Unicode
"မောင် တော်တော့ "
"တော်ဘူးဗျာ ကိုကိုက ဒီလောက်ထိပင်ပန်းနေတာကို မောင်ကပြုံးနေရမာလား ဟမ်"
"တော်တော့ဆို "
"........"
"ဝမ် ရိ ပေါ် "
"ကိုကို တစ်ခြားသူအတွက်နဲ့ မောင့်ကိုမအော်နဲ့"
ဆက်ပြောမလို့ကြံနေတဲ့ မောင့်ကိုရှောင်ကျန်း အော်ပြီးပြောလိုက်သည်။ သူတို့က ကိုယ့်အိမ်လာတဲ့ ဧည့်သည်လေ အိမ်ရှင်က လုပ်ကျွေးပေးတာ ထုံးစံပဲမလား။ အခြားဧည့်သည်လည်းမဟုတ်ဘူး သူ့ရဲ့သူငယ်ချင်း ရီရှင်းတို့လေ ။ ကိုယ်ကစေတနာရှိလို့ ကိုယ်ကိုတိုင်လည်း ကြုံဖူးပြီးသားမို့ သူစားချင်တာလေး လုပ်ပေးတာကို ဘာလို့အကြီးအကျယ် လုပ်နေရတာလဲ ။မကြိုက်ရင်တောင် တစ်ဖက်လူကို အားနာသင့်တယ်မလား။
"အင်းပါ ငါတို့ကပဲ တောင်းပန်ပါတယ် စကားမများကြနဲ့တော့"
ရိပေါ်အကြောင်း သိရက်သားနဲ့ ရှောင်ကျန်းကို လုပ်ခိုင်းတာမို့ ကျန်းရီရှင်းက ပြန်တောင်းပန်လိုက်သည်။ အမှန်တော့ သူ့အမှားလည်း ဖြစ်နေတာမလား။
ကိုယ်တို့က
သူတို့အိမ်မာ လာနေပြီး သူတို့ကြောင့် ရန်ဖြစ်သွားမျိုး မလိုချင်တာမို့ ကျန်းရီရှင်းက ရိပေါ်ရောရှောင်ကျန်းကိုပါ တောင်းပန်လိုက်သည်။
ထွက်သွားတဲ့ မောင့်နောက်ကို ကြည့်ပြီးရှောင်ကျန်း ခေါင်းခါနေလိုက်သည်။
"အားနာစရာကြီးဖြစ်သွားပြီ စိတ်ထဲမထားနဲ့ မောင်ကအဲ့လိုပဲ ...လာ...လာ...လာ ထမင်းသွားစားရအောင် "
"ရိပေါ်ရော.."
"ထားလိုက် ဆာရင်လာစားလိမ့်မယ်"
"ဒါပေမယ့် ..."
"ရပါတယ် ရီရှင်းရာ မင်းကမောင့်အကြောင်း မသိတာလည်း မဟုတ်ပဲနဲ့...စားရအောင် အားမနာနဲ့ အများကြီးစားနော်"
"ဟုတ် ရှောင်ကျန်း "
ရီရှင်း အခုဗိုက်ဆာနေပြီမို့ ဘာမှပြောမနေတော့ပဲ ထမင်းအရင်စားလိုက်သည်။ပြီးမှပဲ ရိပေါ်ကို ပြန်တောင်းပန်မယ်လို့ သူတွေးလိုက်သည်။
ရှောင်ကျန်းတို့ သုံးယောက် ထမင်းစားနေချိန်မာ သားကိုချီပြီး ဆင်းလာတဲ့မောင်ကို တွေ့တော့ ထမင်းစားနေရာကနေ ထပြီးမောင့်တို့ဆီသွားလိုက်သည်။
"လာပြီလား... သွားထိုင်နေ ကိုကိုထမင်းခူးပေးမယ်"
"ပါပါး "
"ပါပါးရဲ့သားလေးက ဗိုက်ဆာပြီလား လာ...ပါပါးချီရအောင်"
စော်အော့ကို ချီဖို့လက်ဆန့်နေပေမယ့် နောက်ဆုတ်သွားတဲ့မောင်ကြောင့် ရှောင်ကျန်းမျက်လုံးပြူးသွားလိုက်သည်။
"မောင် "
"မားဆီ ခနသွားမာမို့ ညလည်း စောင့်မနေနဲ့ "
အေးတိအေးစက်နဲ့ ပြောလာတဲ့ မောင့်စကားကြောင့် ရှောင်ကျန့် ရင်ထဲထစ်ခနဲ့ နာကျင်သွားသလို ခံစားရသည်။ ဘာသဘောလဲ မောင်က ဘာလုပ်ချင်တာလဲ။
"မောင်....ကိုကိုလည်း လိုက်...."
