//Zawgyi//
“ျဖစ္ႏုိင္ရင္ေတာ့ ကုိယ္တုိ႔တူတူေနႏိုင္ဖို႔ ေမွ်ာ္လင့္မိတယ္။ စိတ္ခ်ပါ ကုိယ္ခင္ပြန္းတစ္ေယာက္အေနနဲ႔ ကိုယ့္ရဲ႕တာဝန္ေတြအားလံုးကုိ လုပ္မွာပါ၊ လက္မထပ္ခင္ေရာ လက္ထပ္ျပီးရင္ေရာ ကုိယ္မင္းကုိလံုးဝ ဆုိးဆိုးဝါးဝါးမဆက္ဆံပါဘူး”
Mr.ေျခတံရွည္က တိုးသက္ကာၾကမ္းရွတဲ့ ေလသံနဲ႔တစ္ဖန္ေျပာလာသည္ ရုိးရွင္းျပီး နက္ရႈိင္းတဲ့တေယာၾကီးအသံမ်ိဳးပင္
“ ေသခ်ာေပါက္ မင္းမွာဘယ္အခ်ိန္မဆို ျငင္းဆန္ႏုိင္တဲ့ အခြင့္အေရးရွိပါတယ္”
“…”
တစ္ဖက္လူက ဒါကုိေျပာလာတဲ့အခ်ိန္ က်င္ရႊင္က ေဆးစစ္ခ်က္ကို ၾကည့္ေနတုန္းပင္။
ရိုးရိုးသားသားေျပာရရင္ သူက လူမမာေတြကုိ ႏွိမ့္ခ်ခြဲျခားဆက္ဆံတာမ်ိဳး မရွိေပ။
ဒီကိစၥကို တမင္ဖံုးကြယ္ထားတာထက္စာရင္ တစ္ဖက္လူက အစကတည္းက သူ႔အေရွ႕မွာအရာအားလံုးခ်ျပကာ သူ႔ကုိေရြးခ်ယ္ဖို႔ အခြင့္အေရးေပးတာကုိ ပုိျပီးေက်းဇူးတင္မိသည္။
သူက ငယ္ငယ္ေလးတည္းက ဖ်ားနာခဲ့တဲ့သူတစ္ေယာက္ျဖစ္တာမို႔ အျခားသူေတြနဲ႔မတူဘဲ လူမမာေတြက သူတုိ႔ရဲ႕ဂုဏ္သိကၡာကို ထိန္းသိမ္းဖို႔ အေကာင္းဆံုးၾကိဳးစားတာမ်ိဳးကုိ က်င္ရႊင္နားလည္သည္။
ဘယ္သူကမွ သူတုိ႔ကုိ အျခားလူေတြက လူမမာတစ္ေယာက္လို႔ စာတန္းကပ္မွာကုိ မလုိခ်င္ၾကဘူးေလ၊ စိတ္က်န္းမာေရး ျပႆနာဆိုပိုဆိုးေပါ့…
ကိုယ့္ရဲ႕ကုိယ္ပိုင္ အေျခအေနကို တစ္ပါးသူေရွ႕မွာ ခ်ျပဖို႔က သတၱိေတာ္ေတာ္လိုသည္။ တစ္ဖက္လူကို သူ႔ကိုယ္ပိုင္ထင္ျမင္ခ်က္နဲ႔ ဆံုးျဖတ္ခိုင္းတာကုိ ထည့္မေျပာနဲ႔ဦး။
သူ႔မွာတကယ္ကုိ တည္ျငိမ္ေစႏုိင္တဲ့သက္ေရာက္မႈမ်ိဳး ရွိေနတယ္ဆိုရင္ေတာ့ တစ္ဖက္လူက သူ႔ကုိနည္းလမ္းအမ်ားၾကီးနဲ႔ လွည့္စားလို႔ရတယ္။ ဒါေပမယ့္ သူက အမွန္အတိုင္းခ်ျပဖို႔ မတုန့္ဆိုင္းေနခဲ့ဘူး။
က်င္ရႊင္က ဒီအမ်ိဳးသားကုိ အရမ္းေလးစားသည္။
ၾကည့္ရတာေတာ့ ဒီစာအုပ္ထဲက Dragonျမိဳ႕ေတာ္ရဲ႕ အထက္တန္းလႊာက လူေတြအားလံုးက ဆန္ကုန္ေျမေလးgongလိုမ်ိဳး ေၾကာင္သူေတာ္ေတြ မဟုတ္ၾကဘူးပဲ။
တစ္ဖက္လူရဲ႕ ပံုရိပ္က က်င္ရႊင္ရဲ႕မ်က္လံုးထဲမွာ မနိမ့္က်သြားဘဲ အဲ့အစားရုတ္ျခည္း ထိုးျမင့္သြားတာက အံ့ၾသဖြယ္ပင္။ သူ႔မ်က္ႏွာထားက ထူးမျခားနားစြာရွိေနေပမယ့္လည္း သူ႔မ်က္ဝန္းေတြက ေအးစက္ကာခက္ထန္ေနျပီး လူေတြကုိ အလုိအေလ်ာက္ေနာက္ျပန္ဆုတ္ခ်င္လာေအာင္ ျပဳလုပ္ေနသလိုပင္။
ဒါေပမယ့္…
“ ဒါေပမယ့္ ကၽြန္္ေတာ္တုိ႔ ဘာလို႔လက္ထပ္မွရမွာလဲ?”
က်င္ရႊင္က အဲ့အပိုင္းကို နားမလည္ေသးဘူး။
ေနမေကာင္းတဲ့ အမ်ိဳးသားေကာင္းကို တတ္ႏုိင္သမွ် ထိခိုက္မႈမရွိေအာင္၊ တစ္ဖက္လူရဲ႕ နားလည္မႈလြဲသြားမွာနဲ႔ သူ႔စိတ္ကုိနာက်င္သြားေစမွာကုိ ေရွာင္ရွားရန္သူအလ်င္အျမန္ ထပ္ေပါင္းေျပာလုိက္သည္
“ ခင္ဗ်ား စိတ္မရွိဘူးဆိုရင္ ခင္ဗ်ား စိတ္အေျခအေနမေကာင္းတဲ့အခ်ိန္တိုင္း ကၽြန္ေတာ့္ဆီကုိ လာလို႔ရပါတယ္…”
ရုတ္တရပ္ ဒီဟာက ဟုိလိုလိုသည္လိုလိုျဖစ္ေနမွန္း ခံစားမိလိုက္တာေၾကာင့္ က်င္ရႊင္ရဲ႕နားေတြက နီရဲသြားကာ
“ အာ…ကၽြန္ေတာ္ဆုိလိုတာကေလ…Mr. ခင္ဗ်ားသာ အလိုရွိတယ္ဆုိရင္ ကၽြန္ေတာ္တို႔ အျခားအရာေတြလုပ္လို႔ရတယ္ေလ…ေထြေထြထူးထူးမဟုတ္ပါဘူး…ရုိးရုိးရွင္းရွင္း စာအုပ္ဖတ္တာတုိ႔ စစ္တုရင္ကစားတာတို႔…”
သူပိုေျပာေလေလ ဘာလို႔အဲ့စကားလံုးေတြက ပုိျပီးတစ္မ်ိဳးၾကီးျဖစ္လာေလေလ ျဖစ္ေနရတာတုန္း!
“ ဘာလို႔လဲဆိုေတာ့ ကိုယ္တုိ႔တူတူအိပ္ခဲ့လို႔ေလ”
“……”
အမ်ိဳးသားက သူ႔ကုိအထင္မလြဲခဲ့ဘူး။ သူက က်င္ရႊင္ရဲ႕ေမးခြန္းကို ေျဖရုံမွ်သာျဖစ္ျပီး သိသိသာသာကို စိတ္ရႈပ္ေနသည္။ တစ္ဖက္လူရဲ႕ မက္မြန္ပြင့္သ႑ာန္မ်က္ဝန္းေတြက သံသယေတြနဲ႔ျပည့္ေနကာ
“ ဒါက အေကာင္းဆံုးနည္းလမ္းပဲေလ၊ မဟုတ္ဘူးလား?”
က်င္ရႊင္ : “…”
တစ္ဖက္လူက ဘာကိုသိရွိေစခ်င္ေနတာလဲဆိုတာကို သူနားလည္လာပံုပဲ။
ဘာမွမျဖစ္ခဲ့သလိုမ်ိဳး သူတို႔ဘယ္လိုလုပ္ဟန္ေဆာင္ႏုိင္မွာလဲ? မင္းရဲ႕ပါးေတြကုိ လက္ေခ်ာင္းတစ္ေခ်ာင္းနဲ႔ပြတ္သပ္ခံလုိက္ရျပီး အဲ့ေနရာမွာ အပူေတြစုေနတယ္။
မင္းအဲ့တာကုိ မွတ္မိေနလိမ့္မယ္ မဟုတ္ေသးဘူး မင္းမွတ္မိေနျပီးျပီ။
သူတုိ႔အဲ့တာကိုလုပ္ခဲ့ျပီး အေတာ္ေလးသင့္ေတာ္တာေၾကာင့္ ခ်က္ခ်င္း လက္ထပ္မယ့္လက္တြဲေဖာ္အျဖစ္ တိုးတက္သြားတာက ေတာ္ေတာ္ေလး ယုတၱိရွိတယ္လို႔ တစ္ဖက္လူက ဆုိလိုတာလား…?
