//UNICODE//
အခန်း-၄ (နတ်ဘုရား)
စုလင်း အပေါ်ယံတွင် သဘာဝကျကျလေး ပြုံးထားသော်လည်း သူ့နှလုံးသားထဲတွင်တော့ အနည်းငယ်ရှက်ရွံလျက်ရှိသည်။ လေထုထဲရှိ စွဲမက်ဖွယ် မွှေးရနံ့က ဆေးရုံမှာ စုလင်းသူ့ရဲ့ကိုယ်ပိုင် pheromoneအနံ့ကို မကြိုက်ကြောင်း ပြမိတဲ့ မြင်ကွင်းကို ပြန်မြင်ယောင်လာစေသည်။
သူရဲ့သဘာဝကျလှတဲ့ နှုတ်ခွန်းဆက်စကားကြောင့် နာလူး အံ့သြသွားသည်။
"ဥက္ကဋ္ဌကုနဲ့ သိနေတာလား?"
စုလင်းက ဥက္ကဋ္ဌကုကို သိတယ်ဆိုတာ မဆန်းလှပေ။ ထူးဆန်းနေတာက သူ့လေသံဖြစ်သည်။
စုလင်းရဲ့အပြုံးက ပို၍ပင် နက်ရှိုင်းလာသည်။
တိုက်ဆိုင်လိုက်တာ။ ဒီလူက သူ့စိတ်ကူးယဥ်နတ်ဘုရားနဲ့ အရမ်းချောတာချင်းတူရုံမကဘူး။မျိုးရိုးနာမည်ပါတူနေတယ်။
"ကျွန်တော်တို့ ဆေးရုံမှာ တွေ့ဖူးတယ်"
စုလင်းက နာလူး ကိုရှင်းပြပြီး ထိုလူကို ကြည့်လိုက်သည်။
ကုလီဟန် အခန်းထဲသို့ လမ်းလျှောက်ဝင်လာသည်။ သူရဲ့သက်တော်စောင့်များသည် တံခါးအပြင်ဘက်တွင် ရပ်နေခဲ့ပြီး VIP အခန်းတံခါးကိုပိတ်ပေးလိုက်သည်။
“ကိုယ်က ဖြတ်သွားတာ၊ ပြီးတော့ ဆူးနီဘောလုံးပင်ရဲ့အနံ့ကို ရလိုက်လို့”
သူက အကာအကွယ်သေတ္တာရဲ့ အလယ်ရှိ စိတ်ဝိညာဉ်အပင်ကို ညွှန်ပြသည်။ သူက စုလင်း ကိုကြည့်ပြီး
"ကိုယ် ဒီအပင်ကို ဝယ်ချင်တယ်။ စျေးမြင့်မြင့် ပေးပါ့မယ်"
ကုလီဟန် ညွှန်ပြတဲ့အတိုင်း စုလင်း ဆူးနီဘောလုံးပင်ကို ကြည့်လိုက်သည်။ ထိုအပင်က ရုတ်တရက် ကြည့်လိုက်ရင် ပူဖောင်းအစည်းလိုက်ကြီးနှင့်တူသည်။ အပင်ရဲ့ အောက်ခြေမှာ ရှည်မျောမျောအကိုင်းတွေ အများကြီးရှိပြီး အကိုင်းတစ်ခုစီရဲ့ ထိပ်ဖျားတွင် တောက်ပသော အနီရောင် ဘောလုံး တစ်လုံးစီရှိနေသည်။ ဘောလုံးလေးများသည် ဖောက်ထွင်းမြင်နေရပြီး ပျော့ပျော့ပျောင်းပျောင်းနဲ့ ကျုံနိုင်ဆန့်နိုင်ပုံရသည်။ ဘောလုံးရဲ့မျက်နှာပြင်တွင် မရေမတွက်နိုင်သောအမွှေးနုနု အမျှင်လေးများရှိသည်။ တချက်တချက် အရောင်လဲ့သွားတဲ့ အချိန်တိုင်း အမွှေးနုနုလေးတွေက လေထဲမှာ မျောလွင့်နေသည်။
ဆူးနီဘောလုံး အပင်က စုလင်းရဲ့အကြည့်ကို အာရုံခံမိပုံရသည်။ စုလင်းနဲ့ အနီးဆုံး အကိုင်းက သူ့ဘက်ကို ကွေးညွတ်လာပြီး ဘောလုံးလေးရဲ့မျက်နှာပြင်ပေါ်က အမျှင်လေးတွေကလည်း သူနဲ့ နီးဖို့ ကြိုးစားလာကြသည်။
စုလင်း လန့်သွားပြီး နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်ကာ အကာအကွယ်သေတ္တာနဲ့ ဝေးရာကိုရွေ့လိုက်သည်။
အကိုင်းလေးသည် ခဏမျှ အံ့သြသွားပြီး ထိုအကိုင်းရဲ့ထိပ်ဖျားရှိ ဘောလုံးလေးသည် ဘယ်ဘက်ကို ညွှတ်ကျလာသည်မှာ နောက်တစ်စက္ကန့်လောက်အတွင်းမှာ ပြုတ်ကျလာတော့ မယောင်။သို့သော်လည်း တကယ်တမ်းတော့ ပြုတ်ကျမလာခဲ့ပေ။ ဘောလုံးလေးသည် ထိုပြုတ်ကျတော့မည့်ဟန်အတိုင်း စက္ကန့်အနည်းငယ်လောက် ငြိမ်နေခဲ့ပြီးနောက် သူ့ရဲ့ အမျှင်လေးတွေက ဘောလုံးရဲ့ မျက်နှာပြင်တစ်ခုလုံးပေါ် ပြန်ဖုံးလွှမ်းသွားပြီး သူ့အကိုင်းလေးကိုလည်း ပြန်ရုတ်သိမ်းသွားသည်။
နာလူးက
"မင်း သူကို ဘာလို့ မနှစ်သိမ့်လိုက်တာလဲ? သူက မင်းကို အရမ်းသဘောကျနေတာ"
စုလင်း: "... လေးလေးက ဘယ်လိုသိလဲ?"
နာလူး: "စိတ်ဝိညာဉ်အပင်တွေက တစ်စုံတစ်ယောက်ကို တက်တက်ကြွကြွ ချဥ်းကပ်တယ်ဆိုတာ တိုက်ခိုက်ဖို့ ဒါမှမဟုတ် ချစ်ခင်မှု ပြသဖို့ပဲ ရှိတာ"
သူက စိတ်လှုပ်ရှားနေတဲ့ အသံနဲ့ ဆက်ပြောလာသည်။
"ငါက Beta တစ်ယောက်ဖြစ်ပြီး စိတ်ဝိညာဉ်အပင်တွေ အကြောင်း အများကြီး သိပ်မသိပေမယ့်လည်း မွှေးရနံ့ဘားမှာ နှစ်တွေအကြာကြီး အလုပ်လုပ်ခဲ့တာ။ အဲ့ဒါကြောင့် အပင်တွေရဲ့ သဘောသဘာဝလောက်တော့ ငါသိတယ်။
"မင်းရဲ့ pheromone တွေကို သုံးပြီး သူတို့နဲ့ဆက်သွယ်ရင် သူတို့ရဲ့ချစ်ခင်မှုကို သေချာပေါက်ခံစားရလိမ့်မယ်။"
စုလင်း သူရဲ့pheromone နံ့ အကြောင်းကို စဉ်းစားလိုက်ပြီး ဘေးပတ်ပတ်လည်မှလူများကိုကြည့်လိုက်သည်။ သူ သူရဲ့pheromoneနဲ့ ချက်ချင်း စမ်းသပ်ဖို့ မကြိုးစားခဲ့ပေ။ သူက ကုလီဟန်ဘက်ကို လှည့်လိုက်ပြီး
"တောင်းပန်ပါတယ်။ သူတို့က ရောင်းဖို့မဟုတ်ပါဘူး"
မေမေချင်က သူ့ pheromone မူမမှန်မှုကို ကုသနိုင်တဲ့သော့ချက်က ဒီစိတ်ဝိညာဉ်အပင်သုံးခုမှာ ရှိတယ်လို့ မွေးနေ့ဗီဒီယိုမှာ ပြောထားခဲ့သည်။ ထို့ကြောင့် သူ သူတို့ကို ရောင်းဖို့ မဖြစ်နိုင်ပေ။
ကုလီဟန်ရဲ့အမူအရာက မပြောင်းလဲဘဲနဲ့ သူကခေါင်းကို အသာညိမ့်ကာ
"မင်း မရောင်းချင်ရင် ငှားပေးမလား?။"
သူက ရိုးရိုးသားသားပြောလာသည်။
"ကိုယ်က ဆူးနီဘောလုံးပင်ရဲ့အရည်ကိုပဲ လိုတာ။ အဲ့ဒါအတွက်လည်း ကြိုက်စျေး ဆွေးနွေးနိုင်တယ်"
စုလင်းက ခဏလောက် စဉ်းစားလိုက်ပြီး
"အဲ့ဒါက အပင်ကို ထိခိုက်စေနိုင်လား?"
