ใ€Š๐–๐ก๐ž๐ง ๐–๐ž ๐Œ๐ž๐ž๐ญ ๐€๐ ๏ฟฝ...

By Mirella_Min

17.1K 1.7K 296

" ๐‘ฐ'๐’Ž ๐’‡๐’‚๐’๐’๐’Š๐’๐’ˆ ๐’‚๐’ˆ๐’‚๐’Š๐’ ! " ๐™น๐™บ๐šก๐™พ๐šŒ๐ฅ๐ฅ๐™น๐™ผ๐šก๐™พ๐šŒ [ Unicode + Zawgyi ] โœฐ ๐Œ๐ฒ ๐Ÿ๐ข๐ซ๐ฌ๐ญ ๐Ÿ๐ข๏ฟฝ... More

PROLOGUE
1โ–ช๏ธŽ๐’๐ข๐ฅ๐ž๐ง๐ญ ๐‡๐ž๐š๐ซ๐ญ
2โ–ช๏ธŽ๐‘๐ž๐ ๐‚๐š๐ซ๐ง๐š๐ญ๐ข๐จ๐ง
3โ–ช๏ธŽ๐‡๐„ ๐ข๐ฌ ๐›๐š๐œ๐ค!
4โ–ช๏ธŽ๐‡๐ž ๐ข๐ฌ ๐ง๐จ๐ญ ๐š๐ฅ๐จ๐ง๐ž!
5โ–ช๏ธŽ๐…๐„๐€๐‘
6โ–ช๏ธŽ๐ˆ๐ฅ๐ฅ๐ž๐ ๐š๐ฅ ๐ƒ๐š๐ญ๐ข๐ง๐ 
7โ–ช๏ธŽ๐“๐จ ๐ญ๐ก๐ž ๐ฉ๐š๐ฌ๐ญ -1ยปยปยป
8โ–ช๏ธŽ๐“๐จ ๐ญ๐ก๐ž ๐ฉ๐š๐ฌ๐ญ-2ยปยปยป
9โ–ช๏ธŽ๐“๐จ ๐ญ๐ก๐ž ๐ฉ๐š๐ฌ๐ญ-3ยปยปยป
10โ–ช๏ธŽ๐“๐จ ๐ญ๐ก๐ž ๐ฉ๐š๐ฌ๐ญ-4ยปยปยป
11โ–ช๏ธŽ๐“๐จ ๐ญ๐ก๐ž ๐ฉ๐š๐ฌ๐ญ-5ยปยปยป
13โ–ช๏ธŽ๐“๐จ ๐ญ๐ก๐ž ๐ฉ๐š๐ฌ๐ญ-7ยปยปยป
14โ–ช๏ธŽ๐“๐จ ๐ญ๐ก๐ž ๐ฉ๐š๐ฌ๐ญ-8ยปยปยป
15โ–ช๏ธŽ๐“๐จ ๐ญ๐ก๐ž ๐ฉ๐š๐ฌ๐ญ-9ยปยปยป
16โ–ช๏ธŽ๐‹๐š๐ฌ๐ญ ๐ฉ๐š๐ฌ๐ญ-10ยปยปยป
17โ–ช๏ธŽ๐’๐ก๐ž ๐๐จ๐ž๐ฌ๐ง'๐ญ ๐ซ๐ž๐š๐ฅ๐ฅ๐ฒ ๐ฅ๐จ๐ฏ๐ž ๐ฆ๐ž
18โ–ช๏ธŽAt Home!
19โ–ช๏ธŽAnger
20โ–ช๏ธŽNo more secrets
21โ–ช๏ธŽNew Life
22โ–ช๏ธŽ๐–๐–๐Œ๐€ [๐“๐ก๐ž ๐ž๐ง๐]

12โ–ช๏ธŽ๐“๐จ ๐ญ๐ก๐ž ๐ฉ๐š๐ฌ๐ญ-6ยปยปยป

526 69 4
By Mirella_Min

{Unicode}

" ကျွန်မ မယားငယ်မဖြစ်ချင်ဘူး "

" ကိုယ်ကလူပျိုပါ၊ မင်းကြောက်ရမယ့်လူမရှိဘူး ကိုယ်မင်းကိုပြည့်ပြည့်စုံစုံထားနိုင်တယ် မင်းကကိုယ့်ရဲ့ဘုရင်မဖြစ်စေရမယ် "

" ဘာလို့ကျွန်မလဲ? "

" ကိုယ့်နှလုံးသားကတောင်းဆိုလို့ပေါ့ "

ကြယ်ရောင် လရောင် ပျောက်ကွယ်နေတဲ့လမိုက်ညကြောင့် ကောင်းကင်ကြီးကမှောင်မဲမှူတွေနဲ့အကျည်းတန်နေသလိုသူမဦးနှောက်ထဲကအတွေးတွေကလည်းအကျည်းတန်နေခဲ့သည် ။

နှစ်ကာလကြာမြင့်စွာတွဲလာခဲ့တဲ့ချစ်သူ....
ကိုယ်တစ်ယောက်တည်းပဲရှိပါတယ်လို့ပြောထားတဲ့ချစ်သူကိုထားခဲ့ပြီး
မနေ့တစ်နေ့ကမှတွေ့ဖူးတဲ့သူရဲ့ရင်ခွင်ထဲကိုပိုက်ဆံတစ်ခုတည်းနဲ့ခြေစုံပစ်ဝင်ရမယ်...။

အဲ့လိုမှမဟုတ်ရင် ငါကဂျောင်းကုအတွက်နဲ့ပြည့်တန်ဆာဖြစ်မယ်။
ယောက်ျားတစ်ယောက်အတွက်နဲ့သူမကိုယ်ကိုရင်းမယ့်အစား သူ့ဆီမှာဆိုသူမချမ်းချမ်းသာသာနဲ့နေနိုင်တာပဲလေ...။

ငါဘာတွေလုပ်မိနေတာလဲ...ငါစိတ်ကိုငါအရမ်းအလိုလိုက်မိနေတာပဲ...အချစ်တစ်ခုအတွက်နဲ့နင့်ဘဝကိုနင်အနစ်နာခံမယ်ပေါ့
ငါတစ်ယောက်တည်းရှိပါတယ်ဆိုတဲ့စကားကြောင့်လား...နင်dramaတွေသိပ်ချိုးလွန်းနေတယ်နာအွန်း...တစ်ယောက်နဲ့တစ်ယောက်ပေးဆပ်အနစ်နာခံချစ်တာကရုပ်ရှင်ထဲမှာပဲရှိတာ ဂျောင်းကုကရောနင့်တစ်ယောက်ထဲကိုပဲချစ်သွားနိုင်မယ်ထင်လို့လား ယောက်ျားတစ်ယောက်ကမိန်းမတစ်ယောက်မရှိရင်မဖြစ်ဘူးဆိုတာဟာသတစ်ခုပါ...တစ်ယောက်သွားရင်နောက်တစ်ယောက်အိမ်ပေါ်ဆွဲတင်လာမယ့်ယောက်ျားဆိုတဲ့အမျိုးတွေ အကုန်အတူတူပါပဲ သစ္စာမရှိတဲ့ယောက်ျားတွေအပေါ်သစ္စာတရားပြန်ပေးရတာမတန်ရာကျပါတယ်...ဘာကြောင့်ပဲဖြစ်ဖြစ်ငါ့ကိုယ်ငါအဆုံးရှုံးမခံတော့ဘူး ။

