//Unicode//
အခန်း-၂ (ရွေးချယ်၊နေရာချထားခြင်း)
စုလင်းက တံခါးကို စေ့စေ့ကြည့်နေလိုက်မိသည်။ သူ အိပ်ရာမှ ထပြီး တံခါးကိုဖွင့်ကြည့်ရန် ကြိုးစားသော်လည်း မဖွင့်နိုင်ခဲ့ပေ။ ထို့နောက် သူ့ဘယ်ဘက်လက်ကောက်ဝတ်ကို ငုံ့ကြည့်လိုက်တော့ အဖြူရောင်ပိတ်ကျဲစပေါ်တွင် စွန်းထင်းနေသောသွေးများက အလွန်ထင်ရှားနေပေသည်။ တစ်ချိန်တည်းမှာပင် သူ ချွန်ထက်သည့်အရာနဲ့အထိုးခံထားရသည့် နာကျင်မှုမျိုးကို ခံစားလိုက်ရသည်။
သူ ဒီမှာ မနေနိုင်ဘူး။ဒီအမျိုးသမီးက ရူးနေတာ။
နေရာမှာပဲ မတ်တပ်ရပ်နေရင်း အရာအားလုံးကိုအမှတ်တမဲ့ စဉ်းစားလိုက်ပြီး စုလင်း အသက်ပြင်းပြင်းရှူလိုက်ကာ သူယူလာသောဆေးနှင့်ပိတ်ကျဲစများကို ယူပြီး ပြတင်းပေါက်ဘေးရှိ စားပွဲဆီသို့လျှောက်လာလိုက်သည်။ သူ ဆေးကို ကောက်ယူပြီး ညွှန်ကြားချက်များကို ဖတ်ရင်း ခွေးခြေခုံလေးကို ဆွဲထိုင်လိုက်ကာ ပတ်တီးကိုဖယ်ရှားလိုက်သည်။
ဒဏ်ရာ ပေါ်လာသောအခါ သူ ဂရုတစိုက် ကြည့်လိုက်ရာ ထိုဒဏ်ရာသည် သေကြောင်းကြံစည်မှုကြောင့် ဖြစ်လာသည်မှာ သေချာသည်။ သူ နှုတ်ခမ်းကို သပ်လိုက်ပြီး ပတ်တီးမလဲခင် ဆေးကို သေသေချာချာလိမ်းလိုက်သည်။
ဤမူလခန္ဓာကိုယ်သည် ၁၇ သို့မဟုတ် ၁၈ နှစ်သာရှိသေးပုံရသည်။ သူ့လိုကလေးမျိုးက ဒါမျိုးကို လုပ်ဖို့ဆိုတာ သူ တော်တော်ကို စိတ်ညစ်စရာအတွေ့အကြုံတွေ ရင်ဆိုင်ခဲ့ရတာ သိသာလှသည်။ ဒါ့အပြင် ဒီလိုမိထွေးနဲ့ဆိုတော့ ပျော်ရွှင်ဖို့ မဖြစ်နိုင်ပါချေ။ သူ ပတ်တီးစည်းပြီးတော့ အိပ်ရာဆီ လျှောက်လာလိုက်သည်။ သူ ထိုအမျိုးသမီးပစ်ပေးသွားသောစာရွက်ကို ယူပြီး သေသေချာချာဖတ်ကြည့်လိုက်သည်။
Omegaများ၏လက်ထပ်မှုကို စနစ်ဖြင့် ရွေးချယ်၊နေရာချထားရေး လျှောက်လွှာ: မျိုးဗီဇဘဏ်တွင် ထိန်းသိမ်းထားသော သင့်ရဲ့ မျိုးဗီဇနှင့် ကိုက်ညီသည့် Alpha ကို System မှ ရွေးချယ်ပေးပါမည်။ တွဲဖက်ခြင်း အောင်မြင်ပြီးနောက် ထိုAlpha သည် သင်ဖြည့်သွင်းထားသောလိပ်စာသို့ ၃ရက်အတွင်း လာရောက်ခေါ်ဆောင်ပြီး သင်နှင့်အတူ လက်ထပ်ခြင်းဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်ကို ဆောင်ရွက်ပါမည်။
မှတ်ချက်။ ဤလျှောက်လွှာသည် မိမိ ဆန္ဒအလျောက်ဖြစ်သောမူဝါဒကိုသာ လက်ခံသည်။ထို့ကြောင့် ကျေးဇူးပြု၍ လက်ရေးဖြင့် လက်မှတ်ရေးထိုးပါ။ သက်ဆိုင်ရာဌာနသည် စစ်မှန်မှုစစ်ဆေးခြင်းကို ပြုလုပ်ပါမည်။ ၎င်းအချက်အလက်တို့ မှန်ကန်ကြောင်း အတည်ပြုပြီးနောက် ကျွန်ုပ်တို့သည် သင့်အတွက် သင့်တော်သော လက်တွဲဖော်နှင့် စတင် တွဲဖက်ပေးပါမည်။
လက်ထပ်မှုနေရာချထားရေး?
စုလင်း ထိုအမျိုးသမီး၏စကားများကို ပြန်တွေးကြည့်သောအခါ သူမက ဘယ်သူမှ သူ့ကိုလက်မထပ်ချင်ကြသောကြောင့် ဤ လက်ထပ်မှုနေရာချထားရေးကို လျှောက်ကိုလျှောက်ရမယ်လို့ ပြောခဲ့သည်။
ဒါပေမယ့် သူက အရမ်းငယ်သေးတယ်လေ! ပြီးတော့ ယောကျာ်းတစ်ယောက်လေ ...
မဟုတ်သေးဘူး။ ဒီလို လုပ်လို့မရဘူး။
Omega များအတွက်သာ ဟူသည့် ညာဘက်အပေါ်ထောင့်ရှိ စာကြောင်းလေးကို သူ့အကြည့်ကရောက်သွားသည်။ သူ ဒီစကားလုံးနဲ့ ပတ်သက်သည့် ဝတ္ထုကို မကြာခင်ကပဲ ဖတ်ပြီးခဲ့တာကြောင့် ဒီစကားလုံးကို သိပ်မစိမ်းပါချေ။
စာရေးသူက စုလင်းရဲ့စိတ်ကူးယဉ်နတ်ဘုရားကိုရေးဖွဲ့ခဲ့သောကြောင့် သူက စာရေးသူကို ချစ်စရာကောင်းသော မှတ်ချက်များ၊လက်ဆောင်များပို့ပေးခဲ့သည်။ သို့သော် နောက်ပိုင်း ဝတ္ထုထဲတွင် ထိုနတ်ဘုရားကို သေဆုံးသွားစေခဲ့သောကြောင့် စာရေးသူကို မကောင်းတဲ့မှတ်ချက်တွေ တစ်ပုံတစ်ပင် ပို့ခဲ့သည်။
Omega ဟူသည် ABOကမ္ဘာတွင် တည်ရှိသည်။ ထိုလောကတွင် လူတို့သည် အမျိုးသား Alpha၊ Beta၊ Omega နှင့် အမျိုးသမီး Alpha၊ Beta၊ Omega ဟူ၍ လိင်အမျိုးအစား ၆မျိုး ရှိသည်။ ရိုးရိုးရှင်းရှင်းပြောရလျှင် အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ Alpha သည် Gongဖြစ်ပေသည်။ ကိုယ်ဝန်မရနိုင်ပေ။ Beta က Gongကော၊Shouကော ဖြစ်နိုင်သည်။ သို့သော်ငြား သူတို့ရဲ့ ကလေးမွေးဖွားနိုင်သည့်ရာခိုင်နှုန်းက မမြင့်ပါချေ။ Omega သည် စစ်မှန်သော Shou ဖြစ်ပြီး ကလေးမွေးဖွားနိုင်နှုန်း အမြင့်ဆုံး ဖြစ်သည်။ Betaများသည် လူဦးရေအများဆုံး ဖြစ်ပြီး Alpha နှင့် Omegaများကတော့ အလွန်ရှားပါးလှပေသည်။ Alphaအရေအတွက်သည် Omega ထက်ပိုများပြီး အုပ်စု၃ခုတွင် အသန်မာဆုံး ဖြစ်သည်။ Omega သည် အင်အားအရာ၌ အားအနည်းဆုံးဖြစ်သည်။
စုလင်း သူရဲ့နှလုံးသားပေါ်ကို မြင်းအကောင်ရေ တစ်သောင်းလောက် ဖြတ်ပြေးသွားသလို ခံစားလိုက်ရသည်။
ABOကမ္ဘာ့နောက်ခံဇာတ်ကြောင်း? အဲ့ဒါစိတ်ကူးယဉ်ဝတ္ထုဇာတ်လမ်း မဟုတ်လား?။ အဲ့ဒါကြီးက တကယ်ဖြစ်လာတယ်! ပြီးတော့ သူက အခု Omegaတစ်ယောက်? အဲ့တော့ သူက Alphaတွေရဲ့ဆွဲဆောင်မှုကို မခုခံနိုင်တဲ့အပြင် သူကတောင် လိုချင်ပြီး ဆာလောင်နေဦးမယ့် Estrusကာလလည်း သူ့မှာ ရှိမယ်ဆိုတဲ့ သဘောပေါ့
စုလင်း ထိုစာရွက်ကို မဆိုင်းမတွဲဘဲ ဆုတ်ဖြဲပစ်လိုက်သည်။
ဒီစနစ်ဆိုတာကြီးကို သူ့အတွက် ယောကျာ်းတစ်ယောက်ရှာပေးဖို့ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ချေ။ သူက ယောကျာ်းလေးတွေကိုကြိုက်တယ်ဆိုတာ ယောကျာ်းတိုင်းကို ကြိုက်တယ်လို့ ဆိုလိုတာမဟုတ်ဘူး။
ထိုစာရွက်အပိုင်းအစတွေကို အမှိုက်ပုံးထဲ ပစ်ချလိုက်ပြီး ခဏလောက် စဉ်းစားလိုက်သည်။
ထို့နောက် သူအခန်းကို သေချာ လှန်လှောရှာဖွေပြီး အသုံးဝင်နိုင်သည့် ပစ္စည်းမှန်သမျှကို စားပွဲပေါ် စု'တင်လိုက်သည်။ သူဆေးရုံမှာတွေ့ခဲ့တဲ့လူသုံးခဲ့တဲ့ နာရီမျိုးကို တွေ့လိုက်ရတော့ သူပျော်သွားသည်။ သူ 'နာရီရဲ့အညွှန်း'ကို ဂရုတစိုက်ဖတ်လိုက်သည်။
ထို'နာရီ'ကို ကိုယ်ပိုင်လက်ကောက်ဟု ခေါ်သည်။ ၎င်းတွင် မိုဘိုင်းလ်ဖုန်းတစ်လုံးနှင့် ကွန်ပျူတာတစ်လုံး၏လုပ်ဆောင်ချက်များ ပါ၀င်ပြီး အလွန်အဆင့်မြင့်နည်းပညာသုံး သုံးဖက်မြင် မျက်နှာပြင် တစ်ခုကိုပင် ထုတ်ဖော်၊ဖန်တီး နိုင်သည်။ ညွှန်ကြားချက်များသည် ရှင်းရှင်းလင်းလင်းရှိလှ၍ စုလင်း သူ့ရဲ့လက်ကောက်ကို ဘယ်လိုသုံးရမလဲဆိုတာ သိပ်မကြာခင်ပဲ နားလည်သွားသည်။
သူက ဒီမူရင်းခန္ဓာကိုယ်ရဲ့ လူမှုအသိုင်းအဝိုင်းနယ်ပယ် ဘယ်လိုရှိလဲ ဆိုတာကို နားလည်ဖို့ လိပ်စာစာအုပ်ကို ဖွင့်လိုက်သည်။ လိပ်စာစာအုပ်သည် တစ်ချက်လောက်ကြည့်လိုက်ရုံဖြင့် အပြီးဖတ်နိုင်သည်။ ဆရာ၊ အဖေ၊ ဒေါ်လေးဟန်၊ ဒုတိယညီလေးနှင့်တတိယညီလေး ဟူ၍ စုစုပေါင်း ၅ ဦးသာ ရှိသည်။ သူ ခဏလောက်မှင်သက်မိပြီး ဒိုင်ယာရီကို ပြောင်းဖွင့်လိုက်သည်။ စုလင်း အနည်းငယ် တုန့်ဆိုင်းမိပေမဲ့လည်း သူ့လက်ဗွေကို သုံးပြီး ဖွင့်လိုက်သည်၊
ကောင်လေးရဲ့အတိတ်ကို ဖတ်ဖို့ သူ အချိန်တော်တော်ယူခဲ့သည်။ ဖတ်ပြီးသွားသောအခါသူ အနည်းငယ် စိတ်မသက်မသာ ခံစားခဲ့ရသည်။ သုံးဖက်မြင်မျက်နှာပြင်က ဒိုင်ယာရီရဲ့ နောက်ဆုံးစာမျက်နှာ မေလ ၁၉ ရက်နေ့ကို ပြသနေခဲ့သည်။
"ဒီနေ့ ငါအသက် ၁၈ နှစ်ပြည့်လို့ လူကြီးဖြစ်ပြီ။ ငါ ရဲရင့် ရမယ်၊ ငါ တက္ကသိုလ်၀င်ခွင့် ရချင်တယ်၊ အမေ့ဆိုင်ကို ဂရုစိုက်ချင်တယ်။ မနက်ဖြန် ဝန်ခံမယ်။ ငါ ရဲရင့် ရမယ်!"
