ရည်းစားဟောင်းက ငါ့ကိုမျက်စိကျ...

By Kiyoiko__

2.1M 322K 20.9K

Title - 又被前男友盯上了(Be watched by my Ex again) Author - 橘猫哥哥(Ju Mao Gege) Status - 183 chapters + 36 extras I do... More

Please take a look!
Summary
All about Ju Mao Gege
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
💌
33
34
35
36
37
38
Special Episode I
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
🤍
57
58
59
60
61
62
63
64
65
66
67
68
69
70
Special Episode II
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
Hello

1

34.7K 2.8K 139
By Kiyoiko__

{Unicode}

"ဒီနေ့ငါ့ဆန္ဒမပါဘဲ အတင်းအကြပ်
ဖိအားပေးခိုင်းစေခံရတယ်"

"ရန်ကျားလိ သောက်၊ မင်းသောက်လိုက်စမ်းကွာ!"

"ဒီနေ့မင်းမမူးမူးအောင်ကိုတိုက်မှာ"

ရန်ကျားလိသည် သူ့နားထဲ၌ အော်ဟစ်သံအချို့ကို ကြားလိုက်ရပြီးနောက် တုန်တုန်ရီရီနှင့် မတ်တပ်ထရပ်လိုက်သည်။

သူ့ရဲ့မျက်ဝန်းသွေးကြောများ နီရဲထူပိန်းနေပုံက အမှန်တကယ်ကို မူးရူးနေသူတစ်ယောက်အတိုင်းပင်။ သူရဲ့လက်ကျန်တည်ကြည်မှုနှင့် လေးနက်မှုတို့ကတော့ အခုချိန်မှာ သစ်ကိုင်းပေါ်မှာ တွဲလောင်းကျနေတဲ့ နောက်ဆုံးသော သစ်ရွက်ခြောက်တစ်ရွက်လို ယိမ်းထိုးနေသည်။

သူသည် ဗိုက်ကိုဖိနှိပ်လိုက်ရင်း အန်ချင်စိတ်တို့ကို မြိုသိပ်ထားလိုက်ကာ ဘေးကနေသူ့ကို ဝိုင်ခွက်ကမ်းပေးနေသော ထိုအမျိုးသားကို ပြုံးကာဆိုသည်။

"သခင်လေးကွမ် ကျွန်တော်တကယ်မရတော့လို့ပါ"

ထိုအမျိုးသားက လှောင်ပြုံးပြုံးကာ "ဘယ်လိုယောကျာ်းမျိုးကများ ကိုယ့်ကိုကိုယ် မရတော့ဘူးလို့ ပြောရိုးထုံးစံရှိလို့လဲ...မင်းဒါအရက်ကောင်းတွေကို ဖြုန်းတီးပစ်နေတာပဲနော်"

ရန်ကျားလိက အတင်းကာရော ပြုံးဟန်ဆောင်နေပေမယ့် စိတ်ထဲမှာတော့ ထိုသို့တွေးနေမိသည်။ သူဟာ သူ့မန်နေဂျာရဲ့ ဆော်သြော်မှုနဲ့အတူ အရက်ဝိုင်းသောက်ဖို့ လိုက်လာပေးရတဲ့ လူကြိုက်မများသေးတဲ့ မထင်မရှား သာမန်အနုပညာရှင် တစ်ယောက်သာဖြစ်သည်။

ဒီအခန်းထဲမှာ သူကလွဲရင် ထိုင်နေသမျှလူအားလုံးက လူကုံထံအသိုင်းအဝိုင်းက ချမ်းသာကြွယ်ဝပြီး မာနတံခွန်ထောင်လွှားနေတဲ့ ခပ်ချောချောသူဌေးလေးတွေချည်းပဲ။

သူတို့အားလုံးက ရန်ကျားလိတစ်ယောက်တည်းကိုပဲ သောက်ကျိုးနည်းပစ်မှတ်တစ်ခုလို ဦးတည်ထားပြီး မမူးမူးအောင် ညှဥ်းပန်းနှိပ်စက်ပြီး သူ့အပေါ်ကို အရက်တွေသွန်ချနေကြတော့တာပဲ။

ဒီလိုအရက်တွေသွန်ချနေပုံမျိုးက သေပြီးသားလူဆိုရင်တောင် ငေါက်ခနဲထထိုင်လာလောက်မလားမသိဘူး။

ရန်ကျားလိက သူ့အဖွဲ့အတွက်သာမဟုတ်ရင် ဒီလိုမျိုး သည်းခံနိုင်လိမ့်မယ်မထင်ဘူး။ သာမန်အချိန်တွေမှာဆို တစ်ယောက်ယောက်ကသာ သူ့အပေါ် အရက်တွေလောင်းချနေမယ်ဆိုရင် ထိုလူကဘာကောင်ကြီးပဲဖြစ်နေပါစေ သူကတော့ တစ်ချက်စာလောက် ပစ်ကျွေးပစ်လိုက်ဦးမည်။ သူ့ရဲ့လက်သီးတစ်ချက်စာက ဘယ်လိုအရသာရှိလဲဆိုတာ ထိုလူကိုမြည်းစမ်းခွင့်ပေးလိုက်မှာပင်။

ရန်ကျားလိသည်စားပွဲခုံကိုကိုင်ထားရင်း အက်ကွဲနေသောလေသံနှင့် "သခင်လေးကွမ်...ကျွန်တော်တကယ်မသောက်နိုင်တော့ဘူး။ ကျွန်တော်ကိုလွှတ်ပေးလိုက်ပါတော့"

ထိုအမျိုးသားက ဟမ့်ခနဲ အသံမြည်အောင် ရယ်လိုက်ရင်း မျက်လုံးထဲ၌လည်း မကျေနပ်ချက်တို့ ပြည့်နှက်သွားပြန်သည်။ ထို့နောက် ခြိမ်းခြောက်လိုဟန်နှင့် "ရန်ကျားလိ၊ မင်းကခွေးလောက်တောင် အသိစိတ်မရှိဘူး။ မင်းကိုအရက်သောက်ခိုင်းတယ်ဆိုတာ မျက်နှာသာပေးနေတာကွ။ နားလည်ရဲ့လား"

ထိုလူက ဝိုင်ခွက်ကို ကိုင်မြှောက်လိုက်ရင်း လေသံကလဲ ပိုအေးစက်လာသည်။ "သောက်မလား ထွက်သွားမလား ကိုယ့်ကိုရွေး"

ရန်ကျားလိသည် ရုတ်တရက် လက်ဖဝါးထဲသို့ လက်သည်းချွန်များ စိုက်ဝင်လောက်သည်အထိ လက်သီးကို ခပ်တင်းတင်းဆုပ်လိုက်သည်။

ခဏအကြာမှာ သူအံကိုကြိတ်ရင်း ထိုလူ့လက်ထဲမှ ဝိုင်ခွက်ကိုလှမ်းယူသည်။ 55° ရှိတဲ့ အရက်ဖြူကို သူတစ်ကျိုက်တည်း မော့ပစ်လိုက်သည်။

သူမော့သောက်ပစ်လိုက်သည်နှင့် တပြိုင်နက် စားပွဲဝိုင်းတွင်လဲ ကျယ်လှောင်သော ရယ်သံအချို့ထွက်ပေါ်လာသည်။ ထိုလှောင်ရယ်သံများကြားတွင် ရန်ကျားလိ၏ခြေထောက်များသည် ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ လဲကျတော့မတက်ဖြစ်သွားသည်။

သူ့မျက်လုံးရှေ့တွင် ပတ်ပတ်လည်နေသော ကြယ်လများကိုသာ မြင်တွေ့နေရပြီး အစာအိမ်တွင်မီးများ တောက်လောင်နေသလို ပူလောင်လာရကာ အော့အန်ချင်စိတ်တို့သည်လည်း မြှင့်တက်လာသည်။

ရန်ကျားလိက ဒီနေ့မှာပဲ သူ့ရဲ့သေနေ့စေသွားတော့မှာလားဟုပင် သံသဃဝင်လာသည်။

သုံး​ကြိမ်လောက် သောက်စားမူးယစ်ပျော်ပါးပြီးတာတောင် ထိုသူဌေးလေးတို့အုပ်စုက ယခုအချိန်ထိ ပျော်စရာကောင်းတယ်ဟုပင် မခံစားရသေးပေ။

သူတို့ထဲက တစ်ယောက်ကထလာပြီး ရန်ကျားလိကိုလက်ညှိုးထိုးပြီး ခွေးတွေကြောင်တွေလို ညည်းညူနေသံနှင့် "ရန်ကျားလိ၊ မင်းသီချင်းဆိုတတ်တယ်မလား။ အဲ့မှာကြက်သေသေပြီး ဘာလုပ်နေတာလဲ။ ငါတို့ပျော်ရအောင် သီချင်းသုံးလေးပုဒ်လောက် သွားဆိုစမ်းပါ။ သွား"

ရန်ကျားလိက သူ့ရဲ့အစာအိမ်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားရင်း "အစ်ကိုလျို၊ ကျွန်တော့်ရဲ့အခုအသံနဲ့ဆိုပြလိုက်ရင် ကြိုးပြတ်နေတဲ့ တယောကိုတီးနေတာထက်တောင် ပိုနားထောင်ဆိုးသွားဦးမယ်။ ခင်ဗျားနားကန်းသွားမှာ မကြောက်ဘူးလား"

"မင်းကိုသွားဆိုဆို ဆိုလိုက်ပေါ့" အစ်ကိုလျိုက ငွေစက္ကူစအနည်းငယ် ပစ်ပေးလိုက်ပြီး စိတ်မရှည်ဟန်နှင့် " မျက်နှာသာပေးနေတာတောင် မလိုချင်ဘူး"

ရန်ကျားလိဟာ ဝိုင်တွေပေကျံကုန်တဲ့ ငွေစက္ကူစတွေကို ငေးကြည့်နေရင်း အသက်ပြင်းပြင်းရှူလိုက်သည်။

ရန်ကျားလိက မျက်နှာထက်မှာ အပြုံးတုတစ်ခု တပ်ဆင်ထားရင်း "ကောင်းပြီ၊ ဒါဆိုကျွန်တော်《舞女泪》ဆိုပြမယ်"

(TN/ 《舞女泪》= Dancing Girl's tears)

ထိုသီချင်းက သူလက်ရှိခံစားနေရတာတွေနှင့် အတော်လေးကိုက်ညီသည်။

"ငါအဲ့တာနားမထောင်ချင်ဘူး"

"ဒါဆိုဘာနားထောင်ချင်လဲ ခင်ဗျားပဲပြောပါ"

