𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETE...

By Zoey_Glow

79.5K 9.4K 845

There are 7.8 billion people in the world, but I hate you all the most...Mr.Park! Zawgyi : Unicode Own Story... More

REBIRTH
_1
_2
_3
_4
_5
_6
_7
_8
_9
_10
_11
_12
_13
_14
_15
_16
_17
_18
_19
_20
_22
_23
_24⚠
_25
_26
_27
_28
_29
_30
_31
_32
_33⚠
_34
_35
_36
_37
_38⚠
_FINAL
FMV

_21

1.8K 245 24
By Zoey_Glow

ZAW

ေႏြးေထြးလြန္းေသာ အထိအေတြ႕။
လံုေလာက္ေသာ ေႏြးေထြးမႈေတြေၾကာင့္
မထခ်င္ေသးပဲ ထပ္မံတိုး၀င္မိသည္။
ေအးစိမ့္စိမ့္ ရာသီဥတုေလးမွာ ဒီလိုေႏြးေထြးမႈေတြေၾကာင့္
သူဟာ ထပ္တိုးအိပ္စက္မိျပန္သည္။

ေႁမြတစ္ေကာင္က သူ႔ကိုရစ္ပတ္ထားေနသလို
ခံစားရေပမယ့္ သူဟာေႏြးေထြးလြန္းတဲ့ အေငြ႕အသက္ေတြေၾကာင့္ မရုန္းဖယ္မိေတာ့ေပ။

နွဖူးေပၚက်ေရာက္လာတဲ့ လက္ေႏြးေႏြးရဲ႕အထိအေတြ႕ကို
နိုးတစ္၀က္မနိုးတစ္၀က္ျဖစ္ေနတဲ့သူက ေကာင္းေကာင္းေတာ့ခံစားမိသည္။

ေနာက္ၿပီး လစ္ဟာသြားတဲ့ ေႏြးေထြးမႈေတြေၾကာင့္
သူမဖြင့္ခ်င္ဖြင့္ခ်င္နဲ႔ မ်က္လံုးကိုဖြင့္လိုက္တယ္။
ေတာ္ေတာ္နဲ႔ပြင့္ဖို႔မလြယ္တဲ့ မ်က္ခြံေတြဟာ
ပြင့္လာတဲ့အခါတြင္လည္း မ်က္ခမ္းစပ္နားတြင္လည္း
က်ိန္းစက္ေနမႈကိုခံစားရသည္။

ထို႔ေနာက္တြင္လည္း လစ္ဟာေနေသာ ကိုယ္ေပၚက အ၀တ္အစားမ်ားေၾကာင့္ လန္႔ကာထထိုင္မိသြား၏။
ေခါင္းကမိုက္ကနဲျဖစ္သြားမႈေၾကာင့္ နားထင္ကို လက္နဲ႔အသာဖိလိုက္၏။

ၾကမ္းျပင္တြင္ တစ္စတစ္စ ျပန္႔က်ဲေနေသာ သူ၏အ၀တ္မ်ား။
ထို႔အတူ သူ၏အ၀တ္အစားျဖစ္ပံုမရတဲ့ အ၀တ္မ်ားဟာလည္း ၾကမ္းခင္းျပင္၌ တစ္စ တစ္စ ဆီ...။

သူ၏ကိုယ္အား ျပန္ၾကည့္မိေတာ့ အတြင္းခံတစ္ထည္၌ကသာ အကာအကြယ္အျဖစ္ က်န္ရွိေနခဲ့ေတာ့၏။

ေရခ်ိဳးခန္းအတြင္း၌ ေရက်သံ။
တစ္စံုတစ္ေယာက္၏ လုွပ္ရွားသြားလာမႈေတြက ေရခ်ိဳးခန္းအတြင္းကေန ျဖစ္သည္။

သူေစာင္ကိုရင္ဘက္ထိ ဆြဲတင္ၿခံဳလိုက္ၿပီး
လက္ကလည္း ေဘးနားက ေခါင္းအံုးကိုကိုင္၍ အသင့္အေနအထားျပင္ထားလိုက္သည္။

ေရခ်ိဳးခန္းတံခါးပြင့္ဟလာျခင္းနွင့္အတူ သူ၏ေခါင္းအံုးပ်ံတို႔ဟာလည္း သြားေရာက္ၿပီးသားပင္။

"ပတ္ဘတ္ဟြၽန္း!!"

