ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ င...

By Kay_Wine

553K 103K 4.1K

Title - I Only Lived for Three Chapters in A Campus Romance Novel Author - Tang Shan Yue (糖山月) Total Chapter... More

Description
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
အပိုင်း - ၁၁
အပိုင်း - ၁၂
အပိုင်း - ၁၃
အပိုင်း - ၁၄
အပိုင်း - ၁၅
အပိုင်း - ၁၆
အပိုင်း - ၁၇
အပိုင်း - ၁၈
အပိုင်း - ၁၉
အပိုင်း - ၂၀
အပိုင်း - ၂၁
အပိုင်း -၂၂
အပိုင်း - ၂၃
အပိုင်း - ၂၄
အပိုင်း - ၂၅
အပိုင်း - ၂၆
အပိုင်း - ၂၇
အပိုင်း - ၂၈ [ Zawgyi ]
အပိုင်း - ၂၈ [ Unicode ]
အပိုင်း - ၂၉
အပိုင်း - ၃၀
အပိုင်း - ၃၁
အပိုင်း - ၃၂
အပိုင်း - ၃၃
အပိုင်း - ၃၄
အပိုင်း - ၃၅
အပိုင်း - ၃၆.၁
အပိုင်း - ၃၇.၁
အပိုင်း - ၃၇.၂
အပိုင်း - ၃၈.၁
အပိုင်း - ၃၈.၂
အပိုင်း - ၃၉
အပိုင်း - ၄၀
အပိုင်း - ၄၁
အပိုင်း - ၄၂
အပိုင်း - ၄၃
အပိုင်း - ၄၄
အပိုင်း - ၄၅
အပိုင်း - ၄၆
အပိုင်း - ၄၇
အပိုင်း - ၄၈
အပိုင်း - ၄၉
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၈.၂
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉

အပိုင်း - ၃၆.၂

4.7K 1.1K 27
By Kay_Wine


{Zawgyi}

ဗီလာကေန ထြက္ေပၚလာတဲ့ စိတ္ၾကည္ႏူးဖြယ္ ရယ္သံေတြက ေကာင္းကင္ယံထိတိုင္ ပဲ့တင္သြားတယ္။ သူ႔အၿပဳံးေတြနဲ႔ မ်က္ရည္ေတြက နဂိုတည္းက အရမ္းနည္းတယ္ဆိုတာ မသိခဲ့ဘူး။

ေက်နပ္ေလာက္တဲ့အထိ စားေသာက္ၿပီးတဲ့ေနာက္မွာ ကိုယ္လက္သန႔္စင္ၿပီး ကုတင္ေပၚလွဲလိုက္တယ္။ ဒါေတြအားလုံးက အိမ္မက္တစ္ခုလို႔ေတာင္ လင္ရွန္း ခံစားေနရတယ္။ ေႏြးေထြးတဲ့အိမ္၊ မိသားစုကလည္း ေႏြဦးေနျခည္လိုမ်ိဳး ေႏြးေထြးလွတယ္။

လင္ရွန္း ေစာင္ကို တင္းက်ပ္စြာကိုင္ထားၿပီး သူ႔ေခါင္းကို ၿခဳံလိုက္တယ္။ ႏူးႏူးညံ့ညံ့ေစာင္အထဲမွာ ေနေရာင္ျခည္အနံ႔တို႔ ျပည့္ေနတယ္။ အခုလက္ရွိ သူ႔စိတ္အေျခအေနလိုပဲ။ သူဘယ္အခ်ိန္ အိပ္ေပ်ာ္သြားမွန္းေတာင္ လင္ရွန္း သတိမထားမိလိုက္ဘူး။

စိတ္အေျခအေနက ေကာင္းေနတာေၾကာင့္ျဖစ္ႏိုင္တယ္၊ ခႏၶာကိုယ္တစ္ခုလုံးနဲ႔ ႏွလုံးသားကလည္း သက္ေသာင့္သက္သာျဖစ္ေနတယ္။ သူ ဒုတိယေန႔မနက္ ကိုးနာရီေလာက္အထိ အိပ္ေပ်ာ္သြားတယ္။

"ရွန္းရွန္း?" သူ မ်က္လုံးေတာင္ မဖြင့္ႏိုင္ေသးခင္ တံခါးေခါက္သံနဲ႔အတူ လင္ယြမ့္အသံကပါ ကပ္ပါလာတယ္ "ႏိုးေနၿပီလား?"

"အမ္း" လင္ရွန္း အိပ္ရာေပၚက ခ်က္ခ်င္းလွိမ့္ထလိုက္တယ္။ ခ်ဴ႐ုန္နဲ႔ တျခားသူေတြ ဝတ္ထားသလိုမ်ိဳး ခဲရင့္ေရာင္ဆြယ္တာနဲ႔ ဂ်င္းကို အျမန္လဲလိုက္တယ္။ ထို႔ေနာက္ ဆံပင္ကို ဟိုထိုးဒီထိုးလုပ္ကာ လင္ယြမ့္ကို တံခါးဖြင့္ေပးလိုက္တယ္။

"ျမန္ျမန္ေလး ကိုယ္လက္သန႔္စင္လိုက္ ၿပီးရင္ မနက္စာသြားစား" သူ႔အစ္ကိုႀကီးက သူ႔လိုမ်ိဳးပဲ တူညီတဲ့ဆြယ္တာကို ဝတ္ထားကာ တံခါးနားမွာ ၿပဳံးၿပဳံးေလး ရပ္ေနတယ္။

လင္ယြမ္က ခုေလးတင္ ေလ့က်င့္ခန္းလုပ္ထားၿပီးပုံရတယ္။ သူ႔မ်က္ႏွာက နီေနၿပီး ဆံပင္ကလည္း ေခြၽးအနည္းငယ္စိုေနကာ အေတာ္ေလးအားမန္အျပည့္ ျဖစ္ေနပုံေပၚတယ္ "ေကာ ေရွာင္ခ်ီ႕ကို သြားေခၚလိုက္မယ္၊ ဒီေန႔ တစ္ပြဲရွိေသးတယ္"

"ဟုတ္" လင္ရွန္း ေခါင္းၿငိတ္ျပလိုက္တယ္။

ထိုေန႔မွာပဲ...

သူ လင္မိသားစုနဲ႔အတူ ေတာင္တက္တယ္။ ခ်ဴ႐ုန႔္ရဲ႕ေတာင္းဆိုမႈအရ မိသားစုတစ္စုလုံး Zipline စီးရေသးတယ္။ လင္ရႈရွင္းအပါအဝင္ သူတို႔အားလုံး လုံၿခဳံေရးေခါင္းေဆာင္ေတြ ဝတ္ဆင္ရၿပီး ထူထပ္တဲ့ေတာေတာင္ထဲကို ဆင္းၾကရတယ္။ [ T/N : mediaမွာ ပုံျပထားပါတယ္ ]

လင္မိသားစုရဲ႕ ရယ္ေမာသံေတြ ေပ်ာ္႐ႊင္စြာ ေအာ္ဟစ္သံေတြက ေတာင္ေတြထဲမွာ ပဲ့တင္ထပ္ေနေတာ့တယ္။ ညေနခင္းေရာက္ေတာ့ ေရပူစမ္းဟိုတယ္မွာ စားေသာက္ပြဲႀကီးလုပ္ၾကတယ္။ ဒီလိုနဲ႔ပဲ လင္မိသားစုရဲ႕မိသားစုေန႔ေလးကို အဆုံးသတ္လိုက္ေတာ့တယ္။

သူတို႔ေတြ ၿမိဳ႕ေတာ္ကို ျပန္လာခ်ိန္မွာ ညလယ္ေခါင္ ဆယ့္တစ္ေလာက္ ေရာက္ေနၿပီျဖစ္တယ္။

"ဒီေန႔ အရမ္းေပ်ာ္တာပဲ!" ခ်ဴ႐ုန္ ပ်င္းတြဲတြဲနဲ႔ အေၾကာဆန႔္လိုက္တယ္ "သားတို႔ ေစာေစာနား"

သူမနဲ႔ သူမအမ်ိဳးသားက ေလွကားမွာ မတ္တပ္ရပ္ေနၿပီး ေခါင္းလွည့္ကာ သူမရဲ႕သားသုံးေယာက္ကို fly kissေလးေတြ ေပးလိုက္တယ္ "မာမားက သားတို႔ကိုခ်စ္တယ္ေနာ္"

"ကြၽန္ေတာ္လည္း မားတို႔ကိုခ်စ္တယ္" လင္ခ်ီက ခ်က္ခ်င္းထေျပာလာတယ္ "တအားႀကီးခ်စ္တယ္! ကြၽန္ေတာ့္အသည္းေၾကာ္ႀကီး! မားကိုလည္း ပါးခ်စ္သေလာက္ႀကီး ခ်စ္တယ္!"

