ရွှေရုပ်

By 14_ashes

261K 16.8K 771

ရင်ဘတ်ထဲ ပစ်ဝင်လာသော ဒဏ်ရာဒဏ်ချက်တွေသည် မျှော်လင့်ထားတာထက် ပိုဆိုးနေခဲ့သည်ကို သိလိုက်ချိန်တွင် နောက်ဆုတ်၍ မရန... More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃ ဇာတ်သိမ်း
Extra 1
Extra 2
Extra 3
👋🏻
Extra 4

အပိုင်း ၁၁

7.9K 603 6
By 14_ashes

Unicode

"ရွှေရုပ် မနေ့က ဘာလို့မလာတာလဲ..."

တွေ့လိုက်တိုင်း ချစ်ဖို့ကောင်းလိုက်တာလို့ တွေးမိသည့်အထိကို ရွှေရုပ်က ကုသိုလ်ကံထူးပါသည်...နှင်းလဲ ဘယ်ဘဝက ရေစက်ကြောင့်ရယ်မသိ ရွှေရုပ်ကိုဆို ကိုယ့်ညီမလေးလို ချစ်သည်...မနေ့က တစ်ရက် ရုံးမရောက်လာတာ နှင်းမှာ နေလို့တောင် မထိပါ...

"ရွှေရုပ်က လာချင်ပါတယ် မနှင်းရဲ့...အကျီတွေတောင် လဲထားပြီးမှ မမက ရုံးမသွားဘူးဆိုလို့ပါ...."

မမတဲ့လား...ရွှေရုပ်ကဖြင့် သစ္စာကို ချစ်ခင်သည့်ပုံလေးပါ...ခဏလေးပါသွားသော အသုံးအနှုန်းလေးမှာပင် အားကိုးတဲ့အရိပ် ချစ်တဲ့အရိပ်တွေ တွေ့နေရသည်...သစ္စာကတော့ ခပ်တင်းတင်းပါပဲ...နှင်းသည် တဖြည်းဖြည်းနဲ့ ရွှေရုပ်တို့အကြောင်းကို သိချင်လာသည်...သူများအကြောင်းမို့ အတင်းမေးလို့လဲ မကောင်းပါ...

"ရွှေရုပ်နဲ့ သစ္စာက တူတူနေတာလား..."

ရွှေရုပ်က မျက်နှာအနည်းငယ်ပျက်သွားသည်...ပြီးတော့မှ အသံတိုးတိုးနဲ့ ပြောလာသည်...

"ဟုတ် အဲလိုပါပဲ... "

မဖြေချင်တဲ့ အရိပ်အငွေ့တွေ ခံစားမိသွားတော့ နှင်းဆက်မေးဖို့ အားနာသွားသည်... ကိုယ်ဆိုလဲ သူများက ကိုယ့်အကြောင်းလာမေးလျှင် ကြိုက်မည်မဟုတ်ပါ...ထို့ကြောင့် ရွှေရုပ်ကိုပဲ ပြုံးပြလိုက်ကာ...

"ဒီနေ့တော့ တို့နည်းနည်း အလုပ်ရှုပ်လိမ့်မယ် ရွှေရုပ်ရေ... နောက်လထဲ အသစ်ထုတ်မယ့်ဒီဇိုင်းတွေအတွက် model ကိုယ်တိုင်းသွားယူရမယ်...အဲဒါ ရွှေရုပ်ကို ခေါ်သွားမလို့..."

"ဟုတ် မနှင်း...အခုသွားတော့မှာလား..."

"အခုတော့ မဟုတ်သေးဘူး...ချိန်းထားတာက ၁၁နာရီလောက်မှလေ...ကိုယ်စောစောသွားလဲ သူအားတဲ့အချိန်မှ ရမှာဆိုတော့ အဲအချိန်လောက်ပဲ မှန်းသွားကြမယ်...ပြီးတော့မှ အပြန်ရင် နေ့လည်စာ အပြင်မှာ စားကြတာပေါ့ ဟုတ်လား..."

"ဟုတ်ကဲ့ မနှင်း..."

"အခုတော့ တို့ကို ဒီ ဒီဇိုင်းလေးတွေ ကူကြည့်ပေးပါဦး..."

မနှင်းနဲ့ အလုပ်တူတူလုပ်ရတာ ရွှေရုပ်ပျော်ပါသည်... နောက်ပိုရင်းနှီးသွားရင် ကောင်းမည်ဟုလဲ တွေးမိသည်...ရွှေရုပ်မှာ ရင်ဖွင့်စရာ လူမှမရှိဘဲ...မနှင်းကို ကိုယ့်အစ်မလို သူငယ်ချင်းလို သဘောထားလို့ရလျှင် ကောင်းပေမည်... အလုပ်ထဲ စိတ်ရောက်နေတုန်း တံခါးခေါက်သံကြားလို့ ကြည့်လိုက်တော့ မဝါဖြစ်နေသည်...

