{Unicode}
"nonnaပြောပါအုန်း ဘယ်သူနဲ့ရတာလဲ"
"ကျောင်းကစီနီယာတစ်ယောက်ဘဲ"
"အခုကလေးရှိလာတာ သူ့ကိုပြောမှဖြစ်မှာပေါ့ သူတာဝန်ယူရမယ်လေ"
"ပြောပြီးပြီ မယူနိုင်ဘူးတဲ့ nonnaဖျက်ချဖို့လုပ်ပေမဲ့
အပြစ်မရှိတဲ့ကလေးကိုတော့မသတ်သင့်ဘူးမလား"
အားကိုးတကြီးနဲ့Tae Hyungလက်မောင်းကိုကိုင်ပြီးမေးလာတာကြောင့်
"nonnaဆုံးဖြတ်ပါ ရင်ဆိုင်နိုင်လားsingle motherဘဝကို"
"မွေးမယ် ကျောင်းကတော့နားလိုက်တော့မယ်"
"အင်းပါ သဘောလေ အိမ်မှာသက်တောင့်သက်သာနေပါ ကလေးမွေးပြီးရင်တော့မိဘတွေဆီမျက်နှာသွားပြပေါ့ဘယ်မိဘမှ ကိုယ့်သားသမီးကို လျစ်လျူမရှုနိုင်ပါဘူး"
စိတ်နှလုံးဖြူစင်တဲ့Tae Hyungကြောင့်Yoonjiအကူအညီအများကြီးရခဲ့ပါတယ်
ရုန်းထွက်နိုင်ခဲ့တာတော့မဟုတ်ပေမဲ့ ဘဝကြီးကိုရှေ့ဆက်လျှောက်ရမယ်မလား ပုံမှန်အတိုင်းကျောင်းသွားတက်တယ်တိုက်ဆိုင်တာလေးတွေရှိရင်လွမ်းမိတယ် သူ့ရဲ့အငွေ့အသက်လေးတွေကိုလွမ်းမိတယ် တစ်ခါတစ်လေတော့လည်းမငိုနဲ့လို့ ကိုယ့်ဘာသာအားတင်းထားပေမဲ့ ငိုမိပြန်တယ်
၈လတောင်ကျော်ဖြတ်ပြီးပြီ nonnaကိုယ်ဝန်ကလည်းမွေးဖွားခါနီးမို့ ဂရုစိုက်ပေးရသေးသည် အိမ်ကမိသားစုကလည်းလာမတွေ့ ချစ်သူကလည်း ကိုယ့်လုပ်ရက်ကိုတာဝန်မယူဘဲပြစ်သွားခံခဲ့ရတဲ့nonnaကသနားဖို့တော့ကောင်းတယ်
__________________________________________
Tae Hyungရဲ့လှုပ်ရှားမှုတိုင်းကJeonဆီအမြဲပြန်ရောက်ပါတယ် ၈လကျော်ကြာပြီ Tae Hyungဆိုတဲ့အစ်ကို့ရဲ့နွံထဲကနေရုန်းမထွက်နိုင်သေးဘူး Yoonjiဆိုတဲ့တစ်ယောက်နဲ့အတူတွဲမြင်ရတိုင်း ဒေါသထွက်ရတယ်
Yoonjiကအခုကိုယ်ဝန်တောင်ရှိနေပြီတဲ့ ကျွန်တော်ဆုတောင်းတယ် ညတိုင်းဆုတောင်းတယ် ကလေးအဖေက အစ်ကိုမဟုတ်ပါစေနဲ့လို့ပေါ့ ညတိုင်းလွမ်းလို့ငိုရတာ ရူးမတက်ဘဲအတွေးတွေကလည်းခြောက်လှန့်လိုက်တာ
__________________________________________
Nonnaကလေးမွေးမဲ့ရက်ကိုတောင်ရောက်လာပြီ
ကိုယ့်ကလေးမဟုတ်ပေမဲ့ ကလေးချစ်တက်တဲ့ကျွန်တော့်အတွက်တော့ ဒါဟာစိတ်လှုပ်ရှားစရာ ultrasound ကြိုမရိုက်ထားတာကြောင့် သားသားလားမီးမီးလားဆိုတာမသိရသေး
ဒီနေ့ကကျောင်းပိတ်ရက်ဖြစ်တာမို့ nonnaမွေးဖို့ဆေးရုံကိုလိုက်သွားပေးဖို့ အဆင်ပြေသွားသည်
