ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်က...

By Cora0411

1.6M 235K 8.6K

Title - 嫁给渣攻的反派哥哥 English title-Married the Scum Gong's Villain Brother All credits to original author and E... More

Description
Chapter 1✰Edited
Chapter-1.1
Chapter 1.2
Chapter 2✰Edited
Chapter 2
Chapter 3✰Edited
Chapter 3
Chapter 4✰Edited
Chapter 4
Chapter 5✰Edited
Chapter 5
Chapter 6✰Edited
Chapter 7✰Edited
Chapter 7
Chapter 8✰Edited
Chapter 8
Chapter 9✰Edited
Chapter 9
Chapter 10✰Edited
Chapter 10
Chapter 11✰Edited
Chapter 11
Chapter 12✰Edited
Chapter 12
Chapter 13✰Edited
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21.1
Chapter 21.2
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84 (Final Chapter)
Extra 1.1:Later Story-နောက်ဆက်တွဲ/ေနာက္ဆက္တြဲ
Extra 1.2: Later Story 2
Extra 1.3: Later Story 3
Extra 1.4: Later Story4-နိုင်ငံ့CPကိုတရားဝင်ကြေညာခြင်း
Extra 1.5: Later Story - လက်ထပ်ပွဲ/လက္ထပ္ပြဲ
Extra 2.1: သဝန်တိုခြင်း/သဝန္တိုျခင္း
Extra 2.2: လောင်ကုန်း/ေလာင္ကုန္း
Extra 3.1: အချိန်မီပြန်သွားလို့ တစ်ဖန်ပြန်လည်တွေ့ဆုံကြမယ်!
Extra 3.2: ပျော်ရွှင်မှုက နေရာတိုင်းမှာ
ကျေးဇူးတင်လွှာ💓

Chapter 6

11K 2K 113
By Cora0411

//Zawgyi//

ျပခန္းထဲမွာ ေဖာ္ျမဴလာက တစ္ေၾကာင္းခ်င္းစီစာရင္းျပဳခံထားရျပီး က်င္ရႊင္ရဲ႕လက္ေရးက ေသသပ္ကာလွပလို႔ေနသည္။

တစ္ခ်က္ၾကည့္ရုံနဲ႔တင္ အဲ့တာက စံထားရတဲ့လက္ေရးနဲ႔တူကာ သူကမေရးခင္ စဥ္းစားဖို႔ေတာင္မလုိဘဲ ေခ်ာေခ်ာေမြ႔ေမြ႔ေရးေနသည္။

ဒါေပမယ့္ တကယ္တမ္းေတာ့ က်င္ရႊင္ေရးလိုက္တာေတြက လက္ရွိလူေတြကို ထပ္မံေရွာ့ခ္ရသြားေစျပန္သည္။

အစမွာတုန္းက က်င္ရႊင္က အလိုအေလ်ာက္ အခ်ိဳ႕အဆင့္အနည္းငယ္ကို ခ်န္ထားခဲ့တာေၾကာင့္ အဲ့တာကအေတာ္ေလးရုိးရွင္းကာ နားလည္လြယ္သည္။

ေနာက္ပိုင္း သူေရးတာေတြက  ပိုပိုျပီးရႈပ္ေထြးကာေလးနက္လာသည္ ေဖာ္ျမဴလာကုိၾကည့္ရင္းနဲ႔ ရုိးရွင္းတဲ့ျဖစ္စဥ္ကို လူအမ်ားအျပားက နားလည္ဖို႔အတြက္ခက္ခဲလာသည္။

ထန္းက်င္းယြမ္က မေနႏုိင္ေတာ့ဘဲ သူ႔ေခါင္းရဲ႕ေနာက္ဘက္ကို ထိကိုင္ကာ
“ ဘာေတြျဖစ္သြားတာလဲ? ငါအစကေတာ့ နားလည္ေသးတယ္ ဒါေပမယ့္ တတိယေျမာက္စာေၾကာင္းကေန ငါဘာမွမသိေတာ့ဘူး…”

ယန္ရိကလည္းပဲ ေျပာစရာစကားမဲ့ေနသည္။
“ ဒါဆို မင္းကမွငါ့ထက္ပုိေကာင္းေသးတယ္။ ငါကဒုတိယေျမာက္စာေၾကာင္းကေန နားမလည္ေတာ့တာ”

သူတုိ႔ႏွစ္ဦးနဲ႔တူညီစြာခံစားေနရတဲ့ လူအမ်ားၾကီးရွိေလသည္။ ေနာက္ပိုင္းမွာ သူ႔အေတြးအေခၚေတြကုိ ဆက္ထိန္းထားႏုိင္တဲ့ ပေရာ္ဖက္ဆာဟုိ႔ကလြဲလို႔ သခၤ်ာဘာသာရပ္မွာ ကၽြမ္းက်င္တဲ့သူေတြေတာင္မွ သူ႔အေတြးအေခၚေတြကို လုိက္မႏုိင္ေတာ့ဘူး။

သိပ္မၾကာခင္မွာပဲ က်င္ရႊင္က ေဖာ္ျမဴလာအားလံုးကုိ ေရးလို႔ျပီးသြားခဲ့ျပီ။

သူ ျပန္စစ္လုိက္ျပီး ဘာျပႆနာမွမရွိေတာ့ဘူးလို႔ ခံစားရျပီး သူ႔အေတြးေတြအားလံုးကုိ ျပီးျပည့္စံုစြာေဖာ္ျပလို႔ျပီးခဲ့ျပီ။ အဲ့ေနာက္ က်င္ရႊင္က အျခားသူေတြကုိျပလိုက္ကာ
“ ဒါက ေယဘုယ်ျဖစ္စဥ္ပါ။ ဒီပံုစံငယ္ကုိ ဒီalgorithmမွာ သံုးလို႔ရႏုိင္ပါတယ္”

သြယ္လ်တဲ့လက္ေခ်ာင္းေလးေတြက ႏုိ႔ႏွစ္ျဖဴေရာင္ ပလတ္စတစ္မင္တံကုိ ကိုင္ထားကာ က်င္ရႊင္ရဲ႕ႏႈတ္ခမ္းေတြက အနည္းငယ္ေကြးတက္ေနျပီး သူ႔မ်က္ခံုးေတြကလည္း ညင္သာေျပျပစ္ေနကာ ေမာက္မႈဝင့္ၾကြားမႈမရွိဘဲ ယံုၾကည္္ခ်က္ျပည့္လုိ႔ေနသည္။

အစတုန္းက သူ႔ႏွလံုးသားထဲမွာပဲ ပံုစံငယ္ကို ေတြးၾကည့္ေနခဲ့ေပမယ့္ သူမင္တံကို ေကာက္ကုိင္လိုက္တဲ့အခ်ိန္မွာပဲ က်င္ရႊင္ရဲ႕အေတြးေတြက လံုးဝကုိ ထြက္ေပၚလာသည္။

ဒီေခါင္းစဥ္က တကယ္ကိုပဲ သူ႔ရဲ႕စိတ္ဝင္စားမႈကို ႏႈိးေဆာ္ေပးႏုိင္သည္။ က်င္ရႊင္လုိလူေတြအတြက္ကေတာ့ သူရဲ႕စိတ္ဝင္စားမႈထြက္ေပၚလာျပီဆိုတာနဲ႔ ဘယ္အရာကမွ မတားဆီးႏုိင္ေတာ့ဘူး။

အဲ့ေနာက္မွာေတာ့ သူအထူးသိကၡာရွိကာ ေလးနက္တဲ့သေဘာထားနဲ႔ တင္ျပမႈကို အျပီးသတ္လုိက္ေတာ့ ပေရာ္ဖက္ဆာအုိၾကီးရဲ႕ စကားေကာင္းေတြကုိ လက္ခံရရွိကာ ေအာက္ထပ္နဲ႔ သူ႔ေဘးပတ္လည္က လူေတြရဲ႕ လက္ခုပ္ၾသဘာသံေတြက ျမိဳင္ျမိဳင္ဆုိင္ဆိုင္ထြက္ေပၚလာသည္။

…ဒီအတန္းေဖာ္ေလးက ဘာေတြေျပာသြားမွန္း သူတို႔နားမလည္ၾကေပမယ့္ အဲ့တာကအေတာ္ေလးေတာ့ အားေကာင္းပံုေပၚသည္။ ရလဒ္အေနနဲ႔ သူတို႔လည္း လူအုပ္အတုိင္းလုိက္ကာ လက္ခုပ္တီးေတာ့သည္။

ပေရာ္ဖက္ဆာဟုိ႔ရဲ႕အနည္းငယ္ေသာ ဆံပင္ေတြက ေထာင္မတ္လာဖို႔ မေစာင့္ႏုိင္ေတာ့သလိုမ်ိဳး သူ႔မ်က္လံုးေတြက မီးတိုင္လုိ ေတာက္ပလာကာ သူ႔အသံကလည္း ပိုျပီးေတာ့အမ်ားၾကီက်ယ္ေလာင္လာသည္။ သူက က်င္ရႊင္ကို စိတ္လႈပ္ရွားစြာေမးလုိက္သည္
“ မင္းကဘြဲ႕လြန္ေက်ာင္းသားလား? ဘာလို႔ ငါမင္းကို ဘြဲ႕ရတဲ့သူေတြထဲမွာ မေတြ႔ဖူးရတာလဲ?”

က်င္ရႊင္ : “…”

သူက ျပႆနာေျဖရွင္းတဲ့ေနရာမွာပဲ အာရုံစိုက္ေနခဲ့တာမို႔ သူမည္သူမည္ဝါျဖစ္ေၾကာင္းကုိ ေမ့သြားမိသည္။

“ ေတာင္းပန္ပါတယ္ ဆရာ။ ကၽြန္ေတာ္က ဒီႏွစ္မွာမွ ဂ်ဴနီယာတစ္ေယာက္ပဲျဖစ္ေသးတာပါ၊ ျပီးေတာ့ ကၽြန္ေတာ္က ကြန္ပ်ဴတာသိပၸံဌာနကလည္းမဟုတ္ပါဘူး” က်င္ရႊင္က ပေရာ္ဖက္ဆာဟုိ႔ကုိ ရွက္ရြံ႕စြာဦးညြတ္လိုက္ကာ
“ ကၽြန္ေတာ္က ဒီကုိတစ္ခ်က္ေလာက္ၾကည့္ဖုိ႔ လာခဲ့တာပါ။ ကၽြန္ေတာ္တကယ္ေတာင္းပန္ပါတယ္…”

“ဘာၾကီး?!” သူအဲ့တာေျပာလုိက္ျပီးျပီးခ်င္း ခန္းမတစ္ခုလံုးက အုတ္ေအာ္ေသာင္းတင္းျဖစ္သြားသည္။

“ သူက ငါတို႔ဌာနကမဟုတ္ဘူးလား? ဒါဆိုသူကဘယ္လုိလုပ္ အရာအားလံုးကိုေျဖရွင္းသြားႏုိင္ရတာလဲ?!”

“ သူကေသခ်ာေပါက္ ငါတို႔ဌာနကမဟုတ္ဘူး ဒီလုိေခ်ာေမာတဲ့ေက်ာင္းသားေလး…ငါတုိ႔ဌာနမွာ ဒီလိုေခ်ာတဲ့သူကုိ နင္ျမင္ဖူးလို႔လား?!”

