ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်က...

By Cora0411

1.6M 235K 8.6K

Title - 嫁给渣攻的反派哥哥 English title-Married the Scum Gong's Villain Brother All credits to original author and E... More

Description
Chapter 1✰Edited
Chapter-1.1
Chapter 1.2
Chapter 2✰Edited
Chapter 2
Chapter 3✰Edited
Chapter 3
Chapter 4✰Edited
Chapter 4
Chapter 5✰Edited
Chapter 5
Chapter 6✰Edited
Chapter 6
Chapter 7✰Edited
Chapter 7
Chapter 8✰Edited
Chapter 8
Chapter 9✰Edited
Chapter 9
Chapter 10✰Edited
Chapter 10
Chapter 11✰Edited
Chapter 11
Chapter 12✰Edited
Chapter 13✰Edited
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21.1
Chapter 21.2
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84 (Final Chapter)
Extra 1.1:Later Story-နောက်ဆက်တွဲ/ေနာက္ဆက္တြဲ
Extra 1.2: Later Story 2
Extra 1.3: Later Story 3
Extra 1.4: Later Story4-နိုင်ငံ့CPကိုတရားဝင်ကြေညာခြင်း
Extra 1.5: Later Story - လက်ထပ်ပွဲ/လက္ထပ္ပြဲ
Extra 2.1: သဝန်တိုခြင်း/သဝန္တိုျခင္း
Extra 2.2: လောင်ကုန်း/ေလာင္ကုန္း
Extra 3.1: အချိန်မီပြန်သွားလို့ တစ်ဖန်ပြန်လည်တွေ့ဆုံကြမယ်!
Extra 3.2: ပျော်ရွှင်မှုက နေရာတိုင်းမှာ
ကျေးဇူးတင်လွှာ💓

Chapter 12

10.9K 2K 43
By Cora0411

//Zawgyi//

အရင္ႏွစ္ရက္က ယန္က်င္ရႊင္ သူ႔ဆီကုိမလာခဲ့ဘူး။ ရွန္ေပၚဟန္အတြက္ေတာ့ ဒါကျဖစ္ေတာင့္ျဖစ္ခဲပင္။

အတိတ္မွာတုန္းကဆို ႏွစ္ရက္ေတာင္မေျပာနဲ႔ တကယ္လို႔ သူကအဲ့လူကိုတစ္ရက္ေလာက္ မဆက္သြယ္ရင္ေတာင္ ယန္က်င္ရႊင္က မေနႏိုင္ေတာ့ဘူး။ ယန္က်င္ရႊင္က အမွန္တကယ္သူ႔ကုိ အရမ္းခ်စ္တာပင္။

အဲ့လိုမွမဟုတ္ရင္ သူ႔ရဲ႕ရိုးသားတဲ့စရုိက္အရ ႏုိက္ကလပ္မွာ သူ႔(ရွန္ေပၚဟန္)ကို ရွာဖို႔လာခဲ့မွာမဟုတ္ဘူး

အရင္ႏွစ္ရက္က သူလုပ္ခဲ့တာေတြက အေတာ္ေလးမမွန္ဘူးဆုိတာ မွန္ပါတယ္။ အနည္းဆံုးေတာ့ လင္လိနဲ႔အျခားသူေတြ ယန္က်င္ရႊင္ကိုေလွာင္ေျပာင္ေနတဲ့အခ်ိန္ သူ ယန္က်င္ရႊင္ဘက္ရပ္တည္ျပီးေတာ့ ေျပာေပးခဲ့သင့္တာ၊ သူက သူ႔(ယန္က်င္ရႊင္)ကို ျငီးေငြ႔ေနျပီမို႔ သူတုိ႔လမ္းခြဲခဲ့ျပီးျပီဆိုရင္ေတာင္မွေပါ့။

သူသာ ယန္က်င္ရႊင္အတြက္ နည္းနည္းေလာက္ရပ္တည္ေပးခဲ့မယ္ဆိုရင္ ေနာက္ဆက္တြဲဗီဒီယိုကိစၥက ျဖစ္လာမွာမဟုတ္ဘူး။

ဒါေပမယ့္ အဲ့အခ်ိန္တုန္းက သူက အမွန္တကယ္ကို အဲ့လူနဲ႔ပတ္သက္ျပီး စိတ္ရႈပ္ေနခဲ့တာပင္။

သူ႔အေရွ႕က ယန္က်င္ရႊင္ရဲ႕မိန္းမဆန္တဲ့ အသြင္အျပင္ကုိ သူမွတ္မိေသးတယ္။ သူက အျမဲတမ္း အျခားသူေတြကုိ ကရုဏာထားတတ္ျပီး သူ႔ရဲ႕နိမ့္က်တဲ့မ်က္လံုးေတြနဲ႔ ရွန္ေပၚဟန္ကိုၾကည့္လာတဲ့အခ်ိန္တုိင္း ရွန္ေပၚဟန္အနည္းငယ္မႏွစ္ျမိဳ႕သလိုျဖစ္မိတယ္။

ဒါေပမယ့္ ယန္က်င္ရႊင္က သူ႔ကိုတြယ္ကပ္တဲ့အခ်ိန္၊ သူ႔ကုိစိတ္ေက်နပ္ေအာင္ ၾကိဳးစားတဲ့အခ်ိန္နဲ႔ သူ႔ကိုစြန္႔ခြာမသြားႏုိင္တာေတြက ရွန္ေပၚဟန္ရဲ႕ ကုိယ့္ကိုကိုယ္ယံုၾကည္မႈနဲ႔ ကိုယ့္ကုိကုိယ္တန္ဖိုးထားမႈကို ျမင့္တက္လာေစကာ သူက တစ္ဖက္လူကုိ ပိုလို႔ေတာင္ၾကမ္းၾကမ္းတမ္းတမ္း ဆက္ဆံခ်င္လာသည္…ဘယ္လုိပဲျဖစ္ျဖစ္ ယန္က်င္ရႊင္က သူ႔ကုိစြန္႔ခြာသြားမွာမွမဟုတ္တာ။

အဲ့တာမွန္တယ္။ အဲ့အေၾကာင္းကုိ စဥ္းစားၾကည့္လုိက္ေတာ့ ယန္က်င္ရႊင္က တမင္သက္သက္ သူ႔ကိုရဖို႔ခက္တယ္ဆိုတဲ့ပံုကုိ သရုပ္ေဆာင္ေနတာပဲ ျဖစ္ရမယ္လုိ႔ ရွန္ေပၚဟန္ဆံုးျဖတ္လုိက္သည္။

အဲ့လိုမွမဟုတ္ရင္ သူက စီးပြားေရးလမ္းမက အေတာက္ပဆံုးနဲ႔ အထင္ရွားဆံုးကိတ္မုန္႔ဆုိင္မွာ ရွိေနျပီး ဟူေရွာင္ဖုန္းျမင္တာခံရကာ အျခားသူတစ္ေယာက္နဲ႔လဲ ရင္းရင္းႏွီးႏွီးေျပာဆုိဆက္ဆံေနေသးတယ္ အဲ့ေလာက္တုိက္ဆိုင္ႏုိင္ပါ့မလား?

ရွန္ေပၚဟန္က မေနႏုိင္ဘဲ ဓာတ္ပံုကိုေသခ်ာဂရုတစုိက္ ထပ္ၾကည့္လုိက္သည္။ သူက အလိုအေလ်ာက္ကို အရပ္ရွည္တဲ့ပံုရိပ္ကုိ လ်စ္လ်ဴရႈလုိက္ျပီး သူ႔အာရုံေတြအကုန္လံုးကုိ လွပတဲ့မ်က္ႏွာေလးေပၚမွာပဲ အာရုံစိုက္ထားလိုက္၏။

…မွန္တယ္ ဓာတ္ပံုထဲမွာ ယန္က်င္ရႊင္ရဲ႕မ်က္လံုးေတြက တစ္ဖက္အမ်ိဳးသားေပၚမွာ ႏုိးႏုိးၾကားၾကားရွိေနဆဲဆိုေပမယ့္ သူ႔ကုိၾကည့္တဲ့အခ်ိန္ကလို ခ်င္ခင္မႈ၊ ျမတ္ႏုိးမႈေတြ မပါေနဘူး။

ရွန္ေပၚဟန္က သေရာ္မႈနဲ႔အတူ ႏွာမႈတ္လုိက္သည္။

ဓာတ္ပံုမ်က္ႏွာျပင္ကို ပိတ္လုိက္ျပီး ဂရုထဲမွာ ယန္က်င္ရႊင္အေၾကာင္းထပ္မေျပာေနၾကေတာ့ သူလဲေျပာမေနေတာ့ဘူး။ အဲ့အစား မဆက္စပ္တဲ့စာႏွစ္ေၾကာင္းကို ရုိက္လိုက္ျပီး ဂရုထဲက အျခားသူေတြနဲ႔စကားေျပာေနလုိက္သည္။

ဂရုထဲက လူအုပ္ၾကီးနဲ႔မတူစြာပဲ ကိတ္ဆိုင္အျပင္ဘက္က ဟူေရွာင္ဖုန္းက သူ႔ဖုန္းကုိ တိတ္တဆိတ္တင္းက်ပ္စြာ ဆုပ္ကိုင္လိုက္သည္။ သူ႔အေဖာ္ကလဲ တိတ္ဆိတ္ေနသည္။

ယန္က်င္ရႊင္က ကိတ္မုန္႔ကိုယူျပီး ဆုိင္ထဲကထြက္လာတဲ့အခ်ိန္ သူတို႔ကိုေနာက္ေက်ာေပးကာ ရပ္ေနတဲ့အမ်ိဴးသားကလည္း သူ႔မ်က္ႏွာကုိျပလာသည္။

သူ႔မ်က္ႏွာေကာက္ေၾကာင္းက ထက္ျမကာ အစိတ္အပုိင္းေတြက ခန္႔ညားျပီးတည္ၾကည္သည္။ မက္မြန္ပြင့္သ႑ာန္မ်က္ဝန္းေတြက ဆီးႏွင္းမုန္တုိင္းတိုက္ခတ္ေနသလုိမ်ိဳး ေအးစက္ကာ ဂရုမစိုက္ဟန္ရွိေနသည္ ဒီလုိျမင့္ျမတ္ထူးကဲလွတဲ့အရွိန္အဝါနဲ႔ လူတစ္ေယာက္…

မင္းအဲ့တာကို ဘယ္လုိပဲျမင္ပါေစကိစၥမရွိဘူး၊ ဒါေပမယ့္ ဘာလို႔ဒီလူက ရွန္အာ့ေရွာက္ရဲ႕ အစ္ကုိနဲ႔တူေနတာလဲ? ရွန္မိသားစုရဲ႕အၾကီးဆံုးသခင္ေလးေလ!