ကားကတရွေ့ရွေ့နှင့်ဆေးရုံအရှေ့ရောက်ခါနီးမှာသူတို့နှစ်ယောက်ကြားကတိတ်ဆိတ်မှုကိုဖြိုးခွင်းလိုက်တဲ့သူမ...။

" ကျွန်မ.... "

" မင်းကိုယ့်ကိုချက်ချင်းကြီးအဖြေပေးစရာမလိုပါဘူး "

" ကျွန်မလက်ခံပါတယ် အချိန်ထပ်ဆွဲနေရင်ကျွန်မစိတ်ကိုကျွန်မအာမခံနိုင်မှာမဟုတ်ဘူး "

" ကောင်းပြီလေ "

သူ့ပိုက်ဆံအိတ်ထဲကကတ်တစ်ခုကိုယူပြီးသူမဆီလှမ်းလိုက်သည်။

" ဒါက... "

" အဲ့ဒါကိုယ့်ဘဏ်ကတ်ထဲကတစ်ခုပဲ... အဲ့ထဲမှာဝမ်သိန်း၆၀၀ ကျော်ရှိသေးတယ် "

" အဲ့တော့ "

" မင်းလိုအပ်တာရှိရင်သုံးဖို့ပေးထားတာ၊ပြီးရင်ကိုယ်မင်းနာမည်နဲ့ဘဏ်ကတ်ဖွင့်ပေးထားမယ် "

" ဒါဆိုကျွန်မနာမည်တော့သိထားရမယ်မလား ကျွန်မနာမည်က... "

" မင်းနာမည်ကကင်မ်နာအွန်းမလား... ကိုယ့်နာမည်ကပတ်ခ်ဂျီမင်ပါ "
မပြောခင်တည်းကသိနေတဲ့သူ့ကိုသူမအံ့သြနေမိသည်။ပတ်ခ်ဂျီမင်!သူတကယ်လုပ်နိုင်တာတွေများပြီး ပါဝါရှိတဲ့လူတစ်ယောက်ပဲ...။

Jeon Jungkook ရှင့်ကြိုးစားမှုတွေကိုအသိမှတ်ပြုချင်ပေမယ့် ဒါဟာအရမ်းကြာမယ့်နှစ်ရှည်စီမံကိန်းတစ်ခုပဲ ရှင်လည်းကျွန်မမဟုတ်တဲ့တခြားမိန်းကလေးတစ်ယောက်နဲ့လည်းပျော်ပျော်ရွှင်ရွှင်နေသွားနိုင်မှာပါ။

သူမရေးဆွဲတဲ့ ပန်းချီကားက သူမစိတ်တိုင်းကျပြီးသွားမှာလား...၊ဆေးသားပြယ်ပြီး အရောင်ယွင်းလာတဲ့အခါ ပန်းချီကားကမူလအတိုင်းလှပနိုင်ပါအုံးမလား...။

=====
=====

"ကို နောက်ထပ်တစ်ပတ်လောက်နေပြီးရင်ဆေးရုံဆင်းလို့ရပြီတဲ့"

"ဟင် တစ်ပတ်ကြီးများတောင်နေရအုံးမှာလား လူကကောင်းနေပြီကို"

"ဆရာဝန်တွေကလိုအပ်လို့နေခိုင်းတာပေါ့ ဂျောင်းကုကလည်း"

"ကိုယ်အလုပ်ပြန်လုပ်ချင်နေပြီ ဒီမှာနေရတာအချိန်ပိုကုန်တယ် ပြီးတော့ဘေဘီပင်ပန်းနေရတာလည်းမကြည့်ရက်တော့ဘူး"

"ဘေဘီကဘာကိုပင်ပန်းရမှာလဲ ကိစ္စမရှိပါဘူး ကို...နာအွန်းကိုကတိတစ်ခုပေးပါ နော​က်ဒီလိုအလုပ်ကြမ်းတွေမလုပ်တော့ပါဘူးလို့လေ"

"အင်းပါဘေဘီရဲ့ ကိုကတိပေးပါတယ်"

ထိုအချိန်ထမြည်လာသောဖုန်းသံတစ်ခု...၊ဂျောင်းဂုကသူနဲ့နီးနီးကပ်ကပ်မှာရှိနေတဲ့သူမဖုန်းကိုယူလိုက်တော့ သူမရင်းနှီးတဲ့နာမည်တစ်ခု...။

"ဘေဘီ PJMတဲ့ ဘယ်သူလဲမသိဘူး"

"ဟုတ်လား ပေးပေး ဘေဘီ့သူငယ်ချင်းပါ"

ဖုန်းလေးကိုကမန်းကတန်းကိုင်ပြီးအပြင်ထွက်သွားသောသူမ... ၊
အရင်ကဆိုသူငယ်ချင်းဖုန်းလာရင်ကိုယ့်အနားမှာပဲပြောနေကြကို...အခုမှဘာလို့ထွက်သွားရတာလဲ...?

"ကိုအခုလာခေါ်နေပြီနာအွန်း အဆင်ပြေတယ်မလား ကိုယ်လည်းmeetingမရှိတုန်းလာလိုက်တာနဲ့ကြိုမပြောဖြစ်လိုက်ဘူး"

"ရပါတယ် အဲ့ဒါဆိုစောင့်နေလိုက်မယ်"

"Omm ဒါပဲနော်...ကလေး! "

ကလေး!!!

"Nae..."

