သက္ကရာဇ်တစ်ခု၏ ချိုမြိန်သောရက...

By elisa_khin

56.1K 3.1K 79

If you fall in love with a person with different personalities or he shows you dark side or something... More

1.
2.
3.
4.
5.
6.
7.
8.
9.
10.
11.
12.
13.
14.
15.
One shot
16.
17.
18.
19.
20.
22.
23.
24.
25.
26.
27.
28.
29.(Ending)
Charactersရှင်းလင်းခြင်း
New fic ✨
စျေးဗန်း 🙆

21.

921 58 0
By elisa_khin


သက္ကရာဇ်.. အိမ်က အရှုပ်ထုပ်ကောင် ဥာဏ့်ကို ခနဲ့ပြီး တည်တံ့မောင်ရှိရာသို့ထွက်လာခဲ့သည် ။

ထို့နောက် ဆေးရုံသို့သွားရန် busပေါ်၌ထိုင်ကာ ဥာဏ့်အကြောင်းစဥ်းစားမိပြီး သက္ကရာဇ်မျက်နှာထက်၌ မဲ့ပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည် ။
ဒီ ဥာဏ်ဆိုတဲ့ကောင်က တကယ့်ငကြောင်ကောင်...သူ့ကိုများ ရာရာစစ အမိန့်လာပေးနေသေးတယ်...
သက္ကရာနဲ့ သက္ကရာဇ်ဆိုတာ တစ်ယောက်ထဲဆိုတာ မသိတာလဲ မဟုတ်ဘူး...တကယ်ဆို ဒီ ခန္ဓာကိုယ်က သက္ကရာဇ်ရဲ့အပိုင်ဖြစ်ပြီး သက္ကရာဆိုတာ သက္ကရာဇ်ကို မှီခိုပြီးနေရတဲ့ ကပ်ပါးကောင်သာသာလဲဖြစ်နိုင်တာပဲ...

*ဟုတ်တယ် သက္ကရာဆိုတာ သက္ကရာဇ်ရဲ့ ကပ်ပါးကောင်သာသာပဲ*

"*****မှတ်တိုင်သို့ မကြာခင်ရောက်တော့မည်ဖြစ်သောကြောင့် ဆင်းမည့်သူများ ကြိုတင်ပြင်ဆင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်ရှင် *

မှတ်တိုင်ရောက်တော့မည်ဖြစ်ကြောင်း intercomကအသံကြားမှ သက္ကရာဇ် တွေးလက်စအတွေးများကို ရပ်တန့်၍ ကားပေါ်မှ ဆင်းရန်ပြင်ရသည် ။

တည်တံ့မောင်တို့ဆေးရုံရှေ့ရောက်တော့ ဆေးရုံအဝ၌ ဂျူတီကုတ်အဖြူရောင်များဝတ်ကာ လူနာများ လူနာရှင်များနှင့် ဖက်လဲတကင်းနှုတ်ဆက်နေကြသော အပြုံးချိုချိုနှင့် ဆရာဝန်များကို တွေ့ရလေသည် ။

ထိုလူအုပ်ကြား၌ မိမိ၏ချစ်ရသူ တည်တံ့မောင်ကိုလိုက်ရှာကြည့်သော်လည်းမတွေ့ရပေ ။
သက္ကရာဇ်က အခုမှ တည်တံ့မောင်ဆေးရုံကိုရောက်ဖူးသောကြောင့် ဟိုကြည့်ဒီကြည့်နှင့် အူကြောင်ကြောင်ဖြစ်နေကာ တည်တံ့မောင်ကို မျက်စိဝေ့ဝဲ၍ လိုက်ရှာနေမိသည် ။

"ဒီမှာ ခဏဗျ ဒေါက်တာ တည်တံ့မောင်ကို ဘယ်မှာရှာလို့ရလဲသိလား ''

"ဘယ်သိမလဲ reception မှာသွားမေးပါလား လူကအရေးကြီးနေရတဲ့အထဲ ဘာတွေလာမေးမှန်းမသိဘူး ''

အနီးနားသို့ ရေကြီးသုတ်ပြာနှင့်လျှောက်လာသော လူတစ်ယောက်၏ လက်မောင်းအားလှမ်းဆွဲကာ သက္ကရာဇ် မေးမိတော့ ဘုနဲ့ဘောက်အဖြေသာပြန်ရသည် ။
သက္ကရာဇ် အနည်းငယ်စိတ်တိုသွားပြီ မျက်ခုံးများကိုတွန့်ချိုးပစ်၍ ပြန်ပြောမည်ပြင်တုန်း ထိုလူမှာ ဘယ်အချိန်ထဲက ထွက်သွားမှန်းပင်မသိလိုက် နေရာ၌ မရှိတော့သောကြောင့် သက္ကရာဇ် စိတ်လျှော့လိုက်သည် ။
ဒီနေရာမှာ ရန်ဖြစ်မိရင် သူ့အချစ်အတွက် မျက်နှာပျက်စရာဖြစ်မှာစိုးလို့ စိတ်လျှော့လိုက်တာ...မဟုတ်ရင် သူ့ဒေါသနဲ့ဆို ခုနအချိုးမပြေဖြေသွားတဲ့လူကို ရေဆုံးမြေဆုံးလိုက်ပြီး ပညာပေးမိမှာ....

ထို့နောက် သက္ကရာဇ်လဲ ထိုလူပြောခဲ့တဲ့ reception သို့သွားကာ မေးမြန်းစုံစမ်းရတော့သည် ။

"ဒီမှာ ဒေါက်တာတည်တံ့မောင် အခန်းက ဘယ်မှာလဲ သိလား ''

တည်တံ့မောင်ပြောတော့ reception ကကောင်မလေးက မျက်လုံးလှန်ကြည့်လာသည် ။

"Appointmentသက်သက် ယူထားတာရှိလား ဒေါက်တာရဲ့ မနက်ပိုင်း လူနာကြည့်ချိန်ကပြီးသွားပြီမို့လို့ ''

သက္ကရာဇ် အလိုမကျဟန် မျက်ခုံးများကို ပို၍ စုကျုံ့မိသည် ။
ဒီအရှေ့က မိန်းကလေးက ဘာတွေပြောနေမှန်းမသိပေမယ့် သူအခု သူ့အချစ်ကိုအရမ်းတွေ့ချင်နေပြီ ။

"ဒီမှာ ဒေါက်တာတည်တံ့မောင်ရဲ့အခန်း ဘယ်မှာလဲဆိုတာသာပြောစမ်းပါ ''

"ဆေးရုံလာပြတာဆို ဒီမှာformဖြည့်ပေးပါ ''

သက္ကရာဇ်ကလဲ သူပြောချင်တာပြော ထိုမိန်းကလေးကလဲ သူပြောချင်တာပြောနေသောကြောင့် သက္ကရာဇ် စိတ်ရှုပ်လာကာ ခေါင်းကိုဆွဲကုတ်လိုက်သည် ။

"ဒီမှာ ဒေါက်တာတည်တံ့မောင်ကို နေ့လည်စာလာပို့တာမို့လို့ သူ့အခန်းကိုသာ မြန်မြန်ပြောစမ်းပါဗျာ ခင်ဗျားက စကားကိုရှည်တယ် ''

သက္ကရာဇ်က လက်ထဲမှာပါလာတဲ့ သုံးဆင့်ချိုင့်ကိုမြှောက်ပြပြီးပြောတော့ ထိုကောင်မလေးက သက္ကရာဇ်ကို ခြေဆုံးခေါင်းဆုံးကြည့်ကာ အကဲခတ်ပြီးနောက်

"ဒီလမ်းအတိုင်းဝင်သွား အစွန်းဆုံးရောက်ရင် ဘယ်ချိုးလိုက် ပထမဆုံးတွေ့ရတဲ့အခန်းက ဒေါက်တာ တည်တံ့မောင်အခန်းပဲ ''

ထိုကောင်မလေးစကားဆုံးဆုံးချင်း သက္ကရာဇ် လှည့်ထွက်လာခဲ့သည် ။
လူကိုများ မယုံသင်္ကာနဲ့ အကဲခတ်နေတဲ့ရုပ်ကို ကြာကြာကြည့်မိရင် လူသတ်ချင်စိတ်ပေါ်လာမှာမို့လို့ သက္ကရာဇ် မြန်မြန်လှည့်ထွက်ခဲ့ခြင်းဖြစ်သည် ။

သူ့အချစ်ရဲ့လုပ်ငန်းခွင်မှာ သူ့ကြောင့် သူ့အချစ် မျက်နှာပျက်ရတာမျိုးမဖြစ်စေချင်လို့သာ ဒီနေ့တစ်နေကုန် သက္ကရာဇ် စိတ်လျှော့ထားခြင်းသာဖြစ်သည် ။
တကယ်ဆို သူက ဘာမှ မသင်္ကာတဲ့ပုံစံလဲပေါက်မနေပါဘူး ။
မိုးပြာရောင်ရှပ်လက်ရှည်နဲ့ ဘီရိုထဲမှာသိမ်းထားတဲ့ ဥာဏ့်ရဲ့ ပုဆိုးအသစ်တွေထဲက တစ်ထည်ကို ပါကင်ဖောက်ပြီး ဝတ်ချလာတာပဲကို.....