စုလင်း သက်ပြင်းချကာ ဒိုင်ယာရီကိုပိတ်လိုက်ပြီးစောစောက သူရှာတွေ့ခဲ့တဲ့ ကဒ်လေးတွေကို ကြည့်လိုက်သည်။ သူခုနက အပြစ်ဝန်ခံခြင်းနဲ့ ကောင်းချီးစကားတွေ ရေးထားတဲ့ ဒီ ပန်းရောင်နဲ့အဖြူရောင်စပ် ကဒ်လေး ၃ခုကို အံဆွဲထဲကနေ ရှာတွေ့ခဲ့သည်။ ကဒ်လေး ၃ခုက ဖြတ်ပိုင်းအကြမ်းစာရွက်လေးတွေ ဖြစ်သည်။ ကဒ်အောက်ခြေတွင် ရေစိုထားခဲ့သလို တွန့်ခေါက်နေသော ခေါက်ကြောင်းများ ရှိသည်။ သူ ကတ်ကို လှန်ကြည့်လိုက်တော့ ကျောဘက်မှာ စာတွေကို ရှုပ်ပွနေအောင်ရေးထားသည်။
"ငါက သူရဲဘောကြောင်တယ်၊ ငါက အသုံးမကျဘူး။ ဘယ်သူမှ ငါ့ကို ကြိုက်မှာ မဟုတ်ဘူး။ငါ တက္ကသိုလ်လည်း မတက်နိုင်ဘူး။ ငါ မေမေ့ရဲ့ဆိုင်ကိုလည်း ဂရုမစိုက်နိုင်ဘူး။ တောင်းပန်ပါတယ် မေမေ။ တောင်းပန်ပါတယ်"
စုလင်း သက်ပြင်းကို ခပ်ရှည်ရှည် ချလိုက်မိရင်း ခေါင်းကိုလှည့်ကာ ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်သည်။ ပြတင်းပေါက်ပေါ်မှတစ်ဆင့် လိမ္မော်ရောင်နေရောင်ခြည် ဖြာကျနေသည်မှာ ချစ်စဖွယ်ကောင်းလှသည်။ သူ ကတ်ကို အံဆွဲထဲ ပြန်ထည့်လိုက်ပြီး သော့ခတ်လိုက်သည်။ မူလပိုင်ရှင်နှင့်ပတ်သတ်သည့် အချက်အလက်တွေ ပိုသိရဖို့ သူ လက်ကောက်ကို ဆက်ကြည့်လိုက်သည်။ သုံးဖက်မြင် ဖန်သားပြင်ကို ပွတ်ဆွဲလိုက်တော့ "မေမေ" ဟု နာမည် ပေးထားသော ဝှက်ထားသော ဖိုင်တွဲ တစ်ခုကို မြင်လိုက်ရသည်။ ထိုဖိုင်တွဲတွင် "မေမေ့ရဲ့လက်ဆောင်" နဲ့ "မေမေ့ရဲ့ဆိုင်" ဟူ၍ ဖိုင်ခွဲ ၂ခုပါရှိသည်။
"မေမေ့ရဲ့လက်ဆောင်"ဖိုင်ခွဲတွင် အသက် ၃ နှစ်မှ ၁၈ နှစ် အထိ မွေးနေ့ဆုတောင်း တောင်းပေးထားသောဗီဒီယိုပေါင်း ၁၆ ခုပါသည်။ နောက်ဆုံးဗီဒီယိုရဲ့ နောက်ဆုံးဖွင့်ထားသောရက်သည် မေလ ၁၉ ရက်၊ 00:00 ဖြစ်သည်။ စုလင်း နောက်ဆုံးဗီဒီယိုကို ဖွင့်လိုက်သောအခါ ဆံပင်တိုတိုနှင့် ကြင်နာသောမျက်ဝန်းတို့ပိုင်ဆိုင်သည့် နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ဦး သုံးဖက်မြင်ဖန်သားပြင်တွင် ပေါ်လာသည်။ သူမမျက်နှာက ဖြူဖျော့နေပြီး ကျန်းမာရေးကောင်းပုံ မပေါ်ချေ။ သူမက ဥယျာဉ်ထဲတွင် ကြိမ်ခုံ တစ်လုံးပေါ်တွင် ထိုင်ပြီး ကင်မရာကိုပြုံးပြရင်း
"လင်းလင်း၊ ၁၈ နှစ်ပြည့် မွေးနေ့မှာ ပျော်ရွှင်ပါစေ။ မေမေက မင်းနဲ့တစ်ချိန်လုံးအတူရှိ မနေပေးနိုင်တဲ့အတွက် တောင်းပန်ပါတယ်။"
ထိုအမျိုးသမီးရဲ့မျက်ဝန်းများမှ မျက်ရည်များစီးကျလာပြီး
"မေမေ့ရဲ့ သနားစရာ ကလေးလေး၊ သူက သားအပေါ် မကောင်းဘူး မလား?။ မေမေ တောင်းပန်ပါတယ်၊ သားရဲ့ဖွံ့ဖြိုးမှု သက်တောင့်သက်သာဖြစ်စေဖို့ အကြီးတစ်ယောက်ရဲ့ pheromone လိုအပ်တယ်၊ ဒါကြောင့် မေမေ သားကို အဝေးကို မပို့နိုင်ခဲ့ဘူး"
သူမမျက်ရည်များကို သုတ်လိုက်ပြီး တွန့်ဆုတ်စွာပြုံးရင်း
"လူကြီးဘဝရောက်လာပြီ ဖြစ်တဲ့ အတွက် ဂုဏ်ယူပါတယ်။ မေမေရဲ့ဆိုင်ကို ဒီနေ့မှာ သားဆီ တရားဝင် လွှဲပြောင်းပေးခဲ့တယ်။ ဒီကိစ္စကိုဘယ်လိုစီစဉ်မလဲဆိုတာ သားအပေါ်မှာ မူတည်ပါတယ်။"
ထို့နောက် သူမက ဂရုတစိုက်ကြည့်ကာ
"မေမေ ရှေ့ဆက်ပြောမယ့်ဟာတွေကို သား သေချာ မှတ်ထားရမယ်။ မေမေက သားရဲ့ Pheromone မူမမှန်တာကို ကုသဖို့ လွန်ခဲ့တဲ့ ၂နှစ်ကတည်းက နည်းလမ်းတွေရှာနေခဲ့တာ။ လမ်းစကော သဲလွန်စကော ရနေပြီ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ မေမေ့မှာ အချိန်မရှိတော့ဘူး"
"သား ဆိုင်မှာ လေးလေးနာလူးနဲ့ ဆက်သွယ်ပါ။ သူက သားကို မြို့တော်ရဲ့အာမခံကုမ္ပဏီကို ခေါ်သွားလိမ့်မယ်။ မေမေ ထိပ်တန်း(A)အဆင့် ဝိညာဥ်သစ်ပင် ၃ပင် အပ်ထားခဲ့တယ်။ သားကိုယ်တိုင်သွားမှ သူတို့ကို ထုတ်ယူလို့ရမယ်။ သားရဲ့ Pheromone မူမမှန်တာက အဲ့ဒီအပင်တွေနဲ့ ဆက်စပ်နေတယ်။"
သူမရဲ့အကြည့်တွေဟာ သိပ်ဝမ်းနည်းနေပုံရသည်။
"မေမေ တကယ် စိတ်မကောင်းပါဘူး။ သားနာကျင်ခံစားနေရသမျှက မေမေ့ရဲ့ပေါ့ဆမှုကြောင့်ပါပဲ။"
သူမက ဖန်သားပြင်ကို နက်နက်ရှိုင်းရှိုင်းကြည့်ပြီး
"အနာဂတ်မှာ သားကို မချစ်တဲ့သူနဲ့ လက်မထပ်ပါနဲ့။ ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ဖို့ မေမေ ဆုတောင်းပေးပါတယ်။ လင်းလင်း"
စုလင်း နောက်ဆုံး ပြန်လည်သက်သာမလာမီအထိ ခဏမျှ တောင့်တင်းနေခဲ့ရသည်။ ဒီအမျိုးသမီးက သူ့အမေနဲ့ တကယ်ကိုတူပေသည်။ မူလပိုင်ရှင်က တကယ်ပဲ အခြားကမ္ဘာတစ်ခုက သူလား လို့ ကူကယ်ရာမဲ့စွာ တွေးနေမိသည်။ သူ ခံစားနေရတာတွေ သက်သာသွားဖို့ သူ အချိန် နည်းနည်း ယူခဲ့လိုက်ရသည်။ လက်ကိုဆန့်ထုတ်လိုက်ပြီး သူ့လည်ပင်းနောက်ကို တို့ထိလိုက်ရင်း စုလင်ရဲ့အမူအရာ အနည်းငယ် ပြေလျော့သွားသည်။
ကုသမှုအတွက်မျှော်လင့်ချက်ရှိရင်တော့ အဆင်ပြေပါသည်။ သူ တစ်သက်လုံး အနံ့ဆိုး မထွက်ချင်ပေ။ သူ '၀ိညာဉ်သစ်ပင်'က ဘာလဲဆိုတာလည်း မသိချေ။ ဤမူလခန္ဓာကိုယ်ပိုင်ရှင်သည်လည်း သူ ဝိညာဥ်သစ်ပင် ဌာနကို ၀င်ခွင့်ရချင်ကြောင်း ဒိုင်ယာရီတွင် ရေးသားခဲ့သည်။
ထို့နောက် စုလင်း 'မေမေ့ရဲ့ဆိုင်' အမည်ရှိ ဖိုင်ကို ဖွင့်လိုက်သည်။ ထိုဖိုင်ထဲတွင် ဆိုင်ရဲ့လိပ်စာ၊ ဆိုင်နဲ့ ဆက်စပ်သောအချက်အလက်အချို့နှင့် အိမ်ခြံမြေလက်မှတ်တစ်ခု ရှိခဲ့သည်။ ပိုင်ဆိုင်မှုအကွက်မှာ နာမည်က စုလင်းရဲ့နာမည် ဖြစ်သည်။ အိမ်ခြံမြေလက်မှတ် အပြင် အခြားအညွှန်းတစ်ခုလည်း ရှိနေသည်။
