သက္ကရာဇ်တစ်ခု၏ ချိုမြိန်သောရက...

By elisa_khin

56.6K 3.1K 79

If you fall in love with a person with different personalities or he shows you dark side or something... More

1.
2.
3.
4.
5.
6.
7.
8.
9.
10.
11.
12.
13.
14.
15.
One shot
16.
17.
18.
19.
20.
21.
22.
23.
24.
26.
27.
28.
29.(Ending)
Charactersရှင်းလင်းခြင်း
New fic ✨
စျေးဗန်း 🙆

25.

926 60 1
By elisa_khin


တည်တံ့မောင် မှန်ရှေ့၌ သူ့ရဲ့ပုံစံကို အသေအချာကြည့်နေမိသည် ။
စတစ်ကော်လာအဖြူရောင်နှင့် ရခိုင်ပုဆိုးအနက်ရောင်အား ဝတ်ဆင်ထားသော တည်တံ့မောင်က မှန်ထဲ၌ ခန့်ခန့်ညားညားဖြင့်ထင်ပေါ်နေသည် ။

ပုံမှန်နေ့တွေလဲပုဆိုးဝတ်တယ်ဆိုပေမယ့် ဒီနေ့က တည်တံ့မောင်ရဲ့ ၂၅ နှစ်ပြည့် မွေးနေ့ဖြစ်သည့်အပြင် ချစ်ရသူရှေ့၌ ခန့်ညားနေချင်သောကြောင့် သပ်သပ်ရပ်ရပ်ပြင်ဆင်ကာ မှန်ထဲ၌ အခေါက်ခေါက်အခါခါ သူ့ကိုယ်သူ ကြည့်နေမိသည် ။

မနှစ်ကအထိ မိသားစုတွေနဲ့သာ ဖြတ်သန်းခဲ့ရသော သူ့ရဲ့မွေးနေ့က ဒီနှစ်မှာတော့ ချစ်ရသူနှင့်အတူတူဖြတ်သန်းရမယ်ဆိုတဲ့အသိက တည်တံ့မောင်ကို ဆယ်ကျော်သက်လေး တစ်ယောက်လို စိတ်လှုပ်ရှားစေသည် ။

ထို့နောက် နာရီကိုတစ်ချက် ကြည့်လိုက်တော့ ၇ နာရီပင် ရှိနေပြီဖြစ်သောကြောင့် သက္ကရာဇ်အလာအားစောင့်နေရန် ဧည့်ခန်းထဲ၌ထိုင်ကာ စာအုပ်တစ်အုပ်အားကောက်ဖတ်နေလိုက်သည် ။

***************************************

"သက္ကရာ ဒီနေ့ စောစောနိုးလို့ပါလား ဘယ်သွားမလို့လဲ ''

နို့နှစ်ရောင် အင်္ကျီလက်တိုလေးနှင့် ပုဆိုးအနက်လေးကို ဝတ်ဆင်ထားတဲ့ သက္ကရာက အသားဖြူဖြူလေးနှင့်လိုက်ဖက်ညီစွာ ထင်းထွက်နေလေသည် ။

"ဟုတ်တယ် ကိုကို ကျွန်တော် ကိုတည်တံ့မောင်ဆီသွားမလို့ ''

မလုံမလဲဖြင့် သူ့ကိုအကြည့်လွှဲကာ ရှက်ကိုးရှက်ကန်းဖြင့် ပြောလာသော သက္ကရာကြောင့် ဥာဏ် အနည်းငယ်စိတ်ပူသွားရသည် ။

*ဒါက သူ့ရဲ့သက္ကရာဟုတ်ပါတယ်နော်....ဒါဆိုရင် သက္ကရာကလဲ ကိုတည်တံ့ကို.........*

အတွေးဆိုးများကိုမောင်းထုတ်ကာ ခေါင်းကို ခါရမ်းပစ်လိုက်သည် ။
ဒါက ဘယ်တော့မှဖြစ်လာနိုင်မှာမဟုတ်ဘူး ။

"အင်း အခုသွားတော့မလို့လား မနက်စာစားသွားဦးလေ ကိုကိုပြင်ပေးမယ် ဧည့်ခန်းထဲမှာစောင့်နေ ''

သက္ကရာ၏အဖြေကို မစောင့်ဘဲ ဥာဏ် မီးဖိုချောင်ထဲဝင်လာလိုက်သည် ။
ဥာဏ်ရဲ့မသိစိတ်ထဲက သက္ကရာကို ကိုတည်တံ့မောင်နဲ့ ပေးမတွေ့စေချင်သောကြောင့် အချိန်ကိုရသလောက်ဆွဲထားမိသည် ။

"ကဲ ရပါပြီဗျာ ထမင်းကြော်ပူပူလေး ကော်ဖီရော သောက်ဦးမလား ''

"ရပါတယ် ကိုကိုရဲ့ ထိုင်နေပါ ကျွန်တော့်ဘာသာ ဖျော်သောက်ပါ့မယ် ''

ထို့နောက် နှစ်ယောက်ကြားရှိလေထုက အနည်းငယ်တိတ်ဆိတ်သွား၍ မနက်စာကိုသာ ငုံ့၍ စားနေကြသည် ။

"ကိုတည်တံ့ဆီဘာသွားလုပ်မလို့လဲ သက္ကရာ ''

နာရီ တကြည့်ကြည့်ဖြစ်နေတဲ့ သက္ကရာကို မမြင်ချင်ယောင်ဆောင်ကာ အချိန်ကိုတက်နိုင်သမျှ ဆွဲထားရန် ဥာဏ့်ဘက်က မေးခွန်းစမေးလိုက်သည် ။

"ဟို ဒီနေ့ အကို့မွေးနေ့မို့လို့ ကျွန်တော့်ကိုခေါ်ထားလို့ အဲ့ဒါ ''

ဥာဏ် ခေါင်းကိုသာ တဆက်ဆက်ညိတ်ပြပြီး ထမင်းကြော်ဆက်စားနေလိုက်သည် ။
တစ်ခုခုပြောချင်နေဟန် ပါးစပ်တပြင်ပြင်ဖြစ်နေသော သက္ကရာအား ဥာဏ် လုံးဝကို လျစ်လျူရှုပစ်လိုက်သည် ။

"ဒါနဲ့ ကိုကိုရော ဒီနေ့ အလုပ်မသွားဘူးလား နောက်ကျနေပြီ ''

နာရီကိုကြည့်မိတော့ ၈နာရီပင်ခွဲတော့မည်ဖြစ်သောကြောင့် ဥာဏ်လဲအလုပ်သွားရတော့မည်ဖြစ်သည် ။

"အင်း ရတယ် ကိုကိုက ခဏနေမှသွားမှာ ကိုကိုကော်ဖီသောက်ချင်လို့ သက္ကရာ သွားဖျော်ပေးမလား ''

"ဟုတ် ကိုကို ခဏစောင့် ''

အားနာတတ်လွန်းတဲ့ သက္ကရာက ဥာဏ် တခွန်းဆို တခွန်းအတိုင်း မီးဖိုချောင်ထဲ ခပ်သုတ်သုတ်ဝင်သွားကာ ကော်ဖီသွားဖျော်တော့သည် ။

ဝုန်း!!!!!

မီးဖိုချောင်ထဲက တစ်ခုခုပြုတ်ကျသော အသံကြားရသောကြောင့် ဥာဏ်အလျင်အမြန်ပဲ ပြေး၍ သွားကြည့်မိတော့ ကြမ်းပြင်ပေါ်၌ ခွေခွေလေးလဲကျနေသော သက္ကရာကြောင့် ဥာဏ်စိတ်ထဲ ပူထူသွားမိသည် ။

"သက္ကရာ!! သက္ကရာလေး ထပါဦး ကိုကို့ကို ကြည့်ဦးလေ ''

ပါးကို နှစ်ချက် သုံးချက်ခန့်မျှဆင့်၍ ပုတ်လိုက်တော့ ဆက်ခနဲပွင့်လာတဲ့ ရီဝေဝေမျက်ဝန်းညိုတစ်စုံနှင့် ဥာဏ် အကြည့်ချင်းစုံမိသည် ။

"ကျစ်! ဘာတွေလုပ်နေတာလဲ ''

မျက်လုံးဖွင့်ဖွင့်ချင်း ဥာဏ်ကို တွန်းထုတ်ကာ မာဆက်ဆက်လေသံနှင့်ပြောလာသော သူအား ဥာဏ်ငေးကြည့်နေမိသည် ။
သူပေါ်လာပြန်ပြီ......

