ASTILLBE (Completed)
By Hninhninlay1246
3.9M 266K 12.8K
Married Life ( Male Pregnant ) " ငါမောင့်ကိုချစ်တယ် ဒါပေမယ့် ငါ့မှာလည်းသည်းခံနိုင်တဲ့အတိုင်းအတာဆိုတာရှိတယ် မင... More
(ဇာတ်လမ်း မိတ်ဆက်ခြင်း)
Part (1)
Part (2)
Part (3)
Part (4)
Part (5) (ပထမဆုံးမဟုတ်သော အနမ်း)
Part (6) ( မေ့လျော့နေသည့် တစ်ခုခုရှိနေတယ် )
Part (7) ( မောင်က အနိုင်ကျင့်တယ် )
Part (8) ( တည်မြဲကမ္ဘာက လုံးဝအဖြောင့်!)
Part (9) ( ကလန်ကဆန်လုပ်ရင် အတင်းအကြပ်နမ်းပစ်မယ်)
Part (10) ( လိုအင်ဆန္ဒက စိတ်ကိုလောင်ကျွမ်းစေတယ် )
10.5 ( Warning )
Part (11) (Even if I don't love you)
Part (12) ( You gonna run away from me )
Part (13) (The Future)
Part (14 ) ( မောင့်ကိုတစ်ခါတစ်လေ စိတ်ပျက်မိတယ် )
Part (15) ( Taste of your lips )
15.5 ( Warning )
Part (16) ( Bullying Him )
Part (17) ( တည်မြဲကမ္ဘာက သဝန်တိုနေတာ )
Part (18) ( အချစ်နှင့် ပြောင်းလဲလာသော အတွေးများ )
Part (19) ( မင်းဘာလို့ ငါ့​ရှေ့မှာ မပြုံးတာလဲ? !)
Part (20) ( ဘယ်သူ့ကို မယုံကြည်သင့်တာလဲ? )
Part (21) ( အလိုအပ်ဆုံးက မင်းကိုပဲ )
Part (22) ( ငါပိုင်တဲ့မင်းခန္တာကိုယ်ကို ဒဏ်ရာမရစေနဲ့ )
Part (23) (Love Sick)
Part (24) (Can't help falling in love with you)
Part (25) ( မင်းကို အားမလိုအားမရဖြစ်လိုက်တာ !)
Part (26) ( မောင်နဲ့အတူရှိနေသမျှအချိန်တိုင်းက ငါ့အတွက်နိဗ္ဗာန်ပဲ)
Part (27) ( You wanna have a baby? )
Part (28) (ကြောင်ငပျင်းလေးက ဝံပုလွေကြီးကိုသဝန်တိုနေတယ်)
Part (30) ( စီးပွားရေးသမားတွေက အကျိုးအမြတ်မရရင် မစွန့်စားဘူးကွ! )
Part (31) ( Loving You )
Part (32) ( ကျွန်တော့်ကို ဘာတွေဖုံးကွယ်ထားကြတာလဲ )
Part (33) ( အခုပဲ ကြောင်ငပျင်းလေး ရှိတဲ့နေရာ လိုက်သွားတော့မယ် )
Part (34) ( New York သို့ရောက်ရှိခြင်း )
Part (35) (မင်းယုံကြည်အောင် မောင်ကြိုးစားပါ့မယ်)
Part (36) ( မောင့်ကို မိသားစုလေးတစ်ခု ပေးချင်ရုံတင်ပါ)
Part (37) ( မောင်က ထိန်းချုပ်ရခက်တဲ့လူ ၊ မင်းသူ့ကိုမကိုင်တွယ်နိုင်ဘူး)
Part (38) (မင်းနဲ့တူတဲ့ သားလေးတွေလိုချင်တယ်)
Part (39) ( အကျင့်စရိုက်တူတဲ့လူတစ်ယောက်ကို ဘယ်လိုတည့်အောင်ပေါင်းရမလဲ! )
Part (40) ( သားသာမပျော်တော့ရင် ကျုပ်သားကိုပြန်ခေါ်မယ် )
Part (41) ( သူ့ဗိုက်ထဲမှာ ပဲစေ့လေးတွေရှိနေပြီ! )
Part (42) ( ဘာပဲဖြစ်လာလာ အတူရင်ဆိုင်ကြမယ် )
Part (43) (Adore You)
Part (44) ( C မြို့တော်သို့ သွားရောက်ခြင်း )
Part (45) ( ပဲစေ့လေးတွေကို ပိုချစ်သွားရင်ဘယ်လိုလုပ်မလဲ? )
Main Characters Explanation
Part (46) (ကြောင်ငပျင်းလေးက အရက်သောက်တာကိုမကြိုက်ဘူးတဲ့)
Part (47) ( ခြိမ်းခြောက်စာများ ဝင်ရောက်ခြင်း )
Part (48) ( လက်စွပ်ထဲမှာ မောင့်အချစ်တွေထည့်ထားတယ် )
Part (49) ( မောင့်ကို သူတိုခေါ်သွားကြတယ်!! )
Part (50) (ပဲစေ့လေးတွေက ကမြင်းလွန်းနေတယ်)
Part (51) ( ပဲစေ့လေးတွေ အပင်ပေါက်လာပြီ!! )
Side Couple Special Part ( Warning )
Part (52) ( ပဲစေ့နှစ်စေ့၏ အမူအကျင့်များ )
Part (53) ( လျှို့ဝှက်ချက်များ !! )
Part (54) ( Finding The Lost Heart )
Part (55) ( ​မောင် အနံ့ပျောက်နေပြီ!! )
Part (56) (ကြောင်ငပျင်းလေး ငိုနေပြီ)
Part (57) ( Bossအမျိုးသားက Bossကိုကလေးထိန်းခိုင်းတယ်!!)
I've got Hilarious Photos from Facebook
Part (58) (မှိုင်းကမ္ဘာငယ်၏ First Kiss)
Part (59) ( Worship of Love )
Part (60) (ဇာတ်သိမ်းပိုင်း)
Extra (1) ( Little Flower in dad's belly )
Extra (2) ( သွားလေရော့ အချစ်ဟောင်းရေ )
Extra (3) ( Bad Baby! )
Extra (4) ( ချစ်ခြင်းမေတ္တာများ ထာဝရနုပျိုမည် )
Extra (5) ( Only One person in one life )
Extra (6) ( Boss = Babysitter )
Extra (7) ( Lovers )
Extra (8) ( မမျှော်လင့်ထားသော ကိစ္စများ! )
Extra (9) Final
About Season (2)
Book Announcement (1)
Facts About My Characters ( Must read!)