ၾသဇာအာဏာအျပည့္အ၀နွင့္ ေအာ္သံက ေဒါသတို႔ ယွဥ္လ်က္ရွိေနသည္။သူဇက္ကေလးပု၀င္သြားမိ၏။တစ္ၿပိဳင္နက္ သူ၏ ကိုယ္ေပၚတြင္အက်ီမကပ္ေနရျခင္းအဓိကတရားခံကို
သိေတာ့အခါတြင္လည္း ပါးျပင္က ပူေႏြးလာမႈကို သူေကာင္းေကာင္းခံစားရသည္။

သူဘာမွမမွတ္မိေတာ့၍ ဘာေတြျဖစ္ခဲ့လဲ နားမလည္ေပ။
ခ်န္းေယာလ္က သူ႔နည္းတူပင္။သူလို အတြင္းခံနွင့္မဟုတ္ပဲ။
ေရခ်ိဳးခန္းသံုး တဘက္ကို ခါး၏ ေလ်ာ့ရဲရဲပတ္ထားသည္။
ခါးကေနလာသည့္ Vသ႑ာန္လိုင္းေလးဟာ ေအာက္ဘက္ကိုဆင္းသြားသည္။ေတာင့္တင္းေနမည့္သ႑ာန္ရွိေသာ
ဗိုက္သားဆီက ႂကြက္သားအဖုအထစ္တို႔ဟာ အမ်ိဳးသမီးထုမ်ားကို ရင္ခုန္ေစခ်င္စရာ။ရင္ဘက္က ႀကီးမားေသာ ရင္အုပ္ႂကြက္သားမ်ားအပါအ၀င္ သိသိသာသာထင္ရွားေနေသာ လက္ေမာင္းႂကြက္သားေတြေၾကာင့္ သူပင့္သက္ရိႈက္မိ၏။
အခုမွေရခ်ိဳးလာပံုရေသာ ပံုရေသာေၾကာင့္ ေရစက္ေတြ ကိုယ္ခနၶာေပၚတြင္ စီးက်ေနသည္။

"ေငးလို႔၀ၿပီလား"

သူအေယာင္အနန ေခါင္းခါမိေတာ့ ခ်န္းေယာလ္ကမ်က္ေမွာင္ကုတ္ၾကည့္တယ္။တစ္လွမ္းခ်င္းတိုးလာတဲ့ ေျခသံေတြေၾကာင့္ သူအသက္ရႈမ၀ခ်င္ေတာ့။တစ္ၿပိဳင္နက္ အိမ္မက္ထဲက သူ႔ကိုရစ္ပတ္ထားသည့္ ေႃမြႀကီးကိုေတာင္ သတိရမိသည္။

။ေရအထိအေတြ႕ေၾကာင့္ ေအးစက္ေနေသာ လက္ဖ၀ါးႀကီးက သူ၏ နွဖူးျပင္ကို လာေရာက္ထိကပ္သည္။သူယခုတစ္ခါျပန္တြင္လည္း အသက္ေအာင့္မိျပန္တယ္။

"အဖ်ားက်သြားၿပီ မင္းကိုလုပ္ေပးရတာ ဘယ္ေလာက္အလုပ္ရႈပ္တယ္ထင္လဲ ရႈပ္ရႈပ္ရွက္ရွက္ေတြ"

နွဖူးေပၚက ေအးစက္ေနေသာလက္ ဟာဖယ္ခြာသြားေတာ့ သူမ်က္နွာမဲ့မိ၏။နိုးထလာကတည္းက ခပ္ေႏြးေႏြးအပူရွိန္ကို
ခံစားမိေသာေၾကာင့္ သူညက ဖ်ားခဲ့သည္ကို သိသြားသည္
ခ်န္းေယာလ္၏စကားမ်ားမွာ သူဖ်ားတုန္းက သူ႔ကိုျပဳစုေပးခဲ့သည့္ပံုေပၚတာမို႔ သူအနည္းငယ္ မဆိုသေလာက္ေလး ၀မ္းသားမိသြားတာ သူ၀င္မခံလိုပါ။

