{Unicode}
ဝေးခဲ့ရတယ် တစ်နှစ်နီးပါး အဆက်အသွယ်မရှိစာလေးတစ်စောင်နဲ့တောင်ဆက်သွယ်လို့မရခဲ့ဘဲ အဆက်အသွယ်ပြတ်ခဲ့ရတယ် စဉ်းစားကြည့်စမ်း အခုပြန်တွေ့ကြပြီဆိုတော့ ဘယ်လောက်တောင်အလွမ်းသယ်ကြမလဲ
ညနေစောင်းပန်းခြံထဲမှာမတ်တပ်ရပ်ပြီး ပန်းတွေကိုငေးမောနေတဲ့Taeကိုနောက်ကျောကနေ ခါးလေးကိုတင်းတင်းကျပ်ကျပ်ဖက်လိုက်ပြီးမေးလေးကို ပခုံးပေါ်တင်ထားကာမျက်စိလေးကိုပါမှိတ်ထားလိုက်တယ်
ခါးပေါ်မှာဖက်ထားတဲ့Jeonရဲ့လက်တွေကို သူ့ရဲ့လက်ချောင်းသွယ်သွယ်လေးတွေနဲ့ပြန်ပွတ်ပေးလိုက်တယ်
ခါးလေးကိုဖက်ထားရင်းနဲ့ဘဲစကားတွေစပြောဖြစ်တယ်
"အစ်ကို အများကြီးလွမ်းနေခဲ့ရတာသိလား အစ်ကို့အကြောင်းစုံစမ်းဖို့ korea မှာလူလွှတ်ထားခဲ့တာ"
"ဟုတ်လား မင်းကလူဆိုးလေးဘဲ ပိုက်ဆံရှိတယ်ဆိုပြီးလုပ်ချင်ရာလုပ်နေတာလား "
"အင်း italyမှာနေခဲ့ရတဲ့၈လကျော်လုံးလုံး အစ်ကို့ကို
သတိမရတဲ့နေ့ဆိုတာမရှိခဲ့ဘူး"
"ဆက်သွယ်ပါလား အရူးလေးရဲ့ ဒီမှာတော့မင်းဘယ်သွားလဲတောင်မသိရတော့ စဉ်းစားကြည့်စမ်း ကိုယ့်မှာအရူးတစ်ပိုင်းဘဲ"
"အင်း တောင်းပန်ပါတယ် နောက်တစ်ခါအခုလိုထွက်မသွားတော့ဘူးနော်"
"အွန်း ကိုကောဘဲ ကိုယ့်ကလေးလေးနားမှာဘဲအမြဲရှိနေပေးတော့မယ် ကျန်တာဂရုမစိုက်ဘူး ပြောချငိတဲ့သူပြော"
ဖက်ထားတဲ့လက်အစုံကို အစ်ကို့ရဲ့ခါးကြားထဲမှထုတ်လိုက်ရင်း မျက်နှာချင်းဆိုင်လိုက်တယ်
"အစ်ကို"
လတွေအကြာကြီးကြာပြီးမှပြန်တွေ့ရတော့ ရှက်နေတဲ့အစ်ကိုကသူ့မျက်နှာကိုမကြည့်
"ကျွန်တော့်ကိုကြည့် သေချာကြည်"
မျက်ဝန်းချင်းနှစ်ခု အကြည့်ချင်းဆုံပြီးမှJeonက
"အချစ်ဆုံး "
"ဟင်"
"အချစ်ဆုံးလို့ "
"ဘာတွေပြောနေတာလဲဟင်"
"ခေါ်နေတာလေ ပြန်ထူးလေ အချစ်ဆုံးရဲ့"
Jeonရဲ့ပြောစကားကိုသဘောကျစွာနဲ့တစ်ခစ်ခစ်ရီလိုက်ရင်း
"ပြောပါဗျ"
"အချစ်ဆုံးကကော ကျွန်တော့်ကိုဘယ်လိုပြန်ခေါ်မှာလဲ"
Jeonရဲ့ပါးနှစ်ဖက်ကိုအုပ်မိုးကိုင်လိုက်ပြီး နှုတ်ခမ်းထော်ထော်လေးကိုဖိကပ်နမ်းလိုက်ရင်း
"မောင်"
မျက်နှာရဲရဲလေးနဲ့ မောင်လို့ခေါ်လာတဲ့ကောင်လေးက
ကျွန်တော့်အမြင်အာရုံထဲမှာ ရဲရဲလေးနဲ့လှနေလိုက်တာဗျာ
"ပြန်ခေါ်ပါအုန်း "
"မခေါ်ချင်ပါဘူး"
"ခေါ်ပါ အချစ်ဆုံးရဲ့"