က်င္ရႊင္က သူ႔မ်က္လံုးကုိပင့္ကာ တစ္ဖက္လူကုိပထမဆံုးအၾကိမ္ အစျပဳကာၾကည့္ရႈလုိက္သည္။
တစ္ဖက္လူက အရပ္ရွည္ရုံတင္မကဘဲ အလြန္အမင္းကုိ ေျဖာင့္ေျဖာင့္မတ္မတ္ထုိင္ေနသည္။ လွပတဲ့ အျပင္အဆင္နဲ႔ ေခတ္ေနာက္ျပန္ပံုစံ ကေဖးထဲမွာ သူက စိတ္ကူးယဥ္ဆီေဆးပန္းခ်ီကားထဲက ျပင္သစ္ေတာ္ဝင္ညီလာခံကေန ေလွ်ာက္လွမ္းထြက္လာတဲ့ ေတာ္ဝင္မင္းသားတစ္ပါးလုိပင္။
ရုိးရိုးသားသားေျပာရရင္ သူ႔ရဲ႕အသြင္အျပင္ကိုဘဲျဖစ္ျဖစ္ ဒါမွမဟုတ္ သူနဲ႔ဆက္စပ္ေနတဲ့ အရာေတြနဲ႔ စပ္လ်ဥ္းျပီးေတာ့ပဲျဖစ္ျဖစ္ ဒီလိုလူကုိ ဘယ္သူကမွျငင္းဆန္ႏုိင္မွာ မဟုတ္ဘူး။
ဒါေပမယ့္…
“ဒါေပမယ့္ Mr. လက္ထပ္တာတုိ႔ ဘာတုိ႔က…ကၽြန္ေတာ္ေတာ့ အရမ္းျမန္တယ္လို႔ ထင္တာပဲ” က်င္ရႊင္က ပါးနပ္စြာေျပာလိုက္သည္
“ ျပီးေတာ့ ကၽြန္ေတာ္က ဒီႏွစ္မွာ ဂ်ဴနီယာတစ္ေယာက္ပဲရွိေသးတာ”
“ ဒါက မင္းရဲ႕ပူပန္မႈဆုိရင္ ကုိယ္တုိ႔အရင္ ေစ့စပ္ထားလို႔ရပါတယ္”
Mr.ေျခတံရွည္ : “ လက္ထပ္ပြဲက ျပီးစလြယ္ျဖစ္လို႔မရဘူး။ နဂိုထဲက အဲ့တာက အရမ္းျမန္ျမန္မက်င္းပသင့္ဘူး”
ေစ့စပ္မယ္…?
ခင္ပြန္းေလာင္းအေနနဲ႔လား?
က်င္ရႊင္က သူ႔ရဲ႕အာရုံစုိက္မႈအားလံုးကုိ တစ္ဖက္လူေျပာလိုက္တဲ့စကားရဲ႕ ပထမတစ္ဝက္မွာ အာရုံစိုက္လိုက္၏။
အခ်ိဳ႕ေသာအေၾကာင္းျပခ်က္ေတြေၾကာင့္ ဒီသေဘာေပါက္မႈက သူ႔ကုိစိတ္သက္သာရာရစြာ သက္ျပင္းခ်မိေစသည္။
က်င္ရႊင္က အျမဲတမ္း ဘယ္သေဘာတူညီမႈကုိမဆို အေရးတၾကီးကုိင္တြယ္တတ္သည္။ လံုးဝသူစိမ္းတစ္ေယာက္လို႔ ေျပာႏုိင္တဲ့တစ္စံုတစ္ေယာက္နဲ႔ ရုတ္ျခည္းလက္ထပ္ျပီး အတူတူလက္ထပ္မွတ္ပံုတင္လုပ္ဖို႔က သူ႔အတြက္ ဖိအားအရမ္းမ်ားလြန္းသည္။
ဒါေပမယ့္ ေစ့စပ္ထားရုံပဲဆုိရင္…Ph.Dကို ေလ့လာေနၾကတဲ့ သူ႔စီနီယာအစ္ကုိအစ္မေတြဆီက ၾကားဖူးတာကေတာ့ ေစ့စပ္ထားတယ္ဆိုတာက လက္ထပ္ဖုိ႔ရည္ရြယ္ခ်က္အတြက္ တျဖည္းျဖည္းခ်စ္ကၽြမ္းဝင္လာေအာင္လုပ္တာနဲ႔ တူတယ္တဲ့။
ဒါက အမ်ားၾကီးပုိလြယ္တယ္။
ဒီကိစၥမွာ က်င္ရႊင္က ႏွစ္ဖက္လံုးရဲ႕ နားလည္မႈကို ေပါင္းစည္းရန္ တစ္ဖက္လူကို အထူးတလည္ပင္ ေစ့စပ္တာရဲ႕ ဖြင့္ဆိုခ်က္ကို ေမးလိုက္ေသးသည္။
မေမွ်ာ္လင့္ထားပါပဲ Mr.ေျခတံရွည္က အနည္းငယ္မင္သက္သြားသည္။ သူ႔ရဲ႕မက္မြန္ပြင့္သ႑ာန္မ်က္ဝန္းေတြကုိ အသာေမွးထားရင္း သူကအမွန္တကယ္ကို အဲ့ျပႆနာအေၾကာင္းအေလးအနက္ထား စဥ္းစားေနသည္။
သူဘာလို႔ ဒီေလာက္ၾကာေအာင္ စဥ္းစားေနတာလဲဆိုတာကို က်င္ရႊင္သံသယျဖစ္ေနခ်ိန္မွာပဲ Mr.ေျခတံရွည္ကေျပာလာသည္
“ လက္ထပ္ဖို႔ရည္ရြယ္ျပီး ခ်စ္ကၽြမ္းဝင္တာကိုေတာ့ ကုိယ္သေဘာတူပါတယ္၊ ဒါေပမယ့္…”
သူကမတ္မတ္ထိုင္ကာ သူ႔အၾကည့္က က်င္ရႊင္ရဲ႕မ်က္ႏွာေပၚက်ေရာက္လာျပီး သူ႔မ်က္ေတာင္ေတြက ခပ္ေရးေရးေလးနိမ့္ဆင္းသြားတာမို႔ ပံုမွန္ေလာက္ မခက္ထန္ေတာ့ပံုေပၚသည္။
“အဲ့လိုအရာမ်ိဳးက..အထူးသျဖင့္ ကိုယ့္ကိစၥမွာေပါ့..ကိုယ္က မင္းကုိစဥ္းစားဖုိ႔ အခ်ိန္လံုလံုေလာက္ေလာက္ေပးသင့္တာပါ၊ လက္ထပ္မယ့္အေၾကာင္းေျပာလုိက္တာက မင္းအေပၚဖိအားျဖစ္သြားေစတဲ့အတြက္ ကိုယ္ေတာင္းပန္ပါတယ္”
“အာ…ဒါက ခင္ဗ်ားေၾကာင့္မဟုတ္ပါဘူး”
ဒါကုိၾကားေတာ့ က်င္ရႊင္က ထပ္ခါတလဲလဲျငင္းခ်က္ထုတ္လုိက္သည္။
တစ္ဖက္လူက အထင္လြဲသြားျပီး နာက်င္သြားမွာကုိ သူမလိုခ်င္ေပ။
က်င္ရႊင္က ရုိးရွင္းစြာေျပာလိုက္၏
“ ကၽြန္ေတာ္ ခင္ဗ်ားကုိကတိေပးႏုိင္ပါတယ္”
အဲ့ကတိက သနားမႈေရာ ရွက္ရြံ႕မႈေရာ မပါရွိေပ။
က်င္ရႊင္ရဲ႕အေတြးက အရမ္းရိုးရွင္းသည္ ဒီလူက သူ႔ဖ်ားနာမႈကိုကုသတာကုိ ကူညီေပးရင္း တစ္လက္စတည္း ခ်စ္ရတဲ့ခံစားခ်က္ကိုလည္း ေတြ႔ၾကံဳခံစားမယ္။
ခဲတစ္လံုးနဲ႔ ငွက္ႏွစ္ေကာင္ပစ္လုိက္တာပဲ။
သူက ခ်ံဳပုတ္ပတ္လည္မွာ လုိက္ရုိက္ျပီး တရားမွ်တမႈကုိ ရွာခ်င္တဲ့သူမ်ိဳးမဟုတ္ေပ။ သူေရွ႕ကလူကုိ သူမၾကိဳက္တာမ်ိဳးမရွိေပ။
အခ်ိန္တစ္ခုအထိ ဒီလိုလူတစ္ေယာက္နဲ႔ တူတူေနခြင့္ရတာက…အရမ္းေကာင္းတဲ့အရာလုိ႔ေတာင္ သူခံစားမိသည္။
ေရြးခ်ယ္မႈတစ္ခုလုပ္ဖို႔ သူ႔ဆီမွာအခြင့္အေရးရွိေနမွေတာ့ သူရွက္ေနမွာမဟုတ္ဘူး။ မင္းတစ္စံုတစ္ခုကို လိုခ်င္လာရင္ မင္းအဲ့တာအတြက္ ပြင့္ပြင့္လင္းလင္းတုိက္ခုိက္ႏုိင္ရမယ္။