Facts About My Second Characters
Book Cover Announcements
Book Detail Announcements
Part (29) ( The Truth Untold )
54.4K 3.7K 96
By Hninhninlay1246
Zawgyi
<<<<<<
>>>>>>
" နောက်တစ်ခါအလာမခံနဲ့ သူရောသူ့ဖအေ ဦးရာဇာစိုးရောက အန္တာရာယ်များတယ် ၊ အဲ့မိန်းခလေး သားကိုကပ်တာ ကောင်းတဲ့ရည်ရွယ်ချက်မှမဟုတ်တာ ၊ ဦးရာဇာစိုးက အစက ငွေရေးကြေးမပြေလည်ခဲ့တဲ့သူမို့ သူ့သမီးကိုခုတုံးလုပ်ပြီး သားအနားကပ်ခိုင်းတာ ၊ သားကို ချစ်လွန်းလို့ အနားမှာရှိနေတာမဟုတ်ဘူး သားရော Cityရော ပျက်ဆီးတာကိုမြင်ချင်နေကြတဲ့သူတွေ ၊ သားညို့က အစစအရာရာဂရုစိုက်ရမယ် ယောကျာ်းဖြစ်သူဘေးကနေ ပြောသင့်တာရှိရင်ဝင်ပြော ၊ အမေက သားညို့ကို လုပ်ပိုင်ခွင့်ပေးထားပြီးသားပဲ သားကိုယုံတယ် "
" ဟုတ်ကဲ့ အမေ ကျွန်တော့်ကိုယုံကြည်ပေးတာကျေးဇူးတင်ပါတယ် "
" ဟင် ဦးခန့် ဖေကြီးက သဘောတူမှာမဟုတ်ဘူး ၊ ပြောလိုက်ရင် နယ်သာလန်ကနေချက်ချင်းလိုက်လာမှာ ၊ မောင်နဲ့မခွဲချင်ဘူး "
" နွယ် ပြောဦးလေ "
" ငါပြောတဲ့နည်းက သားအိမ်အစားထိုးတဲ့နည်းလမ်းပဲ ၊ ငါတို့နိုင်ငံမှာတော့မလုပ်စေချင်ဘူး မင်းကအစမ်းသပ်ခံအနေနဲ့ပါသွားလိမ့်မယ် ၊ သားအိမ်အစားထိုးတာကို Uterine Transplantationလို့ခေါ်တယ် ၊ သားအိမ်မရှိတဲ့လူတွေအတွက်ပဲဖြစ်ဖြစ် ရောဂါကြောင့်သားအိမ်ထုတ်လိုက်ရတဲ့သူတွေပဲဖြစ်ဖြစ် သားအိမ်အစားထိုးနိုင်တယ် ၊ USက ပထမဆုံးစမ်းသပ်ခံအမျိုးသမီးက 2017မှာ သားအိမ်အစားထိုးမွေးဖွားတာကိုအောင်မြင်ခဲ့တယ် ၊ နောက်ပိုင်း လိင်တူချစ်သူတွေနဲ့ အမျိုးသမီးတစ်ချို့က challenge လုပ်လာကြတယ် ၊ အောင်မြင်တဲ့သူတွေလည်းရှိတာမို့ အဲ့ဒီလူတွေထဲ မင်းပါဖို့လိုတယ် ညို့ "
<<<<<<
>>>>>>
ဒုန်း!
" ဘာကွ!! ဒါငါ့ကားအတွက်လျော်ကြေးပေါ့ ဟုတ်လား အရာရာပိုက်ဆံပေးတိုင်းမပြီးဘူးကွ တောင်းပန်တာပဲလိုချင်တယ် ၊ ငါအချက်ပြရဲ့သားနဲ့ မင်းတို့ဘက်က အရင်မှားတာနော် တောင်းပန် "
" မမလေး အမန်ဒါ ကျွန်တော် "
" ခဏနောက်ကျတာ သူတို့အပြစ်မယူလောက်ဘူးမလား အဟက် "
ဒုန်း!
" ပျင်းလာပြီ "
" ဟုတ်ကဲ့ "
" အင်း "
" ကောင်းပါပြီ "
" Boss!! ဆင်ခြင်ပါ "
" Yes "
" ဘာလို့Cityနဲ့ပေါင်းတာလဲ ၊ ဒုခေါင်းဆောင်ဆိုပြီး လုပ်ချင်တာလုပ်မယ်မကြံနဲ့ ၊ ငါကြားတာတော့ Cityကလူက နင့်ကိုလေလံပွဲမှာ အရေးလုပ်မသွားဘူးဆို "
" ဒယ်ဒီ မကြာခင် ဟိုအဖွားကြီးနဲ့ ဟိုကောင်ကို ရှင်းပစ်နိုင်တော့မယ် ၊ သူတို့ကိုမသတ်ခင်မှာ သူတို့သား သမီးတို့ထိန်းချုပ်ရာကနေမှာလေးကို ပြလိုက်ချင်သေးတာ "
" သမီးလက်ချက်ဆို ၊ သမီးသူ့ကိုမရည်ရွယ်ပါဘူး ဒယ်ဒီ ၊ မှိုင်းညို့ကို ဒုက္ခိတဖြစ်အောင် ၊ လုပ်ချင်ခဲ့တာ ၊ တည်မြဲကမ္ဘာက ကံဆိုးချင်တော့ ဓားခုတ်ရာလက်ဝင်လျှိုသလိုဖြစ်သွားရုံတင်ပါ "
" သူမှတ်မိရင် သမီးတို့မလွယ်ဘူးဒယ်ဒီ ၊ ဒယ်ဒီ့လူတွေကိုခိုင်းနေတုန်းက သူတွေ့သွားသေးတယ် ၊ ဘာမှမပြောပေးမယ့် အဲ့နေ့က သူသမီးနဲ့ဇာတ်လမ်းဖြတ်ဖို့ လုပ်နေတာ ၊ တည်မြဲကမ္ဘာက အဲ့တည်းက သမီးကိုမချစ်တော့တာ ဒယ်ဒီရဲ့ "
" ဘယ်လို "
TBC~~~
11.10.2021
Unicode
ကေလးယူမွာက Uterine Transplantation (သားအိမ်အစားထိုးခြင်း) နည်းလမ်းနဲ့ပါ။ အဓိကကိုပဲတန်းသွားမယ်နော် ၊ ရှင်းပြလိုက်မှ ပိုဆိုးကုန်မှာစိုးလို့။ သားအိမ်အစားထိုးတာအောင်မြင်တဲ့အထဲ Lesbian couple တစ်တွဲအကြောင်းတော့တွေ့ထားပါတယ်။ Gay Couple တွေမှာ ဖြစ်နိုင်ချေရှိမရှိကို Challenge မခေါ်ရဲပါဘူး။ တစ်ချို့အရာတွေက စိတ်ကူးအတိုင်း ရေးမှာမို့ သိပ်အများကြီးမရှင်းပြတော့ပါဘူးနော်။
<<<<<<
>>>>>>
ဒေါ်လေးနွယ်ရွှေနှင့် ဒေါက်တာမင်းခန့်ကျော်တို့ရှေ့တွင် ခေါင်းငုံ့ထိုင်နေသူက ညို့ဖြစ်သည်။ ငြိမ်နေသူကိုကြည့်ပြီး လူကြီးနှစ်ယောက် စိတ်အိုက်လာရသလို သက်ပြင်းအကြိမ်ကြိမ်ချနေရ၏။ မှိုင်းညို့က သားရဲ့ကလေးကိုမွေးချင်တယ်တဲ့လေ။ သားကလည်း မွေးစားတာဖြစ်စေ ၊ အငှါးကိုယ်ဝန်ဖြစ်စေ လက်ခံမှာမဟုတ်တာ ဒေါ်လေးနွယ်ရွှေသိသည်။ သူမလည်းမြေးချီချင်ပေမယ့် ဒီကောင်လေးကိုတော့ အပင်ပန်းမခံစေချင်ပေ။ သားအရင်းလိုချစ်သည်မို့ အန္တာရာယ်အဖြစ်မခံနိုင်။