ထိုအစ်ကိုလျိုက ထိုင်ခုံကိုကန်ကျောက်ပြီး ကာရာအိုကေစက်ရှိရာနေရာကို လျှောက်သွားလိုက်သည်။ သီချင်းတစ်ပုဒ်ကိုမြင်သောအခါ သူ့နှုတ်ခမ်းများကွေးတက်သွားပြီး ဖန်သားပြင်ကိုညွှန်ပြသည်။ "မင်းဒီတစ်ပုဒ်ဆို"

ရန်ကျားလိက မျက်လုံးကိုပင့်ပြီး ကြည့်လိုက်ချိန်မှာ ရှက်စရာကောင်းလွန်းလို့ သေသွားတော့မလိုပါပင်။

ထိုသီချင်းက ညစ်ညမ်းသီချင်းတစ်ပုဒ်ဖြစ်ပြီး အဲ့သီချင်းနားထောင်နေတာကို အဖေသာမြင်ရင် အဆဲခံရပြီး အမေမြင်သွားရင်တော့ အရိုက်ခံရစေမယ့် သီချင်းမျိုးဖြစ်သည်။ "အပြာလောက ပပျောက်ရေး အဖွဲ့အစည်း" သည်ပင် ထိုသီချင်းကိုကြားလျှင် စင်ပေါ်က ပြေးဆင်းသွားချင်ပေလိမ့်မည်။

ထိုသီချင်း၏ ပွင့်လင်းမြင်သာပြီး အရိုင်းဆန်သော သီချင်းစာသားများနှင့်နှိုင်းယှဉ်ပါက ရာစုနှစ်ပေါင်းများစွာ မီးဖိုထဲတွင် အတက်အဆင်းလုပ်ခဲ့ကြသော ကြက်ညီမလေးများသည်ပင် ရေကန်ရှိကြာဖြူကဲ့သို့ သန့်ရှင်းပြီးအညစ်အကြေးကင်းစင်သေးသည်။

ရန်ကျားလိဟာ သူ့ရဲ့အပြုံးတုကို ဆက်လက်ထိန်းသိမ်း ထားနိုင်စွမ်းပင်မရှိတော့ပေ။

သူ၏နားရွက်များကပါ နီရဲလာပြီး ဖန်သားပြင်ကိုညွှန်ပြသည် - "အစ်ကိုလျိူ၊ ဒီသီချင်းသိပ်မကောင်းဘူးထင်တယ် ကျွန်တော်တို့ နည်းနည်းမြူးကြွပြီး လန်းဆန်းစေတဲ့ဟာမျိုး ဆိုကြရင်ရော မကောင်းဘူးလား"

အစ်ကိုလျို : "မင်းကကိုယ့်ကိုကိုယ် ဘာထင်နေတာလဲ၊ တစ်ခွန်းပဲမေးမယ် ဆိုမှာလား မဆိုဘူးလား"

ရန်ကျားလိက သူ့လက်ထဲမှာ မိုက်ခရိုဖုန်းကို အတင်းဆုပ်ကိုင်ထားသည်။ စပီကာမှထွက်လာသော သီချင်းသံဟာလဲ အခန်းတွင်းပျံ့နှံ့သွားပြီး ဖန်သားပြင်မှမီးအလင်းရောင်ကြောင့် တစ်ခန်းလုံးလင်းထိန်သွားသည်။

ရန်ကျားလိက မိုက်ခရိုဖုန်းကို ညှစ်ထားမိသည်။ သူ့နောက်ကွယ်မှာ ထိုလူ့ဘော်ကြော့ သခင်လေးတွေရဲ့ အပြုံးတွေကိုခံစားနေရသည်။ တကယ်တော့ သူကတောင်ပံကျိုးနေတဲ့ ဌက်တစ်ကောင်လိုပါပဲ၊ ကိုယ့်ကိုကိုယ် အရှက်ကင်းမဲ့ပြီး ခွန်အားမရှိသူတစ်ယောက်လို ခံစားနေရသည်။ အေးစက်စက်လေထုထဲ သူတစ်ယောက်တည်း တုန်လှုပ်နေမိသည်။

ရန်ကျားလိသည် သူ့ရဲ့အရှက်သိက္ခာများကို ပြန်ဆယ်လို့မရနိုင်တော့ပြီကိုသိနေပြီမို့ မျက်လုံးများကိုသာမှိတ်ထားလိုက်သည်။

သူသည်အံကြိတ်ပြီး သီချင်းဆိုရန် ပုလင်းကွဲလိုအက်ရှနေတဲ့ သူ့ရဲ့ပါးစပ်ကိုဖွင့်လိုက်သည်။ ရုတ်တရက်သူ့နောက်မှ သခင်လေးကွမ်က ထအော်လိုက်သည် - " နေဦး နေဦး မဆိုနဲ့ဦး" ဟူ၍ပင်။

ထိုအခါ ရန်ကျားလိကို သီချင်းဆိုဖို့ တိုက်တွန်းခဲ့သော အစ်ကိုလျိုသည် မကျေမနပ်ဖြစ်သွားကာ "လောင်ကွမ် မင်းဘာလုပ်နေတာလဲ"

သခင်လေးကွမ်သည် သူ့ရဲ့လက်ဆစ်များက စားပွဲပေါ်သို့ခေါက်နေရင်း လေးလေးနက်နက်ပြောလိုက်သည်။ "ဥဣဌယဲ့ ရောက်လာပြီ"

ထိုစကားကိုကြားလိုက်သည်နှင့် စားပွဲပေါ်မှလူအားလုံးရဲ့ မျက်နှာထားဟာပြောင်းလဲသွားပြီး လေထုကလဲ ဆွေးနွေးစကားဝိုင်းအဖြစ်သို့ ရောက်ရှိသွားရသည်။

"ဥဣဌယဲ့ ပြန်ရောက်လာပြီ ဟုတ်လား။ ရှားမှရှားပဲ"

"သူက သူ့အပေါင်းအဖော်တွေနဲ့ US မှာအရင်းအနှီးလုပ်ငန်းတွေ လုပ်နေတာမဟုတ်ဘူးလား?? သူတကယ်ပြန်လာပြီပေါ့?"

"ဒီရက်ပိုင်းလေးတင်ပဲ သူပြန်ရောက်လာတာ၊ ကြားတာတော့ ဒီတစ်ခေါက်ပြန်လာတာက ဒီမှာသူ့လုပ်ငန်း အခြေကျပြီးတိုးတက်အောင် လုပ်ဖို့တဲ့"

ရန်ကျားလိ ဘာမှတောင်မတုံ့ပြန်ရသေးခင်မှာပင် အခန်းတံခါးဟာ တွန်းဖွင့်ခြင်းခံလိုက်ရသည်။ အပြင်မှ ယောကျာ်းတစ်ယောက် ဝင်လာသည်။

ထိုလူက တောက်ပသော သားရေဖိနပ်နှင့်အတူ အနက်ရောင်တောက်တောက် အနောက်တိုင်းဝတ်စုံပြည့်ကို ခံ့ညားစွာ ဝတ်ဆင်ထားသည်။

သူ၏မျက်နှာသည် ယောကျာ်းပီသသော်လည်း မျက်နှာပေါ်တွင်အပြုံးအရယ်မရှိ၊ သူ့နားရှိနေသူ ဘယ်သူမဆို ခံစားချက်က အေးစက်လာပြီးအကြောင်းပြချက်မရှိ အဖိနှိပ်ခံနေရသည်ဟုပင် ခံစားကောင်းခံစားမိနိုင်သည်။

ရန်ကျားလိသည် အခန်းထောင့်မှတဆင့် ထိုလူ၏မျက်နှာကို မြင်လိုက်ရသောအခါ ချက်ချင်းပင် အမူအရာကင်းမဲ့သွားသည်။

ကွက်တိကွက်ကျား အလင်းရောင်များသည် ရန်ကျားလိ၏ မျက်နှာပေါ်တွင် ရောင်ပြန်ဟပ်နေသော်လည်း သူ၏ကြောက်ရွံ့ထိတ်လန့်နေဟန်ကိုတော့ မမြင်ရနိုင်ပေ။

မျက်စိရှေ့ကထိုလူကို မီးရှို့လိုက်ကာ ပြာငွေ့အဖြစ် ပြောင်းလဲသွားပြီး ပြာအိုးထဲသို့ထည့်လိုက်လျှင်ပင် သူသည်အနံ့ခံရုံနှင့် ထိုလူမှန်းချက်ချင်း သိနိုင်နေသေးသည်။

ယဲ့ထင်။

သူ၏ တက္ကသိုလ်လေးနှစ်တာကလမှာ သူ့ရဲ့အခန်းဖော်ဖြစ်ခဲ့သူ၊ တစ်နည်းအားဖြင့် သူ့ရဲ့ရည်းစားဟောင်း။

ထိုနှစ်တွေတုန်းက၊ ယဲ့ထင်နဲ့သူဟာ စီးပွားရေးတက္ကသိုလ်မှာ နာမည်အကြီးဆုံး လိင်တူစုံတွဲဖြစ်ခဲ့ကြသည်။

ပေါ့ပေါ့ပါးပါးနဲ့ ရွှတ်နောက်နောက်နေတတ်တဲ့ ရန်ကျားလိမှာ အေးဆေးတည်ငြိမ်သော ချစ်သူတစ်ဖြစ်လဲ၊ ကျောင်းသားသမဂ္ဂခေါင်းဆောင် ယဲ့ထင် ရှိသည်ကို တစ်ကျောင်းလုံးသိသည်။

ယဲ့ထင်၏ နောက်ခံနှင့် ဂုဏ်သိက္ခာတို့ကြောင့် ရန်ကျားလိ သည် ကျောင်းတွင်နေ့တိုင်း စည်းကမ်းများချိုးဖောက်နေလျှင်ပင် ရိုက်နှက်ခြင်းမခံခဲ့ရချေ။

ယဲ့ထင်သည်လည်း ပြိုင်ဘက်ကင်း ချစ်သူကောင်းတစ်ယောက် ဖြစ်ခဲ့ပြီး ရန်ကျားလိကို မည်သူမျှမချစ်ပေးနိုင်သည့် အချစ်မျိုးနှင့် ချစ်မြတ်နိုးပေးခဲ့သည်။

တခြားသူများသာဆိုလျှင် ယဲ့ထင်ရှေ့တွင် ကြောက်ရွံတုန်လှုပ်ကာ ကိုယ်ကိုကျုံ့ထားတတ်ကြသည်။

ရန်ကျားလိကတော့ ယဲ့ထင်၏ ကျောပေါ်ခုန်တက်ကာ လူတိုင်းရှေ့တွင် သူ့ကိုမြည်းတစ်ကောင်ကဲ့သို့ စီးနင်းခဲ့သည်။ ထို့နောက် ရန်ကျားလိသည် လက်နှစ်ဖက်ကိုမြှောက်ကာ "ဒီမှာငါစပါတာ" ဟုအော်လိုက်လျှင် ယဲ့ထင်သည် အကူအညီမဲ့စွာကြည့်ပြီးနောက် "သက်တော်ရာကျော်ရှည်ပါစေ" ဟု ပြန်လည်ဖြေခဲ့မည်သာ။