"နှင်းရေ...ရွှေရုပ်ကို ခဏခေါ်သွားမယ်နော်..."

အဲတော့မှပဲ မနေ့က သူပြောထားတဲ့ ကိစ္စကို ရွှေရုပ်သတိရသွားသည်...

"ဪ ခေါ်လေ...ဒါနဲ့ ကြာမှာလား...အပြင်သွားစရာရှိလို့ နေ့ခင်းလောက်ရင်..."

"မကြာဘူးလို့တော့ ပြောတယ် နှင်း..."

"အင်းအင်း ရွှေရုပ် အဲဒါတွေ ထားခဲ့..."

လုပ်လက်စတွေ အသာချပြီး ရွှေရုပ် သူ့ရုံးခန်းဘက် ထွက်လာခဲ့လိုက်သည်...ဦးလေးဖြစ်သူနဲ့ တွေ့ရမည်ဆိုသည့်တိုင် ရွှေရုပ် ဘယ်လိုမှမနေပါ...သွေးသားတော်စပ်ပေမယ့် တရင်းတနှီးမရှိခဲ့တာတွေကြောင့်ရော သူတို့ရဲ့ လုပ်ရပ်တွေကြောင့်ရော ရွှေရုပ်မှာ ဘာခံစားချက်မှ ရှိမနေတော့ပေ...

"ထိုင် ရွှေရုပ်..."

မမသစ္စာသည် စားပွဲထိပ်မှာ ထိုင်နေရင်း ရွှေရုပ်ကို ဘေးခုံဘက်ကို ညွှန်ပြရင်းဆိုသည်...အရှေ့တည့်တည့်မှာတော့ လူတစ်ဦး...အနည်းငယ် မြင်ဖူးသလိုရှိသည့် ထိုလူက ရွှေရုပ်ကို အားပါးတရ ပြုံးပြနေသည်...

"သမီး...ဦးလေးကို မမှတ်မိဘူးလား...ဦးနာမည်က ဦးအောင်ခိုင်လေ... သမီးဖေဖေရဲ့ အငယ်ဆုံးညီပေါ့..."

ဖေဖေ့ဆီ တစ်ခါတစ်လေမှ ရောက်လာတတ်သည့် သူမှန်း ရွှေရုပ် မှတ်မိလိုက်သည်...သဘော်သားဟု ဖေဖေပြောပြတတ်သည့် ထိုသူသည် ဖေဖေမဆုံးခင် အိမ်ကို တစ်ခေါက်ရောက်လာသေးသည်...ဆုံးပြီးသည့်နောက် အမျိုးတွေနဲ့ ဖေဖေတို့ရဲ့ ပိုင်ဆိုင်မှုတွေကို တိုးတိုးကြိတ်ကြိတ်ခွဲယူပြီး ပျောက်သွားကာ အခုမှ ပြန်ရောက်လာတာဖြစ်သည်...

"ဟုတ်ကဲ့...မှတ်မိပါတယ်... "

ရွှေရုပ်ရဲ့အပြောကြောင့် သူက အားတက်သွားပုံရကာ...

"ဦးလေးက အဆက်အသွယ်မရှိနေပေမယ့် သမီးကို သတိရနေတာ...ကိုယ့်တူမလေးတစ်ယောက်တည်း ကျန်ခဲ့တာဆိုတော့လေ...အလုပ်ကလဲ ပြန်လို့မရတာနဲ့ အခုအဆင်ပြေတာနဲ့ သမီးဆီ လာခဲ့တာ..."

သူက ရွှေရုပ်ကိုသာမက သစ္စာကိုပါ အကဲခတ်သလို ဝေ့ကြည့်လိုက်ပြန်သည်...ပြီးမှ ငြိမ်နေသည့် ရွှေရုပ်ကို စကားဆက်သည်...

"သမီး အခု နေရတာ အဆင်ပြေရဲ့လား...ဦးလေးကို အကုန်ပွင့်ပွင့်လင်းလင်းပြောပြလို့ရတယ်...ဦးလေးက သူစိမ်းမဟုတ်ဘူး...ပြီးတော့ သမီးအဆင်မပြေရင် ဦးလေးတို့မိသားစုနဲ့ လာနေလို့လဲရတယ်..."

"ရွှေရုပ် ဒီမှာနေရတာ အဆင်ပြေပါတယ် ဦးလေး..."

