ZAW
"ဘတ်ဟျွန်း ထစား"
"မစားဘူး"
"ချုပ်ထားကြစမ်း"
"ကိုကို!!"
"ကိုကို?"
"ကျစ်!"
" မ စား ဘူး"
"ဘာ!"
"ပတ်ဘတ်ဟျွန်း"
"လိုက်မလာခဲ့နဲ့"
သူ့ကလေးအတွက်..
သူ့ကလေးအတွက်..
"စား"
" မ စား ဘူး"
"ဗြဲ!!"
ကျစ်!
"ဗြဲ!!"
"ပတ်ဘတ်ဟျွန်း!!"
"အု"
နားညီးလို့။
UNI
ဘတ်ဟျွန်းရဲ့ဘ၀က နေချင်းညချင်း ပြောင်းလဲသွားသလို။
အရင်ကဆို အိမ်တော်ရဲ့အလုပ်သမားတွေ အပါအ၀င်ချန်းယောလ်ဆီကိုက အနှိမ်ခံ အနှိပ်စက်ခံနေရတဲ့သူက အခုတော့ တော်ဝင်မင်းသားတစ်ပါးကို စံနေရတဲ့ဘ၀ကိုရောက်သွားသည်။
ဒါတွေအေပါ် သူမသာယာဘူး။ဒါတွေက သူ့အတွက်ဖြစ်တည်လာခြင်းမဟုတ်တဲ့ ချန်းယောလ်ရဲ့သူ့သွေးသားလေး ဘာမှမဖြစ်ဖို့အတွက် ရည်ရွယ်ထားတာတွေပဲ။
"ဘတ်ဟျွန်း ထစား"
လေသံတွေက မာထန်နေတုန်းပဲ။ချန်းယောလ်နဲ့ ဘတ်ဟျွန်းဆက်ဆံရေးဟာ အရင်အတိုင်းပဲ။
"မစားဘူး"
ဘတ်ဟျွန်းရဲ့ နေ့စဉ်လက်သုံးစကားဟာ 'ဘူး 'စကားတွေပဲ။
ဘတ်ဟျွန်းကလည်း မာနခပ်ကြီးကြီး အကျောတင်းတင်းနဲ့ ချန်းယောလ်ကလည်း စိတိမရှည်တတ် ဒေါသကြီးတတ်တာတွေနဲ့တော့ တွေ့ကြပြီ။
အိမ်တော်မှာ နေ့စဉ် ဘတ်ဟျွန်းထမင်းစားဖို့ ပြောရသည့်အချိန်တွင် တတိယကမ္ဘာစစ်ဖြစ်နေသလို။ပြောမရရင် ချန်းယောလ်က နမ်းပြီးကျွေးတတ်တာမို့ ဘတ်ဟျွန်းကို မလှုပ်ဖို့ ချုပ်ထားရသည့်သူတွေဆို ရှက်ရှက်နဲ့ မျက်နှာလွှဲထားရကြတယ်။
"ချုပ်ထားကြစမ်း"
ဘတ်ဟျွန်းက ချုပ်ထားဆိုတဲ့စကားနောက်မှာ နှုတ်ခမ်းတွေနဲ့ ထမင်းကျွေးခံရမှာ ကြောက်တော့သည်။
"ဖယ် ကိုယ့်ဘာသာကိုယ်စားမယ်"
စိတ်ညစ်ညစ်နဲ့ဘတ်ဟျွန်းက ထမင်းကိုအကုန်ထိုးသွတ်တော့တယ်။ပြီးပြီးရော စားပစ်လိုက်တာမို့ ဘာတွေပါသွားသလဲ မမြင်မိလိုက်ပေ။
နှာခေါင်းဝတိုးဝေ့လာတဲ့ အနံ့ကြောင့် အန်ချင်စိတ်ကဖြစ်လာသည်။သူ့ရဲ့အမုန်းဆုံးရန်သူတော်ကြီး။
စားနေရာမှ ချက်ချင်း ဘေစင်ဘက်သို့ပြေးသွားကာ အန်လိုက်သည်။အနံက ဆိုးရွားလွန်းသည်။