လင္ရႈရွန္းက အိမ္ျပန္ေရာက္လာခ်ိန္မွာ ေလးနက္တည္ၾကည္ၿပီး အထက္တန္းစားဆန္တဲ့ သက္လတ္ပိုင္းအမ်ိဳးသားတစ္ေယာက္အသြင္ ျပန္ျဖစ္သြားတယ္။ ဒါကိုၾကားေတာ့ သူလည္း သူ႔သားသုံးေယာက္ကို ခပ္ေဖ်ာ့ေဖ်ာ့ ၿပဳံးျပလိုက္တယ္ "ပါးလည္း သားတို႔ကို ခ်စ္တယ္၊ ဒါေပမယ့္ မင္းတို႔ရဲ႕မားကိုေတာ့ အခ်စ္ဆုံးပဲ"

"ပါး မား" လင္ယြမ္ ႏူးညံ့စြာၿပဳံးရင္း ေျပာလာတယ္ "ကြၽန္ေတာ္ ပါးတို႔ကိုခ်စ္တယ္၊ ကြၽန္ေတာ့္ရဲ႕ ညီေလးေတြကိုလည္း ခ်စ္တယ္ ၿပီးေတာ့ ဒီမိသားစုကို ပိုေတာင္ခ်စ္ေသးတယ္"

ေလးေယာက္စလုံးက ေျပာၿပီးသြားၿပီျဖစ္လို႔ ေဘးနားမွာ အသံတိတ္ရပ္ေနတဲ့ လင္ရွန္းတစ္ေယာက္သာ က်န္ေတာ့တယ္။ သူ လုံး၀ကို ေယာင္ခ်ာခ်ာျဖစ္ေနရတယ္! မထင္မွတ္ထားေလာက္ေအာင္ မိသားစုေန႔ေလးရဲ႕ အဆုံးသတ္က တကယ္ေတာ့ ဒီလိုမ်ိဳးေလးနဲ႔ပါလား။

မိသားစုဝင္ေတြက 'ခ်စ္တယ္'ဆိုတာကို ဒီလိုမ်ိဳး ပြင့္ပြင့္လင္းလင္း ေျပာလို႔ရတာလား? လင္ရွန္း ေခါင္းေမာ့ကာ ေႏြဦးေလျပည္လို ၿပဳံးခ်ိဳေနတဲ့အမူအယာေတြနဲ႔ သူ႔ကိုၾကည့္ေနတဲ့ လင္စုံတြဲကို ၾကည့္လိုက္တယ္။

အထူးသျဖင့္ ခ်ဴ႐ုန္က သူ႔ကို ေႏြးေထြးကာ ခ်စ္ျမတ္ႏိုးတဲ့ အၾကည့္ေတြနဲ႔ ေမွ်ာ္လင့္တႀကီး ၾကည့္ေနတယ္။ သူ ေတာင့္ေတာင့္ႀကီး ေခါင္းလွည့္လိုက္မိတယ္။ သူ႔အစ္ကိုႀကီးနဲ႔ ညီငယ္ကလည္း ႏွစ္ေယာက္စလုံး သူ႔ကိုၿပဳံးရင္း ၾကည့္ေနတယ္။

လင္ယြမ့္အၾကည့္က ႏူးညံ့ေနဆဲ။ သူညီငယ္ျဖစ္တဲ့ ေပ်ာ္ေပ်ာ္ေနတတ္တဲ့ေကာင္ေလး လင္ခ်ီကေတာ့ ပိုလို႔ေတာင္ ပြင့္လင္းေတာက္ပၾကည္လင္တဲ့အၾကည့္နဲ႔ ျဖစ္ေနေသးတယ္။

လင္ရွန္း "..."

သူ ပါးစပ္ဟလိုက္ေတာ့ လည္ေခ်ာင္းထဲမွာ တစ္စုံတစ္ရာ တစ္ဆို႔ေနသလိုမ်ိဳး ျဖစ္ေနတယ္။ ထို႔ေနာက္ သူ႔ပါးစပ္က ေလးေကြးၿပီး ပ်က္စီးေနတဲ့ သံလြင္တြင္းလိုျဖစ္ေနေပမယ့္ တစ္ဖက္မွာေတာ့ သူ စကားေျပာမထြက္ျဖစ္ေနတယ္။

တစ္ေယာက္မွလည္း တိုက္တြန္းတာမရွိသလို ဘယ္သူမွလည္း စိတ္မရွည္ျဖစ္ေနပုံမေပၚဘူး။ အေလးအနက္ရွိတဲ့ လင္ရႈရွင္းေတာင္မွ စိတ္ရွည္လက္ရွည္နဲ႔ ေလွကားမွာရပ္ေနကာ ၿပဳံးျပေနတယ္။

"ကြၽန္ေတာ္..." ရွည္ၾကာတဲ့အခ်ိန္တစ္ခု ကုန္ဆုံးသြားသလို ဒါမွမဟုတ္ အခိုက္အတန႔္ေလးတစ္ခုလည္း ျဖစ္ႏိုင္တယ္။ လင္ရွန္း ပါးစပ္ကို ထပ္ၿပီးဟကာ အသံတိုးတိုးနဲ႔ ေျပာလိုက္တယ္ "ကြၽန္ေတာ္လည္း မားတို႔ကို ခ်စ္ပါတယ္..."

မ်ားစြာေသာ ကိစၥေတြထဲမွာမွ တကယ္တမ္း အခက္ခဲဆုံးအရာက ပထမဆုံးေျခလွမ္းသာျဖစ္တယ္။ အခက္ခဲဆုံးစကားတစ္ခြန္းကို ေျပာလိုက္ၿပီးေနာက္ လင္ရွန္းလည္ေခ်ာင္းထဲမွာ တစ္ဆို႔ေနတာေတြလည္း တၿပိဳင္နက္တည္း ေပ်ာက္ကြယ္သြားေတာ့တယ္။

သူ အသက္ကို ေျဖးေျဖးခ်င္းရႈထုတ္ကာ မ်က္လုံးေတြပင့္ၿပီး ခ်ဴ႐ုန႔္ကို ၾကည့္လိုက္တယ္ "ကြၽန္ေတာ္ မားနဲ႔ ပါးကို ခ်စ္တယ္" ထို႔ေနာက္ ေခါင္းလွည့္ကာ လင္ယြမ့္ကိုၾကည့္ၿပီး လင္ခ်ီကို ၾကည့္ကာ "ေကာနဲ႔ တိတိကိုလည္း ခ်စ္တယ္"

လင္ရွန္း နည္းနည္းေတာ့ ငိုခ်င္ေနေပမယ့္ ခ်က္ခ်င္း မ်က္ေတာင္ကို ပုတ္ခတ္ပုတ္ခတ္လုပ္ကာ မ်က္ရည္ေတြကို ေဖ်ာက္လိုက္တယ္ "ၿပီးေတာ့... ဒီမိသားစုကိုလည္း အရမ္းခ်စ္တယ္"

"မားကလည္း ေရွာင္ရွန္းကို အမ်ားႀကီးခ်စ္တာေပါ့!" ခ်ဴ႐ုန္ၿပဳံးကာ လင္ရွန္းဆီကို fly kissေနာက္တစ္ခု ေပးလိုက္တယ္ "အသည္းေလးတို႔ ျမန္ျမန္အိပ္ရာဝင္ၾက"

သူမ ေတြးၾကည့္ၿပီး သူမေယာက်ာ္းနဲ႔ က်န္သားႏွစ္ေယာက္ကိုၾကည့္ကာ "အင္း! မိသားစုေန႔ကလည္း ၿပီးၿပီဆိုေတာ့! ေျပာလို႔ရၿပီေပါ့ေနာ္!"

