သက္ကရာဇ်တစ်ခု၏ ချိုမြိန်သောရက...

By elisa_khin

56.1K 3.1K 79

If you fall in love with a person with different personalities or he shows you dark side or something... More

1.
2.
3.
4.
5.
6.
7.
8.
9.
10.
11.
12.
13.
14.
15.
One shot
16.
17.
18.
19.
20.
21.
22.
24.
25.
26.
27.
28.
29.(Ending)
Charactersရှင်းလင်းခြင်း
New fic ✨
စျေးဗန်း 🙆

23.

911 56 3
By elisa_khin


ကားဟွန်းတီးသံများဆူညံနေသော ကတ္တရာလမ်းမကြီး၏ဘေး၌ သက္ကရာဇ် ခြေစုန်ရပ်နေမိသည် ။
ပူပြင်းသောနေရောင်ခြည်အောက်၌ ဆူညံလှသော အသံများနှင့် အရှိန်ပြင်းပြင်းမောင်းနှင်နေကြသော ကားများမှာ သက္ကရာဇ်ရှေ့မှ တစ်စီးပြီး တစ်စီးဖြတ်ကျော်သွားကြသည် ။

ခြေစုံရပ်နေတဲ့နေရာကနေ ခြေတလှမ်းထပ်လှမ်းလိုက်ရင်တော့ ကားလမ်းမအစွန်သို့ရောက်သွားလိမ့်မည် ။
ပြီးတော့ နောက်ထပ် သုံးလှမ်းလောက်ထပ်လှမ်းလိုက်ရင်တော့ အရှိန်ပြင်းပြင်းမောင်းလာတဲ့ကားတစ်စီး၏ ဝင်တိုက်ခြင်းကို ခံရလိမ့်မည် ။

သက္ကရာဇ် စိတ်ထဲ၌ တွက်ချက်ကြည့်လိုက်ပြီး မျက်လုံးစုံမှိတ်ကာ အသက်ကိုပြင်းပြင်းတစ်ချက်ရှုသွင်းလိုက်သည် ။
ထို့နောက် ညှို့မှိုင်းသော မျက်ဝန်းအစုံပြန်ပွင့်လာသည့်နောက် နှုတ်ခမ်းထက်၌ မဲ့ပြုံးကိုပါ ပန်ဆင်လိုက်သည် ။

*သေမယ်.....လူတိုင်းလိုချင်နေကြတဲ့ သက္ကရာရဲ့ ခန္ဓာကိုယ်ကို ဖျက်စီးပစ်မယ်....နောက်ဘဝကျ သက္ကရာဇ်အဖြစ် သီးသီးသန့်သန့် ပြန်မွေးဖွားမယ်....

မောင့်ကိုခွင့်လွှတ်အချစ်ရယ်....သူတို့က အချစ်နဲ့မောင့်ကို ခွဲချင်နေကြတာ....သက္ကရာဆိုတဲ့ကောင်ကလဲ အချစ်ကို သဘောကျနေတယ်တဲ့ ဘယ်လောက်တောင် ရဲတင်းလိုက်လဲ...ရာရာစစ မောင့်အချစ်ကို သူကမှန်းရဲသေးတယ်....မောင်ကအတ္တကြီးတယ် အချစ်....အချစ်ကို မောင်မှ မပိုင်ရရင် ဘယ်သူ့မှမပိုင်စေရဘူး.....*

သက္ကရာဇ် ခိုင်မာစွာ ဆုံးဖြတ်ချက်ချပြီးနောက် ရှေ့သို့ခြေတလှမ်းတိုးလိုက်သည် ။

တီ........တီ...............ကျွီ............

"ဟေ့ကောင် ငါ-ိုးမသား သေချင်ရင် တခြားနေရာမှာသွားသေ လမ်းမပေါ်တက်ပြီး စောက်အမှုလာပတ်အောင် မလုပ်နဲ့ ''

လမ်းမပေါ်သို့ခြေချရပ်နေသော သက္ကရာဇ်ကြောင့် အရှိန်နှင့်မောင်းနှင်လာသောကားမှာ ဘရိတ်ကိုခပ်ပြင်းပြင်းဆွဲချ၍ သက္ကရာဇ်ကို ရှောင်လိုက်ရသောကြောင့် လမ်းဘေး၌ ထိုးရပ်သွားသည် ။
ထို့နောက် ကားပေါ်ကလူမှ သက္ကရာဇ်ကို ဒေါသထွက်စွာ ဆဲရေးတိုင်းထွာ၍ ကားကို ခပ်ကြမ်းကြမ်းပြန်လည်မောင်းထွက်သွားသည် ။

"အဟက် ''

သက္ကရာဇ် ခပ်လှောင်လှောင်ရယ်လိုက်သည် ။

*ကားတိုက်ပြီးအသေခံချင်ပါတယ်ဆိုမှ တခြားနေရာသွားသေခိုင်းနေသေးတယ်...တကယ်ဆို ကားတိုက်ခံရတာက အလွယ်ကူဆုံးသေတာပဲလေ.....သေရဲတဲ့သူက သေရဲလို့လမ်းမပေါ်တက်တာတောင် မတိုက်ရဲတဲ့ကောင်တွေ....အလကား စောက်ကြောက်တွေ.....*

သက္ကရာဇ် ရယ်နေတာရပ်လိုက်ပြီး တစ်ဖက်က နောက်ထပ် လာနေသော ကားကို ကြည့်လိုက်သည် ။
သူနှင့် အလှမ်းသိပ်မဝေးတဲ့နေရာကနေ အရှိန်ပြင်းပြင်းမောင်းနှင်လာတဲ့ကားက သစ်လုံးတွေတင်ထားတဲ့ ကုန်တင်ကားကြီးတစ်စီးဖြစ်သည် ။

*ကုန်ကားဆိုတော့ ဘရိတ်ကိုလဲလွယ်လွယ်နဲ့အုပ်လို့ရမယ်မထင်ဘူး....အဲ့တော့ တခါထဲ သေလို့ရသွားတာပေါ့ အဟက်....*

မဲ့ပြုံးတစ်ခုကို နှုတ်ခမ်းထက်၌ ထပ်မံချိတ်ဆွဲပြီး အရှေ့သို့ ခြေလှမ်းသုံးလှမ်းလောက် ထပ်လှမ်းလိုက်သည် ။

တီ.........တီ...........

ကုန်ကားကြီးမှ ဟွန်းတီးနေတဲ့ပုံကိုကြည့်ပြီး သက္ကရာဇ် ပြုံးရယ်ကာ မျက်လုံးများကိုပိတ်ချလိုက်သည် ။
သူတကယ်အဆင်သင့်ဖြစ်နေပြီ.......

ဝုန်း!!!!!
.
.
.
.
.
.
.
.
.
"ဟာ သက္ကရာဇ်ရာ မသေကောင်းမပျောက်ကောင်း တော်သေးတယ် ငါအချိန်မှီဆွဲလိုက်လို့ မဟုတ်ရင် တိုက်တော့မှာ ''

အချိန်အတော်ကြာသည်အထိ ခန္ဓာကိုယ်၌ နာကျင်မှုတစုံတရာမျှမခံစားရသည့်အပြင် ရင်းနှီးနေသော အသံကိုပါ ကြားလိုက်ရသောကြောင့် သက္ကရာဇ် မျက်လုံးကို ဆက်ခနဲ ဖွင့်ချလိုက်သည် ။

"ကျစ်!! "

မိမိကိုစိုးရိမ်တကြီး ငုံ့မိုးကြည့်နေသော ထင်လင်း၏ မျက်နှာကို မြင်လိုက်ရ၍ သက္ကရာဇ် ကျစ်တချက်စုပ်သတ်ကာ မျက်မှောင်ကျုံ့လိုက်သည် ။
သေတာတောင် ကောင်းကောင်းမသေရတဲ့အဖြစ်ပဲ.....