ကုလီဟန်: "သေချာပေါက် မထိခိုက်စေဘူး"
နာလူးက စုလင်းနားကပ်ပြီး တိုးတိုးလေးလာပြောသည်။
"စိတ်ဝိညာဉ်အပင်တွေကနေ အထူးသဖြင့်တော့ အဆင့်မြင့်စိတ်ဝိညာဉ်အပင်က ကုန်ကြမ်းတွေကို ကြမ်းတမ်းတဲ့ နည်းလမ်းတွေ သုံးပြီးဝယ်လို့မရဘူးလေ။ စိတ်ဝိညာဥ်အပင်က ဆန္ဒမရှိရင် သူ့ဆီက ထုတ်ယူတဲ့ ကုန်ကြမ်းတွေက အဆိပ်ရှိတာ အသုံးမဝင်တာတို့ ဖြစ်သွားရော။"
စုလင်း အံ့သြသွားရသည်။
ဒီလောက်တောင် အစွမ်းထက်တာလား။
သူ အတော်လေး စိတ်သက်သာရာရသွားပြီး အသံနိမ့်နိမ့်လေးနဲ့ မေးလိုက်သည်။
"ဒီဥက္ကဋ္ဌကုရဲ့နောက်ခံက ခိုင်မာလား?"
နာလူးက ခေါင်းညိမ့်လိုက်ပြီး ပြန်ဖြေသည်။
"အရမ်းကို ခိုင်မာတာ"
စုလင်းက ပြုံးပြီး ကုလီဟန်ကို ကြည့်လိုက်ကာ
"ကျွန်တော် ခင်ဗျားကို ငှားပေးနိုင်ပါတယ်။ ဒါပေမယ့် ဆူးနီဘောလုံးပင် အပြင် ကျန်နှစ်ပင်ကိုပါ ထိန်းသိမ်းပေးရမယ်။
ဒီလိုနည်းအားဖြင့် သူငွေတွေ အများကြီး စုနိုင်လိမ့်မယ်။ သို့သော် စုလင်း မပျော်နိုင်သေးပါ။ ဒီစိတ်ဝိညာဥ်အပင်က ဥက္ကဋ္ဌကုရဲ့ အာရုံကိုတောင်ဖမ်းစားနိုင်တယ်ဆိုတော့ သာမာန်ရတနာ တစ်ခုမဟုတ်တာ သိသာပေသည်။ သူသာ ဒီအပင်တွေကို ဒီနေ့ ဆိုင်ကို ပြန်ယူသွားခဲ့ရင် သူ ဒုက္ခ အများကြီး ရောက်မှာ ကြောက်ရသည်။ ထို့ကြောင့် ဒီအပင်တွေကို ဥက္ကဋ္ဌကုရဲ့ဘေးမှာ ယာယီထိန်းသိမ်းထားလိုက်ခြင်းက မှန်ကန်သော ရွေးချယ်မှုဖြစ်သည်။
ကုလီဟန်: "ကိစ္စမရှိပါဘူး။ မင်း ငှားရမ်းခ ဘယ်လောက်လိုချင်လဲသာ ကိုယ့်ကိုပြော"
စုလင်းကတော့ သူ့စိတ်ထဲမှာ ဥက္ကဋ္ဌကုကို အခမဲ့သိုလှောင်ရာနေရာကြီးအဖြစ် ဆက်ဆံနေမိသဖြင့် ငှားရမ်းခ ပြောလိုက်ဖို့ သူရှက်ရွံ့နေခဲ့သည်။
"ခင်ဗျား အပင်တွေကို ငှားစရာမလိုပါဘူး။ ခင်ဗျား သူတို့ကို လုံခြုံအောင် ထားနိုင်ရင် အဆင်ပြေတယ်။ ကျွန်တော် သူတို့ကို အချိန်မရွေးလာတွေ့နိုင်သလို အချိန်မရွေးလည်း ပြန်ခေါ်နိုင်တယ်လေ။
ကုလီဟန်ရဲ့ မျက်ဝန်းများတွင် အံ့သြသင့်သွားသည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။
နာလူးက သူ့အင်္ကျီလက်ကို ဆွဲလိုက်တော့ စုလင်း နာလူးကိုလှည့်ကြည့်လိုက်သည်။
"လေးလေး ဘာဖြစ်လို့လဲ?"
နာလူးက သူ့အသံကို နှိမ့်လိုက်ပြီး
"ထိပ်တန်းA အဆင့် စိတ်ဝိညာဥ်ပင်ရဲ့ ကုန်ကြမ်းဈေးနှုန်းကို မင်းသိရဲ့လား?။
စုလင်း သိပ်မသေချာပေမယ့် ကုန်ကြမ်းက အရမ်း စျေးကြီးတာကိုတော့ သူသိသည်။ သူက နာလူးကို ပြန်မေးလိုက်သည်။
"လေးလေးမှာ ထိပ်တန်း Aအဆင့် စိတ်ဝိညာဉ်ပင်ကျွမ်းကျင်သူတစ်ယောက်တောင် ရှိလို့လား?။"
ထိပ်တန်း Aအဆင့် စိတ်ဝိညာဥ်ပင်ရဲ့ ကုန်ကြမ်းများကို စုဆောင်းရတာ မလွယ်ကူချေ။ ထိပ်တန်းAအဆင့် စိတ်ဝိညာဥ်ကျွမ်းကျင်သူများပင် အောင်မြင်စွာ မထုတ်ယူနိုင်ကြပေ။ သူတို့ရဲ့Pheromoneတွေက စိတ်ဝိညာဥ်ပင်တွေနဲ့ လိုက်ဖက်ဖို့လည်း လိုသေးပေသည်။
နာလူး ထိုမေးခွန်းတစ်ခုနဲ့တင် ဆို့နင့်သွားပြီး တီးတိုးပြောလာပြန်သည်။
"မင်း သူတို့နဲ့ တော်တော်ကြီး ရင်းနှီးနေတာပဲဟာ။ မင်း ကုန်ကြမ်း ထုတ်ရင် ထုတ်နိုင်လောက်မလား?။ စိတ်ဝိညာဥ်ပင်တွေရဲ့ ကုန်ကြမ်းတွေက ပြန်လည် ဖြည့်တင်းနိုင်စွမ်းရှိပြီး မင်း နေ့တိုင်း ကုန်ကြမ်း ထုတ်လို့ရတယ်။ အဲ့ဒါဆို တစ်ရက်တည်းနဲ့တောင် မင်းငွေတွေ အများကြီး ဝင်မှာ။"
စုလင်းက စဉ်းစားလိုက်ပြီး ကုလီဟန်ကို အချက်တစ်ချက် ထပ်ပြောခဲ့သည်။
"ခင်ဗျား တစ်ခုတော့ ကတိထပ်ပေးရမယ်။ ကျွန်တော် အပင်တွေ လာကြည့်ချင်တဲ့အချိန်တိုင်း အပိုလူတစ်ယောက် ခေါ်လာခွင့်ပေးရမယ်။"
သူကိုယ်တိုင် ထုတ်ယူကြည့်ပြီး မလုပ်နိုင်တာ သေချာလောက်တဲ့ အချိန်ကျ ကုန်ကြမ်းပစ္စည်းတွေရဲ့စျေးကလည်း ထိပ်တန်းAအဆင့် စိတ်ဝိညာဥ်ပင်ကျွမ်းကျင်သူ ငှားရမ်းတာထက် ပိုမြင့်နေရင် ကျွမ်းကျင်သူ တစ်ယောက်လောက်ငှားထားရင်တောင် ငွေဝင်နေဦးမည်ဖြစ်သည်။
သူတို့၂ယောက်သား တစ်ယောက်နဲ့တစ်ယောက်တိုးတိုး တိုးတိုး ပြောနေကြပေမဲ့ အခန်းထဲမှာ ရှိတဲ့ကျန်လူတွေ အားလုံးက Alphaတွေ ဖြစ်နေသည်။ ထို့ကြောင့် သူတို့ရဲ့အာရုံငါးပါးက စုလင်းတို့ထက် အများကြီးပိုကောင်းတဲ့အတွက် စုလင်းတို့ ပြောသမျှတွေအကုန် လုံးလုံးလျားလျားကို ကြားခဲ့ကြသည်။
ကုလီဟန်: "ကိုယ်သဘောတူတယ်။ တကယ်က မင်း ဒီအပင်ငှားပေးတာနဲ့တင် ကိုယ့်ကို အများကြီး ကူညီရာရောက်နေပြီ။ ဒါပေမဲ့ ကိုယ် ငှားရမ်းခတော့ ပေးရမှ ဖြစ်မယ်။ ပြီးတော့ ဆူးနီဘောလုံးပင်ရဲ့ အရည်ကလွဲပြီး ပုလဲသွယ်ပင်ပျိုရဲ့ဝတ်ရည်နဲ့ ရွှေမှုန်ကျဲပန်းပင်ရဲ့ လေရှုနွယ်တွေကို ကိုယ့်ရဲ့လူတွေက နေ့တိုင်း ထုတ်ပြီး မင်းကို ပေးလိမ့်မယ်။"
စုလင်း အရမ်းကျေနပ်သွားသည်။ ဒါက သူ အရမ်း အိပ်ငိုက်နေတုန်း ခေါင်းအုံး တစ်လုံးပေးလိုက်တာနဲ့တူပေသည်။ ဒါပေမဲ့ သူနဲ့ နာလူး တီးတိုးသဖန်းပိုးလုပ်သမျှကို သူတို့တွေအကုန်ကြားသွားတာ ဖြစ်မယ်လို့ သူသိလိုက်သည်။ သူ သူရဲ့ ရှက်ရွံမှုကို ဖုံးကွယ်ဖို့ တောက်ပတဲ့ အပြုံးတစ်ခု ပြုံးပြလိုက်ပြီး
"ကောင်းတာပေါ့။ ခင်ဗျားက အရမ်းရက်ရောတဲ့ ငှားရမ်းသူပဲ"
ကုလီဟန်ရဲ့ မျက်လုံးတွေ သူ့မျက်နှာပေါ်မှာ ခဏလောက်ရပ်သွားသည်။