"ရီရှင်း ကျန်းရီရှင်း စောနက ကိစ္စတောင်းပန်ပါတယ်နော် စိတ်ထဲမထားပါနဲ့"
သူ့စကားတောင်ဆုံးအောင် မပြောရသေးပဲ ရီရှင်းတို့ကို ဖြတ်ပြီးပြောလိုက်တဲ့ မောင်ကြောင့် ရှောင်ကျန်းဝမ်းနည်းလာသည်။
ထမင်းစားနေတဲ့ ရီရှင်းတို့နှစ်ယောက်က ကြောင်တောင်တောင်ဖြစ်သွားတယ်။
"အမ်...အင်းအင်း"
ရှောင်ကျန်း မောင်ကိုကြည့်ပြီး နားမလည်နိူင်သေးဘူး။ ဒီအခြေအနေကို သူတကယ် နားမလည်နိူင်သေးဘူး။
မောင့်လုပ်ရပ်ကြောင့် သူအငေးလွန်နေချိန်မာ မောင်ကအိမ်ထဲက ထွက်သွားလိုက်ပြီ။
သူပြေးလိုက်ပေမယ့် မောင်က ကားကိုမောင်းပြီး ထွက်သွားပြီ။
သူလည်း မောင်ကားနောက်ကို မမှီမခြင်း မောင်ကားမရပ်မခြင်း ဆက်ပြေးနေလိုက်သည်။
ပါးစပ်ကလည်း "ကိုကို တောင်းပန်ပါတယ်"လို့ အကြိမ်ကြိမ်ရွတ်ပြီး ရိပေါ်တို့ကားနောက်ကို သူဆက်ပြေးလိုက်နေတော့သည်။
အမှန်တော့ ရိပေါ်က ဒီလိုမလုပ်ချင်ပါဘူး။ သူတောင်မခိုင်းရက်လို့ မနက်စာကို သူကိုယ်တိုင်ထလုပ်တာကို သူများအတွက်နဲ့ အိပ်ရေးပျက်ခံပြီး မနက်အစောကြီး ချွေးတဒီးဒီးနဲ့ ချက်ပြုတ်နေတဲ့ကိုကို ကိုမြင်တော့ သူလည်းစိတ်မထိန်းနိူင်ဖြစ်သွားတာပါ။
"ဒယ်ဒီ အနောက်မာ ပါပါးပြေးလာတယ်"
"ဟင်"
သားစကားကြောင့် ရိပေါ်ကားမှန်ထဲ ကြည့်လိုက်တော့ တကယ်ပဲ ကိုကိုပြေးလာတာပဲ။ကိုကိုဘာဖြစ်ချင်တာလဲ ကိုကိုသူငယ်ချင်းနဲ့
အေးအေးဆေးဆေးစကားပြောရအောင်ဆိုပြီး သူထွက်လာပေးတာလေ အဲ့တာကို ကိုကိုကဘာလို့ လိုက်ပြန်တာတုန်း။
"ဒယ်ဒီ မကြားဘူးလား ပါပါးပြေးလာတယ်...."
ခနနေ မမှီရင် ပြန်သွားမာပါဆိုပြီး ရိပေါ်မသိသလို ကားကို ဖြေးဖြေးလေး ဆက်မောင်းနေလိုက်သည်။
"ဒယ်ဒီ ကားရပ်ပြေး ပါပါးဆီသွားမယ် ...ဒယ်ဒီ...ကားရပ်ပြေး...ပါပါး....