“ သူ႔ဆံပင္ထုထည္ကုိပဲၾကည့္လိုက္ သူကငါတုိ႔ဌာနကမဟုတ္ဘူးဆိုတာ မင္းသိသြားလိမ့္မယ္ ဟားဟားဟား”
(ကြန္ျပဴတာသိပၸံက ေက်ာင္းသားေတြက ထိပ္ေျပာင္တယ္ထင္ပါရဲ႕>.<)

“ အဲ့တာက သခ်ၤာဌာနက ေက်ာင္းေကာင္စီရဲ႕ဥကၠ႒မလား ? ငါအရင္က သူနဲ႔အတူ ပြဲေတြတက္ခဲ့ဖူးတယ္။ သူက ဒီလိုမ်ိဳး အားမာန္ျပည့္ေနလိမ့္မယ္လုိ႔ ငါမထင္ထားဘူး…”

“သခ်ၤာ? အံ့ၾသစရာမဟုတ္ေတာ့ပါဘူး”

ပေရာ္ဖက္ဆာဟုိ႔က သူ႔ကုိေမးလုိက္သည္
“ မင္းက ဘြဲ႔ရေက်ာင္းသားမဟုတ္ဘူးေပါ့? မင္းကသခ်ၤာဌာနကေပါ့? …ဒါဆို မင္းခုနကအဆိုျပဳသြားတဲ့ ဒီalgorithmsအတြက္ ပရုိဂရမ္ေရးတာကို ဘယ္လိုသိတာလဲ?”

က်င္ရႊင္ : “ ကၽြန္ေတာ့္မွာ အေျခခံနည္းနည္းပါးပါးပဲရွိတာပါ။ ဒါေပမယ့္ အဲ့တာကအရမ္းခက္တယ္ ကၽြန္ေတာ္ထပ္ျပီး သင္ယူဖို႔လုိပါေသးတယ္”

သူ အမွန္အတုိင္းေျဖလုိက္တာပင္။ တကယ္လို႔မင္းက ပရိုဂရမ္ေတြအေၾကာင္း ေဆြးေႏြးခ်င္တာဆိုရင္ သူ႔စီနီယာအစ္ကုိေတြက သူ႔ထက္အမ်ားၾကီးပုိေကာင္းသည္။ က်င္ရႊင္ရဲ႕အထူးအရည္အေသြးက သူက အမ်ိဳးမ်ိဳးေသာ သခၤ်ာပံုစံငယ္ေလးေတြတည္ေဆာက္ကာ အဲ့တာေတြကုိ ပရုိဂရမ္ေတြမွာထည့္သံုးတာပင္။

ေသခ်ာတာေပါ့ က်င္ရႊင္ရဲ႕ပါးစပ္က “အေျခခံ”က လူမ်ားစြာအတြက္ ဒီနယ္ပယ္ထဲမွာေတာ့ ထိပ္တန္းအဆင့္ပင္။ အခုခ်ိန္အရ အဲ့တာကုိထုတ္ေျပာမွာမဟုတ္ဘူး။

“ အိုး ဒါဆိုမင္းက ငါတုိ႔ဘာသာရပ္မွာစိတ္ဝင္စားတာပဲ”
ပေရာ္ဖက္ဆာဟုိ႔က ဒီေက်ာင္းသားကအရမ္းကုိ ခ်ီးမြမ္းထုိက္တယ္လို႔ ေတြးလိုက္မိသည္။

သူေက်နပ္မႈအျပည့္နဲ႔ ေခါင္းညိတ္ေနရင္း
“ ဒါဆို မင္းငါ့ရဲ႕ေက်ာင္းသားျဖစ္လာဖို႔ကုိ စိတ္ဝင္စားလား?”

ဒီအဆိုျပဳမႈက ထပ္ျပီးေတာ့ အုတ္ေအာ္ေသာင္းတင္းျဖစ္သြားေစျပန္သည္။

အၾကီးအကဲဟုိ႔က ပါရဂူဘြဲ႔ရေက်ာင္းသားေတြကုိေတာင္ အမ်ားအားျဖင့္ သူ႔ေက်ာင္းသားအျဖစ္မေခၚတာကုိ မင္းသိထားရမယ္၊ ဘြဲ႔ရခါစေက်ာင္းသားေတြကိုေတာ့ ထားထားလုိက္ေတာ့ေပါ့။ လူဘယ္ေလာက္မ်ားမ်ားက သူတုိ႔ေခါင္းေတြကုိ တုိးေဝွ႕ကာ ပေရာဂ်က္ေတြမွာ သူ႔ေနာက္ကလိုက္ခ်င္ေပမယ့္လည္း သူတုိ႔က အရည္အခ်င္းမျပည့္မီၾကဘူး!

ဒါေပမယ့္ အခုသူက တကယ္ၾကီးကုိ ဘြဲ႔လြန္ဝင္ခြင့္စာေမးပြဲေတာင္ မေျဖရေသးတဲ့ ဂ်ဴနီယာေလးတစ္ေယာက္ကုိ စတင္လက္ခံေတာ့မယ္ေပါ့…ဒါ့အျပင္ သူက မတူညီတဲ့ဌာနကလည္း ျဖစ္ေနေသးတယ္…

က်ိန္းေသေပါက္ က်င္ရႊင္က ဆႏၵရွိတာေပါ့။

သူဒီေနရာကုိ ပညာေရးဆုိင္ရာရည္ရြယ္ခ်က္နဲ႔လာတာ အမွန္ပဲေလ။ လာရင္းနဲ႔လည္း သူအလုပ္အခ်ိဳ႕ရွာခ်င္တယ္ဆိုတာလည္း အမွန္ပဲ။

က်င္ရႊင္က ပုိက္ဆံရွာရမယ့္ကိစၥကိုလည္း မေမ့သလို အၾကီးအကဲဟုိ႔က ဘယ္ေလာက္ေတာင္ လႊမ္းမိုးႏုိင္တယ္ဆုိတဲ့ေကာလဟာလေတြကုိလည္း သူလ်စ္လ်ဴမရႈႏုိင္ဘူး။

အဲ့တာေၾကာင့္ သူကရုိးသားစြာေခါင္းညိတ္လုိက္သည္။
“ ဟုတ္ကဲ့”

လူတုိင္း: …
ေက်ာင္းသားေလး မင္းကအရမ္းတဲ့တုိးေျဖတတ္တာပဲ…

သို႔ေပမယ့္ ပေရာ္ဖက္ဆာဟုိ႔က သိသာစြာပဲ တကယ္ကုိစိတ္ထဲမထားေလဘူး။ သူကက်င္ရႊင္ထက္ေတာင္ ပိုစိတ္လႈပ္ရွားေနေသးကာ ခ်က္ခ်င္းပဲ က်င္ရႊင္အတြက္အစီအစဥ္ခ်ေပးေတာ့သည္
“မင္းက အခုမွ ဂ်ဴနီယာပဲရွိေသးတာဆိုေတာ့ အလ်င္လိုစရာမလိုပါဘူး။ ကၽြမ္းက်င္အဆင့္ႏုိင္ငံတကာ ဘြဲ႔လြန္ဝင္ခြင့္စာေမးပြဲအတြက္ဆို မင္းရဲ႕အေျခခံက လံုလံုေလာက္ေလာက္ျပည့္မီေနပါျပီ၊ ျပီးေတာ့ ငါတို႔က ငါတို႔ေက်ာင္းသားေတြကုိ ဦးစားေပးမွာပါ အဲ့တာေၾကာင့္မို႔ စိတ္မပူပါနဲ႔”

အျခားသူမ်ား : “…”
ပေရာ္ဖက္ဆာေရ ဒီလိုမ်ိဳးေျပာျပလို႔မရတဲ့စည္းမ်ဥ္းေတြကုိ တိုက္ရုိက္ပဲေျပာခ်လိုက္တာ ခင္ဗ်ားအတြက္ေရာ တကယ္အဆင္ေျပရဲ႕လား?

က်င္ရႊင္က အနည္းငယ္ရွက္ရြံ႕စြာရယ္လုိက္ျပီး
“ေက်းဇူးပါ ပေရာ္ဖက္ဆာ”

ပေရာ္ဖက္ဆာဟို႔က သူ႔ကိုအျခားအၾကံဥာဏ္ေတြထပ္ေပးကာ ဘာကိစၥပဲရွိရွိ သူ႔ကုိရုံးခန္းမွာလာရွာဖို႔လည္း အထူးတလည္ခြင့္ျပဳေပးခဲ့သည္။ ခန္းမထဲမွာ လူေတြပိုပိုျပီးမ်ားလာတာကို ျမင္လုိက္ရျပီး ရိေဝ့ကလူေတြလည္း ေရာက္လာပံုရတာေၾကာင့္ သူကတစ္ဖက္လွည့္သြားျပီး က်င္ရႊင္နဲ႔စကားဝိုင္းကို လက္စသတ္လိုက္သည္။

အလုပ္ေဆြးေႏြးပြဲက မၾကာခင္စေတာ့မွာပင္။ ရိေဝ့နည္းပညာရဲ႕ ေက်ာင္းတြင္းလူသစ္စုေဆာင္းဖို႔ တာဝန္ရွိသူေတြကလည္း ေနရာမွာေရာက္ႏွင့္ေနၾကျပီ။ က်င္ရႊင္က ပေရာ္ဖက္ဆာအိုၾကီးကို ႏႈတ္ဆက္စကားေျပာကာ အေနာက္ဘက္က သူ႔အခန္းေဖာ္ေတြရဲ႕ေနရာကုိ ရွာေတြ႔သြားသည္။

သူ စင္ျမင့္ကေနျဖတ္သြားေတာ့ အလိုအေလ်ာက္ ဦးတည္ရာတစ္ခုကုိၾကည့္လုိက္မိေတာ့ အဲ့ေနရာမွာ ဝတ္စံုျပည့္ဝတ္ထားတဲ့ လူငယ္ေတာ္ေတာ္မ်ားမ်ားထုိင္ေနၾကသည္။

ဒီလူအနည္းငယ္က ငယ္ရြယ္ပံုသာမကဘဲ သူတုိ႔အားလံုးက အရည္အခ်င္းျပည့္ဝကာ အထူးသျဖင့္ ကေလးဆန္တဲ့ေက်ာင္းသားေတြအုပ္စုၾကားထဲမွာ မ်က္စိဖမ္းစားဖြယ္ျဖစ္ေနၾကသည္။

ဒါေပမယ့္ သိသာစြာပဲ လူအမ်ားအျပားက အဲ့ၾကီးၾကပ္သူေတြကုိ သတိထားမိၾကေပမယ့္ လူအမ်ားစုရဲ႕စိတ္ဝင္စားမႈကေတာ့ က်င္ရႊင္ေပၚမွာရွိေနတုန္းပင္။

ထန္းက်င္းယြမ္က သူ႔ကိုေလးစားတဲ့အသံျဖင့္
“ ရႊင္ရႊင္မင္းကတကယ္ကုိ အံ့အားသင့္ဖို႔ေကာင္းတာပဲ အဲ့တာကပေရာ္ဖက္ဆာဟို႔ေလ!”

