုေသးသည္။ ဘတ္အြန္း ထြက္သြားသည္။ ဘတ္အြန္း သြားေတာ့ ဝမ္ေယာလ္ က အေနာက္ကေနလိုက္သြားၿပီး ဘတ္ဟြၽန္း ကို ပစ္ထားခဲ့သည္။ ပထမဦးဆုံးအႀကိမ္အျဖစ္ ထားခဲ့တာကို ခံလိုက္ရတာေၾကာင့္ ဘတ္ဟြၽန္း ရင္ထဲ နာက်င္မႈေတြက စတင္ေရာက္ရွိလာသည္။
အခုက်န္ေနခဲ့တာက တစ္ခ်ိန္လုံးၿငိမ္ေနခဲ့သည့္ နဂါးမင္းနဲ႔ သူ႔ရဲ႕သားေတာ္ေတြ.....
ဘတ္ဟြၽန္း ကို ဒူးေထာက္ရာကေနမထေစဘဲ အကုန္လုံးက အျပစ္တင္ဖို႔ကိုပဲ ျပင္ဆင္ေနသည္။ မင္းသားကိုယ္စီက ကိုယ္ပိုင္ၾကာပြတ္ေတြထုတ္ၿပီး နဂါးမင္းကိုၾကည့္လိုက္သည္။
'မင္းအျပစ္မင္းသိလား ဘတ္ဟြၽန္း'
ဘတ္ဟြၽန္း နဂါးမင္းကို တစ္ခ်က္ေမာ့ၾကည့္ၿပီး မသိခ်င္ေယာင္ေဆာင္ေနလိုက္သည္။
သူ ဝမ္ေယာလ္ ကို ခ်စ္ခဲ့တာ အျပစ္မွမဟုတ္တာ။
'အိမ္ေရွ႕စံနဲ႔ ဟန္ေဆာင္ၿပီးသာ လက္ထပ္ေပလို႔ပဲ မထီမဲ့ျမင္လုပ္တာက ငါ့ကိုေတာင္ အေရးမလုပ္ေတာ့ဘူးေပါ့။ ထားပါ....အဲ့ကိစၥထက္ မင္းက ငါ့သားရဲ႕ တက္လမ္းကိုပိတ္ေနေတာ့ ဘယ္လိုစီရင္ရမလဲ'
'ကြၽန္ေတာ္ကေကာ ခမည္းေတာ္သား မဟုတ္ဘူးလား'
နဂါးမင္းက မွင္ေသြးေက်ာက္ျဖင့္ ဘတ္ဟြၽန္း ကိုေကာက္ေပါက္လိုက္သည္။ ဘတ္ဟြၽန္း နဖူးက ေသြးေတြစီးက်လာေပမဲ့ ဘတ္ဟြၽန္း ကေတာ့ မ်က္ႏွာေသနဲ႔ပဲ နဂါးမင္းကို ၾကည့္ၿပီး ဆက္ေျပာသည္။
'ကြၽန္ေတာ္ အၿမဲတမ္း ခမည္းေတာ္ေျပာတဲ့အတိုင္း ေနခဲ့တယ္။ နန္းေတာ္မွာမေနနဲ႔ဆိုလို႔ အျပင္မွာေနတယ္။ အေဆာင္အေယာင္မေပးလို႔လည္း အျပစ္မတင္ခဲ့ဘူး။ ကြၽန္ေတာ့္ကို ခမည္းေတာ္ရဲ႕သားလို႔ အသိအမွတ္မျပဳတာေတာင္ ကြၽန္ေတာ္ အကုန္လုံးကို ေမတၱာမပ်က္ခဲ့ဖူးဘူး။ ကြၽန္ေတာ္ ဘာကိုမွ မေတာင္းဆိုခဲ့သလို မက္မက္ေမာေမာ လိုခ်င္တာလည္း မရွိခဲ့ဘူး။ မင္းသားက ပထမဆုံးနဲ႔ ေနာက္ဆုံးအေနနဲ႔ ကြၽန္ေတာ္ ခ်စ္ျမတ္ႏိုးလို႔ လိုခ်င္ခဲ့တာ။ ခမည္းေတာ္တို႔ အစ္ကိုေတာ္ငယ္ကို လိုေလးေသးမရွိ ျဖည့္ဆည္းေပးခဲ့တယ္ေလ။ ကြၽန္ေတာ့္အတြက္ ဒါေလးတစ္ခုေတာင္ မျဖည့္ဆည္းေပးခ်င္ဘူးလား'
'မင္းက အြန္းေလး လား'
ဘတ္ဟြၽန္း ဘာမွမေျဖႏိုင္ေလာက္ေအာင္ကို ရင္ထဲတစ္ဆို႔သြားသည္။ စာလုံးေရနည္းေပမဲ့ စကားအမ်ားႀကီးထက္ ပိုထိေရာက္ေနသည္။
'စြမ္းအားေၾကာင့္လား........ကြၽန္ေတာ္ အစ္ကိုေတာ္ငယ္လို စြမ္းအားရွိခဲ့ရင္ မင္းသားေကာ ခမည္းေတာ္တို႔ေကာ ကြၽန္ေတာ့္ကို ခ်စ္ေပးၾကမွာလား'
ဘတ္ဘြန္း က မဲ့ၿပဳံးၿပဳံးကာ ျပန္ေျပာလိုက္သည္။
'ခုနက စကားကိုနားမလည္ဘူးလား ဘတ္ဟြၽန္း'
ဘတ္ဟြၽန္း ဘတ္ဘြန္း ကို ဘာမွျပန္မေျပာေတာ့ေပ။
'သူ႔ကို ဘယ္လိုအျပစ္ေပးရမလဲ ခမည္းေတာ္'
'လုပ္ခ်င္သလိုလုပ္'
နဂါးမင္းႀကီးဆီက ခြင့္ျပဳခ်က္ရသည္ႏွင့္ ဘတ္ဟြၽန္းကိုယ္ေပၚ ၾကာပြတ္ေပါင္းမ်ားစြာက ႐ိုက္ႏွက္လာခဲ့သည္။ဆူးဓားေတြပါေသာ ၾကာပြတ္ေတြျဖစ္တာေၾကာင့္ ေက်ာျပင္ေတြအျပင္ လက္ေမာင္း နဲ႔ တျခားေနရာမွာပါ ေသြးေတြရဲလာသည္။ အခ်ိန္အေတာ္ၾကာ ႐ိုက္ၿပီးေနာက္မွာေတာ့ သူတို႔ေတြက ခဏနားလိုက္ကာ ဘတ္မြန္း နဲ႔ ဘတ္ဟြန္း က ဘတ္ဟြၽန္း လက္တစ္ဖက္စီကိုခ်ဳပ္လိုက္ၿပီး ဘတ္ဘြန္း က ဓားေျမႇာင္ပါးေလးထုတ္ကာ
'အြန္းေလး နဲ႔ ခြၽတ္စြတ္တူတဲ့႐ုပ္ကိုသုံးၿပီး အစ္ကို႔ရဲ႕ခင္ပြန္းေလာင္းကို ထပ္မျမႇဴဆြယ္ရဲေအာင္ အျပစ္မေပးဘူးလား'
'ေၾကာင္ႏႈတ္ခမ္းေမႊး ဆြဲေပးလိုက္ေလ'
'ဒါမွမဟုတ္ ပါးမွ ဇာမဏီငွက္ပုံဆြဲေပးလိုက္။ ဒါမွ မေတာ္လိုက္ရတဲ့ မင္းသားကို လြမ္းဆြတ္မေနစရာမလိုေတာ့ဘဲ အပိုင္ျဖစ္သြားမွာ'
နန္းရင္ျပင္တြင္ နဂါးမင္းသားတို႔ရဲ႕ ရယ္သံေတြၿမိဳင္သြားသည္။
ဘတ္ဟြၽန္း ကေတာ့ ဒဏ္ရာေတြေၾကာင့္ မလႈပ္ႏိုင္ေတာ့ေပ။ စြမ္းအားမရွိေသာ နဂါးျဖစ္တာေၾကာင့္ ေဆးအကူအညီမပါဘဲ ထိုဒဏ္ရာေတြကို ေပ်ာက္ေအာင္ မစြမ္းကူႏိုင္ေပ။
'အ့'
ဘတ္ဘြန္း က ဘတ္ဟြၽန္း ပါးျပင္တြင္ ဓားျဖင့္ တစ္ခ်က္ျခစ္လိုက္သည္။
'အစ္ကိုႀကီးၿပီးရင္ ကြၽန္ေတာ့္အလွည့္'
ဤသိုျဖင့္ ဘတ္ဟြၽန္ ၏မ်က္ႏွာမွာ ဓားျခစ္ရာ ငါးခုေလာက္ျဖစ္သြားသည္။
'ေတာ္ၾကေတာ့'
အကုန္လုံး အျပစ္ေပးလို႔ဝမွ နဂါးမင္းက ေတာ္ဖို႔စကားေျပာသည္။ ဘတ္ဟြၽန္း နာက်င္လြန္းလို႔ မ်က္ရည္ေတြက်လာသည့္တိုင္ အားတင္းၿပီး နဂါးပုံစံေျပာင္းကာ သူ ေနေနက် ကြၽန္းေလးဆီ ထြက္သြားခဲ့သည္။
°·°·°·°·°·°·°·°·°·°·°·°·°·°·°·°
ဘတ္ဟြၽန္း က ဝမ္ေယာလ္ နဲ႔က်မွသာ စကားအမ်ားႀကီးေျပာတဲ့သူပါ။ တျခားသူေတြနဲ႔ဆို လုံးဝမေျပာသေလာက္ရွိပါတယ္။ ၿပီးေတာ့ လက္ရွိမွာ သူ႔စြမ္းအားကမရွိေသးပါဘူး။ ဝမ္ေယာလ္ အႏၲရာယ္နဲ႔ႀကဳံမွ မသိစိတ္က ျဖစ္လာတာမ်ိဳးပါ။
update ေပးခ်င္ေဇာနဲ႔သာေရးလိုက္တာ အေရွ႕နဲ႔အေနာက္ မေလ်ာ္ညီရင္ ဖတ္လို႔မေျပရင္ လာေျပာပါေနာ္။ ကြၽန္ေတာ္လည္း ျပန္ဖတ္ၿပီး ေျပမေျပၾကည့္လိုက္ပါဦးမယ္။ မေရးတာၾကာေတာ့ တစ္မ်ိဳးႀကီးျဖစ္ေနလို႔😅
[Unicode]
Forevermore(ထာဝရထက်ပို၍)
အပိုင်း-၇
ညနေပိုင်းလောက်ရောက်တော့ ဘတ်အွန်း က စွမ်းအားအသုံးများပြီး နားဖို့လိုအပ်တာကြောင့် သွားအိပ်နေသည်။ ထိုအချိန်တွင် ဘတ်ဟျွန်း ဝမ်ယောလ် ဆီသွားလိုက်ပြီး
'ယောလ်'
'အွန်းလေး'
ဘတ်ဟျွန်း ဝမ်ယောလ် ဆီပြေးသွားလိုက်ပြီး ဖက်ထားလိုက်သည်။ ဝမ်ယောလ် လည်း အစကကြောင်တောင်တောင်ဖြစ်နေပြီး သူရင်းနှီးနေကျအနံ့လေးရမှာ ပြန်ဖက်လိုက်ပြီး
'အွန်းလေး စိတ်ဆိုးသွားပြီထင်နေတာ'
'အွန်းလေး က ဘာလို့ ယောလ် ကိုစိတ်ဆိုးရမှာလဲ'
'နေ့လည်က ကိုယ်အခြေအနေမကြည့်မိသလိုဖြစ်သွားလားလို့'
ဝမ်ယောလ် ပြောနေတာကို နားမလည်ပေမဲ့ ဘတ်အွန်း ရဲ့နေ့လည်က စိတ်တိုနေတာကိုပြန်တွေးမိပြီး
'ရပါတယ်။ စိတ်မဆိုးပါဘူး။ နေ့လည်က ကျနော်လည်း လွန်သွားတာပဲကို။ အစ်ကိုကြီးလည်းရှိနေတော့လေ ရုတ်တရက်ဆိုရင် အားလုံးရှော့ရသွားမှာစိုးလို့။ ပြီးတော့ အခုက အပျော်လာတဲ့နေရာမဟုတ်ဘူးလေ။ အဲ့တော့ ဆင်ခြင်သင့်တယ်ထင်လို့ပါ'