အီးအီး .......ပါပါး
ပါပါးလဲသွားပြီ အားးးးပါပါး ဒယ်ဒီ ကားရပ်ပေးဆို "
လဲကျသွားတယ်ဆိုတဲ့ စကားကြောင့် ရိပေါ်ကားရပ်ပြီး ကိုကိုဆီကို ပြေးဆင်းလိုက်တော့သည်။
"ဒယ်ဒီ စော်အော့ကိုလည်း စောင့်ဦး"
"ကိုကို ... ကိုကို ဘာဖြစ်သွားသေးလဲ ဘယ်နားနာတာလဲ မောင့်ကိုပြပါဦး"
အလောတကြီးနဲ့ ပြေးလာပြီး သူ့တစ်ကိုယ်လုံး အနာတွေလိုက်စစ်နေတဲ့ မောင်ကြောင့် ရှောင်ကျန်းပြုံးလိုက်သည်။ တွေ့လား မောင်က သူ့ကိုစိတ်ပူရက်သားနဲ့ ကားမရပ်ပဲ ဆက်မောင်းနေတာ မောင့်လူဆိုးလေး "ခိခိ"
"ကိုကို ဘာလို့ရီတာတုန်း မောင်စိတ်ပူတယ်လေဗျာ"
"မောင် ဘာလို့ကားကို အမြန်မောင်းတာတုန်း ကိုကိုလိုက်လိုမမှီဘူးလေ"
အသက်တွေ မနည်းရှူပြီး အမေးနဲ့အဖြေမလိုက်ညီတဲ့ ကိုကိုစကားကြောင့် ရိပေါ် နာကျင်ရပြန်သည်။ ကိုကို ကိုပျော်အောင်ထားမယ်ဆိုပြီး အခုသူ့ကြောင့် ကိုကိုမျက်ရည်ကျရပြန်ပြီ သူဟာလူဆိုးပဲ။
"တောင်းပန်ပါတယ် ကိုကို မောင်တောင်းပန်ပါတယ်"
"မောင်က ဘာလို့တောင်းပန်ရမာတုန်း ကိုကိုကပဲ တောင်းပန်ပါတယ်နော်....ကိုကိုအမှားပဲမို့ ကိုကိုတောင်းပန်ပါတယ်နော်.....
မောင်ဆက်မမောင်း နဲ့တော့နော် ကိုကိုအရမ်းမောနေပြီ ကိုကိုပြေးလို့မနိူင်တော့ဘူး"
"ပါပါး အီးးးးပါပါး အီးအီးးးးးး"
"သားစော်အော့ ဘာလို့ငိုတာတုန်း လာ ပါပါးဆီကို လာ"
"ပါပါး"
ရိပေါ်သူသားကို တကယ်မေ့နေတာပဲ။ ကိုကိုလဲကျသွားတယ်ဆိုပြီး ကြားကတည်းက လူကစိုးရိမ်စိတ်လွန်ပြီး ကိုကိုဆီပြေးလာခဲ့တာ သားပါတယ်ဆိုတာ သူတကယ်မေ့နေတာပဲ။(အမလေးဟယ်🧐)
"မငိုနဲ့မငိုနဲ့တော့ ပါပါးဘာမှမဖြစ်ဘူး"
.........
"ရိန်...ရိန်...ရိန်....."