" အခု သားတို့ဆက်ဆံရေးက အဆင်ပြေရဲ့လား အမေ့ကိုမလိမ်နဲ့နော် ဟိုကောင်မလေးအိမ်ထိတတ်လာတာအမေသိတယ် ၊ သားညို့က နေခွင့်ပြုလိုက်တာဆို "
"နေခိုင်းလိုက်တာ မှန်ပါတယ်မေမေ ၊ အိမ်ထဲရောက်ပြီးသားသူကို နှင်မထုတ်ချင်တော့လို့ပါ ၊ ဟို မောင်ကလည်း သူ့အကန့်နဲ့သူနေတာပါ ဒီနေ့မနက်ရောက်တော့ သူပြန်သွားပါတယ် "
" နောက်တစ်ခါအလာမခံနဲ့ သူရောသူ့ဖအေ ဦးရာဇာစိုးရောက အန္တာရာယ်များတယ် ၊ အဲ့မိန်းခလေး သားကိုကပ္တာ ကောင်းတဲ့ရည်ရွယ်ချက်မှမဟုတ်တာ ၊ ဦးရာဇာစိုးက အစက ငွေရေးကြေးမပြေလည်ခဲ့တဲ့သူမို့ သူ့သမီးကိုခုတုံးလုပ်ပြီး သားအနားကပ်ခိုင်းတာ ၊ သားကို ချစ်လွန်းလို့ အနားမှာရှိနေတာမဟုတ်ဘူး သားရော Cityရော ပျက်ဆီးတာကိုမြင်ချင်နေကြတဲ့သူတွေ ၊ သားညို့က အစစအရာရာဂရုစိုက်ရမယ် ယောကျာ်းဖြစ်သူဘေးကနေ ပြောသင့်တာရှိရင်ဝင်ပြော ၊ အေမက သားညို့ကို လုပ်ပိုင်ခွင့်ပေးထားပြီးသားပဲ သားကိုယုံတယ် "
" ဟုတ်ကဲ့ အေမ ကျွန်တော့်ကိုယုံကြည်ပေးတာကျေးဇူးတင်ပါတယ် "
ယောက္ခမနဲ့သားမက်ကိုကြည့်ပြီး ဒေါက်တာမင်းခန့်ကျော်ခေါင်းတယမ်းယမ်း။
" ညို့လေး မင်းတို့ကလေးယူမယ့်ကိစ္စကိုတော့ ပြန်တိုင်ပင်လိုက်ကြပါဦး တည်မြဲ အဲ့ဒီကောင်က ကလေးလိုချင်တာပဲသိတာ ၊ ဘယ်လောက်အန္တာရယ်များတယ်ဆိုတာကျတော့မသိဘူး ၊ မင်းအဖေရဲ့ခွင့်ပြုချက်ကိုရမှ ငါတစ်ခုခုစီစဉ်နိုင်လိမ့်မယ် "
" ဟင် ဦးခန့် ဖေကြီးက သေဘာတူမွာမဟုတ္ဘူး ၊ ပြောလိုက်ရင် နယ်သာလန်ကနေချက်ချင်းလိုက်လာမှာ ၊ မောင်နဲ့မခွဲချင်ဘူး "
" နွယ် ပြောဦးလေ "
" မြေးချီချင်ပေမယ့် ကိုခန့်ပြောသလိုအန္တာရာယ်များရင် နွယ်မစွန့်စားချင်ဘူး ကာယကံရှင်တွေကိုဆုံးဖြတ်စေချင်တော့တာပဲ "
" ကျွန်တော်စွန့်စားနိုင်ပါတယ်အမေ ၊ ကျွန်တော်ကယောကျာ်းတစ်ယောက်ဖြစ်နေလို့ မောင့်ဆန္ဒကို လွယ်လွယ်ကူကူမဖြည့်စည်းပေးနိုင်တာ ကျွန်တော်ဝမ်းနည်းမိတယ် ၊ တကယ်လို့ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်ဒုက္ခခံနိုင်ပါတယ် ဦးခန့် ၊ ဦးခန့်ပြောတဲ့နည်းလမ်း ကျွန်တော်စမ်းကြည့်ချင်တယ် "
လေးနွယ်ရွှေ စိတ္ဓာတ္က်သြားသလို ဝမ်းနည်းသွားသည်။ ဒီကောင်လေး သားကိုဒီလောက်တောင်ချစ်ရလား။ သားဆိုးတာပေတာကို သည်းခံပေါင်းရှာသည်။ သားအစား လေးနွယ်ရွေကသာ အများကြီး အားနာနေရတာမို့ သူ့ဘက်က ဒီကလေးအပေါ်အကြွေးတွေအများကြီးတင်နေပြီဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် အုပ်ထိန်းသူကိုတော့ အကြောင်းကြားရမည်။ စွန့်စားရာကျပြီး အန္တာရာယ်များလွန်းသည်မဟုတ်လား။
" ငါပြောတဲ့နည်းက သားအိမ်အစားထိုးတဲ့နည်းလမ်းပဲ ၊ ငါတို့နိုင်ငံမှာတော့မလုပ်စေချင်ဘူး မင်းကအစမ်းသပ်ခံအနေနဲ့ပါသွားလိမ့်မယ် ၊ သားအိမ်အစားထိုးတာကို Uterine Transplantationလို့ခေါ်တယ် ၊ သားအိမ်မရှိတဲ့လူတွေအတွက်ပဲဖြစ်ဖြစ် ရောဂါကြောင့်သားအိမ်ထုတ်လိုက်ရတဲ့သူတွေပဲဖြစ်ဖြစ် သားအိမ်အစားထိုးနိုင်တယ် ၊ USက ပထမဆုံးစမ်းသပ်ခံအမျိုးသမီးက 2017မွာ သားအိမ်အစားထိုးမွေးဖွားတာကိုအောင်မြင်ခဲ့တယ် ၊ နောက်ပိုင်း လိင်တူချစ်သူတွေနဲ့ အမျိုးသမီးတစ်ချို့က challenge လုပ်လာကြတယ် ၊ အောင်မြင်တဲ့သူတွေလည်းရှိတာမို့ အဲ့ဒီလူတွေထဲ မင်းပါဖို့လိုတယ် ညို့ "
ဒေါက်တာမင်းခန့်ကျော်၏စကားကြောင့် ဒေါ်လေးနွယ်ရွှေနဲ့ ညို့အားတတ်သွားသည်။ သူလည်းကံကောင်းနိုင်တာပဲမဟုတ်လား။
" ဦးခန့် ကျွန်တော်လုပ်မယ် သားအိမ်အစားထိုးတာ ကျွန်တော်စမ်းသပ်ကြည့်ချင်ပါတယ် ၊ မောင်ကလည်း ဝမ်းသာနေမှာပဲ ၊ မောင့်ကိုအခုဖုန်းဆက်လိုက်မယ်နော် "
သူ့အတွေးနဲ့အတူပျော်ရွှင်ကာ ထွက်သွားသည့်ကောင်လေးကို ကြည့်ပြီး သက်ပြင်းပြိုင်တူချလိုက်ကြသည်။ အရာအားလုံးအဆင်ပြေဖို့မျှော်လင့်ပါတယ်။
<<<<<<
>>>>>>
မောင်အိမ်ပြန်လာတဲ့အထိ မစောင့်နိုင်တော့တာကြောင့် မောင့်ကိုစာကြိုပို့ထားလိုက်သည်။ စာပို့တာနှင့်စိတ်မရှည်တော့တာရောပေါင်းကာ မောင့်ရုံးစီကိုပဲထွက်လာလိုက်တော့သည်။ ဘယ်လိုပဲဖြစ်ဖြစ် သတင်းကောင်းပြောပြဖို့မစောင့်မှမစောင့်နိုင်တော့တာ။
ဒုန်း!
