ရည်းစားဟောင်းက ငါ့ကိုမျက်စိကျ...

By Kiyoiko__

2.1M 322K 20.9K

Title - 又被前男友盯上了(Be watched by my Ex again) Author - 橘猫哥哥(Ju Mao Gege) Status - 183 chapters + 36 extras I do... More

Please take a look!
Summary
All about Ju Mao Gege
1
2
3
4
5
6
7
8
9
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
💌
33
34
35
36
37
38
Special Episode I
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
🤍
57
58
59
60
61
62
63
64
65
66
67
68
69
70
Special Episode II
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
Hello

10

14.8K 2.2K 73
By Kiyoiko__

{Unicode}

"အကျိုးနှင့်အကြောင်း
သည်ဒွန့်တွဲလာသည်"

ရန်ကျားလိသည် ပျော်လွန်းလို့ ရူးတောင်သွားတော့မည်။

ကျဥ်းထဲကြပ်ထဲတွင် ယဲ့ထင်၏ ညှဥ်းပန်းနှိပ်စက်ခြင်းဒဏ်ကို ရက်ပေါင်းများစွာ ခံနေရ၍ သေမလိုဖြစ်နေချိန်မှာ ထင်မှတ်မထားသည့် ကံကြမ္မာအတုံ့အလှည့်ကြောင့် သူတပန်းသာခဲ့ရသည်။ ဝမ်းသာအားရလွန်းလို့ သူ့ခြေထောက်များက လေပေါ်ဆန်တက်သွားတော့မလိုပင်။

အားဖူအတွက် ငါးခြောက်တစ်ထုပ် ဝယ်လိုက်ပြီး ကတ်ထူဘူးထဲ ထည့်သိမ်းလိုက်ကာ စောင်အသေးလေးကို ယာယီအိပ်ရာအဖြစ် ခင်းပေးလိုက်သည်။

အားလုံးပြီးစီးသောအခါ ရန်ကျားလိသည်လည်း ရေချိူးခန်းထဲဝင်ကာ ရေမိုးချိုးလိုက်သည်။

ကျဥ်းမြောင်းသေးငယ်သော ရေချိုးခန်းလေးသည်ပင် ရန်ကျားလိ၏ အားမာန်တက်ကြွမှုနှင့် စိတ်လှုပ်ရှားပျော်ရွှင်မှုတို့ကို မရပ်တန့်ပေးနိုင်ပေ။ သူ၏ စိတ်ဆန္ဒတွေကလည်း အထွတ်အထိပ်သို့ ရောက်နေ၍ သေးသွယ်ပိန်လျပြီး ချောမွတ်နေသည့်ခန္ဓာကိုယ်က ရေပိုက်ခေါင်းကို မိုက်ခရိုဖုန်းအဖြစ် ကိုင်လိုက်ပြီး အရှေ့မှ အဖြူရောင်ကြွေထည် နံရံကြီးကိုလည်း ဂုဏ်သရေရှိသော လူကြီးမင်းများအဖြစ် သဘောထားလိုက်ကာ လှိမ့်တက်လာသော တက်ကြွပျော်ရွှင်မှုများနှင့် မျက်ရည်ဝဲမတတ် ခံစားနေရသော စိတ်လှုပ်ရှားမှုတို့နှင့်အတူ

"အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ ညီအစ်ကို၊မောင်နှမ၊ အဘိုးအဘွား၊ ရွာသူရွာသားများအားလုံး ဟိုးအဝေးကြီးကနေ ကျွန်တော့်ရဲ့ ဖျော်ဖြေပွဲကို လာရောက်အားပေးလို့ ကျေးဇူးတင်ပါတယ်။ အခုအားလုံးကို ဖျော်ဖြေပေးမယ့် သီချင်းကတော့ 《好日子》 ပဲဖြစ်ပါတယ်။ Music!"

{《好日子》ရက်မြတ်ရက်ကောင်း }

ရေချိုးခန်းမှ ပြန်ထွက်လာသည့်အခါ ရန်ကျားလိသည် ကုတင်ပေါ်သို့ ခြေကားယားလက်ကားယားနှင့် မှောက်ရက်လှဲချလိုက်သည်။

နောက်တော့ ကိုယ်ကိုပြန်လှည့်လိုက်ပြီး အခန်းရဲ့မျက်နှာကြက်ကို ငေးကြည့်မိသောအခါ မျက်ဝန်းအစုံသည် ကြယ်စင်ပေါင်းထောင်ချီ စုဝေးနေသကဲ့သို့ တလက်လက်ဖြစ်သွားသည်။ ထိုအချိန်က သူ၏ဦးနှောက်ထဲ ပုံဖော်ထားသမျှ အရာအားလုံးသည် တဖိတ်ဖိတ် တောက်ပပြီး နှစ်လိုဖွယ်အတိဖြစ်နေသည့် သူ၏အနာဂတ်သာဖြစ်သည်။

သူသည် မြှောက်ကြွမြှောက်ကြွနှင့် ခြုံစောင်​လေးထဲကို တိုးဝင်လိုက်ပြီး မျက်လုံးများကို မှိတ်လိုက်သည်နှင့် ဘဝင်ခိုက်လောက်အောင် အူမြူးစရာကောင်းသော အိပ်မက်လှလှကို မြင်မက်ခဲ့သည်။

အိပ်မက်ထဲတွင် သူ၏အရပ်သည် တစ်မီတာနှင့် ခုနစ်ရှစ်စင်တီမီတာမှ နှစ်မီတာနှင့် နှစ်စင်တီမီတာအထိ ရှည်သွားသည်။ ကြိုးကွင်းစွပ်ထားသော မြင်းရိုင်းတိုင်သကဲ့သို့ အရပ်ရှည်ခန့်ညားပြီး ယောကျာ်းပီသသည့် လူတစ်ယောက်အတိုင်းပင်။


(အဲ့ဒီကြိုးကြီးပါ တော်တို့ရယ်...ငါးမီတာကနေ ကိုးမီတာအထိ ရှည်ပါတယ်တဲ့...မနောက်နဲ့ မနောက်နဲ့ သူ့ထက်ရှည်တာတောင် သူ့လောက်မရှည်နိုင်ဘူး)

လီတာ့နှင့်လီအော့က သူ့ပေါင်ကိုဖက်တွယ်ထားကာ လည်ချောင်းကနေ ဆန်တက်လာသော အသံနှင့်အော်နေကြသည်။ ရန်တာ့ကော အရမ်းမိုက်တာပဲ...ကြွက်က ဆန်ကိုချစ်သလိုမျိုး ကျွန်တော်တို့လည်း အစ်ကိုကြီးကို ချစ်နေမိပြီ....