'အွန်းလေး ပြောတာမှန်ပါတယ်။ ကိုယ် မတွေးလိုက်မိတာ'
'ကိစ္စမရှိပါဘူး။ နောက်ဆိုရင် ကျွန်တော် လာရှာတဲ့အချိန်ကို စောင့်ပါ'
'အင်း။ အွန်းလေး က မျက်လုံးအရောင်ပြောင်းတာနဲ့ ခံစားချက်ပါ ပြောင်းလဲသွားတယ်နော်'
'ကျွန်တော့်လက်အောက်မှာ အားလုံးရှိနေတာလေ။ ဒီလောက်တော့နေရမှာပေါ့'
'ဟုတ်တာပေါ့။ ကိုယ့်ကြင်ယာတော်က စွမ်းအားမြင့်နဂါးဆိုတာ မေ့သွားတယ်'
ဝမ်ယောလ် ဘတ်ဟျွန်း ပါးလေးကိုဆွဲလိုက်သည်။
ပြီးနောက် ဘတ်ဟျွန်း ကို ဖက်လိုက်ပြီး
'ဒီကပြန်ရင် လက်ထပ်ရအောင် အွန်းလေး။ ကိုယ် ဒီလိုအခြေအနေကြီးကို သဘောမကျဘူး။ မသိရင် အွန်းလေး ကို တိတ်တိတ်ပုန်းကြင်ယာအဖြစ်ထားနေရသလိုခံစားနေရတယ်။ ကိုယ်က အွန်းလေး ကို ကိုယ်နဲ့တန်းတူနေရာမှာ ထားချင်တာ'
ဝမ်ယောလ် စကားပြောနေတဲ့တစ်လျှောက်လုံး ပြုံးနေပေမဲ့ ဘတ်ဟျွန်း ကတော့ မျက်နှာမကောင်းပေ။
'ကိုယ်တို့ ပြန်ရောက်တာနဲ့ လက်ထပ်ပွဲကျင်းပကြမယ်မလားဟင်'
ဝမ်ယောလ် က ဘတ်ဟျွန်း ပုခုံးနှစ်ဖက်ကိုကိုင်ကာ မျက်နှာချင်းဆိုင်မေးသည်။
ဘတ်ဟျွန်း ပြုံးပြလိုက်ပြီး ခေါင်းလေးငြိမ့်ကာ
'အင်း'
'အွန်းလေး နောက်ထပ်ဆုတ်ဦးမယ်ထင်နေတာ'
ဘတ်ဟျွန်း ခေါင်းခါပြလိုက်ပြီး
'မဆုတ်တော့ပါဘူး'
ဘတ်အွန်း နာမည်နဲ့ ဘတ်ဟျွန်း က နာမည်မတူသော်လည်း ဒီအချိန်အတောအတွင်း အတူရှိနေသူက ဘတ်ဟျွန်း ဖြစ်တာကြောင့် အမှန်တရားကို ဝမ်ယောလ် သိသွားသည့်အခါ အတူနေခဲ့တဲ့သံယောဇဉ်ပေါ်မူတည်ပြီး ခွင့်လွှတ်ပေးမယ်လို့ ဘတ်ဟျွန်း မျှော်လင့်နေမိသည်။ စိတ်ဆိုးလည်း ခဏပဲလို့ ထင်နေသောကြောင့် အမှန်တရားကိစ္စတွေအတွက် ရင်လေးသော်လည်း လက်ရှိအခြေအနေကိုတော့ မထိခိုက်အောင် အပြုံးမပျက်နေနေသည်။ ဒီကြားထဲ သူတို့နှစ်ယောက် သံယောဇဉ်ကြိုးတွေအများကြီးချည်နှောင်ခဲ့ပြီပဲ။ တစ်ခဏအတောအတွင်းမှာတော့ ဝမ်ယောလ် မဖျက်စီးလောက်ပါဘူး။
~~~~~~~~~~~
ဘတ်ဟျွန်း သုံးလောကတံခါးဆီရောက်နေတာ နှစ်ပတ်ကျော်လို့ သုံးပတ်နီးပါးဖြစ်တော့မည်။ ဒီကြားထဲ ဘတ်အွန်း နဲ့ ဝမ်ယောလ် က စွမ်းအားကို တစ်လှည့်စီဖြည့်ပေးနေသောကြောင့် တံခါးသော့က သိပ်ပြဿနာမတက်ပေ။ ဘတ်ဟျွန်း ကလည်း အားတဲ့အချိန်တိုင်း တောင်နံရံပေါ်က ဂူလေးမှာ ထိုင်ပြီး အောက်ကအခြေအနေတွေအားလုံးကိုကြည့်နေသည်။ သူဒီမှာနေနေမှန်း ဘတ်အွန်း တောင်မသိပေ။
ဘတ်အွန်း သူ့အလှည့်ပြီးသွားပြီဖြစ်လို့ တဲထဲပြန်ဝင်လာပြီး အိပ်ဖို့ပြင်လိုက်သည်။
အိပ်ယာပြင်နေရင်း ပထမဆုံးရောက်တဲ့ရက်ကလွဲပြီး ကျန်တဲ့ရက်တွေမှာ အဖက်မလုပ်တော့သော အိမ်ရှေ့စံ ဝမ်ယောလ် အကြောင်းတွေးပြီး ဒေါသထွက်ရပြန်သည်။
'သူ ငါ့ကို ဘယ်လိုသဘောထားနေတာလဲ'
ဘတ်အွန်း တစ်ယောက်တည်းသာဒေါသထွက်နေပြီး
'မျက်နှာချင်းဆိုင်မေးလိုက်ရမလား'
ခဏနေတော့ ခေါင်းခါလိုက်ပြီး
'မဖြစ်သေးဘူး။ အဲ့လိုမေးတာက သူ့ကိုမလေးစားရာရောက်သွားလိမ့်မယ်။ ဒီကြားထဲ စကားပြောဖြစ်မှာ ပြောတော့မယ်။ ဆက်ပြီး ဒီလိုဆက်ဆံနေတာကို ငါ လက်မခံတော့ဘူး'
ဘတ်အွန်း ခေါင်းအုံးပေါ် ဆက်ခနဲခေါင်းချလိုက်ပြီး မျက်လုံးပိတ်လိုက်သည်။
'ဒါနဲ့ ဟျွန်းလေး ကော'
ဘတ်အွန်း ကမမ်းကတမ်းထပြီး ဘတ်ဟျွန်း ကိုရှာတော့သည်။
'ဒီကောင်လေး ဘယ်တွေလျှောက်သွားနေတာလဲ။ အစ်ကိုကြီးနဲ့တွေ့လို့ ပြဿနာတက်ကုန်တော့မှာပဲ'
ဘတ်အွန်း အပြင်ကိုထွက်သွားပြီး မသိမသာနဲ့ ဘတ်ဟျွန်း ကိုရှာနေသည်။
ဝမ်ယောလ် က သူ့အလှည့်ရောက်ခါနီးလို့ တံခါးပေါက်နားလာချိန်တွင် ဘတ်အွန်း ကိုလှမ်းတွေ့လိုက်ရသည်။ အနားတွင်လည်း ဘယ်သူမှမရှိသောကြောင့် ဘတ်အွန်း ကို စ ဖို့ တိတ်တိတ်လေးသွားပြီး အနောက်ကနေသိုင်းဖက်ကာ ပါးလေးကို နမ်းလိုက်သည်။
'လွမ်းနေတာ'
ဘတ်အွန်း ရုတ်တရက်ဖြစ်သွားသောအခြေအေနေကြောင့် လန့်သွားပြီး ဖက်ထားသောသူကို ရန်ပြုဖို့ပြင်လိုက်ပေမဲ့ ဝမ်ယောလ် ဖြစ်နေသောကြောင့် စိတ်ကိုပြန်လျှော့လိုက်ပြီး
'ဒါဘာလုပ်တာလဲ မင်းသား။ သူများတွေမြင်ရင် မသင့်လျော်ပါဘူး'
'ဘယ်သူမှ မှ မရှိတာ။ ပြီးတော့ ကိုယ် စည်းတားထားတယ်'
'ကျွန်တော်နဲ့ မင်းသားရဲ့အခြေအနေက ဒီလောက်ရင်းနှီးတာမှမဟုတ်တာ။ မင်းသား လက်ကိုလွှတ်လိုက်ပါ'
'ဘာတွေပြောနေတာလဲ အွန်းလေး'
ထိုအချိန်တွင် ဝမ်ယောလ် နှင့် ဘတ်အွန်း ၏ အခြေအနေကို ဘတ်ဟျွန်း တွေ့သွားပြီး
'မင်းသား'
ဘတ်ဟျွန်း ရုတ်တရတ်ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။
ဘတ်အွန်း က သူ့ကိုဖက်ထားသော ဝမ်ယောလ် ရဲ့လက်တွေကို ဖြုတ်ချလိုက်ပြီး ဝမ်ယောလ် နှင့် မျက်နှာချင်းဆိုင်ကာ
'ကျွန်တော်က မင်းသားရဲ့ကစားစရာမဟုတ်ဘူး'
'အွန်းလေး ကိုယ့်ကိုစိတ်ဆိုးနေတာလား'
'ကျွန်တော်က နတ်ပြည်ရဲ့အိမ်ရှေ့စံမင်းသားကို စိတ်ဆိုးခွင့်ရှိလို့လား။ အခြေအနေက အဆင်မပြေလို့ အကျိုးအကြောင်းပြောပြရုံပါ'
ဝမ်ယောလ် ဘတ်အွန်း ပြောတာတွေကိုနားမလည်ပေ။ သူမြင်နေကျ ဘတ်အွန်း နဲ့ ဒီ ဘတ်အွန်း က ကွဲနေသလို ခံစားနေရသည်။ စိမ်းပြာရောင် မျက်ဝန်းလေးက ဒေါသထွက်နေပေမဲ့ မနည်းထိန်းချုပ်ထားဟန်ပေါ်နေသည်။ ဘတ်အွန်း အရင်ကပြောဖူးတဲ့ မျက်လုံးအရောင်ပေါ်လိုက်ပြီး သူနဲ့ပြောဆိုဆက်ဆံရမှာကို မှာထားတာကို သတိရသွားပြီး
'တောင်းပန်ပါတယ်။ ကိုယ်မေ့သွားတယ်'
'ရပါတယ်။ မင်းသားသာ အနေအထိုင်ဆင်ခြင်ပါ'
ဘတ်အွန်း သွားမယ်လုပ်တော့ ဝမ်ယောလ် က ဘတ်အွန်း လက်မောင်းကိုလှမ်းဆွဲလိုက်ပြီး
'ဒီဟာက အဲ့လောက်ဒေါသထွက်စရာလိုလို့လား။ ကိုယ်က အွန်းလေး ကိုတွေ့လို့ ဝမ်းသာသွားတာကို။ အွန်းလေး က .........'