"ဘာကြောင်ကြည့်နေတာလဲ ငါကရော ဘာလို့ ကြမ်းပြင်ပေါ်မှာ လဲနေရတာလဲ မင်း! မင်း ငါ့ကိုဘာလုပ်နေတာလဲ ''

"မဟုတ်! မဟုတ်....ပါ..ဘူး! လွှတ်!. .....လွှတ် ''

သက္ကရာဇ်က ဥာဏ်ရဲ့ကျောပြင်ကို ကြမ်းပြင်၌ ကပ်ထားပြီး အပေါ်ကတက်ခွကာ ဥာဏ့်ကိုလည်ပင်းညှစ်နေသောကြောင့် ဥာဏ်မျက်နှာတစ်ခုလုံးနီရဲကာ အသက်ရှုကျပ်လာရသည် ။

သက္ကရာဇ်၏ အားသန်လှသော လက်နှစ်ဖက်အား လည်ပင်းညှစ်ထားရာမှ ဖယ်ပေးဖို့ မနည်းထုရိုက်ပြောတော့မှ သက္ကရာဇ်က လွှတ်ပေးလာသည် ။

"အဟွတ်! အဟွတ် ''

အခုမှ အသက်ရှုရသောကြောင့် ချောင်းပင်ဆိုးကာ လေကိုအငမ်းမရရှုသွင်းနေသော ဥာဏ်အား သက္ကရာဇ်က မက်တပ်ရပ်နေရာမှ တစ်ချက်ကြည့်၍

"မင်းဘာသာ ငါမရှိတုန်း သက္ကရာကို ဘယ်လောက် ထိတွေ့ ထိတွေ့ ကိစ္စမရှိဘူး ငါရှိနေရင်တော့ ဒီခန္ဓာကိုယ်ကို လက်ဖျားနဲ့တောင်လာမထိနဲ့ ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ ''

စူးစူးစိုက်စိုက်ကြည့်၍ ပြောကာ ထွက်သွားသော သက္ကရာဇ်၏ ကျောပြင်ကျယ်အားကြည့်ပြီး ဥာဏ်တစ်ယောက် မှိုင်တွေကာ ကျန်ခဲ့ရပြန်သည် ။
ဒီတစ်ခေါက်လဲ မတားမိလိုက်နိုင်ပြန်ဘူး......

***************************************************

သူ့အိမ်သူ့ယာကဲ့သို့ သော့ဖွင့်ကာ အိမ်ထဲသို့ဝင်လိုက်တော့ ဧည့်ခန်းထဲ၌ ထိုင်နေသော ချစ်ရသူကိုတွေ့ရသောကြောင့် တံခါးပြန်ပိတ်ကာ တည်တံ့မောင်ဆီသို့ လျှောက်သွားလိုက်သည် ။

"အချစ် ဒီနေ့ ကိုယ်တို့ဘာလုပ်ကြမလဲ အပြင်ထွက်ကြမလား ''

သက္ကရာဇ်က တည်တံ့မောင်ရဲ့ခါးကိုသိုင်းဖက်ကာ ခပ်ချွဲချွဲပြောသော်လည်း တည်တံ့မောင်က ဘာမှပြန်မပြောဘဲ နှုတ်ဆိတ်နေသောကြောင့် သက္ကရာဇ်လဲ ဖက်ထားရာမှ ခွာလိုက်ကာ တည်တံ့မောင်မျက်နှာအား ကြည့်လိုက်မိသည် ။

တည်တင်းနေသော မျက်နှာထားနှင့် သက္ကရာဇ်ကို အကြည့်လွှဲနေသော တည်တံ့မောင်ကြောင့် တစ်ခုခုမှားနေမှန်း ရိပ်မိလိုက်သည် ။

"အချစ်! ဘာဖြစ်နေတာလဲ မောင် ဘာလုပ်မိလို့လဲ.... ဟင် ''

"ဘယ်အချိန်ရှိနေပြီမို့လို့ အခုမှလာတာလဲ ''

တည်တံ့မောင်ပြောမှ သက္ကရာဇ်က ကြောင်တောင်တောင်နဲ့ လက်မှာပတ်ထားတဲ့ နာရီကိုတစ်ချက်ကြည့်ပြီး

"၉နာရီပဲရှိသေးတယ်လေ အချစ်ရဲ့ မောင် ခါတိုင်း လာနေကျ အချိန်ပဲကို ''

"ဒီနေ့ကဘာနေ့လဲသိလား ''

"ဒီနေ့က super sundayလေ အချစ်အလုပ်နားတဲ့ရက်မလား အဲ့ဒါမို့ အချစ်အိမ်ကို မောင်ကလာတာပေါ့ ''

"ကျစ်! "

တည်တံ့မောင် ကျစ်တစ်ချက် စုတ်သပ်လိုက်သည် ။
သူ့ကို အလေးထားတယ်လို့ ထင်နေခဲ့တဲ့ သူ့ချစ်သူက သေချာပြောပြထားတဲ့ ကိစ္စတစ်ခုကို မေ့ပစ်ရတယ်လို့ .....

"ဒီနေ့ ငါ့မွေးနေ့ဆိုတာ မင်းကိုမနေ့ကညနေက ပြောလိုက်ပြီးသားလေ ဘာလို့ပေါ့ပျက်ပျက်နိုင်နေရတာလဲ ဒီလိုဆို မင်းနဲ့ ငါရှေ့ဆက် ဘယ်လိုသွားကြမလဲ ''

တည်တံ့မောင် ဒေါသထွက်လွန်းသောကြောင့် စိတ်ထဲမပါတဲ့စကားတွေကိုသာ ရွေးပြောလိုက်သည် ။
ပညာရှိ အမျက်အပြင်မထွက် ဆိုသလိုပဲ တည်တံ့မောင်က ဒေါသဖြစ်ပေမယ့် ဝုန်းဝုန်းဒိုင်းဒိုင်းမလုပ်ဘဲ စကားလုံးတွေနဲ့သာ တစ်ဖက်လူနာကျင်အောင်ပြောဆိုတတ်သည် ။

သက္ကရာဇ် လက်သီးကို တင်းတင်းဆုပ်ထားမိသည် ။
ဒါက သူ့အမှားမဟုတ်ဘူးဆိုတာ သူ့အချစ်ကို ဘယ်လိုရှင်းပြရမှန်းမသိတော့ဘူး...

