ZAW
"ပါလား"
"ရော့"
"ဘာတွေလဲ"
"ဆား"
"ငါပိတ်တီးလိုက်ရ"
"မင်းပြန်တော့"
"နောက်မှပေးမယ်"
"FU*K ??"
"ပတ်ဘတ်ဟျွန်း"
"လာခဲ့"
"ဘယ်သူလဲ"
"သူငယ်ချင်း"
ညသန်းခေါင်၁၂နာရီ...
နောက်ထပ်တစ်ယောက်...
"သခင်လေး"
အီးဟီး!
"သခင်လေး သခင်လေး"
UNI
ဘတ်ဟျွန်းက ကြိတ်ပြီး သူ့အခန်းထဲမှာ အစီအစဉ်တွေချနေတယ်။၃ယောက်တစ်ပြိုင်နက်ထဲဆိုတော့ အလုပ်ကနည်းနည်းတော့ ရှုပ်သည်။ကင်ဂျုံအင်ကလည်း ရောက်မလာသေး မနက်ဖြန်ဆို ပွဲနေ့ရောက်နေပြီ။သူကတော့ ဖင်တကြွကြွနဲ့ပင်။
"သခင်လေး ဧည့်သည်ရောက်နေပါတယ်"
တံခါးခေါက်သံအပြင် အလုပ်သမားတစ်ဦးရဲ့လာပြောတဲ့ စကားကြောင့် သူအပြေးလေးအောက်ဆင်းသွားလိုက်သည်။အိမ်ရှေ့ပေါက်ဝတည့်တည့်မှာ လွယ်အိတ်ကြီးလွယ်ပြီး ရပ်နေတဲ့ ဂျုံအင်ကို ဂုတ်ကနေဆွဲ သူ့အခန်းထဲခေါ်လာခဲ့သည်။
"ပါလား"
"ရော့"
ဂျုံအင်က သူ့အိတ်ထဲက ပလတ်စတစ်ပတ်ထားသော အိတ်တွေကို ထုတ်ပေးလာသည်။ဘတ်ဟျွန်းမျက်နှာကရွှေထုတ်ကြီး ပိုက်ရလိုက်သလို ဖြစ်သွားသည်။
"ဘာတွေလဲ"
"ဆား"
ဘတ်ဟျွန်းမျက်နှာက ထရိုက်သတ်ချင်နေတဲ့ ပုံဖြစ်သွားသလို ဂျုံအင်ကလည်း နှုတ်ခမ်းကြီးမဲ့ပြသည်။
"ငါပိတ်တီးလိုက်ရ"
"မင်းမှာတာ ဘိန်းမလား ဘိန်းမပါလို့ ငါကဂျုံတွေယူလာရမှာလား"
အမြင်ကပ်ကပ်နဲ့ပြောလာတဲ့ ဂျုံအင့်စကားကြောင့် သူစိတ်လေတဲ့ပုံလုပ်ပြလိုက်တယ်။
"မင်းပြန်တော့"
ပေကပ်နေသေးတဲ့ ဂျုံအင်က ဘတ်ဟျွန်းကို မျက်နှာသေနဲ့
လက်မနဲ့လက်ညိုးနှစ်ခုကို ပူးကပ်ပွတ်ပြရင်း ပြောတော့ ဘတ်ဟျွန်း ထဆဲလိုက်တယ်
"နောက်မှပေးမယ်"
"FU*K ??"
ဂျုံအင် ဆဲလိုက်တယ်။သူ့ပစ္စည်းတွေယူပြီး ပိုက်ဆံမပေးချင်လို့ရမလားဟ။
"အော ဒါနဲ့အဆိပ်ပုလင်းရောပါလား"
"အေး မင်းမပြောခင်ကတည်းက ငါပါလာတဲ့ အဆိပ်နဲ့ မင်းပါးစပ်ထဲထိုးထည့်တော့မလို့"
စိတ်လေစွာပြောရင်း အကျီကြားထဲဖွတ်လာတဲ့ လက်သန်းလောက်ရှိတဲ့ ပုလင်းလေးကို ထုတ်ပေးလိုက်တယ်။
"ဒါနဲ့မင်းမျက်နှာက ပျားတုတ်လာတာလား"
"လူတစ်ယောက်ကိုတိုက်မိလို့ ထိုးခံမိသွားတာ"
ဂျုံအင်က အညိုမဲစွဲနေတဲ့ ဒဏ်ရာတွေကို စိတ်ပျက်သလို ထိကြည့်ရင်းပြောလာတယ်။ဘတ်ဟျွန်းက ထိုစကားကြောင့် တစ်ဟားဟားရယ်တယ်။ထောင်ထောင်မောင်းမောင်း ဂျုံအင်က လူတစ်ယောက်ကိုတိုက်မိတာနဲ့ပဲ ဒီလိုအညိုမဲစွဲအောင် ထိုးခံလိုက်ရတယ်။ဒါက တစ်ကယ်ရယ်ရတယ်။