ချစ်ရသူကိုသူအခေါ်ချင်ဆုံးnicknameလေးကိုခေါ်ခွင့်ရခဲ့ပြီ...။လက်ခံလိုက်ပြီးတည်းကသူမကိုပိုင်ရတော့မယ်ဆိုတဲ့အသိကတကယ်ရူးလောက်တယ်...၊အဲ့အသိလေးနဲ့တင်ကိုယ်အရာအားလုံးကိုပေးဆပ်နိုင်တယ်ကလေး...၊
မင်းကိုကိုယ်ဝယ်သလိုဖြစ်ခဲ့တာမှန်ပေမယ့်ကိုယ်ပိုင်ဆိုင်ချင်လို့လုပ်ခဲ့ရတာပါ ကလေးနားလည်ပေးမယ်လို့ကိုယ်မျှော်လင့်ပါတယ်။
မင်းချစ်သူမပေးနိုင်တဲ့အရာတွေမှန်သမျှကိုယ်ဖြည့်ဆည်းပေးမယ်၊ကို့ကိုရွေးချယ်တဲ့အတွက်နောင်တမရစေရဘူးကလေး...။

"ကို ဘေဘီကို့အတွက်လိုတာလေးတွေသွားဝယ်လိုက်အုံးမယ်"

"ဘေဘီ... ဒီနေ့မသွားလို့မရဘူးလား ကိုယ်နေလို့သိပ်မကောင်းချင်ဘူး"

" ဟင် ဘာဖြစ်လို့လဲ ဘယ်နားနာလို့လဲ "

"တစ်ကိုယ်လုံးပဲ ဒီနေ့တော့ဘယ်မှမသွားပါနဲ့တော့နော်"

ဂျောင်းဂုတကယ်ပဲနာနေတာလား၊သူမကိုမသွားစေချင်လို့တမင်လုပ်နေတာလားဆိုတာသူမမခွဲခြားတတ်တော့...။သူမကတော့သွားကိုသွားရမှာ...။

"ဂျောင်းကုရယ်ခဏပဲကြာမှာပါ ညနေဆရာဝန်လာစစ်လို့ဆေးမရှိတော့ရင်နာအွန်းအဆူခံရမှာပေါ့...ဘာလဲ ကိုကဘေဘီ့ကိုအဆူခံစေချင်နေတာလား..."

သူဘယ်လိုတားတားရမယ့်ပုံမပေါ်တော့တာကြောင့်သူ့ဘက်ကပဲလက်လျော့လိုက်သည်။

"အင်းပါ အဲ့ဒါဆိုလည်းအမြန်ပြန်လာခဲ့နော် ကိုယ်ဘေဘီနဲ့တစ်စက္ကန့်လေးတောင်မခွဲချင်ဘူး"

သူမခါးကိုဆွဲပြီးအတင်းတိုးဝှေ့နေသောသူ့ခေါင်းလေးကိုသူမရင်ခွင်ထဲမှာနေရာပေးလိုက်သည်။
သူမရဲ့ရင်ခွင်သေးသေးလေးကကိုယ့်အတွက်တော့လုံခြုံပြီးနွေးထွေးမှုအပြည့်ပေးနိုင်တဲ့နိဗ္ဗာန်လေးပဲ...။

ကောင်လေးရဲ့စိတ်ထဲမှာကောင်မလေးအမြဲရှိနေပေမယ့် ကောင်မလေးရဲ့စိတ်ထဲမှာတော့
ထိုကောင်လေးထက်သူမကိုပိုပြည့်စုံအောင်ထားနိုင်မယ့်သူသည်သာအပိုင်စိုးထားသည်~

" ရုတ်တရက်လာခေါ်တာဘယ်သွားမလို့လဲ "

" ရောက်ရင်သိရမှာပေါ့ကလေးရဲ့ surprise "

၁၀မိနစ်၁၅မိနစ်လောက်ကြာတော့အဆင့်မြင့်အဆောက်အအုံတစ်ခုရှေ့မှာကားရပ်လိုက်သည်။ကားပေါ်ကဆင်းပြီးအပေါ်ကိုမော့ကြည့်လိုက်တော့သူမဇာတ်တောင်ညောင်းလောက်အောင်ထိုအဆောက်အဦးကမြင့်လွန်းသည်။ ဒီကိုဘာလို့လဲ...? 5stars Hotelလိုပဲခမ်းနားလွန်းလို့သူမနည်းနည်းလန့်မိသည်။

"ကလေး လာလေ အထဲဝင်ရအောင်"

သူတို့နှစ်ယောက်အထဲဝင်ခါနီး ဝန်ထမ်းတစ်ယောက်ကကားသော့လာယူကာထိုကားကိုကားပါကင်သို့ရွှေ့ပေးသည်။ သူကတော့သူမလက်ကိုဆွဲကာအဆောက်အဦးတွင်းသို့ဝင်လာသည်။သူ့ကိုတွေ့တော့ အဆောက်အဦးအတွင်းကလူတိုင်းကအရိုအသေပြုကြသည်။ထိုနေရာကိုရောက်လာတာကသူမအတွက်အိမ်မက်တစ်ခုလိုပဲ...။အရမ်းခမ်းနားလွန်းတယ်။ ဓာတ်လှေကားအရှေ့ရောက်တော့လုံခြုံရေးကသူ့ကိုဝမ်းသာစွာကြိုဆိုသည်။သူကလူချစ်လူခင်လည်းပေါ်ပုံရသည်။လုံခြုံရေးနဲ့သူစကားစမြည်ပြောနေတာကသူလူတန်းစားမခွဲခြားတတ်ဖူးဆိုတာမြင်နေရသည်။

ဓာတ်လှေကားထဲဝင်တော့သူတို့နှစ်ယောက်တည်းသာ...

" ဒီကိုဘာလို့လာတာလဲ? "

သူမမေးတာကိုသူတစ်ချက်ပြုံးလိုက်သည်။
ဓာတ်လှေကားပွင့်တော့သူအခန်းတစ်ခန်းဆီကိုလျှောက်လာသည်။pwနှိပ်ပြီးအခန်းတံခါးဖွင့်လိုက်တော့ခုနကအထိမှိုင်နေတဲ့သူမမျက်လုံးလေးတွေလင်းလက်သွားသည်။

Hotelထက်ပြီးပြည့်စုံနေတဲ့အခန်းတစ်ခန်း...၊ အဖြူနဲ့ရွှေရောင်ကိုသာသုံးထားသောကြောင့်အခန်းကလိုတာထက်ပိုတောက်ပနေသည်။ရှုခင်းပန်းချီများကလည်းသူမမျက်လုံးကိုဖမ်းစားထားပြီးသဘာဝရှုခင်းကလည်းသူမကိုပိုသဘောကျစေသည်။နောက်ထပ် သူမမျက်စိရောက်မိသည်ကဧည့်ခန်းအတွင်းမှာချိတ်ဆွဲထားသောကောင်မလေးတစ်ယောက်ပုံပန်းချီကားတစ်ချပ်...။ထိုပန်းချီကိုကြည့်ပြီးသူမအံ့သြမှင်သက်မိသည်။

"ဒီပန်းချီကားလေးကကိုယ်ကလေးကိုစတွေ့တဲ့အချိန်တုန်းကရေးဆွဲခိုင်းခဲ့တာ ဘယ်လိုလဲ ကလေးကြိုက်လားဟင်"