ဟူေရွာင္ဖုန္းနဲ႔ သူ႔အေဖာ္ေတြက ေနာက္ခံဘာညာရွိတဲ့ ခ်မ္းသာတဲ့ဒုတိယမ်ိဳးဆက္ေတြ မဟုတ္ၾကဘူး။ သူတုိ႔က လိင္တူႏွစ္သက္သူအသိုင္းအဝိုင္းနဲ႔ ၁၈ႏွစ္အထက္အရာေတြလုပ္တဲ့ အသိုင္းအဝိုင္းမွာသာ ေကာင္းစြာေရာေႏွာႏုိင္ခဲ့တာျဖစ္သည္။အဆက္အသြယ္အခ်ိဳ႕ေၾကာင့္သာ သူတို႔က ရွန္ေပၚဟန္နဲ႔အျခားသူေတြကို တြယ္ကပ္မိသြားႏုိင္တာျဖစ္သည္။

ဒါေပမယ့္ ရွန္မိသားစုရဲ႕အၾကီးဆံုးသခင္ေလးကေတာ့ လ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ပံုရိပ္တစ္ခုပင္။ သူက အျမဲတစ္သီးတစ္သန္႔ပဲေနကာ သူ႔မ်က္ႏွာကုိဘယ္ေတာ့မွ လူသိရွင္ၾကားခ်မျပေပ။ မႏွစ္ကတုန္းက ဟူေရွာင္ဖုန္းက သခင္ေလးတစ္ေယာက္ရဲ႕ အမ်ိဳးသားအေဖာ္အေနနဲ႔ ညစာစားပြဲတစ္ခုကုိ လုိက္ပါရာမွ ဒီလူကုိအနည္းငယ္ျမင္ဖူးတာျဖစ္သည္။

တစ္ဖက္လူရဲ႕ ဘဝအေတြ႔အၾကံဳက အလြန္ကုိအသိအမွတ္ျပဳထုိက္ကာ သာမန္ဒုတိယမ်ိဳးဆက္ေတြနဲ႔ တူညီတဲ့အဆင့္မွာ ရွိမေနဘဲ စိတ္ေနစိတ္ထားကလည္း လံုးဝကုိကြာျခားသည္။ ဒါ့ေၾကာင့္မို႔ သူ႔ကုိျမင္လုိက္တာနဲ႔ ဟူေရွာင္ဖုန္းက ခ်က္ခ်င္းအဲ့လူကုိ မွတ္မိသြားခဲ့တာသည္။

ေနာက္ပုိင္းမွာေတာ့ သူကအဲ့လူရဲ႕သရုပ္မွန္ကုိ ၾကားသိခဲ့ရျပီး သူအေႏွာင့္အယွက္ေပးလုိ႔ရတဲ့သူမဟုတ္မွန္း သေဘာေပါက္သြားတာမို႔ သူအေတြးေတြကုိ ေစာစီးစြာထုတ္ပစ္ခဲ့တာပင္။

ဒါေပမယ့္ အခုေတာ့ Mr.ရွန္နဲ႔ အေတာ္တူတဲ့အမ်ိဳးသားတစ္ေယာက္က လက္တစ္ဖက္တည္းနဲ႔ ကိတ္ဘူးႏွစ္ဘူးကိုသယ္ကာ ယန္က်င္ရႊင္ရဲ႕ေရွ႕ကေန ေလွ်ာက္ေနသည္။ အရပ္ရွည္တဲ့ပံုရိပ္က ထင္ရွဴးပင္ေလာက္ေတာင္ ရွည္သည္။ အာရုံစိုက္ေနတဲ့ ဆိုင္ရွင္အေရွ႕မွာပဲ သူက လက္တစ္ဖက္တည္းနဲ႔ ကိတ္ဆိုင္ရဲ႕တံခါးကုိ လြယ္လြယ္ကူကူဖြင့္လုိက္ျပီး က်င္ရႊင္ကုိအရင္သြားခုိင္းလိုက္သည္။
……
ဟူေရွာင္ဖုန္းက ဖုန္းမွန္ကုိေၾကမြသြားေစခ်င္ေနသလိုမ်ိဳး ဖုန္းကုိတင္းက်ပ္စြာ ညွစ္ထားသည္။

အရင္ႏွစ္ရက္တုန္းက ဒုတိယသခင္ေလးအပါအဝင္ သခင္ငယ္ေလးမ်ားစြာက ဗီဒီယိုေၾကာင့္ သက္ေရာက္ခံခဲ့ရျပီး အိမ္မွာပဲေသာင္တင္ေနခဲ့ၾကသည္။ ဒါေပမယ့္ ဘာေနာက္ခံမွမရွိဘဲ ဗီဒီယိုထဲမွာ မ်က္ႏွာမျပခဲ့တဲ့ ဟူေရွာင္ဖုန္းက သူတုိ႔ရဲ႕ခြဲျခားဆက္ဆံမႈေၾကာင့္ တိတ္တခိုး စိတ္ပ်က္ခဲ့ရသည္။

ဒီအသိုင္းအဝိုင္းထဲက လူေတြအားလံုးက သူဒုတိယသခင္ေလးကုိ ၾကိဳက္မွန္းသိၾကျပီး ဟူေရွာင္ဖုန္းကလည္း သူ႔ရဲ႕ခ်စ္ခင္ႏွစ္သက္မႈကို လံုးဝဖံုးကြယ္မထားခဲ့ဘူး။

သူက ဒုတိယသခင္ေလးကုိ အရမ္းၾကိဳက္တာေၾကာင့္ သူကယန္က်င္ရႊင္ကုိ အလြန္မနာလိုျဖစ္ခဲ့သည္။ သူက သူ႔ရဲ႕မနာလိုမႈကုိေတာင္ ဖံုးကြယ္မထားခဲ့ဘူး။

ဒီအသုိင္းအဝိုင္းထဲမွာ သူ႔ရဲ႕စရုိက္ကတည့္တိုးဆန္ျပီး ခ်စ္ရဲမုန္းရဲတဲ့စရုိက္မ်ိဳးပင္။

သူ႔ရဲ႕ယန္က်င္ရႊင္ကို မနာလိုမႈက အမွန္ပဲ ဒါေပမယ့္ ဟူေရွာင္ဖုန္း တစ္ေယာက္သာလွ်င္သိတာကေတာ့ သူရွန္ေပၚဟန္ကုိၾကိဳက္တယ္ဆိုျပီး အျမဲပြင့္ပြင့္လင္းလင္းခ်ျပတာက ရွန္မိသားစုရဲ႕ဒုတိယသခင္ေလးက ျမင့္မားတဲ့အဆင့္အတန္းရွိကာ ဒီခ်မ္းသာတဲ့ဒုတိယမ်ိဳးဆက္ေတြၾကား အေခ်ာဆံုးသူလည္းျဖစ္တာေၾကာင့္ပင္။

သို႔ေပမယ့္ ရွန္မိသားစုက အၾကီးဆံုးသခင္ေလးနဲ႔ ယွဥ္ရမယ္ဆိုရင္ေတာ့ …သူတုိ႔ကလံုးဝကုိ တူညီတဲ့အဆင့္မွာ မဟုတ္ၾကဘူး။

ဒုတိယသခင္ေလးက ဘယ္ေလာက္အာဏာရွိပါေစ သူက ေက်ာင္းသားတစ္ေယာက္သာျဖစ္ေသးျပီး အာဏာေတြကုိလက္ဝယ္ပုိင္ဆိုင္ထားတဲ့Mr.ရွန္နဲ႔ သူဘယ္လိုယွဥ္ႏိုင္မွာလဲ?

အဲ့ထက္ပိုတာက ရွန္မိသားစုရဲ႕အၾကီးဆံုးသခင္ေလးက ပုိျပီးအရပ္ရွည္ကာ ပုိရွည္လ်ားတဲ့ေျခေထာက္ေတြရွိတယ္။ သူ႔အသြင္အျပင္က သူ႔ရဲ႕ေမြးရင္းမိခင္ဆီက အေမြရထားျပီး ၾကည့္ရတာတည္ၾကည္ေလးနက္သည္။ ဒုတိယသခင္ေလးကလဲ ၾကည့္ေကာင္းေပမယ့္ သူ႔အစ္ကိုၾကီးနဲ႔ယွဥ္လုိက္ရင္ေတာ့ သူ႔စိတ္ေနစိတ္ထားက အနည္းငယ္တည္ျငိမ္မႈေလ်ာ့နည္းကာ သူ႔ရဲ႕ထုိးထြင္းသိျမင္အေမွ်ာ္အျမင္ရွိမႈကလည္း အရည္အခ်င္းမျပည့္မီေသးဘူး…

အေဖာ္ : “ မင္း ဓာတ္ပံုရုိက္ခ်င္ေသးလား…?”

