Because of Hydrangea(BL)
By KhunSat001
26.2K 1.4K 212
အတ္တတွေ🔴 လွှမ်းမိုးနေတဲ့ ချမ်းသာတဲ့ မိသားစုတစ်စု။ အမွေရမယ်ဆိုရင် မိသားစုအရင်းကို သတ်ပြစ်နိုင်လောက်တဲ့ အတ္တမျ... More
Intro
Part-1
Part-2
သတိပေးခြင်း
Part-3
🚨Part-4🚨
Part-5
Part-6
Part-8
part-9
Part-10
Part-11 Zawgyi&Uni
Part-12
Part-13
Part-14
part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part- 25
Part-7 Uni&Zawgyi
620 61 13
By KhunSat001
Because of Hydrangea
အပိုင်း၇
အန်ကယ်ကျော် ခေါ် ဦးကျော်ခိုင်တစ်ယောက် လက်ထဲမှအရက်ခွက်ကို နံရံတစ်ခုဆီသို့ အားပါပါပစ်လွှတ်လိုက်သည်။ အံများကိုကျိတ်ထားသည်ကြောင့် သူ၏ပါးဆောင်များ မာကျောနေပြီး မေးကျောများဟာလည်း ထောင်ထနေသည်။ ဦးကျော်ခိုင်၏ တပည့်များမှာ ဘာအသံမှမထွက်ရဲကြပါ။ ဆံပင်စလေးများပင် မလှုပ်မိအောင် ကျောက်ရုပ်ကြီးများသဖွယ် ရပ်နေကြရသည်။ သူတို့သူဌေး ဒေါသထွက်နေသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်သည်။ ဦးကျော်ခိုင်ထံ တစ်ပတ်အတွင်းညတိုင်း ပါဆယ်တစ်ထုတ်ရောက်သည်။ ပါဆယ်ထဲတွင်  ကြက်သွေးရဲရဲများဖြင့်ရေးထားသော "လူ့ငနွား"ဆိုသည့် စာတန်းကြောင့်ဖြစ်သည်။ ထိုစာတန်းပါ ပါဆယ်သည်မည်သူမည်ဝါ လာပို့သည်ကို သူ၏တပည့်များက အမိမဖမ်းနိုင်လို့ ဦးကျော်ခိုင်ပိုလို့ပင် ဒေါသထွက်ရသည်။ ဒါတင်ပဲမဟုတ်။  ဦးကျော်ခိုင်ညဘက်လူမသိသူမသိ သွားကဲတတ်သောကလပ်တစ်ခုရှိသည်။ ထိုဆိုင်ဟာ လုံခြုံပြီးသူ့လိုနိုင်ငံရေးသမားများ၊ နာမည်ကြီးစီးပွားရေးသမားများ ကျိတ်ပုန်းခုတ်ရာနေရာဖြစ်သည်။ ထိုနေရာကို လွန်ခဲ့သည့်နှစ်ရက်က ဦးကျော်ခိုင်သွားခဲ့သည်။ အပြီးကဲပြီး ကားပါကင်သို့ တပည့်များဖြင့် ပြန်အလာတွင် ကားဒရိုက်ဘာသည် ကားဘေးတွင်လှဲကျနေသည်။ ကားမှန်မှာ ပင့်ကူအိမ်သဖွယ် ကြေမွနေသည်။ ကားဘီးလေးဘီးလုံးမှာလဲ ပြားချပ်လို့နေသည်။ ကားပေါ်တွင် ဆေးနီများဖြင့် "လူ့ငနွား"လို့ ရေးသွားကြသည်။
ကားဒရိုက်နိုးလာတော့ သူ့ကိုလူတစ်ယောက်က နောက်ကနေဒုတ်ဖြင့် ရိုက်လိုက်တာကြောင့် သူမေ့လဲသွားတာဖြစ်ကြောင်းရှင်းပြလာသည်။ ကားပါကင်CCTVများကိုကြည့်ရာ လူလေးယောက်အမဲရောင်ဆင်တူဝတ်ပြီး မျက်နာဖုံးများတပ်ထားကြသည်။ လက်ထဲက ဒုတ်များဖြင့် ဦးကျော်ခိုင်ကားကို စိတ်ကြိုက်သမသွားပြီး၊ ဘီးများကိုလည်း ဖောက်သွားကြသည်။ ထူးဆန်းသည်က ထိုလူများကို ဘယ်သူမှမမြင်လိုက်ကြပါ။ မတွေ့လိုက်ကြပါ။ ဦးကျော်ခိုင် ရဲဖြင့်လည်းမတိုင်ဖြစ်ပါ။ အဘယ့်ကြောင့်ဆိုသော် ရဲတိုင်လိုက်လျင် မိမိအကြောင်းကိုလူတကာပိုသိသွားမှာ စိုးလို့ဖြစ်သည်။ သူ့လူများဖြင့်သာ ကျိတ်ကာစုံစမ်းနေရသည်။
တစ်ဖက်တွင်တော့ Gongနှင့်သူငယ်ချင်းသုံးဦးမှာ ခွက်ချင်းတိုက်ကာ အောင်ပွဲခံနေကြသည်။ ဒီလိုလုပ်ရက်မျိုးတွင် Gongနှင့်သူငယ်ချင်းများက သေသပ်ကျွမ်းကျင်လွန်းလှသည်။ ကျောင်းတုံးက အုပ်စုလိုက်အဆိုးအတေများ ဖြစ်တာကြောင့် ဖြစ်မည်။
"ဟိတ်ကောင်Gong မင်းပြောတော့ အဂျီစိုင်ကို မုန်းပါရဲ့ဆို.....ခုတော့ သူ့ထိရင်အရင်လို ဆတ်ဆတ်ထိမခံပါလားကွ...."