'အ့'
'အွန်းလေး!'
ဘတ်အွန်း ရဲ့လက်ကို ဝမ်ယောလ် လှမ်းဆွဲတာကို ဘတ်ဟျွန်း အပေါ်ကနေမြင်လိုက်ရချိန်တွင် ဘတ်ဟျွန်း ရဲ့သဝန်တိုစိတ်တွေကများလာပြီး ထိုစိတ်တွေကပဲ ငရဲတံခါးပေါက်က လက်နက်တစ်ခုကိုလွှင့်စင်စေပြီး ဘတ်အွန်း ၏ လက်မောင်းကို ရှသွားစေသည်။
ဓားရဲ့အဆိပ်က ဘတ်အွန်း လက်မောင်းကနေ အမဲလိပ်ကြီးထွက်လာပြီး နှလုံးဆီဦးတည်သွားနေချိန်မှာတော့ ဝမ်ယောလ် ဘတ်အွန်း ကိုပွေ့ချီပြီး တဲထဲခေါ်သွားကာ သူ့ရဲ့စွမ်းအားနဲ့ကုပေးနေသည်။
ဘတ်အွန်း ကို ဝမ်ယောလ် ပွေ့ချီသွားချိန်တွင် ဘတ်ဟျွန်း မကြည့်တော့ဘဲ မျက်နှာလွှဲလိုက်သည်။ သူသဝန်တိုသည်။ ဝမ်ယောလ် ကို သူကလွဲလို့ တခြားသူထိတာတောင်မကြိုက်တဲ့အထိ သဝန်တိုလွန်း ချစ်လွန်းသည်။ ဝမ်ယောလ် နဲ့ ဘတ်အွန်း တဲထဲဝင်သွားမှ ဘတ်ဟျွန်း ထိုနေရာကိုကြည့်ရင်း
'ငါ ဘတ်အွန်း အဖြစ်ပဲနေလိုက်ရမလား'
ဘတ်ဟျွန်း တဲနေရာကိုစိုက်ကြည့်နေသည်။ အပြာရောင်မျက်လုံးလေးက သာမန်ထက်ပိုပေါ်လွင်နေပြီး တောက်ပနေသည်။ ထို့အပြင် သုံးလောကတံခါးရဲ့ ကံကြမ္မာနတ်မင်းရဲ့စွမ်းအားနေရာသည်လည်း စွမ်းအားတွေမသိမသာရောက်လာခဲ့သည်။ ဘတ်ဟျွန်း ၏ မသိစိတ်ကစွမ်းအားသုံးလေ ဘတ်အွန်း ရဲ့အဆိပ်ကပိုပြန့်လေဖြစ်နေပြီး ဝမ်ယောလ် တောင်ထိန်းချုပ်မရတော့ပေ။
ဘတ်အွန်း ချွေးတွေအများကြီးထွက်နေပြီး ဝမ်ယောလ် လက်မောင်းကို အားကိုးတကြီးဆုပ်ကိုင်ထားသည်။ နာကျင်လွန်းလို့ အသံပင်မထွက်နိုင်တော့ပေ။ သူ့ရဲ့အသွေးအသားတွေအကုန်လုံးဆီ အဆိပ်တွေက သစ်ပင်အမြစ်တွယ်သလိုအပေါက်တွေဖောက်ပြီး အနက်ဆုံးနေရာအထိ တွယ်ဝင်နေကြသည်။ ပြီးတော့ သူရဲ့ သွေးတွေကိုစုပ်ယူနေသည်။ နောက်ဆုံးအကြိမ်အနေဖြင့် ဝမ်ယောလ် ကို ဘတ်အွန်း ကြည့်နေလိုက်သည်။ သူ့ကိုလှည်းစားခဲ့လို့ မုန်းနေပေမဲ့ ချစ်ခဲ့တာကိုတော့ သူ့ကိုယ်သူလိမ်လို့မရခဲ့ဘူး။ နောက်ဆုံးအချိန်က ဝမ်ယောလ် ရင်ခွင်ထဲမှာဖြစ်ခဲ့ရင် သူ သေပျော်ပါပြီ။
ဘတ်အွန်း ဝမ်ယောလ် ရင်ခွင်ထဲ မှီချလိုက်သည်။ တဖြည်းဖြည်း အသက်ရှူသံတွေနှေးလာသည်အထိ ဝမ်ယောလ် လက်မလျှော့သေးပေ။
'အွန်းလေး ကို ကိုယ် ရအောင်ကယ်မယ်။ ခဏလောက်လေး အားတင်းထားပါ ။ အွန်းလေး...အွန်းလေး ကိုယ်ပြောတာကြားရလား .... အွန်းလေး!'
ဘတ်ဟျွန်း ရဲ့မျက်လုံးက အပြာရောင်ကနေ ခရမ်းရောင်ပြောင်းလာချိန်မှာတော့ သု့စွမ်းအားကိုတစ်ယောက်ယောက်က ထိန်းချုပ်လိုက်သလိုဖြစ်ပြီး လက်ရှိကမ္ဘာ ပုံမှန်စိတ်ကိုဖြစ်သွားစေသည်။
'ငါဘာတွေလုပ်နေတာလဲ'
ဘတ်ဟျွန်း စိတ်လျှော့လိုက်ချိန်တွင် ဘတ်အွန်း ၏ အဆိပ်တွေအားလုံးပြေသွားပြီး ဓားဒဏ်ရာပဲကျန်နေခဲ့တော့သည်။ ဘတ်အွန်း ကတော့ ဒဏ်ရာအရှိန်ကြောင့် သတိလစ်သွားပြီး ဝမ်ယောလ် ဆေးထည့်ပေးနေတာကိုတောင် မသိတော့ပေ။
ဘတ်ဟျွန်း ရွက်ဖျင်တံခါးစလေးကို အသာလှပ်လိုက်ပြီး ဘတ်အွန်း ကို ဂရုတစိုက်လုပ်ပေးနေသော ဝမ်ယောလ် ကိုကြည့်နေသည်။
'အဲ့လောက်တောင် ချစ်တာပဲလား'
ဘတ်ဟျွန်း လွင့်စင်သွားသော ဓားကိုသွားကောက်လိုက်ပြီး ဘတ်အွန်း ဒဏ်ရာရတဲ့လက်နေရာနဲ့ထပ်တူ လှီးဖြတ်လိုက်သည်။
'အ့'
ဒီလိုဆိုရင် ဝမ်ယောလ် သူ့ကို ဂရုမစိုက်ဘဲ နေမရတော့ဘူး။ ဘတ်အွန်း ဆီရောက်နေတဲ့ ဝမ်ယောလ် ကို သူ့ဆီပြန်ခေါ်ရမည်။ ဘတ်အွန်း အနားမှာ ဝမ်ယောလ် အနေများလေ သူထွက်သွားရမဲ့အချိန်က စောလေပဲ။ သူမခွဲချင်သေးဘူး..........။
~~~~~~~~~~
ဘတ်အွန်း အခြေအနေစိတ်ချရပြီဆိုမှ ဝမ်ယောလ် သူ့နေရာကိုပြန်ရန် ပြင်လိုက်သည်။ ထိုအခါမှ တဲထဲတွင်တစ်ချိန်လုံးရှိနေသော ဘတ်ဘွန်း ကို ဝမ်ယောလ် တွေ့တော့သည်။
'မင်းသားကို အလုပ်ရှုပ်စေမိပြီ'
'ရပါတယ်။ အွန်းလေး ကို ဂရုစိုက်ရမှာ ကျွန်တော့်တာဝန်ပဲ'
ဝမ်ယောလ် အပြောကြောင့် ဘတ်ဘွန်း ရယ်လိုက်ပြီး
'ကြည့်ရတာ မင်္ဂလာသတင်းကြားရဦးမယ်ထင်တယ်'
ဝမ်ယောလ် ဂုတ်လေး ပွတ်ပြီး ရှက်ရယ် ရယ်နေသည်။ ပြီးနောက် အိပ်ပျော်နေသော ဘတ်အွန်း ကိုကြည့်လိုက်ပြီး
'ကျွန်တော် ခဏနေရင်ပြန်လာခဲ့ပါ့မယ်'
'တံခါးဆီသွားမလို့လား'
'အင်း။ သော့ကတော်တော်လျော့နေပုံပဲ ။ ဒီလိုအဆိပ်ရှိလက်နက်တောင် ထွက်လာနိုင်နေတော့'
'မဟုတ်ဘူး။ သွားစရာမလိုတော့ဘူး'
'ဘာလို့လဲ'
'ကံကြမ္မာမင်းကြီးရဲ့ စွမ်းအားအနည်းငယ်ပြန်ရောက်လာလို့ သော့တွေက ခိုင်သွားပြီ။ အလှည့်ကျစွမ်းအားဖြည့်ပေးနေတဲ့သူတွေကိုတောင် နားခိုင်းထားတယ်'
'ဘယ်လိုလုပ်ပြီး နတ်မင်းကြီးရဲ့ စွမ်းအားကရောက်လာတာလဲ'
ဘတ်ဘွန်း လည်းခေါင်းခါပြလိုက်ပြီး
'မသိဘူး။ ကြည့်ရတာ ငရဲပြည်က မိစ္ဆာတွေ ထပ်ပေါ်လာမှာကို သူလည်းမလိုလားလို့နေမှာပေါ့'
ဝမ်ယောလ် ဘတ်အွန်း အနားတွင် ပြန်ထိုင်လိုက်ပြီး ဘတ်အွန်းလက်လေးကို သူ့ရဲ့ပါးပြင်တွင် ကပ်ထားလိုက်သည်။
'ကြည့်ရတာ နတ်မင်းကြီးက အွန်းလေး ကို ချစ်တဲ့ပုံပဲ'
'ငါမြင်ရတာတော့ မင်းသားက ပိုချစ်နေတာပါ'
ဘတ်ဟျွန်း လက်ဒဏ်ရာနဲ့ပဲ တဲထဲကိုလှမ်းကြည့်နေသည်။ ဓားရဲ့အဆိပ်က သူ့ကိုအဆိပ်မိနိုင်သောကြောင့် သာမန်ရှရာအဖြစ်သာရှိနေသည်။
ဘတ်ဟျွန်း နံရံပေါ်က ဂူအပေါက်ထဲ ပြန်သွားလိုက်ပြီး လက်ကဒဏ်ရာကို အဝတ်ဖြင့်စည်းထားလိုက်သည်။ ဘတ်အွန်း သတိရလာမှ သူ ဝမ်ယောလ် ဆီသွားပြီး ဘတ်အွန်း ဆီထပ်မသွားအောင် လုပ်ရမည်။
'ဒီဓားက ဘယ်ကရောက်လာတာလဲ'
ဘတ်ဟျွန်း ကို အဆိပ်မဖြစ်စေပေမဲ့ ဓားက အခုထိ အနက်ရောင်အငွေ့တွေဖြင့် ပြည့်နေတုန်းဖြစ်သည်။ နတ်နှစ်ပါးရဲ့သွေးတွေကိုသောက်သုံးထားလို့ ပိုပြီး အာဟာရပြည့်နေတာကို ဘတ်ဟျွန်း မသိပေ။
ဓားက အမဲရောင်အငွေ့တွေပြည့်နေသော ဓားမြှောင်လေးဖြစ်သည်။ ငရဲပြည်ရဲ့ပစ္စည်းတစ်ခုဖြစ်ပြီး ဘယ်လိုနေရာမှာသုံးလဲ သူမသိပေ။
'ရှုပ်တယ်'
ဘတ်ဟျွန်း ဓားကို ပစ်ထုတ်လိုက်သည်။ တခြားနေရာကိုပစ်လိုက်ပေမဲ့ ဓားက တစ်ခုခုရဲ့ဆွဲငင်အားကြောင့် ငရဲပြည်တံခါးပေါက်တွင် စိုက်ဝင်သွားသည်။ ပြီးနောက် သူသောက်သုံးထားသော နတ်သွေးတွေကို လွှတ်ထုတ်လိုက် ပြီးတဲ့နောက်မှာတော့ တံခါးရဲ့သော့စွမ်းအားတွေက တဖြည်းဖြည်းလျော့သွားခဲ့သည်။
~~~~~~~~~~~~~
ညနေပိုင်းလောက်ရောက်တော့ ဘတ်အွန်း နိုးလာသည်။ သူ့လက်ကိုကိုင်ပြီး အိပ်ပျော်နေတဲ့ ဝမ်ယောလ် ကိုတွေ့တော့ သူ့ရင်ထဲနွေးထွေးသွားသည်။ တစ်ချိန်လုံး အနီးကပ်စောင့်ရှောက်ခဲ့တဲ့အသိနဲ့ပင် ဘတ်အွန်း ရဲ့ ဒဏ်ရာတစ်ဝက်ကို သက်သာသွားစေသည်။
'နိုးလာပြီလား အွန်းလေး'
'အင်း'
'ဘယ်လိုနေသေးလဲ'
'နည်းနည်းနာရုံပါပဲ'
'တော်သေးတာပေါ့ ကြီးကြီးမားမားမဖြစ်သွားတာ'
စိမ်းပြာရောင်မျက်လုံးပိုင်ရှင်က ဖျော့တော့စွာပြုံးပြပြီး ခေါင်းငုံ့သွားသည်။
'ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အသက်ကို ကယ်ပေးလို့'
'မဟုတ်တာပဲ'
အွန်းလေး က ကိုယ့်ကြင်ယာတော်ပဲ ဆိုသည့် စကားကိုတော့ ဝမ်ယောလ် မပြောခဲ့ပေ။ မျက်လုံးအပြာရောင်ဖြစ်မှ ထိုစကားက ပြောသင့်သည်ထင်သည်။
'အွန်းလေး လည်း ခဏနားလိုက်ဦးလေ။ ကိုယ် ခဏနေမှ ဒဏ်ရာဆေးလာထည့်ပေးမယ်'
ဝမ်ယောလ် ထွက်သွားတော့ ဘတ်အွန်း နားမလည်နိုင်စွာကျန်နေခဲ့သည်။ အမှန်ဆို စကားနည်းနည်းလောက်ဆက်ပြောနေရင်တောင် အဆင်ပြေနေပြီကို....။ ဘတ်အွန်း သွားနေပြီဖြစ်သော ဝမ်ယောလ် ရဲ့ကျောပြင်ကို ဝမ်းနည်းစွာ ငေးကြည့်နေမိသည်။ သူ့ဘက်ကပဲ စည်းကျော်နေခဲ့မိတာလား?
