COMPLETE ဧကရီကို ကိုယ်တော် မ...
By Kyiphyuswe
63.6K 5.2K 664
ဒီဟာလေး ကတော့ ဒုတိယမြောက် ခြေလှမ်း လေးပဲ ဖြစ်ပါတယ်နော်။ ရှေ့အပုဒ်က Boy X Boy ပုံစံ ဖြစ်တာမို့ BXG ကြိုက်တက်တဲ... More
အပိုင်း (1)
အပိုင်း (2)
အပိုင်း (3)
အပိုင်း (4)
အပိုင်း (5)
အပိုင်း (6)
အပိုင်း (7)
အပိုင်း (8)
အပိုင်း (9)
အပိုင်း (10)
အပိုင်း (11)
အပိုင်း (12)
အပိုင်း (14)
အပိုင်း(15)
အပိုင်း (16)
အပိုင်း (17)
အပိုင်း (18)
အပိုင်း (19)
အပိုင်း (20)
အပိုင်း (21)
အပိုင်း (22)
အပိုင်း (23)
အပိုင်း (24)
အပိုင်း (25)
အပိုင်း (26)
အပိုင်း (27)
အပိုင်း (၂၈)
အပိုင်း (29)
အပိုင်း (30) [Final]
EXTRA (ဇာတ်ကြောင်းအစစ်)
အပိုင်း (13)
1.6K 148 18
By Kyiphyuswe
[Unicode]
မနက်ခင်း အိပ်ယာက နိုးတဲ့ အခါ လီယု တစ်ယောက် တစ်ကိုယ်လုံး နာကျင် ကိုက်ခဲ နေပြီပဲ ဖြစ်လေတယ်။ ပြီးတော့ မနေ့ညက သူ့အမတော် က သူ့ကို တကယ်ကြီး အကြမ်းဖက် ပြီး သိမ်းပိုက်ပြစ် ခဲ့တာပဲ။ အတွင်း စိတ်ထဲ မှာတော့ ပျော်လွန်းလို့ ခုန်နေပေမယ့် အပြင် ဘက်မှာတော့ မျက်နှာလေး ညိုးကာ မျက်ရည် လေး တစမ်းစမ်း ဖြစ်အောင် လုပ်လိုက်တယ်။
    သူမ ရင်ခွင်ထဲ ကအနွေး လုံးလေး လုပ်နိုး လာတာ ကိုတွေ့ ရှန်းလု က နှဖူးလေး နမ်းကာ မေး လိုက်တယ်။
" ယုယု လေး.......  နိုးပြီလား....နာနေသေးလား...''
   ခေါင်းလေး ကို ငြိမ့်ပြီး မျက်ရည်လေးတွေ တွဲ ခိုနေတဲ့ သူဟာ မနေ့ညက တော်တော်လေး ကြမ်း ခဲ့မှန်း သိသာနေလောက် အောင် လှပလွန်းနေ ခဲ့တယ်။
သူမ မောင်လေး က တိုးတိုးလေး ကပ်ပြောခဲ့တယ်။
" အမတော်....ကျန်း နာနေတယ်...''
" အုံဖွ လုပ်ပေး မယ်နော် ပြီးတော့ ခါးလေး ကို လည်း နှိပ်ပေး မယ် ဟုတ်ပြီလား....''