သူတို့ရဲ့ အချစ်လမ်းခရီးက ဒီလိုချိုမြိန်သာယာခဲ့ပေမယ့် အဆုံးသတ်ကတော့ အကျည်းတန် အရုပ်ဆိုးလွန်းခဲ့ပေသည်။

သူတို့ကျောင်းပြီးလို့ ဘွဲ့ရတဲ့နေ့မှာပဲ ကျောင်းအရှေ့တံခါးဝက လျှို့ဝှက်ဆန်းကြယ်မှုရဲ့ ရနံ့တွေဖုံးလွှမ်းနေတဲ့ သစ်ပင်အောက်မှာ လမ်းခွဲစကားပြောခဲ့ကြသည်။

ဘေးကလူတွေကတော့ သူတို့လမ်းခွဲရတဲ့ အကြောင်းအရင်းကို ရောက်တက်ရာရာ ခန့်မှန်းကြသည်။ အချို့က ရန်ကျားလိက နောက်ဆုံးတော့ ယဲ့ထင်ကို စိတ်ပျက်လာလို့တဲ့။ တချို့ကျတော့လဲ ယဲ့ထင်က ပိုချောတဲ့ကောင်လေးတစ်ယောက်နဲ့တွေ့ပြီး ရန်ကျားလိကိုလှည့်စားသွားတာတဲ့။

ကုန်ကုန်ပြောရရင် အားလုံးက သွားပုပ်လေလွင့် လျှောက်ပြောနေကြတာချည်းပဲ။ လမ်းခွဲရတဲ့အကြောင်းအရင်းကို ကာယကံရှင်တွေကလွဲပြီး ဘယ်သူကပိုသိနိုင်ဦးမှာလဲ။

လက်ရှိမှာတော့ ယဲ့ထင်သည် အခန်းထဲသို့၀င်လာပြီးနောက် ပထမဦးဆုံး စားပွဲပေါ်မှလူများအား ခေါင်းညိတ်ကာနှုတ်ခွန်းဆက်စကားတချို့ပြောလိုက်သည်။

ကပ်ဖားယပ်ဖားစကားသံတချို့ကို နားထောင်ပြီးသောအခါ ယဲ့ထင်သည်အခန်းထောင့်ကို ဖြေးဖြေးချင်းလျှောက်သွားပြီး ဘေးကျပ်နံကျပ်ထဲ ပိတ်မိနေသော ရန်ကျားလိရှေ့သို့ ရောက်လာသည်။

ရန်ကျားလိဟာ ဒီအခြေအနေက အတော်လေး ရှက်ဖွယ်ကောင်းသည်ဟု ထင်မိသည်။

ထိုနှစ်တွေတုန်းက လောကသဘာဝတရားတွေကို ဆန့်ကျင်ပြီး လိင်တူချစ်သူတွေအဖြစ် ရဲရဲဝံ့ဝံ့လူကြားထဲ လက်တွဲသွားလာခဲ့ဖူးတဲ့ ချစ်သူက အခုတော့ သြဇာအာဏာကြီးမားပြီး ဘေးနားမှာလဲ ဘဝကိုပုံအပ်ချင်တဲ့သူတွေက ​တောင်လိုပုံနေပြီး ချစ်ခြင်းမေတ္တာတွေ ပြည့်နှက်နေတဲ့ လူတစ်ယောက်ဖြစ်နေပြီလေ။

ပြီးတော့ သူ့မျက်နှာမှာ ပေကျံနေတဲ့ ညစ်ပတ်ပတ်ဝိုင်တွေ သွေးလိုနီရဲနေတဲ့ သူ့မျက်လုံးတွေနဲ့ ပြန့်ကျံနေတဲ့ငွေစ တွေကြောင့် သူပို၍အရှက်ရနေရသည်။

ယဲ့ထင်သည် ရန်ကျားလိကို အချိန်အတော်ကြာကြာ ဂရုတစိုက်ကြည့်နေသည်။

အတန်ကြာပြီးနောက် သူကအေးစက်သောအသံဖြင့် သူ့ရဲ့လက်ကိုဆန့်ထုတ်ကာ "မင်းကို.... မတွေ့ရတာကြာပြီ"

ရန်ကျားလိသည် ခေါင်းကိုအနည်းငယ်ညိမ့်လိုက်ပြီး ယဲ့ထင်၏ ဆန့်တန်းထားသော လက်ကိုကြည့်ရင်း သူ့နှလုံးသားလဲ တုန်ခါသွားရသည်။

ထိုလက်သည် သူ၏လက်ကို ဆုပ်ကိုင်ထားခဲ့ဖူးသည်၊ ခါးကိုလဲ ဖက်တွယ်ထားခဲ့ဖူးသည်။ နှင်းများဖုံးလွှမ်းနေသောတစ်နေ့၌ ထိုလက်တွေနှင့်ပင် သူ့အား မာဖလာခြုံပေးခဲ့ဖူးသည်။ ချစ်မြတ်နိုးစွာနှင့် နူးနူးညံ့ညံ့တစ်ဖုံ၊ ကြမ်းကြမ်းတမ်းတမ်းတစ်မျိုးနှင့်သူ၏မျက်နှာကို ထိုလက်နှင့်ပဲ မရေတွက်နိုင်အောင် အကြိမ်ကြိမ်ပွတ်သပ်ခဲ့ဖူးတာပဲ။

ရန်ကျားလိ၏ မျက်လုံးများသည်အနည်းငယ် လှိုင်းခတ်သွားသည်။ သူက သူ၏လက်များကို အဝတ်များပေါ်တွင် မြန်မြန်ဆန်ဆန် သုတ်ပစ်လိုက်ပြီး ယဲ့ထင်၏လက်ကို ပြန်ကိုင်ဖို့ ကြိုးစားလိုက်သည်။

ယဲ့ထင်ကတော့ စောင့်ဆိုင်းဖို့ စိတ်မရှည်တော့သော လူတစ်ယောက်လို ရန်ကျားလိက သူ့ကိုမထိခင်မှာပင် သူကမဆိုင်းမတွပဲ သူ့လက်ကိုပြန်ဆုတ်လိုက်ပြီး ဖာသိဖာသာ ပြန်လှည့်ကြည့်သည်။

ရန်ကျားလိက သူ့ရဲ့လက်ကိုဆန့်ထုတ်လိုက်ပြီးနောက် လေထုကအေးခဲသွားသလိုပင်။

သူ၏နှလုံးသားလေးသည်လဲ ဓားနဲ့ခုတ်ခံလိုက်ရသလို နာကျင်လာသည်။

သူဌေးလေးတစ်​ယောက်က ရန်ကျားလိကို ကြည့်ရင်းအော်လိုက်သည် "ရန်မျိုးရိုး၊ ဘာရပ်လုပ်နေတာလဲ? အသိလေးဘာလားကပ်ပြီး ဒီမှာဥဣဌယဲ့ကို အရက်လာဌဲ့ပေးလေ"

ရန်ကျားလိသည် ဝိညာဉ်ဆုံးရှုံးထားသူတစ်ယောက်လို စားပွဲတွင်ပြန်ထိုင်လိုက်သည်။

ယဲ့ထင်သည် ယခု​ချိန်မှာတော့ တကယ်ကို ရင့်ကျက်သွားသည့် လူတစ်ယောက်အတိုင်းပင်။ သူ့မိသားစုနောက်ခံ၊ အရည်အချင်း၊ အဆင့်အတန်းတွေက ဒီသခင်လေးတွေကြားထဲ အထင်ရှားဆုံးဘဲမို့ ကျန်သူများက သူ့ကိုမျက်နှာသာ မပေးဘဲ မနေရဲကြပေ။

ရန်ကျားလိက စားပွဲပေါ်က လူတွေကိုလိုက်ကြည့်နေမိသည်။ အားလုံးက ယဲ့ထင်ဆီကိုပဲ အရက်ခွက်တွေကမ်းပေးနေကြပေမယ့် ဘယ်သူကမှတော့ သူ့ကို "သောက်လေ" လို့မတိုက်တွန်းရဲကြချေ။

နောက်ဆုံးမှာတော့ အရက်ပွဲတော်ကြီးက အဆုံးသတ်သွားပြီး သခင်လေးကွမ်က အားလုံးကိုလူစုခွဲလိုက်စေသည်။

ရန်ကျားလိသည် အရက်ကို အလွန်အကျွံ သောက်မိထားသောကြောင့် အစာအိမ်အောင့်နေပြီး ကျောရိုးတစ်လျှောက်သည်လည်းနာကျင်နေရကာ မတ်တပ်ရပ်ရန်ပင် ခက်ခဲလှသည်။

သူကစားပွဲဝိုင်းကိုမှီကာ မတ်တပ်ထရပ်နိုင်ဖို့ ရှိသမျှအားသုံးကာ အစွမ်းကုန်ကြိုးစားနေသည်။

ယဲ့ထင်ကတော့ သူ့အပေါ်ဝတ်ကိုသာ ပြန်ဝတ်ဖို့အာရုံရောက်နေပြီး ရန်ကျားလိကို တစက်ကလေးတောင် ကြည့်မနေပေ။

သူထွက်သွားတော့မယ့်အချိန်ကျမှသာ ရန်ကျားလိကို အေးစက်စက်ကြည့်လိုက်ပြီး "မထနိုင်ဘူးလား"

ရန်ကျားလိ : "ဘာမှ ဘာမှမဖြစ်ဘူး"

ယဲ့ထင်က သူ့စကားများထဲတွင် ခံစားချက် တစုံတရာလေးပင် မပါဝင်ဘဲပြောသည် "မင်းရဲ့အရက်သောက်နိုင်စွမ်းက ဒီလောက်ဆိုးနေတာတောင် အရက်ဆိုင်လာပြီး အဖော်လာပြုပေးနေသေးတယ်။ မင်းအခုမှ ဘာလို့ဒီလောက် အပေါစားဆန်သွားရတာလဲ"

ရန်ကျားလိ၏ မျက်ဝန်းများသည် နီရဲလာသည်။

သူသည်ခေါင်းကိုမော့ကာ ဟမ့်ခနဲရယ်လိုက်ရင်း "ဘဝကြီးက ခါးတယ်လေ။ ငါအတင်းအကြပ် စေခိုင်းခံရတယ်ဆိုရင်တောင် ထမင်းစားဖို့အတွက် လုပ်ရမှာပဲ"

ယဲ့ထင်ကအေးတိအေးစက်နှင့် နှာတစ်ချက်မှုတ်လိုက်ပြီး လက်ဆန့်ကာ ရန်ကျားလိကို ဆွဲကိုင်လိုက်သည်။ ပြီးနောက် ယိုင်ကျနေသော ရန်ကျားလိကို ဆိုင်အပြင်သို့ ခေါ်ထုတ်လာသည်။

