COMPLETE ဧကရီကို ကိုယ်တော် မ...

By Kyiphyuswe

59.6K 5.1K 663

ဒီဟာလေး ကတော့ ဒုတိယမြောက် ခြေလှမ်း လေးပဲ ဖြစ်ပါတယ်နော်။ ရှေ့အပုဒ်က Boy X Boy ပုံစံ ဖြစ်တာမို့ BXG ကြိုက်တက်တဲ... More

အပိုင်း (1)
အပိုင်း (2)
အပိုင်း (3)
အပိုင်း (4)
အပိုင်း (5)
အပိုင်း (6)
အပိုင်း (7)
အပိုင်း (8)
အပိုင်း (9)
အပိုင်း (10)
အပိုင်း (11)
အပိုင်း (12)
အပိုင်း (13)
အပိုင်း (14)
အပိုင်း(15)
အပိုင်း (16)
အပိုင်း (17)
အပိုင်း (19)
အပိုင်း (20)
အပိုင်း (21)
အပိုင်း (22)
အပိုင်း (23)
အပိုင်း (24)
အပိုင်း (25)
အပိုင်း (26)
အပိုင်း (27)
အပိုင်း (၂၈)
အပိုင်း (29)
အပိုင်း (30) [Final]
EXTRA (ဇာတ်ကြောင်းအစစ်)

အပိုင်း (18)

1.3K 123 8
By Kyiphyuswe


[Unicode]

   အပြင်ဘက် ကောင်းကင်မှာ သာသာယာယာ ရှိနေ ပေမယ့် တာ့လီ ပြီကြီး ရဲ့ ဧကရာဇ် ပိုင်ဆိုင်တဲ့ စာကြည့်ဆောင် အတွင်း မှာတော့ အရိပ်ကိုယ်ရံတော် တွေ အနည်းဆုံး အယောက် ၃၀ လောက် သူတို့ ရဲ့ ကံကြမ္မာ ကို အဆုံးအဖြတ် ပေးမယ့် စီရင် ချက်ကို ဒူးထောက်ပြီး ရင်ထဲ မှာ အကြောက်တရားတွေ နဲ့ စောင့်စား နေခဲ့ ကြတယ်။

အရိပ်ကိုယ်ရံတော် ခေါင်းဆောင် အပြောင်းအလဲ က မနေ့ က ဖြစ်တာကြောင့် ကြားထဲ မှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေ က ဧကရာဇ် ပတ်ဝန်းကျင် မှာ ဖြစ်သမျှ ဟာ ဧကရာဇ် ကို စောင့်ရှောက်နေ ရတဲ့ သူတို့တွေ ရဲ့ တာဝန်သာ ဖြစ်လေတယ်။

  မနေ့ ညက ဧကရာဇ် ဟာ ဆေးခတ် ထားတဲ့ စွပ်ပြုတ် တစ်ခွက်ကို သောက်မိသွား ပြီး ဝမ်ကူ နဲ့ ညအချိန် ကုန်ဆုံး ခဲ့ကြတယ်။ ဒါပေမယ့် အနားမှာ စောင့်နေတဲ့ အရိပ်ကိုယ်ရံတော် တွေ  က ဆေးခတ်ထား တာကို မသိတဲ့ အပြင် သူ့ကို ဝမ်ကူ က အိပ်ယာပေါ် ကို ဆွဲ တင်သွားတာ ကိုလဲ ဝင်မတား ခဲ့ ကြလေဘူး။

  အယောက် ၃၀ ဆိုတဲ့ အရေအတွက် က ဧကရာဇ် လို ကလေး တစ်ယောက် ကိုတော့ စောင့်ရှောက် ပေးဖို့ရာ များ တဲ့ ပမာဏ ပဲ ဖြစ်လေတယ် ။ ဒါပေမယ့် မနေ့ညက သူသာ ရေခဲ အဆိပ် မမိ ထားရင် ဝမ်ကူ က သူ့ကလေး ကို လွယ်သွား လိမ့်မယ်။ သူ့ကို သတ်ပစ် ရင်တောင် သူတို့က ဘာမှ ဝင်တား ကြမှာ မဟုတ် ဘူး လို့ကို သူထင်နေမိတယ်။

ဧကရာဇ်လေး က ပြုံး ထားရင်း လက်ထဲ မှာလဲ အသီး ခွဲ တဲ့ ဓား အပါးလေး ကို ကိုင်ထား လေတယ်။ သူ့ရဲ့ ပုံစံက မသိနားမလည်တဲ့ ဖြူစင်တဲ့ ကလေး ဆိုတဲ့ ပုံရိပ်နဲ့ အဝေးကြီး ကွာဟ နေလေတယ်။ သားကောင် ကို လိုက်တော့မယ့် တောဘုရင် အသေးစားလေး လိုပဲ...။

" မနေ့ည က မင်းတို့ အယောက် ၃၀ လုံး ဘယ်နေရာ ကို ရောက်နေ လဲ ဆိုတာ ကျန်း သိချင် မိတယ်....''