ယန္ရိကလည္း ၾကားဝင္ေျပာသည္
“ဟုတ္တယ္၊ မင္းေနာက္ဘာဆက္လုပ္မလဲဆုိတာကို ငါတုိ႔ကစိုးရိမ္ေနၾကတာ။ ဒါေပမယ့္ မင္းကတုိက္ရိုက္ပဲ ပေရာ္ဖက္ဆာရဲ႕ အလုပ္ခန္႔အပ္တာကို ခံလိုက္ရတယ္”
ေလသံထဲမွာ က်င္ရႊင္ကို ေလးစားမႈေတြျပည့္ႏွက္ေနသည္။

ယန္က်င္ရႊင္နဲ႔စပ္လ်ဥ္းျပီးေျပာရရင္ သူ႔မွာအေစာကတည္းက အရည္အခ်င္းအခ်ိဳ႕ရွိျပီးသားျဖစ္တာေၾကာင့္ ထန္းက်င္းယြမ္နဲ႔ယန္ရိက အံ့ၾသသြားၾကေပမယ့္ အရမ္းၾကီးေတာ့မဟုတ္ဘူး။

မူလကုိယ္က အျမဲတမ္း အမ်ိဳးမ်ိဳးေသာ အခ်ိန္ပုိင္းအလုပ္ေတြနဲ႔ ပိေနတာေၾကာင့္ သူ႔ကသူ႔အခန္းေဖာ္ေတြနဲ႔ တူတူဝင္ထြက္ခဲသည္။ သူက စိတ္ထဲမွာထားရတာၾကိဳက္တဲ့သူ တစ္ေယာက္လည္းျဖစ္တာေၾကာင့္ အျခားလူေတြနဲ႔အဆက္အဆံသိပ္မရွိဘဲ သူနဲ႔အခန္းေဖာ္ေတြၾကားက ဆက္ဆံေရးကလည္း သူနဲ႔ဆန္ကုန္ေျမေလးgongနဲ႔ သိကၽြမ္းျပီးေနာက္မွာ ပုိလို႔ေတာင္ခပ္တန္းတန္းျဖစ္သြားေတာ့သည္။

ဒီအေၾကာင္းျပခ်က္ေအာက္မွာ က်င္ရႊင္က အစြမ္းအစအနည္းငယ္ထုတ္ျပႏုိင္ျပီး သူ႔ဝန္းက်င္က လူေတြက သူ႔ကုိသံသယျဖစ္ၾကမွာမဟုတ္ဘူး။

က်င္ရႊင္က သူ႔အခန္းေဖာ္ေတြကုိျပံဳးျပကာ သူတို႔ကိုအားေပးလုိက္သည္
“ တစ္ႏွစ္က်န္ပါေသးတယ္။ မင္းတုိ႔ရဲ႕အစီအစဥ္ေတြအေၾကာင္းစဥ္းစားျပီး တူတူၾကိဳးစားၾကတာေပါ့”

“ ဟုတ္တယ္ ေျပာတာက လုပ္တာထက္လြယ္တယ္” သင္ၾကားမႈ ဆန္ကုန္ေျမေလးယန္ရိက ေျပာလိုက္သည္။

ယန္ရိက ေက်ာင္းမွာသံုးႏွစ္လံုးလံုး ေန႔တုိင္းဂိမ္းေဆာ့တာနဲ႔ အခ်ိန္ျဖဳန္းေနတဲ့သူမ်ိဳးပင္ သူက အတန္းထဲကုိသြားခဲသည္။

အဲ့တာေၾကာင့္မုိ႔ ဘြဲ႕ရခါနီးအလုပ္ရွာခ်ိန္ေရာက္ေတာ့ သူကမတတ္ႏုိင္ဘဲ အေလးအနက္ျဖစ္လာရသည္။

ဘာေၾကာင့္မွန္းေတာ့ သူမသိဘူး…ယန္က်င္ရႊင္က အခုေလးတင္ျပလိုက္တဲ့ စြမ္းေဆာင္မႈက အေတာ္ခန္႔ညားတာေၾကာင့္ျဖစ္ႏုိင္သည္ သူအခုယန္က်င္ရႊင္က အရမ္းအံ့ၾသဖြယ္ေကာင္းတာပဲလို႔ ေတြးေနမိသည္။ ဒီလိုအခန္းေဖာ္ေနာက္ကိုလုိက္ရင္ ေနာက္ႏွစ္က သူတုိ႔အတြက္ အရာရာကုိ ျပဳျပင္ေျပာင္းလဲဖို႔ တကယ္ကိုလံုေလာက္သည္။

ထန္းက်င္းယြမ္က ယန္ရိထက္အနည္းငယ္ပုိေကာင္းေသးသည္ သူက သူ႔ရဲ႕မွီခိုမႈကုိ ေျဗာင္ပဲေဖာ္ျပလာသည္။ သူက က်င္ရႊင္ကုိ တုိက္ရိုက္ပဲ တိရစာၦန္ေလးတစ္ေကာင္လိုမ်ိဳး ကုတ္လိုက္ကာ
“ ရႊင္ရႊင္ ငါတုိ႔ကုိဘာလို႔ ပရိုဂရမ္ေရးနည္း မသင္ေပးတာလဲ။ ငါ မင္းနဲ႔အတူတူအခ်ိန္ျဖဳန္းေပးမယ္ေလ”

က်င္ရႊင္က သူတုိ႔ေၾကာင့္ရယ္မိသြားသည္။ သူကမသိမသာမ်က္ခံုးပင့္လိုက္တာက အလြန္ကုိဆြဲေဆာင္မႈရွိေနသည္။

ဒီေနရာက ငယ္ရြယ္မႈကိုယူေဆာင္ေပးလို႔ထင္သည္ ေက်ာင္းဝင္းတစ္ခုလံုးက အလြန္ကို တက္ၾကြေနၾကသည္။
အလုပ္ေဆြးေႏြးပြဲက ျပီးခါနီးမွာ ေက်ာင္းသားအုပ္လုိက္ၾကီးက တစ္စုျပီးတစ္စုထြက္ခြာသြားၾကသည္။ က်င္ရႊင္ကလည္း လူအုပ္ေနာက္လိုက္ကာ ခန္းမအျပင္ဘက္ကို ေျဖးေျဖးခ်င္းေရြ႕သြားလုိက္သည္။

အစကေတာ့ က်င္ရႊင္က သူ႔အခန္းေဖာ္ေတြနဲ႔ စေနာက္ေနတာပင္။

သို႔ေသာ္ျငား သူအျပင္ကုိထြက္လုိက္ခ်င္းမွာပဲ က်င္ရႊင္ ရုတ္တရပ္ သူ႔ေခါင္းကိုေမာ့လိုက္မိရာ…သူ႔အမူအရာက ခ်က္ခ်င္းေအးခဲသြားေတာ့သည္။

ခန္းမအျပင္ဘက္ကစၾကၤ ံက ထိန္လင္းေနကာ ခန္းမရဲ႕မ်က္ႏွာခ်င္းဆိုင္က တံခါးကက်ယ္က်ယ္ဖြင့္ထားသည္။

အဲ့တာေၾကာင့္မို႔ က်င္ရႊင္က အလြန္ရွင္းလင္းစြာကုိ ျမင္လုိက္ရသည္။ မ်က္ႏွာခ်င္းဆုိင္က မတ္တပ္ရပ္ေနၾကတဲ့လူေတြၾကားမွာ ပုဂၢိဳလ္တစ္ဦးက…ၾကည့္ရတာ ရင္းႏွီးေနပံုပဲ?

သူအမွတ္မွားတာလားေတာ့ သူမသိဘူး။

ဒါေပမယ့္ အဲ့ေနရာမွာရပ္ေနတဲ့ အရပ္ရွည္၊ ပိန္သြယ္၊ ေျခတံရွည္လူၾကီးက မေန႔ညက သူအိပ္မက္္မက္ခဲ့တဲ့သူနဲ႔ တူသည္…ဒါမွမဟုတ္ ဟုိတစ္ေန႔ညက one-night standလို႔ပဲ သူေျပာသင့္လား?!

မျဖစ္ႏုိင္ပါဘူး ဟုတ္တယ္မလား?

သူက ဘာလို႔ေက်ာင္းမွာရွိေနတာလဲ?

က်င္ရႊင္ရဲ႕ သံသယမ်က္ဝန္းေတြက အဲ့ဦးတည္ရာကုိတစ္ဖန္ထပ္ၾကည့္မိျပန္သည္။

တစ္ခ်က္ၾကည့္ရုံေလးနဲ႔တင္ သူ႔ရဲ႕ၾကည္လင္တဲ့မ်က္ဝန္းေတြက ခ်က္ခ်င္းေအးခဲသြားသည္။
…ေသာက္က်ိဳးနည္း တကယ္ၾကီးသူပဲဟ!

ဝတ္စံုျပည့္ဝတ္ကာ သားေရဖိနပ္စီးထားတဲ့ အဲ့လူက ေတာက္ပေနတဲ့ေနရာမွာ မတ္တပ္ရပ္ေနကာ ထိုညကထက္ ပုိျပီးၾကည့္ေကာင္းပံုေပၚသည္။

သူက…ပုိျပီးလည္း ခံ့ညားထည္ဝါပံုေပၚသည္။

သူက တည္ၾကည္စြာနဲ႔မတ္မတ္ရပ္ေနကာ ေဘာင္းဘီအိတ္ကပ္ထဲလက္ထည့္ထားျပီး သူ႔ေဘးကလူေတြေျပာတာကို အာရုံစိုက္ကာနားေထာင္ေနသည္။

သူက လူအမ်ားစုထက္ပုိရွည္တာေၾကာင့္ ဒီဆူညံေနတဲ့ပတ္ဝန္းက်င္မွာ အျခားသူေတြေျပာတာနားေထာင္တဲ့အခ်ိန္ သူ႔ေခါင္းကိုအနည္းငယ္ကုိင္းေပးေနရသည္။

ဒီဘက္ျခမ္းကေန ၾကည့္မယ္ဆိုရင္ သူ႔မ်က္ႏွာက ေကြးကာရင့္က်က္ပံုေပၚျပီး သူ႔ႏႈတ္ခမ္းေတြက အနည္းငယ္တင္းတင္းေစ့ထားပံုေပၚသည္။ အထက္ပုိင္းေနရာမွာရွိတဲ့သူေတြသာ ပိုင္ဆိုင္ႏုိင္တဲ့ တည္ၾကည္ေလးနက္မႈနဲ႔ ဟိတ္ဟန္အမူအရာတုိ႔ရွိေနသည္။

က်င္ရႊင္ လွမ္းၾကည့္ေနတုန္း တစ္ဖက္လူက တစ္ခုခုကိုသတိျပဳမိသည္ထင္ပါရဲ႕၊ ရုတ္ျခည္း သူ႔ေခါင္းကုိေမာ့ကာ က်င္ရႊင္ရွိတဲ့ဦးတည္ရာကို ၾကည့္လာသည္။

ျပီးျပည့္စံုတဲ့ မက္မြန္ပြင့္သ႑ာန္မ်က္ဝန္းတစ္စံုက ခ်က္ခ်င္းက်ဥ္းေျမာင္းသြားေတာ့သည္။ လူၾကီးရဲ႕အမူအရာက မေျပာင္းမလဲဘဲ ေအးစက္စြာရွိေနတုန္းပင္။

…အဲ့ေန႔က ဒီလူမွာ ရမၼက္လွ်မ္းေနတဲ့ မက္မြန္ပြင့္သ႑ာန္မ်က္ဝန္းတစ္စံုရွိမွန္းေတာင္ က်င္ရႊင္သတိမျပဳမိခဲ့ဘူး။

အခုေတာ့ အဲ့မ်က္ဝန္းေတြက သူရွိတဲ့ေနရာကို တည့္တည့္မတ္မတ္ေငးစိုက္ၾကည့္ေနသည္။

တကယ္တမ္းေတာ့ တစ္ဖက္လူကုိ သတိျပဳမိတာ က်င္ရႊင္တစ္ဦးတည္းမဟုတ္ဘူး။ ခန္းမထဲကေန ထြက္လာျပီး သူ႔ကုိျဖတ္ေက်ာ္သြားၾကတဲ့ ေက်ာင္းသားအားလံုးက မလြဲဧကန္ သူ႔ကုိအၾကိမ္အနည္းငယ္ေလာက္ပိုၾကည့္သြားၾကသည္။

ဒီပုဂၢိဳလ္ရဲ႕အသြင္အျပင္က အရမ္းကုိထင္ရွားေနကာ သူ႔အရွိန္အဝါကလည္း ျပင္းလွသည္။ အဝတ္အစားေတြျဖစ္ေစ အသြင္အျပင္ျဖစ္ေစ လ်စ္လ်ဴရႈဖို႔ခက္လွသည္။

ဒါေပမယ့္ လူအုပ္ၾကားထဲက အဲ့ေနရာမွာ ရပ္ေနတဲ့ထိုလူကေတာ့ အျခားသူေတြရဲ႕အၾကည့္ကုိ လံုးဝဂရုမထားပံုေပၚသည္။

သူက က်င္ရႊင္ကုိေတြ႔သြားျပီးကတည္းက သူ႔အၾကည့္က ပိန္သြယ္တဲ့လူငယ္ေလးေပၚမွာပဲ က်ေရာက္ေနေတာ့သည္။

