Over one years later---
× × × × ×
🖊
Ni hao.
It's Xiao again.
ဒီစာမ်က္ႏွာက စာအုပ္ရဲ႕ေနာက္ဆံုးမို႔
ဘာေရးရမလဲ အမ်ားႀကီး စဥ္းစားခဲ့တာ..၊
အရင္စာမ်က္ႏွာေတြတုန္းကလို ငါ့ဘဝအေၾကာင္းေတြ၊ လက္႐ွိ ၾကံဳေတြ႔ေနရတဲ့ လူေတြအေၾကာင္း၊ မင္းကို ေျပာခ်င္ေပမယ့္ မေျပာရဲတဲ့ စကားေတြ၊ ..စတဲ့ စတဲ့ ငါ့ေခါင္းထဲက ေပါက္ေသာက္အေတြးေတြ မဟုတ္ဘဲ ေလးနက္တဲ့ စကားလံုးေတြနဲ႔ အဓိပၸါယ္အမ်ားႀကီး ႐ွိမယ့္ စာမ်ိဳး ေရးခ်င္ေပမယ့္ တကယ္တမ္းက် အခုေရးေနသလို ေပါက္လြတ္ပဲစားေတြပဲ ထြက္လာျပန္တယ္။ :')
ဒါေပမယ့္ ေအာက္က စာေၾကာင္းေတြကိုေတာ့ တကယ္ အမ်ားႀကီး အမ်ားႀကီး ႀကိဳးစားေရးထားတယ္ေနာ္။
အဲဒါေၾကာင့္ တစ္လံုးခ်င္း ေသခ်ာဖတ္ေပး။
ေက်ာ္ခ်လိုက္ရင္ ဖက္နမ္းမွာ: 3
အခုက တို့နွစ္ေယာက္ couple note book ေလးေတြရဲ႕ ေနာက္ဆံုးစာမ်က္ႏွာ..
ငါ့ဘဝအႀကီးမားဆံုး လွ်ိဳ႕ဝွက္ခ်က္၊ ဒီလိုမဟုတ္ရင္ လိမ္လည္မႈႀကီးလို့ေျပာရမယ့္ ကိစၥတစ္ခုကို မင္းသိရေအာင္ ေရးခဲ့လိုက္မယ္။
ကတိေပးထားတဲ့အတိုင္း တစ္ေန႔က် စာအုပ္ခ်င္း လဲဖတ္ၾကရင္ေတာင္ ဒီစာမ်က္ႏွာကိုေတာ့ ဆုတ္ျဖဲၿပီး ငါ့ရဲ႕ ေနာက္ဆံုးအခ်ိန္အတြက္ ခ်န္ထားမယ္။
ငါေသဆံုးၿပီးမွ မင္း ဖတ္ခြင့္႐ွိေစရမယ္။
ဘာလို႔လဲဆိုေတာ့ ဒါေတြကို သိၿပီးတဲ့ မင္းကို ငါ ရင္မဆိုင္ရဲလို႔ပါ..။
ငါ့ကို မင္းအထင္လြဲ.. အာ မွားလို႔.. correction pen လည္း မ႐ွိဘူး
ခ်ီး!
🖊
"085, 105!!"
"ေနာက္ဆံုးေတာ့ သူေရာက္လာၿပီ"
ရိေပၚက အိပ္ေနရာမွ ေခါင္းေထာင္၍ အိပ္ေရးမဝသည့္ မ်က္လံုးမ်ားျဖင့္ အခန္းတံခါးကို အသံျမည္ေအာင္ပိတ္လိုက္သည့္ ဆရာဝန္အား လွမ္းၾကည့္၏။
ေ႐ွာင္းက်န္႔ကေတာ့ ေရးလက္စ စာအုပ္အား ေစာင္ေအာက္ဖြက္လိုက္သည္။
အဲ့စပ္စလူးလက္ထဲ ေရာက္မသြားေအာင္ ငါ့စာအုပ္ငါ ထိန္းသိမ္းလာတာ တစ္ႏွစ္နီးပါး႐ွိၿပီ။
သူသာ ဖတ္မိသြားရင္ ေ႐ွာင္းက်န္႔တို႔ေတာ့ သြားၿပီပဲ၊
တစ္ဘဝလံုး လိွမ့္ေနေအာင္ အေျပာင္ခံရမွာ။
ၿပီးေတာ့ သူ ကတိတည္ရမယ္ေလ။
စာအုပ္ေတြေရာက္ကတည္းက သူ႔စာအုပ္ကို သူပဲဖတ္ရမယ္၊ ဝမ့္စာအုပ္ကိုလည္း ဝမ္ပဲဖတ္ရမယ္၊ အဆင္ေျပတဲ့ တစ္ေန႔က်မွ အခ်င္းခ်င္း လဲဖတ္ၾကမယ္လို႔ ကတိျပဳထားတာမို႔..။
ဆိုေတာ့
သူတို႔စာအုပ္ႏွစ္အုပ္ဟာ သူတို႔ႏွစ္ေယာက္ပဲ ဖတ္ခြင့္႐ွိမယ့္၊ ကမာၻေပၚက ႐ွိသမွ် စာအုပ္ေတြထဲမွာ အ႐ွားပါးဆံုး စာအုပ္ေတြပဲ။
ဆရာဝန္က မ်က္စိမႈန္ေတာ့ သူ အဖြက္ေနာက္က်သြားတာေတာင္ ေစာင္ေအာက္က စာအုပ္ကုိ သတိမထားမိဘူး။
"085, 105!"
"ကြၽန္ေတာ္မ်ိဳးတို႔ နားေထာင္ေနပါတယ္၊ လင္းေတာ္မူပါ ဘုရား.."
"*Cough*
ေကာင္းၿပီေလ
ဒီလိုဆိုေတာ့လည္း ငါကိုယ္ေတာ္ႀကီးက လင္းရမွာေပါ့"
ေ႐ွာင္းက်န္႔က ႏႈတ္ခမ္းတစ္ဖက္စြန္းကို မဲ့ခ်လိုက္ၿပီး ဆရာဝန္ကို ၾကည့္မရဟန္ မ်က္ႏွာလႊဲသည္။
ဝမ္ရိေပၚတစ္ေယာက္ကေတာ့ ေခါင္းႏွင့္ကုတင္ မိတ္ဆက္ေတာ့မလို အိပ္ငိုက္ေနေလရဲ႕။
"မင္းတို႔ ေနာက္သံုးရက္ေနရင္ ဒီက လြတ္ေျမာက္ၿပီ!!"
