Our Family (Completed)
By OY0805
68.4K 3.5K 149
Unicode ဝမ်ရိပေါ်တို့ရဲ့မိသားစုအကြောင်းလေး သိချင်ရင် ဝင်ဖတ်ကြည့်ပါနော်😁 အဆွိလေးပါ😍😍 Zawgyi ဝမ္ရိေပၚတို႔ရဲ့... More
Part -1
Part-2
Part -4
Part-5
Part -6
Part -7
Part- 8
Part -9
Part-10
Part-11🔞
Part-12
Part-13
Part-14
Part-15
Part_16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26(Final)
Part -3
3.6K 206 7
By OY0805
Unicode
    ကျန်းရီရှင်းတစ်ယောက် သူ့ရဲ့ကလေးကို ရှာမတွေ့သေးလို့ အရမ်း‌ကို စိတ်ပူနေပြီ။
အရင်က သူ့ကိုစိတ်ဆိုးပြီဆို အပြင်မာ တစ်နာရီလောက် လျှောက်သွားနေကျ ပြီးရင်ပြန်လာတာပဲ။
အခုဟာက နှစ်ရက်တောင်ရှိနေပြီ။ ဖုန်းခေါ်လည်းမရ စက်ပိတ်တာနဲ့ပဲ တိုးနေတယ်။
လူပျောက်တိုင်ကြားထားတာလည်း အခုထိမတွေ့သေးဘူး ။ ဘယ်တွေသွားနေတာလဲ ကလေးရာ။
ကိုကို့ ကိုအခြားနည်းနဲ့ပဲ အပြစ်ပေးပါလား။ ကိုကိုတောင်းပန်ပါတယ် ကျေးဇူးပြုပြီး ပြန်လာပေးပါတော့လား မဟုတ်ရင် ကိုကိုသေသွားလိမ့်မယ့်။
Flashback-
ကျန်းရီရှင်းနဲ့ရီရှင်း ဆေးရုံကအပြန်လမ်းမာ ရီချင်းက ကင်ချီစပ်စပ်လေး စားချင်တယ်ဆိုပြီး ကျန်းရီရှင်းကို ဝယ်ခိုင်းသည်။
အိမ်တောင်မရောက်သေးဘူး အပူအစပ်တွေရှောင်ပါဆိုတဲ့ ဆရာဝန်စကားကို မေ့နေပြန်ပြီ။
"ကိုကို ဂင်ချီစပ်စပ်လေး စားချင်တယ်"
"မရဘူးလေ ကလေးရာ အခြားဟာစား"
"ကလေးက အဲ့တာပဲစားချင်တာ"
"ဒါပေမယ့် အဲ့တာက စပ်တယ်လေကလေးရဲ့  ပိစိလေးအတွက်လည်း မကောင်းဘူး ကလေးက ပိစိလေးကို မချစ်ဘူးလား"
"ဟွန့်" အဲ့တာနဲ့ပဲ ကိုင်ပေါက်နေပြန်ပြီ။သူပဲဒီလိုဖြစ်အောင် လုပ်နေပြီးတော့ စာနာစိတ်မရှိတဲ့လူကြီး။ အဲ့တာနဲ့တစ်လမ်းလုံး ကျန်းရီရှင်းပြောလာသမျှ ဘာမြှပန်မဖြေပဲ အိပ်နေလိုက်သည်။
ကျန်းရီရှင်းဘယ်လိုချော့ချော့ မပြေတဲ့ရီရှင်းကို နောက်ဆုံးတော့လည်း ရီရှင်းရဲ့အလိုအတိုင်း လုပ်ပေးရပြန်သည်။ မပေးစားတာမဟုတ်ပဲ ကိုယ်ဝန်က လနုနေသေးတာမို့ အစပ်တွေ ‌စားလိုက်ရင် တစ်ခုခုဖြစ်သွားမာစိုးတာကြောင့်ပါ ။  ရီရှင်းလေးက ဒါတွေကို သိသိရက်နဲ့ တမင်ဆိုးပြနေတာ။
နောက်ဆုံးမနေနိူင်ပြန်တဲ့ ကျန်းရီရှင်းက လမ်းထိပ်က အဒေါ်ကြီးဆိုင်မာ ပြေးဝယ်ပေးလိုက်ရတယ်။ အစပ်မဟုတ်တဲ့ အချိုလေးပေါ့။