"မဟုတ်ဘူးလေ...သူစိမ်းဆီမှာနေတာ ကိုယ့်ဆွေမျိုးသားချင်းလောက် ဘယ်လိုကောင်းမှာလဲ...ပြီးတော့ သမီးအဆင်ပြေရင်တောင် ဦးလေးတို့မှာ စောင့်ရှောက်ရမယ့် ဝတ္တရားရှိတယ်...နောက် သမီးက ငယ်သေးတယ်...သမီးရဲ့ ပိုင်ဆိုင်မှုတွေ ဘာတွေကို ဘယ်လိုစီစဥ်ထားလဲ အဲတာတွေရော သိရဲ့လား..."

မမသစ္စာသည် စိတ်မရှည်တော့သည့်ပုံ ဖြစ်လာသည်...ရွှေရုပ် ခပ်မြန်မြန်ပင် ဖြတ်ပြောလိုက်တော့သည်...

"အဲဒါတွေအားလုံးကို ရွှေရုပ်နာမည်နဲ့ သေချာစီစဥ်ထားတာမလို့ ဦးလေး စိတ်ပူစရာ မလိုပါဘူး...ပြီးတော့ ရွှေရုပ်က အသက်လဲ ပြည့်ပြီမို့ ကိုယ်နေချင်တဲ့နေရာမှာ နေလို့ရပါတယ်...အခု မမက ရွှေရုပ်ကို အလုပ်လဲ စီစဥ်ပေးထားသလို သေချာလဲ စောင့်ရှောက်ထားတာမို့ ရွှေရုပ် ဒီမှာပဲ နေချင်ပါတယ် ဦးလေး..."

ပြောစရာရှိတာ အကုန်ပြောပြီးတာနှင့် ရွှေရုပ်ထရပ်လိုက်သည်...

"အလုပ်ဆက်လုပ်စရာရှိလို့ ခွင့်ပြုပါဦး... ရွှေရုပ်တို့ နောက်လဲ တွေ့စရာမရှိတော့ဘူးလို့ ထင်ပါတယ်... "

မျက်နှာကြီး မဲပုပ်ပြီး ကျန်ခဲ့သော ထိုလူကြီးက သစ္စာဘက်ကို မကျေမချမ်း လှည့်ကြည့်လာသည်...

"ငါ့တူမကို ဘယ်လိုတွေ ဖျားယောင်းထားတာလဲတောင် သိချင်လာပြီ...ဆွေမျိုးထက် သူစိမ်းကို ပိုယုံနေတာဆိုတော့လေ..."

"ဒါကတော့ ဆွေမျိုးလို့ အမည်တပ်ပြီး သူစိမ်းထက် ဆိုးဝါးတဲ့ လုပ်ရပ်တွေ လုပ်သွားတဲ့လူတွေကြောင့်မလို့ ဖြစ်ပါလိမ့်မယ် ဦးအောင်ခိုင်..."

"ဘာပြောတယ်..."

"ရှင်တို့အမျိုးအဆွေတွေ အဲကလေးမအပေါ် ဘာတွေလုပ်ခဲ့လဲဆိုတာ ကျွန်မမှာ သက်သေအကုန်လုံးရှိတယ် ... အဲဒါအပြင် ရှင်တို့အခု ဥပဒေနဲ့မကင်းတာတွေ ဘာတွေလုပ်နေလဲ ဆိုတာတွေရောပဲ..."

ဆိုဖာကို ကျောမှီချလိုက်ပြီး သစ္စာ လက်ပိုက်ကာ ထိုသူကို စေ့စေ့ကြည့်လိုက်သည်..

"ရွှေရုပ်ကိစ္စကို ဒီလောက်နဲ့ရပ်လိုက်မယ်ဆိုရင် ကျွန်မလဲ သိထားသမျှကို နှုတ်ပိတ်နေပေးမယ်..."

"ဪ မင်းက ဒီလိုလား..."

တုန်လှုပ်နေသော မျက်နှာကို ပြင်ပြီး ထိုသူက ဆက်ပြောလာသည်...

"ကောင်းပြီ...ငါ့တူမကလဲ ဒီမှာပဲနေချင်နေတာဆိုတော့ လက်လျှော့လိုက်မယ်...ဒါပေမယ့် မင်းက သူ့ကို ဘာလို့ဒီလိုတွေ လုပ်ပေးနေရတာလဲ...အဲအကြောင်းရင်းတော့ ငါ့ကို ပြောပြ..."

"ကျွန်မက မပြောပြချင်ဘူးဆိုရင်ရော..."