"မဒမ်ချင်မင်းက သူမရဲ့သား စုလင်းရဲ့ ၁၈နှစ်ပြည့် မွေးနေ့အပြီးတွင် ထျန်းလင်းအမွေးနံ့သာဆိုင်ကို သူမနာမည်မှာ စုလင်းဆိုသည့် အမည်သို့ လွဲပြောင်းပေးပါမည်။ လုပ်ထုံးလုပ်နည်းများ ပြီးစီးသွားပြီ ဖြစ်သည့်အတွက် အချိန်မရွေး အသုံးပြုနိုင်ပါပြီ။"
ဆိုင်တာဝန်ခံ နာလူးရဲ့ အဆက်အသွယ် အချက်အလက်များလည်း ရှိသည်။ စုလင်း မစ္စတာနာလူးကို မဆိုင်းမတွ ချက်ချင်း ဆက်သွယ်ခဲ့သည်။ သူဖုန်းချလိုက်ပြီးပြီးချင်းမှာပဲ သူ့အခန်းတံခါးဟာ တွန်းဖွင့်ခြင်းခံလိုက်ရသည်မို့ သူ ချက်ချင်း မော့ကြည့်လိုက်သည်။
ကောင်ချောလေးတစ်ယောက် အခန်းထဲ ပြေးဝင်လာသည်။ ချက်ချင်းပင် စုလင်း တစ်ဖက်လူကိုတန်းသိလိုက်သည်။ သူ့ရဲ့ဝိသေသလက္ခဏာအရ သူ့မိထွေးရဲ့အကြီးဆုံးသား၊ သူရဲ့ဒုတိယညီဖြစ်သူ ၁၆ နှစ်အရွယ် Omega စုအောင်းဖြစ်သည်။
စုအောင်းက သူနဲ့ နှစ်လှမ်းအကွာကနေ အသံစူးစူးနဲ့အော်ပြောသည်။
"မင်း ငါ့အမေကို ရိုက်လိုက်တာလား?"
စုလင်းက သူ့လက်ကောက်ဝတ်ကို တစ်ချက်ကြည့်လိုက်ပြီး အခုအချိန်မှာ အကြမ်းဖက်ဖို့က စိတ်ကူးကောင်းတစ်ခုမဟုတ်ဘူးလို့ ခံစားရတယ်။ သူထရပ်လိုက်တော့ ကောင်လေးကသတိကြီးစွာနဲ့ ခြေတစ်လှမ်း နောက်ဆုတ်သွားသည်။ သူ အောက်ကို ငုံပြီး အမှိုက်ပုံးထဲက သွေးစွန်းနေသောပတ်တီးကို ကောက်ယူလိုက်ရင်း တည်တည်ငြိမ်ငြိမ်နှင့် အကူအညီမဲ့သည့်လေသံဖြင့် ပြန်ပြောလိုက်သည်။
"သူမက ငါ့ကို ရိုက်တာ ပြီးတော့ သူ့ခြေထောက်သူ မနိုင်ပဲ လဲသွားတာ"
စုအောင်းက နှာမှုတ်လိုက်ပြီး
"ငါ သိသားပဲ။ မင်းဒီလောက် သတ္တိမရှိပါဘူး။ သူရဲဘောင်ကြောင်တဲ့ကောင်"
သူက စက်ဆုတ်ရွံရှာဟန်နဲ့ နှာခေါင်းကို အုပ်ထားလိုက်ပြီး
"အမှိုက်တောင်းထဲက ဟာကြီး ကိုကောက်နေတယ်? ညစ်ပတ်လိုက်တာ၊ မင်း အမေ့ကို မရိုက်ခဲ့ဘူး ဆိုမှတော့ ငါလွှတ်ပေးလိုက်မယ်"
သူကပြောရင်း ဂုဏ်ယူစွာနဲ့ သူ့မေးကို မြှောက်လိုက်ပြီး သူရဲ့အပြာရောင် ပွဲတက်ဝတ်စုံ အနားစကို ဆွဲလိုက်ပြီး
"အဖေက သူပြန်လာတော့ ငါ့အတွက် ဒီဟာကို ၀ ယ်လာခဲ့တာ"
ထို့နောက် သူက ထွက်သွားဖို့လှည့်လိုက်ကာ
"သွားစို့။ ငါ့အမေက မင်းကို ညစာအတူစားဖို့ ပြောခဲ့တယ်"
သူက ပွစိပွစိ ဆက်ပြောနေသည်။
"အမေက ဘာတွေတွေးနေလဲ မသိဘူး၊ ဘာလို့ ငါတို့က မင်းကို ညစာအတူစားဖို့ ခေါ်ရမှာလဲ ...?"
စုလင်းက ပတ်တီးကို အမှိုက်ပုံးထဲ ပစ်ချလိုက်ပြီးမျက်ခုံးပင့်လိုက်သည်။ တစ်နှစ်ပတ်လုံးအလုပ်များနေတဲ့ ဒီအဖေပြန်လာပြီ။ သူက စုလင်း သော့ပိတ်ခံရပြီး အစာငတ်ခံနေရမည်ကိုစိုးရိမ်နေခဲ့ပုံရသည်။ စုလင်း သူ့လက်တွေကိုမြန်မြန် ဆေးကြောလိုက်ပြီး စုအောင်းနောက် လိုက်သွားခဲ့သည်။ စုအောင်းက လမ်းလျှောက်လာရင်း ဂုဏ်ယူစွာ ပြောလာသည်။
"အဖေက ငါ့အတွက် ၁၆ နှစ်ပြည့်မွေးနေ့ပွဲကျင်းပဖို့ အထူးအနေနဲ့ ပြန်လာခဲ့တာ"
စုလင်းရဲ့ဇာမဏီမျက်ဝန်းများက ကျဥ်းမြောင်းသွားသည်။
"ကောင်းတယ်"
သားအကြီးဆုံး၏မွေးနေ့သည် မွေးနေ့ဆုတောင်းပင် မရခဲ့သော်လည်း ဒုတိယသားအတွက်မူ ဒီလို ဘက်လိုက်မှုမျိုးနဲ့ ပါတီပွဲကျင်းပဖို့ အလျင်အမြန် ပြန်လာခဲ့သည်။ သို့သော် ဒါကပဲ အကောင်းဆုံးဖြစ်သည်။ အခုဆို စုလင်း ဘာပဲ လုပ်လုပ် ဘယ်လို စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးမှ ရှိတော့မည်မဟုတ်ပေ။
စုအောင်းကတော့ ချီးကျူးစကားပြောတယ် ထင်ပြီး အလွန်ကျေနပ်နေခဲ့သည်။
စားပွဲတွင်ထိုင်နေကြသူများကို စုလင်း ဆရာကလွဲပြီး လိပ်စာ စာအုပ်ထဲက လူအားလုံးနဲ့ တွဲမိသည်။ ညစာစားကြသည့်တစ်လျှောက်လုံး စုမိသားစုဝင်၄ယောက်သည် စုလင်းကို လေလိုသဘောထားကာ မိသားစုညီညီ ပျော်ပျော်ရွှင်ရွှင် စားသောက်ခဲ့ကြသည်။ သို့သော်ငြား စုလင်းကလည်း ဂရုမစိုက်နိုင်ပါချေ။ သူ့က သူ့အစားအသောက်ကိုသာ အလေးထား စားနေခဲ့သည်။ စုအိမ်တော်ရဲ့ စားဖိုမှူးက တကယ် ကျွမ်းကျင်လှသည်။ အရသာက အရမ်းကိုကောင်းမွန်သည်။ စုလင်း အသားတွေကို ဟင်းသီးဟင်းရွက်တွေနဲ့ စားပြီး အရမ်းကျေနပ်ခဲ့သည်။
ညစာစားပြီးနောက် စုလင်း သူ့အခန်းကို ပြန်သွားရမလား၊ ဆက်ပြီး လေလိုဟန်ဆောင်ရင်း သူတို့ပြောသမျှ နားထောင်ကာ ဒီကမ္ဘာအကြောင်းသတင်းအချို့စုဆောင်းရမလား ချီတုံချတုံဖြစ်နေခဲ့သည်။ ထို့စဥ် အဖေစု ပြောတာကို ကြားလိုက်ရသည်။
"စုလင်း၊ ဒီကိုလာ"
စုလင်း အဖေစုနောက်ကနေ ဧည့်ခန်းဆိုဖာ ဆီသို့လိုက်သွားခဲ့သည်။မဒမ်စု ,ကျောင်းဟန်က နူးညံ့သိမ်မွေ့သောမျက်နှာဖြင့် ဘေးတွင်ထိုင်ပြီး၊ ဒုတိယသားနဲ့ တတိယသားတို့က ဘေးချင်းယှဉ်ထိုင်နေသည်။
အဖေ စု: "မင်းအမေက မင်းကို ပေးတဲ့လျှောက်လွှာမှာ လက်မှတ်ထိုးပြီးပြီလား?။"
စုလင်း ခေါင်းယမ်းလိုက်သည်။
အဖေစုက မကျေမနပ်ဖြစ်ပြီး“ မင်းအမေပြောတာမှန်တယ်၊ မင်းက ပုန်ကန်နေတာပဲ”
သူက စာရွက်တစ်ရွက်နဲ့ ဘောပင်တစ်ချောင်းကို ထုတ်လိုက်ပြီး စုလင်းဆီကို တွန်းပို့လိုက်သည်။
"လက်မှတ်ထိုးလိုက်၊ မြန်ရင် ငါ လုပ်ငန်းခရီး ပြန်မထွက်ခင် မင်းရဲ့ မင်္ဂလာဆောင် တက်လိုက်လို့ရလောက်တယ်"