သက္ကရာဇ် သူ့ကိုသူတစ်ချက်ကြည့်ကာ တည့်တံ့မောင်အခန်းဟုဆိုသော နေရာသို့ လျှောက်လာခဲ့သည် ။

သက္ကရာဇ်က တံခါးခေါက်တတ်တဲ့အလေ့အကျင့်မရှိဘူး ။
တည်တံ့မောင်ကလဲ သက္ကရာဇ်ကိုဆိုရင် သူ့အိမ်ကအစ ဆေးခန်းအဆုံး တံခါးမရှိ ဓားမရှိ စိတ်ကြိုက်ဝင်ထွက်ခွင့်ပေးထားသော​ကြောင့် သက္ကရာဇ်က အခုလဲ တည်တံ့မောင်ရဲ့အခန်းကို တံခါးမခေါက်ဘဲ ဖွင့်ကာ ဝင်လိုက်မိသည် ။

တံခါးဖွင့်ဖွင့်ချင်း မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် သက္ကရာဇ် တစ်ကိုယ်လုံးတုန်ယင်ကာ မေးကြောများထောင်ထသည်အထိ ဒေါသများထိန်းမရဘဲ ထွက်လာတော့သည် ။
သူ့အချစ်က သူဝင်လာတာကိုတောင်မမြင်ဘဲ မိန်းမတစ်ယောက်နဲ့ မိုးမမြင်လေမမြင် ပြုံးရယ်ပြီးဖက်နေတာတဲ့လေ...ဒါဘယ်လိုအနေအထားမျိုးလဲ...သက္ကရာဇ် သူ့အရှေ့က မြင်ကွင်းကိုကြည့်ပြီး ရူးချင်လာမိသည် ။

"အဲ့ဒါ ဘာလုပ်နေကြတာလဲ !!!!!! "

သက္ကရာဇ်အော်သံက အခန်းအတွင်း ဟိန်းထွက်သွားသောကြောင့် တည်တံ့မောင်က အလန့်တကြားဖြင့် သက္ကရာဇ်ရှိရာ အခန်းဝသို့ကြည့်လာသည် ။
ထိုအခါမှ တည်တံ့မောင်က သက္ကရာဇ်ကိုမြင်သွားကာ အံသြဟန်ဖြင့်

"ဟင်....မောင်...ဘယ်ကနေ ဘယ်လို.... ''

"ဟေ့ မောင် မလုပ်နဲ့!!!!! အာ့!!! "

တည်တံ့မောင်စကားမဆုံးခင် အလင်းထက်မြန်ဆန်လွန်းလှသော အဖြစ်အပျက်များ ဖြစ်ပျက်သွားလေသည် ။
တည်တံ့မောင်၏ ခေါင်း၌ သွေးများဖြာကျနေပြီး တည်တံ့မောင်က ခေါင်းကိုလက်တဖက်ဖြင့်အုပ်ကိုင်ကာ နာကျင်နေဟန်ရှိသည် ။
ဘေး၌တော့ ပိန်ချိုင့်နေသော စတီးချိုင့်နှင့် ပြန့်ကြဲသွားသော ဟင်းများကို ကြမ်းပြင်ပေါ်၌ တွေ့ရသည် ။

သက္ကရာဇ် တည်တံ့မောင်ကို ကြည့်လိုက် တည်တံ့မောင်ဘေးက အမျိုးသမီးကိုကြည့်လိုက်နှင့် ကြောင်,အနေသည် ။
တကယ်ဆို သူရောက်နေတာတောင် တည်တံ့မောင်လက်ကိုမလွှတ်ဘဲ ဆက်ကိုင်ထားသော အမျိုးသမီးကို ဒေါသထွက်လာသောကြောင့် ထမင်းချိုင့်နဲ့ ကောက်ရိုက်လိုက်တာလေ...။
အဲ့ဒါကို ဘယ်ကနေဘယ်လို သူ့အချစ်ရဲ့ ခေါင်းကနေ သွေးတွေကျနေရတာလဲ ။
ဒါဆို အဲ့ဒီ့မိန်းမအစား သူ့အချစ်က ဝင်ခံပြီး အဲ့ဒီမိန်းမကို ကာကွယ်ပေးလိုက်တာပေါ့....

တည်တံ့မောင်ရင်ဘက်ထဲ၌ တဆစ်ဆစ်ကိုက်ခဲလာရသည် ။
သူ့အချစ်ကိုနာကျင်အောင်လုပ်မိတဲ့သူ့လက်ကို ရိုက်ချိုးချင်သည် ။
သူ့အချစ်က မိန်းမတစ်ယောက်ကို ကာကွယ်ပေးနေတဲ့ ပုံကိုမြင်နေရတဲ့ သူ့မျက်လုံးအစုံကို ထိုးဖောက်ပစ်ချင်လာသည် ။

"ဟဲ့ တည်တံ့ နင်အဆင်ပြေရဲ့လား!  ဒီမှာ မင်း ဘယ်လိုလူလဲ လုံခြုံရေးတွေကိုမခေါ်ခင် အခုထွက်သွားစမ်း!!! "

"ရတယ် ဒီဒီ သူက ငါ့အသိပါ ''

"ဟမ်!!! "

အံ့သြနေတဲ့ ဒီဒီ့ကို မရှင်းပြနိုင်သေးဘဲ မိမိတို့အား မျက်ခမ်းစပ်များနီရဲသည်အထိ စိုက်ကြည့်နေသော သက္ကရာဇ်၏ မျက်ဝန်းအစုံကိုသာ တည်တံ့မောင် ငေးစိုက်ကြည့်နေမိသည် ။

ဘာမှဆက်မပြောဘဲ မိမိကိုသာကြည့်နေသော သက္ကရာဇ်၏ မျက်ဝန်းညိုညိုထဲ၌ ကြေကွဲရိပ်များထင်ဟပ်နေသောကြောင့် တည်တံ့မောင် စိတ်ပူလာရသည် ။

"မောင် ကိုယ်တို့ပြန်ရအောင်နော် ကိုယ်နားချင်နေပြီ ကိုယ့်ကို ဒီက ခေါ်ထုတ်ပေးသွားမယ်မလား ''

တည်တံ့မောင် သက္ကရာဇ်ကို သိုင်းဖက်ပစ်လိုက်သည် ။
ထို့နောက် လှုပ်ရှားနေသော သက္ကရာဇ်၏ မျက်ဝန်းညိုလေးထဲသို့စိုက်ကြည့်ကာ လေသံအေးအေးလေးဖြင့်ပြောလိုက်တော့ သက္ကရာဇ် မျက်ဝန်းထဲ၌ အရောင်တစ်ချို့ဖြတ်ပြေးသွားလေသည် ။

"နော်! ကိုယ်ဒီမှာမနေချင်တော့လို့ မောင်က ခေါ်သွားပေးပါ ''

"ဟဲ့ တည်တံ့ ခေါင်းပေါက်သွားတာ ဆေးထည့်ရဦးမယ်လေ!!!!! "

အနောက်က ဒီဒီ့ရဲ့အော်သံကိုလျစ်လျူရှုကာ လက်ဖဝါးအကြီးကြီးတစ်ခုရဲ့ ဆွဲခေါ်ရာနောက်သို့ တည်တံ့မောင် ကျေကျေနပ်နပ်လိုက်ပါလာခဲ့သည် ။
.
.
.
.
.
.
.
.
ကားပါကင်သို့ရောက်ရောက်ချင်း တည်တံ့မောင်က driver seat၌ထိုင်ကာ safety beltပင် မပတ်ရသေးခင်၌ မိမိပါးနှစ်ဖက်အား လက်ဖဝါးနှစ်ခုက တင်းတင်းကြပ်ကြပ်အုပ်ကိုင်ကာ နှုတ်ခမ်းပေါ်သို့ကျရောက်လာသော ပြင်းရှရှအနမ်းများကြောင့် တည်တံ့မောင် ရုတ်တရက်လန့်သွားမိသည် ။

အနည်းငယ်မွန်းကြပ်လာသောကြောင့် ကြမ်းတမ်းသောအနမ်းများအောက်မှ ရုန်းမိတော့ ပါးနှစ်ဖက်၌ ပို၍ နာကျင်လာကာ ပို၍ သိပ်သည်းလာသော အနမ်းများကြောင့် တည်တံ့မောင် ငြိမ်နေလိုက်ရတော့သည် ။
ထို့နောက် သက္ကရာဇ်၏ အနမ်းကြမ်းများနောက်သို့ အမှီလိုက်ကာ ခပ်ကြမ်းကြမ်းအနမ်းများဖြင့် ပြန်လည်တုန့်ပြန်လ်ိုက်သည် ။
အချိန်ဘယ်လောက်ကြာသွားသည်မသိ အသက်ရှုရန် အောက်ဆီဂျင်လိုလာသောအခါ၌ သက္ကရာဇ်၏ရင်ဘက်အား အနည်းငယ်တွန်း၍ လွှတ်ပေးရန် တောင်းဆိုသော်လည်း မလွှတ်ပေးသည့်အပြင် ပို၍ ပို၍ပင် တိုးကာ အမဲဖြတ်သလိုနမ်းရှိုက်နေသော သက္ကရာဇ်ကြောင့် တည်တံ့မောင် အသံရှုကြပ်ကာ မျက်ရည်များပင် ဝဲတက်လာသည် ။

"အာ့!!! "

ပါးစပ်အတွင်း၌ ငံကျိကျိအရည်များရောက်လာကာ ​အောက်နှုတ်ခမ်း၌ စပ်ဖြင်းဖြင်းဖြစ်သွားသောကြောင့် နှုတ်ခမ်းတစ်ခုလုံး စုတ်ပြတ်သတ်နေပြီမှန်းသိလိုက်သည် ။
တည်တံ့မောင်က အသက်ရှုကြပ်၍ အနမ်းများကို ပြန်လည်မတုန့်ပြန်တော့မှ သက္ကရာဇ်က တည်တံ့မောင်၏ အောက်နှုတ်ခမ်းအား အားဖြင့်တမင်ကိုက်ချကာ လွှတ်ပေးလေသည် ။

ထိုအခါမှ တည်တံ့မောင်မှာ ကုန်းပေါ်ရောက်နေသော ငါးလေးလို လေကို အငမ်းမရရှုရှိုက်ရတော့သည် ။
အသက်ရှုအနည်းငယ်ဝမှ ဘေးဘက်သို့လှည့်ကြည့်တော့ မိမိအားမကြည့်ဘဲ အပြင်ဘက်သို့သာ မျက်နှာလှည့်ထားသော သက္ကရာဇ်ကြောင့် တည်တံ့မောင်လဲဘာမှမပြောတော့ဘဲ သက်ပြင်းဖွဖွသာချ၍ ကားကိုမောင်းထွက်ခဲ့လိုက်သည် ။