ဘတ်ဟျွန်း ဝမ်ယောလ် အပြင်ကိုထွက်ဖို့ လျှောက်လာတာမြင်တောင် အကွယ်မှာသွားရပ်လိုက်ပြီး အခြေအနေကြည့်နေသည်။
အမှန်တစ်ကယ်တော့ ဝမ်ယောလ် ဘတ်အွန်း ကို ပွေ့ဖက်ပြီး နှစ်သိမ့်ပေးချင်သည်။ ဒါပေမဲ့ မျက်လုံးကအပြာရောင်မဖြစ်မချင်း မသိသလိုနေဖို့ မှာထားတော့ သူ့မှာ အောင့်သက်သက်နဲ့သာပြန်လာခဲ့ရသည်။ ဘတ်အွန်း မျက်လုံးအပြာရောင်ပြောင်းပြီး သူ့ကိုလာတွေ့မည့်အချိန်ကိုသာ စောင့်နေရတော့မည်။ အခုတော့ ချစ်ရသူက ဒဏ်ရာရထားသည်မဟုတ်လား။
ဘတ်ဟျွန်း ဝမ်ယောလ် အခြေအနေကိုကြည့်ပြီး သူ့ကိုမရိပ်မိသွားတာကိုသိပြီး သက်ပြင်းမောချနိုင်တော့သည်။ ပြီးတဲ့နောက်မှာတော့ ဘတ်ဟျွန်း ဝမ်ယောလ် အနောက် လိုက်သွားသည်။
ဝမ်ယောလ် တဲထဲပြန်ရောက်တော့ အကောင်းဆုံးဆိုသော ဆေးတွေကို သူ့စွမ်းအားဖြင့်ရှာနေသည်။
'ယောလ်'
ဘတ်ဟျွန်း ဝမ်ယောလ် ခါးကိုပြေးဖက်လိုက်ပြီး ကျောပြင်တွင် ပါးအပ်ထားလိုက်သည်။
'နေမကောင်းတာကို ဘာလို့လိုက်လာတာလဲ'
'လွမ်းလို့'
'အမ်. အခုပဲ တွေ့လာတာလေ'
'မတူဘူးလေ။ အဲ့ဒါက ဒီလို ဖက်လို့မှမရတာ'
ဘတ်ဟျွန်း ပိုတိုးပြီး ဖက်လိုက်တော့ ဝမ်ယောလ် က သဘောကျစွာရယ်သည်။ ပြီးတဲ့နောက်မှာတော့ ဘတ်ဟျွန်း ဘက်ကို လှည့်လိုက်ပြီး ဘတ်ဟျွန်း ကို သူ့ရင်ခွင်ထဲမြုပ်နေအောင်ဖက်ထားလိုက်သည်။
ဒါကမှ သူဖက်နေကျ အွန်းလေး အစစ်..။
'ရောက်လက်စနဲ့ တစ်ခါတည်းဆေးထည့်သွားလိုက်'
'အင်း'
ဘတ်ဟျွန်း ကို ထိုင်ခုံမှာထိုင်စေပြီး ဝမ်ယောလ် က ဘတ်ဟျွန်း လက်မောင်းကပတ်တီးကို ဖြေလိုက်သည်။
ပတ်တီးစည်းထားတာကအစ ဘတ်ဟျွန်း က ဘတ်အွန်း လက်ကအတိုင်း ထပ်တူလုပ်ထားသောကြောင့် ဝမ်ယောလ် မရိပ်မိလိုက်ဘဲ ဆေးသေချာထည့်ပေးနေသည်။
'ညကျရင် မလာနဲ့တော့'
'ဘာလို့လဲ'
'မကောင်းဘူးလေ။ အစ်ကိုကြီး ရိပ်မိသွားပြီမဟုတ်လား'
ဘတ်ဟျွန်း စကားကြောင့် ဝမ်ယောလ် ပြုံးလိုက်ပြီး
'သူကသဘောတူပါတယ်'
'ဟုတ်လား'
'အင်း'
'ဒါပေမဲ့လည်း အများအမြင်မှာမကောင်းဘူးလေ'
'သဘောပါ။ အွန်းလေး မလာစေချင်ရင် မလာတော့ဘူး'
'ဟုတ်'
ဝမ်ယောလ် ဘတ်ဟျွန်း ကိုဆေးလူးပေးနေရင်း အသည်းယားပြီး ပါးလေးကိုနမ်းလိုက်သည်။
သုံးလောကတံခါးတဖြည်းဖြည်းပွင့်လာတာကိုတော့ ဘယ်သူမှ သတိမထားမိသေးပေ။
~~~~~~~~~
မိုးလင်းသော်
ဘတ်ဟျွန်း ဂူပေါက်ဝလေးမှာပဲထိုင်နေကာ လက်မောင်းက ဝမ်ယောလ် စည်းပေးလိုက်တဲ့ ဒဏ်ရာကိုကြည့်ရင်းပြုံးနေသည်။ ဘတ်အွန်း တဲထဲမှာ ဘယ်လိုနေနေပြီလဲဆိုတာကို သူစိတ်မဝင်စား။ အခုလက်ရှိ သူဖြစ်ချင်သလို ဖြစ်ခွင့်ရနေတာကို ကျေနပ်နေမိသည်။
ဘတ်အွန်း တဲထဲမှာ ဘတ်ဘွန်း ဆေးထည့်ပေးနေတာကို နေနေတုန်း မနေ့ကတည်းကပြန်သွားပြီး ပေါ်မလာတဲ့ ဝမ်ယောလ် အကြောင်း တွေးနေမိသည်။
'အစ်ကိုကြီး ဘယ်လိုထင်လဲ အိမ်ရှေ့စံမင်းသားကို'
'သူက အွန်းလေး ကို ဂရုစိုက်ပါတယ်'
'မဖြစ်နိုင်တာ။ အခုပဲကြည့်လေ။ ပြန်သွားပြီးတော့ ပေါ်တောင်မလာဘူး'
ဘတ်အွန်း ဆူပုတ်ပြီးပြောနေတော့ ဘတ်ဘွန်း ကရယ်ကာ
'ဘာလဲ တစ်ညလောက်မတွေ့ရတာနဲ့ လွမ်းနေပြီလား'
'အစ်ကိုကြီးနော် ကျွန်တော် အတည်ပြောနေတာ'
'မနေ့က အွန်းလေး ရဲ့ဒဏ်ရာကို သူကုပေးတော့ သူ့စွမ်းအားတွေ တော်တော်ကုန်သွားတယ်လေ။ အဲ့ဒါကြောင့် ပြန်ပြီးကုနေတာနေမှာပါ။ မကြာခင်ရောက်လာမှာပေါ့။ တအားကြီး လွမ်းမနေနဲ့'
'အစ်ကိုကြီးနော်'
ဘတ်ဘွန်း က ဘတ်အွန်း ရဲ့ ခေါင်းလေးကိုပွတ်ပြီး အမြတ်တနိုးကြည့်နေသည်။ သူတို့အတွက် ဘတ်အွန်း က ရတနာတစ်ခုသဖွယ်ရှိနေသည်။
ဘတ်ဟျွန်း ထိုမြင်ကွင်းကိုကြည့်ရင်း ဝမ်ယောလ် ကို ပိုပြီးပြန်မပေးချင်တော့ပေ။ သူ့မှာ ဝမ်ယောလ် ပဲရှိတာ။ ဒီလိုတွေလုပ်ခဲ့လို့ နောက်တလည်းရမှာမဟုတ်ဘူးဆိုတာ သေချာသည်။
ထိုအချိန်တွင် သုံးလောကတံခါးပွင့်လာပြီး မိစ္ဆာတွေထွက်လာခဲ့သည်။
ဘတ်ဟျွန်း လှည့်ကြည့်ကြည့်လိုက်တော့နေရောင်ခံနိုင်တဲ့ မိစ္ဆာတွေက အပြင်ကိုပြေးထွက်လာပြီး စစ်သည်တွေကိုသတ်ကာသွေးစုပ်ယူတော့သည်။
ဘတ်ဟျွန်း ချက်ချင်းပဲ ဂူဆီပြေးတက်သွားကာ အခြေအနေကို ကြည့်နေသည်။ သူရှိနေလည်း ဘာမှမလုပ်တတ်ပေ။ သူသိသည်က ဝမ်ယောလ်....