"ကလေးအဖေဘယ်သူလဲ"
မွေးဖွားခါနီး ကလေးအဖေရဲ့လက်မှတ်ကိုလာတောင်းတဲ့
nurseမလေးကြောင့် Tae Hyungတစ်ယောက်အကျပ်ရိုက်ရသည် Yoonjiမှာပါလာတာဆိုလို့ သူဘဲရှိတာမလား
သူမှ မပြောရင် လက်မှတ်ထိုးပေးမဲ့သူမရှိဘူး
"ဒ..ဒီမှာပါ"
လိုအပ်တဲ့နာမည် လက်မှတ်ပေးပြီးတော့ nonnaကမွေးခန်းထဲကိုဝင်သွားပြီ
ကိုယ်ကလေးမဟုတ်ပေမဲ့စိတ်လှုပ်ရှားနေမိတယ်
ကြားထဲအတွေးလေးကလည်းဝင်လာတယ်
သူသာကိုယ်ဝန်ရှိခဲ့လို့မွေးဖွားခန်းထဲဝင်သွားရင် Jeonလည်း အခုလိုစိတ်လှုပ်ရှားပူပန်နေမှာမဟုတ်လား
မဟုတ်ကဟုတ်က အတွေးလေးတွေက လူကိုပျော်စေသည်Jeonကိုလွမ်းရလို့ ရူးတော့မှာဘဲ...
.
.
.
၁နာရီကျော်ကျော်လောက်ကြာပြီးတော့ ဆရာဝန်က အခန်းထဲက ထွက်လာတယ်
"ကလေးရော မိခင်ရော ဘေးကင်းပါတယ် သားလေးပါ"
ကလေးကိုတော့ပိုးသတ်ခန်းထဲမှာထားထားရမယ်ဆိုလို့အခုထိတော့မတွေ့ရသေး လူနာခန်းထဲမှာ ဆေးပိုက်တန်းလန်းနဲ့ nonnaကို အားပေးဖို့သွားရောက်လိုက်တယ်
"အဆင်ပြေလား nonna နောက်ဆုံးတစ်ခါလောက်မကြိုးစားချင်ဘူးလား စီနီယာကို ကျွန်တော်သွားခေါ်လိုက်မယ်"
"ဟင့်အင်း ရတယ် သူ့ကိုမလိုဘူး သားလေးလည်းရောက်လာပြီဘဲ nonnaအဆင်ပြေတယ်"
နောက်တော့nurseမလေးက ကလေးလေးကိုပွေ့ချီလာရင်းYoonji လက်ထဲထည့်ပေးလိုက်တော့ နီတာရဲလေးကတကယ်ကိုချစ်စရာကောင်းသည်
"သူ့အဖေကိုတော်တော်ချစ်တာဘဲ စီနီယာနဲ့တစ်ရုပ်ထဲဘဲ"
ပြောရင်းနဲ့မျက်ရည်လေးတွေဝဲလာတဲ့Yoonji
"ကလေးလေးစိတ်မပူနဲ့နော် မေမေကအကောင်းဆုံး
စောင့်ရှောက်ပေးမှာ ဘေးက ဦးဦးကလည်း သားသားလေးကိုအရမ်းချစ်ပေးမှာ"
Yoonjiကိုကြည့်ကာ သူလည်း Jeonနဲ့တူတဲ့Jeon
ကိုယ်ပွါးလေးကိုမွေးပေးချင်လိုက်တာဆိုတဲ့
မဖြစ်နိုင်တဲ့စိတ်ကူးတွေကဝင်လာပြန်တယ်
__________________________________________
Tae Hyungရဲ့နေ့စဉ်လှုပ်ရှားမှုအားလုံးကkoreaမှာလွှတ်ထားတဲ့လူယုံကြောင့် နေ့တိုင်းအကြောင်းစုံကိုသိရပါတယ်
ဖုန်းထဲကိုဝင်လာတဲ့messageတစ်စောင့်နဲ့fileတစ်ချို့
"ကလေးအဖေနေရာမှာလက်မှတ်ထိုးခဲ့တယ်တဲ့"