"မောင် "
ခေါ်ပြီးတော့အိမ်ထဲပြေးဝင်သွားပါလေရဲ့
ကြည့်ပါအုန်း ချစ်ဖို့ကောင်းလိုက်တာ ဒီချစ်စရာလေးကိုဘယ်သူကမချစ်ဘဲနေနိုင်မှာလဲဗျာ
ပြေးဝင်သွားတဲ့အချစ်ဆုံးနောက်ကိုလိုက်လိုက်ရင်း
ဆွဲဖက်လိုက်တော့ ရင်ခွင်ထဲကို ငှက်မွှေးလေးလို ပေါ့ပေါ့ပါးပါးနဲ့ ပါလာတဲ့ Tae
"ဖက်ထားချင်တယ် ငြိမ်ငြိမ်လေးနေ မဟုတ်ရင် ရိုက်မှာနော်"
"မောင်နော် အခုတော့ရိုက်တော့မယ်ပေါ့"
ရင်ခွင်ထဲကဖြူဖြူနုနုလေးက နှုတ်ခမ်းလေးထော်ပြီး
ရန်တွေ့လာလေရဲ့
"စတာပါဗျာ မောင့်ရဲ့အသည်းအသက်လေးကိုရိုက်ရက်ပါ့မလား"
အချစ်ဆုံးကကျွန်တော့်ထက်အသက်ကြီးပေမဲ့ အရမ်း
ကလေးဆန်သည် ကလေးဆန်ပေမဲ့ ကျွန်တော့်ကိုဆို
အမြဲကာကွယ်ပေးတယ်
ကလေးလေးလိုလည်းချစ်ဖို့ကောင်းသလို တစ်ခါတစ်လေရင့်ကျက်သွားတဲ့လူကြီးပုံစံဖြစ်ဖြစ်သွားလို့ ကျွန်တော့်မှာကြောက်ရလေသည်
ကျွန်တော့်ကိုဆိုလာလာချွဲပြီးဆိုးတက်သေးတာ
ဒါပေမဲ့ လမ်းမှန်ရောက်အောင်အမြဲဆုံးမပေးတာလည်းကျွန်တော့်ရဲ့ အချစ်ဆုံးလေးပေါ့ဗျာ
ဒီအချစ်ဆုံးလေးကိုမှမချစ်ရရင် ဘယ်သူ့ကိုသွားချစ်ရတော့မလဲဗျာ?
_____________________________________
ပျော်ရွှင်နေရရင် အချိန်တွေကကုန်မြန်တယ်ဆိုတာတကယ်မှန်တာဘဲ
အခုဆိုညတောင်ရောက်လာပြီ ဆောင်းရာသီဖြစ်တာကြောင့်တစ်ချက်တစ်ချက် စံအိမ်ကြီးထဲကိုဝင်လိုက်ထွက်လိုက်တိုက်ခက်နေတဲ့ လေပြေတွေက လူကိုချမ်းစိမ့်စိမ့်ဖြစ်စေသည်
ဧည့်ခန်းထဲကsofaပေါ်မှာမှာစကားပြောနေကြရင်း
"မောင် အေးတယ်နော် မောင်ကောမချမ်းဘူးလား"
"အင်း ခဏ မောင်ပြန်လာခဲ့မယ်"
ဧည့်ခန်းထဲမှာရှိတဲ့မီးလင်းဖိုကိုလောင်စာထည့်လိုက်ရင်းအပူကိုထုတ်စေခဲ့တယ် မီးလင်းဖိုကြောင့်နွေးသလိုလိုရှိလာတယ်
Jeonကအခန်းထဲကနေ သိုးမွှေးစောင်စောင်အကြီးကြီးကိုထုတ်ယူလာရင်း သူ့ကိုယ်သူအရင်ခြုံလိုက်ကာ
မီးလင်းဖိုရှေ့ထိုင်ချလိုက်တယ်
Sofaပေါ်မှာထိုင်နေတဲ့Taeကိုလှည့်ကြည့်လိုက်ပြီး
"လာလေ ချစ်ဆုံး မောင့်ဆီလာ"
စောင်ခြုံထားတဲ့မောင်ရဲ့ရင်ခွင်ထဲကိုတိုးဝင်လိုက်ပြီးမောင့်ပေါင်ပေါ်ထိုင်လိုက်တော့မောင်ကခါးလေးကိုလာဖက်တယ်
"နွေးလား"
"အွန်း အရမ်းနွေးတယ်"