"တိုးတိုးေျပာလည္း ရ.. ဘာ!!
ဘာေျပာတယ္? ျပန္ေျပာစမ္းပါ!"
085 ကပါ ဆတ္ခနဲ မတ္တပ္ထရပ္ေတာ့ ဆရာဝန္က အားပါးတရ ေအာ္ေျပာလိုက္သည္။
"မင္းတို႔ႏွစ္ေယာက္ ေနာက္သံုးရက္ေနရင္ အျပင္ေရာက္ၿပီ!
ဒီမွာ မေနရေတာ့ဘူးလို႔!!!"
"အား း း း း း!!!"
///
"အျပင္ေရာက္သြားရင္ သတိမရေတာ့ပါဘူး"
"အမ္"
တစ္ေယာက္ခ်င္းစီ လိုက္ၿပီး လက္ဆြဲႏႈတ္ဆက္ေနသည့္ ေ႐ွာင္းက်န္႔ကို အေဆာင္သားအားလံုးက ေခါင္းထဲ
'?' ေတြ ျဖတ္ေျပးသြားဟန္ မ်က္ႏွာမ်ားႏွင့္ ၾကည့္လိုက္ၾကသည္။
ႏႈတ္ဆက္စကားက အဆန္းႀကီးပါလား!
"အျပင္ေရာက္သြားရင္ သတိရေနမယ္" မဟုတ္ဘဲ
" သတိမရေတာ့ပါဘူး " တဲ့။
"အဲဒါဆို သြားၿပီေနာ္ ဒီႏွစ္ရက္ကိုေတာ့ ေကာင္းေကာင္းႀကီး ျဖဳန္းတီးပစ္လိုက္ဦးမယ္"
"အားလံုးကို ႏႈတ္ဆက္ပါတယ္"
ေျမာက္ႂကြေျမာက္ႂကြႏွင့္ ေ႐ွ႕ကသြားေသာ ေ႐ွာင္းကို တစ္ခ်က္ၾကည့္ၿပီး အေဆာင္သားမ်ားဘက္လွည့္ကာ ရိေပၚက 90° ခါးကိုင္း၍ ႏႈတ္ဆက္စကားဆိုသည္။
အသီးသီး ျပန္လည္ ဦးၫႊတ္ၿပီးေနာက္တြင္ေတာ့ 105 ေနာက္လိုက္သြားသည့္ 085 ေၾကာင့္ သူတို႔အားလံုး ေခါင္းယမ္း၍သာ ျပံဳးလိုက္မိပါသည္။
"မင္းတို့ႏွစ္ေယာက္ တစ္ဘဝလံုး ေပ်ာ္ရႊင္နိုင္ပါေစ..."
///
"ကဲ ကဲ!
ပစၥည္းေတြေတာ့ ထုပ္ပိုးၿပီးသြားၿပီ
က်န္တဲ့အခ်ိန္ကို ဘယ္လိုအသံုးျပဳရေကာင္းမလဲ.."
တံေတာင္ဆစ္ထိ ေခါက္တင္ထားေသာ အက်ႌလက္ကို ျပန္လည္ျဖန္႔ခ်ေနေသာ ေ႐ွာင္းက်န္႔က တစ္ကိုယ္တည္းေရရြတ္ဟန္ျဖင့္ သူ႔ကို ကြက္ၾကည့္ကြက္ၾကည့္လုပ္ေနသည္။
တစ္ႏွစ္ေက်ာ္ အတူေနလာသည့္ အေတြ႔အၾကံဳအရ ေ႐ွာင္း ဘာျဖစ္ခ်င္ေနသည္ဆိုတာ ရိေပၚ ေကာင္းေကာင္းသိပါသည္။
"Canola ပန္းခင္းဆီ သြားၾကမလား.."
"Okay!! "
///
"အျပင္ေရာက္သြားရင္.."
မနက္ခင္း၏ ေနေရာင္ျခည္ေဖ်ာ့ေဖ်ာ့ ျဖာက်ေနေသာ ေ႐ွာင္း၏မ်က္ႏွာတစ္ျခမ္းကို ရိေပၚက ထံုးစံအတိုင္း မက္မက္ေမာေမာေငးပါသည္။
ေလျပည္ႏုႏုကလည္း အဝါေရာင္ပန္းခင္းႀကီးအား အနည္းငယ္မွ် လႈပ္ခတ္ေစၿပီးေနာက္ သူ႔ဆံႏြယ္ေပ်ာ့ေပ်ာ့မ်ားေပၚ ေရာက္လာျပန္၏၊ အမွန္ပင္ ၾကည့္ေကာင္းေသာ ျမင္ကြင္းတစ္ခုပင္..။
"ငါတို႔ ဘယ္လိုေနၾကမလဲ.."
"အတူတူေနမွာေပါ့
ကြၽန္ေတာ္က အလုပ္မ်ိဳးစံုလုပ္ႏိုင္တယ္
ဘယ္လိုေနရာပဲေရာက္ေရာက္ ေ႐ွာင္း တစ္ေယာက္ကိုေတာ့ ေကာင္းေကာင္းထားႏိုင္တာမို႔.."
နားသယ္စပ္ဆီ ထိေတြ႔လာေသာ လက္ေခ်ာင္း႐ွည္မ်ားေၾကာင့္ ေ႐ွာင္းက်န္႔ လက္ေခ်ာင္းမ်ားကို က်ံဳ႕ထားလိုက္မိသည္၊
နားေနာက္ဘက္တြင္ အဆံုးသတ္သြားေတာ့ ထိုအထိအေတြ႔ကား တစ္ႏွစ္ေက်ာ္ အတူေနထိုင္လာခဲ့ေသာ သူတို႔အတြက္ အနည္းငယ္မွ်ပင္ မထူးဆန္းပါ၊ သို႔ေသာ္ ေ႐ွာင္းက်န္႔ စိတ္လႈပ္႐ွားေနသည္ကိုေတာ့ နားေနာက္ညႇပ္ေပးခံလိုက္ရေသာ ဆံပင္ေပ်ာ့ေပ်ာ့တခ်ိဳ႕သာ သိပါလိမ့္မည္။
"စိတ္မပူပါနဲ႔.."