"ဟေ့ကောင် သက္ကရာဇ် ငါခေါ်နေတာကြားရဲ့လား...မင်း! မင်း အတိတ်တွေဘာတွေမေ့သွားတာလား "

မျက်နှာရှေ့၌ လက်ကိုဝှေ့ယမ်းပြီး အလန့်တကြားဖြင့် ပေါက်ကရတွေပြောနေသော ထင်လင်းကို သက္ကရာဇ် အမြင်ကပ်လာ၍ တွန်းဖယ်လိုက်သည် ။

"ဖယ်စမ်းကွာ စောက်ရူးလိုလာလုပ်မနေနဲ့ ''

"မင်းဘာမှမဖြစ်ဘူးမလား တော်သေးတာပေါ့ကွာ ငါကစိတ်ပူသွားတာ ကတ္တရာလမ်းနဲ့ ခေါင်းနဲ့ရိုက်မိပြီး အတိတ်တွေဘာတွေမေ့သွားတာလားလို့ ဟူးးးးး ''

သက်ပြင်းတချချနှင့် သက္ကရာဇ်ဘေး၌ ကပ်လိုက်လာကာ စကားအဆက်မပြတ်ပြောလာသော သာလိကာအား သက္ကရာဇ် စကားပင်လှည့်မပြောပေ ။

"ဒါနဲ့ မင်း လမ်းမပေါ် ဘာတက်လုပ်တာလဲ.... ကားတွေဒီလောက်ရှုပ်နေတာကို တိုက်မိရင် တခါထဲသေမှာနော် ငါကယ်လိုက်လို့ မင်းကံကောင်းသွားတာ ငါ့ကိုကျေးဇူးတင်သင့်တယ် ''

ပီတိအပြုံးကြီးပြုံးပြီး ဂုဏ်ဆာနေသော ထင်လင်းအား သက္ကရာဇ် မျက်ထောင့်နီဖြင့် တစ်ချက်စောင်းကြည့်လိုက်သည် ။
သေချင်နေတဲ့သူကို ဝင်ကယ်တာများ သူက ဂုဏ်ယူနေသေး....

သက္ကရာဇ်၏ မျက်ထောင့်နီကိုမြင်မှ ထင်လင်းက မျက်နှာပိုးကိုသတ်လိုက်ပြီး

"အဟဲ ဒါနဲ့ အခု မင်းကဘယ်သွားမလို့လဲ မင်းအိမ်က ဘယ်မှာလဲ ငါလိုက်ပို့မယ်လေ သူငယ်ချင်းဖြစ်ထဲက မင်းအိမ်ကို တစ်ခါမှမရောက်ဖူးသေးဘူး ''

"ဟင်လို့ မင်းအိမ်ကဘယ်မှာလဲ...ဒါမှမဟုတ် ငါ့ဆိုင်ကိုအရင်ဝင်ပြီး မုန့်စားကြမလား ''

"အာ....မင်းအိမ်ရောက်မှ ထမင်းစားလဲရတာပဲ ဟုတ်တယ်မလား....''

သက္ကရာဇ် စကားပြန်မပြောမချင်း အနောက်ကနေ တတွတ်တွတ်လိုက်၍ ပြောနေသော ထင်လင်းကြောင့် သက္ကရာဇ်ခြေလှမ်းများကို ရပ်တန့်လိုက်သည် ။

မိမိရပ်လိုက်တော့ သူလဲလိုက်ရပ်၍ မိမိကိုကြောင်တောင်တောင်ကြည့်နေသော ထင်လင်းအား သက္ကရာဇ်ကြည့်လိုက်ပြီး

"မင်းလမ်းမင်းသွားတော့ ငါ့နောက်ကိုမလိုက်ခဲ့နဲ့ ''

"ဟမ်! မဟုတ်ဘူးလေ ငါပျင်းလို့ပါ သက္ကရာဇ်ရဲ့ ဆိုင်မှာလဲ လုပ်စရာသိပ်မရှိလို့လေ မင်းအိမ်ကို လိုက်ခဲ့မယ်နော် ''

"ငါ့နောက် ထပ်လိုက်လာရင် မင်းခြေထောက်ကိုတကယ် ရိုက်ချိုးမှာနော် ပြီးမှ ငါ့အဆိုးမဆိုနဲ့ ''

အတည်ပေါက်ကြီးပြောလာသော သက္ကရာဇ်ကြောင့် ထင်လင်း တံတွေးမြိုချလိုက်သည် ။
ဒီကောင် တကယ်ကြီးတော့မလုပ်လောက်ဘူးမလား....

"မင်းကလဲကွာ ငါက ပျင်းလို့ပါဆို လိုက်မယ်နော် ငါ့ကိုခေါ်နော် ''

သက္ကရာဇ်ရဲ့ အင်္ကျီလက်မောင်းအစကို မရဲတရဲကိုင်ပြီးပြောလာသော ထင်လင်းကြောင့် သက္ကရာဇ် ကျစ်စုတ်လိုက်သည် ။

"ကျစ်! မင်းဘာဖြစ်နေတာလဲ အေး မင်းတကယ်လိုက်လာရင် မင်းပြောတဲ့ မင်းသူငယ်ချင်း ငါမလုပ်တော့ဘူး ''

သက္ကရာဇ် ထိုသို့ပြောလိုက်မှ ထင်လင်းက သက္ကရာဇ်ရဲ့ အင်္ကျီလက်ကို ကပြာကယာလွှတ်ပြီး ပြုံးဖြီးပြနေလေသည် ။

သက္ကရာဇ်လဲ ထိုသကောင့်သားကိုကြည့်ကာ ခေါင်းတချက်ခါ၍ ထိုနေရာမှ လှည့်ထွက်ခဲ့သည် ။
သူ့အချစ်ကိုအရမ်းတွေ့ချင်နေပြီ.....

မိမိကိုကျောခိုင်း၍ ထွက်သွားသော သက္ကရာဇ်နောက်ကျောပြင်အား ထင်လင်း ငေးကြည့်နေမိသည် ။
သက္ကရာဇ်က အမြဲတမ်း ထင်လင်းကိုကျောခိုင်းပြီးထွက်သွားနေကြမို့လို့ ထင်လင်းမှာ ကျင့်သားတောင်ရနေလေပြီ ။
သူငယ်ချင်းမရှိတဲ့ ထင်လင်းအတွက် သက္ကရာဇ်ကသာ သူ့ရဲ့ ပထမဆုံး သူငယ်ချင်းဖြစ်သည် ။
အခြားသူများက ထင်လင်းကို ပိုက်ဆံအတွက်သာပေါင်းကြပြီး ထင်လင်းအကူအညီလိုနေတဲ့အချိန်မျိုးဆို တစ်ယောက်မှမရှိကြတော့ပေ ။
သက္ကရာဇ်ကတော့ ထင်လင်းကို ကူညီပေးသည့်အပြင် စိတ်ရင်းအတိုင်းဆက်ဆံပေးသော တစ်ဦးထဲသောသူဖြစ်သည် ။

ထင်လင်းလဲ သက္ကရာဇ်ကိုကြည့်ပြီး သက်ပြင်းတစ်ချက်ချကာ ဆိုင်သို့သာ ပြန်လှည့်လာခဲ့တော့သည် ။

***************************************************

ဂျလောက်

သော့ကိုလှည့်ဖွင့်ကာ အိမ်ထဲကိုဝင်လိုက်တော့ ဧည့်ခန်းက ဆိုဖာပေါ်မှာ စာဖတ်ရင်း အိပ်ပျော်နေသော တည်တံ့မောင်ကို တွေ့လိုက်ရသောကြောင့် သက္ကရာဇ်လဲ တံခါးကို ငြင်သာစွာပြန်ပိတ်လိုက်သည် ။
တည်တံ့မောင်က သက္ကရာဇ် ဘယ်အချိန်ဖြစ်ဖြစ် သူ့အိမ်ကိုလာလို့ရအောင် အိမ်သော့ပေးထားသောကြောင့် သက္ကရာဇ် ဖွင့်ဝင်လာခဲ့ခြင်းဖြစ်သည် ။

ဆိုဖာပေါ်၌ အိပ်ပျော်နေသော တည်တံ့မောင်၏ အနားသို့ ခြေကို ဖွဖွလေးနင်း၍ လျှောက်သွားပြီး ဆိုဖာဘေးရှိ ကြမ်းပြင်ပေါ်၌ ထိုင်ကာ အိပ်ပျော်နေသော တည်တံ့မောင်၏ မျက်နှာလေးအား တစိမ့်စိမ့်ထိုင်ကြည့်လိုက်သည် ။

သူ့အချစ်အိပ်ပုပ်ကြီးချက်ကတော့ လူဝင်လာတာတောင် မသိဘူး....အဲ့ဒါတွေကြောင့် သူ့အချစ်ကသူ့ထက်အသက်အများကြီး ပိုကြီးပေမဲ့ ဘယ်လိုမှကို စိတ်မချနိုင်တာ.....

တစိမ့်စိမ့်ထိုင်ကြည့်နေရင်းနှင့် တည်တံ့မောင်အား အသည်းယားလာသောကြောင့် နှဖူးလေးပေါ်သို့ အနမ်းဖွဖွ ခြွေချမိသည် ။
ဒါလဲ သူ့အချစ်ကမသိသေးဘဲ အင်း အဲ သာလုပ်ပြီး အိပ်မောကျနေသေးသောကြောင့် သက္ကရာဇ် သဘောတကျရယ်မိလိုက်သည် ။
ရယ်လိုက်သောကြောင့် ထွက်ပေါ်လာသော သက္ကရာဇ်၏ သွားချွန်ချွန်လေးနှင့် ပါးချိုင့်ခွက်ခွက်လေးကိုတော့ နှမြောစရာကောင်းစွာနဲ့ အိပ်ပျော်နေသော တည်တံ့မောင် မမြင်ရပေ ။

ထို့နောက် သက္ကရာဇ်က တည်တံ့မောင်၏ ယောင်္ကျားဆန်လှသော ပါးပြင်ပေါ်သို့တစ်ချက်ဖိကပ်နမ်းပြီး ၊ နှုတ်ခမ်းနှစ်လွှာပေါ်သို့ ခပ်ဖွဖွ အနမ်းများထပ်မံခြွေချမိတော့သည် ။

အစကတော့ ထိကပ်ရုံမျှသာပေးမည့် အနမ်းတွေက တည်တံ့မောင်၏ နူးညံ့လှသော နှုတ်ခမ်းနှစ်လွှာကြောင့် ရုန်းမထွက်နိုင်တော့ဘဲ ထပ်တိုး၍သာ နမ်းနေမိသည် ။

"အွန်း...မောင် ဘာလုပ်...ခဏ....''