“မင္းရူးေနတာလားကြ!” ဟူေရွာင္ဖုန္းက အံၾကိတ္လိုက္ကာ ယန္က်င္ရႊင္ရဲ႕ပံုကုိ တိတ္တဆိတ္ခိုးရုိက္လုိက္သည္။ သူေပၚတင္ၾကီးေတာ့ မရိုက္ရဲေပ။

ဒုတိယသခင္ေလးရဲ႕အေရွ႕မွာဆို သူက ပရိယာယ္ေတြသံုးကာ အာက်ယ္အာက်ယ္ျပဳမူရဲသည္။ ဒါေပမယ့္ ဒီလူဆုိရင္ေတာ့…သူမလုပ္ရဲဘူး။

ဒီအသိုင္းအဝုိင္းမွာ ဒီေလာက္ၾကာေအာင္ က်င္လည္ႏုိင္ေနမွေတာ့ ဟူေရွာင္ဖုန္းမွာလည္း အနည္းငယ္ဥာဏ္ေကာင္းမႈေလးရွိေသးသည္။ သူ႔ရဲ႕အၾကီးမားဆံုးအသိဥာဏ္ေလးက ဒီခ်မ္းသာတဲ့ဒုတိယမ်ိဳးဆက္ေတြကုိ သာမန္လူေတြလိုမ်ိဳး ဘယ္တုန္းကမွ မယူဆခဲ့ဘဲ သူ႔ရဲ႕ဘုိးေဘးေတြလို ဆက္ဆံခဲ့တာပင္။

အဲ့ခ်မ္းသာတဲ့ဒုတိယမ်ိဳးဆက္အုပ္စုကပါ ေရွာင္ရွားခ်င္တဲ့ ပုဂၢိဳလ္တစ္ေယာက္အေနနဲ႔ကေတာ့ သဘာဝက်က်ကို သူရန္မစရဲဘူး!

“ထပ္စံုစမ္းၾကည့္တာေပါ့” ဟူေရွာင္ဖုန္းက အံၾကိတ္လုိက္ျပီး သူ႔ေလသံထဲမွာေတာ့ အနည္းငယ္မထီေလးစားမႈေတြပါေနဆဲပင္
“ ယန္က်င္ရႊင္မွာ ရွန္ရိက်င္းကိုကပ္ႏုိင္မယ့္စြမ္းရည္ရွိတယ္ဆိုတာကုိ ငါမယံုဘူး”

အထင္လြဲစရာတစ္ခုခုရွိေနတာပဲ ျဖစ္ရမယ္!

ရွန္ရိက်င္းေရြးလုိက္တဲ့ စားေသာက္ဆုိင္က ျမိဳ႕လယ္က ေရာင္းဝယ္ေဖာက္ကားမႈ အေဆာက္အဦးတစ္ခုမွာျဖစ္ျပီး စားေသာက္ဆိုင္က ၄၈လႊာမွာ တည္ရွိသည္။ ဒီအထပ္ကေနဆို မင္းအဲ့ေနရာမွာထုိင္ျပီး တစ္ညလံုးျမိဳ႕ရဲ႕ရႈခင္းကုိ ရႈစားႏုိင္သည္။ ေျပာရမယ္္ဆုိရင္ေတာ့ ပတ္ဝန္းက်င္နဲ႔ေလထုအေျခအေနက အရမ္းကုိေကာင္းသည္။

ခရီးေတြသြားဖူးတဲ့က်င္ရႊင္အတြက္ေတာင္ ဒီလုိမ်ိဳးေနရာက သူ႔အတြက္ပထမဆံုးအၾကိမ္ပင္။

အတိတ္မွာတုန္းက သူက ၾကံဳရာက်ပန္းစားလို႔လဲမရသလုိ အျပင္ထြက္ဖုိ႔လဲအဆင္မေျပေလဘူး။

သုိ႔ေသာ္ျငား အခုကေတာ့ျခားနားသြားျပီ။

ျပင္သစ္စာဖိုမွဴးက ဂရုတစုိက္ခ်က္ေပးထားတဲ့ဟင္းလ်ာကိုစားေနရင္း ႏွစ္ေပါင္းမ်ားစြာ အခ်ဥ္ေဖာက္ထားတဲ့ဝုိင္ကိုေသာက္ကာ က်င္ရႊင္က တစ္ဖက္ျခမ္းကလူကိုလဲ လ်စ္လ်ဴမရႈထားခဲ့ဘူး။

ရိုးရုိးသားသားေျပာရရင္ အဲ့တာကတစ္ဖက္လူရဲ႕ တင့္တယ္ေျပျပစ္တဲ့လႈပ္ရွားမႈေတြေၾကာင့္ပင္။ သူ႔အျပဳအမူေတြက လ်စ္လ်ဴရႈဖုိ႔ခက္ခဲတဲ့ ေတာ္ဝင္ဆန္တဲ့ စံျပပုဂၢိဳလ္တစ္ေယာက္လိုပင္။

မီးေရာင္ေအာက္မွာ ထုိင္ေနတဲ့ရွန္ရိက်င္းက တကယ္ကိုေခ်ာေမာခန္႔ညားလွသည္။ သူ႔လက္ေခ်ာင္းေတြက အရမ္းကိုရွည္ကာ လက္ဆစ္ေတြကလဲထင္းေနျပီး လႈပ္ရွားမႈကလဲ အရည္အခ်င္းျပည့္ဝတင့္တယ္ေနကာ သူ႔ရဲ႕အမူအရာမဲ့မ်က္ႏွာက သူ႔အျပဳအမူေတြရဲ႕ခမ္းနားၾကီးက်ယ္မႈကို ခက္ခက္ခဲခဲဖံုးကြယ္ေနရသလုိပင္။

ဒီလိုအမ်ိဳးသားတစ္ေယာက္…

ႏွစ္ဦးသားက ဒီလုိပဲတိတ္တဆိတ္စားေသာက္ေနျပီး ရွန္ရိက်င္းက အစားစားေနခ်ိန္မွာ စကားေျပာခဲတာမို႔ အမွန္တကယ္ကို က်င္ရႊင္အတြက္စိတ္ေပါ့ပါးေစသည္။

တစ္ဖက္လူရဲ႕ပ်ိဳးေထာင္ခံလာရမႈက အရမ္းေကာင္းတယ္ထင္ပါရဲ႕။ စားေနခ်ိန္မွာ စကားမေျပာဘူး အိပ္ေနခ်ိန္မွာ စကားမေျပာဘူး။

အဟြတ္…အဟြတ္

ဒီေန႔လုိပဲ သူတုိ႔ပထမဆံုးေတြ႔တဲ့ညကလဲ တစ္ဖက္လူက တကယ္ကုိစကားအမ်ားၾကီးမေျပာခဲ့ဘူး.. အဲ့ညကသူတုိ႔ၾကားမွာ ဆက္သြယ္မႈမရွိသေလာက္ပဲ…

ဒါေပမယ့္ ဒီလူက အဲ့ေန႔တုန္းက အရမ္းညင္သာခဲ့တယ္။

ကေဖးမွာတုန္းက သူတုိ႔ရဲ႕အက်ဥ္းခ်ဳပ္ညွိႏိႈင္းမႈကို က်င္ရႊင္ျပန္ေတြးလုိက္သည္။ အဲ့ညက သူကသူ႔(ရွန္ရိက်င္း)ကုိ တည္ျငိမ္ေစခဲ့ေၾကာင္း တစ္ဖက္လူက ေျပာလာခဲ့သည္။

ဒါက အဲ့ညတုန္းက တစ္ဖက္လူက အလြန္အမင္းစိတ္မတည္ျငိမ္ျဖစ္ေနခဲ့တယ္လုိ႔ ရွင္းျပေပးလုိက္တာပဲ။
ဒါေပမယ့္ တစ္ဖက္လူကသာ အဲ့တာကုိေျပာမလာရင္ သူပံုမွန္မဟုတ္တဲ့အရာတစ္ခုကိုမွ ျမင္ႏုိင္မွာမဟုတ္ေပ။

တစ္ဖက္လူက သူ႔ရဲ႕ခံစားခ်က္ေတြအတြက္ေတာင္ အေရးတယူျပဳမူေပးခဲ့ေသးတယ္?

ဘယ္လိုပဲျဖစ္ျဖစ္ အဲ့တာလုပ္ေနစဥ္နဲ႔ လုပ္ျပီးေနာက္မွာ သူအရမ္းမသက္မသာခံစားရတာမ်ိဳး မရွိခဲ့ဘူး။

ဒီလိုလူတစ္ေယာက္က…
ေၾကာက္ဖုိ႔ေကာင္းတဲ့ပံုမေပၚပါဘူး?

က်င္ရႊင္က သူ႔ခါးကိုအနည္းငယ္မတ္လုိက္မိသည္။

စာအုပ္ထဲမွာ ရွင္းျပထားတဲ့ဇာတ္အိမ္ေၾကာင့္နဲ႔ လူတစ္ေယာက္ကုိ ခြဲျခားခြဲျခားမလုပ္သင့္သလုိ လုပ္လို႔မရႏိုင္ဘူး။

ဘယ္လုိပဲျဖစ္ျဖစ္ အနာဂတ္မွာ ရွန္ရိက်င္းက မေကာင္းတာတစ္ခုခုလုပ္ျပီး နာမည္ပ်က္ခဲ့ရင္ေတာင္မွ အဲ့တာကေနာက္ပုိင္းမွာ ျဖစ္ပ်က္ခဲ့တာေတြေၾကာင့္သာ ျဖစ္သင့္တဲ့ဟာေတြေလ။

အစ္ကုိၾကီးရဲ႕ဘဝကလည္း ဝမ္းနည္းပူေဆြးဖြယ္ေကာင္းတယ္လို႔ စီနီယာေတြေျပာခဲ့တာကုိ က်င္ရႊင္ရုတ္တရပ္သတိရသြားသည္။

ဒီလုိဆိုရင္…0.01%အခြင့္အေရးပဲရွိရင္ေတာင္ အဲ့အျဖစ္အပ်က္ျဖစ္ပြားလာမယ့္ အေျခအေနကုိ သူကာကြယ္ႏုိင္တယ္ေပါ့?