အပြင်ဘက်မှ အေးစက်စက်လေထုကြောင့် ရန်ကျားလိသည် တုန်တက်လာသည်။

ယဲ့ထင်က အငှားကားတစ်စီးကို ငှားလိုက်ပြီး ရန်ကျားလိကို ကားထဲဝင်ခိုင်းကာ "​ဒရိုင်ဘာကို ကိုယ့်ကိုလိပ်စာပြောလိုက်"

ရန်ကျားလိသည် ပြတင်းတံခါးကိုမှီထားပြီး ခွေးလေးတစ်ကောင်လို ယစ်မူးရီဝေနေသော မျက်ဝန်းများဖြင့် ယဲ့ထင်ကိုငေးကြည့်နေသည်။

ယဲ့ထင်က မျက်မှောင်ကြုတ်လိုက်ပြီး "ဘာပြောချင်လို့လဲ"

ရန်ကျားလိက ရီဝေဝေနှင့် "ငါ့ကိုတွဲပေးတဲ့အတွက် ကျေးဇူးပါ"

ယဲ့ထင်က အင်း ဟုတစ်ချက်ပြောပြီးနောက် "ဘာမှအပန်းမကြီးဘူး"

ရန်ကျားလိသည် အရက်မူးလွန်းလို့ဦးနှောက်က ဘာမှမစဥ်းစားနိုင်တော့ပေ။ သူက ဘာအကြောင်းအရာကိုမှ ထည့်စဥ်းစားမနေဘဲ မေးလိုက်သည် "ယဲ့ထင်၊ ဒီနှစ်တွေမှာ မင်းအဆင်ပြေရဲ့လား"

ယဲ့ထင်က ခေါင်းကိုငြိမ့်ပြပြီး "အရမ်းပဲ"

ရန်ကျားလိက တစ်ခုခု ဆုံးရှုံးသွားသလို သြော်ဟု ဆိုရင်း "ဟုတ်သားပဲ၊ မင်းရဲ့နောက်ခံအနေအထားနဲ့ ပုံစံကအောင်မြင်တဲ့လူတွေရဲ့ အငွေ့အသက်နဲ့ပြည့်နေတာပဲကို။ ကောင်းတယ်၊ သိပ်ကောင်းတယ်၊ လူနဲ့အရမ်းတူတယ်"

သူသည် လည်ဇလုပ်ကို လှုပ်ရှားလိုက်ပြီးနောက် မြိုသိပ်မထားနိုင်တော့ဘဲ ဆက်မေးသည် "ဒါဆိုမင်း..."

ယဲ့ထင်က စကားဝိုင်းကို အေးစက်စက်ပဲဖြတ်တောက်လိုက်သည် "မင်းနဲ့ဘာမှမဆိုင်ပါဘူး"

ရန်ကျားလိက မျက်လွှာကိုချလိုက်ပြီး "ငါသိပါပြီ"

လေထုက ကသိကအောက်ဖြစ်နေစဥ်မှာပဲ ဘေးကဇိမ်ခံကားထဲမှ ကောင်လေးတစ်ယောက်ထွက်လာသည်ကို ရန်ကျားလိတွေ့လိုက်သည်။

ထိုကောင်လေးဟာ အတော်လေးငယ်ရွယ်သေးပုံပေါ်သည်။ သူ့တကိုယ်လုံးက အားမာန်အပြည့်နဲ့ဖြစ်နေပြီး ရယ်စရာတွေကို ကြိုက်နှစ်သက်သည့် ချစ်စဖွယ်ဇာတ်ကောင်လေးနဲ့တူသည်။

ထိုကောင်လေးက ယဲ့ထင်ဆီကိုလျှောက်လာပြီး "ထင်ကော၊ ဘာလို့ဒီလောက်ကြာနေတာလဲ" ဟုပြုံးပြီးပြောလိုက်သည်။

ယဲ့ထင်က ထိုကောင်လေးကိုကြည့်ရင်း သာမန်လူတို့ မြင်ရခဲတဲ့ အပြုံးချိုချိုလေးတို့နှင့် "မင်းကိုအကြာကြီး စောင့်ခိုင်းစေမိပြီ။ ကိုယ်တို့သွားကြတာပေါ့။ မအေးဘူးလား။ ဒါမှမဟုတ် ကိုယ့်အပေါ်ဝတ် မင်းကိုပေးမယ်"

ထိုကောင်လေးက ခေါင်းကိုခါယမ်းသည် "မလိုပါဘူးဗျ"

ယဲ့ထင်သည် ရန်ကျားလိဘက်သို့ မျက်နှာပြန်လွှဲလိုက်ပြီး စိတ်မရှည်သည့်လေသံဖြင့် "မင်းမှာပြောစရာရှိသေးလား"

ရန်ကျားလိ : "အခုမရှိတော့ပါဘူး"

ယဲ့ထင် : "အင်း"

သူကလှည့်ထွက်သွားပြီး အနှီကောင်လေးနဲ့အတူ ကားဆီသို့လျှောက်သွားသည်။

ယဲ့ထင်သည် ထိုကောင်လေးအတွက် ကားတံခါးဖွင့်ပေးလိုက်ပြီး သူ့ခေါင်းကိုကားတံခါးနှင့် မတိုက်မိစေရန် သူ့အပေါ်တွင် လက်ကိုကာထားလိုက်သည်။ ထိုအပြုအမူမျိုးက လက်ထဲတွင်ရှိသော ရတနာလေးကို မပျက်စီးမပျောက်ပျက်အောင် တန်ဖိုးထားစောင့်ရှောက်နေသလိုပင်။

ရန်ကျားလိသည် ဇိမ်ခံကား၏မီးရောင်များ အမှောင်ထဲမှ တဖြေးဖြေး ပျောက်ကွယ်သွားသည်ကိုကြည့်​နေမိသည်။

သူသည် အချိန်ကြာမြင့်စွာ ကြည့်နေပြီးနောက်မှသာ အကြည့်ကိုပြန်ရုတ်သိမ်းလိုက်ပြီး ကားထိုင်ခုံပေါ်တွင်မှီလိုက်ကာ သူ့ရင်ဘတ်၌လည်း ချဥ်စူးစူးအနံ့အသက်များ မြှင့်တက်လာသည်။

အရှေ့ကယာဉ်မောင်းမှ စိုးရိမ်တကြီးစောင့်ဆိုင်းနေပြီး "လူငယ်လေး၊ မင်းဘယ်သွားမှာလဲ၊ လိပ်စာပေးဦးလေ။ "

ရန်ကျားလိက ထိုချဥ်စူးတက်လာသော ခံစားချက်များကို မျိုချလိုက်ပြီး ကားဆရာအား စကားပြောခါနီးတွင် သူ့အစာအိမ်မှအက်ဆစ်ဓာတ်သည် ရုတ်တရက်ထိုးတက်လာသည်။

သူသည်လည်းအထိတ်တလန့်ဖြစ်ပြီး အိတ်ကပ်ထဲမှာရှိတဲ့ အစာအိမ်ဆေးကိုထုတ်မလို့လုပ်ပေမယ့် နောက်ဆုံးမှာတော့ မထုတ်ဖြစ်လိုက်ပေ။

ထိုအစား ကားတံခါးကိုသာ ဖွင့်ချလိုက်ပြီး အနီးနားရှိအမှိုက်ပုံးဆီ ရောက်အောင်သွားကာ၊ စွန့်ပစ်ခံလိုက်ရသော အိမ်မွေးတိရိစ္ဆာန်​လေးတစ်ကောင်လို ဘာကိုမှဂရုမစိုက်နိုင်တော့ဘဲ ညစ်ပတ်ပေကျံနေတဲ့ အမှိုက်သရိုက်တွေကို အဖိုးတန်စားစရာလို သဘောထားနေတဲ့ ခွေးလေခွေးလွင့်တစ်ကောင်လိုမျိုး အမှိုက်ပုံးကို ပိုက်ထားမိသည်။

ထို့နောက် သူသည် မတည်မငြိမ်ဖြစ်လာကာ ဒူးထောက်လိုက်ပြီး ဝေါ့ခနဲအော့အန်လိုက်ကာ မူးမေ့သွားတော့သည်။

.
.
.
.
3/10/2021(Sun)

×××

{Zawgyi}

"ဒီေန႔ငါ့ဆႏၵမပါဘဲ အတင္းအၾကပ္ဖိအားေပးခိုင္းေစခံရတယ္"

"ရန္က်ားလိ ေသာက္၊ မင္းေသာက္လိုက္စမ္းကြာ!"

"ဒီေန႕မင္းမမူးမူးေအာင္ကိုတိုက္မွာ"

ရန္က်ားလိသည္ သူ႕နားထဲ၌ ေအာ္ဟစ္သံအခ်ိဳ႕ကို ၾကားလိုက္ရၿပီးေနာက္ တုန္တုန္ရီရီႏွင့္ မတ္တပ္ထရပ္လိုက္သည္။

သူ႕ရဲ႕မ်က္ဝန္းေသြးေၾကာမ်ား နီရဲထူပိန္းေနပုံက အမွန္တကယ္ကို မူး႐ူးေနသူတစ္ေယာက္အတိုင္းပင္။ သူရဲ႕လက္က်န္တည္ၾကည္မႈႏွင့္ ေလးနက္မႈတို႔ကေတာ့ အခုခ်ိန္မွာ သစ္ကိုင္းေပၚမွာ တြဲေလာင္းက်ေနတဲ့ ေနာက္ဆုံးေသာ သစ္႐ြက္ေျခာက္တစ္႐ြက္လို ယိမ္းထိုးေနသည္။

သူသည္ ဗိုက္ကိုဖိႏွိပ္လိုက္ရင္း အန္ခ်င္စိတ္တို႔ကို ၿမိဳသိပ္ထားလိုက္ကာ ေဘးကေနသူ႕ကို ဝိုင္ခြက္ကမ္းေပးေနေသာ ထိုအမ်ိဳးသားကို ၿပဳံးကာဆိုသည္။

"သခင္ေလးကြမ္ ကြၽန္ေတာ္တကယ္မရေတာ့လို႔ပါ"

ထိုအမ်ိဳးသားက ေလွာင္ၿပဳံးၿပဳံးကာ "ဘယ္လိုေယာက်ာ္းမ်ိဳးကမ်ား ကိုယ့္ကိုကိုယ္ မရေတာ့ဘူးလို႔ ေျပာရိုးထုံးစံရွိလို႔လဲ...မင္းဒါအရက္ေကာင္းေတြကို ျဖဳန္းတီးပစ္ေနတာပဲေနာ္"