ကျန်းရီရှင်းနဲ့ရီရှင်း ရိပေါ်တို့သားအဖနောက်ကို လိုက်သွားတဲ့ရှောင်ကျန်းကြောင့် တံခါးဝကနေ ရပ်ပြီးလိုက်ကြည့်နေစဉ်မာ အိမ်ဖုန်းသံကြားလို့ ရီရှင်းပြေးကိုင်လိုက်သည်။
"ဟဲလို"
"ဟဲလို သားကျန်း ဖုန်းခေါ်တာလည်း မကိုင်ဘူး သားတို့ရန်ဖြစ်ထားတာလား"
ရန်ဖြစ်တာတော့မဟုတ်ပေမယ့် သူတို့ကြောင့် စကားများနေရတယ်မဟုတ်လား။ သူအားရီကို ပြောသင့်လား မပြောသင့်လားလို့ ရီရှင်းစဉ်းစားနေလိုက်သည်။
"ဟဲလို သားကျန်း ကြားရလား"
"ဟုတ် ကြားရပါတယ် ရှောင်ကျန်းမဟုတ်ပါဘူး အားရီ ရီရှင်းပါ"
"အာ ရီရှင်းလား သားတို့ဘယ်အချိန်ရောက်တာလဲ အားရီက ဟိုတလောသားကျန်းကို မေးနေသေးတယ် သားကကိုးရီးယားမာပျော်ပြီး အားရီတို့ကိုတောင်မေ့နေတာနော်"
"မဟုတ်တာ မေ့စရာလားအားရီရာ သားလည်းအားရီတို့ကို သတိရနေပါတယ် အားရီနေကောင်းတယ်မလား"
"ကောင်းပါတယ် သားရယ် ကျန်းရီရှင်းရော ပြန်တာလား"
"ဟုတ် "
"ဒါနဲ့သားကျန်းက ဖုန်းခေါ်လည်းမကိုင်ဘူး သားကျန်းတို့ရန်ဖြစ်ထားတာလား စောနကသားက အားရီဆီမာလာအိပ်မယ် ပြောသွားလို့"
ထပ်မေးလာသော အားရီစကားကြောင့် ရီရှင်းအမှန်အတိုင်း ပြောဖို့ဆုံးဖြတ်လိုက်သည်။ ပြဿနာက သူနဲ့စဖြစ်တာမလား။ သူလည်း အားရီကို ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တော့ အားရီက သူ့ကိုပြန်တောင်းပန်လိုက်သေးတယ်။ နောက်ပြီး သားကျန်းနဲ့ပတ်သက်ရင် ရိပေါ်က ဆက်ဆက်အထိမခံမို့ စိတ်ထဲမထားနဲ့လို့လည်း ပြောလိုက်သေးတယ်။ မားဖြစ်တဲ့ အားရီတောင်မှ အဲလိုကြုံဖူးတာတဲ့လေ။
အားရီနဲ့ပြောပြီးမှ ရီရှင်းစိတ်နည်းနည်း အေးသွားတယ်။
"ကလေး ရိပေါ်မားလား"
"ဟုတ် ကိုကို "
"စိတ်ထဲမထားနဲ့ ရိပေါ်ကအဲ့လိုပဲ ကိုကိုအမှားပါ နောက်ဆိုကလေး စားချင်တာဖြစ်ချင်တာတွေ ကိုကိုအကုန်လုပ်ပေးမယ်"
"ကိုကို တကယ်ပြောတာနော် "
"ဆယ်ကယ်ဗျာ ဒါပေမယ့် ကိုကို ကိုကတိတစ်ခုပေး နောက်တစ်ခါ ကိုကို ကိုထားခဲ့ပြီး အခုလိုမျိုးထွက်မသွားဘူးလို့"
"ဟုတ် ကတိပေးပါတယ်ကိုကို"
"လိမ္မာတယ် အဲ့ကြောင့်စိတ်မညစ်နဲ့တော့ ပျော်ပျော်နေတော့နော် အဲ့တာမှ ဗိုက်ထဲကကိုကိုတို့ပိစိလေးလည်း သူ့အဖေနဲ့အတူ ပျော်မာပေါ့"