"ေရွာင္ရွန္း! ၿပိဳင္ပြဲအတြက္ လုပ္ထား!"

"ေက်းဇူးပါ မား..."

လင္ရွန္း တိုးလ်စြာ တုံ႔ျပန္လိုက္တယ္။ သူ ဆက္မေနရဲေတာ့ဘူး။ သူသာ နည္းနည္းၾကာေအာင္ ထပ္ေနမိရင္ တကယ္ႀကီး ငိုမိေတာ့မွာကို စိုးရိမ္တယ္။ တကယ္ဆို သူက အငိုသန္တဲ့ကေလးလည္း မဟုတ္ရပါဘူး။

ငယ္ငယ္ေလးတည္းက မ်က္ရည္ေတြဆိုတာ အသုံးမဝင္ဆုံးအရာျဖစ္ၿပီး သူ႔ရဲ႕အားနည္းခ်က္ကို ျပတဲ့အရာျဖစ္ေၾကာင္း နားလည္သေဘာေပါက္ေအာင္ သင္ယူခဲ့ရၿပီးသားျဖစ္တယ္! ဒီလိုျဖစ္ေနရတာက ေႏြးေထြးၿပီး ေပ်ာ္စရာေကာင္းတဲ့အိမ္ေလးေၾကာင့္ဆိုတာ အသိသာႀကီး။

သို႔ေပမယ့္ သူ႔ႏွာေခါင္းေတြက မၾကာခဏစူးတက္လာၿပီး မ်က္လုံးေတြကလည္း ပူေႏြးလာတယ္။

ရလဒ္အေနနဲ႔ ထိုပိတ္ရက္တစ္ရက္လုံး လင္ရွန္း တိမ္ေတြေပၚ လြင့္ေျမာေနသလို ျဖစ္ေနတယ္။ မိန္းေမာရင္းနဲ႔ပဲ တနၤလာေန႔ကို ေရာက္ရွိလို႔လာတယ္။

ရက္သတၱပတ္ထဲမွာ သခ်ၤာ၊ ႐ူပ၊ ဇီ၀နဲ႔ ဓာတု ေလးခန္းအစမ္းၿပိဳင္ပြဲစဥ္ေတြ က်င္းပလိမ့္မယ္။ တနၤလာကေန ေသာၾကာအထိ ေန႔တိုင္းတစ္ခန္းရွိတယ္။ ေနာက္ဆုံးပိတ္ ဇီ၀ကေတာ့ လာမယ့္တနဂၤေႏြေန႔ ေန႔ခင္းမွျဖစ္တယ္။

လင္ရွန္း အေတာ္ေလးေစာၿပီး ထြက္ခဲ့လိုက္တယ္။ လင္ခ်ီေတာင္ မႏိုးေသးခင္ သူကေတာ့ တံခါးကေန ထြက္ကာ ေႏြးေထြးတဲ့မနက္ခင္းေနေရာင္ေအာက္ ေရာက္ေနၿပီျဖစ္တယ္။

ဘယ္ဟုတ္လိမ့္မလဲ၊ လြန္ခဲ့တဲ့နာရီဝက္တုန္းက ေမာ့က်ဴးခ်န္ သူ႔ကိုဖုန္းဆက္လွမ္းႏႈိးၿပီး ေက်ာင္းေပါက္၀နဲ႔မေဝးလွတဲ့ ၿမိဳ႕လယ္ဥယ်ာဥ္ကို အရင္သြားၿပီး ေစာင့္ခိုင္းေနတာျဖစ္တယ္။ ဖုန္းေခၚလာတာက နားလည္ရခက္ေနၿပီး တစ္ဖက္လူက ဘယ္လိုမ်ိဳးေစ့ေတြ ေရာင္းခ်ေနမွန္း လင္ရွန္းလည္း မသိေတာ့ဘူး။

သူ ေတာင္တက္စက္ဘီးေလးနင္းကာ ေမာ့က်ဴးခ်န္ရဲ႕ အခ်ိန္းအခ်က္လုပ္ထားတဲ့ေနရာကို အျမန္နင္းသြားလိုက္တယ္။ အေတာ္ေလးေစာေနတာေၾကာင့္ လမ္းေတြေပၚမွာ လူအနည္းငယ္သာရွိၿပီး လမ္းႏွစ္ဖက္လုံးမွာရွိေနတဲ့ အနီးနားက ဆိုင္ေတြေတာင္မွ မဖြင့္ၾကေသးဘူး။

လင္ရွန္းရဲ႕အိမ္က ေက်ာင္းနဲ႔ သိပ္မေဝးဘူး။ လမ္းက်ဥ္းအနည္းငယ္ေလာက္နင္းကာ ႏွစ္ခ်ိဳးေလာက္ ေကြ႕လိုက္တယ္ဆိုရင္ပဲ ေမာ့က်ဴးခ်န္နဲ႔အခ်ိန္းအခ်က္လုပ္ထားတဲ့ ဥယ်ာဥ္ဆီ ေရာက္ေတာ့မွာျဖစ္တယ္။ ထိုအခိုက္မွာတင္ လင္ရွန္းအေနာက္နားကေန ဆိုင္ကပ္စက္သံက ႐ုတ္တရက္ ထြက္ေပၚလာတယ္။

ထိုအသံက အေတာ္ေလးက်ယ္ေလာင္ကာ ၿမိဳ႕ေတာ္လမ္းမထက္ ေအးခ်မ္းေနတဲ့မနက္ခင္းေလးမွာ စူးရွလို႔ေနတယ္။

သူနဲ႔သိပ္မေဝးလွတဲ့ ထိုအသံကို လင္ရွန္းၾကားေတာ့ သူ႔အလိုလို ေတာင္တက္စက္ဘီးေလးကို လမ္းေဘးကပ္လိုက္တယ္။ အမွန္တကယ္ကို သူ လမ္းဖြင့္ေပး႐ုံရွိေသးတယ္ ေမာ္ေတာ္ဆိုင္ကပ္ႏွစ္စီး သူ႔ေဘးကေန ဝွစ္ခနဲေက်ာ္တက္သြားတယ္။

တစ္စီးစီမွာ လူႏွစ္ေယာက္ပါတယ္။ သူတို႔ေတြ လင္ရွန္းကို ေက်ာ္တက္သြားၿပီးတဲ့ေနာက္ ေရွ႕ဆက္မသြားၾကေတာ့ဘူး။ ဆိုင္ကယ္က ႐ုတ္တရက္ ေခါင္းလွည့္လာၿပီး စက္ဝိုင္းအေသးပုံတစ္ခုလို လည္သြားၿပီး ႏွစ္စီးလုံး လင္ရွန္းေရွ႕မွာ အတူရပ္သြားတယ္။

ခ်က္ခ်င္းဆိုသလို လင္ရွန္းလည္း ႏိုးႏိုးၾကားၾကားျဖစ္သြားတယ္။ သူကအခု ဒီေလာက္မက်ယ္တဲ့လမ္းမွာ ျဖတ္သြားေနတာျဖစ္ၿပီး လမ္းႏွစ္ဖက္စလုံးမွာလည္း တစ္သီးတစ္သန႔္ဆန္တဲ့ နံရံအျမင့္ႀကီးေတြ ရွိတယ္။ ဒီလမ္းမွာ တံခါးေတြလည္းမရွိသလို ဆိုင္ေတြလည္းမရွိဘူး။

ဒီအခ်ိန္က အရမ္းလည္း ေစာေနေသးတာျဖစ္ၿပီး ရွင္းဆန္းေက်ာင္းရဲ႕တည္ေနရာကလည္း ၿမိဳ႕လယ္ေကာင္မွာ မဟုတ္ဘူး။ အခုခ်ိန္ ဒီေနရာမွာ ျဖတ္သြားျဖတ္လာကလည္း မရွိသေလာက္ျဖစ္ေနတယ္။

ဆိုင္ကယ္ႏွစ္စီးလုံး ေခါင္းလွည့္လာၿပီးေနာက္ အလယ္လမ္းကို လုံး၀ပိတ္ထားလိုက္သလိုျဖစ္သြားကာ လင္ရွန္းေရွ႕ကလမ္းကို အတိအက် ပိတ္ထားေတာ့တယ္။ လင္ရွန္း မသိစိတ္ေၾကာင့္ ေခါင္းကို လွည့္လိုက္တယ္။