" ကျစ် ကားကိုဘယ်လိုမောင်းနေတာလဲ အချက်ပြထားတာမမြင်ဘူးလားကွ "
ကားကွေ့ရန်အချက်ပြပေမယ့် ဟိုဘက္ကားက အရင်လာတိုက်တာဖြစ်သည်။ အနောက်ကကားတွေက တတီတီအော်နေကြပြီမို့ ညို့ထွက်ကြည့်ရတော့သည်။ ကားခေါင်းဘက်က ပိန်ချိုင့်သွားလိုက်တာမှ ရစရာမရှိ။ တစ်ဖက်ကတိုက်တဲ့လူကလည်းဆင်းလာသည်။
" ဒီမှာလျော်ကြေး ရပြီလား "
" ဘာကြ!! ဒါငါ့ကားအတွက်လျော်ကြေးပေါ့ ဟုတ္လား အရာရာပိုက်ဆံပေးတိုင်းမပြီးဘူးကွ တောင်းပန်တာပဲလိုချင်တယ် ၊ ငါအချက်ပြရဲ့သားနဲ့ မင်းတို့ဘက်က အရင်မှားတာနော် တောင်းပန် "
ညို့ပြောတဲ့စကားကို တစ္ဖက္လူက မကြားချင်ယောင်ဆောင်နေ၏။ ညို့သူတို့ပေးတဲ့ကဒ်ကို မြောင်းထဲလွှင့်ပစ်ပေးလိုက်သည်။ အလျင်လိုနေရတဲ့အထဲ မောက်မာသည့်ဟာတွေနဲ့လာတွေ့နေတာမို့ ညို့ထိုကဒ်ကိုလွှင့်ပစ်ပြီးတာနဲ့ သူ့တို့ကားဘေးက တစ်ရှိန်ထိုးမောင်းသွားလိုက်တော့သည်။ပါးစပ်က ပွစိပွစိပြောဖို့လည်းမမေ့ပေ။
" မမေလး အမန်ဒါ ကျွန်တော် "
" ရတယ် လွှတ်ထားလိုက် စိတ်ဝင်စားစရာပဲ "
အမန်ဒါ ထိုလူကို ကားထဲကေန လေ့လာနေတာဖြစ်သည်။ အမန်ဒါ့အကြိုက်ပုံစံဖြစ်ပြီး ပေးသည့်ကဒ်ကိုတောင်လွှင့်ပစ်လိုက်သေးသည်။ ပြီးတော့ ထိုလူ့လည်ပင်းက ဆြဲသီး။ လေလံပွဲက လူနဲ့များပတ်သတ်နေသလား။ ထိုလူ့ကားနောက်က အမန်ဒါတို့လိုက်လာရင်း Cityရှေ့မှာရပ်သွားတာတွေ့လိုက်ရသည်။ သူတို့လည်း Cityကိုပဲ ဦးတည်လာကြတာဖြစ်သည်။ ဘယ်လောက်အဆင်သင့်လိုက်သလဲ။ ထိုလူက ကားပါကင်ထိုးပြီး Cityထဲဝင်သွားသည်။
" ဝေယံ မင်းBossရှိတယ်မလား "
" Bossအခု ရုံးခန်းထဲမှာရှိတယ် ၊ ခဏနေရင် Rubyကလူတွေနဲ့ တွေ့ရမှာမို့ Bossနည်းနည်းအလုပ်များနေတာ ဟို ကိုခိုင်ဇော်တို့ရော အလုပ်တွေများနေကြသေးလား သခင်လေး "
" သြော် ငါလာတာအချိန်ကိုက်ဖြစ်သွားတာပေါ့ ဒါနဲ့ မင်းက ကိုခိုင်ဇော်တို့အကြောင်း ဘာလို့အရမ်းသိချင်နေရတာလဲ "
ဝေယံက ရယ်နေသေးသည်။ ဒီကောင်လေးတော်တော်မျက်နှာပြောင်တတ်တာပဲ ၊ မသိမသာနှင့် မြမြအကြောင်းကို လာမေးနေသေးသည်။ မြမြကိုစိတ်ဝင်စားနေတာလားမသိ။
" နေဦး ခင်ဗျားတို့က Rubyက လူတွေလား ၊ ကျွန်တော်နဲ့လိုက်ခဲ့ပေးပါ "
ညို့ထိုလူတစ်ချို့ကိုကြည့်လိုက်တော့ ခုဏကလမ်းမှာပြသာနာတတ်ခဲ့သည့်လူနှင့်တစ်ဖွဲ့တည်းဆိုတာသိလိုက်ရသည်။ Rubyကလူတွေရဲ့ လက်ကောက်ဝတ်မှာ R ပုံစံတတ်တူးတစ်ခုရှိသည်။ သူတို့ကိုဦးဆောင်လာသူက အမျိုးသမီးတစ်ယောက်ဖြစ်နေသည်။ ထိုအမျိူးသမီးက အထက်တန်းကျကျပင်ဖြစ်သည်။ နိုင်ငံခြားသွေးနှောနှင့်တူနေပြီး နှုတ်ခမ်းတွေက ပြုံးနေ၏။ ထိုအပြုံးက မြင်ရတဲ့သူအတွက် သက်တောင့်သက်သာမဖြစ်စေနိုင်ပေ။ ညို့လည်း ခပ်တည်တည်ပင်နေလိုက်သည်။ ဓာတ်လှေကားကတော့ အပေါ်ထပ်ကို ဖြည်းဖြည်းချင်းစီတတ်နေသည်။ အားလုံးကတိတ်ဆိတ်နေကြ၏။ စကားများပါသည်ဆိုတဲ့ ဝေယံတောင် ခပ်တည်တည်ပင်ဖြစ်သည်။
အပေါ်ဆုံးထပ်ကိုရောက်တော့ ဓာတ်လှေကားတံခါးပွင့်သွားသည်။ Rubyကလူတွေ အရင်ထွက်သွားတော့မှ ညို့လည်းအသက်ရှုချောင်တော့သည်။
" ဝေယံ သူတို့ကထူးဆန်းနေတယ် ၊ သူတို့ပုံစံတွေက သာမာန်စီးပွားရေးလုပ်ငန်းရှင်တွေဆိုတာထက် တစ်မျိုးပဲနော် ၊ ခံစားချက်မကောင်းဘူး "
ဝေယံ သခင်လေးကိုလေးစားသလိုကြည့်လိုက်သည်။ သခင်လေးမျက်လုံးက စူးရှပါပေတယ်။
" ဟုတ်တယ်သခင်လေး သူတို့ကအန္တာရယ်များတယ် ၊ အမှောင်ဘက်အခြမ်းကလို့ပြောရမလားပဲ ၊ သူတို့စီးပွားရေးလုပ်ငန်းတွေက ဒီနိုင်ငံကလူတွေထက်အများကြီးသာတယ် ၊ Cityလောက်မဟုတ်ပေမယ့် ၊ Rubyကိုလျော့တွက်လို့မရဘူး ၊ လျှို့ဝှက်ချက်တွေများတဲ့ နေရာတစ်ခုပဲ "