ရွန္ရိက်င္းက တစ္ခ်ိန္လံုး တံခါးအျပင္ဘက္မွာမတ္တပ္ရပ္ေနခဲ့တာျဖစ္သည္။

“ ပေရာ္ဖက္ဆာဟုိ႔က ေက်ာင္းသားေတြနဲ႔ေဆြးေႏြးစရာ တစ္ခုခုရွိေနတယ္ထင္တယ္။ ေက်းဇူးျပဳျပီး နည္းနည္းေလာက္ထပ္ေစာင့္ေပးပါဦး”
အခုခ်ိန္ထိ သူ႔ကိုအေဖာ္ျပဳေပးေနဆဲျဖစ္သည့္ ေက်ာင္းအုပ္ေကာင္းက ေျပာလုိက္သည္။

ေက်ာင္းသားေတြက ပုိပိုျပီးထြက္လာၾကတာကုိျမင္ေတာ့ ေက်ာင္းအုပ္ေကာင္းက တီးတိုးေျပာလုိက္သည္
“ ၾကည့္ေလ၊ ေက်ာင္းသားအားလံုးထြက္လာၾကျပီ။ အခုခ်ိန္မွာ ေက်ာင္းသားေတြအမ်ားၾကီးထြက္လာေနၾကတာဆုိေတာ့ Mr.ရွန္ ခင္ဗ်ား ရုံးခန္းထဲကုိအရင္ျပန္ထုိင္ျပီး လက္ဖက္ရည္ေသာက္…”

“ ကၽြန္ေတာ္ေတာင္းပန္ပါတယ္ ေက်ာင္းအုပ္ေကာင္း၊ ေက်းဇူးျပဳျပီးခဏေလာက္ေစာင့္ေပးပါေနာ္”  ရွန္ရိက်င္းက ရုတ္တရပ္ေျပာလာသည္။

အဲ့ေနာက္ အျခားသူေတြ ျပန္မတံု႔ျပန္ႏုိင္ေသးခင္မွာပဲ သူကလူတုိင္းရဲ႕အၾကည့္ေတြေအာက္မွာတင္ ေရွ႕ကုိတစ္လွမ္းျပီးတစ္လွမ္းေလွ်ာက္သြားျပီျဖစ္သည္။

ဘြန္း ဘြန္း ဘြန္း

သူ႔ပတ္လည္မွာ ပရမ္းပတာျဖစ္ေနၾကျပီး သူ႔ေျခသံကလြဲ ဘာအသံမွမၾကားရေတာ့ေပ။ သုိ႔ေပမယ့္ တစ္ဖက္လူရဲ႕ေျခလွမ္းေတြက တိက်တယ္လို႔ က်င္ရႊင္ခံစားရကာ  သူေျခလွမ္းတစ္လွမ္းလွမ္းလိုက္တိုင္း သူ႔ကုိယ္ပုိင္အသည္းညွာေပၚမွာ နင္းလုိက္သလိုပင္။

က်င္ရႊင္ရဲ႕ေက်ာက အလိုအေလ်ာက္ မတ္သြားသည္။

ဒီအခုိက္အတန္႔မွာ သူ႔ရင္ဘတ္ထဲ ေထာင္ခ်ီတဲ့ျမင္းေတြ ဒုန္းဆိုင္းေျပးေနသလိုပင္။ အထူးသျဖင့္ မေန႔ညက သူ ဒီလူကုိအိပ္မက္ မက္ခဲ့တာ…အဲ့အိပ္မက္က သူ႔စိတ္ထဲမွာ ကြက္ကြက္ကြင္းကြင္း စြဲက်န္ေနတုန္းပင္။ ဒီအခ်ိန္မွာ သူရုတ္တရပ္ၾကီး လူအစစ္ကုိျမင္လုိက္ရေတာ့ သူတစ္ခုခုအမွားလုပ္ခဲ့တာကို လူမိခံလုိက္ရသလိုမ်ိဳး က်င္ရႊင္ခံစားေနရသည္။

ဒီေတာ့ …ဒီေတာ့…
ဘာေတြျဖစ္ေနတာလဲ?

အဲ့ေန႔ညက သူတုိ႔အတူတူရွိေနခဲ့ၾကတဲ့ အေျခအေနအားလံုးကုိ စဥ္းစားၾကည့္ရင္…အဲ့လူက ေက်ာင္းမွာရွိေနေသးတဲ့ တစ္စံုတစ္ေယာက္လို႔ သူမခံစားရဘူး။

သူ႔မွတ္ဥာဏ္အရဆိုရင္ တစ္ေနရာမွာ ရပ္ေနတဲ့လူေတြကထဲက တစ္ေယာက္က ေက်ာင္းရဲ႕ေက်ာင္းအုပ္ၾကီးမွန္း က်င္ရႊင္သိသည္။ ဒါေပမယ့္ အကြာအေဝးက ေဝးလြန္းတာေၾကာင့္ သူတို႔ခုနကဘာေတြေျပာေနမွန္း သူမၾကားရဘူး။

သူက ဆရာတစ္ေယာက္လား? ဒါမွမဟုတ္ သူ႔မွာအျခား ရာထူးမ်ားရွိေနတာလား?

က်င္ရႊင္ရဲ႕အေတြးေတြက အရုိင္းဆန္စြာလြင့္ေမ်ာေနသည္။
မတိုင္ခင္အထိေပါ့--

“ဟယ္လို” အဲ့လူက သူ႔ေရွ႕မွာ မတ္တပ္ရပ္ေနသည္။

က်င္ရႊင္ : “……”

Mr.ေျခတံရွည္က …သူ႔ေရွ႕မွာရပ္ေနတယ္..မီတာဝက္ေတာင္မကြာတဲ့ေနရာမွာေလ။

အဲ့မ်က္ဝန္းတစ္စံုက အနည္းငယ္နိမ့္ဆင္းေနကာ မ်က္ခြံေတြကလည္း သူ႔ကုိၾကည့္ေကာင္းေစတယ္လို႔ ထင္ရတဲ့အဆင့္တစ္ခုေရာက္ေနျပီျဖစ္ကာ အဲ့မ်က္ဝန္းတစ္စံုက သူ႔ကုိမ်က္ေတာင္မခတ္တမ္း စိုက္ၾကည့္ေနသည္။

ျပီးေတာ့…
ႏွစ္ရက္ၾကာျပီးတာေတာင္ အဲ့လူရဲ႕အၾကည့္က သူ႔ကုိယ္ထဲလွ်ပ္စစ္စီးသြားသလို ခံစားခ်က္မ်ိဳးကို ေပးစြမ္းႏုိင္ေနတုန္းပင္။ ဘာေတြျဖစ္သြားတာလဲ?!

က်င္ရႊင္က သူ႔အသံကုိျပန္ရဖို႔ ၾကိဳးစားလုိက္ကာ
“ ဟယ္လို”

မ်က္ႏွာခ်င္းဆိုင္က လူက သူ႔ထက္ပိုျပီးတည္ျငိမ္ပံုေပၚသည္။

အနည္းဆံုးေတာ့ အဲ့လိုျမင္ေနရတာပဲေလ။ အဆံုးမွာေတာ့ ဒီလူက တစ္ခါမွ ခံစားခ်က္ကို ထိထိမိမိမျပဖူးဘူးေလ။

သူက သူ႔ေမးေစ့ကုိ အနည္းငယ္မလိုက္ကာ ေမးခြန္းထုတ္ေနတဲ့ေလသံနဲ႔ ေျပာလာသည္
“ အဆင္ေျပရဲ႕လား? စကားေျပာၾကရေအာင္”

…အာ?

“ အဆင္ေျပပါတယ္” က်င္ရႊင္က ေတာင့္တင္းစြာေခါင္းညိတ္ျပကာ အဲ့စကားကုိပဲေျပာႏုိင္ေလသည္။
..
မေရမတြက္ႏုိင္တဲ့လူေတြရဲ႕ေရွာ့ခ္ရကာ စိတ္ရႈပ္ေထြးေနတဲ့အၾကည့္ေတြေအာက္မွာ သူ အဲ့လူရဲ႕ေနာက္ကေန ဘယ္လုိလုိက္ျပီး ခန္းမအျပင္ဘက္ေရာက္လာမွန္း က်င္ရႊင္မသိေတာ့ဘူး။

ဘယ္လိုပဲျဖစ္ျဖစ္ သူအဲ့လူရဲ႕ေရွ႕မွာရပ္ေနတဲ့အခ်ိန္ သူ႔ရဲ႕လ်င္ျမန္တဲ့ဦးေႏွာက္က လုပ္ေဆာင္ခ်က္ခ်ိဳ႕ယြင္းသြားကာ မသိရင္ အခုထိေဆးစြဲေနေသးတဲ့အတုိင္းပင္။

ညေနခင္းေနမင္းၾကီးက အေနာက္အရပ္ကို ျဖည္းျဖည္းခ်င္းဝင္သြားျပီး ေနရဲ႕နီရဲေနတဲ့ အေပၚဘက္ျခမ္းက ေကာင္းကင္ၾကီးတစ္ခုလံုးကုိ မီးရႈိ႕ထားသလိုပင္။

သူ႔မ်က္ႏွာကလည္းပဲ နီရဲေလာင္ကၽြမ္းေနျပီဆိုတာကုိ က်င္ရႊင္ခံစားမိသည္။

သူလက္ေျမွာက္ကာ မ်က္ႏွာကိုထိခ်င္ေပမယ့္ တစ္ဖက္လူရဲ႕အၾကည့္ေအာက္မွာ သူအဲ့တာကိုထိလိုက္ရင္ သူရွက္ေသြးျဖာေနတာက ပိုသိသာသြားျပီး တစ္ဖက္လူရဲ႕အာရုံကိုဆြဲေဆာင္သြားမွာကုိ သူေၾကာက္ေနမိသည္။

အဲ့တာကမေကာင္းဘူး

သူတုိ႔က တူတူအိပ္ခဲ့ရုံပဲေလ! အိပ္မက္တစ္ခုပါ ထပ္ေပါင္းျပီးေတာ့ေပါ့

အဲ့ညက အဲ့တာကုိ လုပ္တုန္းက မင္းလံုးဝမရွက္ခဲ့ဘူးေလ။ အခုသူ႔ကုိမ်က္ႏွာခ်င္းဆိုင္ရုံေလးနဲ႔ မင္းကဘာလို႔ ေၾကာင္ေတာင္ေတာင္ျဖစ္ေနရတာလဲ? က်င္ရႊင္ေရ မင္းကေတာ့ေသာက္က်ိဳးနည္းပဲ!

သူ႔ကုိထိတ္ထိတ္ပ်ာပ်ာျဖစ္ေအာင္ သူ႔ေခါင္းထဲမွာ သူ႔ကိုလႈပ္ရမ္းေနတဲ့နတ္ဆိုးတစ္ေကာင္ရွိပံုေပၚျပီး ေနာက္ဆံုးမွာေတာ့ က်င္ရႊင္က အနည္းငယ္ပံုမွန္ျပန္ျဖစ္လာသည္။

သူ႔မ်က္လံုးကိုေမာ့ဖို႔ သတၱိစုလိုက္သည္။ အရပ္ကြာျခားခ်က္က သူ႔ေရွ႕ကလူကုိ ၾကည့္ဖုိ႔ရန္အတြက္ သူအနည္းငယ္ေခါင္းေမာ့ထားဖို႔လိုသည္။ သူအလိုအေလ်ာက္ေမးမိသြားသည္
“ Mr. ခင္ဗ်ား ဘာအေၾကာင္းေျပာခ်င္လို႔လဲ?”