သက္ကရာဇ်၏ ကြာရှည်လှသော အနမ်းများကြောင့် တည်တံ့မောင်မှာ လန့်နိုးလာရပြီး သက္ကရာဇ်၏ ရင်ဘက်ကို ခပ်ဖွဖွတွန်းထုတ်တော့မှ သက္ကရာဇ်မှာ နှမြောတသနှင့် တည်တံ့မောင်၏ နှုတ်ခမ်းလွှာများအား လွှတ်ပေးလိုက်တော့သည် ။

"မောင် ဘယ်တုန်းကရောက်တာလဲ ကိုယ့်ကို နှိုးလိုက်တာမဟုတ်ဘူး ''

"အခုပဲ မောင့်အနမ်းတွေနဲ့ အချစ်ကို နှိုးလိုက်တာလေ ''

သက္ကရာဇ်၏ အပြောကြောင့် တည်တံ့မောင် သဘောတကျရယ်လိုက်သည် ။
သူ ဒီကောင်လေးကို တကယ်မနိုင်တော့ဘူး....

အခုအနေအထားက တည်တံ့မောင်ကဆိုဖာပေါ်မှာထိုင်ပြီး သက္ကရာဇ်က ကြမ်းပြင်ပေါ်မှာထိုင်နေသောကြောင့် သက္ကရာဇ်က တည်တံ့မောင်၏ မျက်နှာအား တမေ့တမောဖြင့် အမြတ်တနိုးစိုက်ကြည့်နေလိုက်သည် ။
ထို့နောက် တည်တံ့မောင်၏ ခါးမှနေ၍ သိမ်းကြုံးဖက်ကာ ဗိုက်ပေါ်သို့မျက်နှာအပ်၍ ငြိမ်နေလိုက်သည် ။

"မောင် ဘာဖြစ်လို့လဲ ဘာဖြစ်လာတာလဲ ''

သက္ကရာဇ်က ဘာမှမပြောဘဲ ခေါင်းရမ်းပြသည် ။

"ထဦးလေ တစ်ခုခုဖြစ်လာတယ်မလား ဘာဖြစ်လာတာလဲ ကိုယ့်ကိုပြောပြလေ ''

"ဟင့်အင်း ခဏလေး...ခဏလေးအချစ်ရယ် ဒီလိုခဏလေးနေချင်လို့ ''

တစ်ခုခု မူမမှန်သော သက္ကရာဇ်ကြောင့် တည်တံ့မောင်လဲ သက္ကရာဇ်အလိုကျ ငြိမ်နေလိုက်ပြီး သက္ကရာဇ်၏ ဆံပင်လေးများအား လက်ကလေးဖြင့် ငြင်သာစွာ ပွတ်သပ်ပေးနေမိသည် ။
သူ့ကောင်လေးက တစ်ခါတစ်လေဆို ဒီလိုလဲ ချွဲတတ်တာပဲ....

"အချစ်ကို ထပ်မတွေ့ရတော့ဘူးလို့တောင်ထင်နေတာ သိလား ''

ခဏလောက်ကြာမှ သက္ကရာဇ်၏ တိုးညှင်းလှသော အသံလေးထွက်ပေါ်လာလိုက်သည် ။

"ကဲ မောင် လာပါဦး ဒီမှာလာထိုင် ဘာတွေဖြစ်လာလဲ ကိုယ့်ကိုပြောပြ ''

တည်တံ့မောင်က ကြမ်းပြင်ပေါ်မှာထိုင်နေတဲ့ သက္ကရာဇ်ကို ဆွဲထူကာ သူ့ဘေးနား၌ ဝင်ထိုင်စေလိုက်သည် ။

သက္ကရာဇ်က သူ့ကိုမကြည့်ဘဲ အကြည့်များကို ကြမ်းပြင်ဆီသို့သာပို့ထားသောကြောင့် တည်တံ့မောင်က သက္ကရာဇ်မျက်နှာအား လက်နှစ်ဖက်ဖြင့်ဆွဲယူကာ

"ဟေ့ မောင် ကိုယ့်ကိုကြည့်ပါဦး ဘာတွေဖြစ်လာတာလဲ ''

သက္ကရာဇ်က သူ့မျက်နှာကိုအုပ်ကိုင်ထားသော တည်တံ့မောင်၏ လက်ပေါ်သို့ သူ့လက်တစ်ဖက်ဖြင့် အုပ်မိုးကာ ဆုပ်ကိုင်၍ တည်တံ့မောင်၏ မျက်နှာသို့ နင့်နင့်နဲနဲဖြင့် စိုက်ကြည့်လာလေသည် ။

"ကျွန်တော့်ဘဝမှာအကြောက်ဆုံးအရာနှစ်ခုရှိတယ်
အဲ့ဒါဘာလဲသိလား... ကျွန်တော်ပြန်မနိုးထလာနိုင်တော့မှာရယ် ခင်ဗျားကိုမချစ်ရတော့မှာရယ် ''

သက္ကရာဇ်စကားကြောင့် တည်တံ့မောင် နှလုံးသားလေးတငြိမ့်ငြိမ့်စီးဆင်းသွားသည် ။
ထို့အပြင် စိတ်ပူပန်နေသော သူ့ရဲ့ကောင်လေးအား တည်တံ့မောင် မြတ်မြတ်နိုးနိုးပြုံးပြလိုက်သည် ။

"အနာဂတ်အကြောင်းတွေ တွေးပြီး စိတ်ပူမနေနဲ့မောင်ရာ
မောင့်ရဲ့အတိတ်တွေမှာ ကိုယ်မပါဝင်ခဲ့ပေမယ့် ပစ္စုပ္ပန်နဲ့ အနာဂတ်မှာတော့ မောင့်ဘေးမှာ ကိုယ်အမြဲရှိနေမှာပါ ''

"မောင် အချစ်ကို ချစ်လွန်းလို့ ရူးတော့မယ်ထင်တယ်ဗျာ ''

မချင့်မရဲပြောကာ တည်တံ့မောင်ရင်ခွင်ထဲသို့ တိုးဝင်၍ တင်းကြပ်စွာဖက်လာသော သက္ကရာဇ်အား တည်တံ့မောင်လဲ သဘောတကျဖြင့် ပြန်လည်ပွေ့ဖက်ထားလိုက်သည် ။

"ဒီနေ့ ကိုယ်လဲအလုပ်ပိတ်တော့ ဘာလုပ်ကြမလဲ နေအရမ်းပူနေတော့ အပြင်လဲမသွားချင်ဘူး အိမ်မှာဘာလုပ်ကြရင်ကောင်းမလဲ ''

ခဏအကြာ၌ တည်တံ့မောင်က ဖက်ထားရာမှ ဖယ်ခွာကာ သက္ကရာဇ်ကိုမေးလိုက်တော့

"ဟင့်အင်း အချစ်သဘော အချစ်ကြိုက်တာလုပ် ''

သက္ကရာဇ်ကတော့ တည်တံ့မောင်ကိုဖက်ထားရာမှ မလွှတ်ပေးဘဲ ဖြေလိုက်သည် ။

"ကိုယ်အလုပ်သွားတဲ့နေ့တွေဆို မောင်ပျင်းလာရင် ဘာတွေလုပ်ဖြစ်လဲ ''

"အချစ်ကိုလွမ်းတယ်လေ ''

"အဟက် ''

တည်တံ့မောင် အသံထွက်သည်အထိရယ်မိလိုက်သည် ။
တကယ်ပါပဲ ကိုယ့်ထက် အသက် ၇နှစ်ငယ်တဲ့ကောင်လေးဆီက ချစ်စကားတွေကြားပြီး ရင်ခုန်နေရတယ်လို့....

"ဟုတ်ပါပြီ ဒါဆို ကိုယ်တို့ ရုပ်ရှင်ကြည့်ရအောင်လေ အပျင်းပြေတာပေါ့ မောင်ဘာကားကြိုက်လဲ ''

"အချစ်ကိုပဲကြိုက်တယ် ''

"အာ....မောင်ရေ ကိုယ်အသည်းယားလို့သေတော့မယ်ကွာ ''

တည်တံ့မောင်ပြောမှ သက္ကရာဇ်လဲ ရယ်မိတော့သည် ။
တကယ် သူကလဲ သူမဟုတ်သလို အချစ်ကို ချွဲမိနေတာပဲ....