သူ ေပ်ာ္ရႊင္မႈကို ခံစားလို႔ရႏုိင္တဲ့အခ်ိန္တုိင္းမွာ ေပ်ာ္ရႊင္ေနသင့္တာကုိ က်င္ရႊင္သိတာမို႔ သူမေရရာတဲ့ျပႆနာေတြကုိ အခ်ိန္ယူစဥ္းစားေနမွာမဟုတ္ဘူး။
ဒါေပမယ့္ သူဒီေလာက္ျမန္ျမန္သေဘာတူလိမ့္မယ္လုိ႔ မေမွ်ာ္လင့္ထားတာေၾကာင့္ထင္သည္၊ တစ္ဖက္လူရဲ႕မ်က္လံုးေတြက ရုတ္ျခည္းခပ္ေရးေရးေလးျပဴးသြားသည္။
ေဖ်ာ့ေတာ့တဲ့ မက္မြန္ပြင့္သ႑ာန္မ်က္ဝန္းေတြက အရင္လုိပဲဆိုေပမယ့္ သူတုိ႔က ပုိေတာက္ပလာကာ အျခားခံစားခ်က္တစ္ခု ရွိေနသလိုပင္…အဲ့တာက ေက်းဇူးတင္မႈလား ေပ်ာ္ရႊင္မႈလားေတာ့ က်င္ရႊင္မသိေပ။
အတိုခ်ဳပ္ေျပာရရင္ တစ္ဖက္လူရဲ႕ ေတာက္ပတဲ့မ်က္လံုးေတြနဲ႔ အၾကည့္ခံေနရေတာ့ က်င္ရႊင္က အနည္းငယ္ရွက္လာမိသည္။
ေဘးဘက္ကုိအၾကည့္လႊဲလုိက္ရင္း က်င္ရႊင္ေျပာလုိက္သည္
“ ကၽြန္ေတာ္ဆိုလိုတာက…ကၽြန္ေတာ္တို႔ အရင္ၾကိဳးစားသင့္တယ္လုိ႔ ကၽြန္ေတာ္ထင္တယ္…”
“မင္း စိတ္ကိုျပင္ဆင္ျပီးသြားျပီလား?” တစ္ဖက္ကလူက ညင္သာစြာေျပာလာသည္။
“ဟုတ္ကဲ့” က်င္ရႊင္က ေတာင့္တင္းစြာေခါင္းညိတ္လုိက္ေပမယ့္ ခိုင္မာစြာေျပာလိုက္သည္ “ ကၽြန္ေတာ္ဆံုးျဖတ္ျပီးပါျပီ”
“ ဒါဆုိလည္း သြားၾကရေအာင္” ဒီတစ္ၾကိမ္မွာေတာ့ လူၾကီးက အလြန္ျပတ္သားစြာထရပ္လုိက္သည္။
က်င္ရႊင္စပ္စုလုိက္သည္ : “ဘယ္ကိုသြားမွာလဲ?”
လူၾကီးက သူ႔ကုိၾကည့္ကာ သဘာဝက်က်ေလသံျဖင့္:
“ စကားေျပာျပီးျပီဆုိေတာ့ ညစာသြားစားၾကမယ္ေလ”
“……”
ဒါက…ျပီးသြားျပီလား?
စကားေျပာလို႔ ျပီးသြားျပီေပါ့?
အာ…သူဇီဇာေၾကာင္ေနတာကုိ အျပစ္မတင္ပါနဲ႔၊ ဒါေပမယ့္ ဆက္ဆံေရးကုိ ဆံုးျဖတ္လိုက္တဲ့ ဒီအခိုက္အတန္႔ေလးက ပိုျပီးေတာ့ စိတ္လႈပ္ရွားဖုိ႔ေကာင္းေနသင့္တာ မဟုတ္ဘူးလား?
အခု ဘာစိတ္လႈပ္ရွားမႈမွ မရွိ…
အဓိကအေၾကာင္းအရင္းကေတာ့ ညစာသြားစားဖုိ႔ ေျပာေနတဲ့အဲ့လူရဲ႕ေလသံက ေခါင္းေလာင္းတီးသြားလို႔ ေန႔လည္စာစားခ်ိန္ေရာက္ျပီလို႔ ေၾကျငာေနတဲ့ ဆရာရဲ႕ေလသံနဲ႔ ေတာ္ေတာ္ကုိတူေနတာပင္။
အဲ့လိုဆိုေပမယ့္လည္း က်င္ရႊင္က တစ္ဖက္လူရဲ႕ေနာက္ကလိုက္ကာ အျပင္ထြက္သြားရဆဲပင္။
ဝင္ေပါက္ကုိဦးတည္ေနတဲ့ ေကာ္ရစ္တာက အနည္းငယ္က်ဥ္းသည္။ Mr.ေျခတံရွည္က အလိုအေလ်ာက္ေရွ႕ကေန ဦးေဆာင္သြားရာ က်င္ရႊင္ရဲ႕အျမင္မွာ တစ္ဖက္လူရဲ႕ က်ယ္ဝန္းတဲ့ပခံုး၊ ေျဖာင့္တန္းတဲ့ေက်ာျပင္နဲ႔ပဲ ျပည့္ႏွက္ေနသည္။
…ဒါေပမယ့္ ဒီအေၾကာင္းကုိေတြးၾကည့္ေတာ့လဲ တကယ္လို႔ထမင္းအတူတူမစားၾကဘူးဆိုရင္ ဒီအေျခအေနမွာ သူတုိ႔ဘာလုပ္ႏုိင္ဦးမွာလဲ?
ခ်စ္ကၽြမ္းဝင္ေနတဲ့အခ်ိန္ စားတာတို႔၊ ရုပ္ရွင္ၾကည့္တာတို႔ ဒါမွမဟုတ္အျခားတစ္ခုခု လုပ္ရတယ္ထင္သည္။
အျခားအရာလုပ္ဖုိ႔ကို စဥ္းစားၾကည့္ေတာ့…က်င္ရႊင္ ဘာမွမေတြးတတ္ေတာ့ဘူး။ အဆံုးမွာေတာ့ သူတုိ႔က အထူးအေျခအေနမွာရွိေနကာ သူတုိ႔အခ်င္းခ်င္းက မရင္းႏွီးၾကေသးဘူး။ ျပင္းျပတဲ့အနမ္းေတြဘာေတြလည္း ရွိလာမွာမဟုတ္ေသးဘူး။
အဲ့နည္းလမ္းအတုိင္းေတြးၾကည့္ေတာ့ သူအဲ့တာနဲ႔ပတ္သက္ျပီး ျပႆနာရွိတယ္လုိ႔ မထင္ေတာ့ဘူး။
တစ္ခုကလြဲျပီးေတာ့ေပါ့ …
ေႏြညက အရမ္းကုိပူေပမယ့္ ကားကေတာ့ အင္မတန္ေအးျမေနသည္။ အထူးသျဖင့္ လူၾကီးက သူ႔အတြက္တံခါးဖြင့္ေပးလုိက္တဲ့အခ်ိန္ ကားထဲကေအးစက္ေနတဲ့ေလက သူ႔ဆီကုိ ဝင္တုိးလာသည္။
“…ေက်းဇူးပါ” က်င္ရႊင္ ေျပာလုိက္သည္။
ကားထဲမွာ ဒရုိင္ဘာတစ္ေယာက္ရွိသည္။ သူတုိ႔လာေနတာကုိ ျမင္တဲ့အခ်ိန္ သူက ဝီရိယရွိစြာ ကားထဲကေနထြက္လာျပီး “Mr.ရွန္” လို႔ေအာ္လုိက္ေပမယ့္ လူၾကီးကေတာ့ က်င္ရႊင္အတြက္ တံခါးကုိ သူကုိယ္တုိင္မရမကဖြင့္ေပး၏။
သူတို႔ကိုယ္တုိင္ေမာင္းဖို႔ မလိုအပ္ဘူး။ က်င္ရႊင္က ထုိင္ျပီးေနာက္ လူၾကီးကလည္း တစ္ဖက္ကေန ကားထဲဝင္လာသည္။
သူက က်င္ရႊင္ကိုေမး၏ “ မင္းဘာစားခ်င္လဲ?”
“ဘာျဖစ္ျဖစ္အဆင္ေျပပါတယ္”
ႏွစ္ဦးသားက နီးကပ္တဲ့အေနအထားနဲ႔ ေဘးခ်င္းကပ္ရပ္ထုိင္ေနသည္။ ခံုေတြရဲ႕အလယ္မွာ လက္ရန္းနဲ႔ ေရဘူးထည့္တဲ့ေနရာ ရွိေနေပမယ့္ က်င္ရႊင္ရဲ႕ကိုယ္က အလိုအေလ်ာက္ေတာင့္တင္းသြားသည္။ သူေၾကာက္ေနတာမဟုတ္ပါဘူး နည္းနည္းစိတ္လႈပ္ရွားေနရုံပါ။
ဘယ္လိုပဲျဖစ္ျဖစ္ ဒါကသူ႔ရဲ႕ပထမဦးဆံုးဒိတ္ေလ၊
ခ်စ္သူေကာင္ေလးတစ္ေယာက္နဲ႔ေပါ့။
…အခု သူတုိ႔က တစ္ေယာက္နဲ႔တစ္ေယာက္ ေစ့စပ္ဖို႔ကုိသေဘာတူျပီးျပီဆုိေတာ့ မေစ့စပ္ခင္ သူ႔ကုိခ်စ္သူေကာင္ေလးလို႔ သတ္မွတ္လို႔ရတယ္မလား?