ချန်းယောလ်ကစားနေရာမှ ပြေးထွက်သွားတဲ့ ဘတ်ဟျွန်းနောက်ကို လိုက်လာတယ်။ဘေစင်မှာ ကုန်းအန်နေတဲ့ ဘတ်ဟျွန်းကြောင့် ဆရာဝန်ကို အမြန်ခေါ်ဖို့ အချက်ပြလိုက်တယ်။
ဘတ်ဟျွန်းက တားလိုက်ပြီး ရေနဲ့ပါးစပ်ကို ပလုတ်ကျင်းနေတယ်။
"မခေါ်နဲ့ သခွားသီး ပါလို့"
"မင်းသခွားသီးမစားဘူးလား"
ဘတ်ဟျွန်းက ဘာမှမပြောပဲ စိုက်ကြည့်နေပြီး ချန်းယောလ်က အိမ်တော်ထိန်းကိုမေးဆတ်ပါတော့ အိမ်တော်ထိန်းက ဘေးနား board ပေါ်မှာ မ၀ယ်ရန်အစားအစာများစာရင်းထဲ သခွားသီးကို သွားရေးသည်။
ဒီလောက်ထိကို သူကအလေးပေးခံနေရတယ်။သူ့ကိုတော့မဟုတ်။ကလေးလေးမွေးပြီးရင်တော့ သူဟာ မူလအတိုင်း ဂျောင်ထိုးခံထားရအုန်းမှာပဲ။
ဘတ်ဟျွန်းခပ်ဟဟရယ်လိုက်တယ်။မပူမပါးဗိုက်သေးသေးလေးကိုကြည့်ပြီး သူ့ရဲ့အိပ်ခန်းဆီအပေါ်ထပ်ကိုတက်လာသည်။ဂျောင်ကျကျအခန်းစုတ်လေးကနေ ခမ်းနားလှတဲ့ အခန်းထဲကိုလည်း ရွေ့ပြောင်းခံရပြီ။
သူဒီလိုမျိုးနေထိုင်စားသောက်ပြီး ချန်းယောလ်ရဲ့သူ့အတွက်မဟုတ်တဲ့ မေတ္တာတွေခံယူတာထက်စာရင် ဂျောင်ထဲကနေ ချန်းယောလ်ရဲ့အမုန်းတွေသာ ခံယူလိုက်ရချင်ပါတယ်။
ဒီလိုနည်းနဲ့ မနှိပ်စက်ပါနဲ့။ငါမင်းအပေါ် နောက်တစ်ခေါက် မကျရှုံးချင်တော့ဘူး။အတုအယောင်အသုံးချခံအပြုအမူတွေကြားမှာပေါ့။
ချန်းယောလ်ကအပေါ်တက်သွားပြီဖြစ်တဲ့ ဘတ်ဟျွန်းကိုကြည့်ပြီး သက်ပြင်းချတယ်။ဘေးနားကခုံမှာ ၀င်ထိုင်ရင်း ပန်းကန်တွေ သိမ်းဖို့ပြောလိုက်တယ်။
"သခင်ကြီး မိုရာရောက်နေပါတယ်"
"ဧည့်ခန်းမှာစောင့်ခိုင်းလိုက်"
အိမ်တော်ထိန်းက ခေါင်းငုံ့အရိုအသေပေးကာ ထွက်သွားတယ်။ချန်းယောလ် ထိုင်နေရာကနေ ထကာ ဧည့်ခန်းဘက်ဆီကို လျှောက်သွားလိုက်သည်။
မိုရာက သူရောက်လာတာ တွေ့တော့ ထကာ လက်မောင်းကို သူမလက်တွေဖြင့် တွယ်ချိတ်လာ၏။
"ခြံထဲသွားရအောင် မိုရာ"
ချန်းယောလ်က မိုရာဖက်တွယ်ထားတဲ့ကြားကနေ မသိမသာ ရုန်းလိုက်တယ်။မိုရာက မျက်မှောင်နည်းနည်းကျုံ့သွားတယ်။
"ကိုကို~ မိုရာတို့ဟိုဘတ်ဟျွန်းကို ဘယ်လိုလုပ်ကြမလဲ"
"ကိုယ် ဒီနေ့စိတ်ရှုပ်နေတယ်မိုရာ"
"ကိုကို!!"