***************************************************

တည်တံ့မောင်ကားရပ်ရပ်ချင်း ကားပေါ်ကဆင်းကာ ထွက်သွားရန်ပြင်နေသော သက္ကရာဇ်ကြောင့် တည်တံ့မောင်လဲ ကားပေါ်ကအမြန်ဆင်းပြီး သက္ကရာဇ် လက်ကိုလှမ်းဆွဲထားလိုက်ရသည် ။
ခေါင်းကဒဏ်ရာက သွေးတိတ်သွားပြီဆိုပေမယ့် လှုပ်လှုပ်ရှားရှားလုပ်မိသောကြောင့် အခုမှ ခေါင်းမူးလာ၍ တည်တံ့မောင် လက်တစ်ဖက်ဖြင့်လဲ ခေါင်းကိုဖိကိုင်ထားရသည် ။

"ဒါကဘယ်လဲ မောင်! "

"ပြန်တော့မယ် ''

တည်တံ့မောင်ကိုမကြည့်ဘဲ အသက်မပါသူလိုပြောလာသော သက္ကရာဇ်ကြောင့် တည်တံ့မောင် သက်ပြင်းထပ်ချမိသည် ။

"ကိုယ် ခေါင်းအရမ်းမူးနေတယ် ကိုယ့်ကိုအခန်းထဲလိုက်ပို့ပေးလို့ရမလား ''

ဒီလိုလမ်းမကြီးပေါ်မှာ ပြဿနာမရှင်းချင်သောကြောင့် တည်တံ့မောင် မရ,ရတဲ့နည်းနှင့် သက္ကရာဇ်ကို ခေါ်ကြည့်လိုက်သည် ။
ဒီလိုမှမဟုတ်ရင် သက္ကရာဇ်က သူ့ကိုရှောင်နေဦးမှာ ပြီးတော့ ပြဿနာတစ်ခုက မဖြေရှင်းပဲထားရင် တစ်စထက်တစ်စ မီးပွားကပိုကြီးလာဖို့ပဲရှိသည် ။

သက္ကရာဇ်က တစ်ချက်စဥ်းစားဟန်ပြုပြီးမှ မိမိလက်ကိုဆုပ်ကိုင်၍ အခန်းရှိရာသို့ ဦးဆောင်၍ တက်သွားသောကြောင့် အနောက်မှနေ၍ တည်တံ့မောင်ပြုံးလိုက်မိသည် ။
သက္ကရာဇ်က သူ့ကို ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် လက်တွဲမဖြုတ်ခဲ့ဘူး...
.
.
.
.
.
.
.
"ပြန်တော့မယ် ''

အိမ်ထဲသို့ရောက်ရောက်ချင်း ပြန်ထွက်ရန်ထပ်ပြင်နေသော သက္ကရာဇ်ကြောင့် တည်တံ့မောင် တကယ်ပင်စိတ်တိုလာရသည် ။

"ဒီကနေ အပြင်ဘက်ကို ခြေတလှမ်းလှမ်းရင် နောက်နေ့ မင်း ကိုယ့်ကို လာတွေ့စရာမလိုတော့ဘူး ''

"တည်တံ့မောင်!!!!!! ခင်ဗျား!!!!! "

မိမိစကားကြောင့် ဒေါသတကြီးဖြင့် မိမိဘက်ကိုလှည့်လာသော သက္ကရာဇ်ကြောင့် တည့်တံ့မောင် ပြုံးလိုက်မိသည် ။
သို့သော် သက္ကရာဇ်၏ နီရဲနေသော မျက်ခမ်းစပ်နှင့် ဖိကိုက်ထားသောကြောင့် ပေါက်ထွက်၍ သွေးစများပေကြံနေသော နှုတ်ခမ်းတစ်စုံကိုမြင်မိပြီးနောက်တော့ တည်တံ့မောင် နောင်တရမိသွားသည် ။

"ကိုယ်အကုန်ရှင်းပြပါ့မယ် ခဏလေးနားထောင်ပေးပါလား ''

"ကျွန်တော် အိမ်ပြန်ချင်နေပြီမို့လို့ ပြန်ခွင့်ပြုပါ ''

ကိုယ်ကရှင်းပြမယ်လုပ်လိုက် သူကငြင်းလိုက်နှင့်လုပ်နေသော သက္ကရာဇ်ကြောင့် တည်တံ့မောင် ခေါင်းမူးနေသည့်ကြားက အားလျော့လာရသည် ။

"အေး ပြန်! ပြန်တော့! ကိုယ့်ဆီ တသက်လုံးပြန်လာစရာမလိုတော့ဘူး ပြဿနာကို မဖြေရှင်းဘဲ ရှောင်ပြေးချင်နေတဲ့မင်းနဲ့ ကိုယ်ဘယ်လိုလုပ် ရှေ့ဆက်ရတော့မှာလဲ
ကိုယ်အခုခေါင်းအရမ်းမူးနေတာတောင် မင်းစိတ်ဆိုး စိတ်အားငယ်နေမှာစိုးလို့ အားတင်းပြီး ကြိုးစားရှင်းပြမလို့ကို မင်းကဘာလို့ ဒီလောက်တောင် ခါးခါးသီးသီးဖြစ်နေမှန်း ကိုယ်နားကိုမလည်တော့ဘူး
ဒီလိုတစ်ယောက်နဲ့တစ်ယောက်နားလည်မပေးနိုင်မှတော့ အကိုတို့ ဒီနေရာပဲ ရပ်လိုက်ကြတာအကောင်းဆုံးဖြစ်မယ်ထင်တယ် ''

တည့်တံ့မောင် အခုချိန်၌ စိတ်အရမ်းရှုပ်ကာ တဖြေးဖြေးမူးနောက်လာသောခေါင်းကြောင့် စိတ်လိုက်မာန်ပါပြောဆိုမိလိုက်ခြင်းသာ ။

သို့သော် ပြန်ရလိုက်သည့်အကျိုးဆက်က ဒူးထောက်၍ ခေါင်းငုံ့ထားသော သက္ကရာဇ်ပင် ။

"အချစ်.... မောင် တောင်းပန်ပါတယ်နော် မောင့်ကို မစွန့်ပစ်လိုက်ပါနဲ့ အချစ်စွန့်ပစ်လိုက်ရင် မောင်ပျောက်ကွယ်သွားရလိမ့်မယ် မောင် တောင်းပန်ပါတယ်နော်
အခုကစပြီး အချစ်စိတ်ကြိုက်နေပါ မောင်က အကုန်လုံးကိုနားလည်ပေးမှာမို့ မောင့်ကို မစွန့်ပစ်လိုက်ပါနဲ့နော် မောင် အချစ်မရှိရင် ပျောက်ကွယ်သွားလိမ့်မယ် ''

"ဟေ့ မောင်! မောင်! ကိုယ့်ကိုကြည့်စမ်း ကိုယ်ရှိတယ်လေနော် ကိုယ့်ကိုသေချာကြည့်စမ်းပါ မောင့်အရှေ့မှာ ကိုယ်ရှိနေတယ်လေ ''

ကစဥ့်ကလျားဖြစ်နေသောမျက်လုံးများဖြင့် ကြောက်ရွံနေသော သက္ကရာဇ်ကြောင့် တည်တံ့မောင် ကိုယ့်ကိုယ်ကိုယ်သာ ကျိန်ဆဲလိုက်သည် ။
သက္ကရာဇ်ကို selective mutismဖြစ်ခဲ့မှန်းမေ့သွားပြီး သာမာန်လူတစ်ယောက်လိုမြင်လိုက်မိတာ တည်တံ့မောင်အမှားပေ ။
ဒီကလေးကို စိတ်လုံခြုံမှုပေးရမယ့်အစား ဒဏ်ရာတွေပေးမိနေတာပဲ ။

"မောင်! ကိုယ်တောင်းပန်ပါတယ်နော် ကိုယ့်ကိုကြည့်ပါဦး ကိုယ်မှားသွားပါတယ် မောင့်ကိုဘယ်တော့မှ မစွန့်ပစ်ဘူးနော် ကိုယ်ကမောင့်အနားမှာအမြဲရှိနေမှာလေ နော်! "

သက္ကရာဇ်၏ ပါးလေးနှစ်ဖက်အား လက်ဝါးဖြင့်အုပ်ကိုင်ကာ သက္ကရာဇ်နှင့် မျက်လုံးချင်းဆုံအောင် တည်တံ့မောင် လိုက်ကြည့်လိုက်သည် ။

မျက်ရည်မကျလာဘဲ နီရဲနေသောမျက်ခန်းစပ်များဖြင့်သာ တည်တံ့မောင်ကိုကြည့်လာသော မျက်ဝန်းညိုညိုများကြောင့် တည်တံ့မောင် ဘာမှမစဥ်းစားနေတော့ဘဲ သက္ကရာဇ်၏ နှုတ်ခမ်းလွှာလေးအား ခပ်ဖွဖွ ဖိကပ်နမ်းလိုက်သည် ။
စက္ကန့်အနည်းငယ်ကြာမျှ ထိရုံသာထိကပ်၍ နမ်းကာ နှုတ်ခမ်းလွှာချင်း ပြန်ခွာလိုက်ကာ သက္ကရာဇ်ကိုစိုက်ကြည့်မိတော့ ကြည်လဲ့နေသော ရေအိုင်ငယ်လေးအား သက္ကရာဇ်၏ မျက်ဝန်းညိုညိုထဲ၌ တွေ့လိုက်ရသည် ။

"အချစ်... ''

"အင်း ကိုယ်ရှိတယ်နော် ''

"တကယ် မောင့်အနားမှာနေမှာလားဟင် မောင့်ကို မစွန့်ပစ်ဘူးမလား ''

တည်တံ့မောင်ကို မျက်ဝန်းညိုညိုလေးများဖြင့် တမေ့တမော မော့ကြည့်ကာ မေးလာသော သက္ကရာဇ်ကြောင့် တည်တံ့မောင် နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြလိုက်သည် ။

"စွန့်ပစ်စရာလားကွာ ကိုယ့်ရဲ့အသက်ကမောင်ပဲဟာကို ကိုယ်က ကိုယ့်အသက်ကိုယ် စွန့်ပစ်ရလောက်အောင် အရူးမှမဟုတ်ဘဲ ''

"မောင်ပျောက်ကွယ်သွားပြီး အချစ်နဲ့မတွေ့ရတော့မှာအရမ်းကြောက်တာပဲ ''