သို့သော် ယဲ့ထင်ကတော့ အိပ်မက်ထဲတွင် ပဲပင်ပေါက်ကဲ့သို့ ပိန်လှီးအားနည်းနေပြီး ဝက်ချည်သောကြိုးနှင့် တင်းကျပ်စွာ အချည်ခံထားရကာ မြေပြင်ပေါ်တွင် တုန်တုန်ရီရီနှင့် ဝပ်တွားခယနေရသည်။ ကိုယ်ပေါ်တွင်လည်း အနီရောင် စွပ်ကျယ်တစ်ထည်သာ ဝတ်ထားပြီး စွပ်ကျယ်အရှေ့တွင် အကျဥ်းသားဟူသော စာလုံးကို ခပ်ကြီးကြီး ရေးထားသေးသည်။ ကျောနောက်တွင်တော့ စာလုံးနက်နက်ကြီးဖြင့် 'ကွပ်မျက်ရန်'ဟု ထွင်းထုရေးသားထားသော သစ်သားပြားကို ချိတ်ကပ်ထားသည်။

ရန်ကျားလိသည် မြေပြင်ပေါ်က ယဲ့ထင်ထံသို့ မတူသလို မတန်သလိုနှင့် အေးတိစက်အေးစက် ဟမ့်ခနဲ အသံပြုသည်။ တဆက်တည်းပင် လက်ထဲမှာ ကိုင်ထားသည့် ကြာပွတ်ကို ဝှေ့ယမ်းနေပြီး ယဲ့ထင်၏ကိုယ်ပေါ် တစ်ချက်ချင်း ပွတ်ဆွဲနေရင်း အော်ငေါက်လိုက်သည်။

"ငါ့ကိုအနိုင်ကျင့်ပြီး အရှက်ခွဲချင်ဦး၊ မင်းရဲ့ချစ်သူအသစ်လေးကို ငါ့ရှေ့လာလာပြီး ကြွားလုံးထုတ်ချင်ဦးလေ။ ဒီနေ့မင်းကို သေအောင်ရိုက်ပစ်မယ် ချီးဘဲ! ဖေဖေဒီနေ့ မင်းကိုသေအောင် ရိုက်ပစ်မှာ"

အိပ်မက်က နိုးလာသည်နှင့် ရန်ကျားလိသည် ယောင်ယောင်ဝါးဝါးနှင့် မျက်လုံးများကို ဖွင့်လိုက်သည်။ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းသည့် အိပ်မက်နှင့် ခဏတာလောက် မခွဲနိုင် မခွာရက်ဖြစ်နေခဲ့သေးသည်။

သူသည် အိပ်မက်ကို အစအဆုံးတစ်ခေါက်လောက် ပြန်လည်တွေးတော မွေ့လျော်ပြီးကာမှ အိပ်ရာပေါ်မှဆင်းပြီး ရေချိုး၊ မနက်စာစားသည်။

အားဖူအတွက်လည်း ရေနှင့်အစားအစာများ ပြင်ဆင်ပေးပြီးသောအခါ ဂျင်းအပေါ်ဝတ် ဝတ်ပြီး ကုမ္ပဏီသို့ ထွက်လာလိုက်သည်။

ကုမ္ပဏီအပေါက်ဝတွင် လီတာနှင့်လီအော့က သူ့ကိုစောင့်နေသည်။ နှစ်ယောက်သား၏ပုံစံက မနေ့ညက ညစာစားပွဲမှာ အတော်လေး အပျော်လွန်ကဲခဲ့ပုံပင်။ ထိုအခိုက်အတန့်၌ သူတို့၏အပြုံးများက စိုက်ပျိုးရေးချန်နယ်လ်မှ ဝက်မိခင်ကြီးက ဝက်သားပေါက် ရှစ်ကောင်လောက် မွေးပြီးသောအခါ အကောင်ပေါက်လေးများကိုကြည့်ရင်း မျက်လုံးများပင် မပေါ်တော့သည်အထိ ပြုံးရယ်နေတာနှင့်ပင် တူသည်။ ထပ်လောင်း ဥပမာပေးရမည်ဆိုလျှင် စပါးများ ကောက်ရိတ်သိမ်းချိန်၌ ပျော်ရွှင်နေသော ကောက်စိုက်ဘွားဘွားများ အတိုင်းပင်။

ရန်ကျားလိက သူတို့နှစ်​ယောက်ကို အော်ခေါ်လိုက်ပြီး သုံးယောက်သား ကုမ္ပဏီ၏ လေ့ကျင့်ခန်းထဲသို့ ဝင်လာခဲ့သည်။

သူတို့သုံးယောက်ဟာ အချိန်အကြာကြီး ပျောက်ဆုံးနေခဲ့သော စိတ်အားထက်သန်မှုများနှင့် တောက်လောင်ကာ လှုပ်ရှားတက်ကြွနေကြသည်။ အပူအပင်ကင်းစွာဖြင့် ချွေးပေါက်ကြီးငယ်များလည်း ရွဲရွဲစိုနေကာ လေးငါးနာရီလောက် ရီဟာဇယ်လေ့ကျင့်ခဲ့ကြသည်။ ရန်ကျားလိ အသံလုံးလုံး ပျောက်သွားမှသာ လေ့ကျင့်ခြင်းကို ရပ်တန့်လိုက်ကြသည်။

သို့သော်လည်း သူသည် ပင်ပန်းနေသည်ဟု အနည်းငယ်မျှပင် မခံစားရပေ။ သူ့တစ်ကိုယ်လုံးတွင် တက်ကြွပူလောင်သောသွေးများ စီးဆင်းနေပြီး မျက်စိရှေ့တွင်လည်း မျှော်လင့်ချက်များ ပြည့်နေသည်ဟူ၍သာ ခံစားနေရသည်။

ရက်ပေါင်းများစွာ အပြင်းအထန် လေ့ကျင့်ပြီးသည့်တိုင် ရန်ကျားလိက သူတို့၏ဖျော်ဖြေမှုကို အပြစ်ဆိုစရာ တစ်စက်လေးမရှိအောင်၊ ခြောက်ပစ်ကင်းသဲလဲစင်အောင်၊ ပြီးပြည့်စုံပြီး ကောင်းမွန်လှသည်ဟု မထင်သေးပေ။ ထို့ကြောင့် သီချင်းစာသားကိုပင် အိမ်သို့ပြန်ယူသွားပြီး မှန်ရှေ့တွင် ထပ်ခါတလဲလဲ လေ့ကျင့်ခဲ့သည်။