   ဧကရာဇ် လေးရဲ့ အမေးသံ အပြီး မှာ အရိပ် ကိုယ်ရံတော် ၁ က ပြန်ဖြေ လိုက်တယ်။

" ဧကရာဇ် ကို တင်ပြ ပါတယ်... ကျွန်တော် မျိုး နံပါတ် ၁ ကနေ ၁၅ အထိက အရှင် ခိုင်း ထားတဲ့ အတိုင်း ကြင်ယာတွေ နဲ့ ပတ်သတ်ပြီး အကြောင်း အရာတွေ အကုန် စုဆည်း ခဲ့ပါတယ် ။ နောက်တော့ ညတွင်းချင်းပဲ ကျွန်တော်မျိုး တို့ စုပေါင်း ပြီး အရှင် ဖတ် ဖို့ရာ အစီရင် ခံစာ ကို အသေအချာ မှန်ကန်အောင် ဆောင်ရွတ်  ထားပါတယ်...''

" ဒါဆို အဲ့တာ ကော...''

" ဒီမှာပါ အရှင် ဖေး ၄ ပါး နဲ့ ကူ ၆ ယောက် လုံးရဲ့ ငယ်စဥ် ကတည်း ကနေ အခုထိ ပါဝင်ပါတယ် ဒါပေမယ့် အချိန် အကန့်အသတ် ရှိတာမို့ ပါးရှား က ကြင်ယာတော် ကိုအကြောင်း ကိုတော့ တက်နိုင်သမျှ ပြည့်စုံအောင် ရေးသားပေး ထားပါတယ်...''

  ပေးလိုက်သော စာအုပ် ၁၀ အုပ် ကို ပြည့်ပြီး သူယူ လိုက်ကာ နံပါတ် ၁ ကနေ ၁၅ အထိ ထခိုင်း လိုက်တယ်။

ကျန်တဲ့ ၁၆ ကနေ ၃၀ကို သူ စိုက်ကြည့် လိုက်တယ်။

နံပါတ် ၁၆ က တုန်တုန်ရီရီ နဲ့ ပြောလေတယ်။

" အရှင်.... ကျွန်တော်မျိုး ၁၆ က မနေ့က အရှင် ခိုင်းတဲ့ အတိုင်း ရှီးနန် နယ်ကို သွားပြီး ဝမ်ရယ် အကြောင်း ကို စုံစမ်း ခဲ့ပါတယ်။ သူတို့ ရဲ့ လှုပ်ရှား မှုတွေ အကြောင်း ကို လဲ တင်ပြဖို့ အစီရင်ခံစာ လုပ်ထား ပြီးပါပြီ...ပြီးတော့ မနေ့က ၂၉ နဲ့ ၃၀ ကိုလည်း ကျွန်တော်မျိုး အရှင့်ကို ခွင့်တောင်းပြီး ခေါ်သွား ခဲ့တာပါ...''

" အရှင်....ကျွန်တော် နံပါတ် ၂၅ ၊ ၂၆ ၊ ၂၇ ၊ ၂၈ လေးဦးက အမတ်ချုပ်ကြီး ရဲ့ လျို့ဝှက် နေရာ ကို ရှာတွေ့ ခဲ့ပြီး အရှင်အသုံးဝင်နိုင်မယ့် စာအုပ်တွေနဲ့ လက်နက်တွေ ကို အရှင့် မြေအောက်ခန်း ထဲ ပြောင်းရွေ့ ပြီးသွားပါပြီ အရှင်....အရေအတွက်က သေတ္တာကြီးပေါင်း ၂၉၀ လုံး ပါအရှင်....''

အသီးသီး လျှောက်တင် လာကြတဲ့ အကြောင်းအရာတွေ ကို နားထောင် ရင်း ခေါင်းလေး တငြိမ့်ငြိမ့် လုပ်နေတဲ့ ဧကရာဇ် ကို ကြည့်ရင်း ကျန်တဲ့ ၄ ယောက်အစား သူတို့တွေ ကျောချမ်း သွားလေတယ်။

" ဒါဆို မနေ့က ကျန်း ကို စောင့််ရှောက်ဖို့ ကျန်ခဲ့တဲ့ သူတွေ က ၁၇၊၁၈ ၊၁၉ ၊၂၀ ပေါ့....ဟုတ်ရဲ့ လား...''