သူ႔ေနာက္မွာ တူညီတဲ့ ဆိုင္ကယ္ႏွစ္စီးရပ္ထားၿပီး လမ္းလယ္ကိုျဖတ္ကာ သူျပန္ဆုတ္မယ့္လမ္းကို ကာထားတယ္။ ထိုႏွစ္စီးလုံးမွာလည္း လူေလးေယာက္ရွိတယ္။ ေနာက္ၿပီး အေရွ႕အေနာက္ ေပါင္းလိုက္ရင္ လူရွစ္ေယာက္။

လင္ရွန္းအၾကည့္ကာ စက္ဝိုင္းပုံစံ လ်င္ျမန္စြာ လွည့္ပတ္သြားတယ္။

ထိုလူရွစ္ေယာက္က ဆိုင္ကယ္စီးေနၾကတယ္ဆိုေပမယ့္ ေသခ်ာေပါက္ အားနည္းတဲ့ၾကက္ကေလးေတြနဲ႔ တူမေနဘူး။ တစ္ဖက္လူေတြက အားနည္းတဲ့ၾကက္ကေလးေတြဆိုရင္ေတာင္မွ သူ႔တစ္ေယာက္တည္းနဲ႔ဆို ဘယ္လိုမွ မေကာင္းႏိုင္ဘူး။

'ရွစ္ေယာက္တစ္ေယာက္၊ ေသခ်ာေပါက္ ရႈံးၿပီးေပါ့!' ထိုအခိုက္အတန႔္အတြင္း လင္ရွန္းစိတ္ထဲမွာ မေရမတြက္ႏိုင္တဲ့အေတြးေတြ ရွိေနတယ္။

'ျပန္ေပးဆြဲတာ? ၿခိမ္းေျခာက္တာ?'

'ဒါမွမဟုတ္... ပိုင္ရွင္ရဲ႕လွ်ိဳ႕ဝွက္ခ်က္ေတြကို ေလွ်ာ့ခ်တာနဲ႔ ဆိုင္ေနလား?'

လင္ရွန္း သူ႔ကိုယ္သူမနည္း တည္ၿငိမ္ေအာင္ လုပ္ေနရတယ္။ သူ ေခါင္းလွည့္ကာ သူ႔ေရွ႕က ဆိုင္ကယ္ႏွစ္စီးကို လွမ္းၾကည့္လိုက္တယ္။

"မင္းတို႔က ဘယ္သူေတြလဲ?" သူ တည္ၿငိမ္စြာ ေမးလိုက္တယ္။ "ငါ့ကို ဘာလို႔လာရွာတာလဲ?"

အေရွ႕ညာဘက္နားမွာ ပိတ္ထားတဲ့ဆိုင္ကယ္ေမာင္းတဲ့သူဆီက ခပ္တိုးတိုးရယ္သံထြက္ေပၚလာၿပီး ေျပာလာတယ္ "ငါတို႔ ဘယ္သူမွန္း မင္းသိစရာမလိုဘူး"

သူက ေျပာရင္း သူ႔ရဲ႕ေျခတံရွည္ႀကီးကိုဆန႔္ကာ တျခားတစ္ေယာက္နဲ႔အတူ သူ႔ဆိုင္ကယ္ေပၚက ဆင္းလာတယ္။ ဆိုင္ကယ္ေတြေပၚက က်န္လူအနည္းငယ္ကလည္း ဆင္းလာၾကတယ္။

လူရွစ္ေယာက္! လင္ရွန္းထက္ အရပ္ရွည္ၿပီး သန္မာပုံရတဲ့လူရွစ္ေယာက္က ဆိုင္ကယ္ယူနီေဖာင္းေတြနဲ႔ ဆိုင္ကယ္ဦးထုပ္ေတြ ေဆာင္းထားကာ လင္ရွန္းကို ဝိုင္းလာတယ္။ လက္ကိုင္ကို ကိုင္ထားတဲ့ လင္ရွန္းလက္ဖဝါးမွာ ေခြၽးေတြစို႐ႊဲေနၿပီျဖစ္တယ္။

'ဒီလူေတြက ပိုက္ဆံေတာင္းဖို႔လား?'

'ဒီလိုဆိုရင္ေတာင္...'

"Hey!" ပထမဆုံးစေျပာလာတဲ့ ဆိုင္ကယ္သမားက လင္ရွန္းေရွ႕မွာေတာင္ ရပ္ေနၿပီျဖစ္တယ္ "မင္း ဘယ္သူ႔ကိုရန္စမိလဲဆိုတာ မင္းကိုယ္မင္း သိထားသင့္တယ္" သူ ေျပာလာတယ္ "တစ္ေယာက္ေယာက္က မင္းရဲ႕ညာဘက္လက္ကို ခ်ိဳးခိုင္းလို႔၊ စိတ္ခ်ပါ၊ ငါ လုံး၀က်ိဳးသြားေအာင္ေတာ့ တကယ္မလုပ္ဘူး... ဒီတိုင္း မင္းစာေတြေရးမရေအာင္ လုပ္႐ုံကလြဲၿပီး ဘာမွမလုပ္ဘူး"

သူက ေျပာရင္း လင္ရွန္းဆီ ေလွ်ာက္လာတယ္ "မင္းသာ လိမ္လိမ္မာမာနဲ႔ ပူးေပါင္းရင္ အစ္ကိုႀကီးက နည္းနည္းသက္သက္သာသာေအာင္ ႀကိဳးစားေပးမွာပါ"

"ခဏ... ခဏေလးပါ" လင္ရွန္း ေဘးဘီကို ၾကည့္လိုက္တယ္။ လူရွစ္ေယာက္က သူ႔ကိုအလယ္မွာ လုံး၀ပိတ္ထားၿပီး သူက သူတို႔ရဲ႕ၿပိဳင္ဘက္ ဘယ္လိုမွ ျဖစ္မလာႏိုင္ဘူး။

သူ ထြက္ေျပးခ်င္တယ္ဆိုရင္ ေအးေအးေဆးေဆးေနလို႔မရဘူးလို႔ တြက္ခ်က္မိတယ္။ သူ႔ရဲ႕ညာဘက္လက္ကို ခ်ိဳးမယ္?

သူ႔ကို စာေရးလို႔မရေအာင္လုပ္မယ္?

လုေျမာင္ေျမာင္!

လင္ရွန္း က်ိန္သာ က်ိန္ဆဲလိုက္ခ်င္ေတာ့တယ္! လုေျမာင္ေျမာင္က နည္းနည္းေလာက္ေလးေတာင္ မွ်တတဲ့ ယွဥ္ၿပိဳင္မႈကို မသိေသးတာပဲ။ သူကလည္း ေပါ့ဆလိုက္တာ!

လုေျမာင္ေျမာင္ဆိုတာ ေကာင္းတဲ့အသီးတစ္သီးမဟုတ္မွန္း သူ ႀကိဳတင္ၿပီးေတြးထားသင့္တယ္။

"သူက မင္းတို႔ကို ဘယ္ေလာက္ေပးတာလဲ?" လင္ရွန္း သက္ျပင္းရႈိက္ကာ အၾကမ္းဖ်င္းေျပာလိုက္တယ္ "ငါ မင္းတို႔ကို သုံးဆေပးမယ္" "ဒီတိုင္း ငါ့ကိုသာ လႊတ္ေပး"

ထိုလူနည္းစုက အခ်င္းခ်င္းၾကည့္ကာ ေျခလွမ္းေတြ ရပ္တန႔္သြားတယ္။ လင္ရွန္း သက္ျပင္းခ်မိလိုက္တယ္။ ပိုက္ဆံလိုခ်င္တာဆိုရင္ေတာ့ ပိုလြယ္သြားၿပီ။

သို႔ေပမယ့္ မထင္မွတ္ထားစြာ လူရွစ္ေယာက္လုံး ရယ္ေမာလာတယ္။

သူတို႔ေတြ စကၠန႔္ပိုင္းေလာက္ ရယ္ေမာၿပီး စေျပာတဲ့လူကပဲ ေျပာလာျပန္တယ္ "ေကာင္စုတ္ေလး! ငါတို႔ကို ပိုက္ဆံနဲ႔ ဝယ္လို႔မရဘူးကြ၊ လိမ္လိမ္မာမာနဲ႔သာ လက္ခံလိုက္စမ္းပါ!"