"သြား မင္းမ်က္နွာသြားသစ္ေခ်"

ဘတ္ဟြၽန္းထိုစကားေၾကာင့္ ကုန္းရုန္းထၿပီးကာမွ သူ႔တြင္ အတြင္းခံေဘာင္းဘီသာ တစ္ခုတည္းေသာ အကာအကြယ္အျဖစ္ရွိေနေၾကာင္း သတိရမိေတာ့ သူအနည္းငယ္ တြန္႔ဆုတ္သြားသည္။

ခ်န္းေယာလ္က သူျဖစ္ေနတာကို သတိထားမိသည့္အလား မ်က္ေမွာင္ကုတ္ကာေစာင္ကြယ္ထားေသာ ေနရာက သူ၏ ေအာက္ပိုင္းတစ္ေနရာကို ၾကည့္ရင္း ေက်ာေပးသြားသည္။
မေနထိုင္မထိုင္နိုင္ သူဟာ မ်က္နွာပူလာရျပန္ပါၿပီ။

ကုတင္ထက္မွဆင္းၿပီး ေရခ်ိဳးခန္းအတြင္းသို႔ ေျခေခ်ာင္းေလးေတြကုတ္ကာ ၀င္သြားလိုက္သည္။သူအလြန္တရာမွ
စိတ္ေတြလႈပ္ရွားေနတယ္။စိတ္လုွပ္ရွားေနရတယ္ဆိုတာထက္ ရွက္ေနသည္က ပိုမွန္ကန္မည္။ဒီအေျခအေန၊ဒီပံုစံနဲ႔ ညက ခ်န္းေယာလ္နဲ႔ဘာျဖစ္ခဲ့သလဲ ဆိုတာကို ရွက္႐ြံစြာ ေတြးမိသည္။

သူဘာမွမွတ္ဉာဏ္ထဲကေန စဥ္းစားမရေပ။ေသခ်ာေပါက္ေတာ့ ဒီေန႔ရွက္လြန္းလို႔ အခန္းအျပင္ေတာင္ မထြက္ခ်င္ေတာ့ပါ။ပူထူေနေသာ မ်က္နွာကို ေရေအးေအးနွင့္ ေဆးခ်ေတာ့ ေအးျမမႈဟာ မ်က္နွာတစ္ေလ်ာက္ ခံစားရေလသည္။

သန္႔စင္ၿပီးတာ့ ခါး၌ တဘက္ကို ေသခ်ာပတ္လ်က္ ေရခ်ိဴးခန္းတံခါးကို အသာေလးဟကာ အခန္းအတြင္းအေျခအေနကို ေ၀း၀ဲၾကည့္လိုက္သည္။

ခ်န္းေယာလ္မရွိေတာ့တာ ေသခ်ာမွ သက္ျပင္းေလးဖြဖြခ်ကာ
ထြက္လာခဲ့သည္။ေပါ့ေပါ့ပါးပါးအက်ီတစ္ထည္ကို ေကာက္၀တ္ခဲ့ၿပီးေနာက္ အိမ္ေတာ္ေအာက္ထပ္ကို ကုတ္ကုတ္ေလးဆင္းလာမိသည္။

"သခင္ေလး မနက္စာစားေတာ့မလား"

ဘတ္ဟြၽန္း ခ်န္းေယာလ္အလုပ္သြားၿပီျဖစ္၍ အိမ္ေတာ္တြင္ မရွိေတာ့ဘူးဆိုတာ ေသခ်ာမွ အိမ္ေတာ္ထိန္းအေမးအား ေခါင္းညိတ္ျပလိုက္သည္။