ဆက်ပြီး စကားတွေ ရှုပ်လာမှာကို သစ္စာ မလိုလားတော့...

"ရှင် ပြန်လို့ရပြီ ဦးအောင်ခိုင်...နောက်ထပ် ထပ်မတွေ့ရဖို့ မျှော်လင့်ပါတယ်..."

ဒေါသတွေကို မချိမဆန့် ထိန်းထားရတဲ့ပုံနဲ့ ထိုသူက မထဘဲ ထိုင်နေသည်...

"ဝါဝါရေ...ဧည့်သည်ကို ပြန်ပို့လိုက်တော့..."

"ဟုတ်ကဲ့ မမသစ္စာ..."

ထိုစဥ် ထိုသူက တစ်ခုခုကို စဥ်းစားမိသွားပုံနှင့် ထိုင်နေရာမှ ထရပ်လာသည်...

"သစ္စာ သစ္စာ... ငါဒီနာမည်ကို ရင်းနှီးနေပါတယ်လို့...မင်း ကိုမေတ္တာ သမီးပဲ... ဟုတ်တယ်မလား..."

သွားပြီ...ထိုသူ မှတ်မိသွားပြီ... မရိပ်မိလောက်ပါဘူးလို့ တွေးထားခဲ့ပေမယ့် သစ္စာ ကံဆိုးသွားခဲ့သည်...

"ကျွန်မ နာမည်အပြည့်အစုံက သစ္စာထင်လင်းပါ...ဦးအောင်ခိုင်...အရေးမပါတာတွေ ပြောမနေဘဲ ပြန်လိုက်ပါတော့..."

"ဟား...မင်း ငါ့ကို လှည့်လို့မရပါဘူး...ငါ မင်းရုပ်ကို သေချာ မှတ်မိပြီ..."

အောင်နိုင်သူအပြုံးနဲ့ ထိုလူက ကုတ်အကျီကော်လံကို ဆွဲဆန့်ကာ...

"သိပ်တော့ စိတ်ဝင်စားစရာ ကောင်းသွားပြီပေါ့ သစ္စာထင်လင်း... ကိုယ့်အဖေကို သတ်ခဲ့တယ်လို့ ပြောလို့ရတဲ့သူရဲ့ သမီးကို တကူးတက ခေါ်ပြီး စောင့်ရှောက်ထားတယ်ပေါ့လေ...အဟား...နောက်ပိုင်းတွေတော့ သေချာစောင့်ကြည့်ရတော့မှာပဲ..."

ထွက်သွားတဲ့ ကျောပြင်ကို ကြည့်ရင်း သစ္စာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်...ပိပိရိရိလုပ်နေတဲ့ကြားက ကိုယ့်ရဲ့ အားနည်းချက်ကို ရန်သူက တွေ့သွားခဲ့လေပြီ...

ဘယ်အရာကိုမှ မကြောက်ဘဲ ရဲရဲရင့်ရင့် ရင်ဆိုင်လာခဲ့သော သစ္စာသည် ဤတစ်ကြိမ်တွင်ဖြင့် ပူလောင်မှုနဲ့ စိုးရိမ်မှုတို့ကို တစ်ပြိုင်တည်း ခံစားနေရပေသည်...

🍂

Ps.... double upပေးရမလားပြော...upဖြစ်ရင်တော့ မနက်ဖြန်မတင်ဘူးနော်...သဘက်ခါလဲ မသေချာဘူး 😝

Zawgi

"ေ႐ႊ႐ုပ္ မေန႕က ဘာလို႔မလာတာလဲ..."

ေတြ႕လိုက္တိုင္း ခ်စ္ဖို႔ေကာင္းလိုက္တာလို႔ ေတြးမိသည့္အထိကို ေ႐ႊ႐ုပ္က ကုသိုလ္ကံထူးပါသည္...ႏွင္းလဲ ဘယ္ဘဝက ေရစက္ေၾကာင့္ရယ္မသိ ေ႐ႊ႐ုပ္ကိုဆို ကိုယ့္ညီမေလးလို ခ်စ္သည္...မေန႕က တစ္ရက္ ႐ုံးမေရာက္လာတာ ႏွင္းမွာ ေနလို႔ေတာင္ မထိပါ...

"ေ႐ႊ႐ုပ္က လာခ်င္ပါတယ္ မႏွင္းရဲ႕...အက်ီေတြေတာင္ လဲထားၿပီးမွ မမက ႐ုံးမသြားဘူးဆိုလို႔ပါ...."

