COMPLETE ဧကရီကို ကိုယ်တော် မ...
By Kyiphyuswe
59.7K 5.1K 663
ဒီဟာလေး ကတော့ ဒုတိယမြောက် ခြေလှမ်း လေးပဲ ဖြစ်ပါတယ်နော်။ ရှေ့အပုဒ်က Boy X Boy ပုံစံ ဖြစ်တာမို့ BXG ကြိုက်တက်တဲ... More
အပိုင်း (1)
အပိုင်း (2)
အပိုင်း (3)
အပိုင်း (4)
အပိုင်း (5)
အပိုင်း (6)
အပိုင်း (7)
အပိုင်း (8)
အပိုင်း (9)
အပိုင်း (10)
အပိုင်း (11)
အပိုင်း (12)
အပိုင်း (13)
အပိုင်း (14)
အပိုင်း(15)
အပိုင်း (16)
အပိုင်း (18)
အပိုင်း (19)
အပိုင်း (20)
အပိုင်း (21)
အပိုင်း (22)
အပိုင်း (23)
အပိုင်း (24)
အပိုင်း (25)
အပိုင်း (26)
အပိုင်း (27)
အပိုင်း (၂၈)
အပိုင်း (29)
အပိုင်း (30) [Final]
EXTRA (ဇာတ်ကြောင်းအစစ်)
အပိုင်း (17)
1.3K 126 19
By Kyiphyuswe
[Unicode]
  အစက သူ့အမတော် ဘေးနား ကပ်ထိုင်ပြီး ထမင်းခွံ့ကျွေး ခိုင်းမယ့် ဧကရာဇ်:''..........''
  ဘာလဲ...ဘယ်သူလဲ...ဘာလာလုပ်တာလဲ....ဒါက ကျန်း နေရာလေ....အခုဖယ် လိုက်စမ်းပါ...။
ရှန်းလုက ကလေး ၂ ယောက်လုံးဟာ သူမကို ကပ်ချင်နေ မှန်း သိတော့ ၂ ယောက် လုံး ကို ဘေး တစ်ဖက် စီမှာ နေရာ ချထား ပေး လိုက်တယ်။ ဟိုနေ့က ဧကရာဇ်ကို ပေး လိုက်တဲ့ ကူရှင် အပျော့လေး လိုမျိုး နောက်တစ်ခုကို ချန်ဖေး ထိုင်မယ့်နေရာ ကိ ခုထား ပေး လိုက်တယ်။
  ချန်ဖေး နဲ့ ဧကရာဇ် တို့ဟာ သမိုင်းကြောင်းတွေ ထဲကလို အရမ်း ကု ချစ်ခြင်း မေတ္တာတွေ နဲ့ ပြည့်နေမယ့် အကြည့်တွေ အစား နှင်းတောင်ထိပ်က ရေခဲ ပန်းလိုမျိုး အေးခဲ မယ့်အကြည့်တွေ နဲ့ ကြည့်နေ ကြလေတယ်။ ရှန်းလု က နှစ်ယောက်သား ရန်စောင်နေတာ ကို သိတာကြောင့် ချန်ဖေး ကို ဟင်း ထည့်ပေးကာ ဧကရာဇ်လေးကို မေး လိုက်တယ်။
" ဧကရာဇ်....ပန်ကုန်း က စာကြည့်ဆောင် ထဲမှာ ' ကြီးမြတ်သော ဧကရာဇ် ' ဆိုတဲ့ အသစ်ထွက်ထားတဲ့ စာအုပ်ကို တွေ့ခဲ့တယ်။ အဲ့ထဲက ကြီးမြတ်တဲ့ ဧကရာဇ် လို ဘာလို့ ချန်ဖေး အပေါ် ကြင်ကြင်နာနာလေး မဆက်ဆံပေး ရတာလဲ..။''
မေးလဲ မေးပြီးရော ချန်ဖေး မပါပဲ တစ်ခြား သူတွေ က ကြိတ်ရယ်ကြလေတယ်။ အမေး ခံရတဲ့ ဧကရာဇ်လေး က တွန့်သွားတဲ့ အမူအရာ လုပ်ပြီးတော့ ပြန်ဖြေ လိုက်တယ်။
" ဘယ်ဖေးတွေ ကများ ဧကရာဇ် ဆီကနေ သူ့ဧကရီ ကို ခိုး ဖူး လို့လဲ..''
