{Unicode}
"ထယ်ယောင်း ထစမ်း အဲ့လိုကောင်အတွက် ကြေကွဲမနေနဲ့ မင်းရှင်းပြတာကိုတောင်သူနားထောင်ပေးခဲ့လား"
Yoonji ဆက်တိုက်စကားတွေပြောနေပေမဲ့Tae Hyung
နားထဲဘာမှမကြားနိုင်တော့ပါ
"ကျောင်း ဟုတ်တယ် သူကျောင်းကိုလာမှာဘဲ သူ့ကိုအဲ့မှာတွေ့ရမယ် ရှင်းပြရအုန်းမယ် တောင်းပန်ရအုန်းမယ်"
မျက်ရည်တွေနဲ့ ပြိုလဲနေရာမှထကာ မျှော်လင့်ချက်ရောင်ခြည်လေးသန်းလာတာမို့ ဘတ်စ်ကားမှတ်တိုင်ကိုသာအပြေးထွက်သွားမိတယ်
ကျောင်းကိုရောက်လာခဲ့ပြီ ကျောင်းဝင်းထဲကကားထားတဲ့နေရာကိုလှမ်းကြည့်လိုက်တော့ 9999 နံပါတ်နဲ့ကားအမဲရောင်ကိုတွေ့တော့ သူစိတ်သာရာရသွားသည်
"ဒါJeonကားဘဲ "
စာသင်ခန်းထဲမှာရှိလောက်မယ်အထင်နဲ့ ပြေးတက်သွားလိုက်တော့ Jeonရဲ့ခုံနေရာလေးကလွတ်နေတယ် ဒါကြောင့် ခေါင်မိုးပေါ်သွားကြည့်တော့လည်းမရှိဘူးဘယ်နေရာမှထပ်ရှာရမလဲ သူမတွေးနိုင်တော့ဘူး
ကားကိုတွေ့ခဲ့တယ် ဒါကြောင့် ဒီကျောင်းထဲမှာJeonရှိနေမှာအသေအချာဘဲကျောင်းတစ်ကျောင်းလုံးနှံ့သွားခဲ့ပြီ Jeonကိုမတွေ့ခဲ့လက်လျှော့လိုက်ရတော့မှာလား Jeonကကော ဘယ်ရောက်နေတာလဲ
.
.
.
ကျောင်းအုပ်ကြီးရုံးခန်းမှထွက်လာတဲ့Jeon
ကွင်းပြင်မှာ ပြေးလွှားနေတဲ့Tae Hyungကိုမြင်တော့
နှလုံးသားလေးက တစ်ဆစ်ဆစ်နာကျင်ရတယ်
"သူငါ့ကိုရှာနေတာများလား"
ကိုယ့်အတွေးကို ကိုယ်ရီနေမိတယ် မဖြစ်နိုင်တာတွေတွေးမိလို့
ကားပေါ်ပြန်တက်သွားရင်း ကျောင်းကိုလည်းအပြီးတိုင်နှုတ်ဆက်ခဲ့တယ် ချစ်ရတဲ့လူသားလေးကိုလည်း အဝေးကနေ နှုတ်ဆက်ခဲ့ရင်းပေါ့
နာကျင်လို့ကျခဲ့တဲ့မျက်ရည်တွေကိုတော့ ကာယံကံရှင်သာအသိဆုံးဖြစ်ခဲ့တယ်
.
.
.