"မင်းက တောင်းတာ နည်းတဲ့သူပါ"
သူ စီးပွားရေးလောက တစ်ခွင်မှာ စျေးကစားတတ်သူပေါင်းများစွာတွေ့ဖူးသည်။ သူ ဆူးနီဘောလုံးပင်ရဲ့ အနံ့ကို ရလိုက်ကတည်းက ငွေတွေအများကြီးအကုန်ခံဖို့ ပြင်ထားသော်လည်း ဒီလောက်လွယ်လွယ် အပေးအယူတည့်မယ်လို့ မမျှော်လင့်ထားပေ။
စုလင်း ပြုံးလိုက်ပြီး
"ကျွန်တော်တို့ အခု စာချုပ် ချုပ်လိုက်ရအောင်။ ပြီးရင် ခင်ဗျား အပင်တွေ ယူသွားလို့ရပြီ။"
ကုလီဟန် သူ့လက်ကောက်ကို ထိပြီးဖွင့်လိုက်ကာ သူ့အတွင်းရေးမှူးကို စာချုပ်ရေးပေးဖို့ ပြောလိုက်သည်။ ထို့နောက် သူနဲ့ စုလင်း ဆက်သွယ်ရန် အချက်အလက်များ လဲလှယ်လိုက်ပြီး လက်ဗွေနှိပ်ရမည့် စာချုပ်ကို စုလင်း ကမ်းပေးလိုက်သည်။
စုလင်း စာချုပ်ကို ဖတ်ကြည့်ပြီးတာနဲ့ သုံးဖက်မြင် ဖန်သားပြင်ပေါ်မှာ သူ့ရဲ့ လက်ဗွေကို ဖိနှိပ်လိုက်သည်။ သူ့ရဲ့အကြည့်က ဘေးက လက်မှတ်ရေးထိုးတဲ့နေရာကို ဝေ့သွားပြီး သူ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ လက်မှတ်က စကားလုံးတစ်ခုချင်းစီတိုင်းက လှပသည်။ ကြော့ရှင်းပြီး ကြည့်ကောင်းသည်။ သေချာ ဒီဇိုင်းဖော် ရေးဆွဲထားတာဖြစ်နိုင်သည်။ သို့သော်လက်မှတ်က ဖတ်လို့ မလွယ်ကူပါချေ။ ရှေ့ဆုံးက 'ကု' အက္ခရာက အတော်လေးရှင်းလင်းသည်။
သို့ပေတည့် နောက်စာလုံးက ဘာများဖြစ်နိုင်မလဲ? 'လီ' လား?။
သူ နောက်ဆုံးစာလုံးက 'ဟန်'ဆိုတာကို နားမလည်ခင် စက္ကန့်အနည်းငယ်လောက် ကြာသည်အထိ ငေးကြည့်နေမိသည်။ ထို့ကြောင့် အားလုံးပေါင်းလိုက်သော် 'ကုလီဟန်' ဖြစ်သည်။
ကုလီဟန်!!!
စုလင်း ထိုလူကို ပြင်းပြင်းထန်ထန် မော့ကြည့်လိုက်မိသည်။
ဒီလူရဲ့နာမည်က သူ့စိတ်ကူးယဉ်နတ်ဘုရားနဲ့တူတူပဲ!
သူ့နှလုံးသားက လျင်မြန်စွာ ခုန်ပေါက်လာခဲ့သည်။
တူညီတဲ့ ကမ္ဘာတည်ဆောက်ပုံနဲ့ တူညီတဲ့နာမည်!
သူ တကယ်ပဲ သူဖတ်ခဲ့တဲ့ ဝတ္ထုထဲ ကူးပြောင်းသွားတာလား?
ထိုဝတ္ထုတွင် အမြှောက်စာဇာတ်ကောင် Shou သည် ဇာတ်လိုက် Gong ကို လိုက်ဖို့ကြိုးစားရင်း လူများစွာကို အနှောက်အယှက်ပေးခဲ့ပြီး ဒေါသထွက်စေခဲ့သည်။ နောက်ပိုင်းတွင် သူက မှီခိုအားထားရရန် နောက်ခံတောင့်တင်းသည့် အမျိုးသား နတ်ဘုရားကို လက်ထပ်ခဲ့သည်။
အမှန်တော့ စုလင်းရဲ့နတ်ဘုရားက ဝတ္ထုရဲ့ နောက်ခံဇာတ်ကောင်သာသာ ဖြစ်သည်။ စာရေးသူ သူ့ကိုဖန်တီးရတဲ့ ရည်ရွယ်ချက်က အမြှောက်စာShouရဲ့ လုပ်ဆောင်နိုင်စွမ်းကိုမြှင့်တင်ရန်၊ ဇာတ်လိုက် Gongနဲ့ ဇာတ်လိုက် Shouအကြား အတားအစီးများကို မြှင့်တင်ရန်သာဖြစ်သည်။
သူ့ရဲ့နတ်ဘုရားသည် ဝတ္ထုထဲတွင် ဇာတ်ကွက် များများစားစားမပါဘဲ တစ်ခြားဇာတ်ကောင်တွေရဲ့ စကားပြောခန်းတွေကျမှသာ ပါခဲ့သည်။ သို့သော်လည်း အဲ့ဒီ သူပါလာတဲ့ အခန်းနည်းနည်းလေးကပဲ စုလင်း သူ့ရဲ့ ပရိတ်သတ်ဖြစ်သွားစေဖို့လုံလောက်ခဲ့သည်။ စုလင်းရဲ့ နတ်ဘုရားက ထို အမြှောက်စာShou ကို မကြိုက်သော်လည်း သူက တာဝန်ယူတတ်တဲ့သူမျိုးဖြစ်လို့ သူ့လက်တွဲဖော်ရဲ့လုပ်ရပ်တွေကို တာဝန်ယူခဲ့တဲ့အပြင် အလွန်လည်း ယုံကြည်အားထားခဲ့သည်။
ဒီလိုလူစားမျိုး လောကမှာ တကယ် မရှိဘူးဆိုတာရယ်၊ စာရေးသူက သူ့ကို အမြှောက်စာShouရဲ့စွမ်းအားပိုမြှင့်လာရုံပဲ ဖန်တီးထားတာလို့ စုလင်း သူ့ကိုယ်သူ အမြဲသတိပေးခဲ့သည်။ သို့သည့်တိုင် စုလင်း ဆွဲဆောင်ခံရစမြဲ။ အချစ်မရှိသော်လည်း စွန့်ပစ်မှုမရှိခဲ့။ ရင်းနှီးကျွမ်းဝင်မှုမရှိသော်လည်း တာဝန်ဝတ္တရားကို မလွှင့်ပစ်ခဲ့။ ဘာတွေပဲ ဖြစ်လာပါစေ။ သူက အမြှောက်စာShouဘေးမှာ အမြဲတမ်း ရှိနေခဲ့ပေးသည်။ အရမ်းသန်မာတာပဲ။
ဝတ္ထုကိုဖတ်နေစဉ်တစ်လျှောက်လုံး စုလင်း အမြှောက်စာShou ကို အလွန်အင်မတန် မနာလိုဖြစ်ခဲ့သည်။ အမြှောက်စာShouက မိုက်မိုက်မဲမဲနဲ့ သေခြင်းတရားကို မီးထွန်းရှာတိုင်း စုလင်းရဲ့နတ်ဘုရားကို အမြှောက်စာကောင်နဲ့ ကွာရှင်းစေချင်ခဲ့သည်။ သို့သော်ငြားလည်း သူ့ရဲ့နတ်ဘုရားကတော့ အမြှောက်စာကောင်Shou ကြောင့် သေဆုံးသွားရသည့်တိုင် ကွာရှင်းခြင်းမရှိခဲ့ပေ။
ဝတ္ထုရဲ့အဓိကဇာတ်လိုက်က တစ်ချိန်က စုလင်းရဲ့ နတ်ဘုရားကို ဒီအကြောင်းနဲ့ပတ်သတ်ပြီး မေးခဲ့သည်။ စုလင်း သူ့နတ်ဘုရားရဲ့အဖြေကို အလွန် ရှင်းရှင်းလင်းလင်း မှတ်မိသည်။
"ငါ သူ့ကို လက်ထပ်လိုက်ပြီးကတည်းက သူ့ဘဝတစ်ခုလုံး အတွက် ငါ့မှာ တာဝန်ရှိတယ်"
ဒီစကားကြောင့် စုလင်း အသည်းများပင် ကွဲခဲ့ရသည်။ စုလင်း ခွဲခွာခြင်း များစွာကို မြင်ခဲ့ရပြီးပြီဖြစ်လို့ တည်ငြိမ်သောဆက်ဆံရေးကို အလွန်တရာ တောင့်တခဲ့သည်။
စုလင်းက ကုလီဟန်ကို ကြည့်လိုက်ပြီး
"ခင်ဗျားမှာ အိမ်ထောင်ရှိလား?။"
ကုလီဟန် ကြက်သေသေသွားသလို လူတိုင်းလည်း ထိတ်လန့်သွားကြသည်။ Omegaတစ်ယောက်က Alpha တစ်ယောက်ကို ဒီလိုမေးခွန်း မျိုးမေးတာ က အရမ်း အရိပ်အမြွက် ပြနေသလိုပင်။ ကုလီဟန်ရဲ့ မျက်လုံးများက စုလင်းကို စူးစိုက်ကြည့်လာပြီး စုလင်းရဲ့ ရည်ရွယ်ချက်ကို ရှာဖွေနိုင်ရန် ကြိုးစားလာသည်။ သူက ပြန်တော့ဖြေလိုက်သည်။
"ဟင့်အင်း"
စုလင်းက ထပ်မေးလာသည်။
"ခင်ဗျား အသက် ဘယ်လောက် ရှိပြီလဲ?"