ထို့နောက် သက္ကရာဇ်လဲ တည်တံ့မောင်ကိုဖက်ထားရာမှ ခွာလိုက်ကာ

"ရတယ် အချစ်သဘော အချစ်ကြိုက်တာကြည့် မောင်က အချစ်နဲ့အတူတူဆို ဘာပဲကြည့်ရကြည့်ရ ''

သက္ကရာဇ်က မျက်ခုံးပင့်ပြီးပြောတော့ တည်တံ့မောင်က မနိုင်ဘူးဆိုတဲ့ ပုံစံနဲ့ ခေါင်းရမ်းပြီး TVဖွင့်ကာ အခွေထိုးထည့်လိုက်သည် ။

တည်တံ့မောင်က သူသဘောကျတဲ့ဇာတ်ကားတွေဆိုရင် အခွေဝယ်ထားလေ့ရှိတာကြောင့် အခုလဲ သဘောအကျဆုံးကားတွေထဲမှ တစ်ခုဖြစ်တဲ့ 'Me before you'ကားအား ကြည့်ရန်ပြင်လိုက်သည် ။

အခုအနေထားကတော့ တည်တံ့မောင်က သက္ကရာဇ်ရင်ခွင်ထဲ၌ဝင်ကာ သက္ကရာဇ်ကိုမှီထားပြီး သက္ကရာဇ်ကတော့ တည်တံ့မောင်ကို အနောက်မှနေ၍ သိုင်းဖက်ထားခြင်းဖြစ်သည် ။

Clark နဲ့ Willianရဲ့ ချစ်ခြင်းမေတ္တာတွေကိုပုံဖော်ထားတဲ့ 'Me before you'ဇာတ်ကားက တည်တံ့မောင်ရဲ့ အကြိုက်ဆုံးဇာတ်ကားတွေထဲက တစ်ခုဖြစ်သောကြောင့် ဘယ်နှခါကြည့်ကြည့်မရိုးသွားနိုင်ဘဲ စိတ်ဝင်တစားကြည့်နေမိသည် ။

//You are pretty much the only thing that makes me want to get up in the morning //
(မင်းကငါနောက်တစ်နေ့မနက်မှာနိုးထလာချင်တဲ့ အကြောင်းအရင်းပဲ)

တည်တံ့မောင်ပြုံးလိုက်မိသည် ။
ဒါက တည်တံ့မောင် ဘယ်နှခါကြည့်ကြည့်မရိုးသွားစေတဲ့ အကြိုက်ဆုံးအခန်းပင်ဖြစ်သည် ။

အခုမှတည်တံ့မောင် သတိရမိသည် ။
ရုပ်ရှင်စကြည့်ထဲက အသံတိတ်ပြီး မိမိကိုသာဖက်ထားသော သက္ကရာဇ်အား အခုမှ သတိရမိသောကြောင့် တည်တံ့မောင် လှည့်ကြည့်လိုက်တော့ သူ့ကို ရွှန်းရွှန်းစားစားကြည့်နေသော သက္ကရာဇ်၏ မျက်လုံးအစုံနှင့် စုံမိသောကြောင့် တည်တံ့မောင် နှလုံးတစ်ချက်ဆောင့်ခုန်သွားသည် ။

Romantic movieကို ချစ်သူနဲ့နှစ်ယောက်ထဲကြည့်နေတယ်ဆိုတဲ့အသိက အခုမှဝင်လာသောကြောင့် တည်တံ့မောင် ရှက်ကိုးရှက်ကန်းဖြင့် ပြုံးလိုက်မိသည် ။

"ဘာတွေ သဘောကျနေတာလဲအချစ်ရဲ့ ''

သက္ကရာဇ်က တည်တံ့မောင်၏ နား,နားကိုကပ်မေးမှ တည်တံ့မောင်လဲ အရှက်ပြေ ချောင်းဟန့်ကာဖြင့်

"အဟမ်း ဘာမှမဟုတ်ပါဘူး ရုပ်ရှင်ကကြည့်ကောင်းလို့ပြုံးလိုက်တာပါ..ဘာမှမဟုတ်ဘူး ဆက်ကြည့် ဆက်ကြည့် ''

တည်တံ့မောင် ရှက်ကိုးရှက်ကန်းဖြင့် သက္ကရာဇ်ကိုလဲမကြည့်တော့ဘဲ အရှေ့သို့ပြန်လှည့်ကာ ရုပ်ရှင်ဆက်ကြည့်နေလိုက်သည် ။
တကယ်တော့ အခုချိန်မှာ တည်တံ့မောင် ရုပ်ရှင်ထဲ၌ စိတ်မဝင်စားတော့ဘဲ တဒုတ်ဒုတ်ခုန်နေသော ရင်ခုန်သံအား သက္ကရာဇ်မကြားအောင် မနည်းထိန်းသိမ်းနေရသည် ။

"မနက်မိုးလင်းတိုင်း မောင့်ရဲ့ အတွေးထဲမှာ ပေါ်လာတတ်တဲ့ တစ်ယောက်ထဲသောသူနဲ့ နေ့လည်ခင်းမှာ အချိန်ဖြုန်းချင်တဲ့ တစ်ယောက်ထဲသောသူက အချစ်ဆိုတာလဲ မှတ်ထားပေးနော် ''

တည်တံ့မောင်၏ အနောက်မှနေ၍ နား,နားကပ်ကာ လေးသံတိုးတိုးလေးဖြင့်ပြောလာ၍ တည်တံ့မောင်၏ နားရွက်ဖျားလေးအား ဖွဖွလေးငုံခဲလိုက်သော သက္ကရာဇ်ကြောင့် တည်တံ့မောင် တစ်ချက်တုန်တက်သွားပြီး သက္ကရာဇ်ကို လှည့်ကြည့်လိုက်သည် ။

သွားချွန်လေးများပေါ်ကာ ပါးချိုင့်ခွက်ခွက်လေးဝင်နေသည်အထိ နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြနေသော သက္ကရာဇ်အားတွေ့လိုက်ရသောကြောင့် တည်တံ့မောင်ဘာမှမစဥ်းစားနေတော့ဘဲ သက္ကရာဇ်၏ ခေါင်းအားဆွဲယူကာ နှုတ်ခမ်းနှစ်ခုကို ထပ်တူကျစေလိုက်သည် ။

နူးညံ့ခြင်း ၊ သိမ်မွေ့ခြင်း များဖြင့် နှုတ်ခမ်းလွှာနှစ်ခုအား မြတ်မြတ်နိုးနိုးအနမ်းခြွေချပြီးနောက် တစ်ယောက်နှင့်တစ်ယောက်တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်ကြသည် ။
တကယ်ကို တစ်ယောက်မရှိရင် တစ်ယောက်အသက်မရှင်နိုင်တော့မဲ့အတိုင်းပဲ....

***************************************************

A/N

အူးဝါး အသည်းယားလိုက်တာ -.-

#Zawgyi

ကားဟြန္းတီးသံမ်ားဆူညံေနေသာ ကတၱရာလမ္းမႀကီး၏ေဘး၌ သကၠရာဇ္ ေျခစုန္ရပ္ေနမိသည္ ။
ပူျပင္းေသာေနေရာင္ျခည္ေအာက္၌ ဆူညံလွေသာ အသံမ်ားႏွင့္ အရွိန္ျပင္းျပင္းေမာင္းႏွင္ေနၾကေသာ ကားမ်ားမွာ သကၠရာဇ္ေရွ႕မွ တစ္စီးၿပီး တစ္စီးျဖတ္ေက်ာ္သြားၾကသည္ ။

ေျခစုံရပ္ေနတဲ့ေနရာကေန ေျခတလွမ္းထပ္လွမ္းလိုက္ရင္ေတာ့ ကားလမ္းမအစြန္သို႔ေရာက္သြားလိမ့္မည္ ။
ၿပီးေတာ့ ေနာက္ထပ္ သုံးလွမ္းေလာက္ထပ္လွမ္းလိုက္ရင္ေတာ့ အရွိန္ျပင္းျပင္းေမာင္းလာတဲ့ကားတစ္စီး၏ ဝင္တိုက္ျခင္းကို ခံရလိမ့္မည္ ။

သကၠရာဇ္ စိတ္ထဲ၌ တြက္ခ်က္ၾကည့္လိုက္ၿပီး မ်က္လုံးစုံမွိတ္ကာ အသက္ကိုျပင္းျပင္းတစ္ခ်က္ရႈသြင္းလိုက္သည္ ။
ထို႔ေနာက္ ညွို႔မွိုင္းေသာ မ်က္ဝန္းအစုံျပန္ပြင့္လာသည့္ေနာက္ ႏႈတ္ခမ္းထက္၌ မဲ့ၿပဳံးကိုပါ ပန္ဆင္လိုက္သည္ ။

*ေသမယ္.....လူတိုင္းလိုခ်င္ေနၾကတဲ့ သကၠရာရဲ႕ ခႏၶာကိုယ္ကို ဖ်က္စီးပစ္မယ္....ေနာက္ဘဝက် သကၠရာဇ္အျဖစ္ သီးသီးသန့္သန့္ ျပန္ေမြးဖြားမယ္....

