//Unicode//
အခန်း - (၁) ပြန်လည်မွေးဖွားခြင်း
"အမေ့ဆိုင်ကို ကောင်းကောင်း ဂရုစိုက်ဖို့လိုတယ်။"
ဘယ်သူပြောနေတာလဲ။
စုလင်းသည် ချက်ချင်းပင် မျက်လုံးကိုဖွင့်လိုက်ပြီး ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။ အရာအားလုံးသည် အဖြူရောင်ဖြစ်နေခဲ့ပြီး လေထဲမှာ ပိုးသတ်ဆေးနံ့သင်းသင်းလေးတစ်ခု ရှိခဲ့သည်။ ဒါက လူနာဆောင်တစ်ခုဆိုတာ သေချာပါသည်။ ဒီနေရာမှာ သူကလွဲလို့ ဘယ်သူမှ မရှိပါချေ။ သူ့ကျောရိုးတစ်လျှောက် အေးစက်စက်ခံစားမှုက စီးဆင်းသွားသည်။စုလင်း အမြန်ထထိုင်လိုက်ပြီး ခေါင်းကိုလှည့်ကာ ပြတင်းပေါက်မှကြည့်လိုက်သည်။
ပြတင်းပေါက် အပြင်ဘက်တွင် အစိမ်းရောင်သစ်ရွက်များပေါ်တွင် နေရောင်ကတောက်ပနေသည်။ ရွှေရောင်အလင်းတန်း မှိန်ဖျော့ဖျော့များသည် အလွန်လှပနေပေသည်။
ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ?။ သူဓာတ်ခွဲခန်းမှာ ရှိနေသင့်တာမလား? အချိန်ကလည်း မမှန်ဘူး။
သူသည် ၂ ရက်ဆက်တိုက်စမ်းသပ်မှုများပြုလုပ်ခဲ့ပြီး သူ၏နောက်ဆုံးမှတ်ဉာဏ်သည် နံနက် နှစ်နာရီတွင် ဖြစ်သည်။
စမ်းသပ်မှုလုပ်နေစဥ်အတွင်း သူခံစားခဲ့ရသော ခေါင်းကိုက်ခြင်းက သူ့ကို မေ့မြောသွားစေခဲ့လို့ ဆေးရုံပို့လိုက်လေသလား?။
သူက လှည့်ပတ်ကြည့်သော်လည်း သူ့ဘေးနားမှာထူးဆန်းသော အသုံးအဆောင်ပစ္စည်းအချို့သာ ရှိသည်။ သူ့လက်ကိုင်ဖုန်းနှင့် အခြားသူ့ရဲ့ဆက်စပ်ပစ္စည်းများကို မတွေ့ရပေ။ သူနားမလည်နိုင်သောကိန်းဂဏန်း၊ဒေတာများကို ပြနေသည့် အလွန်ပါးလွှာသော LCD မျက်နှာပြင်တစ်ခုရှိသည်။ ရုတ်တရက် သူ့မျက်လုံးများ ပြူးကျယ်သွားရသည်။ ထိုLCDမျက်နှာပြင်၏ ညာဘက်အောက်ထောင့်ရှိနေ့စွဲသည် Ephemeris ကြယ်တာရာနှစ် 1780,မေလ 22ရက်ဖြစ်သည်။
သူ ထိတ်လန့်သွားခဲ့သည်။ ထို့နောက် ချက်ချင်းပင် သူနိုးလာခါစက ကြားခဲ့သည့် အားနည်းသော လူငယ်တစ်ယောက်ရဲ့ အသံကို သူပြန်သတိရမိလိုက်သည်။ သူ့ခြေဖျားမှ တစ်ဆင့် တစ်ကိုယ်လုံး အေးစက်လာသည်။ စုလင်း ချက်ချင်း စောင်ကိုမပြီး အိပ်ရာမှ ထလိုက်သည်။ စောင်ကိုကိုင်ထားသော သူရဲ့ညာလက်ကို ကြည့်လိုက်သောအခါ သူခဏတန့်သွားပြီးနောက် ဖိနပ်ပင် မစီးဘဲ အိပ်ရာမှခုန်ထွက်ကာ ပြေးတော့သည်။
ဒါက သူ့လက် မဟုတ်ဘူး! သူရဲ့လက်များသည် ဤကဲ့သို့ အရောင်ဖျော့ဖျော့နှင့်နူးညံ့ညံ့ မဟုတ်ပေ။
သူသည် လူနာဆောင်ထဲမှ အမြန်ပြေးသွားပြီးတံခါးနားမှာ ခဏရပ်လိုက်သည်။ ထို့နောက် သူ လုံးဝ မဆိုင်းမတွဘဲ ဘယ်ဘက်ကိုပြေးသွားလိုက်တယ်။သူ့ရဲ့ရှေ့ ညာဘက်မှာ ထောင့်ချိုးတစ်ခု ရှိသည်။ အားကောင်းသော နေရောင်ခြည်ထုကြီးသည် ထိုညာဘက်စင်္ကြံ မှ ဖြာထွက်နေသည်။
သူအခု နေရောင်ခြည် လိုအပ်တယ်။