Taeရဲ့နားရွက်လေးကို အာငွေ့ပေးလိုက်တော့ လေပူပူတွေကြောင့် ယားလို့ထင်ပါရဲ့ ရင်ခွင်ထဲက အချစ်ဆုံးကလှုပ်စိလှုပ်စိလုပ်လာပါလေရဲ့
"ကိုက်လိုက်ရမလား "
"နာမှာပေါ့ မောင်ကလည်း မောင်အကျင့်ပုတ်ကြီး"
Jeonကနားရွက်လေးကိုနမ်းလိုက်ရင်း
"စတာပါ ချစ်ဆုံးရဲ့ "
ရင်ခွင်ထဲကခန္ဓာကိုယ်ပိစိလေးကနွေးလိုက်တာ
ခါးလေးကိုတင်းတင်းကျပ်ကျပ်သာဖက်ထားလိုက်တော့တယ်
တော်တော်ကြာတဲ့အထိဘာစကားမှမပြောဘဲ နှစ်ဦးသားငြိမ်ငြိမ်လေးနေနေရင်း
လည်ပင်းဖြူဖြူလေးကိုကို လာကိုက်ပြီးစုပ်နေတဲ့Jeonကြောင့်ငြီးသံသဲ့သဲ့လေးထွက်သွားသလို ရင်ခုန်သံတွေကလည်း တစ်ဆတစ်ဆပိုလို့ခုန်လာသည်
အသားနုနုလေးကိုအကြာကြီးစုပ်ထားမိတော့ လည်ပင်းမှာခရမ်းရောင်လိုလိုအညိုရောင်လိုလိုအကွက်လေးပေါ်လာတယ်
"ချစ်ဆုံး ကိုယ့်ဘက်လှည့်ပါအုန်း "
ပခုံးလေးကိုကိုင်ပြီးJeonဘက်ကိုမျက်နှာမူစေလိုက်တယ်
"လှတယ်"
"သူများကိုအရာထင်အောင်လုပ်ပြီး လှတယ်တဲ့"
မျက်စောင်းလှလှလေးထိုးလိုက်တဲ့အချစ်ကသိပ်ကိုလှလွန်းတယ်
ရင်ခွင်ထဲကနေအသံတိုးတိုလေးနဲ့ခေါင်းလေးငုံ့ပြီး
"ထယ့်ကိုသိမ်းပိုက်ချင်လား မောင်"
ရုတ်တရက်အချစ်ရဆုံးသူက စပြောလာတာကြောင့်
Jeonရဲ့သွေးတွေမီးနဲ့အပူပေးသလို ပွက်ပွက်ဆူလာရတယ်
"အိမ်မက်မဟုတ်ပါဘူးနော် ပြန်ပြောပါအုန်း မောင်သိပ်မကြားလိုက်လို့ "
မျက်နှာကြီးပြုံးပြီးစနေတဲ့Jeonကြောင့် အစထဲကရှက်နေတဲ့Taeရဲ့မျက်နှာဟာ ပိုပြီးတောင်ရဲလာပါသေးတယ်
"မောင်နော်"
လက်သီးဆုပ်လေးတွေနဲ့ရင်ဘတ်ကိုလာလာထုပြီး
ရင်ခွင်ထဲကိုမျက်နှာလေးအပ်ကာ ပုန်းနေလေရဲ့
"စောစောကမောင်ကြားလိုက်တာတကယ်လား
အချစ်ဆုံးခွင့်ပြုမှပါ မောင်ကအတင်းမတောင်းဆိုဘူး"
ထိတွေ့ချင်တာပေါ့ဗျာ ကိုယ့်အချစ်ရဆုံးသူရဲ့ ခန္ဓာကိုယ်လေးကို ဒါပေမဲ့အများကြီးတန်ဖိုးထားပြီးမြတ်နိုးရတာကြောင့် ဘယ်အရာကိုမဆို အချစ်ရဆုံးရဲ့ဆုံးဖြတ်ချက်သာဦးစားပေး နံပါတ်တစ်
"အွန်း "
"အွန်းဆိုတာကဘာလဲ ချစ်ဆုံး"
"ခွင့်ပြုတယ်လို့ မောင်ရဲ့"
ပြောပြီးပြီးချင်းJeonရဲ့နှုတ်ခမ်းလေးကိုမျက်လုံးလေးမှိတ်ပြီးအရင်ဆုံးစနမ်းလိုက်တဲ့Tae နမ်းနေရင်း
အောက်နှုတ်ခမ်းလေးကိုလာလာကိုက်တဲ့အချစ်ရဆုံးဟာလူကိုသိပ်ဆွသည်