ေမာင့္ကိုခြင့္လႊတ္အခ်စ္ရယ္....သူတို႔က အခ်စ္နဲ႕ေမာင့္ကို ခြဲခ်င္ေနၾကတာ....သကၠရာဆိုတဲ့ေကာင္ကလဲ အခ်စ္ကို သေဘာက်ေနတယ္တဲ့ ဘယ္ေလာက္ေတာင္ ရဲတင္းလိုက္လဲ...ရာရာစစ ေမာင့္အခ်စ္ကို သူကမွန္းရဲေသးတယ္....ေမာင္ကအတၱႀကီးတယ္ အခ်စ္....အခ်စ္ကို ေမာင္မွ မပိုင္ရရင္ ဘယ္သူ႕မွမပိုင္ေစရဘူး.....*

သကၠရာဇ္ ခိုင္မာစြာ ဆုံးျဖတ္ခ်က္ခ်ၿပီးေနာက္ ေရွ႕သို႔ေျခတလွမ္းတိုးလိုက္သည္ ။

တီ........တီ...............ကြၽီ............

"ေဟ့ေကာင္ ငါ-ိုးမသား ေသခ်င္ရင္ တျခားေနရာမွာသြားေသ လမ္းမေပၚတက္ၿပီး ေစာက္အမႈလာပတ္ေအာင္ မလုပ္နဲ႕ ''

လမ္းမေပၚသို႔ေျခခ်ရပ္ေနေသာ သကၠရာဇ္ေၾကာင့္ အရွိန္ႏွင့္ေမာင္းႏွင္လာေသာကားမွာ ဘရိတ္ကိုခပ္ျပင္းျပင္းဆြဲခ်၍ သကၠရာဇ္ကို ေရွာင္လိုက္ရေသာေၾကာင့္ လမ္းေဘး၌ ထိုးရပ္သြားသည္ ။
ထို႔ေနာက္ ကားေပၚကလူမွ သကၠရာဇ္ကို ေဒါသထြက္စြာ ဆဲေရးတိုင္းထြာ၍ ကားကို ခပ္ၾကမ္းၾကမ္းျပန္လည္ေမာင္းထြက္သြားသည္ ။

"အဟက္ ''

သကၠရာဇ္ ခပ္ေလွာင္ေလွာင္ရယ္လိုက္သည္ ။

*ကားတိုက္ၿပီးအေသခံခ်င္ပါတယ္ဆိုမွ တျခားေနရာသြားေသခိုင္းေနေသးတယ္...တကယ္ဆို ကားတိုက္ခံရတာက အလြယ္ကူဆုံးေသတာပဲေလ.....ေသရဲတဲ့သူက ေသရဲလို႔လမ္းမေပၚတက္တာေတာင္ မတိုက္ရဲတဲ့ေကာင္ေတြ....အလကား ေစာက္ေၾကာက္ေတြ.....*

သကၠရာဇ္ ရယ္ေနတာရပ္လိုက္ၿပီး တစ္ဖက္က ေနာက္ထပ္ လာေနေသာ ကားကို ၾကည့္လိုက္သည္ ။
သူႏွင့္ အလွမ္းသိပ္မေဝးတဲ့ေနရာကေန အရွိန္ျပင္းျပင္းေမာင္းႏွင္လာတဲ့ကားက သစ္လုံးေတြတင္ထားတဲ့ ကုန္တင္ကားႀကီးတစ္စီးျဖစ္သည္ ။

*ကုန္ကားဆိုေတာ့ ဘရိတ္ကိုလဲလြယ္လြယ္နဲ႕အုပ္လို႔ရမယ္မထင္ဘူး....အဲ့ေတာ့ တခါထဲ ေသလို႔ရသြားတာေပါ့ အဟက္....*

မဲ့ၿပဳံးတစ္ခုကို ႏႈတ္ခမ္းထက္၌ ထပ္မံခ်ိတ္ဆြဲၿပီး အေရွ႕သို႔ ေျခလွမ္းသုံးလွမ္းေလာက္ ထပ္လွမ္းလိုက္သည္ ။

တီ.........တီ...........

ကုန္ကားႀကီးမွ ဟြန္းတီးေနတဲ့ပုံကိုၾကည့္ၿပီး သကၠရာဇ္ ၿပဳံးရယ္ကာ မ်က္လုံးမ်ားကိုပိတ္ခ်လိဳက္သည္ ။
သူတကယ္အဆင္သင့္ျဖစ္ေနၿပီ.......

ဝုန္း!!!!!
.
.
.
.
.
.
.
.
.
"ဟာ သကၠရာဇ္ရာ မေသေကာင္းမေပ်ာက္ေကာင္း ေတာ္ေသးတယ္ ငါအခ်ိန္မွီဆြဲလိုက္လို႔ မဟုတ္ရင္ တိုက္ေတာ့မွာ ''

အခ်ိန္အေတာ္ၾကာသည္အထိ ခႏၶာကိုယ္၌ နာက်င္မႈတစုံတရာမွ်မခံစားရသည့္အျပင္ ရင္းႏွီးေနေသာ အသံကိုပါ ၾကားလိုက္ရေသာေၾကာင့္ သကၠရာဇ္ မ်က္လုံးကို ဆက္ခနဲ ဖြင့္ခ်လိဳက္သည္ ။

"က်စ္!! "

မိမိကိုစိုးရိမ္တႀကီး ငုံ႕မိုးၾကည့္ေနေသာ ထင္လင္း၏ မ်က္ႏွာကို ျမင္လိုက္ရ၍ သကၠရာဇ္ က်စ္တခ်က္စုပ္သတ္ကာ မ်က္ေမွာင္က်ဳံ႕လိုက္သည္ ။
ေသတာေတာင္ ေကာင္းေကာင္းမေသရတဲ့အျဖစ္ပဲ.....

"ေဟ့ေကာင္ သကၠရာဇ္ ငါေခၚေနတာၾကားရဲ႕လား...မင္း! မင္း အတိတ္ေတြဘာေတြေမ့သြားတာလား "

မ်က္ႏွာေရွ႕၌ လက္ကိုေဝွ႕ယမ္းၿပီး အလန့္တၾကားျဖင့္ ေပါက္ကရေတြေျပာေနေသာ ထင္လင္းကို သကၠရာဇ္ အျမင္ကပ္လာ၍ တြန္းဖယ္လိုက္သည္ ။

"ဖယ္စမ္းကြာ ေစာက္႐ူးလိုလာလုပ္မေနနဲ႕ ''

"မင္းဘာမွမျဖစ္ဘူးမလား ေတာ္ေသးတာေပါ့ကြာ ငါကစိတ္ပူသြားတာ ကတၱရာလမ္းနဲ႕ ေခါင္းနဲ႕ရိုက္မိၿပီး အတိတ္ေတြဘာေတြေမ့သြားတာလားလို႔ ဟူးးးးး ''

သက္ျပင္းတခ်ခ်ႏွင့္ သကၠရာဇ္ေဘး၌ ကပ္လိုက္လာကာ စကားအဆက္မျပတ္ေျပာလာေသာ သာလိကာအား သကၠရာဇ္ စကားပင္လွည့္မေျပာေပ ။

"ဒါနဲ႕ မင္း လမ္းမေပၚ ဘာတက္လုပ္တာလဲ.... ကားေတြဒီေလာက္ရႈပ္ေနတာကို တိုက္မိရင္ တခါထဲေသမွာေနာ္ ငါကယ္လိုက္လို႔ မင္းကံေကာင္းသြားတာ ငါ့ကိုေက်းဇူးတင္သင့္တယ္ ''

ပီတိအၿပဳံးႀကီးၿပဳံးၿပီး ဂုဏ္ဆာေနေသာ ထင္လင္းအား သကၠရာဇ္ မ်က္ေထာင့္နီျဖင့္ တစ္ခ်က္ေစာင္းၾကည့္လိုက္သည္ ။
ေသခ်င္ေနတဲ့သူကို ဝင္ကယ္တာမ်ား သူက ဂုဏ္ယူေနေသး....