က်င္ရႊင္မွာ အျမဲျပႆနာတစ္ခုရွိတယ္ အဲ့တာကေတာ့ သူက ကိစၥတစ္ခုခုကုိစဥ္းစားေနရင္ လြယ္လြယ္ကူကူနဲ႔စ်ာန္ဝင္သြားျပီး သူ႔ပံုစံက ေတြေဝမိန္းေမာေနသလုိျဖစ္သြားတာပင္။

ဒီတစ္ၾကိမ္မွာလည္း သူဘာမွမသိေတာ့ဘဲ အၾကာၾကီး ရွန္ရိက်င္းကို မသိစိတ္အေလ်ာက္ၾကည့္ေနခဲ့မိသည္။

အေတြးလြန္ေနတဲ့ အမူအရာက သူ႔မ်က္ႏွာမွာ အကုန္ေရာင္ျပန္ဟပ္ေနျပီး ဒါကက်င္ရႊင္ရဲ႕ တစ္မူထူးတဲ့အမူအရာတစ္ခုပင္။ ထြင္းေဖာက္ျမင္ေနႏုိင္တဲ့မ်က္ဝန္းေတြ၊ သြယ္လ်တဲ့မ်က္ေတာင္ေလးေတြနဲ႔ သိမ္ေမြ႔တဲ့မ်က္ႏွာေလးႏွင့္အတူ အဲ့အၾကည့္က အလြန္အမင္း ေတာက္ပကာ မ်က္စိဖမ္းစားႏုိင္ဖြယ္ျဖစ္ေနသည္။

ရွန္ရိက်င္းေတာင္မွ သူ႔လႈပ္ရွားမႈေတြကုိ ရပ္တန္႔လုိက္ကာ သူ႔ေအာက္ႏႈတ္ခမ္းေထာင့္ကို လက္ကုိင္ပဝါနဲ႔ဖိထားရသည္။

အၾကည့္ခံေနရတဲ့သူက စိတ္မတုိရုံတင္မကဘူး။ ဖီလာအားျဖင့္ လက္ကိုင္ပဝါနဲ႔ဖံုးကြယ္ထားတဲ့ ႏႈတ္ခမ္းေထာင့္က ခပ္ေရးေရးေလးေကာ့တက္ေနကာ အလြန္အမင္းကုိ မရင္းႏွီးတဲ့အေကြးေလးတစ္ခုျဖစ္ေနသည္။

“ မင္းအရသာမေတြ႔ဘူးလား?”

“……”

အနိမ့္သံက ထြက္ေပၚလာျပီး က်င္ရႊင္ကလဲအသိျပန္ဝင္လာကာ သူ႔ေခါင္းကုိလ်င္ျမန္စြာ ခါရမ္းလုိက္သည္။

“ အရသာရွိပါတယ္ ေက်းဇူးပါ Mr.” သူယဥ္ေက်းစြာေျပာလုိက္သည္။

“အမ္း” ရွန္ရိက်င္းက ထပ္ေျပာလာသည္ “ ဒါဆိုမ်ားမ်ားစား”

“ ဟုတ္ကဲ့” က်င္ရႊင္က ျပန္ေျဖလုိက္ျပီး အဲ့လူကိုတစ္ဖန္ျပန္ၾကည့္လုိက္ရင္း တစ္ခုခုမွားေနသလုိ ခံစားေနရသည္။

ဗီလိန္အစ္ကုိၾကီးက တကယ္ေတာ့ …အဲ့ေလာက္မၾကမ္းၾကဳတ္ပါဘူး

သူတုိ႔စားပြဲဆီ တစ္စံုတစ္ေယာက္က ရုတ္ျခည္းေရာက္လာကာ ရွန္ရိက်င္းကို ေႏြးေထြးစြာႏႈတ္ဆက္လာသည္
“ ရွန္ဇုန္ တုိက္ဆိုင္လုိက္တာ၊ မင္းလည္း ဒီမွာလာစားတာလား?”

က်င္ရႊင္နဲ႔ ရွန္ရိက်င္းက သူတုိ႔ေခါင္းေတြကုိ တစ္ခ်ိန္တည္းေမာ့လာၾကသည္။ က်င္ရႊင့္အျမင္ကေနဆို ရွန္ရိက်င္းရဲ႕မ်က္ခံုးေတြက အနည္းငယ္ပင့္သြားသည္။ မက္မြန္ပြင့္သ႑ာန္မ်က္ဝန္းေတြက အစက ရုိ႕မန္႔တစ္ဆန္ကာ ပုိင္ဆိုင္လုိစိတ္ျပင္းျပေပမယ့္ သူ႔မ်က္လံုးေတြက တည္ျငိမ္ေနကာ မလႈပ္မယွက္နဲ႔ လွပေပမယ့္ ဂရုမစိုက္ဟန္ရွိသည္။

သူကယဥ္ေက်းစြာျပန္တံု႔ျပန္လုိက္သည္
“ မေတြ႔ရတာၾကာျပီပဲ ႏ်ဲ႕ဇုန္”

“ မေတြ႔ရတာၾကာျပီ မေတြ႔ရတာၾကာျပီ!”

ႏ်ဲ႕ဇုန္လို႔ေခၚတဲ့တစ္ေယာက္က ဒီေနရာမွာ ရွန္ရိက်င္းကိုေတြ႔ရလို႔ အရမ္းစိတ္လႈပ္ရွားေနပံုေပၚသည္။ သူက ရွန္ဇုန္နဲ႔ လက္ဆြဲႏႈတ္ဆက္ခ်င္ေပမယ့္ အနည္းငယ္မသင့္ေတာ္သလုိ ခံစားလိုက္မိသည္။

ဒီသနားစရာအမ်ိဳးသားက သိသာစြာကိုပင္ အထက္တန္းလႊာစီးပြားေရးသမားတစ္ေယာက္လုိ ဝတ္ဆင္ထားျပီး လူခ်မ္းသာတစ္ေယာက္ပံုေပၚေနေပမယ့္ ရွန္ရိက်င္းရဲ႕ေရွ႕မွာေတာ့ သူကႏွိမ့္ခ်ကာ ထိန္းခ်ဳပ္ထားသည္။

ရွန္ရိက်င္းက အျပင္ထြက္တုိင္း သူ႔ရဲ႕စကားေတြကုိ အေလးထားသည္။ အခုအခုိက္အတန္႔မွာ သူ႔အတြက္က တစ္စံုတစ္ေယာက္နဲ႔ညစာစားေနခ်ိန္ျဖစ္တာမုိ႔ အျပင္လူေတြရဲ႕အေႏွာင့္အယွက္အေပးမခံခ်င္ရာ ႏႈတ္ဆက္ျပီးတာနဲ႔ ဘာတံု႔ျပန္မႈမွမရွိေတာ့ဘူး။

ဒါေပမယ့္ သိသာစြာကုိပဲ Mr.ႏ်ဲ႕က လြယ္လြယ္ကူကူနဲ႔ မထြက္သြားခ်င္ေသးဘူး။ သူ႔မ်က္လံုးေတြက က်င္ရႊင္ေပၚေရာက္သြားသည္။

“ ဒီဟာက ဘယ္သူ…”

တစ္ခ်က္ၾကည့္လုိက္ရုံနဲ႔ ႏ်ဲ႕ယန္တုန္း ေရွာ့ခ္ရသြားကာ သူ႔မ်က္လံုးေတြက ျပဴးက်ယ္သြားျပီး သူ႔အၾကည့္ကိုတစ္ခဏၾကာတဲ့အထိ အေဝးကုိျပန္မေရႊ႕ႏုိင္ခဲ့ဘူး။

က်င္ရႊင္က အေတာ္ေလးကုိရုိးစင္းတဲ့ သာမန္အဝတ္အစားကုိဝတ္ထားတာပင္။ ရုိးသားတဲ့ေက်ာင္းသားအသြင္အျပင္ေလးက ဒီေနရာကေလထုနဲ႔ မကုိက္ညီေနဘူး။

ျမင္းကုန္းႏွီးတစ္ခုက ျမင္းကုိျပဳျပင္ေပးသလုိပဲ အဝတ္အစားကလဲ လူကုိျပဳျပင္ေပးသည္။ ဒီလူက ႏြမ္းပါးစြာဝတ္ဆင္ထားတာေတာ့ မဟုတ္ဘူး။ သို႔ေပမယ့္ ရွန္ရိက်င္းလိုမ်ိဳး သန္မာတဲ့အရွိန္အဝါနဲ႔ လူတစ္ေယာက္က မ်က္ႏွာခ်င္းဆုိင္မွာ ထုိင္ေနတာဆိုေတာ့ ပထမဆံုးအၾကည့္မွာ သူ႔ကိုလြယ္လြယ္ကူကူပဲလ်စ္လ်ဴရႈမိလိမ့္ၾကမည္။

ဒါေပမယ့္ သူ႔မ်က္ႏွာကို သတိထားမိလုိက္ခ်င္းမွာပဲ ႏ်ဲ႕ယန္တုန္းရဲ႕ႏွလံုးသားက တုန္ယင္သြားသည္။ သူအံ့ၾသေနမိသည္ ရွန္ဇုန္က သန္႔စင္တဲ့ႏွလံုးသားနဲ႔ လိုအင္ဆႏၵနည္းတဲ့သူတစ္ေယာက္ မဟုတ္ဘူးလား?
ညစာအတြက္ အေဖာ္ျပဳေပးဖို႔ ဒီလိုလွပတဲ့ေကာင္ေလးတစ္ေယာက္ကုိ သူဘာလို႔ရွာထားရတာလဲ?