ဒါက တကယ္ကုိျပီးျပည့္စံုတဲ့ေလာဂ်စ္ပဲ၊ ဒီေကာက္ခ်က္နဲ႔ ပတ္သက္ျပီး ဘာမွလြဲေနတာမရွိဘူး။
မွန္တယ္ သူ႔မွာခ်စ္သူေကာင္ေလးတစ္ေယာက္ရွိေနျပီ!
က်င္ရႊင္က သူတကယ္စိတ္ထဲမထားေၾကာင္း ေဖာ္ျပလုိက္ျပီး
“ ခင္ဗ်ား ၾကိဳက္တဲ့ေနရာေရြးလုိ႔ရပါတယ္”
တစ္ဖက္လူက ယဥ္ေက်းမေနဘဲ တုိက္ရုိက္ပင္ ဒရိုင္ဘာကုိ ေနရာေျပာျပလိုက္ျပီး ကားက ကားပါကင္ကေန ျဖည္းညင္းစြာေမာင္းထြက္သြားသည္။
လမ္းမွာ ရုတ္တရပ္လူၾကီးက ေျပာလာသည္
“မင္းလက္ကို ဆန္႔ထုတ္ေပးဖို႔ အဆင္ေျပလား?”
က်င္ရႊင္ : “ ? ”
ဆန္႔…ဆန္႔ထုတ္ရမယ္?
ကားထဲမွာ ဘာသီခ်င္းသံမွမရွိဘဲ သူတုိ႔ကလည္းနီးကပ္ေနသည္။
က်င္ရႊင္က ေလထဲမွာ အမ်ိဳးသားရဲ႕ သံလုိက္လိုဆြဲေဆာင္မႈရွိတဲ့အသံက ပ်ံ႕လြင့္လာတာကို ရွင္းလင္းစြာခံစားမိသည္။
ဒုတ္ ဒုတ္ ဒုတ္
ခ်ိန္းေတြ႔တဲ့ေနရာမွာ ဘာအေတြ႔အၾကံဳမွမရွိတဲ့ က်င္ရႊင္က မေတြးတတ္ေတာ့ဘဲ စိတ္လႈပ္ရွားေနေပမယ့္ သူ႔လက္ကုိေတာ့ ျဖည္းညင္းစြာကမ္းေပးလိုက္တုန္းပင္…
အဲ့ေနာက္သူ႔လက္ေကာက္ဝတ္မွာ ေလးလံလာတာကုိခံစားရသည္။
?!
ေအာက္ကုိငံု႔ၾကည့္လုိက္ေတာ့ လူၾကီးရဲ႕ ရွည္သြယ္တဲ့လက္ေခ်ာင္းႏွစ္ေခ်ာင္းက သူ႔လက္ေကာက္ဝတ္ေပၚေရာက္ရွိေနကာ အဲ့အေပၚမွာ နာရီတစ္လံုးဝတ္ေပးေနသည္။
နာရီက သူ႔ကိုယ္ပုိင္လက္ေကာက္ဝတ္ေပၚကေန ခုေလးတင္ ခၽြတ္ယူလိုက္တယ္ထင္သည္ လက္ပတ္ၾကိဳးေပၚက အပူခ်ိန္ကို က်င္ရႊင္ခံစားရသည္။
တစ္ဖက္လူက သူ႔အတြက္ နာရီကုိကၽြမ္းက်င္စြာ ဝတ္ဆင္ေပးေနကာ က်င္ရႊင္ရဲ႕အၾကည့္က လူၾကီးရဲ႕လက္ေခ်ာင္းေတြကေန သူ႔ရဲ႕အာရုံစူးစိုက္တဲ့အသြင္အျပင္ဆီကုိ ျဖည္းညင္းစြာေရြ႕သြားသည္။
မာနၾကီးျပီး ဂရုမစိုက္ဟန္ရွိသည္။
ဒါေပမယ့္ သူ႔ၾကည့္ရတာထပ္ျပီးေတာ့ စိတ္မဝင္စား ဂရုမစိုက္တဲ့ပံုမေပၚေတာ့ေပ။
လူၾကီးကေျပာလာသည္ :
” ကုိယ္မင္းကုိဒီေလာက္ရုတ္တရပ္ၾကီး ေတြ႔ဆံုရလိမ့္မယ္လို႔ ထင္မထားေတာ့ ဘာလက္ေဆာင္မွမျပင္ခဲ့ရဘူး။ ဒါက ယာယီလက္ေဆာင္ေလးပါ”
“…ေက်းဇူးပါပဲ” က်င္ရႊင္က သူ႔လက္ေကာက္ဝတ္ကုိလွည့္လိုက္သည္။ ကားထဲက အလင္းေရာင္ကမလံုေလာက္ေပ။ သူနာရီကုိေသခ်ာမၾကည့္ရဲဘူး ဘာလို႔လဲဆုိေတာ့ အဲ့လိုၾကည့္လိုက္ဖို႔ကို သူအရမ္းရွက္လို႔ပင္။ သူနာရီဝတ္ထားတဲ့ေနရာက ပုိျပီးေတာ့ ပူလာသလုိသူခံစားရသည္။
“ အာ့ ဟုတ္သားပဲ Mr. …”
ဒီၾကားကာလမွာ ေနာက္ဆံုးေတာ့ သူတစ္ခါမွေမးဖို႔အခြင့္အေရးမရခဲ့တဲ့ ဒီေန႔ေဆြးေႏြးမႈရဲ႕အေရးၾကီးဆံုးအပုိင္းကုိ ေမးဖို႔ က်င္ရႊင္အခြင့္အေရးရျပီျဖစ္သည္။ သူက အမ်ိဳးသားရဲ႕ ခန္႔ညားတဲ့ေဘးတစ္ေစာင္းပံုရိပ္ကိုၾကည့္ကာ
“ ကၽြန္ေတာ္အခုထိ ခင္ဗ်ားရဲ႕နာမည္ကို မသိေသးဘူး”
“ ဟမ္?” လူၾကီးက ဒီစကားေတြကုိၾကားေတာ့ ခ်က္ခ်င္းသူ႔ကုိလွည့္ၾကည့္လာကာ သူ႔အမူအရာက ပထမဆံုးအၾကိမ္ေျပာင္းလဲသြားျပီး အံ့ၾသသြားသည္။
ၾကည့္ရတာေတာ့ သူလည္းအခုထိ သူ႔ကိုယ္သူမိတ္မဆက္ရေသးဘူးပဲ?
ႏွစ္ေထာင္ခ်ီတဲ့ေရခဲတံုးၾကီးက ေနာက္ဆံုးေတာ့ အက္ကြဲလာပံုေပၚသည္။ ဒီျခားနားခ်က္က လူတုိင္းျမင္ႏုိင္တဲ့အရာေတာ့မဟုတ္ပင္။
ဒီအေျခအေနက လူေတြကုိရယ္ခ်င္လာေစသည္။
က်င္ရႊင္မေတြးဘဲ မေနႏုိင္ေတာ့ဘူး။ သူတုိ႔ဒီႏွစ္ေယာက္လံုးက ဒီလိုမ်ိဳး ဆက္ဆံေရးရွိေနေပမယ့္ အခုထိ အျခားတစ္ေယာက္က မည္သူမည္ဝါျဖစ္ေၾကာင္းကုိေတာ့ မသိၾကေသးပင္…
အံ့ၾသဖြယ္အေတြ႔အၾကံဳပါပဲ!
က်င္ရႊင္က သူ႔ကုိယ္သူ စတင္မိတ္ဆက္လုိက္သည္
“ ကၽြန္ေတာ့္နာမည္က က်င္ရႊင္…ယန္က်င္ရႊင္ပါ”
“ ကိုယ္သိတယ္” လူၾကီးကေျပာလာသည္ “ ကုိယ္ ပေရာ္ဖက္ဆာဟို႔နဲ႔ စကားေျပာတုန္းက သူကမင္းနာမည္ကုိေျပာသြားတယ္”
“ဟင္? ” ဒီတစ္ၾကိမ္ကေတာ့ က်င္ရႊင္အံ့အားသင့္ရမဲ့ အလွည့္ပင္။
…ဒီလူက ပေရာ္ဖက္ဆာဟုိ႔နဲ႔ စကားေျပာခဲ့တယ္?
ျပီးေတာ့ သူတို႔က သူ႔ကုိလည္းထုတ္ေဖာ္ေျပာခဲ့ၾကေသးတယ္ေပါ့?