အေရာင္ေျပာင္းလာေသာ ေလထုကို ေ႐ွာင္းက်န္႔က ေခ်ာင္းတစ္ခ်က္ဟန္႔ကာ ရပ္တန္႔ေစလိုက္သည္။
"ဆံပင္ေတြေတာင္ ႐ွည္ေနၿပီ"ဆိုသည့္ စကားကို အထစ္ထစ္အအ,အ ျဖစ္ေနေသာ သူ႔ကို ဝမ္တစ္ေယာက္ကေတာ့ ခပ္ျပံဳးျပံဳးျဖင့္ ၾကည့္သည္။
"တစ္ႏွစ္ေက်ာ္ေတာင္ ၾကာသြားခဲ့ၿပီပဲ.."
"Umm.."
"ေနာက္ႏွစ္ရက္ေလာက္ေနရင္ ငါတို႔ ကိုယ့္ဘဝကိုယ္ ပိုင္ၿပီ.."
"အင္း"
"မင္းသိလား
ငါ မင္းကို စ,ေတြ႔ကတည္းက စိတ္ဝင္စားခဲ့တာ..
ဝမ္ မင္းေရာ?"
"ေ႐ွာင္း.."
"ဟင္"
"မင္းက အဲ့ဒီ Canola ပန္းေတြလိုပဲ.."
ႀကီးမားက်ယ္ျပန္႔ေသာ အဝါေရာင္ပန္းခင္းႀကီး ဆီသို႔ အၾကည့္ပို႔ထားေသာ ဝမ္က ခပ္ဖြဖြေလး ျပံဳးေနသည္။
"Canola..
လွပတယ္ ဒါေပမယ့္ စံပယ္ပန္းလို မႏူးည့ံဘူး..
ထက္ျမက္တယ္၊ မသံုးတတ္ရင္ေတာ့ အဆိပ္႐ွိတယ္..
သစၥာ သိပ္႐ွိတယ္၊ သစၥာေဖာက္ေတြကိုေတာ့.."
ရိေပၚမ်က္ႏွာထက္က အဓိပၸါယ္မ်ားစြာပါေနေသာ အျပံဳးမွ အနီးစပ္ဆံုး ဆိုလိုရင္းတစ္ခုကို လိုက္လံ ႐ွာေဖြ ဖမ္းဆုပ္ေနေသာ ေ႐ွာင္းက်န္႔ကို သူက ႏႈတ္ခမ္းေထာင့္စြန္းမ်ား ပိုမိုေကာ့ၫႊတ္သြားေအာင္ ျပံဳး၍ၾကည့္သည္။
"သစၥာေဖာက္ေတြကို သူ ဘယ္လိုစီရင္တတ္လဲ မင္း သိပါတယ္.."
ေကာင္ေလးလက္တစ္ဖက္က ပါးေပၚအုပ္ကိုင္လာေသာအခါ သူ မ်က္လံုးမ်ားကို အလိုအေလ်ာက္ မိွတ္ခ်လိုက္မိသည္။
"ေ႐ွာင္း
ကြၽန္ေတာ္.."
ပံုမွန္ထက္ ေလးနက္ေသာ အခ်ိန္တြင္သာ ကြၽန္ေတာ္ ဟု သံုးႏႈန္းတတ္ေသာ ေကာင္ေလးက သူ႔လက္ႏွစ္ဖက္လံုးကို အသံုးျပဳ၍ ေ႐ွာင္းက်န္႔ မ်က္ႏွာကို ႏူႏူးညံ့ညံ့ပိုက္ေထြးသည္၊
"ေ႐ွာင္းကို ခ်စ္တယ္.."
ႏႈတ္ခမ္းေပၚက အိစက္စက္အထိအေတြ႔တစ္ခုေၾကာင့္ လန္႔ဖ်ပ္ကာ သူ႔မ်က္လံုးမ်ားကို ဖြင့္လိုက္မိသည္။
ေမွ်ာ္လင့္ထားၿပီးသားျဖစ္ေသာ္လည္း ေ႐ွာင္းလူပ်ိဳႀကီးကေတာ့ first kiss မို႔ ရင္ဘတ္ႀကီး ပြင့္ထြက္သြားမတတ္ စိတ္လႈပ္႐ွားေနသည္။
ေ႐ွ႕လည္းမတိုး၊ ေနာက္လည္းမဆုတ္ဘဲ ထိကပ္သည္ဆိုရံုမွ်သာ ထိကပ္ထားေသာ ရိေပၚက မ်က္လံုးမ်ားကို ေမွးစင္းထား၏။
အေတာ္ျကာ႐ွည္ခဲ့ေသာ အနမ္းတစ္ခုက ခ်ိဳၿမိန္သလား၊ ျပင္း႐ွသလားကိုေတာ့ သူတို႔ႏွစ္ေယာက္လံုး မသိခဲ့..။
× × × × ×
"ေဆာရီးကြာ..
အေဆာင္မႉးအသစ္ေရာက္မယ္ဆိုလို႔ အခ်က္အလက္ေတြ ျပင္ဆင္ေနတာနဲ႔ မင္းတို႔ဆီ မလာျဖစ္လိုက္ဘူး.."
"ရပါတယ္
အခု ေရာက္လာၿပီပဲ.."
သံုးေယာက္စကားဝိုင္းက ျပန္လည္တိတ္ဆိတ္သြားသည္။
အမွန္တကယ္ ႏႈတ္ဆက္ရမည္ဆိုေတာ့
ဘာေျပာရမွန္း သူတို႔ မသိ။
"တကယ္ႀကီး ေဝးသြားၾကေတာ့မွာပဲ.."
"အင္း.."
တစ္ႏွစ္ေက်ာ္ ႏွစ္ႏွစ္ကာလအတြင္း စ,ကာ ေနာက္ကာ ေနခဲ႔ၾကသူမ်ားမို႔ ေလးေလးနက္နက္ ေျပာရမည္ဆိုေတာ့ အခက္ေတြ႔ေနၾကသည္။
"ငါကေတာ့ သတိရေနမွာ"
"ငါတို႔ေရာပါပဲ"
"105, မင္း အျပင္ေရာက္သြားရင္ ေပါခ်ာခ်ာလုပ္မေနနဲ႔ေနာ္
အျပင္ေလာကဆိုတာ စိတၱဇေထာင္လို အ႐ူးေတြပဲ ႐ွိတာမဟုတ္ဘူး
ဟိုဟာေတြက လည္လိုက္တာမွ မႊတ္လို႔၊ ေတာ္ၾကာ သားေကာင္ျဖစ္သြားဦးမယ္"
"ေအာင္မာ..