သူေျပာထြက္သြားျပီးေနာက္ က်င္ရႊင္သူ႔ကုိယ္သူေျပာလိုက္သည္။

ဘုရားေရ

ဘာပဲျဖစ္ျဖစ္ တစ္ဖက္လူက သူ႔ကုိကူညီေပးခဲ့တာေလ။ ဒီလိုအေျခအေနမ်ိဳးမွာ အနည္းဆံုးေတာ့ သူရုိးရွင္းျပီးယဥ္ေက်းတဲ့တစ္စံုတစ္ခုကုိ ေျပာသင့္တာေလ။ ဥပမာ
“ တုိက္ဆိုင္လိုက္တာေနာ္၊ ခင္ဗ်ား ဒီကုိဘာလို႔ေရာက္ေနတာလဲ” ေပါ့။

တစ္ေယာက္နဲ႔တစ္ေယာက္ေတြ႔တာက မထင္မွတ္ထားတာျဖစ္ေသာ္ျငားလည္း က်င္ရႊင္က အမွန္တကယ္ အနည္းငယ္ခပ္စိမ္းစိမ္းေျပာလိုက္မိသည္။

ဒါေပမယ့္ အခုသူအရမ္းေအးစက္ျပီး အၾကင္နာမဲ့သလိုမ်ိဳးမ်ား ျဖစ္သြားလား?…

ကံေကာင္းစြာနဲ႔ တစ္ဖက္လူကလည္း အဲ့တာကုိဂရုစိုက္မေနဘူး။

လိုရင္းတုိရွင္းအေၾကာင္းေျပာရမယ္ဆိုရင္ Mr.ေျခတံရွည္က သူ႔ထက္ေတာင္ပိုေကာင္းပံုပင္။

တစ္ဖက္လူက တည့္တည့္ပဲေျပာလာသည္
“ ကုိယ္ မင္းကုိလက္ထပ္မယ့္အေၾကာင္းေျပာခ်င္လို႔”

……!

ေကာင္းျပီ က်င္ရႊင္ စိတ္သက္ရာရစြာ သက္ျပင္းခ်လိုက္သည္ : အဆံုးမွာေတာ့ သူယဥ္ေက်းေနစရာမလိုပါဘူး၊ ဒီလူက သူ႔ထက္ေတာင္ပုိျပီးတုိက္ရိုက္က်ေသး…?

?
??

တစ္စကၠန္႔ၾကာျပီးေနာက္ က်င္ရႊင္ရဲ႕မ်က္လံုးေတြျပဴးက်ယ္သြားကာ : ? ? ?

***
စာေရးဆရာမွာ ေျပာစရာရွိတယ္:

က်င္ရႊင္ : ခင္ဗ်ား ဘာအေၾကာင္းေျပာခ်င္တာလဲ?

ရွန္ရိက်င္း : အခ်စ္အေၾကာင္းေျပာမို႔ေလ။

ဘဲႀကီးရဲ႕ မက္မြန္ပြင့္သ႑ာန္မ်က္လုံးပုံပါတဲ့ ေနာက္ပိုင္းမွာလည္းအဲ့မ်က္လုံးက ခဏခဏ ပါလာဦးမွာပါ💛
............................❤

//Unicode//

ပြခန်းထဲမှာ ဖော်မြူလာက တစ်ကြောင်းချင်းစီစာရင်းပြုခံထားရပြီး ကျင်ရွှင်ရဲ့လက်ရေးက သေသပ်ကာလှပလို့နေသည်။

တစ်ချက်ကြည့်ရုံနဲ့တင် အဲ့တာက စံထားရတဲ့လက်ရေးနဲ့တူကာ သူကမရေးခင် စဉ်းစားဖို့တောင်မလိုဘဲ ချောချောမွေ့မွေ့ရေးနေသည်။

ဒါပေမယ့် တကယ်တမ်းတော့ ကျင်ရွှင်ရေးလိုက်တာတွေက လက်ရှိလူတွေကို ထပ်မံရှော့ခ်ရသွားစေပြန်သည်။

အစမှာတုန်းက ကျင်ရွှင်က အလိုအလျောက် အချို့အဆင့်အနည်းငယ်ကို ချန်ထားခဲ့တာကြောင့် အဲ့တာကအတော်လေးရိုးရှင်းကာ နားလည်လွယ်သည်။

နောက်ပိုင်း သူရေးတာတွေက  ပိုပိုပြီးရှုပ်ထွေးကာလေးနက်လာသည် ဖော်မြူလာကိုကြည့်ရင်းနဲ့ ရိုးရှင်းတဲ့ဖြစ်စဉ်ကို လူအများအပြားက နားလည်ဖို့အတွက်ခက်ခဲလာသည်။

ထန်းကျင်းယွမ်က မနေနိုင်တော့ဘဲ သူ့ခေါင်းရဲ့နောက်ဘက်ကို ထိကိုင်ကာ
“ ဘာတွေဖြစ်သွားတာလဲ? ငါအစကတော့ နားလည်သေးတယ် ဒါပေမယ့် တတိယမြောက်စာကြောင်းကနေ ငါဘာမှမသိတော့ဘူး…”

ယန်ရိကလည်းပဲ ပြောစရာစကားမဲ့နေသည်။
“ ဒါဆို မင်းကမှငါ့ထက်ပိုကောင်းသေးတယ်။ ငါကဒုတိယမြောက်စာကြောင်းကနေ နားမလည်တော့တာ”

သူတို့နှစ်ဦးနဲ့တူညီစွာခံစားနေရတဲ့ လူအများကြီးရှိလေသည်။ နောက်ပိုင်းမှာ သူ့အတွေးအခေါ်တွေကို ဆက်ထိန်းထားနိုင်တဲ့ ပရော်ဖက်ဆာဟို့ကလွဲလို့ သင်္ချာဘာသာရပ်မှာ ကျွမ်းကျင်တဲ့သူတွေတောင်မှ သူ့အတွေးအခေါ်တွေကို လိုက်မနိုင်တော့ဘူး။

သိပ်မကြာခင်မှာပဲ ကျင်ရွှင်က ဖော်မြူလာအားလုံးကို ရေးလို့ပြီးသွားခဲ့ပြီ။

သူ ပြန်စစ်လိုက်ပြီး ဘာပြဿနာမှမရှိတော့ဘူးလို့ ခံစားရပြီး သူ့အတွေးတွေအားလုံးကို ပြီးပြည့်စုံစွာဖော်ပြလို့ပြီးခဲ့ပြီ။ အဲ့နောက် ကျင်ရွှင်က အခြားသူတွေကိုပြလိုက်ကာ
“ ဒါက ယေဘုယျဖြစ်စဉ်ပါ။ ဒီပုံစံငယ်ကို ဒီalgorithmမှာ သုံးလို့ရနိုင်ပါတယ်”

သွယ်လျတဲ့လက်ချောင်းလေးတွေက နို့နှစ်ဖြူရောင် ပလတ်စတစ်မင်တံကို ကိုင်ထားကာ ကျင်ရွှင်ရဲ့နှုတ်ခမ်းတွေက အနည်းငယ်ကွေးတက်နေပြီး သူ့မျက်ခုံးတွေကလည်း ညင်သာပြေပြစ်နေကာ မောက်မှုဝင့်ကြွားမှုမရှိဘဲ ယုံကြည်ချက်ပြည့်လို့နေသည်။

အစတုန်းက သူ့နှလုံးသားထဲမှာပဲ ပုံစံငယ်ကို တွေးကြည့်နေခဲ့ပေမယ့် သူမင်တံကို ကောက်ကိုင်လိုက်တဲ့အချိန်မှာပဲ ကျင်ရွှင်ရဲ့အတွေးတွေက လုံးဝကို ထွက်ပေါ်လာသည်။

ဒီခေါင်းစဉ်က တကယ်ကိုပဲ သူ့ရဲ့စိတ်ဝင်စားမှုကို နှိုးဆော်ပေးနိုင်သည်။ ကျင်ရွှင်လိုလူတွေအတွက်ကတော့ သူရဲ့စိတ်ဝင်စားမှုထွက်ပေါ်လာပြီဆိုတာနဲ့ ဘယ်အရာကမှ မတားဆီးနိုင်တော့ဘူး။

အဲ့နောက်မှာတော့ သူအထူးသိက္ခာရှိကာ လေးနက်တဲ့သဘောထားနဲ့ တင်ပြမှုကို အပြီးသတ်လိုက်တော့ ပရော်ဖက်ဆာအိုကြီးရဲ့ စကားကောင်းတွေကို လက်ခံရရှိကာ အောက်ထပ်နဲ့ သူ့ဘေးပတ်လည်က လူတွေရဲ့ လက်ခုပ်သြဘာသံတွေက မြိုင်မြိုင်ဆိုင်ဆိုင်ထွက်ပေါ်လာသည်။

…ဒီအတန်းဖော်လေးက ဘာတွေပြောသွားမှန်း သူတို့နားမလည်ကြပေမယ့် အဲ့တာကအတော်လေးတော့ အားကောင်းပုံပေါ်သည်။ ရလဒ်အနေနဲ့ သူတို့လည်း လူအုပ်အတိုင်းလိုက်ကာ လက်ခုပ်တီးတော့သည်။

ပရော်ဖက်ဆာဟို့ရဲ့အနည်းငယ်သော ဆံပင်တွေက ထောင်မတ်လာဖို့ မစောင့်နိုင်တော့သလိုမျိုး သူ့မျက်လုံးတွေက မီးတိုင်လို တောက်ပလာကာ သူ့အသံကလည်း ပိုပြီးတော့အများကြီကျယ်လောင်လာသည်။ သူက ကျင်ရွှင်ကို စိတ်လှုပ်ရှားစွာမေးလိုက်သည်
“ မင်းကဘွဲ့လွန်ကျောင်းသားလား? ဘာလို့ ငါမင်းကို ဘွဲ့ရတဲ့သူတွေထဲမှာ မတွေ့ဖူးရတာလဲ?”

ကျင်ရွှင် : “…”

သူက ပြဿနာဖြေရှင်းတဲ့နေရာမှာပဲ အာရုံစိုက်နေခဲ့တာမို့ သူမည်သူမည်ဝါဖြစ်ကြောင်းကို မေ့သွားမိသည်။

“ တောင်းပန်ပါတယ် ဆရာ။ ကျွန်တော်က ဒီနှစ်မှာမှ ဂျူနီယာတစ်ယောက်ပဲဖြစ်သေးတာပါ၊ ပြီးတော့ ကျွန်တော်က ကွန်ပျူတာသိပ္ပံဌာနကလည်းမဟုတ်ပါဘူး” ကျင်ရွှင်က ပရော်ဖက်ဆာဟို့ကို ရှက်ရွံ့စွာဦးညွတ်လိုက်ကာ
“ ကျွန်တော်က ဒီကိုတစ်ချက်လောက်ကြည့်ဖို့ လာခဲ့တာပါ။ ကျွန်တော်တကယ်တောင်းပန်ပါတယ်…”

“ဘာကြီး?!” သူအဲ့တာပြောလိုက်ပြီးပြီးချင်း ခန်းမတစ်ခုလုံးက အုတ်အော်သောင်းတင်းဖြစ်သွားသည်။

“ သူက ငါတို့ဌာနကမဟုတ်ဘူးလား? ဒါဆိုသူကဘယ်လိုလုပ် အရာအားလုံးကိုဖြေရှင်းသွားနိုင်ရတာလဲ?!”

“ သူကသေချာပေါက် ငါတို့ဌာနကမဟုတ်ဘူး ဒီလိုချောမောတဲ့ကျောင်းသားလေး…ငါတို့ဌာနမှာ ဒီလိုချောတဲ့သူကို နင်မြင်ဖူးလို့လား?!”