ထို့နောက် ဓာတ်ပုံဖိုင်ကိုဖွင့်ကြည့်လိုက်တော့ ဆေးရုံမှာကလေးလေးကိုချီကာ ပျော်နေတဲ့ အစ်ကို့ပုံကိုမြင်လိုက်ရတော့ နှလုံးအိမ်လေးက တစ်ဆစ်ဆစ်နဲ့အောင့်လာရပြန်တယ်
ကျွန်တော်သိပ်မြတ်နိုးရတဲ့အစ်ကိုကလေးသိပ်ချစ်တာမလား အခုဆိုသူအရမ်းပျော်နေမှာပေါ့
တွေးနေရင်း ရုတ်တရက် အခန်းထဲကိုဝင်လာတဲ့အိမ်မှ
အကူတစ်ချို့ကြောင့်
"သခင်လေး မြန်မြန်လာပါ သခင်ကြီးအခြေအနေမကောင်းတော့ဘူး"
လူကအစထဲက အစ်ကို့ကြောင့်နဲ့စိတ်ရှုပ်နေရတာ
အခုပါပါးအခြေအနေကိုကြားလိုက်ရတော့ ပူထူသွားသည်
ပါပါးရဲ့အခန်းထဲအမြန်ဝင်လိုက်ကာ
"ဆရာဝန်ခေါ်လေ"
အော်ပြောလိုက်တော့ သူ့အဖေက သူ့လက်လေးကိုလာကိုင်ကာ မခေါ်နဲ့ဆိုတဲ့ပုံစံနဲ့ ခေါင်းခါပြတယ်
"ဘာလို့လဲ ဆေးကု့ရမယ်လေ "
"သား ပါပါးအချိန်တန်ပြီထင်တယ် အခုဒုက္ခတွေကိူမခံစားနိုင်တော့ဘူး ကင်ဆာဆေးတွေကအရမ်းပူတယ်သိလား သား"
အေးအေးလူလူနဲ့ပြောလာပေမဲ့ Jeonရင်ထဲမီးတွေတောက်နေရသည် သူ သူအဖေနဲ့တူတူရှိနေပေးတာ အခုထိဆို၉လလောက်ဘဲရှိသေးတာမလား ၁နှစ်တောင်မပြည့်သေးဘူးလေ
"ရော့"
လက်ထဲကိုလာထည့်ပေးတဲ့ဘူးလေးကိုဖွင့်ကြည့်လိုက်တော့အကျီလက်မှာတပ်တဲ့ရွှေရောင်ကြယ်သီးလေးနှစ်ခု စိန်တစ်ပွင့်စီနဲ့
"ဒါကဘာလဲ ပါပါး"
"ပါပါးရဲ့အဖေ မင်းရဲ့အဘိုးပေးခဲ့တာလေ လက်ဆင့်ကမ်းပေးရတော့မဲ့အချိန်ရောက်ပြီ မိသားစုဂုဏ်ကိုဆက်လက်ထိန်းပေးပြီး Jeonမျိုးဆက်ကို ဆက်လက်တည်တံ့အောင်လုပ်ပေး ဒါပါပါးနောက်ဆုံးဆန္ဒဘဲ"
သူ့အဖေလက်ကိုကိုင်ကာမျက်ရည်တွေဝဲပြီး
"စိတ်ချပါပါး ဒါလေးကို ကျွန်တော်ကိုယ်နဲ့မကွာဆောင်ထားပါမယ်"
"ပါပါးစိတ်ချပြီနော် မင်းမာမားနဲ့အခုတွေ့ရတော့မှာ
သား မငိုနဲ့နော် ပါပါးက မင်းကိုကောင်းကင်ကြီးကနေ ကြည့်ပြီး အမြဲစောင့်ရှောက်ပေးနေမှာ ပြီးတော့ ပါပါးကိုခွင့်လွှတ်ပါ"
ခွင့်လွှတ်ပါဆိုတဲ့စကားကိုတော့နားမလည်ပေမဲ့
အဖေဖြစ်သူရဲ့စကားတွေကြောင့်Jeonပိုဝမ်းနည်းခဲ့ရတယ်နောက်ဆုံးတော့ သူ့လက်ထဲမှာဘဲ ပါပါးကဘဝကူးသွားခဲ့တယ် နောက်ဆုံးထွက်သက်မှာ သားနဲ့တူတူရှိနေချင်တယ်ဆိုတဲ့ပါပါးရဲ့ဆန္ဒလေးကို သားဖြည့်ပေးနိုင်လို့ဝမ်းသာပါတယ်ကောင်းကောင်းသွားပါ ပါပါး
မျက်ရည်တွေကိုသုတ်ရင် အဖေဖြစ်သူကိုနှုတ်ဆက်ချိန်ရောက်ပြီမလား စျာပနပွဲကိုအိမ်မှာရှိတဲ့မိသားစုနဲ့သာကျင်းပလိုက်ရင်း ပါပါးကိုတော့ထာဝရနှုတ်ဆက်လိုက်ရပြီ