ေ႐ွာင္းက်န္႔မ်ား ဘာမွတ္ေနလဲ
အနည္းဆံုးေတာ့ မင္းထက္ လည္တယ္"
"ဟုတ္ပါၿပီ ဟုတ္ပါၿပီ
ေျပာပံုအရေတာ့ ငါ့ကုိ သတိရျပီး လြမ္းေဆြးေနေလာက္မယ္မထင္၊
သူ႔လင္ေလးနဲ႔ပဲ သာယာေနမွာ မသိရင္ခက္မယ္"
ေပၚတင္ႀကီး ေပးစားခံလိုက္ရသည့္အတြက္ ေ႐ွာင္းက်န္႔က ေဆြ႔ေဆြ႔ခုန္သြားသည္၊
တစ္နည္းေျပာရရင္ ႐ွက္ရမ္းရမ္းတာေပါ့..။
"ဘာ.. ဘာေျပာလိုက္တယ္..
ဟိုတစ္ေခါက္ကလို တအားေတြ ခံစားျပ၊ မ်က္ရည္က်ျပၿပီးမွ ငါတို႔ေနာက္လိုက္လာမွာဆို Feel ေနလည္း အပိုပဲမလား
အဲဒါ.. အဲဒါေၾကာင့္.."
ကတ္ကတ္လန္ ရန္ေတြ႔ေနေသာ ေ႐ွာင္းက်န္႔စကားအဆံုး ဆရာဝန္က ေခါင္းငံု႔၍ ၿငိမ္က်သြားသည္။
အတန္ၾကာမွ စကားတစ္ခြန္းကို ခက္ခက္ခဲခဲဆိုလာ၏။
"အဲ့လိုဆိုရင္ေတာ့ ေကာင္းတာေပါ့.."
///
"မနက္ျဖန္မနက္ဆို ထြက္သြားရေတာ့မွာေနာ္.."
"အင္း.."
လက္ေမာင္းခ်င္း ထိစပ္သည္အထိ ေဘးခ်င္းယွဥ္ကာ အိပ္ေနၾကေသာ သူတို႔ႏွစ္ေယာက္လံုး စိတ္လႈပ္႐ွားေနၾကသည္။
"လြန္ခဲ့တဲ့တစ္ႏွစ္က ငါ ဒီေနရာမွာ ေနခဲ့တဲ့ ငါးႏွစ္တာကာလအတြင္း အေပ်ာ္ရႊင္ရဆံုး အခ်ိန္ေတြပါ ဝမ္.."
"ငါ့အတြက္လည္း လြန္ခဲ့တဲ့တစ္ႏွစ္က ဒီေနရာမွာ ေနခဲ့တဲ့ ႏွစ္ႏွစ္လံုးလံုး အေကာင္းဆံုး အခ်ိန္ေတြ ျဖစ္ခဲ့ပါတယ္..
အဲဒီအတြက္ မင္းကို ေက်းဇူးတင္တယ္ ေ႐ွာင္း.."
"ငါလည္း မင္းကို ေက်းဇူးတင္တယ္"
ရိေပၚက လက္တစ္ဖက္ကို ေခါင္းေအာက္ လွ်ိဳထားသည္၊ ေ႐ွာင္းက်န္႔ကေတာ့ လက္ႏွစ္ဖက္လံုးကို ရင္ဘတ္ေပၚတင္ရင္း ေဘးတစ္ေစာင္းျမင္ေနရေသာ ဝမ့္မ်က္ႏွာကို ေငးၾကည့္ေနမိ၏။
"ၾကည့္လို႔ေကာင္းလား.."
"အင္း
ဝမ္ မင္းက သိပ္ေခ်ာတာပဲ"
"မင္းလည္း ေခ်ာတာပါပဲ ေ႐ွာင္းရာ.."
"မိုက္တယ္ေနာ္
ကိုယ့္ေယာက္်ားေရာ ကိုယ္ေရာက နတ္သားေလးေတြလို ေခ်ာေနတာ သိပ္မိုက္တာပဲ.. Oops.."
ႏႈတ္ခမ္းထက္ လက္ဖဝါးတစ္ဖက္ကို တင္ထားရင္း ေ႐ွာင္းက မဝ့ံမရဲျဖင့္ ရိေပၚကို ခိုးၾကည့္လာသည္။
သူ႔မွာလည္း "ကိုယ့္ေယာက္်ား" ဆိုသည့္ စကားစုေၾကာင့္ အသက္႐ွဴေအာင့္လိုက္မိ၏။
ေ႐ွာင္းရာ..
ဘယ္လိုေတြေတာင္ သတ္ခ်လိုက္တာလဲ။
///
အေရာင္အေသြးစံုသည့္ အေငြ႔အသက္တစ္မ်ိဳး ပ်ံ႔လြင့္ေနေသာ အခန္း၏ေလထုအေျခအေနကို အျပင္ဘက္ ေလွ်ာက္လမ္းမွ ေျခသံမ်ားက ၿဖိဳခြဲလိုက္သည္။
"အေဆာင္မႉးအသစ္ ေရာက္လာတယ္
ခဏ အခ်ိန္ေပးၾကပါ.. "
အခန္းတံခါးကို ဆြဲဖြင့္လိုက္ေသာအခါ အျပင္မွာ႐ွိေနသည္က သူတို႔၏ ေပါေၾကာင္ေၾကာင္ဆရာဝန္ေလး ပါဝင္ေသာ အေဆာင္ႀကီးၾကပ္ေရး ဝန္ထမ္းတစ္စုႏွင့္ မ်က္ႏွာစိမ္းလူအခ်ိဳ႕..။
ေ႐ွာင္းက်န္႔က အနည္းငယ္သာ ဖြင့္ထားေသာ တံခါးႏွင့္ ပိတ္ရပ္ေနသည့္ ရိေပၚ ခနၶာကိုယ္ေၾကာင့္ ေခါင္းေလးျပဴတစ္ျပဴတစ္ျဖင့္ ထြက္ၾကည့္သည္။
အေဆာင္မႉးအသစ္မွာ ႐ုပ္ရည္အရ ေခ်ာေမာသည့္အျပင္ အသက္လည္း ငယ္ေသးမည့္ပံု။
သေဘာေကာင္းဟန္႐ွိေသာ မ်က္ဝန္းတို႔ႏွင့္ ေကာ့ၫႊတ္ေနသည့္ ႏႈတ္ခမ္းတစ္စံုက ရိေပၚေနာက္မွ လူကို ေတြ႔လိုက္ရေသာအခါ ခ်က္ခ်င္းပင္ တည္တ့ံသြား၏။
အနားတိုးကပ္ကာ သူ႔ေနာက္ပါးမွ ေ႐ွာင္းကို စိုက္ၾကည့္ေနေသာ ထိုအေဆာင္မႉးအသစ္ေၾကာင့္ ရိေပၚက
အခန္းတံခါးကို ပိတ္ရပ္လိုက္သည္။
"သူ.. သူက ဘယ္သူလဲ"
အေနာက္မွ လူမ်ားထဲမွ တစ္ေယာက္၏ အေျဖကို ၾကားလိုက္ရၿပီးေနာက္ ထိုလူ႔မ်က္ႏွာမွာ ေသြးတစ္စက္မွ မ႐ွိေတာ့ဟန္ ျဖဴေလ်ာ္သြားေတာ့သည္။
"အေဆာင္သား 105, နာမည္ရင္း ေ႐ွာင္းက်န္႔ .."