သကၠရာဇ္၏ မ်က္ေထာင့္နီကိုျမင္မွ ထင္လင္းက မ်က္ႏွာပိုးကိုသတ္လိုက္ၿပီး

"အဟဲ ဒါနဲ႕ အခု မင္းကဘယ္သြားမလို႔လဲ မင္းအိမ္က ဘယ္မွာလဲ ငါလိုက္ပို႔မယ္ေလ သူငယ္ခ်င္းျဖစ္ထဲက မင္းအိမ္ကို တစ္ခါမွမေရာက္ဖူးေသးဘူး ''

"ဟင္လို႔ မင္းအိမ္ကဘယ္မွာလဲ...ဒါမွမဟုတ္ ငါ့ဆိုင္ကိုအရင္ဝင္ၿပီး မုန့္စားၾကမလား ''

"အာ....မင္းအိမ္ေရာက္မွ ထမင္းစားလဲရတာပဲ ဟုတ္တယ္မလား....''

သကၠရာဇ္ စကားျပန္မေျပာမခ်င္း အေနာက္ကေန တတြတ္တြတ္လိုက္၍ ေျပာေနေသာ ထင္လင္းေၾကာင့္ သကၠရာဇ္ေျခလွမ္းမ်ားကို ရပ္တန့္လိုက္သည္ ။

မိမိရပ္လိုက္ေတာ့ သူလဲလိုက္ရပ္၍ မိမိကိုေၾကာင္ေတာင္ေတာင္ၾကည့္ေနေသာ ထင္လင္းအား သကၠရာဇ္ၾကည့္လိုက္ၿပီး

"မင္းလမ္းမင္းသြားေတာ့ ငါ့ေနာက္ကိုမလိုက္ခဲ့နဲ႕ ''

"ဟမ္! မဟုတ္ဘူးေလ ငါပ်င္းလို႔ပါ သကၠရာဇ္ရဲ႕ ဆိုင္မွာလဲ လုပ္စရာသိပ္မရွိလို႔ေလ မင္းအိမ္ကို လိုက္ခဲ့မယ္ေနာ္ ''

"ငါ့ေနာက္ ထပ္လိုက္လာရင္ မင္းေျခေထာက္ကိုတကယ္ ရိုက္ခ်ိဳးမွာေနာ္ ၿပီးမွ ငါ့အဆိုးမဆိုနဲ႕ ''

အတည္ေပါက္ႀကီးေျပာလာေသာ သကၠရာဇ္ေၾကာင့္ ထင္လင္း တံေတြးၿမိဳခ်လိဳက္သည္ ။
ဒီေကာင္ တကယ္ႀကီးေတာ့မလုပ္ေလာက္ဘူးမလား....

"မင္းကလဲကြာ ငါက ပ်င္းလို႔ပါဆို လိုက္မယ္ေနာ္ ငါ့ကိုေခၚေနာ္ ''

သကၠရာဇ္ရဲ႕ အကၤ်ီလက္ေမာင္းအစကို မရဲတရဲကိုင္ၿပီးေျပာလာေသာ ထင္လင္းေၾကာင့္ သကၠရာဇ္ က်စ္စုတ္လိုက္သည္ ။

"က်စ္! မင္းဘာျဖစ္ေနတာလဲ ေအး မင္းတကယ္လိုက္လာရင္ မင္းေျပာတဲ့ မင္းသူငယ္ခ်င္း ငါမလုပ္ေတာ့ဘူး ''

သကၠရာဇ္ ထိုသို႔ေျပာလိုက္မွ ထင္လင္းက သကၠရာဇ္ရဲ႕ အကၤ်ီလက္ကို ကျပာကယာလႊတ္ၿပီး ၿပဳံးၿဖီးျပေနေလသည္ ။

သကၠရာဇ္လဲ ထိုသေကာင့္သားကိုၾကည့္ကာ ေခါင္းတခ်က္ခါ၍ ထိုေနရာမွ လွည့္ထြက္ခဲ့သည္ ။
သူ႕အခ်စ္ကိုအရမ္းေတြ႕ခ်င္ေနၿပီ.....

မိမိကိုေက်ာခိုင္း၍ ထြက္သြားေသာ သကၠရာဇ္ေနာက္ေက်ာျပင္အား ထင္လင္း ေငးၾကည့္ေနမိသည္ ။
သကၠရာဇ္က အၿမဲတမ္း ထင္လင္းကိုေက်ာခိုင္းၿပီးထြက္သြားေနၾကမို႔လို႔ ထင္လင္းမွာ က်င့္သားေတာင္ရေနေလၿပီ ။
သူငယ္ခ်င္းမရွိတဲ့ ထင္လင္းအတြက္ သကၠရာဇ္ကသာ သူ႕ရဲ႕ ပထမဆုံး သူငယ္ခ်င္းျဖစ္သည္ ။
အျခားသူမ်ားက ထင္လင္းကို ပိုက္ဆံအတြက္သာေပါင္းၾကၿပီး ထင္လင္းအကူအညီလိုေနတဲ့အခ်ိန္မ်ိဳးဆို တစ္ေယာက္မွမရွိၾကေတာ့ေပ ။
သကၠရာဇ္ကေတာ့ ထင္လင္းကို ကူညီေပးသည့္အျပင္ စိတ္ရင္းအတိုင္းဆက္ဆံေပးေသာ တစ္ဦးထဲေသာသူျဖစ္သည္ ။

ထင္လင္းလဲ သကၠရာဇ္ကိုၾကည့္ၿပီး သက္ျပင္းတစ္ခ်က္ခ်ကာ ဆိုင္သို႔သာ ျပန္လွည့္လာခဲ့ေတာ့သည္ ။

***************************************************

ဂ်ေလာက္

ေသာ့ကိုလွည့္ဖြင့္ကာ အိမ္ထဲကိုဝင္လိုက္ေတာ့ ဧည့္ခန္းက ဆိုဖာေပၚမွာ စာဖတ္ရင္း အိပ္ေပ်ာ္ေနေသာ တည္တံ့ေမာင္ကို ေတြ႕လိုက္ရေသာေၾကာင့္ သကၠရာဇ္လဲ တံခါးကို ျငင္သာစြာျပန္ပိတ္လိုက္သည္ ။
တည္တံ့ေမာင္က သကၠရာဇ္ ဘယ္အခ်ိန္ျဖစ္ျဖစ္ သူ႕အိမ္ကိုလာလို႔ရေအာင္ အိမ္ေသာ့ေပးထားေသာေၾကာင့္ သကၠရာဇ္ ဖြင့္ဝင္လာခဲ့ျခင္းျဖစ္သည္ ။

ဆိုဖာေပၚ၌ အိပ္ေပ်ာ္ေနေသာ တည္တံ့ေမာင္၏ အနားသို႔ ေျခကို ဖြဖြေလးနင္း၍ ေလွ်ာက္သြားၿပီး ဆိုဖာေဘးရွိ ၾကမ္းျပင္ေပၚ၌ ထိုင္ကာ အိပ္ေပ်ာ္ေနေသာ တည္တံ့ေမာင္၏ မ်က္ႏွာေလးအား တစိမ့္စိမ့္ထိုင္ၾကည့္လိုက္သည္ ။

သူ႕အခ်စ္အိပ္ပုပ္ႀကီးခ်က္ကေတာ့ လူဝင္လာတာေတာင္ မသိဘူး....အဲ့ဒါေတြေၾကာင့္ သူ႕အခ်စ္ကသူ႕ထက္အသက္အမ်ားႀကီး ပိုႀကီးေပမဲ့ ဘယ္လိုမွကို စိတ္မခ်နိဳင္တာ.....

တစိမ့္စိမ့္ထိုင္ၾကည့္ေနရင္းႏွင့္ တည္တံ့ေမာင္အား အသည္းယားလာေသာေၾကာင့္ ႏွဖူးေလးေပၚသို႔ အနမ္းဖြဖြ ေႁခြခ်မိသည္ ။
ဒါလဲ သူ႕အခ်စ္ကမသိေသးဘဲ အင္း အဲ သာလုပ္ၿပီး အိပ္ေမာက်ေနေသးေသာေၾကာင့္ သကၠရာဇ္ သေဘာတက်ရယ္မိလိုက္သည္ ။
ရယ္လိုက္ေသာေၾကာင့္ ထြက္ေပၚလာေသာ သကၠရာဇ္၏ သြားခြၽန္ခြၽန္ေလးႏွင့္ ပါးခ်ိဳင့္ခြက္ခြက္ေလးကိုေတာ့ ႏွေျမာစရာေကာင္းစြာနဲ႕ အိပ္ေပ်ာ္ေနေသာ တည္တံ့ေမာင္ မျမင္ရေပ ။

ထို႔ေနာက္ သကၠရာဇ္က တည္တံ့ေမာင္၏ ေယာကၤ်ားဆန္လွေသာ ပါးျပင္ေပၚသို႔တစ္ခ်က္ဖိကပ္နမ္းၿပီး ၊ ႏႈတ္ခမ္းႏွစ္လႊာေပၚသို႔ ခပ္ဖြဖြ အနမ္းမ်ားထပ္မံေႁခြခ်မိေတာ့သည္ ။

အစကေတာ့ ထိကပ္႐ုံမွ်သာေပးမည့္ အနမ္းေတြက တည္တံ့ေမာင္၏ ႏူးညံ့လွေသာ ႏႈတ္ခမ္းႏွစ္လႊာေၾကာင့္ ႐ုန္းမထြက္နိုင္ေတာ့ဘဲ ထပ္တိုး၍သာ နမ္းေနမိသည္ ။

"အြန္း...ေမာင္ ဘာလုပ္...ခဏ....''