အရှိန်ကိုမြှင့်ပြေးလိုက်ရင်း ထို အလင်းရောင်ဖြာကျနေသော ဧရိယာကို ငေးကြည့်နေမိသည်။ သို့သော် သူ ထောင်ချိုး အကွေ့နား မရောက်မီ တစ်ဖက်မှ တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို သူမြင်လိုက်ရသည်။ အော်သံတစ်ခုနှင့်အတူ စုလင်း သူ့ခန္ဓာကိုယ်ကို ဘယ်ဘက်သို့ ယိမ်းကာ တစ်ဖက်လူကို ရှောင်လွှဲလိုသော်လည်း ပြေးလာသည့် အရှိန်ကြောင့် သူ၏ခြေလှမ်းတို့သည် ရှေ့သို့တက်သွားပြီး သူ၏ခန္ဓာကိုယ်သည် ညာဘက်သို့ ပြိုလဲသွားသည်။ သူ အထိတ်တလန့်၊ သတိလွတ်သွားပြီး သူတိုက်မိလုနီးပါးပင် ဖြစ်သွားသောထိုသူအား လှမ်းဆွဲလိုက်မိသည်။
ထိုလူက စုလင်းရဲ့လက်ကို သူ့လက်တစ်ဖက်နဲ့ဖမ်းလိုက်ပြီး ခါးကို အခြားလက်တစ်ဖက်နဲ့ ထိန်းကာ စုလင်းကို သူ့ရင်ခွင်ထဲမှာ ခိုင်မြဲစွာ ဖက်ထားလိုက်သည်။ ထိုလူက အခိုက်အတန့်ခဏလေးအတွင်းမှာပဲ သူ၏လက်ကို ချက်ချင်းလွှတ်လိုက်ပြီး တည်ငြိမ်ကာ သာယာသောအမျိုးသားအသံ ထွက်လာသည်။
"သတိထားပါ"
"ဟိစ့် ... "(T/n -နာလို့အော်မိတဲ့အသံကွာ။Hiss ဆိုတဲ့ အသံ)
စုလင်း နာကျင်မှုကြောင့် ဘယ်ဘက်လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်မိပြီး ထိုအသံပိုင်ရှင်ကို အသိအမှတ်ပြုရန် အချိန်မရှိလိုက်ပေ။
တကယ် နာလှသည်။
သူ့လက်ကောက်ဝတ်ကို ပိတ်ကျဲစတစ်လွှာဖြင့်ဖုံးအုပ်ထားသည်ကို သတိပြုမိလိုက်ကာ ထိုလက်များကို ဖုံးကွယ်လိုက်ပြီး သူ့မျက်နှာသည်လည်း ပို၍ဖျော့တော့လာသည်။
နာကျင်မှုက အစစ်အမှန်ပဲ။ ဒါ အိပ်မက် မဟုတ်ဘူး!
အဲဒီ့လူရဲ့အသံ ထပ်ထွက်လာပြန်သည်။
"တောင်းပန်ပါတယ်၊ ကိုယ် ဂရုမစိုက်မိလိုက်ခဲ့ဘူး"
စုလင်းက ခေါင်းယမ်းလိုက်သည်။ သူ့ (SL) အင်္ကျီသည် အဖြူရောင်ဖြစ်ပြီး အင်္ကျီလက်များက လက်ဖဝါးတစ်ဝက်ကို ဖုံးလွှမ်းထားသည်။ သူ့လက်တွင် ဒဏ်ရာများရှိသည်ကို သူကိုယ်တိုင်ပင် သတိမထားမိခဲ့တာတောင်မှ
"အဲဒါ ခင်ဗျားအပြစ်မဟုတ်ဘူး"
သူက ခေါင်းမော့ပြီး ပြုံးပြလိုက်သည်။ ထိုသူ၏ပုံပန်းသဏ္ဌာန်ကို မြင်လိုက်ရသောအခါ သူက အနည်းငယ်ရပ်တန့်လိုက်ပြီး ဆက်ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်၊ ခင်ဗျားကြောင့်သာ မဟုတ်ရင် ကျွန်တော် လဲကျသွားလိမ့်မယ်"
ဒီလူ အရမ်းချောတာပဲ!
သူ့ရဲ့ နက်မှောင်သောဆံပင်များအောက်တွင်သူရဲကောင်းဆန်သော ဓါးရှည်တစ်ချောင်းလို ဖြောင့်တန်းနေသောမျက်ခုံး၊ အနက်ရောင်ရင့်ရင့် မျက်ဝန်းတစ်စုံ၊ ရှည်လျားသောနှာတံနှင့် ပါးလွှာသောနှုတ်ခမ်းတို့ရှိသည်။ သူရဲဲ့သွင်ပြင်သည် အနည်းဆုံး ၁၈၆ စင်တီမီတာခန့် ရှိပြီး ချောမောကာ စတိုင်ကျနေသည်။
လူငယ်လေး၏မျက်နှာသည် ဖြူဖျော့ဖျော့ရှိသော်လည်း သူပြုံးလိုက်သောအခါ ပါးပြင်တွင်ပါးချိုင့်များပေါ်လာပြီး အလွန်နူးညံ့သွားသည်။ ထိုလူ၏ လေးနက်သောအမူအရာ အနည်းငယ် ဖြေလျော့သွားသည်။
"ရပါတယ်"
သူက စုလင်ရဲ့ခြေဗလာကို ကြည့်လိုက်ပြီး