တစ်ကိုယ်လုံးချွေးတွေနဲ့စိုရွှဲနေတဲ့Tae Hyungကို
ဆရာကမြင်တော့
"Tae Hyung ဘယ်လိုဖြစ်လို့ တစ်ကိုယ်လုံးချွေးတွေနဲ့ဖြစ်နေရတာလဲ"
မောလွန်းလို့ အသက်ကိုလုရှူရင်း
"Jung Kook သူ့ကိုရှာနေတာ ခုထိမတွေ့သေးလို့
အရေးကြီးပြောစရာရှိလို့"
"အော် မင်းကလည်းအဲ့တာများဆရာ့ကိုလာမေးပါလား"
"ဆရာကသိတာလား အဲ့တာဆိုသူဘယ်မှာလဲ ပြောပြပေးပါ"
"သွားပြီလေ သူကျောင်းထွက်သွားတယ် နိုင်ငံခြားသွားတော့မယ်ပြောတယ်"
"ဟင် ဆရာနောက်နေတာလား"
"နောက်စရာလား "
တစ်ကိုယ်လုံးကသွေးတွေပြောင်းပြန်စီးသွားသလိုခံစားချက် ခေါင်းထဲဘာအတွေးမှမရှိတော့ဘူး သူဘယ်နိုင်ငံကိုသွားတာလဲ ဘာကြောင့်သွားတာလဲ အဖြေတွေမရှိတော့ဘူးရှင်းပြချင်သေးတယ် ထိုကောင်လေးကိုရင်ခွင်ထဲထည့်ထားရင်း "ကိုယ်မင်းကိုယ်သိပ်ချစ်တယ်" လို့သူပြောချင်သေးတယ် ပြောစရာစကားတွေအများကြီးကျန်သေးတယ်
"ကျွန်တော့်ကိုခွင့်တိုင်ပေးပါ ဒီနေ့ကျောင်းမတက်ဖြစ်ဘူး"
ဆရာ့ကိုခွင့်တိုင်ပြီး ကျောင်းဝင်းထဲမှအပြေးထွက်လာမိတယ် ဟုတ်တယ် ဒါနောက်ဆုံးအခွင့်အရေးဆိုရင်တောင်သူလက်လွှတ်မခံနိုင်ဘူး Jeonဘက်ကလက်မခံခဲ့ဘူးဆိုရင်တောင် အနဲဆုံး Jeonတွေးနေတာတွေမှားနေကြောင်းသူပြောပြချင်တယ်
Busထက်မြန်မဲ့Taxiကိုတားလိုက်ရင်း မြို့ပြင်ဆီသို့
နောက်ဆုံးနေရာလေး ဒီမှာတော့သူရှိပါစေ
ကားပေါ်ကအမြန်ဆင်းလိုက်ရင်း ခြံတံခါးကိုဆွဲဖွင်လိုက်တော့ သော့ခတ်ထားတယ်
"သော့ သော့ ငါ့မှာသော့ရှိတယ်"
Jeonပေးထားတဲ့သော့နဲ့ဖွင့်ကာ အထဲဝင်လိုက်တော့
ခြံကြီးတစ်ခုလုံးဟာ တိတ်ဆိတ်နေခဲ့တယ်
အခန်းတွေကိုတစ်ခုပြီးတစ်ခုရှာနေတယ် Jeonကိုမတွေ့ဘူးနောက်ဆုံးရက်က တူတူအိပ်ခဲ့တဲ့အခန်းလေးကိုသွားရှာတယ် မရှိဘူး တကယ်ကြီးထွက်သွားတာဘဲဆိုတဲ့ အသိကရင်ဘတ်ကြီးကို ဓားနဲ့မွှန်းနေသလိုဘဲ
မျက်ရည်တွေတားဆီးမရအောင် ကျလာခဲ့တယ်
အော်ငိုမိတယ် ဘာကြောင့်လဲ ဘာကြောင့် ဒီလောက်စိတ်နာသွားတာလဲ မဟုတ်ဘူး ဘာကြောင့် ဒီလောက်ထိပြတ်သားခဲ့ရတာလဲ ငါ့ဘက်ကိုနဲနဲလေးမှမစဉ်းစားပေးခဲ့ဘူးလား
"ကိုယ်မင်းကိုဘယ်လောက်ချစ်လဲဆိုတာသိရက်နဲ့
လုပ်ရက်တယ် ရက်စက်တယ် မင်း.."