စုလင်း စာရွက်ကို ငုံ့ကြည့်လိုက်တော့ ရင်းနှီးနေသည့် လျှောက်လွှာပုံစံကို မြင်လိုက်ရသည်။ ဒါက အပိုင်းပိုင်းဖြစ်သွားပြီး အမှိုက်ပုံးထဲတွင် လဲလျောင်းနေသော ယခင် စာရွက်နှင့်လုံးဝ တူသည်။
"ကျွန်တော် လက်မှတ်မထိုးဘူး"
စုလင်းက အဖေစုကို စိုက်ကြည့်လိုက်ပြီး
"ကျွန်တော် စနစ်တစ်ခုက တွဲပေးတာကို လက်ခံမှာ မဟုတ်ဘူး။"
အဖေစုရဲ့ အမူအရာမှာ မှောင်မည်းသွားပြီး ကျောင်းဟန်က နွေးထွေးစွာ ဝင်ဖျောင်းဖျသည် -
"မင်းအဖေက မင်းကောင်းကျိုးအတွက် ပြောနေတာပါ။ မင်းရဲ့အခြေအနေကို မင်းလည်းသိတာပဲ၊ စနစ်နဲ့တွဲဖက်မှုကို လက်ခံတာထက် မင်း ဘာသာ လက်တွဲဖော် ရှာရတာ ခက်လိမ့်မယ်။"
အဖေစုက "မင်းက အရွယ်ရောက်ပြီးသား၊ မင်းအိမ်ထောင်မပြုရင် ဘာလုပ်ချင်လဲ?"
စုလင်း သူ့ရဲ့ ခြိမ်းခြောက်မှုကို ဘယ်လိုမှ မနေခဲ့ချေ။ သူက သူ့အစီအစဉ်ကို ရိုးရိုးလေးပဲ ပြောခဲ့သည်။
“ကျွန်တော် တက္ကသိုလ် ၀င်ခွင့်စာမေးပွဲ ဖြေချင်တယ်”
လက်ကောက်တွင် ခေတ်သစ် အသိပညာနှင့် ဆင်တူသည့် လေ့လာမှု မှတ်စုများစွာရှိသည်။ ဇီဝဗေဒကတော့ အလွန်ခြားနားသည်။ သူသည် သူရဲ့အစစ်အမှန်လောကမှာလည်း ဘွဲ့မရသေးပေ။ထို့ကြောင့် ယခုသူသည် ၁၈ နှစ်ရှိပြီ ဖြစ်၍ လေ့လာမှုကိုပြီးအောင်လုပ်ရမည်။ ဒီလိုမှမဟုတ်ရင် သူဘာဆက်လုပ်ရမလဲဆိုတာ သူတကယ်မသိပါချေ။
အနီးအနားမှ ရယ်သံတစ်ခု ထွက်လာသည်။ စုလင်း တစ်ချက်ကြည့်လိုက်တော့ စုအောင်းက သူ့နှုတ်ခမ်းတွေပေါ်မှာ အပြုံးတစ်ခု ချိတ်ဆွဲကာ
"မင်းက ဘယ်လိုလုပ်ပြီးများ တက္ကသိုလ် တက်နိုင်မှာလဲ"
စုလင်းက နှုတ်ခမ်းကို သပ်လိုက်ပြီး
"ငါစာမေးပွဲမအောင်နိုင်ဘူးလို့ မင်းဘယ်လိုလုပ်ပြောနိုင်လဲ"
စုအောင်း: "မင်းက အရမ်းအနံ့ဆိုးတယ်လေ"
စုလင်း ဒီလိုပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး အလွန်မကျေနပ်သော်လည်းပြန်လည်ချေပနိုင်ခဲ့ခြင်းမရှိပေ။
"... ဒါက စာမေးပွဲဖြေတာနဲ့တောင် သက်ဆိုင်နေလား။"
စုအောင်းက သူ့ကို အရူးတစ်ယောက်လို ကြည့်ပြီး
"အဓိပ္ပါယ်မရှိလိုက်တာ။ မင်းက Omega တစ်ယောက်လေ။ မင်းရဲ့ pheromone ကအရမ်းအနံ့ဆိုးနေတာ။ ကျန်တဲ့ဘာသာရပ်တွေ အားလုံးကလည်း ထူးချွန်တာမရှိရင် မင်းစာမေးပွဲကို ဘယ်လိုလုပ်အောင်ပါ့မလဲ?။"
စုလင်း အံ့သြသွားပြီး
pheromones အနံ့က သူတက္ကသိုလ်သွားနိုင်လား၊ မသွားနိုင်လား အပေါ်မှာ သက်ရောက်မှု ရှိသေးတာလား?
အဖေစုရဲ့မျက်နှာသည် ပို၍ပင် ရုပ်ဆိုးသွားသည်။
"မင်းစာမေးပွဲတွေ အကြောင်းတောင် မသိဘဲ တက္ကသိုလ် တက်ချင်သေးတာလား?"
သူက ဆက်ပြီးငြင်းခုံ၊ပြောဆိုရန် စိတ်မပါတော့ဘဲလျှောက်လွှာကို ညွှန်ပြလိုက်ပြီး
"လက်မှတ်ထိုး!"
စုလင်းရဲ့သဘောထားက ခိုင်မာသည်။
"ကျွန်တော် လက်မှတ် မထိုးနိုင်ဘူး။"
သူ တက္ကသိုလ်မတက်နိုင်ရင်တောင် ဒီစနစ်နဲ့ သူ့ကို အိမ်ထောင်ဖက်အဖြစ် သတ်မှတ်မှာကို သူလက်မခံနိုင်ပေ။
စာရေးသူပြောစရာတစ်ခုရှိတယ်။
မနေ့က Omega ရဲ့ pheromone အနံ့လေးအတွက် စိတ်ပူနေတဲ့ ချစ်စရာမှတ်ချက်တစ်ခုရှိတယ်။ သူက အခု ပုံမှန်မဟုတ်တဲ့အခြေအနေမှာ ရှိနေပေမယ့် ပြန်ကောင်းလာလိမ့်မယ်။ သူက အရမ်းမွှေးပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue Freesia🦋
//Zawgyi//
အခန္း-၂ (ေ႐ြးခ်ယ္၊ေနရာခ်ထားျခင္း)
စုလင္းက တံခါးကို ေစ့ေစ့ၾကည့္ေနလိုက္မိသည္။ သူ အိပ္ရာမွ ထၿပီး တံခါးကိုဖြင့္ၾကည့္ရန္ ႀကိဳးစားေသာ္လည္း မဖြင့္ႏိုင္ခဲ့ေပ။ ထို႔ေနာက္ သူ႕ဘယ္ဘက္လက္ေကာက္ဝတ္ကို ငုံ႔ၾကည့္လိုက္ေတာ့ အျဖဴေရာင္ပိတ္က်ဲစေပၚတြင္ စြန္းထင္းေနေသာေသြးမ်ားက အလြန္ထင္႐ွားေနေပသည္။ တစ္ခ်ိန္တည္းမွာပင္ သူ ခြၽန္ထက္သည့္အရာနဲ႔အထိုးခံထားရသည့္ နာက်င္မႈမ်ိဳးကို ခံစားလိုက္ရသည္။
သူ ဒီမွာ မေနႏိုင္ဘူး။ဒီအမ်ိဳးသမီးက ႐ူးေနတာ။
ေနရာမွာပဲ မတ္တပ္ရပ္ေနရင္း အရာအားလုံးကိုအမွတ္တမဲ့ စဥ္းစားလိုက္ၿပီး စုလင္း အသက္ျပင္းျပင္း႐ွဴလိုက္ကာ သူယူလာေသာေဆးႏွင့္ပိတ္က်ဲစမ်ားကို ယူၿပီး ျပတင္းေပါက္ေဘး႐ွိ စားပြဲဆီသို႔ေလွ်ာက္လာလိုက္သည္။ သူ ေဆးကို ေကာက္ယူၿပီး ၫႊန္ၾကားခ်က္မ်ားကို ဖတ္ရင္း ေခြးေျခခုံေလးကို ဆြဲထိုင္လိုက္ကာ ပတ္တီးကိုဖယ္႐ွားလိုက္သည္။
ဒဏ္ရာ ေပၚလာေသာအခါ သူ ဂ႐ုတစိုက္ ၾကည့္လိုက္ရာ ထိုဒဏ္ရာသည္ ေသေၾကာင္းၾကံစည္မႈေၾကာင့္ ျဖစ္လာသည္မွာ ေသခ်ာသည္။ သူ ႏႈတ္ခမ္းကို သပ္လိုက္ၿပီး ပတ္တီးမလဲခင္ ေဆးကို ေသေသခ်ာခ်ာလိမ္းလိုက္သည္။
ဤမူလခႏၶာကိုယ္သည္ ၁၇ သို႔မဟုတ္ ၁၈ ႏွစ္သာ႐ွိေသးပုံရသည္။ သူ႕လိုကေလးမ်ိဳးက ဒါမ်ိဳးကို လုပ္ဖို႔ဆိုတာ သူ ေတာ္ေတာ္ကို စိတ္ညစ္စရာအေတြ႕အၾကဳံေတြ ရင္ဆိုင္ခဲ့ရတာ သိသာလွသည္။ ဒါ့အျပင္ ဒီလိုမိေထြးနဲ႔ဆိုေတာ့ ေပ်ာ္႐ႊင္ဖို႔ မျဖစ္ႏိုင္ပါေခ်။ သူ ပတ္တီးစည္းၿပီးေတာ့ အိပ္ရာဆီ ေလွ်ာက္လာလိုက္သည္။ သူ ထိုအမ်ိဳးသမီးပစ္ေပးသြားေသာစာ႐ြက္ကို ယူၿပီး ေသေသခ်ာခ်ာဖတ္ၾကည့္လိုက္သည္။