× × × × ×
| Author's note |
ေနာက္ထပ္ ႏွစ္ပိုင္းပဲ က်န္ပါမယ္။
Canola ပန္းေတြရဲ႕ အဓိပၸာယ္က Google က အခ်က္အလက္တခ်ိဳ႕ကို ကိုယ့္ဟာကိုယ္ ဘာသာျပန္ထားတာမို႔ အမွားပါႏိုင္ပါတယ္။
အေဆာင္မႉးအသစ္က ေနာက္ဆံုးရင္ဆိုင္ရမယ့္ ျပသနာပါ။
To be continued...
× × × × ×
Unicode
Over one years later---
× × × × ×
🖊
Ni hao.
It's Xiao again.
ဒီစာမျက်နှာက စာအုပ်ရဲ့နောက်ဆုံးမို့
ဘာရေးရမလဲ အများကြီး စဉ်းစားခဲ့တာ..၊
အရင်စာမျက်နှာတွေတုန်းကလို ငါ့ဘဝအကြောင်းတွေ၊ လက်ရှိ ကြုံတွေ့နေရတဲ့ လူတွေအကြောင်း၊ မင်းကို ပြောချင်ပေမယ့် မပြောရဲတဲ့ စကားတွေ၊ ..စတဲ့ စတဲ့ ငါ့ခေါင်းထဲက ပေါက်သောက်အတွေးတွေ မဟုတ်ဘဲ လေးနက်တဲ့ စကားလုံးတွေနဲ့ အဓိပ္ပါယ်အများကြီး ရှိမယ့် စာမျိုး ရေးချင်ပေမယ့် တကယ်တမ်းကျ အခုရေးနေသလို ပေါက်လွတ်ပဲစားတွေပဲ ထွက်လာပြန်တယ်။ :')
ဒါပေမယ့် အောက်က စာကြောင်းတွေကိုတော့ တကယ် အများကြီး အများကြီး ကြိုးစားရေးထားတယ်နော်။
အဲဒါကြောင့် တစ်လုံးချင်း သေချာဖတ်ပေး။
ကျော်ချလိုက်ရင် ဖက်နမ်းမှာ: 3
အခုက တို့နှစ်ယောက် couple note book လေးတွေရဲ့ နောက်ဆုံးစာမျက်နှာ..
ငါ့ဘဝအကြီးမားဆုံး လျှို့ဝှက်ချက်၊ ဒီလိုမဟုတ်ရင် လိမ်လည်မှုကြီးလို့ပြောရမယ့် ကိစ္စတစ်ခုကို မင်းသိရအောင် ရေးခဲ့လိုက်မယ်။
ကတိပေးထားတဲ့အတိုင်း တစ်နေ့ကျ စာအုပ်ချင်း လဲဖတ်ကြရင်တောင် ဒီစာမျက်နှာကိုတော့ ဆုတ်ဖြဲပြီး ငါ့ရဲ့ နောက်ဆုံးအချိန်အတွက် ချန်ထားမယ်။
ငါသေဆုံးပြီးမှ မင်း ဖတ်ခွင့်ရှိစေရမယ်။
ဘာလို့လဲဆိုတော့ ဒါတွေကို သိပြီးတဲ့ မင်းကို ငါ ရင်မဆိုင်ရဲလို့ပါ..။
ငါ့ကို မင်းအထင်လွဲ.. အာ မှားလို့.. correction pen လည်း မရှိဘူး
ချီး!
🖊
"085, 105!!"
"နောက်ဆုံးတော့ သူရောက်လာပြီ"
ရိပေါ်က အိပ်နေရာမှ ခေါင်းထောင်၍ အိပ်ရေးမဝသည့် မျက်လုံးများဖြင့် အခန်းတံခါးကို အသံမြည်အောင်ပိတ်လိုက်သည့် ဆရာဝန်အား လှမ်းကြည့်၏။
ရှောင်းကျန့်ကတော့ ရေးလက်စ စာအုပ်အား စောင်အောက်ဖွက်လိုက်သည်။
အဲ့စပ်စလူးလက်ထဲ ရောက်မသွားအောင် ငါ့စာအုပ်ငါ ထိန်းသိမ်းလာတာ တစ်နှစ်နီးပါးရှိပြီ။
သူသာ ဖတ်မိသွားရင် ရှောင်းကျန့်တို့တော့ သွားပြီပဲ၊
တစ်ဘဝလုံး လှိမ့်နေအောင် အပြောင်ခံရမှာ။
ပြီးတော့ သူ ကတိတည်ရမယ်လေ။
စာအုပ်တွေရောက်ကတည်းက သူ့စာအုပ်ကို သူပဲဖတ်ရမယ်၊ ဝမ့်စာအုပ်ကိုလည်း ဝမ်ပဲဖတ်ရမယ်၊ အဆင်ပြေတဲ့ တစ်နေ့ကျမှ အချင်းချင်း လဲဖတ်ကြမယ်လို့ ကတိပြုထားတာမို့..။
ဆိုတော့
သူတို့စာအုပ်နှစ်အုပ်ဟာ သူတို့နှစ်ယောက်ပဲ ဖတ်ခွင့်ရှိမယ့်၊ ကမာ္ဘပေါ်က ရှိသမျှ စာအုပ်တွေထဲမှာ အရှားပါးဆုံး စာအုပ်တွေပဲ။
ဆရာဝန်က မျက်စိမှုန်တော့ သူ အဖွက်နောက်ကျသွားတာတောင် စောင်အောက်က စာအုပ်ကို သတိမထားမိဘူး။
"085, 105!"