သကၠရာဇ္၏ ၾကာရွည္လွေသာ အနမ္းမ်ားေၾကာင့္ တည္တံ့ေမာင္မွာ လန့္နိုးလာရၿပီး သကၠရာဇ္၏ ရင္ဘက္ကို ခပ္ဖြဖြတြန္းထုတ္ေတာ့မွ သကၠရာဇ္မွာ ႏွေျမာတသႏွင့္ တည္တံ့ေမာင္၏ ႏႈတ္ခမ္းလႊာမ်ားအား လႊတ္ေပးလိုက္ေတာ့သည္ ။

"ေမာင္ ဘယ္တုန္းကေရာက္တာလဲ ကိုယ့္ကို ႏွိုးလိုက္တာမဟုတ္ဘူး ''

"အခုပဲ ေမာင့္အနမ္းေတြနဲ႕ အခ်စ္ကို ႏွိုးလိုက္တာေလ ''

သကၠရာဇ္၏ အေျပာေၾကာင့္ တည္တံ့ေမာင္ သေဘာတက်ရယ္လိုက္သည္ ။
သူ ဒီေကာင္ေလးကို တကယ္မနိုင္ေတာ့ဘူး....

အခုအေနအထားက တည္တံ့ေမာင္ကဆိုဖာေပၚမွာထိုင္ၿပီး သကၠရာဇ္က ၾကမ္းျပင္ေပၚမွာထိုင္ေနေသာေၾကာင့္ သကၠရာဇ္က တည္တံ့ေမာင္၏ မ်က္ႏွာအား တေမ့တေမာျဖင့္ အျမတ္တနိုးစိုက္ၾကည့္ေနလိုက္သည္ ။
ထို႔ေနာက္ တည္တံ့ေမာင္၏ ခါးမွေန၍ သိမ္းႀကဳံးဖက္ကာ ဗိုက္ေပၚသို႔မ်က္ႏွာအပ္၍ ၿငိမ္ေနလိုက္သည္ ။

"ေမာင္ ဘာျဖစ္လို႔လဲ ဘာျဖစ္လာတာလဲ ''

သကၠရာဇ္က ဘာမွမေျပာဘဲ ေခါင္းရမ္းျပသည္ ။

"ထဦးေလ တစ္ခုခုျဖစ္လာတယ္မလား ဘာျဖစ္လာတာလဲ ကိုယ့္ကိုေျပာျပေလ ''

"ဟင့္အင္း ခဏေလး...ခဏေလးအခ်စ္ရယ္ ဒီလိုခဏေလးေနခ်င္လို႔ ''

တစ္ခုခု မူမမွန္ေသာ သကၠရာဇ္ေၾကာင့္ တည္တံ့ေမာင္လဲ သကၠရာဇ္အလိုက် ၿငိမ္ေနလိုက္ၿပီး သကၠရာဇ္၏ ဆံပင္ေလးမ်ားအား လက္ကေလးျဖင့္ ျငင္သာစြာ ပြတ္သပ္ေပးေနမိသည္ ။
သူ႕ေကာင္ေလးက တစ္ခါတစ္ေလဆို ဒီလိုလဲ ခြၽဲတတ္တာပဲ....

"အခ်စ္ကို ထပ္မေတြ႕ရေတာ့ဘူးလို႔ေတာင္ထင္ေနတာ သိလား ''

ခဏေလာက္ၾကာမွ သကၠရာဇ္၏ တိုးညွင္းလွေသာ အသံေလးထြက္ေပၚလာလိုက္သည္ ။

"ကဲ ေမာင္ လာပါဦး ဒီမွာလာထိုင္ ဘာေတြျဖစ္လာလဲ ကိုယ့္ကိုေျပာျပ ''

တည္တံ့ေမာင္က ၾကမ္းျပင္ေပၚမွာထိုင္ေနတဲ့ သကၠရာဇ္ကို ဆြဲထူကာ သူ႕ေဘးနား၌ ဝင္ထိုင္ေစလိုက္သည္ ။

သကၠရာဇ္က သူ႕ကိုမၾကည့္ဘဲ အၾကည့္မ်ားကို ၾကမ္းျပင္ဆီသို႔သာပို႔ထားေသာေၾကာင့္ တည္တံ့ေမာင္က သကၠရာဇ္မ်က္ႏွာအား လက္ႏွစ္ဖက္ျဖင့္ဆြဲယူကာ

"ေဟ့ ေမာင္ ကိုယ့္ကိုၾကည့္ပါဦး ဘာေတြျဖစ္လာတာလဲ ''

သကၠရာဇ္က သူ႕မ်က္ႏွာကိုအုပ္ကိုင္ထားေသာ တည္တံ့ေမာင္၏ လက္ေပၚသို႔ သူ႕လက္တစ္ဖက္ျဖင့္ အုပ္မိုးကာ ဆုပ္ကိုင္၍ တည္တံ့ေမာင္၏ မ်က္ႏွာသို႔ နင့္နင့္နဲနဲျဖင့္ စိုက္ၾကည့္လာေလသည္ ။

"ကြၽန္ေတာ့္ဘဝမွာအေၾကာက္ဆုံးအရာႏွစ္ခုရွိတယ္
အဲ့ဒါဘာလဲသိလား... ကြၽန္ေတာ္ျပန္မနိုးထလာနိုင္ေတာ့မွာရယ္ ခင္ဗ်ားကိုမခ်စ္ရေတာ့မွာရယ္ ''

သကၠရာဇ္စကားေၾကာင့္ တည္တံ့ေမာင္ ႏွလုံးသားေလးတၿငိမ့္ၿငိမ့္စီးဆင္းသြားသည္ ။
ထို႔အျပင္ စိတ္ပူပန္ေနေသာ သူ႕ရဲ႕ေကာင္ေလးအား တည္တံ့ေမာင္ ျမတ္ျမတ္နိုးနိုးၿပဳံးျပလိုက္သည္ ။

"အနာဂတ္အေၾကာင္းေတြ ေတြးၿပီး စိတ္ပူမေနနဲ႕ေမာင္ရာ
ေမာင့္ရဲ႕အတိတ္ေတြမွာ ကိုယ္မပါဝင္ခဲ့ေပမယ့္ ပစၥဳပၸန္နဲ႕ အနာဂတ္မွာေတာ့ ေမာင့္ေဘးမွာ ကိုယ္အၿမဲရွိေနမွာပါ ''

"ေမာင္ အခ်စ္ကို ခ်စ္လြန္းလို႔ ႐ူးေတာ့မယ္ထင္တယ္ဗ်ာ ''

မခ်င့္မရဲေျပာကာ တည္တံ့ေမာင္ရင္ခြင္ထဲသို႔ တိုးဝင္၍ တင္းၾကပ္စြာဖက္လာေသာ သကၠရာဇ္အား တည္တံ့ေမာင္လဲ သေဘာတက်ျဖင့္ ျပန္လည္ေပြ႕ဖက္ထားလိုက္သည္ ။

"ဒီေန႕ ကိုယ္လဲအလုပ္ပိတ္ေတာ့ ဘာလုပ္ၾကမလဲ ေနအရမ္းပူေနေတာ့ အျပင္လဲမသြားခ်င္ဘူး အိမ္မွာဘာလုပ္ၾကရင္ေကာင္းမလဲ ''

ခဏအၾကာ၌ တည္တံ့ေမာင္က ဖက္ထားရာမွ ဖယ္ခြာကာ သကၠရာဇ္ကိုေမးလိုက္ေတာ့

"ဟင့္အင္း အခ်စ္သေဘာ အခ်စ္ႀကိဳက္တာလုပ္ ''

သကၠရာဇ္ကေတာ့ တည္တံ့ေမာင္ကိုဖက္ထားရာမွ မလႊတ္ေပးဘဲ ေျဖလိုက္သည္ ။

"ကိုယ္အလုပ္သြားတဲ့ေန႕ေတြဆို ေမာင္ပ်င္းလာရင္ ဘာေတြလုပ္ျဖစ္လဲ ''

"အခ်စ္ကိုလြမ္းတယ္ေလ ''

"အဟက္ ''

တည္တံ့ေမာင္ အသံထြက္သည္အထိရယ္မိလိုက္သည္ ။
တကယ္ပါပဲ ကိုယ့္ထက္ အသက္ ၇နှစ်ငယ်တဲ့ကောင်လေးဆီက ခ်စ္စကားေတြၾကားၿပီး ရင္ခုန္ေနရတယ္လို႔....