ညို့ခေါင်းငြိမ့်လိုက်သည်။ သူတို့နောက်က တိတ်တဆိတ်ပဲလိုက်လာလိုက်ပြီး သူတို့ကိုဝေယံက အခန်းတစ်ခုထဲခေါ်သွားသည်။ ညို့ရုံးခန်းထဲဝင်လိုက်တော့ မောင်က တအ့ံတသြကြည့်နေ၏။ အလုပ်ရှုပ်နေတဲ့ပုံပါပဲ။
" ဘယ်လိုရောက်လာတာလဲ ဝေယံရော "
" Rubyကလူတွေကို အစည်းအဝေးခန်းထဲခေါ်သွားတယ် ၊ မင်းရုံးခန်းထဲမှာ ခေါ်မတွေ့ဘူးလား "
" ငါ့ရုံးခန်းထဲက လူတိုင်းဝင်လို့မရဘူး ၊ ဒီတစ်ခေါက်အစည်းအဝေးက ရှယ်ယာရှင်တိုင်းတတ်ရမယ့်အစည်းအဝေး ၊ အမှားပါလို့မဖြစ်သလို ဘယ်သူ့ကိုမှဘက်လိုက်လို့မရဘူးလေ ဒါကြောင့် သူတို့ရောက်ရင် အစည်းအဝေးခန်းထဲတန်းခေါ်သွားဖို့ အမိန့်ပေးထားတာ ၊ ဒီကိုလာဦး "
ပေါင်ကိုပုတ်ပြနေတာမို့ သူ့ပေါင်ပေါ်ထိုင်လိုက်တော့ တင်ပါးကိုညှစ်လာသည်။ လက်ကအငြိမ်နေတာမဟုတ်ပေ။ တစ်ကိုယ်လုံးကိုအကျီအပေါ်ကနေလိုက်ပွတ်သပ်နေလို့ အကျီလည်းကျေနေပြီ။
" တော်ပြီ မင်းလည်းအလုပ်မအားဘူးမဟုတ်လား ၊ ဒီမှာပဲထိုင်စောင့်နေလိုက်မယ် နောက်ပြီးမှပြောရအောင်လေ "
" ခဏေနာက္က်တာ သူတို့အပြစ်မယူလောက်ဘူးမလား အဟက် "
တည်မြဲ သူ့နှုတ်ခမ်းတွေကိုဖိနမ်းပြီး အောက်နှုတ်ခမ်းကိုကိုက်ချလိုက်သည်။ နာကျင်မှုကြောင့် ပါးစပ်ဟလာတော့မှ အာခံတွင်းထဲမွှေနှောက်နမ်းကာ နီရဲစိုစွတ်သောလျှာနွေးနွေးလေးကို အာငွေ့ပေးကာ စုပ်ယူနမ်းရှိုက်လိုက်၏။ တစ်ဖက်လူ၏အလိုက်သင့်တုန့်ပြန်နေမှုကြောင့် အေပးအယူမ်ွေနသလို စိတ်ပါလက်ပါဖြစ်နေကြသည်။ ဒီကောင်ကလည်း ရွံတယ်လို့သာပြောတာ သူ့လျှာလေးနှင့် ကိုယ့်လျှာကို လိုက်လိုက်တွန်းနေ၏။ လျှာချင်းလိမ်ပတ်စုပ်ယူရင်း သူ့လျှာရဲရဲလေး အပြင်ထွက်လာသည်။ တည်မြဲ ရပ်တန့်လိုက်တော့ လျှာထုတ်လျက်သားလေးနှင့် ပြူးကြောင်ကြောင်။
" အဟက် ကြောင်ငပျင်းလေး မင်းအရမ်းကြိုက်နေပြီမလား "
" မင်း မင်းနော် မလှောင်နဲ့ "
" လှောင်တော့ဘာဖြစ်လဲ မင်းကြိုက်နေတာမဟုတ်ဘူးလား ဟင် လျှာလေးကိုထွက်နေတာပဲ အဟက် ဟား ဟား "
သူ့ရုပ်ကိုသဘောကျ၍ တဟားဟားရယ်ပစ်လိုက်သည်။ မျက်နှာတစ်ပြင်လုံးရဲတတ်လာပြီး တည်မြဲနားရွက်ကို ကုန်းကိုက်တော့သည်။ နာကျင်ရမည့်အစား သာယာမှုကိုသာခံစားနေရသည့်တည်မြဲအတွက်တော့ ထိန်းချုပ်ဖို့မလွယ်ကူလှပေ။ တည်မြဲ သူ့နားရွက်တွေ လည်တိုင်တွေကို လျှာနှင့်လိုက်လျက်ပစ်ရင်း ခါးပတ်ကိုဆွဲဖြုတ်ပစ်ကာ သူမထိစေချင်သည့် နေရာလေးများကို လိုက်ထိရင်း စနောက်နေလိုက်၏။ သူ့ကိုယ်လေးတွန့်ခနဲဖြစ်သွားပြီး တည်မြဲလက်မောင်းအိုးကြီးကို ထုရိုက်ကာ ဒေါသမျက်နှာနှင့်ကြည့်လာလေသည်။ အမှန်တကယ်တော့ ထိုဒေါသထဲမှာ ရှက်ရွံ့မှုနည်းနည်းလည်း ပါလေရာ တည်မြဲ သူ့ကိုအသည်းယားလာသည်။ သူက ထိန်းချုပ်ရခက်ပြီး အကြောမာသည့်ကောင်ဖြစ်တာကြောင့် တည်မြဲက သူ့ကိုဒေါသထွက်အောင်လုပ်မိတိုင်း မသိမသာချော့ရသည်။ မဟုတ်ရင် ရှောင်နေသည့်အဆင့်ကို ရောက်ပြီး အစာငတ်သည့် ဝံပုလွေကောင်ဘဝကို အလိုလိုရောက်သွားရလိမ့်မည်။
" စားပွဲပေါ်လက်ထောက်လိုက် သိပ်အသံမထွက်နဲ့ လူတွေဝင်လာလိမ့်မယ် လောခ့်ချထားတာမဟုတ်ဘူး သိလား ကြောင်ငပျင်းလေး "
" ဒါ ဒါ အင့် မင်း သက်သက်အနိုင်ကျင့်တာ "
အသံလေးများပင်မထွက်နိုင်တော့။ ပါးစပ်ကိုအတင်းအုပ်ထားရသည်။ ခန္တာကိုယ်ကအဆက်မပြတ်လှုပ်ခါနေရတာကြောင့် စားပြဲခံမွ ဘောပင်များ ၊ ဖုန်းများ အစရှိသဖြင့် တုန်ခါနေ၏။
" Boss အစည်းအဝေးစပါတော့မယ် ကျွန်တော်ဝင်လာ လာ..."
ဒုန်း!