  အစက တစ်ခွန်းမှ မပြောပဲ ငြိမ်ငြိမ်လေး ထမင်းထိုင်စားနေတဲ့ ချန်ဖေး က ထိုစကား ကိုကြား တဲ့အခါ သေလောက် တဲ့ အကြည့်တွေ ပို့လွှတ် လိုက်ပြီး ဧကရီ ဘက်ကို လှည့်သွားတာနဲ့ ပြိုတော့မယ့် မိုးလို မျက်ရည်လေးတွေ တွဲခိုနေတဲ့ပုံ ချက်ချင်း ပြောင်းသွားတယ်။
" ဒီကြင်ယာတော် က ဧကရီ ကို ခိုးယူတာ မဟုတ်ရ ပါဘူး... ဒီကြင်ယာတော် က အစကတည်း က ဧကရီ အပိုင် ဖြစ်လာခဲ့တာပါ....။ အဟင့်ဟင့်...ဧကရီ ကသာ...ချန်ချယ် ကို ပိုင်ဆိုင်တာ မဟုတ်လားဟင်...ဟင့်ဟင့်...ချန်ချယ် က ခိုးမယူ ခဲ့ပါဘူး...''
  အစေခံတွေ က ချက်ချင်း အခြေအနေ ကို ပြောင်းပြန် လှန်လိုက်တဲ့ ချန်ဖေး ကို လက်ခုပ်တီးပြီး အားပေး လိုက်တယ်။
ဝါး.....နန်းတော်မှာ နေရ တာပြောစရာကြီးပဲ... ကြည့်စမ်း...။
ဧကရာဇ် ကလည်း အငို မင်းသားလေး.... အခုကျ ပြန်တော့ ပန်းလေး လိုလှ တဲ့ ချန်ဖေး က လဲ ငိုနေ ပြန်ပြီ...။
ဖရဲစေ့တွေ ၊ ဖရုံစေ့တွေ သာ ရောင်းပြီး  ဒီ' ကိုယ်လုပ်တော် ၂ ပါး ရဲ့ အားပြိုင်ပွဲ' ဆိုပြီး ပြဇာတ် ခင်း လိုက် လို့ကတော့ သူတို့ ဧကရီ အမြတ်တွေ ရလောက်တယ်။
  ရှန်းယုဟာ အလှလေး မျက်ရည်ကျ တော့မှာကို တွေ့တော့ ရင်ထဲ နာသွားလေတယ်။ ဒါကြောင့်ပဲ မျက်နှာလေး ကို ကိုင်ကာ မျက်ခွံလေး ပေါ်နမ်းရင် အုံဖွ လို့ လုပ်ပေး လိုက်တယ်။
သေချာတာ ပေါ့.... ပေါက်ကွဲတော့မယ့် မီးတောင်လိုမျိုး ဧကရာဇ် ကို ဖယ် ထား လိုက်ရင်တော့ အရမ်းကို လှပတဲ့ မြင်ကွင်းလေး ပဲ ဖြစ်တယ်။ ထိုအချိန် မှာ ဟင်းရည် ကို မမှုတ်ပဲ သောက်လိုက်တဲ့ ဧကရာဇ်လေး ကတော့ လျှာကျက်သွားပြီး ငိုပြန်တယ်။
  မနက်ကတည်းက ငိုနေတာကြောင့် သူမမောင်လေး ရေဓာတ်ကုန်ဆုံးပြီး သေမှာ ကို ရှန်းလု ကြောက်တာကြောင့် ရေတွေ ကောဖျော်ရည်တွေ ပါ အတင်းတိုက်တော့တယ်။ ဒါပြီး မှပဲ ဧကရာဇ် ကို ညီလာခံ ဆီ လွှတ် လိုက်တော့တယ်။
  ခဏနေတော့ ချန်ဖေး ကို ရေချိုးပေးပြီး ပြန်သိပ်ကာ ဝမ်ကူ ကို ဆင့်ခေါ် လိုက်တော့တယ်။
ဝမ်ကူ ရောက်လာတဲ့ အချိန် မှာ  ဧကရီက လူတွေ အကုန်လုံး ကို အပြင် ထုတ် လိုက်ပြီးတော့ ဝမ်ကူ နဲ့ ၂ ယောက်ထဲ ပြောဖို့ လုပ်လိုက်တယ်။
" ဧကရီ....ဒီအစေခံက.... ဧကရာဇ် ကို ဆေးခတ် ခဲ့ပါတယ်....''