ပြတင်းပေါက် ရှေ့တွင်ထိုင်၍လည်း သီချင်းစာသားများမှ Note အချို့ကို ပြန်ပြင်ခဲ့တာမျိုးလည်း ရှိခဲ့သည်။ သူထိုင်လိုက်တဲ့အချိန်မှာ နေရောင်က ကမ္ဘာကြီးရဲ့ အခြားတစ်ဖက်မှာ နစ်မြှုပ်နေဆဲပေမယ့် သူခေါင်းကို ပြန်မော့ကြည့်လိုက်ချိန်မှာတော့ ကောင်းကင်ပေါ်မှာ ကြယ်တွေပြည့်နှက်နေသည့် လမိုက်ညသို့ ရောက်နှင့်နေခဲ့ပြီ။

ပင်ပန်းတာက ပင်ပန်းခဲ့သည်ဆိုသော်လည်း ပင်ပန်းခဲ့သလောက်လဲ သီချင်းကို ပြေပြစ်လှပအောင် ပြင်ဆင်နိုင်ခဲ့သည်။

ရန်ကျားလိသည် ယုံကြည်မှုအပြည့်နှင့် ပြင်ဆင်ပြီးမြောက်သွားသော ဗီဒီယိုတိတ်ခွေကို သေချာထုပ်ပိုးပြီး ညစာစားပွဲပါတီ၏ စီစဥ်ရေးကော်မတီကို ပေးပို့လိုက်ပြီး ဗီဒီယိုနှင့်ပတ်သတ်သည့် သူတို့၏ ပြန်လည်သုံးသပ်ချက်နှင့် ထင်မြင်ချက်များကို စောင့်ဆိုင်းနေခဲ့သည်။

စာပို့ပြီး ရက်အနည်းငယ်အကြာတွင်  ရန်ကျားလိသည် သူ၏မိုဘိုင်းလ်ဖုန်းကို တစ်နေ့လျှင် အကြိမ်ရှစ်ရာလောက် စစ်ဆေးနေပြီး ကော်မတီမှ တစ်စုံတစ်ရာ တုံ့ပြန်မှုရှိ၊မရှိကို စိတ်လှုပ်ရှားရင်း မျှော်လင့်ချက်များအပြည့်နှင့် စောင့်မျှော်နေခဲ့သည်။

လီတာ့နှင့်လီအော့သည်ပင် ရန်ကျားလိ၏ မကြာခဏ ခေါင်းငုံ့ပြီး ပြန်စာရှိမရှိ ကြည့်နေသည်ကို "နွေဦးမိန်းမပျို" နှင့်တူသည်ဟု စနောက်ခဲ့ကြသေးသည်။

(နွေဦးမိန်းမပျိုဟူသည် ပျိုဖော်ဝင်ခါစမိန်းကလေးတစ်ယောက်မှ ဆန့်ကျင်ဘက်လိင်ကို စူးစမ်းလိုစိတ်၊ တောင့်တနေစိတ်ကို ဆိုလိုသည်။ သို့ရာတွင် ဖြူစင်သော တောင့်တခြင်းမျိုးကိုသာဆိုလိုသည်။)

ရန်ကျားလိက ထိုနှစ်ယောက်၏ နောက်စိကို ဖြောင်းခနဲ ရိုက်လိုက်ပြီး အသံကျယ်ကျယ်နှင့် အငြင်းပွားသည်။

"ထွက်သွားစမ်း၊ ဒီအဖေက အောင်မြင်မှုကို ရိတ်သိမ်းဖို့ စောင့်နေတာကွ၊ ဘာမှနားမလည်ကြဘဲနဲ့!"

ပူပန်ကြောင့်ကြစွာဖြင့် ရက်သတ္တပတ်လောက်ကြာအောင် စောင့်ဆိုင်းခဲ့သော်လည်း ကော်မတီ၏ပြန်စာမှာတော့ ရောက်မလာခဲ့ပေ။

နောက်ဆုံးတွင်တော့ ရန်ကျားလိလည်း သည်းမခံနိုင်တော့ပေ။ သတ္တိမွေးလိုက်ပြီး ကော်မတီ၏ တာဝန်ရှိသူကို ဖုန်းဆက်လိုက်သည်။

ဖုန်းလိုင်းက ခဏလေးနှင့် ချိတ်ဆက်သွားပြီး ရန်ကျားလိသည် အလွန်ယဥ်ကျေးစွာနှင့် ဖုန်းဆက်ရသည့် အကြောင်းအရင်းကို ရှင်းပြသည်။ သူတို့ပို့ထားသော ဗီဒီယိုတိတ်ခွေ၏ သုံးသပ်စစ်ဆေးချက်နှင့်အတူ အခြားပြင်စရာ ရှိမရှိကို မေးမြန်းခဲ့သည်။

တစ်ဖက်ဖုန်းလိုင်းမှလူက အထစ်ထစ် အငေါ့ငေါ့နှင့်

"အဲ့ဒါလား၊ အိုက်ယား ဘယ်လိုပြောရပါလိမ့်။ မင်းတို့ရဲ့ ဖျော်ဖြေပွဲကလေ..."

ရန်ကျားလိ၏ နှလုံးသားထဲတွင် ဒုတ်ခနဲဖြစ်သွားပြီး လက်ဖဝါးမှ ချွေးစေးများပင် ထွက်လာသည်။

တစ်ဖက်မှလူသည် နားလည်ရခက်စေလောက်အောင် မသဲမကွဲပြောသည်။

"ငါမင်းတို့ကို မလုပ်ခိုင်းစေချင်တာ မဟုတ်ပါဘူး။ ဒါပေမယ့်ကွာ....အထက်ကလူက...."