…ၾကည့္ရတာ ရွန္ဇုန္က ဒီလိုပံုစံမ်ိဳးကုိ ပုိႏွစ္သက္တာေပါ့

သူ႔ႏွလံုးထဲမွာ အံ့ၾသေနရင္း သူ က်င္ရႊင္ကိုခိုးၾကည့္လုိက္ျပီး ႏ်ဲ႕ယန္တုန္းမေနႏုိင္ဘဲ သံုးသပ္ခ်ပ္တစ္ခုလုပ္မိသည္ : တစ္ေန႔ကတုန္းက သူပို႔ေပးလုိက္တဲ့ ၾကယ္ပြင့္ေလးကုိ ရွန္ဇုန္ တစ္ခ်က္ေတာင္မၾကည့္တာ အံ့ၾသစရာမဟုတ္ေတာ့ပါဘူး။

ဘာလို႔လဲဆိုေတာ့ ဒီလူငယ္ေလးက တကယ္ကုိမင္သက္စရာေကာင္းလြန္းလွသည္။ ႏ်ဲ႕ယန္တုန္း မေနႏုိင္ဘဲ အၾကိမ္အနည္းငယ္ေလာက္ ၾကည့္မိသြားသည္။ သူက လူငယ္ေလးရဲ႕ အသြင္အျပင္နဲ႔အေနအထားကုိ မွတ္ထားခ်င္ရုံသာျဖစ္ျပီး ေနာက္တစ္ေခါက္က်ရင္ ဒီလိုပံုစံမ်ိဳးရွာေပးဖို႔ျဖစ္သည္…

ဒါေပမယ့္ အဲ့တစ္ခဏမွာပဲ ရွန္ရိက်င္းရဲ႕ နက္ရႈိင္းတဲ့အနိမ့္သံက တစ္ဖက္ကေန ထြက္ေပၚလာသည္
“ သူက ငါ့ခ်စ္သူ*”

[ *ဒီေနရာမွာ သူသံုးလုိက္တဲ့ခ်စ္သူဆိုတာက အမ်ားအားျဖင့္ ခင္ပြန္း ဒါမွမဟုတ္ ဇနီးကိုဆုိလိုတာပါ။ အဲ့ေတာ့ ရွန္ရိက်င္းက က်င္ရႊင္ကုိ ခ်စ္သူေကာင္ေလးအေနနဲ႔ မဟုတ္ဘဲ လက္ထပ္မယ့္လက္တြဲေဖာ္အျဖစ္ မိတ္ဆက္ေပးလိုက္တာလို႔ထင္တယ္]

...........................❤

//Unicode//

အရင်နှစ်ရက်က ယန်ကျင်ရွှင် သူ့ဆီကိုမလာခဲ့ဘူး။ ရှန်ပေါ်ဟန်အတွက်တော့ ဒါကဖြစ်တောင့်ဖြစ်ခဲပင်။

အတိတ်မှာတုန်းကဆို နှစ်ရက်တောင်မပြောနဲ့ တကယ်လို့ သူကအဲ့လူကိုတစ်ရက်လောက် မဆက်သွယ်ရင်တောင် ယန်ကျင်ရွှင်က မနေနိုင်တော့ဘူး။ ယန်ကျင်ရွှင်က အမှန်တကယ်သူ့ကို အရမ်းချစ်တာပင်။

အဲ့လိုမှမဟုတ်ရင် သူ့ရဲ့ရိုးသားတဲ့စရိုက်အရ နိုက်ကလပ်မှာ သူ့(ရှန်ပေါ်ဟန်)ကို ရှာဖို့လာခဲ့မှာမဟုတ်ဘူး

အရင်နှစ်ရက်က သူလုပ်ခဲ့တာတွေက အတော်လေးမမှန်ဘူးဆိုတာ မှန်ပါတယ်။ အနည်းဆုံးတော့ လင်လိနဲ့အခြားသူတွေ ယန်ကျင်ရွှင်ကိုလှောင်ပြောင်နေတဲ့အချိန် သူ ယန်ကျင်ရွှင်ဘက်ရပ်တည်ပြီးတော့ ပြောပေးခဲ့သင့်တာ၊ သူက သူ့(ယန်ကျင်ရွှင်)ကို ငြီးငွေ့နေပြီမို့ သူတို့လမ်းခွဲခဲ့ပြီးပြီဆိုရင်တောင်မှပေါ့။

သူသာ ယန်ကျင်ရွှင်အတွက် နည်းနည်းလောက်ရပ်တည်ပေးခဲ့မယ်ဆိုရင် နောက်ဆက်တွဲဗီဒီယိုကိစ္စက ဖြစ်လာမှာမဟုတ်ဘူး။

ဒါပေမယ့် အဲ့အချိန်တုန်းက သူက အမှန်တကယ်ကို အဲ့လူနဲ့ပတ်သက်ပြီး စိတ်ရှုပ်နေခဲ့တာပင်။

သူ့အရှေ့က ယန်ကျင်ရွှင်ရဲ့မိန်းမဆန်တဲ့ အသွင်အပြင်ကို သူမှတ်မိသေးတယ်။ သူက အမြဲတမ်း အခြားသူတွေကို ကရုဏာထားတတ်ပြီး သူ့ရဲ့နိမ့်ကျတဲ့မျက်လုံးတွေနဲ့ ရှန်ပေါ်ဟန်ကိုကြည့်လာတဲ့အချိန်တိုင်း ရှန်ပေါ်ဟန်အနည်းငယ်မနှစ်မြို့သလိုဖြစ်မိတယ်။

ဒါပေမယ့် ယန်ကျင်ရွှင်က သူ့ကိုတွယ်ကပ်တဲ့အချိန်၊ သူ့ကိုစိတ်ကျေနပ်အောင် ကြိုးစားတဲ့အချိန်နဲ့ သူ့ကိုစွန့်ခွာမသွားနိုင်တာတွေက ရှန်ပေါ်ဟန်ရဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုနဲ့ ကိုယ့်ကိုကိုယ်တန်ဖိုးထားမှုကို မြင့်တက်လာစေကာ သူက တစ်ဖက်လူကို ပိုလို့တောင်ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံချင်လာသည်…ဘယ်လိုပဲဖြစ်ဖြစ် ယန်ကျင်ရွှင်က သူ့ကိုစွန့်ခွာသွားမှာမှမဟုတ်တာ။

အဲ့တာမှန်တယ်။ အဲ့အကြောင်းကို စဉ်းစားကြည့်လိုက်တော့ ယန်ကျင်ရွှင်က တမင်သက်သက် သူ့ကိုရဖို့ခက်တယ်ဆိုတဲ့ပုံကို သရုပ်ဆောင်နေတာပဲ ဖြစ်ရမယ်လို့ ရှန်ပေါ်ဟန်ဆုံးဖြတ်လိုက်သည်။

အဲ့လိုမှမဟုတ်ရင် သူက စီးပွားရေးလမ်းမက အတောက်ပဆုံးနဲ့ အထင်ရှားဆုံးကိတ်မုန့်ဆိုင်မှာ ရှိနေပြီး ဟူရှောင်ဖုန်းမြင်တာခံရကာ အခြားသူတစ်ယောက်နဲ့လဲ ရင်းရင်းနှီးနှီးပြောဆိုဆက်ဆံနေသေးတယ် အဲ့လောက်တိုက်ဆိုင်နိုင်ပါ့မလား?

ရှန်ပေါ်ဟန်က မနေနိုင်ဘဲ ဓာတ်ပုံကိုသေချာဂရုတစိုက် ထပ်ကြည့်လိုက်သည်။ သူက အလိုအလျောက်ကို အရပ်ရှည်တဲ့ပုံရိပ်ကို လျစ်လျူရှုလိုက်ပြီး သူ့အာရုံတွေအကုန်လုံးကို လှပတဲ့မျက်နှာလေးပေါ်မှာပဲ အာရုံစိုက်ထားလိုက်၏။

…မှန်တယ် ဓာတ်ပုံထဲမှာ ယန်ကျင်ရွှင်ရဲ့မျက်လုံးတွေက တစ်ဖက်အမျိုးသားပေါ်မှာ နိုးနိုးကြားကြားရှိနေဆဲဆိုပေမယ့် သူ့ကိုကြည့်တဲ့အချိန်ကလို ချင်ခင်မှု၊ မြတ်နိုးမှုတွေ မပါနေဘူး။

ရှန်ပေါ်ဟန်က သရော်မှုနဲ့အတူ နှာမှုတ်လိုက်သည်။

ဓာတ်ပုံမျက်နှာပြင်ကို ပိတ်လိုက်ပြီး ဂရုထဲမှာ ယန်ကျင်ရွှင်အကြောင်းထပ်မပြောနေကြတော့ သူလဲပြောမနေတော့ဘူး။ အဲ့အစား မဆက်စပ်တဲ့စာနှစ်ကြောင်းကို ရိုက်လိုက်ပြီး ဂရုထဲက အခြားသူတွေနဲ့စကားပြောနေလိုက်သည်။

ဂရုထဲက လူအုပ်ကြီးနဲ့မတူစွာပဲ ကိတ်ဆိုင်အပြင်ဘက်က ဟူရှောင်ဖုန်းက သူ့ဖုန်းကို တိတ်တဆိတ်တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူ့အဖော်ကလဲ တိတ်ဆိတ်နေသည်။

ယန်ကျင်ရွှင်က ကိတ်မုန့်ကိုယူပြီး ဆိုင်ထဲကထွက်လာတဲ့အချိန် သူတို့ကိုနောက်ကျောပေးကာ ရပ်နေတဲ့အမျိူးသားကလည်း သူ့မျက်နှာကိုပြလာသည်။

သူ့မျက်နှာကောက်ကြောင်းက ထက်မြကာ အစိတ်အပိုင်းတွေက ခန့်ညားပြီးတည်ကြည်သည်။ မက်မွန်ပွင့်သဏ္ဍာန်မျက်ဝန်းတွေက ဆီးနှင်းမုန်တိုင်းတိုက်ခတ်နေသလိုမျိုး အေးစက်ကာ ဂရုမစိုက်ဟန်ရှိနေသည် ဒီလိုမြင့်မြတ်ထူးကဲလှတဲ့အရှိန်အဝါနဲ့ လူတစ်ယောက်…

မင်းအဲ့တာကို ဘယ်လိုပဲမြင်ပါစေကိစ္စမရှိဘူး၊ ဒါပေမယ့် ဘာလို့ဒီလူက ရှန်အာ့ရှောက်ရဲ့ အစ်ကိုနဲ့တူနေတာလဲ? ရှန်မိသားစုရဲ့အကြီးဆုံးသခင်လေးလေ!