  တော်ဝင် မျိုးနွယ်တွေ ဖြစ်တဲ့ ကလေးတွေ က ချီယန်ကျန်းကျွင်း အကြောင်း ကို သိကြတယ်။ အမှားလုပ်ရဲ ရင် ဝန်ခံ ရဲ ရမယ်...မဟုတ်ရင် ဝမ်းကွဲ အမတော် က ဆုတ်ဖြဲ ပြီး နင်းချေ ပြစ် လိမ့်မယ်။
ဒါကြောင့် ဝမ်ကူက သူမ လုပ်ခဲ့တာ ကို  ချက်ချင်း ဝန်ခံ လိုက်တာ ပဲ ဖြစ်လေတယ်။ ဝမ်းကွဲ အမက သူမ ကိုတော့ သက်ညှာပေး လောက်ပါတယ်နော်...။
ဧကရီ က ဝမ်ကူ ကို လက်ခါ ပြလိုက်ပြီး သူမဘေး ကို ခေါ်လိုက်တယ် ။
" လာပါအုံး..... ဘယ်လိုလဲ ကလေး မလေး မျိုးဆက်ကို ရနိုင်လောက်လား...''
ဝမ်ကူ က သူမ ကို မဆူတဲ့ အပြင် ပြုံးဖြီးနေတာမို့ လန့်တောင် လန့်သွားလေတယ်။ ရှန်းလုက ထိုကောင်မလေး ရဲ့ စိတ်ကို ခံစားမိလေတော့ သူမက ရှင်းပြတယ်။
" မင်းက မျိုးဆက် ရဖို့ လုပ်တာမို့အမတော် က အပြစ်မတင်တော့ဘူး....ဒါပေမယ့် စိတ်​ကြွဆေး ခက်တာကတော့ အမတော် သိပ်ပြီး သဘောမကျ ဘူး။ ထားပါလေ...ဘယ်လိုလဲ...မျိုးဆက် ရနိုင်ပြီလား...''
ဝမ်ကူက စိတ်ပျက်သွားဟန်ပေါ်ပြီး ထိုနေ့က အကြောင်း ကို ပြန်ပြောလေတယ်။
" အမတော်ရယ်....အမတော်ရဲ့ ညီတော် ကလေ...မိုးပေါ်သာ မတ်နေတာ အရည်က ထွက်မလာဘူး....သူ့ကို သမားတော် ပြသင့်တယ် လို့ ညီမတော်တော့ အဲ့လို ထင်တာပဲ...''
ရှန်းလုက မနက်ခင်းတုံးက ဝမ်ကူပြောတဲ့ စကားတွေ ကို ကြားယောင် နေပြီးတော့ သူ့မောင်လေး ကလေး မရ မှာကို စိုးရိမ်နေ ခဲ့တယ်။ ချန်ဖေးက သူမရဲ့အနောက်ကနေ သိုင်း ဖက်လိုက်ပြီးတော့ ပြောလိုက်တယ်။
" သခင်က ဘာတွေ စိတ်ပူနေ တာလဲဟင်... ဒီကြင်ယာတော် က ဘယ်လို လုပ်ပေး ရမလဲ.....''
ရှန်းလုက သူမ ပုခုံပေါ် သိုင်းဖက်ပြီးတင်ထားတဲ့ ကျောက်စိမ်း လက်လေးတွေ ကို ယူကာ နမ်း လိုက်ပြီး ပါးလေး ကို လှမ်း နမ်း လိုက်တယ်။
" မင်းလေး ကို တွေ့တာ နဲ့တင် ပန်ကုန်း  စိတ်ချမ်းသာ သွားပြီ...ပန်ကုန်းတို့ နန်းပြင်ထွက်ပြီး စစ်ဆေး ကြည့်ကြရအောင်လေ....''
  "ဘာကို  စစ်ဆေး မှာလဲ ဟင်...''
" ပန်ကုန်း တို့ ကလေးလေး ဗိုက်ထဲ ရောက်နေပြီလား ဆိုတာကိုလေ...''
" မနေ့ကမှ လုပ်ပြီး တာကို.....ဟင့်...ဘယ်လိုလုပ် အသေးလေးက ရောက် အုံး မှာလဲ..''
" အို...ဒါဆို ပန်ကုန်း ပိုကြိုး စား ရမှာပေါ့...ပြီးတော့ မင်းလေး ကို ဆေးစစ်ပေး ရမယ့် အပြင် အသွင်ပြောင်း ကျေက်စိမ်းတွေ အများကြီး ဝယ်ရ အုံးမယ်...''
ဒီလိုနဲ့ပဲ ၂ယောက်သား နန်းပြင်ထွက်လာခဲ့ ကြတော့တယ်။
နန်းတော်ထဲ က စာဖက်ဆောင် ထဲ က ဧကရာဇ် ကတော့ သားရဲ တစ်ကောင်နှယ် မှုန်ယို နေခဲ့ ပြီ ဖြစ်လေတယ်။
...............................................................
[Zawgyi]