သူ ေျပာလို႔ၿပီးတာနဲ႔ လင္ရွန္းကို ခ်ဳပ္ဖို႔ တျခားသူေတြကို လက္ဟန္ျပလိုက္တယ္။

ထိုစဥ္ လမ္းက်ဥ္းေလးႏွစ္ဖက္စလုံးမွာ ပိုလို႔ေတာင္စူးရွက်ယ္ေလာင္တဲ့ ကားဘရိတ္အုပ္သံတခ်ိဳ႕ ထြက္ေပၚလာတယ္။ ထို႔ေနာက္ အေလာတႀကီးကားတံခါး ဖြင့္သံေတြပါ ၾကားလိုက္ရတယ္။ ျပင္းထန္တဲ့ေျခသံေတြနဲ႔အတူ လင္ရွန္း မတုံ႔ျပန္ႏိုင္ေသးခင္ သူတို႔ဆီ အလ်င္စလို ေရာက္ခ်လာၿပီျဖစ္တယ္။

အဲ့ေနာက္မွာေတာ့ လင္ရွန္း မ်က္လုံးအျပဴးသားနဲ႔ လူအုပ္ႀကီးကို ၾကည့္လိုက္ေတာ့တယ္...

သူအျမင္အရ တြက္ၾကည့္မယ္ဆို အနည္းဆုံး ႏွစ္ဆယ္ေက်ာ္ေလာက္ရွိတဲ့ အနက္ေရာင္ဝတ္ထားတဲ့အရပ္ရွည္ရွည္လူေတြ သူတို႔ဆီ လာေနတာျဖစ္တယ္။

မ.. မဟုတ္မွ!

လင္ရွန္း အနည္းငယ္ေမွ်ာ္လင့္ခ်က္မဲ့သြားတယ္!

အနက္ေရာင္ဝတ္စုံနဲ႔ လူေတြအားလုံး အရပ္ရွည္ရွည္ေတာင့္ေတာင့္၊ မ်က္ႏွာေသႀကီးေတြနဲ႔ အလြန္တရာ တင္းမာေနတယ္။

သူနဲ႔ ရင္ဆိုင္ၿပီး ဒီေလာက္ႀကီးတဲ့႐ိုက္ပြဲႀကီးလုပ္ဖို႔ လုေျမာင္ေျမာင္က အုပ္စုႏွစ္စုေတာင္ လႊတ္လိုက္ေသးတယ္။

သူမက တကယ္ကို သူမ ပီသေနတုန္းပဲ!



___________________________________




{Unicode}

ဗီလာကနေ ထွက်ပေါ်လာတဲ့ စိတ်ကြည်နူးဖွယ် ရယ်သံတွေက ကောင်းကင်ယံထိတိုင် ပဲ့တင်သွားတယ်။ သူ့အပြုံးတွေနဲ့ မျက်ရည်တွေက နဂိုတည်းက အရမ်းနည်းတယ်ဆိုတာ မသိခဲ့ဘူး။

ကျေနပ်လောက်တဲ့အထိ စားသောက်ပြီးတဲ့နောက်မှာ ကိုယ်လက်သန့်စင်ပြီး ကုတင်ပေါ်လှဲလိုက်တယ်။ ဒါတွေအားလုံးက အိမ်မက်တစ်ခုလို့တောင် လင်ရှန်း ခံစားနေရတယ်။ နွေးထွေးတဲ့အိမ်၊ မိသားစုကလည်း နွေဦးနေခြည်လိုမျိုး နွေးထွေးလှတယ်။

လင်ရှန်း စောင်ကို တင်းကျပ်စွာကိုင်ထားပြီး သူ့ခေါင်းကို ခြုံလိုက်တယ်။ နူးနူးညံ့ညံ့စောင်အထဲမှာ နေရောင်ခြည်အနံ့တို့ ပြည့်နေတယ်။ အခုလက်ရှိ သူ့စိတ်အခြေအနေလိုပဲ။ သူဘယ်အချိန် အိပ်ပျော်သွားမှန်းတောင် လင်ရှန်း သတိမထားမိလိုက်ဘူး။

စိတ်အခြေအနေက ကောင်းနေတာကြောင့်ဖြစ်နိုင်တယ်၊ ခန္ဓာကိုယ်တစ်ခုလုံးနဲ့ နှလုံးသားကလည်း သက်သောင့်သက်သာဖြစ်နေတယ်။ သူ ဒုတိယနေ့မနက် ကိုးနာရီလောက်အထိ အိပ်ပျော်သွားတယ်။

"ရှန်းရှန်း?" သူ မျက်လုံးတောင် မဖွင့်နိုင်သေးခင် တံခါးခေါက်သံနဲ့အတူ လင်ယွမ့်အသံကပါ ကပ်ပါလာတယ် "နိုးနေပြီလား?"

"အမ်း" လင်ရှန်း အိပ်ရာပေါ်က ချက်ချင်းလှိမ့်ထလိုက်တယ်။ ချူရုန်နဲ့ တခြားသူတွေ ဝတ်ထားသလိုမျိုး ခဲရင့်ရောင်ဆွယ်တာနဲ့ ဂျင်းကို အမြန်လဲလိုက်တယ်။ ထို့နောက် ဆံပင်ကို ဟိုထိုးဒီထိုးလုပ်ကာ လင်ယွမ့်ကို တံခါးဖွင့်ပေးလိုက်တယ်။

"မြန်မြန်လေး ကိုယ်လက်သန့်စင်လိုက် ပြီးရင် မနက်စာသွားစား" သူ့အစ်ကိုကြီးက သူ့လိုမျိုးပဲ တူညီတဲ့ဆွယ်တာကို ဝတ်ထားကာ တံခါးနားမှာ ပြုံးပြုံးလေး ရပ်နေတယ်။

လင်ယွမ်က ခုလေးတင် လေ့ကျင့်ခန်းလုပ်ထားပြီးပုံရတယ်။ သူ့မျက်နှာက နီနေပြီး ဆံပင်ကလည်း ချွေးအနည်းငယ်စိုနေကာ အတော်လေးအားမန်အပြည့် ဖြစ်နေပုံပေါ်တယ် "ကော ရှောင်ချီ့ကို သွားခေါ်လိုက်မယ်၊ ဒီနေ့ တစ်ပွဲရှိသေးတယ်"

"ဟုတ်" လင်ရှန်း ခေါင်းငြိတ်ပြလိုက်တယ်။

ထိုနေ့မှာပဲ...

သူ လင်မိသားစုနဲ့အတူ တောင်တက်တယ်။ ချူရုန့်ရဲ့တောင်းဆိုမှုအရ မိသားစုတစ်စုလုံး Zipline စီးရသေးတယ်။ လင်ရှုရှင်းအပါအဝင် သူတို့အားလုံး လုံခြုံရေးခေါင်းဆောင်တွေ ဝတ်ဆင်ရပြီး ထူထပ်တဲ့တောတောင်ထဲကို ဆင်းကြရတယ်။ [ T/N : mediaမှာ ပုံပြထားပါတယ် ]

လင်မိသားစုရဲ့ ရယ်မောသံတွေ ပျော်ရွှင်စွာ အော်ဟစ်သံတွေက တောင်တွေထဲမှာ ပဲ့တင်ထပ်နေတော့တယ်။ ညနေခင်းရောက်တော့ ရေပူစမ်းဟိုတယ်မှာ စားသောက်ပွဲကြီးလုပ်ကြတယ်။ ဒီလိုနဲ့ပဲ လင်မိသားစုရဲ့မိသားစုနေ့လေးကို အဆုံးသတ်လိုက်တော့တယ်။

သူတို့တွေ မြို့တော်ကို ပြန်လာချိန်မှာ ညလယ်ခေါင် ဆယ့်တစ်လောက် ရောက်နေပြီဖြစ်တယ်။

"ဒီနေ့ အရမ်းပျော်တာပဲ!" ချူရုန် ပျင်းတွဲတွဲနဲ့ အကြောဆန့်လိုက်တယ် "သားတို့ စောစောနား"

သူမနဲ့ သူမအမျိုးသားက လှေကားမှာ မတ်တပ်ရပ်နေပြီး ခေါင်းလှည့်ကာ သူမရဲ့သားသုံးယောက်ကို fly kissလေးတွေ ပေးလိုက်တယ် "မာမားက သားတို့ကိုချစ်တယ်နော်"

"ကျွန်တော်လည်း မားတို့ကိုချစ်တယ်" လင်ချီက ချက်ချင်းထပြောလာတယ် "တအားကြီးချစ်တယ်! ကျွန်တော့်အသည်းကြော်ကြီး! မားကိုလည်း ပါးချစ်သလောက်ကြီး ချစ်တယ်!"