သူ ထိုသို့မေးလိုက်ရင်း ဝတ္ထုထဲတွင် သူ့ရဲ့နတ်ဘုရား လက်ထပ်တော့ အသက် ဘယ်လောက်လဲ ပြန်စဥ်းစားကြည့်နေမိသည်။ အပြန်ပြန် အလှန်လှန် စဥ်းစားလိုက်တော့ နတ်ဘုရားရဲ့အသက်ကို ဝတ္ထုထဲမှာ သေချာ ဖော်ပြထားခြင်း ရှိပုံမရပေ။
အမြှောက်စာကောင်Shouက အသက်၁၉ပဲရှိသေးသည့် တက္ကသိုလ်ကျောင်းသားသစ်ကလေးဖြစ်ကြောင်းသာ သူမှတ်မိသည်။
တစ်နည်းဆိုရပြန်လျှင်လည်း သူတို့နှစ်ယောက်က အသက် ၁၀နှစ်လောက် ကွာသည်ဟု ဝတ္ထုရဲ့ တစ်နေရာရာ ဖော်ပြထားသလိုပင်။ ဤ ကုလီဟန်က တကယ်ပဲ သူ့နတ်ဘုရားသာဆိုလျှင် သူက အသက် ၂၉နှစ်ပတ်ဝန်းကျင်လောက်ဖြစ်သင့်သည်။
နာလူး တစ်ယောက် လက်ရှိ အခြေအနေကြီးက တစ်ခုခုမှားနေသလို ခံစားလိုက်ရသည်။ သူက စုလင်းရဲ့ ပုခုံးတွေ ဆုပ်ကိုင်လိုက်ပြီး မေးလိုက်သည်။
"မင်း ဘယ်လိုကြီး မေးလိုက်တာလဲ?
ကုလီဟန်သည် အရွယ်ရောက်ပြီးသည့်အထိ singleဖြစ်နေသော Alphaများဇယားတွင် ထိပ်ဆုံးက အခိုင်အမာရပ်တည်နေသူဖြစ်သည်။ လွန်ခဲ့တဲ့ ၂နှစ်တုန်းက လူတွေက ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ပြောဆိုခဲ့ကြသည်မှာ မကောင်းလှတဲ့ ခန့်မှန်းချက်တွေ ပျံ့နှံလာသည် အထိပင်။ ထိုကောလဟာလ၊ အတင်းအဖျင်းတွေ ဖြန့်တဲ့ မီဒီယာပြိုလဲသွားခဲ့ပြီး "ကု ကော်ပိုရေးရှင်း"က လက်လွှဲယူသွားသည်။
ထိုအချိန်မှစ၍ ဥက္ကဋ္ဌကု အသက်ကြီးသည်အထိ singleဖြစ်နေသေးသည့်အကြောင်း ဘယ်သူမှ မဟ ရဲတော့ပေ။ တစ်ခု သိသင့်သည်မှာ အသက် ၂၅ကျော်တဲ့သူမပြောနှင့်၊ ဘွဲ့ရပြီးနောက် လက်မထပ်ရသေးသည့် အကောင်းဆုံးAlpha တွေတောင် အနည်းငယ်မျှသာရှိသည်။
စုလင်း: "ကျွန်တော် မေးလို့မရတဲ့ အကြောင်းပြချက်များရှိလား?"
သူ ပြန်ဖြေရင်း ကုလီဟန်ကို စိုက်ကြည့်နေသည်။
ကုလီဟန်ရဲ့အမူအရာက လုံးဝ မပြောင်းလဲခဲ့ပါချေ။
"၂၈နှစ်! ဒါက စိတ်ဝိညာဥ်ပင်တွေ ငှားပေးတာနဲ့ သက်ဆိုင်လား?"
စုလင်းက ခေါင်းကို ခါယမ်းလိုက်ပြီး
"အဲ့လိုတော့ မဟုတ်ပါဘူး။ ခင်ဗျား...."
စုလင်း အသက်ကို ပြင်းပြင်းရှုလိုက်ပြီး
"ခင်ဗျား ..ကျောင်းချီဆိုတဲ့ လူကို သိလား?"
ကျောင်းချီဟာ ဝတ္ထုထဲက အမြှောက်စာကောင်Shouပဲ ဖြစ်သည်။
စာရေးသူမှာ ပြောစရာတစ်ခုရှိတယ်။
စုလင်း: နတ်ဘုရား၊ ကျွန်တော့ ပန်းကန်ထဲကို လာခဲ့
ကု: ပန်းကန်မလိုပါဘူး။ ကိုယ့်ကို တိုက်ရိုက်စားလေ။
ဘာသာပြန်သူမှာ ပြောစရာရှိပါတယ်။
ဒီထဲမှာလေ အပင်နာမည်လေးတွေ စပါလာတယ်ကွာ။ ၃ပင်လုံးက အပြင်မှာ တကယ်ရှိပါတယ်။ တစ်နေကုန် ထိုင်ရှာနေတာတောင် မြန်မာနာမည်တော့မတွေ့တာမလို့ အဆင်ပြေသလို လှလှလေး နာမည်ပေးလိုက်တယ်နော်။ ဆူးနီဘောလုံးပင်(redthorn ball)က တကယ်ကလေ ကြက်မောက်သီးလို အပင်မျိုးကို ခေါ်တာကွာ။ တရုတ်မှာရှိတယ်။ အပင်ကကို ကြက်မောက်သီး အခိုင်လိုမျိုးပဲ။ မြင်ကာစက ကြက်မောက်သီးတောင်ထင်သွားတာ😁
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue Freesia 🦋
R
edthorn ball(ဆူးနီဘောလုံးပင်)
G
olden Baby(ရွှေမှုန်ကျဲပန်း)
P
earl Lopseed(ပုလဲသွယ်ပင်ပျို)
//ZAWGYI//
အခန္း-၄ (နတ္ဘုရား)
စုလင္း အေပၚယံတြင္ သဘာဝက်က်ေလး ျပဳံးထားေသာ္လည္း သူ႕ႏွလုံးသားထဲတြင္ေတာ့ အနည္းငယ္႐ွက္႐ြံလ်က္႐ွိသည္။ ေလထုထဲ႐ွိ စြဲမက္ဖြယ္ ေမႊးရနံ႔က ေဆး႐ုံမွာ စုလင္းသူ႕ရဲ႕ကိုယ္ပိုင္ pheromoneအနံ႔ကို မႀကိဳက္ေၾကာင္း ျပမိတဲ့ ျမင္ကြင္းကို ျပန္ျမင္ေယာင္လာေစသည္။
သူရဲ႕သဘာဝက်လွတဲ့ ႏႈတ္ခြန္းဆက္စကားေၾကာင့္ နာလူး အံ့ၾသသြားသည္။
"ဥကၠ႒ကုနဲ႔ သိေနတာလား?"