မမတဲ့လား...ေ႐ႊ႐ုပ္ကျဖင့္ သစၥာကို ခ်စ္ခင္သည့္ပုံေလးပါ...ခဏေလးပါသြားေသာ အသုံးအႏႈန္းေလးမွာပင္ အားကိုးတဲ့အရိပ္ ခ်စ္တဲ့အရိပ္ေတြ ေတြ႕ေနရသည္...သစၥာကေတာ့ ခပ္တင္းတင္းပါပဲ...ႏွင္းသည္ တျဖည္းျဖည္းနဲ႕ ေ႐ႊ႐ုပ္တို႔အေၾကာင္းကို သိခ်င္လာသည္...သူမ်ားအေၾကာင္းမို႔ အတင္းေမးလို႔လဲ မေကာင္းပါ...

"ေ႐ႊ႐ုပ္နဲ႕ သစၥာက တူတူေနတာလား..."

ေ႐ႊ႐ုပ္က မ်က္ႏွာအနည္းငယ္ပ်က္သြားသည္...ၿပီးေတာ့မွ အသံတိုးတိုးနဲ႕ ေျပာလာသည္...

"ဟုတ္ အဲလိုပါပဲ... "

မေျဖခ်င္တဲ့ အရိပ္အေငြ႕ေတြ ခံစားမိသြားေတာ့ ႏွင္းဆက္ေမးဖို႔ အားနာသြားသည္... ကိုယ္ဆိုလဲ သူမ်ားက ကိုယ့္အေၾကာင္းလာေမးလွ်င္ ႀကိဳက္မည္မဟုတ္ပါ...ထို႔ေၾကာင့္ ေ႐ႊ႐ုပ္ကိုပဲ ၿပဳံးျပလိုက္ကာ...

"ဒီေန႕ေတာ့ တို႔နည္းနည္း အလုပ္ရႈပ္လိမ့္မယ္ ေ႐ႊ႐ုပ္ေရ... ေနာက္လထဲ အသစ္ထုတ္မယ့္ဒီဇိုင္းေတြအတြက္ model ကိုယ္တိုင္းသြားယူရမယ္...အဲဒါ ေ႐ႊ႐ုပ္ကို ေခၚသြားမလို႔..."

"ဟုတ္ မႏွင္း...အခုသြားေတာ့မွာလား..."

"အခုေတာ့ မဟုတ္ေသးဘူး...ခ်ိန္းထားတာက ၁၁နာရီေလာက္မွေလ...ကိုယ္ေစာေစာသြားလဲ သူအားတဲ့အခ်ိန္မွ ရမွာဆိုေတာ့ အဲအခ်ိန္ေလာက္ပဲ မွန္းသြားၾကမယ္...ၿပီးေတာ့မွ အျပန္ရင္ ေန႕လည္စာ အျပင္မွာ စားၾကတာေပါ့ ဟုတ္လား..."

"ဟုတ္ကဲ့ မႏွင္း..."

"အခုေတာ့ တို႔ကို ဒီ ဒီဇိုင္းေလးေတြ ကူၾကည့္ေပးပါဦး..."

မႏွင္းနဲ႕ အလုပ္တူတူလုပ္ရတာ ေ႐ႊ႐ုပ္ေပ်ာ္ပါသည္... ေနာက္ပိုရင္းႏွီးသြားရင္ ေကာင္းမည္ဟုလဲ ေတြးမိသည္...ေ႐ႊ႐ုပ္မွာ ရင္ဖြင့္စရာ လူမွမရွိဘဲ...မႏွင္းကို ကိုယ့္အစ္မလို သူငယ္ခ်င္းလို သေဘာထားလို႔ရလွ်င္ ေကာင္းေပမည္... အလုပ္ထဲ စိတ္ေရာက္ေနတုန္း တံခါးေခါက္သံၾကားလို႔ ၾကည့္လိုက္ေတာ့ မဝါျဖစ္ေနသည္...

"ႏွင္းေရ...ေ႐ႊ႐ုပ္ကို ခဏေခၚသြားမယ္ေနာ္..."

အဲေတာ့မွပဲ မေန႕က သူေျပာထားတဲ့ ကိစၥကို ေ႐ႊ႐ုပ္သတိရသြားသည္...

"ဪ ေခၚေလ...ဒါနဲ႕ ၾကာမွာလား...အျပင္သြားစရာရွိလို႔ ေန႕ခင္းေလာက္ရင္..."

"မၾကာဘူးလို႔ေတာ့ ေျပာတယ္ ႏွင္း..."

"အင္းအင္း ေ႐ႊ႐ုပ္ အဲဒါေတြ ထားခဲ့..."