"မရယ်နဲ့တော့ ဟိတ်ကောင်"
"အေးပါ မရယ်တော့ဘူး ခွီးး"
ပြောမရ ရယ်ပဲရယ်နေသေးတဲ့ ဘတ်ဟျွန်းကြောင့် ဂျုံအင်သူ့လွယ်အိတ်သူ ပြန်ဆွဲပြီး အခန်းထဲကထွက်လာခဲ့သည်။ဂျုံအင်ထွက်သွားတာတွေ့တော့မှသာ မသေသေးတဲ့အရယ်ပိုးတွေကို ထိန်းချုပ်ရင်း နောက်ကလိုက်လာခဲ့သည်။
အောက်ထပ်ဆင်းသွားတော့ ဂျုံအင်နဲ့ ကုမ္ပဏီက အခုမှပြန်လာပုံရတဲ့ ချန်းယောလ်က တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည်။ချန်းယောလ်အကြည့်တို့စုံရာက သူ့ဆီရောက်လာတော့ ဂျုံအင်ကလစ်ထွက်သွားချေပြီ။
"ပတ်ဘတ်ဟျွန်း"
သူ လှည့်ထွက်ဖို့လုပ်တော့ ချန်းယောလ်ခေါ်သံကထွက်ပေါ်လာတယ်။ဘတ်ဟျွန်းပျင်းတိပျင်းရွဲ့လှည့်ကာ ဘာလဲဆိုတဲ့သဘောနဲ့မေးဆတ်ပြလိုက်သည်။
"လာခဲ့"
ဘတ်ဟျွန်း စိတ်မပါစွာလမ်းလျှောက်ရင်းလာတော့ ချန်းယောလ်ကမျက်မှောင်ကျုံ့ကြည့်တယ်။
"ဘယ်သူလဲ"
"သူငယ်ချင်း"
"မင်းကသူငယ်ချင်းရှိနေတာလား"
ဘတ်ဟျွန်းပြန်မဖြေချင်တော့တာမို့ မျက်ဖြူစိုက်ပြလိုက်တယ်။
ချန်းယောလ်ကစိတ်ပျက်သလိုသာ ကျစ်စုတ်သတ်ပြီး ထွက်သွားတယ်။ဘတ်ဟျွန်း ပုခုံးတွန့်လိုက်ပြီး သူ့အခန်းဆီပဲ ပြန်လာခဲ့တယ်။
ညသန်းခေါင်၁၂နာရီ...
အကျီအ၀တ်အစားအကုန်လုံးက အမဲရောင်တွေပဲ ၀တ်ထားကာပေါ့ပါးသွက်လက် လျင်မြန်မှုအတိုင်းအတာနဲ့အတူ ကြီးမားသော အိမ်ထဲကို လွယ်လွယ်ကူကူဝင်ရောက်နိုင်ခဲ့သည်။
အနက်ရောင် လွယ်အိတ်ကို ကျောထက်၌ လွယ်ကာ အခြေအနေကို တစ်ချက်ကြည့်လိုက်တယ်။အသာလေးစိထားသည့် အခန်းတံခါးဝလေးကို နည်းနည်းလေး ဖွင့်ဟကြည့်တော့
ရှင်းလင်းနေသော အခန်းပတ်ဝန်းကျင်နှင့် ရေချိုးခန်းဆီမှ ရေကျသံကိုအတိုင်းသားကြားနေရသည်။
ခန့်မှန်းထားချိန် အချိန်က၁၅မိနစ်သာရသည်။
ရေချိုးနေတဲ့ကောင် ထွက်မလာခင် အမြန်လုပ်စရာရှိရာလုပ်ရမည်။
ကုတင်အောက်နားကိုသွားဖို့ ခြေသံဖော့သွားလိုက်တယ်။
လွယ်ထားတဲ့ ကျောပိုးအိတ်ကို ဘေးကိုအသာချပြီး ကြီးမားတဲ့ကုတင်ကြီးကို သူလက်၂ဖက်နဲ့မလိုက်တယ်။ပြီးနောက်တွင် အိတ်ထဲက တိတ်ပတ်ထားသော အဖြူအိတ်ကလေးတွေကို ကုတင်အောက်ကို ထားလိုက်တယ်။အနံအသက်တွေမကျန်အောင် ဆောင်လာသော ဗူးလေးနဲ့ ပတ်ဖြန်းလိုက်တယ်။
လက်ရာမပျက် ပြန်ပြုပြင်ရင်း တိတ်ဆိတ်စွာအခန်းထဲက ထွက်လာခဲ့သည်။
နောက်ထပ်တစ်ယောက်...