"ပတ်ခ်ဂျီမင်ရှီ ကျွန်မကိုအဲ့လောက်တောင်ကြိုက်တာလား"

"ကလေး ထင်ထားတာထက်အများကြီးပိုတယ်... ပြီးတော့ဒီcondoက ကလေးအပိုင်ဖြစ်သွားပြီ ကိုယ်နဲ့ကလေးလက်မထပ်ရသေးခင်အထိကလေးဒီမှာပဲနေရမယ် ဒီနှစ်ကျောင်းပြီးလို့လက်ထပ်ပြီးရင်တော့ကိုယ်တို့နှစ်ယောက်ရဲ့သီးသန့်အိမ်လေးမှာနေကြမယ်
ကလေးသဘောတူရဲ့လား"

"အားလုံးကပြီးပြည့်စုံနေတာပဲကျွန်မမှာဘာမှပြောစရာမရှိတော့ပါဘူး"

"ကလေးကိုယ့်ကိုပြန်လုပ်ပေးရမှာတစ်ခုပဲ
... ကိုယ့်အတွက်ဇနီးကောင်းတစ်ယောက်ဖြစ်ပေးပါ ကလေးဘယ်အရာအတွက်နဲ့မှစိတ်မဆင်းရဲစေရဘူးလို့ကိုယ်ကတိပေးတယ်"

သူမလက်နှစ်ဖက်ကိုတယုတယကိုင်ပြီးပြောလာတဲ့သူ့လက်တစ်စုံကလည်းနူးညံ့နေခဲ့သည်။

တဖြည်းဖြည်းနီးကပ်လာတဲ့သူရဲ့နှုတ်ခမ်းတစ်စုံဟာသူမနှုတ်ခမ်းတွေကိုဦးတည်နေခဲ့သည်...။ နွေးထွေးသွားတဲ့နှုတ်ခမ်းပါးတစ်ခုနဲ့အတူမှိတ်ကျသွားသောသူမရဲ့မျက်ဝန်းတစ်စုံကနှုတ်ခမ်းဖူးဖူးတစ်ခုကြောင့်~
ဂျောင်းကုမဟုတ်တဲ့ထိုအနမ်းတွေကိုတုန့်ပြန်ဖို့အတွက်သူမတွန့်ဆုတ်နေခဲ့သည်...၊
ရင်ထဲကတဆစ်ဆစ်နာကျင်မှု​များနှင့်အတူဝဲတက်လာသောမျက်ရည်စများကိုတင်းခံလျှက်သူ့မေရိုးတစ်လျှောက်ကိုပြန်ထိန်းကိုင်ကာတုန့်ပြန်အနမ်းတွေနဲ့ပြန်အစပြုလိုက်သည် ။
ထိုအနမ်းတွေထဲမှာသူလိုချင်တဲ့အချစ်တော့မပါပေ...။

--------------

"အစ်မကျွန်တော့်ကိုတစ်ခုလောက်ကူညီပေးနိုင်မလား"

"ပြောလေ အစ်မကူညီနိုင်ရင်ကူညီပေးပါ့မယ်"

သူနဲ့ရင်းနှီးနေပြီဖြစ်တဲ့nurseကိုသူတစ်ခုတောင်းဆိုလိုက်သည်။

"ဟိုလေ ကျွန်တော့်ကိုဆွယ်တာထိုးနည်းလေးသင်ပေးပါလား...၊ဆောင်းဝင်ခါနီးပြီဆိုတော့ ကျွန်တော့်ကောင်မလေးအတွက်လုပ်ပေးချင်လို့ပါ ဆောင်းဦးဆိုအဆင်ပြေပေမယ့်ဆောင်းရာသီဆိုသူမကအရမ်းအအေးမိတတ်တာ နှစ်ကုန်ကစာမေးပွဲအချိန်ဆိုတော့သူမကိုနေမကောင်းမဖြစ်စေချင်ဘူး"

"သြော် ရတာပေါ့ကွယ် အစ်မသင်ပေးမယ်နော်"

"ကျေးဇူးတင်ပါတယ်ခင်ဗျ"

"မောင်လေးရဲ့ကောင်မလေးကတော့လေ အရမ်းကိုကံကောင်းတာပဲမောင်လေးလိုအစစအရာရာဂရုစိုက်တတ်တဲ့ကောင်လေးမျိုးရထားတာ အစ်မရည်းစားဆိုလေအစ်မအတွက်လက်ဆောင်လေးတစ်ခုတောင်ဝယ်ပေးဖူးတာမဟုတ်ဘူး"

အဟင်း....သူလည်းကျွန်တော့်ကိုအဲ့လိုမြင်ပေးနိုင်ရင်ကောင်းမယ်...။

"ကျွန်တော်ကသူ့ကို ကျွန်တော့်အသက်ထက်ပိုချစ်တယ်"

သူမလည်းကျွန်တော့်လိုပဲမလားဟင်...?

*****

"ကလေး ကိုယ်ကတော့လေ Weddingကိုဆိုးလ်မှာအခမ်းနားဆုံးဖြစ်အောင်လုပ်မှာ"

မျက်လုံးလေးနှစ်ဖက်ပိတ်သည်အထိသဘောကျစွာပြောနေတဲ့သူမရဲ့ခင်ပွန်းလောင်း...၊
အဲ့အချိန်...ဂျောင်းကုကဘယ်လိုမျိုးဖြစ်နေမှာလဲ...?

"ကလေး ကိုယ့်မေမေကလေ ကလေးရဲ့ပန်းချီကားပုံကိုမြင်ကတည်းက ကလေးကိုအရမ်းချစ်နေတာ ဘယ်တော့အိမ်ခေါ်လာမှာလဲပဲလုပ်နေတာ ကလေးနောက်အားရင်ကိုယ်တို့နှစ်ယောက်မေမေ့ကိုသွားတွေ့ရအောင်နော်"

"ဟုတ်ကဲ့ ပတ်ဂျီမင်ရှီအဆင်ပြေတဲ့အတိုင်းလုပ်ပါ နာအွန်းကဘယ်အချိန်ဖြစ်ဖြစ်အဆင်ပြေတာမို့လို့"

'အခုထိသူ့ကိုပတ်ခ်ဂျီမင်ရှီလို့ခေါ်နေတာကိုသူမကြိုက်ဘူး ကိုယ်နဲ့ရှိနေတဲ့အချိန်တစ်စုံတစ်ခုကိုလွမ်းဆွတ်နေသလိုဖြစ်နေတဲ့သူမရဲ့ပုံစံကိုလည်း တကယ်မကြိုက်ဘူး...။
ကလေးချစ်သူအကြောင်းတွေးနေတာတွေကလေးရဲ့မျက်လုံးတွေထဲမှာအတိုင်းသားပေါ်လွင်နေတယ် တဖြည်းဖြည်းနဲ့ကလေးသူ့ကိုမေ့ပျောက်လာနိုင်အောင်ကိုယ်လုပ်ပေးမှာပါ အရာအားလုံးပြောင်းလဲသွားပြီးမင်းဘဝထဲမှာကိုယ့်တစ်ယောက်တည်းကိုပဲချစ်နေအောင်ကိုယ်လုပ်ပေးမယ်
ကလေးကိုယ့်ကို သဘောကျလာမှာပါ...'