ရန်ကျားလိသည် စိုးရိမ်သွားပြီး ဆက်မေးလာသည်။

"တကယ်ပဲ ဘယ်လိုအခြေအနေ ဖြစ်သွားလို့လဲ။ ခင်ဗျား ကျွန်တော်တို့ကို ဒဲ့​ပဲပြောလိုက်ပါဗျာ"

တစ်ဖက်မှ သက်ပြင်းချလိုက်ရင်း

"ထားပါတော့ ငါမင်းကိုပြောပြလိုက်မယ်။ မင်းတို့ရဲ့ဖျော်ဖြေမှုက ပယ်ချခံလိုက်ရတာ၊ မင်းတို့အတွက်နေရာကိုလဲ စာရင်းထဲက ဖျက်လိုက်ပြီး တခြားအဆိုတော်ကို အစားထိုးလိုက်ပြီ။ မင်းတို့ပြန်ပြင်ထားတဲ့ ဗီဒီယိုတိတ်ခွေကိုလဲ ဒီဘက်ကမလိုတော့ဘူး။ ထပ်ပြီး ကြည့်ပေးနိုင်မှာလဲ မဟုတ်ဘူး"

ထိုစကားတစ်ခွန်းသည် မိုးကြိုးတစ်စင်းနှင့်ပင်တူသည်။ ရန်ကျားလိကိုယ်ပေါ် တည့်တည့်ပစ်ချလာပြီး သူ့ကို ရူးခါသွားစေ မတတ်ပင်။

သူသည် လဝက်လောက် သေမတတ် ကြိုးစားရုန်းကန်ရင်း အော်ရလွန်းလို့ လည်ချောင်းပင် ကွဲသွားတော့မည်။

ချွေးသီးသီးကျအောင် လေ့ကျင့်ခဲ့ပြီး သီချင်းစာသားများကိုလည်း မျက်လုံးမှ သွေးကြောများ နီရဲလာသည်အထိ သွေးချွေးများပေးဆပ်ကာ ညလုံးပေါက် နှိုက်နှိုက်ချွတ်ချွတ် ပြင်ဆင်ခဲ့ရသည်။ 

အဆုံးသတ်ကျတော့ သူ၏ခွဲတမ်းကို အခြားသူများအား ပေးအပ်ပြီးသားဟု ပြောလာသည်။ မျက်စိရှေ့ လက်တစ်ကမ်းအလိုမှာတင် သူ၏အိပ်မက်များအား အစိတ်စိတ် အမြွှာမြွှာ ကွဲကြေသွားရန် မျှော်လင့်ခဲ့ကြလေသလား။

အချိန်အတော်ကြာမှ ရန်ကျားလိသည် အသိပြန်ဝင်လာပြီး ကတုန်ကယင်နှင့် မေးလာသည်။

"အားလုံး အားလုံးက ပြောပြီးသားမဟုတ်လား။ ဘာလို့ ဘာလို့ ဒီလိုမျိုးဖြစ်သွားရတာလဲ"

ဖုန်းထဲကလူလည်း နည်းနည်းတော့ စိတ်မကောင်းဖြစ်သွားပြီး သူ့အား အကြိမ်အနည်းငယ်လောက် ဖျောင်းဖြခဲ့သေးသည်။

ရန်ကျားလိသည် ဖုန်းကို ဆုပ်ကိုင်ထားရင်း ဘာကိုမှ ဂရုမစိုက်တော့ဘဲ အဓိက အကြောင်းအရင်းကိုသာ အရူးတပိုင်း မေးမြန်းခဲ့သည်။

တာဝန်ရှိသူသည် ချောင်းအနည်းငယ် ဟန့်လိုက်ပြီး ရန်ကျားလိ၏ ငိုလုဆဲဆဲ စိတ်ပူပန်နေမှုကို မကြည့်ရက်တော့သောအခါ လေသံကို တိုးချလိုက်ပြီး

"ကောင်းပြီ၊ ငါမင်းကို ပြောပြမယ်။ တခြားသူတွေကိုတော့ လုံးဝလုံးဝ ပြန်သွားမပြောရဘူးနော်။ မင်းတို့ရဲ့နေရာ ပျောက်သွားတာက တကယ်တော့ ပါတီရဲ့ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူဘက်က မင်းတို့ကို ဖယ်ပစ်ဖို့ ဖိအားပေး ခိုင်းစေခဲ့တာ"

"ဘယ်ကုမ္ပဏီက ရင်းနှီးမြှုပ်နှံသူလဲ"

တာဝန်ရှိပုဂ္ဂိုလ်က တိုးလျသော လေသံနှင့်

"အဲ့ဒါတော့ ငါ အသေးစိတ် ပြောပြလို့မရဘူးလေ။ မင်းကိုယ့်ကို စဥ်းစားကြည့်ပေါ့"

ဖုန်းချပြီးသောအခါ ရန်ကျားလိသည် ကွန်ပျူတာရှေ့ အပြေးရောက်သွားပြီး ပါတီ၏ ရင်းနှီးမြှုပ်နှံသူများ စာရင်းကို အပေါ်မှအောက်သို့ စေ့စေစပ်စပ်ကြည့်ရှူသည်။

ဒုတိယ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူကို တွေ့သောအခါ သူရပ်တန့်သွားတော့သည်။

Guang Hui ငွေကြေး ရင်းနှီးမြှုပ်နှံမှု အုပ်စု။

ယဲ့ထင်၏ ကုမ္ပဏီ။

.
.
.
.
.
14/10/2021(Thurs)

                            ×××

{Zawgyi}

"အက်ိဳးႏွင့္အေၾကာင္း
သည္ဒြန့္တြဲလာသည္"

ရန္က်ားလိသည္ ေပ်ာ္လြန္းလို႔ ႐ူးေတာင္သြားေတာ့မည္။

က်ဥ္းထဲၾကပ္ထဲတြင္ ယဲ့ထင္၏ ညွဥ္းပန္းႏွိပ္စက္ျခင္းဒဏ္ကို ရက္ေပါင္းမ်ားစြာ ခံေနရ၍ ေသမလိုျဖစ္ေနခ်ိန္မွာ ထင္မွတ္မထားသည့္ ကံၾကမၼာအတုံ႕အလွည့္ေၾကာင့္ သူတပန္းသာခဲ့ရသည္။ ဝမ္းသာအားရလြန္းလို႔ သူ႕ေျခေထာက္မ်ားက ေလေပၚဆန္တက္သြားေတာ့မလိုပင္။

အားဖူအတြက္ ငါးေျခာက္တစ္ထုပ္ ဝယ္လိုက္ၿပီး ကတ္ထူဘူးထဲ ထည့္သိမ္းလိုက္ကာ ေစာင္အေသးေလးကို ယာယီအိပ္ရာအျဖစ္ ခင္းေပးလိုက္သည္။