"မင်းငါ့အကူအညီလိုသလား။ "
စုလင်းထိုလူ၏ ဘယ်ဘက်ပုခုံးပေါ်ကျနေသည့် နေရောင်ခြည်ကို ကြည့်ပြီး ပြုံးလိုက်သည်။
"အဆင်ပြေပါတယ်"
စုလင်းသည် ပြန်လည်မွေးဖွားခြင်းနှင့် ကူးပြောင်းခြင်း ၀တ္ထုများစွာကို ယခင်ကဖတ်ဖူးသော်လည်းထိုကဲ့သို့အရာက သူ့ဆီမှာ အမှန်တကယ်ဖြစ်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့မိချေ။ သို့သော် ယခုလက်ရှိအခြေအနေအရ သူသည် အခြား ရွေးချယ်စရာမရှိချေ။ သူ ယခုအချိန်တွင် သတင်းခေါင်းစီးကြီးတစ်ခုကိုပင် မြင်ယောင်နေရသလို ခံစားနေရသည်။ - တက္ကသိုလ်ကျောင်းသားတစ်ဦးသည် ဓာတ်ခွဲခန်း၌ ရက်ပေါင်းများစွာ ဆက်တိုက် နောက်ကျသည်အထိ နေခဲ့ပြီး ရုတ်တရက် သေဆုံးသွား။ သူ့စိတ်ထဲတွင်အတွေးတစ်ခုဝင်လာသည်။ - 'နောက်ကျသည်အထိနေခြင်းသည် ခန္ဓာကိုယ်ကို ထိခိုက်စေသည်'
ဤယူဆချက်ကို လက်ခံပြီးနောက် သူသည်ညင်သာစွာ အသက် ရှူထုတ်လိုက်ပြီး သူရဲ့တင်းမာသောစိတ်ခံစားမှုများအနည်းငယ်ပြေလျော့သွားသည်။
ကောင်းတာပေါ့။ သူ နေ့ဘက်ကြီးမှာ သဘာဝလွန်ဖြစ်ရပ်တစ်ခုနဲ့ မကြုံတွေ့ခဲ့ရတာ ကောင်းတယ်။
သူစိတ်သက်သာရာရသည်နှင့်အမျှ သူ၏အာရုံများသည် ပိုမိုကြည်လင်လာသည်။ စုလင်း မျက်မှောင်ကြုတ်လိုက်ပြီး နှာခေါင်းရှုံ့ကာပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ထို့နောက်သူက ထိုလူအားကြည့်လိုက်ပြီးလိုက်သည်။
"ခင်ဗျား မကောင်းတဲ့ အနံ့တစ်ခုခု ရလား?"
ထိုနောက်တွင် စုလင်းသည် "ကြက်ဥပုပ်နံ့ လိုမျိုး" ဟူသောနာမဝိသေသန တစ်ခုကို အလျင်အမြန်ဖြည့်ပြောလိုက်သည်။ သူက ကူကယ်ရာမဲ့စွာ ခန့်မှန်းကြည့်နေမိသည်။
"ဘယ်သူက မစားရသေးတဲ့ ကြက်ဥတွေကို ပစ်သွားပြီး ပုပ်သွားစေတာလဲ?"
သူထိုစကားကို ပြောလိုက်သောအခါ ရွံရှာမုန်းတီးနေဟန် သူ့ရဲ့အမူအရာက ထိုအနံ့ကို အလွန်မုန်းကြောင်း ဖော်ပြနေသည်။
ထိုလူရဲ့ မျက်ခွံလေးများ အနည်းငယ်ရွေ့လျားသွားရပြီး သူရဲ့တည်ငြိမ်သောအမူအရာသည်လည်း မမျှော်လင့်ဘဲ စက္ကန့်ပိုင်းမျှ လှုပ်ရှားသွားသည်။ ထိုလူသည် ခဏမျှ တိတ်ဆိတ်သွားပြီးသူ၏လက်၌ ဖောက်ထွင်းမြင်ရသည့် လေးထောင့်ကွက်အပြားလေးတစ်ခု ရုတ်တရက်ပေါ်လာပြီး သူက စုလင်းကို ကမ်းပေးလိုက်သည်။
"မင်း ဒါ လိုလောက်တယ်"
စုလင်းက ထိုအပြားလေးကို စိတ်ရှုပ်ထွေးစွာနဲ့ လက်နဲ့ညွှန်ပြလိုက်ရင်း
"ဒါကဘာလဲ"
ထိုသူ့လက်ကောက်ဝတ်ရှိ အနက်ရောင် 'လက်ပတ်နာရီ' မှ အသံတိုးတိုးနှင့်ကြည်လင်သောအသံထွက်လာပြီး ထိုလူက ပြန်ဖြေမလို့ ပြင်လိုက်သည်။ သူက အပြားလေးကို စုလင်းကို လွှဲပေးလိုက်ရာ စုလင်း မသိစိတ်အရ ထိုအပြားလေးကို ဖိလိုက်မိသည်။ ထိုလူသည် 'လက်ပတ်နာရီ' ၏ တစ်ဖက်တစ်ချက်ကို ဖိချလိုက်ရာ နားကြပ်လေးတစ်ခု ပေါ်ထွက်လာသည်။ နားကြပ်ကို တပ်ပြီးတဲ့နောက်မှာ ထိုလူက ဖုန်းလက်ခံသည့်သင်္ကေတလေးကို လက်ချောင်းလေးနဲ့ တို့ထိလိုက်သည်။ သူက ခဏမျှ တိတ်တဆိတ်နားထောင်လောက်ပြီး ပြန်ပြောလိုက်သည်။