Omegaမ်ား၏လက္ထပ္မႈကို စနစ္ျဖင့္ ေ႐ြးခ်ယ္၊ေနရာခ်ထားေရး ေလွ်ာက္လႊာ: မ်ိဳးဗီဇဘဏ္တြင္ ထိန္းသိမ္းထားေသာ သင့္ရဲ႕ မ်ိဳးဗီဇႏွင့္ ကိုက္ညီသည့္ Alpha ကို System မွ ေ႐ြးခ်ယ္ေပးပါမည္။ တြဲဖက္ျခင္း ေအာင္ျမင္ၿပီးေနာက္ ထိုAlpha သည္ သင္ျဖည့္သြင္းထားေသာလိပ္စာသို႔ ၃ရက္အတြင္း လာေရာက္ေခၚေဆာင္ၿပီး သင္ႏွင့္အတူ လက္ထပ္ျခင္းဆိုင္ရာ လုပ္ငန္းအဆင့္ဆင့္ကို ေဆာင္႐ြက္ပါမည္။
မွတ္ခ်က္။ ဤေလွ်ာက္လႊာသည္ မိမိ ဆႏၵအေလ်ာက္ျဖစ္ေသာမူဝါဒကိုသာ လက္ခံသည္။ထို႔ေၾကာင့္ ေက်းဇူးျပဳ၍ လက္ေရးျဖင့္ လက္မွတ္ေရးထိုးပါ။ သက္ဆိုင္ရာဌာနသည္ စစ္မွန္မႈစစ္ေဆးျခင္းကို ျပဳလုပ္ပါမည္။ ၎အခ်က္အလက္တို႔ မွန္ကန္ေၾကာင္း အတည္ျပဳၿပီးေနာက္ ကြၽႏ္ုပ္တို႔သည္ သင့္အတြက္ သင့္ေတာ္ေသာ လက္တြဲေဖာ္ႏွင့္ စတင္ တြဲဖက္ေပးပါမည္။
လက္ထပ္မႈေနရာခ်ထားေရး?
စုလင္း ထိုအမ်ိဳးသမီး၏စကားမ်ားကို ျပန္ေတြးၾကည့္ေသာအခါ သူမက ဘယ္သူမွ သူ႕ကိုလက္မထပ္ခ်င္ၾကေသာေၾကာင့္ ဤ လက္ထပ္မႈေနရာခ်ထားေရးကို ေလွ်ာက္ကိုေလွ်ာက္ရမယ္လို႔ ေျပာခဲ့သည္။
ဒါေပမယ့္ သူက အရမ္းငယ္ေသးတယ္ေလ! ၿပီးေတာ့ ေယာက်ာ္းတစ္ေယာက္ေလ ...
မဟုတ္ေသးဘူး။ ဒီလို လုပ္လို႔မရဘူး။
Omega မ်ားအတြက္သာ ဟူသည့္ ညာဘက္အေပၚေထာင့္႐ွိ စာေၾကာင္းေလးကို သူ႕အၾကည့္ကေရာက္သြားသည္။ သူ ဒီစကားလုံးနဲ႔ ပတ္သက္သည့္ ဝတၳဳကို မၾကာခင္ကပဲ ဖတ္ၿပီးခဲ့တာေၾကာင့္ ဒီစကားလုံးကို သိပ္မစိမ္းပါေခ်။
စာေရးသူက စုလင္းရဲ႕စိတ္ကူးယဥ္နတ္ဘုရားကိုေရးဖြဲ႕ခဲ့ေသာေၾကာင့္ သူက စာေရးသူကို ခ်စ္စရာေကာင္းေသာ မွတ္ခ်က္မ်ား၊လက္ေဆာင္မ်ားပို႔ေပးခဲ့သည္။ သို႔ေသာ္ ေနာက္ပိုင္း ဝတၳဳထဲတြင္ ထိုနတ္ဘုရားကို ေသဆုံးသြားေစခဲ့ေသာေၾကာင့္ စာေရးသူကို မေကာင္းတဲ့မွတ္ခ်က္ေတြ တစ္ပုံတစ္ပင္ ပို႔ခဲ့သည္။
Omega ဟူသည္ ABOကမ႓ာတြင္ တည္႐ွိသည္။ ထိုေလာကတြင္ လူတို႔သည္ အမ်ိဳးသား Alpha၊ Beta၊ Omega ႏွင့္ အမ်ိဳးသမီး Alpha၊ Beta၊ Omega ဟူ၍ လိင္အမ်ိဳးအစား ၆မ်ိဳး ႐ွိသည္။ ႐ိုး႐ိုး႐ွင္း႐ွင္းေျပာရလွ်င္ အမ်ိဳးသားျဖစ္ေစ၊ အမ်ိဳးသမီးျဖစ္ေစ၊ Alpha သည္ Gongျဖစ္ေပသည္။ ကိုယ္ဝန္မရႏိုင္ေပ။ Beta က Gongေကာ၊Shouေကာ ျဖစ္ႏိုင္သည္။ သို႔ေသာ္ျငား သူတို႔ရဲ႕ ကေလးေမြးဖြားႏိုင္သည့္ရာခိုင္ႏႈန္းက မျမင့္ပါေခ်။ Omega သည္ စစ္မွန္ေသာ Shou ျဖစ္ၿပီး ကေလးေမြးဖြားႏိုင္ႏႈန္း အျမင့္ဆုံး ျဖစ္သည္။ Betaမ်ားသည္ လူဦးေရအမ်ားဆုံး ျဖစ္ၿပီး Alpha ႏွင့္ Omegaမ်ားကေတာ့ အလြန္႐ွားပါးလွေပသည္။ Alphaအေရအတြက္သည္ Omega ထက္ပိုမ်ားၿပီး အုပ္စု၃ခုတြင္ အသန္မာဆုံး ျဖစ္သည္။ Omega သည္ အင္အားအရာ၌ အားအနည္းဆုံးျဖစ္သည္။
စုလင္း သူရဲ႕ႏွလုံးသားေပၚကို ျမင္းအေကာင္ေရ တစ္ေသာင္းေလာက္ ျဖတ္ေျပးသြားသလို ခံစားလိုက္ရသည္။
ABOကမ႓ာ့ေနာက္ခံဇာတ္ေၾကာင္း? အဲ့ဒါစိတ္ကူးယဥ္ဝတၳဳဇာတ္လမ္း မဟုတ္လား?။ အဲ့ဒါႀကီးက တကယ္ျဖစ္လာတယ္! ၿပီးေတာ့ သူက အခု Omegaတစ္ေယာက္? အဲ့ေတာ့ သူက Alphaေတြရဲ႕ဆြဲေဆာင္မႈကို မခုခံႏိုင္တဲ့အျပင္ သူကေတာင္ လိုခ်င္ၿပီး ဆာေလာင္ေနဦးမယ့္ Estrusကာလလည္း သူ႕မွာ ႐ွိမယ္ဆိုတဲ့ သေဘာေပါ့
စုလင္း ထိုစာ႐ြက္ကို မဆိုင္းမတြဲဘဲ ဆုတ္ၿဖဲပစ္လိုက္သည္။
ဒီစနစ္ဆိုတာႀကီးကို သူ႕အတြက္ ေယာက်ာ္းတစ္ေယာက္႐ွာေပးဖို႔ ဘယ္ေတာ့မွ ခြင့္ျပဳမွာ မဟုတ္ေခ်။ သူက ေယာက်ာ္းေလးေတြကိုႀကိဳက္တယ္ဆိုတာ ေယာက်ာ္းတိုင္းကို ႀကိဳက္တယ္လို႔ ဆိုလိုတာမဟုတ္ဘူး။
ထိုစာ႐ြက္အပိုင္းအစေတြကို အမိႈက္ပုံးထဲ ပစ္ခ်လိုက္ၿပီး ခဏေလာက္ စဥ္းစားလိုက္သည္။
ထို႔ေနာက္ သူအခန္းကို ေသခ်ာ လွန္ေလွာ႐ွာေဖြၿပီး အသုံးဝင္ႏိုင္သည့္ ပစၥည္းမွန္သမွ်ကို စားပြဲေပၚ စု'တင္လိုက္သည္။ သူေဆး႐ုံမွာေတြ႕ခဲ့တဲ့လူသုံးခဲ့တဲ့ နာရီမ်ိဳးကို ေတြ႕လိုက္ရေတာ့ သူေပ်ာ္သြားသည္။ သူ 'နာရီရဲ႕အၫႊန္း'ကို ဂ႐ုတစိုက္ဖတ္လိုက္သည္။
ထို'နာရီ'ကို ကိုယ္ပိုင္လက္ေကာက္ဟု ေခၚသည္။ ၎တြင္ မိုဘိုင္းလ္ဖုန္းတစ္လုံးႏွင့္ ကြန္ပ်ဴတာတစ္လုံး၏လုပ္ေဆာင္ခ်က္မ်ား ပါ၀င္ၿပီး အလြန္အဆင့္ျမင့္နည္းပညာသုံး သုံးဖက္ျမင္ မ်က္ႏွာျပင္ တစ္ခုကိုပင္ ထုတ္ေဖာ္၊ဖန္တီး ႏိုင္သည္။ ၫႊန္ၾကားခ်က္မ်ားသည္ ႐ွင္း႐ွင္းလင္းလင္း႐ွိလွ၍ စုလင္း သူ႕ရဲ႕လက္ေကာက္ကို ဘယ္လိုသုံးရမလဲဆိုတာ သိပ္မၾကာခင္ပဲ နားလည္သြားသည္။
သူက ဒီမူရင္းခႏၶာကိုယ္ရဲ႕ လူမႈအသိုင္းအဝိုင္းနယ္ပယ္ ဘယ္လို႐ွိလဲ ဆိုတာကို နားလည္ဖို႔ လိပ္စာစာအုပ္ကို ဖြင့္လိုက္သည္။ လိပ္စာစာအုပ္သည္ တစ္ခ်က္ေလာက္ၾကည့္လိုက္႐ုံျဖင့္ အၿပီးဖတ္ႏိုင္သည္။ ဆရာ၊ အေဖ၊ ေဒၚေလးဟန္၊ ဒုတိယညီေလးႏွင့္တတိယညီေလး ဟူ၍ စုစုေပါင္း ၅ ဦးသာ ႐ွိသည္။ သူ ခဏေလာက္မွင္သက္မိၿပီး ဒိုင္ယာရီကို ေျပာင္းဖြင့္လိုက္သည္။ စုလင္း အနည္းငယ္ တုန္႔ဆိုင္းမိေပမဲ့လည္း သူ႕လက္ေဗြကို သုံးၿပီး ဖြင့္လိုက္သည္၊
ေကာင္ေလးရဲ႕အတိတ္ကို ဖတ္ဖို႔ သူ အခ်ိန္ေတာ္ေတာ္ယူခဲ့သည္။ ဖတ္ၿပီးသြားေသာအခါသူ အနည္းငယ္ စိတ္မသက္မသာ ခံစားခဲ့ရသည္။ သုံးဖက္ျမင္မ်က္ႏွာျပင္က ဒိုင္ယာရီရဲ႕ ေနာက္ဆုံးစာမ်က္ႏွာ ေမလ ၁၉ ရက္ေန႔ကို ျပသေနခဲ့သည္။
"ဒီေန႔ ငါအသက္ ၁၈ ႏွစ္ျပည့္လို႔ လူႀကီးျဖစ္ၿပီ။ ငါ ရဲရင့္ ရမယ္၊ ငါ တကၠသိုလ္၀င္ခြင့္ ရခ်င္တယ္၊ အေမ့ဆိုင္ကို ဂ႐ုစိုက္ခ်င္တယ္။ မနက္ျဖန္ ဝန္ခံမယ္။ ငါ ရဲရင့္ ရမယ္!"