ျပင္ဆင္တည္ခင္းလာေသာ မနက္စာမွာ ဆန္ျပဳတ္ျဖစ္ေနတာေၾကာင့္ သူ႔မ်က္နွာဟာ မသာယာေတာ့ပါ။မဲ့သြားေသာ သူ၏မ်က္နွာကိုျမင္ေတာ့ အိမ္ေတာ္ထိန္းကဆိုတယ္။

"သခင္ႀကီးက သခင္ေလးကို ဆန္ျပဳတ္ပဲ တိုက္ရမယ္လို႔ မွာသြားလို႔ပါ သခင္ေလးအႀကိဳက္ခရုဆန္ျပဳတ္ေလး ေသာက္ၾကည့္ပါလား"

ဘတ္ဟြၽန္းညိဳးငယ္စြာ ဆန္ျပဳတ္တစ္ဇြန္းကို ခပ္ယူၿပီးပါးစပ္ထဲထည့္လိုက္သည္။လ်ွာေပၚတြင္ ေဖာ္ျပေနေသာ အရသာ၏ အစပ္ဟပ္တည့္တည့္နွင့္ အရသာရွိမႈေၾကာင့္ သူ၏မ်က္လံုးမ်ားမွာ လင္းလက္သြား၏။
ခါတိုင္းစားေနၾက ဆန္ျပဳတ္ေတြနွင့္မတူစြာ အရသာရွိလြန္းေသာ ဆန္ျပဳတ္အရသာေၾကာင့္ ခုနကျငင္းဆန္ခဲ့သည္ကို ေနာက္တရမိသည္။

တစ္ဇြန္းၿပီးတစ္ဇြန္းနွင့္ သူမၾကဳိက္ဘူးဟုျငင္းဆိုခဲ့ေသာ ဆန္ျပဳတ္ေလးဟာ ျမန္ျမန္ကုန္သြားခဲ့သည္။ဒီေန႔မနက္စာဟာ ဆန္ျပဳတ္ျဖစ္ေနေပမယ့္ အရသာရွိလြန္းသည္။

"သခင္ေလး ေဆးေသာက္ရေအာင္"

"အမ္?"

အိမ္ေတာ္ထိန္း၏ ေဆးေသာက္ရေအာင္ဆိုေသာ စကားေၾကာင့္ သူနားမလည္ျဖစ္သြားသည္။

"သခင္ႀကီးက ေဆးတိုက္ဖို႔မွာခဲ့ပါတယ္ ညကသခင္ေလးေနမေကာင္းတယ္ဆိုလို႔ အခုမွအဖ်ားက က်ရံုေလးတင္ရွိေသးတာဆိုေတာ့ ေဆးတိုက္ဖို႔မွာသြားပါတယ္"

ဘတ္ဟြၽန္း လက္ထဲကေဆးေတြၾကည့္ၿပီး မိုးၿပိဳေတာ့မလို ငိုမဲ့မဲ့မ်က္နွာေလးျဖစ္လာသည္။ေနာက္ေတာ့ သူႀကိတ္မွိတ္ေသာက္လိုက္တယ္။ေဆး၏ခါးသက္မႈၾကာင့္ သူ႔မ်က္နွာဟာ ရွံု႔သြားတယ္။

ဘတ္ဟြၽန္း ထိုင္ေနရာကေနထၿပီး ဧည့္ခန္းဘက္သြားကာ အသင့္ရွိေနေသာ ဆိုဖာေပၚလွဲခ်လိုက္သည္။တီဗီရမုကို ယူၿပီး ေကာက္ဖြင့္မိတာက ေၾကာင္နဲ႔ႂကြက္ ကာတြန္းကားေလး။

ကေလးဆန္တယ္ဆိုနိုင္ေပမယ့္ သူႀကိဳက္လို႔သူၾကည့္သည္။

တီဗီဖန္သားျပင္ေပၚမွာလာေနေသာ ကေလးကာတြန္းကိုၾကည့္ုၿပီး ရယ္ေနသည့္ သခင္ေလးကိုၾကည့္ရင္း အိမ္ေတာ္ထိန္းစားၿပီးသားပန္းကန္ေတြသိမ္းခိုင္းလိုက္သည္။