"ငါတို့ ၁၅ မိနစ်အတွင်း အစည်းအဝေးတစ်ခုလုပ်မယ်"
ထို့နောက် သူသည် နားကြပ်ကိုချွတ်လိုက်ပြီး ကျွမ်းကျင်စွာပင် 'နာရီ'ထဲကို ပြန်ထည့်လိုက်သည်။
စုလင်းသည် ထိုလူ၏လှုပ်ရှားမှုများ ဆက်တိုက်ကို စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။
အဲ့" နာရီ"က မိုဘိုင်းလ်ဖုန်း ဖြစ်မယ်။
ထိုလူက သူ့ကိုကြည့်ပြီး စုလင်းနောက်ရှိ လူနာဆောင်တံခါးနံရံပေါ်မှ ခလုတ်ဝိုင်းလေးကို ညွှန်ပြလာသည်။
"မင်း ဆရာဝန် လိုရင် ဒီ Call ခလုတ်ကို နှိပ်လို့ရတယ်"
စုလင်းက နောက်ကိုလှည့်ကြည့်လိုက်ပြီး သူ့ကိုအပြုံးလေးနှင့် ကျေးဇူးစကားဆိုလိုက်သည်။
"ကောင်းပြီ။ ကျေးဇူးပါ"
ထိုလူက ခေါင်းကို အသာငြိမ့်လိုက်ပြီး သူ့ရှေ့မှဖြတ်လျှောက်သွားကာ ထွက်သွားတော့သည်။
စုလင်းက သူ့လက်ထဲက အပြားသေးသေးလေးကို ငုံ့ကြည့်လိုက်မိသည်။ ထို့စဥ် ခြေသံများကြားလိုက်ရ၍ သူလှမ်းကြည့်လိုက်သောအခါ အနက်ရောင်ဝတ်စုံ၀တ်ထားသော လူလေးယောက်ရောက်လာပြီး ထိုလူထွက်လာသည့် လူနာဆောင်တံခါးနားမှာ ရပ်နေသည်ကို သူမြင်လိုက်ရသည်။ ထိုမျက်လုံးလေးစုံက သူ့ကို မတူ ကွဲပြားစွာကြည့်လာကြသည်။
စုလင်းက ဒီလူတွေက သူ့မှာ ဖုံးကွယ်ထားတဲ့ရည်ရွယ်ချက်တွေရှိနေတယ်လို့ ထင်နေကြတာဖြစ်နိုင်တာကို သူရုတ်တရက်တွေးမိသွားပြီး စိတ်ရှုပ်သွားသည်။ သူက သက်တော်စောင့်တွေကို ပြုံးပြလိုက်ပြီး "ကျွန်တော်က ဖြတ်သွားရုံပါ" အဲဒီနောက် သူက နောက်ကို ပြန်လှည့်ပြီး လျှောက်သွားလိုက်တော့သည်။
စုလင်းသည် ယခုအချိန်တွင် သူ မည်သူမည်ဝါဖြစ်ကြောင်းနှင့်ဆွေမျိုးများရှိ၊မရှိကို မသိရသောကြောင့် သူ့နှလုံးသား၌ အနည်းငယ် စိုးရိမ်ပူပန်နေခဲ့သည်။ သူသည် လူနာဆောင်သို့ ပြန်ရောက်ခါနီးတွင် မိတ်ကပ်ကို အကျအန အသေးစိတ် လိမ်းထားသည့် သေးသွယ်သောအမျိုးသမီးတစ်ဦး သူ့အနားသို့ရောက်လာသည်။ သူမဘေးမှာ အဖြူရောင်ကုတ်အကျီ ၀တ်ထားသည့်ဆရာဝန်တစ်ယောက်လည်း ရှိနေသည်။
အမျိုးသမီးက သူ့ကိုမြင်လိုက်တော့ စိုက်ကြည့်လာသည်။ ထို့နောက် သူမက အကူအညီမဲ့စွာ စိုးရိမ်နေသော လေသံဖြင့် ရှေ့သို့အမြန်လျှောက်လာခဲ့သည်။
"ငါဘယ်လောက်စိတ်ပူနေလဲ မင်းသိရဲ့လား? မင်း ဘာလို့ လျှောက်သွားနေတာလဲ?"
သူတို့ဘေးက လူနာဆောင်ထဲမှ လူတစ်ယောက် ထွက်လာပြီး ပွစိပွစိပြောနေသည်။
"အရမ်းကို နံစော်နေတာပဲ"
တံခါးကိုပါ ဆောင့်ပိတ်သွားသည်။
အမျိုးသမီးသည် စုလင်းရဲ့ လက်ထဲမှ ထွင်းဖောက်မြင်နေရသောအပြားလေးကိုယူကာ ဆရာဝန်ဆီ ပြန်လှည့်ကြည့်လိုက်သည်။ သူမ၏အမူအရာသည် အနည်းငယ်ရုပ်ဆိုးနေသော်လည်း သူမ၏လေသံက အလွန်နူးညံ့သိမ်မွေ့နေသည်။
"မင်း အပြင်မထွက်ခင် Isolatorကပ်သွားရမယ်ဆိုတာ မသိဘူးလား?"