စုလင္း သက္ျပင္းခ်ကာ ဒိုင္ယာရီကိုပိတ္လိုက္ၿပီးေစာေစာက သူ႐ွာေတြ႕ခဲ့တဲ့ ကဒ္ေလးေတြကို ၾကည့္လိုက္သည္။ သူခုနက အျပစ္ဝန္ခံျခင္းနဲ႔ ေကာင္းခ်ီးစကားေတြ ေရးထားတဲ့ ဒီ ပန္းေရာင္နဲ႔အျဖဴေရာင္စပ္ ကဒ္ေလး ၃ခုကို အံဆြဲထဲကေန ႐ွာေတြ႕ခဲ့သည္။ ကဒ္ေလး ၃ခုက ျဖတ္ပိုင္းအၾကမ္းစာ႐ြက္ေလးေတြ ျဖစ္သည္။ ကဒ္ေအာက္ေျခတြင္ ေရစိုထားခဲ့သလို တြန္႔ေခါက္ေနေသာ ေခါက္ေၾကာင္းမ်ား ႐ွိသည္။ သူ ကတ္ကို လွန္ၾကည့္လိုက္ေတာ့ ေက်ာဘက္မွာ စာေတြကို ႐ႈပ္ပြေနေအာင္ေရးထားသည္။
"ငါက သူရဲေဘာေၾကာင္တယ္၊ ငါက အသုံးမက်ဘူး။ ဘယ္သူမွ ငါ့ကို ႀကိဳက္မွာ မဟုတ္ဘူး။ငါ တကၠသိုလ္လည္း မတက္ႏိုင္ဘူး။ ငါ ေမေမ့ရဲ႕ဆိုင္ကိုလည္း ဂ႐ုမစိုက္ႏိုင္ဘူး။ ေတာင္းပန္ပါတယ္ ေမေမ။ ေတာင္းပန္ပါတယ္"
စုလင္း သက္ျပင္းကို ခပ္႐ွည္႐ွည္ ခ်လိုက္မိရင္း ေခါင္းကိုလွည့္ကာ ျပတင္းေပါက္ကေန အျပင္ကို လွမ္းၾကည့္လိုက္သည္။ ျပတင္းေပါက္ေပၚမွတစ္ဆင့္ လိေမၼာ္ေရာင္ေနေရာင္ျခည္ ျဖာက်ေနသည္မွာ ခ်စ္စဖြယ္ေကာင္းလွသည္။ သူ ကတ္ကို အံဆြဲထဲ ျပန္ထည့္လိုက္ၿပီး ေသာ့ခတ္လိုက္သည္။ မူလပိုင္႐ွင္ႏွင့္ပတ္သတ္သည့္ အခ်က္အလက္ေတြ ပိုသိရဖို႔ သူ လက္ေကာက္ကို ဆက္ၾကည့္လိုက္သည္။ သုံးဖက္ျမင္ ဖန္သားျပင္ကို ပြတ္ဆြဲလိုက္ေတာ့ "ေမေမ" ဟု နာမည္ ေပးထားေသာ ဝွက္ထားေသာ ဖိုင္တြဲ တစ္ခုကို ျမင္လိုက္ရသည္။ ထိုဖိုင္တြဲတြင္ "ေမေမ့ရဲ႕လက္ေဆာင္" နဲ႔ "ေမေမ့ရဲ႕ဆိုင္" ဟူ၍ ဖိုင္ခြဲ ၂ခုပါ႐ွိသည္။
"ေမေမ့ရဲ႕လက္ေဆာင္"ဖိုင္ခြဲတြင္ အသက္ ၃ ႏွစ္မွ ၁၈ ႏွစ္ အထိ ေမြးေန႔ဆုေတာင္း ေတာင္းေပးထားေသာဗီဒီယိုေပါင္း ၁၆ ခုပါသည္။ ေနာက္ဆုံးဗီဒီယိုရဲ႕ ေနာက္ဆုံးဖြင့္ထားေသာရက္သည္ ေမလ ၁၉ ရက္၊ 00:00 ျဖစ္သည္။ စုလင္း ေနာက္ဆုံးဗီဒီယိုကို ဖြင့္လိုက္ေသာအခါ ဆံပင္တိုတိုႏွင့္ ၾကင္နာေသာမ်က္ဝန္းတို႔ပိုင္ဆိုင္သည့္ ႏူးညံ့သိမ္ေမြ႕ေသာ အမ်ိဳးသမီးတစ္ဦး သုံးဖက္ျမင္ဖန္သားျပင္တြင္ ေပၚလာသည္။ သူမမ်က္ႏွာက ျဖဴေဖ်ာ့ေနၿပီး က်န္းမာေရးေကာင္းပုံ မေပၚေခ်။ သူမက ဥယ်ာဥ္ထဲတြင္ ႀကိမ္ခုံ တစ္လုံးေပၚတြင္ ထိုင္ၿပီး ကင္မရာကိုျပဳံးျပရင္း
"လင္းလင္း၊ ၁၈ ႏွစ္ျပည့္ ေမြးေန႔မွာ ေပ်ာ္႐ႊင္ပါေစ။ ေမေမက မင္းနဲ႔တစ္ခ်ိန္လုံးအတူ႐ွိ မေနေပးႏိုင္တဲ့အတြက္ ေတာင္းပန္ပါတယ္။"
ထိုအမ်ိဳးသမီးရဲ႕မ်က္ဝန္းမ်ားမွ မ်က္ရည္မ်ားစီးက်လာၿပီး
"ေမေမ့ရဲ႕ သနားစရာ ကေလးေလး၊ သူက သားအေပၚ မေကာင္းဘူး မလား?။ ေမေမ ေတာင္းပန္ပါတယ္၊ သားရဲ႕ဖြံ႕ၿဖိဳးမႈ သက္ေတာင့္သက္သာျဖစ္ေစဖို႔ အႀကီးတစ္ေယာက္ရဲ႕ pheromone လိုအပ္တယ္၊ ဒါေၾကာင့္ ေမေမ သားကို အေဝးကို မပို႔ႏိုင္ခဲ့ဘူး"
သူမမ်က္ရည္မ်ားကို သုတ္လိုက္ၿပီး တြန္႔ဆုတ္စြာျပဳံးရင္း
"လူႀကီးဘဝေရာက္လာၿပီ ျဖစ္တဲ့ အတြက္ ဂုဏ္ယူပါတယ္။ ေမေမရဲ႕ဆိုင္ကို ဒီေန႔မွာ သားဆီ တရားဝင္ လႊဲေျပာင္းေပးခဲ့တယ္။ ဒီကိစၥကိုဘယ္လိုစီစဥ္မလဲဆိုတာ သားအေပၚမွာ မူတည္ပါတယ္။"
ထို႔ေနာက္ သူမက ဂ႐ုတစိုက္ၾကည့္ကာ
"ေမေမ ေ႐ွ႕ဆက္ေျပာမယ့္ဟာေတြကို သား ေသခ်ာ မွတ္ထားရမယ္။ ေမေမက သားရဲ႕ Pheromone မူမမွန္တာကို ကုသဖို႔ လြန္ခဲ့တဲ့ ၂ႏွစ္ကတည္းက နည္းလမ္းေတြ႐ွာေနခဲ့တာ။ လမ္းစေကာ သဲလြန္စေကာ ရေနၿပီ။ ဒါေပမဲ့ ကံမေကာင္းစြာနဲ႔ပဲ ေမေမ့မွာ အခ်ိန္မ႐ွိေတာ့ဘူး"
"သား ဆိုင္မွာ ေလးေလးနာလူးနဲ႔ ဆက္သြယ္ပါ။ သူက သားကို ၿမိဳ႕ေတာ္ရဲ႕အာမခံကုမၸဏီကို ေခၚသြားလိမ့္မယ္။ ေမေမ ထိပ္တန္း(A)အဆင့္ ဝိညာဥ္သစ္ပင္ ၃ပင္ အပ္ထားခဲ့တယ္။ သားကိုယ္တိုင္သြားမွ သူတို႔ကို ထုတ္ယူလို႔ရမယ္။ သားရဲ႕ Pheromone မူမမွန္တာက အဲ့ဒီအပင္ေတြနဲ႔ ဆက္စပ္ေနတယ္။"
သူမရဲ႕အၾကည့္ေတြဟာ သိပ္ဝမ္းနည္းေနပုံရသည္။
"ေမေမ တကယ္ စိတ္မေကာင္းပါဘူး။ သားနာက်င္ခံစားေနရသမွ်က ေမေမ့ရဲ႕ေပါ့ဆမႈေၾကာင့္ပါပဲ။"