'ယောလ် '
ဝမ်ယောလ် ၊ဘတ်အွန်း နဲ့ ဘတ်ဘွန်း တို့က အပြင်ကိုထွက်ပြီး မိစ္ဆာတွေကို တိုက်ခိုက်နေသည်။ ကံကောင်းသည်က တံခါးကအမှတ်မထင်ပွင့်သွားတော့ တံခါးနားရှိ မိစ္ဆာငယ်တွေလောက်သာ ရောက်လာခြင်းဖြစ်သည်။
'ဘယ်လိုဖြစ်ပြီး တံခါးကပွင့်သွားတာလဲ'
တံခါးပွင့်သွားတာကို သိပုံရတဲ့ ငရဲမင်းက သူ့ရဲ့ညာလက်ရုံးကို လွှတ်လိုက်ပြီး ဘတ်အွန်း တို့နဲ့တိုက်ခိုက်စေသည်။ ဒါပေမဲ့ သုံးယောက်ပေါင်းတာတောင် ထိုသူရဲ့ ပြိုင်ဘက်မဟုတ်ပေ။ မိစ္ဆာက အရှိန်ဖြင့် အချွန်နှစ်ဖက်ပါဓားကိုဝေ့ယှမ်းလိုက်သောကြောင့် ဘတ်အွန်း တို့အကုန် လွင့်စင်သွားသည်။ ဝမ်ယောလ် လည်း လွင့်သွားကာ ပါးစပ်ကနေ သွေးတွေပါအန်လာသည်။
သန့်စင်တဲ့နတ်သွေးအနံ့ကိုရသွားတဲ့ ညာလက်ရုံးမိစ္ဆာက ဝမ်ယောလ် ဆီသွားနေတုန်း ခေါင်းကို တကျွတ်ကျွတ်မြည်အောင် ဇာတ်ချိုးနေသည်။ အရိုးခြောက်မျက်နှာနှင့် ပိန်လှီနေသော ခန္ဓာကိုယ်က သွေးဘယ်နှနှစ်လောက် မသောက်ခဲ့ရလဲဆိုတာ ပေါ်လွင်နေသည်။
'နတ်ပြည်ရဲ့ အိမ်ရှေ့စံ....မီးနတ်ဘုရားမရဲ့သားက ဒီလောက် အားနည်းမယ်မထင်ထားဘူး'
ပုံမှန်အချိန်ဆို ဘတ်အွန်း ထိုအကောင်ကိုရင်ဆိုင်မှာပေမဲ့ မိစ္ဆာတွေပိုများလာလေ သူ့ရဲ့ဒဏ်ရာက အဆိပ်ဓာတ်က ပိုပြန်လာလေဖြစ်ပြီး နာကျင်လွန်းလို့ လူးလိမ့်နေရကာ ဘတ်ဘွန်း ထိန်းတာတောင်မရပေ။
တောင်အောက်ကအခြေအနေကို ဘတ်ဟျွန်း ကြည့်နေတုန်း ထိုမိစ္ဆာက ဝမ်ယောလ် ဆီသွားပြီး သတ်ဖို့ပြင်နေတာကို မြင်လိုက်ချိန် ဘတ်ဟျွန်း မျက်လုံးက အပြာရောင်ပိုတောက်လာပြီးနောက်
'ရာရာစစ နိမ့်ကျတဲ့လက်နဲ့ ငါ့လူကို လာထိရဲတယ်'
ဘတ်ဟျွန်း နဂါးပုံစံပြောင်းလိုက်ပြီး ဝမ်ယောလ် ရှိရာနေရာဆီပြေးဆင်းသွားသည်။
မိစ္ဆာကောင်က ဝမ်ယောလ် ကို ခုတ်ဖို့ ဓားဖြင့် ချိန်ရွယ်ပြီး ခုတ်ချလိုက်သည်။ သို့ပေမဲ့ ထိသွားတာက ဝမ်ယောလ် မဟုတ်ဘဲ မာကြောသော ကြေးခွံကိုသာထိသွားပြီး ဓားရဲ့အဆိပ်တွေက ထိုသူအားမသက်ရောက်နိုင်မှန်း သိလိုက်ရသည်။
'အွန်းလေး'
ညာလက်ရုံးက အံ့သြတကြီးကြည့်လိုက်တော့ သူနဲ့မျက်နှာချင်းဆိုင်တွင် အပြာရောင်မျက်လုံးပိုင်ရှင် နဂါးတစ်ကောင်ရှိနေပြီး ဝမ်ယောလ် ကို ကာကွယ်ထားသည်။
'စွမ်းအားမရှိတဲ့နဂါးက ငါနဲ့ယှဉ်လို့ရမယ်ထင်နေတာလား'
ဝမ်ယောလ် အံ့သြသွားပြီး ဘတ်ဟျွန်း ကိုကြည့်လိုက်တော့ ဘတ်ဟျွန်း က သူ့ကိုလှည့်ကြည့်ပြီးနောက် အရှေ့ကိုပြန်လှည့်သွားသည်။
'ပြန်တော့....မဟုတ်ရင် ငါ့အဆိုးမဆိုနဲ့'
'ဟား.......ဟား မင်းက ငါ့ကို ခြိမ်းခြောက်တယ်'
အကျည်းတန်လွန်သော ရယ်သံကြီးက တခြားမိစ္ဆာတွေဆီပါ ကူးစက်သွားစေသည်။
'ဟိုက နဂါးဖြူတောင် ဘာမှမလုပ်နိုင်တာ မင်းကဘာမို့လို့လဲ'
ဝမ်ယောလ် လှမ်းကြည့်ကြည့်လိုက်တော့ ဘတ်အွန်း က ဘတ်ဘွန်း ဆီတွင်သာရှိနေသည်။ ဒါဆို အခု သူ့ရှေ့မှာရောက်နေတာ ဘယ်သူလဲ......
'မယုံရင် စမ်းကြည့်ကြည့်လိုက်'
ဘတ်ဟျွန်း ရဲ့ အသံကတစ်စက်လေးမှမလျော့သွားပေ။ ဘတ်ဘွန်း ကတော့ ဘတ်ဟျွန်း ဘယ်လိုရောက်လာတာလဲကို စဉ်းစားနေသည်။
ဂျွတ်!! ဂျွတ်!!!
မိစ္ဆာရဲ့ ခေါင်းလှည့်ရင်းထွက်လာတဲ့ အသံက ကြက်သီးထစရာကောင်းပေမဲ့ ဘတ်ဟျွန်း ကတော့ ထိုသူလောက်ကို ဂရုတောင်မစိုက်ပေ။
မိစ္ဆာက သူ့ရဲ့ဓားကို အသုံးပြုလာချိန်မှာတော့ ဘတ်ဟျွန်း သူ့ရဲ့ခန္ဓာကိုယ်နဲ့ ရစ်ပတ်လိုက်ပြီး ပါးစပ်ကနေ အပြာရောင်မီးတောက်တွေ မှုတ်ထုတ်လိုက်သည်။ မိစ္ဆာဘုရင်ရဲ့ အစွမ်းထက်လှပါသည်ဆိုတော့ အဆိပ်လက်နက်တွေက ဘတ်ဟျွန်း အပေါ်မထိရောက်ဘဲ အရစ်ပတ်ခံလိုက်ရတာသာအဖက်တင်သည်။ နဂါးကြေးခွံတွင် ခြစ်ရာလေးတောင်မဖြစ်သွားပေ။
မိစ္ဆာကြီး မီးပြာကျသွားတာကိုမြင်ပြီး အသေးလေးတွေက ဘတ်ဟျွန်း ကို ပြေးပြီး တိုက်ခိုက်သည်။ ဘတ်ဟျွန်း အမြီးတစ်ချက်ရမ်းရုံနဲ့တင် အကုန်လုံး တံခါးပေါက်ဆီပြန်ရောက်သွားသည်။ ဘတ်အွန်း ရဲ့ လက်ကအဆိပ်လည်း မရှိတော့ပေ။ ဘတ်ဟျွန်း ဆက်ပြီး တိုက်ခိုက်ချင်သေးပေမဲ့ တံခါးနားရောက်ခါနီးတွင် သူ့ရဲ့စွမ်းအားတွေမတည်မငြိမ်ဖြစ်လာပြီး လုံးဝကုန်ခမ်းသွားသည်။ မျက်လုံးကလည်း သာမန်အပြာရောင်သာဖြစ်သွားပြီး မေ့လဲသွားတော့သည်။
'ဟျွန်းလေး !!'