သူငယ်ချင်းဖြစ် ယန်ကြီး(ယန်မျိူးအောင်)၏ စကားကြောင့် Gongပြုံးရွှင်စွာ အောင်ပွဲခံခြင်း ရပ်တန့်သွားသည်။
Gong ဝီစကီခွက်ကို အကုန်မော့သောက်ပစ်လိုက်သည်။ ကိုယ့်ကိုယ်ကိုခံပြင်းမှု တစ်ချို့ကို ပူလောင်ပြင်းရှသော ဝီစကီဖြင့် မျောချလိုက်သည်။ ခံပြင်းသည်။ မိမိအားမချစ်ပဲ အစ်ကိုဖြစ်သူကို အရွဲ့တိုက်ဖို့ သိမ်းပိုက်ခဲ့ခြင်းကို ခံရသည်တိုင်အောင် ထိုလူကိုမုန်းလို့မရပါ။ ထိုသို့နွားကျမှု့ကြောင့် Gongကိုယ့်ကိုယ်ခံပြင်းသည်။ ဒေါသထွက်မိသည်။ သို့ပေမယ့် ထိုလူအား ထိပါးစော်ကားလာသူများကိုတော့ ပြင်းပြင်းထန်ထန်ပြန်တိုက်ခိုက်နေမိသည်။ သူ့အားGongမုန်းကြည့်သည် သို့သော်မစွမ်းနိုင်ပါ။
ဇွဲစျာန်သည် Gongရဲ့အရိပ်အ​​ခြေကိုအကဲခတ်မိလိုက်သည်။ သူတို့သူငယ်ချင်းကြီးဟာ ထိုအမျိုးသားကို နှစ်နဲ့ချီကြိတ်ခဖစ်နေမှန်း သူတို့သိထားသည်။ သူတို့သူငယ်ချင်းကြီး အချစ်ကြီးမှု့ကိုတော့ သူတို့တွေလက်ဖျားခါသည်။ လိုက်မမှီပါ။ မင်္ဂလာဦးကအရက်သောက်ပြီး ထိုအမျိုးသား(Ajisai)အားမုန်းလှပြီဟု အော်ဟစ်ခဲ့သူမှာ ခုတော့ထိုအမျိုးသားအတွက် လက်တုန့်ပြန်နေတော့သည်။
ဇွဲစျာန် ယန်ကြီးအား လက်ဖြင့်အသာတွန်းကာ သတိပေးလိုက်သည်။ပြီးနောင် ဇွဲစျာန်စကားလမ်းကြောင်းလွဲလိုက်သည်။
"အဟမ်း.....ဟိုအဖိုးကြီးကတော့ ဒေါသပွနေလောက်ပြီကွ....ငါတို့လေးယောက်ရဲ့ကိုယ်ပျောက် စွမ်းအားက ဘယ်လောက်စွမ်းလည်း အဟားးးး...."
ဇွဲစျာန်စကားကြောင့် Gongပြုံးရယ်လာသည်။
"ငါ သူ့ကိုမုန်းမရဘူးကွာ.....မမုန်းနိုင်ဘူးဖြစ်နေတယ်...."