ထို့နောက် တည်တံ့မောင်၏ ခါးထက်၌ တင်းတင်းကြပ်ကြပ်ရစ်ပတ်လာသော လက်တစုံနှင့် ရင်ခွင်ထဲသို့တိုးဝင်လာသော ခေါင်းလုံးလုံးလေးအား တည်တံ့မောင် ဖွဖွပွတ်သပ်ပေးမိလိုက်သည် ။

"မောင် မြင်ခဲ့တာက ကိုယ့်သူငယ်ချင်းလေ...ဆေးရုံမှာအလုပ်ရအောင် သူပဲကူညီပေးတာ ပြီးတော့ ဖက်ထားတယ်ဆိုတာက နှစ်သိမ့်ပေးတဲ့သဘောပါ သူနဲ့က ကျောင်းတက်ထဲက ခင်ခဲ့ကြတာ သူက ကိုယ့်အပေါ်အရမ်းကောင်းတဲ့သူငယ်ချင်းပါ....ကိုယ်တို့ရှေ့ရေးအဆင်ပြေအောင် သူက ကူညီပေးထားတာကို မောင်ကအမှားလုပ်မိမှာစိုးလို့ သူ့အစား ကိုယ်ကဝင်ခံပေးမိတာပါ တခြား ဘာစိတ်မှမရှိပါဘူး ကိုယ်က မောင်တစ်ယောက်ထဲကိုပဲချစ်တာ ယုံစမ်းပါကွာ နော်! "

သက္ကရာဇ်က တည်တံ့မောင်ရဲ့ ရင်ခွင်ထဲက ရုန်းထွက်ကာ တည်တံ့မောင်၏ သွေးထွက်နေသော နေရာသို့ လက်ကလေးဖြင့် ဖွဖွကိုင်လာသည် ။

"အရမ်းနာနေလားဟင် မောင် တောင်းပန်ပါတယ် မောင်က အချစ်ကို ဆုံးရှုံးရမှာကြောက်လို့ မစဥ်းစားဘဲလုပ်လိုက်မိတာ မောင့်မှာအပြစ်ရှိပါတယ် အချစ်ကြိုက်သလိုအပြစ်ပေးပါ မောင့်အနားကတော့ထွက်မသွားပါနဲ့နော် ''

မျက်နှာငယ်လေးဖြင့်ပြောကာ ရင်ခွင်ထဲသို့ထပ်ပြီးတိုးဝင်လာပြန်သော သက္ကရာဇ်ကြောင့် တည်တံ့မောင် သဘောတကျရယ်လိုက်မိသည် ။
သက္ကရာဇ်က ဒီလိုချွဲနေတဲ့အချိန်ဆို ကလေးလိုပဲဖြစ်သွားတာ ကျန်တဲ့အချိန်ဆို သူက တည်တံ့မောင်ထက်တောင် လူကြီးပိုဖြစ်ချင်နေသေးတာလေ....
သက္ကရာဇ်ရဲ့ ပါပီလေးလိုချွဲနေတဲ့ပုံလေးကိုကြည့်ပြီး တည်တံ့မောင်ကတော့ မြတ်နိုး၍ မဆုံးပေ...

"ခဏထဦး ကိုယ်သန့်ရှင်းရေးလုပ်ပြီး ဆေးထည့်မှရတော့မယ် ခေါင်းမူးလာပြီမို့လို့ ''

"ဟုတ်သားပဲ ခဏစောင့်နော် အချစ် မောင်ဆေးထည့်ပေးမယ် ''

တည်တံ့မောင်၏ ရင်ခွင်ထဲမှ အမြန်ထပြီး ရေချိုးခန်းထဲသို့ပြေးဝင်သွားသော သက္ကရာဇ်အား တည်တံ့မောင် ကြည့်ပဲကြည့်နေလိုက်သည် ။
သူတကယ်လှုပ်ပင်မလှုပ်ချင်တော့ဘဲ နားချင်နေပြီဖြစ်သည် ။

"လာ အချစ် ဒီပေါ်မှာ ထိုင် မျက်စိခဏမှိတ်ထားပေး ဆေးကစပ်ရင် မောင့်ကိုပြောနော် ''

မိမိကို ကုတင်ပေါ်မှာထိုင်ခိုင်းပြီး သူကအောက်မှာထိုင်ကာ မိမိ၏အနာမှ သွေးများကို ရေနွေးနွေးလေးဖြင့်သန့်စင်ပေး၍ ဆေးထည့်ပေးနေသော သက္ကရာဇ်ကြောင့် တည်တံ့မောင်မှာ အချစ်ပိုရပြန်သည် ။

"အာ့! "

"အချစ် ဘာဖြစ်လို့လဲဟင် နာလို့လား မောင်တောင်းပန်ပါတယ်နော် မောင် ဖွဖွလေးဆေးထည့်ပေးမယ်နော် မနာစေရဘူး ''

ဆေးကအနာနဲ့ထိရင် စပ်လွန်းသောကြောင့် တည်တံ့မောင် တစ်ချက်တွန့်သွား၍ သက္ကရာဇ်မှာ ပြာပြာသလဲဖြစ်နေရသည် ။
ထို့နောက် အနာကို လေမှုတ်ပေးနေသော နှုတ်ခမ်းချွန်ချွန်လေးများနှင့် နှဖူးပေါ်ကျရောက်လာတတ်သော အနမ်းဖွဖွလေးများကြောင့် တည်တံ့မောင်ဒီအရွယ်ကြီးကျမှ ရင်ခုန်နေရပြန်သည် ။

"ပြီးပြီ အချစ် ဒီကိုလာခဲ့ မောင်တို့အိပ်ရအောင် ''

ဆေးထည့်ပြီးချိန်၌ သက္ကရာဇ်က ကုတင်ပေါ်တက်၍ သူ့ရဲ့ဘေးနေရာကို လက်ဖြင့်ပုတ်ပြကာ အိပ်ဖို့ခေါ်နေသောကြောင့် တည်တံ့မောင် အို့တို့အမ်းတမ်းဖြစ်သွားရသည် ။

"လာလေ အချစ်ရဲ့ အချစ်ပင်ပန်းနေတာ နားသင့်နေပြီ မောင်ချော့သိပ်မယ် ''

ကိုယ့်ကို ကလေးလိုဆက်ဆံနေသော သက္ကရာဇ်ကို တည်တံ့မောင်အပြစ်မမြင်ရက်ဘဲ သက္ကရာဇ်ဘေးသို့သွားကာ လဲလျောင်းလိုက်သည် ။

"အချစ် မောင့်ရင်ခွင်ထဲမှာအိပ်နော် မောင် ပုတ်သိပ်မယ် ''

လူကြီးပုံစံဖမ်းနေသော အနှီအမျိုးသားငယ်လေးကြောင့် တည်တံ့မောင်ရယ်ချင်ပေမယ့် မရယ်မိပေ ။
အရပ်ချင်းကမတိမ်းမယိမ်းဖြစ်သောကြောင့် တည်တံ့မောင်ကပင် အလျှော့ပေးကာ ကိုယ်လုံးကိုနှိမ့်ချ၍ သက္ကရာဇ်၏ ရင်ခွင်ထဲသို့တိုးဝင်လိုက်သည် ။
တင်းကြပ်စွာဖက်ထားသောလက်အစုံကြား၌ ပင်ပန်းနေပြီဖြစ်သော မျက်လုံးတို့အား မှိတ်ချပစ်လိုက်သည် ။
နှဖူးထက်သို့ ကျရောက်လာသော ခပ်ဖွဖွအနမ်းများကိုခံယူကာ လုံခြုံနွေးထွေးသောရင်ခွင်ထဲ၌ တည်တံ့မောင်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပါတော့သည် ။

***************************************************

#Zawgyi

သကၠရာဇ္.. အိမ္က အရႈပ္ထုပ္ေကာင္ ဥာဏ့္ကို ခနဲ႕ၿပီး တည္တံ့ေမာင္ရွိရာသို႔ထြက္လာခဲ့သည္ ။

ထို႔ေနာက္ ေဆး႐ုံသို႔သြားရန္ busေပၚ၌ထိုင္ကာ ဥာဏ့္အေၾကာင္းစဥ္းစားမိၿပီး သကၠရာဇ္မ်က္ႏွာထက္၌ မဲ့ၿပဳံးတစ္ခုျဖစ္ေပၚလာခဲ့သည္ ။
ဒီ ဥာဏ္ဆိုတဲ့ေကာင္က တကယ့္ငေၾကာင္ေကာင္...သူ႕ကိုမ်ား ရာရာစစ အမိန့္လာေပးေနေသးတယ္...
သကၠရာနဲ႕ သကၠရာဇ္ဆိုတာ တစ္ေယာက္ထဲဆိုတာ မသိတာလဲ မဟုတ္ဘူး...တကယ္ဆို ဒီ ခႏၶာကိုယ္က သကၠရာဇ္ရဲ႕အပိုင္ျဖစ္ၿပီး သကၠရာဆိုတာ သကၠရာဇ္ကို မွီခိုၿပီးေနရတဲ့ ကပ္ပါးေကာင္သာသာလဲျဖစ္နိုင္တာပဲ...