ဝေယံထခုန်မတတ်လန့်သွားသည်။ အမေလး မတော်တဆ တံခါးများဖွင့်ဝင်မိရင် Bossပစ်လိုက်သည့်တစ်ခုခုက ဝေယံနဖူးဆီတည့်တည့်ရောက်လာတော့မှာ။ ဝေယံလည်းသဘောပေါက်လိုက်သည်မို့ အစည်းအဝေးခန်းဘက်တစ်ဖန်ပြေးသွားရသည်။
" အင့် တော်တော့ မင်းအလုပ်က "
" ဂရုမစိုက်ဘူး မပြောနဲ့ ကျစ်! "
နာရီဝက်လောက်ကြာပြီးနောက် နွမ်းနယ်နေသူကို ချီကာ တည်မြဲ ချွေးလေးတွေသုတ်ပေးလိုက်၏။ တစ်ကိုယ်လုံးကို ပွေ့ချီကာ စိတ်တိုင်းကျ နမ်းမွှေးပြီးမှ အစည်းအဝေးကိုသတိရသွားရကာ တည်မြဲ၏မျက်နှာတွင် စိတ်ပျက်သည့်အမူအယာပေါ်လာလေသည်။ ဖြစ်နိုင်ရင် သူနဲ့ကြာကြာလေး ရှိနေချင်သေးတာ။
" ဒီမှာပဲငြိမ်ငြိမ်စောင့်နေ အစည်းအဝေးပြီးရင် တစ်ခုခုသွားစားတာပေါ့ ကြောင်ငပျင်းလေး ငါ့စကားကိုနားထောင်နော် ၊ တစ်ခုခုလိုချင်တာရှိရင် မရီတာကိုပြောလိုက် ၊ ဝေယံကအစည်းအဝေးခန်းထဲမှာပဲရှိနေမှာမို့လို့ ကြားလား "
ညို့ခေါင်းငြိမ့်ကာ သူ့ကိုနေရာမှာပဲစောင့်လိုက်သည်။ ဗိုက်ကနည်းနည်းအောင့်နေသလို ဟိုနေရာကနာဒီနေရာကနာဖြစ်နေတာနှင့် ငြိမ်ငြိမ်ပဲထိုင်နေလိုက်သည်။ မောင်နဲ့အတူနေတာကြာတော့ နေသားကျသွားပုံပေါ်သည် အစပိုင်းလောက်မဆိုးဝါးတော့ပေ။ လက်ထပ်ထားတဲ့စုံတွဲတွေကြား ဒီလောက်ကတော့ အနည်းနဲ့အများရှိကြတာပါပဲ။ ယူထားတဲ့သူက မိန်းမမဟုတ်လေတော့ မောင်စိတ်ကျေနပ်ပါ့မလားတွေးရင်း အားငယ်ရပြန်သည်။ သူက မောင့်အတွက်အကောင်းဆုံးအရာတွေကိုပဲပေးချင်သည်။ အေမက မောင့်ကိုအလိုမလိုက်နဲ့ဟုထပ်ခါထပ်ခါမှာပေမယ့် သူကိုယ်၌ကကို လိုလိုလားလားပေးချင်နေတာဘယ်လိုလုပ်ရမလဲ။
" ပျင်းလာပြီ "
မောင်တို့ အစည်းအဝေးကထင်တာထက်ကြာနေသည်။ ကြာတော့ပျင်းလာတာနှင့် အပြင်ထွက်လာခဲ့လိုက်၏။ မောင့်ရုံးခန်းထဲမှာသန့်စင်ခန်းရှိပေမယ့် လမ်းလျှောက်ချင်တာကြောင့် ဝန်ထမ်းသုံးသန့်စင်ခန်းကိုသာရှာဖွေလိုက်၏။
" အာ ဒါအမျိုးသားသန့်စင်ခန်းမဟုတ်ဘူးလား နေရာမှားသွားတယ်ထင်တယ် "
" No မှန်ပါတယ် အမျိုးသားသန့်စင်ခန်းပါ "
ညို့သူ့အရှေ့မှတစ်ယောက်ကို ကြောင်တောင်တောင်ကြည့်နေမိတာဖြစ်သည်။ Rubyကို ဦးဆောင်သည့်အမျိုးသမီး ၊ အခုတော့အမျိူးသားသန့်စင်ခန်းထဲရောက်နေသည်။ သူမမှားရင် ကိုယ်မှားတာများလား။ တစ္ဖက္က ညို့သူ့ကိုအကဲခတ်နေမှန်းသိပုံပေါ်သည်။ ပြုံးပြလာ၏။
" ဆောရီး ကိုယ်ကယောကျာ်း အကြောင်းတစ်ခုခုကြောင့် မိန်းမလိုဝတ်ထားတယ်ပဲဆိုပါတော့ မင်းအထဲဝင်လို့ရပါတယ် လာလေ "
" ဟုတ်ကဲ့ "
ညို့သန့်စင်ခန်းဝင်ပြီး ပြန်ထွက်လာတော့ထိုလူမရှိတော့ပေ။ တကယ်ကြီးလား ၊ Rubyကလူက ယောကျာ်းလေးတဲ့လား။ အင်း စတွေ့တုန်းကဒီလောက်အရပ်မရှည်သလိုပဲ ၊ အမြင်မှားတာနေမှာပါ။
" ကြောင်ငပျင်းလေး! ကျစ် ဒီကိုလာ ဘယ်ပျောက်သွားတာလဲ "
" အင်း "
မောင်က သူ့ကိုခေါ်လိုက်တော့ ကျန်တဲ့လူတွေကပါလိုက်ကြည့်ကုန်သည်။ အာ တကယ်ပါပဲ။ လူတွေအာရုံစိုက်ခံရတာမကြိုက်လှဘူး။ Rubyက လူတွေဘက်ကိုညို့တစ်ချက်ကြည့်တော့ အိမ်သာထဲမှာတွေ့တဲ့တစ်ယောက်က ခပ်ပြုံးပြုံးဖြစ်သည်။
" ဒါဆို ကျွန်မတို့ကိုသွားခွင့်ပြုပါဦး ပူးပေါင်းခွင့်ပေးတာကျေးဇူးတင်ပါတယ် "
" ကောင်းပါပြီ "
Rubyထွက်သွားရာဘက်ကိုကြည့်နေတဲ့ ကြောင်ငပျင်းလေးရုပ်က အလိုမကျသည့်ပုံပေါက်နေတာမို့ တည်မြဲ ထိုတစ်ယောက်နားရွက်ကို သဝန်ကြောင်စွာပင် အသာဖိကိုက်လိုက်သည်။
" ဘယ်ကိုကြည့်နေတာလဲ တစ်ခြားကောင်တွေသွားမကြည့်နဲ့နော် ကြားလား ကြောင်ငပျင်းလေး ၊ မင်းငါ့အကြောင်းသိပါတယ် "
" မောင် ငါပြောမယ် ဒီကိုလာ "
ရုံးခန်းထဲရောက်တော့ မြင်ခဲ့ရသမျှကို ညို့ပြောပြလိုက်သည်။ မောင်က မျက်မှောင်ကြုတ်သွား၏။ ဝေယံနှင့်အချင်းချင်းပြန်ကြည့်ကြပြီးနောက် တည်မြဲစုံစမ်းစရာတစ်ခုပိုလာတော့သည်။ Rubyရောက်ချလာတဲ့နေ့မှ ဟေမာန်စိုးက ရုံးကိုမလာ။