  ပြောရင်း နဲ့ ခါးသွယ်သွယ်လေး ဘေး လေးတွေ ကို အသာလေး နှိပ်နယ်ပေး နေလေရဲ့။
ဒီနေ့မှာတော့ ဖြင့် ဧကရာဇ်လေး ဟာ ညီလာခံ ကို မသွား ခဲ့ ပါဘူး။ ဘာလို့လဲ ဆိုတော့ သလွန်ပေါ်မှာ ထိုင်မရ လို့ပဲ ဖြစ်ပါတယ်။
  မနက်စာ တူတူ စားပြီး တဲ့နောက် ဧကရီ က ဧကရာဇ်လေး ကို နား ချတော့တယ်။ မျိုး ဆက်ရ ရှိဖို့ ကြင်ယာတော်တွေ နဲ့ ပူးပေါင်း သင့်ကြောင်း ၊ တိုင်းပြည်ရဲ့ စီးပွားရေး နဲ့ စစ်ရေး အကြောင်း၊ အမတ်တွေ နဲ့ ဝမ်ရယ်တွေ အကြောင်း ကို ဆွေးနွေး တိုင်ပင် ခဲ့ကြတယ်။
  သူမ ကို မနက်ခင်း ဂါရဝ လာပြု ရတဲ့ ကြင်ယာတော် တွေ ကတော့ သူမ ရင်ခွင်ထဲ က ပန်းသွေးကြွ နေတဲ့ ဧကရာဇ်လေး ကို သရေ တမြားမြား နဲ့ ကြည့်နေ ကြလေတယ်။
   ဒီလောက် လှပတဲ့ သူကို သူမတို့ မထိတွေ့ ချင်ပဲ နေပါ့မလား။ ထိုစဥ် တဲ့ဖေး (မုမု) က ဧကရာဇ်လေး ကို မေးလေတယ်။
" အရှင်မင်းကြီးကို ချန်ချယ် တစ်ခုလောက် မေး ချင်ပါတယ်....မနေ့ ညက ဘယ်နန်းဆောင် ကို ကြွ ခဲ့ ပါသလဲ ဆိုတာ ကို အတင့်ရဲ ပြီး မေးပါရစေ...ပြီးတော့ ချန်ချယ့် နန်းဆောင် ဆီ ကိုလဲ လာရောက် စက်တော် ခေါ် ဖို့ ဖိတ်ခေါ် ချင်ပါတယ်...''
တဲ့ဖေး က ဒူးထောက်ပြီး ပြောတာကြောင့် သူမရဲ့ လည်ပင်း အပေါက်ကနေ ပြီးတော့တောင် အထဲ က ရင်သားတွေ ကို မြင်နေ ရလေတယ်။ ဧကရာဇ် တစ်ယောက် မျက်နှာ ကြီးမည်း သွားလေတယ်။ ဘာလဲ ဒီတဲ့ဖေး က ကျန်း ရဲ့ ဧကရီ ရှေ့မှာ သူမရဲ့ ရင်သားတွေ ကို လှစ်ဟ ရဲတယ်။ သူ့တောင် မြင်ရတယ် ဆိုရင် သူ့ကို ပွေ့ ထားတဲ့ ဧကရီ လည်း ထိုမြင်ကွင်း ကို မြင်ရ မှာ အသေ အချာပဲ ။ အနောက် ကို လှည့်ကြည့် တော့ သူ့အမတော် က အရှေ့ က တဲ့ဖေး ကို စိုက်ကြည့်နေတာ ကို တွေ့ လိုက်တယ်။ ချက်ချင်းပဲ စိတ်ထဲ မှာ ပုဝါ ကိုက်ပြီး တဲ့ဖေး ကို လီယု ကျိန်ဆဲနေပြီ ပဲ ဖြစ်တယ်။
  ငါ့အမတော် ကို မြူဆွယ် ချင်နေတယ်.... ဟမ့်... နင်က ကျန်း နဲ့ လာပြိုင် ချင်နေတာလား... ။
  စိတ်ထဲ မှာ ကျိန်ဆဲ နေပေမယ့် အပြင်မှာတော့ မျက်နှာသေလေး နဲ့ ပြန်ဖြေ လိုက်တယ်။
" အတင့်ရဲ လိုက်တာ.....ကျန်း ဘယ်အဆောင် ကိုပဲ သွားသွား တဲ့ဖေး စိတ်ပူနေစရာ အကြောင်း မရှိသလို.... ကျန်း ကလဲ ဘာကိစ္စ နဲ့ပြော ရမှာလဲ။ ပြီးတော့ တဲ့ဖေး ရဲ့ အိပ်ဆောင် ကို ကျန်း စိတ်ပါ တဲ့အချိန် လာမှာပေါ့....မင်းက ကျန်း ကို ဖိတ်ခေါ် တိုင်း လာရအောင် ကျန်း က ' အနီရောင် အလှ' ဂေဟာ က လူမဟုတ်ဘူး..''