အားလုံးၿပီးစီးေသာအခါ ရန္က်ားလိသည္လည္း ေရခ်ိဴးခန္းထဲဝင္ကာ ေရမိုးခ်ိဳးလိုက္သည္။

က်ဥ္းေျမာင္းေသးငယ္ေသာ ေရခ်ိဳးခန္းေလးသည္ပင္ ရန္က်ားလိ၏ အားမာန္တက္ႂကြမႈႏွင့္ စိတ္လႈပ္ရွားေပ်ာ္႐ႊင္မႈတို႔ကို မရပ္တန့္ေပးနိုင္ေပ။ သူ၏ စိတ္ဆႏၵေတြကလည္း အထြတ္အထိပ္သို႔ ေရာက္ေန၍ ေသးသြယ္ပိန္လ်ၿပီး ေခ်ာမြတ္ေနသည့္ခႏၶာကိုယ္က ေရပိုက္ေခါင္းကို မိုက္ခရိုဖုန္းအျဖစ္ ကိုင္လိုက္ၿပီး အေရွ႕မွ အျဖဴေရာင္ေႂကြထည္ နံရံႀကီးကိုလည္း ဂုဏ္သေရရွိေသာ လူႀကီးမင္းမ်ားအျဖစ္ သေဘာထားလိုက္ကာ လွိမ့္တက္လာေသာ တက္ႂကြေပ်ာ္႐ႊင္မႈမ်ားႏွင့္ မ်က္ရည္ဝဲမတတ္ ခံစားေနရေသာ စိတ္လႈပ္ရွားမႈတို႔ႏွင့္အတူ

"အားလုံးကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ညီအစ္ကို၊ေမာင္ႏွမ၊ အဘိုးအဘြား၊ ႐ြာသူ႐ြာသားမ်ားအားလုံး ဟိုးအေဝးႀကီးကေန ကြၽန္ေတာ့္ရဲ႕ ေဖ်ာ္ေျဖပြဲကို လာေရာက္အားေပးလို႔ ေက်းဇူးတင္ပါတယ္။ အခုအားလုံးကို ေဖ်ာ္ေျဖေပးမယ့္ သီခ်င္းကေတာ့ 《好日子》 ပဲျဖစ္ပါတယ္။ Music!"
{《好日子》ရက္ျမတ္ရက္ေကာင္း }

ေရခ်ိဳးခန္းမွ ျပန္ထြက္လာသည့္အခါ ရန္က်ားလိသည္ ကုတင္ေပၚသို႔ ေျခကားယားလက္ကားယားႏွင့္ ေမွာက္ရက္လွဲခ်လိဳက္သည္။

ေနာက္ေတာ့ ကိုယ္ကိုျပန္လွည့္လိုက္ၿပီး အခန္းရဲ႕မ်က္ႏွာၾကက္ကို ေငးၾကည့္မိေသာအခါ မ်က္ဝန္းအစုံသည္ ၾကယ္စင္ေပါင္းေထာင္ခ်ီ စုေဝးေနသကဲ့သို႔ တလက္လက္ျဖစ္သြားသည္။ ထိုအခ်ိန္က သူ၏ဦးႏွောက္ထဲ ပုံေဖာ္ထားသမွ် အရာအားလုံးသည္ တဖိတ္ဖိတ္ ေတာက္ပၿပီး ႏွစ္လိုဖြယ္အတိျဖစ္ေနသည့္ သူ၏အနာဂတ္သာျဖစ္သည္။

သူသည္ ျမႇောက္ႂကြျမႇောက္ႂကြႏွင့္ ၿခဳံေစာင္ေလးထဲကို တိုးဝင္လိုက္ၿပီး မ်က္လုံးမ်ားကို မွိတ္လိုက္သည္ႏွင့္ ဘဝင္ခိုက္ေလာက္ေအာင္ အူျမဴးစရာေကာင္းေသာ အိပ္မက္လွလွကို ျမင္မက္ခဲ့သည္။

အိပ္မက္ထဲတြင္ သူ၏အရပ္သည္ တစ္မီတာႏွင့္ ခုနစ္ရွစ္စင္တီမီတာမွ ႏွစ္မီတာႏွင့္ ႏွစ္စင္တီမီတာအထိ ရွည္သြားသည္။ ႀကိဳးကြင္းစြပ္ထားေသာ ျမင္းရိုင္းတိုင္သကဲ့သို႔ အရပ္ရွည္ခန့္ညားၿပီး ေယာက်ာ္းပီသသည့္ လူတစ္ေယာက္အတိုင္းပင္။


(အဲ့ဒီႀကိဳးႀကီးပါ ေတာ္တို႔ရယ္...ငါးမီတာကေန ကိုးမီတာအထိ ရွည္ပါတယ္တဲ့...မေနာက္နဲ႕ မေနာက္နဲ႕ သူ႕ထက္ရွည္တာေတာင္ သူ႕ေလာက္မရွည္နိုင္ဘူး)

လီတာ့ႏွင့္လီေအာ့က သူ႕ေပါင္ကိုဖက္တြယ္ထားကာ လည္ေခ်ာင္းကေန ဆန္တက္လာေသာ အသံႏွင့္ေအာ္ေနၾကသည္။ ရန္တာ့ေကာ အရမ္းမိုက္တာပဲ...ႂကြက္က ဆန္ကိုခ်စ္သလိုမ်ိဳး ကြၽန္ေတာ္တို႔လည္း အစ္ကိုႀကီးကို ခ်စ္ေနမိၿပီ....

သို႔ေသာ္ ယဲ့ထင္ကေတာ့ အိပ္မက္ထဲတြင္ ပဲပင္ေပါက္ကဲ့သို႔ ပိန္လွီးအားနည္းေနၿပီး ဝက္ခ်ည္ေသာႀကိဳးႏွင့္ တင္းက်ပ္စြာ အခ်ည္ခံထားရကာ ေျမျပင္ေပၚတြင္ တုန္တုန္ရီရီႏွင့္ ဝပ္တြားခယေနရသည္။ ကိုယ္ေပၚတြင္လည္း အနီေရာင္ စြပ္က်ယ္တစ္ထည္သာ ဝတ္ထားၿပီး စြပ္က်ယ္အေရွ႕တြင္ အက်ဥ္းသားဟူေသာ စာလုံးကို ခပ္ႀကီးႀကီး ေရးထားေသးသည္။ ေက်ာေနာက္တြင္ေတာ့ စာလုံးနက္နက္ႀကီးျဖင့္ 'ကြပ္မ်က္ရန္'ဟု ထြင္းထုေရးသားထားေသာ သစ္သားျပားကို ခ်ိတ္ကပ္ထားသည္။

ရန္က်ားလိသည္ ေျမျပင္ေပၚက ယဲ့ထင္ထံသို႔ မတူသလို မတန္သလိုႏွင့္ ေအးတိစက္ေအးစက္ ဟမ့္ခနဲ အသံျပဳသည္။ တဆက္တည္းပင္ လက္ထဲမွာ ကိုင္ထားသည့္ ၾကာပြတ္ကို ေဝွ႕ယမ္းေနၿပီး ယဲ့ထင္၏ကိုယ္ေပၚ တစ္ခ်က္ခ်င္း ပြတ္ဆြဲေနရင္း ေအာ္ေငါက္လိုက္သည္။