*ဟုတ္တယ္ သကၠရာဆိုတာ သကၠရာဇ္ရဲ႕ ကပ္ပါးေကာင္သာသာပဲ*

"*****မွတ္တိုင္သို႔ မၾကာခင္ေရာက္ေတာ့မည္ျဖစ္ေသာေၾကာင့္ ဆင္းမည့္သူမ်ား ႀကိဳတင္ျပင္ဆင္ေပးၾကပါရန္ ေမတၱာရပ္ခံအပ္ပါသည္ရွင္ *

မွတ္တိုင္ေရာက္ေတာ့မည္ျဖစ္ေၾကာင္း intercomကအသံၾကားမွ သကၠရာဇ္ ေတြးလက္စအေတြးမ်ားကို ရပ္တန့္၍ ကားေပၚမွ ဆင္းရန္ျပင္ရသည္ ။

တည္တံ့ေမာင္တို႔ေဆး႐ုံေရွ႕ေရာက္ေတာ့ ေဆး႐ုံအဝ၌ ဂ်ဴတီကုတ္အျဖဴေရာင္မ်ားဝတ္ကာ လူနာမ်ား လူနာရွင္မ်ားႏွင့္ ဖက္လဲတကင္းႏႈတ္ဆက္ေနၾကေသာ အၿပဳံးခ်ိဳခ်ိဳႏွင့္ ဆရာဝန္မ်ားကို ေတြ႕ရေလသည္ ။

ထိုလူအုပ္ၾကား၌ မိမိ၏ခ်စ္ရသူ တည္တံ့ေမာင္ကိုလိုက္ရွာၾကည့္ေသာ္လည္းမေတြ႕ရေပ ။
သကၠရာဇ္က အခုမွ တည္တံ့ေမာင္ေဆး႐ုံကိုေရာက္ဖူးေသာေၾကာင့္ ဟိုၾကည့္ဒီၾကည့္ႏွင့္ အူေၾကာင္ေၾကာင္ျဖစ္ေနကာ တည္တံ့ေမာင္ကို မ်က္စိေဝ့ဝဲ၍ လိုက္ရွာေနမိသည္ ။

"ဒီမွာ ခဏဗ် ေဒါက္တာ တည္တံ့ေမာင္ကို ဘယ္မွာရွာလို႔ရလဲသိလား ''

"ဘယ္သိမလဲ reception မွာသြားေမးပါလား လူကအေရးႀကီးေနရတဲ့အထဲ ဘာေတြလာေမးမွန္းမသိဘူး ''

အနီးနားသို႔ ေရႀကီးသုတ္ျပာႏွင့္ေလွ်ာက္လာေသာ လူတစ္ေယာက္၏ လက္ေမာင္းအားလွမ္းဆြဲကာ သကၠရာဇ္ ေမးမိေတာ့ ဘုနဲ႕ေဘာက္အေျဖသာျပန္ရသည္ ။
သကၠရာဇ္ အနည္းငယ္စိတ္တိုသြားၿပီ မ်က္ခုံးမ်ားကိုတြန့္ခ်ိဳးပစ္၍ ျပန္ေျပာမည္ျပင္တုန္း ထိုလူမွာ ဘယ္အခ်ိန္ထဲက ထြက္သြားမွန္းပင္မသိလိုက္ ေနရာ၌ မရွိေတာ့ေသာေၾကာင့္ သကၠရာဇ္ စိတ္ေလွ်ာ့လိုက္သည္ ။
ဒီေနရာမွာ ရန္ျဖစ္မိရင္ သူ႕အခ်စ္အတြက္ မ်က္ႏွာပ်က္စရာျဖစ္မွာစိုးလို႔ စိတ္ေလွ်ာ့လိုက္တာ...မဟုတ္ရင္ သူ႕ေဒါသနဲ႕ဆို ခုနအခ်ိဳးမေျပေျဖသြားတဲ့လူကို ေရဆုံးေျမဆုံးလိုက္ၿပီး ပညာေပးမိမွာ....

ထို႔ေနာက္ သကၠရာဇ္လဲ ထိုလူေျပာခဲ့တဲ့ reception သို႔သြားကာ ေမးျမန္းစုံစမ္းရေတာ့သည္ ။

"ဒီမွာ ေဒါက္တာတည္တံ့ေမာင္ အခန္းက ဘယ္မွာလဲ သိလား ''

တည္တံ့ေမာင္ေျပာေတာ့ reception ကေကာင္မေလးက မ်က္လုံးလွန္ၾကည့္လာသည္ ။

"Appointmentသက္သက္ ယူထားတာရွိလား ေဒါက္တာရဲ႕ မနက္ပိုင္း လူနာၾကည့္ခ်ိန္ကၿပီးသြားၿပီမို႔လို႔ ''

သကၠရာဇ္ အလိုမက်ဟန္ မ်က္ခုံးမ်ားကို ပို၍ စုက်ဳံ႕မိသည္ ။
ဒီအေရွ႕က မိန္းကေလးက ဘာေတြေျပာေနမွန္းမသိေပမယ့္ သူအခု သူ႕အခ်စ္ကိုအရမ္းေတြ႕ခ်င္ေနၿပီ ။

"ဒီမွာ ေဒါက္တာတည္တံ့ေမာင္ရဲ႕အခန္း ဘယ္မွာလဲဆိုတာသာေျပာစမ္းပါ ''

"ေဆး႐ုံလာျပတာဆို ဒီမွာformျဖည့္ေပးပါ ''

သကၠရာဇ္ကလဲ သူေျပာခ်င္တာေျပာ ထိုမိန္းကေလးကလဲ သူေျပာခ်င္တာေျပာေနေသာေၾကာင့္ သကၠရာဇ္ စိတ္ရႈပ္လာကာ ေခါင္းကိုဆြဲကုတ္လိုက္သည္ ။

"ဒီမွာ ေဒါက္တာတည္တံ့ေမာင္ကို ေန႕လည္စာလာပို႔တာမို႔လို႔ သူ႕အခန္းကိုသာ ျမန္ျမန္ေျပာစမ္းပါဗ်ာ ခင္ဗ်ားက စကားကိုရွည္တယ္ ''

သကၠရာဇ္က လက္ထဲမွာပါလာတဲ့ သုံးဆင့္ခ်ိဳင့္ကိုျမႇောက္ျပၿပီးေျပာေတာ့ ထိုေကာင္မေလးက သကၠရာဇ္ကို ေျခဆုံးေခါင္းဆုံးၾကည့္ကာ အကဲခတ္ၿပီးေနာက္

"ဒီလမ္းအတိုင္းဝင္သြား အစြန္းဆုံးေရာက္ရင္ ဘယ္ခ်ိဳးလိုက္ ပထမဆုံးေတြ႕ရတဲ့အခန္းက ေဒါက္တာ တည္တံ့ေမာင္အခန္းပဲ ''

ထိုေကာင္မေလးစကားဆုံးဆုံးခ်င္း သကၠရာဇ္ လွည့္ထြက္လာခဲ့သည္ ။
လူကိုမ်ား မယုံသကၤာနဲ႕ အကဲခတ္ေနတဲ့႐ုပ္ကို ၾကာၾကာၾကည့္မိရင္ လူသတ္ခ်င္စိတ္ေပၚလာမွာမို႔လို႔ သကၠရာဇ္ ျမန္ျမန္လွည့္ထြက္ခဲ့ျခင္းျဖစ္သည္ ။

သူ႕အခ်စ္ရဲ႕လုပ္ငန္းခြင္မွာ သူ႕ေၾကာင့္ သူ႕အခ်စ္ မ်က္ႏွာပ်က္ရတာမ်ိဳးမျဖစ္ေစခ်င္လို႔သာ ဒီေန႕တစ္ေနကုန္ သကၠရာဇ္ စိတ္ေလွ်ာ့ထားျခင္းသာျဖစ္သည္ ။
တကယ္ဆို သူက ဘာမွ မသကၤာတဲ့ပုံစံလဲေပါက္မေနပါဘူး ။
မိုးျပာေရာင္ရွပ္လက္ရွည္နဲ႕ ဘီရိုထဲမွာသိမ္းထားတဲ့ ဥာဏ့္ရဲ႕ ပုဆိုးအသစ္ေတြထဲက တစ္ထည္ကို ပါကင္ေဖာက္ၿပီး ဝတ္ခ်လာတာပဲကို.....

သကၠရာဇ္ သူ႕ကိုသူတစ္ခ်က္ၾကည့္ကာ တည့္တံ့ေမာင္အခန္းဟုဆိုေသာ ေနရာသို႔ ေလွ်ာက္လာခဲ့သည္ ။

သကၠရာဇ္က တံခါးေခါက္တတ္တဲ့အေလ့အက်င့္မရွိဘူး ။
တည္တံ့ေမာင္ကလဲ သကၠရာဇ္ကိုဆိုရင္ သူ႕အိမ္ကအစ ေဆးခန္းအဆုံး တံခါးမရွိ ဓားမရွိ စိတ္ႀကိဳက္ဝင္ထြက္ခြင့္ေပးထားေသာေၾကာင့္ သကၠရာဇ္က အခုလဲ တည္တံ့ေမာင္ရဲ႕အခန္းကို တံခါးမေခါက္ဘဲ ဖြင့္ကာ ဝင္လိုက္မိသည္ ။

တံခါးဖြင့္ဖြင့္ခ်င္း ျမင္လိုက္ရတဲ့ျမင္ကြင္းေၾကာင့္ သကၠရာဇ္ တစ္ကိုယ္လုံးတုန္ယင္ကာ ေမးေၾကာမ်ားေထာင္ထသည္အထိ ေဒါသမ်ားထိန္းမရဘဲ ထြက္လာေတာ့သည္ ။
သူ႕အခ်စ္က သူဝင္လာတာကိုေတာင္မျမင္ဘဲ မိန္းမတစ္ေယာက္နဲ႕ မိုးမျမင္ေလမျမင္ ၿပဳံးရယ္ၿပီးဖက္ေနတာတဲ့ေလ...ဒါဘယ္လိုအေနအထားမ်ိဳးလဲ...သကၠရာဇ္ သူ႕အေရွ႕က ျမင္ကြင္းကိုၾကည့္ၿပီး ႐ူးခ်င္လာမိသည္ ။

"အဲ့ဒါ ဘာလုပ္ေနၾကတာလဲ !!!!!! "

သကၠရာဇ္ေအာ္သံက အခန္းအတြင္း ဟိန္းထြက္သြားေသာေၾကာင့္ တည္တံ့ေမာင္က အလန့္တၾကားျဖင့္ သကၠရာဇ္ရွိရာ အခန္းဝသို႔ၾကည့္လာသည္ ။
ထိုအခါမွ တည္တံ့ေမာင္က သကၠရာဇ္ကိုျမင္သြားကာ အံၾသဟန္ျဖင့္

"ဟင္....ေမာင္...ဘယ္ကေန ဘယ္လို.... ''

"ေဟ့ ေမာင္ မလုပ္နဲ႕!!!!! အာ့!!! "