Gongစကားကြောင့် သူငယ်ချင်းသုံးယောက် တစ်ယောက်မျက်နာ တစ်ယောက်ကြည့်လိုက်ကြသည်။ မင်းမာန်က ပြုံးစစဖြင့် Gongလက်မောင်းကို ပုတ်ကာဆိုလိုက်သည်။
"မုန်းမရရင် မမုန်းနဲ့ပေါ့ကွာ......အတင်းကြီးဟန်လုပ်မုန်းနေရင်....မင်းပဲစိတ်ရှုပ်ရတာပေါ့ကွ...."
Gongပြုံးသာ ပြုံးလိုက်မိသည်။ သိပ်ပြီးဟန်လုပ်မမုန်းနဲ့တဲ့၊ ဟုတ်ပါတယ် ဟန်လုပ်မုန်းရတာက သိပ်ကိုမွန်းကြပ်လွန်းလို့ဖြစ်သည်။ သို့ပေမယ့် ချက်ချင်းကြီး မုန်းတာရပ်ဖို့က ခက်ခဲနေပြန်သည်။ "အဂျီရေ...မင်းကြောင့် မောင်ရူးတော့မယ်"ဟု မိမိစိတ်ထဲ ရေရွတ်လိုက်မိတော့သည်။
အိမ်ပြန်ရောက်တော့ ​ေရမိုးချိုးကာ အရက်နံကိုဖျောက်လိုက်သည် ။ထို့နောက် ကုတင်ပေါ်မှာ အိပ်နေသော အဂျီအမားတွင် ဝင်လှဲလိုက်သည်။ အအိပ်မကြမ်းပဲ  ငြိမ်သက်စွာအိပ်နေသော အဂျီရဲ့ဘေးတစောင်းမျက်နာလေးကို ငေးကြည့်နေမိလိုက်သည်။ လှသည်။ အဂျီဟာ မိမိလိုယောင်္ကျားစစ်ကြီးကိုတောင် သူအားမြင်မြင်ခြင်းချစ်မိစေလောက်အောင်ကို လှလွန်းသည်။ အဂျီဟာ ပြုစားသန်လွန်းသည့် စုန်းကဝေလေးလို့ထင်မိသည်။ မိမိအတွေးကို Gongကိုယ်တိုင်ပင် ပျက်ရယ်ပြုလိုက်မိသည်။ အဂျီနှင့်မတွေ့ခင်က ထိုသို့အနှအရွအလှအပတို့ကို မတင်စားမဖွဲ့နွဲ့တတ်ပါ။ Gong အဂျီကိုစတွေ့ချိန်မှစလို ယနေ့အထိ ထိုသို့ဖွဲ့နွဲ့တတ်နေပြီဖြစ်သည်။
"အဂျီက ဂျိုကာနဲ့တူလို့ ကြည့်ရင်း ရယ်နေတာလားမောင်...."
Gong သူခိုးလူမိသွားတာကြောင့် ရှက်မိသွားသည်။ Gongရှက်ရင်လုပ်တတ်သည့် အကျင့်က နားရွက်ဖျားတို့ကို လက်ဖြင့်ခပ်ပြင်းပြင်းလေးပွတ်တတ်ခြင်းဖြစ်သည်။gongထိုသို့ပွတ်လိုက်မိသည်။
"ဟင်....မောင်ရှက်နေတာလား....အဟင်း...ရှက်စရာရှိလို့လားမောင်...."
"ဘယ်....ဘယ်သူပြောလဲ ရှက်နေတယ်လို့ ပူ...ပူလို့အရက်သောက်ထားတော့...."
Gongအင်္ကျီစကို ကိုင်ကာလေဝင်လာအောင် ခါခါထုတ်နေသော ပုံဖမ်းလိုက်သည်။ အဂျီနှင့်အကြည့်ချင်းမဆုံမိအောင် လွဲထားလိုက်သည်။
"အင်းပါ.....ဒါနဲ့မောင် လုပ်တာမလား..."
အဂျီရဲ့အဆုံးမရှိအစမရှိ စကားကြောင့် Gongမျက်မှောင်ကုတ်လိုက်မိသည်။ မိမိသည်ဘာများလုပ်မိလို့နည်း ။
"ဘာလုပ်လို့.....ခဗျားအိပ်နေတုန်း ဘာမှမလုပ်ပါဘူး.....လုပ်လည်းခဗျားနိုးလာပြီး သိမှာပဲလေ...."