"မောင့်မှာ တောင်းပန်ပါတယ်ဆိုတဲ့စကားအပြင် ပြောစရာမရှိပါဘူး မောင်တောင်းပန်ပါတယ် ''

ခေါင်းကိုငုံ့ထားကာ အကြည့်တို့ကို ကြမ်းပြင်ကိုသာ ပို့ထား၍ အပြစ်သားတစ်ယောက်လိုထိုင်နေသော သက္ကရာဇ်ကြောင့် တည်တံ့မောင် အနည်းငယ်တော့ စိတ်မကောင်းဖြစ်သွားရသည် ။

မွေးနေ့မနက်စောစောမှာ စိတ်မကြည်မလင်ဖြစ်သွားသောကြောင့် ဒေါသထွက်၍ စကားကြမ်းကြမ်းတွေပြောလိုက်မိသည်မှာ သူ့အမှားပင်ဖြစ်သည် ။

ရန်ဆက်ဖြစ်နေရင် လိုရာခရီးကိုရောက်တော့မည်မဟုတ်သောကြောင့် တည်တံ့မောင်ကပင် တထစ်လျှော့ချလိုက်ရသည် ။

"ထိုင်မနေနဲ့တော့ သွားမယ် ''

ပုံမှန်အသံထက် အနည်းငယ်အေးစက်နေဟန်ပေါက်သောလေသံနှင့် ပြောကာ ထွက်လာတော့ သက္ကရာဇ်က ဘာမှမပြောဘဲ တည်တံ့မောင် အနောက်က ထပ်ကြပ်မကွာ လိုက်လာသည် ။

ဘုရားသို့သွားရာလမ်း၌လဲ တည်တံ့မောင်က စကားတခွန်းမှမဆိုသလို သက္ကရာဇ်ကလဲ တည်တံ့မောင်မျက်နှာကို မကြည့်ဘဲ လိုက်လာခဲ့သည် ။

"ကိုကြီးတို့ ဘုရားပန်းလေးတွေကပ်လို့ရတယ်နော် ''
"ကြာပန်းလေးတွေတစ်စည်းမှ ​တစ်ထောင်လေ ''
"အောင်သပြေလေးတွေ ကပ်သွားပါဦးလား ''

ဘုရားမုခ်ဦးရှေ့သို့ ခြေချချချင်း အပြိုင်အဆိုင်ရောင်းနေကြသော ပန်းသည်လေးများကြောင့် တည်တံ့မောင်လဲ ပန်းဝယ်ဖို့ ပြင်လိုက်သည် ။

"ပန်းအစုံ ၁၅၀၀ဖိုးကို ၂စည်းယူမယ် ညီမလေး ကိုကြီးကိုသေချာလေး စည်းပေးနော် ''

"ဟုတ်ကဲ့ကိုကြီး ခဏနော် ''

၅မိနစ်ပင်မကြာလိုက် ပန်းသည်ကောင်မလေးက ပန်းကိုကျွမ်းကျင်စွာစည်းကာ ကမ်းပေးလာသည် ။

"ရပြီ ကိုကြီး ''

"အေး ညီမလေး ရော့ ၃၀၀၀ ''

"ကျေးဇူးပါကိုကြီး ကိုကြီးတို့နှစ်ယောက်လဲ အိုအောင်မင်းအောင် ပေါင်းရပါစေရှင် ဟိဟိ ''

စ,နောက်ပြောသွားသော ပန်းသည်ကောင်မလေးတွေရဲ့ စကားကြောင့် တည်တံ့မောင် ရှက်ကိုးရှက်ကန်းနှင့် ဂုတ်ပိုးကို လက်ဖြင့် အသာအယာဖိပွတ်လိုက်သည် ။
သူလဲ ဒီအရွယ်မှ ရည်းစားထားပြီး ခဏခဏရှက်နေရတယ်လို့....

သက္ကရာဇ်ကို မသိမသာခိုးကြည့်မိတော့ လှစ်ခနဲပေါ်သွားသော သွားချွန်ချွန်လေးနှင့်အတူ ခွက်ဝင်သွားသော ပါးချိုင့်လေးတစ်ဖက်အား မြင်ရသောကြောင့် တည်တံ့မောင်၏ မကြည်လင်သောစိတ်အစဥ်မှာ နေသာသောနေ့တစ်နေ့လို ချက်ချင်းကြည်လင်သွားရသည် ။
မင်းအပြုံးက အသက်ရှူမှားလောက်တယ်လို့ ကဗျာတွေစာတွေထဲမှာပါတုန်းက လျှောက်ပြောနေတယ်လို့ထင်ခဲ့တာ အခုတော့ သက္ကရာဇ်ရဲ့ အပြုံးကို တခုတ်တရငေးမောနေတဲ့ တည်တံ့မောင်က အသက်ရှုမှားတာထက်လွန်ပြီး အသက်ရှုပင်ရပ်တန့်သွားသလားဟု ထင်မှတ်ရတော့သည် ။

ထို့နောက် ဘုရားပေါ်သို့တက်လာကြကာ တည်တံ့မောင်၏ နေ့နံထောင့်၌ ရေသပ္ပါယ်ပြီးနောက် ဘုရားစောင်းတန်းထဲသို့ဝင်၍ ဘုရားဝတ်ပြုချင်းအမှုကိုပြုကြသည် ။

သက္ကရာဇ်လို ဘုရားတရားနှင့် ကင်းကွာနေတဲ့လူက ဦးသုံးကြိမ်သာချကာ တစ်ခုထဲသော တောင်းဆုအားတောင်းပြီးနောက် မိမိဘေး၌ ဘုရားဝတ်ပြုနေသော သက်ရှိ နတ်ဘုရားတစ်ပါးအား ငေးမောနေမိသည် ။

သက်လတ်ပိုင်းအမျိုးသားတစ်ယောက်ရဲ့ မျက်လွှာချပြီး ဘုရားဝတ်ပြုနေတဲ့ပုံက ဒီလောက်လှရသလားဆိုပြီး ဆယ်ကျော်သက်ကောင်လေးတစ်ယောက်၏ စိတ်ထဲ၌ မချိတင်ကဲဖြစ်နေမိသည် ။

"ဘာလို့ ကိုယ့်ကို စိုက်ကြည့်နေတာလဲ ''

ဘုရားဝတ်ပြုပြီးနောက် မိမိအားစိုက်ကြည့်နေသော သက္ကရာဇ်ကြောင့် တည်တံ့မောင်မေးလိုက်တော့ သက္ကရာဇ်က ခပ်ရေးရေးအပြုံးတစ်ချက်စွန့်ကြဲ၍ ခေါင်းခါပြသည် ။

"ဘုရားမှာဘာဆုတောင်းလိုက်လဲ ''

"သံသရာတစ်လျှောက်လုံး ခင်ဗျားနဲ့ပဲ အတူတူကျင်လည်ရပါလို၏လို့ဆုတောင်းလိုက်တယ် ''

တည်တံ့မောင် ခပ်ဟ,ဟလေးရယ်မိလိုက်သည် ။

"ဆုတောင်းဆိုတာ မမှားရဘူးမောင်ရဲ့ နောက်ဘဝကျ ကိုယ်က မောင့်ကိုနှိပ်စက်တဲ့သူဖြစ်နေရင် ဘယ်လိုလုပ်မလဲ ''

"သံသရာတစ်လျှောက်လုံးအတူတူ ကျင်လည်ရမယ်ဆိုတာသာသေချာရင် အချစ်ကို မောင့်ရဲ့ဝဋ်ကြွေးလှလှလေးလို့သတ်မှတ်ပြီး အချစ်ပေးသမျှ လောကဓံတွေအကုန်လုံးကို ခံယူပစ်လိုက်မှာ ''

တည်တံ့မောင်၏မျက်နှာကို မြတ်မြတ်နိုးနိုးစိုက်ကြည့်ပြီးပြောနေတဲ့ သက္ကရာဇ်ကြောင့် အပိုတွေဟုမဆိုချင်တော့ဘဲ သက္ကရာဇ်ရင်ထဲက တကယ်ဖြစ်ချင်နေတဲ့ ဆန္ဒမှန်း သိလိုက်သောကြောင့် နှစ်နှစ်ခြိုက်ခြိုက်သာ သက္ကရာဇ်ကို ပြုံးပြလိုက်သည် ။

"ဆုတောင်း ၃ခုသာ တောင်းခွင့်ရမယ်ဆို မောင် ဘာတွေဆုတောင်းချင်လဲ ''

"ဆုတောင်း၃ခုမလိုပါဘူးဗျာ ခင်ဗျား ကျွန်တော့်အနားမှာအမြဲရှိနေဖို့ တောင်းရမယ့် ဆုတစ်ခုပဲလိုတာဗျ ''

"ကိုယ့်ကို အဲ့လောက်တောင်ချစ်တာပဲလား ''