မိုရာက ထိုစကားပြောလာမယ် မထင်ထားသလို ချန်းယောလ်ကလည်း မိုရာကို ကျောခိုင်းထားတယ်။
"ကိုယ်တို့တွေ ဆင်ခြင်နေရင် ကောင်းမယ်ထင်တယ် မိုရာ"
"ကိုကို?"
"ကိုယ်နားလိုက်အုန်းမယ် ဂရုစိုက်ပြန်"
ထိုစကားဟာ အလိမ္မာနည်းနှင့် နှင်လိုက်တယ်ဆိုတာ အသိသာကြီးပင်။မိုရာက ထွက်သွားတဲ့ ချန်းယောလ်ကျောပြင်ကိုကြည့်ပြီး တောက်ခေါက်လိုက်တယ်။စိတ်တိုလွန်းလို့ သူမအသတ်တိုတော့မယ်။
ချန်းယောလ်က မိုရာကိုပစ်ထားခဲ့တယ်။မိုးရွာတော့မယ် ဆိုတာ ကျိန်းသေ အိမ်တော်ထဲကအလုပ်သမားတွေသိနေသည်။ဘယ်သောအခါမှ မနှင်ဖူးဘူးတဲ့ မိုရာကို အခုပထမဆုံးအကြိမ် နှင်လိုက်တယ်ဆိုတော့ကား။
အိမ်တော်အလုပ်သမားတွေအတွေးထဲမှာ တစ်ဝဲလည်လည်ပင်။နောက်တော့ ဆက်မတွေးတော့ဖို့ပဲ ကြိုးစားလိုက်တယ်။သူတို့တစ်တွေ ခေါင်းနဲ့ကိုယ်မြဲချင်သေးတယ်။သူတို့ကိုသတိပေးနေတာ ပတ်အိမ်တော်ဧည့်ခန်းမှာ ချိတ်ထားတဲ့ ဓားရှည်ကြီးပင်။
ဘတ်ဟျွန်း အပေါ်တက်သွားရာကနေ ပြန်ဆင်းမလာတော့တာ ညနေထိပင်။အိပ်နေတာလားဟု တွေးကာ အလုပ်သမားတစ်ယောက်ကို ညနေစာဆင်းစားဖို့ သွားခေါ်ခိုင်းရင်းနှိုးခိုင်းလိုက်သည်။
"သခင်ကြီး မစားချင်ပါဘူးတဲ့ သခင်လေးက"
"ကျစ်!"
စိတ်ရှုပ်သလို ကျစ်စုတ်သံကြောင့် လာပြောသော အလုပ်သမား ကောင်မလေးမှာ တုန်သွားသည်။ရှည်လျားသော ခြေတံရည်ကြီးများကိုသုံးကာ ခြေလှမ်းကျဲကြီးတွေနဲ့ အပေါ်တက်သွားသည့် သခင်ကြီးကိုကြည့််ပြီးနောက် အလုပ်သမားကောင်မလေးခမျာ ထောင်နေတဲ့ ကြက်သီးမွှေးတွေကို ပြန်ဖိလိုက်သည်။
"ပတ်ဘတ်ဟျွန်း ပတ်ဘတ်ဟျွန်း တံခါးဖွင့်စမ်း!!"