ရန္က်ားလိက အတင္းကာေရာ ၿပဳံးဟန္ေဆာင္ေနေပမယ့္ စိတ္ထဲမွာေတာ့ ထိုသို႔ေတြးေနမိသည္။ သူဟာ သူ႕မန္ေနဂ်ာရဲ႕ ေဆာ္ေၾသာ္မႈနဲ႕အတူ အရက္ဝိုင္းေသာက္ဖို႔ လိုက္လာေပးရတဲ့ လူႀကိဳက္မမ်ားေသးတဲ့ မထင္မရွား သာမန္အႏုပညာရွင္ တစ္ေယာက္သာျဖစ္သည္။

ဒီအခန္းထဲမွာ သူကလြဲရင္ ထိုင္ေနသမွ်လူအားလုံးက လူကုံထံအသိုင္းအဝိုင္းက ခ်မ္းသာႂကြယ္ဝၿပီး မာနတံခြန္ေထာင္လႊားေနတဲ့ ခပ္ေခ်ာေခ်ာသူေဌးေလးေတြခ်ည္းပဲ။

သူတို႔အားလုံးက ရန္က်ားလိတစ္ေယာက္တည္းကိုပဲ ေသာက္က်ိဳးနည္းပစ္မွတ္တစ္ခုလို ဦးတည္ထားၿပီး မမူးမူးေအာင္ ညွဥ္းပန္းႏွိပ္စက္ၿပီး သူ႕အေပၚကို အရက္ေတြသြန္ခ်ေနၾကေတာ့တာပဲ။

ဒီလိုအရက္ေတြသြန္ခ်ေနပုံမ်ိဳးက ေသၿပီးသားလူဆိုရင္ေတာင္ ေငါက္ခနဲထထိုင္လာေလာက္မလားမသိဘူး။

ရန္က်ားလိက သူ႕အဖြဲ႕အတြက္သာမဟုတ္ရင္ ဒီလိုမ်ိဳး သည္းခံနိုင္လိမ့္မယ္မထင္ဘူး။ သာမန္အခ်ိန္ေတြမွာဆို တစ္ေယာက္ေယာက္ကသာ သူ႕အေပၚ အရက္ေတြေလာင္းခ်ေနမယ္ဆိုရင္ ထိုလူကဘာေကာင္ႀကီးပဲျဖစ္ေနပါေစ သူကေတာ့ တစ္ခ်က္စာေလာက္ ပစ္ေကြၽးပစ္လိုက္ဦးမည္။ သူ႕ရဲ႕လက္သီးတစ္ခ်က္စာက ဘယ္လိုအရသာရွိလဲဆိုတာ ထိုလူကိုျမည္းစမ္းခြင့္ေပးလိုက္မွာပင္။

ရန္က်ားလိသည္စားပြဲခုံကိုကိုင္ထားရင္း အက္ကြဲေနေသာေလသံႏွင့္ "သခင္ေလးကြမ္...ကြၽန္ေတာ္တကယ္မေသာက္နိုင္ေတာ့ဘူး။ ကြၽန္ေတာ္ကိုလႊတ္ေပးလိုက္ပါေတာ့"

ထိုအမ်ိဳးသားက ဟမ့္ခနဲ အသံျမည္ေအာင္ ရယ္လိုက္ရင္း မ်က္လုံးထဲ၌လည္း မေက်နပ္ခ်က္တို႔ ျပည့္ႏွက္သြားျပန္သည္။ ထို႔ေနာက္ ၿခိမ္းေျခာက္လိုဟန္ႏွင့္ "ရန္က်ားလိ၊ မင္းကေခြးေလာက္ေတာင္ အသိစိတ္မရွိဘူး။ မင္းကိုအရက္ေသာက္ခိုင္းတယ္ဆိုတာ မ်က္ႏွာသာေပးေနတာကြ။ နားလည္ရဲ႕လား"

ထိုလူက ဝိုင္ခြက္ကို ကိုင္ျမႇောက္လိုက္ရင္း ေလသံကလဲ ပိုေအးစက္လာသည္။ "ေသာက္မလား ထြက္သြားမလား ကိုယ့္ကိုေ႐ြး"

ရန္က်ားလိသည္ ႐ုတ္တရက္ လက္ဖဝါးထဲသို႔ လက္သည္းခြၽန္မ်ား စိုက္ဝင္ေလာက္သည္အထိ လက္သီးကို ခပ္တင္းတင္းဆုပ္လိုက္သည္။

ခဏအၾကာမွာ သူအံကိုႀကိတ္ရင္း ထိုလူ႕လက္ထဲမွ ဝိုင္ခြက္ကိုလွမ္းယူသည္။ 55 ရွိတဲ့ အရက္ျဖဴကို သူတစ္က်ိဳက္တည္း ေမာ့ပစ္လိုက္သည္။

သူေမာ့ေသာက္ပစ္လိုက္သည္ႏွင့္ တၿပိဳင္နက္ စားပြဲဝိုင္းတြင္လဲ က်ယ္ေလွာင္ေသာ ရယ္သံအခ်ိဳ႕ထြက္ေပၚလာသည္။ ထိုေလွာင္ရယ္သံမ်ားၾကားတြင္ ရန္က်ားလိ၏ေျခေထာက္မ်ားသည္ ေပ်ာ့ေခြသြားၿပီး ေျမျပင္ေပၚသို႔ လဲက်ေတာ့မတက္ျဖစ္သြားသည္။

သူ႕မ်က္လုံးေရွ႕တြင္ ပတ္ပတ္လည္ေနေသာ ၾကယ္လမ်ားကိုသာ ျမင္ေတြ႕ေနရၿပီး အစာအိမ္တြင္မီးမ်ား ေတာက္ေလာင္ေနသလို ပူေလာင္လာရကာ ေအာ့အန္ခ်င္စိတ္တို႔သည္လည္း ျမႇင့္တက္လာသည္။

ရန္က်ားလိက ဒီေန႕မွာပဲ သူ႕ရဲ႕ေသေန႕ေစသြားေတာ့မွာလားဟုပင္ သံသဃဝင္လာသည္။

သုံးႀကိမ္ေလာက္ ေသာက္စားမူးယစ္ေပ်ာ္ပါးၿပီးတာေတာင္ ထိုသူေဌးေလးတို႔အုပ္စုက ယခုအခ်ိန္ထိ ေပ်ာ္စရာေကာင္းတယ္ဟုပင္ မခံစားရေသးေပ။

သူတို႔ထဲကတစ္ေယာက္ကထလာၿပီး ရန္က်ားလိကိုလက္ညွိုးထိုးၿပီး ေခြးေတြေၾကာင္ေတြလို ညည္းၫူေနသံႏွင့္ "ရန္က်ားလိ၊ မင္းသီခ်င္းဆိုတတ္တယ္မလား။ အဲ့မွာၾကက္ေသေသၿပီး ဘာလုပ္ေနတာလဲ။ ငါတို႔ေပ်ာ္ရေအာင္ သီခ်င္းသုံးေလးပုဒ္ေလာက္ သြားဆိုစမ္းပါ။ သြား"

ရန္က်ားလိက သူ႕ရဲ႕အစာအိမ္ကို ခပ္တင္းတင္း ဆုပ္ကိုင္ထားရင္း "အစ္ကိုလ်ိဳ၊ ကြၽန္ေတာ့္ရဲ႕အခုအသံနဲ႕ဆိုျပလိုက္ရင္ ႀကိဳးျပတ္ေနတဲ့ တေယာကိုတီးေနတာထက္ေတာင္ ပိုနားေထာင္ဆိုးသြားဦးမယ္။ ခင္ဗ်ားနားကန္းသြားမွာ မေၾကာက္ဘူးလား"

"မင္းကိုသြားဆိုဆို ဆိုလိုက္ေပါ့" အစ္ကိုလ်ိဳက ေငြစကၠဴစအနည္းငယ္ ပစ္ေပးလိုက္ၿပီး စိတ္မရွည္ဟန္ႏွင့္ " မ်က္ႏွာသာေပးေနတာေတာင္ မလိုခ်င္ဘူး"

ရန္က်ားလိဟာ ဝိုင္ေတြေပက်ံကုန္တဲ့ ေငြစကၠဴစေတြကို ေငးၾကည့္ေနရင္း အသက္ျပင္းျပင္းရႉလိုက္သည္။

ရန္က်ားလိက မ်က္ႏွာထက္မွာ အၿပဳံးတုတစ္ခု တပ္ဆင္ထားရင္း "ေကာင္းၿပီ၊ ဒါဆိုကြၽန္ေတာ္ဆိုျပမယ္"

(TN/ = Dancing Girl's tears)

ထိုသီခ်င္းက သူလက္ရွိခံစားေနရတာေတြႏွင့္ အေတာ္ေလးကိုက္ညီသည္။

"ငါအဲ့တာနားမေထာင္ခ်င္ဘူး"

"ဒါဆိုဘာနားေထာင္ခ်င္လဲ ခင္ဗ်ားပဲေျပာပါ"

ထိုအစ္ကိုလ်ိဳက ထိုင္ခုံကိုကန္ေက်ာက္ၿပီး ကာရာအိုေကစက္ရွိရာေနရာကို ေလွ်ာက္သြားလိုက္သည္။ သီခ်င္းတစ္ပုဒ္ကိုျမင္ေသာအခါ သူ႕ႏႈတ္ခမ္းမ်ားေကြးတက္သြားၿပီး ဖန္သားျပင္ကိုၫႊန္ျပသည္။ "မင္းဒီတစ္ပုဒ္ဆို"

ရန္က်ားလိက မ်က္လုံးကိုပင့္ၿပီး ၾကည့္လိုက္ခ်ိန္မွာ ရွက္စရာေကာင္းလြန္းလို႔ ေသသြားေတာ့မလိုပါပင္။

ထိုသီခ်င္းက ညစ္ညမ္းသီခ်င္းတစ္ပုဒ္ျဖစ္ၿပီး အဲ့သီခ်င္းနားေထာင္ေနတာကို အေဖသာျမင္ရင္ အဆဲခံရၿပီး အေမျမင္သြားရင္ေတာ့ အရိုက္ခံရေစမယ့္ သီခ်င္းမ်ိဳးျဖစ္သည္။ "အျပာေလာက ပေပ်ာက္ေရး အဖြဲ႕အစည္း" သည္ပင္ ထိုသီခ်င္းကိုၾကားလွ်င္ စင္ေပၚက ေျပးဆင္းသြားခ်င္ေပလိမ့္မည္။

ထိုသီခ်င္း၏ ပြင့္လင္းျမင္သာၿပီး အရိုင္းဆန္ေသာ သီခ်င္းစာသားမ်ားႏွင့္ႏွိုင္းယွဥ္ပါက ရာစုႏွစ္ေပါင္းမ်ားစြာ မီးဖိုထဲတြင္ အတက္အဆင္းလုပ္ခဲ့ၾကေသာ ၾကက္ညီမေလးမ်ားသည္ပင္ ေရကန္ရွိၾကာျဖဴကဲ့သို႔ သန႔္ရွင္းၿပီးအညစ္အေၾကးကင္းစင္ေသးသည္။