တည္တံ့ေမာင္စကားမဆုံးခင္ အလင္းထက္ျမန္ဆန္လြန္းလွေသာ အျဖစ္အပ်က္မ်ား ျဖစ္ပ်က္သြားေလသည္ ။
တည္တံ့ေမာင္၏ ေခါင္း၌ ေသြးမ်ားျဖာက်ေနၿပီး တည္တံ့ေမာင္က ေခါင္းကိုလက္တဖက္ျဖင့္အုပ္ကိုင္ကာ နာက်င္ေနဟန္ရွိသည္ ။
ေဘး၌ေတာ့ ပိန္ခ်ိဳင့္ေနေသာ စတီးခ်ိဳင့္ႏွင့္ ျပန့္ႀကဲသြားေသာ ဟင္းမ်ားကို ၾကမ္းျပင္ေပၚ၌ ေတြ႕ရသည္ ။

သကၠရာဇ္ တည္တံ့ေမာင္ကို ၾကည့္လိုက္ တည္တံ့ေမာင္ေဘးက အမ်ိဳးသမီးကိုၾကည့္လိုက္ႏွင့္ ေၾကာင္,အေနသည္ ။
တကယ္ဆို သူေရာက္ေနတာေတာင္ တည္တံ့ေမာင္လက္ကိုမလႊတ္ဘဲ ဆက္ကိုင္ထားေသာ အမ်ိဳးသမီးကို ေဒါသထြက္လာေသာေၾကာင့္ ထမင္းခ်ိဳင့္နဲ႕ ေကာက္ရိုက္လိုက္တာေလ...။
အဲ့ဒါကို ဘယ္ကေနဘယ္လို သူ႕အခ်စ္ရဲ႕ ေခါင္းကေန ေသြးေတြက်ေနရတာလဲ ။
ဒါဆို အဲ့ဒီ့မိန္းမအစား သူ႕အခ်စ္က ဝင္ခံၿပီး အဲ့ဒီမိန္းမကို ကာကြယ္ေပးလိုက္တာေပါ့....

တည္တံ့ေမာင္ရင္ဘက္ထဲ၌ တဆစ္ဆစ္ကိုက္ခဲလာရသည္ ။
သူ႕အခ်စ္ကိုနာက်င္ေအာင္လုပ္မိတဲ့သူ႕လက္ကို ရိုက္ခ်ိဳးခ်င္သည္ ။
သူ႕အခ်စ္က မိန္းမတစ္ေယာက္ကို ကာကြယ္ေပးေနတဲ့ ပုံကိုျမင္ေနရတဲ့ သူ႕မ်က္လုံးအစုံကို ထိုးေဖာက္ပစ္ခ်င္လာသည္ ။

"ဟဲ့ တည္တံ့ နင္အဆင္ေျပရဲ႕လား! ဒီမွာ မင္း ဘယ္လိုလူလဲ လုံၿခဳံေရးေတြကိုမေခၚခင္ အခုထြက္သြားစမ္း!!! "

"ရတယ္ ဒီဒီ သူက ငါ့အသိပါ ''

"ဟမ္!!! "

အံ့ၾသေနတဲ့ ဒီဒီ့ကို မရွင္းျပနိုင္ေသးဘဲ မိမိတို႔အား မ်က္ခမ္းစပ္မ်ားနီရဲသည္အထိ စိုက္ၾကည့္ေနေသာ သကၠရာဇ္၏ မ်က္ဝန္းအစုံကိုသာ တည္တံ့ေမာင္ ေငးစိုက္ၾကည့္ေနမိသည္ ။

ဘာမွဆက္မေျပာဘဲ မိမိကိုသာၾကည့္ေနေသာ သကၠရာဇ္၏ မ်က္ဝန္းညိုညိုထဲ၌ ေၾကကြဲရိပ္မ်ားထင္ဟပ္ေနေသာေၾကာင့္ တည္တံ့ေမာင္ စိတ္ပူလာရသည္ ။

"ေမာင္ ကိုယ္တို႔ျပန္ရေအာင္ေနာ္ ကိုယ္နားခ်င္ေနၿပီ ကိုယ့္ကို ဒီက ေခၚထုတ္ေပးသြားမယ္မလား ''

တည္တံ့ေမာင္ သကၠရာဇ္ကို သိုင္းဖက္ပစ္လိုက္သည္ ။
ထို႔ေနာက္ လႈပ္ရွားေနေသာ သကၠရာဇ္၏ မ်က္ဝန္းညိုေလးထဲသို႔စိုက္ၾကည့္ကာ ေလသံေအးေအးေလးျဖင့္ေျပာလိုက္ေတာ့ သကၠရာဇ္ မ်က္ဝန္းထဲ၌ အေရာင္တစ္ခ်ိဳ႕ျဖတ္ေျပးသြားေလသည္ ။

"ေနာ္! ကိုယ္ဒီမွာမေနခ်င္ေတာ့လို႔ ေမာင္က ေခၚသြားေပးပါ ''

"ဟဲ့ တည္တံ့ ေခါင္းေပါက္သြားတာ ေဆးထည့္ရဦးမယ္ေလ!!!!! "

အေနာက္က ဒီဒီ့ရဲ႕ေအာ္သံကိုလ်စ္လ်ဴရႈကာ လက္ဖဝါးအႀကီးႀကီးတစ္ခုရဲ႕ ဆြဲေခၚရာေနာက္သို႔ တည္တံ့ေမာင္ ေက်ေက်နပ္နပ္လိုက္ပါလာခဲ့သည္ ။
.
.
.
.
.
.
.
.
ကားပါကင္သို႔ေရာက္ေရာက္ခ်င္း တည္တံ့ေမာင္က driver seat၌ထိုင္ကာ safety beltပင္ မပတ္ရေသးခင္၌ မိမိပါးႏွစ္ဖက္အား လက္ဖဝါးႏွစ္ခုက တင္းတင္းၾကပ္ၾကပ္အုပ္ကိုင္ကာ ႏႈတ္ခမ္းေပၚသို႔က်ေရာက္လာေသာ ျပင္းရွရွအနမ္းမ်ားေၾကာင့္ တည္တံ့ေမာင္ ႐ုတ္တရက္လန့္သြားမိသည္ ။

အနည္းငယ္မြန္းၾကပ္လာေသာေၾကာင့္ ၾကမ္းတမ္းေသာအနမ္းမ်ားေအာက္မွ ႐ုန္းမိေတာ့ ပါးႏွစ္ဖက္၌ ပို၍ နာက်င္လာကာ ပို၍ သိပ္သည္းလာေသာ အနမ္းမ်ားေၾကာင့္ တည္တံ့ေမာင္ ၿငိမ္ေနလိုက္ရေတာ့သည္ ။
ထို႔ေနာက္ သကၠရာဇ္၏ အနမ္းၾကမ္းမ်ားေနာက္သို႔ အမွီလိုက္ကာ ခပ္ၾကမ္းၾကမ္းအနမ္းမ်ားျဖင့္ ပြန်လည်တုန့်ပြန်လ်ိုက်သည် ။
အခ်ိန္ဘယ္ေလာက္ၾကာသြားသည္မသိ အသက္ရႈရန္ ေအာက္ဆီဂ်င္လိုလာေသာအခါ၌ သကၠရာဇ္၏ရင္ဘက္အား အနည္းငယ္တြန္း၍ လႊတ္ေပးရန္ ေတာင္းဆိုေသာ္လည္း မလႊတ္ေပးသည့္အျပင္ ပို၍ ပို၍ပင္ တိုးကာ အမဲျဖတ္သလိုနမ္းရွိုက္ေနေသာ သကၠရာဇ္ေၾကာင့္ တည္တံ့ေမာင္ အသံရႈၾကပ္ကာ မ်က္ရည္မ်ားပင္ ဝဲတက္လာသည္ ။

"အာ့!!! "

ပါးစပ္အတြင္း၌ ငံက်ိက်ိအရည္မ်ားေရာက္လာကာ ေအာက္ႏႈတ္ခမ္း၌ စပ္ျဖင္းျဖင္းျဖစ္သြားေသာေၾကာင့္ ႏႈတ္ခမ္းတစ္ခုလုံး စုတ္ျပတ္သတ္ေနၿပီမွန္းသိလိုက္သည္ ။
တည္တံ့ေမာင္က အသက္ရႈၾကပ္၍ အနမ္းမ်ားကို ျပန္လည္မတုန့္ျပန္ေတာ့မွ သကၠရာဇ္က တည္တံ့ေမာင္၏ ေအာက္ႏႈတ္ခမ္းအား အားျဖင့္တမင္ကိုက္ခ်ကာ လႊတ္ေပးေလသည္ ။

ထိုအခါမွ တည္တံ့ေမာင္မွာ ကုန္းေပၚေရာက္ေနေသာ ငါးေလးလို ေလကို အငမ္းမရရႈရွိုက္ရေတာ့သည္ ။
အသက္ရႈအနည္းငယ္ဝမွ ေဘးဘက္သို႔လွည့္ၾကည့္ေတာ့ မိမိအားမၾကည့္ဘဲ အျပင္ဘက္သို႔သာ မ်က္ႏွာလွည့္ထားေသာ သကၠရာဇ္ေၾကာင့္ တည္တံ့ေမာင္လဲဘာမွမေျပာေတာ့ဘဲ သက္ျပင္းဖြဖြသာခ်၍ ကားကိုေမာင္းထြက္ခဲ့လိုက္သည္ ။

***************************************************

တည္တံ့ေမာင္ကားရပ္ရပ္ခ်င္း ကားေပၚကဆင္းကာ ထြက္သြားရန္ျပင္ေနေသာ သကၠရာဇ္ေၾကာင့္ တည္တံ့ေမာင္လဲ ကားေပၚကအျမန္ဆင္းၿပီး သကၠရာဇ္ လက္ကိုလွမ္းဆြဲထားလိုက္ရသည္ ။
ေခါင္းကဒဏ္ရာက ေသြးတိတ္သြားၿပီဆိုေပမယ့္ လႈပ္လႈပ္ရွားရွားလုပ္မိေသာေၾကာင့္ အခုမွ ေခါင္းမူးလာ၍ တည္တံ့ေမာင္ လက္တစ္ဖက္ျဖင့္လဲ ေခါင္းကိုဖိကိုင္ထားရသည္ ။