"ငါ့ကိုအနိုင္က်င့္ၿပီး အရွက္ခြဲခ်င္ဦး၊ မင္းရဲ႕ခ်စ္သူအသစ္ေလးကို ငါ့ေရွ႕လာလာၿပီး ႂကြားလုံးထုတ္ခ်င္ဦးေလ။ ဒီေန႕မင္းကို ေသေအာင္ရိုက္ပစ္မယ္ ခ်ီးဘဲ! ေဖေဖဒီေန႕ မင္းကိုေသေအာင္ ရိုက္ပစ္မွာ"

အိပ္မက္က နိုးလာသည္ႏွင့္ ရန္က်ားလိသည္ ေယာင္ေယာင္ဝါးဝါးႏွင့္ မ်က္လုံးမ်ားကို ဖြင့္လိုက္သည္။ ရင္ခုန္စိတ္လႈပ္ရွားစရာေကာင္းသည့္ အိပ္မက္ႏွင့္ ခဏတာေလာက္ မခြဲနိုင္ မခြာရက္ျဖစ္ေနခဲ့ေသးသည္။

သူသည္ အိပ္မက္ကို အစအဆုံးတစ္ေခါက္ေလာက္ ျပန္လည္ေတြးေတာ ေမြ႕ေလ်ာ္ၿပီးကာမွ အိပ္ရာေပၚမွဆင္းၿပီး ေရခ်ိဳး၊ မနက္စာစားသည္။

အားဖူအတြက္လည္း ေရႏွင့္အစားအစာမ်ား ျပင္ဆင္ေပးၿပီးေသာအခါ ဂ်င္းအေပၚဝတ္ ဝတ္ၿပီး ကုမၸဏီသို႔ ထြက္လာလိုက္သည္။

ကုမၸဏီအေပါက္ဝတြင္ လီတာႏွင့္လီေအာ့က သူ႕ကိုေစာင့္ေနသည္။ ႏွစ္ေယာက္သား၏ပုံစံက မေန႕ညက ညစာစားပြဲမွာ အေတာ္ေလး အေပ်ာ္လြန္ကဲခဲ့ပုံပင္။ ထိုအခိုက္အတန့္၌ သူတို႔၏အၿပဳံးမ်ားက စိုက္ပ်ိဳးေရးခ်န္နယ္လ္မွ ဝက္မိခင္ႀကီးက ဝက္သားေပါက္ ရွစ္ေကာင္ေလာက္ ေမြးၿပီးေသာအခါ အေကာင္ေပါက္ေလးမ်ားကိုၾကည့္ရင္း မ်က္လုံးမ်ားပင္ မေပၚေတာ့သည္အထိ ၿပဳံးရယ္ေနတာႏွင့္ပင္ တူသည္။ ထပ္ေလာင္း ဥပမာေပးရမည္ဆိုလွ်င္ စပါးမ်ား ေကာက္ရိတ္သိမ္းခ်ိန္၌ ေပ်ာ္႐ႊင္ေနေသာ ေကာက္စိုက္ဘြားဘြားမ်ား အတိုင္းပင္။

ရန္က်ားလိက သူတို႔ႏွစ္ေယာက္ကို ေအာ္ေခၚလိုက္ၿပီး သုံးေယာက္သား ကုမၸဏီ၏ ေလ့က်င့္ခန္းထဲသို႔ ဝင္လာခဲ့သည္။

သူတို႔သုံးေယာက္ဟာ အခ်ိန္အၾကာႀကီး ေပ်ာက္ဆုံးေနခဲ့ေသာ စိတ္အားထက္သန္မႈမ်ားႏွင့္ ေတာက္ေလာင္ကာ လႈပ္ရွားတက္ႂကြေနၾကသည္။ အပူအပင္ကင္းစြာျဖင့္ ေခြၽးေပါက္ႀကီးငယ္မ်ားလည္း ႐ြဲ႐ြဲစိုေနကာ ေလးငါးနာရီေလာက္ ရီဟာဇယ္ေလ့က်င့္ခဲ့ၾကသည္။ ရန္က်ားလိ အသံလုံးလုံး ေပ်ာက္သြားမွသာ ေလ့က်င့္ျခင္းကို ရပ္တန့္လိုက္ၾကသည္။

သို႔ေသာ္လည္း သူသည္ ပင္ပန္းေနသည္ဟု အနည္းငယ္မွ်ပင္ မခံစားရေပ။ သူ႕တစ္ကိုယ္လုံးတြင္ တက္ႂကြပူေလာင္ေသာေသြးမ်ား စီးဆင္းေနၿပီး မ်က္စိေရွ႕တြင္လည္း ေမွ်ာ္လင့္ခ်က္မ်ား ျပည့္ေနသည္ဟူ၍သာ ခံစားေနရသည္။

ရက္ေပါင္းမ်ားစြာ အျပင္းအထန္ ေလ့က်င့္ၿပီးသည့္တိုင္ ရန္က်ားလိက သူတို႔၏ေဖ်ာ္ေျဖမႈကို အျပစ္ဆိုစရာ တစ္စက္ေလးမရွိေအာင္၊ ေျခာက္ပစ္ကင္းသဲလဲစင္ေအာင္၊ ၿပီးျပည့္စုံၿပီး ေကာင္းမြန္လွသည္ဟု မထင္ေသးေပ။ ထို႔ေၾကာင့္ သီခ်င္းစာသားကိုပင္ အိမ္သို႔ျပန္ယူသြားၿပီး မွန္ေရွ႕တြင္ ထပ္ခါတလဲလဲ ေလ့က်င့္ခဲ့သည္။

ျပတင္းေပါက္ ေရွ႕တြင္ထိုင္၍လည္း သီခ်င္းစာသားမ်ားမွ Note အခ်ိဳ႕ကို ျပန္ျပင္ခဲ့တာမ်ိဳးလည္း ရွိခဲ့သည္။ သူထိုင္လိုက္တဲ့အခ်ိန္မွာ ေနေရာင္က ကမၻာႀကီးရဲ႕ အျခားတစ္ဖက္မွာ နစ္ျမႇုပ္ေနဆဲေပမယ့္ သူေခါင္းကို ျပန္ေမာ့ၾကည့္လိုက္ခ်ိန္မွာေတာ့ ေကာင္းကင္ေပၚမွာ ၾကယ္ေတြျပည့္ႏွက္ေနသည့္ လမိုက္ညသို႔ ေရာက္ႏွင့္ေနခဲ့ၿပီ။