" မှန်ပါတယ်.... အရှင်...''

" ဒါဆို ကျန်း အတွက် စွတ်ပြုတ် ကို စမ်းသပ်တာ ဘယ်သူလဲ...''

" ........... ''

" ဘယ်သူလဲ လို့ ကျန်း မေးနေတယ်လေ....မင်းတို့တွေ က စကား မပြေယ ချင်တော့ ဘူးလား.....''

" နံပါတ် ၂၀ ပါ အရှင်....''

" ၁၇ က မမေးပဲ ဘာလို့ ဝင်ပြီး ပြောနေသလဲ..... ဒါမှ မဟုတ် ၂၀ က အစစ် မဟုတ်တော့တာ များလား....''

ဧကရာဇ် လေးရဲ့ ပြောစကား အပြီး မှာပဲ အရိပ်ကိုယ်ရံတော် ၅ နဲ့ ၁၇ ဟာ ၂၀ ကို ဖမ်း ချုပ်လိုက်ပြီး အရိပ်ကိုယ်ရံတော် ခေါင်းဆောင်က မျက်နှာ ပုဝါ ကဆွဲ ခွာ လိုက်တဲ့ အခါ သူတို့ ရဲ့ သွေးသောက် မဟုတ်ပဲ တစ်ခြား လူတစ်ယောက် ဖြစ်နေတာ ကိုတွေ့ လိုက် ရတယ်။

အရိပ်ကိုယ်ရံတော် ခေါင်းဆောင်က ထိုလူစိမ်း ကို မေး လိုက်တယ်။

" ၂၀ ဘယ်မှာလဲ.....''

ထိုလူက ဘာမှ မပြောပဲနဲ့ သူ့အံသွား ထဲ မှာဝှက်ထားတဲ့ အဆိပ်ကို ကိုက်ပြီး သေကြောင်း ကြံ လိုက်တော့တယ်။

" ဟိုး....သေချင်နေပြီပေါ့.....ဒါပေမယ့် အဲ့လောက်မလွယ်မှာပဲ စိုးတယ်....''

အရိပ်ကိုယ်ရံတော် ခေါင်းဆောင်က ထိုအယောင်ဆောင် လူက အဆိပ်သောက်သေ တော့မှာ ကြိုသိတာမို့ ဗဟို ဆုံချက် ကြောထုံး ကို ကြေးအပ်နဲ့ ထိုး စိုက် လိုက်တယ်။ နောက်တော့ ထိုလူ ရဲ့ အိပ်ထဲ ကနေ စိမ်းရွင်ရွင် အနံ့ တစ်ခု ထွက် လာပြီးတော့ ဘေးနားက အရိပ်ကိုယ်ရံတော် တွေ အကုန်မေ့လဲ သွားလေတယ်။

ထိုလူက ထွက်ပြေး မယ် လုပ်တဲ့ အခါ သူ့ခြေထောက် ၂ ချောင်း မရှိတော့တာ ကို တွေ့ လိုက် ရတယ်။ ဘေးနား က လူတွေ အကုန်မေ့သွားပေမယ့် ဘယ်သူလုပ်လိုက်မှန်း သူ မသိ ဘူး ။ ဒါပေမယ့် နာကျင်မှု တစ်ခုတောင် မရှိပဲ နဲ့ အဖြတ်ခံ လိုက်ရတာကြောင့် အရမ်း ကို လန့်သွားတယ်။ ဧကရာဇ်လေး ကို ကြည့်လိုက်တော့ သူ့ရဲ့ လက်ထဲ က ဓားလေး မရှိတော့တဲ့ အပြင် မှောက်လျက်လေး မေ့နေတာ ကိုတွေ့ လိုက်တော့ သတ်ဖို့ တရွက်တိုက် သွား လိုက်တယ်။

  ဒါပေမယ့် ဧကရာဇ် လေးနဲ့ ခြေလှမ်း ၅ လှမ်း အကွာမှာ စည်းတစ်ခု ရှိမှန်း တွေ့ လိုက်ရတယ်။ ဒါကြောင့် သူ အဲ့ သောက်ကလေး ကို သတ်လို့ မရတော့ဘူး....။ လက်ခေါက်မှုတ်လိုက်ပြီး တစ်ဖက်က သူ့လူတွေ ဆီ အချက်ပြ ကာ ခေါ်လိုက်တယ်။ နောက်တော့ အမဲ ဝတ် လူ ၃ ဦးလောက်က ရောက်လာပြီး ထိုလူကို ခေါ်သွားလေတယ်။

  သူတို့တွေ က မေ့လဲနေတဲ့ အရိပ် ကိုယ်ရံတော် တွေ ကို ကန်ပြီး မှ ထွက်သွား ကြတော့တယ်။ ထွက်သွားပြီးနောက် အစောက အကန်ခံ လိုက် ရတဲ့ အရိပ် ကိုယ်ရံတော် တွေ က ထဆဲ တော့တယ်။

" လီးပဲ....ငါ့ကို ကန်သွားတာ စောက်ကောင်တွေ...''