  ဧကရာဇ်လေး က ဒေါသ ထွက်သွားမှန်းလည်း သိရော ဒူးထောက်နေ ရာကနေ မြေကြီး ဆီ ကို ငုံ့ ကိုင်း လိုက်ပြီး တောင်းပန် တော့တယ်။
" ချန်ချယ့် အမှားပါ.....ချန်ချယ့်က အမတ်ချုပ်ကြီး ရဲ့မြေးမ ဆိုပေမယ့် ငယ်စဥ် ကတည်းက မိဘတွေ နဲ့ နယ်ဘက်မှာ နေခဲ့တာမို့ ကျင့်ဝတ်တွေ နားမလည်တာပါ....ဒါကြောင့် အရှင့် ကို ခွင့်လွှတ်ပေး ဖို့ တောင်းပန်ပါတယ်.... ''
  သနားခံနေ တယ် ထင်ရပေမယ့်လည်း
စကားလုံး တွေ ကို ဖိပြီး ပြောသွားတာ မို့ မာန်မချ မှန်း သိသာလေတယ်။ ထိုအခါ စဲ့ဖေး(ရှုယုလိန်) က ဝင်ပြီး ပြောလေတယ်။
" အို.....ဒီကြင်ယာတော် ကြားဘူးတာ ကတော့ တဲ့ဖေး က အမတ်ချုပ်ကြီး ရဲ့ ပုလဲ လုံး လေး ဖြစ်ပြီးတော့ ငယ်စဥ် ကတည်း က အနုပညာ လေး မျိုး နဲ့ ကျင့်ဝတ်တွေ ကျွမ်းကျင် လှတယ် လို့ နန်းမြို့ မှာ နာမည် ကြီးနေတာပဲလေ... ပြီးတော့ တဲ့ဖေး ပြောတဲ့ နယ်ဘက် ဆိုတာ က ကျန်းနန် ကိုပြောတာ မလား....အို... အဲ့နယ်ဘက်က အမျိုးသမီး လေးတွေက သိမ်မွေ့ ယဥ်ကျေး ပြီး ကျင့်ဝတ်ထုံးတမ်း သိတက်မှု က ကျော်ကြား လှတယ်။ အခု တဲ့ဖေး က နားမလည် ဘူး ဆိုတော့ရာ....အိုင်း....ကောလ ဟာလတွေ ကို မမှန် ဘူးနေ မှာပါလေ...''
လီယု ကတော့ စိတ်ထဲ ကနေ စဲ့ဖေး ကို လက်မ အကြီးကြီး ပေး လိုက်တယ်။ အမတော် ရွေးပေးထားတဲ့ ကျားတွေ မြွေတွေ က အချင်းချင်း ပြန်ကိုက် တက်ကြတာပဲ..။ ကြည့်စမ်း ပါအုံး ပျက်သွားတဲ့ တဲ့ဖေး ရဲ့ မျက်ခွက်ကြီးကို.... ဟားဟားဟား.....စိတ်ကျေနပ် ဖို့ကောင်း လိုက်တာကွာ...။
" နင်....''
" တော်ကြတော့ မင်းတို့တွေက အခု အိမ်တော် က မမလေး တွေ မဟုတ်ကြတော့ ဘူး။ ဧကရာဇ် ရဲ့ ကြင်ယာတော် တွေ ဖြစ်နေ ကြပြီ....ထိန်းထိန်းသိမ်းသိမ်း နေကြစမ်း...''