ပင္ပန္းတာက ပင္ပန္းခဲ့သည္ဆိုေသာ္လည္း ပင္ပန္းခဲ့သေလာက္လဲ သီခ်င္းကို ေျပျပစ္လွပေအာင္ ျပင္ဆင္နိုင္ခဲ့သည္။

ရန္က်ားလိသည္ ယုံၾကည္မႈအျပည့္ႏွင့္ ျပင္ဆင္ၿပီးေျမာက္သြားေသာ ဗီဒီယိုတိတ္ေခြကို ေသခ်ာထုပ္ပိုးၿပီး ညစာစားပြဲပါတီ၏ စီစဥ္ေရးေကာ္မတီကို ေပးပို႔လိုက္ၿပီး ဗီဒီယိုႏွင့္ပတ္သတ္သည့္ သူတို႔၏ ျပန္လည္သုံးသပ္ခ်က္ႏွင့္ ထင္ျမင္ခ်က္မ်ားကို ေစာင့္ဆိုင္းေနခဲ့သည္။

စာပို႔ၿပီး ရက္အနည္းငယ္အၾကာတြင္ ရန္က်ားလိသည္ သူ၏မိုဘိုင္းလ္ဖုန္းကို တစ္ေန႕လွ်င္ အႀကိမ္ရွစ္ရာေလာက္ စစ္ေဆးေနၿပီး ေကာ္မတီမွ တစ္စုံတစ္ရာ တုံ႕ျပန္မႈရွိ၊မရွိကို စိတ္လႈပ္ရွားရင္း ေမွ်ာ္လင့္ခ်က္မ်ားအျပည့္ႏွင့္ ေစာင့္ေမွ်ာ္ေနခဲ့သည္။

လီတာ့ႏွင့္လီေအာ့သည္ပင္ ရန္က်ားလိ၏ မၾကာခဏ ေခါင္းငုံ႕ၿပီး ျပန္စာရွိမရွိ ၾကည့္ေနသည္ကို "ႏြေဦးမိန္းမပ်ိဳ" ႏွင့္တူသည္ဟု စေနာက္ခဲ့ၾကေသးသည္။

(ႏြေဦးမိန္းမပ်ိဳဟူသည္ ပ်ိဳေဖာ္ဝင္ခါစမိန္းကေလးတစ္ေယာက္မွ ဆန့္က်င္ဘက္လိင္ကို စူးစမ္းလိုစိတ္၊ ေတာင့္တေနစိတ္ကို ဆိုလိုသည္။ သို႔ရာတြင္ ျဖဴစင္ေသာ ေတာင့္တျခင္းမ်ိဳးကိုသာဆိုလိုသည္။)

ရန္က်ားလိက ထိုႏွစ္ေယာက္၏ ေနာက္စိကို ေျဖာင္းခနဲ ရိုက္လိုက္ၿပီး အသံက်ယ္က်ယ္ႏွင့္ အျငင္းပြားသည္။

"ထြက္သြားစမ္း၊ ဒီအေဖက ေအာင္ျမင္မႈကို ရိတ္သိမ္းဖို႔ ေစာင့္ေနတာကြ၊ ဘာမွနားမလည္ၾကဘဲနဲ႕!"

ပူပန္ေၾကာင့္ၾကစြာျဖင့္ ရက္သတၱပတ္ေလာက္ၾကာေအာင္ ေစာင့္ဆိုင္းခဲ့ေသာ္လည္း ေကာ္မတီ၏ျပန္စာမွာေတာ့ ေရာက္မလာခဲ့ေပ။

ေနာက္ဆုံးတြင္ေတာ့ ရန္က်ားလိလည္း သည္းမခံနိုင္ေတာ့ေပ။ သတၱိေမြးလိုက္ၿပီး ေကာ္မတီ၏ တာဝန္ရွိသူကို ဖုန္းဆက္လိုက္သည္။

ဖုန္းလိုင္းက ခဏေလးႏွင့္ ခ်ိတ္ဆက္သြားၿပီး ရန္က်ားလိသည္ အလြန္ယဥ္ေက်းစြာႏွင့္ ဖုန္းဆက္ရသည့္ အေၾကာင္းအရင္းကို ရွင္းျပသည္။ သူတို႔ပို႔ထားေသာ ဗီဒီယိုတိတ္ေခြ၏ သုံးသပ္စစ္ေဆးခ်က္ႏွင့္အတူ အျခားျပင္စရာ ရွိမရွိကို ေမးျမန္းခဲ့သည္။

တစ္ဖက္ဖုန္းလိုင္းမွလူက အထစ္ထစ္ အေငါ့ေငါ့ႏွင့္

"အဲ့ဒါလား၊ အိုက္ယား ဘယ္လိုေျပာရပါလိမ့္။ မင္းတို႔ရဲ႕ ေဖ်ာ္ေျဖပြဲကေလ..."

ရန္က်ားလိ၏ ႏွလုံးသားထဲတြင္ ဒုတ္ခနဲျဖစ္သြားၿပီး လက္ဖဝါးမွ ေခြၽးေစးမ်ားပင္ ထြက္လာသည္။

တစ္ဖက္မွလူသည္ နားလည္ရခက္ေစေလာက္ေအာင္ မသဲမကြဲေျပာသည္။

"ငါမင္းတို႔ကို မလုပ္ခိုင္းေစခ်င္တာ မဟုတ္ပါဘူး။ ဒါေပမယ့္ကြာ....အထက္ကလူက...."

ရန္က်ားလိသည္ စိုးရိမ္သြားၿပီး ဆက္ေမးလာသည္။

"တကယ္ပဲ ဘယ္လိုအေျခအေန ျဖစ္သြားလို႔လဲ။ ခင္ဗ်ား ကြၽန္ေတာ္တို႔ကို ဒဲ့ပဲေျပာလိုက္ပါဗ်ာ"

တစ္ဖက္မွ သက္ျပင္းခ်လိဳက္ရင္း

"ထားပါေတာ့ ငါမင္းကိုေျပာျပလိုက္မယ္။ မင္းတို႔ရဲ႕ေဖ်ာ္ေျဖမႈက ပယ္ခ်ခံလိုက္ရတာ၊ မင္းတို႔အတြက္ေနရာကိုလဲ စာရင္းထဲက ဖ်က္လိုက္ၿပီး တျခားအဆိုေတာ္ကို အစားထိုးလိုက္ၿပီ။ မင္းတို႔ျပန္ျပင္ထားတဲ့ ဗီဒီယိုတိတ္ေခြကိုလဲ ဒီဘက္ကမလိုေတာ့ဘူး။ ထပ္ၿပီး ၾကည့္ေပးနိုင္မွာလဲ မဟုတ္ဘူး"