“ သူ့ဆံပင်ထုထည်ကိုပဲကြည့်လိုက် သူကငါတို့ဌာနကမဟုတ်ဘူးဆိုတာ မင်းသိသွားလိမ့်မယ် ဟားဟားဟား”
(ကွန်ပြူတာသိပ္ပံက ကျောင်းသားတွေက ထိပ်ပြောင်တယ်ထင်ပါရဲ့>.<)

“ အဲ့တာက သင်္ချာဌာနက ကျောင်းကောင်စီရဲ့ဥက္ကဋ္ဌမလား ? ငါအရင်က သူနဲ့အတူ ပွဲတွေတက်ခဲ့ဖူးတယ်။ သူက ဒီလိုမျိုး အားမာန်ပြည့်နေလိမ့်မယ်လို့ ငါမထင်ထားဘူး…”

“သင်္ချာ? အံ့သြစရာမဟုတ်တော့ပါဘူး”

ပရော်ဖက်ဆာဟို့က သူ့ကိုမေးလိုက်သည်
“ မင်းက ဘွဲ့ရကျောင်းသားမဟုတ်ဘူးပေါ့? မင်းကသင်္ချာဌာနကပေါ့? …ဒါဆို မင်းခုနကအဆိုပြုသွားတဲ့ ဒီalgorithmsအတွက် ပရိုဂရမ်ရေးတာကို ဘယ်လိုသိတာလဲ?”

ကျင်ရွှင် : “ ကျွန်တော့်မှာ အခြေခံနည်းနည်းပါးပါးပဲရှိတာပါ။ ဒါပေမယ့် အဲ့တာကအရမ်းခက်တယ် ကျွန်တော်ထပ်ပြီး သင်ယူဖို့လိုပါသေးတယ်”

သူ အမှန်အတိုင်းဖြေလိုက်တာပင်။ တကယ်လို့မင်းက ပရိုဂရမ်တွေအကြောင်း ဆွေးနွေးချင်တာဆိုရင် သူ့စီနီယာအစ်ကိုတွေက သူ့ထက်အများကြီးပိုကောင်းသည်။ ကျင်ရွှင်ရဲ့အထူးအရည်အသွေးက သူက အမျိုးမျိုးသော သင်္ချာပုံစံငယ်လေးတွေတည်ဆောက်ကာ အဲ့တာတွေကို ပရိုဂရမ်တွေမှာထည့်သုံးတာပင်။

သေချာတာပေါ့ ကျင်ရွှင်ရဲ့ပါးစပ်က “အခြေခံ”က လူများစွာအတွက် ဒီနယ်ပယ်ထဲမှာတော့ ထိပ်တန်းအဆင့်ပင်။ အခုချိန်အရ အဲ့တာကိုထုတ်ပြောမှာမဟုတ်ဘူး။

“ အိုး ဒါဆိုမင်းက ငါတို့ဘာသာရပ်မှာစိတ်ဝင်စားတာပဲ”
ပရော်ဖက်ဆာဟို့က ဒီကျောင်းသားကအရမ်းကို ချီးမွမ်းထိုက်တယ်လို့ တွေးလိုက်မိသည်။

သူကျေနပ်မှုအပြည့်နဲ့ ခေါင်းညိတ်နေရင်း
“ ဒါဆို မင်းငါ့ရဲ့ကျောင်းသားဖြစ်လာဖို့ကို စိတ်ဝင်စားလား?”

ဒီအဆိုပြုမှုက ထပ်ပြီးတော့ အုတ်အော်သောင်းတင်းဖြစ်သွားစေပြန်သည်။

အကြီးအကဲဟို့က ပါရဂူဘွဲ့ရကျောင်းသားတွေကိုတောင် အများအားဖြင့် သူ့ကျောင်းသားအဖြစ်မခေါ်တာကို မင်းသိထားရမယ်၊ ဘွဲ့ရခါစကျောင်းသားတွေကိုတော့ ထားထားလိုက်တော့ပေါ့။ လူဘယ်လောက်များများက သူတို့ခေါင်းတွေကို တိုးဝှေ့ကာ ပရောဂျက်တွေမှာ သူ့နောက်ကလိုက်ချင်ပေမယ့်လည်း သူတို့က အရည်အချင်းမပြည့်မီကြဘူး!

ဒါပေမယ့် အခုသူက တကယ်ကြီးကို ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲတောင် မဖြေရသေးတဲ့ ဂျူနီယာလေးတစ်ယောက်ကို စတင်လက်ခံတော့မယ်ပေါ့…ဒါ့အပြင် သူက မတူညီတဲ့ဌာနကလည်း ဖြစ်နေသေးတယ်…

ကျိန်းသေပေါက် ကျင်ရွှင်က ဆန္ဒရှိတာပေါ့။

သူဒီနေရာကို ပညာရေးဆိုင်ရာရည်ရွယ်ချက်နဲ့လာတာ အမှန်ပဲလေ။ လာရင်းနဲ့လည်း သူအလုပ်အချို့ရှာချင်တယ်ဆိုတာလည်း အမှန်ပဲ။

ကျင်ရွှင်က ပိုက်ဆံရှာရမယ့်ကိစ္စကိုလည်း မမေ့သလို အကြီးအကဲဟို့က ဘယ်လောက်တောင် လွှမ်းမိုးနိုင်တယ်ဆိုတဲ့ကောလဟာလတွေကိုလည်း သူလျစ်လျူမရှုနိုင်ဘူး။

အဲ့တာကြောင့် သူကရိုးသားစွာခေါင်းညိတ်လိုက်သည်။
“ ဟုတ်ကဲ့”

လူတိုင်း: …
ကျောင်းသားလေး မင်းကအရမ်းတဲ့တိုးဖြေတတ်တာပဲ…

သို့ပေမယ့် ပရော်ဖက်ဆာဟို့က သိသာစွာပဲ တကယ်ကိုစိတ်ထဲမထားလေဘူး။ သူကကျင်ရွှင်ထက်တောင် ပိုစိတ်လှုပ်ရှားနေသေးကာ ချက်ချင်းပဲ ကျင်ရွှင်အတွက်အစီအစဉ်ချပေးတော့သည်
“မင်းက အခုမှ ဂျူနီယာပဲရှိသေးတာဆိုတော့ အလျင်လိုစရာမလိုပါဘူး။ ကျွမ်းကျင်အဆင့်နိုင်ငံတကာ ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲအတွက်ဆို မင်းရဲ့အခြေခံက လုံလုံလောက်လောက်ပြည့်မီနေပါပြီ၊ ပြီးတော့ ငါတို့က ငါတို့ကျောင်းသားတွေကို ဦးစားပေးမှာပါ အဲ့တာကြောင့်မို့ စိတ်မပူပါနဲ့”

အခြားသူများ : “…”
ပရော်ဖက်ဆာရေ ဒီလိုမျိုးပြောပြလို့မရတဲ့စည်းမျဉ်းတွေကို တိုက်ရိုက်ပဲပြောချလိုက်တာ ခင်ဗျားအတွက်ရော တကယ်အဆင်ပြေရဲ့လား?

ကျင်ရွှင်က အနည်းငယ်ရှက်ရွံ့စွာရယ်လိုက်ပြီး
“ကျေးဇူးပါ ပရော်ဖက်ဆာ”

ပရော်ဖက်ဆာဟို့က သူ့ကိုအခြားအကြံဉာဏ်တွေထပ်ပေးကာ ဘာကိစ္စပဲရှိရှိ သူ့ကိုရုံးခန်းမှာလာရှာဖို့လည်း အထူးတလည်ခွင့်ပြုပေးခဲ့သည်။ ခန်းမထဲမှာ လူတွေပိုပိုပြီးများလာတာကို မြင်လိုက်ရပြီး ရိဝေ့ကလူတွေလည်း ရောက်လာပုံရတာကြောင့် သူကတစ်ဖက်လှည့်သွားပြီး ကျင်ရွှင်နဲ့စကားဝိုင်းကို လက်စသတ်လိုက်သည်။

အလုပ်ဆွေးနွေးပွဲက မကြာခင်စတော့မှာပင်။ ရိဝေ့နည်းပညာရဲ့ ကျောင်းတွင်းလူသစ်စုဆောင်းဖို့ တာဝန်ရှိသူတွေကလည်း နေရာမှာရောက်နှင့်နေကြပြီ။ ကျင်ရွှင်က ပရော်ဖက်ဆာအိုကြီးကို နှုတ်ဆက်စကားပြောကာ အနောက်ဘက်က သူ့အခန်းဖော်တွေရဲ့နေရာကို ရှာတွေ့သွားသည်။

သူ စင်မြင့်ကနေဖြတ်သွားတော့ အလိုအလျောက် ဦးတည်ရာတစ်ခုကိုကြည့်လိုက်မိတော့ အဲ့နေရာမှာ ဝတ်စုံပြည့်ဝတ်ထားတဲ့ လူငယ်တော်တော်များများထိုင်နေကြသည်။

ဒီလူအနည်းငယ်က ငယ်ရွယ်ပုံသာမကဘဲ သူတို့အားလုံးက အရည်အချင်းပြည့်ဝကာ အထူးသဖြင့် ကလေးဆန်တဲ့ကျောင်းသားတွေအုပ်စုကြားထဲမှာ မျက်စိဖမ်းစားဖွယ်ဖြစ်နေကြသည်။

ဒါပေမယ့် သိသာစွာပဲ လူအများအပြားက အဲ့ကြီးကြပ်သူတွေကို သတိထားမိကြပေမယ့် လူအများစုရဲ့စိတ်ဝင်စားမှုကတော့ ကျင်ရွှင်ပေါ်မှာရှိနေတုန်းပင်။

ထန်းကျင်းယွမ်က သူ့ကိုလေးစားတဲ့အသံဖြင့်
“ ရွှင်ရွှင်မင်းကတကယ်ကို အံ့အားသင့်ဖို့ကောင်းတာပဲ အဲ့တာကပရော်ဖက်ဆာဟို့လေ!”

ယန်ရိကလည်း ကြားဝင်ပြောသည်
“ဟုတ်တယ်၊ မင်းနောက်ဘာဆက်လုပ်မလဲဆိုတာကို ငါတို့ကစိုးရိမ်နေကြတာ။ ဒါပေမယ့် မင်းကတိုက်ရိုက်ပဲ ပရော်ဖက်ဆာရဲ့ အလုပ်ခန့်အပ်တာကို ခံလိုက်ရတယ်”
လေသံထဲမှာ ကျင်ရွှင်ကို လေးစားမှုတွေပြည့်နှက်နေသည်။

ယန်ကျင်ရွှင်နဲ့စပ်လျဉ်းပြီးပြောရရင် သူ့မှာအစောကတည်းက အရည်အချင်းအချို့ရှိပြီးသားဖြစ်တာကြောင့် ထန်းကျင်းယွမ်နဲ့ယန်ရိက အံ့သြသွားကြပေမယ့် အရမ်းကြီးတော့မဟုတ်ဘူး။

မူလကိုယ်က အမြဲတမ်း အမျိုးမျိုးသော အချိန်ပိုင်းအလုပ်တွေနဲ့ ပိနေတာကြောင့် သူ့ကသူ့အခန်းဖော်တွေနဲ့ တူတူဝင်ထွက်ခဲသည်။ သူက စိတ်ထဲမှာထားရတာကြိုက်တဲ့သူ တစ်ယောက်လည်းဖြစ်တာကြောင့် အခြားလူတွေနဲ့အဆက်အဆံသိပ်မရှိဘဲ သူနဲ့အခန်းဖော်တွေကြားက ဆက်ဆံရေးကလည်း သူနဲ့ဆန်ကုန်မြေလေးgongနဲ့ သိကျွမ်းပြီးနောက်မှာ ပိုလို့တောင်ခပ်တန်းတန်းဖြစ်သွားတော့သည်။

ဒီအကြောင်းပြချက်အောက်မှာ ကျင်ရွှင်က အစွမ်းအစအနည်းငယ်ထုတ်ပြနိုင်ပြီး သူ့ဝန်းကျင်က လူတွေက သူ့ကိုသံသယဖြစ်ကြမှာမဟုတ်ဘူး။