သူမက ဖန္သားျပင္ကို နက္နက္႐ိႈင္း႐ိႈင္းၾကည့္ၿပီး
"အနာဂတ္မွာ သားကို မခ်စ္တဲ့သူနဲ႔ လက္မထပ္ပါနဲ႔။ ေပ်ာ္႐ႊင္စရာေမြးေန႔ေလးျဖစ္ဖို႔ ေမေမ ဆုေတာင္းေပးပါတယ္။ လင္းလင္း"
စုလင္း ေနာက္ဆုံး ျပန္လည္သက္သာမလာမီအထိ ခဏမွ် ေတာင့္တင္းေနခဲ့ရသည္။ ဒီအမ်ိဳးသမီးက သူ႕အေမနဲ႔ တကယ္ကိုတူေပသည္။ မူလပိုင္႐ွင္က တကယ္ပဲ အျခားကမ႓ာတစ္ခုက သူလား လို႔ ကူကယ္ရာမဲ့စြာ ေတြးေနမိသည္။ သူ ခံစားေနရတာေတြ သက္သာသြားဖို႔ သူ အခ်ိန္ နည္းနည္း ယူခဲ့လိုက္ရသည္။ လက္ကိုဆန္႔ထုတ္လိုက္ၿပီး သူ႕လည္ပင္းေနာက္ကို တို႔ထိလိုက္ရင္း စုလင္ရဲ႕အမူအရာ အနည္းငယ္ ေျပေလ်ာ့သြားသည္။
ကုသမႈအတြက္ေမွ်ာ္လင့္ခ်က္႐ွိရင္ေတာ့ အဆင္ေျပပါသည္။ သူ တစ္သက္လုံး အနံ႔ဆိုး မထြက္ခ်င္ေပ။ သူ '၀ိညာဥ္သစ္ပင္'က ဘာလဲဆိုတာလည္း မသိေခ်။ ဤမူလခႏၶာကိုယ္ပိုင္႐ွင္သည္လည္း သူ ဝိညာဥ္သစ္ပင္ ဌာနကို ၀င္ခြင့္ရခ်င္ေၾကာင္း ဒိုင္ယာရီတြင္ ေရးသားခဲ့သည္။
ထို႔ေနာက္ စုလင္း 'ေမေမ့ရဲ႕ဆိုင္' အမည္႐ွိ ဖိုင္ကို ဖြင့္လိုက္သည္။ ထိုဖိုင္ထဲတြင္ ဆိုင္ရဲ႕လိပ္စာ၊ ဆိုင္နဲ႔ ဆက္စပ္ေသာအခ်က္အလက္အခ်ိဳ႕ႏွင့္ အိမ္ျခံေျမလက္မွတ္တစ္ခု ႐ွိခဲ့သည္။ ပိုင္ဆိုင္မႈအကြက္မွာ နာမည္က စုလင္းရဲ႕နာမည္ ျဖစ္သည္။ အိမ္ျခံေျမလက္မွတ္ အျပင္ အျခားအၫႊန္းတစ္ခုလည္း ႐ွိေနသည္။
"မဒမ္ခ်င္မင္းက သူမရဲ႕သား စုလင္းရဲ႕ ၁၈ႏွစ္ျပည့္ ေမြးေန႔အၿပီးတြင္ ထ်န္းလင္းအေမြးနံ႔သာဆိုင္ကို သူမနာမည္မွာ စုလင္းဆိုသည့္ အမည္သို႔ လြဲေျပာင္းေပးပါမည္။ လုပ္ထုံးလုပ္နည္းမ်ား ၿပီးစီးသြားၿပီ ျဖစ္သည့္အတြက္ အခ်ိန္မေ႐ြး အသုံးျပဳႏိုင္ပါၿပီ။"
ဆိုင္တာဝန္ခံ နာလူးရဲ႕ အဆက္အသြယ္ အခ်က္အလက္မ်ားလည္း ႐ွိသည္။ စုလင္း မစၥတာနာလူးကို မဆိုင္းမတြ ခ်က္ခ်င္း ဆက္သြယ္ခဲ့သည္။ သူဖုန္းခ်လိုက္ၿပီးၿပီးခ်င္းမွာပဲ သူ႕အခန္းတံခါးဟာ တြန္းဖြင့္ျခင္းခံလိုက္ရသည္မို႔ သူ ခ်က္ခ်င္း ေမာ့ၾကည့္လိုက္သည္။
ေကာင္ေခ်ာေလးတစ္ေယာက္ အခန္းထဲ ေျပးဝင္လာသည္။ ခ်က္ခ်င္းပင္ စုလင္း တစ္ဖက္လူကိုတန္းသိလိုက္သည္။ သူ႕ရဲ႕ဝိေသသလကၡဏာအရ သူ႕မိေထြးရဲ႕အႀကီးဆုံးသား၊ သူရဲ႕ဒုတိယညီျဖစ္သူ ၁၆ ႏွစ္အ႐ြယ္ Omega စုေအာင္းျဖစ္သည္။
စုေအာင္းက သူနဲ႔ ႏွစ္လွမ္းအကြာကေန အသံစူးစူးနဲ႔ေအာ္ေျပာသည္။
"မင္း ငါ့အေမကို ႐ိုက္လိုက္တာလား?"
စုလင္းက သူ႕လက္ေကာက္ဝတ္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး အခုအခ်ိန္မွာ အၾကမ္းဖက္ဖို႔က စိတ္ကူးေကာင္းတစ္ခုမဟုတ္ဘူးလို႔ ခံစားရတယ္။ သူထရပ္လိုက္ေတာ့ ေကာင္ေလးကသတိႀကီးစြာနဲ႔ ေျခတစ္လွမ္း ေနာက္ဆုတ္သြားသည္။ သူ ေအာက္ကို ငုံၿပီး အမိႈက္ပုံးထဲက ေသြးစြန္းေနေသာပတ္တီးကို ေကာက္ယူလိုက္ရင္း တည္တည္ၿငိမ္ၿငိမ္ႏွင့္ အကူအညီမဲ့သည့္ေလသံျဖင့္ ျပန္ေျပာလိုက္သည္။
"သူမက ငါ့ကို ႐ိုက္တာ ၿပီးေတာ့ သူ႕ေျခေထာက္သူ မႏိုင္ပဲ လဲသြားတာ"
စုေအာင္းက ႏွာမႈတ္လိုက္ၿပီး
"ငါ သိသားပဲ။ မင္းဒီေလာက္ သတၱိမ႐ွိပါဘူး။ သူရဲေဘာင္ေၾကာင္တဲ့ေကာင္"
သူက စက္ဆုတ္႐ြံ႐ွာဟန္နဲ႔ ႏွာေခါင္းကို အုပ္ထားလိုက္ၿပီး
"အမိႈက္ေတာင္းထဲက ဟာႀကီး ကိုေကာက္ေနတယ္? ညစ္ပတ္လိုက္တာ၊ မင္း အေမ့ကို မ႐ိုက္ခဲ့ဘူး ဆိုမွေတာ့ ငါလႊတ္ေပးလိုက္မယ္"
သူကေျပာရင္း ဂုဏ္ယူစြာနဲ႔ သူ႕ေမးကို ေျမႇာက္လိုက္ၿပီး သူရဲ႕အျပာေရာင္ ပြဲတက္ဝတ္စုံ အနားစကို ဆြဲလိုက္ၿပီး
"အေဖက သူျပန္လာေတာ့ ငါ့အတြက္ ဒီဟာကို ၀ ယ္လာခဲ့တာ"
ထို႔ေနာက္ သူက ထြက္သြားဖို႔လွည့္လိုက္ကာ
"သြားစို႔။ ငါ့အေမက မင္းကို ညစာအတူစားဖို႔ ေျပာခဲ့တယ္"
သူက ပြစိပြစိ ဆက္ေျပာေနသည္။
"အေမက ဘာေတြေတြးေနလဲ မသိဘူး၊ ဘာလို႔ ငါတို႔က မင္းကို ညစာအတူစားဖို႔ ေခၚရမွာလဲ ...?"