"ကျွန်တော်မျိုးတို့ နားထောင်နေပါတယ်၊ လင်းတော်မူပါ ဘုရား.."
"*Cough*
ကောင်းပြီလေ
ဒီလိုဆိုတော့လည်း ငါကိုယ်တော်ကြီးက လင်းရမှာပေါ့"
ရှောင်းကျန့်က နှုတ်ခမ်းတစ်ဖက်စွန်းကို မဲ့ချလိုက်ပြီး ဆရာဝန်ကို ကြည့်မရဟန် မျက်နှာလွှဲသည်။
ဝမ်ရိပေါ်တစ်ယောက်ကတော့ ခေါင်းနှင့်ကုတင် မိတ်ဆက်တော့မလို အိပ်ငိုက်နေလေရဲ့။
"မင်းတို့ နောက်သုံးရက်နေရင် ဒီက လွတ်မြောက်ပြီ!!"
"တိုးတိုးပြောလည်း ရ.. ဘာ!!
ဘာပြောတယ်? ပြန်ပြောစမ်းပါ!"
085 ကပါ ဆတ်ခနဲ မတ်တပ်ထရပ်တော့ ဆရာဝန်က အားပါးတရ အော်ပြောလိုက်သည်။
"မင်းတို့နှစ်ယောက် နောက်သုံးရက်နေရင် အပြင်ရောက်ပြီ!
ဒီမှာ မနေရတော့ဘူးလို့!!!"
"အားးးးးး!!!"
///
"အပြင်ရောက်သွားရင် သတိမရတော့ပါဘူး"
"အမ်"
တစ်ယောက်ချင်းစီ လိုက်ပြီး လက်ဆွဲနှုတ်ဆက်နေသည့် ရှောင်းကျန့်ကို အဆောင်သားအားလုံးက ခေါင်းထဲ
'?' တွေ ဖြတ်ပြေးသွားဟန် မျက်နှာများနှင့် ကြည့်လိုက်ကြသည်။
နှုတ်ဆက်စကားက အဆန်းကြီးပါလား!
"အပြင်ရောက်သွားရင် သတိရနေမယ်" မဟုတ်ဘဲ
" သတိမရတော့ပါဘူး " တဲ့။
"အဲဒါဆို သွားပြီနော် ဒီနှစ်ရက်ကိုတော့ ကောင်းကောင်းကြီး ဖြုန်းတီးပစ်လိုက်ဦးမယ်"
"အားလုံးကို နှုတ်ဆက်ပါတယ်"
မြောက်ကြွမြောက်ကြွနှင့် ရှေ့ကသွားသော ရှောင်းကို တစ်ချက်ကြည့်ပြီး အဆောင်သားများဘက်လှည့်ကာ ရိပေါ်က 90° ခါးကိုင်း၍ နှုတ်ဆက်စကားဆိုသည်။
အသီးသီး ပြန်လည် ဦးညွှတ်ပြီးနောက်တွင်တော့ 105 နောက်လိုက်သွားသည့် 085 ကြောင့် သူတို့အားလုံး ခေါင်းယမ်း၍သာ ပြုံးလိုက်မိပါသည်။
"မင်းတို့နှစ်ယောက် တစ်ဘဝလုံး ပျော်ရွှင်နိုင်ပါစေ..."
///
"ကဲ ကဲ!
ပစ္စည်းတွေတော့ ထုပ်ပိုးပြီးသွားပြီ
ကျန်တဲ့အချိန်ကို ဘယ်လိုအသုံးပြုရကောင်းမလဲ.."
တံတောင်ဆစ်ထိ ခေါက်တင်ထားသော အင်္ကျီလက်ကို ပြန်လည်ဖြန့်ချနေသော ရှောင်းကျန့်က တစ်ကိုယ်တည်းရေရွတ်ဟန်ဖြင့် သူ့ကို ကွက်ကြည့်ကွက်ကြည့်လုပ်နေသည်။
တစ်နှစ်ကျော် အတူနေလာသည့် အတွေ့အကြုံအရ ရှောင်း ဘာဖြစ်ချင်နေသည်ဆိုတာ ရိပေါ် ကောင်းကောင်းသိပါသည်။
"Canola ပန်းခင်းဆီ သွားကြမလား.."
"Okay!! "
///
"အပြင်ရောက်သွားရင်.."
မနက်ခင်း၏ နေရောင်ခြည်ဖျော့ဖျော့ ဖြာကျနေသော ရှောင်း၏မျက်နှာတစ်ခြမ်းကို ရိပေါ်က ထုံးစံအတိုင်း မက်မက်မောမောငေးပါသည်။
လေပြည်နုနုကလည်း အဝါရောင်ပန်းခင်းကြီးအား အနည်းငယ်မျှ လှုပ်ခတ်စေပြီးနောက် သူ့ဆံနွယ်ပျော့ပျော့များပေါ် ရောက်လာပြန်၏၊ အမှန်ပင် ကြည့်ကောင်းသော မြင်ကွင်းတစ်ခုပင်..။
"ငါတို့ ဘယ်လိုနေကြမလဲ.."
"အတူတူနေမှာပေါ့
ကျွန်တော်က အလုပ်မျိုးစုံလုပ်နိုင်တယ်
ဘယ်လိုနေရာပဲရောက်ရောက် ရှောင်း တစ်ယောက်ကိုတော့ ကောင်းကောင်းထားနိုင်တာမို့.."
နားသယ်စပ်ဆီ ထိတွေ့လာသော လက်ချောင်းရှည်များကြောင့် ရှောင်းကျန့် လက်ချောင်းများကို ကျုံ့ထားလိုက်မိသည်၊
နားနောက်ဘက်တွင် အဆုံးသတ်သွားတော့ ထိုအထိအတွေ့ကား တစ်နှစ်ကျော် အတူနေထိုင်လာခဲ့သော သူတို့အတွက် အနည်းငယ်မျှပင် မထူးဆန်းပါ၊ သို့သော် ရှောင်းကျန့် စိတ်လှုပ်ရှားနေသည်ကိုတော့ နားနောက်ညှပ်ပေးခံလိုက်ရသော ဆံပင်ပျော့ပျော့တချို့သာ သိပါလိမ့်မည်။
"စိတ်မပူပါနဲ့.."