စုလင္းက ဥကၠ႒ကုကို သိတယ္ဆိုတာ မဆန္းလွေပ။ ထူးဆန္းေနတာက သူ႕ေလသံျဖစ္သည္။
စုလင္းရဲ႕အျပဳံးက ပို၍ပင္ နက္႐ိႈင္းလာသည္။
တိုက္ဆိုင္လိုက္တာ။ ဒီလူက သူ႕စိတ္ကူးယဥ္နတ္ဘုရားနဲ႔ အရမ္းေခ်ာတာခ်င္းတူ႐ုံမကဘူး။မ်ိဳး႐ိုးနာမည္ပါတူေနတယ္။
"ကြၽန္ေတာ္တို႔ ေဆး႐ုံမွာ ေတြ႕ဖူးတယ္"
စုလင္းက နာလူး ကို႐ွင္းျပၿပီး ထိုလူကို ၾကည့္လိုက္သည္။
ကုလီဟန္ အခန္းထဲသို႔ လမ္းေလွ်ာက္ဝင္လာသည္။ သူရဲ႕သက္ေတာ္ေစာင့္မ်ားသည္ တံခါးအျပင္ဘက္တြင္ ရပ္ေနခဲ့ၿပီး VIP အခန္းတံခါးကိုပိတ္ေပးလိုက္သည္။
“ကိုယ္က ျဖတ္သြားတာ၊ ၿပီးေတာ့ ဆူးနီေဘာလုံးပင္ရဲ႕အနံ႔ကို ရလိုက္လို႔”
သူက အကာအကြယ္ေသတၱာရဲ႕ အလယ္႐ွိ စိတ္ဝိညာဥ္အပင္ကို ၫႊန္ျပသည္။ သူက စုလင္း ကိုၾကည့္ၿပီး
"ကိုယ္ ဒီအပင္ကို ဝယ္ခ်င္တယ္။ ေစ်းျမင့္ျမင့္ ေပးပါ့မယ္"
ကုလီဟန္ ၫႊန္ျပတဲ့အတိုင္း စုလင္း ဆူးနီေဘာလုံးပင္ကို ၾကည့္လိုက္သည္။ ထိုအပင္က ႐ုတ္တရက္ ၾကည့္လိုက္ရင္ ပူေဖာင္းအစည္းလိုက္ႀကီးႏွင့္တူသည္။ အပင္ရဲ႕ ေအာက္ေျခမွာ ႐ွည္ေမ်ာေမ်ာအကိုင္းေတြ အမ်ားႀကီး႐ွိၿပီး အကိုင္းတစ္ခုစီရဲ႕ ထိပ္ဖ်ားတြင္ ေတာက္ပေသာ အနီေရာင္ ေဘာလုံး တစ္လုံးစီ႐ွိေနသည္။ ေဘာလုံးေလးမ်ားသည္ ေဖာက္ထြင္းျမင္ေနရၿပီး ေပ်ာ့ေပ်ာ့ေပ်ာင္းေပ်ာင္းနဲ႔ က်ံဳႏိုင္ဆန္႔ႏိုင္ပုံရသည္။ ေဘာလုံးရဲ႕မ်က္ႏွာျပင္တြင္ မေရမတြက္ႏိုင္ေသာအေမႊးႏုႏု အမွ်င္ေလးမ်ား႐ွိသည္။ တခ်က္တခ်က္ အေရာင္လဲ့သြားတဲ့ အခ်ိန္တိုင္း အေမႊးႏုႏုေလးေတြက ေလထဲမွာ ေမ်ာလြင့္ေနသည္။
ဆူးနီေဘာလုံး အပင္က စုလင္းရဲ႕အၾကည့္ကို အာ႐ုံခံမိပုံရသည္။ စုလင္းနဲ႔ အနီးဆုံး အကိုင္းက သူ႕ဘက္ကို ေကြးၫြတ္လာၿပီး ေဘာလုံးေလးရဲ႕မ်က္ႏွာျပင္ေပၚက အမွ်င္ေလးေတြကလည္း သူနဲ႔ နီးဖို႔ ႀကိဳးစားလာၾကသည္။
စုလင္း လန္႔သြားၿပီး ေနာက္ကို ေျခတစ္လွမ္းဆုတ္လိုက္ကာ အကာအကြယ္ေသတၱာနဲ႔ ေဝးရာကိုေ႐ြ႕လိုက္သည္။
အကိုင္းေလးသည္ ခဏမွ် အံ့ၾသသြားၿပီး ထိုအကိုင္းရဲ႕ထိပ္ဖ်ား႐ွိ ေဘာလုံးေလးသည္ ဘယ္ဘက္ကို ၫႊတ္က်လာသည္မွာ ေနာက္တစ္စကၠန္႔ေလာက္အတြင္းမွာ ျပဳတ္က်လာေတာ့ မေယာင္။သို႔ေသာ္လည္း တကယ္တမ္းေတာ့ ျပဳတ္က်မလာခဲ့ေပ။ ေဘာလုံးေလးသည္ ထိုျပဳတ္က်ေတာ့မည့္ဟန္အတိုင္း စကၠန္႔အနည္းငယ္ေလာက္ ၿငိမ္ေနခဲ့ၿပီးေနာက္ သူ႕ရဲ႕ အမွ်င္ေလးေတြက ေဘာလုံးရဲ႕ မ်က္ႏွာျပင္တစ္ခုလုံးေပၚ ျပန္ဖုံးလႊမ္းသြားၿပီး သူ႕အကိုင္းေလးကိုလည္း ျပန္႐ုတ္သိမ္းသြားသည္။
နာလူးက
"မင္း သူကို ဘာလို႔ မႏွစ္သိမ့္လိုက္တာလဲ? သူက မင္းကို အရမ္းသေဘာက်ေနတာ"
စုလင္း: "... ေလးေလးက ဘယ္လိုသိလဲ?"
နာလူး: "စိတ္ဝိညာဥ္အပင္ေတြက တစ္စုံတစ္ေယာက္ကို တက္တက္ႂကြႂကြ ခ်ဥ္းကပ္တယ္ဆိုတာ တိုက္ခိုက္ဖို႔ ဒါမွမဟုတ္ ခ်စ္ခင္မႈ ျပသဖို႔ပဲ ႐ွိတာ"
သူက စိတ္လႈပ္႐ွားေနတဲ့ အသံနဲ႔ ဆက္ေျပာလာသည္။
"ငါက Beta တစ္ေယာက္ျဖစ္ၿပီး စိတ္ဝိညာဥ္အပင္ေတြ အေၾကာင္း အမ်ားႀကီး သိပ္မသိေပမယ့္လည္း ေမႊးရနံ႔ဘားမွာ ႏွစ္ေတြအၾကာႀကီး အလုပ္လုပ္ခဲ့တာ။ အဲ့ဒါေၾကာင့္ အပင္ေတြရဲ႕ သေဘာသဘာဝေလာက္ေတာ့ ငါသိတယ္။
"မင္းရဲ႕ pheromone ေတြကို သုံးၿပီး သူတို႔နဲ႔ဆက္သြယ္ရင္ သူတို႔ရဲ႕ခ်စ္ခင္မႈကို ေသခ်ာေပါက္ခံစားရလိမ့္မယ္။"
စုလင္း သူရဲ႕pheromone နံ႔ အေၾကာင္းကို စဥ္းစားလိုက္ၿပီး ေဘးပတ္ပတ္လည္မွလူမ်ားကိုၾကည့္လိုက္သည္။ သူ သူရဲ႕pheromoneနဲ႔ ခ်က္ခ်င္း စမ္းသပ္ဖို႔ မႀကိဳးစားခဲ့ေပ။ သူက ကုလီဟန္ဘက့္ကို လွည့္လိုက္ၿပီး
"ေတာင္းပန္ပါတယ္။ သူတို႔က ေရာင္းဖို႔မဟုတ္ပါဘူး"
ေမေမခ်င္က သူ႕ pheromone မူမမွန္မႈကို ကုသႏိုင္တဲ့ေသာ့ခ်က္က ဒီစိတ္ဝိညာဥ္အပင္သုံးခုမွာ ႐ွိတယ္လို႔ ေမြးေန႔ဗီဒီယိုမွာ ေျပာထားခဲ့သည္။ ထို႔ေၾကာင့္ သူ သူတို႔ကို ေရာင္းဖို႔ မျဖစ္ႏိုင္ေပ။
ကုလီဟန္ရဲ႕အမူအရာက မေျပာင္းလဲဘဲနဲ႔ သူကေခါင္းကို အသာညိမ့္ကာ
"မင္း မေရာင္းခ်င္ရင္ ငွားေပးမလား?။"
သူက ႐ိုး႐ိုးသားသားေျပာလာသည္။
"ကိုယ္က ဆူးနီေဘာလုံးပင္ရဲ႕အရည္ကိုပဲ လိုတာ။ အဲ့ဒါအတြက္လည္း ႀကိဳက္ေစ်း ေဆြးေႏြးႏိုင္တယ္"
စုလင္းက ခဏေလာက္ စဥ္းစားလိုက္ၿပီး
"အဲ့ဒါက အပင္ကို ထိခိုက္ေစႏိုင္လား?"
ကုလီဟန္: "ေသခ်ာေပါက္ မထိခိုက္ေစဘူး"
နာလူးက စုလင္းနားကပ္ၿပီး တိုးတိုးေလးလာေျပာသည္။
"စိတ္ဝိညာဥ္အပင္ေတြကေန အထူးသျဖင့္ေတာ့ အဆင့္ျမင့္စိတ္ဝိညာဥ္အပင္က ကုန္ၾကမ္းေတြကို ၾကမ္းတမ္းတဲ့ နည္းလမ္းေတြ သုံးၿပီးဝယ္လို႔မရဘူးေလ။ စိတ္ဝိညာဥ္အပင္က ဆႏၵမ႐ွိရင္ သူ႕ဆီက ထုတ္ယူတဲ့ ကုန္ၾကမ္းေတြက အဆိပ္႐ွိတာ အသုံးမဝင္တာတို႔ ျဖစ္သြားေရာ။"
စုလင္း အံ့ၾသသြားရသည္။
ဒီေလာက္ေတာင္ အစြမ္းထက္တာလား။
သူ အေတာ္ေလး စိတ္သက္သာရာရသြားၿပီး အသံနိမ့္နိမ့္ေလးနဲ႔ ေမးလိုက္သည္။
"ဒီဥကၠ႒ကုရဲ႕ေနာက္ခံက ခိုင္မာလား?"