ဘတ်အွန်း ဘတ်ဟျွန်း ဆီပြေးလာပြီး ဘတ်ဟျွန်း ကို ပွေ့ချီလိုက်သည်။
'သူ့ကိုခဏထားလိုက် အွန်းလေး။ တံခါးအရင်ပိတ်ရမယ်'
'အင်း'
ဘတ်အွန်း တံခါးဆီပြေးထွက်သွားတော့ ဘတ်ဘွန်း က လဲကျနေသော ဘတ်ဟျွန်း ကို မကြည်သောအကြည့်ဖြင့်ကြည့်သွားပြီး ခြေထောက်ကိုလည်း တက်နင်းသွားသည်။ ပြီးမှ ဘတ်အွန်း နောက်ပြေးလိုက်သွားသည်။
'အွန်းလေး နေရာယူချင်တဲ့ ကောင်'
ဘတ်အွန်း ကတော့ သူ့စွမ်းအားတွေအကုန်သုံးကာ တံခါးကိုပြန်ပိတ်လိုက်သည်။ ပြီးတဲ့နောက်မှာတော့ သူ့ဝိဉာဉ်ကိုသုံးပြီး ချိတ်ထပ်ပိတ်စေသည်။
ဝမ်ယောလ် ကတော့ သူမြင်လိုက်ရတဲ့အကြောင်းအရာတွေကို မမှီတော့ပေ။ နဂါးအဖြူကနှစ်ကောင်ရှိတာလား။ ဒါမှမဟုတ် ဘတ်အွန်း က သူ့ကိုစောင့်ရှောက်ဖို့လွှတ်ပေးထားတဲ့ အစောင့်အရှောက်လား။ အဲ့လိုဆိုတိုင်းလည်း အပြာရောင်မျက်လုံးက သူစောင့်မျှော်နေတဲ့မျက်လုံးပိုင်ရှင်။ ဘာတွေလဲ...။
ဘတ်အွန်း တံခါးကိုချိတ်ပိတ်ခဲ့ပေမဲ့ ဘယ်လောက်ထိ ကြာရှည်ခံနိုင်မလဲကတော့ သူလည်းမသိပေ။ ထိုအချိန်တွင် တံခါးရှိစွမ်းအားသော့တွေအားလုံး ပြန်လင်းလက်လာသည်။ ကံကြမ္မာနတ်မင်းကြီးရဲ့ စွမ်းအားသော့သည်လည်းပဲ လင်းလက်လာသည်။
'အွန်းလေး က ကံကြမ္မာနတ်မင်းပဲ။ ဒီသော့က ပိုင်ရှင်ရဲ့စွမ်းအားကို ခံစားမိလို့ စွမ်းအင်ပြန်ပြည့်ဝလာတာ။ အခု ဒီနေရာကို ကာကွယ်ဖို့မလိုတော့ဘူး'
ဘတ်ဘွန်း ကော ဘတ်အွန်း ကော ပျော်နေသည်။ သူတို့အိမ်ပြန်လို့ရပြီ။
'ဒီကိစ္စကို နတ်ပြည်ညီလာခံမှာပြောရမယ်။ အွန်းလေး ရဲ့ ဝိဉာဉ်နဲ့ ချိတ်ပိတ်လို့ စွမ်းအားအားလုံး ပြန်ရောက်လာတာဆိုပြီး'
'တစ်ကယ် ယုံတောင်မယုံနိုင်ဘူး'
ဘတ်အွန်း ကတော့ ဝမ်းသာစိတ်ဖြင့်သာ ရေရွတ်နေသည်။
'အခုချက်ချင်းပြန်မယ်'
'အင်း'
ဘတ်ဘွန်း ဘတ်အွန်း ကိုပြောနေတုန်း ဘတ်ဟျွန်း ရဲ့ ခန္ဓာကိုယ်ကို သူ့စွမ်းအားဖြင့် ဖျောက်ထားလိုက်သည်။
ဘတ်အွန်း ပြန်လာတော့ ဘတ်ဟျွန်း ကိုမတွေ့တာကြောင့်
'ဟျွန်းလေး ကော'
'သူပင်ပန်းနေပြီ။ အစ်ကိုကြီး စောင့်ရှောက်ပေးထားတယ်'
'ဖြစ်ပါ့မလား'
'အိမ်ပြန်ဖို့ပဲလုပ်ရအောင်လေ။ အိမ်ရှေ့စံကို သွားခေါ်လိုက်'
'ဟုတ်ကဲ့'
ဘတ်အွန်း ဝမ်ယောလ် ဆီပြေးသွားတော့မှ ဘတ်ဘွန်း သူ့လက်ဖဝါးထက်တွင် အိပ်ပျော်နေသော ဘတ်ဟျွန်း ကို ကြည့်လိုက်သည်။ အဖြူရောင်နဂါးပေါက်လေးတစ်ကောင်အဖြစ်ရှိနေသော်လည်း ဘတ်ဘွန်း စိတ်ထဲ အမြင်ကတ်ခြင်းတွေသာရှိနေသည်။ ဒီကိစ္စမှာလည်း အမှန်တစ်ကယ်ထိန်းသွားနိုင်သူက ဘတ်အွန်း မဟုတ်ဘဲ ဘတ်ဟျွန်း မှန်း သူသိသည်။ ပြောရလျှင် ဘတ်အွန်း က အဆုံးသတ်လေးလှအောင်လုပ်ပေးရုံပဲ။ အဲ့လိုဆိုတိုင်းလည်း ဘတ်ဟျွန်း က စွမ်းအားမရှိသော နတ်နဂါး။ ဒီကိစ္စဆောင်ရွက်ဖို့က ဘယ်လိုမှမဖြစ်နိုင်ပေ။ နန်းတော်ပြန်ရောက်မှ နဂါးမင်းကြီးနဲ့တိုင်ပင်ပြီး ဘတ်ဟျွန်း ကို ချုပ်သင့်ချုပ်ထားရမည်။ ဘတ်အွန်း ရဲ့ ရှေ့ရေးကိုပိတ်ပင်မဲ့ ဘယ်သူမဆို သူဖျက်ဆီးပစ်ရန် ဝန်မလေးပေ။
≥≥≥≥≥≥≥≥FOREVERMORE≤≤≤≤≤≤≤≤≤≤≤≤
ဘတ်ဟျွန်း နိုးလာတော့ နဂါးနန်းတော်က သူ့အခန်းတွင် ဖြစ်နေသည်။ ရေအောက်နန်းတော်ရဲ့ ဆင်းရဲအမွဲတေဆုံးနေရာအဖြစ် သူ့နေရာက စံချိန်တင်လျက်ရှိနေသည်။ ဘတ်ဟျွန်း ခါးထဲက ဝတ်စုံအပြင် နောက်ထပ်ဝတ်စုံ တစ်စုံသာရှိနေပြီး အစေခံလည်းမရှိသလို မင်းသားအသုံးအဆောင်တွေလည်းမရှိပေ။ အိပ်ရာခင်းတောင် မလွှဲမရှောင်သာလို့ ပေးထားသည့်ပုံ။
ဘတ်ဟျွန်း နိုးလာလာချင်း ရင်ထဲ မအီမသာကြီးခံစားနေရသည်။ ထိုသို့ဖြစ်နေတာကြာပြီ။ သုံးလောကတံခါးဆီမသွားခင်ကတည်းကဖြစ်နေပေမဲ့ အမှုမဲ့အမှတ်မဲ့သာ နေနေဖြစ်သည်။ အခုကျတော့ ခေါင်းပါမူးနေသောကြောင့် တိုက်ပွဲအရှိန်ကြောင့်ဖြစ်မယ်ထင်ပြီး ခဏမျက်လုံမှိတ်ပြီး နေလိုက်သည်။ ပြီးတဲ့နောက်မှာတော့ ဘေးဘီကိုကြည့်လိုက်တော့ ဘာမှမရှိ ပြောင်သလင်းခါနေသော အခန်းကိုမြင်လိုက်ရတာကြောင့် အနည်းဆုံးတော့ သူ့ကို ဟိုမှာ ပစ်မထားခဲ့တာကိုပဲ ကျေးဇူးတင်ရမလို။
ဘတ်ဟျွန်း အဖြူရောင်ခြုံလွှာလေးကို ယူလိုက်ပြီး အခန်းအပြင်ကိုထွက်လာခဲ့လိုက်သည်။ ဒီမှာ မနေချင်ပေ။ ဝမ်ယောလ် နဲ့ သူ့ရဲ့စံအိမ်ကို အမြန်ပြန်သွားရမည်။
ဘတ်ဟျွန်း လမ်းလျှောက်နေရင်းမှ ချက်ချင်းရပ်လိုက်ပြီး
'တစ်ခုခုကိုမေ့နေသလိုပဲ'
ဘတ်ဟျွန်း မျက်စိမှိတ်ပြီး အသည်းအသန်စဉ်းစားသော်လည်း မရပေ။ ခုနက အမှတ်တမဲ့တွေးမိလိုက်သော တိုက်ပွဲအကြောင်း ခေါင်းထဲရောက်လာသည်။
'ဟုတ်တယ်။ တိုက်ပွဲဘယ်လိုဖြစ်သွားလဲ'
ဝမ်ယောလ် ကို မိစ္ဆာရန်ပြုနေတာမြင်ပြီးနောက် ဘာဆက်ဖြစ်သွားလဲ သူမသိတော့ပေ။ သူ့ရဲ့မသိအာရုံက စွမ်းအားကြီးမားပြီး သူအလိုရှိတဲ့အတိုင်းလုပ်ဆောင်ပေးနေတာကို သူမသိပေ။ မကြာခင်ကြုံတွေ့ရတော့မဲ့ ဆုံးရှုံးမှုကို မသိရသေးခင်အထိ ဘတ်ဟျွန်း စိတ်တွေအေးချမ်းနေခဲ့သည်။
'ဟဲ့ ဘတ်ဟျွန်း'
ဘတ်ဟျွန်း ကိုတွေ့တော့ နဂါးအစေခံမတစ်ယောက်က လှမ်းခေါ်သည်။
ဘတ်ဟျွန်း က ဘာမှမပြောဘဲ ကြည့်နေတော့
'ကြောင်သူတော် ကြွက်သူခိုး လုပ်နေတာနဲ့ သနားဖို့ကောင်းမယ်ထင်နေတာလား။ နင်လုပ်ထားတာတွေအားလုံး အိမ်ရှေ့စံကော မင်းကြီးကော သိသွားပြီ။ နင့်ကို မင်းသားလေး ဘတ်အွန်း က ထပ်ကာကွယ်ပေးမယ်ထင်နေတာလား'
'ဘာပြောနေတာလဲ'
ခါတိုင်းလည်း ထိုကဲ့သို နှိမ့်ချစကားတွေပြောနေသောကြောင့် ဘတ်ဟျွန်း စိတ်ထဲ ထွေထွေထူးထူး မခံစားရပေ။
'အခုမှ နားမလည်ချင်ယောင်ဆောင်နေတယ်။ နင် မင်းသားလေးအယောင်ဆောင်ပြီး အိမ်ရှေ့စံကိုလက်ထပ်ထားတာ အကုန်လုံးသိနေပြီ'
'မဖြစ်နိုင်တာ'
ဘတ်ဟျွန်း မယုံပေ။ ချက်ချင်းကြီး ဝမ်ယောလ် တို့ကသိဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပေ။ သူလည်း အခုထိအကောင်းကြီးပဲလေ။ အေးအေးဆေးဆေးတောင် နိုးလာသေးတယ်။ ဒီကိစ္စသာ အားလုံးသိရိုးအမှန်ဆိုရင် သူ့ကို ခြေလက်သံကြိုးခတ်ပြီး အကျဉ်းသားလို ဆက်ဆံမှာကို မသိတာမှမဟုတ်ဘဲ။
'လိမ်နေတယ်'
'မယုံရင် နန်းရင်ပြင်ဆီသွားကြည့်ကြည့်လိုက်'
ဘတ်ဟျွန်း မယုံလို့ နန်းရင်ပြင်ဆီ သွားလိုက်သည်။
'ယောလ်'
ဘတ်ဟျွန်း နန်းရင်ပြင်ဆီရောက်တော့ ဝမ်ယောလ် အပြင် တခြားမင်းသားတွေအားလုံးပါ ဆုံနေသည်။
ဝမ်ယောလ် က ဘတ်အွန်း အားတောင်းပန်နေသည်။
'ကိုယ်တစ်ကယ် အွန်လေး လို့ပဲထင်ခဲ့တာ။ လက်စွပ်ကလည်း မညာနိုင်ဘူးဆိုပြီး လက်ထပ်လိုက်တာ။ မထင်ထားခဲ့တာက အွန်းလေး ရဲ့အမွှာက ကိုယ့်ရဲ့ ဝိဉာဉ်ငှက်တွေကိုတောင် လှည့်စားနိုင်မယ်လို့လေ။ အွန်းလေး ကို ကိုယ်တောင်းပန်ပါတယ်။ အွန်းလေး ကြိုက်တဲ့အပြစ်ဒဏ်ကို စီရင်ပါ။ ကိုယ်လက်ခံမယ်။ တစ်ခုပဲ......ကိုယ်နဲ့တော့ လက်ထပ်ရမယ်'
ဘတ်အွန်း ကတော့ အခုမှရောက်လာသော ဘတ်ဟျွန်း ကိုသာ စိုက်ကြည့်နေသည်။သူချစ်ခဲ့တဲ့သူက သူ့နောက်ကျောဓားနဲ့ထိုးပြီး ချစ်သူကို လုခဲ့မယ်လို့ မထင်ထားခဲ့ပေ။ ဒီကြားထဲ ဘတ်ဟျွန်း ပြောခဲ့သမျှ သွေးထိုးစကားတွေအားလုံးကိုလည်း ယုံခဲ့သေးတာ။
'ရပါတယ်။ မင်းသားအမှားကြီးပဲမှမဟုတ်တာ။ တစ်ကယ်တမ်းမှားတာက သူလေ...'
ဘတ်အွန်း ဘတ်ဟျွန်း ကိုကြည့်ပြီးပြောတော့ ဝမ်ယောလ် ကပါ လှည့်ကြည့်လိုက်သည်။
'ယောလ်'
ခွပ်!!!