စုလင္းက ပတ္တီးကို အမိႈက္ပုံးထဲ ပစ္ခ်လိုက္ၿပီးမ်က္ခုံးပင့္လိုက္သည္။ တစ္ႏွစ္ပတ္လုံးအလုပ္မ်ားေနတဲ့ ဒီအေဖျပန္လာၿပီ။ သူက စုလင္း ေသာ့ပိတ္ခံရၿပီး အစာငတ္ခံေနရမည္ကိုစိုးရိမ္ေနခဲ့ပုံရသည္။ စုလင္း သူ႕လက္ေတြကိုျမန္ျမန္ ေဆးေၾကာလိုက္ၿပီး စုေအာင္းေနာက္ လိုက္သြားခဲ့သည္။ စုေအာင္းက လမ္းေလွ်ာက္လာရင္း ဂုဏ္ယူစြာ ေျပာလာသည္။
"အေဖက ငါ့အတြက္ ၁၆ ႏွစ္ျပည့္ေမြးေန႔ပြဲက်င္းပဖို႔ အထူးအေနနဲ႔ ျပန္လာခဲ့တာ"
စုလင္းရဲ႕ဇာမဏီမ်က္ဝန္းမ်ားက က်ဥ္းေျမာင္းသြားသည္။
"ေကာင္းတယ္"
သားအႀကီးဆုံး၏ေမြးေန႔သည္ ေမြးေန႔ဆုေတာင္းပင္ မရခဲ့ေသာ္လည္း ဒုတိယသားအတြက္မူ ဒီလို ဘက္လိုက္မႈမ်ိဳးနဲ႔ ပါတီပြဲက်င္းပဖို႔ အလ်င္အျမန္ ျပန္လာခဲ့သည္။ သို႔ေသာ္ ဒါကပဲ အေကာင္းဆုံးျဖစ္သည္။ အခုဆို စုလင္း ဘာပဲ လုပ္လုပ္ ဘယ္လို စိတ္ပိုင္းဆိုင္ရာ ဝန္ထုပ္ဝန္ပိုးမွ ႐ွိေတာ့မည္မဟုတ္ေပ။
စုေအာင္းကေတာ့ ခ်ီးက်ဴးစကားေျပာတယ္ ထင္ၿပီး အလြန္ေက်နပ္ေနခဲ့သည္။
စားပြဲတြင္ထိုင္ေနၾကသူမ်ားကို စုလင္း ဆရာကလြဲၿပီး လိပ္စာ စာအုပ္ထဲက လူအားလုံးနဲ႔ တြဲမိသည္။ ညစာစားၾကသည့္တစ္ေလွ်ာက္လုံး စုမိသားစုဝင္၄ေယာက္သည္ စုလင္းကို ေလလိုသေဘာထားကာ မိသားစုညီညီ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ စားေသာက္ခဲ့ၾကသည္။ သို႔ေသာ္ျငား စုလင္းကလည္း ဂ႐ုမစိုက္ႏိုင္ပါေခ်။ သူ႕က သူ႕အစားအေသာက္ကိုသာ အေလးထား စားေနခဲ့သည္။ စုအိမ္ေတာ္ရဲ႕ စားဖိုမႉးက တကယ္ ကြၽမ္းက်င္လွသည္။ အရသာက အရမ္းကိုေကာင္းမြန္သည္။ စုလင္း အသားေတြကို ဟင္းသီးဟင္း႐ြက္ေတြနဲ႔ စားၿပီး အရမ္းေက်နပ္ခဲ့သည္။
ညစာစားၿပီးေနာက္ စုလင္း သူ႕အခန္းကို ျပန္သြားရမလား၊ ဆက္ၿပီး ေလလိုဟန္ေဆာင္ရင္း သူတို႔ေျပာသမွ် နားေထာင္ကာ ဒီကမ႓ာအေၾကာင္းသတင္းအခ်ိဳ႕စုေဆာင္းရမလား ခ်ီတုံခ်တုံျဖစ္ေနခဲ့သည္။ ထို႔စဥ္ အေဖစု ေျပာတာကို ၾကားလိုက္ရသည္။
"စုလင္း၊ ဒီကိုလာ"
စုလင္း အေဖစုေနာက္ကေန ဧည့္ခန္းဆိုဖာ ဆီသို႔လိုက္သြားခဲ့သည္။မဒမ္စု ,ေက်ာင္းဟန္က ႏူးညံ့သိမ္ေမြ႕ေသာမ်က္ႏွာျဖင့္ ေဘးတြင္ထိုင္ၿပီး၊ ဒုတိယသားနဲ႔ တတိယသားတို႔က ေဘးခ်င္းယွဥ္ထိုင္ေနသည္။
အေဖ စု: "မင္းအေမက မင္းကို ေပးတဲ့ေလွ်ာက္လႊာမွာ လက္မွတ္ထိုးၿပီးၿပီလား?။"
စုလင္း ေခါင္းယမ္းလိုက္သည္။
အေဖစုက မေက်မနပ္ျဖစ္ၿပီး“ မင္းအေမေျပာတာမွန္တယ္၊ မင္းက ပုန္ကန္ေနတာပဲ”
သူက စာ႐ြက္တစ္႐ြက္နဲ႔ ေဘာပင္တစ္ေခ်ာင္းကို ထုတ္လိုက္ၿပီး စုလင္းဆီကို တြန္းပို႔လိုက္သည္။
"လက္မွတ္ထိုးလိုက္၊ ျမန္ရင္ ငါ လုပ္ငန္းခရီး ျပန္မထြက္ခင္ မင္းရဲ႕ မဂၤလာေဆာင္ တက္လိုက္လို႔ရေလာက္တယ္"
စုလင္း စာ႐ြက္ကို ငုံ႔ၾကည့္လိုက္ေတာ့ ရင္းႏွီးေနသည့္ ေလွ်ာက္လႊာပုံစံကို ျမင္လိုက္ရသည္။ ဒါက အပိုင္းပိုင္းျဖစ္သြားၿပီး အမိႈက္ပုံးထဲတြင္ လဲေလ်ာင္းေနေသာ ယခင္ စာ႐ြက္ႏွင့္လုံးဝ တူသည္။
"ကြၽန္ေတာ္ လက္မွတ္မထိုးဘူး"
စုလင္းက အေဖစုကို စိုက္ၾကည့္လိုက္ၿပီး
"ကြၽန္ေတာ္ စနစ္တစ္ခုက တြဲေပးတာကို လက္ခံမွာ မဟုတ္ဘူး။"
အေဖစုရဲ႕ အမူအရာမွာ ေမွာင္မည္းသြားၿပီး ေက်ာင္းဟန္က ေႏြးေထြးစြာ ဝင္ေဖ်ာင္းဖ်သည္ -
"မင္းအေဖက မင္းေကာင္းက်ိဳးအတြက္ ေျပာေနတာပါ။ မင္းရဲ႕အေျခအေနကို မင္းလည္းသိတာပဲ၊ စနစ္နဲ႔တြဲဖက္မႈကို လက္ခံတာထက္ မင္း ဘာသာ လက္တြဲေဖာ္ ႐ွာရတာ ခက္လိမ့္မယ္။"
အေဖစုက "မင္းက အ႐ြယ္ေရာက္ၿပီးသား၊ မင္းအိမ္ေထာင္မျပဳရင္ ဘာလုပ္ခ်င္လဲ?"
စုလင္း သူ႕ရဲ႕ ၿခိမ္းေျခာက္မႈကို ဘယ္လိုမွ မေနခဲ့ေခ်။ သူက သူ႕အစီအစဥ္ကို ႐ိုး႐ိုးေလးပဲ ေျပာခဲ့သည္။
“ကြၽန္ေတာ္ တကၠသိုလ္ ၀င္ခြင့္စာေမးပြဲ ေျဖခ်င္တယ္”
လက္ေကာက္တြင္ ေခတ္သစ္ အသိပညာႏွင့္ ဆင္တူသည့္ ေလ့လာမႈ မွတ္စုမ်ားစြာ႐ွိသည္။ ဇီဝေဗဒကေတာ့ အလြန္ျခားနားသည္။ သူသည္ သူရဲ႕အစစ္အမွန္ေလာကမွာလည္း ဘြဲ႕မရေသးေပ။ထို႔ေၾကာင့္ ယခုသူသည္ ၁၈ ႏွစ္႐ွိၿပီ ျဖစ္၍ ေလ့လာမႈကိုၿပီးေအာင္လုပ္ရမည္။ ဒီလိုမွမဟုတ္ရင္ သူဘာဆက္လုပ္ရမလဲဆိုတာ သူတကယ္မသိပါေခ်။
အနီးအနားမွ ရယ္သံတစ္ခု ထြက္လာသည္။ စုလင္း တစ္ခ်က္ၾကည့္လိုက္ေတာ့ စုေအာင္းက သူ႕ႏႈတ္ခမ္းေတြေပၚမွာ အျပဳံးတစ္ခု ခ်ိတ္ဆြဲကာ
"မင္းက ဘယ္လိုလုပ္ၿပီးမ်ား တကၠသိုလ္ တက္ႏိုင္မွာလဲ"
စုလင္းက ႏႈတ္ခမ္းကို သပ္လိုက္ၿပီး
"ငါစာေမးပြဲမေအာင္ႏိုင္ဘူးလို႔ မင္းဘယ္လိုလုပ္ေျပာႏိုင္လဲ"
စုေအာင္း: "မင္းက အရမ္းအနံ႔ဆိုးတယ္ေလ"
စုလင္း ဒီလိုပုဂၢိဳလ္ေရးတိုက္ခိုက္မႈမ်ားႏွင့္ ပတ္သက္ၿပီး အလြန္မေက်နပ္ေသာ္လည္းျပန္လည္ေခ်ပႏိုင္ခဲ့ျခင္းမ႐ွိေပ။
"... ဒါက စာေမးပြဲေျဖတာနဲ႔ေတာင္ သက္ဆိုင္ေနလား။"
စုေအာင္းက သူ႕ကို အ႐ူးတစ္ေယာက္လို ၾကည့္ၿပီး
"အဓိပၸါယ္မ႐ွိလိုက္တာ။ မင္းက Omega တစ္ေယာက္ေလ။ မင္းရဲ႕ pheromone ကအရမ္းအနံ႔ဆိုးေနတာ။ က်န္တဲ့ဘာသာရပ္ေတြ အားလုံးကလည္း ထူးခြၽန္တာမ႐ွိရင္ မင္းစာေမးပြဲကို ဘယ္လိုလုပ္ေအာင္ပါ့မလဲ?။"
စုလင္း အံ့ၾသသြားၿပီး
pheromones အနံ႔က သူတကၠသိုလ္သြားႏိုင္လား၊ မသြားႏိုင္လား အေပၚမွာ သက္ေရာက္မႈ ႐ွိေသးတာလား?
အေဖစုရဲ႕မ်က္ႏွာသည္ ပို၍ပင္ ႐ုပ္ဆိုးသြားသည္။
"မင္းစာေမးပြဲေတြ အေၾကာင္းေတာင္ မသိဘဲ တကၠသိုလ္ တက္ခ်င္ေသးတာလား?"
သူက ဆက္ၿပီးျငင္းခုံ၊ေျပာဆိုရန္ စိတ္မပါေတာ့ဘဲေလွ်ာက္လႊာကို ၫႊန္ျပလိုက္ၿပီး
"လက္မွတ္ထိုး!"
စုလင္းရဲ႕သေဘာထားက ခိုင္မာသည္။
"ကြၽန္ေတာ္ လက္မွတ္ မထိုးႏိုင္ဘူး။"
သူ တကၠသိုလ္မတက္ႏိုင္ရင္ေတာင္ ဒီစနစ္နဲ႔ သူ႕ကို အိမ္ေထာင္ဖက္အျဖစ္ သတ္မွတ္မွာကို သူလက္မခံႏိုင္ေပ။
စာေရးသူေျပာစရာတစ္ခု႐ွိတယ္။
မေန႔က Omega ရဲ႕ pheromone အနံ႔ေလးအတြက္ စိတ္ပူေနတဲ့ ခ်စ္စရာမွတ္ခ်က္တစ္ခု႐ွိတယ္။ သူက အခု ပုံမွန္မဟုတ္တဲ့အေျခအေနမွာ ႐ွိေနေပမယ့္ ျပန္ေကာင္းလာလိမ့္မယ္။ သူက အရမ္းေမႊးပါတယ္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue Freesia🦋