---------------
13.9.2022

ဒါဒါလေးတွေကချစ်ဖို့ကောင်းလို့သာသာအစောကြီးupပေးလိုက်တယ်နော်။ficနဲ့ပတ်သက်ပြီးနားမလည်ရင်မေးလို့ရပါတယ်ရှင့်။💜

{Zawgyi}


" ကြၽန္မ မယားငယ္မျဖစ္ခ်င္ဘူး "

" ကိုယ္ကလူပ်ိဳပါ၊ မင္းေၾကာက္ရမယ့္လူမရွိဘူး ကိုယ္မင္းကိုျပည့္ျပည့္စုံစုံထားနိုင္တယ္ မင္းကကိုယ့္ရဲ႕ဘုရင္မျဖစ္ေစရမယ္ "

" ဘာလို႔ကြၽန္မလဲ? "

" ကိုယ့္ႏွလုံးသားကေတာင္းဆိုလို႔ေပါ့ "

ၾကယ္ေရာင္ လေရာင္ ေပ်ာက္ကြယ္ေနတဲ့လမိုက္ညေၾကာင့္ ေကာင္းကင္ႀကီးကေမွာင္မဲမႉေတြနဲ႕အက်ည္းတန္ေနသလိုသူမဦးႏွောက္ထဲကအေတြးေတြကလည္းအက်ည္းတန္ေနခဲ့သည္ ။

ႏွစ္ကာလၾကာျမင့္စြာတြဲလာခဲ့တဲ့ခ်စ္သူ....
ကိုယ္တစ္ေယာက္တည္းပဲရွိပါတယ္လို႔ေျပာထားတဲ့ခ်စ္သူကိုထားခဲ့ၿပီး
မေန႕တစ္ေန႕ကမွေတြ႕ဖူးတဲ့သူရဲ႕ရင္ခြင္ထဲကိုပိုက္ဆံတစ္ခုတည္းနဲ႕ေျခစုံပစ္ဝင္ရမယ္...။

အဲ့လိုမွမဟုတ္ရင္ ငါကေဂ်ာင္းကုအတြက္နဲ႕ျပည့္တန္ဆာျဖစ္မယ္။
ေယာက္်ားတစ္ေယာက္အတြက္နဲ႕သူမကိုယ္ကိုရင္းမယ့္အစား သူ႕ဆီမွာဆိုသူမခ်မ္းခ်မ္းသာသာနဲ႕ေနနိုင္တာပဲေလ...။

ငါဘာေတြလုပ္မိေနတာလဲ...ငါစိတ္ကိုငါအရမ္းအလိုလိုက္မိေနတာပဲ...အခ်စ္တစ္ခုအတြက္နဲ႕နင့္ဘဝကိုနင္အနစ္နာခံမယ္ေပါ့
ငါတစ္ေယာက္တည္းရွိပါတယ္ဆိုတဲ့စကားေၾကာင့္လား...နင္dramaေတြသိပ္ခ်ိဳးလြန္းေနတယ္နာအြန္း...တစ္ေယာက္နဲ႕တစ္ေယာက္ေပးဆပ္အနစ္နာခံခ်စ္တာက႐ုပ္ရွင္ထဲမွာပဲရွိတာ ေဂ်ာင္းကုကေရာနင့္တစ္ေယာက္ထဲကိုပဲခ်စ္သြားနိုင္မယ္ထင္လို႔လား ေယာက္်ားတစ္ေယာက္ကမိန္းမတစ္ေယာက္မရွိရင္မျဖစ္ဘူးဆိုတာဟာသတစ္ခုပါ...တစ္ေယာက္သြားရင္ေနာက္တစ္ေယာက္အိမ္ေပၚဆြဲတင္လာမယ့္ေယာက္်ားဆိုတဲ့အမ်ိဳးေတြ အကုန္အတူတူပါပဲ သစၥာမရွိတဲ့ေယာက္်ားေတြအေပၚသစၥာတရားျပန္ေပးရတာမတန္ရာက်ပါတယ္...ဘာေၾကာင့္ပဲျဖစ္ျဖစ္ငါ့ကိုယ္ငါအဆုံးရႈံးမခံေတာ့ဘူး ။

ကားကတေ႐ြ႕ေ႐ြ႕ႏွင့္ေဆး႐ုံအေရွ႕ေရာက္ခါနီးမွာသူတို႔ႏွစ္ေယာက္ၾကားကတိတ္ဆိတ္မႈကိုၿဖိဳးခြင္းလိုက္တဲ့သူမ...။

" ကြၽန္မ.... "

" မင္းကိုယ့္ကိုခ်က္ခ်င္းႀကီးအေျဖေပးစရာမလိုပါဘူး "

" ကြၽန္မလက္ခံပါတယ္ အခ်ိန္ထပ္ဆြဲေနရင္ကြၽန္မစိတ္ကိုကြၽန္မအာမခံနိုင္မွာမဟုတ္ဘူး "

" ေကာင္းၿပီေလ "

သူ႕ပိုက္ဆံအိတ္ထဲကကတ္တစ္ခုကိုယူၿပီးသူမဆီလွမ္းလိုက္သည္။

" ဒါက... "

" အဲ့ဒါကိုယ့္ဘဏ္ကတ္ထဲကတစ္ခုပဲ... အဲ့ထဲမွာဝမ္သိန္း၆၀၀ ေက်ာ္ရွိေသးတယ္ "

" အဲ့ေတာ့ "

" မင္းလိုအပ္တာရွိရင္သုံးဖို႔ေပးထားတာ၊ၿပီးရင္ကိုယ္မင္းနာမည္နဲ႕ဘဏ္ကတ္ဖြင့္ေပးထားမယ္ "

" ဒါဆိုကြၽန္မနာမည္ေတာ့သိထားရမယ္မလား ကြၽန္မနာမည္က... "

" မင္းနာမည္ကကင္မ္နာအြန္းမလား... ကိုယ့္နာမည္ကပတ္ခ္ဂ်ီမင္ပါ "
မေျပာခင္တည္းကသိေနတဲ့သူ႕ကိုသူမအံ့ၾသေနမိသည္။ပတ္ခ္ဂ်ီမင္!သူတကယ္လုပ္နိုင္တာေတြမ်ားၿပီး ပါဝါရွိတဲ့လူတစ္ေယာက္ပဲ...။