ဟူရှောင်ဖုန်းနဲ့ သူ့အဖော်တွေက နောက်ခံဘာညာရှိတဲ့ ချမ်းသာတဲ့ဒုတိယမျိုးဆက်တွေ မဟုတ်ကြဘူး။ သူတို့က လိင်တူနှစ်သက်သူအသိုင်းအဝိုင်းနဲ့ ၁၈နှစ်အထက်အရာတွေလုပ်တဲ့ အသိုင်းအဝိုင်းမှာသာ ကောင်းစွာရောနှောနိုင်ခဲ့တာဖြစ်သည်။အဆက်အသွယ်အချို့ကြောင့်သာ သူတို့က ရှန်ပေါ်ဟန်နဲ့အခြားသူတွေကို တွယ်ကပ်မိသွားနိုင်တာဖြစ်သည်။

ဒါပေမယ့် ရှန်မိသားစုရဲ့အကြီးဆုံးသခင်လေးကတော့ လျို့ဝှက်ဆန်းကြယ်တဲ့ပုံရိပ်တစ်ခုပင်။ သူက အမြဲတစ်သီးတစ်သန့်ပဲနေကာ သူ့မျက်နှာကိုဘယ်တော့မှ လူသိရှင်ကြားချမပြပေ။ မနှစ်ကတုန်းက ဟူရှောင်ဖုန်းက သခင်လေးတစ်ယောက်ရဲ့ အမျိုးသားအဖော်အနေနဲ့ ညစာစားပွဲတစ်ခုကို လိုက်ပါရာမှ ဒီလူကိုအနည်းငယ်မြင်ဖူးတာဖြစ်သည်။

တစ်ဖက်လူရဲ့ ဘဝအတွေ့အကြုံက အလွန်ကိုအသိအမှတ်ပြုထိုက်ကာ သာမန်ဒုတိယမျိုးဆက်တွေနဲ့ တူညီတဲ့အဆင့်မှာ ရှိမနေဘဲ စိတ်နေစိတ်ထားကလည်း လုံးဝကိုကွာခြားသည်။ ဒါ့ကြောင့်မို့ သူ့ကိုမြင်လိုက်တာနဲ့ ဟူရှောင်ဖုန်းက ချက်ချင်းအဲ့လူကို မှတ်မိသွားခဲ့တာသည်။

နောက်ပိုင်းမှာတော့ သူကအဲ့လူရဲ့သရုပ်မှန်ကို ကြားသိခဲ့ရပြီး သူအနှောင့်အယှက်ပေးလို့ရတဲ့သူမဟုတ်မှန်း သဘောပေါက်သွားတာမို့ သူအတွေးတွေကို စောစီးစွာထုတ်ပစ်ခဲ့တာပင်။

ဒါပေမယ့် အခုတော့ Mr.ရှန်နဲ့ အတော်တူတဲ့အမျိုးသားတစ်ယောက်က လက်တစ်ဖက်တည်းနဲ့ ကိတ်ဘူးနှစ်ဘူးကိုသယ်ကာ ယန်ကျင်ရွှင်ရဲ့ရှေ့ကနေ လျှောက်နေသည်။ အရပ်ရှည်တဲ့ပုံရိပ်က ထင်ရှူးပင်လောက်တောင် ရှည်သည်။ အာရုံစိုက်နေတဲ့ ဆိုင်ရှင်အရှေ့မှာပဲ သူက လက်တစ်ဖက်တည်းနဲ့ ကိတ်ဆိုင်ရဲ့တံခါးကို လွယ်လွယ်ကူကူဖွင့်လိုက်ပြီး ကျင်ရွှင်ကိုအရင်သွားခိုင်းလိုက်သည်။
……
ဟူရှောင်ဖုန်းက ဖုန်းမှန်ကိုကြေမွသွားစေချင်နေသလိုမျိုး ဖုန်းကိုတင်းကျပ်စွာ ညှစ်ထားသည်။

အရင်နှစ်ရက်တုန်းက ဒုတိယသခင်လေးအပါအဝင် သခင်ငယ်လေးများစွာက ဗီဒီယိုကြောင့် သက်ရောက်ခံခဲ့ရပြီး အိမ်မှာပဲသောင်တင်နေခဲ့ကြသည်။ ဒါပေမယ့် ဘာနောက်ခံမှမရှိဘဲ ဗီဒီယိုထဲမှာ မျက်နှာမပြခဲ့တဲ့ ဟူရှောင်ဖုန်းက သူတို့ရဲ့ခွဲခြားဆက်ဆံမှုကြောင့် တိတ်တခိုး စိတ်ပျက်ခဲ့ရသည်။

ဒီအသိုင်းအဝိုင်းထဲက လူတွေအားလုံးက သူဒုတိယသခင်လေးကို ကြိုက်မှန်းသိကြပြီး ဟူရှောင်ဖုန်းကလည်း သူ့ရဲ့ချစ်ခင်နှစ်သက်မှုကို လုံးဝဖုံးကွယ်မထားခဲ့ဘူး။

သူက ဒုတိယသခင်လေးကို အရမ်းကြိုက်တာကြောင့် သူကယန်ကျင်ရွှင်ကို အလွန်မနာလိုဖြစ်ခဲ့သည်။ သူက သူ့ရဲ့မနာလိုမှုကိုတောင် ဖုံးကွယ်မထားခဲ့ဘူး။

ဒီအသိုင်းအဝိုင်းထဲမှာ သူ့ရဲ့စရိုက်ကတည့်တိုးဆန်ပြီး ချစ်ရဲမုန်းရဲတဲ့စရိုက်မျိုးပင်။

သူ့ရဲ့ယန်ကျင်ရွှင်ကို မနာလိုမှုက အမှန်ပဲ ဒါပေမယ့် ဟူရှောင်ဖုန်း တစ်ယောက်သာလျှင်သိတာကတော့ သူရှန်ပေါ်ဟန်ကိုကြိုက်တယ်ဆိုပြီး အမြဲပွင့်ပွင့်လင်းလင်းချပြတာက ရှန်မိသားစုရဲ့ဒုတိယသခင်လေးက မြင့်မားတဲ့အဆင့်အတန်းရှိကာ ဒီချမ်းသာတဲ့ဒုတိယမျိုးဆက်တွေကြား အချောဆုံးသူလည်းဖြစ်တာကြောင့်ပင်။

သို့ပေမယ့် ရှန်မိသားစုက အကြီးဆုံးသခင်လေးနဲ့ ယှဉ်ရမယ်ဆိုရင်တော့ …သူတို့ကလုံးဝကို တူညီတဲ့အဆင့်မှာ မဟုတ်ကြဘူး။

ဒုတိယသခင်လေးက ဘယ်လောက်အာဏာရှိပါစေ သူက ကျောင်းသားတစ်ယောက်သာဖြစ်သေးပြီး အာဏာတွေကိုလက်ဝယ်ပိုင်ဆိုင်ထားတဲ့Mr.ရှန်နဲ့ သူဘယ်လိုယှဉ်နိုင်မှာလဲ?

အဲ့ထက်ပိုတာက ရှန်မိသားစုရဲ့အကြီးဆုံးသခင်လေးက ပိုပြီးအရပ်ရှည်ကာ ပိုရှည်လျားတဲ့ခြေထောက်တွေရှိတယ်။ သူ့အသွင်အပြင်က သူ့ရဲ့မွေးရင်းမိခင်ဆီက အမွေရထားပြီး ကြည့်ရတာတည်ကြည်လေးနက်သည်။ ဒုတိယသခင်လေးကလဲ ကြည့်ကောင်းပေမယ့် သူ့အစ်ကိုကြီးနဲ့ယှဉ်လိုက်ရင်တော့ သူ့စိတ်နေစိတ်ထားက အနည်းငယ်တည်ငြိမ်မှုလျော့နည်းကာ သူ့ရဲ့ထိုးထွင်းသိမြင်အမျှော်အမြင်ရှိမှုကလည်း အရည်အချင်းမပြည့်မီသေးဘူး…

အဖော် : “ မင်း ဓာတ်ပုံရိုက်ချင်သေးလား…?”

“မင်းရူးနေတာလားကွ!” ဟူရှောင်ဖုန်းက အံကြိတ်လိုက်ကာ ယန်ကျင်ရွှင်ရဲ့ပုံကို တိတ်တဆိတ်ခိုးရိုက်လိုက်သည်။ သူပေါ်တင်ကြီးတော့ မရိုက်ရဲပေ။

ဒုတိယသခင်လေးရဲ့အရှေ့မှာဆို သူက ပရိယာယ်တွေသုံးကာ အာကျယ်အာကျယ်ပြုမူရဲသည်။ ဒါပေမယ့် ဒီလူဆိုရင်တော့…သူမလုပ်ရဲဘူး။

ဒီအသိုင်းအဝိုင်းမှာ ဒီလောက်ကြာအောင် ကျင်လည်နိုင်နေမှတော့ ဟူရှောင်ဖုန်းမှာလည်း အနည်းငယ်ဉာဏ်ကောင်းမှုလေးရှိသေးသည်။ သူ့ရဲ့အကြီးမားဆုံးအသိဉာဏ်လေးက ဒီချမ်းသာတဲ့ဒုတိယမျိုးဆက်တွေကို သာမန်လူတွေလိုမျိုး ဘယ်တုန်းကမှ မယူဆခဲ့ဘဲ သူ့ရဲ့ဘိုးဘေးတွေလို ဆက်ဆံခဲ့တာပင်။

အဲ့ချမ်းသာတဲ့ဒုတိယမျိုးဆက်အုပ်စုကပါ ရှောင်ရှားချင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ကတော့ သဘာဝကျကျကို သူရန်မစရဲဘူး!