ဆန္ျပဳတ္က သခင္ႀကီးကိုယ္တိုင္ခ်က္ေပးထားတာဆိုတာေတာင္ သခင္ေလးကို မေျပာရေပ။သခင္ႀကီး၏စိတ္ကို သူနားမလည္ေပ။သခင္ႀကီးကိုယ္တိုင္ ခ်က္ျပဳတ္ထားေသာ ဆန္ျပဳတ္အား ၿမိန္ေရရွက္ေရ စားေသာက္ေနေသာ သခင္ေလး၏ ပံုေလးကိုသာ မသိမသာေလးရိုက္ၿပီး သခင္ႀကီးဆီပို႔လိုက္သည္။




UNI

နွေးထွေးလွန်းသော အထိအတွေ့။
လုံလောက်သော နွေးထွေးမှုတွေကြောင့်
မထချင်သေးပဲ ထပ်မံတိုးဝင်မိသည်။
အေးစိမ့်စိမ့် ရာသီဥတုလေးမှာ ဒီလိုနွေးထွေးမှုတွေကြောင့်
သူဟာ ထပ်တိုးအိပ်စက်မိပြန်သည်။

မြွေတစ်ကောင်က သူ့ကိုရစ်ပတ်ထားနေသလို
ခံစားရပေမယ့် သူဟာနွေးထွေးလွန်းတဲ့ အငွေ့အသက်တွေကြောင့် မရုန်းဖယ်မိတော့ပေ။

နှဖူးပေါ်ကျရောက်လာတဲ့ လက်နွေးနွေးရဲ့အထိအတွေ့ကို
နိုးတစ်ဝက်မနိုးတစ်ဝက်ဖြစ်နေတဲ့သူက ကောင်းကောင်းတော့ခံစားမိသည်။

နောက်ပြီး လစ်ဟာသွားတဲ့ နွေးထွေးမှုတွေကြောင့်
သူမဖွင့်ချင်ဖွင့်ချင်နဲ့ မျက်လုံးကိုဖွင့်လိုက်တယ်။
တော်တော်နဲ့ပွင့်ဖို့မလွယ်တဲ့ မျက်ခွံတွေဟာ
ပွင့်လာတဲ့အခါတွင်လည်း မျက်ခမ်းစပ်နားတွင်လည်း
ကျိန်းစက်နေမှုကိုခံစားရသည်။

ထို့နောက်တွင်လည်း လစ်ဟာနေသော ကိုယ်ပေါ်က အ၀တ်အစားများကြောင့် လန့်ကာထထိုင်မိသွား၏။
ခေါင်းကမိုက်ကနဲဖြစ်သွားမှုကြောင့် နားထင်ကို လက်နဲ့အသာဖိလိုက်၏။

ကြမ်းပြင်တွင် တစ်စတစ်စ ပြန့်ကျဲနေသော သူ၏အ၀တ်များ။
ထို့အတူ သူ၏အ၀တ်အစားဖြစ်ပုံမရတဲ့ အ၀တ်များဟာလည်း ကြမ်းခင်းပြင်၌ တစ်စ တစ်စ ဆီ...။

သူ၏ကိုယ်အား ပြန်ကြည့်မိတော့ အတွင်းခံတစ်ထည်၌ကသာ အကာအကွယ်အဖြစ် ကျန်ရှိနေခဲ့တော့၏။

ရေချိုးခန်းအတွင်း၌ ရေကျသံ။
တစ်စုံတစ်ယောက်၏ လှုပ်ရှားသွားလာမှုတွေက ရေချိုးခန်းအတွင်းကနေ ဖြစ်သည်။

သူစောင်ကိုရင်ဘက်ထိ ဆွဲတင်ခြုံလိုက်ပြီး
လက်ကလည်း ဘေးနားက ခေါင်းအုံးကိုကိုင်၍ အသင့်အနေအထားပြင်ထားလိုက်သည်။

ရေချိုးခန်းတံခါးပွင့်ဟလာခြင်းနှင့်အတူ သူ၏ခေါင်းအုံးပျံတို့ဟာလည်း သွားရောက်ပြီးသားပင်။

"ပတ်ဘတ်ဟျွန်း!!"