သူမပြောရင်းနဲ့ စုလင်းရဲ့လည်ပင်းအနောက်ဘက်တွင် ထိုပါးလွှာသောအပြားလေးကို ကပ်လိုက်သည်။
စုလင်းသည် ထိုအမျိုးသမီး၏ကွဲပြားနေသောစရိုက်ကြောင့် အံ့သြသွားရပြီး သူမကို တားရန် မမီလိုက်ချေ။ အပြားလေးကို ကပ်လိုက်သောအခါ သူက လည်ပင်းကို အနည်းငယ် ကျုံ့လိုက်မိသည်။ ထို့နောက် သူရဲ့လည်ပင်းအနောက်ဘက်ကို လက်ဖြင့်အသာလေး ထိကြည့်လိုက်သည်။
လုံးဝကွက်တိပဲ။အဆင်မပြေတာ တစ်စက်မှမရှိဘူး။
အမျိုးသမီးက သတိပေးလာသည်။
"အဲဒါကို မချွတ်နဲ့၊ မင်း အခု ကပ်ထားလို့ရပြီ"
ဆရာဝန်ကပါ ထပ်ပေါင်းပြောလာသည်။
"ဟုတ်တယ်။ မင်းအခြေအနေက တည်ငြိမ်နေပြီ။ အဲ့ဒါကြောင့် Isolator သုံးတာက မင်းရဲ့ကျန်းမာရေးကို ထိခိုက်မှာ မဟုတ်ဘူး။ အဲဒါကို ကပ်ထားတာ ပိုကောင်းတယ်။ ငါမင်းကိုခန္ဓာကိုယ်စစ်ဆေးပေးမယ်။
ထို့နောက် စုလင်း သူ၏လက်ကို ပြန်ရုတ်လိုက်ပြီးဆရာဝန်နောက်သို့ လိုက်သွားခဲ့သည်။ ဖြစ်စဉ်တစ်ခုလုံးတွင် သူသည် စကားတစ်ခွန်းမှ မပြောဘဲ တိတ်တဆိတ်သာ ကြည့်နေခဲ့သည်။ ဆရာဝန်က သူ့ရဲ့စစ်ဆေးမှုအပြီးတွင် သက်ပြင်းချလိုက်ကာ
"မင်းရဲ့လက်ကောက်ဝတ်ဒဏ်ရာအတွက်က ဆေးနည်းနည်းလိမ်းပေးရုံပဲ။ ဒါပေမယ့် မင်းရဲ့ pheromoneတွေက မူမမှန်သေးဘူး။ လောလောဆယ်တော့ အဲ့ဒါကို ကုသဖို့ နည်းလမ်းမရှိသေးဘူး။"
အမျိုးသမီးက သက်ပြင်းချလိုက်ပြီး စုလင်း ကိုသနားကြင်နာစွာကြည့်လိုက်ပြီး။
"ဝမ်းမနည်းပါနဲ့။ နည်းလမ်းတစ်ခုခုတော့ ရှိမှာပါ"
စုလင်း သူမကို တစ်ချက်ကြည့်လိုက်ပြီး သူမ သရုပ်ဆောင်တစ်ယောက် မဟုတ်တာက သူမရဲ့အရည်အချင်းတွေ ဖြုန်းတီးနေသလို ခံစားမိလိုက်သည်။
ဆရာဝန်ကသက်ပြင်းချပြီး
"မဒမ်စုက တကယ့်အမေကောင်းတစ်ယောက်ပါ"
အမျိုးသမီးရဲ့မျက်နှာက ကူကယ်ရာမဲ့နေသည့်ဟန်ဖြင့်
"ဒီမိထွေးက မကောင်းပါဘူးရှင်။ ဒီကလေးလေး စုလင်းကိုပဲ ကြည့်လိုက်ပါဦး။ သူက ကျွန်မကို ဘာစကားတခွန်းမှတောင် ပြောလေ့မရှိဘူး။ ကျွန်မက လုံလုံလောက်လောက် မကောင်းသေးပါဘူးရှင်"
စုလင်းရဲ့မျက်လုံးများသည် အံ့သြမှုကြောင့် အရောင်လက် သွားသည်။
အဲ့ဒီနာမည်က သူ့နာမည်နဲ့တူနေတယ်။
ဆရာ၀န်က ထိုအမျိုးသမီးအား စကား၂ခွန်းပြောလိုက်ပြီး စိတ်ငြိမ်စေလိုက်သည်။
"သူ အခု ဆေးရုံကနေ ဆင်းနိုင်ပြီ။ ကျေးဇူးပြုပြီးသူ့စိတ်အခြေအနေကို အမြဲတမ်း အပြုသဘောဆောင်တဲ့ အခြေအနေမှာရှိနေပါစေ။"