လုပ္လက္စေတြ အသာခ်ၿပီး ေ႐ႊ႐ုပ္ သူ႕႐ုံးခန္းဘက္ ထြက္လာခဲ့လိုက္သည္...ဦးေလးျဖစ္သူနဲ႕ ေတြ႕ရမည္ဆိုသည့္တိုင္ ေ႐ႊ႐ုပ္ ဘယ္လိုမွမေနပါ...ေသြးသားေတာ္စပ္ေပမယ့္ တရင္းတႏွီးမရွိခဲ့တာေတြေၾကာင့္ေရာ သူတို႔ရဲ႕ လုပ္ရပ္ေတြေၾကာင့္ေရာ ေ႐ႊ႐ုပ္မွာ ဘာခံစားခ်က္မွ ရွိမေနေတာ့ေပ...

"ထိုင္ ေ႐ႊ႐ုပ္..."

မမသစၥာသည္ စားပြဲထိပ္မွာ ထိုင္ေနရင္း ေ႐ႊ႐ုပ္ကို ေဘးခုံဘက္ကို ၫႊန္ျပရင္းဆိုသည္...အေရွ႕တည့္တည့္မွာေတာ့ လူတစ္ဦး...အနည္းငယ္ ျမင္ဖူးသလိုရွိသည့္ ထိုလူက ေ႐ႊ႐ုပ္ကို အားပါးတရ ၿပဳံးျပေနသည္...

"သမီး...ဦးေလးကို မမွတ္မိဘူးလား...ဦးနာမည္က ဦးေအာင္ခိုင္ေလ... သမီးေဖေဖရဲ႕ အငယ္ဆုံးညီေပါ့..."

ေဖေဖ့ဆီ တစ္ခါတစ္ေလမွ ေရာက္လာတတ္သည့္ သူမွန္း ေ႐ႊ႐ုပ္ မွတ္မိလိုက္သည္...သေဘာ္သားဟု ေဖေဖေျပာျပတတ္သည့္ ထိုသူသည္ ေဖေဖမဆုံးခင္ အိမ္ကို တစ္ေခါက္ေရာက္လာေသးသည္...ဆုံးၿပီးသည့္ေနာက္ အမ်ိဳးေတြနဲ႕ ေဖေဖတို႔ရဲ႕ ပိုင္ဆိုင္မႈေတြကို တိုးတိုးႀကိတ္ႀကိတ္ခြဲယူၿပီး ေပ်ာက္သြားကာ အခုမွ ျပန္ေရာက္လာတာျဖစ္သည္...

"ဟုတ္ကဲ့...မွတ္မိပါတယ္... "

ေ႐ႊ႐ုပ္ရဲ႕အေျပာေၾကာင့္ သူက အားတက္သြားပုံရကာ...

"ဦးေလးက အဆက္အသြယ္မရွိေနေပမယ့္ သမီးကို သတိရေနတာ...ကိုယ့္တူမေလးတစ္ေယာက္တည္း က်န္ခဲ့တာဆိုေတာ့ေလ...အလုပ္ကလဲ ျပန္လို႔မရတာနဲ႕ အခုအဆင္ေျပတာနဲ႕ သမီးဆီ လာခဲ့တာ..."

သူက ေ႐ႊ႐ုပ္ကိုသာမက သစၥာကိုပါ အကဲခတ္သလို ေဝ့ၾကည့္လိုက္ျပန္သည္...ၿပီးမွ ၿငိမ္ေနသည့္ ေ႐ႊ႐ုပ္ကို စကားဆက္သည္...

"သမီး အခု ေနရတာ အဆင္ေျပရဲ႕လား...ဦးေလးကို အကုန္ပြင့္ပြင့္လင္းလင္းေျပာျပလို႔ရတယ္...ဦးေလးက သူစိမ္းမဟုတ္ဘူး...ၿပီးေတာ့ သမီးအဆင္မေျပရင္ ဦးေလးတို႔မိသားစုနဲ႕ လာေနလို႔လဲရတယ္..."

"ေ႐ႊ႐ုပ္ ဒီမွာေနရတာ အဆင္ေျပပါတယ္ ဦးေလး..."

"မဟုတ္ဘူးေလ...သူစိမ္းဆီမွာေနတာ ကိုယ့္ေဆြမ်ိဳးသားခ်င္းေလာက္ ဘယ္လိုေကာင္းမွာလဲ...ၿပီးေတာ့ သမီးအဆင္ေျပရင္ေတာင္ ဦးေလးတို႔မွာ ေစာင့္ေရွာက္ရမယ့္ ဝတၱရားရွိတယ္...ေနာက္ သမီးက ငယ္ေသးတယ္...သမီးရဲ႕ ပိုင္ဆိုင္မႈေတြ ဘာေတြကို ဘယ္လိုစီစဥ္ထားလဲ အဲတာေတြေရာ သိရဲ႕လား..."