Gongနှင့်အဂျီ စိတ်ကြွဆေးစားမိသည့် နေ့ကသာ အတူဖြစ်ခဲ့ပြီး ထိုနေ့နောက်ပိုင်းတစ်ပတ်လုံး လင်မယားလိုမနေဖြစ်ပါ။
"အဟင်းးးးးး....ဟားးးး...မောင်ကတော့လေ....ဒီအကြောင်းပဲတွေးနေပါကောလား...."
"အဟမ်း....ဒါဆိုဘာကိုပြောတာလဲ...."
Gong ရှက်လို့ နားရွက်ကိုထပ်မံ ပွတ်မိပြန်သည်။ အဂျီက အိပ်နေရာမှ ထိုင်ကာညအိပ်ဂါဝန်လေးကြောင့် သူ၏လှပနေမှုကို ပြသနေသည်။ Gongအဂျီရဲအအလှကို ခဏတာ ငေးမောနေမိသည်။
" အန်ကယ်ကျော်ကို ပညာပေးတာ မောင်လုပ်တာမလား...."
Gongစဥ်းစားဟန်ပြုပြီးမှ မျက်နာတည်တည်ဖြင့် ခေါင်းကိုအသာညိတ်ကာ ဆိုလိုက်သည်။
"ဟုတ်တယ်လေ...."
အဂျီက ခပ်ဖွဖွလေးပြုံးလာသည်။ စားပွဲပေါ်မှ မီးအိမ်လေးသာ ထွန်းထားတာကြောင့် ထိုမီးအိမ်မှာ အလင်းရောင်တး်ချို့ဟာ အဂျီမျက်နာနှင့် ခန္ဓာကိုယ်ပေါ်ဖျာကျနေသည်။ ထိုအလင်းရောင်ကြောင့် အဂျီရဲ့အလှဟာပိုလှသွေးကြွယ်နေသည်။
"ဒါဆိုမောင့်အပေါ် အကြွေးတင်တာ နှစ်ခါရှိပြီပဲ...."
ပထမတစ်ခါက ညစာစားပွဲအတူတတ်ဖို့တုန်းကဖြစ်ပြီး၊ Gongလိုချင်တာကို နောက်မှယူမယ်လို့ပြောခဲ့သည်။Gong မဲ့ပြုံးတစ်ခုပြုံးလိုက်သည်။် အဂျီရဲ့ဖြူနုနေသောမျက်နာလေးကို လက်ဖြင့်အသာအယာဆွဲကိုင်လိုက်သည်။
"ဒါဆိုအဲ့နေ့က အကြွေးအခုပြန်ဆပ်လေ....ကိုယ်လိုချင်ပေးမယ်မလား..."
အဂျီရဲ့ညဝတ်အင်္ကျီ လက်တစ်လုံးကြိုးလေးကို အဂျီပုခုံးအထက်မှလက်မောင်းရင်းသို့ အသာဆွဲချလိုက်သည်။
"တို့ကအခုလိုအကြွေးဆပ်ရမယ်ပေည့မောင်....ရပါတယ်....မောင်ကတို့ယောင်ကျားပဲလေ....တို့ကမောင့်ကိုမချစ်ရင်တောင်....ကျေရမယ့်တာဝန်ကရှိပြီးသားလေ...."
"မချစ်ရင်တောင်...ဟုတ်လား..."
"အ...မောင်...."