ရန္က်ားလိဟာ သူ႕ရဲ႕အၿပဳံးတုကို ဆက္လက္ထိန္းသိမ္း ထားနိုင္စြမ္းပင္မရွိေတာ့ေပ။

သူ၏နား႐ြက္မ်ားကပါ နီရဲလာၿပီး ဖန္သားျပင္ကိုၫႊန္ျပသည္ - "အစ္ကိုလ်ိဴ၊ ဒီသီခ်င္းသိပ္မေကာင္းဘူးထင္တယ္ ကြၽန္ေတာ္တို႔ နည္းနည္းျမဴးႂကြၿပီး လန္းဆန္းေစတဲ့ဟာမ်ိဳး ဆိုၾကရင္ေရာ မေကာင္းဘူးလား"

အစ္ကိုလ်ိဳ : "မင္းကကိုယ့္ကိုကိုယ္ ဘာထင္ေနတာလဲ၊ တစ္ခြန္းပဲေမးမယ္ ဆိုမွာလား မဆိုဘူးလား"

ရန္က်ားလိက သူ႕လက္ထဲမွာ မိုက္ခရိုဖုန္းကို အတင္းဆုပ္ကိုင္ထားသည္။ စပီကာမွထြက္လာေသာ သီခ်င္းသံဟာလဲ အခန္းတြင္းပ်ံ့ႏွံ႕သြားၿပီး ဖန္သားျပင္မွမီးအလင္းေရာင္ေၾကာင့္ တစ္ခန္းလုံးလင္းထိန္သြားသည္။

ရန္က်ားလိက မိုက္ခရိုဖုန္းကို ညွစ္ထားမိသည္။ သူ႕ေနာက္ကြယ္မွာ ထိုလူ႕ေဘာ္ေၾကာ့ သခင္ေလးေတြရဲ႕ အၿပဳံးေတြကိုခံစားေနရသည္။ တကယ္ေတာ့ သူကေတာင္ပံက်ိဳးေနတဲ့ ဌက္တစ္ေကာင္လိုပါပဲ၊ ကိုယ့္ကိုကိုယ္ အရွက္ကင္းမဲ့ၿပီး ခြန္အားမရွိသူတစ္ေယာက္လို ခံစားေနရသည္။ ေအးစက္စက္ေလထုထဲ သူတစ္ေယာက္တည္း တုန္လႈပ္ေနမိသည္။

ရန္က်ားလိသည္ သူ႕ရဲ႕အရွက္သိကၡာမ်ားကို ျပန္ဆယ္လို႔မရနိုင္ေတာ့ၿပီကိုသိေနၿပီမို႔ မ်က္လုံးမ်ားကိုသာမွိတ္ထားလိုက္သည္။

သူသည္အံႀကိတ္ၿပီး သီခ်င္းဆိုရန္ ပုလင္းကြဲလိုအက္ရွေနတဲ့ သူ႕ရဲ႕ပါးစပ္ကိုဖြင့္လိုက္သည္။ ႐ုတ္တရက္သူ႕ေနာက္မွ သခင္ေလးကြမ္က ထေအာ္လိုက္သည္ - ေနဦး ေနဦး မဆိုနဲ႕ဦး ဟူ၍ပင္။

ထိုအခါ ရန္က်ားလိကို သီခ်င္းဆိုဖို႔ တိုက္တြန္းခဲ့ေသာ အစ္ကိုလ်ိဳသည္ မေက်မနပ္ျဖစ္သြားကာ "ေလာင္ကြမ္ မင္းဘာလုပ္ေနတာလဲ"

သခင္ေလးကြမ္သည္ သူ႕ရဲ႕လက္ဆစ္မ်ားက စားပြဲေပၚသို႔ေခါက္ေနရင္း ေလးေလးနက္နက္ေျပာလိုက္သည္။ "ဥဣဌယဲ့ ေရာက္လာၿပီ"

ထိုစကားကိုၾကားလိုက္သည္ႏွင့္ စားပြဲေပၚမွလူအားလုံးရဲ႕ မ်က္ႏွာထားဟာေျပာင္းလဲသြားၿပီး ေလထုကလဲ ေဆြးႏြေးစကားဝိုင္းအျဖစ္သို႔ ေရာက္ရွိသြားရသည္။

"ဥဣဌယဲ့ ျပန္ေရာက္လာၿပီ ဟုတ္လား။ ရွားမွရွားပဲ"

"သူက သူ႕အေပါင္းအေဖာ္ေတြနဲ႕ US မွာအရင္းအႏွီးလုပ္ငန္းေတြ လုပ္ေနတာမဟုတ္ဘူးလား?? သူတကယ္ျပန္လာၿပီေပါ့?"

"ဒီရက္ပိုင္းေလးတင္ပဲ သူျပန္ေရာက္လာတာ၊ ၾကားတာေတာ့ ဒီတစ္ေခါက္ျပန္လာတာက ဒီမွာသူ႕လုပ္ငန္း အေျခက်ၿပီးတိုးတက္ေအာင္ လုပ္ဖို႔တဲ့"

ရန္က်ားလိ ဘာမွေတာင္မတုံ႕ျပန္ရေသးခင္မွာပင္ အခန္းတံခါးဟာ တြန္းဖြင့္ျခင္းခံလိုက္ရသည္။ အျပင္မွ ေယာက်ာ္းတစ္ေယာက္ ဝင္လာသည္။

ထိုလူက ေတာက္ပေသာ သားေရဖိနပ္ႏွင့္အတူ အနက္ေရာင္ေတာက္ေတာက္ အေနာက္တိုင္းဝတ္စုံျပည့္ကို ခံ့ညားစြာ ဝတ္ဆင္ထားသည္။

သူ၏မ်က္ႏွာသည္ ေယာက်ာ္းပီသေသာ္လည္း မ်က္ႏွာေပၚတြင္အၿပဳံးအရယ္မရွိ၊ သူ႕နားရွိေနသူ ဘယ္သူမဆို ခံစားခ်က္က ေအးစက္လာၿပီးအေၾကာင္းျပခ်က္မရွိ အဖိႏွိပ္ခံေနရသည္ဟုပင္ ခံစားေကာင္းခံစားမိနိုင္သည္။

ရန္က်ားလိသည္ အခန္းေထာင့္မွတဆင့္ ထိုလူ၏မ်က္ႏွာကို ျမင္လိုက္ရေသာအခါ ခ်က္ခ်င္းပင္ အမူအရာကင္းမဲ့သြားသည္။

ကြက္တိကြက္က်ား အလင္းေရာင္မ်ားသည္ ရန္က်ားလိ၏ မ်က္ႏွာေပၚတြင္ ေရာင္ျပန္ဟပ္ေနေသာ္လည္း သူ၏ေၾကာက္႐ြံ႕ထိတ္လန့္ေနဟန္ကိုေတာ့ မျမင္ရနိုင္ေပ။

မ်က္စိေရွ႕ကထိုလူကို မီးရွို႔လိုက္ကာ ျပာေငြ႕အျဖစ္ ေျပာင္းလဲသြားၿပီး ျပာအိုးထဲသို႔ထည့္လိုက္လွ်င္ပင္ သူသည္အနံ႕ခံ႐ုံႏွင့္ ထိုလူမွန္းခ်က္ခ်င္း သိနိုင္ေနေသးသည္။

ယဲ့ထင္။

သူ၏ တကၠသိုလ္ေလးႏွစ္တာကလမွာ သူ႕ရဲ႕အခန္းေဖာ္ျဖစ္ခဲ့သူ၊ တစ္နည္းအားျဖင့္ သူ႕ရဲ႕ရည္းစားေဟာင္း။

ထိုႏွစ္ေတြတုန္းက၊ ယဲ့ထင္နဲ႕သူဟာ စီးပြားေရးတကၠသိုလ္မွာ နာမည္အႀကီးဆုံး လိင္တူစုံတြဲျဖစ္ခဲ့ၾကသည္။

ေပါ့ေပါ့ပါးပါးနဲ႕ ႐ႊတ္ေနာက္ေနာက္ေနတတ္တဲ့ ရန္က်ားလိမွာ ေအးေဆးတည္ၿငိမ္ေသာ ခ်စ္သူတစ္ျဖစ္လဲ၊ ေက်ာင္းသားသမဂၢေခါင္းေဆာင္ ယဲ့ထင္ ရွိသည္ကို တစ္ေက်ာင္းလုံးသိသည္။

ယဲ့ထင္၏ ေနာက္ခံႏွင့္ ဂုဏ္သိကၡာတို႔ေၾကာင့္ ရန္က်ားလိ သည္ ေက်ာင္းတြင္ေန႕တိုင္း စည္းကမ္းမ်ားခ်ိဳးေဖာက္ေနလွ်င္ပင္ ရိုက္ႏွက္ျခင္းမခံခဲ့ရေခ်။

ယဲ့ထင္သည္လည္း ၿပိဳင္ဘက္ကင္း ခ်စ္သူေကာင္းတစ္ေယာက္ ျဖစ္ခဲ့ၿပီး ရန္က်ားလိကို မည္သူမွ်မခ်စ္ေပးနိုင္သည့္ အခ်စ္မ်ိဳးႏွင့္ ခ်စ္ျမတ္နိုးေပးခဲ့သည္။

တျခားသူမ်ားသာဆိုလွ်င္ ယဲ့ထင္ေရွ႕တြင္ ေၾကာက္႐ြံတုန္လႈပ္ကာ ကိုယ္ကိုက်ဳံ႕ထားတတ္ၾကသည္။

ရန္က်ားလိကေတာ့ ယဲ့ထင္၏ ေက်ာေပၚခုန္တက္ကာ လူတိုင္းေရွ႕တြင္ သူ႕ကိုျမည္းတစ္ေကာင္ကဲ့သို႔ စီးနင္းခဲ့သည္။ ထို႔ေနာက္ ရန္က်ားလိသည္ လက္ႏွစ္ဖက္ကိုျမႇောက္ကာ "ဒီမွာငါစပါတာ" ဟုေအာ္လိုက္လွ်င္ ယဲ့ထင္သည္ အကူအညီမဲ့စြာၾကည့္ၿပီးေနာက္ "သက္ေတာ္ရာေက်ာ္ရွည္ပါေစ" ဟု ျပန္လည္ေျဖခဲ့မည္သာ။

သူတို႔ရဲ႕ အခ်စ္လမ္းခရီးက ဒီလိုခ်ိဳၿမိန္သာယာခဲ့ေပမယ့္ အဆုံးသတ္ကေတာ့ အက်ည္းတန္ အ႐ုပ္ဆိုးလြန္းခဲ့ေပသည္။