Jeon Jungkook ရွင့္ႀကိဳးစားမႈေတြကိုအသိမွတ္ျပဳခ်င္ေပမယ့္ ဒါဟာအရမ္းၾကာမယ့္ႏွစ္ရွည္စီမံကိန္းတစ္ခုပဲ ရွင္လည္းကြၽန္မမဟုတ္တဲ့တျခားမိန္းကေလးတစ္ေယာက္နဲ႕လည္းေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနသြားနိုင္မွာပါ။

သူမေရးဆြဲတဲ့ ပန္းခ်ီကားက သူမစိတ္တိုင္းက်ၿပီးသြားမွာလား...၊ေဆးသားျပယ္ၿပီး အေရာင္ယြင္းလာတဲ့အခါ ပန္းခ်ီကားကမူလအတိုင္းလွပနိုင္ပါအုံးမလား...။

=====
=====

"ကို ေနာက္ထပ္တစ္ပတ္ေလာက္ေနၿပီးရင္ေဆး႐ုံဆင္းလို႔ရၿပီတဲ့"

"ဟင္ တစ္ပတ္ႀကီးမ်ားေတာင္ေနရအုံးမွာလား လူကေကာင္းေနၿပီကို"

"ဆရာဝန္ေတြကလိုအပ္လို႔ေနခိုင္းတာေပါ့ ေဂ်ာင္းကုကလည္း"

"ကိုယ္အလုပ္ျပန္လုပ္ခ်င္ေနၿပီ ဒီမွာေနရတာအခ်ိန္ပိုကုန္တယ္ ၿပီးေတာ့ေဘဘီပင္ပန္းေနရတာလည္းမၾကည့္ရက္ေတာ့ဘူး"

"ေဘဘီကဘာကိုပင္ပန္းရမွာလဲ ကိစၥမရွိပါဘူး ကို...နာအြန္းကိုကတိတစ္ခုေပးပါ ေနာက္ဒီလိုအလုပ္ၾကမ္းေတြမလုပ္ေတာ့ပါဘူးလို႔ေလ"

"အင္းပါေဘဘီရဲ႕ ကိုကတိေပးပါတယ္"

ထိုအခ်ိန္ထျမည္လာေသာဖုန္းသံတစ္ခု...၊ေဂ်ာင္းဂုကသူနဲ႕နီးနီးကပ္ကပ္မွာရွိေနတဲ့သူမဖုန္းကိုယူလိုက္ေတာ့ သူမရင္းႏွီးတဲ့နာမည္တစ္ခု...။

"ေဘဘီ PJMတဲ့ ဘယ္သူလဲမသိဘူး"

"ဟုတ္လား ေပးေပး ေဘဘီ့သူငယ္ခ်င္းပါ"

ဖုန္းေလးကိုကမန္းကတန္းကိုင္ၿပီးအျပင္ထြက္သြားေသာသူမ... ၊
အရင္ကဆိုသူငယ္ခ်င္းဖုန္းလာရင္ကိုယ့္အနားမွာပဲေျပာေနၾကကို...အခုမွဘာလို႔ထြက္သြားရတာလဲ...?

"ကိုအခုလာေခၚေနၿပီနာအြန္း အဆင္ေျပတယ္မလား ကိုယ္လည္းmeetingမရွိတုန္းလာလိုက္တာနဲ႕ႀကိဳမေျပာျဖစ္လိုက္ဘူး"

"ရပါတယ္ အဲ့ဒါဆိုေစာင့္ေနလိုက္မယ္"

"Omm ဒါပဲေနာ္...ကေလး! "

ကေလး!!!

"Nae..."

ခ်စ္ရသူကိုသူအေခၚခ်င္ဆုံးnicknameေလးကိုေခၚခြင့္ရခဲ့ၿပီ...။လက္ခံလိုက္ၿပီးတည္းကသူမကိုပိုင္ရေတာ့မယ္ဆိုတဲ့အသိကတကယ္႐ူးေလာက္တယ္...၊အဲ့အသိေလးနဲ႕တင္ကိုယ္အရာအားလုံးကိုေပးဆပ္နိုင္တယ္ကေလး...၊
မင္းကိုကိုယ္ဝယ္သလိုျဖစ္ခဲ့တာမွန္ေပမယ့္ကိုယ္ပိုင္ဆိုင္ခ်င္လို႔လုပ္ခဲ့ရတာပါ ကေလးနားလည္ေပးမယ္လို႔ကိုယ္ေမွ်ာ္လင့္ပါတယ္။
မင္းခ်စ္သူမေပးနိုင္တဲ့အရာေတြမွန္သမွ်ကိုယ္ျဖည့္ဆည္းေပးမယ္၊ကို႔ကိုေ႐ြးခ်ယ္တဲ့အတြက္ေနာင္တမရေစရဘူးကေလး...။

"ကို ေဘဘီကို႔အတြက္လိုတာေလးေတြသြားဝယ္လိုက္အုံးမယ္"

"ေဘဘီ... ဒီေန႕မသြားလို႔မရဘူးလား ကိုယ္ေနလို႔သိပ္မေကာင္းခ်င္ဘူး"

" ဟင္ ဘာျဖစ္လို႔လဲ ဘယ္နားနာလို႔လဲ "

"တစ္ကိုယ္လုံးပဲ ဒီေန႕ေတာ့ဘယ္မွမသြားပါနဲ႕ေတာ့ေနာ္"

ေဂ်ာင္းဂုတကယ္ပဲနာေနတာလား၊သူမကိုမသြားေစခ်င္လို႔တမင္လုပ္ေနတာလားဆိုတာသူမမခြဲျခားတတ္ေတာ့...။သူမကေတာ့သြားကိုသြားရမွာ...။

"ေဂ်ာင္းကုရယ္ခဏပဲၾကာမွာပါ ညေနဆရာဝန္လာစစ္လို႔ေဆးမရွိေတာ့ရင္နာအြန္းအဆူခံရမွာေပါ့...ဘာလဲ ကိုကေဘဘီ့ကိုအဆူခံေစခ်င္ေနတာလား..."