ပြောလည်းပြော လက်ကလည်း တံခါးကျိုးပဲ့အောင် ထုရိုက်ရင်းအော်နေသည်။ကြားနေရတဲ့ အိမ်တော်အောက်ထပ်က အလုပ်သမားတွေက 'ပတ်' ဆိုသောမျိုးရိုးနာမည်ကြောင့် ဒီနေ့ရွာသည့်မိုးက သည်းထန်မည်ဆိုတာပါ ကြိုသိနေသည်။
ဘတ်ဟျွန်းက ကျုံ့ထားတဲ့ မျက်မှောင်တွေနဲ့အတူ တံခါးလာဖွင့်တယ်။ချန်းယောလ်က သူ့ထက်မလျော့တဲ့ မာထန်နေတဲ့ မျက်နှာထားနဲ့ ဘတ်ဟျွန်းကြောင့် ဒေါသတွေ ပိုကြီးလာတယ်။
"အခုချက်ချင်း ထမင်းလာစား"
" မ စား ဘူး"
"မင်းငါ့ကိုလာစမ်းနေတာလား ဘတ်ဟျွန်း"
ိအိမ်အောက်ထက်က အလုပ်သမားတွေနှင့် ကိုယ်ရံတော်တွေက ဘာသံမှမထွက်ပဲ တိတ်တိတ်လေးငြိမ်နေကြတယ်။
အကျောရှည်တင်းချက်က အနှိပ်ခန်းသွားတောင် ပြေမှာမဟုတ်။သခင်ကြီးနှင့် သူ၏ကြင်ဖက် သခင်လေးတို့နှစ်ယောက်ရဲ့ စစ်ပွဲမှာ ခေါင်းကျိန်းရတာက အိမ်တော်ထိန်းပင်။
"အခုချက်ချင်း ထမင်းလာစားစမ်း"
"ငါ့ကို အမိန့်ပေးနေရအောင် မင်းကဘာမို့လို့လဲ"
အိမ်အောက်ထက်က အလုပ်သမားတွေက ဇက်တွေပုဝင်သွားပြီးဘုရားတနေကြရတော့သည်။သူတို့စိတ်ထဲ ဆုတောင်း၊ တောင်းတနေမိတာက 'သခင်လေး ထမင်းလေးလာစားပေးပါ' ဆိုတဲ့စကားပဲ။မဟုတ်ရင် သခင်ကြီးရဲ့ဒေါသတွေက အိမ်တော်တစ်ခုလုံးကို ပြာကျစေနိုင်တယ်။
"ဘာ!"
"မင်းခိုင်းချင်တိုင်းခိုင်းလို့ရမယ်ထင်နေလား။ငါကလူ။မင်းကလေးအတွက်ဆိုပြီး စေတနာမပါတဲ့ လုပ်ရက်တွေနဲ့ ငါ့ကိုနွားလို လာခိုင်းမနေနဲ့"
"ပတ်ဘတ်ဟျွန်း"
"မျိုးရိုးနာမည်ပြောင်းတာ ဘယ်သူ့ခွင့်ပြုချက်နဲ့လဲ Mr.ပတ်"
"မင်းအရင်စတာနော် အေး ရတယ်"
ချန်းယောလ်ရဲ့လုပ်ရပ်ကြောင့် ဘတ်ဟျွန်းရဲ့ အော်ဆဲသံတွေက အိမ်တော်ထဲ ပွက်ပွက်ညံလို့။ဗိုက်ကလေးနဲ့ပတ်ဘတ်ဟျွန်းလေးကို သခင်ကြီးပတ်ချန်းယောလ်က ပွေ့ချီလိုက်တာမဟုတ်ပဲ ပုခုံးပေါ်ကောက်ပြီး ထမ်းတင်လိုက်တာပင်။
လူကိုအကြမ်းပတမ်းတင်ကာ ခြေလှမ်းကျဲကြီးတွေနဲ့ ရင်တစ်ထိပ်ထိပ်ဖြစ်အောင် အောက်ဆင်းသွားတဲ့ ချန်းယောလ်ကြောင့် ဘတ်ဟျွန်း အော်ငိုတယ်။
ရှက်စရာကောင်းမှန်းလည်းသိတယ်။
ကိုယ်ဝန်ဆောင်ချိန်ဖြစ်တာကြောင့် စိတ်အတက်အကျမြန်သလို စိတ်အားကလည်းငယ်သည်။
ဘယ်အချိန်ပြုတ်ကျမလဲ မသိတဲ့အချိန်မှာ ရင်တစ်ထိပ်ထိပ်ဖြစ်ရတဲ့ ကြားထဲမှာ ဘတ်ဟျွန်းက အသံဗြဲနဲ့ အော်ငိုတယ်။
"တိတ်လိုက်စမ်း ပတ်ဘတ်ဟျွန်း"
ဘတ်ဟျွန်းရဲ့ သူ့ပုခုံးပေါ်ကနေ စူးဝါးဝါးအော်ငိုသံကြောင့် ချန်းယောလ်မာန်မဲလိုက်တယ်။ဘယ်တုန်းက ဘတ်ဟျွန်းဒီလိုတွေ အော်ငိုတတ်သွားတာလဲ။
"လိုက်မလာခဲ့နဲ့"
စားစရာလိုက်ပြင်ပေးဖို့လုပ်နေတဲ့ အလုပ်သမားတွေက ချန်းလ်ေစကားကြောင့်ထမင်းစားခန်းအပြင်ကနေ ရပ်နေခဲ့ရတယ်။
သူ့ကလေးအတွက်..