မမသစၥာသည္ စိတ္မရွည္ေတာ့သည့္ပုံ ျဖစ္လာသည္...ေ႐ႊ႐ုပ္ ခပ္ျမန္ျမန္ပင္ ျဖတ္ေျပာလိုက္ေတာ့သည္...

"အဲဒါေတြအားလုံးကို ေ႐ႊ႐ုပ္နာမည္နဲ႕ ေသခ်ာစီစဥ္ထားတာမလို႔ ဦးေလး စိတ္ပူစရာ မလိုပါဘူး...ၿပီးေတာ့ ေ႐ႊ႐ုပ္က အသက္လဲ ျပည့္ၿပီမို႔ ကိုယ္ေနခ်င္တဲ့ေနရာမွာ ေနလို႔ရပါတယ္...အခု မမက ေ႐ႊ႐ုပ္ကို အလုပ္လဲ စီစဥ္ေပးထားသလို ေသခ်ာလဲ ေစာင့္ေရွာက္ထားတာမို႔ ေ႐ႊ႐ုပ္ ဒီမွာပဲ ေနခ်င္ပါတယ္ ဦးေလး..."

ေျပာစရာရွိတာ အကုန္ေျပာၿပီးတာႏွင့္ ေ႐ႊ႐ုပ္ထရပ္လိုက္သည္...

"အလုပ္ဆက္လုပ္စရာရွိလို႔ ခြင့္ျပဳပါဦး... ေ႐ႊ႐ုပ္တို႔ ေနာက္လဲ ေတြ႕စရာမရွိေတာ့ဘူးလို႔ ထင္ပါတယ္... "

မ်က္ႏွာႀကီး မဲပုပ္ၿပီး က်န္ခဲ့ေသာ ထိုလူႀကီးက သစၥာဘက္ကို မေက်မခ်မ္း လွည့္ၾကည့္လာသည္...

"ငါ့တူမကို ဘယ္လိုေတြ ဖ်ားေယာင္းထားတာလဲေတာင္ သိခ်င္လာၿပီ...ေဆြမ်ိဳးထက္ သူစိမ္းကို ပိုယုံေနတာဆိုေတာ့ေလ..."

"ဒါကေတာ့ ေဆြမ်ိဳးလို႔ အမည္တပ္ၿပီး သူစိမ္းထက္ ဆိုးဝါးတဲ့ လုပ္ရပ္ေတြ လုပ္သြားတဲ့လူေတြေၾကာင့္မလို႔ ျဖစ္ပါလိမ့္မယ္ ဦးေအာင္ခိုင္..."

"ဘာေျပာတယ္..."

"ရွင္တို႔အမ်ိဳးအေဆြေတြ အဲကေလးမအေပၚ ဘာေတြလုပ္ခဲ့လဲဆိုတာ ကြၽန္မမွာ သက္ေသအကုန္လုံးရွိတယ္ ... အဲဒါအျပင္ ရွင္တို႔အခု ဥပေဒနဲ႕မကင္းတာေတြ ဘာေတြလုပ္ေနလဲ ဆိုတာေတြေရာပဲ..."

ဆိုဖာကို ေက်ာမွီခ်လိဳက္ၿပီး သစၥာ လက္ပိုက္ကာ ထိုသူကို ေစ့ေစ့ၾကည့္လိုက္သည္..

"ေ႐ႊ႐ုပ္ကိစၥကို ဒီေလာက္နဲ႕ရပ္လိုက္မယ္ဆိုရင္ ကြၽန္မလဲ သိထားသမွ်ကို ႏႈတ္ပိတ္ေနေပးမယ္..."

"ဪ မင္းက ဒီလိုလား..."

တုန္လႈပ္ေနေသာ မ်က္ႏွာကို ျပင္ၿပီး ထိုသူက ဆက္ေျပာလာသည္...

"ေကာင္းၿပီ...ငါ့တူမကလဲ ဒီမွာပဲေနခ်င္ေနတာဆိုေတာ့ လက္ေလွ်ာ့လိုက္မယ္...ဒါေပမယ့္ မင္းက သူ႕ကို ဘာလို႔ဒီလိုေတြ လုပ္ေပးေနရတာလဲ...အဲအေၾကာင္းရင္းေတာ့ ငါ့ကို ေျပာျပ..."

"ကြၽန္မက မေျပာျပခ်င္ဘူးဆိုရင္ေရာ..."