နာလူးက ေခါင္းညိမ့္လိုက္ၿပီး ျပန္ေျဖသည္။
"အရမ္းကို ခိုင္မာတာ"
စုလင္းက ျပဳံးၿပီး ကုလီဟန္ကို ၾကည့္လိုက္ကာ
"ကြၽန္ေတာ္ ခင္ဗ်ားကို ငွားေပးႏိုင္ပါတယ္။ ဒါေပမယ့္ ဆူးနီေဘာလုံးပင္ အျပင္ က်န္ႏွစ္ပင္ကိုပါ ထိန္းသိမ္းေပးရမယ္။
ဒီလိုနည္းအားျဖင့္ သူေငြေတြ အမ်ားႀကီး စုႏိုင္လိမ့္မယ္။ သို႔ေသာ္ စုလင္း မေပ်ာ္ႏိုင္ေသးပါ။ ဒီစိတ္ဝိညာဥ္အပင္က ဥကၠ႒ကုရဲ႕ အာ႐ုံကိုေတာင္ဖမ္းစားႏိုင္တယ္ဆိုေတာ့ သာမာန္ရတနာ တစ္ခုမဟုတ္တာ သိသာေပသည္။ သူသာ ဒီအပင္ေတြကို ဒီေန႔ ဆိုင္ကို ျပန္ယူသြားခဲ့ရင္ သူ ဒုကၡ အမ်ားႀကီး ေရာက္မွာ ေၾကာက္ရသည္။ ထို႔ေၾကာင့္ ဒီအပင္ေတြကို ဥကၠ႒ကုရဲ႕ေဘးမွာ ယာယီထိန္းသိမ္းထားလိုက္ျခင္းက မွန္ကန္ေသာ ေ႐ြးခ်ယ္မႈျဖစ္သည္။
ကုလီဟန္: "ကိစၥမ႐ွိပါဘူး။ မင္း ငွားရမ္းခ ဘယ္ေလာက္လိုခ်င္လဲသာ ကိုယ့္ကိုေျပာ"
စုလင္းကေတာ့ သူ႕စိတ္ထဲမွာ ဥကၠ႒ကုကို အခမဲ့သိုေလွာင္ရာေနရာႀကီးအျဖစ္ ဆက္ဆံေနမိသျဖင့္ ငွားရမ္းခ ေျပာလိုက္ဖို႔ သူ႐ွက္႐ြံ႕ေနခဲ့သည္။
"ခင္ဗ်ား အပင္ေတြကို ငွားစရာမလိုပါဘူး။ ခင္ဗ်ား သူတို႔ကို လုံျခဳံေအာင္ ထားႏိုင္ရင္ အဆင္ေျပတယ္။ ကြၽန္ေတာ္ သူတို႔ကို အခ်ိန္မေ႐ြးလာေတြ႕ႏိုင္သလို အခ်ိန္မေ႐ြးလည္း ျပန္ေခၚႏိုင္တယ္ေလ။
ကုလီဟန္ရဲ႕ မ်က္ဝန္းမ်ားတြင္ အံ့ၾသသင့္သြားသည့္ အရိပ္အေယာင္တစ္ခု ထြက္ေပၚလာသည္။
နာလူးက သူ႕အက်ႌလက္ကို ဆြဲလိုက္ေတာ့ စုလင္းနာလူးကိုလွည့္ၾကည့္လိုက္သည္။
"ေလးေလး ဘာျဖစ္လို႔လဲ?"
နာလူးက သူ႕အသံကို ႏွိမ့္လိုက္ၿပီး
"ထိပ္တန္းA အဆင့္ စိတ္ဝိညာဥ္ပင္ရဲ႕ ကုန္ၾကမ္းေဈးႏႈန္းကို မင္းသိရဲ႕လား?။
စုလင္း သိပ္မေသခ်ာေပမယ့္ ကုန္ၾကမ္းက အရမ္း ေစ်းႀကီးတာကိုေတာ့ သူသိသည္။ သူက နာလူးကို ျပန္ေမးလိုက္သည္။
"ေလးေလးမွာ ထိပ္တန္း Aအဆင့္ စိတ္ဝိညာဥ္ပင္ကြၽမ္းက်င္သူတစ္ေယာက္ေတာင္ ႐ွိလို႔လား?။"
ထိပ္တန္း Aအဆင့္ စိတ္ဝိညာဥ္ပင္ရဲ႕ ကုန္ၾကမ္းမ်ားကို စုေဆာင္းရတာ မလြယ္ကူေခ်။ ထိပ္တန္းAအဆင့္ စိတ္ဝိညာဥ္ကြၽမ္းက်င္သူမ်ားပင္ ေအာင္ျမင္စြာ မထုတ္ယူႏိုင္ၾကေပ။ သူတို႔ရဲ႕Pheromoneေတြက စိတ္ဝိညာဥ္ပင္ေတြနဲ႔ လိုက္ဖက္ဖို႔လည္း လိုေသးေပသည္။
နာလူး ထိုေမးခြန္းတစ္ခုနဲ႔တင္ ဆို႔နင့္သြားၿပီး တီးတိုးေျပာလာျပန္သည္။
"မင္း သူတို႔နဲ႔ ေတာ္ေတာ္ႀကီး ရင္းႏွီးေနတာပဲဟာ။ မင္း ကုန္ၾကမ္း ထုတ္ရင္ ထုတ္ႏိုင္ေလာက္မလား?။ စိတ္ဝိညာဥ္ပင္ေတြရဲ႕ ကုန္ၾကမ္းေတြက ျပန္လည္ ျဖည့္တင္းႏိုင္စြမ္း႐ွိၿပီး မင္း ေန႔တိုင္း ကုန္ၾကမ္း ထုတ္လို႔ရတယ္။ အဲ့ဒါဆို တရက္တည္းနဲ႔ေတာင္ မင္းေငြေတြ အမ်ားႀကီး ဝင္မွာ။"
စုလင္းက စဥ္းစားလိုက္ၿပီး ကုလီဟန္ကို အခ်က္တစ္ခ်က္ ထပ္ေျပာခဲ့သည္။
"ခင္ဗ်ား တစ္ခုေတာ့ ကတိထပ္ေပးရမယ္။ ကြၽန္ေတာ္ အပင္ေတြ လာၾကည့္ခ်င္တဲ့အခ်ိန္တိုင္း အပိုလူတစ္ေယာက္ ေခၚလာခြင့္ေပးရမယ္။"
သူကိုယ္တိုင္ ထုတ္ယူၾကည့္ၿပီး မလုပ္ႏိုင္တာ ေသခ်ာေလာက္တဲ့ အခ်ိန္က် ကုန္ၾကမ္းပစၥည္းေတြရဲ႕ေစ်းကလည္း ထိပ္တန္းAအဆင့္ စိတ္ဝိညာဥ္ပင္ကြၽမ္းက်င္သူ ငွားရမ္းတာထက္ ပိုျမင့္ေနရင္ ကြၽမ္းက်င္သူ တစ္ေယာက္ေလာက္ငွားထားရင္ေတာင္ ေငြဝင္ေနဦးမည္ျဖစ္သည္။
သူတို႔၂ေယာက္သား တစ္ေယာက္နဲ႔တစ္ေယာက္တိုးတိုး တိုးတိုး ေျပာေနၾကေပမဲ့ အခန္းထဲမွာ ႐ွိတဲ့က်န္လူေတြ အားလုံးက Alphaေတြ ျဖစ္ေနသည္။ ထို႔ေၾကာင့္ သူတို႔ရဲ႕အာ႐ုံငါးပါးက စုလင္းတို႔ထက္ အမ်ားႀကီးပိုေကာင္းတဲ့အတြက္ စုလင္းတို႔ ေျပာသမွ်ေတြအကုန္ လုံးလုံးလ်ားလ်ားကို ၾကားခဲ့ၾကသည္။
ကုလီဟန္: "ကိုယ္သေဘာတူတယ္။ တကယ္က မင္း ဒီအပင္ငွားေပးတာနဲ႔တင္ ကိုယ့္ကို အမ်ားႀကီး ကူညီရာေရာက္ေနၿပီ။ ဒါေပမဲ့ ကိုယ္ ငွားရမ္းခေတာ့ ေပးရမွ ျဖစ္မယ္။ ၿပီးေတာ့ ဆူးနီေဘာလုံးပင္ရဲ႕ အရည္ကလြဲၿပီး ပုလဲသြယ္ပင္ပ်ိဳရဲ႕ဝတ္ရည္နဲ႔ ေ႐ႊမႈန္က်ဲပန္းပင္ရဲ႕ ေလ႐ႈပင္စည္ေတြကို ကိုယ့္ရဲ႕လူေတြက ေန႔တိုင္း ထုတ္ၿပီး မင္းကို ေပးလိမ့္မယ္။"
စုလင္း အရမ္းေက်နပ္သြားသည္။ ဒါက သူ အရမ္း အိပ္ငိုက္ေနတုန္း ေခါင္းအုံး တစ္လုံးေပးလိုက္တာနဲ႔တူေပသည္။ ဒါေပမဲ့ သူနဲ႔နာလူးတီးတိုးသဖန္းပိုးလုပ္သမွ်ကို သူတို႔ေတြအကုန္ၾကားသြားတာ ျဖစ္မယ္လို႔ သူသိလိုက္သည္။ သူ သူရဲ႕ ႐ွက္႐ြံမႈကို ဖုံးကြယ္ဖို႔ ေတာက္ပတဲ့ အျပဳံးတစ္ခု ျပဳံးျပလိုက္ၿပီး