လင်ရှုရှန်းက အိမ်ပြန်ရောက်လာချိန်မှာ လေးနက်တည်ကြည်ပြီး အထက်တန်းစားဆန်တဲ့ သက်လတ်ပိုင်းအမျိုးသားတစ်ယောက်အသွင် ပြန်ဖြစ်သွားတယ်။ ဒါကိုကြားတော့ သူလည်း သူ့သားသုံးယောက်ကို ခပ်ဖျော့ဖျော့ ပြုံးပြလိုက်တယ် "ပါးလည်း သားတို့ကို ချစ်တယ်၊ ဒါပေမယ့် မင်းတို့ရဲ့မားကိုတော့ အချစ်ဆုံးပဲ"

"ပါး မား" လင်ယွမ် နူးညံ့စွာပြုံးရင်း ပြောလာတယ် "ကျွန်တော် ပါးတို့ကိုချစ်တယ်၊ ကျွန်တော့်ရဲ့ ညီလေးတွေကိုလည်း ချစ်တယ် ပြီးတော့ ဒီမိသားစုကို ပိုတောင်ချစ်သေးတယ်"

လေးယောက်စလုံးက ပြောပြီးသွားပြီဖြစ်လို့ ဘေးနားမှာ အသံတိတ်ရပ်နေတဲ့ လင်ရှန်းတစ်ယောက်သာ ကျန်တော့တယ်။ သူ လုံး၀ကို ယောင်ချာချာဖြစ်နေရတယ်! မထင်မှတ်ထားလောက်အောင် မိသားစုနေ့လေးရဲ့ အဆုံးသတ်က တကယ်တော့ ဒီလိုမျိုးလေးနဲ့ပါလား။

မိသားစုဝင်တွေက 'ချစ်တယ်'ဆိုတာကို ဒီလိုမျိုး ပွင့်ပွင့်လင်းလင်း ပြောလို့ရတာလား? လင်ရှန်း ခေါင်းမော့ကာ နွေဦးလေပြည်လို ပြုံးချိုနေတဲ့အမူအယာတွေနဲ့ သူ့ကိုကြည့်နေတဲ့ လင်စုံတွဲကို ကြည့်လိုက်တယ်။

အထူးသဖြင့် ချူရုန်က သူ့ကို နွေးထွေးကာ ချစ်မြတ်နိုးတဲ့ အကြည့်တွေနဲ့ မျှော်လင့်တကြီး ကြည့်နေတယ်။ သူ တောင့်တောင့်ကြီး ခေါင်းလှည့်လိုက်မိတယ်။ သူ့အစ်ကိုကြီးနဲ့ ညီငယ်ကလည်း နှစ်ယောက်စလုံး သူ့ကိုပြုံးရင်း ကြည့်နေတယ်။

လင်ယွမ့်အကြည့်က နူးညံ့နေဆဲ။ သူညီငယ်ဖြစ်တဲ့ ပျော်ပျော်နေတတ်တဲ့ကောင်လေး လင်ချီကတော့ ပိုလို့တောင် ပွင့်လင်းတောက်ပကြည်လင်တဲ့အကြည့်နဲ့ ဖြစ်နေသေးတယ်။

လင်ရှန်း "..."

သူ ပါးစပ်ဟလိုက်တော့ လည်ချောင်းထဲမှာ တစ်စုံတစ်ရာ တစ်ဆို့နေသလိုမျိုး ဖြစ်နေတယ်။ ထို့နောက် သူ့ပါးစပ်က လေးကွေးပြီး ပျက်စီးနေတဲ့ သံလွင်တွင်းလိုဖြစ်နေပေမယ့် တစ်ဖက်မှာတော့ သူ စကားပြောမထွက်ဖြစ်နေတယ်။

တစ်ယောက်မှလည်း တိုက်တွန်းတာမရှိသလို ဘယ်သူမှလည်း စိတ်မရှည်ဖြစ်နေပုံမပေါ်ဘူး။ အလေးအနက်ရှိတဲ့ လင်ရှုရှင်းတောင်မှ စိတ်ရှည်လက်ရှည်နဲ့ လှေကားမှာရပ်နေကာ ပြုံးပြနေတယ်။

"ကျွန်တော်..." ရှည်ကြာတဲ့အချိန်တစ်ခု ကုန်ဆုံးသွားသလို ဒါမှမဟုတ် အခိုက်အတန့်လေးတစ်ခုလည်း ဖြစ်နိုင်တယ်။ လင်ရှန်း ပါးစပ်ကို ထပ်ပြီးဟကာ အသံတိုးတိုးနဲ့ ပြောလိုက်တယ် "ကျွန်တော်လည်း မားတို့ကို ချစ်ပါတယ်..."

များစွာသော ကိစ္စတွေထဲမှာမှ တကယ်တမ်း အခက်ခဲဆုံးအရာက ပထမဆုံးခြေလှမ်းသာဖြစ်တယ်။ အခက်ခဲဆုံးစကားတစ်ခွန်းကို ပြောလိုက်ပြီးနောက် လင်ရှန်းလည်ချောင်းထဲမှာ တစ်ဆို့နေတာတွေလည်း တပြိုင်နက်တည်း ပျောက်ကွယ်သွားတော့တယ်။

သူ အသက်ကို ဖြေးဖြေးချင်းရှုထုတ်ကာ မျက်လုံးတွေပင့်ပြီး ချူရုန့်ကို ကြည့်လိုက်တယ် "ကျွန်တော် မားနဲ့ ပါးကို ချစ်တယ်" ထို့နောက် ခေါင်းလှည့်ကာ လင်ယွမ့်ကိုကြည့်ပြီး လင်ချီကို ကြည့်ကာ "ကောနဲ့ တိတိကိုလည်း ချစ်တယ်"

လင်ရှန်း နည်းနည်းတော့ ငိုချင်နေပေမယ့် ချက်ချင်း မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မျက်ရည်တွေကို ဖျောက်လိုက်တယ် "ပြီးတော့... ဒီမိသားစုကိုလည်း အရမ်းချစ်တယ်"

"မားကလည်း ရှောင်ရှန်းကို အများကြီးချစ်တာပေါ့!" ချူရုန်ပြုံးကာ လင်ရှန်းဆီကို fly kissနောက်တစ်ခု ပေးလိုက်တယ် "အသည်းလေးတို့ မြန်မြန်အိပ်ရာဝင်ကြ"

သူမ တွေးကြည့်ပြီး သူမယောကျာ်းနဲ့ ကျန်သားနှစ်ယောက်ကိုကြည့်ကာ "အင်း! မိသားစုနေ့ကလည်း ပြီးပြီဆိုတော့! ပြောလို့ရပြီပေါ့နော်!"

"ရှောင်ရှန်း! ပြိုင်ပွဲအတွက် လုပ်ထား!"

"ကျေးဇူးပါ မား..."