Gongအဂျီရဲ့ စကားကြောင့် ဒေါသဖြစ်မိသွားသည်ါ အဂျီကိုယ်လေးကို အိပ်ရာပေါ်ဆွဲမှောက်ချလိုက်ကာ အဂျီကျောပေါ်ကနေ မိမိကိုယ်ဖြင့် ဖိကပ်လိုက်သည်။ အစတွင်အဂျီက လန့်ပြီးရုန်းသည်။Gpngအဂျီကျောပြင်က ကြိုးစလေးကိုဖြည်လိုက်ကာ ဂါဝန်လေးကို ပေါင်သားကဆွဲယူကာ ခေါင်းထိဆွဲယူချွတ်ချလိုက်သည်။ ညအိပ်ချိန်မို့ ဘာအတွင်းခံမှမဝတ်ထားသော အဂျိဟာ ခဏအတွင်းအဝတ်မဲ့သွားသည်။ Gongအဂျီရဲ့ ဖြူဖွေးဖွေးကျောပြင်လေးများကို သွားရာလေးများပေးနေမိသည်။ တွန့်တတ်သွားတဲ့ ကျောပြင်လေးက ပိုလို့ဆွဲဆောင်နေသည်။ Gong စိတ်တိုင်းကျ အဂျီကိုကစားနေမိသည်။ အဂျီရဲ့ခပ်တိုးတိုးညည်းသံ​လေးများက လှပသည့်တေးသွားလေးလို နားဝင်ချိုနေသည်။ အကြည်ရောင်ချွေးစလေးများကလည်း Gongကိုယ်ကနေစီးကျကာ အဂျီကျောပြင်ကချွေးစလေးများနှင့် ပေါင်းစပ်သွားသည်။ Gong အဂျီကိုယ်ထဲတွင် အချစ်တို့ကို ထုတ်လွှတ်လိုက်ကာ အဆုံးသတ်အဖြစ်နှစ်ကိုယ်အတူ ပေါင်းစီးလိုက်သည်။
#########
Gong အလုပ်သွားဖို့ ပြင်ဆင်စရာရှိတာ ပြင်ဆင်နေသည်။ အဂျီလည်းထိုနည်းတူဖြစ်သည်။ အဂျီဟာမှန်တင်ခုံရှေ့ခေါင်းဖီးရင် Gongကိုမကြည့်ပဲဆိုလာသည်။
"မောင်...."
Gong ဘောင်းဘီအရှည်ကို ဝတ်ကာဇစ်ဆွဲပိတ်လိုက်သည်။ကိုယ်လုံးပေါ်မှန်တွင် Gongကြွက်သားများနှင့် ယောင်္ကျားပီသသော ခန္ဓာကိုယ်တည်ရှိနေသည်။ Gongမှန်ထဲမိမိကိုယ်ကို ကြည့်ရင်း အဂျီကိုပြန်ထူးလိုက်သည်။
"အင်းပြော...."
အဂျီဟာမှန်တင်ခုံမှနေ အကြည့်လွဲလိုက်ပြီး ကိုယ်လုံးလေးကို Gongရှိသို့လှည့်လာသည်။ ပြီးနောက်လေးနက်တည်ကြည်စွာကြည့်လာသည်။ဒါကိုGong ကိုယ်လုံးပေါ်မှန်မှ တစ်ဆင့်မြင်တွေ့နေရသည်။
"မောင်တို့ ကုမ္ပဏီကို ဘယ်တော့ဦးစီးမှာလဲ....."
Gongမျက်မှောင်ကြုံလိုက်သည်။အဂျီဘက်သို့ လှည့်ကာမှန်မှတစ်ဆင့်မဟုတ်ပဲ အပြင်မှာအကြည့်ချင်း ဆုံလိုက်သည်။အဂျီကတော့ လေးလေးနက်နက်သာစိုက်ကြည့်နေသည်။
"လောလှကြီး.....ကျုပ်ကိုအချိန်လေးတောင် မပေးတော့ဘူးလား...."
"အချိန်ကိုစောင့်နေရင် ရန်သူဝါးမြိုတာခံရမယ်တဲ့မောင်...."
အဂျီဟာ ရေးရေးလေးပြုံးကာဆိုလာသည်။ Gongအဂျီကိုအကြည့်လွဲကာ အင်္ကျီကိုဝတ်ရင်း ကြယ်သီးတက်နေရင်း ပြန်ပြောလိုက်သည်။
"ဟ....ခဗျားတို့ မိသားစုရဲ့မရှုပ်တော်ပုံထဲ ကျုပ်ကို ပစ်ထည့်မလို့လား.....တော်ပါပြီးဗျာ....အေးဆေးနေပါရစေ...."
Gongသတိထားလိုက်မိသည်။ အဂျီမျက်နာအနည်းငယ်ပျက်ယွင်းသွားမှုကို ဖြစ်သည်။ သို့သော်အဂျီဟာ နှစ်ရှည်လများ အေးစက်လာသူမို့ ချက်ချင်းမျက်နာကိုပြန်ပြင်လိုက်သည်။
"တို့....မောင်ကို အရှုပ်ထဲမထည့်ပါဘူး....လာရှုပ်မှာစိုးလို့ ကြိုရှင်းပေးရုံပါ....ထမင်းစားခန်းထဲမှာ စောင့်နေမယ်မောင်...."