ဂင်ချီဗူးကိုဆွဲပြီး ပြန်လာတဲ့ ကျန်းရီရှင်းက အိမ်ရောက်ရောက်ခြင်း မြင်လိုက်တဲ့ မြင်ကွင်းကြောင့် သူ့ကိုပိုပြီး ဒေါသထွက်စေတယ်။
"ရီရှင်း ဒါဘာလုပ်တာလဲ"
"ကိုကို"
"မင်းကွာ  ငြိမ်ငြိမ်နေပါ ၊ဂရုစိုက်ပါလို့ ငါပြောရက်သားနဲ့ကွာ ဘာလဲဒီကလေးကို သေစေချင်တာလားပြော"
ကျန်းရီရှင်း စကားကြောင့် ရီရှင်းကို ဒေါသထွက်စေသည်။
"အင်း ဟုတ်တယ် အဲ့ကြောင့်လမ်းခွဲရအောင်"
"မင်း!!!"
"ဘာလဲ ရိုက်မလို့လား လာလေ"
အံ့ဩသလို မယုံကြည်နိူင်ခြင်းနဲ့ သူ့ကိုကြည့်လာတဲ့ ကလေးက မျက်လုံးအိမ်ထဲမာလည်း မျက်ရည်အပြည့်နဲ့ အဲ့မှကျန်းရီရှင်းက ရိုက်သလို ရွယ်ထားတဲ့လက်ကို အမြန်ပြန်ရုပ်သိမ်းလိုက်သည်။
"ကလေး ကိုကိုမှားသွားပါတယ် ကိုကိုမရည်ရွယ်ပါဘူး ကိုကိုတောင်းပန်ပါတယ်"
"မထိနဲ့ လိုက်လည်းမလာနဲ့ မဟုတ်ရင် ကိုယ့်ကိုယ်ကို သတ်သေပစ်မာ"
ရီရှင်းစကားကြောင့် ဆွဲထားတဲ့လက်လေး ပြေလျော့သွားရသည်။‌ ထွက်သွားတဲ့ ရီရှင်းနောက်ကို ကြည့်ပြီး ကျန်းရီရှင်းမာ တစ်ခုခုကို ဆုံးရှူံးသွားသလို ခံစားရသည်။
ကိုယ်ဝန်နဲ့မို့ စကိတ်စီးနေတဲ့ ရီရှင်းကို မြင်တော့ ကျန်းရီရှင်း စိတ်မထိန်းနိူင်ဖြစ်သွားတယ်။
ဒါတွေကို ဘယ်ကနေဘယ်လိုဖြစ်ပြီး ဒီအခြေအနေရောက်သွားတာလဲ ဆိုတာသူကိုယ်တိုင်လည်း မသိတော့ဘူး။
အရင်ကလည်း စိတ်ဆိုးပြီး ထွက်သွားနေကျမို့ ပြန်လာမာပါ သိပေမယ့် အခုခံစားချက်က
တစ်ခုခုကို ပြန်မရနိူင်တော့သလိုမျိုး ရင်ထဲမာလည်း အရင်ကထက် ခံရခက်တယ်။
ထွက်သွားတဲ့ ရီရှင်းနောက်ကို သူပြေးလိုက်တော့လည်း မတွေ့တော့တာမို့ အိမ်ပြန်လ်ုက်သည်။အဲ့တာနဲ့ပဲ တစ်နာရီ နှစ်နာရီ ညအထိလည်း ပြန်မလာတာမို့ သူလိုက်ရှာပေမယ့် မတွေ့။ ‌ တော်သေးတယ် သူ့မာသူငယ်ချင်း ရဲမှူးကြီးရှိသေးတာမို့ လူပျောက်တိုင်ကြားတာကို ၂၄နာရီမစောင့်ရပဲ ချက်ချင်ကြီး အကူအညီရသွားတယ်။
ဒါပေမယ်လည်း အခြေအနေတွေက မဟန် ကလေးရဲ့အငွေ့အသက်တောင်မရ။ တစ်ခုခု ဖြစ်သွားတာလား ဆိုတဲ့အသိစိတ်က သူ့ကိုပိုပြီး ပူလောင်စေပြန်ရော။
အဲ့ညမာလည်း သူမအိပ်ရဲ ရီရှင်းကိုမတွေ့မချင်း လ်ိုက်ရှာနေတာ ဒီအချိန်အထိပေါ့။
Flashback end .