"ေကာင္းတာေပါ့။ ခင္ဗ်ားက အရမ္းရက္ေရာတဲ့ ငွားရမ္းသူပဲ"
ကုလီဟန္ရဲ႕ မ်က္လုံးေတြ သူ႕မ်က္ႏွာေပၚမွာ ခဏေလာက္ရပ္သြားသည္။
"မင္းက ေတာင္းတာ နည္းတဲ့သူပါ"
သူ စီးပြားေရးေလာက တစ္ခြင္မွာ ေစ်းကစားတတ္သူေပါင္းမ်ားစြာေတြ႕ဖူးသည္။ သူ ဆူးနီေဘာလုံးပင္ရဲ႕ အနံ႔ကို ရလိုက္ကတည္းက ေငြေတြအမ်ားႀကီးအကုန္ခံဖို႔ ျပင္ထားေသာ္လည္း ဒီေလာက္လြယ္လြယ္ အေပးအယူတည့္မယ္လို႔ မေမွ်ာ္လင့္ထားေပ။
စုလင္း ျပဳံးလိုက္ၿပီး
"ကြၽန္ေတာ္တို႔ အခု စာခ်ဳပ္ ခ်ဳပ္လိုက္ရေအာင္။ ၿပီးရင္ ခင္ဗ်ား အပင္ေတြ ယူသြားလို႔ရၿပီ။"
ကုလီဟန္ သူ႕လက္ေကာက္ကို ထိၿပီးဖြင့္လိုက္ကာ သူ႕အတြင္းေရးမႉးကို စာခ်ဳပ္ေရးေပးဖို႔ ေျပာလိုက္သည္။ ထို႔ေနာက္ သူနဲ႔ စုလင္း ဆက္သြယ္ရန္ အခ်က္အလက္မ်ား လဲလွယ္လိုက္ၿပီး လက္ေဗြႏွိပ္ရမည့္ စာခ်ဳပ္ကို စုလင္း ကမ္းေပးလိုက္သည္။
စုလင္း စာခ်ဳပ္ကို ဖတ္ၾကည့္ၿပီးတာနဲ႔ သုံးဖက္ျမင္ ဖန္သားျပင္ေပၚမွာ သူ႕ရဲ႕ လက္ေဗြကို ဖိႏွိပ္လိုက္သည္။ သူ႕ရဲ႕အၾကည့္က ေဘးက လက္မွတ္ေရးထိုးတဲ့ေနရာကို ေဝ့သြားၿပီး သူ တိတ္တဆိတ္ သက္ျပင္းခ်လိုက္မိသည္။ လက္မွတ္က စကားလုံးတစ္ခုခ်င္းစီတိုင္းက လွပသည္။ ေၾကာ့႐ွင္းၿပီး ၾကည့္ေကာင္းသည္။ ေသခ်ာ ဒီဇိုင္းေဖာ္ ေရးဆြဲထားတာျဖစ္ႏိုင္သည္။ သို႔ေသာ္လက္မွတ္က ဖတ္လို႔ မလြယ္ကူပါေခ်။ ေ႐ွ႕ဆုံးက 'ကု' အကၡရာက အေတာ္ေလး႐ွင္းလင္းသည္။
သို႔ေပတည့္ ေနာက္စာလုံးက ဘာမ်ားျဖစ္ႏိုင္မလဲ? 'လီ' လား?။
သူ ေနာက္ဆုံးစာလုံးက 'ဟန္'ဆိုတာကို နားမလည္ခင္ စကၠန္႔အနည္းငယ္ေလာက္ ၾကာသည္အထိ ေငးၾကည့္ေနမိသည္။ ထို႔ေၾကာင့္ အားလုံးေပါင္းလိုက္ေသာ္ 'ကုလီဟန္' ျဖစ္သည္။
ကုလီဟန္!!!
စုလင္း ထိုလူကို ျပင္းျပင္းထန္ထန္ေမာ့ၾကည့္လိုက္မိသည္။
ဒီလူရဲ႕နာမည္က သူ႕စိတ္ကူးယဥ္နတ္ဘုရားနဲ႔တူတူပဲ!
သူ႕ႏွလုံးသားက လ်င္ျမန္စြာ ခုန္ေပါက္လာခဲ့သည္။
တူညီတဲ့ ကမ႓ာတည္ေဆာက္ပုံနဲ႔ တူညီတဲ့နာမည္!
သူ တကယ္ပဲ သူဖတ္ခဲ့တဲ့ ဝတၳဳထဲ ကူးေျပာင္းသြားတာလား?
ထိုဝတၳဳတြင္ အေျမာက္စာဇာတ္ေကာင္ Shou သည္ ဇာတ္လိုက္ Gong ကို လိုက္ဖို႔ႀကိဳးစားရင္း လူမ်ားစြာကို အေႏွာက္အယွက္ေပးခဲ့ၿပီး ေဒါသထြက္ေစခဲ့သည္။ ေနာက္ပိုင္းတြင္ သူက မွီခိုအားထားရရန္ ေနာက္ခံေတာင့္တင္းသည့္ အမ်ိဳးသား နတ္ဘုရားကို လက္ထပ္ခဲ့သည္။ ေစသည္။
အမွန္ေတာ့ စုလင္းရဲ႕နတ္ဘုရားက ဝတၳဳရဲ႕ ေနာက္ခံဇာတ္ေကာင္သာသာ ျဖစ္သည္။ စာေရးသူ သူ႕ကိုဖန္တီးရတဲ့ ရည္႐ြယ္ခ်က္က အေျမာက္စာShouရဲ႕ လုပ္ေဆာင္ႏိုင္စြမ္းကိုျမႇင့္တင္ရန္၊ ဇာတ္လိုက္ Gongနဲ႔ ဇာတ္လိုက္ Shouအၾကား အတားအစီးမ်ားကို ျမႇင့္တင္ရန္သာျဖစ္သည္။
သူ႕ရဲ႕နတ္ဘုရားသည္ ဝတၳဳထဲတြင္ ဇာတ္ကြက္ မ်ားမ်ားစားစားမပါဘဲ တစ္ျခားဇာတ္ေကာင္ေတြရဲ႕ စကားေျပာခန္းေတြက်မွသာ ပါခဲ့သည္။ သို႔ေသာ္လည္း အဲ့ဒီ သူပါလာတဲ့ အခန္းနည္းနည္းေလးကပဲ စုလင္း သူ႕ရဲ႕ ပရိတ္သတ္ျဖစ္သြားေစဖို႔လုံေလာက္ခဲ့သည္။ စုလင္းရဲ႕ နတ္ဘုရားက ထို အေျမာက္စာShou ကို မႀကိဳက္ေသာ္လည္း သူက တာဝန္ယူတတ္တဲ့သူမ်ိဳးျဖစ္လို႔ သူ႕လက္တြဲေဖာ္ရဲ႕လုပ္ရပ္ေတြကို တာဝန္ယူခဲ့တဲ့အျပင္ အလြန္လည္း ယုံၾကည္အားထားခဲ့သည္။
ဒီလိုလူစားမ်ိဳး ေလာကမွာ တကယ္ မ႐ွိဘူးဆိုတာရယ္၊ စာေရးသူက သူ႕ကို အေျမာက္စာShouရဲ႕စြမ္းအားပိုျမႇင့္လာ႐ုံပဲ ဖန္တီးထားတာလို႔ စုလင္း သူ႕ကိုယ္သူ အၿမဲသတိေပးခဲ့သည္။ သို႔သည့္တိုင္ စုလင္း ဆြဲေဆာင္ခံရစၿမဲ။ အခ်စ္မ႐ွိေသာ္လည္း စြန္႔ပစ္မႈမ႐ွိခဲ့။ ရင္းႏွီးကြၽမ္းဝင္မႈမ႐ွိေသာ္လည္း တာဝန္ဝတၱရားကို မလႊင့္ပစ္ခဲ့။ ဘာေတြပဲ ျဖစ္လာပါေစ။ သူက အေျမာက္စာShouေဘးမွာ အၿမဲတမ္း ႐ွိေနခဲ့ေပးသည္။ အရမ္းသန္မာတာပဲ။
ဝတၳဳကိုဖတ္ေနစဥ္တစ္ေလွ်ာက္လုံး စုလင္း အေျမာက္စာShou ကို အလြန္အင္မတန္ မနာလိုျဖစ္ခဲ့သည္။ အေျမာက္စာShouက မိုက္မိုက္မဲမဲနဲ႔ ေသျခင္းတရားကို မီးထြန္း႐ွာတိုင္း စုလင္းရဲ႕နတ္ဘုရားကို အေျမာက္စာေကာင္နဲ႔ ကြာ႐ွင္းေစခ်င္ခဲ့သည္။ သို႔ေသာ္ျငားလည္း သူ႕ရဲ႕နတ္ဘုရားကေတာ့ အေျမာက္စာေကာင္Shou ေၾကာင့္ ေသဆုံးသြားရသည့္တိုင္ ကြာ႐ွင္းျခင္းမ႐ွိခဲ့ေပ။