မီးလင်းဖိုရှေ့မှာဘဲခြုံထားတဲ့စောင်ကိုခင်းလိုက်ရင်း
Taeကိုစောင်ခင်းထားတဲ့ကြမ်းပြင်ပေါ်သို့လှဲချစေလိုက်တယ် စောင်အနီလေးပေါ်မှာဆံပင်ဖွာဖွာလေးနဲ့လှဲနေတဲ့အချစ်ဆုံးကမျက်ဝန်းစိုစိုတွေနဲ့လာကြည့်တာကြောင့် ဒီလူဟာ လေပေါ်မြှောက်တက်သွားသလိုခံစားလိုက်ရတယ်
ဒီခရီးကိုအနမ်းတွေနဲ့ဘဲစတင်လိုက်ရင်း အချစ်ရဆုံးရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို အနမ်းတွေပေးနေမိတယ်
အကျီနဲ့ဆိုရင်တောင်ခါးသွယ်သွယ်လေးရှိတာကသိသာလွန်းတာ အခုအချစ်ရဆုံးရဲ့ခန္ဓာကိုယ်မှာအကျီတွေမရှိတော့ ခါးသွယ်သွယ်လေးဟာ ပိုလိုတောင်ထင်းနေလေရဲ့
"မောင်တော့ရူးတော့မှာဘဲ"
Jeonပြောလာတာကိုသဘောကျကာတစ်ခစ်ခစ်နဲ့ရယ်နေတဲ့Tae Hyung
ပိုင်ဆိုင်ကြောင်း အမှတ်အရာတွေပေးပြီးတဲ့နောက်မှာတော့Jeon တစ်ယောက်Taeရဲ့လက်နှစ်ဖက်ကိုအုပ်မိုးကိုင်လိုက်ပြီး
"မောင့်ရဲ့အချစ်တွေကိုလက်ခံပေးပါ"
တောင်းဆိုလာတဲ့မောင့်စကားတွေကိုခေါင်းတစ်ချက်ငြိမ့်ပြလိုက်တယ်
ခန္ဓာကိုယ်ထဲတိုးဝင်လာတဲ့နာကျင်မှုကမောင့်ရဲ့အချစ်တွေသာဖြစ်တယ်
ခပ်သွက်သွက်လှုပ်ရှားလိုက်တော့နာလို့ထင်ပါရဲ့
ငြီးသံလေးတွေထွက်လာတယ်
စံအိမ်ကြီးထဲအချစ်ရဆုံးသူရဲ့ငြီးသံလေးတွေကပိုပြီးပြည့်စုံစေတယ်
အချစ်တွေကိုအချစ်ရဆုံးရဲ့ခန္ဓာကိုယ်ထဲထုတ်လွှတ်လိုက်တယ်Jeonက Taeရဲ့ရင်ဘတ်ပေါ်ကိုမှီချကာ မျက်နှာကိုကပ်လိုက်ရင်းနှစ်ဦးစလုံးအသက်ရှုသံတွေဟာမြန်နေခဲ့တယ်
Jeonရဲ့နဖူးမှာထွက်နေတဲ့ချွေးစလေးတွေကိုသုတ်ပေးလိုက်ရင်း
"ပင်ပန်းသွားပြီလား မောင်"
ဆောင်းဦးရဲ့ည နှင်းတွေကျနေတဲ့ညမှာဘဲ
မောင်ပေးတဲ့အချစ်တွေကိုကျေကျေနပ်နပ်ကြီးခံယူခဲ့တယ်သိပ်ချစ်တယ် ...
_____________________________________
#🥺
{Zawgyi}
"အစ်ကို"
"အချစ်ဆုံး "
"ဟင်"
"အချစ်ဆုံးလို့ "
"ဘာတွေပြောနေတာလဲဟင်"
"ပြောပါဗျ"
"မောင်"
"ပြန်ခေါ်ပါအုန်း "
"မခေါ်ချင်ပါဘူး"
"ခေါ်ပါ အချစ်ဆုံးရဲ့"
"မောင် "
_____________________________________
"နွေးလား"
"အွန်း အရမ်းနွေးတယ်"
"ကိုက်လိုက်ရမလား "
"စတာပါ ချစ်ဆုံးရဲ့ "
"လှတယ်"
"မောင်နော်"
"အွန်း "
_____________________________________
#🥺