"ဟုတ္ပါၿပီ ဒါဆို ကိုယ္တို႔ ႐ုပ္ရွင္ၾကည့္ရေအာင္ေလ အပ်င္းေျပတာေပါ့ ေမာင္ဘာကားႀကိဳက္လဲ ''

"အခ်စ္ကိုပဲႀကိဳက္တယ္ ''

"အာ....ေမာင္ေရ ကိုယ္အသည္းယားလို႔ေသေတာ့မယ္ကြာ ''

တည္တံ့ေမာင္ေျပာမွ သကၠရာဇ္လဲ ရယ္မိေတာ့သည္ ။
တကယ္ သူကလဲ သူမဟုတ္သလို အခ်စ္ကို ခြၽဲမိေနတာပဲ....

ထို႔ေနာက္ သကၠရာဇ္လဲ တည္တံ့ေမာင္ကိုဖက္ထားရာမွ ခြာလိုက္ကာ

"ရတယ္ အခ်စ္သေဘာ အခ်စ္ႀကိဳက္တာၾကည့္ ေမာင္က အခ်စ္နဲ႕အတူတူဆို ဘာပဲၾကည့္ရၾကည့္ရ ''

သကၠရာဇ္က မ်က္ခုံးပင့္ၿပီးေျပာေတာ့ တည္တံ့ေမာင္က မနိုင္ဘူးဆိုတဲ့ ပုံစံနဲ႕ ေခါင္းရမ္းၿပီး TVဖြင့္ကာ အေခြထိုးထည့္လိုက္သည္ ။

တည္တံ့ေမာင္က သူသေဘာက်တဲ့ဇာတ္ကားေတြဆိုရင္ အေခြဝယ္ထားေလ့ရွိတာေၾကာင့္ အခုလဲ သေဘာအက်ဆဳံးကားေတြထဲမွ တစ္ခုျဖစ္တဲ့ 'Me before you'ကားအား ၾကည့္ရန္ျပင္လိုက္သည္ ။

အခုအေနထားကေတာ့ တည္တံ့ေမာင္က သကၠရာဇ္ရင္ခြင္ထဲ၌ဝင္ကာ သကၠရာဇ္ကိုမွီထားၿပီး သကၠရာဇ္ကေတာ့ တည္တံ့ေမာင္ကို အေနာက္မွေန၍ သိုင္းဖက္ထားျခင္းျဖစ္သည္ ။

Clark နဲ႕ Willianရဲ႕ ခ်စ္ျခင္းေမတၱာေတြကိုပုံေဖာ္ထားတဲ့ 'Me before you'ဇာတ္ကားက တည္တံ့ေမာင္ရဲ႕ အႀကိဳက္ဆုံးဇာတ္ကားေတြထဲက တစ္ခုျဖစ္ေသာေၾကာင့္ ဘယ္ႏွခါၾကည့္ၾကည့္မရိုးသြားနိုင္ဘဲ စိတ္ဝင္တစားၾကည့္ေနမိသည္ ။

//You are pretty much the only thing that makes me want to get up in the morning //
(မင္းကငါေနာက္တစ္ေန႕မနက္မွာနိုးထလာခ်င္တဲ့ အေၾကာင္းအရင္းပဲ)

တည္တံ့ေမာင္ၿပဳံးလိုက္မိသည္ ။
ဒါက တည္တံ့ေမာင္ ဘယ္ႏွခါၾကည့္ၾကည့္မရိုးသြားေစတဲ့ အႀကိဳက္ဆုံးအခန္းပင္ျဖစ္သည္ ။

အခုမွတည္တံ့ေမာင္ သတိရမိသည္ ။
႐ုပ္ရွင္စၾကည့္ထဲက အသံတိတ္ၿပီး မိမိကိုသာဖက္ထားေသာ သကၠရာဇ္အား အခုမွ သတိရမိေသာေၾကာင့္ တည္တံ့ေမာင္ လွည့္ၾကည့္လိုက္ေတာ့ သူ႕ကို ႐ႊန္း႐ႊန္းစားစားၾကည့္ေနေသာ သကၠရာဇ္၏ မ်က္လုံးအစုံႏွင့္ စုံမိေသာေၾကာင့္ တည္တံ့ေမာင္ ႏွလုံးတစ္ခ်က္ေဆာင့္ခုန္သြားသည္ ။

Romantic movieကို ခ်စ္သူနဲ႕ႏွစ္ေယာက္ထဲၾကည့္ေနတယ္ဆိုတဲ့အသိက အခုမွဝင္လာေသာေၾကာင့္ တည္တံ့ေမာင္ ရွက္ကိုးရွက္ကန္းျဖင့္ ၿပဳံးလိုက္မိသည္ ။

"ဘာေတြ သေဘာက်ေနတာလဲအခ်စ္ရဲ႕ ''

သကၠရာဇ္က တည္တံ့ေမာင္၏ နား,နားကိုကပ္ေမးမွ တည္တံ့ေမာင္လဲ အရွက္ေျပ ေခ်ာင္းဟန့္ကာျဖင့္

"အဟမ္း ဘာမွမဟုတ္ပါဘူး ႐ုပ္ရွင္ကၾကည့္ေကာင္းလို႔ၿပဳံးလိုက္တာပါ..ဘာမွမဟုတ္ဘူး ဆက္ၾကည့္ ဆက္ၾကည့္ ''

တည္တံ့ေမာင္ ရွက္ကိုးရွက္ကန္းျဖင့္ သကၠရာဇ္ကိုလဲမၾကည့္ေတာ့ဘဲ အေရွ႕သို႔ျပန္လွည့္ကာ ႐ုပ္ရွင္ဆက္ၾကည့္ေနလိုက္သည္ ။
တကယ္ေတာ့ အခုခ်ိန္မွာ တည္တံ့ေမာင္ ႐ုပ္ရွင္ထဲ၌ စိတ္မဝင္စားေတာ့ဘဲ တဒုတ္ဒုတ္ခုန္ေနေသာ ရင္ခုန္သံအား သကၠရာဇ္မၾကားေအာင္ မနည္းထိန္းသိမ္းေနရသည္ ။

"မနက္မိုးလင္းတိုင္း ေမာင့္ရဲ႕ အေတြးထဲမွာ ေပၚလာတတ္တဲ့ တစ္ေယာက္ထဲေသာသူနဲ႕ ေန႕လည္ခင္းမွာ အခ်ိန္ျဖဳန္းခ်င္တဲ့ တစ္ေယာက္ထဲေသာသူက အခ်စ္ဆိုတာလဲ မွတ္ထားေပးေနာ္ ''

တည္တံ့ေမာင္၏ အေနာက္မွေန၍ နား,နားကပ္ကာ ေလးသံတိုးတိုးေလးျဖင့္ေျပာလာ၍ တည္တံ့ေမာင္၏ နား႐ြက္ဖ်ားေလးအား ဖြဖြေလးငုံခဲလိုက္ေသာ သကၠရာဇ္ေၾကာင့္ တည္တံ့ေမာင္ တစ္ခ်က္တုန္တက္သြားၿပီး သကၠရာဇ္ကို လွည့္ၾကည့္လိုက္သည္ ။

သြားခြၽန္ေလးမ်ားေပၚကာ ပါးခ်ိဳင့္ခြက္ခြက္ေလးဝင္ေနသည္အထိ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ၿပဳံးျပေနေသာ သကၠရာဇ္အားေတြ႕လိုက္ရေသာေၾကာင့္ တည္တံ့ေမာင္ဘာမွမစဥ္းစားေနေတာ့ဘဲ သကၠရာဇ္၏ ေခါင္းအားဆြဲယူကာ ႏႈတ္ခမ္းႏွစ္ခုကို ထပ္တူက်ေစလိုက္သည္ ။

ႏူးညံ့ျခင္း ၊ သိမ္ေမြ႕ျခင္း မ်ားျဖင့္ ႏႈတ္ခမ္းလႊာႏွစ္ခုအား ျမတ္ျမတ္နိုးနိုးအနမ္းေႁခြခ်ၿပီးေနာက္ တစ္ေယာက္ႏွင့္တစ္ေယာက္တင္းၾကပ္စြာ ေပြ႕ဖက္ထားလိုက္ၾကသည္ ။
တကယ္ကို တစ္ေယာက္မရွိရင္ တစ္ေယာက္အသက္မရွင္နိုင္ေတာ့မဲ့အတိုင္းပဲ....

***************************************************

A/N

အူးဝါး အသည္းယားလိုက္တာ -.-


Continue Reading

You'll Also Like

957K 50.2K 44
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
3.3M 213K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
89.1K 6.1K 60
အချစ်က အချစ်ပဲမို့ ဘာကိုမှ ဘယ်သူ့မှကြောက်နေဖို့မလိုဘူး