"Boss သခင်လေးကို တွေ့ပြီ တရုတ်ကို ပြန်တဲ့လေယာဉ်ဖြတ်သွားတယ်တဲ့"
"ဘာ တကယ်လား အဲ့တာဆို ငါ့ကိုလည်းအခုချက်ချင်း ဖြတ်ပေး ငါလိုက်သွားမယ်"
"ဒါပေမယ့်.... "
"မကြားဘူးလား ဘယ်လောက်ပေးရပေးရ ချက်ချင်းဖြတ်လာခဲ့ မရရင်မင်းလည်း ပြန်မလာနဲ့"
"ဟုတ် ဟုတ်ကဲ့ Boss"
သူ့ရဲ့တပြည့်လေး ထွက်သွားတော့မှ ကျန်းရီရှင်းက ဖုန်းထုတ်ပြီး ရှောင်ကျန်းဆီလိုက်သည်။
...........
ဘဲသံကြားတာကြောင့် အဝတ်လှန်း‌နေရင်းပင် ရှောင်ကျန်းတံခါးသွားဖွင့်လိုက်သည်။
"ကျန်းရီရှင်း"
"ရီရှင်းရော"
စိုးရိမ်စိတ်အပြည့်နဲ့ ကျန်းရီရှင်းကိုကြည့်ပြီး ရှောင်ကျန်း အိမ်ထဲကို လက်ညိုးထိုးပြလိုက်သည်။
- အိမ်ထဲမာ
"ဟာ ဦးဦး အဲ့လိုမဆက်နဲ့ဆို ....အိုက်ယား!!"
"ကလေး"
စော်အော့ ဆက်နေတဲ့Legoအရုပ်ကို ရီရှင်းက ပေါက်ကရဆက်နေတာမို့ စော်အော့အော်လိုက်တာ။
လေးရက်မြောက်တောင် ရှိနေပြီ အခုထိသူ့ကို လိုက်မရှာတဲ့ ကျန်းရီရှင်းကြောင့် လူကစိတ်မကြည်နေတာမို့ စော်အော့ရဲ့legoအရုပ်လေးကို လျှောက်ဆက်မိတာ။
အခုတော့ ကလေးဖြစ်တဲ့စော်အော့လေး‌ပါ သူ့ကိုမလိုချင်တော့တာလား ။ သတိရလွန်းလို့ ကိုကိုအသံကိုပါ ကြားယောင်နေပြီမို့ လူကအရမ်းငိုချင်နေပြီ။
"ကလေး .....ကလေး"
စော်အော့နဲ့အရုပ်ဆက်ပြီး ခေါင်းငုံ့နေတာမို့ ကျန်းရီရှင်းကို ရီရှင်းမတွေ့သေး
ကြားပြန်ပြီ ဒီတစ်ခါမရတော့ဘူး တကယ်ငိုချလိုက်ပြီ။
"အီး....ကိုကိုရေ ရီရှင်းကိုလာခေါ်ပါတော့ ရီရှင်းမှားသွားပါတယ် အီး အီး"
ရှောင်ကျန်းအဝတ်လှန်း ပြီးပြီးခြင်းပဲ ကျန်းရီရှင်းနောက်လိုက်လာသည်။
"သားစော်အော့ ဦးဦးကို အဲ့လိုမအော်ရဘူးလေ"
"ဦးဦးက သားအရုပ်ကို လျှောက်ဆက်တာကို"
"ကလေး ကလေးမငိုနဲ့ "
ငိုနေတဲ့ ရီရှင်းကို ကျန်းရီရှင်းဆွဲဖက်လိုက်သည်။
"ကိုကိုလား တကယ်ပဲကိုကိုလား"
"ဟုတ် ကိုကို ကိုကိုလာပြီနော် မငိုနဲ့"
သူ့ကြောင့်အထင်နဲ့ ငိုနေတဲ့ရီရှင်းကို ကြည့်ပြီးစော်အော့ပါ လိုက်ငိုသွားသည်။