အမျိုးသမီးက ကျေးဇူးတင်စကားဆိုလိုက်ပြီး စုလင်းကို အိမ်ခေါ်မသွားမီ စုလင်း ဆေးရုံက ဆင်းဖို့ လိုအပ်သည့် ကိစ္စများကို ကူညီပေးဖို့ ဝန်ထမ်းများကို တောင်းဆိုခဲ့သည်။ စုလင်းနှင့်အတူ နောက်ထိုင်ခုံတွင် ဝင်ထိုင်လိုက်ရင်း သူမက သက်ပြင်းချလိုက်ပြီး သူ့ကိုနှစ်သိမ့်နေဟန်ပြောနေခဲ့သည့် သရုပ်ဆောင်မှုများကိုအဆုံးသတ်လိုက်ကာ စကားများ ဆက်မပြောတော့ဘဲ ရပ်လိုက်သည်။
စုလင်းလည်း စကားမပြောဘဲ ရှုပ်ထွေးသောအမူအရာဖြင့် ခရီးသည်ထိုင်ခုံကိုသာ ငေးကြည့်နေခဲ့သည်။ သူ Isolator သုံးလိုက်တဲ့ အချိန်ကစပြီး ကြက်ဥပုပ်နံ့တွေကို ထပ်မရတော့တာကို သူသိလိုက်ရသည်။ ဆရာဝန်က သူ့ကိုစစ်ဆေးနေတဲ့အချိန်တုန်းက ပတ်ဝန်းကျင်လေထုက ကောင်းနေတာကို သတိထားမိခဲ့သည်။ လူနာဆောင်တံခါးကိုပိတ်ထားလို့ အဲ့ဒီအနံ့ ဝင်မလာနိုင်တာလို့ ထင်ခဲ့ပေမယ့် စင်္ကြံကို ထွက်လာတဲ့အချိန်ထိ သူအနံ့မရတော့ပေ။
ထိုအမျိုးသမီးရဲ့သဘောထား၊ Isolator လို့ခေါ်သော အပြားနှင့် အဲ့ဒါကို ကပ်လိုက်သည့် အချိန်အခါကို ပြန်စဉ်းစားကြည့်လျှင် သူ့တွင် အလွန်ကြောက်စရာကောင်းသော ခန့်မှန်းချက်တစ်ခု ရှိသည်။
ကြက်ဥပုပ်နံ့က သူ့ဆီကတော့ မထွက်သင့်ဘူးဟုတ်တယ်မလား။
ထိုခန့်မှန်းချက်ကို အမြန်အတည်ပြုနိုင်ခဲ့သည်။ အမျိုးသမီးက သူ့ကို သူ့အခန်းထဲခေါ်သွားပြီးနောက် ဘေးနားတွင်လည်း လူတစ်ယောက်မှ မရှိတော့ချိန်တွင် သူမက သဘောကောင်းချင်ယောင်ဆောင်နေတာ ကို ရပ်လိုက်သည်။ သူမက စုလင်းကို အော်ဟစ်ပြီး
"မင်း ဘာလို့ ဒီလောက်အရေထူနေတာလဲ?။ ဒီလောက်အနံ့ဆိုးတွေနဲ့ လှည့်ပြေးနေရဲတယ်? ငါတို့ စုမိသားစုရဲ့မျက်နှာတော့ မင်းကြောင့် လွှင့်ပစ်ခံလိုက်ရပြီ။"
"မင်းကိုယ်မင်း ပြန်သုံးသပ်နေလိုက်။"
အမျိုးသမီးက သူ့ကို အခန်းထဲ တွန်းထည့်လိုက်ပြီး တံခါးကို ပိတ်လိုက်သည်။
စုလင်း ရှေ့သို့ယိုင်သွားခဲ့ရပြီး သူ့ခြေထောက်ကိုပြန်ထိန်းလိုက်နိုင်သောအချိန်တွင် တံခါးကပိတ်သွားပြီ ဖြစ်သည်။
စုလင်း: "....."
စုလင်းက သူ့ခြေထောက်ကို မြှောက်လိုက်ကာတံခါးကို ဖြစ်သလို ကန်ပစ်လိုက်ပြီး အခန်းထဲကိုကြည့်လိုက်တယ်။ အခုအချိန်မှာ သူ့ရဲ့ထိပ်တန်း ဦးစားပေးက အခြေအနေကိုရှင်းဖို့ဘဲ။ အခန်းက တစ်ခုလုံးကို အဖြူရောင်အဓိကထားသုံးထားပြီး ရိုးရှင်းကာ သန့်ရှင်းနေသော်လည်း အေးစက်သော ခံစားမှုကိုပေးနေသည်။ အခန်းက သိပ်မကျယ်သော်လည်း အခန်းဖွဲ့စည်းပုံက အလွန်ပြည့်စုံသည်။ ရေချိုးခန်းလည်း တွဲရက်ပါသည်။ဗီရိုဘေးမှ ကိုယ်လုံးပေါ်မှန်ကို ခဏလောက်ငေးကြည့်ရင်း စုလင်း နောက်ဆုံးတော့ အနားတိုးသွားလိုက်သည်။ မှန်ထဲက လူတစ်ယောက်ကို မြင်မြင်ချင်းမှာပဲ သူ့နှလုံးသားက ပြင်းပြင်းထန်ထန်ခုန်လာသည်။
ဒါ သူမဟုတ်ဘူး!