သြဇာအာဏာအပြည့်အ၀နှင့် အော်သံက ဒေါသတို့ ယှဉ်လျက်ရှိနေသည်။သူဇက်ကလေးပုဝင်သွားမိ၏။တစ်ပြိုင်နက် သူ၏ ကိုယ်ပေါ်တွင်အကျီမကပ်နေရခြင်းအဓိကတရားခံကို
သိတော့အခါတွင်လည်း ပါးပြင်က ပူနွေးလာမှုကို သူကောင်းကောင်းခံစားရသည်။

သူဘာမှမမှတ်မိတော့၍ ဘာတွေဖြစ်ခဲ့လဲ နားမလည်ပေ။
ချန်းယောလ်က သူ့နည်းတူပင်။သူလို အတွင်းခံနှင့်မဟုတ်ပဲ။
ရေချိုးခန်းသုံး တဘက်ကို ခါး၏ လျော့ရဲရဲပတ်ထားသည်။
ခါးကနေလာသည့် Vသဏ္ဍာန်လိုင်းလေးဟာ အောက်ဘက်ကိုဆင်းသွားသည်။တောင့်တင်းနေမည့်သဏ္ဍာန်ရှိသော
ဗိုက်သားဆီက ကြွက်သားအဖုအထစ်တို့ဟာ အမျိုးသမီးထုများကို ရင်ခုန်စေချင်စရာ။ရင်ဘက်က ကြီးမားသော ရင်အုပ်ကြွက်သားများအပါအ၀င် သိသိသာသာထင်ရှားနေသော လက်မောင်းကြွက်သားတွေကြောင့် သူပင့်သက်ရှိုက်မိ၏။
အခုမှရေချိုးလာပုံရသော ပုံရသောကြောင့် ရေစက်တွေ ကိုယ်ခန္ဓာပေါ်တွင် စီးကျနေသည်။

"ငေးလို့ဝပြီလား"

သူအယောင်အနန ခေါင်းခါမိတော့ ချန်းယောလ်ကမျက်မှောင်ကုတ်ကြည့်တယ်။တစ်လှမ်းချင်းတိုးလာတဲ့ ခြေသံတွေကြောင့် သူအသက်ရှုမ၀ချင်တော့။တစ်ပြိုင်နက် အိမ်မက်ထဲက သူ့ကိုရစ်ပတ်ထားသည့် မြွေကြီးကိုတောင် သတိရမိသည်။

။ရေအထိအတွေ့ကြောင့် အေးစက်နေသော လက်ဖ၀ါးကြီးက သူ၏ နှဖူးပြင်ကို လာရောက်ထိကပ်သည်။သူယခုတစ်ခါပြန်တွင်လည်း အသက်အောင့်မိပြန်တယ်။

"အဖျားကျသွားပြီ မင်းကိုလုပ်ပေးရတာ ဘယ်လောက်အလုပ်ရှုပ်တယ်ထင်လဲ ရှုပ်ရှုပ်ရှက်ရှက်တွေ"

နှဖူးပေါ်က အေးစက်နေသောလက် ဟာဖယ်ခွာသွားတော့ သူမျက်နှာမဲ့မိ၏။နိုးထလာကတည်းက ခပ်နွေးနွေးအပူရှိန်ကို
ခံစားမိသောကြောင့် သူညက ဖျားခဲ့သည်ကို သိသွားသည်
ချန်းယောလ်၏စကားများမှာ သူဖျားတုန်းက သူ့ကိုပြုစုပေးခဲ့သည့်ပုံပေါ်တာမို့ သူအနည်းငယ် မဆိုသလောက်လေး ၀မ်းသားမိသွားတာ သူဝင်မခံလိုပါ။

"သွား မင်းမျက်နှာသွားသစ်ချေ"