ဒါေပမယ့္ သူ႔ကိုပိုျပီးအံ့အားသင့္ဖြယ္ေကာင္းတဲ့အရာက ေစာင့္ၾကိဳေနခဲ့သည္။
လူၾကီးက ကားထဲကေန သူ႔ရဲ႕bussiness cardကို ထုတ္ယူကာ က်င္ရႊင္ကို ေလးနက္တည္ၾကည္တဲ့အမူအရာနဲ႔ကမ္းေပးကာ ေတာင္းပန္တဲ့ေလသံနဲ႔ ေျပာလာသည္
“ ေဆာရီးပါ၊ ကုိယ့္ကိုကိုယ္ မိတ္ဆက္ဖို႔ ကုိယ္ေမ့သြားတယ္”
လမ္းမီးအိမ္ေတြက နီယြန္မီးေရာင္က ကားျပတင္းေပါက္ကို ျဖတ္သန္းဝင္လာကာ ေျပာင္းလဲေနတဲ့အလင္းေရာင္ေအာက္မွာ က်င္ရႊင္က ကတ္ကိုယူလုိက္သည္။
Bussiness cardက အရမ္းကုိမာေက်ာကာ စာသားကလဲထင္းေနသည္။ တစ္ခ်က္ၾကည့္လုိက္ရုံနဲ႔ အဲ့တာကုိ အရည္အေသြးျမင့္ ထုတ္ကုန္ေတြနဲ႔ ျပဳလုပ္ထားမွန္း သိႏုိင္သည္။
က်င္ရႊင္က မေနႏုိင္ဘဲ အဲ့တာကုိႏွစ္ခါပြတ္သပ္မိသည္။
တစ္ခ်ိန္တည္းမွာပဲ အမ်ိဳးသားရဲ႕ အသံနိမ့္နိမ့္က သူ႔နားထက္တစ္ဖန္ ပဲ့တင္ထပ္လာသည္
“ ကိုယ့္နာမည္က ရွန္ရိက်င္း”
…
ရွန္…ရွန္ဘာၾကီး?
?
? ? ?
***
Hua: ဒီအပိုင္းအနည္းငယ္အတြင္း က်င္ရႊင္ရရွိခဲ့တဲ့ ေရွာခ့္ရမႈပမာဏကေတာ့ ဒီပံုစံအတုိင္းပဲ (⊙o⊙)
.........................❤
//Unicode//
“ဖြစ်နိုင်ရင်တော့ ကိုယ်တို့တူတူနေနိုင်ဖို့ မျှော်လင့်မိတယ်။ စိတ်ချပါ ကိုယ်ခင်ပွန်းတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့တာဝန်တွေအားလုံးကို လုပ်မှာပါ၊ လက်မထပ်ခင်ရော လက်ထပ်ပြီးရင်ရော ကိုယ်မင်းကိုလုံးဝ ဆိုးဆိုးဝါးဝါးမဆက်ဆံပါဘူး”
Mr.ခြေတံရှည်က တိုးသက်ကာကြမ်းရှတဲ့ လေသံနဲ့တစ်ဖန်ပြောလာသည် ရိုးရှင်းပြီး နက်ရှိုင်းတဲ့တယောကြီးအသံမျိုးပင်
“ သေချာပေါက် မင်းမှာဘယ်အချိန်မဆို ငြင်းဆန်နိုင်တဲ့ အခွင့်အရေးရှိပါတယ်”
“…”
တစ်ဖက်လူက ဒါကိုပြောလာတဲ့အချိန် ကျင်ရွှင်က ဆေးစစ်ချက်ကို ကြည့်နေတုန်းပင်။
ရိုးရိုးသားသားပြောရရင် သူက လူမမာတွေကို နှိမ့်ချခွဲခြားဆက်ဆံတာမျိုး မရှိပေ။
ဒီကိစ္စကို တမင်ဖုံးကွယ်ထားတာထက်စာရင် တစ်ဖက်လူက အစကတည်းက သူ့အရှေ့မှာအရာအားလုံးချပြကာ သူ့ကိုရွေးချယ်ဖို့ အခွင့်အရေးပေးတာကို ပိုပြီးကျေးဇူးတင်မိသည်။
သူက ငယ်ငယ်လေးတည်းက ဖျားနာခဲ့တဲ့သူတစ်ယောက်ဖြစ်တာမို့ အခြားသူတွေနဲ့မတူဘဲ လူမမာတွေက သူတို့ရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ အကောင်းဆုံးကြိုးစားတာမျိုးကို ကျင်ရွှင်နားလည်သည်။
ဘယ်သူကမှ သူတို့ကို အခြားလူတွေက လူမမာတစ်ယောက်လို့ စာတန်းကပ်မှာကို မလိုချင်ကြဘူးလေ၊ စိတ်ကျန်းမာရေး ပြဿနာဆိုပိုဆိုးပေါ့…
ကိုယ့်ရဲ့ကိုယ်ပိုင် အခြေအနေကို တစ်ပါးသူရှေ့မှာ ချပြဖို့က သတ္တိတော်တော်လိုသည်။ တစ်ဖက်လူကို သူ့ကိုယ်ပိုင်ထင်မြင်ချက်နဲ့ ဆုံးဖြတ်ခိုင်းတာကို ထည့်မပြောနဲ့ဦး။
သူ့မှာတကယ်ကို တည်ငြိမ်စေနိုင်တဲ့သက်ရောက်မှုမျိုး ရှိနေတယ်ဆိုရင်တော့ တစ်ဖက်လူက သူ့ကိုနည်းလမ်းအများကြီးနဲ့ လှည့်စားလို့ရတယ်။ ဒါပေမယ့် သူက အမှန်အတိုင်းချပြဖို့ မတုန့်ဆိုင်းနေခဲ့ဘူး။
ကျင်ရွှင်က ဒီအမျိုးသားကို အရမ်းလေးစားသည်။
ကြည့်ရတာတော့ ဒီစာအုပ်ထဲက Dragonမြို့တော်ရဲ့ အထက်တန်းလွှာက လူတွေအားလုံးက ဆန်ကုန်မြေလေးgongလိုမျိုး ကြောင်သူတော်တွေ မဟုတ်ကြဘူးပဲ။
တစ်ဖက်လူရဲ့ ပုံရိပ်က ကျင်ရွှင်ရဲ့မျက်လုံးထဲမှာ မနိမ့်ကျသွားဘဲ အဲ့အစားရုတ်ခြည်း ထိုးမြင့်သွားတာက အံ့သြဖွယ်ပင်။ သူ့မျက်နှာထားက ထူးမခြားနားစွာရှိနေပေမယ့်လည်း သူ့မျက်ဝန်းတွေက အေးစက်ကာခက်ထန်နေပြီး လူတွေကို အလိုအလျောက်နောက်ပြန်ဆုတ်ချင်လာအောင် ပြုလုပ်နေသလိုပင်။
ဒါပေမယ့်…
“ ဒါပေမယ့် ကျွန်တော်တို့ ဘာလို့လက်ထပ်မှရမှာလဲ?”
ကျင်ရွှင်က အဲ့အပိုင်းကို နားမလည်သေးဘူး။
နေမကောင်းတဲ့ အမျိုးသားကောင်းကို တတ်နိုင်သမျှ ထိခိုက်မှုမရှိအောင်၊ တစ်ဖက်လူရဲ့ နားလည်မှုလွဲသွားမှာနဲ့ သူ့စိတ်ကိုနာကျင်သွားစေမှာကို ရှောင်ရှားရန်သူအလျင်အမြန် ထပ်ပေါင်းပြောလိုက်သည်
“ ခင်ဗျား စိတ်မရှိဘူးဆိုရင် ခင်ဗျား စိတ်အခြေအနေမကောင်းတဲ့အချိန်တိုင်း ကျွန်တော့်ဆီကို လာလို့ရပါတယ်…”
ရုတ်တရပ် ဒီဟာက ဟိုလိုလိုသည်လိုလိုဖြစ်နေမှန်း ခံစားမိလိုက်တာကြောင့် ကျင်ရွှင်ရဲ့နားတွေက နီရဲသွားကာ
“ အာ…ကျွန်တော်ဆိုလိုတာကလေ…Mr. ခင်ဗျားသာ အလိုရှိတယ်ဆိုရင် ကျွန်တော်တို့ အခြားအရာတွေလုပ်လို့ရတယ်လေ…ထွေထွေထူးထူးမဟုတ်ပါဘူး…ရိုးရိုးရှင်းရှင်း စာအုပ်ဖတ်တာတို့ စစ်တုရင်ကစားတာတို့…”
သူပိုပြောလေလေ ဘာလို့အဲ့စကားလုံးတွေက ပိုပြီးတစ်မျိုးကြီးဖြစ်လာလေလေ ဖြစ်နေရတာတုန်း!
“ ဘာလို့လဲဆိုတော့ ကိုယ်တို့တူတူအိပ်ခဲ့လို့လေ”
“……”
အမျိုးသားက သူ့ကိုအထင်မလွဲခဲ့ဘူး။ သူက ကျင်ရွှင်ရဲ့မေးခွန်းကို ဖြေရုံမျှသာဖြစ်ပြီး သိသိသာသာကို စိတ်ရှုပ်နေသည်။ တစ်ဖက်လူရဲ့ မက်မွန်ပွင့်သဏ္ဍာန်မျက်ဝန်းတွေက သံသယတွေနဲ့ပြည့်နေကာ
“ ဒါက အကောင်းဆုံးနည်းလမ်းပဲလေ၊ မဟုတ်ဘူးလား?”