သူခန့်မှန်းထားသောအခန်းရှေ့သွားရပ်ကာ တံခါးလေးကို
နည်းနည်းလေးဖွင့်ကြည့်လိုက်တယ်။လှိုင်ကနဲထွက်လာတဲ့ အနံအသက်တွေကြောင့် သူအော်ဂလီဆန်လာသည့်စိတ်နဲ့အတူ မျက်နှာပါ ရှုံ့တွမိတယ်။
တစ်အင်းအင်းညီးညူသံတွေက အခန်းထဲကထွက်လာတာကြောင့်
သူမျက်နှာကြီးရဲလာတယ်။ဘောင်းဘီအိတ်ထဲက ကင်မရာသေးသေးလေးကိုယူပြီး 3some ကြသည့်Liveလေးကို မှတ်တမ်းတင်လိုက်တယ်။
ယောကျာ်းလေး၃ယောက်က ကုတင်ပေါ်မှာ လုံးထွေးနေကြပြီး သူချောင်းပြီး videoရိုက်နေတာတောင် သတိမထားမိအောင်ကို တော်တော်ကို သာယာနေပုံ။
ရှက်ရှက်နဲ့record ယူပြီး ထွက်လာလိုက်တယ်။
ခြံပြင်ထိရောက်အောင် သာသာလေးထွက်လာပြီးမှ သူသက်ပြင်းချလိုက်တယ်။
ညကတော်တော်မှောင်နေပြီး ခွေးဟောင်သံအချို့ကလွဲမကြားရပေ။ပလက်ဖောင်းပေါ်ကနေ ကျောက်စရစ်ခဲတွေဟိုကန်ဒီကန်နှင့် လမ်းလျှောက်နေတုန်း Taxiတစ်စီးကိုတွေ့သည်။
မထူးတော့ပေ။အိမ်မြန်မြန်ရောက်မှသာ သူအပြင်ခိုးထွက်သည့်ကိစ္စမသိမှာမို့ ထိုTaxiသာ အကူအညီယူရတော့မည်
"....လမ်း...ရပ်ကွက်ကိုမောင်းပေးပါ"
ကားထဲက လူက ခေါင်းညိတ်ပြတော့ သူကားပေါ်တက်လိုက်သည်။အံမယ် ဘယ်ဆိုးလဲ။သူတွေ့နေကြ ပုံမှန်Taxiကားတွေလိုမဟုတ်ပဲ သန့်သန့်ရှင်းရှင်းနဲ့ ဈေးကြီးပုံပေါ်သည့် ကားအကောင်းစားကြောင့် သူတိတ်တဆိတ်ချီးကျူးလိုက်သည်။
ကားသမားကို ပိုက်ဆံတောင်မပေးရသေး မောင်းထွက်သွားတာကြောင့် သူခေါင်းကုတ်ရင်းသာ ကျန်ခဲ့သည်။အိမ်ထဲကိုဝင်ဖို့ တံတိုင်းကိုကျော်ဖို့လုပ်တော့ ပွင့်သွားတာကြောင့်
သူတံခါးပေါ်က ခြေထောက်ကိုပြန်ချလိုက်သည်။ဘယ်သူဖွင့်ထားတာတုန်း။
သူအူကြောင်ကြောင်နဲ့ လျှောက်လာရင်း အိမ်တံခါးကိုထိကြည့်ပြန်တော့လည်း အိမ်တံခါးကပွင့်နေပြန်တယ်။
သူလွယ်လာတဲ့လွယ်အိတ်ကို အိမ်ပြင်မှာ လွှင့်ပစ်ထားခဲ့ပြီး
အပိုထည့်ထားတဲ့ အိမ်နေရင်းအ၀တ်အစားတွေပြန်လဲဝတ်လိုက်သည်။
ပြီးတော့မှသာ အိမ်ထဲ ရောင်လည်လည်နဲ့ ၀င်လာခဲ့သည်။
"သခင်လေး"
"ဟင် အိမ်တော်ထိန်း မအိပ်သေးဘူးလား"
သူတုန်နေသော ရင်ဘက်အစုံကို ဖိကိုင်ရင်း မေးလိုက်သည်။သူအပြင်ခိုးထွက်တာသိသွားရင် ချန်းယောလ်ဆီရောက်သွားရင် သူတော့သွားပြီ။
အီးဟီး!
"သခင်လေး သခင်လေး"
"ဟင် ဟုတ်တယ် ကျွန်တော် အိပ်မပျော်လို့ ညခြံပြင်ထွက်လမ်းလျှောက်တာ ဒါနဲ့တံခါးကြီးကပွင့်နေတယ်"
"သခင်လေးရယ် တစ်ယောက်ယောက်တော့ခေါ်တာမဟုတ်ဘူး။ခြံတံခါးက ခုနကသခင်ကြီးသူ့သူငယ်ချင်းအရေးပေါ်ဖြစ်လို့ဆိုပြီး မောင်းထွက်သွားတာ အဲ့ဒါအလုပ်သမားတွေ ခြံတံခါးပိတ်ဖို့ မေ့နေတာထင်တယ် အော် ကျုပ်သွားပြောပါအုန်းမယ်"
ဘတ်ဟျွန်း မအူမလည်လေး ကြည့်ရင်း အိမ်ပေါ်ပဲတက်ခဲ့သည်။ဘာတွေဖြစ်နေကြတာလဲ။
သူခေါင်းကိုကုတ်ရင်းသာ မတွေးတော့ပဲသူပင်ပန်းနေလို့ အိပ်သာအိပ်လိုက်တော့သည်။
သူအိပ်ပျော်သွားတဲ့အချိန်မှာ သူ့အခန်းထဲ ပြောင်းလာခြင်းတစ်ခုဖြစ်ခဲ့တယ်။