အရောင်ပြောင်းလာသော လေထုကို ရှောင်းကျန့်က ချောင်းတစ်ချက်ဟန့်ကာ ရပ်တန့်စေလိုက်သည်။
"ဆံပင်တွေတောင် ရှည်နေပြီ"ဆိုသည့် စကားကို အထစ်ထစ်အအ,အ ဖြစ်နေသော သူ့ကို ဝမ်တစ်ယောက်ကတော့ ခပ်ပြုံးပြုံးဖြင့် ကြည့်သည်။
"တစ်နှစ်ကျော်တောင် ကြာသွားခဲ့ပြီပဲ.."
"Umm.."
"နောက်နှစ်ရက်လောက်နေရင် ငါတို့ ကိုယ့်ဘဝကိုယ် ပိုင်ပြီ.."
"အင်း"
"မင်းသိလား
ငါ မင်းကို စ,တွေ့ကတည်းက စိတ်ဝင်စားခဲ့တာ..
ဝမ် မင်းရော?"
"ရှောင်း.."
"ဟင်"
"မင်းက အဲ့ဒီ Canola ပန်းတွေလိုပဲ.."
ကြီးမားကျယ်ပြန့်သော အဝါရောင်ပန်းခင်းကြီး ဆီသို့ အကြည့်ပို့ထားသော ဝမ်က ခပ်ဖွဖွလေး ပြုံးနေသည်။
"Canola..
လှပတယ် ဒါပေမယ့် စံပယ်ပန်းလို မနူးညံ့ဘူး..
ထက်မြက်တယ်၊ မသုံးတတ်ရင်တော့ အဆိပ်ရှိတယ်..
သစ္စာ သိပ်ရှိတယ်၊ သစ္စာဖောက်တွေကိုတော့.."
ရိပေါ်မျက်နှာထက်က အဓိပ္ပါယ်များစွာပါနေသော အပြုံးမှ အနီးစပ်ဆုံး ဆိုလိုရင်းတစ်ခုကို လိုက်လံ ရှာဖွေ ဖမ်းဆုပ်နေသော ရှောင်းကျန့်ကို သူက နှုတ်ခမ်းထောင့်စွန်းများ ပိုမိုကော့ညွှတ်သွားအောင် ပြုံး၍ကြည့်သည်။
"သစ္စာဖောက်တွေကို သူ ဘယ်လိုစီရင်တတ်လဲ မင်း သိပါတယ်.."
ကောင်လေးလက်တစ်ဖက်က ပါးပေါ်အုပ်ကိုင်လာသောအခါ သူ မျက်လုံးများကို အလိုအလျောက် မှိတ်ချလိုက်မိသည်။
"ရှောင်း
ကျွန်တော်.."
ပုံမှန်ထက် လေးနက်သော အချိန်တွင်သာ ကျွန်တော် ဟု သုံးနှုန်းတတ်သော ကောင်လေးက သူ့လက်နှစ်ဖက်လုံးကို အသုံးပြု၍ ရှောင်းကျန့် မျက်နှာကို နူနူးညံ့ညံ့ပိုက်ထွေးသည်၊
"ရှောင်းကို ချစ်တယ်.."
နှုတ်ခမ်းပေါ်က အိစက်စက်အထိအတွေ့တစ်ခုကြောင့် လန့်ဖျပ်ကာ သူ့မျက်လုံးများကို ဖွင့်လိုက်မိသည်။
မျှော်လင့်ထားပြီးသားဖြစ်သော်လည်း ရှောင်းလူပျိုကြီးကတော့ first kiss မို့ ရင်ဘတ်ကြီး ပွင့်ထွက်သွားမတတ် စိတ်လှုပ်ရှားနေသည်။
ရှေ့လည်းမတိုး၊ နောက်လည်းမဆုတ်ဘဲ ထိကပ်သည်ဆိုရုံမျှသာ ထိကပ်ထားသော ရိပေါ်က မျက်လုံးများကို မှေးစင်းထား၏။
အတော်ကြာရှည်ခဲ့သော အနမ်းတစ်ခုက ချိုမြိန်သလား၊ ပြင်းရှသလားကိုတော့ သူတို့နှစ်ယောက်လုံး မသိခဲ့..။
× × × × ×
"ဆောရီးကွာ..
အဆောင်မှူးအသစ်ရောက်မယ်ဆိုလို့ အချက်အလက်တွေ ပြင်ဆင်နေတာနဲ့ မင်းတို့ဆီ မလာဖြစ်လိုက်ဘူး.."
"ရပါတယ်
အခု ရောက်လာပြီပဲ.."
သုံးယောက်စကားဝိုင်းက ပြန်လည်တိတ်ဆိတ်သွားသည်။
အမှန်တကယ် နှုတ်ဆက်ရမည်ဆိုတော့
ဘာပြောရမှန်း သူတို့ မသိ။
"တကယ်ကြီး ဝေးသွားကြတော့မှာပဲ.."
"အင်း.."
တစ်နှစ်ကျော် နှစ်နှစ်ကာလအတွင်း စ,ကာ နောက်ကာ နေခဲ့ကြသူများမို့ လေးလေးနက်နက် ပြောရမည်ဆိုတော့ အခက်တွေ့နေကြသည်။
"ငါကတော့ သတိရနေမှာ"
"ငါတို့ရောပါပဲ"
"105, မင်း အပြင်ရောက်သွားရင် ပေါချာချာလုပ်မနေနဲ့နော်
အပြင်လောကဆိုတာ စိတ္တဇထောင်လို အရူးတွေပဲ ရှိတာမဟုတ်ဘူး
ဟိုဟာတွေက လည်လိုက်တာမှ မွှတ်လို့၊ တော်ကြာ သားကောင်ဖြစ်သွားဦးမယ်"
"အောင်မာ..
ရှောင်းကျန့်များ ဘာမှတ်နေလဲ
အနည်းဆုံးတော့ မင်းထက် လည်တယ်"
"ဟုတ်ပါပြီ ဟုတ်ပါပြီ
ပြောပုံအရတော့ ငါ့ကို သတိရပြီး လွမ်းဆွေးနေလောက်မယ်မထင်၊
သူ့လင်လေးနဲ့ပဲ သာယာနေမှာ မသိရင်ခက်မယ်"
ပေါ်တင်ကြီး ပေးစားခံလိုက်ရသည့်အတွက် ရှောင်းကျန့်က ဆွေ့ဆွေ့ခုန်သွားသည်၊
တစ်နည်းပြောရရင် ရှက်ရမ်းရမ်းတာပေါ့..။
"ဘာ.. ဘာပြောလိုက်တယ်..