ကျင်ရွှင် : “…”
တစ်ဖက်လူက ဘာကိုသိရှိစေချင်နေတာလဲဆိုတာကို သူနားလည်လာပုံပဲ။
ဘာမှမဖြစ်ခဲ့သလိုမျိုး သူတို့ဘယ်လိုလုပ်ဟန်ဆောင်နိုင်မှာလဲ? မင်းရဲ့ပါးတွေကို လက်ချောင်းတစ်ချောင်းနဲ့ပွတ်သပ်ခံလိုက်ရပြီး အဲ့နေရာမှာ အပူတွေစုနေတယ်။
မင်းအဲ့တာကို မှတ်မိနေလိမ့်မယ် မဟုတ်သေးဘူး မင်းမှတ်မိနေပြီးပြီ။
သူတို့အဲ့တာကိုလုပ်ခဲ့ပြီး အတော်လေးသင့်တော်တာကြောင့် ချက်ချင်း လက်ထပ်မယ့်လက်တွဲဖော်အဖြစ် တိုးတက်သွားတာက တော်တော်လေး ယုတ္တိရှိတယ်လို့ တစ်ဖက်လူက ဆိုလိုတာလား…?
ကျင်ရွှင်က သူ့မျက်လုံးကိုပင့်ကာ တစ်ဖက်လူကိုပထမဆုံးအကြိမ် အစပြုကာကြည့်ရှုလိုက်သည်။
တစ်ဖက်လူက အရပ်ရှည်ရုံတင်မကဘဲ အလွန်အမင်းကို ဖြောင့်ဖြောင့်မတ်မတ်ထိုင်နေသည်။ လှပတဲ့ အပြင်အဆင်နဲ့ ခေတ်နောက်ပြန်ပုံစံ ကဖေးထဲမှာ သူက စိတ်ကူးယဉ်ဆီဆေးပန်းချီကားထဲက ပြင်သစ်တော်ဝင်ညီလာခံကနေ လျှောက်လှမ်းထွက်လာတဲ့ တော်ဝင်မင်းသားတစ်ပါးလိုပင်။
ရိုးရိုးသားသားပြောရရင် သူ့ရဲ့အသွင်အပြင်ကိုဘဲဖြစ်ဖြစ် ဒါမှမဟုတ် သူနဲ့ဆက်စပ်နေတဲ့ အရာတွေနဲ့ စပ်လျဉ်းပြီးတော့ပဲဖြစ်ဖြစ် ဒီလိုလူကို ဘယ်သူကမှငြင်းဆန်နိုင်မှာ မဟုတ်ဘူး။
ဒါပေမယ့်…
“ဒါပေမယ့် Mr. လက်ထပ်တာတို့ ဘာတို့က…ကျွန်တော်တော့ အရမ်းမြန်တယ်လို့ ထင်တာပဲ” ကျင်ရွှင်က ပါးနပ်စွာပြောလိုက်သည်
“ ပြီးတော့ ကျွန်တော်က ဒီနှစ်မှာ ဂျူနီယာတစ်ယောက်ပဲရှိသေးတာ”
“ ဒါက မင်းရဲ့ပူပန်မှုဆိုရင် ကိုယ်တို့အရင် စေ့စပ်ထားလို့ရပါတယ်”
Mr.ခြေတံရှည် : “ လက်ထပ်ပွဲက ပြီးစလွယ်ဖြစ်လို့မရဘူး။ နဂိုထဲက အဲ့တာက အရမ်းမြန်မြန်မကျင်းပသင့်ဘူး”
စေ့စပ်မယ်…?
ခင်ပွန်းလောင်းအနေနဲ့လား?
ကျင်ရွှင်က သူ့ရဲ့အာရုံစိုက်မှုအားလုံးကို တစ်ဖက်လူပြောလိုက်တဲ့စကားရဲ့ ပထမတစ်ဝက်မှာ အာရုံစိုက်လိုက်၏။
အချို့သောအကြောင်းပြချက်တွေကြောင့် ဒီသဘောပေါက်မှုက သူ့ကိုစိတ်သက်သာရာရစွာ သက်ပြင်းချမိစေသည်။
ကျင်ရွှင်က အမြဲတမ်း ဘယ်သဘောတူညီမှုကိုမဆို အရေးတကြီးကိုင်တွယ်တတ်သည်။ လုံးဝသူစိမ်းတစ်ယောက်လို့ ပြောနိုင်တဲ့တစ်စုံတစ်ယောက်နဲ့ ရုတ်ခြည်းလက်ထပ်ပြီး အတူတူလက်ထပ်မှတ်ပုံတင်လုပ်ဖို့က သူ့အတွက် ဖိအားအရမ်းများလွန်းသည်။
ဒါပေမယ့် စေ့စပ်ထားရုံပဲဆိုရင်…Ph.Dကို လေ့လာနေကြတဲ့ သူ့စီနီယာအစ်ကိုအစ်မတွေဆီက ကြားဖူးတာကတော့ စေ့စပ်ထားတယ်ဆိုတာက လက်ထပ်ဖို့ရည်ရွယ်ချက်အတွက် တဖြည်းဖြည်းချစ်ကျွမ်းဝင်လာအောင်လုပ်တာနဲ့ တူတယ်တဲ့။
ဒါက အများကြီးပိုလွယ်တယ်။
ဒီကိစ္စမှာ ကျင်ရွှင်က နှစ်ဖက်လုံးရဲ့ နားလည်မှုကို ပေါင်းစည်းရန် တစ်ဖက်လူကို အထူးတလည်ပင် စေ့စပ်တာရဲ့ ဖွင့်ဆိုချက်ကို မေးလိုက်သေးသည်။
မမျှော်လင့်ထားပါပဲ Mr.ခြေတံရှည်က အနည်းငယ်မင်သက်သွားသည်။ သူ့ရဲ့မက်မွန်ပွင့်သဏ္ဍာန်မျက်ဝန်းတွေကို အသာမှေးထားရင်း သူကအမှန်တကယ်ကို အဲ့ပြဿနာအကြောင်းအလေးအနက်ထား စဉ်းစားနေသည်။
သူဘာလို့ ဒီလောက်ကြာအောင် စဉ်းစားနေတာလဲဆိုတာကို ကျင်ရွှင်သံသယဖြစ်နေချိန်မှာပဲ Mr.ခြေတံရှည်ကပြောလာသည်
“ လက်ထပ်ဖို့ရည်ရွယ်ပြီး ချစ်ကျွမ်းဝင်တာကိုတော့ ကိုယ်သဘောတူပါတယ်၊ ဒါပေမယ့်…”
သူကမတ်မတ်ထိုင်ကာ သူ့အကြည့်က ကျင်ရွှင်ရဲ့မျက်နှာပေါ်ကျရောက်လာပြီး သူ့မျက်တောင်တွေက ခပ်ရေးရေးလေးနိမ့်ဆင်းသွားတာမို့ ပုံမှန်လောက် မခက်ထန်တော့ပုံပေါ်သည်။
“အဲ့လိုအရာမျိုးက..အထူးသဖြင့် ကိုယ့်ကိစ္စမှာပေါ့..ကိုယ်က မင်းကိုစဉ်းစားဖို့ အချိန်လုံလုံလောက်လောက်ပေးသင့်တာပါ၊ လက်ထပ်မယ့်အကြောင်းပြောလိုက်တာက မင်းအပေါ်ဖိအားဖြစ်သွားစေတဲ့အတွက် ကိုယ်တောင်းပန်ပါတယ်”
“အာ…ဒါက ခင်ဗျားကြောင့်မဟုတ်ပါဘူး”
ဒါကိုကြားတော့ ကျင်ရွှင်က ထပ်ခါတလဲလဲငြင်းချက်ထုတ်လိုက်သည်။
တစ်ဖက်လူက အထင်လွဲသွားပြီး နာကျင်သွားမှာကို သူမလိုချင်ပေ။
ကျင်ရွှင်က ရိုးရှင်းစွာပြောလိုက်၏
“ ကျွန်တော် ခင်ဗျားကိုကတိပေးနိုင်ပါတယ်”
အဲ့ကတိက သနားမှုရော ရှက်ရွံ့မှုရော မပါရှိပေ။
ကျင်ရွှင်ရဲ့အတွေးက အရမ်းရိုးရှင်းသည် ဒီလူက သူ့ဖျားနာမှုကိုကုသတာကို ကူညီပေးရင်း တစ်လက်စတည်း ချစ်ရတဲ့ခံစားချက်ကိုလည်း တွေ့ကြုံခံစားမယ်။
ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်လိုက်တာပဲ။
သူက ချုံပုတ်ပတ်လည်မှာ လိုက်ရိုက်ပြီး တရားမျှတမှုကို ရှာချင်တဲ့သူမျိုးမဟုတ်ပေ။ သူရှေ့ကလူကို သူမကြိုက်တာမျိုးမရှိပေ။
အချိန်တစ်ခုအထိ ဒီလိုလူတစ်ယောက်နဲ့ တူတူနေခွင့်ရတာက…အရမ်းကောင်းတဲ့အရာလို့တောင် သူခံစားမိသည်။
ရွေးချယ်မှုတစ်ခုလုပ်ဖို့ သူ့ဆီမှာအခွင့်အရေးရှိနေမှတော့ သူရှက်နေမှာမဟုတ်ဘူး။ မင်းတစ်စုံတစ်ခုကို လိုချင်လာရင် မင်းအဲ့တာအတွက် ပွင့်ပွင့်လင်းလင်းတိုက်ခိုက်နိုင်ရမယ်။
သူ ပျော်ရွှင်မှုကို ခံစားလို့ရနိုင်တဲ့အချိန်တိုင်းမှာ ပျော်ရွှင်နေသင့်တာကို ကျင်ရွှင်သိတာမို့ သူမရေရာတဲ့ပြဿနာတွေကို အချိန်ယူစဉ်းစားနေမှာမဟုတ်ဘူး။
ဒါပေမယ့် သူဒီလောက်မြန်မြန်သဘောတူလိမ့်မယ်လို့ မမျှော်လင့်ထားတာကြောင့်ထင်သည်၊ တစ်ဖက်လူရဲ့မျက်လုံးတွေက ရုတ်ခြည်းခပ်ရေးရေးလေးပြူးသွားသည်။
ဖျော့တော့တဲ့ မက်မွန်ပွင့်သဏ္ဍာန်မျက်ဝန်းတွေက အရင်လိုပဲဆိုပေမယ့် သူတို့က ပိုတောက်ပလာကာ အခြားခံစားချက်တစ်ခု ရှိနေသလိုပင်…အဲ့တာက ကျေးဇူးတင်မှုလား ပျော်ရွှင်မှုလားတော့ ကျင်ရွှင်မသိပေ။
အတိုချုပ်ပြောရရင် တစ်ဖက်လူရဲ့ တောက်ပတဲ့မျက်လုံးတွေနဲ့ အကြည့်ခံနေရတော့ ကျင်ရွှင်က အနည်းငယ်ရှက်လာမိသည်။
ဘေးဘက်ကိုအကြည့်လွှဲလိုက်ရင်း ကျင်ရွှင်ပြောလိုက်သည်
“ ကျွန်တော်ဆိုလိုတာက…ကျွန်တော်တို့ အရင်ကြိုးစားသင့်တယ်လို့ ကျွန်တော်ထင်တယ်…”
“မင်း စိတ်ကိုပြင်ဆင်ပြီးသွားပြီလား?” တစ်ဖက်ကလူက ညင်သာစွာပြောလာသည်။
“ဟုတ်ကဲ့” ကျင်ရွှင်က တောင့်တင်းစွာခေါင်းညိတ်လိုက်ပေမယ့် ခိုင်မာစွာပြောလိုက်သည် “ ကျွန်တော်ဆုံးဖြတ်ပြီးပါပြီ”
“ ဒါဆိုလည်း သွားကြရအောင်” ဒီတစ်ကြိမ်မှာတော့ လူကြီးက အလွန်ပြတ်သားစွာထရပ်လိုက်သည်။
ကျင်ရွှင်စပ်စုလိုက်သည် : “ဘယ်ကိုသွားမှာလဲ?”