“ထပ်စုံစမ်းကြည့်တာပေါ့” ဟူရှောင်ဖုန်းက အံကြိတ်လိုက်ပြီး သူ့လေသံထဲမှာတော့ အနည်းငယ်မထီလေးစားမှုတွေပါနေဆဲပင်
“ ယန်ကျင်ရွှင်မှာ ရှန်ရိကျင်းကိုကပ်နိုင်မယ့်စွမ်းရည်ရှိတယ်ဆိုတာကို ငါမယုံဘူး”

အထင်လွဲစရာတစ်ခုခုရှိနေတာပဲ ဖြစ်ရမယ်!

ရှန်ရိကျင်းရွေးလိုက်တဲ့ စားသောက်ဆိုင်က မြို့လယ်က ရောင်းဝယ်ဖောက်ကားမှု အဆောက်အဦးတစ်ခုမှာဖြစ်ပြီး စားသောက်ဆိုင်က ၄၈လွှာမှာ တည်ရှိသည်။ ဒီအထပ်ကနေဆို မင်းအဲ့နေရာမှာထိုင်ပြီး တစ်ညလုံးမြို့ရဲ့ရှုခင်းကို ရှုစားနိုင်သည်။ ပြောရမယ်ဆိုရင်တော့ ပတ်ဝန်းကျင်နဲ့လေထုအခြေအနေက အရမ်းကိုကောင်းသည်။

ခရီးတွေသွားဖူးတဲ့ကျင်ရွှင်အတွက်တောင် ဒီလိုမျိုးနေရာက သူ့အတွက်ပထမဆုံးအကြိမ်ပင်။

အတိတ်မှာတုန်းက သူက ကြုံရာကျပန်းစားလို့လဲမရသလို အပြင်ထွက်ဖို့လဲအဆင်မပြေလေဘူး။

သို့သော်ငြား အခုကတော့ခြားနားသွားပြီ။

ပြင်သစ်စာဖိုမှူးက ဂရုတစိုက်ချက်ပေးထားတဲ့ဟင်းလျာကိုစားနေရင်း နှစ်ပေါင်းများစွာ အချဉ်ဖောက်ထားတဲ့ဝိုင်ကိုသောက်ကာ ကျင်ရွှင်က တစ်ဖက်ခြမ်းကလူကိုလဲ လျစ်လျူမရှုထားခဲ့ဘူး။

ရိုးရိုးသားသားပြောရရင် အဲ့တာကတစ်ဖက်လူရဲ့ တင့်တယ်ပြေပြစ်တဲ့လှုပ်ရှားမှုတွေကြောင့်ပင်။ သူ့အပြုအမူတွေက လျစ်လျူရှုဖို့ခက်ခဲတဲ့ တော်ဝင်ဆန်တဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်လိုပင်။

မီးရောင်အောက်မှာ ထိုင်နေတဲ့ရှန်ရိကျင်းက တကယ်ကိုချောမောခန့်ညားလှသည်။ သူ့လက်ချောင်းတွေက အရမ်းကိုရှည်ကာ လက်ဆစ်တွေကလဲထင်းနေပြီး လှုပ်ရှားမှုကလဲ အရည်အချင်းပြည့်ဝတင့်တယ်နေကာ သူ့ရဲ့အမူအရာမဲ့မျက်နှာက သူ့အပြုအမူတွေရဲ့ခမ်းနားကြီးကျယ်မှုကို ခက်ခက်ခဲခဲဖုံးကွယ်နေရသလိုပင်။

ဒီလိုအမျိုးသားတစ်ယောက်…

နှစ်ဦးသားက ဒီလိုပဲတိတ်တဆိတ်စားသောက်နေပြီး ရှန်ရိကျင်းက အစားစားနေချိန်မှာ စကားပြောခဲတာမို့ အမှန်တကယ်ကို ကျင်ရွှင်အတွက်စိတ်ပေါ့ပါးစေသည်။

တစ်ဖက်လူရဲ့ပျိုးထောင်ခံလာရမှုက အရမ်းကောင်းတယ်ထင်ပါရဲ့။ စားနေချိန်မှာ စကားမပြောဘူး အိပ်နေချိန်မှာ စကားမပြောဘူး။

အဟွတ်…အဟွတ်

ဒီနေ့လိုပဲ သူတို့ပထမဆုံးတွေ့တဲ့ညကလဲ တစ်ဖက်လူက တကယ်ကိုစကားအများကြီးမပြောခဲ့ဘူး.. အဲ့ညကသူတို့ကြားမှာ ဆက်သွယ်မှုမရှိသလောက်ပဲ…

ဒါပေမယ့် ဒီလူက အဲ့နေ့တုန်းက အရမ်းညင်သာခဲ့တယ်။

ကဖေးမှာတုန်းက သူတို့ရဲ့အကျဉ်းချုပ်ညှိနှိုင်းမှုကို ကျင်ရွှင်ပြန်တွေးလိုက်သည်။ အဲ့ညက သူကသူ့(ရှန်ရိကျင်း)ကို တည်ငြိမ်စေခဲ့ကြောင်း တစ်ဖက်လူက ပြောလာခဲ့သည်။

ဒါက အဲ့ညတုန်းက တစ်ဖက်လူက အလွန်အမင်းစိတ်မတည်ငြိမ်ဖြစ်နေခဲ့တယ်လို့ ရှင်းပြပေးလိုက်တာပဲ။
ဒါပေမယ့် တစ်ဖက်လူကသာ အဲ့တာကိုပြောမလာရင် သူပုံမှန်မဟုတ်တဲ့အရာတစ်ခုကိုမှ မြင်နိုင်မှာမဟုတ်ပေ။

တစ်ဖက်လူက သူ့ရဲ့ခံစားချက်တွေအတွက်တောင် အရေးတယူပြုမူပေးခဲ့သေးတယ်?

ဘယ်လိုပဲဖြစ်ဖြစ် အဲ့တာလုပ်နေစဉ်နဲ့ လုပ်ပြီးနောက်မှာ သူအရမ်းမသက်မသာခံစားရတာမျိုး မရှိခဲ့ဘူး။

ဒီလိုလူတစ်ယောက်က…
ကြောက်ဖို့ကောင်းတဲ့ပုံမပေါ်ပါဘူး?

ကျင်ရွှင်က သူ့ခါးကိုအနည်းငယ်မတ်လိုက်မိသည်။

စာအုပ်ထဲမှာ ရှင်းပြထားတဲ့ဇာတ်အိမ်ကြောင့်နဲ့ လူတစ်ယောက်ကို ခွဲခြားခွဲခြားမလုပ်သင့်သလို လုပ်လို့မရနိုင်ဘူး။

ဘယ်လိုပဲဖြစ်ဖြစ် အနာဂတ်မှာ ရှန်ရိကျင်းက မကောင်းတာတစ်ခုခုလုပ်ပြီး နာမည်ပျက်ခဲ့ရင်တောင်မှ အဲ့တာကနောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တာတွေကြောင့်သာ ဖြစ်သင့်တဲ့ဟာတွေလေ။

အစ်ကိုကြီးရဲ့ဘဝကလည်း ဝမ်းနည်းပူဆွေးဖွယ်ကောင်းတယ်လို့ စီနီယာတွေပြောခဲ့တာကို ကျင်ရွှင်ရုတ်တရပ်သတိရသွားသည်။

ဒီလိုဆိုရင်…0.01%အခွင့်အရေးပဲရှိရင်တောင် အဲ့အဖြစ်အပျက်ဖြစ်ပွားလာမယ့် အခြေအနေကို သူကာကွယ်နိုင်တယ်ပေါ့?

ကျင်ရွှင်မှာ အမြဲပြဿနာတစ်ခုရှိတယ် အဲ့တာကတော့ သူက ကိစ္စတစ်ခုခုကိုစဉ်းစားနေရင် လွယ်လွယ်ကူကူနဲ့ဈာန်ဝင်သွားပြီး သူ့ပုံစံက တွေဝေမိန်းမောနေသလိုဖြစ်သွားတာပင်။

ဒီတစ်ကြိမ်မှာလည်း သူဘာမှမသိတော့ဘဲ အကြာကြီး ရှန်ရိကျင်းကို မသိစိတ်အလျောက်ကြည့်နေခဲ့မိသည်။

အတွေးလွန်နေတဲ့ အမူအရာက သူ့မျက်နှာမှာ အကုန်ရောင်ပြန်ဟပ်နေပြီး ဒါကကျင်ရွှင်ရဲ့ တစ်မူထူးတဲ့အမူအရာတစ်ခုပင်။ ထွင်းဖောက်မြင်နေနိုင်တဲ့မျက်ဝန်းတွေ၊ သွယ်လျတဲ့မျက်တောင်လေးတွေနဲ့ သိမ်မွေ့တဲ့မျက်နှာလေးနှင့်အတူ အဲ့အကြည့်က အလွန်အမင်း တောက်ပကာ မျက်စိဖမ်းစားနိုင်ဖွယ်ဖြစ်နေသည်။

ရှန်ရိကျင်းတောင်မှ သူ့လှုပ်ရှားမှုတွေကို ရပ်တန့်လိုက်ကာ သူ့အောက်နှုတ်ခမ်းထောင့်ကို လက်ကိုင်ပဝါနဲ့ဖိထားရသည်။

အကြည့်ခံနေရတဲ့သူက စိတ်မတိုရုံတင်မကဘူး။ ဖီလာအားဖြင့် လက်ကိုင်ပဝါနဲ့ဖုံးကွယ်ထားတဲ့ နှုတ်ခမ်းထောင့်က ခပ်ရေးရေးလေးကော့တက်နေကာ အလွန်အမင်းကို မရင်းနှီးတဲ့အကွေးလေးတစ်ခုဖြစ်နေသည်။

“ မင်းအရသာမတွေ့ဘူးလား?”