ကျင်ရွှင်က သူ့အခန်းဖော်တွေကိုပြုံးပြကာ သူတို့ကိုအားပေးလိုက်သည်
“ တစ်နှစ်ကျန်ပါသေးတယ်။ မင်းတို့ရဲ့အစီအစဉ်တွေအကြောင်းစဉ်းစားပြီး တူတူကြိုးစားကြတာပေါ့”

“ ဟုတ်တယ် ပြောတာက လုပ်တာထက်လွယ်တယ်” သင်ကြားမှု ဆန်ကုန်မြေလေးယန်ရိက ပြောလိုက်သည်။

ယန်ရိက ကျောင်းမှာသုံးနှစ်လုံးလုံး နေ့တိုင်းဂိမ်းဆော့တာနဲ့ အချိန်ဖြုန်းနေတဲ့သူမျိုးပင် သူက အတန်းထဲကိုသွားခဲသည်။

အဲ့တာကြောင့်မို့ ဘွဲ့ရခါနီးအလုပ်ရှာချိန်ရောက်တော့ သူကမတတ်နိုင်ဘဲ အလေးအနက်ဖြစ်လာရသည်။

ဘာကြောင့်မှန်းတော့ သူမသိဘူး…ယန်ကျင်ရွှင်က အခုလေးတင်ပြလိုက်တဲ့ စွမ်းဆောင်မှုက အတော်ခန့်ညားတာကြောင့်ဖြစ်နိုင်သည် သူအခုယန်ကျင်ရွှင်က အရမ်းအံ့သြဖွယ်ကောင်းတာပဲလို့ တွေးနေမိသည်။ ဒီလိုအခန်းဖော်နောက်ကိုလိုက်ရင် နောက်နှစ်က သူတို့အတွက် အရာရာကို ပြုပြင်ပြောင်းလဲဖို့ တကယ်ကိုလုံလောက်သည်။

ထန်းကျင်းယွမ်က ယန်ရိထက်အနည်းငယ်ပိုကောင်းသေးသည် သူက သူ့ရဲ့မှီခိုမှုကို ဗြောင်ပဲဖော်ပြလာသည်။ သူက ကျင်ရွှင်ကို တိုက်ရိုက်ပဲ တိရစ္ဆာန်လေးတစ်ကောင်လိုမျိုး ကုတ်လိုက်ကာ
“ ရွှင်ရွှင် ငါတို့ကိုဘာလို့ ပရိုဂရမ်ရေးနည်း မသင်ပေးတာလဲ။ ငါ မင်းနဲ့အတူတူအချိန်ဖြုန်းပေးမယ်လေ”

ကျင်ရွှင်က သူတို့ကြောင့်ရယ်မိသွားသည်။ သူကမသိမသာမျက်ခုံးပင့်လိုက်တာက အလွန်ကိုဆွဲဆောင်မှုရှိနေသည်။

ဒီနေရာက ငယ်ရွယ်မှုကိုယူဆောင်ပေးလို့ထင်သည် ကျောင်းဝင်းတစ်ခုလုံးက အလွန်ကို တက်ကြွနေကြသည်။
အလုပ်ဆွေးနွေးပွဲက ပြီးခါနီးမှာ ကျောင်းသားအုပ်လိုက်ကြီးက တစ်စုပြီးတစ်စုထွက်ခွာသွားကြသည်။ ကျင်ရွှင်ကလည်း လူအုပ်နောက်လိုက်ကာ ခန်းမအပြင်ဘက်ကို ဖြေးဖြေးချင်းရွေ့သွားလိုက်သည်။

အစကတော့ ကျင်ရွှင်က သူ့အခန်းဖော်တွေနဲ့ စနောက်နေတာပင်။

သို့သော်ငြား သူအပြင်ကိုထွက်လိုက်ချင်းမှာပဲ ကျင်ရွှင် ရုတ်တရပ် သူ့ခေါင်းကိုမော့လိုက်မိရာ…သူ့အမူအရာက ချက်ချင်းအေးခဲသွားတော့သည်။

ခန်းမအပြင်ဘက်ကစင်္ကြံက ထိန်လင်းနေကာ ခန်းမရဲ့မျက်နှာချင်းဆိုင်က တံခါးကကျယ်ကျယ်ဖွင့်ထားသည်။

အဲ့တာကြောင့်မို့ ကျင်ရွှင်က အလွန်ရှင်းလင်းစွာကို မြင်လိုက်ရသည်။ မျက်နှာချင်းဆိုင်က မတ်တပ်ရပ်နေကြတဲ့လူတွေကြားမှာ ပုဂ္ဂိုလ်တစ်ဦးက…ကြည့်ရတာ ရင်းနှီးနေပုံပဲ?

သူအမှတ်မှားတာလားတော့ သူမသိဘူး။

ဒါပေမယ့် အဲ့နေရာမှာရပ်နေတဲ့ အရပ်ရှည်၊ ပိန်သွယ်၊ ခြေတံရှည်လူကြီးက မနေ့ညက သူအိပ်မက်မက်ခဲ့တဲ့သူနဲ့ တူသည်…ဒါမှမဟုတ် ဟိုတစ်နေ့ညက one-night standလို့ပဲ သူပြောသင့်လား?!

မဖြစ်နိုင်ပါဘူး ဟုတ်တယ်မလား?

သူက ဘာလို့ကျောင်းမှာရှိနေတာလဲ?

ကျင်ရွှင်ရဲ့ သံသယမျက်ဝန်းတွေက အဲ့ဦးတည်ရာကိုတစ်ဖန်ထပ်ကြည့်မိပြန်သည်။

တစ်ချက်ကြည့်ရုံလေးနဲ့တင် သူ့ရဲ့ကြည်လင်တဲ့မျက်ဝန်းတွေက ချက်ချင်းအေးခဲသွားသည်။

…သောက်ကျိုးနည်း တကယ်ကြီးသူပဲဟ!

ဝတ်စုံပြည့်ဝတ်ကာ သားရေဖိနပ်စီးထားတဲ့ အဲ့လူက တောက်ပနေတဲ့နေရာမှာ မတ်တပ်ရပ်နေကာ ထိုညကထက် ပိုပြီးကြည့်ကောင်းပုံပေါ်သည်။

သူက…ပိုပြီးလည်း ခံ့ညားထည်ဝါပုံပေါ်သည်။

သူက တည်ကြည်စွာနဲ့မတ်မတ်ရပ်နေကာ ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်ထားပြီး သူ့ဘေးကလူတွေပြောတာကို အာရုံစိုက်ကာနားထောင်နေသည်။

သူက လူအများစုထက်ပိုရှည်တာကြောင့် ဒီဆူညံနေတဲ့ပတ်ဝန်းကျင်မှာ အခြားသူတွေပြောတာနားထောင်တဲ့အချိန် သူ့ခေါင်းကိုအနည်းငယ်ကိုင်းပေးနေရသည်။

ဒီဘက်ခြမ်းကနေ ကြည့်မယ်ဆိုရင် သူ့မျက်နှာက ကွေးကာရင့်ကျက်ပုံပေါ်ပြီး သူ့နှုတ်ခမ်းတွေက အနည်းငယ်တင်းတင်းစေ့ထားပုံပေါ်သည်။ အထက်ပိုင်းနေရာမှာရှိတဲ့သူတွေသာ ပိုင်ဆိုင်နိုင်တဲ့ တည်ကြည်လေးနက်မှုနဲ့ ဟိတ်ဟန်အမူအရာတို့ရှိနေသည်။

ကျင်ရွှင် လှမ်းကြည့်နေတုန်း တစ်ဖက်လူက တစ်ခုခုကိုသတိပြုမိသည်ထင်ပါရဲ့၊ ရုတ်ခြည်း သူ့ခေါင်းကိုမော့ကာ ကျင်ရွှင်ရှိတဲ့ဦးတည်ရာကို ကြည့်လာသည်။

ပြီးပြည့်စုံတဲ့ မက်မွန်ပွင့်သဏ္ဍာန်မျက်ဝန်းတစ်စုံက ချက်ချင်းကျဉ်းမြောင်းသွားတော့သည်။ လူကြီးရဲ့အမူအရာက မပြောင်းမလဲဘဲ အေးစက်စွာရှိနေတုန်းပင်။

…အဲ့နေ့က ဒီလူမှာ ရမ္မက်လျှမ်းနေတဲ့ မက်မွန်ပွင့်သဏ္ဍာန်မျက်ဝန်းတစ်စုံရှိမှန်းတောင် ကျင်ရွှင်သတိမပြုမိခဲ့ဘူး။

အခုတော့ အဲ့မျက်ဝန်းတွေက သူရှိတဲ့နေရာကို တည့်တည့်မတ်မတ်ငေးစိုက်ကြည့်နေသည်။

တကယ်တမ်းတော့ တစ်ဖက်လူကို သတိပြုမိတာ ကျင်ရွှင်တစ်ဦးတည်းမဟုတ်ဘူး။ ခန်းမထဲကနေ ထွက်လာပြီး သူ့ကိုဖြတ်ကျော်သွားကြတဲ့ ကျောင်းသားအားလုံးက မလွဲဧကန် သူ့ကိုအကြိမ်အနည်းငယ်လောက်ပိုကြည့်သွားကြသည်။

ဒီပုဂ္ဂိုလ်ရဲ့အသွင်အပြင်က အရမ်းကိုထင်ရှားနေကာ သူ့အရှိန်အဝါကလည်း ပြင်းလှသည်။ အဝတ်အစားတွေဖြစ်စေ အသွင်အပြင်ဖြစ်စေ လျစ်လျူရှုဖို့ခက်လှသည်။

ဒါပေမယ့် လူအုပ်ကြားထဲက အဲ့နေရာမှာ ရပ်နေတဲ့ထိုလူကတော့ အခြားသူတွေရဲ့အကြည့်ကို လုံးဝဂရုမထားပုံပေါ်သည်။

သူက ကျင်ရွှင်ကိုတွေ့သွားပြီးကတည်းက သူ့အကြည့်က ပိန်သွယ်တဲ့လူငယ်လေးပေါ်မှာပဲ ကျရောက်နေတော့သည်။

ရှန်ရိကျင်းက တစ်ချိန်လုံး တံခါးအပြင်ဘက်မှာမတ်တပ်ရပ်နေခဲ့တာဖြစ်သည်။

“ ပရော်ဖက်ဆာဟို့က ကျောင်းသားတွေနဲ့ဆွေးနွေးစရာ တစ်ခုခုရှိနေတယ်ထင်တယ်။ ကျေးဇူးပြုပြီး နည်းနည်းလောက်ထပ်စောင့်ပေးပါဦး”
အခုချိန်ထိ သူ့ကိုအဖော်ပြုပေးနေဆဲဖြစ်သည့် ကျောင်းအုပ်ကောင်းက ပြောလိုက်သည်။

ကျောင်းသားတွေက ပိုပိုပြီးထွက်လာကြတာကိုမြင်တော့ ကျောင်းအုပ်ကောင်းက တီးတိုးပြောလိုက်သည်
“ ကြည့်လေ၊ ကျောင်းသားအားလုံးထွက်လာကြပြီ။ အခုချိန်မှာ ကျောင်းသားတွေအများကြီးထွက်လာနေကြတာဆိုတော့ Mr.ရှန် ခင်ဗျား ရုံးခန်းထဲကိုအရင်ပြန်ထိုင်ပြီး လက်ဖက်ရည်သောက်…”

“ ကျွန်တော်တောင်းပန်ပါတယ် ကျောင်းအုပ်ကောင်း၊ ကျေးဇူးပြုပြီးခဏလောက်စောင့်ပေးပါနော်”  ရှန်ရိကျင်းက ရုတ်တရပ်ပြောလာသည်။

အဲ့နောက် အခြားသူတွေ ပြန်မတုံ့ပြန်နိုင်သေးခင်မှာပဲ သူကလူတိုင်းရဲ့အကြည့်တွေအောက်မှာတင် ရှေ့ကိုတစ်လှမ်းပြီးတစ်လှမ်းလျှောက်သွားပြီဖြစ်သည်။

ဘွန်း ဘွန်း ဘွန်း

သူ့ပတ်လည်မှာ ပရမ်းပတာဖြစ်နေကြပြီး သူ့ခြေသံကလွဲ ဘာအသံမှမကြားရတော့ပေ။ သို့ပေမယ့် တစ်ဖက်လူရဲ့ခြေလှမ်းတွေက တိကျတယ်လို့ ကျင်ရွှင်ခံစားရကာ  သူခြေလှမ်းတစ်လှမ်းလှမ်းလိုက်တိုင်း သူ့ကိုယ်ပိုင်အသည်းညှာပေါ်မှာ နင်းလိုက်သလိုပင်။

ကျင်ရွှင်ရဲ့ကျောက အလိုအလျောက် မတ်သွားသည်။

ဒီအခိုက်အတန့်မှာ သူ့ရင်ဘတ်ထဲ ထောင်ချီတဲ့မြင်းတွေ ဒုန်းဆိုင်းပြေးနေသလိုပင်။ အထူးသဖြင့် မနေ့ညက သူ ဒီလူကိုအိပ်မက် မက်ခဲ့တာ…အဲ့အိပ်မက်က သူ့စိတ်ထဲမှာ ကွက်ကွက်ကွင်းကွင်း စွဲကျန်နေတုန်းပင်။ ဒီအချိန်မှာ သူရုတ်တရပ်ကြီး လူအစစ်ကိုမြင်လိုက်ရတော့ သူတစ်ခုခုအမှားလုပ်ခဲ့တာကို လူမိခံလိုက်ရသလိုမျိုး ကျင်ရွှင်ခံစားနေရသည်။

ဒီတော့ …ဒီတော့…
ဘာတွေဖြစ်နေတာလဲ?