လူကြီးက သူ့ကိုကြည့်ကာ သဘာဝကျကျလေသံဖြင့်:
“ စကားပြောပြီးပြီဆိုတော့ ညစာသွားစားကြမယ်လေ”
“……”
ဒါက…ပြီးသွားပြီလား?
စကားပြောလို့ ပြီးသွားပြီပေါ့?
အာ…သူဇီဇာကြောင်နေတာကို အပြစ်မတင်ပါနဲ့၊ ဒါပေမယ့် ဆက်ဆံရေးကို ဆုံးဖြတ်လိုက်တဲ့ ဒီအခိုက်အတန့်လေးက ပိုပြီးတော့ စိတ်လှုပ်ရှားဖို့ကောင်းနေသင့်တာ မဟုတ်ဘူးလား?
အခု ဘာစိတ်လှုပ်ရှားမှုမှ မရှိ…
အဓိကအကြောင်းအရင်းကတော့ ညစာသွားစားဖို့ ပြောနေတဲ့အဲ့လူရဲ့လေသံက ခေါင်းလောင်းတီးသွားလို့ နေ့လည်စာစားချိန်ရောက်ပြီလို့ ကြေငြာနေတဲ့ ဆရာရဲ့လေသံနဲ့ တော်တော်ကိုတူနေတာပင်။
အဲ့လိုဆိုပေမယ့်လည်း ကျင်ရွှင်က တစ်ဖက်လူရဲ့နောက်ကလိုက်ကာ အပြင်ထွက်သွားရဆဲပင်။
ဝင်ပေါက်ကိုဦးတည်နေတဲ့ ကော်ရစ်တာက အနည်းငယ်ကျဉ်းသည်။ Mr.ခြေတံရှည်က အလိုအလျောက်ရှေ့ကနေ ဦးဆောင်သွားရာ ကျင်ရွှင်ရဲ့အမြင်မှာ တစ်ဖက်လူရဲ့ ကျယ်ဝန်းတဲ့ပခုံး၊ ဖြောင့်တန်းတဲ့ကျောပြင်နဲ့ပဲ ပြည့်နှက်နေသည်။
…ဒါပေမယ့် ဒီအကြောင်းကိုတွေးကြည့်တော့လဲ တကယ်လို့ထမင်းအတူတူမစားကြဘူးဆိုရင် ဒီအခြေအနေမှာ သူတို့ဘာလုပ်နိုင်ဦးမှာလဲ?
ချစ်ကျွမ်းဝင်နေတဲ့အချိန် စားတာတို့၊ ရုပ်ရှင်ကြည့်တာတို့ ဒါမှမဟုတ်အခြားတစ်ခုခု လုပ်ရတယ်ထင်သည်။
အခြားအရာလုပ်ဖို့ကို စဉ်းစားကြည့်တော့…ကျင်ရွှင် ဘာမှမတွေးတတ်တော့ဘူး။ အဆုံးမှာတော့ သူတို့က အထူးအခြေအနေမှာရှိနေကာ သူတို့အချင်းချင်းက မရင်းနှီးကြသေးဘူး။ ပြင်းပြတဲ့အနမ်းတွေဘာတွေလည်း ရှိလာမှာမဟုတ်သေးဘူး။
အဲ့နည်းလမ်းအတိုင်းတွေးကြည့်တော့ သူအဲ့တာနဲ့ပတ်သက်ပြီး ပြဿနာရှိတယ်လို့ မထင်တော့ဘူး။
တစ်ခုကလွဲပြီးတော့ပေါ့ …
နွေညက အရမ်းကိုပူပေမယ့် ကားကတော့ အင်မတန်အေးမြနေသည်။ အထူးသဖြင့် လူကြီးက သူ့အတွက်တံခါးဖွင့်ပေးလိုက်တဲ့အချိန် ကားထဲကအေးစက်နေတဲ့လေက သူ့ဆီကို ဝင်တိုးလာသည်။
“…ကျေးဇူးပါ” ကျင်ရွှင် ပြောလိုက်သည်။
ကားထဲမှာ ဒရိုင်ဘာတစ်ယောက်ရှိသည်။ သူတို့လာနေတာကို မြင်တဲ့အချိန် သူက ဝီရိယရှိစွာ ကားထဲကနေထွက်လာပြီး “Mr.ရှန်” လို့အော်လိုက်ပေမယ့် လူကြီးကတော့ ကျင်ရွှင်အတွက် တံခါးကို သူကိုယ်တိုင်မရမကဖွင့်ပေး၏။
သူတို့ကိုယ်တိုင်မောင်းဖို့ မလိုအပ်ဘူး။ ကျင်ရွှင်က ထိုင်ပြီးနောက် လူကြီးကလည်း တစ်ဖက်ကနေ ကားထဲဝင်လာသည်။
သူက ကျင်ရွှင်ကိုမေး၏ “ မင်းဘာစားချင်လဲ?”
“ဘာဖြစ်ဖြစ်အဆင်ပြေပါတယ်”
နှစ်ဦးသားက နီးကပ်တဲ့အနေအထားနဲ့ ဘေးချင်းကပ်ရပ်ထိုင်နေသည်။ ခုံတွေရဲ့အလယ်မှာ လက်ရန်းနဲ့ ရေဘူးထည့်တဲ့နေရာ ရှိနေပေမယ့် ကျင်ရွှင်ရဲ့ကိုယ်က အလိုအလျောက်တောင့်တင်းသွားသည်။ သူကြောက်နေတာမဟုတ်ပါဘူး နည်းနည်းစိတ်လှုပ်ရှားနေရုံပါ။
ဘယ်လိုပဲဖြစ်ဖြစ် ဒါကသူ့ရဲ့ပထမဦးဆုံးဒိတ်လေ၊
ချစ်သူကောင်လေးတစ်ယောက်နဲ့ပေါ့။
…အခု သူတို့က တစ်ယောက်နဲ့တစ်ယောက် စေ့စပ်ဖို့ကိုသဘောတူပြီးပြီဆိုတော့ မစေ့စပ်ခင် သူ့ကိုချစ်သူကောင်လေးလို့ သတ်မှတ်လို့ရတယ်မလား?
ဒါက တကယ်ကိုပြီးပြည့်စုံတဲ့လောဂျစ်ပဲ၊ ဒီကောက်ချက်နဲ့ ပတ်သက်ပြီး ဘာမှလွဲနေတာမရှိဘူး။
မှန်တယ် သူ့မှာချစ်သူကောင်လေးတစ်ယောက်ရှိနေပြီ!