"အီးးးးးပါပါး"
‌သူ့ကိုလာဖက်ပြီး ငိုလိုက်တဲ့စော်အော့ကြောင့် ရှောင်ကျန်းမချီလိုက်သည်။
"မငိုနဲ့နော် ပါပါးရှိတယ် သားလေးက လိမ္မာတယ် မငိုနဲ့တော့နော်"
ရိပေါ်အပေါ်ထပ်ကနေ ဆင်းလာတော့ ငိုနေတဲ့သားရယ် ရီရှင်းရယ် နောက်ပြီး ကျန်းရီရှင်းပါ ရောက်နေတာလား။။ အခြေအနေကို နားမလည်တဲ့ ရိပေါ်က ရှောင်ကျန်းနားသွားလိုက်သည်။
"ကိုကို"
ရှောင်ကျန်း ရိပေါ်ကိုမျက်ရိပ်ပြပြီး ဟိုဘက်ကိုသွားခိုင်းလိုက်သည်။
ရိပေါ်မကြိုက်တာကတာပဲ ကိုယ့်အိမ်မာရှိနေတာတောင် အခြားသူကို နေရာဖယ်ပေးတာမျိုး။
.........
ကျန်းချန်နဲ့ယွီဘင်း နေ့လယ်စာထမင်းသွားဖို့ စားသောက်ဆိုင် အလာလမ်းမာ
ဇယ်ဝူကျွင်းဆိုတဲ့ ပွဲတိုင်းကျော်နဲ့ တွေ့တော့တာပဲ
ကျန်းချန်က မမြင်သလို ကျော်သွားဖို့လုပ်ပေမယ့် လက်ကိုလှမ်းဆွဲလိုက်တဲ့ ဇယ်ဝူကျွင်းကြောင့် သူ့ခြေလှမ်းခနရပ်သွားသည်။
"ချန် အကို့ ကိုဘာလို့ရှောင်တာလဲ"
"ဘာချန်လဲ ကျွန်တော့နာမည် ကျန်းချန် နောက်ပြီး ဘယ်မာရှောင်လို့လဲ"
"မြင်နေရက်နဲ့ မမြင်ချင်ယောင်ဆောင်နေတာလေ"
" မင်း!!! "
ဗိုက်ဆာနေပါတယ်ဆိုမှ စကားများလွန်းတဲ့ ကျန်းချန်နဲ့ ဇယ်ဝူကျွင်းကြောင့် ယွီဘင်းဝင်ပါလိုက်ရသည်။ မဟုတ်ရင် နေ့လယ်စာငတ်တော့မယ်။
"ကဲ့ပါ မင်းလည်းနေ့လယ်စာ မစားရသေးဘူးမလား လာ.. ငါတို့နဲ့အတူသွားစားရအောင်..."
လက်မခံချင်တဲ့ ကျန်းချန်ကြောင့် နှစ်ယောက်စလုံးကို ယွီပင်းလက်တစ်ဖက်ဆီ ဆွဲခေါ်လာရသည်။ ဗိုက်ဆာနေပါတယ်ဆိုနေမှ ဘာမှန်းကိုမသိဘူး။ ဒါတောင် ထမင်းစားနေတုန်းမာ
နှစ်ယောက်စလုံး မျက်လုံးနဲ့စစ်တိုက်ချင်နေကြသေး။
ဇယ်ဝူကျွင်းက ကျန်းချန်ပန်းကန်ထဲ ဟင်းထည့်ပေးနေလိုက်တာများ အခုတော့ သူရှိတယ်လို့တောင် ထင်ပုံမရ။(rsကြားကfaလိုမျိုးပေါ့)😁
ဒါတောင် ချစ်သူတွေ မဖြစ်သေးဘူး။ ဟိုကျန်းချန်ကလည်း မူသာမူနေတာ ဇယ်ဝူကျွင်းထည့်ပေးသမျှ ဟင်းတွေစားနေလိုက်တာများ။
ရုပ်ကိုက အောက်မာနေရမယ့်ရုပ်နဲ့ ..