သူနဲ့ ဆင်ပေမယ့် သူ မဟုတ်တာကို အတည်ပြုနိုင်တယ်။ မှန်ထဲမှာ ပေါ်နေသည့်သူက သူ့ထက် ငယ်နေပြီး သူ၁၈ နှစ်လောက်ကပုံနဲ့ ဆင်သည်။
မှန်ထဲရှိ လူငယ်သည် ဖြူဖျော့နေပြီး အနည်းငယ်ရှည်နေသော အနက်ရောင်ဆံနွယ်တို့သည် သူ့မျက်ခုံးများကို ကျော်ကာ ဖြာဆင်းနေသည်။ ထိုဆံနွယ်များ အောက်တွင် အေးစက်နေသော အညိုရောင်ဖျော့ဖျော့ ဇာမဏီ သဏ္ဌာန် မျက်ဝန်းတစ်စုံရှိသည်။
လူငယ်လေးရဲ့မျက်နှာသွင်ပြင်သည် သူနှင့် လုံးဝ နီးပါးတူသည်။ သို့သော် သူသည် မကြာခဏဆိုသလို စမ်းသပ်မှုများ ပြုလုပ်ရသောကြောင့်သူရဲ့အသားအရေက ပိုမိုဆိုးရွားသည်။ ထို့ပြင် ဤကဲ့သို့ ရှေ့ဆံပင်ရှည်ရှည်များက သူ့ကိုအနှောက်အယှက်ဖြစ်စေသောကြောင့် သူဘယ်တော့မှ မထားခဲ့ချေ။
စုလင်း သူ့လက်ကို မြှောက်လိုက်ပြီး သူ့ဆံပင်ကိုသပ်တင်လိုက်သည်။ မှန်ထဲက လူငယ်လေးကလည်း တစ်ပုံစံတည်း လိုက်လုပ်သည်။ သူသက်ပြင်းချလိုက်မိသည်။ သူ အခြားခန္ဓာကိုယ်တစ်ခုတွင် အမှန်တကယ် ပြန်လည်မွေးဖွားလာပုံရသည်။ ဤရင်းနှီးသောမျက်နှာနှင့် တူညီသောနာမည်သည် အခြားကမ္ဘာတစ်ခုက သူကိုယ်တိုင်ပဲလားလို့ သူ့ကို ထင်စေခဲ့သည်။ သူက မျက်ခုံးပင့်ကာ မှန်ထဲကလူငယ်ကို ပြုံးပြရင်း
"မင်းအမေရဲ့ဆိုင်ကို ငါစောင့်ရှောက်ပါ့မယ်"
သူ ထိုစကားပြောအပြီးမှာ မှန်အနားကို ပိုတိုးလိုက်ပြီး သူ့လည်ပင်းကိုဆန့်လိုက်ကာ လည်ပင်းအနောက်ဘက်ကို ကြည့်လိုက်တယ်။ သူက တုံ့ဆိုင်းသွားပြီး Isolatorကို ဖယ်လိုက်သည်။ ခဏအကြာတွင် သူ ကြက်ဥပုပ်နံ့ နည်းနည်းရလိုက်သည်။
ဒါကတကယ်ကို သူ့အနံ့ပဲ။
စုလင်း သည်Isolatorကို လက်ဖြင့် ဖိလိုက်ရင်း သူ၏အမူအရာက ပိုရှုပ်ထွေးလာသည်။ သိသာထင်ရှားသည်မှာ စောစောက ထိုလူသည် ဖြစ်ပျက်နေသောအရာမှန်သမျှကို လုံးလုံးလျားလျားနားလည်နေသည်။ မဟုတ်ရင် သူကစုလင်းကိုIsolatorပေးသွားမှာမဟုတ်ဘူး။ ပြန်စဉ်းစားကြည့်တော့ စုလင်းက စက်ဆုပ်စရာ အနံ့ တစ်မျိုးမျိုးမရဘူးလားလို့ ထိုလူကို မေးလိုက်တဲ့အချိန် သူက လုံးဝကို မိုက်မဲသည့် တုံးအအလူ ဖြစ်နေလောက်သည်။
ကံအားလျော်စွာပဲ သူတို့ တစ်ယောက်ကိုတစ်ယောက်မသိကြချေ။ စုလင်းက Isolatorကိုပြန်ချထားလိုက်ပြီး ရေချိုးဖို့ ရေချိုးခန်းထဲဝင်သွားလိုက်သည်။ ရေချိုးပြီးနောက် အိပ်ရာပေါ်လှဲလိုက်သည်နှင့် ပြင်းထန်စွာ အိပ်ငိုက်လာပြီး မကြာမီပင် အိပ်ပျော်သွားသည်။
...
"ဒေါက်ဒေါက်ဒေါက် ... "
စိတ်မရှည်စွာ ခေါက်နေသည့် တံခါးခေါက်သံကို ကြားလိုက်ရသည်။
စုလင်းမျက်လုံးဖွင့်လိုက်သည်နဲ့ အဖြူရောင်မျက်နှာကြက်ကို တွေ့လိုက်ရတော့ သူခဏလောက် ကြောင်သွားသည်။ သူ ယခု စုမိသားစုတွင် ရှိနေကြောင်း သတိရရန် အချိန်ခဏလောက်ကြာသွားသည်။
"မင်းနိုးနေရင် ငါ့ကိုဘာလို့ ပြန်မထူးတာလဲ"
တံခါးက တွန်းဖွင့်ခြင်းခံလိုက်ရသောအချိန်တွင် စုလင်းသည် ခုတင်ပေါ်တွင်သာ ထိုင်နေသည်။ သူ့မိထွေးက သူ့ကုတင်ဆီကို လျှောက်လာပြီးမျက်မှောင်ကြုတ်လိုက်သည်။
သူ့မိထွေးရဲ့သွင်ပြင်က သေးသွယ်လှသော်လည်းသူမက ဒေါသကြီးပေသည်။ သူမက နှာမှုတ်လိုက်ပြီး
"သေချင်ယောင်ဆောင်နေတာလား?။ မင်း သေချင်ရင်တောင် ငါတို့ရဲ့စုအိမ်တော်မှာ မသေနဲ့"
သူမက ထိုသို့ပြောပြီးနောက် စာရွက်တရွက်နှင့်ဘောပင်ကို စောင်ပေါ် ပစ်တင်လိုက်ပြီး
"လက်မှတ်ထိုး။ "
စုလင်း သူ့မိထွေးကို အမူအယာမဲ့စွာ ကြည့်လိုက်သည်။
သူရဲ့အိပ်စက်ခြင်းကို နှောင့်ယှက်ရဲသည့်အပြင် မောက်မာလွန်းသည်။
ဘယ်လောက် စိတ်အနှောက်အယှက်ဖြစ်စရာကောင်းလိုက်လဲ!