ဘတ်ဟျွန်း လဲကျသွားသည်။ လဲကျသွားတဲ့ ဘတ်ဟျွန်း ကို ကော်လံစကနေပြန်ဆွဲပြီး နောက်တစ်ချက်ထပ်ထိုးသည်။
ဘတ်ဟျွန်း ပုံစံက တောင်းပန်ချင်စိတ် လုံးဝမရှိပေ။ သူမမှားဘူး။ လိုချင်တာအားလုံး ရနေတဲ့သူဆီကနေ တစ်ခုလေးပြန်ယူရုံပဲ။ အဲ့တစ်ခုက ဝမ်ယောလ် ဖြစ်နေတာတော့ မတတ်နိုင်ဘူး။ သူလည်း ဝမ်ယောလ် ကိုချစ်သည်။ ဘတ်အွန်း ပဲ ဝမ်ယောလ် ကိုချစ်တာမှမဟုတ်တာ။ ဘတ်အွန်း ချစ်တော့ ဘာမှမပြောကြပေမဲ့ သူချစ်မှ မှားသည်တဲ့လား။
'ဘတ်...ဟျွန်း.....အဲ့ဒါကြောင့် ငါ့ကို ဟျွန်း လို့ ခေါ်ခိုင်းခဲ့တာပေါ့။ မွေးစာရင်းထဲမှာတောင် မပါတဲ့သူက နဂါးမျိုးနွယ်စုရဲ့ စွမ်းအားအကြီးဆုံးနဂါးရဲ့နေရာကို လုယူချင်တယ်ပေါ့။ ပြီးတော့ မင်းအစ်ကိုအရင်းရဲ့ချစ်ရတဲ့သူကိုလေ'
'ကျွန်တော် ဘယ်တုန်းကမှ အစ်ကိုတော်ငယ်ရဲ့နေရာကို ယူဖို့စိတ်ကူးမရှိဘူး။ ကျနော်လိုချင်တာ ယောလ် ကိုပဲ'
ဝမ်ယောလ် ဟာသပြက်လုံးတစ်ခုကိုကြားလိုက်ရသလို ရယ်လိုက်ပြီး ဘတ်ဟျွန်း ရဲ့ ကော်လံစကို ဆောင့်လွှတ်ချလိုက်သည်။
ဘယ်သူတွေ ဘယ်လိုပဲ ထင်မြင်တွေးတောနေပါစေ ဘတ်ဟျွန်း ကတော့ ဝမ်ယောလ် ကိုသာ ကြည့်နေခဲ့သည်။ သူ့ရှေ့မှာရှိတဲ့ ဝမ်ယောလ် ရဲ့ လှုပ်ရှားမှုတစ်ခုစီတိုင်းက အဖိုးတန်သည်။ မျက်တောင်တစ်ချက်ခတ်သည်ကအစ လှုပ်ရှာတွေကအဆုံး အားလုံးကို သူမြတ်နိုးသည်။
'ငါက မင်းကိုလိုချင်ခဲ့လို့လား။ ငါချစ်တဲ့သူကို ငါလိုချင်ခဲ့တာ။ ငါချစ်တာ ဘတ်အွန်း ပဲ။ မင်းမဟုတ်ဘူး ဘတ်ဟျွန်း'
ထိုစကားကြားရမယ်မှန်းသိသည်။ ဒါပေမဲ့ ဘတ်ဟျွန်း ခေါင်းမာချင်သည်။ တစ်ချိန်လုံး ဝမ်ယောလ် နဲ့အတူနေခဲ့တာ ဘတ်ဟျွန်း လေ ဘတ်အွန်း မှမဟုတ်တာ။
'ဒါပေမဲ့ ယောလ် က .....'
ခွပ်!!!
ဘတ်ဟျွန်း ထပ်လဲကျသွားပြီး ဒီတစ်ကြိမ်တွင်တော့ ပါးစပ်ကနေ သွေးတွေပါ အန်လာသည်။
'ငါ့နာမည်က မင်းလို လိမ်လည်နေတဲ့ပါးစပ်က ထွက်ဖို့ မှည့်ထားတာမဟုတ်ဘူး'
ဘတ်ဟျွန်း မေးစေ့ဆီစီးကျလာသောသွေးတွေကို လက်ခုံဖြင့်သုတ်ပစ်လိုက်ပြီး
'မင်းသားက ဘတ်အွန်း ဆိုတဲ့ နာမည်ကိုပဲချစ်ခဲ့တာပါ။ တစ်ချိန်လုံး မင်းသားနဲ့အတူတူရှိနေတာက ဘတ်ဟျွန်း ဆိုတဲ့ ကျွန်တော်ပဲ။ ပြီးတော့ မင်းသားကို ကျွန်တော်က ဘတ်အွန်း ပါဆိုတဲ့တစ်ခုပဲ လိမ်ခဲ့တာ။ ကျန်တာအားလုံးက မင်းသားကို ကျွန်တော့်ရဲ့စိတ်ရင်းအမှန်နဲ့ချစ်ခဲ့တာကြီးပဲ'
ဘတ်ဟျွန်း မျက်လုံးက အခုချိန်ထိ ယုံကြည်မှု
ပြင်းထန်နေတုန်းပင်။ တောင်းပန်ကြောင်း တစ်စိုးတစ်စိတောင်မပြပေ။
'စိတ်မလုံလို့တောင် ဟျွန်း လို့ ပြောခဲ့သေးတယ်'
'အဲ့ဒါတော့ ငါကကျေးဇူးတင်ရမှာလား။ မင်းနဲ့လက်ထပ်ထားတာက တရားမဝင်ဘူး။ ငါဖူးစာနတ်မင်းကိုပြောပြီးပြီ။ မင်းနဲ့ငါရဲ့ ကတိစာချုပ်ကို ဖျက်သိမ်းဖို့'
ထိုအခါမှ ဘတ်ဟျွန်း ရဲ့ မာကြောဟန်ဆောင်နေတဲ့နှလုံးသားက ဝမ်းနည်းရိပ်သမ်းလာသည်။ သူ ဝမ်ယောလ် ကို အဆုံးရှုံးမခံနိုင်ဘူး။
'ယောလ် အဲ့လိုလုပ်လို့မရဘူး။ ကျွန်တော်က မင်းသားကိုယ်တိုင်ရွေးထားတဲ့ ၊ မင်းသားရဲ့ ဝိဉာဉ်ငှက်တွေက ဆုံမှတ်ပေးထားတဲ့ မင်းသားရဲ့ကြင်ယာတော်ပဲ။ ပြီးတော့ ဒီလက်စွပ်က ကျွန်တော်တို့ထိမ်းမြှားခြင်းရဲ့သက်သေလေ။ ဘတ်အွန်း မဟုတ်တဲ့ ဘတ်ဟျွန်း ရဲ့ လက်မှာမှ မင်းသားရဲ့လက်စွပ်က ရှင်သန်လာတာ'
'မင်းက အွန်းလေး ရဲ့ အမွှာ ညီလေ ။ မျက်လုံးကလွဲပြီး ကျန်တာချွတ်စွတ်တူနေတာကို ငါ့ဝိဉာဉ်ငှက်နဲ့ လက်စွပ်က မှားတာ မထူးဆန်းဘူးလေ'
အခုအချိန်ထိ ဝမ်ယောလ် နဲ့ ဘတ်ဟျွန်း ရဲ့ စကားဝိုင်းထဲတွင် ဘယ်သူမှမပါလာသေးပေ။ အားလုံးက ဝမ်ယောလ် ရဲ့ ဘတ်ဟျွန်း အပေါ်စိတ်ဖြတ်နိုင်ရဲ့လားဆိုတာကို စမ်းသပ်နေကြသည်။ ထို့ကြောင့်လည်း အမှန်တရားစစ်ဆေးမှုမှာ နဂါးတိုင်းပြည်ဘက်က စတင်ပြီး ဘတ်ဟျွန်း ကိုမစစ်ဆေးခြင်း ဖြစ်သည်။ မလွှ ဲသာမရှောင်သာလို့ ဝမ်ယောလ် က ဘတ်ဟျွန်း ကို အပြစ်တင်တာမျိုး လက်မခံနိုင်ပေ။
ဝမ်ယောလ် က ဘတ်အွန်း ဆိုတဲ့နာမည်ကိုသာ ချစ်နေပြီး ခန္ဓာကိုယ်ကတော့ ဘတ်ဟျွန်း နဲ့ သာ အနေများနေခဲ့သည်။ ထို့ကြောင့် သူတို့ရဲ့ မင်းသားငယ်အား အိမ်ရှေ့စံလက်ထဲ စိတ်ချလက်ချထည့်ဖို့ အခြေအနေကို အေးအေးဆေးဆေးစောင့်ကြည့်နေသည်။ ဒါပြီးရင်တော့ ဝမ်ယောလ် က ဘတ်အွန်း နဲ့သာ လက်ထပ်ရပြီး ဘတ်ဟျွန်း ကတော့ တစ်ခုခုကို ကြုံတွေ့ရဖို့ရှိနေသည်။
'ကျွန်တော်ထိမ်းမြှားစာချုပ်ကို မဖျက်ဆီးနိုင်ဘူး။ ဘယ်လိုကြောင့်ပဲ လက်ထပ်ခဲ့ပါစေ ကျွန်တော်နဲ့ မင်းသားက လက်ထပ်ပြီးသားပဲ'
'မင်းကို နတ်ပြည်က လက်ခံမယ်ထင်နေတာလား'
'နတ်ပြည်က လက်ခံဖို့မလိုပါဘူး၊မင်းသား လက်ခံဖို့ပဲလိုတာ'
'မင်းမေ့နေပြီလား။ ထိမ်းမြှားစာချုပ်က နာမည်က ဘတ်..အွန်း'
ဝမ်ယောလ် က မဲ့ပြုံးပြုံးပြီး မျက်စိမျက်နှာပျက်နေသော ဘတ်ဟျွန်း ကို အရသာခံ ကြည့်နေသည်။ သူ့ကိုတစ်ချိန်လုံးအရူးလုပ်ထားခဲ့တာ ဒီစွမ်းအားမရှိတဲ့ နဂါးတစ်ကောင်ဆိုတာ ကိုယ်တိုင်ကြုံတွေ့လို့သာ ယုံနေရသည်။
'မင်းပြောကြည့်ကြည့် မင်းသဘောမတူလည်း ထိမ်းမြှားစာချုပ်က မင်းနဲ့ လုံးဝမဆိုင်ဘူး။ အဝေးကြီး'
ဘတ်ဟျွန်း ငြိမ်ကျသွားသည်။ သူ ဘာပြန်ပြောရမလဲ မသိတော့ပေ။
ဘတ်ဟျွန်း ချက်ချင်းဆိုသလို ဒူးထောက်ချလိုက်ပြီး ဝမ်ယောလ် ခြေထောက်ကိုဖက်ကာ
'ကျွန်တော် တောင်းပန်ပါတယ်။ ခွင့်လွှတ်ပေးပါ'
အခြေအနေတွေက ရုတ်တရက်ဖြစ်သွားတော့ တောင်းပန်တာအပြင် ဘာဆက်ပြောရမလဲ ဘတ်ဟျွန်း ဆိုတာ မသိတော့ဘူး။
'ကျွန်တော် မင်းသားကို စိတ်ရင်းအမှန်နဲ့ ချစ်ခဲ့တာပါ။ အဲ့အတွက်ကြောင့် အမှားတွေလုပ်ခဲ့မိတာ။ အခုအချိန်က စပြီး မလိမ်မညာတော့ပါဘူး။ မင်းသားကို အမှန်အတိုင်း ပြောပြမှာမို့လို့ ကျွန်တော်တို့ အရင်လိုပဲ ပြန်နေကြရအောင်နော်။ တစ်ချိန်လုံး ကျွန်တော်နဲ့အတူရှိခဲ့ပဲကို။ မင်းသား အစ်ကိုတော်ငယ်ကို ချစ်တာက ကျွန်တော့်လောက် သံယောဇဉ်မရှိပါဘူး။ ကျွန်တော်......ခဏ.....မင်းသားမချစ်လည်း ကျွန်တော်ကပဲချစ်ပေးမှာမို့လို့....'