ကျင်ရွှင်က သူတကယ်စိတ်ထဲမထားကြောင်း ဖော်ပြလိုက်ပြီး
“ ခင်ဗျား ကြိုက်တဲ့နေရာရွေးလို့ရပါတယ်”
တစ်ဖက်လူက ယဉ်ကျေးမနေဘဲ တိုက်ရိုက်ပင် ဒရိုင်ဘာကို နေရာပြောပြလိုက်ပြီး ကားက ကားပါကင်ကနေ ဖြည်းညင်းစွာမောင်းထွက်သွားသည်။
လမ်းမှာ ရုတ်တရပ်လူကြီးက ပြောလာသည်
“မင်းလက်ကို ဆန့်ထုတ်ပေးဖို့ အဆင်ပြေလား?”
ကျင်ရွှင် : “ ? ”
ဆန့်…ဆန့်ထုတ်ရမယ်?
ကားထဲမှာ ဘာသီချင်းသံမှမရှိဘဲ သူတို့ကလည်းနီးကပ်နေသည်။
ကျင်ရွှင်က လေထဲမှာ အမျိုးသားရဲ့ သံလိုက်လိုဆွဲဆောင်မှုရှိတဲ့အသံက ပျံ့လွင့်လာတာကို ရှင်းလင်းစွာခံစားမိသည်။
ဒုတ် ဒုတ် ဒုတ်
ချိန်းတွေ့တဲ့နေရာမှာ ဘာအတွေ့အကြုံမှမရှိတဲ့ ကျင်ရွှင်က မတွေးတတ်တော့ဘဲ စိတ်လှုပ်ရှားနေပေမယ့် သူ့လက်ကိုတော့ ဖြည်းညင်းစွာကမ်းပေးလိုက်တုန်းပင်…
အဲ့နောက်သူ့လက်ကောက်ဝတ်မှာ လေးလံလာတာကိုခံစားရသည်။
?!
အောက်ကိုငုံ့ကြည့်လိုက်တော့ လူကြီးရဲ့ ရှည်သွယ်တဲ့လက်ချောင်းနှစ်ချောင်းက သူ့လက်ကောက်ဝတ်ပေါ်ရောက်ရှိနေကာ အဲ့အပေါ်မှာ နာရီတစ်လုံးဝတ်ပေးနေသည်။
နာရီက သူ့ကိုယ်ပိုင်လက်ကောက်ဝတ်ပေါ်ကနေ ခုလေးတင် ချွတ်ယူလိုက်တယ်ထင်သည် လက်ပတ်ကြိုးပေါ်က အပူချိန်ကို ကျင်ရွှင်ခံစားရသည်။
တစ်ဖက်လူက သူ့အတွက် နာရီကိုကျွမ်းကျင်စွာ ဝတ်ဆင်ပေးနေကာ ကျင်ရွှင်ရဲ့အကြည့်က လူကြီးရဲ့လက်ချောင်းတွေကနေ သူ့ရဲ့အာရုံစူးစိုက်တဲ့အသွင်အပြင်ဆီကို ဖြည်းညင်းစွာရွေ့သွားသည်။
မာနကြီးပြီး ဂရုမစိုက်ဟန်ရှိသည်။
ဒါပေမယ့် သူ့ကြည့်ရတာထပ်ပြီးတော့ စိတ်မဝင်စား ဂရုမစိုက်တဲ့ပုံမပေါ်တော့ပေ။
လူကြီးကပြောလာသည် :
” ကိုယ်မင်းကိုဒီလောက်ရုတ်တရပ်ကြီး တွေ့ဆုံရလိမ့်မယ်လို့ ထင်မထားတော့ ဘာလက်ဆောင်မှမပြင်ခဲ့ရဘူး။ ဒါက ယာယီလက်ဆောင်လေးပါ”
“…ကျေးဇူးပါပဲ” ကျင်ရွှင်က သူ့လက်ကောက်ဝတ်ကိုလှည့်လိုက်သည်။ ကားထဲက အလင်းရောင်ကမလုံလောက်ပေ။ သူနာရီကိုသေချာမကြည့်ရဲဘူး ဘာလို့လဲဆိုတော့ အဲ့လိုကြည့်လိုက်ဖို့ကို သူအရမ်းရှက်လို့ပင်။ သူနာရီဝတ်ထားတဲ့နေရာက ပိုပြီးတော့ ပူလာသလိုသူခံစားရသည်။
“ အာ့ ဟုတ်သားပဲ Mr. …”
ဒီကြားကာလမှာ နောက်ဆုံးတော့ သူတစ်ခါမှမေးဖို့အခွင့်အရေးမရခဲ့တဲ့ ဒီနေ့ဆွေးနွေးမှုရဲ့အရေးကြီးဆုံးအပိုင်းကို မေးဖို့ ကျင်ရွှင်အခွင့်အရေးရပြီဖြစ်သည်။ သူက အမျိုးသားရဲ့ ခန့်ညားတဲ့ဘေးတစ်စောင်းပုံရိပ်ကိုကြည့်ကာ
“ ကျွန်တော်အခုထိ ခင်ဗျားရဲ့နာမည်ကို မသိသေးဘူး”
“ ဟမ်?” လူကြီးက ဒီစကားတွေကိုကြားတော့ ချက်ချင်းသူ့ကိုလှည့်ကြည့်လာကာ သူ့အမူအရာက ပထမဆုံးအကြိမ်ပြောင်းလဲသွားပြီး အံ့သြသွားသည်။
ကြည့်ရတာတော့ သူလည်းအခုထိ သူ့ကိုယ်သူမိတ်မဆက်ရသေးဘူးပဲ?
နှစ်ထောင်ချီတဲ့ရေခဲတုံးကြီးက နောက်ဆုံးတော့ အက်ကွဲလာပုံပေါ်သည်။ ဒီခြားနားချက်က လူတိုင်းမြင်နိုင်တဲ့အရာတော့မဟုတ်ပင်။
ဒီအခြေအနေက လူတွေကိုရယ်ချင်လာစေသည်။
ကျင်ရွှင်မတွေးဘဲ မနေနိုင်တော့ဘူး။ သူတို့ဒီနှစ်ယောက်လုံးက ဒီလိုမျိုး ဆက်ဆံရေးရှိနေပေမယ့် အခုထိ အခြားတစ်ယောက်က မည်သူမည်ဝါဖြစ်ကြောင်းကိုတော့ မသိကြသေးပင်…
အံ့သြဖွယ်အတွေ့အကြုံပါပဲ!
ကျင်ရွှင်က သူ့ကိုယ်သူ စတင်မိတ်ဆက်လိုက်သည်
“ ကျွန်တော့်နာမည်က ကျင်ရွှင်…ယန်ကျင်ရွှင်ပါ”
“ ကိုယ်သိတယ်” လူကြီးကပြောလာသည် “ ကိုယ် ပရော်ဖက်ဆာဟို့နဲ့ စကားပြောတုန်းက သူကမင်းနာမည်ကိုပြောသွားတယ်”
“ဟင်? ” ဒီတစ်ကြိမ်ကတော့ ကျင်ရွှင်အံ့အားသင့်ရမဲ့ အလှည့်ပင်။
…ဒီလူက ပရော်ဖက်ဆာဟို့နဲ့ စကားပြောခဲ့တယ်?
ပြီးတော့ သူတို့က သူ့ကိုလည်းထုတ်ဖော်ပြောခဲ့ကြသေးတယ်ပေါ့?
ဒါပေမယ့် သူ့ကိုပိုပြီးအံ့အားသင့်ဖွယ်ကောင်းတဲ့အရာက စောင့်ကြိုနေခဲ့သည်။
လူကြီးက ကားထဲကနေ သူ့ရဲ့bussiness cardကို ထုတ်ယူကာ ကျင်ရွှင်ကို လေးနက်တည်ကြည်တဲ့အမူအရာနဲ့ကမ်းပေးကာ တောင်းပန်တဲ့လေသံနဲ့ ပြောလာသည်
“ ဆောရီးပါ၊ ကိုယ့်ကိုကိုယ် မိတ်ဆက်ဖို့ ကိုယ်မေ့သွားတယ်”
လမ်းမီးအိမ်တွေက နီယွန်မီးရောင်က ကားပြတင်းပေါက်ကို ဖြတ်သန်းဝင်လာကာ ပြောင်းလဲနေတဲ့အလင်းရောင်အောက်မှာ ကျင်ရွှင်က ကတ်ကိုယူလိုက်သည်။
Bussiness cardက အရမ်းကိုမာကျောကာ စာသားကလဲထင်းနေသည်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ အဲ့တာကို အရည်အသွေးမြင့် ထုတ်ကုန်တွေနဲ့ ပြုလုပ်ထားမှန်း သိနိုင်သည်။
ကျင်ရွှင်က မနေနိုင်ဘဲ အဲ့တာကိုနှစ်ခါပွတ်သပ်မိသည်။
တစ်ချိန်တည်းမှာပဲ အမျိုးသားရဲ့ အသံနိမ့်နိမ့်က သူ့နားထက်တစ်ဖန် ပဲ့တင်ထပ်လာသည်
“ ကိုယ့်နာမည်က ရှန်ရိကျင်း”
…
ရှန်…ရှန်ဘာကြီး?
?
? ? ?
***
Hua: ဒီအပိုင်းအနည်းငယ်အတွင်း ကျင်ရွှင်ရရှိခဲ့တဲ့ ရှောခ့်ရမှုပမာဏကတော့ ဒီပုံစံအတိုင်းပဲ (⊙o⊙)