ထိုစကားတစ္ခြန္းသည္ မိုးႀကိဳးတစ္စင္းႏွင့္ပင္တူသည္။ ရန္က်ားလိကိုယ္ေပၚ တည့္တည့္ပစ္ခ်လာၿပီး သူ႕ကို ႐ူးခါသြားေစ မတတ္ပင္။

သူသည္ လဝက္ေလာက္ ေသမတတ္ ႀကိဳးစား႐ုန္းကန္ရင္း ေအာ္ရလြန္းလို႔ လည္ေခ်ာင္းပင္ ကြဲသြားေတာ့မည္။

ေခြၽးသီးသီးက်ေအာင္ ေလ့က်င့္ခဲ့ၿပီး သီခ်င္းစာသားမ်ားကိုလည္း မ်က္လုံးမွ ေသြးေၾကာမ်ား နီရဲလာသည္အထိ ​ေသြးေခြၽးမ်ားေပးဆပ္ကာ  ညလုံးေပါက္ ႏွိုက္ႏွိုက္ခြၽတ္ခြၽတ္ ျပင္ဆင္ခဲ့ရသည္။

အဆုံးသတ္က်ေတာ့ သူ၏ခြဲတမ္းကို အျခားသူမ်ားအား ေပးအပ္ၿပီးသားဟု ေျပာလာသည္။ မ်က္စိေရွ႕ လက္တစ္ကမ္းအလို မွာတင္ သူ၏အိပ္မက္မ်ားအား အစိတ္စိတ္ အႁမႊာႁမႊာ ကြဲေၾကသြားရန္ ေမွ်ာ္လင့္ခဲ့ၾကေလသလား။

အခ်ိန္အေတာ္ၾကာမွ ရန္က်ားလိသည္ အသိျပန္ဝင္လာၿပီး ကတုန္ကယင္ႏွင့္ ေမးလာသည္။

"အားလုံး အားလုံးက ေျပာၿပီးသားမဟုတ္လား။ ဘာလို႔ ဘာလို႔ ဒီလိုမ်ိဳးျဖစ္သြားရတာလဲ"

ဖုန္းထဲကလူလည္း နည္းနည္းေတာ့ စိတ္မေကာင္းျဖစ္သြားၿပီး သူ႕အား အႀကိမ္အနည္းငယ္ေလာက္ ေဖ်ာင္းျဖခဲ့ေသးသည္။

ရန္က်ားလိသည္ ဖုန္းကို ဆုပ္ကိုင္ထားရင္း ဘာကိုမွ ဂ႐ုမစိုက္ေတာ့ဘဲ အဓိက အေၾကာင္းအရင္းကိုသာ အ႐ူးတပိုင္း ေမးျမန္းခဲ့သည္။

တာဝန္ရွိသူသည္ ေခ်ာင္းအနည္းငယ္ ဟန့္လိုက္ၿပီး ရန္က်ားလိ၏ ငိုလုဆဲဆဲ စိတ္ပူပန္ေနမႈကို မၾကည့္ရက္ေတာ့ေသာအခါ ေလသံကို တိုးခ်လိဳက္ၿပီး

"ေကာင္းၿပီ၊ ငါမင္းကို ေျပာျပမယ္။ တျခားသူေတြကိုေတာ့ လုံးဝလုံးဝ ျပန္သြားမေျပာရဘူးေနာ္။ မင္းတို႔ရဲ႕ေနရာ ေပ်ာက္သြားတာက တကယ္ေတာ့ ပါတီရဲ႕ အႀကီးဆုံး ရင္းႏွီးျမႇုပ္ႏွံသူဘက္က မင္းတို႔ကို ဖယ္ပစ္ဖို႔ ဖိအားေပး ခိုင္းေစခဲ့တာ"

"ဘယ္ကုမၸဏီက ရင္းႏွီးျမႇုပ္ႏွံသူလဲ"

တာဝန္ရွိပုဂၢိုလ္က တိုးလ်ေသာ ေလသံႏွင့္

"အဲ့ဒါေတာ့ ငါ အေသးစိတ္ ေျပာျပလို႔မရဘူးေလ။ မင္းကိုယ့္ကို စဥ္းစားၾကည့္ေပါ့"

ဖုန္းခ်ၿပီးေသာအခါ ရန္က်ားလိသည္ ကြန္ပ်ဴတာေရွ႕ အေျပးေရာက္သြားၿပီး ပါတီ၏ ရင္းႏွီးျမႇုပ္ႏွံသူမ်ား စာရင္းကို အေပၚမွေအာက္သို႔ ေစ့ေစစပ္စပ္ၾကည့္ရႉသည္။

ဒုတိယ အႀကီးဆုံး ရင္းႏွီးျမႇုပ္ႏွံသူကို ေတြ႕ေသာအခါ သူရပ္တန့္သြားေတာ့သည္။

Guang Hui ေငြေၾကး ရင္းႏွီးျမႇုပ္ႏွံမႈ အုပ္စု။

ယဲ့ထင္၏ ကုမၸဏီ။

.
.
.
.
.
.
.
.
14/10/2021(Thurs)                     

                           ×××
 

Continue Reading

You'll Also Like

620K 81.1K 102
" ငါ အိမ်ပြန်လာတိုင်း နှင်းဆီပန်းတစ်ပွင့် အမြဲတမ်းယူခဲ့တယ်။ပြီးတော့ ငါ့ကို သူကြည့်ပေးမယ့် တစ်ခဏလေးမှာ ငါ့ရဲ့Alpha ကို ပြောမိမှာက ' ငါ သူ့ကို ချစ်တယ်၊...
209K 35K 63
||Completed|| novelတော်တော်များများမှာဆို Mlကmcရဲ့ ပုံစံအမှန်ကိုပဲ အရင်တွေ့ကြတာများပြီး ဒီတစ်ခါတော့ mlအထင်မှား ကောက်ချက်ချတဲ့ဟာလေးပါ🤣 novelေတာ္ေတာ္မ...
40K 4.2K 22
Story Title_ Me and My Suspicious Partner ဧကရာဇ်ပိုင်ဝူရှန့်သည် လုပ်ကြံခံရကာ ချီရုန်တို့ဓားပြစခန်းအနီးရှိရေကန်တွင် သတိလစ်လျက် ချီရုန်၏တပည့်များမှ ကယ်...