ဘတ်ဟျွန်းထိုစကားကြောင့် ကုန်းရုန်းထပြီးကာမှ သူ့တွင် အတွင်းခံဘောင်းဘီသာ တစ်ခုတည်းသော အကာအကွယ်အဖြစ်ရှိနေကြောင်း သတိရမိတော့ သူအနည်းငယ် တွန့်ဆုတ်သွားသည်။

ချန်းယောလ်က သူဖြစ်နေတာကို သတိထားမိသည့်အလား မျက်မှောင်ကုတ်ကာစောင်ကွယ်ထားသော နေရာက သူ၏ အောက်ပိုင်းတစ်နေရာကို ကြည့်ရင်း ကျောပေးသွားသည်။
မနေထိုင်မထိုင်နိုင် သူဟာ မျက်နှာပူလာရပြန်ပါပြီ။

ကုတင်ထက်မှဆင်းပြီး ရေချိုးခန်းအတွင်းသို့ ခြေချောင်းလေးတွေကုတ်ကာ ၀င်သွားလိုက်သည်။သူအလွန်တရာမှ
စိတ်တွေလှုပ်ရှားနေတယ်။စိတ်လှုပ်ရှားနေရတယ်ဆိုတာထက် ရှက်နေသည်က ပိုမှန်ကန်မည်။ဒီအခြေအနေ၊ဒီပုံစံနဲ့ ညက ချန်းယောလ်နဲ့ဘာဖြစ်ခဲ့သလဲ ဆိုတာကို ရှက်ရွံစွာ တွေးမိသည်။

သူဘာမှမှတ်ဉာဏ်ထဲကနေ စဉ်းစားမရပေ။သေချာပေါက်တော့ ဒီနေ့ရှက်လွန်းလို့ အခန်းအပြင်တောင် မထွက်ချင်တော့ပါ။ပူထူနေသော မျက်နှာကို ရေအေးအေးနှင့် ဆေးချတော့ အေးမြမှုဟာ မျက်နှာတစ်လျောက် ခံစားရလေသည်။

သန့်စင်ပြီးတာ့ ခါး၌ တဘက်ကို သေချာပတ်လျက် ရေချိူးခန်းတံခါးကို အသာလေးဟကာ အခန်းအတွင်းအခြေအနေကို ဝေး၀ဲကြည့်လိုက်သည်။

ချန်းယောလ်မရှိတော့တာ သေချာမှ သက်ပြင်းလေးဖွဖွချကာ
ထွက်လာခဲ့သည်။ပေါ့ပေါ့ပါးပါးအကျီတစ်ထည်ကို ကောက်ဝတ်ခဲ့ပြီးနောက် အိမ်တော်အောက်ထပ်ကို ကုတ်ကုတ်လေးဆင်းလာမိသည်။

"သခင်လေး မနက်စာစားတော့မလား"

ဘတ်ဟျွန်း ချန်းယောလ်အလုပ်သွားပြီဖြစ်၍ အိမ်တော်တွင် မရှိတော့ဘူးဆိုတာ သေချာမှ အိမ်တော်ထိန်းအမေးအား ခေါင်းညိတ်ပြလိုက်သည်။

ပြင်ဆင်တည်ခင်းလာသော မနက်စာမှာ ဆန်ပြုတ်ဖြစ်နေတာကြောင့် သူ့မျက်နှာဟာ မသာယာတော့ပါ။မဲ့သွားသော သူ၏မျက်နှာကိုမြင်တော့ အိမ်တော်ထိန်းကဆိုတယ်။

"သခင်ကြီးက သခင်လေးကို ဆန်ပြုတ်ပဲ တိုက်ရမယ်လို့ မှာသွားလို့ပါ သခင်လေးအကြိုက်ခရုဆန်ပြုတ်လေး သောက်ကြည့်ပါလား"