ဒါပေမယ့် တစ်ဖက်လူကအမျိုးသမီးတစ်ဦး ဖြစ်ပြီး အသက်ကြီးတဲ့မျိုးဆက်လည်း ဖြစ်တဲ့အပြင်သူကလည်း အခြေအနေတွေကို နားမလည်သေးတာကြောင့် သူမစိတ်ရှုပ်ထွေးအောင်မလုပ်နိုင်ပါချေ။
ကျောင်းဟန် အနည်းငယ်အံ့သြသွားရပြီး ရင်ထဲမှာ ရှင်းမပြနိုင်သောခံစားချက်တစ်ခုခံစားလိုက်ရသည်။ စုလင်း ယခုလို မည်သည့်ခုခံမှုကိုမျှ ထုတ်ဖော်မပြတာမျိုး သူမ တစ်ခါမှ မမြင်ဖူးပေ။ သူမသည် စုလင်းရဲ့ သတိထားမှု၊ အားနည်းမှုနှင့်အလျော့ပေးမှုအပေါ် အလွန်အမင်း အသုံးချတော့သည်။
"မင်းဘာလုပ်နေလဲ?"
ကျောင်းဟန်က အော်လိုက်ပြီး သူမရဲ့လေသံက အရင်ကထက်ပိုမြင့်လာကာ အဆုံးမှာ အသံက အနည်းငယ်စူးရှနေသည်။
"ငါ မင်းရဲ့ကိုယ်ကျိုးအတွက် လုပ်နေရတာပဲ။ မင်း system-matching (နည်းပညာဖြင့်တွဲဖက်ပေးမှု)ကို မလျှောက်ထားရင် မင်းကို လက်ထပ်ဖို့ တစ်စုံတစ်ယောက်က ဆန္ဒရှိလိမ့်မယ်လို့ မင်းမျှော်လင့်နေတာလား?။"
စုလင်၏မျက်လုံးများပြူးကျယ်သွားပြီး ကူကယ်ရာမဲ့စွာ ရယ်လိုက်သည်။ သူက ယောက်ျားများကိုသာ နှစ်သက်ကြောင်း သိလိုက်ရသောအချိန်ကစပြီး ဇနီးတစ်ယောက်ကို လက်ထပ်ရန် အစီအစဉ်မရှိပေ။ သူသည် သေချာပေါက် လက်ထပ်ရန်ပင် မစီစဥ်ခဲ့ပေ။
ဘယ်လောက်တောင်စိတ်ရှုပ်စရာကောင်းလိုက်လဲ။
ထိုရယ်ခြင်းက ကျောင်းဟန် အမြင်တွင် အတိအကျကို လှောင်ပြောင်ခြင်းဖြစ်သည်။ သူမ အလွန်ဒေါသထွက်ကာ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ကာ ဘောပင်ကို ဆုပ်ကိုင်လိုက်ပြီး အခြားလက်တစ်ဖက်က စုလင်းရဲ့လက်ကောက်ဝတ်ကိုကိုင်ကာ ဘောပင်ကို စုလင်းလက်ထဲ အတင်းထိုးထည့်သည်။
"အားး!"
စုလင်း သူ့လက်ကောက်ဝတ်မှ ရုတ်တရက်နာကျင်သွား၍ အရှေ့ကို ကုန်းလိုက်ကာ သူ့လက်ကိုမြှောက်ပြီး ရုန်းထွက်လိုက်သည်။ ကျောင်းဟန် အရုန်းခံလိုက်ရသောအချိန်တွင် စုလင်းရဲ့လက်ထဲကို ဘောပင် မထည့်ရသေးချေ။ သူရဲ့လက်က သူမရဲ့မျက်နှာတစ်ခြမ်းကို ထိမိသွားခဲ့သည်။
ကျောင်းဟန် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားခဲ့ရပြီး သူမရဲ့ဒေါက်မြင့်ဖိနပ်တွေက မြဲမြဲမရပ်နိုင်တော့ဘဲ မြေပေါ်လဲကျသွားသည်။ ကျောင်းဟန်က သူမရဲ့မျက်နှာကို ဖုံးအုပ်လိုက်ပြီး အေးခဲသွားသည်။ ကြမ်းပြင်ပေါ်ကနေ မတ်တပ်ရပ်လိုက်ပြီး စုလင်းရဲ့လက်ကို ညွှန်ပြလိုက်ပြီး တုန်တုန်ယင်ယင်နှင့်
"မင်းကပုန်ကန်နေတာလား?။ ငါ့ကိုရိုက်ရဲတယ်ပေါ့?၊ စောင့်နေလိုက်!"
သူမ တံခါးဝသို့ရောက်သောအခါ သူမခြေလှမ်းများရပ်တန့်သွားကာ ပြန်လှည့်လာပြီး ပြင်းပြင်းထန်ထန် ပြောသည်။
"မင်းလက်မှတ်မထိုးရင် အခန်းထဲက ထွက်ဖို့မမျှော်လင့်နဲ့"
"ဘန်း!"
တံခါးရွက်က တံခါးဘောင်ကို ထိသောအခါ ကျယ်လောင်စွာ ဆူညံသွားသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue Freesia🦋
//Zawgyi//
ဘယ်သူပြောနေတာလဲ။
"သတိထားပါ"
တကယ် နာလှသည်။
ဒီလူ အရမ်းချောတာပဲ!
"ရပါတယ်"
"အဆင်ပြေပါတယ်"
"မင်း ဒါ လိုလောက်တယ်"
"ဒါကဘာလဲ"
"ကောင်းပြီ။ ကျေးဇူးပါ"