အဲ့နေ့ညက သူတို့အတူတူရှိနေခဲ့ကြတဲ့ အခြေအနေအားလုံးကို စဉ်းစားကြည့်ရင်…အဲ့လူက ကျောင်းမှာရှိနေသေးတဲ့ တစ်စုံတစ်ယောက်လို့ သူမခံစားရဘူး။

သူ့မှတ်ဉာဏ်အရဆိုရင် တစ်နေရာမှာ ရပ်နေတဲ့လူတွေကထဲက တစ်ယောက်က ကျောင်းရဲ့ကျောင်းအုပ်ကြီးမှန်း ကျင်ရွှင်သိသည်။ ဒါပေမယ့် အကွာအဝေးက ဝေးလွန်းတာကြောင့် သူတို့ခုနကဘာတွေပြောနေမှန်း သူမကြားရဘူး။

သူက ဆရာတစ်ယောက်လား? ဒါမှမဟုတ် သူ့မှာအခြား ရာထူးများရှိနေတာလား?

ကျင်ရွှင်ရဲ့အတွေးတွေက အရိုင်းဆန်စွာလွင့်မျောနေသည်။
မတိုင်ခင်အထိပေါ့--

“ဟယ်လို” အဲ့လူက သူ့ရှေ့မှာ မတ်တပ်ရပ်နေသည်။

ကျင်ရွှင် : “……”

Mr.ခြေတံရှည်က …သူ့ရှေ့မှာရပ်နေတယ်..မီတာဝက်တောင်မကွာတဲ့နေရာမှာလေ။

အဲ့မျက်ဝန်းတစ်စုံက အနည်းငယ်နိမ့်ဆင်းနေကာ မျက်ခွံတွေကလည်း သူ့ကိုကြည့်ကောင်းစေတယ်လို့ ထင်ရတဲ့အဆင့်တစ်ခုရောက်နေပြီဖြစ်ကာ အဲ့မျက်ဝန်းတစ်စုံက သူ့ကိုမျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။

ပြီးတော့…
နှစ်ရက်ကြာပြီးတာတောင် အဲ့လူရဲ့အကြည့်က သူ့ကိုယ်ထဲလျှပ်စစ်စီးသွားသလို ခံစားချက်မျိုးကို ပေးစွမ်းနိုင်နေတုန်းပင်။ ဘာတွေဖြစ်သွားတာလဲ?!

ကျင်ရွှင်က သူ့အသံကိုပြန်ရဖို့ ကြိုးစားလိုက်ကာ
“ ဟယ်လို”

မျက်နှာချင်းဆိုင်က လူက သူ့ထက်ပိုပြီးတည်ငြိမ်ပုံပေါ်သည်။

အနည်းဆုံးတော့ အဲ့လိုမြင်နေရတာပဲလေ။ အဆုံးမှာတော့ ဒီလူက တစ်ခါမှ ခံစားချက်ကို ထိထိမိမိမပြဖူးဘူးလေ။

သူက သူ့မေးစေ့ကို အနည်းငယ်မလိုက်ကာ မေးခွန်းထုတ်နေတဲ့လေသံနဲ့ ပြောလာသည်
“ အဆင်ပြေရဲ့လား? စကားပြောကြရအောင်”

…အာ?

“ အဆင်ပြေပါတယ်” ကျင်ရွှင်က တောင့်တင်းစွာခေါင်းညိတ်ပြကာ အဲ့စကားကိုပဲပြောနိုင်လေသည်။
..
မရေမတွက်နိုင်တဲ့လူတွေရဲ့ရှော့ခ်ရကာ စိတ်ရှုပ်ထွေးနေတဲ့အကြည့်တွေအောက်မှာ သူ အဲ့လူရဲ့နောက်ကနေ ဘယ်လိုလိုက်ပြီး ခန်းမအပြင်ဘက်ရောက်လာမှန်း ကျင်ရွှင်မသိတော့ဘူး။

ဘယ်လိုပဲဖြစ်ဖြစ် သူအဲ့လူရဲ့ရှေ့မှာရပ်နေတဲ့အချိန် သူ့ရဲ့လျင်မြန်တဲ့ဦးနှောက်က လုပ်ဆောင်ချက်ချို့ယွင်းသွားကာ မသိရင် အခုထိဆေးစွဲနေသေးတဲ့အတိုင်းပင်။

ညနေခင်းနေမင်းကြီးက အနောက်အရပ်ကို ဖြည်းဖြည်းချင်းဝင်သွားပြီး နေရဲ့နီရဲနေတဲ့ အပေါ်ဘက်ခြမ်းက ကောင်းကင်ကြီးတစ်ခုလုံးကို မီးရှို့ထားသလိုပင်။

သူ့မျက်နှာကလည်းပဲ နီရဲလောင်ကျွမ်းနေပြီဆိုတာကို ကျင်ရွှင်ခံစားမိသည်။

သူလက်မြှောက်ကာ မျက်နှာကိုထိချင်ပေမယ့် တစ်ဖက်လူရဲ့အကြည့်အောက်မှာ သူအဲ့တာကိုထိလိုက်ရင် သူရှက်သွေးဖြာနေတာက ပိုသိသာသွားပြီး တစ်ဖက်လူရဲ့အာရုံကိုဆွဲဆောင်သွားမှာကို သူကြောက်နေမိသည်။

အဲ့တာကမကောင်းဘူး

သူတို့က တူတူအိပ်ခဲ့ရုံပဲလေ! အိပ်မက်တစ်ခုပါ ထပ်ပေါင်းပြီးတော့ပေါ့

အဲ့ညက အဲ့တာကို လုပ်တုန်းက မင်းလုံးဝမရှက်ခဲ့ဘူးလေ။ အခုသူ့ကိုမျက်နှာချင်းဆိုင်ရုံလေးနဲ့ မင်းကဘာလို့ ကြောင်တောင်တောင်ဖြစ်နေရတာလဲ? ကျင်ရွှင်ရေ မင်းကတော့သောက်ကျိုးနည်းပဲ!

သူ့ကိုထိတ်ထိတ်ပျာပျာဖြစ်အောင် သူ့ခေါင်းထဲမှာ သူ့ကိုလှုပ်ရမ်းနေတဲ့နတ်ဆိုးတစ်ကောင်ရှိပုံပေါ်ပြီး နောက်ဆုံးမှာတော့ ကျင်ရွှင်က အနည်းငယ်ပုံမှန်ပြန်ဖြစ်လာသည်။

သူ့မျက်လုံးကိုမော့ဖို့ သတ္တိစုလိုက်သည်။ အရပ်ကွာခြားချက်က သူ့ရှေ့ကလူကို ကြည့်ဖို့ရန်အတွက် သူအနည်းငယ်ခေါင်းမော့ထားဖို့လိုသည်။ သူအလိုအလျောက်မေးမိသွားသည်
“ Mr. ခင်ဗျား ဘာအကြောင်းပြောချင်လို့လဲ?”

သူပြောထွက်သွားပြီးနောက် ကျင်ရွှင်သူ့ကိုယ်သူပြောလိုက်သည်။

ဘုရားရေ

ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက သူ့ကိုကူညီပေးခဲ့တာလေ။ ဒီလိုအခြေအနေမျိုးမှာ အနည်းဆုံးတော့ သူရိုးရှင်းပြီးယဉ်ကျေးတဲ့တစ်စုံတစ်ခုကို ပြောသင့်တာလေ။ ဥပမာ
“ တိုက်ဆိုင်လိုက်တာနော်၊ ခင်ဗျား ဒီကိုဘာလို့ရောက်နေတာလဲ” ပေါ့။

တစ်ယောက်နဲ့တစ်ယောက်တွေ့တာက မထင်မှတ်ထားတာဖြစ်သော်ငြားလည်း ကျင်ရွှင်က အမှန်တကယ် အနည်းငယ်ခပ်စိမ်းစိမ်းပြောလိုက်မိသည်။

ဒါပေမယ့် အခုသူအရမ်းအေးစက်ပြီး အကြင်နာမဲ့သလိုမျိုးများ ဖြစ်သွားလား?…

ကံကောင်းစွာနဲ့ တစ်ဖက်လူကလည်း အဲ့တာကိုဂရုစိုက်မနေဘူး။

လိုရင်းတိုရှင်းအကြောင်းပြောရမယ်ဆိုရင် Mr.ခြေတံရှည်က သူ့ထက်တောင်ပိုကောင်းပုံပင်။

တစ်ဖက်လူက တည့်တည့်ပဲပြောလာသည်
“ ကိုယ် မင်းကိုလက်ထပ်မယ့်အကြောင်းပြောချင်လို့”

……!

ကောင်းပြီ ကျင်ရွှင် စိတ်သက်ရာရစွာ သက်ပြင်းချလိုက်သည် : အဆုံးမှာတော့ သူယဉ်ကျေးနေစရာမလိုပါဘူး၊ ဒီလူက သူ့ထက်တောင်ပိုပြီးတိုက်ရိုက်ကျသေး…?

?
??

တစ်စက္ကန့်ကြာပြီးနောက် ကျင်ရွှင်ရဲ့မျက်လုံးတွေပြူးကျယ်သွားကာ : ? ? ?

***
စာရေးဆရာမှာ ပြောစရာရှိတယ်:

ကျင်ရွှင် : ခင်ဗျား ဘာအကြောင်းပြောချင်တာလဲ?

ရှန်ရိကျင်း : အချစ်အကြောင်းပြောမို့လေ။

ဘဲကြီးရဲ့ မက်မွန်ပွင့်သဏ္ဍာန်မျက်လုံးပုံပါတဲ့ နောက်ပိုင်းမှာလည်းအဲ့မျက်လုံးက ခဏခဏ ပါလာဦးမှာပါ💛

Continue Reading

You'll Also Like

345K 38.1K 132
Type Web Novel (CN) Genre School Life Yaoi Tags Black Belly Enemies Become Lovers Hot-blooded Protagonist Kind Love Interests Love Interest Falls in...
496K 64.8K 60
Title - Strongly Pampered Male Wife Author - The Road Under Those Bare Feet Genre - Romance, Slice of life, Yaoi Status in COO - 64 chapters Full cr...
852K 9.1K 100
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
113K 16.8K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