ဟိုတစ်ခေါက်ကလို တအားတွေ ခံစားပြ၊ မျက်ရည်ကျပြပြီးမှ ငါတို့နောက်လိုက်လာမှာဆို Feel နေလည်း အပိုပဲမလား
အဲဒါ.. အဲဒါကြောင့်.."
ကတ်ကတ်လန် ရန်တွေ့နေသော ရှောင်းကျန့်စကားအဆုံး ဆရာဝန်က ခေါင်းငုံ့၍ ငြိမ်ကျသွားသည်။
အတန်ကြာမှ စကားတစ်ခွန်းကို ခက်ခက်ခဲခဲဆိုလာ၏။
"အဲ့လိုဆိုရင်တော့ ကောင်းတာပေါ့.."
///
"မနက်ဖြန်မနက်ဆို ထွက်သွားရတော့မှာနော်.."
"အင်း.."
လက်မောင်းချင်း ထိစပ်သည်အထိ ဘေးချင်းယှဉ်ကာ အိပ်နေကြသော သူတို့နှစ်ယောက်လုံး စိတ်လှုပ်ရှားနေကြသည်။
"လွန်ခဲ့တဲ့တစ်နှစ်က ငါ ဒီနေရာမှာ နေခဲ့တဲ့ ငါးနှစ်တာကာလအတွင်း အပျော်ရွှင်ရဆုံး အချိန်တွေပါ ဝမ်.."
"ငါ့အတွက်လည်း လွန်ခဲ့တဲ့တစ်နှစ်က ဒီနေရာမှာ နေခဲ့တဲ့ နှစ်နှစ်လုံးလုံး အကောင်းဆုံး အချိန်တွေ ဖြစ်ခဲ့ပါတယ်..
အဲဒီအတွက် မင်းကို ကျေးဇူးတင်တယ် ရှောင်း.."
"ငါလည်း မင်းကို ကျေးဇူးတင်တယ်"
ရိပေါ်က လက်တစ်ဖက်ကို ခေါင်းအောက် လျှိုထားသည်၊ ရှောင်းကျန့်ကတော့ လက်နှစ်ဖက်လုံးကို ရင်ဘတ်ပေါ်တင်ရင်း ဘေးတစ်စောင်းမြင်နေရသော ဝမ့်မျက်နှာကို ငေးကြည့်နေမိ၏။
"ကြည့်လို့ကောင်းလား.."
"အင်း
ဝမ် မင်းက သိပ်ချောတာပဲ"
"မင်းလည်း ချောတာပါပဲ ရှောင်းရာ.."
"မိုက်တယ်နော်
ကိုယ့်ယောက်ျားရော ကိုယ်ရောက နတ်သားလေးတွေလို ချောနေတာ သိပ်မိုက်တာပဲ.. Oops.."
နှုတ်ခမ်းထက် လက်ဖဝါးတစ်ဖက်ကို တင်ထားရင်း ရှောင်းက မဝံ့မရဲဖြင့် ရိပေါ်ကို ခိုးကြည့်လာသည်။
သူ့မှာလည်း "ကိုယ့်ယောက်ျား" ဆိုသည့် စကားစုကြောင့် အသက်ရှူအောင့်လိုက်မိ၏။
ရှောင်းရာ..
ဘယ်လိုတွေတောင် သတ်ချလိုက်တာလဲ။
///
အရောင်အသွေးစုံသည့် အငွေ့အသက်တစ်မျိုး ပျံ့လွင့်နေသော အခန်း၏လေထုအခြေအနေကို အပြင်ဘက် လျှောက်လမ်းမှ ခြေသံများက ဖြိုခွဲလိုက်သည်။
"အဆောင်မှူးအသစ် ရောက်လာတယ်
ခဏ အချိန်ပေးကြပါ.. "
အခန်းတံခါးကို ဆွဲဖွင့်လိုက်သောအခါ အပြင်မှာရှိနေသည်က သူတို့၏ ပေါကြောင်ကြောင်ဆရာဝန်လေး ပါဝင်သော အဆောင်ကြီးကြပ်ရေး ဝန်ထမ်းတစ်စုနှင့် မျက်နှာစိမ်းလူအချို့..။
ရှောင်းကျန့်က အနည်းငယ်သာ ဖွင့်ထားသော တံခါးနှင့် ပိတ်ရပ်နေသည့် ရိပေါ် ခန္ဓာကိုယ်ကြောင့် ခေါင်းလေးပြူတစ်ပြူတစ်ဖြင့် ထွက်ကြည့်သည်။
အဆောင်မှူးအသစ်မှာ ရုပ်ရည်အရ ချောမောသည့်အပြင် အသက်လည်း ငယ်သေးမည့်ပုံ။
သဘောကောင်းဟန်ရှိသော မျက်ဝန်းတို့နှင့် ကော့ညွှတ်နေသည့် နှုတ်ခမ်းတစ်စုံက ရိပေါ်နောက်မှ လူကို တွေ့လိုက်ရသောအခါ ချက်ချင်းပင် တည်တံ့သွား၏။
အနားတိုးကပ်ကာ သူ့နောက်ပါးမှ ရှောင်းကို စိုက်ကြည့်နေသော ထိုအဆောင်မှူးအသစ်ကြောင့် ရိပေါ်က
အခန်းတံခါးကို ပိတ်ရပ်လိုက်သည်။
"သူ.. သူက ဘယ်သူလဲ"
အနောက်မှ လူများထဲမှ တစ်ယောက်၏ အဖြေကို ကြားလိုက်ရပြီးနောက် ထိုလူ့မျက်နှာမှာ သွေးတစ်စက်မှ မရှိတော့ဟန် ဖြူလျော်သွားတော့သည်။
"အဆောင်သား 105, နာမည်ရင်း ရှောင်းကျန့် .."
× × × × ×
| Author's note |
နောက်ထပ် နှစ်ပိုင်းပဲ ကျန်ပါမယ်။
Canola ပန်းတွေရဲ့ အဓိပ္ပာယ်က Google က အချက်အလက်တချို့ကို ကိုယ့်ဟာကိုယ် ဘာသာပြန်ထားတာမို့ အမှားပါနိုင်ပါတယ်။
အဆောင်မှူးအသစ်က နောက်ဆုံးရင်ဆိုင်ရမယ့် ပြသနာပါ။
To be continued...
× × × × ×