သူ့ဗိုက်ကို ကိုင်ပြီး ကလေးချော့သလိုမျိုးကြင်ကြင်နာနာနဲ့ ကတိစကားတောင်းလာတဲ့ ကျန်းရီရှင်း စကားအဆုံး ရီရှင်းခေါင်းကို ဘယ်နှစ်ကြိမ်ညိတ်မှန်းတောင် မသိပဲ ဆက်ညိတ်နေလိုက်သည်။
ပါးပြင်ပေါ်မာ ကျလာတဲ့မျက်ရည်တွေကို ကျန်းရီရှင်း နူးနူးညံ့ညံ့လေး သုတ်ပေးလိုက်သည်။ဒီကောင်လေးက အများအမြင်မာဆို ဂျစ်ကန်ကန်လူဆိုးလေးဆိုပေမယ့် ကျန်းရီရှ င်းအတွက်တော့ လူကိုချွဲတတ်လွန်းတဲ့ ကြောင်ပေါက်စလေးပဲ။ ဘယ်လိုလုပ်ပြီး ရှောင်ကျန်းနဲ့ သူငယ်ချင်းဖြစ်သွားလဲဆိုတာ သူတကယ်နားမလည်။😁
စချစ်တာက ရီရှင်းဆိုပေမယ့် အမြတ်တနိုးနဲ့ သူ့ရင်ထဲ နေရာအပြည့် ယူသွားတာလည်း ရီရှင်းပဲဖြစ်ပြန်တယ်။
ဒီလူသားလေးနဲ့ ဘဝကို အတူရင်ဆိုင်မယ်လို့ တွေးပြီးကတည်းက ကျန်းရီရှင်းဘဝဟာ အရာရာ လှပနေမြဲပါ။
စိတ်ဆိုးစိတ်ကောက်တာတွေ ရှိတတ်ပေမယ့် စိတ်ပျက်တာတို့ စိတ်ကုန်သွာတာမျိုးတို့ တစ်ခါမှ မရှိခဲ့ဘူး။
ရီရှင်းပြောသလိုမျိုး သူရှိရင် ရီရှင်းအတွက် ပြည့်စုံသလို ကျန်းရီရှင်းဘဝမာလည်း ရီရှင်းရှိရင် ပြည့်စုံပါပြီ။ အာ မဟုတ်သေးဘူး အခုတော့ သူတို့နှစ်ယောက်ရဲ့ ရင်သွေးလေးပါ ရှိလာပြီဆိုတော့ မွေးလာပေးမယ့် သားဖြစ်ဖြစ် သမီးလေးပဲဖြစ်ဖြစ် သူတို့ရဲ့မိသားစု သုံးယောက်စလုံးအတွက် ကျန်းရီရှင်းအချစ်နဲ့ ပြုံးပျော်စေရမယ်လို့ ကျန်းရီရှင်းတွေးထားပြီးသားပါ။
.......
"မောင် ကိုကိုတောင်းပန်ပါတယ်နော် ကိုကို့ ကိုစိတ်မဆိုးနဲ့တော့နော်"
"ဘယ်တုန်းက စိတ်ဆိုးဖူးလို့လဲ ကိုကိုရာ"
"စောနကလေ ကိုကိုအော်ပြီး ပြောတာကို"
"အဲတာက စိတ်မကောင်းသွားတာပါ
ဒါပေမယ့် အခုကောင်းသွားပြီ ဘာမှမတွေးနဲ့တော့"
"ကိုကို...... အု" ဆက်ပြောလာမဲ့ တောင်းပန်စကားကို မကြားချင်တာမို့ ရိပေါ်နှုတ်ပိတ်ပစ်လိုက်သည်။
"တော်တော့ ကိုကိုပါးစပ်က မောင့်ကိုချစ်စကားပြောဖို့ပဲ တောင်းပန်ဖို့မဟုတ်ဘူး"
"ဒါ.....အု" (နောက်ထပ်တခါနှုတ်ပိတ်ခံလိုက်တာ😁)
"ဒယ်ဒီ စော်အော့ဗိုက်ဆာပြီ"(😂)
နမ်းနေရင်းနဲ့ စော်အော့ခေါ်လိုက်တော့ ရှောင်ကျန်းက ရိပေါ်ကို လက်နဲ့တွန်းထုတ်လိုက်သည်။ မောင်အနမ်းထဲ စီးမြောသွားတာနဲ့ သားပါလာတယ်ဆိုတာတောင် တကယ်မေ့နေတာ။
အဖြတ်ကောင် နမ်းလို့မဝသေးဘူးဆိုနေမ အလိုက်ကိုမသိဘူး ကိုကိုမွေးတာမဟုတ်ရင် ထရိုက်မိမာ ဟွန့်။