ငါဘဲရတဲ့နေ့ကျမှ သူတို့ထက်ရိုပြမယ် ဟွန့်(faတစ်ယောက်ရဲ့ပြောနေကျစကား😂)
သည်းမခံနိူင်တဲ့အဆုံး သူအရင်ထွက်သွား လိုက်ရသည်။
"ချန် "
လာပြန်ပြီ ဒီနာမည် ဟိဟိ ဒါပေမယ့် နားထောင်လို့ကောင်းသားပဲ (စွံ့တော့မလားအပျိုကြီး😂)
" ဘာလဲ "
ဘုဘောက်ဘောက် ကျန်းချန်အဖြေကြောင့် ဇယ်ဝူကျွင်း ပြုံးနေလိုက်သည်။
"အစ်ကို့ကို တကယ်စဉ်းစားပေးနော်...အစ်ကို ချန်ကိုတကယ်ချစ်တာပါ... အချိန်ဘယ်လောက်ကြာကြာ အစ်ကိုစောင့်နိူင်တာမို့.. ချန်အချိန်ယူပြီး အစ်ကိုလိုချင်အဖြေလေး ပေးပါစေနော်"
"........"
ဇယ်ဝူကျွင်း စကားကြောင့် ကျန်းချန်မျက်နှာတစ်ခုလုံး နီရဲနေတော့သည်။ သဘောမကျတာတော့ မဟုတ်ပေမယ့် ဘာလို့လဲတော့ သူမသိဘူး
သူ့စိတ်ထဲမာ အချိန်ယူချင်နေတုန်းပဲ။(အပျိုကြီးဆိုတာ အဲ့လိုပဲ😂)
"အခုအလုပ် ပြန်သွားမာမလား အစ်ကိုလိုက်ပို့ပေးမယ်"
ခေါင်းလည်းမညိတ်သလို ခေါင်းလည်းမခါတဲ့ ကျန်းချန်ကြောင့် အခြေအနေကောင်းတယ်လို့ ဇယ်ဝူကျွင်း သတ်မှတ်လိုက်သည်။
.........
တနင်္ဂနွေနေ့မို့ ဒီနေ့လည်း ရိပေါ်အိမ်မာရှိတယ်။ သူမျက်လုံးဖွင့်ဖွင့်ခြင်း ရှောင်ကျန်းကို မတွေ့တာကြောင့် မျက်မှောင်ကုတ်လိုက်သည်။ သူ့ဘေးနားမာ ပါးဖောင်းဖောင်းနဲ့ အိပ်ပျော်နေသေးသော ‌သားကိုအနမ်းပေးရင်း စောင်ကိုအပေါ်ပြန်တင်ပေးလိုက်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။
(ပုံမရှိလို့ စော်အော့အိပ်နေပုံလေးကို ဒီပုံပဲယူမယ်နော်)
ဧည့်ခန်းမာ ထိုင်နေတဲ့ ကျန်းရီရှင်းနဲ့ရီရှင်းက တကယ့်ကို အမြင်ကပ်စရာလေး။ စောစောစီးစီး သူများအိမ်မာ အားမနာတမ်းလာရိုပြနေတယ်။
ရိပေါ်လည်း ဂရုစိုက်မနေတော့ပဲ နှလုံးသားရှိရာ မီးဖို‌ခန်းသို့ ...