သူဘယ္လိုတားတားရမယ့္ပုံမေပၚေတာ့တာေၾကာင့္သူ႕ဘက္ကပဲလက္ေလ်ာ့လိုက္သည္။

"အင္းပါ အဲ့ဒါဆိုလည္းအျမန္ျပန္လာခဲ့ေနာ္ ကိုယ္ေဘဘီနဲ႕တစ္စကၠန့္ေလးေတာင္မခြဲခ်င္ဘူး"

သူမခါးကိုဆြဲၿပီးအတင္းတိုးေဝွ႕ေနေသာသူ႕ေခါင္းေလးကိုသူမရင္ခြင္ထဲမွာေနရာေပးလိုက္သည္။
သူမရဲ႕ရင္ခြင္ေသးေသးေလးကကိုယ့္အတြက္ေတာ့လုံၿခဳံၿပီးႏြေးေထြးမႈအျပည့္ေပးနိုင္တဲ့နိဗၺာန္ေလးပဲ...။

ေကာင္ေလးရဲ႕စိတ္ထဲမွာေကာင္မေလးအၿမဲရွိေနေပမယ့္ ေကာင္မေလးရဲ႕စိတ္ထဲမွာေတာ့
ထိုေကာင္ေလးထက္သူမကိုပိုျပည့္စုံေအာင္ထားနိုင္မယ့္သူသည္သာအပိုင္စိုးထားသည္~

" ႐ုတ္တရက္လာေခၚတာဘယ္သြားမလို႔လဲ "

" ေရာက္ရင္သိရမွာေပါ့ကေလးရဲ႕ surprise "

၁၀မိနစ္၁၅မိနစ္ေလာက္ၾကာေတာ့အဆင့္ျမင့္အေဆာက္အအုံတစ္ခုေရွ႕မွာကားရပ္လိုက္သည္။ကားေပၚကဆင္းၿပီးအေပၚကိုေမာ့ၾကည့္လိုက္ေတာ့သူမဇာတ္ေတာင္ေညာင္းေလာက္ေအာင္ထိုအေဆာက္အဦးကျမင့္လြန္းသည္။ ဒီကိုဘာလို႔လဲ...? 5stars Hotelလိုပဲခမ္းနားလြန္းလို႔သူမနည္းနည္းလန့္မိသည္။

"ကေလး လာေလ အထဲဝင္ရေအာင္"

သူတို႔ႏွစ္ေယာက္အထဲဝင္ခါနီး ဝန္ထမ္းတစ္ေယာက္ကကားေသာ့လာယူကာထိုကားကိုကားပါကင္သို႔ေ႐ႊ႕ေပးသည္။ သူကေတာ့သူမလက္ကိုဆြဲကာအေဆာက္အဦးတြင္းသို႔ဝင္လာသည္။သူ႕ကိုေတြ႕ေတာ့ အေဆာက္အဦးအတြင္းကလူတိုင္းကအရိုအေသျပဳၾကသည္။ထိုေနရာကိုေရာက္လာတာကသူမအတြက္အိမ္မက္တစ္ခုလိုပဲ...။အရမ္းခမ္းနားလြန္းတယ္။ ဓာတ္ေလွကားအေရွ႕ေရာက္ေတာ့လုံၿခဳံေရးကသူ႕ကိုဝမ္းသာစြာႀကိဳဆိုသည္။သူကလူခ်စ္လူခင္လည္းေပၚပုံရသည္။လုံၿခဳံေရးနဲ႕သူစကားစျမည္ေျပာေနတာကသူလူတန္းစားမခြဲျခားတတ္ဖူးဆိုတာျမင္ေနရသည္။

ဓာတ္ေလွကားထဲဝင္ေတာ့သူတို႔ႏွစ္ေယာက္တည္းသာ...

" ဒီကိုဘာလို႔လာတာလဲ? "

သူမေမးတာကိုသူတစ္ခ်က္ၿပဳံးလိုက္သည္။
ဓာတ္ေလွကားပြင့္ေတာ့သူအခန္းတစ္ခန္းဆီကိုေလွ်ာက္လာသည္။pwႏွိပ္ၿပီးအခန္းတံခါးဖြင့္လိုက္ေတာ့ခုနကအထိမွိုင္ေနတဲ့သူမမ်က္လုံးေလးေတြလင္းလက္သြားသည္။

Hotelထက္ၿပီးျပည့္စုံေနတဲ့အခန္းတစ္ခန္း...၊ အျဖဴနဲ႕ေ႐ႊေရာင္ကိုသာသုံးထားေသာေၾကာင့္အခန္းကလိုတာထက္ပိုေတာက္ပေနသည္။ရႈခင္းပန္းခ်ီမ်ားကလည္းသူမမ်က္လုံးကိုဖမ္းစားထားၿပီးသဘာဝရႈခင္းကလည္းသူမကိုပိုသေဘာက်ေစသည္။ေနာက္ထပ္ သူမမ်က္စိေရာက္မိသည္ကဧည့္ခန္းအတြင္းမွာခ်ိတ္ဆြဲထားေသာေကာင္မေလးတစ္ေယာက္ပုံပန္းခ်ီကားတစ္ခ်ပ္...။ထိုပန္းခ်ီကိုၾကည့္ၿပီးသူမအံ့ၾသမွင္သက္မိသည္။

"ဒီပန္းခ်ီကားေလးကကိုယ္ကေလးကိုစေတြ႕တဲ့အခ်ိန္တုန္းကေရးဆြဲခိုင္းခဲ့တာ ဘယ္လိုလဲ ကေလးႀကိဳက္လားဟင္"

"ပတ္ခ္ဂ်ီမင္ရွီ ကြၽန္မကိုအဲ့ေလာက္ေတာင္ႀကိဳက္တာလား"

"ကေလး ထင္ထားတာထက္အမ်ားႀကီးပိုတယ္... ၿပီးေတာ့ဒီcondoက ကေလးအပိုင္ျဖစ္သြားၿပီ ကိုယ္နဲ႕ကေလးလက္မထပ္ရေသးခင္အထိကေလးဒီမွာပဲေနရမယ္ ဒီႏွစ္ေက်ာင္းၿပီးလို႔လက္ထပ္ၿပီးရင္ေတာ့ကိုယ္တို႔ႏွစ္ေယာက္ရဲ႕သီးသန့္အိမ္ေလးမွာေနၾကမယ္
ကေလးသေဘာတူရဲ႕လား"

"အားလုံးကၿပီးျပည့္စုံေနတာပဲကြၽန္မမွာဘာမွေျပာစရာမရွိေတာ့ပါဘူး"

"ကေလးကိုယ့္ကိုျပန္လုပ္ေပးရမွာတစ္ခုပဲ
... ကိုယ့္အတြက္ဇနီးေကာင္းတစ္ေယာက္ျဖစ္ေပးပါ ကေလးဘယ္အရာအတြက္နဲ႕မွစိတ္မဆင္းရဲေစရဘူးလို႔ကိုယ္ကတိေပးတယ္"