"ကျွန်တော်ပြောပြီးသားလေဗျာ ကျွန်တော်အသက်ဆက်ရှင်ဖို့ အကြောင်းပြချက်က ခင်ဗျားပါဆို ''

ရိုဆန်ဆန်စကားတွေပြောနေတဲ့ သက္ကရာဇ်ကို ကြည့်ကာ တည်တံ့မောင် ခေါင်းထဲ၌ အတွေးတစ်ခုပေါ်လာသောကြောင့် ညစ်ကျယ်ကျယ်ပြုံးလိုက်မိသည် ။

"ဒါဆို ကိုယ်တို့ အမေးအဖြေလုပ်တမ်းဆော့ကြဦးမလား မဆော့တာကြာပြီလေ...ဟင် ဘယ်လိုလဲ ဆော့မှာလား ''

အရောင်တလက်လက်တောက်နေသော မျက်ဝန်းများဖြင့် သက္ကရာဇ်အဖြေကိုစောင့်မျှော်နေသော တည်တံ့မောင်ကြောင့် သက္ကရာဇ် စိတ်ညစ်ညစ်နှင့် ခေါင်းညိတ်ပြလိုက်ရသည် ။

တည်တံ့မောင်ရဲ့ ကလေးအဆန်ဆုံးအချက်တွေထဲမှာ အမေးအဖြေလုပ်တမ်းဆော့တာက ထိပ်ဆုံးကပဲ ။
ဥပမာ သက္ကရာဇ်သာ မိန်းကလေးဖြစ်ရင် ယောင်္ကျားယူမှာလားတို့.....ကိုယ်သာ vampireတစ်ကောင်ဖြစ်ရင် သက္ကရာဇ်ရဲ့သွေးကိုတိုက်မှာလားတို့....ယုန်လေးတစ်ကောင်ဖြစ်ရင်ရော ချစ်ဦးမှာလားတို့နဲ့ အမျိုးစုံကြိုးခုန်ပြီး ပေါက်ကရမေးခွန်းတွေမေးတတ်တဲ့ တည်တံ့မောင်က ငြင်းတဲ့အဖြေမျိုးသာဖြေမိရင် စိတ်ကောက်ပြီး အနမ်းမခံတဲ့ရက်မျိုးတွေတောင်ရှိသေးတယ်ဗျာ.....

"အဟမ် အဟမ်း ဒါဆို ကိုယ်စမေးပြီနော် ''

တည်တံ့မောင်၏ ချောင်းဟန့်သံကြားမှ သက္ကရာဇ်လဲ အတွေးကမ္ဘာထဲမှ ရုန်းထွက်ပြီး ခေါင်းညိတ်ပြလိုက်သည် ။

"ကိုယ့်ကိုဘာလို့ချစ်တာလဲ ''

အရင်လိုပေါက်ကရမဟုတ်ဘဲ အတည်ပေါက်နှင့်မေးလာသော တည်တံ့မောင်ကြောင့် သက္ကရာဇ် မျက်ခုံးတစ်ဖက် ပင့်မိသွားသည် ။

"ဘာလို့ချစ်တာလဲဆိုတဲ့အမေးမှာ ကျွန်တော့်အတွက်အဖြေက အမြဲတမ်းတစ်ခုထဲပဲ ခင်ဗျားဖြစ်နေလို့ကို ချစ်တာ
မနက်ဖြန် ကျွန်တော်ပျောက်ကွယ်သွားရမယ်ဆိုရင်တောင် ဒီနေ့အထိ ခင်ဗျားကို ချစ်ပေးနေဦးမှာ ''

"ဟင် ပျောက်ကွယ်သွားရအောင် မောင်က supernatural မို့လို့လား ''

"ကျွန်တော်က supernatural လေ သဘာဝကိုလွန်ဆန်ပြီး ခင်ဗျားကိုချစ်နေမိတာ ''

တည်တံ့မောင် တကယ်ကိုမှ သဘောတကျပြုံးလိုက်မိသည် ။

"အဟက် တော်ပြီ မောင်ကစကားတတ်လွန်းလို့ ထပ်ပြောရင် ကိုယ်ဒီနေရာမှာ နှလုံးရပ်သွားနိုင်တယ် ''

သက္ကရာဇ်လဲ တည်တံ့မောင်ကိုကြည့်ကာ ပါးချိုင့်လေးများခွက်ဝင်နေသည်အထိ နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြလိုက်သည် ။

"ဒါနဲ့ မောင်က ဘာလို့ ကျွန်တော်တွေ ခင်ဗျားတွေနဲ့ သုံးနေရပြန်တာလဲ ''

"ဟီး အဲ့ဒါက အချစ်ကမောင့်ကိုစိတ်ဆိုးနေတယ်ထင်လို့ ပြီးတော့ မောင်ကလဲ အချစ်ကို ပြန်စိတ်ကောက်နေတယ်ဆိုတာ အချစ်ကို​သိစေချင်လို့ ''

​တည်တံ့မောင်၏ အားနည်းချက်ဖြစ်တဲ့ အပြုံးတစ်လက်နဲ့ သက္ကရာဇ်က ပြုံးပြကာ ပြောနေသောကြောင့် ဒီလူက ကြာကြာစိတ်ဆိုးရက်ပါတော့မလားလေ....

ထို့နောက် နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် မြတ်မြတ်နိုးနိုးစိုက်ကြည့်ကာ ပြုံးရယ်လိုက်ကြသည် ။

ဘဘာဝကိုလွန်ဆန်ပြီး ချစ်မြတ်နိုးကြတဲ့ကောင်လေးနှစ်ယောက်က ပတ်ဝန်းကျင်မှာရှိတဲ့ မျက်လုံးများကိုတော့ မမြင်နိုင်ခဲ့ကြပါ....

***************************************************
A/N

Eli new ficကို တိတ်တိတ်လေးရေးနေလို့ ဒါလေး အခုမှ updateဖြစ်တော့တယ် ဟိ

#Zawgyi

တည္တံ့ေမာင္ မွန္ေရွ႕၌ သူ႕ရဲ႕ပုံစံကို အေသအခ်ာၾကည့္ေနမိသည္ ။
စတစ္ေကာ္လာအျဖဴေရာင္ႏွင့္ ရခိုင္ပုဆိုးအနက္ေရာင္အား ဝတ္ဆင္ထားေသာ တည္တံ့ေမာင္က မွန္ထဲ၌ ခန့္ခန့္ညားညားျဖင့္ထင္ေပၚေနသည္ ။

ပုံမွန္ေန႕ေတြလဲပုဆိုးဝတ္တယ္ဆိုေပမယ့္ ဒီေန႕က တည္တံ့ေမာင္ရဲ႕ ၂၅ ႏွစ္ျပည့္ ေမြးေန႕ျဖစ္သည့္အျပင္ ခ်စ္ရသူေရွ႕၌ ခန့္ညားေနခ်င္ေသာေၾကာင့္ သပ္သပ္ရပ္ရပ္ျပင္ဆင္ကာ မွန္ထဲ၌ အေခါက္ေခါက္အခါခါ သူ႕ကိုယ္သူ ၾကည့္ေနမိသည္ ။

မႏွစ္ကအထိ မိသားစုေတြနဲ႕သာ ျဖတ္သန္းခဲ့ရေသာ သူ႕ရဲ႕ေမြးေန႕က ဒီႏွစ္မွာေတာ့ ခ်စ္ရသူႏွင့္အတူတူျဖတ္သန္းရမယ္ဆိုတဲ့အသိက တည္တံ့ေမာင္ကို ဆယ္ေက်ာ္သက္ေလး တစ္ေယာက္လို စိတ္လႈပ္ရွားေစသည္ ။

ထို႔ေနာက္ နာရီကိုတစ္ခ်က္ ၾကည့္လိုက္ေတာ့ ၇ နာရီပင္ ရွိေနၿပီျဖစ္ေသာေၾကာင့္ သကၠရာဇ္အလာအားေစာင့္ေနရန္ ဧည့္ခန္းထဲ၌ထိုင္ကာ စာအုပ္တစ္အုပ္အားေကာက္ဖတ္ေနလိုက္သည္ ။