လင်ရှန်း တိုးလျစွာ တုံ့ပြန်လိုက်တယ်။ သူ ဆက်မနေရဲတော့ဘူး။ သူသာ နည်းနည်းကြာအောင် ထပ်နေမိရင် တကယ်ကြီး ငိုမိတော့မှာကို စိုးရိမ်တယ်။ တကယ်ဆို သူက အငိုသန်တဲ့ကလေးလည်း မဟုတ်ရပါဘူး။

ငယ်ငယ်လေးတည်းက မျက်ရည်တွေဆိုတာ အသုံးမဝင်ဆုံးအရာဖြစ်ပြီး သူ့ရဲ့အားနည်းချက်ကို ပြတဲ့အရာဖြစ်ကြောင်း နားလည်သဘောပေါက်အောင် သင်ယူခဲ့ရပြီးသားဖြစ်တယ်! ဒီလိုဖြစ်နေရတာက နွေးထွေးပြီး ပျော်စရာကောင်းတဲ့အိမ်လေးကြောင့်ဆိုတာ အသိသာကြီး။

သို့ပေမယ့် သူ့နှာခေါင်းတွေက မကြာခဏစူးတက်လာပြီး မျက်လုံးတွေကလည်း ပူနွေးလာတယ်။

ရလဒ်အနေနဲ့ ထိုပိတ်ရက်တစ်ရက်လုံး လင်ရှန်း တိမ်တွေပေါ် လွင့်မြောနေသလို ဖြစ်နေတယ်။ မိန်းမောရင်းနဲ့ပဲ တင်္နလာနေ့ကို ရောက်ရှိလို့လာတယ်။

ရက်သတ္တပတ်ထဲမှာ သင်္ချာ၊ ရူပ၊ ဇီ၀နဲ့ ဓာတု လေးခန်းအစမ်းပြိုင်ပွဲစဉ်တွေ ကျင်းပလိမ့်မယ်။ တင်္နလာကနေ သောကြာအထိ နေ့တိုင်းတစ်ခန်းရှိတယ်။ နောက်ဆုံးပိတ် ဇီ၀ကတော့ လာမယ့်တနင်္ဂနွေနေ့ နေ့ခင်းမှဖြစ်တယ်။

လင်ရှန်း အတော်လေးစောပြီး ထွက်ခဲ့လိုက်တယ်။ လင်ချီတောင် မနိုးသေးခင် သူကတော့ တံခါးကနေ ထွက်ကာ နွေးထွေးတဲ့မနက်ခင်းနေရောင်အောက် ရောက်နေပြီဖြစ်တယ်။

ဘယ်ဟုတ်လိမ့်မလဲ၊ လွန်ခဲ့တဲ့နာရီဝက်တုန်းက မော့ကျူးချန် သူ့ကိုဖုန်းဆက်လှမ်းနှိုးပြီး ကျောင်းပေါက်၀နဲ့မဝေးလှတဲ့ မြို့လယ်ဥယျာဉ်ကို အရင်သွားပြီး စောင့်ခိုင်းနေတာဖြစ်တယ်။ ဖုန်းခေါ်လာတာက နားလည်ရခက်နေပြီး တစ်ဖက်လူက ဘယ်လိုမျိုးစေ့တွေ ရောင်းချနေမှန်း လင်ရှန်းလည်း မသိတော့ဘူး။

သူ တောင်တက်စက်ဘီးလေးနင်းကာ မော့ကျူးချန်ရဲ့ အချိန်းအချက်လုပ်ထားတဲ့နေရာကို အမြန်နင်းသွားလိုက်တယ်။ အတော်လေးစောနေတာကြောင့် လမ်းတွေပေါ်မှာ လူအနည်းငယ်သာရှိပြီး လမ်းနှစ်ဖက်လုံးမှာရှိနေတဲ့ အနီးနားက ဆိုင်တွေတောင်မှ မဖွင့်ကြသေးဘူး။

လင်ရှန်းရဲ့အိမ်က ကျောင်းနဲ့ သိပ်မဝေးဘူး။ လမ်းကျဉ်းအနည်းငယ်လောက်နင်းကာ နှစ်ချိုးလောက် ကွေ့လိုက်တယ်ဆိုရင်ပဲ မော့ကျူးချန်နဲ့အချိန်းအချက်လုပ်ထားတဲ့ ဥယျာဉ်ဆီ ရောက်တော့မှာဖြစ်တယ်။ ထိုအခိုက်မှာတင် လင်ရှန်းအနောက်နားကနေ ဆိုင်ကပ်စက်သံက ရုတ်တရက် ထွက်ပေါ်လာတယ်။

ထိုအသံက အတော်လေးကျယ်လောင်ကာ မြို့တော်လမ်းမထက် အေးချမ်းနေတဲ့မနက်ခင်းလေးမှာ စူးရှလို့နေတယ်။

သူနဲ့သိပ်မဝေးလှတဲ့ ထိုအသံကို လင်ရှန်းကြားတော့ သူ့အလိုလို တောင်တက်စက်ဘီးလေးကို လမ်းဘေးကပ်လိုက်တယ်။ အမှန်တကယ်ကို သူ လမ်းဖွင့်ပေးရုံရှိသေးတယ် မော်တော်ဆိုင်ကပ်နှစ်စီး သူ့ဘေးကနေ ဝှစ်ခနဲကျော်တက်သွားတယ်။

တစ်စီးစီမှာ လူနှစ်ယောက်ပါတယ်။ သူတို့တွေ လင်ရှန်းကို ကျော်တက်သွားပြီးတဲ့နောက် ရှေ့ဆက်မသွားကြတော့ဘူး။ ဆိုင်ကယ်က ရုတ်တရက် ခေါင်းလှည့်လာပြီး စက်ဝိုင်းအသေးပုံတစ်ခုလို လည်သွားပြီး နှစ်စီးလုံး လင်ရှန်းရှေ့မှာ အတူရပ်သွားတယ်။

ချက်ချင်းဆိုသလို လင်ရှန်းလည်း နိုးနိုးကြားကြားဖြစ်သွားတယ်။ သူကအခု ဒီလောက်မကျယ်တဲ့လမ်းမှာ ဖြတ်သွားနေတာဖြစ်ပြီး လမ်းနှစ်ဖက်စလုံးမှာလည်း တစ်သီးတစ်သန့်ဆန်တဲ့ နံရံအမြင့်ကြီးတွေ ရှိတယ်။ ဒီလမ်းမှာ တံခါးတွေလည်းမရှိသလို ဆိုင်တွေလည်းမရှိဘူး။

ဒီအချိန်က အရမ်းလည်း စောနေသေးတာဖြစ်ပြီး ရှင်းဆန်းကျောင်းရဲ့တည်နေရာကလည်း မြို့လယ်ကောင်မှာ မဟုတ်ဘူး။ အခုချိန် ဒီနေရာမှာ ဖြတ်သွားဖြတ်လာကလည်း မရှိသလောက်ဖြစ်နေတယ်။

ဆိုင်ကယ်နှစ်စီးလုံး ခေါင်းလှည့်လာပြီးနောက် အလယ်လမ်းကို လုံး၀ပိတ်ထားလိုက်သလိုဖြစ်သွားကာ လင်ရှန်းရှေ့ကလမ်းကို အတိအကျ ပိတ်ထားတော့တယ်။ လင်ရှန်း မသိစိတ်ကြောင့် ခေါင်းကို လှည့်လိုက်တယ်။

သူ့နောက်မှာ တူညီတဲ့ ဆိုင်ကယ်နှစ်စီးရပ်ထားပြီး လမ်းလယ်ကိုဖြတ်ကာ သူပြန်ဆုတ်မယ့်လမ်းကို ကာထားတယ်။ ထိုနှစ်စီးလုံးမှာလည်း လူလေးယောက်ရှိတယ်။ နောက်ပြီး အရှေ့အနောက် ပေါင်းလိုက်ရင် လူရှစ်ယောက်။

လင်ရှန်းအကြည့်ကာ စက်ဝိုင်းပုံစံ လျင်မြန်စွာ လှည့်ပတ်သွားတယ်။

ထိုလူရှစ်ယောက်က ဆိုင်ကယ်စီးနေကြတယ်ဆိုပေမယ့် သေချာပေါက် အားနည်းတဲ့ကြက်ကလေးတွေနဲ့ တူမနေဘူး။ တစ်ဖက်လူတွေက အားနည်းတဲ့ကြက်ကလေးတွေဆိုရင်တောင်မှ သူ့တစ်ယောက်တည်းနဲ့ဆို ဘယ်လိုမှ မကောင်းနိုင်ဘူး။

'ရှစ်ယောက်တစ်ယောက်၊ သေချာပေါက် ရှုံးပြီးပေါ့!' ထိုအခိုက်အတန့်အတွင်း လင်ရှန်းစိတ်ထဲမှာ မရေမတွက်နိုင်တဲ့အတွေးတွေ ရှိနေတယ်။

'ပြန်ပေးဆွဲတာ? ခြိမ်းခြောက်တာ?'

'ဒါမှမဟုတ်... ပိုင်ရှင်ရဲ့လျှို့ဝှက်ချက်တွေကို လျှော့ချတာနဲ့ ဆိုင်နေလား?'