ဆက္ၿပီး စကားေတြ ရႈပ္လာမွာကို သစၥာ မလိုလားေတာ့...

"ရွင္ ျပန္လို႔ရၿပီ ဦးေအာင္ခိုင္...ေနာက္ထပ္ ထပ္မေတြ႕ရဖို႔ ေမွ်ာ္လင့္ပါတယ္..."

ေဒါသေတြကို မခ်ိမဆန့္ ထိန္းထားရတဲ့ပုံနဲ႕ ထိုသူက မထဘဲ ထိုင္ေနသည္...

"ဝါဝါေရ...ဧည့္သည္ကို ျပန္ပို႔လိုက္ေတာ့..."

"ဟုတ္ကဲ့ မမသစၥာ..."

ထိုစဥ္ ထိုသူက တစ္ခုခုကို စဥ္းစားမိသြားပုံႏွင့္ ထိုင္ေနရာမွ ထရပ္လာသည္...

"သစၥာ သစၥာ... ငါဒီနာမည္ကို ရင္းႏွီးေနပါတယ္လို႔...မင္း ကိုေမတၱာ သမီးပဲ... ဟုတ္တယ္မလား..."

သြားၿပီ...ထိုသူ မွတ္မိသြားၿပီ... မရိပ္မိေလာက္ပါဘူးလို႔ ေတြးထားခဲ့ေပမယ့္ သစၥာ ကံဆိုးသြားခဲ့သည္...

"ကြၽန္မ နာမည္အျပည့္အစုံက သစၥာထင္လင္းပါ...ဦးေအာင္ခိုင္...အေရးမပါတာေတြ ေျပာမေနဘဲ ျပန္လိုက္ပါေတာ့..."

"ဟား...မင္း ငါ့ကို လွည့္လို႔မရပါဘူး...ငါ မင္း႐ုပ္ကို ေသခ်ာ မွတ္မိၿပီ..."

ေအာင္နိုင္သူအၿပဳံးနဲ႕ ထိုလူက ကုတ္အက်ီေကာ္လံကို ဆြဲဆန့္ကာ...

"သိပ္ေတာ့ စိတ္ဝင္စားစရာ ေကာင္းသြားၿပီေပါ့ သစၥာထင္လင္း... ကိုယ့္အေဖကို သတ္ခဲ့တယ္လို႔ ေျပာလို႔ရတဲ့သူရဲ႕ သမီးကို တကူးတက ေခၚၿပီး ေစာင့္ေရွာက္ထားတယ္ေပါ့ေလ...အဟား...ေနာက္ပိုင္းေတြေတာ့ ေသခ်ာေစာင့္ၾကည့္ရေတာ့မွာပဲ..."

ထြက္သြားတဲ့ ေက်ာျပင္ကို ၾကည့္ရင္း သစၥာ လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ထားမိသည္...ပိပိရိရိလုပ္ေနတဲ့ၾကားက ကိုယ့္ရဲ႕ အားနည္းခ်က္ကို ရန္သူက ေတြ႕သြားခဲ့ေလၿပီ...

ဘယ္အရာကိုမွ မေၾကာက္ဘဲ ရဲရဲရင့္ရင့္ ရင္ဆိုင္လာခဲ့ေသာ သစၥာသည္ ဤတစ္ႀကိမ္တြင္ျဖင့္ ပူေလာင္မႈနဲ႕ စိုးရိမ္မႈတို႔ကို တစ္ၿပိဳင္တည္း ခံစားေနရေပသည္...

🍂

Ps.... double upေပးရမလားေျပာ...upျဖစ္ရင္ေတာ့ မနက္ျဖန္မတင္ဘူးေနာ္...သဘက္ခါလဲ မေသခ်ာဘူး 😝

Continue Reading

You'll Also Like

30.8K 3.3K 40
Horror Ficအမျိုးအစားပါ... ပေါ့ပေါ့ပါးပါးနဲ့ ရေးထားတာမလို့ ကြောက်စရာကောင်းမယ်လို့ မထင်ပါဘူးခင်ဗျ... တစ်ချို့ဝတ္ထုတွေ Horrorအဖြစ်ပျက်တွေ ကိုယ်တွေ့လေးတ...
2M 112K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
1.4K 93 24
ဆူး တို့ သည်လည်း အမြဲတမ်းတော့ မဆူးနိုင်တစ်ခါတစ်ခါ သိပ်ကို နူးညံ့ လွန်းသည် ဆူး တို ့သည္လည္း အျမဲတမ္းေတာ့ မဆူးနိုင္တစ္ခါတစ္ခါ သိပ္ကို နူးညံ ့လြန္းသည္