***************************************

"သကၠရာ ဒီေန႕ ေစာေစာနိုးလို႔ပါလား ဘယ္သြားမလို႔လဲ ''

နို႔ႏွစ္ေရာင္ အကၤ်ီလက္တိုေလးႏွင့္ ပုဆိုးအနက္ေလးကို ဝတ္ဆင္ထားတဲ့ သကၠရာက အသားျဖဴျဖဴေလးႏွင့္လိုက္ဖက္ညီစြာ ထင္းထြက္ေနေလသည္ ။

"ဟုတ္တယ္ ကိုကို ကြၽန္ေတာ္ ကိုတည္တံ့ေမာင္ဆီသြားမလို႔ ''

မလုံမလဲျဖင့္ သူ႕ကိုအၾကည့္လႊဲကာ ရွက္ကိုးရွက္ကန္းျဖင့္ ေျပာလာေသာ သကၠရာေၾကာင့္ ဥာဏ္ အနည္းငယ္စိတ္ပူသြားရသည္ ။

*ဒါက သူ႕ရဲ႕သကၠရာဟုတ္ပါတယ္ေနာ္....ဒါဆိုရင္ သကၠရာကလဲ ကိုတည္တံ့ကို.........*

အေတြးဆိုးမ်ားကိုေမာင္းထုတ္ကာ ေခါင္းကို ခါရမ္းပစ္လိုက္သည္ ။
ဒါက ဘယ္ေတာ့မွျဖစ္လာနိုင္မွာမဟုတ္ဘူး ။

"အင္း အခုသြားေတာ့မလို႔လား မနက္စာစားသြားဦးေလ ကိုကိုျပင္ေပးမယ္ ဧည့္ခန္းထဲမွာေစာင့္ေန ''

သကၠရာ၏အေျဖကို မေစာင့္ဘဲ ဥာဏ္ မီးဖိုေခ်ာင္ထဲဝင္လာလိုက္သည္ ။
ဥာဏ္ရဲ႕မသိစိတ္ထဲက သကၠရာကို ကိုတည္တံ့ေမာင္နဲ႕ ေပးမေတြ႕ေစခ်င္ေသာေၾကာင့္ အခ်ိန္ကိုရသေလာက္ဆြဲထားမိသည္ ။

"ကဲ ရပါၿပီဗ်ာ ထမင္းေၾကာ္ပူပူေလး ေကာ္ဖီေရာ ေသာက္ဦးမလား ''

"ရပါတယ္ ကိုကိုရဲ႕ ထိုင္ေနပါ ကြၽန္ေတာ့္ဘာသာ ေဖ်ာ္ေသာက္ပါ့မယ္ ''

ထို႔ေနာက္ ႏွစ္ေယာက္ၾကားရွိေလထုက အနည္းငယ္တိတ္ဆိတ္သြား၍ မနက္စာကိုသာ ငုံ႕၍ စားေနၾကသည္ ။

"ကိုတည္တံ့ဆီဘာသြားလုပ္မလို႔လဲ သကၠရာ ''

နာရီ တၾကည့္ၾကည့္ျဖစ္ေနတဲ့ သကၠရာကို မျမင္ခ်င္ေယာင္ေဆာင္ကာ အခ်ိန္ကိုတက္နိုင္သမွ် ဆြဲထားရန္ ဥာဏ့္ဘက္က ေမးခြန္းစေမးလိုက္သည္ ။

"ဟို ဒီေန႕ အကို႔ေမြးေန႕မို႔လို႔ ကြၽန္ေတာ့္ကိုေခၚထားလို႔ အဲ့ဒါ ''

ဥာဏ္ ေခါင္းကိုသာ တဆက္ဆက္ညိတ္ျပၿပီး ထမင္းေၾကာ္ဆက္စားေနလိုက္သည္ ။
တစ္ခုခုေျပာခ်င္ေနဟန္ ပါးစပ္တျပင္ျပင္ျဖစ္ေနေသာ သကၠရာအား ဥာဏ္ လုံးဝကို လ်စ္လ်ဴရႈပစ္လိုက္သည္ ။

"ဒါနဲ႕ ကိုကိုေရာ ဒီေန႕ အလုပ္မသြားဘူးလား ေနာက္က်ေနၿပီ ''

နာရီကိုၾကည့္မိေတာ့ ၈နာရီပင္ခြဲေတာ့မည္ျဖစ္ေသာေၾကာင့္ ဥာဏ္လဲအလုပ္သြားရေတာ့မည္ျဖစ္သည္ ။

"အင္း ရတယ္ ကိုကိုက ခဏေနမွသြားမွာ ကိုကိုေကာ္ဖီေသာက္ခ်င္လို႔ သကၠရာ သြားေဖ်ာ္ေပးမလား ''

"ဟုတ္ ကိုကို ခဏေစာင့္ ''

အားနာတတ္လြန္းတဲ့ သကၠရာက ဥာဏ္ တခြန္းဆို တခြန္းအတိုင္း မီးဖိုေခ်ာင္ထဲ ခပ္သုတ္သုတ္ဝင္သြားကာ ေကာ္ဖီသြားေဖ်ာ္ေတာ့သည္ ။

ဝုန္း!!!!!

မီးဖိုေခ်ာင္ထဲက တစ္ခုခုျပဳတ္က်ေသာ အသံၾကားရေသာေၾကာင့္ ဥာဏ္အလ်င္အျမန္ပဲ ေျပး၍ သြားၾကည့္မိေတာ့ ၾကမ္းျပင္ေပၚ၌ ေခြေခြေလးလဲက်ေနေသာ သကၠရာေၾကာင့္ ဥာဏ္စိတ္ထဲ ပူထူသြားမိသည္ ။

"သကၠရာ!! သကၠရာေလး ထပါဦး ကိုကို႔ကို ၾကည့္ဦးေလ ''

ပါးကို ႏွစ္ခ်က္ သုံးခ်က္ခန့္မွ်ဆင့္၍ ပုတ္လိုက္ေတာ့ ဆက္ခနဲပြင့္လာတဲ့ ရီေဝေဝမ်က္ဝန္းညိုတစ္စုံႏွင့္ ဥာဏ္ အၾကည့္ခ်င္းစုံမိသည္ ။

"က်စ္! ဘာေတြလုပ္ေနတာလဲ ''

မ်က္လုံးဖြင့္ဖြင့္ခ်င္း ဥာဏ္ကို တြန္းထုတ္ကာ မာဆက္ဆက္ေလသံႏွင့္ေျပာလာေသာ သူအား ဥာဏ္ေငးၾကည့္ေနမိသည္ ။
သူေပၚလာျပန္ၿပီ......