အော်ငိုပြီး အပြစ်တွေတင်နေမိတယ် တကယ်တမ်းနှစ်ယောက်စလုံးက အပြစ်ကင်းမနေခဲ့ကြဘူး
ပတ်ဝန်းကျင်ကိုခံနိုင်ရည်မရှိခဲ့တဲ့ Tae Hyung
ရှင်းပြတာကိုနားမထောင်ခဲ့တဲ့ Jeon
တကယ်တော့ နှစ်ယောက်စလုံးမှားနေတာမဟုတ်လား
ချစ်ရဲ့နဲ့ ဝေးသွားခဲ့ရတာမဟုတ်လား
အိမ်ကြီးထဲမှာညနေဆောင်းလောက်အထိ နေမိလိုက်တယ်တစ်နေ့လုံး ငိုကျွေးရင်းနဲ့ပေါ့
မနက်ထဲကပြေးလွှားရ တစ်မနက်လုံးငိုခဲ့ရတာကြောင့်
ပင်ပန်းလွန်းကာ ထိုနေရာလေးမှာဘဲ အိပ်ပျော်သွားတယ်
နိုးလာတော့ ညဘက်တောင်ရောက်နေပြီ အိမ်မက်လားမဟုတ်ဘူး Jeonသူ့ကိုထားသွားခဲ့တာ အိမ်မက်မဟုတ်ဘူး တစ်ဆစ်ဆစ်နာလာပြန်ပြီ ဒီရင်ဘတ်လေးက သူJeonကိုသိပ်ချစ်သည်မဟုတ်လား....
အခန်းထဲကိုသွားဖို့ဆုံးဖြတ်လိုက်တယ် အခန်းထဲဝင်ဝင်ချင်းအမှတ်တရတွေက မျက်လုံးထဲ ထင်ထင်ရှားရှားပေါ်လာခဲ့တယ်
မိုးခြိမ်းသံကြောက်လို့ဆိုကာရင်ခွင်ထဲဝင်တိုးတဲ့ကောင်လေး
အစ်ကို့ ကိုယ်သင်းနံ့လေးကို ကြိုက်လို့ ဖက်ထားပေးပါလို့တောင်းဆိုလာတဲ့ကောင်လေး
သူ့ရဲ့နှုတ်ခမ်းလေးကို လစ်ရင်လစ်သလို လာလာနမ်းတဲ့ကောင်လေး
ခါးသွယ်သွယ်လေးကို လာလာဖက်တဲ့လက်အစုံ
ဒါတွေက ပေါ့ပေါ့တန်တန် အမှတ်တရတွေဖြစ်ခဲ့တာမှမဟုတ်ဘဲ သိပ်ကိုမြတ်နိုးခဲ့ရတာ Jeonနဲ့ပတ်သက်လာရင် သေးသေးလေးကအစ သူသိပ်ကိုမြတ်နိုးရတာ
ဘာလို့ ပတ်ဝန်းကျင်ရဲ့ပြောဆိုမှုကြောင့်နဲ့Jeonကိုလျစ်လျူရှု့ခဲ့ရင်း ငါပြိုလဲမိခဲ့တာလဲ အမှန်ဆို သူရင်ခွင်ထဲသွားပြီးနားနေခဲ့ရမှာမဟုတ်လား
ဝဲတက်လာတဲ့မျက်ရည်တွေနဲ့အတူ ထပ်ပြီးတော့ငိုမိပြန်တယ် နှစ်ယောက်တူတူအိပ်ခဲ့တဲ့ကုတင်ပေါ်တက်ကာ
Jeonအကျီလေးကို ပွေ့ဖက်ရင်း အိပ်ပျော်စေခဲ့တယ်
လူကိုယ်တိုင်ဘေးနားမရှိတာတောင် သူ့ရဲ့အသုံးအဆောင်ပစ္စည်းလေးကအစ ကျွန်တော့်ကို စိတ်သက်သာရာရစေခဲ့ပါတယ်
အိမ်မက်ထဲမှာ တွေ့မယ် အိမ်မက်ထဲမှာမင်းကိုအကြာကြီးဖက်ထားမိမယ်ထင်တယ် ကလေးငယ်~
ဖြစ်နိုင်ရင် ကိုယ့်ဆီပြန်လာပေးပါကွာ
မဖြစ်တော့မှန်းသိပေမဲ့ တောင်းခဲ့မိတဲ့ဆုတွေ
အခုဆို ထိုကောင်လေးက ကောင်းကင်ထက်က လေယာဉ်ပေါ်မှာရှိနေခဲ့ပြီ မဟုတ်လား
_____________________________________
#🥺ဒါလေးupဖို့ကြာနေတာဆောတီးပါရှင့်
{Zawgyi}
"ဒါJeonကားဘဲ "
.
.
.
.
.
.
"ဟင် ဆရာနောက်နေတာလား"
"နောက်စရာလား "
_____________________________________
#🥺ဒါလေuးpဖို့ကြာနေတာဆောတီးပါရှင့်