  ဧကရီ က ဆူပူ လိုက်ကာမှပဲ တဲ့ဖေး ကော စဲ့ဖေး ပါ ငြိမ်ကြ သွားလေတယ်။
ခဏနေတော့ အသီးသီး ဂါရဝပေးရင်း ထွက်သွား ကြ​တော့တယ်။ ဒါပေမယ့် ချန်​ဖေး (အိုက်ရင်)  က ထွက် မသွား သေး ပဲ ဧကရီ နား ကို ကပ် လာခါ ပါးကို အသာလေး နမ်း ပြီး ပြုံးပြ ပြီးမှ ဧကရီ နန်းဆောင် ထဲ ကို ဝင်သွား တော့တယ်။
  အစကနေ အဆုံး ထိ ဧကရီ ရင်ခွင် ထဲမှာ ထိုင်နေသော ဧကရာဇ် ''........''
  ငါလိုး...!!
ငါ့အမတော် ကို များ....ဒီ သောက်ကောင်က...... ။
   သူ့အမတော် ကျပြန်တော့လဲ သူ့ကို အပါးတော်မြဲ လက်ထဲ ထည့်ကာ အစီရင်ခံ စာတွေ ဖက်ရ မယ် ဆိုတဲ့ သောက် အကြောင်းပြ ချက်ကြီး နဲ့ စာကြည့်ဆောင် ကို ပို့ပစ်ပြီး နန်းဆောင်ထဲ ကို ပျော်ပျော်ကြီး ဝင်သွားတယ်တဲ့...။
  အမတော်ရေ....မနေ့က မှ ကျန်း ကို မထိုင်နိုင်အောင် အမတော် လုပ်ထားတာ မလား.....အခုကျတော့ အလှလေး နောက်ပါသွားပြီ....စားပြီး နားမလည်တဲ့ ဟာကြီး...။
စာကြည့်ဆောင်မှာတော့ ဧကရာဇ်လေး တစ်ပါး ဟာ ခါးလေး ကို ပွတ်ရင်း အစီရင်ခံ စာတွေ ကို စိတ်မပါ လက်မပါ ဖက်နေ ရပြီး ဖုန့်ဟွေ နန်းဆောင်မှာတော့ ချန်ဖေး တစ်ယောက် ဧကရီ ကို ပျော်ပါး နေကြတော့တယ်။
( ကားခန်း ကို ရေးပေး ရမလား? !?)
Announcements က ၁ ယောက်က ၁ ရွေး ထားပြီး နောက် ၂ ယောက်က ၂ ရွေး ထားပါတယ်။ 1. က ၁၁၉ ပိုင်း ကျန်ပါတယ်။ (တင်လက်စပါ)
2.က 49 ပိုင်း လောက်ရှိပေမယ့် တစ်ပိုင်း က အရမ်းရှည်တာမို့ တစ်ဝက်ဆီ ခွဲ မှာပါ...
(ကဲ မနက်ဖြန်ထိ စောင့်ပါမယ်နော် များတဲ့ ဟာကို တင်ပေးမှာပါ)
...............................................................
[Zawgyi]
" အမတော်....ကျန်း နာနေတယ်...''
" နင်....''
  ငါလိုး...!!
...............................................................
Continue Reading
You'll Also Like
97.1K 6.3K 22
မီရာ ဆိုတဲ့ ဆေးကျောင်းသူလေးဟာ မထင်မှတ်တဲ့ မတော်တဆမှုတစ်ခုကနေပြီးတော့ ရှေးခေတ်ကို ပြန်ရောက်သွားတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ... မီရာ ဆိုတဲ့ ဆေးကျောင်း...
2.8M 259K 40
1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.1...
65.2K 4.1K 54
အင်္ဂါနေ့တိုင်း Update ရှိပါသည်။ ကြာပန်းဖြူလေးများအဖွဲ့
2.2K 236 22
ဒီထဲမှာ ကျွန်တော်ဖတ်ခဲ့ဖူးတဲ့ ဇာတ်လမ်းတိုလေးတွေ ခွန်အားဖြစ်စေမယ့် ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတွေ ခံစားလို့ကောင်းမယ့် ကဗျာတိုလေးတွေ အဓိပ္ပါယ်ရှိတဲ့ quotati...