လင်ရှန်း သူ့ကိုယ်သူမနည်း တည်ငြိမ်အောင် လုပ်နေရတယ်။ သူ ခေါင်းလှည့်ကာ သူ့ရှေ့က ဆိုင်ကယ်နှစ်စီးကို လှမ်းကြည့်လိုက်တယ်။

"မင်းတို့က ဘယ်သူတွေလဲ?" သူ တည်ငြိမ်စွာ မေးလိုက်တယ်။ "ငါ့ကို ဘာလို့လာရှာတာလဲ?"

အရှေ့ညာဘက်နားမှာ ပိတ်ထားတဲ့ဆိုင်ကယ်မောင်းတဲ့သူဆီက ခပ်တိုးတိုးရယ်သံထွက်ပေါ်လာပြီး ပြောလာတယ် "ငါတို့ ဘယ်သူမှန်း မင်းသိစရာမလိုဘူး"

သူက ပြောရင်း သူ့ရဲ့ခြေတံရှည်ကြီးကိုဆန့်ကာ တခြားတစ်ယောက်နဲ့အတူ သူ့ဆိုင်ကယ်ပေါ်က ဆင်းလာတယ်။ ဆိုင်ကယ်တွေပေါ်က ကျန်လူအနည်းငယ်ကလည်း ဆင်းလာကြတယ်။

လူရှစ်ယောက်! လင်ရှန်းထက် အရပ်ရှည်ပြီး သန်မာပုံရတဲ့လူရှစ်ယောက်က ဆိုင်ကယ်ယူနီဖောင်းတွေနဲ့ ဆိုင်ကယ်ဦးထုပ်တွေ ဆောင်းထားကာ လင်ရှန်းကို ဝိုင်းလာတယ်။ လက်ကိုင်ကို ကိုင်ထားတဲ့ လင်ရှန်းလက်ဖဝါးမှာ ချွေးတွေစိုရွှဲနေပြီဖြစ်တယ်။

'ဒီလူတွေက ပိုက်ဆံတောင်းဖို့လား?'

'ဒီလိုဆိုရင်တောင်...'

"Hey!" ပထမဆုံးစပြောလာတဲ့ ဆိုင်ကယ်သမားက လင်ရှန်းရှေ့မှာတောင် ရပ်နေပြီဖြစ်တယ် "မင်း ဘယ်သူ့ကိုရန်စမိလဲဆိုတာ မင်းကိုယ်မင်း သိထားသင့်တယ်" သူ ပြောလာတယ် "တစ်ယောက်ယောက်က မင်းရဲ့ညာဘက်လက်ကို ချိုးခိုင်းလို့၊ စိတ်ချပါ၊ ငါ လုံး၀ကျိုးသွားအောင်တော့ တကယ်မလုပ်ဘူး... ဒီတိုင်း မင်းစာတွေရေးမရအောင် လုပ်ရုံကလွဲပြီး ဘာမှမလုပ်ဘူး"

သူက ပြောရင်း လင်ရှန်းဆီ လျှောက်လာတယ် "မင်းသာ လိမ်လိမ်မာမာနဲ့ ပူးပေါင်းရင် အစ်ကိုကြီးက နည်းနည်းသက်သက်သာသာအောင် ကြိုးစားပေးမှာပါ"

"ခဏ... ခဏလေးပါ" လင်ရှန်း ဘေးဘီကို ကြည့်လိုက်တယ်။ လူရှစ်ယောက်က သူ့ကိုအလယ်မှာ လုံး၀ပိတ်ထားပြီး သူက သူတို့ရဲ့ပြိုင်ဘက် ဘယ်လိုမှ ဖြစ်မလာနိုင်ဘူး။

သူ ထွက်ပြေးချင်တယ်ဆိုရင် အေးအေးဆေးဆေးနေလို့မရဘူးလို့ တွက်ချက်မိတယ်။ သူ့ရဲ့ညာဘက်လက်ကို ချိုးမယ်?

သူ့ကို စာရေးလို့မရအောင်လုပ်မယ်?

လုမြောင်မြောင်!

လင်ရှန်း ကျိန်သာ ကျိန်ဆဲလိုက်ချင်တော့တယ်! လုမြောင်မြောင်က နည်းနည်းလောက်လေးတောင် မျှတတဲ့ ယှဉ်ပြိုင်မှုကို မသိသေးတာပဲ။ သူကလည်း ပေါ့ဆလိုက်တာ!

လုမြောင်မြောင်ဆိုတာ ကောင်းတဲ့အသီးတစ်သီးမဟုတ်မှန်း သူ ကြိုတင်ပြီးတွေးထားသင့်တယ်။

"သူက မင်းတို့ကို ဘယ်လောက်ပေးတာလဲ?" လင်ရှန်း သက်ပြင်းရှိုက်ကာ အကြမ်းဖျင်းပြောလိုက်တယ် "ငါ မင်းတို့ကို သုံးဆပေးမယ်" "ဒီတိုင်း ငါ့ကိုသာ လွှတ်ပေး"

ထိုလူနည်းစုက အချင်းချင်းကြည့်ကာ ခြေလှမ်းတွေ ရပ်တန့်သွားတယ်။ လင်ရှန်း သက်ပြင်းချမိလိုက်တယ်။ ပိုက်ဆံလိုချင်တာဆိုရင်တော့ ပိုလွယ်သွားပြီ။

သို့ပေမယ့် မထင်မှတ်ထားစွာ လူရှစ်ယောက်လုံး ရယ်မောလာတယ်။

သူတို့တွေ စက္ကန့်ပိုင်းလောက် ရယ်မောပြီး စပြောတဲ့လူကပဲ ပြောလာပြန်တယ် "ကောင်စုတ်လေး! ငါတို့ကို ပိုက်ဆံနဲ့ ဝယ်လို့မရဘူးကွ၊ လိမ်လိမ်မာမာနဲ့သာ လက်ခံလိုက်စမ်းပါ!"

သူ ပြောလို့ပြီးတာနဲ့ လင်ရှန်းကို ချုပ်ဖို့ တခြားသူတွေကို လက်ဟန်ပြလိုက်တယ်။

ထိုစဉ် လမ်းကျဉ်းလေးနှစ်ဖက်စလုံးမှာ ပိုလို့တောင်စူးရှကျယ်လောင်တဲ့ ကားဘရိတ်အုပ်သံတချို့ ထွက်ပေါ်လာတယ်။ ထို့နောက် အလောတကြီးကားတံခါး ဖွင့်သံတွေပါ ကြားလိုက်ရတယ်။ ပြင်းထန်တဲ့ခြေသံတွေနဲ့အတူ လင်ရှန်း မတုံ့ပြန်နိုင်သေးခင် သူတို့ဆီ အလျင်စလို ရောက်ချလာပြီဖြစ်တယ်။

အဲ့နောက်မှာတော့ လင်ရှန်း မျက်လုံးအပြူးသားနဲ့ လူအုပ်ကြီးကို ကြည့်လိုက်တော့တယ်...

သူအမြင်အရ တွက်ကြည့်မယ်ဆို အနည်းဆုံး နှစ်ဆယ်ကျော်လောက်ရှိတဲ့ အနက်ရောင်ဝတ်ထားတဲ့အရပ်ရှည်ရှည်လူတွေ သူတို့ဆီ လာနေတာဖြစ်တယ်။

မ.. မဟုတ်မှ!

လင်ရှန်း အနည်းငယ်မျှော်လင့်ချက်မဲ့သွားတယ်!

အနက်ရောင်ဝတ်စုံနဲ့ လူတွေအားလုံး အရပ်ရှည်ရှည်တောင့်တောင့်၊ မျက်နှာသေကြီးတွေနဲ့ အလွန်တရာ တင်းမာနေတယ်။

သူနဲ့ ရင်ဆိုင်ပြီး ဒီလောက်ကြီးတဲ့ရိုက်ပွဲကြီးလုပ်ဖို့ လုမြောင်မြောင်က အုပ်စုနှစ်စုတောင် လွှတ်လိုက်သေးတယ်။

သူမက တကယ်ကို သူမ ပီသနေတုန်းပဲ!



_____



Thanks 🌹



Continue Reading

You'll Also Like

458K 39.5K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
437K 16.3K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
305K 15.2K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
275K 26.1K 77
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...