သူတို႔ေက်ာင္းၿပီးလို႔ ဘြဲ႕ရတဲ့ေန႕မွာပဲ ေက်ာင္းအေရွ႕တံခါးဝက လွ်ို႔ဝွက္ဆန္းၾကယ္မႈရဲ႕ ရနံ႕ေတြဖုံးလႊမ္းေနတဲ့ သစ္ပင္ေအာက္မွာ လမ္းခြဲစကားေျပာခဲ့ၾကသည္။

ေဘးကလူေတြကေတာ့ သူတို႔လမ္းခြဲရတဲ့ အေၾကာင္းအရင္းကို ေရာက္တက္ရာရာ ခန႔္မွန္းၾကသည္။ အခ်ိဳ႕က ရန္က်ားလိက ေနာက္ဆုံးေတာ့ ယဲ့ထင္ကို စိတ္ပ်က္လာလို႔တဲ့။ တခ်ိဳ႕က်ေတာ့လဲ ယဲ့ထင္က ပိုေခ်ာတဲ့ေကာင္ေလးတစ္ေယာက္နဲ႕ေတြ႕ၿပီး ရန္က်ားလိကိုလွည့္စားသြားတာတဲ့။

ကုန္ကုန္ေျပာရရင္ အားလုံးက သြားပုပ္ေလလြင့္ ေလွ်ာက္ေျပာေနၾကတာခ်ည္းပဲ။ လမ္းခြဲရတဲ့အေၾကာင္းအရင္းကို ကာယကံရွင္ေတြကလြဲၿပီး ဘယ္သူကပိုသိနိုင္ဦးမွာလဲ။

လက္ရွိမွာေတာ့ ယဲ့ထင္သည္ အခန္းထဲသို႔၀င္လာၿပီးေနာက္ ပထမဦးဆုံး စားပြဲေပၚမွလူမ်ားအား ေခါင္းညိတ္ကာႏႈတ္ခြန္းဆက္စကားတခ်ိဳ႕ေျပာလိုက္သည္။

ကပ္ဖားယပ္ဖားစကားသံတခ်ိဳ႕ကို နားေထာင္ၿပီးေသာအခါ ယဲ့ထင္သည္အခန္းေထာင့္ကို ေျဖးေျဖးခ်င္းေလွ်ာက္သြားၿပီး ေဘးက်ပ္နံက်ပ္ထဲ ပိတ္မိေနေသာ ရန္က်ားလိေရွ႕သို႔ ေရာက္လာသည္။

ရန္က်ားလိဟာ ဒီအေျခအေနက အေတာ္ေလး ရွက္ဖြယ္ေကာင္းသည္ဟု ထင္မိသည္။

ထိုႏွစ္ေတြတုန္းက ေလာကသဘာဝတရားေတြကို ဆန့္က်င္ၿပီး လိင္တူခ်စ္သူေတြအျဖစ္ ရဲရဲဝံ့ဝံ့လူၾကားထဲ လက္တြဲသြားလာခဲ့ဖူးတဲ့ ခ်စ္သူက အခုေတာ့ ၾသဇာအာဏာႀကီးမားၿပီး ေဘးနားမွာလဲ ဘဝကိုပုံအပ္ခ်င္တဲ့သူေတြက ေတာင္လိုပုံေနၿပီး ခ်စ္ျခင္းေမတၱာေတြ ျပည့္ႏွက္ေနတဲ့ လူတစ္ေယာက္ျဖစ္ေနၿပီေလ။

ၿပီးေတာ့ သူ႕မ်က္ႏွာမွာ ေပက်ံေနတဲ့ ညစ္ပတ္ပတ္ဝိုင္ေတြ ေသြးလိုနီရဲေနတဲ့ သူ႕မ်က္လုံးေတြနဲ႕ ျပန့္က်ံေနတဲ့ေငြစ ေတြေၾကာင့္ သူပို၍အရွက္ရေနရသည္။

ယဲ့ထင္သည္ ရန္က်ားလိကို အခ်ိန္အေတာ္ၾကာၾကာ ဂ႐ုတစိုက္ၾကည့္ေနသည္။

အတန္ၾကာၿပီးေနာက္ သူကေအးစက္ေသာအသံျဖင့္ သူ႕ရဲ႕လက္ကိုဆန႔္ထုတ္ကာ "မင္းကို.... မေတြ႕ရတာၾကာၿပီ"

ရန္က်ားလိသည္ ေခါင္းကိုအနည္းငယ္ညိမ့္လိုက္ၿပီး ယဲ့ထင္၏ ဆန႔္တန္းထားေသာ လက္ကိုၾကည့္ရင္း သူ႕ႏွလုံးသားလဲ တုန္ခါသြားရသည္။

ထိုလက္သည္ သူ၏လက္ကို ဆုပ္ကိုင္ထားခဲ့ဖူးသည္၊ ခါးကိုလဲ ဖက္တြယ္ထားခဲ့ဖူးသည္။ ႏွင္းမ်ားဖုံးလႊမ္းေနေသာတစ္ေန႕၌ ထိုလက္ေတြႏွင့္ပင္ သူ႕အား မာဖလာၿခဳံေပးခဲ့ဖူးသည္။ ခ်စ္ျမတ္နိုးစြာႏွင့္ ႏူးႏူးညံ့ညံ့တစ္ဖုံ၊ ၾကမ္းၾကမ္းတမ္းတမ္းတစ္မ်ိဳးႏွင့္သူ၏မ်က္ႏွာကို ထိုလက္ႏွင့္ပဲ မေရတြက္နိုင္ေအာင္ အႀကိမ္ႀကိမ္ပြတ္သပ္ခဲ့ဖူးတာပဲ။

ရန္က်ားလိ၏ မ်က္လုံးမ်ားသည္အနည္းငယ္ လွိုင္းခတ္သြားသည္။ သူက သူ၏လက္မ်ားကို အဝတ္မ်ားေပၚတြင္ ျမန္ျမန္ဆန္ဆန္ သုတ္ပစ္လိုက္ၿပီး ယဲ့ထင္၏လက္ကို ျပန္ကိုင္ဖို႔ ႀကိဳးစားလိုက္သည္။

ယဲ့ထင္ကေတာ့ ေစာင့္ဆိုင္းဖို႔ စိတ္မရွည္ေတာ့ေသာ လူတစ္ေယာက္လို ရန္က်ားလိက သူ႕ကိုမထိခင္မွာပင္ သူကမဆိုင္းမတြပဲ သူ႕လက္ကိုျပန္ဆုတ္လိုက္ၿပီး ဖာသိဖာသာ ျပန္လွည့္ၾကည့္သည္။

ရန္က်ားလိက သူ႕ရဲ႕လက္ကိုဆန႔္ထုတ္လိုက္ၿပီးေနာက္ ေလထုကေအးခဲသြားသလိုပင္။

သူ၏ႏွလုံးသားေလးသည္လဲ ဓားနဲ႕ခုတ္ခံလိုက္ရသလို နာက်င္လာသည္။

သူေဌးေလးတစ္ေယာက္က ရန္က်ားလိကို ၾကည့္ရင္းေအာ္လိုက္သည္ "ရန္မ်ိဳးရိုး၊ ဘာရပ္လုပ္ေနတာလဲ? အသိေလးဘာလားကပ္ၿပီး ဒီမွာဥဣဌယဲ့ကို အရက္လာဌဲ့ေပးေလ"

ရန္က်ားလိသည္ ဝိညာဥ္ဆုံးရႈံးထားသူတစ္ေယာက္လို စားပြဲတြင္ျပန္ထိုင္လိုက္သည္။

ယဲ့ထင္သည္ ယခုခ်ိန္မွာေတာ့ တကယ္ကို ရင့္က်က္သြားသည့္ လူတစ္ေယာက္အတိုင္းပင္။ သူ႕မိသားစုေနာက္ခံ၊ အရည္အခ်င္း၊ အဆင့္အတန္းေတြက ဒီသခင္ေလးေတြၾကားထဲ အထင္ရွားဆုံးဘဲမို႔ က်န္သူမ်ားက သူ႕ကိုမ်က္ႏွာသာ မေပးဘဲ မေနရဲၾကေပ။

ရန္က်ားလိက စားပြဲေပၚက လူေတြကိုလိုက္ၾကည့္ေနမိသည္။ အားလုံးက ယဲ့ထင္ဆီကိုပဲ အရက္ခြက္ေတြကမ္းေပးေနၾကေပမယ့္ ဘယ္သူကမွေတာ့ သူ႕ကို "ေသာက္ေလ" လို႔မတိုက္တြန္းရဲၾကေခ်။

ေနာက္ဆုံးမွာေတာ့ အရက္ပြဲေတာ္ႀကီးက အဆုံးသတ္သြားၿပီး သခင္ေလးကြမ္က အားလုံးကိုလူစုခြဲလိုက္ေစသည္။

ရန္က်ားလိသည္ အရက္ကို အလြန္အကြၽံ ေသာက္မိထားေသာေၾကာင့္ အစာအိမ္ေအာင့္ေနၿပီး ေက်ာရိုးတစ္ေလွ်ာက္သည္လည္းနာက်င္ေနရကာ မတ္တပ္ရပ္ရန္ပင္ ခက္ခဲလွသည္။

သူကစားပြဲဝိုင္းကိုမွီကာ မတ္တပ္ထရပ္နိုင္ဖို႔ ရွိသမွ်အားသုံးကာ အစြမ္းကုန္ႀကိဳးစားေနသည္။

ယဲ့ထင္ကေတာ့ သူ႕အေပၚဝတ္ကိုသာ ျပန္ဝတ္ဖို႔အာ႐ုံေရာက္ေနၿပီး ရန္က်ားလိကို တစက္ကေလးေတာင္ ၾကည့္မေနေပ။

သူထြက္သြားေတာ့မယ့္အခ်ိန္က်မွသာ ရန္က်ားလိကို ေအးစက္စက္ၾကည့္လိုက္ၿပီး "မထနိုင္ဘူးလား"

ရန္က်ားလိ : "ဘာမွ ဘာမွမျဖစ္ဘူး"

ယဲ့ထင္က သူ႕စကားမ်ားထဲတြင္ ခံစားခ်က္ တစုံတရာေလးပင္ မပါဝင္ဘဲေျပာသည္ "မင္းရဲ႕အရက္ေသာက္နိုင္စြမ္းက ဒီေလာက္ဆိုးေနတာေတာင္ အရက္ဆိုင္လာၿပီး အေဖာ္လာျပဳေပးေနေသးတယ္။ မင္းအခုမွ ဘာလို႔ဒီေလာက္ အေပါစားဆန္သြားရတာလဲ"