ဝတၳဳရဲ႕အဓိကဇာတ္လိုက္က တစ္ခ်ိန္က စုလင္းရဲ႕ နတ္ဘုရားကို ဒီအေၾကာင္းနဲ႔ပတ္သတ္ၿပီး ေမးခဲ့သည္။ စုလင္း သူ႕နတ္ဘုရားရဲ႕အေျဖကို အလြန္ ႐ွင္း႐ွင္းလင္းလင္း မွတ္မိသည္။
"ငါ သူ႕ကို လက္ထပ္လိုက္ၿပီးကတည္းက သူ႕ဘဝတစ္ခုလုံး အတြက္ ငါ့မွာ တာဝန္႐ွိတယ္"
ဒီစကားေၾကာင့္ စုလင္း အသည္းမ်ားပင္ ကြဲခဲ့ရသည္။ စုလင္း ခြဲခြာျခင္း မ်ားစြာကို ျမင္ခဲ့ရၿပီးၿပီျဖစ္လို႔ တည္ၿငိမ္ေသာဆက္ဆံေရးကို အလြန္တရာ ေတာင့္တခဲ့သည္။
စုလင္းက ကုလီဟန္ကို ၾကည့္လိုက္ၿပီး
"ခင္ဗ်ားမွာ အိမ္ေထာင္႐ွိလား?။"
ကုလီဟန္ ၾကက္ေသေသသြားသလို လူတိုင္းလည္း ထိတ္လန္႔သြားၾကသည္။ Omegaတစ္ေယာက္က Alpha တစ္ေယာက္ကို ဒီလိုေမးခြန္း မ်ိဳးေမးတာ က အရမ္း အရိပ္အႁမြက္ ျပေနသလိုပင္။ ကုလီဟန္ရဲ႕ မ်က္လုံးမ်ားက စုလင္းကို စူးစိုက္ၾကည့္လာၿပီး စုလင္းရဲ႕ ရည္႐ြယ္ခ်က္ကို ႐ွာေဖြႏိုင္ရန္ ႀကိဳးစားလာသည္။ သူက ျပန္ေတာ့ေျဖလိုက္သည္။
"ဟင္အင္း"
စုလင္းက ထပ္ေမးလာသည္။
"ခင္ဗ်ား အသက္ ဘယ္ေလာက္ ႐ွိၿပီလဲ?"
သူ ထိုသို႔ေမးလိုက္ရင္း ဝတၳဳထဲတြင္ သူ႕ရဲ႕နတ္ဘုရား လက္ထပ္ေတာ့ အသက္ ဘယ္ေလာက္လဲ ျပန္စဥ္းစားၾကည့္ေနမိသည္။ အျပန္ျပန္ အလွန္လွန္ စဥ္းစားလိုက္ေတာ့ နတ္ဘုရားရဲ႕အသက္ကို ဝတၳဳထဲမွာ ေသခ်ာ ေဖာ္ျပထားျခင္း ႐ွိပုံမရေပ။
အေျမာက္စာေကာင္Shouက အသက္၁၉ပဲ႐ွိေသးသည့္ တကၠသိုလ္ေက်ာင္းသားသစ္ကေလးျဖစ္ေၾကာင္းသာ သူမွတ္မိသည္။
တစ္နည္းဆိုရျပန္လွ်င္လည္း သူတို႔ႏွစ္ေယာက္က အသက္ ၁၀ႏွစ္ေလာက္ ကြာသည္ဟု ဝတၳဳရဲ႕ တစ္ေနရာရာ ေဖာ္ျပထားသလိုပင္။ ဤ ကုလီဟန္က တကယ္ပဲ သူ႕နတ္ဘုရားသာဆိုလွ်င္ သူက အသက္ ၂၉ႏွစ္ပတ္ဝန္းက်င္ေလာက္ျဖစ္သင့္သည္။
နာလူး တစ္ေယာက္ လက္႐ွိ အေျခအေနႀကီးက တစ္ခုခုမွားေနသလို ခံစားလိုက္ရသည္။ သူက စုလင္းရဲ႕ ပုခုံးေတြ ဆုပ္ကိုင္လိုက္ၿပီး ေမးလိုက္သည္။
"မင္း ဘယ္လိုႀကီး ေမးလိုက္တာလဲ?
ကုလီဟန္သည္ အ႐ြယ္ေရာက္ၿပီးသည့္အထိ singleျဖစ္ေနေသာ Alphaမ်ားဇယားတြင္ ထိပ္ဆုံးက အခိုင္အမာရပ္တည္ေနသူျဖစ္သည္။ လြန္ခဲ့တဲ့ ၂ႏွစ္တုန္းက လူေတြက ဒီအေၾကာင္းနဲ႔ ပတ္သတ္ၿပီး ေျပာဆိုခဲ့ၾကသည္မွာ မေကာင္းလွတဲ့ ခန္႔မွန္းခ်က္ေတြ ပ်ံ႕ႏွံလာသည္ အထိပင္။ ထိုေကာလဟာလ၊ အတင္းအဖ်င္းေတြ ျဖန္႔တဲ့ မီဒီယာၿပိဳလဲသြားခဲ့ၿပီး "ကု ေကာ္ပိုေရး႐ွင္း"က လက္လႊဲယူသြားသည္။
ထိုအခ်ိန္မွစ၍ ဥကၠ႒ကု အသက္ႀကီးသည္အထိ singleျဖစ္ေနေသးသည့္အေၾကာင့္ ဘယ္သူမွ မဟ ရဲေတာ့ေပ။ တစ္ခု သိသင့္သည္မွာ အသက္ ၂၅ေက်ာ္တဲ့သူမေျပာႏွင့္၊ ဘြဲ႕ရၿပီးေနာက္ လက္မထပ္ရေသးသည့္ အေကာင္းဆုံးAlpha ေတြေတာင္ အနည္းငယ္မွ်သာ႐ွိသည္။
စုလင္း: "ကြၽန္ေတာ္ ေမးလို႔မရတဲ့ အေၾကာင္းျပခ်က္မ်ား႐ွိလား?"
သူ ျပန္ေျဖရင္း ကုလီဟန္ကို စိုက္ၾကည့္ေနသည္။
ကုလီဟန္ရဲ႕အမူအရာက လုံးဝ မေျပာင္းလဲခဲ့ပါေခ်။
"၂၈ႏွစ္! ဒါက စိတ္ဝိညာဥ္ပင္ေတြ ငွားေပးတာနဲ႔ သက္ဆိုင္လား?"
စုလင္းက ေခါင္းကို ခါယမ္းလိုက္ၿပီး
"အဲ့လိုေတာ့ မဟုတ္ပါဘူး။ ခင္ဗ်ား...."
စုလင္း အသက္ကို ျပင္းျပင္း႐ႈလိုက္ၿပီး
"ခင္ဗ်ား ..ေက်ာင္းခ်ီဆိုတဲ့ လူကို သိလား?"
ေက်ာင္းခ်ီဟာ ဝတၳဳထဲက အေျမာက္စာေကာင္Shouပဲ ျဖစ္သည္။
စာေရးသူမွာ ေျပာစရာတစ္ခု႐ွိတယ္။
စုလင္း: နတ္ဘုရား၊ ကြၽန္ေတာ့ ပန္းကန္ထဲကို လာခဲ့
ကု: ပန္းကန္မလိုပါဘူး။ ကိုယ့္ကို တိုက္႐ိုက္စားေလ။
ဘာသာျပန္သူမွာ ေျပာစရာ႐ွိပါတယ္။
ဒီထဲမွာေလ အပင္နာမည္ေလးေတြ စပါလာတယ္ကြာ။ ၃ပင္လုံးက အျပင္မွာ တကယ္႐ွိပါတယ္။ တစ္ေနကုန္ ထိုင္႐ွာေနတာေတာင္ ျမန္မာနာမည္ေတာ့မေတြ႕တာမလို႔ အဆင္ေျပသလို လွလွေလး နာမည္ေပးလိုက္တယ္ေနာ္။ ဆူးနီေဘာလုံးပင္(redthorn ball)က တကယ္ကေလ ၾကက္ေမာက္သီးလို အပင္မ်ိဳးကို ေခၚတာကြာ။ တ႐ုတ္မွာ႐ွိတယ္။ အပင္ကကို ၾကက္ေမာက္သီး အခိုင္လိုမ်ိဳးပဲ။ ျမင္ကာစက ၾကက္ေမာက္သီးေတာင္ထင္သြားတာ😁
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue Freesia 🦋
Redthorn ball(ဆူးနီေဘာလုံးပင္)
Golden Baby(ေ႐ႊမႈန္က်ဲပန္း)
Pearl Lopseed(ပုလဲသြယ္ပင္ပ်ိဳ)