သူမလက္ႏွစ္ဖက္ကိုတယုတယကိုင္ၿပီးေျပာလာတဲ့သူ႕လက္တစ္စုံကလည္းႏူးညံ့ေနခဲ့သည္။

တျဖည္းျဖည္းနီးကပ္လာတဲ့သူရဲ႕ႏႈတ္ခမ္းတစ္စုံဟာသူမႏႈတ္ခမ္းေတြကိုဦးတည္ေနခဲ့သည္...။ ႏြေးေထြးသြားတဲ့ႏႈတ္ခမ္းပါးတစ္ခုနဲ႕အတူမွိတ္က်သြားေသာသူမရဲ႕မ်က္ဝန္းတစ္စုံကႏႈတ္ခမ္းဖူးဖူးတစ္ခုေၾကာင့္~
ေဂ်ာင္းကုမဟုတ္တဲ့ထိုအနမ္းေတြကိုတုန့္ျပန္ဖို႔အတြက္သူမတြန့္ဆုတ္ေနခဲ့သည္...၊
ရင္ထဲကတဆစ္ဆစ္နာက်င္မႈမ်ားႏွင့္အတူဝဲတက္လာေသာမ်က္ရည္စမ်ားကိုတင္းခံလွ်က္သူ႕ေမရိုးတစ္ေလွ်ာက္ကိုျပန္ထိန္းကိုင္ကာတုန့္ျပန္အနမ္းေတြနဲ႕ျပန္အစျပဳလိုက္သည္ ။
ထိုအနမ္းေတြထဲမွာသူလိုခ်င္တဲ့အခ်စ္ေတာ့မပါေပ...။

--------------

"အစ္မကြၽန္ေတာ့္ကိုတစ္ခုေလာက္ကူညီေပးနိုင္မလား"

"ေျပာေလ အစ္မကူညီနိုင္ရင္ကူညီေပးပါ့မယ္"

သူနဲ႕ရင္းႏွီးေနၿပီျဖစ္တဲ့nurseကိုသူတစ္ခုေတာင္းဆိုလိုက္သည္။

"ဟိုေလ ကြၽန္ေတာ့္ကိုဆြယ္တာထိုးနည္းေလးသင္ေပးပါလား...၊ေဆာင္းဝင္ခါနီးၿပီဆိုေတာ့ ကြၽန္ေတာ့္ေကာင္မေလးအတြက္လုပ္ေပးခ်င္လို႔ပါ ေဆာင္းဦးဆိုအဆင္ေျပေပမယ့္ေဆာင္းရာသီဆိုသူမကအရမ္းအေအးမိတတ္တာ ႏွစ္ကုန္ကစာေမးပြဲအခ်ိန္ဆိုေတာ့သူမကိုေနမေကာင္းမျဖစ္ေစခ်င္ဘူး"

"ေၾသာ္ ရတာေပါ့ကြယ္ အစ္မသင္ေပးမယ္ေနာ္"

"ေက်းဇူးတင္ပါတယ္ခင္ဗ်"

"ေမာင္ေလးရဲ႕ေကာင္မေလးကေတာ့ေလ အရမ္းကိုကံေကာင္းတာပဲေမာင္ေလးလိုအစစအရာရာဂ႐ုစိုက္တတ္တဲ့ေကာင္ေလးမ်ိဳးရထားတာ အစ္မရည္းစားဆိုေလအစ္မအတြက္လက္ေဆာင္ေလးတစ္ခုေတာင္ဝယ္ေပးဖူးတာမဟုတ္ဘူး"

အဟင္း....သူလည္းကြၽန္ေတာ့္ကိုအဲ့လိုျမင္ေပးနိုင္ရင္ေကာင္းမယ္...။

"ကြၽန္ေတာ္ကသူ႕ကို ကြၽန္ေတာ့္အသက္ထက္ပိုခ်စ္တယ္"

သူမလည္းကြၽန္ေတာ့္လိုပဲမလားဟင္...?

*****

"ကေလး ကိုယ္ကေတာ့ေလ Weddingကိုဆိုးလ္မွာအခမ္းနားဆုံးျဖစ္ေအာင္လုပ္မွာ"

မ်က္လုံးေလးႏွစ္ဖက္ပိတ္သည္အထိသေဘာက်စြာေျပာေနတဲ့သူမရဲ႕ခင္ပြန္းေလာင္း...၊
အဲ့အခ်ိန္...ေဂ်ာင္းကုကဘယ္လိုမ်ိဳးျဖစ္ေနမွာလဲ...?

"ကေလး ကိုယ့္ေမေမကေလ ကေလးရဲ႕ပန္းခ်ီကားပုံကိုျမင္ကတည္းက ကေလးကိုအရမ္းခ်စ္ေနတာ ဘယ္ေတာ့အိမ္ေခၚလာမွာလဲပဲလုပ္ေနတာ ကေလးေနာက္အားရင္ကိုယ္တို႔ႏွစ္ေယာက္ေမေမ့ကိုသြားေတြ႕ရေအာင္ေနာ္"

"ဟုတ္ကဲ့ ပတ္ဂ်ီမင္ရွီအဆင္ေျပတဲ့အတိုင္းလုပ္ပါ နာအြန္းကဘယ္အခ်ိန္ျဖစ္ျဖစ္အဆင္ေျပတာမို႔လို႔"

'အခုထိသူ႕ကိုပတ္ခ္ဂ်ီမင္ရွီလို႔ေခၚေနတာကိုသူမႀကိဳက္ဘူး ကိုယ္နဲ႕ရွိေနတဲ့အခ်ိန္တစ္စုံတစ္ခုကိုလြမ္းဆြတ္ေနသလိုျဖစ္ေနတဲ့သူမရဲ႕ပုံစံကိုလည္း တကယ္မႀကိဳက္ဘူး...။
ကေလးခ်စ္သူအေၾကာင္းေတြးေနတာေတြကေလးရဲ႕မ်က္လုံးေတြထဲမွာအတိုင္းသားေပၚလြင္ေနတယ္ တျဖည္းျဖည္းနဲ႕ကေလးသူ႕ကိုေမ့ေပ်ာက္လာနိုင္ေအာင္ကိုယ္လုပ္ေပးမွာပါ အရာအားလုံးေျပာင္းလဲသြားၿပီးမင္းဘဝထဲမွာကိုယ့္တစ္ေယာက္တည္းကိုပဲခ်စ္ေနေအာင္ကိုယ္လုပ္ေပးမယ္
ကေလးကိုယ့္ကို သေဘာက်လာမွာပါ...'

-------------
13.9.2022

ဒါဒါေလးေတြကခ်စ္ဖို႔ေကာင္းလို႔သာသာအေစာႀကီးupေပးလိုက္တယ္ေနာ္။ficနဲ႕ပတ္သက္ၿပီးနားမလည္ရင္ေမးလို႔ရပါတယ္ရွင့္။

Continue Reading

You'll Also Like

173K 4.9K 67
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
184K 6.6K 94
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
442K 30.2K 45
โ™ฎIdol au โ™ฎ"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
256K 16.6K 21
"you might not be my lover, but you still belong to me" "crazy, you don't even love me but you want to claim me as yours? have you lost your mind jeo...