ဘတ်ဟျွန်း စကားတွေက အဆီအငေါ်မတည့်တော့ပေ။ ဝမ်ယောလ် လက်ခံနိုင်အောင် ဘယ်လိုတွေရှင်းပြရမလဲ မသိတော့ပေ။ သူသိတာ ဝမ်ယောလ် ကို ချစ်တာ တစ်ခုပဲရှိသည်။ အဲ့အတွက်လည်း ဘာမဆို လုပ်ပေးမည်။
'အွန်းလေး သူ့ကို ခွင့်လွှတ်လား'
ဝမ်ယောလ် က သူ့ကို ဒူးထောက်ကာ အသနားခံမော့ကြည့်နေသော ဘတ်ဟျွန်း ကို ကြည့်ရင်းမေးလိုက်သည်။ ဘတ်အွန်း ပုံစံက ဘာမှမပြောချင်တဲ့ပုံစံဖြစ်နေသည်။ အချစ်နဲ့စစ်မှာ မတရားမရှိပေမဲ့ အခုအချိန်မှာ မတရားခံရတာက သူလေ။ ကိုယ်ချစ်တဲ့သူနဲ့ပျော်ရွှင်နေရမဲ့အချိန်မှာ သူကြောင့် အလွဲလွဲအချော်ချော်တွေဖြစ်ပြီး စိတ်ဆင်းရဲခဲ့ရပေါင်းမနည်းဘူး။ ဘတ်ဟျွန်း ပဲ ဝမ်ယောလ် ကိုချစ်တာမဟုတ်၊သူလည်း ချစ်သည်။ ခွင့်လွှတ်သင့် မသင့်ကတော့ စဉ်းစားဖို့အချိန်လိုဦးမည်။
'မသိဘူး'
ဘတ်အွန်း အဖြေကရှင်းသည်။ ဒီကိစ္စကို လက်ခံယုံကြည်ဖို့ကအချိန်လိုသေးသည်။ ဘတ်အွန်း ထွက်သွားသည်။ ဘတ်အွန်း သွားတော့ ဝမ်ယောလ် က အနောက်ကနေလိုက်သွားပြီး ဘတ်ဟျွန်း ကို ပစ်ထားခဲ့သည်။ ပထမဦးဆုံးအကြိမ်အဖြစ် ထားခဲ့တာကို ခံလိုက်ရတာကြောင့် ဘတ်ဟျွန်း ရင်ထဲ နာကျင်မှုတွေက စတင်ရောက်ရှိလာသည်။
အခုကျန်နေခဲ့တာက တစ်ချိန်လုံးငြိမ်နေခဲ့သည့် နဂါးမင်းနဲ့ သူ့ရဲ့သားတော်တွေ.....
ဘတ်ဟျွန်း ကို ဒူးထောက်ရာကနေမထစေဘဲ အကုန်လုံးက အပြစ်တင်ဖို့ကိုပဲ ပြင်ဆင်နေသည်။ မင်းသားကိုယ်စီက ကိုယ်ပိုင်ကြာပွတ်တွေထုတ်ပြီး နဂါးမင်းကိုကြည့်လိုက်သည်။
'မင်းအပြစ်မင်းသိလား ဘတ်ဟျွန်း'
ဘတ်ဟျွန်း နဂါးမင်းကို တစ်ချက်မော့ကြည့်ပြီး မသိချင်ယောင်ဆောင်နေလိုက်သည်။
သူ ဝမ်ယောလ် ကို ချစ်ခဲ့တာ အပြစ်မှမဟုတ်တာ။
'အိမ်ရှေ့စံနဲ့ ဟန်ဆောင်ပြီးသာ လက်ထပ်ပေလို့ပဲ မထီမဲ့မြင်လုပ်တာက ငါ့ကိုတောင် အရေးမလုပ်တော့ဘူးပေါ့။ ထားပါ....အဲ့ကိစ္စထက် မင်းက ငါ့သားရဲ့ တက်လမ်းကိုပိတ်နေတော့ ဘယ်လိုစီရင်ရမလဲ'
'ကျွန်တော်ကကော ခမည်းတော်သား မဟုတ်ဘူးလား'
နဂါးမင်းက မှင်သွေးကျောက်ဖြင့် ဘတ်ဟျွန်း ကိုကောက်ပေါက်လိုက်သည်။ ဘတ်ဟျွန်း နဖူးက သွေးတွေစီးကျလာပေမဲ့ ဘတ်ဟျွန်း ကတော့ မျက်နှာသေနဲ့ပဲ နဂါးမင်းကို ကြည့်ပြီး ဆက်ပြောသည်။
'ကျွန်တော် အမြဲတမ်း ခမည်းတော်ပြောတဲ့အတိုင်း နေခဲ့တယ်။ နန်းတော်မှာမနေနဲ့ဆိုလို့ အပြင်မှာနေတယ်။ အဆောင်အယောင်မပေးလို့လည်း အပြစ်မတင်ခဲ့ဘူး။ ကျွန်တော့်ကို ခမည်းတော်ရဲ့သားလို့ အသိအမှတ်မပြုတာတောင် ကျွန်တော် အကုန်လုံးကို မေတ္တာမပျက်ခဲ့ဖူးဘူး။ ကျွန်တော် ဘာကိုမှ မတောင်းဆိုခဲ့သလို မက်မက်မောမော လိုချင်တာလည်း မရှိခဲ့ဘူး။ မင်းသားက ပထမဆုံးနဲ့ နောက်ဆုံးအနေနဲ့ ကျွန်တော် ချစ်မြတ်နိုးလို့ လိုချင်ခဲ့တာ။ ခမည်းတော်တို့ အစ်ကိုတော်ငယ်ကို လိုလေးသေးမရှိ ဖြည့်ဆည်းပေးခဲ့တယ်လေ။ ကျွန်တော့်အတွက် ဒါလေးတစ်ခုတောင် မဖြည့်ဆည်းပေးချင်ဘူးလား'
'မင်းက အွန်းလေး လား'
ဘတ်ဟျွန်း ဘာမှမဖြေနိုင်လောက်အောင်ကို ရင်ထဲတစ်ဆို့သွားသည်။ စာလုံးရေနည်းပေမဲ့ စကားအများကြီးထက် ပိုထိရောက်နေသည်။
'စွမ်းအားကြောင့်လား........ကျွန်တော် အစ်ကိုတော်ငယ်လို စွမ်းအားရှိခဲ့ရင် မင်းသားကော ခမည်းတော်တို့ကော ကျွန်တော့်ကို ချစ်ပေးကြမှာလား'
ဘတ်ဘွန်း က မဲ့ပြုံးပြုံးကာ ပြန်ပြောလိုက်သည်။
'ခုနက စကားကိုနားမလည်ဘူးလား ဘတ်ဟျွန်း'
ဘတ်ဟျွန်း ဘတ်ဘွန်း ကို ဘာမှပြန်မပြောတော့ပေ။
'သူ့ကို ဘယ်လိုအပြစ်ပေးရမလဲ ခမည်းတော်'
'လုပ်ချင်သလိုလုပ်'
နဂါးမင်းကြီးဆီက ခွင့်ပြုချက်ရသည်နှင့် ဘတ်ဟျွန်းကိုယ်ပေါ် ကြာပွတ်ပေါင်းများစွာက ရိုက်နှက်လာခဲ့သည်။ဆူးဓားတွေပါသော ကြာပွတ်တွေဖြစ်တာကြောင့် ကျောပြင်တွေအပြင် လက်မောင်း နဲ့ တခြားနေရာမှာပါ သွေးတွေရဲလာသည်။ အချိန်အတော်ကြာ ရိုက်ပြီးနောက်မှာတော့ သူတို့တွေက ခဏနားလိုက်ကာ ဘတ်မွန်း နဲ့ ဘတ်ဟွန်း က ဘတ်ဟျွန်း လက်တစ်ဖက်စီကိုချုပ်လိုက်ပြီး ဘတ်ဘွန်း က ဓားမြှောင်ပါးလေးထုတ်ကာ
'အွန်းလေး နဲ့ ချွတ်စွတ်တူတဲ့ရုပ်ကိုသုံးပြီး အစ်ကို့ရဲ့ခင်ပွန်းလောင်းကို ထပ်မမြှူဆွယ်ရဲအောင် အပြစ်မပေးဘူးလား'
'ကြောင်နှုတ်ခမ်းမွှေး ဆွဲပေးလိုက်လေ'
'ဒါမှမဟုတ် ပါးမှ ဇာမဏီငှက်ပုံဆွဲပေးလိုက်။ ဒါမှ မတော်လိုက်ရတဲ့ မင်းသားကို လွမ်းဆွတ်မနေစရာမလိုတော့ဘဲ အပိုင်ဖြစ်သွားမှာ'
နန်းရင်ပြင်တွင် နဂါးမင်းသားတို့ရဲ့ ရယ်သံတွေမြိုင်သွားသည်။
ဘတ်ဟျွန်း ကတော့ ဒဏ်ရာတွေကြောင့် မလှုပ်နိုင်တော့ပေ။ စွမ်းအားမရှိသော နဂါးဖြစ်တာကြောင့် ဆေးအကူအညီမပါဘဲ ထိုဒဏ်ရာတွေကို ပျောက်အောင် မစွမ်းကူနိုင်ပေ။
'အ့'
ဘတ်ဘွန်း က ဘတ်ဟျွန်း ပါးပြင်တွင် ဓားဖြင့် တစ်ချက်ခြစ်လိုက်သည်။
'အစ်ကိုကြီးပြီးရင် ကျွန်တော့်အလှည့်'
ဤသိုဖြင့် ဘတ်ဟျွန် ၏မျက်နှာမှာ ဓားခြစ်ရာ ငါးခုလောက်ဖြစ်သွားသည်။
'တော်ကြတော့'
အကုန်လုံး အပြစ်ပေးလို့ဝမှ နဂါးမင်းက တော်ဖို့စကားပြောသည်။ ဘတ်ဟျွန်း နာကျင်လွန်းလို့ မျက်ရည်တွေကျလာသည့်တိုင် အားတင်းပြီး နဂါးပုံစံပြောင်းကာ သူ နေနေကျ ကျွန်းလေးဆီ ထွက်သွားခဲ့သည်။
°·°·°·°·°·°·°·°·°·°·°·°·°·°·°·°
ဘတ်ဟျွန်း က ဝမ်ယောလ် နဲ့ကျမှသာ စကားအများကြီးပြောတဲ့သူပါ။ တခြားသူတွေနဲ့ဆို လုံးဝမပြောသလောက်ရှိပါတယ်။ ပြီးတော့ လက်ရှိမှာ သူ့စွမ်းအားကမရှိသေးပါဘူး။ ဝမ်ယောလ် အန္တရာယ်နဲ့ကြုံမှ မသိစိတ်က ဖြစ်လာတာမျိုးပါ။
update ပေးချင်ဇောနဲ့သာရေးလိုက်တာ အရှေ့နဲ့အနောက် မလျော်ညီရင် ဖတ်လို့မပြေရင် လာပြောပါနော်။ ကျွန်တော်လည်း ပြန်ဖတ်ပြီး ပြေမပြေကြည့်လိုက်ပါဦးမယ်။ မရေးတာကြာတော့ တစ်မျိုးကြီးဖြစ်နေလို့😅