သူမြင်လိုက်တဲ့ ကိုကိုပုံစံကြောင့် သူ့ကိုပိုပြီး စိတ်တိုစေတယ်။
အကြောင်းက ချွေးတဒီးဒီးနဲ့ လောလောနဲ့ ချက်ပြုတ်နေတဲ့ကိုကို ဘာလုပ်မာမို့ ဒီလောက်အများကြီး ချက်ထားရတာလဲ။
"ကိုကို !!"
"ဘုရား ဘုရား လန့်လိုက်တာ...
အော် မောင် နိုးပြီလား ပြီးတော့မယ် ခနစောင့်နော် သားရောနိူးပြီလား"
ဆလပ်ရွက်ဆေးရင်း သူ့မျက်နှာကို လည့်မကြည့်ပဲ ဖြေနေတဲ့ကိုကိုကြောင့် ရိပေါ်ကိုကိုပခုံးကို ကိုင်ပြီး သူ့ဘက်လည့်စေလိုက်သည်။
"ကိုကို ဘာလို့ဒီလောက် အများကြီးချက်နေတာလဲဗျာ ကိုကိုပင်ပန်းမာပေါ့ ကြည့်ပါဦးချွေးတွေ အများကြီးထွက်နေပြီ"
စိတ်တိုနေပုံရတဲ့မောင်က သူ့ချွေးကိုတော့ ကြင်ကြင်နာနာနဲ့ သုတ်ပေးရှာသည်။ ဒါတွေအားလုံးက ရီရှင်းစားချင်တယ်လို့ ပြောလိုက်ရင် မောင်ကရီရှင်းကို ထထိုးမယ့်ပုံမို့ ရှောင်ကျန်းက ပါတီအသေးလေး လုပ်မယ်လို့ ပြောလိုက်သည်။
အစီအစဉ်မရှိပဲနဲ့ ပါတီလုပ်မယ်လို့ ပြောလာတဲ့ကိုကိုက တကယ့်ကိုမယုံချင်စရာလေး။
မလိမ်တတ်ပဲနဲ့လိမ်နေတဲ့ ကိုကိုပုံစံက တကယ့်ကိုအူကြောင်ကြောင်လေး ရိပေါ်ထပ်မမေးပဲ ကိုကိုနှုတ်ခမ်းကို နမ်းပြီး ထိုင်ခုံပေါ်မာ နားစေလိုက်သည်။
ဒါပေမယ့် သူကြားတဲ့ စကားကြောင့် လူထသတ်ချင်စိတ်တောင် ဖြစ်လာတယ်။ကိုကိုဒီအလိုအပင်ပန်းခံပြီး ချက်နေတာက ရီရှင်းစားချင်နေတာတဲ့လား။
"ရှောင်ကျန်း ပြီးပြီလား ဗိုက်ဆာပြီ"
"မင်းမာခြေလက်မပါဘူးလား စားချင်ရင်ကိုယ့်ဘာသာချက်လေ ဘာလို့ကိုကို့ ကိုခိုင်းရတာလဲ....ကိုကိုက ငါချစ်ဖို့အတွက်ပဲ မင်းခိုင်းဖို့အတွက်မဟုတ်ဘူး နားလည်လား"
"......"
ရိပေါ်စကားကြောင့် ရီရှင်းမာ ပြန်ပြောဖို့ စကားတောင်ဆွံအသွားတယ်။ ကိုယ်ကစားချင်လို့ ပြောပေမယ့် ချက်ပေးပါလို့မှ မပြောတာကို။ ရှောင်ကျန်းက သူ့ဘာသာ ချက်ကျွေးမယ်လို့ ပြောနေပြီးတော့မှ အခုတော့သူအမှားဖြစ်သွားတာလား။
"မောင် !!"
ဧည့်ခန်းက ကျန်းရီရှင်းမာတော့ ရိပေါ်အသံကြားလို့ပြေးလာလိုက်သည်။
"ဘာ ဘာဖြစ်တာလဲ "
"ဘာဖြစ်ရမလဲ.... နေစမ်းပါဦး မင်းကရီရှင်းစားချင်နေတာကို မချက်ပေးပဲ ဘာထိုင်လုပ်နေတာလဲ...