စျာပနပွဲပြီးတာနဲ့ Italyကအိမ်ကိုသာပြန်လာခဲ့တယ်
"သခင်လေး အခုသခင်ကြီးဆုံးသွားပြီဆိုတော့ အလုပ်တွေအားလုံးကိုသခင်လေးကိုအပ်ပါတယ်"
"အလုပ်က စပျစ်ခြံဘဲရှိတာမလား လူလွှတ်ထားခဲ့မယ်"
"သခင်လေး မသိသေးဘူးလား"
ပါပါးရဲ့လူယုံပြောလာတဲ့စကားကြောင့်တွေဝေမိတယ်
သူသိရဲ့ပါပါးရဲ့လုပ်ငန်းဆိုလို့ စပျစ်ခြံဘဲရှိတာမလား
လူယုံရှင်းပြလာတာကြောင့် အနည်းငယ်ရှုပ်ထွေးသွားသည်ပါပါးကဒါတွေကိုသူငယ်ငယ်ထဲက လုပ်နေခဲ့တာလားဘာကြောင့်မသိခဲ့ရတာလည်း ပါပါးနောက်ဆုံးပြောသွားတဲ့ခွင့်လွှတ်ပါဆိုတာကလည်း ဒါကိုပြောတာလား
__________________________________________
Italy မှာရှိတဲ့ပိုင်ဆိုင်မှုတွေကိုKoreaဘက်ကိုလွှဲပြောင်းရင်းပါပါးနေခဲ့တဲ့အိမ်ကြီးနဲ့ခြံကိုတော့ဒီအတိုင်းသော့ခတ်ခဲ့ပြီးခြံစောင့်အချို့နဲ့ အိမ်နဲ့ခြံကိုအပတ်တိုင်းသန့်ရှင်းရေးလုပ်ပေးဖို့ လူအနည်းသာထားခဲ့လိုက်တယ်
Koreaကိုပြန်မှဖြစ်မယ် ဘယ်လောက်ဘဲကြာခဲ့ပါစေ
အစ်ကိုနဲ့စကားပြောချင်တယ် မေးစရာတွေအများကြီးရှိတယ် သိချင်တာတွေအများကြီးရှိတယ် ကျေးဇူးပြုပြီးကျွန်တော်ထင်ထားသလိုမဖြစ်ပါစေနဲ့...
__________________________________________
#အချစ်လေးတွေကတောင်းဆိုလာတော့လည်းမြန်မြန်upပေးချင်🥺❣️
{Zawgyi}
__________________________________________
__________________________________________
"ကလေးအဖေဘယ်သူလဲ"
"ဒ..ဒီမှာပါ"
.
.
.
__________________________________________
အကူတစ်ချို့ကြောင့်
"ဆရာဝန်ခေါ်လေ"
"သား ပါပါးအချိန်တန်ပြီထင်တယ် အခုဒုက္ခတွေကိုမခံစားနိုင်တော့ဘူး ကင်ဆာဆေးတွေကအရမ်းပူတယ်သိလား သား"
"ရော့"
"ဒါကဘာလဲ ပါပါး"
မျက်ရည်တွေကိုသုတ်ရင် အဖေဖြစ်သူကိုနှုတ်ဆက်ချိန်ရောက်ပြီမလား ဈာပနပွဲကိုအိမ်မှာရှိတဲ့မိသားစုနဲ့သာကျင်းပလိုက်ရင်း ပါပါးကိုတော့ထာဝရနှုတ်ဆက်လိုက်ရပြီ
ဈာပနပွဲပြီးတာနဲ့ Italyကအိမ်ကိုသာပြန်လာခဲ့တယ်
"သခင်လေး မသိသေးဘူးလား"
__________________________________________
__________________________________________