ရန္က်ားလိ၏ မ်က္ဝန္းမ်ားသည္ နီရဲလာသည္။

သူသည္ေခါင္းကိုေမာ့ကာ ဟမ့္ခနဲရယ္လိုက္ရင္း "ဘဝႀကီးက ခါးတယ္ေလ။ ငါအတင္းအၾကပ္ ေစခိုင္းခံရတယ္ဆိုရင္ေတာင္ ထမင္းစားဖို႔အတြက္ လုပ္ရမွာပဲ"

ယဲ့ထင္ကေအးတိေအးစက္ႏွင့္ ႏွာတစ္ခ်က္မႈတ္လိုက္ၿပီး လက္ဆန့္ကာ ရန္က်ားလိကို ဆြဲကိုင္လိုက္သည္။ ၿပီးေနာက္ ယိုင္က်ေနေသာ ရန္က်ားလိကို ဆိုင္အျပင္သို႔ ေခၚထုတ္လာသည္။

အျပင္ဘက္မွ ေအးစက္စက္ေလထုေၾကာင့္ ရန္က်ားလိသည္ တုန္တက္လာသည္။

ယဲ့ထင္က အငွားကားတစ္စီးကို ငွားလိုက္ၿပီး ရန္က်ားလိကို ကားထဲဝင္ခိုင္းကာ "ဒရိုင္ဘာကို ကိုယ့္ကိုလိပ္စာေျပာလိုက္"

ရန္က်ားလိသည္ ျပတင္းတံခါးကိုမွီထားၿပီး ေခြးေလးတစ္ေကာင္လို ယစ္မူးရီေဝေနေသာ မ်က္ဝန္းမ်ားျဖင့္ ယဲ့ထင္ကိုေငးၾကည့္ေနသည္။

ယဲ့ထင္က မ်က္ေမွာင္ႀကဳံ႕လိုက္ၿပီး "ဘာေျပာခ်င္လို႔လဲ"

ရန္က်ားလိက ရီေဝေဝႏွင့္ "ငါ့ကိုတြဲေပးတဲ့အတြက္ ေက်းဇူးပါ"

ယဲ့ထင္က အင္း ဟုတစ္ခ်က္ေျပာၿပီးေနာက္ "ဘာမွအပန္းမႀကီးဘူး"

ရန္က်ားလိသည္ အရက္မူးလြန္းလို႔ဦးႏွောက္က ဘာမွမစဥ္းစားနိုင္ေတာ့ေပ။ သူက ဘာအေၾကာင္းအရာကိုမွ ထည့္စဥ္းစားမေနဘဲ ေမးလိုက္သည္ "ယဲ့ထင္၊ ဒီႏွစ္ေတြမွာ မင္းအဆင္ေျပရဲ႕လား"

ယဲ့ထင္က ေခါင္းကိုၿငိမ့္ျပၿပီး "အရမ္းပဲ"

ရန္က်ားလိက တခုခုဆုံးရႈံးသြားသလို ေၾသာ္ဟု ဆိုရင္း "ဟုတ္သားပဲ၊ မင္းရဲ႕ေနာက္ခံအေနအထားနဲ႕ ပုံစံကေအာင္ျမင္တဲ့လူေတြရဲ႕ အေငြ႕အသက္နဲ႕ျပည့္ေနတာပဲကို။ ေကာင္းတယ္၊ သိပ္ေကာင္းတယ္၊ လူနဲ႕အရမ္းတူတယ္"

သူသည္ လည္ဇလုပ္ကို လႈပ္ရွားလိုက္ၿပီးေနာက္ ၿမိဳသိပ္မထားနိုင္ေတာ့ဘဲ ဆက္ေမးသည္ "ဒါဆိုမင္း..."

ယဲ့ထင္က စကားဝိုင္းကို ေအးစက္စက္ပဲျဖတ္ေတာက္လိုက္သည္ "မင္းနဲ႕ဘာမွမဆိုင္ပါဘူး"

ရန္က်ားလိက မ်က္လႊာကိုခ်လိဳက္ၿပီး "ငါသိပါၿပီ"

ေလထုက ကသိကေအာက္ျဖစ္ေနစဥ္မွာပဲ ေဘးကဇိမ္ခံကားထဲမွ ေကာင္ေလးတစ္ေယာက္ထြက္လာသည္ကို ရန္က်ားလိေတြ႕လိုက္သည္။

ထိုေကာင္ေလးဟာ အေတာ္ေလးငယ္႐ြယ္ေသးပုံေပၚသည္။ သူ႕တကိုယ္လုံးက အားမာန္အျပည့္နဲ႕ျဖစ္ေနၿပီး ရယ္စရာေတြကို ႀကိဳက္ႏွစ္သက္သည့္ ခ်စ္စဖြယ္ဇာတ္ေကာင္ေလးနဲ႕တူသည္။

ထိုေကာင္ေလးက ယဲ့ထင္ဆီကိုေလွ်ာက္လာၿပီး "ထင္ေကာ၊ ဘာလို႔ဒီေလာက္ၾကာေနတာလဲ" ဟုၿပဳံးၿပီးေျပာလိုက္သည္။

ယဲ့ထင္က ထိုေကာင္ေလးကိုၾကည့္ရင္း သာမန္လူတို႔ ျမင္ရခဲတဲ့ အၿပဳံးခ်ိဳခ်ိဳေလးတို႔ႏွင့္ "မင္းကိုအၾကာႀကီး ေစာင့္ခိုင္းေစမိၿပီ။ ကိုယ္တို႔သြားၾကတာေပါ့။ မေအးဘူးလား။ ဒါမွမဟုတ္ ကိုယ့္အေပၚဝတ္ မင္းကိုေပးမယ္"

ထိုေကာင္ေလးက ေခါင္းကိုခါယမ္းသည္ "မလိုပါဘူးဗ်"

ယဲ့ထင္သည္ ရန္က်ားလိဘက္သို႔ မ်က္ႏွာျပန္လႊဲလိုက္ၿပီး စိတ္မရွည္သည့္ေလသံျဖင့္ "မင္းမွာေျပာစရာရွိေသးလား"

ရန္က်ားလိ : "အခုမရွိေတာ့ပါဘူး"

ယဲ့ထင္ : "အင္း"

သူကလွည့္ထြက္သြားၿပီး အႏွီေကာင္ေလးနဲ႕အတူ ကားဆီသို႔ေလွ်ာက္သြားသည္။

ယဲ့ထင္သည္ ထိုေကာင္ေလးအတြက္ ကားတံခါးဖြင့္ေပးလိုက္ၿပီး သူ႕ေခါင္းကိုကားတံခါးႏွင့္ မတိုက္မိေစရန္ သူ႕အေပၚတြင္ လက္ကိုကာထားလိုက္သည္။ ထိုအျပဳအမူမ်ိဳးက လက္ထဲတြင္ရွိေသာ ရတနာေလးကို မပ်က္စီးမေပ်ာက္ပ်က္ေအာင္ တန္ဖိုးထားေစာင့္ေရွာက္ေနသလိုပင္။

ရန္က်ားလိသည္ ဇိမ္ခံကား၏မီးေရာင္မ်ား အေမွာင္ထဲမွ တေျဖးေျဖး ေပ်ာက္ကြယ္သြားသည္ကိုၾကည့္ေနမိသည္။

သူသည္ အခ်ိန္ၾကာျမင့္စြာ ၾကည့္ေနၿပီးေနာက္မွသာ အၾကည့္ကိုျပန္႐ုတ္သိမ္းလိုက္ၿပီး ကားထိုင္ခုံေပၚတြင္မွီလိုက္ကာ သူ႕ရင္ဘတ္၌လည္း ခ်ဥ္စူးစူးအနံ႕အသက္မ်ား ျမႇင့္တက္လာသည္။

အေရွ႕ကယာဥ္ေမာင္းမွ စိုးရိမ္တႀကီးေစာင့္ဆိုင္းေနၿပီး "လူငယ္ေလး၊ မင္းဘယ္သြားမွာလဲ၊ လိပ္စာေပးဦးေလ။ "

ရန္က်ားလိက ထိုခ်ဥ္စူးတက္လာေသာ ခံစားခ်က္မ်ားကို မ်ိဳခ်လိဳက္ၿပီး ကားဆရာအား စကားေျပာခါနီးတြင္ သူ႕အစာအိမ္မွအက္ဆစ္ဓာတ္သည္ ႐ုတ္တရက္ထိုးတက္လာသည္။

သူသည္လည္းအထိတ္တလန႔္ျဖစ္ၿပီး အိတ္ကပ္ထဲမွာရွိတဲ့ အစာအိမ္ေဆးကိုထုတ္မလို႔လုပ္ေပမယ့္ ေနာက္ဆုံးမွာေတာ့ မထုတ္ျဖစ္လိုက္ေပ။

ထိုအစား ကားတံခါးကိုသာ ဖြင့္ခ်လိဳက္ၿပီး အနီးနားရွိအမွိုက္ပုံးဆီ ေရာက္ေအာင္သြားကာ၊ စြန့္ပစ္ခံလိုက္ရေသာ အိမ္ေမြးတိရိစ္ဆာန္ေလးတစ္ေကာင္လို ဘာကိုမွဂ႐ုမစိုက္နိုင္ေတာ့ဘဲ ညစ္ပတ္ေပက်ံေနတဲ့ အမွိုက္သရိုက္ေတြကို အဖိုးတန္စားစရာလို သေဘာထားေနတဲ့ ေခြးေလေခြးလြင့္တစ္ေကာင္လိုမ်ိဳး အမွိုက္ပုံးကို ပိုက္ထားမိသည္။

ထို႔ေနာက္ သူသည္ မတည္မၿငိမ္ျဖစ္လာကာ ဒူးေထာက္လိုက္ၿပီး ေဝါ့ခနဲေအာ့အန္လိုက္ကာ မူးေမ့သြားေတာ့သည္။

.
.
.
.
3/10/2021(Sun)

Continue Reading

You'll Also Like

620K 81.1K 102
" ငါ အိမ်ပြန်လာတိုင်း နှင်းဆီပန်းတစ်ပွင့် အမြဲတမ်းယူခဲ့တယ်။ပြီးတော့ ငါ့ကို သူကြည့်ပေးမယ့် တစ်ခဏလေးမှာ ငါ့ရဲ့Alpha ကို ပြောမိမှာက ' ငါ သူ့ကို ချစ်တယ်၊...
1.1M 147K 93
Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ This is just a fun translation. I do not own the novel. All credits go to the orig...
40K 4.2K 22
Story Title_ Me and My Suspicious Partner ဧကရာဇ်ပိုင်ဝူရှန့်သည် လုပ်ကြံခံရကာ ချီရုန်တို့ဓားပြစခန်းအနီးရှိရေကန်တွင် သတိလစ်လျက် ချီရုန်၏တပည့်များမှ ကယ်...
1.5M 201K 74
Status: Completed in Myanmar Translation Author: Little Ice Cube(冰块儿) Status: 58Chapter + 11 extra (completed) Type: webnovel Associated name: Shh...