"ဘာေၾကာင္ၾကည့္ေနတာလဲ ငါကေရာ ဘာလို႔ ၾကမ္းျပင္ေပၚမွာ လဲေနရတာလဲ မင္း! မင္း ငါ့ကိုဘာလုပ္ေနတာလဲ ''

"မဟုတ္! မဟုတ္....ပါ..ဘူး! လႊတ္!. .....လႊတ္ ''

သကၠရာဇ္က ဥာဏ္ရဲ႕ေက်ာျပင္ကို ၾကမ္းျပင္၌ ကပ္ထားၿပီး အေပၚကတက္ခြကာ ဥာဏ့္ကိုလည္ပင္းညွစ္ေနေသာေၾကာင့္ ဥာဏ္မ်က္ႏွာတစ္ခုလုံးနီရဲကာ အသက္ရႈက်ပ္လာရသည္ ။

သကၠရာဇ္၏ အားသန္လွေသာ လက္ႏွစ္ဖက္အား လည္ပင္းညွစ္ထားရာမွ ဖယ္ေပးဖို႔ မနည္းထုရိုက္ေျပာေတာ့မွ သကၠရာဇ္က လႊတ္ေပးလာသည္ ။

"အဟြတ္! အဟြတ္ ''

အခုမွ အသက္ရႈရေသာေၾကာင့္ ေခ်ာင္းပင္ဆိုးကာ ေလကိုအငမ္းမရရႈသြင္းေနေသာ ဥာဏ္အား သကၠရာဇ္က မက္တပ္ရပ္ေနရာမွ တစ္ခ်က္ၾကည့္၍

"မင္းဘာသာ ငါမရွိတုန္း သကၠရာကို ဘယ္ေလာက္ ထိေတြ႕ ထိေတြ႕ ကိစၥမရွိဘူး ငါရွိေနရင္ေတာ့ ဒီခႏၶာကိုယ္ကို လက္ဖ်ားနဲ႕ေတာင္လာမထိနဲ႕ ဒီတစ္ခါေနာက္ဆုံးျဖစ္ပါေစ ''

စူးစူးစိုက္စိုက္ၾကည့္၍ ေျပာကာ ထြက္သြားေသာ သကၠရာဇ္၏ ေက်ာျပင္က်ယ္အားၾကည့္ၿပီး ဥာဏ္တစ္ေယာက္ မွိုင္ေတြကာ က်န္ခဲ့ရျပန္သည္ ။
ဒီတစ္ေခါက္လဲ မတားမိလိုက္နိုင္ျပန္ဘူး......

***************************************************

သူ႕အိမ္သူ႕ယာကဲ့သို႔ ေသာ့ဖြင့္ကာ အိမ္ထဲသို႔ဝင္လိုက္ေတာ့ ဧည့္ခန္းထဲ၌ ထိုင္ေနေသာ ခ်စ္ရသူကိုေတြ႕ရေသာေၾကာင့္ တံခါးျပန္ပိတ္ကာ တည္တံ့ေမာင္ဆီသို႔ ေလွ်ာက္သြားလိုက္သည္ ။

"အခ်စ္ ဒီေန႕ ကိုယ္တို႔ဘာလုပ္ၾကမလဲ အျပင္ထြက္ၾကမလား ''

သကၠရာဇ္က တည္တံ့ေမာင္ရဲ႕ခါးကိုသိုင္းဖက္ကာ ခပ္ခြၽဲခြၽဲေျပာေသာ္လည္း တည္တံ့ေမာင္က ဘာမွျပန္မေျပာဘဲ ႏႈတ္ဆိတ္ေနေသာေၾကာင့္ သကၠရာဇ္လဲ ဖက္ထားရာမွ ခြာလိုက္ကာ တည္တံ့ေမာင္မ်က္ႏွာအား ၾကည့္လိုက္မိသည္ ။

တည္တင္းေနေသာ မ်က္ႏွာထားႏွင့္ သကၠရာဇ္ကို အၾကည့္လႊဲေနေသာ တည္တံ့ေမာင္ေၾကာင့္ တစ္ခုခုမွားေနမွန္း ရိပ္မိလိုက္သည္ ။

"အခ်စ္! ဘာျဖစ္ေနတာလဲ ေမာင္ ဘာလုပ္မိလို႔လဲ.... ဟင္ ''

"ဘယ္အခ်ိန္ရွိေနၿပီမို႔လို႔ အခုမွလာတာလဲ ''

တည္တံ့ေမာင္ေျပာမွ သကၠရာဇ္က ေၾကာင္ေတာင္ေတာင္နဲ႕ လက္မွာပတ္ထားတဲ့ နာရီကိုတစ္ခ်က္ၾကည့္ၿပီး

"၉နာရီပဲရွိေသးတယ္ေလ အခ်စ္ရဲ႕ ေမာင္ ခါတိုင္း လာေနက် အခ်ိန္ပဲကို ''

"ဒီေန႕ကဘာေန႕လဲသိလား ''

"ဒီေန႕က super sundayေလ အခ်စ္အလုပ္နားတဲ့ရက္မလား အဲ့ဒါမို႔ အခ်စ္အိမ္ကို ေမာင္ကလာတာေပါ့ ''

"က်စ္! "

တည္တံ့ေမာင္ က်စ္တစ္ခ်က္ စုတ္သပ္လိုက္သည္ ။
သူ႕ကို အေလးထားတယ္လို႔ ထင္ေနခဲ့တဲ့ သူ႕ခ်စ္သူက ေသခ်ာေျပာျပထားတဲ့ ကိစၥတစ္ခုကို ေမ့ပစ္ရတယ္လို႔ .....

"ဒီေန႕ ငါ့ေမြးေန႕ဆိုတာ မင္းကိုမေန႕ကညေနက ေျပာလိုက္ၿပီးသားေလ ဘာလို႔ေပါ့ပ်က္ပ်က္နိုင္ေနရတာလဲ ဒီလိုဆို မင္းနဲ႕ ငါေရွ႕ဆက္ ဘယ္လိုသြားၾကမလဲ ''

တည္တံ့ေမာင္ ေဒါသထြက္လြန္းေသာေၾကာင့္ စိတ္ထဲမပါတဲ့စကားေတြကိုသာ ေ႐ြးေျပာလိုက္သည္ ။
ပညာရွိ အမ်က္အျပင္မထြက္ ဆိုသလိုပဲ တည္တံ့ေမာင္က ေဒါသျဖစ္ေပမယ့္ ဝုန္းဝုန္းဒိုင္းဒိုင္းမလုပ္ဘဲ စကားလုံးေတြနဲ႕သာ တစ္ဖက္လူနာက်င္ေအာင္ေျပာဆိုတတ္သည္ ။

သကၠရာဇ္ လက္သီးကို တင္းတင္းဆုပ္ထားမိသည္ ။
ဒါက သူ႕အမွားမဟုတ္ဘူးဆိုတာ သူ႕အခ်စ္ကို ဘယ္လိုရွင္းျပရမွန္းမသိေတာ့ဘူး...

"ေမာင့္မွာ ေတာင္းပန္ပါတယ္ဆိုတဲ့စကားအျပင္ ေျပာစရာမရွိပါဘူး ေမာင္ေတာင္းပန္ပါတယ္ ''

ေခါင္းကိုငုံ႕ထားကာ အၾကည့္တို႔ကို ၾကမ္းျပင္ကိုသာ ပို႔ထား၍ အျပစ္သားတစ္ေယာက္လိုထိုင္ေနေသာ သကၠရာဇ္ေၾကာင့္ တည္တံ့ေမာင္ အနည္းငယ္ေတာ့ စိတ္မေကာင္းျဖစ္သြားရသည္ ။

ေမြးေန႕မနက္ေစာေစာမွာ စိတ္မၾကည္မလင္ျဖစ္သြားေသာေၾကာင့္ ေဒါသထြက္၍ စကားၾကမ္းၾကမ္းေတြေျပာလိုက္မိသည္မွာ သူ႕အမွားပင္ျဖစ္သည္ ။

ရန္ဆက္ျဖစ္ေနရင္ လိုရာခရီးကိုေရာက္ေတာ့မည္မဟုတ္ေသာေၾကာင့္ တည္တံ့ေမာင္ကပင္ တထစ္ေလွ်ာ့ခ်လိဳက္ရသည္ ။

"ထိုင္မေနနဲ႕ေတာ့ သြားမယ္ ''

ပုံမွန္အသံထက္ အနည္းငယ္ေအးစက္ေနဟန္ေပါက္ေသာေလသံႏွင့္ ေျပာကာ ထြက္လာေတာ့ သကၠရာဇ္က ဘာမွမေျပာဘဲ တည္တံ့ေမာင္ အေနာက္က ထပ္ၾကပ္မကြာ လိုက္လာသည္ ။

ဘုရားသို႔သြားရာလမ္း၌လဲ တည္တံ့ေမာင္က စကားတခြန္းမွမဆိုသလို သကၠရာဇ္ကလဲ တည္တံ့ေမာင္မ်က္ႏွာကို မၾကည့္ဘဲ လိုက္လာခဲ့သည္ ။