" မအေငိုးတွေ...အား....နာလိုက်တာ ''

"အရှင် မမျှတ ဘူးနော် သူကျ စည်းချ ထားပြီးတော့...''

အစောက ကြမ်းပြင်ပေါ်မှာ အတုံးအရုံး လဲ ကျနေတဲ့ ကိုယ်ရံတော်တွေ က သူတို့ အတွက် ကလဲ့စား ချေ ပေးဖို့ ပြောနေ ကြလေတယ်။

  ခေါင်းဆောင် မပါပဲ ကျန်တဲ့ အယောက် ၂၉ ယောက် (တစ်ယောက်က သေသွားလို့ ၃၀မပြည့်) လုံးက ဧကရာဇ်လေးရဲ့ အစမ်းသပ် ခံတွေ လေ...။ ဘယ်အဆိပ် ၊ ဘယ်ပိုးကောင်၊ ဘယ်ဆေး မဆို သူတို့နဲ့ စမ်းသပ်လေ့ ရှိတာမို့ ဒီလိုမေ့ဆေး လောက် ကတော့ မဖြုံ ပါ...။ ဒါတွေ က အကုန်လုံး ဟန်ဆောင်နေ ကြတာပဲ ဖြစ်တယ်။

ဟမ့်....ငါတို့ အရှင်ရဲ့ ဆေးစမ်းသပ်မှု ကိုတောင် ခံနိုင် လာတာ နင်တို့လို မလောက်လေး မလောက်စားတွေ ကိုများ မကြောက်ပေါင်။

"၁၃...ကူ ပိုးကောင် ထည့် လိုက် ရဲ့လား.....''

ဧကရာဇ် လေးရဲ့ အမေး ကို  နံပါတ် ၁၃ က ပြန်ဖြေလိုက်တယ်။

" ဟုတ်ကဲ့ အရှားပါးဆုံး ရွှေစာကလေး ကြိုက်တဲ့ ကူပိုး ထည့် လိုက်ပါတယ်...''

" ဟုတ်ပြီ.....''

နန်းတော်ထဲ မှာတော့ ဧကရာဇ်လေး ရဲ့ ကြောက်မတ် ဖွယ် အပြုံး ကို တွေ့ မြင် ရမှာ ဖြစ်ပြီး တော့ နန်းပြင်မှာ သွေး တစ်ခါ အန်သွားတဲ့ ဧကရီ ကို တွေ့ရမှာပဲ ဖြစ်ပါတယ်.......။

ရုတ်တရက် ကြီး သွေးအန်ပြီး မေ့လဲ သွားတဲ့ ဧကရီ ကို ကြည့်ပြီး ချန်ဖေး ကော အခြား သက်တော်စောင့်တွေ ကပါ တည်းခိုခန်း တစ်ခု ကို အမြန်ခေါ်သွားပြီး ပြုစု ပေး ရတော့တယ်။

........................................................,........

[Zawgyi]









" ဒါဆို အဲ့တာ ကော...''








" ဒါဆို မနေ့က ကျန်း ကို စောင့်ရှောက်ဖို့ ကျန်ခဲ့တဲ့ သူတွေ က ၁၇၊၁၈ ၊၁၉ ၊၂၀ ပေါ့....ဟုတ်ရဲ့ လား...''

" မှန်ပါတယ်.... အရှင်...''


" ........... ''


" နံပါတ် ၂၀ ပါ အရှင်....''




" ၂၀ ဘယ်မှာလဲ.....''
















" ဟုတ်ပြီ.....''



........................................................,........

Continue Reading

You'll Also Like

1.9K 88 28
Unicode အိမ်ထောင်ဆိုတဲ့ ကွန်ရက်ဟာ လူနှစ်ယောက်ပဲ ရှိသင့်သည်။ အချစ်တွေနဲ့ တည်ဆောက်ထားခဲ့ပေမဲ့ တစ်ချိန်တည်းမှာပဲ အက်ကွဲရာတွေ ထင်ကာ ပျက်ဆီးလာတဲ့ အိမ်ထောင...
15.4K 1.3K 5
ကိုကြီးက ညီလေး တစ်ယောက်ကို ဂရုစိုက်သလို.... မဟုတ်ဘဲနဲ့......
1.9M 338K 200
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ) Original Author - 金元宝 (jīn yuánbǎo) En...