" အမန်ဒါမှာ အမွှာတွေဘာတွေများရှိလား လေလံပွဲမှာငါတွေ့တုန်းကတော့ မိန်းမအစစ်နဲ့တူနေတာပဲ ၊ အသံကိုက မိန်းခလေးအသံလေ "
" Boss ဒီတစ်ယောက်ကို ကျွန်တော်သတိတော့ထားမိပါတယ် ထူးဆန်းနေသလားလို့ ၊ တစ်ချိန်လုံးပြုံးပြီး စကားဝင်မပြောဘူး ၊ သူ့အရပ်ကကျွန်တော်ထက်တောင်ရှည်သေးတယ်ဗျ အစက နိုင်ငံခြားသားမို့ ရှည်တယ်ထင်နေတာ အဲ့လိုလည်းမဟုတ်ဘူး "
" ကောင်းပြီ သူ့ရည်ရွယ်ချက်ကိုသေချာသိအောင်လုပ်ရမယ် ၊ ကောင်းသောရည်ရွယ်ချက်နဲ့ ပူးပေါင်းရင်တစ်မျိုးပေါ့ မဟုတ်ရင်တော့ သူတို့က အသက်ရှင်ရတာငြီးငွေ့နေတာပဲ "
" Boss!! ဆင်ခြင်ပါ "
သူတို့နှစ်ယောက်ကိုနားမလည်သလိုကြည့်နေသူကြောင့် ကိုယ့်စကားကိုြယ်ပန်ထိန်းလိုက်သည်။ ဝေယံသတိပေး၍သာ စကားကိုအချိန်မှီ ဘရိတ်အုပ်လိုက်နိုင်၏။
" ထားပါတော့ အလုပ်လည်းပြီးပြီဆိုတော့ ငါတို့တစ်ခုခုသွားစားကြမယ် "
Bossကတော့စောပြီးအလုပ်ဆင်းသွားပြီဖြစ်သည်။ ထို့ကြောင့် ဝေယံလည်း ရုံးတံခါးတွေစစ်ဆေးပြီးအိမ်ပြန်လာခဲ့၏။ သူ့စိတ်ထဲမှာတော့ Rubyကတစ်ယောက်အကြောင်းနေရာယူနေသည်။ တော်တော်တော့ထူးဆန်းနေတယ် ၊ Rubyက ထင်ထားသလို လျှို့ဝှက်လွန်းသည်။
" အမန်ဒါ နောက်တစ်ခါငါ့ကို မိန်းမလိုမဝတ်ခိုင်းနဲ့ "
" အဟင်း ဟင်း ရောဘက် တစ်ခါလေးဝတ်ခိုင်းတာကို complain လာတတ်နေတယ် ၊ သည်းခံစမ်းပါ ၊ နင်တွေ့ချင်တဲ့သူကိုတွေ့ခဲ့ရဲ့လား "
" Yes "
ရောဘက် မျက်နှာကအပြုံးကတော့ ပျောက်ကွယ်မသွားသေးပေ။ သူ့ဘဝလေးက အေးချမ်းနေသေးတာပဲ ၊ ကိုယ်ရောက်မလာခင်အထိတော့ အေးချမ်းနေလိမ့်မယ်။ ကိုယ်ခြေလှမ်းစတာနဲ့ သူကိုယ့်စီက မလွတ်မြောက်နိုင်တော့ဘူး။
" ဘာလို့Cityနဲ့ပေါင်းတာလဲ ၊ ဒုခေါင်းဆောင်ဆိုပြီး လုပ်ချင်တာလုပ်မယ်မကြံနဲ့ ၊ ငါကြားတာတော့ Cityကလူက နင့်ကိုလေလံပွဲမှာ အေရးလုပ္မသြားဘူးဆို "
" Come on bro ဒါအရေးမကြီးပါဘူး ၊ Rubyက အမြင့်ကိုတတ်ရဦးမှာ ၊ ဘာမဟုတ်တဲ့ မိန်းမတစ်ယောက်ကြောင့် Rubyကို အောက်ဆွဲမချနိုင်ဘူး ၊ Cityရဲ့တတ်လမ်းကမှန်းမရဘူး ၊ တစ်ဖက်ကအပေးအယူကိုလက်ခံပြီး Cityကိုဆန့်ကျင်မိရင် နင်ရော ငါရော သွားပြီသာမှတ်တော့ "
" ဟိုဘက်ကိုဘယ်လိုလုပ်မှာလဲ "
" ဖျက်ဆီးရမှာပေါ့ ဟီး ဟီး ၊ ဟိုဘက်နဲ့ဒီဘက်ကိုရန်တိုက်ပေးပြီးရင် အင်အားကြီးတဲ့ဘက်က နိုင်လိမ့်မယ် ၊ ဘယ်လိုပဲဖြစ်ဖြစ် ဦးရာဇာစိုး ကြာကြာတောင့်မခံနိုင်ပါဘူး ၊ အစတည်းက ငါတို့နယ်မြေကို အရင်လာကျူးကျော်တဲ့လူပဲလေ ၊ ရှင်းပစ်မယ် "
တစ္ဖက္က အမြွှာနှစ်ယောက်၏ အကြံကိုမသိသော ဦးရာဇာစိုးနှင့်ဟေမာန်စိုးတို့က Pool Partyကျင်းပနေကြတာဖြစ်သည်။ Rubyကိုအကြောင်းပြု၍ အဆက်အသွယ်တွေရနေသည့် ဦးရာဇာစိုးက မမြင်ရသည့်အနာဂတ်အတွက်အောင်ပွဲခံနေတာဖြစ်သည်။
" ဦးလေး ဟေမာန် ဂုဏ်ပြုပါတယ် ၊ မကြာခင်အင်အားကြီးအုပ်စုထဲက တစ်ခုဖြစ်လာတော့မှာမို့ ဝမ်းသာပါတယ် "
ဟေမာန်စိုးက သက်ပိုင်နှင့်အတူရှိနေတာဖြစ်သည်။ သားအဖနှစ်ယောက်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးပြုံးနေကြသည်။ သက်ပိုင်လည်း သောက်နေရင်းတစ်ခုခုမူမမှန်သလိုခံစားလာရ၏။ ရင်ဘက်ထဲပူလောင်ကာ အူတွေအပိုင်းပိုင်းဖြတ်တောက်ခံနေရသလိုခံစားလာရသည်။ ပါးစပ်ထဲကသွေးများထွက်လာသည့်အခါမှာတော့ သူအဆိပ်မိသွားပြီဖြစ်သည်။ သေမင်း၏လက်ထဲကျရောက်သွားသူတစ်ယောက်ကို ကြည့်ရင်း သားအဖနှစ်ယောက်ရယ်နေကြသေးသည်။
အခုဆို Cityက မဟာစီမံကိန်းကိုလည်း ရခဲ့ပြီ။ Rubyကလည်း သူတို့ဘက်ကလူဖြစ်နေပြီဆိုတော့ Cityကို အေးအေးဆေးဆေးသိမ်းယူလို့ရပြီဖြစ်သည်။ ဘယ်လောက်ပျော်စရာကောင်းလိုက်လဲ။ မကြာခင် အကြံအစည်တွေအထမြောက်တော့မှာကိုတွေးပြီး ဦးရာဇာစိုး အတောမသတ်နိုင်အောင်ပျော်ရွှင်နေမိ၏။
" ဒယ္ဒီ မကြာခင် ဟိုအဖွားကြီးနဲ့ ဟိုကောင်ကို ရှင်းပစ်နိုင်တော့မယ် ၊ သူတို့ကိုမသတ်ခင်မှာ သူတို့သား သမီးတို့ထိန်းချုပ်ရာကနေမှာလေးကို ပြလိုက်ချင်သေးတာ "