"ကိုႀကီးတို႔ ဘုရားပန္းေလးေတြကပ္လို႔ရတယ္ေနာ္ ''
"ၾကာပန္းေလးေတြတစ္စည္းမွ တစ္ေထာင္ေလ ''
"ေအာင္သေျပေလးေတြ ကပ္သြားပါဦးလား ''

ဘုရားမုခ္ဦးေရွ႕သို႔ ေျခခ်ခ်ခ်င္း အၿပိဳင္အဆိုင္ေရာင္းေနၾကေသာ ပန္းသည္ေလးမ်ားေၾကာင့္ တည္တံ့ေမာင္လဲ ပန္းဝယ္ဖို႔ ျပင္လိုက္သည္ ။

"ပန္းအစုံ ၁၅၀၀ဖိုးကို ၂စည္းယူမယ္ ညီမေလး ကိုႀကီးကိုေသခ်ာေလး စည္းေပးေနာ္ ''

"ဟုတ္ကဲ့ကိုႀကီး ခဏေနာ္ ''

၅မိနစ္ပင္မၾကာလိုက္ ပန္းသည္ေကာင္မေလးက ပန္းကိုကြၽမ္းက်င္စြာစည္းကာ ကမ္းေပးလာသည္ ။

"ရၿပီ ကိုႀကီး ''

"ေအး ညီမေလး ေရာ့ ၃၀၀၀ ''

"ေက်းဇူးပါကိုႀကီး ကိုႀကီးတို႔ႏွစ္ေယာက္လဲ အိုေအာင္မင္းေအာင္ ေပါင္းရပါေစရွင္ ဟိဟိ ''

စ,ေနာက္ေျပာသြားေသာ ပန္းသည္ေကာင္မေလးေတြရဲ႕ စကားေၾကာင့္ တည္တံ့ေမာင္ ရွက္ကိုးရွက္ကန္းႏွင့္ ဂုတ္ပိုးကို လက္ျဖင့္ အသာအယာဖိပြတ္လိုက္သည္ ။
သူလဲ ဒီအ႐ြယ္မွ ရည္းစားထားၿပီး ခဏခဏရွက္ေနရတယ္လို႔....

သကၠရာဇ္ကို မသိမသာခိုးၾကည့္မိေတာ့ လွစ္ခနဲေပၚသြားေသာ သြားခြၽန္ခြၽန္ေလးႏွင့္အတူ ခြက္ဝင္သြားေသာ ပါးခ်ိဳင့္ေလးတစ္ဖက္အား ျမင္ရေသာေၾကာင့္ တည္တံ့ေမာင္၏ မၾကည္လင္ေသာစိတ္အစဥ္မွာ ေနသာေသာေန႕တစ္ေန႕လို ခ်က္ခ်င္းၾကည္လင္သြားရသည္ ။
မင္းအၿပဳံးက အသက္ရႉမွားေလာက္တယ္လို႔ ကဗ်ာေတြစာေတြထဲမွာပါတုန္းက ေလွ်ာက္ေျပာေနတယ္လို႔ထင္ခဲ့တာ အခုေတာ့ သကၠရာဇ္ရဲ႕ အၿပဳံးကို တခုတ္တရေငးေမာေနတဲ့ တည္တံ့ေမာင္က အသက္ရႈမွားတာထက္လြန္ၿပီး အသက္ရႈပင္ရပ္တန့္သြားသလားဟု ထင္မွတ္ရေတာ့သည္ ။

ထို႔ေနာက္ ဘုရားေပၚသို႔တက္လာၾကကာ တည္တံ့ေမာင္၏ ေန႕နံေထာင့္၌ ရေသပ္ပါယ်ပြီးနောက် ဘုရားေစာင္းတန္းထဲသို႔ဝင္၍ ဘုရားဝတ္ျပဳခ်င္းအမႈကိုျပဳၾကသည္ ။

သကၠရာဇ္လို ဘုရားတရားႏွင့္ ကင္းကြာေနတဲ့လူက ဦးသုံးႀကိမ္သာခ်ကာ တစ္ခုထဲေသာ ေတာင္းဆုအားေတာင္းၿပီးေနာက္ မိမိေဘး၌ ဘုရားဝတ္ျပဳေနေသာ သက္ရွိ နတ္ဘုရားတစ္ပါးအား ေငးေမာေနမိသည္ ။

သက္လတ္ပိုင္းအမ်ိဳးသားတစ္ေယာက္ရဲ႕ မ်က္လႊာခ်ၿပီး ဘုရားဝတ္ျပဳေနတဲ့ပုံက ဒီေလာက္လွရသလားဆိုၿပီး ဆယ္ေက်ာ္သက္ေကာင္ေလးတစ္ေယာက္၏ စိတ္ထဲ၌ မခ်ိတင္ကဲျဖစ္ေနမိသည္ ။

"ဘာလို႔ ကိုယ့္ကို စိုက္ၾကည့္ေနတာလဲ ''

ဘုရားဝတ္ျပဳၿပီးေနာက္ မိမိအားစိုက္ၾကည့္ေနေသာ သကၠရာဇ္ေၾကာင့္ တည္တံ့ေမာင္ေမးလိုက္ေတာ့ သကၠရာဇ္က ခပ္ေရးေရးအၿပဳံးတစ္ခ်က္စြန့္ႀကဲ၍ ေခါင္းခါျပသည္ ။

"ဘုရားမွာဘာဆုေတာင္းလိုက္လဲ ''

"သံသရာတစ္ေလွ်ာက္လုံး ခင္ဗ်ားနဲ႕ပဲ အတူတူက်င္လည္ရပါလို၏လို႔ဆုေတာင္းလိုက္တယ္ ''

တည္တံ့ေမာင္ ခပ္ဟ,ဟေလးရယ္မိလိုက္သည္ ။

"ဆုေတာင္းဆိုတာ မမွားရဘူးေမာင္ရဲ႕ ေနာက္ဘဝက် ကိုယ္က ေမာင့္ကိုႏွိပ္စက္တဲ့သူျဖစ္ေနရင္ ဘယ္လိုလုပ္မလဲ ''

"သံသရာတစ္ေလွ်ာက္လုံးအတူတူ က်င္လည္ရမယ္ဆိုတာသာေသခ်ာရင္ အခ်စ္ကို ေမာင့္ရဲ႕ဝဋ္ေႂကြးလွလွေလးလို႔သတ္မွတ္ၿပီး အခ်စ္ေပးသမွ် ေလာကဓံေတြအကုန္လုံးကို ခံယူပစ္လိုက္မွာ ''

တည္တံ့ေမာင္၏မ်က္ႏွာကို ျမတ္ျမတ္နိုးနိုးစိုက္ၾကည့္ၿပီးေျပာေနတဲ့ သကၠရာဇ္ေၾကာင့္ အပိုေတြဟုမဆိုခ်င္ေတာ့ဘဲ သကၠရာဇ္ရင္ထဲက တကယ္ျဖစ္ခ်င္ေနတဲ့ ဆႏၵမွန္း သိလိုက္ေသာေၾကာင့္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္သာ သကၠရာဇ္ကို ၿပဳံးျပလိုက္သည္ ။

"ဆုေတာင္း ၃ခုသာ ေတာင္းခြင့္ရမယ္ဆို ေမာင္ ဘာေတြဆုေတာင္းခ်င္လဲ ''

"ဆုေတာင္း၃ခုမလိုပါဘူးဗ်ာ ခင္ဗ်ား ကြၽန္ေတာ့္အနားမွာအၿမဲရွိေနဖို႔ ေတာင္းရမယ့္ ဆုတစ္ခုပဲလိုတာဗ် ''

"ကိုယ့္ကို အဲ့ေလာက္ေတာင္ခ်စ္တာပဲလား ''

"ကြၽန္ေတာ္ေျပာၿပီးသားေလဗ်ာ ကြၽန္ေတာ္အသက္ဆက္ရွင္ဖို႔ အေၾကာင္းျပခ်က္က ခင္ဗ်ားပါဆို ''