သူ့ကလေးအတွက်..
ချန်းယောလ်တွေးပြီး ထမင်း ဟင်း ခူးခတ်ထည့်ကာ ငုတ်တုန်ထိုင်နေတဲ့ ဘတ်ဟျွန်းရှေ့ချပေးလိုက်သည်။
"စား"
မျက်ရည်စီးကြောင်းတွေနဲ့ အာပေတူး ဘတ်ဟျွန်းက ခွေးပေါက်လေးနဲ့တူတယ်။မခြောက်သေးတဲ့ မျက်ရည်စီးကြောင်းတွေကြားကနေ ချန်းယောလ်ကို မျက်မှောင်ကုတ်ကြည့်ပြန်တယ်။
" မ စား ဘူး"
"စေတနာနဲ့ကျွေးတာ စားအခု"
ယုံချင်စရာကောင်းလောက်အောင် စေတနာနဲ့ဆိုတဲ့ရုပ်က အခုချက်ချင်းထမစားရင်ပဲ လည်ပင်းထညစ်ပြီး ရိုက်သတ်တော့မယ့် ပုံစံနဲ့။
"ဗြဲ!!"
ကျစ်!
ချန်းယောလ်စိတ်အချဉ်ပေါက်လာပြီ။သည်းမခံနိုင်တော့တဲ့ အဆုံး ထမင်းတစ်လုပ်ကိုပါးစပ်ထဲထည့်လိုက်တယ်။ငိုနေတဲ့ ဘတ်ဟျွန်းက ထိုအရာကိုမြင်တော့ အငိုတိတ်ပြီး ထမင်းပန်းကန်ကိုလုယူတယ်။ချန်းယောလ်က ထမင်းပန်းကန်ကိုအဝေးပို့ကာ ဘတ်ဟျွန်းမေးကို ခပ်ကြမ်းကြမ်းဆွဲမော့စေပြီး သူရဲ့ထမင်းကျွေးနည်းနဲ့ပဲ ဆက်ကျွေးတယ်။
"ဗြဲ!!"
"ပတ်ဘတ်ဟျွန်း!!"
"အု"
နှုတ်ခမ်းကိုအလွတ်ပေးတာနဲ့အော်ငိုလာကာ သူ့နှုတ်ခမ်းတွေကို ခပ်ကြမ်းကြမ်းနဲ့ရွံသလို ပွတ်သုတ်နေတဲ့ ဘတ်ဟျွန်းကြောင့် ချန်းယောလ်အော်ကာ စိတ်မရှည်ဟန်နဲ့ ထပ်နမ်းလိုက်တယ်။
နားညီးလို့။
ထမင်းစားခန်းထဲမှအော်ငိုသံများကြား
အိမ်တော်အလုပ်သမားများနှင့် ကိုယ်ရံတော်များ Be like-ငါတို့တွေအသံအထွက်ပဲ တိတ်တိတ်လေး နေရအောင်😆