သားကို မကြည်သလိုနဲ့ မျက်စောင်းထိုးနေတဲ့ မောင်ကိုကြည့်ပြီး ရှောင်ကျန်းရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။ သူအခုထရယ်လိုက်ရင် တစ်ခါပြန်စိတ်ဆိုးမြှဖင့်။
စော်အော့သိတာပေါ့ ပါပါးနဲ့ဒယ်ဒီက သားကိုမေ့နေတာ ။ဒယ်ဒီက ပါပါးပါးစပ်ကို စားပြီ(နမ်းပြီ)ဆိုအရမ်းကြာတာမို့ စော်အော့ခေါ်လိုက်တာ။ (အဲ့တာနမ်းတယ်လို့ခေါ်တာ စော်အော့ရဲ့)
အိပ်ယာထကတည်းက စော်အော့လေး ထမင်းမစားရသေးဘူး စော်အော့ဗိုက်အရမ်းဆာပြီ။
"သားစော်အော့လာ ပါပါးပေါင်ပေါ်မာ လာထိုင်"
"မထိုင်နဲ့ "
"ဒယ်ဒီ စော်အော့ထိုင်မယ် ပါပါးကခေါ်တာကို "
"မထိုင်နဲ့ဆို မထိုင်နဲ့ပေါ့"
"မောင် "
"အီး ပါပါး"
"လာမငိုနဲ့ ပါပါးချီမယ် "
"သားကိုမစပါနဲ့တော့ မောင်ရာ ကားမောင်းတော့ သားဗိုက်ဆာပြီ"
"ဒီကောင်ကို ကြည်နေတာမဟုတ်ဘူးနော်"
"ပါပါး ဒယ်ဒီက စော်အော့ကို မချစ်တော့ဘူးလားဟင်"
"မဟုတ်တာ ချစ်တာပေါ့ စော်အော့လေးကို ပါပါးလည်းချစ်တယ် ဒယ်ဒီလည်းချစ်တယ်
အဲလိုမတွေးရဘူးနော်"
"ဟုတ် ပါပါး ဒယ်ဒီ စော်အော့ကိုချစ်လား"
"........"
"မောင် "
"ချစ်တယ် ချစ်တယ်"
"ရေး စော်အော့လည်း ဒယ်ဒီနဲ့ပါပါးကို ချစ်တယ်💚❤️💛"
မောင်ဟာလေ ကလေးလို့ပြောရင်မကြိုက်ဘူး။ အခုလည်းကြည့် ကိုယ့်သားနဲ့ပါ ပြန်သဝန်တိုနေတာတဲ့ ။ရှောင်ကျန်း မောင်ကိုကြည့်ပြီး ပြုံးနေလိုက်သည်။
အဲ့နောက်မာတော့ မိသားစုသုံးယောက် အိမ်မပြန်ပဲ ဝမ်မားဆီမာ ထမင်းသွားစားလိုက်တော့သည်။
Zawgyi
"မောင် တော်တော့ "
"တော်တော့ဆို "
"........"
"ဝမ် ရိ ပေါ် "
ကိုယ်တို့က
"ရိပေါ်ရော.."
"ဒါပေမယ့် ..."
"ဟုတ် ရှောင်ကျန်း "
"ပါပါး "
"မောင် "
"အမ်...အင်းအင်း"
ရှောင်ကျန်း မောင်ကိုကြည့်ပြီး နားမလည်နိုင်သေးဘူး။ ဒီအခြေအနေကို သူတကယ် နားမလည်နိုင်သေးဘူး။
"ဟင်"
အီးအီး .......ပါပါး
မောင်ဆက်မမောင်း နဲ့တော့နော် ကိုကိုအရမ်းမောနေပြီ ကိုကိုပြေးလို့မနိုင်တော့ဘူး"
"ပါပါး"
.........
"ရိန်...ရိန်...ရိန်....."
"ဟဲလို"
"ဟုတ် "
"ကလေး ရိပေါ်မားလား"
"ဟုတ် ကိုကို "
.......
"မထိုင်နဲ့ "
"မောင် "
"အီး ပါပါး"
အဲလိုမတွေးရဘူးနော်"
"........"
"မောင် "
"ချစ်တယ် ချစ်တယ်"