ဘတ်ဟျွန်းညိုးငယ်စွာ ဆန်ပြုတ်တစ်ဇွန်းကို ခပ်ယူပြီးပါးစပ်ထဲထည့်လိုက်သည်။လျှာပေါ်တွင် ဖော်ပြနေသော အရသာ၏ အစပ်ဟပ်တည့်တည့်နှင့် အရသာရှိမှုကြောင့် သူ၏မျက်လုံးများမှာ လင်းလက်သွား၏။
ခါတိုင်းစားနေကြ ဆန်ပြုတ်တွေနှင့်မတူစွာ အရသာရှိလွန်းသော ဆန်ပြုတ်အရသာကြောင့် ခုနကငြင်းဆန်ခဲ့သည်ကို နောက်တရမိသည်။

တစ်ဇွန်းပြီးတစ်ဇွန်းနှင့် သူမကြိုက်ဘူးဟုငြင်းဆိုခဲ့သော ဆန်ပြုတ်လေးဟာ မြန်မြန်ကုန်သွားခဲ့သည်။ဒီနေ့မနက်စာဟာ ဆန်ပြုတ်ဖြစ်နေပေမယ့် အရသာရှိလွန်းသည်။

"သခင်လေး ဆေးသောက်ရအောင်"

"အမ်?"

အိမ်တော်ထိန်း၏ ဆေးသောက်ရအောင်ဆိုသော စကားကြောင့် သူနားမလည်ဖြစ်သွားသည်။

"သခင်ကြီးက ဆေးတိုက်ဖို့မှာခဲ့ပါတယ် ညကသခင်လေးနေမကောင်းတယ်ဆိုလို့ အခုမှအဖျားက ကျရုံလေးတင်ရှိသေးတာဆိုတော့ ဆေးတိုက်ဖို့မှာသွားပါတယ်"

ဘတ်ဟျွန်း လက်ထဲကဆေးတွေကြည့်ပြီး မိုးပြိုတော့မလို ငိုမဲ့မဲ့မျက်နှာလေးဖြစ်လာသည်။နောက်တော့ သူကြိတ်မှိတ်သောက်လိုက်တယ်။ဆေး၏ခါးသက်မှုကြာင့် သူ့မျက်နှာဟာ ရှုံ့သွားတယ်။

ဘတ်ဟျွန်း ထိုင်နေရာကနေထပြီး ဧည့်ခန်းဘက်သွားကာ အသင့်ရှိနေသော ဆိုဖာပေါ်လှဲချလိုက်သည်။တီဗီရမုကို ယူပြီး ကောက်ဖွင့်မိတာက ကြောင်နဲ့ကြွက် ကာတွန်းကားလေး။

ကလေးဆန်တယ်ဆိုနိုင်ပေမယ့် သူကြိုက်လို့သူကြည့်သည်။

တီဗီဖန်သားပြင်ပေါ်မှာလာနေသော ကလေးကာတွန်းကိုကြည့်ုပြီး ရယ်နေသည့် သခင်လေးကိုကြည့်ရင်း အိမ်တော်ထိန်းစားပြီးသားပန်းကန်တွေသိမ်းခိုင်းလိုက်သည်။

ဆန်ပြုတ်က သခင်ကြီးကိုယ်တိုင်ချက်ပေးထားတာဆိုတာတောင် သခင်လေးကို မပြောရပေ။သခင်ကြီး၏စိတ်ကို သူနားမလည်ပေ။သခင်ကြီးကိုယ်တိုင် ချက်ပြုတ်ထားသော ဆန်ပြုတ်အား မြိန်ရေရှက်ရေ စားသောက်နေသော သခင်လေး၏ ပုံလေးကိုသာ မသိမသာလေးရိုက်ပြီး သခင်ကြီးဆီပို့လိုက်သည်။
















Continue Reading

You'll Also Like

44.9M 1.3M 101
Will I Always Be: Just A Friend? {Book 1} *** {Teen Fiction #1} Ashton Thompson is everything you'd want in a boyfriend. He's funny, caring...
58.9K 7.8K 66
Make your dreams come true either way.Daddy!! I'm comming yo~ Start date 1.12.2021 End date 23.11.2022 Unicode/Zawgyi
19.9K 424 47
Emily Prentiss, a professional bull rider, meets Jennifer Jareau, an FBI agent at a rodeo. They make eye contact, and Emily winks at her. They didn't...
315K 9.5K 101
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...