ဘာလို့ကိုကို့ ကိုခိုင်းနေတာလဲ"
"ရှောင်ကျန်းက သူချက်မယ်လို့ ပြောတယ်လေကွာ"
"မောင် ဘာတွေပြောနေတာလဲ "
"အဲ့တာနဲ့ မင်းတို့က ကိုကို ကိုခိုင်းရောလား..
သူငယ်ချင်းဆိုပြီးတော့ ခိုင်းချင်တာ ခိုင်းရောလား....ဗိုက်ကြီးသည်ကို တာဝန်မယူတတ်ရင်   ဘာလို့ကလေးမွေးနေသေးလဲ"
"မောင် တော်တော့"
#########
ရှည်လွန်းပြီမို့  ဘာဆက်ဖြစ်မလဲဆိုတာနောက်တစ်ပိုင်းမှ ဆက်ပေးမယ်နော်
Zawgyi 
Flashback-
"ရီရှင်း ဒါဘာလုပ်တာလဲ"
"ကိုကို"
"မင်း!!!"
အံ့ဩသလို မယုံကြည်နိုင်ခြင်းနဲ့ သူ့ကိုကြည့်လာတဲ့ ကလေးက မျက်လုံးအိမ်ထဲမာလည်း မျက်ရည်အပြည့်နဲ့ အဲ့မှကျန်းရီရှင်းက ရိုက်သလို ရွယ်ထားတဲ့လက်ကို အမြန်ပြန်ရုပ်သိမ်းလိုက်သည်။
ကိုယ်ဝန်နဲ့မို့ စကိတ်စီးနေတဲ့ ရီရှင်းကို မြင်တော့ ကျန်းရီရှင်း စိတ်မထိန်းနိုင်ဖြစ်သွားတယ်။
တစ်ခုခုကို ပြန်မရနိုင်တော့သလိုမျိုး ရင်ထဲမာလည်း အရင်ကထက် ခံရခက်တယ်။
အဲ့ညမာလည်း သူမအိပ်ရဲ ရီရှင်းကိုမတွေ့မချင်း လိုက်ရှာနေတာ ဒီအချိန်အထိပေါ့။
Flashback end .
"ဒါပေမယ့်.... "
"ဟုတ် ဟုတ်ကဲ့ Boss"
...........
"ကျန်းရီရှင်း"
"ရီရှင်းရော"
- အိမ်ထဲမာ
"ကလေး"
"ကလေး .....ကလေး"
"ကလေး ကလေးမငိုနဲ့ "
"အီးးးးးပါပါး"
"ကိုကို"
.........
" မင်း!!! "
သည်းမခံနိုင်တဲ့အဆုံး သူအရင်ထွက်သွား လိုက်ရသည်။
"ချန် "
" ဘာလဲ "
"အစ်ကို့ကို တကယ်စဉ်းစားပေးနော်...အစ်ကို ချန်ကိုတကယ်ချစ်တာပါ... အချိန်ဘယ်လောက်ကြာကြာ အစ်ကိုစောင့်နိုင်တာမို့.. ချန်အချိန်ယူပြီး အစ်ကိုလိုချင်အဖြေလေး ပေးပါစေနော်"
"........"
.........
"ကိုကို !!"
အော် မောင် နိုးပြီလား ပြီးတော့မယ် ခနစောင့်နော် သားရောနိုးပြီလား"
"......"
"မောင် !!"
"ဘာ ဘာဖြစ်တာလဲ "
"မောင် တော်တော့"
#########
Continue Reading
You'll Also Like
15.4K 2.5K 13
BJYX Fanfiction
588K 36.8K 73
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
64.1K 4.9K 29
178K 16.7K 91
🍓🍎🍒🍑 ဘယ်ရည်းစားကိုအချစ်ဆုံးလဲ🍓🍎🍒🍑 📣📣📣ရှောင်းကျန့်...ရဲရဲ ကြီးဖြေလိုက်စမ်းပါ...ဘယ်ရည်းစားကို အချစ်ဆုံး လဲဆိုတာ...✨✨✨ 🍓🍎🍒🍑 ဘယ္ရည္းစားကို...