"ဒါကဘယ္လဲ ေမာင္! "

"ျပန္ေတာ့မယ္ ''

တည္တံ့ေမာင္ကိုမၾကည့္ဘဲ အသက္မပါသူလိုေျပာလာေသာ သကၠရာဇ္ေၾကာင့္ တည္တံ့ေမာင္ သက္ျပင္းထပ္ခ်မိသည္ ။

"ကိုယ္ ေခါင္းအရမ္းမူးေနတယ္ ကိုယ့္ကိုအခန္းထဲလိုက္ပို႔ေပးလို႔ရမလား ''

ဒီလိုလမ္းမႀကီးေပၚမွာ ျပႆနာမရွင္းခ်င္ေသာေၾကာင့္ တည္တံ့ေမာင္ မရ,ရတဲ့နည္းႏွင့္ သကၠရာဇ္ကို ေခၚၾကည့္လိုက္သည္ ။
ဒီလိုမွမဟုတ္ရင္ သကၠရာဇ္က သူ႕ကိုေရွာင္ေနဦးမွာ ၿပီးေတာ့ ျပႆနာတစ္ခုက မေျဖရွင္းပဲထားရင္ တစ္စထက္တစ္စ မီးပြားကပိုႀကီးလာဖို႔ပဲရွိသည္ ။

သကၠရာဇ္က တစ္ခ်က္စဥ္းစားဟန္ျပဳၿပီးမွ မိမိလက္ကိုဆုပ္ကိုင္၍ အခန္းရွိရာသို႔ ဦးေဆာင္၍ တက္သြားေသာေၾကာင့္ အေနာက္မွေန၍ တည္တံ့ေမာင္ၿပဳံးလိုက္မိသည္ ။
သကၠရာဇ္က သူ႕ကို ဘယ္လိုအေျခအေနမွာျဖစ္ျဖစ္ လက္တြဲမျဖဳတ္ခဲ့ဘူး...
.
.
.
.
.
.
.
"ျပန္ေတာ့မယ္ ''

အိမ္ထဲသို႔ေရာက္ေရာက္ခ်င္း ျပန္ထြက္ရန္ထပ္ျပင္ေနေသာ သကၠရာဇ္ေၾကာင့္ တည္တံ့ေမာင္ တကယ္ပင္စိတ္တိုလာရသည္ ။

"ဒီကေန အျပင္ဘက္ကို ေျခတလွမ္းလွမ္းရင္ ေနာက္ေန႕ မင္း ကိုယ့္ကို လာေတြ႕စရာမလိုေတာ့ဘူး ''

"တည္တံ့ေမာင္!!!!!! ခင္ဗ်ား!!!!! "

မိမိစကားေၾကာင့္ ေဒါသတႀကီးျဖင့္ မိမိဘက္ကိုလွည့္လာေသာ သကၠရာဇ္ေၾကာင့္ တည့္တံ့ေမာင္ ၿပဳံးလိုက္မိသည္ ။
သို႔ေသာ္ သကၠရာဇ္၏ နီရဲေနေသာ မ်က္ခမ္းစပ္ႏွင့္ ဖိကိုက္ထားေသာေၾကာင့္ ေပါက္ထြက္၍ ေသြးစမ်ားေပႀကံေနေသာ ႏႈတ္ခမ္းတစ္စုံကိုျမင္မိၿပီးေနာက္ေတာ့ တည္တံ့ေမာင္ ေနာင္တရမိသြားသည္ ။

"ကိုယ္အကုန္ရွင္းျပပါ့မယ္ ခဏေလးနားေထာင္ေပးပါလား ''

"ကြၽန္ေတာ္ အိမ္ျပန္ခ်င္ေနၿပီမို႔လို႔ ျပန္ခြင့္ျပဳပါ ''

ကိုယ္ကရွင္းျပမယ္လုပ္လိုက္ သူကျငင္းလိုက္ႏွင့္လုပ္ေနေသာ သကၠရာဇ္ေၾကာင့္ တည္တံ့ေမာင္ ေခါင္းမူးေနသည့္ၾကားက အားေလ်ာ့လာရသည္ ။

"ေအး ျပန္! ျပန္ေတာ့! ကိုယ့္ဆီ တသက္လုံးျပန္လာစရာမလိုေတာ့ဘူး ျပႆနာကို မေျဖရွင္းဘဲ ေရွာင္ေျပးခ်င္ေနတဲ့မင္းနဲ႕ ကိုယ္ဘယ္လိုလုပ္ ေရွ႕ဆက္ရေတာ့မွာလဲ
ကိုယ္အခုေခါင္းအရမ္းမူးေနတာေတာင္ မင္းစိတ္ဆိုး စိတ္အားငယ္ေနမွာစိုးလို႔ အားတင္းၿပီး ႀကိဳးစားရွင္းျပမလို႔ကို မင္းကဘာလို႔ ဒီေလာက္ေတာင္ ခါးခါးသီးသီးျဖစ္ေနမွန္း ကိုယ္နားကိုမလည္ေတာ့ဘူး
ဒီလိုတစ္ေယာက္နဲ႕တစ္ေယာက္နားလည္မေပးနိုင္မွေတာ့ အကိုတို႔ ဒီေနရာပဲ ရပ္လိုက္ၾကတာအေကာင္းဆုံးျဖစ္မယ္ထင္တယ္ ''

တည့္တံ့ေမာင္ အခုခ်ိန္၌ စိတ္အရမ္းရႈပ္ကာ တေျဖးေျဖးမူးေနာက္လာေသာေခါင္းေၾကာင့္ စိတ္လိုက္မာန္ပါေျပာဆိုမိလိုက္ျခင္းသာ ။

သို႔ေသာ္ ျပန္ရလိုက္သည့္အက်ိဳးဆက္က ဒူးေထာက္၍ ေခါင္းငုံ႕ထားေသာ သကၠရာဇ္ပင္ ။

"အခ်စ္.... ေမာင္ ေတာင္းပန္ပါတယ္ေနာ္ ေမာင့္ကို မစြန့္ပစ္လိုက္ပါနဲ႕ အခ်စ္စြန့္ပစ္လိုက္ရင္ ေမာင္ေပ်ာက္ကြယ္သြားရလိမ့္မယ္ ေမာင္ ေတာင္းပန္ပါတယ္ေနာ္
အခုကစၿပီး အခ်စ္စိတ္ႀကိဳက္ေနပါ ေမာင္က အကုန္လုံးကိုနားလည္ေပးမွာမို႔ ေမာင့္ကို မစြန့္ပစ္လိုက္ပါနဲ႕ေနာ္ ေမာင္ အခ်စ္မရွိရင္ ေပ်ာက္ကြယ္သြားလိမ့္မယ္ ''

"ေဟ့ ေမာင္! ေမာင္! ကိုယ့္ကိုၾကည့္စမ္း ကိုယ္ရွိတယ္ေလေနာ္ ကိုယ့္ကိုေသခ်ာၾကည့္စမ္းပါ ေမာင့္အေရွ႕မွာ ကိုယ္ရွိေနတယ္ေလ ''

ကစဥ့္ကလ်ားျဖစ္ေနေသာမ်က္လုံးမ်ားျဖင့္ ေၾကာက္႐ြံေနေသာ သကၠရာဇ္ေၾကာင့္ တည္တံ့ေမာင္ ကိုယ့္ကိုယ္ကိုယ္သာ က်ိန္ဆဲလိုက္သည္ ။
သကၠရာဇ္ကို selective mutismျဖစ္ခဲ့မွန္းေမ့သြားၿပီး သာမာန္လူတစ္ေယာက္လိုျမင္လိုက္မိတာ တည္တံ့ေမာင္အမွားေပ ။
ဒီကေလးကို စိတ္လုံၿခဳံမႈေပးရမယ့္အစား ဒဏ္ရာေတြေပးမိေနတာပဲ ။

"ေမာင္! ကိုယ္ေတာင္းပန္ပါတယ္ေနာ္ ကိုယ့္ကိုၾကည့္ပါဦး ကိုယ္မွားသြားပါတယ္ ေမာင့္ကိုဘယ္ေတာ့မွ မစြန့္ပစ္ဘူးေနာ္ ကိုယ္ကေမာင့္အနားမွာအၿမဲရွိေနမွာေလ ေနာ္! "

သကၠရာဇ္၏ ပါးေလးႏွစ္ဖက္အား လက္ဝါးျဖင့္အုပ္ကိုင္ကာ သကၠရာဇ္ႏွင့္ မ်က္လုံးခ်င္းဆုံေအာင္ တည္တံ့ေမာင္ လိုက္ၾကည့္လိုက္သည္ ။

မ်က္ရည္မက်လာဘဲ နီရဲေနေသာမ်က္ခန္းစပ္မ်ားျဖင့္သာ တည္တံ့ေမာင္ကိုၾကည့္လာေသာ မ်က္ဝန္းညိုညိုမ်ားေၾကာင့္ တည္တံ့ေမာင္ ဘာမွမစဥ္းစားေနေတာ့ဘဲ သကၠရာဇ္၏ ႏႈတ္ခမ္းလႊာေလးအား ခပ္ဖြဖြ ဖိကပ္နမ္းလိုက္သည္ ။
စကၠန့္အနည္းငယ္ၾကာမွ် ထိ႐ုံသာထိကပ္၍ နမ္းကာ ႏႈတ္ခမ္းလႊာခ်င္း ျပန္ခြာလိုက္ကာ သကၠရာဇ္ကိုစိုက္ၾကည့္မိေတာ့ ၾကည္လဲ့ေနေသာ ေရအိုင္ငယ္ေလးအား သကၠရာဇ္၏ မ်က္ဝန္းညိုညိုထဲ၌ ေတြ႕လိုက္ရသည္ ။

"အခ်စ္... ''

"အင္း ကိုယ္ရွိတယ္ေနာ္ ''

"တကယ္ ေမာင့္အနားမွာေနမွာလားဟင္ ေမာင့္ကို မစြန့္ပစ္ဘူးမလား ''