" ဟုတ်တယ် သမီး ၊ နှစ်အကြာကြီးစောင့်လာရတဲ့ရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်တော့မယ် ၊ ဒါနဲ့ သမီးတို့ကျောင်းတတ်တဲ့နှစ်က မောင်တည်မြဲတစ်ယောက် အက်စီးဒန့်ဖြစ်ပြီး ကိုမာဝင်သွားတာမဟုတ်လား ၊ သမီးလက်ချက်ပဲလား "
" သမီးလက္ခ်က္ဆို ၊ သမီးသူ့ကိုမရည်ရွယ်ပါဘူး ဒယ္ဒီ ၊ မှိုင်းညို့ကို ဒုက္ခိတဖြစ်အောင် ၊ လုပ်ချင်ခဲ့တာ ၊ တည်မြဲကမ်ဘာက ကံဆိုးချင်တော့ ဓားခုတ်ရာလက်ဝင်လျှိုသလိုဖြစ်သွားရုံတင်ပါ "
" ဒါဆို သူအခုဘာမှမှတ်မိမနေဘူးပေါ့ "
" သူမှတ်မိရင် သမီးတို့မလွယ်ဘူးဒယ်ဒီ ၊ ဒယ်ဒီ့လူတွေကိုခိုင်းနေတုန်းက သူတွေ့သွားသေးတယ် ၊ ဘာမှမပြောပေးမယ့် အဲ့နေ့က သူသမီးနဲ့ဇာတ်လမ်းဖြတ်ဖို့ လုပ်နေတာ ၊ တည်မြဲကမ်ဘာက အဲ့တည်းက သမီးကိုမချစ်တော့တာ ဒယ်ဒီရဲ့ "
" ဘယ္လို "
" ဟုတ်တယ် လူက သမီးနဲ့အတူရှိနေစဉ် သူ့စိတ်တွေက သမီးဆီမှာရှိမနေတော့ဘူး ၊ သူ့ကိုယ်သူလည်း ဘာဖြစ်မှန်းသိပုံမပေါ်ပါဘူး ၊ အချစ်ငှက်တွေကြည်နူးနေတာမမြင်ချင်တာနဲ့ သမီးက အချွန်နဲ့မပေးရုံပါဒယ်ဒီ ၊ မှိုင်းညို့ကို တစ်လျှောက်လုံးမုန်းလာတဲ့သမီးက သူတို့ပျော်နေမှာကို ကြည့်နိုင်ပါ့မလား "
ဟေမာန် မှိုင်းညို့ကို အမျိုးမျိုးဒုက္ခပေးပြီး ၊ သူတို့သူငယ်ချင်းတွေကြား ခလောက်ဆန်ခဲ့သေးသည်။ အထင်တွေလွဲပြီး သူတို့ဝေးသွားကြသည်။ မှိုင်းညို့အကြောင်း တစ်ကျောင်းလုံးသိအောင်ဖော်ပြီးတော့ မှိုင်းညို့နိုင်ငံခြားထွက်သွားသည်။ မှိုင်းညို့ နိုင်ငံခြားထွက်တဲ့နှစ်မှာပဲ ဟေမာန်နှင့်တည်မြဲ တစ်နှစ်လောက် ပြတ်သွားသေးသည်။ နောက်ပိုင်း မရရအောင်ပြန်ဆက်ပြီး ၊ သူ့ဆီကအထောက်အပံ့ပြန်ယူပြီးမှ သူ့စိတ်ကိုရအောင်ပြန်လုယူခဲ့တာဖြစ်သည်။
ကြားထဲမှာ တည်မြဲကမ်ဘာက ရိုးတွင်းချဉ်ဆီအားနည်းပြီး အိပ်ယာထဲလှဲသေးသည်။ ဟေမာန်လည်းဘာအကူအညီမှမပေးနိုင်တာကြောင့် ခဏရှောင်ထွက်သွားရ၏။ မှိုင်းညို့က ပြန်ရောက်လာပြီး တည်မြဲကမ်ဘာကို ရိုးတွင်းချဉ်ဆီလှူပေးသည်ဟုကြားသည်။ အဲ့မွာ အဖွားကြီးကကျေးဇူးတွေတင်ပြီး မှိုင်းညို့ကို တည်မြဲကမ်ဘာနှင့်ပေးစားတာဖြစ်သည်။ ဟေမာန် မှိုင်းညို့ကို လေးစားမိတဲ့အချက်တော့ရှိသည်။ တည်မြဲကမ်ဘာကို အသက်နဲ့ရင်းပြီးချစ်တာဖြစ်သည်။ အနစ်နာခံပြီးချစ်တဲ့သူက ရှားသည်။ ဟေမာန်ကတော့ ဘယ်သူ့ကိုမှ ကိုယ်ကိုတိုင်ထက်ပိုပြီးမချစ်နိုင်ပေ။
ဦးရာဇာစိုး သူ့သမီးရှင်းပြတာတွေနားထောင်ပြီး ပါးစပ်အဟောင်းသား။ ဒါဆို တစ်လျှောက်လုံးပတ်မွှေနေတာသူ့သမီးပေါ့။ ကံကြမ္မာကလည်း သူ့သမီးကိုအသာပေးခဲ့ပုံပေါ်သည်။ ဟိုကသာအတိတ်ကိုပြန်သတိရသွားရင် သမီးပြေးပေါက်ပိတ်မှာကိုလည်း ဦးရာဇာစိုးစိတ္ပူသြား၏။ တည်မြဲကမ်ဘာရဲ့ လက်ရှိအခြေအနေအရဆို သူ့ကွယ်ရာမှာတင် သမီးကိုကြက်ကလေးငှက်ကလေးလို သတ်သွားနိုင်သည်လေ။
သမီးကြောင့် ခေါင်းခဲရတာ ဒီတစ်ခါပထမဆုံးဖြစ်သည်။ ဒါပေမယ့်လည်း ဘာလုပ်နိုင်မှာမို့လို့လဲ။ မကြာခင် Cityကိုလည်း သူတို့သိမ်းတော့မှာပဲလေ။ သမီးအန္တာရာယ်ကင်းမှာပါ။
TBC~~~
11.10.2021
Continue Reading
You'll Also Like
163K 5.9K 25
လူငယ် BL Fiction စာရေးဆရာလေး ပြည့်စုံစွမ်းနှင့် ဟိုတယ် ပိုင်ရှင်ကြီး ဦးတေဇာစည်သူ တို့၏ အချစ်ဇာတ်လမ်း၌ ပြည့်စုံစွမ်း ၏ အမေက အမွှေကလေး နည်းနည်းပါးပါး ဝ...
2.5M 244K 64
This story book presented by ZAWGYI & UNICODE. Cover Design By @Moa ZAWGYI ရင်ခုန်စရာ ဇာက်လမ်းလေးတစ်ပုဒ်ကို ငါ အခုပြောပြမယ် ..... ဇာက်လမ်းလေးက ဒီလိ...
265K 12.2K 20
Bl Myanmar ဆက်သူရ+သစ်လွင် Bl Myanmar ဆကျသူရ+သစ်လွင် Zaw+uni 🔞🔞
1.1M 100K 142
Authors: Ka Pi Chu, Zhang Pei Wen Xue, Zhen Shai All credits to owner. Translated by Lilac🌺 ❗နာမည်တွေမှားနေပါတယ်၊ အချိန်မအားတာကြောင့်မပြင်ရသေးပါ။ သိ...