ရိုဆန္ဆန္စကားေတြေျပာေနတဲ့ သကၠရာဇ္ကို ၾကည့္ကာ တည္တံ့ေမာင္ ေခါင္းထဲ၌ အေတြးတစ္ခုေပၚလာေသာေၾကာင့္ ညစ္က်ယ္က်ယ္ၿပဳံးလိုက္မိသည္ ။

"ဒါဆို ကိုယ္တို႔ အေမးအေျဖလုပ္တမ္းေဆာ့ၾကဦးမလား မေဆာ့တာၾကာၿပီေလ...ဟင္ ဘယ္လိုလဲ ေဆာ့မွာလား ''

အေရာင္တလက္လက္ေတာက္ေနေသာ မ်က္ဝန္းမ်ားျဖင့္ သကၠရာဇ္အေျဖကိုေစာင့္ေမွ်ာ္ေနေသာ တည္တံ့ေမာင္ေၾကာင့္ သကၠရာဇ္ စိတ္ညစ္ညစ္ႏွင့္ ေခါင္းညိတ္ျပလိုက္ရသည္ ။

တည္တံ့ေမာင္ရဲ႕ ကေလးအဆန္ဆုံးအခ်က္ေတြထဲမွာ အေမးအေျဖလုပ္တမ္းေဆာ့တာက ထိပ္ဆုံးကပဲ ။
ဥပမာ သကၠရာဇ္သာ မိန္းကေလးျဖစ္ရင္ ေယာကၤ်ားယူမွာလားတို႔.....ကိုယ္သာ vampireတစ္ေကာင္ျဖစ္ရင္ သကၠရာဇ္ရဲ႕ေသြးကိုတိုက္မွာလားတို႔....ယုန္ေလးတစ္ေကာင္ျဖစ္ရင္ေရာ ခ်စ္ဦးမွာလားတို႔နဲ႕ အမ်ိဳးစုံႀကိဳးခုန္ၿပီး ေပါက္ကရေမးခြန္းေတြေမးတတ္တဲ့ တည္တံ့ေမာင္က ျငင္းတဲ့အေျဖမ်ိဳးသာေျဖမိရင္ စိတ္ေကာက္ၿပီး အနမ္းမခံတဲ့ရက္မ်ိဳးေတြေတာင္ရွိေသးတယ္ဗ်ာ.....

"အဟမ္ အဟမ္း ဒါဆို ကိုယ္စေမးၿပီေနာ္ ''

တည္တံ့ေမာင္၏ ေခ်ာင္းဟန့္သံၾကားမွ သကၠရာဇ္လဲ အေတြးကမၻာထဲမွ ႐ုန္းထြက္ၿပီး ေခါင္းညိတ္ျပလိုက္သည္ ။

"ကိုယ့္ကိုဘာလို႔ခ်စ္တာလဲ ''

အရင္လိုေပါက္ကရမဟုတ္ဘဲ အတည္ေပါက္ႏွင့္ေမးလာေသာ တည္တံ့ေမာင္ေၾကာင့္ သကၠရာဇ္ မ်က္ခုံးတစ္ဖက္ ပင့္မိသြားသည္ ။

"ဘာလို႔ခ်စ္တာလဲဆိုတဲ့အေမးမွာ ကြၽန္ေတာ့္အတြက္အေျဖက အၿမဲတမ္းတစ္ခုထဲပဲ ခင္ဗ်ားျဖစ္ေနလို႔ကို ခ်စ္တာ
မနက္ျဖန္ ကြၽန္ေတာ္ေပ်ာက္ကြယ္သြားရမယ္ဆိုရင္ေတာင္ ဒီေန႕အထိ ခင္ဗ်ားကို ခ်စ္ေပးေနဦးမွာ ''

"ဟင္ ေပ်ာက္ကြယ္သြားရေအာင္ ေမာင္က supernatural မို႔လို႔လား ''

"ကြၽန္ေတာ္က supernatural ေလ သဘာဝကိုလြန္ဆန္ၿပီး ခင္ဗ်ားကိုခ်စ္ေနမိတာ ''

တည္တံ့ေမာင္ တကယ္ကိုမွ သေဘာတက်ၿပဳံးလိုက္မိသည္ ။

"အဟက္ ေတာ္ၿပီ ေမာင္ကစကားတတ္လြန္းလို႔ ထပ္ေျပာရင္ ကိုယ္ဒီေနရာမွာ ႏွလုံးရပ္သြားနိုင္တယ္ ''

သကၠရာဇ္လဲ တည္တံ့ေမာင္ကိုၾကည့္ကာ ပါးခ်ိဳင့္ေလးမ်ားခြက္ဝင္ေနသည္အထိ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ၿပဳံးျပလိုက္သည္ ။

"ဒါနဲ႕ ေမာင္က ဘာလို႔ ကြၽန္ေတာ္ေတြ ခင္ဗ်ားေတြနဲ႕ သုံးေနရျပန္တာလဲ ''

"ဟီး အဲ့ဒါက အခ်စ္ကေမာင့္ကိုစိတ္ဆိုးေနတယ္ထင္လို႔ ၿပီးေတာ့ ေမာင္ကလဲ အခ်စ္ကို ျပန္စိတ္ေကာက္ေနတယ္ဆိုတာ အခ်စ္ကိုသိေစခ်င္လို႔ ''

တည္တံ့ေမာင္၏ အားနည္းခ်က္ျဖစ္တဲ့ အၿပဳံးတစ္လက္နဲ႕ သကၠရာဇ္က ၿပဳံးျပကာ ေျပာေနေသာေၾကာင့္ ဒီလူက ၾကာၾကာစိတ္ဆိုးရက္ပါေတာ့မလားေလ....

ထို႔ေနာက္ ႏွစ္ေယာက္သား တစ္ေယာက္ကို တစ္ေယာက္ ျမတ္ျမတ္နိုးနိုးစိုက္ၾကည့္ကာ ၿပဳံးရယ္လိုက္ၾကသည္ ။

ဘဘာဝကိုလြန္ဆန္ၿပီး ခ်စ္ျမတ္နိုးၾကတဲ့ေကာင္ေလးႏွစ္ေယာက္က ပတ္ဝန္းက်င္မွာရွိတဲ့ မ်က္လုံးမ်ားကိုေတာ့ မျမင္နိုင္ခဲ့ၾကပါ....

***************************************************
A/N

Eli new ficကို တိတ္တိတ္ေလးေရးေနလို႔ ဒါေလး အခုမွ updateျဖစ္ေတာ့တယ္ ဟိ

Continue Reading

You'll Also Like

80.2K 6.1K 29
အတိတ်ဘဝကိုမှတ်မိနေစရာမလိုပါဘူးကွာ အဓိက က ကိုယ်တို့၂ယောက် ရင်ခုန်သံတွေ အမြဲတမ်း ဘယ်ဘဝရောက်ရောက် တူညီစြာ ရင်ခုန်နေဖိို့သာ~~~ KrisYeol{Yaoi}
1.6M 65.9K 77
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
10K 567 33
တည်ငြိမ်နေတဲ့ နှလုံးသားလေးဆီ... လေပြေတစ်ချို့ဟာ ဖြတ်တိုက်သွားခဲ့တယ် အဲ့လေပြေဟာ အေးမြခြင်းနဲ့ ပူလောင်ခြင်းကို တစ်ချိန်ထဲ သယ်ဆောင်လာခဲ့တာမို့... လေပြေရ...
349K 14.3K 90
ခဏခဏ ရည်းစားစကားအပြောခံနေရရင် အဖြေပေးဖို့ စဉ်းစားတော့လေ အကြောင်းပြချက်ပဲ မေးနေတာ မမောဘူးလား ခင်များ ဦးနှောက်သေးသေးလေးထဲ သေချာမှတ်သွား ကျုပ်''ချစ်ချ...