တည္တံ့ေမာင္ကို မ်က္ဝန္းညိုညိုေလးမ်ားျဖင့္ တေမ့တေမာ ေမာ့ၾကည့္ကာ ေမးလာေသာ သကၠရာဇ္ေၾကာင့္ တည္တံ့ေမာင္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ၿပဳံးျပလိုက္သည္ ။

"စြန့္ပစ္စရာလားကြာ ကိုယ့္ရဲ႕အသက္ကေမာင္ပဲဟာကို ကိုယ္က ကိုယ့္အသက္ကိုယ္ စြန့္ပစ္ရေလာက္ေအာင္ အ႐ူးမွမဟုတ္ဘဲ ''

"ေမာင္ေပ်ာက္ကြယ္သြားၿပီး အခ်စ္နဲ႕မေတြ႕ရေတာ့မွာအရမ္းေၾကာက္တာပဲ ''

ထို႔ေနာက္ တည္တံ့ေမာင္၏ ခါးထက္၌ တင္းတင္းၾကပ္ၾကပ္ရစ္ပတ္လာေသာ လက္တစုံႏွင့္ ရင္ခြင္ထဲသို႔တိုးဝင္လာေသာ ေခါင္းလုံးလုံးေလးအား တည္တံ့ေမာင္ ဖြဖြပြတ္သပ္ေပးမိလိုက္သည္ ။

"ေမာင္ ျမင္ခဲ့တာက ကိုယ့္သူငယ္ခ်င္းေလ...ေဆး႐ုံမွာအလုပ္ရေအာင္ သူပဲကူညီေပးတာ ၿပီးေတာ့ ဖက္ထားတယ္ဆိုတာက ႏွစ္သိမ့္ေပးတဲ့သေဘာပါ သူနဲ႕က ေက်ာင္းတက္ထဲက ခင္ခဲ့ၾကတာ သူက ကိုယ့္အေပၚအရမ္းေကာင္းတဲ့သူငယ္ခ်င္းပါ....ကိုယ္တို႔ေရွ႕ေရးအဆင္ေျပေအာင္ သူက ကူညီေပးထားတာကို ေမာင္ကအမွားလုပ္မိမွာစိုးလို႔ သူ႕အစား ကိုယ္ကဝင္ခံေပးမိတာပါ တျခား ဘာစိတ္မွမရွိပါဘူး ကိုယ္က ေမာင္တစ္ေယာက္ထဲကိုပဲခ်စ္တာ ယုံစမ္းပါကြာ ေနာ္! "

သကၠရာဇ္က တည္တံ့ေမာင္ရဲ႕ ရင္ခြင္ထဲက ႐ုန္းထြက္ကာ တည္တံ့ေမာင္၏ ေသြးထြက္ေနေသာ ေနရာသို႔ လက္ကေလးျဖင့္ ဖြဖြကိုင္လာသည္ ။

"အရမ္းနာေနလားဟင္ ေမာင္ ေတာင္းပန္ပါတယ္ ေမာင္က အခ်စ္ကို ဆုံးရႈံးရမွာေၾကာက္လို႔ မစဥ္းစားဘဲလုပ္လိုက္မိတာ ေမာင့္မွာအျပစ္ရွိပါတယ္ အခ်စ္ႀကိဳက္သလိုအျပစ္ေပးပါ ေမာင့္အနားကေတာ့ထြက္မသြားပါနဲ႕ေနာ္ ''

မ်က္ႏွာငယ္ေလးျဖင့္ေျပာကာ ရင္ခြင္ထဲသို႔ထပ္ၿပီးတိုးဝင္လာျပန္ေသာ သကၠရာဇ္ေၾကာင့္ တည္တံ့ေမာင္ သေဘာတက်ရယ္လိုက္မိသည္ ။
သကၠရာဇ္က ဒီလိုခြၽဲေနတဲ့အခ်ိန္ဆို ကေလးလိုပဲျဖစ္သြားတာ က်န္တဲ့အခ်ိန္ဆို သူက တည္တံ့ေမာင္ထက္ေတာင္ လူႀကီးပိုျဖစ္ခ်င္ေနေသးတာေလ....
သကၠရာဇ္ရဲ႕ ပါပီေလးလိုခြၽဲေနတဲ့ပုံေလးကိုၾကည့္ၿပီး တည္တံ့ေမာင္ကေတာ့ ျမတ္နိုး၍ မဆုံးေပ...

"ခဏထဦး ကိုယ္သန့္ရွင္းေရးလုပ္ၿပီး ေဆးထည့္မွရေတာ့မယ္ ေခါင္းမူးလာၿပီမို႔လို႔ ''

"ဟုတ္သားပဲ ခဏေစာင့္ေနာ္ အခ်စ္ ေမာင္ေဆးထည့္ေပးမယ္ ''

တည္တံ့ေမာင္၏ ရင္ခြင္ထဲမွ အျမန္ထၿပီး ေရခ်ိဳးခန္းထဲသို႔ေျပးဝင္သြားေသာ သကၠရာဇ္အား တည္တံ့ေမာင္ ၾကည့္ပဲၾကည့္ေနလိုက္သည္ ။
သူတကယ္လႈပ္ပင္မလႈပ္ခ်င္ေတာ့ဘဲ နားခ်င္ေနၿပီျဖစ္သည္ ။

"လာ အခ်စ္ ဒီေပၚမွာ ထိုင္ မ်က္စိခဏမွိတ္ထားေပး ေဆးကစပ္ရင္ ေမာင့္ကိုေျပာေနာ္ ''

မိမိကို ကုတင္ေပၚမွာထိုင္ခိုင္းၿပီး သူကေအာက္မွာထိုင္ကာ မိမိ၏အနာမွ ေသြးမ်ားကို ေရႏြေးႏြေးေလးျဖင့္သန့္စင္ေပး၍ ေဆးထည့္ေပးေနေသာ သကၠရာဇ္ေၾကာင့္ တည္တံ့ေမာင္မွာ အခ်စ္ပိုရျပန္သည္ ။

"အာ့! "

"အခ်စ္ ဘာျဖစ္လို႔လဲဟင္ နာလို႔လား ေမာင္ေတာင္းပန္ပါတယ္ေနာ္ ေမာင္ ဖြဖြေလးေဆးထည့္ေပးမယ္ေနာ္ မနာေစရဘူး ''

ေဆးကအနာနဲ႕ထိရင္ စပ္လြန္းေသာေၾကာင့္ တည္တံ့ေမာင္ တစ္ခ်က္တြန့္သြား၍ သကၠရာဇ္မွာ ျပာျပာသလဲျဖစ္ေနရသည္ ။
ထို႔ေနာက္ အနာကို ေလမႈတ္ေပးေနေသာ ႏႈတ္ခမ္းခြၽန္ခြၽန္ေလးမ်ားႏွင့္ ႏွဖူးေပၚက်ေရာက္လာတတ္ေသာ အနမ္းဖြဖြေလးမ်ားေၾကာင့္ တည္တံ့ေမာင္ဒီအ႐ြယ္ႀကီးက်မွ ရင္ခုန္ေနရျပန္သည္ ။

"ၿပီးၿပီ အခ်စ္ ဒီကိုလာခဲ့ ေမာင္တို႔အိပ္ရေအာင္ ''

ေဆးထည့္ၿပီးခ်ိန္၌ သကၠရာဇ္က ကုတင္ေပၚတက္၍ သူ႕ရဲ႕ေဘးေနရာကို လက္ျဖင့္ပုတ္ျပကာ အိပ္ဖို႔ေခၚေနေသာေၾကာင့္ တည္တံ့ေမာင္ အို႔တို႔အမ္းတမ္းျဖစ္သြားရသည္ ။

"လာေလ အခ်စ္ရဲ႕ အခ်စ္ပင္ပန္းေနတာ နားသင့္ေနၿပီ ေမာင္ေခ်ာ့သိပ္မယ္ ''

ကိုယ့္ကို ကေလးလိုဆက္ဆံေနေသာ သကၠရာဇ္ကို တည္တံ့ေမာင္အျပစ္မျမင္ရက္ဘဲ သကၠရာဇ္ေဘးသို႔သြားကာ လဲေလ်ာင္းလိုက္သည္ ။

"အခ်စ္ ေမာင့္ရင္ခြင္ထဲမွာအိပ္ေနာ္ ေမာင္ ပုတ္သိပ္မယ္ ''

လူႀကီးပုံစံဖမ္းေနေသာ အႏွီအမ်ိဳးသားငယ္ေလးေၾကာင့္ တည္တံ့ေမာင္ရယ္ခ်င္ေပမယ့္ မရယ္မိေပ ။
အရပ္ခ်င္းကမတိမ္းမယိမ္းျဖစ္ေသာေၾကာင့္ တည္တံ့ေမာင္ကပင္ အေလွ်ာ့ေပးကာ ကိုယ္လုံးကိုႏွိမ့္ခ်၍ သကၠရာဇ္၏ ရင္ခြင္ထဲသို႔တိုးဝင္လိုက္သည္ ။
တင္းၾကပ္စြာဖက္ထားေသာလက္အစုံၾကား၌ ပင္ပန္းေနၿပီျဖစ္ေသာ မ်က္လုံးတို႔အား မွိတ္ခ်ပစ္လိုက္သည္ ။
ႏွဖူးထက္သို႔ က်ေရာက္လာေသာ ခပ္ဖြဖြအနမ္းမ်ားကိုခံယူကာ လုံၿခဳံႏြေးေထြးေသာရင္ခြင္ထဲ၌ တည္တံ့ေမာင္ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားခဲ့ပါေတာ့သည္ ။

***************************************************

Continue Reading

You'll Also Like

19.9K 853 25
Ukeေလးကသူအရမ္းမုန္းေနတဲ့semeနဲ႔လက္ထပ္လိုက္ရေသာအခါ။သူတို႔ႏွစ္ေယာက္ခ်စ္သြားၾကေသာအခါမွတစ္ခ်ိန္ကukeေလးခ်စ္ခဲ့ရတဲ့သူ ကျပန္ေတြ႔လိုက္ရေသာအခါ............. Uk...
1M 44.2K 56
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
6.6M 433K 94
Hanary Victor + Loon Tar Nay San
200K 7.5K 35
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...