“……”

အနိမ့်သံက ထွက်ပေါ်လာပြီး ကျင်ရွှင်ကလဲအသိပြန်ဝင်လာကာ သူ့ခေါင်းကိုလျင်မြန်စွာ ခါရမ်းလိုက်သည်။

“ အရသာရှိပါတယ် ကျေးဇူးပါ Mr.” သူယဉ်ကျေးစွာပြောလိုက်သည်။

“အမ်း” ရှန်ရိကျင်းက ထပ်ပြောလာသည် “ ဒါဆိုများများစား”

“ ဟုတ်ကဲ့” ကျင်ရွှင်က ပြန်ဖြေလိုက်ပြီး အဲ့လူကိုတစ်ဖန်ပြန်ကြည့်လိုက်ရင်း တစ်ခုခုမှားနေသလို ခံစားနေရသည်။

ဗီလိန်အစ်ကိုကြီးက တကယ်တော့ …အဲ့လောက်မကြမ်းကြုတ်ပါဘူး

သူတို့စားပွဲဆီ တစ်စုံတစ်ယောက်က ရုတ်ခြည်းရောက်လာကာ ရှန်ရိကျင်းကို နွေးထွေးစွာနှုတ်ဆက်လာသည်
“ ရှန်ဇုန် တိုက်ဆိုင်လိုက်တာ၊ မင်းလည်း ဒီမှာလာစားတာလား?”

ကျင်ရွှင်နဲ့ ရှန်ရိကျင်းက သူတို့ခေါင်းတွေကို တစ်ချိန်တည်းမော့လာကြသည်။ ကျင်ရွှင့်အမြင်ကနေဆို ရှန်ရိကျင်းရဲ့မျက်ခုံးတွေက အနည်းငယ်ပင့်သွားသည်။ မက်မွန်ပွင့်သဏ္ဍာန်မျက်ဝန်းတွေက အစက ရို့မန့်တစ်ဆန်ကာ ပိုင်ဆိုင်လိုစိတ်ပြင်းပြပေမယ့် သူ့မျက်လုံးတွေက တည်ငြိမ်နေကာ မလှုပ်မယှက်နဲ့ လှပပေမယ့် ဂရုမစိုက်ဟန်ရှိသည်။

သူကယဉ်ကျေးစွာပြန်တုံ့ပြန်လိုက်သည်
“ မတွေ့ရတာကြာပြီပဲ နျဲ့ဇုန်”

“ မတွေ့ရတာကြာပြီ မတွေ့ရတာကြာပြီ!”

နျဲ့ဇုန်လို့ခေါ်တဲ့တစ်ယောက်က ဒီနေရာမှာ ရှန်ရိကျင်းကိုတွေ့ရလို့ အရမ်းစိတ်လှုပ်ရှားနေပုံပေါ်သည်။ သူက ရှန်ဇုန်နဲ့ လက်ဆွဲနှုတ်ဆက်ချင်ပေမယ့် အနည်းငယ်မသင့်တော်သလို ခံစားလိုက်မိသည်။

ဒီသနားစရာအမျိုးသားက သိသာစွာကိုပင် အထက်တန်းလွှာစီးပွားရေးသမားတစ်ယောက်လို ဝတ်ဆင်ထားပြီး လူချမ်းသာတစ်ယောက်ပုံပေါ်နေပေမယ့် ရှန်ရိကျင်းရဲ့ရှေ့မှာတော့ သူကနှိမ့်ချကာ ထိန်းချုပ်ထားသည်။

ရှန်ရိကျင်းက အပြင်ထွက်တိုင်း သူ့ရဲ့စကားတွေကို အလေးထားသည်။ အခုအခိုက်အတန့်မှာ သူ့အတွက်က တစ်စုံတစ်ယောက်နဲ့ညစာစားနေချိန်ဖြစ်တာမို့ အပြင်လူတွေရဲ့အနှောင့်အယှက်အပေးမခံချင်ရာ နှုတ်ဆက်ပြီးတာနဲ့ ဘာတုံ့ပြန်မှုမှမရှိတော့ဘူး။

ဒါပေမယ့် သိသာစွာကိုပဲ Mr.နျဲ့က လွယ်လွယ်ကူကူနဲ့ မထွက်သွားချင်သေးဘူး။ သူ့မျက်လုံးတွေက ကျင်ရွှင်ပေါ်ရောက်သွားသည်။

“ ဒီဟာက ဘယ်သူ…”

တစ်ချက်ကြည့်လိုက်ရုံနဲ့ နျဲ့ယန်တုန်း ရှော့ခ်ရသွားကာ သူ့မျက်လုံးတွေက ပြူးကျယ်သွားပြီး သူ့အကြည့်ကိုတစ်ခဏကြာတဲ့အထိ အဝေးကိုပြန်မရွှေ့နိုင်ခဲ့ဘူး။

ကျင်ရွှင်က အတော်လေးကိုရိုးစင်းတဲ့ သာမန်အဝတ်အစားကိုဝတ်ထားတာပင်။ ရိုးသားတဲ့ကျောင်းသားအသွင်အပြင်လေးက ဒီနေရာကလေထုနဲ့ မကိုက်ညီနေဘူး။

မြင်းကုန်းနှီးတစ်ခုက မြင်းကိုပြုပြင်ပေးသလိုပဲ အဝတ်အစားကလဲ လူကိုပြုပြင်ပေးသည်။ ဒီလူက နွမ်းပါးစွာဝတ်ဆင်ထားတာတော့ မဟုတ်ဘူး။ သို့ပေမယ့် ရှန်ရိကျင်းလိုမျိုး သန်မာတဲ့အရှိန်အဝါနဲ့ လူတစ်ယောက်က မျက်နှာချင်းဆိုင်မှာ ထိုင်နေတာဆိုတော့ ပထမဆုံးအကြည့်မှာ သူ့ကိုလွယ်လွယ်ကူကူပဲလျစ်လျူရှုမိလိမ့်ကြမည်။

ဒါပေမယ့် သူ့မျက်နှာကို သတိထားမိလိုက်ချင်းမှာပဲ နျဲ့ယန်တုန်းရဲ့နှလုံးသားက တုန်ယင်သွားသည်။ သူအံ့သြနေမိသည် ရှန်ဇုန်က သန့်စင်တဲ့နှလုံးသားနဲ့ လိုအင်ဆန္ဒနည်းတဲ့သူတစ်ယောက် မဟုတ်ဘူးလား?
ညစာအတွက် အဖော်ပြုပေးဖို့ ဒီလိုလှပတဲ့ကောင်လေးတစ်ယောက်ကို သူဘာလို့ရှာထားရတာလဲ?

…ကြည့်ရတာ ရှန်ဇုန်က ဒီလိုပုံစံမျိုးကို ပိုနှစ်သက်တာပေါ့

သူ့နှလုံးထဲမှာ အံ့သြနေရင်း သူ ကျင်ရွှင်ကိုခိုးကြည့်လိုက်ပြီး နျဲ့ယန်တုန်းမနေနိုင်ဘဲ သုံးသပ်ချပ်တစ်ခုလုပ်မိသည် : တစ်နေ့ကတုန်းက သူပို့ပေးလိုက်တဲ့ ကြယ်ပွင့်လေးကို ရှန်ဇုန် တစ်ချက်တောင်မကြည့်တာ အံ့သြစရာမဟုတ်တော့ပါဘူး။

ဘာလို့လဲဆိုတော့ ဒီလူငယ်လေးက တကယ်ကိုမင်သက်စရာကောင်းလွန်းလှသည်။ နျဲ့ယန်တုန်း မနေနိုင်ဘဲ အကြိမ်အနည်းငယ်လောက် ကြည့်မိသွားသည်။ သူက လူငယ်လေးရဲ့ အသွင်အပြင်နဲ့အနေအထားကို မှတ်ထားချင်ရုံသာဖြစ်ပြီး နောက်တစ်ခေါက်ကျရင် ဒီလိုပုံစံမျိုးရှာပေးဖို့ဖြစ်သည်…

ဒါပေမယ့် အဲ့တစ်ခဏမှာပဲ ရှန်ရိကျင်းရဲ့ နက်ရှိုင်းတဲ့အနိမ့်သံက တစ်ဖက်ကနေ ထွက်ပေါ်လာသည်
“ သူက ငါ့ချစ်သူ*”

[ *ဒီနေရာမှာ သူသုံးလိုက်တဲ့ချစ်သူဆိုတာက အများအားဖြင့် ခင်ပွန်း ဒါမှမဟုတ် ဇနီးကိုဆိုလိုတာပါ။ အဲ့တော့ ရှန်ရိကျင်းက ကျင်ရွှင်ကို ချစ်သူကောင်လေးအနေနဲ့ မဟုတ်ဘဲ လက်ထပ်မယ့်လက်တွဲဖော်အဖြစ် မိတ်ဆက်ပေးလိုက်တာလို့ထင်တယ်]

Continue Reading

You'll Also Like

1.2M 42.8K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
221K 22K 71
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
345K 38.2K 132
Type Web Novel (CN) Genre School Life Yaoi Tags Black Belly Enemies Become Lovers Hot-blooded Protagonist Kind Love Interests Love Interest Falls in...