Gongဘာမှပြန်မဖြေမိလိုက်ပါ။ အဂျီဟာအခန်းထဲကထွက်သွားတော့သည်။ Gongရေမွှေးဆွတ်ပြီး ပြင်ဆင်ပြီးတာနှင့် အခန်းအတွင်းကထွက်လာခဲ့သည်။ လှေ​ကားထိပ်နားက မြင်ကွင်းကြောင့် Gongမျက်မှောင်ကြုံလိုက်သည်။ လက်သီးကိုလည်း ကျစ်ကျစ်ပါအောင်ဆုတ်လိုက်မိသည်။ Gongမြင်နေရခြင်း ်ဂျီကိုနောက်ကနေလူတစ်ယောက်က သိုင်းဖက်ထားခြင်းဖြစ်သည်။ မိမိအစ်ကိုလည်းမဟုတ်ပါ။ မိမိအကိုက မိမိလောက်အရပ်မရှည်ပါ။ထိုလူရဲ့အရပ်ကမိမိနှင့် တန်းတူဖြစ်နေသည်။ Gong ဟိုKey(အဂျီကို အီနေတဲ့ ရင်းနှီးမြှုပ်နှံသူ)ဆိုတဲ့ လူများဖြစ်နေမလားလို့ တွေးမိလိုက်သည်။ ထိုအတွေးကြောင့်ထင်သည် Gongခြေလှမ်းတွေ အရမ်းမြန်ဆန်သွားပြီး သူတို့အနားရောက်မှန်းမသိ ရောက်သွားသည်။ ထိုလူရဲ့လက်မောင်းကို ဆောင့်ဆွဲလိုက်တော့ အဂျီကိုဖတ်ထားသည့် ထိုလူလက်များလွတ်ထွက်သွားကာ မိမိဘက်လှည့်လာသည်။ ထိုလူသည် Keyမဟုတ်ပါ။ မျက်နာစိမ်းဖြစ်နေသည်။
လက်မြန်လှပသည့် Gongရဲ့လက်သီးကို ထိုလူရှောင်ချိန်မရလိုက်ပါ။ အဂျီသည်လည်း လှည့်ကာတာစချိန်မရလိုက်။
" ဒါငါနဲ့ လက်ထပ်ထားတဲ့ အိမ်ထောင်သည်ကွ...."
"မောင်...."
လက်သီးအရှိန်ကြောင့် ထိုလူကြမ်း​ပြင်မှ မွှေးပွကောဇောကြီးပေါ် လဲကျသွားသည်။ထိုလူအား Gongလက်ညိုးဖြင့် ထိုးကာဆိုလိုက်သည်။ အဂျီသည်လည်း အံ့သြသွားရသည်။ ထိုလူသည်လည်း ထိပ်လန့်သွားရသည်။
###########
Because of Hydrangea
အပိုင်း၇
သူငယ်ချင်းဖြစ် ယန်ကြီး(ယန်မျိုးအောင်)၏ စကားကြောင့် Gongပြုံးရွှင်စွာ အောင်ပွဲခံခြင်း ရပ်တန့်သွားသည်။
ဇွဲဈာန် ယန်ကြီးအား လက်ဖြင့်အသာတွန်းကာ သတိပေးလိုက်သည်။ပြီးနောင် ဇွဲဈာန်စကားလမ်းကြောင်းလွဲလိုက်သည်။
ဇွဲဈာန်စကားကြောင့် Gongပြုံးရယ်လာသည်။
"ဟင်....မောင်ရှင်နေတာလား....အဟင်း...ရှင်စရာရှိလို့လားမောင်...."
"ဟုတ်တယ်လေ...."
"အ...မောင်...."
#########
"မောင်...."
"အင်းပြော...."
"မောင်...."
Continue Reading
You'll Also Like
513K 84.3K 128
Author: ကျွေ့ယို့ဟောဖန် Total: 118Chapters+4Extras မိတ်ဆက်စာသား: "ဇာတ်ကြောင်းပြန်လည်ရေးသားပြီးသော် အဓိကဇာတ်ဆောင်ရောင်ဝါကားပြန်ရောက်လာခဲ့ပေ၏။" အဓိကဇာတ...
121K 12K 121
"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင...
210K 22K 103
ဘာသာပြန်သူ - စွဲညို့အသင်း
698K 72.8K 99
Description လျောင်ချင်းချင်းနိုးလာတဲ့အခါနှစ်သက်ခြင်းမခံရတဲ့ဇနီးငယ်လေးအဖြစ်ကူးပြောင်းသွားတယ်။ အင်ပါယာနန်းတော်ထဲဝင်ပြီးနောက် မနှစ်သက်ခံရတဲ့လျန်ရိတစ်ယော...